← Chapters

အခန်း (၁၄၂၉-၁၄၃၁)

Vol. 96 Ch. 1429-1431

အခန်း (၁၄၂၉-၁၄၃၁)

Vol. 96 Ch. 1429-1431

အခန်း (၁၄၂၉) ဖေးဟွမ်

အဆတစ်သောင်းလည်ပတ်မှုနှုန်းသည် အရာအားလုံးကို ဝေဝါးသွားစေ၏။ မတည်မြဲခြင်းတိုင်လုံး အပြင်ကနေ မည်သည်ကိုမှ ရှင်းရှင်းလင်းလင်းမမြင်ရချေ။ ပတ်ဝန်းကျင်ရှိသစ်ပင်များ ပုံပျက်ပန်းပျက် ယိုယွင်းသွား၏။

ယခုမူ ပိုးစာမင်းသမီးထံမှ ပံ့ပိုးပေးမှုဖြင့် လည်ပတ်မှုနှုန်းသည် အဆပေါင်းများစွာတိုးလာသည်။ သူမသည် မတည်မြဲခြင်းတိုင်လုံး၏ပိုင်ရှင် မဟုတ်သော်ငြား သူမ၏နက်နဲသောကျင့်စဉ်ဖြင့် လည်ပတ်မှုနှုန်းကို အဆတစ်သောင်းမှ အဆသုံးသောင်းပိုမြန်စေဖို့က မခက်ခဲပေ။

သက်ရှိများအားလုံး၊ လူ၊ သစ်ပင်ပန်းမန်များအားလုံး ညှိုးရော်ကုန်လေ၏။

မတည်မြဲခြင်းတိုင်လုံးအောက်တွင် ဖိနှိပ်ခံထားရသော အဆင့်မြင့်သူတော်စင်သည် သူ့ခန္ဓာကိုယ်ထဲရှိ သွေးနှင့်အရည်များအားလုံး စုပ်ယူခံနေရတာကို ကြည့်နေရသည်။ သူက ခြောက်သယောင်းသွားသည့် အခွံတစ်ခုပမာပင်။ ပါးလျသောအရေပြားနှင့် ကျွတ်ဆတ်ဆတ်အရိုးတို့ဖြင့် ပြုလုပ်ထားသည့်နှယ် ဖြစ်‌နေ၏။ ဒေါသ မလိုလားမှု စိတ်ပျက်အားငယ်မှုတို့ကြောင့် မျက်လုံးများပြူးထွက်နေပြီး လူတို့ကို ကြည့်မိချိန်၌ မျက်လုံးများ ထွက်ကျလုနီးပါးဖြစ်နေ၏။ သူ မည်မျှရုန်းကန်စေကာမူ တိုင်လုံးက သူ၏သက်တမ်းစုပ်ယူနေခြင်းအား မတားမြစ်နိုင်ပေ။ ၎င်းသည် မျှော့တစ်ကောင်ပမာ သူ၏အသက်ကို တွယ်ကပ်လျက် လောဘကြီးစွာ စုပ်ယူနေ၏။

များပြားလှသော အသက်စွမ်းအင်နှင့် သက်တမ်းတို့သည် မတည်မြဲခြင်းတိုင်လုံးကို ပိုတောင် တောက်ပလာစေသည်။

လေတဝှီးဝှီးတိုက်ခတ်သည့်ပမာ အဆင့်မြင့်သူတော်စင်၏ လည်ပင်းနားမှ ဆူညံသံထွက်ပေါ်လာပြီး တဖြည်းဖြည်းချင်း ခေါင်းက ဘေးကိုစောင်းကျသွားလျက် သေသွားတော့သည်။

“တင်း ... ပစ်မှတ်ကို သတ်ပြီးပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၅၀၀၀၊ မျိုးနွယ်စုအပိုမှတ် ၁၀၀၀”

ဤဆုလာဘ်သည် ဆရာသခင်တစ်ယောက်၏ဆုလာဘ်ပဲ ဖြစ်သည်။

လုကျိုးသည် မဟာဆရာသခင်တစ်ပါးဖြစ်သည့်တိုင် အဆင့်မြင့်သူတော်စင်ကို သတ်ဖြတ်ရန် များစွာအားစိုက်ထုတ်ခဲ့ရလေ၏။

အဆင့်မြင့်သူတော်စင် သေသွားသောအခါ လမ်းလျှောက်နေသောအလောင်းများသည် မြေပြင်ပေါ် ချက်ချင်းလဲကျသွား၏။

လုကျိုးသည် သူ၏လက်ကို ဖိချလိုက်ကာ မတည်မြဲခြင်းတိုင်လုံး၏အရှိန်ကို နှေးသွားစေတော့သည်။

သက်ရောက်မှု မှေးမှိန်သွားပြီး ရွှေရောင်အလင်းလွင့်ပြယ်သွားပြီးနောက် လုကျိုးသည် ညှိုးရော်သွားသော ပတ်ဝန်းကျင်ကို မြင်တွေ့ရချိန်၌ ထိတ်လန့်သွားလေ၏။ ဧရာမစက်ဝိုင်းဧရိယာသည် အသက်ဓာတ် ကင်းမဲ့နေ၏။ အရာအားလုံး ညှိုးရော်နေရုံသာမက သူတို့သည် ဖုန်မှုန့်များ ဖြစ်သည့်အနေအထားအထိ ညှိုးခြောက်သွားတာပဲ ဖြစ်သည်။

ပိုးစာမင်းသမီးက လုကျိုးရှေ့တွင်ရပ်လျက် သူ့ကိုစိုက်ကြည့်နေမိသည်။ အချိန်အတော်ကြာပြီးနောက် သူမက မေးလာ၏။ “ဆိုးယုတ်သူတစ်ပါးကိုသိလား”

“ဆိုးယုတ်သူ တစ်ပါးလား” လုကျိုးသည် ယင်းကော်၊ ယွဲ့ချီနှင့် သဲနာရီကို အမှတ်ရသွားသည်။

ပိုးစာမင်းသမီးက ပြောလိုက်၏။ “သဲနာရီက သူ့ရဲ့ပိုင်ဆိုင်မှုပဲ”

“ကျင့်ကြံခြင်းလောကထဲမှာ ပစ္စည်းတွေက ပိုင်ရှင် ပြောင်းတယ်ဆိုတာ အထူးအဆန်းမှ မဟုတ်တာ”

လုကျိုးက ပြန်ပြောလိုက်၏။

ပိုးစာမင်းသမီးက ခေါင်းညိတ်လိုက်သည်။ “ရှင် ပြောတာမှန်တယ်”

လုကျိုးက ပြန်မေးလိုက်လေ၏။ “ဆိုးယုတ်သူတစ်ပါးကို သိလား”

“သူ့အကြောင်း ကြားဖူးတယ်။ ကံဆိုးတာ သူ့ကိုတစ်ခါမှမတွေ့ဖူးဘူး” ပိုးစာမင်းသမီးက ပြုံးလျက် ပြောလိုက်သည်။

လုကျိုးက မေးလိုက်လေ၏။ “သူက ဘာတွေအဲ့လောက်ထူးခြားနေတာလဲ”

ပိုးစာမင်းသမီးက ပြန်ပြောလေ၏။ “ကျွန်မလည်း ဒါကိုသိချင်ခဲ့တာ။ ကျင့်ကြံခြင်းလောကထဲက လူတိုင်း ဘာလို့ သူ့ကို ကြောက်လန့်နေကြတာလဲ။ လူတိုင်းက သူ့ကိုနတ်ဆိုးလို့‌ခေါ်ပြီး ဆိုးယုတ်သူတစ်ပါးလို့တောင် နာမည်တပ်ကြတာလဲ။ သူက သမာသမတ်မဟုတ်တဲ့လမ်းစဉ်ကို ဘာကြောင့် ရုတ်တရက် လျှောက်လှမ်းသွားတာလဲ။ သူ ဘာကြောင့် ရုတ်တရက်ပျောက်သွားတာလဲ”

လုကျိုးက မေးလိုက်လေ၏။ “သူက မဟာလေဟာနယ်ကလား”

“ကျွန်မ မသိဘူး။ ကျွန်မ သိသမျှက အတိတ်တုန်းက လောကကြီးမှာ တစ်ခုပဲရှိတယ်။ အဲ့တာက နေရောင်နဲ့ အရောင်အသွေးတွေက ကြာပွင့်တွေလိုပဲ” ပိုးစာမင်းသမီးက ပြောလိုက်လေ၏။ ပြီးနောက် သူမက ပြောလိုက်လေသည်။ “ရှင် သူ့ကို အင်မတန်စိတ်ဝင်စားနေတဲ့ပုံပဲ”

“ငါက သဲနာရီကို ပိုင်ဆိုင်ထားတာဆိုတော့ သူ့ကိုစိတ်ဝင်စားတာ သဘာဝပဲ” လုကျိုးက ပြောလိုက်၏။

ထိုစကားကို ကြားသောအခါ ပိုးစာမင်းသမီးသည် သူ့စကားက အဓိပ္ပာယ်ရှိသည်ဟုတွေးမိသွားကာ ခေါင်းညိတ်လိုက်သည်။ ပြီးနောက် သူမက ပြောလိုက်လေ၏။ “ကောင်းပြီ ကျွန်မဘာမှ မသိဘူး။ ဒါကြောင့် ထပ်မမေးနဲ့တော့” ပိုးစာမင်းသမီးက လေထဲပျံဝဲနေစဉ် လုကျိုးက မတည်မြဲခြင်းတိုင်လုံးကို သိမ်းလိုက်၏။ မကြာမီ၌ အဖြူရောင်ကြိုးကြာတစ်ကောင်ပျံသန်းလာပြီး သူမက သူ၏ကျောပေါ် တက်လိုက်လေသည်။

သူက ဘယ်လိုလုပ် ဖုတ်ကောင်တစ်ကောင် ဖြစ်နိုင်မှာလဲ။ သူ့ရဲ့သွင်ပြင်က ဖုတ်ကောင်တစ်ကောင်ထက် လူသားနဲ့ ပိုတူနေတာ။

လုကျိုးသည် ပိုးစာမင်းသမီးကို အာရုံခံရန် ကြိုးစားလိုက်၏။ လူသားခန္ဓာကိုယ်က အနွေးဓာတ်၊ နှလုံးခုန်နှုန်း၊ သွေးခုန်နှုန်း၊ သွေးစီးဆင်းမှု၊ အသက်ရှုနှုန်း စသဖြင့်ရှိသော်ငြား ပိုးစာမင်းသမီး၏ ခန္ဓာကိုယ်က ပကတိအတိုင်း အသက်ဓာတ်ကင်းမဲ့နေပြီး လှုပ်ရှားမှုမရှိ၊ အပူချိန်မရှိသလို နှလုံးခုန်နှုန်းမရှိပေ။

ဒီတော့ သူက တကယ်ဖုတ်ကောင်လား။

ရလဒ်က မငြင်းသာအောင် ဖြစ်နေလျှင်တောင် ယင်းကိုယုံရန်ခက်ခဲလေ၏။

ထိုစဉ် ပိုးစာမင်းသမီးက ရုတ်တရက်ပြောလိုက်တော့သည်။ “သူ သေသွားပြီ။ အခု ရှင့်အလှည့်ပဲ”

“ဟမ်” လုကျိုးက ခေါင်းခါပြီးမေးလိုက်တော့သည်။ “မင်း ငါ့ကို သတ်ချင်တာလား”

“သူ ကျွန်မကိုရန်စခဲ့တာကြောင့် သူ သေရမယ်။ ရှင်က ကျွန်မလှုပ်ရှားတာမြင်ခဲ့တော့ ရှင် သေရမယ်”

ပိုးစာမင်းသမီးက ထိုသို့ပြောပြီးနောက် သေခြင်းတရားက သူမနှင့်မသက်ဆိုင်သည့်ပမာပင်။

မည်သည်က အမှန်အမှားမှန်း သူမ မသိပေ။ ရှောင်ယွမ်အာ၏ အပြစ်ကင်းမှုနှင့် လုံးဝကွဲပြားခြားနားပေ၏။ တစ်နည်းအားဖြင့် သူမက သွေးအေးသူဖြစ်သည်။

“ဒီတော့ မင်းက ငါ့ကိုသတ်ပြီးနှုတ်ပိတ်ဖို့ ကြိုးစားနေတာလား” လုကျိုးက မေးလိုက်၏။

ပိုးစာမင်းသမီးက ပြန်မပြောပေ။

လုကျိုးက ပြန်ပြောလိုက်သည်။ “မင်းက မဟာလေဟာနယ်ကို အင်မတန်ကြောက်တဲ့ပုံပဲ”

“ကျွန်မ ဘယ်သူ့ကိုမှမကြောက်ဘူး” ပိုးစာမင်းသမီးက ပြောပြီးခေါင်းခါလိုက်၏။

“ဒါဆိုရင် ကျုပ်ကို ဘာလို့နှုတ်ပိတ်ဖို့လိုမှာလဲ” လုကျိုးက မေးလိုက်သည်။

ထိုမေးခွန်းက ပိုးစာမင်းသမီးကိုမှင်သက်သွားစေ၏။ လုကျိုးကို သတ်ဖြတ်ခြင်းသည် သူမ မဟာလေဟာနယ်ကို ကြောက်ရွံ့ကြောင်း ဝန်ခံရာရောက်သွားလိမ့်မည်။

လုကျိုးက လက်နောက်ပစ်ထားလျက် ဆက်ပြောလိုက်သည်။ “ဒါ့အပြင် ဒီလောကထဲမှာ ဘယ်သူမှငါ့ကို မသတ်နိုင်ဘူး”

“...”

ပိုးစာမင်းသမီးသည် မျက်မှောင်အနည်းငယ်ကျုံ့လျက်မေးလိုက်‌တော့သည်။ “ရှင် မဟာလေဟာနယ်ကို မကြောက်ဖူးလား”

“ကောင်းကောင်းကြည့်ထား” ထိုသို့ပြောပြီးနောက် လုကျိုးသည် ဖျက်ဆီးခြင်းတိုင်လုံးဆီ ပျံသန်းသွား၏။

ဝှစ်

“နတ်ခြင်္သေ့”

မင်္ဂလာချီများ လွှမ်းခြုံထားသည့်နတ်ခြင်္သေ့က ပျံသန်းလာပြီး လုကျိုးကို သူ၏ကျောပေါ် သယ်ဆောင်သွားသည်။

ပိုးစာမင်းသမီးက လုကျိုးကိုမော့ကြည့်မိချိန် စိတ်ရှုပ်ထွေးမှုနှင့် သိချင်စိတ်များဖြစ်နေ၏။ လုကျိုး ဘာလုပ်နေမှန်း သူမ မသိပေ။

နှစ်ယောက်သားက ဖျက်ဆီးခြင်းတိုင်လုံးနား ကပ်သွားပြီးသည့်နောက်တွင် လုကျိုးက နတ်ခြင်္သေ့ကို ပြောလိုက်သည်။ “အခု”

နတ်ခြင်္သေ့သည် အဖြူရောင်အလင်း လွှမ်းခြုံနေသည့် အလုံးတစ်လုံး မှုတ်ထုတ်လိုက်၏။ အနက်‌ရောင်မြူအောက်တွင် ၎င်းတို့က လတစ်စင်းနှင့်တူနေတော့သည်။

ယခုလုကျိုးသည် သူ၏ကောင်းကင်စွမ်းအား ပြန်ရရှိပြီဖြစ်ကာ ဖျက်ဆီးခြင်းတိုင်လုံးကို သူ၏ လက်ဝါးစည်းတံဆိပ်ဖြင့် ရိုက်ခတ်လိုက်သည်။

ဖုန်း

အလင်းက လေထဲပေါက်ကွဲလာပြီး စွမ်းအင်များ ပရမ်းပတာဖြစ်လာ၏။

ပိုးစာမင်းသမီးသည် ဖျက်ဆီးခြင်းတိုင်လုံးဆီ ချက်ချင်းပျံသန်းသွားတော့သည်။

ထိုစဉ် မိစ္ဆာဝေဟင်မျှော်နန်းမှလူတို့ကလည်း အရာအားလုံးတည်ငြိမ်သွားတာကိုမြင်တွေ့ပြီး ပြန်ရောက်လာ၏။ သူတို့က တောင်ထွတ်‌‌ပေါ်ဆင်းသက်ကာ ဧရာမလွင်တီးခေါင်စက်ဝိုင်းဧရိယာကို မြင်ချိန်၌ ဖျက်ဆီးခြင်းတိုင်လုံးကို ကြည့်မိကြသည်။ လူတိုင်းက ထိတ်လန့်သွားကြသည်။

“ဒီမှာ ဘာဖြစ်သွားတာလဲ”

ထိုစဉ် ဖျက်ဆီးခြင်းတိုင်လုံးဆီသို့ ပိုးစာမင်းသမီးရောက်လာကာ မေးလိုက်တော့၏။ “ရှင် ဘာလုပ်နေတာလဲ”

“ဒါကို ဖျက်ဆီးဖို့ ကြိုးစားကြည့်ချင်လား” လုကျိုးက မေးလိုက်၏။

ပိုးစာမင်းသမီးက ခေါင်းခါလိုက်သည်။ “မဖျက်ချင်ဘူး”

“ဘာလို့လဲ”

“ဒီဟာဖျက်ဆီးခံရရင် မိုးပြိုသွားလိမ့်မယ်” ပိုးစာမင်းသမီးက ပြန်ပြောလိုက်သည်။

“မိုးပြိုမှာလား”

ပိုးစာမင်းသမီးက ပြောလိုက်၏။ “ကျွန်မ ဘာမှမသိဘူး။ ဒါဖျက်ဆီးခံလိုက်ရရင် မိုးပြိုသွားမယ်ဆိုတာပဲ ကျွန်မ သိတယ်”

“မဟာလေဟာနယ် ပြိုလဲသွားမှာမဟုတ်လား” လုကျိုးက မေးလိုက်လေ၏။

“ကျွန်မ မသိဘူး”

“တိုင်လုံးတွေက မိုးနဲ့မြေကို ထောက်ပံ့ပေးထားတယ်ဆိုတာ ဘာပေါက်တက်ကရစကားတွေလဲ။ အမှန်တရားကို သိရှိထားသည့်လုကျိုးသည် ယင်းက အဓိပ္ပာယ်မရှိမှန်း သိနေလေ၏။ မဟာလေဟာနယ်က ကောင်းကင်တွင် ရှိတာမဟုတ်။ အမည်မသိကုန်းမြေက ကမ္ဘာမြေတွင်မဟုတ်။ အရာအားလုံး လိမ်ညာမှုတစ်ရပ်သာဖြစ်သည်။

“ငါ မဟာလေဟာနယ်ကို မကြောက်ဘူး” လုကျိုးက ပြောလိုက်သည်။

“ကောင်းပြီ။ ကျွန်မ ရှင့်ကိုယုံတယ်” ပိုးစာမင်းသမီးက လုကျိုးကို ပြောလိုက်သည်။ ပြီးနောက် သူမက ထပ်ပြောလိုက်သည်။ “ကောင်းကင်ပြိုသွားရင် ကျွန်မ အိမ်မရှိဘဲနေမယ်”

“မင်းရဲ့အိမ်လား” လုကျိုးက စဉ်းစဉ်းစားစားမေးလိုက်လေ၏။ “မင်းက အနီရောင်ဧကရာဇ်ရဲ့သမီးပဲ။ မင်းရဲ့အိမ်က ဘယ်မှာလဲ”

“ပိုးစာပင်က ကျွန်မရဲ့အိမ်။ ဒါက ကျွန်မရဲ့အရာအားလုံးပဲ” ပိုးစာမင်းသမီးက ပြောပြီး မိုးထိုးအောင်မြင့်မားနေသည့် သစ်ပင်ကိုလှည့်ကြည့်လိုက်၏။

လုကျိုးသည် ဧရာမပိုးစာပင်ကို လှမ်းကြည့်လိုက်သည်။ သူ့စိတ်ထဲ၌ အတွေးတချက်ပေါ်လာလေ၏။ ပိုးစာပင်သည် ပိုးစာမင်းသမီး၏ အားနည်းချက် ဖြစ်ပုံပေါ်၏။ သို့သော်ငြား ပိုးစာပင်နားကပ်ရန် အလွန်ခက်ခဲသည်။

လက်စွပ်သဏ္ဌာန်ကန်နား၌ အဖြူရောင်ကြိုးကြာများစွာရှိနေသည်။ တစ်ကောင်စီက ဆန်းကြယ်စွာ တောက်ပနေပြီး သစ်ပင်ကို ဝန်းရံထားကာ ရှေ့နောက်ပျံသန်းနေသည်မှာ ပိုးစာပင်ကို ကာကွယ်နေသည့်ပမာပင်။ သူတို့သည် အနားကို ကပ်လာသောကြမ်းတမ်းခက်ထန်သားရဲတိုင်းကို မောင်းထုတ်နေ၏။

လုကျိုးက ဆင်းသက်လိုက်သည်။ ယင်းကိုမြင်သောအခါ ပိုးစာမင်းသမီးလည်း ဆင်းသက်လိုက်လေ၏။ လုကျိုးက သူမကိုကြည့်ပြီးမေးလိုက်လေ၏။ “ငါ့နောက် ဘာလို့လိုက်နေတာလဲ”

“အစွမ်းထက်တဲ့ဖေးဟွမ်က ဖျက်ဆီးခြင်းတိုင်လုံးရဲ့အခြေမှာ ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ရှင်က မဟာလေဟာနယ်မျိုးစေ့ယူဖို့ ဒီရောက်လာတာလား။ မဟုတ်သေးဘူး ဒါမဖြစ်နိုင်ဘူး။ မဟာလေဟာနယ်မျိုးစေ့က မမှည့်သေးဘူး” ပိုးစာမင်းသမီးက သူမဖာသာပြောနေလေ၏။ ဒီမိန်းမက တကယ်ပြဿနာများတာပဲ။

လုကျိုးက ပြောလိုက်လေ၏။ “ကောင်းပြီ။ မင်းအခု ပြန်သွားနိုင်ပြီ”

ပိုးစာမင်းသမီးက ခေါင်းခါလျက် ပြန်သွားဖို့ မလိုလားပေ။

လုကျိုးက မေးလိုက်၏။ “ဖေးဟွမ်လား”

“ရှင် ဒီလောက်အစွမ်းထက်တာ သူ့ကိုဖြေရှင်းနိုင်လောက်မှာပဲ။ ဒါပေမဲ့ ရှင်က စွမ်းအားတော်တော်များများ ဖြုန်းတီးနေတာ ကျွန်မ အကူအညီကို ဘာလို့မတောင်းလဲ”

လုကျိုးက ဆွံ့အသွား၏။ “ငါ ဖြေရှင်းနိုင်ရင် ဘာလို့အကူအညီတောင်းမှာလဲ” လုကျိုးသည် ပိုးစာမင်းသမီး၏ အပြုအမူကြောင့် တကယ်စိတ်ရှုပ်ထွေးသွားတော့သည်။ သူကပင် သူမ မျက်နှာသာပေးမှုကို အကြွေးတင်နေသည့် ပမာပင်။ သူသာ သူမကိုတကယ်အကြွေးတင်မိလျှင် ပြန်ဆပ်ဖို့လွယ်မှာမဟုတ်ဟု ပြန်တွေးမိသည်။

လုကျိုးက ဆက်လက်ဆင်းသက်လျက် မျက်နှာသေအတိုင်းသာဖြစ်သည်။ ထင်သည့်အတိုင်းပင် ဖျက်ဆီးခြင်းတိုင်လုံး၏အောက်ခြေ၌ အနက်ရောင်အရိပ်တစ်ခုပေါ်လာပြီး ဧရာမကျွဲရိုင်းကဲ့သို့ သတ္တဝါတစ်ကောင်သည် တဟုန်ထိုးထွက်လာ၏။

ကြိုးကြာသည် ပိုးစာမင်းသမီးကို အဝေးသို့သယ်ဆောင်သွားကာ အဝေးကနေပွဲကြည့်နေသည်။

ဖေးဟွမ်၏အရှိန်သည် လျှပ်ပြက်သည့်ပမာမြန်ဆန်လှသည်။

လုကျိုးက သူ၏လက်ဝါးဖြင့် အလိုလိုလှမ်းရိုက်လိုက်သည်။

“စွန့်ပစ်ခံဉာဏ်ပညာ”

ဖုန်း

အနက်ရောင်အလင်းတောက်ပနေသော ဦးချိုနှစ်ခေါင်းသည် လက်ဝါးစည်းတံဆိပ်ကို ဝင်တိုးလေ၏။ ရုတ်တရက်ဆန်မှုကြောင့် လုကျိုးသည် နောက်သို့တွန်းပို့ခံလိုက်ရသည်။

ယင်းကိုမြင်သောအခါ ပိုးစာမင်းသမီးသည် ပါးစပ်ကိုကာလျက် ရယ်မောလေ၏။ ဖေးဟွမ်က လုကျိုးကို မယှဉ်နိုင်မှန်း သူမ သိသော်ငြား လုကျိုး၏အခြေအနေကို မြင်တွေ့ရတာ ကောင်းနေသေးသည်။

လုကျိုးက ကောင်းကင်စွမ်းအားကိုသုံးလိုက်ပြီး လက်ဝါးစည်းတံဆိပ်ကို ဖြန့်ကျက်လိုက်သည်။

ဖုန်း

ဝူး ...

ဖေးဟွမ်သည် သုံးစက္ကန့်ထက်ပိုတောင့်မခံနိုင်ဘဲ မြေကြီး‌ပေါ်ပြုတ်ကျသွားပြီး ဖုန်တထောင်းထောင်း ထသွားလေ၏။

မူလကပျော်ရွှင်နေသည့် ပိုးစာမင်းသမီးသည် ဖေးဟွမ်ပြုတ်ကျသွားတာမြင်သောအခါ စိတ်ပျက်သွားလေ၏။ “ပျင်းစရာကြီး”

လုကျိုးကမူ တည်ငြိမ်နေသေးဆဲဖြစ်သည်။ သူဝတ်ထားသည့် မှော်ဝတ်ရုံက ကြီးမားသည့်အခန်းကဏ္ဍ၌ ပါဝင်ခဲ့သည်။ ဝတ်ရုံသည် မည်သည့်အရာဖြင့်ပြုလုပ်ထားမှန်း မသိသော်ငြား ၎င်းသည် မီးဒဏ်၊ ရေဒဏ်၊ လက်နက်ဒဏ်ကို ခံနိုင်ပေ၏။ ၎င်းသည် မီးရေလက်နက်တို့ပြီးသည်။

“လုဝူ” လုကျိုးက လှမ်းခေါ်လိုက်၏။

လုဝူက ၎င်း၏ဧရာမခေါင်းကိုမော့လျက် ပျံသန်းလာသည်။

“ဒီဖေးဟွမ်ကို မင်းဆီထားလိုက်မယ်” လုကျိုးက ပြောလိုက်၏။

လုဝူက အပျော်လွန်သွားသည်။ ထိန်းချုပ်မထားတော့ဘဲ ဖေးဟွမ်ဆီခုန်အုပ်လိုက်သည်။ ထိုစဉ် နယ်ရှင်လှံကို ကိုင်ထားသည့် တွမ့်မူရှန်းက ရောက်လာ၏။ သူက လှမ်းခေါ်လိုက်သည်။ “ကျုပ်ကို မမေ့နဲ့ဦး”

ဖျက်ဆီးခြင်းတိုင်လုံး၏ အခြေက ယခုဆို သားရဲဧကရာဇ်တို့၏ စစ်မြေပြင်အဖြစ်သို့ပြောင်းလဲသွားသော်ငြား လုကျိုးက ဂရုမစိုက်ပေ။ လုဝူ၏စွမ်းရည်ဖြင့် ဖေးဟွမ်ကိုဖြေရှင်းဖို့ မခက်ခဲချေ။

“လုဝူလား” ပိုးစာမင်းသမီးသည် ‌ခေါင်းအနည်းငယ်စောင်းလိုက်၏။

“မင်း သူ့ကိုသိလား”

“မသိဘူး။ ကျွန်မ သူ့ရဲ့အဖိုးကို သိတာ”

“...”

ထိုစဉ် ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့သည် ပိလျန့်ကျောပေါ်တွင် ထိုင်လျက်ရောက်လာကြသည်။

ပိုးစာမင်းသမီးက အံ့ဩသွားတော့သည်။ လုဝူတစ်ကောင်တည်းဆိုလျှင် အဆင်ပြေ၏။ သို့သော်ငြား ဤမျှများပြားသည့် စီးတော်သားရဲများရောက်လာတာကို သူမ မည်ကဲ့သို့မအံ့ဩဘဲနေမည်နည်း။ ထို့အပြင် သူတို့က သာမန်စီးတော်သားရဲများ မဟုတ်ပေ။

ထိုစဉ်

“ရှစ်စွင်း ကျွန်တော်လာနေပြီ။ ကူညီဖို့လာနေတာ”

မင်ရှစ်ရင်နှင့်ချုံးချီက မြန်ဆန်သောအရှိန်ဖြင့် ပျံသန်းလာနေ၏။

ပြီးနောက် ချန်ဟွမ်း၊ ထျန်ခန်း၊ တိကျန်း၊ ယင်ကျောက်နှင့် ကျန်သည့်သူများသည် ဝေဟင်ထဲ၌ တစ်ကောင်ပြီးတစ်ကောင် ပေါ်ထွက်လာသည်။

ပိုးစာမင်းသမီးက မျက်လွှာချလျက် ရေရွတ်ပြောလိုက်သည်။ “ထူးဆန်းတဲ့လူတစ်စုပဲ”

“ထူးဆန်းတာလား” လုကျိုးသည် ပိုးစာမင်းသမီးနား၌ သူ၏သတိကို မ‌လျှော့ချထားပေ။ ထို့ကြောင့် သူအာရုံစိုက်ထားချိန် သူမစကားများကို ကြားရလေ၏။

ကြိုးကြာဖြူ၏ကျောပေါ်တွင် ရပ်နေသည့်ပိုးစာမင်းသမီးက လေထဲအကြိမ်တချို့ ပျံသန်းလိုက်လေ၏။ ရပ်တန့်လိုက်ချိန်တွင် သူမ မေးလိုက်တော့သည်။ “ဒီကို ဘာလာလုပ်တာလဲ” ပြီးနောက် သူမ ထပ်မေးလိုက်၏။ “ဖျက်ဆီးခြင်းတိုင်လုံးကို မဖျက်ဆီးနဲ့။ ကျွန်မ စည်းမျဉ်းကို ချိုးဖောက်ပြီးပြီဆိုတော့ ကျွန်မ ထပ်ပြီးချိုးဖောက်နိုင်တယ်”

“ငါ ဖျက်ဆီးခြင်းတိုင်လုံးကို ဖျက်ဆီးနိုင်တယ် ထင်လား” လုကျိုးက မေးလိုက်၏။

“ဒါက ...“ ပိုးစာမင်းသမီးသည် ခဏတဖြုတ်ခေါင်းငုံ့လျက် ပြောလိုက်တော့သည်။ “ကျွန်မ အတွေးလွန်နေပြီနဲ့တူတယ်”

ဝှစ်

ပြီးနောက် ပိုးစာမင်းသမီးနှင့်ကြိုးကြာဖြူသည် လက်စွပ်သဏ္ဌာန်ကန်ထိပ်ဆီသို့ ပျံသန်းသွား၏။ တချိန်တည်းတွင် သစ်ပင်မှအရောင်အသွေးများ တောက်ပလာ‌တော့သည်။ ၎င်းသည် နတ်သမီးပုံပြင်ထဲရှိမြင်ကွင်းနှင့် အမှန်တကယ် ဆင်တူလှသည်။

ယဲ့ထျန်းရှင်းက ချီးကျူးလိုက်တော့သည်။ “သူက တကယ်အင်မတန်လှတာပဲ”

ရှောင်ယွမ်အာက ခေါင်းညိတ်လျက် ထပ်တလဲလဲပြောလိုက်တော့သည်။ “ဟုတ်တယ် ဟုတ်တယ်”

ကျူးဟုန်ကုန်းက အလျင်စလိုဝင်ပြောလိုက်တော့သည်။ “သူက တကယ်လှတယ်။ ဒါပေမဲ့ လျှို့ရှစ်ကျဲရဲ့အလှတရားထက်တော့ နိမ့်နေသေးတယ်”

“...”

လုကျိုးက ပြောလိုက်၏။ “သူက ပိုးစာမင်းသမီး ... ဖုတ်ကောင်ဘုရင် ၁၀ပါးထဲက တစ်ပါး”

ရှောင်ယွမ်အာနှင့်ယဲ့ထျန်းရှင်း “...” ဤစကားများသည် ဖုတ်ကောင်များအပေါ် သူတို့အမြင်များ ဆန်းသစ်သွားစေ၏။ ဒီလိုလှပပြီး သီးခြားဆန်တဲ့ဖုတ်ကောင်မျိုး ဒီလောကထဲမှာ ရှိတယ်လား။

လူတိုင်းအံ့ဩသွားတော့သည်။

ခုံဝမ်က သူ့ဖာသာသူရေရွတ်ပြောလိုက်၏။ “တကယ်မျက်စိပွင့်စရာပဲ။ မယုံနိင်စရာကောင်းလွန်းတယ်။ ကျုပ် ဒီအကြောင်း သွားပြောရင်‌တောင် ဘယ်သူမှယုံမှာမဟုတ်ဘူး”

အောက်၌ တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေ၏။

“သူက ဖုတ်ကောင်ယောင်ဆောင်နေတာဖြစ်နိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် မဖော်ထုတ်နိုင်သေးခင် ခွင့်ပြုချက်မရှိဘဲ လက်စွပ်သဏ္ဌာန်ကန်နား ဘယ်သူမှချဉ်းကပ်ခွင့်မရှိဘူး။ သူက မဟာလေဟာနယ်ရဲ့စည်းမျဉ်းတွေနဲ့ ကန့်သတ်ခံထားရပုံပေါ်ပေမယ့် အဲ့ဒီစည်းမျဉ်းတွေက အဓိပ္ပာယ်မရှိဘူး” လုကျိုးက ပြောလိုက်လေ၏။

“မျှော်နန်းသခင်မှန်ပါတယ်”

ကျူးဟုန်ကုန်းသည် အခွင့်အရေးကိုလွဲချော်ခြင်းမရှိဘဲ ပြောလိုက်လေ၏။ “ရှစ်စွင်းက အမြော်အမြင်ရှိပါပေတယ်”

“...”

လူတိုင်းက စကားဆက်ပြောနေသော်ငြား ခဏအကြာ၌ တိုက်ပွဲသည်အဆုံးသတ်မည့်အရိပ်အယောင် မပြပေ။

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်က အောက်ကိုတပြိုင်နက်တည်းငုံ့ကြည့်လိုက်၏။ တိုက်ပွဲက အပြင်းအထန်ဖြစ်ပွားနေသေးဆဲပင်။ တိုက်ပွဲမည့်သည့်အချိန်ကျမှ ပြီးမည်မှန်းမသိ။

အခြေအနေကို ကြည့်ချိန်၌ လုဝူက အသာစီးရနေပြီဖြစ်သည်။ သို့သော် ဖေးဟွမ်ကလည်း လွယ်ကူသည့်ပြိုင်ဖက်မဟုတ်ချေ။ ၎င်းခုခံမှုက အံ့ဩဖွယ်ကောင်းကာ ခွန်အားသည်လည်း ကြီးမားလွန်းလှသဖြင့် တောင်များကိုနင်းခြေနိုင်သည်။

“ရှစ်စွင်း ကျွန်တော် ဆင်းပြီးကူလိုက်မယ်လေ” ယွီကျန့်ဟိုင်က လက်ယားနေပြီဖြစ်သည်။

“ကျွန်တော်လည်း ဆင်းကူချင်တယ်” ယွီရှန်းရုန်က ပြောလိုက်၏။

လုဝူက ခေါင်းခါပြီး ဒဏ်ရာများဖြင့်ဖေးဟွမ်ကိုကြည့်ကာ လှမ်းခေါ်လိုက်သည်။ “လုဝူ”

လုဝူက ဇဝေဇဝါဖြင့် လှမ်းကြည့်လိုက်သည်။

“ဟမ်”

“မင်းက နှေးလွန်းတယ်” လုကျိုးသည် ကောင်းကင်စွမ်းအား ရောနှောထားသည့် လက်ဝါးကိုထုတ်လျက်တောင်ပမာ ဖိအားဖြင့် ဖိချလိုက်သည်။

ကောင်းကင်ပေါ်မှ ပြစ်ချက်ရှိလက်ဝါးက ရောက်ချလာလျက် ဖေးဟွမ်ပေါ်ဆင်းသက်သွားကာ ၎င်းကို အလွယ်တကူ ခြေမွှလျက် သွေးပုံအဖြစ် ပြောင်းလဲသွားစေသည်။

“...”

…

အခန်း (၁၄၃၀) ကျိမင်၏ ဖျက်ဆီးခြင်းတိုင်လုံးဆီမှ အသိအမှတ်ပြုမှု

“…”

ယင်းသည် သုသာန်တစပြင်အလား တိတ်ဆိတ်သွားစေကာ အားလုံးက ဖေးဟွမ်ဖြစ်ခဲ့ဖူးသည့် သွေးသံရဲရဲအရာကိုသာ စိုက်ကြည့်နေကြသည်။ မည်သို့ပင်ဆိုစေကာမူ ဤသည်က သားရဲဧကရာဇ် ဖြစ်ခဲ့ဖူးသည့်အတွက် မျှော်နန်းသခင်က သူ့ကို အနည်းငယ် သက်ညှာမှုပေးကာ အလျင်အမြန် မသတ်ခဲ့သင့်ပေ။

ကျူးဟုန်ကုန်းက ပါးစပ်ဟသည့်အချိန် မင်ရှစ်ရင်က ပြောလိုက်သည်။

“ရှစ်စွင်းက တကယ်ကို ဆုံးဖြတ်ချက် ပြတ်ပြတ်သားသားနဲ့ သတ်လိုက်တာပဲ။ သားရဲဧကရာဇ်ဖြစ်ဖြစ် ခက်ထန်သားရဲဖြစ်ဖြစ် သူတို့ရဲ့ အဆုံးသတ်ကတော့ ရှစ်စွင်းရဲ့ ရှေ့မှောက်မှာ အတူတူပဲ”

“…”

“…”

ကျုးဟုန်ကုန်းက ကျယ်လောင်စွာ ဝင်ပြောလိုက်သည်။

“စစ်ရှစ်ရှိုးပြောတာ မှန်တယ်”

မြေကြီးပေါ်တွင်ရပ်နေသည့်သူက မျက်နှာပေါ်မှ အလင်းရောင် ဆုံးရှုံးသွားပြီ ဖြစ်၏။ ထို့နောက် သူက ကျယ်လောင်စွာ ပြောလိုက်သည်။

“အဲဒါက ကျုပ်က သူ့ကို ဒဏ်ရာရအောင် လုပ်ထားလို့ဆ လက်ဖဝါးတစ်ချက်တည်းနဲ့ သေသွားတာ”

“ကောင်းပြီလေ။ ငါတို့ မိစ္ဆာဝေဟင်မျှော်နန်းကလူအားလုံးက အရမ်းကို အားကောင်းတယ်”

ကျူးဟုန်ကုန်းက လက်ခုပ်တီးရင်း ပြောလိုက်သည်။

လုကျိုးက ဖေးဟွမ်ကို ကြည့်ကာ ပြောလိုက်သည်။

“အသက်ဓာတ်နှလုံးသားကို ယူလိုက်”

“ဟုတ်ကဲ့” ခုံဝမ်က အလျင်အမြန် ဆင်းသက်လာကာ အသက်ဓာတ်နှလုံးသားများကို ကောက်ယူလိုက်သည်။ ထို့နောက် ကြေမွသွားပြီဖြစ်သည့်အတွက် ခွဲထုတ်နေဖို့ မလိုတော့ပေ။ သူတို့ကို ရှင်းလင်းပြီးသည့်နောက်တွင် သူက ပြောလိုက်၏။

“အသက်ဓာတ်နှလုံးသား ၄ခု ရှိပါတယ်။ မျှော်နန်းသခင်ရဲ့ ထိန်းချုပ်မှုက တကယ်ကို အံ့ဩလောက်ပါတယ်။ အသက်ဓာတ်နှလုံးသားတွေအားလုံးက အထိအခိုက်မရှိ ရှိနေတယ်။ သူတို့အားလုံးက အခြေအနေကောင်းတယ်”

“ကောင်းတာပေါ့”

ကျူးဟုန်ကုန်းက ဂုဏ်ယူစွာ ပြောလိုက်သည်။

“ရှစ်စွင်းက အတိတ်တုန်းက ဂိုဏ်းကြီးဆယ်ဂိုဏ်းကို ဖိအားပေးခဲ့တာကို မှတ်မိနေတုန်းပဲ။ တကယ်ကို အံ့ဩလောက်ဖွယ်မြင်ကွင်းပဲ”

“ငါ့ကို လာပြီးတော့ ကပ်ဖားမနေနဲ့တော့” လုကျိုးက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ ယခင်က ပွင့်ချပ် ၈လွှာကျင့်ကြံဆင့်သည် မည်သည့်ဆီမှ ဒုတိယမကျဘဲ လူအားလုံးက သူ့ကို လေးစားကြသည်။ သို့သော် ယခုတွင် ပွင့်ချပ်၈လွှာက ပုရွက်ဆိတ်များထက်ပင် သေးနုတ်သွားလေ၏။

ကျူးဟုန်ကုန်းက ပြောလိုက်သည်။

“အဲ့လိုပြောလို့မရဘူးလေ။ ကျွန်တော်က အမှန်အတိုင်းပြောတဲ့ ကိစ္စကို ကပ်ဖားတာလို့သာ မှတ်ယူမယ်ဆိုရင် ကျွန်တော်ရဲ့ ပါးစပ်ကို ပိတ်ဆို့ထားရလိမ့်မယ်”

“…”

“ကွဲပြားတဲ့အချိန်ဆိုပေမဲ့ ကျင့်ကြံရေးလောကက ကိစ္စတွေကို ရှင်းရှင်းလင်းလင်း နားလည်ထားကြတာပဲ။ သူတို့တွေက ကမ္ဘာပေါ်မှာ ဘယ်သူက အားကောင်းလဲဆိုတာကို သိထားကြတယ်။ ကမ္ဘာပေါ်မှာ ထိပ်ဆုံးက ဘယ်သူရပ်နေလဲဆိုတာကိုလည်း သိထားကြတယ်။ စစ်ရှစ်ရှိုး ကျွန်တော်ကို စိုက်ကြည့်မနေနဲ့။ တကယ်လို့ အမှန်အတိုင်းပြောတာက ပြစ်မှုဆိုရင် အံ့ဖွယ်မြို့တော်က လူသိန်းဂဏန်းလောက်က အကုန်လုံး အပြစ်ကျူးလွန်သူတွေချည်းပဲ” ကျူးဟုန်ကုန်းက ပြောလိုက်သည်။

“…”

ကျူးဟုန်ကုန်းက ထို့နောက် ဂရုတစိုက် ထပ်ပြောလိုက်သည်။

“အဲဒါက အမှန်ပါ”

မင်ရှစ်ရင်က သူသည် စိတ်ဓာတ်ပြိုလဲသွားတော့မလို ခံစားနေမိသည်။

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က ထိုခေါင်းစဉ်နှင့် မပါဝင်မပတ်သက်ပေ။ သူတို့က မိစ္ဆာဝေဟင်မျှော်နန်း၏ အကြီးဆုံးတပည့်နှစ်ဦးဖြစ်၏။ အကြီးဆုံးအစ်ကိုများအနေဖြင့် အကြီးကဲ့သို့ ပြုမူရလိမ့်မည်။ သူတို့က ကလေးများဖြင့် မည်သို့ငြင်းခုန်နိုင်မည်နည်း။

လုကျိုးက အင်္ကျီလက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။

“တော်တော့”

သူက ဆင်းသက်လာ၏။

မိစ္ဆာဝေဟင်မျှော်နန်းမှလူများကလည်း လိုက်ပါလာကြသည်။

“ရှစ်စွင်း ဖေးဟွမ်ရဲ့ ခန္ဓာကိုယ်က ပြင်းထန်တဲ့ တိုက်စားရေးစွမ်းအင်တွေကို ထုတ်လွှတ်နေတယ်”

တွမ့်မူရှန်းက ပြောလာသည်။

ဤသို့ဖြင့် လူအားလုံးက အလောင်းဆီမှ တိုက်စားရေးစွမ်းအင်မြူခိုးကြီး ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။ ဘေးပတ်ဝန်းကျင်တွင်ရှိသည့် ပန်းပွင့်၊ အပင်နှင့် သစ်ပင်အားလုံးက ညှိုးနွမ်းခြောက်ကပ်သွားကာ တိုက်စားရေးစွမ်းအင်က အပင်များကိုပင် သက်ရောက်မှုရှိဖို့ရာ အားကောင်းသည်ဟု ပြောဖို့ရာ မဖြစ်နိုင်ပေ။

“ကိစ္စမရှိဘူး” လုကျိုးက တိုက်စားရေးစွမ်းရည်ကြောင့် သက်ရောက်မခံရပေ။ ထို့အပြင် သူက ခရမ်းရောင်တောက်ပသံကျောက်နှင့် အံ့ဖွယ် အမှတ်အသားဝတ်ရုံရှိလေသည်။

တခြားသောသူများက ဘေးပတ်ဝန်းကျင်ကို ကြည့်ပြီးသည့်နောက်တွင် လုကျိုးနောက်မှ ဖျက်ဆီးခြင်းတိုင်လုံးဆီ လိုက်ပါလာကြ၏။

သူတို့က ပျံသန်းလာရင်း ခုံဝမ်က ပြောလိုက်၏။

“ဖေးဟွမ်က အမင်္ဂလာသားရဲလို့ မှတ်ယူလို့ရတယ်။ လူတွေက သူတို့ကို သဘောမကျကြဘူးလေ။ တချို့ပန်းချီဆွဲတာကြိုက်တဲ့ ပညာသင်သားတွေကတော့ သူ့ကို ကံဆိုးမှုရဲ့ နတ်ဘုရားအဖြစ် ရေးဆွဲကြလေ့ရှိတယ်။ သူနဲ့ တွေ့တဲ့သူတွေက ကံဆိုးမယ်လို့လည်း ပြောကြတယ်”

“မင်း အဲဒါကို ယုံလား” မင်ရှစ်ရင်က မေးလိုက်သည်။

ခုံဝမ်က ခေါင်းယမ်းကာ ပြန်ပြောလိုက်၏။

“မဟုတ်ဘူး။ တကယ်လို့ အမှန်ဖြစ်မယ်ဆိုရင် သူ့အသက်ဓာတ်နှလုံးသားစွမ်းရည်က ဘာဖြစ်မယ်လို့ထင်လဲ။ တစ်ဖက်သူကို ကံဆိုးမှုပေးဖို့လား”

အားလုံးက အားပါးတရ ရယ်မောလိုက်ကြသည်။ ထို့နောက် ခုံဝမ်က အသက်ဓာတ်နှလုံးသားတစ်ခုကို ထုတ်ယူကာ ပြောလိုက်သည်။

“စတုတ္ထသခင်လေး ကျုပ်ကို ကူညီပါဦး”

“ဘယ်လိုလဲ”

“ကျုပ်ကို အလင်းပြပါဦး”

မင်ရှစ်ရင်က တောက်ပနေသည့် ရွှေရောင်စည်းတံဆိပ်ကို ထုတ်ဖော်လိုက်သည်။

အလင်းတန်းက အသက်ဓာတ်နှလုံးသားအပေါ် ကျရောက်လာသည့်အခါ အသက်ဓာတ်နှလုံးသားအလယ်တွင် စီးဆင်းနေသည့် ခပ်ဖျော့ဖျော့စွမ်းအားတစ်ခုကို မြင်တွေ့လိုက်ရသည်။

ခုံဝမ်က ရှင်းပြလိုက်၏။

“စွမ်းအင်ကတော့ မဆိုးဘူး။ ဒီစွမ်းရည်က ခုခံမှုနဲ့ ခွန်အားကို အခြေခံထားတာ”

အားလုံးက ခေါင်းညိတ်လိုက်ကြသည်။

မင်ရှစ်ရင်က ပြောလိုက်၏။

“မင်းက ခက်ထန်သားရဲတွေနဲ့ ပတ်သက်ပြီးတော့ နက်နက်နဲနဲ နားလည်လိမ့်မယ်လို့ ထင်မထားဘူး”

“မဆိုးရုံပါနဲ့။ ကျုပ်က တစ်နှစ်ပတ်လုံး အမည်မသိကုန်းမြေထဲမှာ ကျင်လည်ကျက်စားခဲ့တာလေ။ ကျုပ်ရဲ့ အသိဉာဏ်နည်းနည်းလေးက အခု အထောက်အကူဖြစ်တာပေါ့”

ခုံဝမ်က ပြောလိုက်သည်။

“ကျုပ်အစ်ကိုကြီးက ဘာမှထူးကဲတဲ့ စွမ်းရည်မျိုး မရှိဘူးဆိုပေမဲ့ ခက်ထန်သားရဲတွေနဲ့ ပတ်သက်လာတဲ့အခါမှာတော့ သူက ဒုတိယနေရာဆိုရင် ဘယ်သူကမှ ပထမနေရာကို ယူရဲမှာ မဟုတ်ဘူး” ခုံဝူက ပြောလိုက်သည်။

“ကြွားလုံးထုတ်မနေနဲ့တော့” ခုံဝမ်က သူ့ညီကို ပြောလိုက်သည်။ ကောင်းမွန်စွာ စာဖတ်သည့် စီးဝူယာ့ ရှိနေပါက သူသည် သူ့ဗဟုသုတများကို ထုတ်မကြွားရဲပေ။ ယခု စီးဝူယာ့ မရှိသည့်အတွက် သူက စီးဝူယာ့ဆီ ဦးတည်သွားနိုင်သည့် ခေါင်းစဉ်မျိုးကို အာရုံစိုက်ဖို့ လိုကြောင်း ခံစားမိလိုက်သည်။

သူတို့က ဖျက်ဆီးခြင်းတိုင်လုံး၏ အဝင်ဝသို့ ရောက်ရှိလာသည့်အခါ ယွီကျုံးတွင်ရှိနေသည့် ဖျက်ဆီးခြင်းတိုင်လုံး၏ အဝင်ဝနှင့် တူညီနေသည်ကို တွေ့လိုက်ရသည်။ သူတို့က မြူခိုးအတွင်း ထိုးထောင်ထွက်နေသည့် တိုင်လုံးကို ကြည့်လိုက်ကြသည်။ ထိပ်ဆုံးကို မမြင်ရပေ။

“မဟာလေဟာနယ်ကလူတွေက တကယ်ကို အချိန်တွေပေါများနေတာပဲ။ သူတို့တွေက ကောင်းကင်ယံထဲပဲ ဘာလို့ရှိမနေပါလိမ့်။ သူတို့က စွမ်းအင်တွေအများကြီးရှိနေတာလား” မင်ရှစ်ရင်က ပြောလိုက်သည်။

မိစ္ဆာဝေဟင်မျှော်နန်းမှ လူများက မဟာလေဟာနယ်၏ တည်နေရာအကြောင်း သိထားပြီးပြီ ဖြစ်လေသည်။ အစပိုင်းတွင် သူတို့က ယုံကြည်ဖို့ရာ အခက်တွေ့နေကြသော်လည်း လုကျိုးက ပြောသည့်အတွက် အမှန်ပင်ဖြစ်ရမည်။

“သူတို့တွေးနေတာကို ဘယ်သူကများ သိမှာလဲ။ ဖျက်ဆီးခြင်းတိုင်လုံးက သူတို့ကို ထောက်ပံ့ပေးဖို့ အသုံးပြုမယ်ဆိုတာကို ထင်မထားမိဘူး။ ပိုပြီးမြင့်မားလေလေ အသက်ဓာတ်စွမ်းအားက ပိုပြီးနည်းပါးလာလေလေပဲ။ သူတို့က အဲဒီပြဿနာကို ဖြေရှင်းဖို့ အစီအရင်တစ်ခု ရှိရမယ်။ ပြီးတော့ သူတို့က ဒီတိုင်လုံးတွေက တည်ငြိမ်ပြီးတော့ နှောင့်ယှက်မခံရအောင်လည်း သေချာ လုပ်ထားတယ်လေ။ ဖုတ်ကောင်ဘုရင်ဆယ်ကောင်က ဒီနေရာကို ကာကွယ်ဖို့ အသုံးပြုထားတယ်ဆိုတာ မထူးဆန်းတော့ဘူး။ ”

“ဘာလို့လဲ”

“ဖုတ်ကောင်ဘုရင်က ဒီတိုင်လုံးကို စောင့်ကြပ်နေတဲ့အခါကျတော့ သူတို့က ပြိုလဲသွားမှာ မဟုတ်ဘူးလေ။ ပြီးတော့ အားကောင်းပြီး ပါရမီထူးကဲတဲ့သူတွေကို မဟာလေဟာနယ်ဆီ ခေါ်တာက နယ်မြေ ၉ခုမှာ ရှိနေတဲ့သူတွေက တိုင်လုံးကို ဘာမှလုပ်နိုင်မှာမဟုတ်တော့ဘူးဆိုတော့ သေချာသွားစေတယ်လေ”

မင်ရှစ်ရင်က မေးလိုက်သည်။

“ခဏအကြာတွင် အဲဒါဆိုရင် ပင်မနေရာက သားရဲတွေက အားကောင်းတဲ့သားရဲတွေကရော”

“သူတို့ကို ထိန်းချုပ်ထားတဲ့ အထွတ်အထိပ်သက်ရှိတွေ ရှိတယ်”

“ခင်ဗျားက မဟာလေဟာနယ်က မဟုတ်ဘဲနဲ့ ဘယ်လိုလုပ်သိတာလဲ” မင်ရှစ်ရင်က မေးလိုက်သည်။

“ကျုပ် မှန်းဆမိရုံပါ” ခုံဝမ်က ပြန်ပြောလိုက်သည်။

ထိုစဉ် လုကျိုးက လှည့်လာကာ လူအုပ်ကြီးကို ကြည့်လာသည်။

အားလုံးက တိတ်ဆိတ်သွားကြ၏။

ပတ်ဝန်းကျင်က တိတ်ဆိတ်သွားကာ ပိုးစာမင်းသမီးကလည်း ထွက်ပေါ်မလာပေ။

ဤသည်က ဖျက်ဆီးခြင်းတိုင်လုံးကို ဝင်ရောက်ဖို့ အကောင်းဆုံးအချိန်ဖြစ်၏။

လုကျိုးက လက်နောက်ပစ်ကာ ပြောလိုက်သည်။

“ငါ့တပည့်တွေအနေနဲ့ မင်းတို့တွေက ဖျက်ဆီးခြင်းတိုင်လုံးဆီ အသိအမှတ်ပြုဖို့ရာ ရောက်လာတယ်။ နောက်ဆုံးတော့ ယွီကျုန်းဆီက အသိအမှတ်ပြုမှုကို ရပြီးသွားပြီဆိုတော့ အခု မင်းတို့တွေထဲက တစ်ယောက်အလှည့်ပဲ”

ချင်နိုင်ဟယ်က ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

“ဒါပေမဲ့ အသိအမှတ်ပြုမှုကို ရဖို့အတွက် ရှားပါးပြီး တန်ဖိုးရှိတဲ့ အရည်အချင်းမျိုး ပိုင်ဆိုင်ထားရမယ်။ အားလုံးပဲ ကြိုးစားကြည့်ကြပါ”

တကယ်တော့ မင်ရှစ်ရင်က ရှားပါးကာ အဖိုးတန်သည့် အရည်အသွေးသည် မဟာလေဟာနယ်မျိုးစေ့ဖြစ်ကြောင်း ပြောစေလို၏။ သို့သော်လည်း သူက တခြားသူများအတွက် ထိုးနှက်ချက်ကြီး ဖြစ်သွားမည်ကို ခံစားမိကာ သည်းခံထားလိုက်ရသည်။

တခြားတစ်ဖက်တွင် လုဝူက မြေကြီးပေါ်တွင် ထိုင်နေရင်း မျက်လုံးပိတ်ထားလိုက်သည်။

အနာဂတ်အထွတ်အထိပ်သက်ရှိအဖွဲ့က ဘာလို့များ အသိအမှတ်ပြုမှုကို လိုတာတုံး။ တကယ်ကို ပျင်းစရာပဲ…

“သွားကြရအောင်”

အားလုံးက လုကျိုးနောက်မှ ဖျက်ဆီးခြင်းတိုင်လုံးအတွင်း ဝင်ရောက်ခဲ့ကြသည်။

အများစုက အတွေ့အကြုံတချို့ရှိထားပြီးသားဖြစ်သည့်အတွက် အံ့ဩခြင်းမရှိပေ။ ဖျက်ဆီးခြင်းတိုင်လုံးကို ပထမဆုံးအကြိမ် ရောက်ဖူးသည့်သူများကမူ ဘေးပတ်ဝန်းကျင်ကို သိချင်စွာဖြင့် စောင့်ကြည့်နေကြ၏။

“ဘယ်လိုလက်မှုပညာသည်ကများ ဒီလိုရှည်လျားတဲ့ တိုင်လုံးမျိုးကို တည်ဆောက်နိုင်တာလဲ။ နတ်ဘုရားကတောင် မလုပ်နိုင်လောက်ဘူးမလား”

အရာများစွာက ဖျက်ဆီးဖို့ လွယ်ကူလှသော်လည်း တည်ဆောက်ဖို့ ခက်ခဲလှသည်။ အားလုံးက တိုင်လုံးများသည် မဟာလေဟာနယ်ကို မည်သို့ထောက်ပံ့ပေးထားကြောင်း သိချင်နေကြ၏။

“အခု အဲဒါဆွေးနွေးရမဲ့ အချိန် မဟုတ်ဘူး။ ရှေ့ကို ကြည့်လိုက်”

အားလုံးက ခပ်ဖျော့ဖျော့ အလင်းတောက်ပနေသည့် အပြာရောင်အလင်းတစ်ခုကို မြင်လိုက်ရသည်။ ဤသည်က ဖျက်ဆီးခြင်းတိုင်လုံး၏ ဗဟိုချက်ဖြစ်ပြီး မဟာလေဟာနယ်မျိုးစေ့ကို ကာကွယ်ပေးထားလေ၏။ ဤသည်က မဟာလေဟာနယ်မျိုးစေ့ကို အလွယ်တကူ ရယူခြင်းမှ ကျင့်ကြံသူများအား တားဆီးထားလေသည်။

“ကျုပ် အရင်သွားမယ်” ခုံဝမ်က ပြောပြီး ရှေ့ကို တိုးဝင်သွားလေ၏။ သူက အနီးကပ်လာသည့်အခါ နောက်ကို လွင့်စဉ်သွားလေသည်။

အားလုံးက ခေါင်းယမ်းလိုက်ကြသည်။ သိသာလှစွာ ခုံဝမ်အတွက် မဟုတ်ပေ။

“ဒါက အကြွင်းမဲ့သတ်ဖြတ်ရေးအစီအရင်နဲ့ ကွဲပြားတယ်” ခုံဝမ်က မြေကြီးပေါ် ထရပ်ရင်း ရေရွတ်လိုက်သည်။

“တကယ်လို့ အဲဒီအစီအရင်သာဆိုရင်တော့ ခင်ဗျား သေပြီးလောက်ပြီ” မင်ရှစ်ရင်က မျက်လုံးဝှေ့ကာ ပြောလိုက်သည်။

“ကွဲပြားတဲ့လမ်းစဉ်တွေက တူညီတဲ့ သတ်မှတ်ချက်ကို ဦးတည်နေတယ်။ ဒါက ခုခံမှုသက်သက်အတွက်ပဲ” ခုံဝမ်က နာကျင်မှုကို တောင့်ခံထားပြီး ပြောလိုက်သည်။

အားလုံးက အလှည့်ကျ ကြိုးစားကြည့်ကြ၏။ တစ်ယောက်ပြီးတစ်ယောက်ဆိုသလို သူတို့က လွင့်စဉ်သွားကြလေသည်။

ကျူးဟုန်ကုန်းက ရှေ့တိုးလာကာ ဘန်းခနဲဖြင့် လွင့်စဉ်သွားပြန်သည်။ သူက လိုလားစွာ ပြောလိုက်၏။

“ကျိမင်ရဲ့ တိုင်လုံးဆီကနေ အသိအမှတ်ပြုမှုကို ရဖို့ ဘာလို့ အဲ့လောက်တောင်ခက်ခဲနေရတာလဲ။ ကျွန်တော်က သိသိသာသာ အရည်အချင်းရှိရဲ့သားနဲ့”

“မင်းက အရည်အချင်း ရှိတယ်လား” မင်ရှစ်ရင်က ဆွံ့အသွားလေသည်။

ကျူးဟုန်ကုန်းက ပြောလိုက်၏။

“တကယ်လို့ ကျွန်တော်ကို မယုံဘူးဆိုရင် ကျောင်းဟုန်ဖုကို မေးကြည့်”

ကျောင်းဟုန်ဖုက သူ့မျက်နှာအထက် ဝေဝေဝါးဝါးအမူအရာမျိုး ထုတ်ပြလာသည်။

အဲဒါက ငါနဲ့ ဘာဆိုင်လို့တုံး။ ငါက သင်္ကေတဆရာသခင်တစ်ယောက်ပဲ။ မင်းစကားဝိုင်းကိုတောင် နားထောင်မနေတာ အခုတော့ စိတ်ရှုပ်ထွေးသွားပြီ…

ကျောင်းဟုန်ဖုက မရှင်းမလင်းပြောလိုက်သည်။

“ အရည်အချင်းလား … လွယ်လွယ်စားပြီး အိပ်နိုင်တာလား”

ကျူးဟုန်ကုန်း “…”

…

အခန်း (၁၄၃၁) သတ္တိ

မိစ္ဆာဝေဟင်မျှော်နန်းအဖွဲ့သားများသည် ဖျက်ဆီးခြင်းတိုင်လုံး၏ အသိအမှတ်ပြုမှုကို ရအောင်ယူရန်အတွက် အပြာရောင် အရံအတားထဲ ဝင်ဖို့ ကြိုးစားနေကြ၏။ သို့သော်ငြား သူတို့ လွင့်ထွက်သွားကြသည်။ ထို့အပြင် အရံအတားမှ ဖိအားသည် ပိုမိုပြီး အားကောင်းလာလေ၏။

မိစ္ဆာဝေဟင် မျှော်နန်း၌ လုကျိုးပြီးလျှင် ဒုတိယမြောက် ကျင့်ကြံဆင့် အမြင့်ဆုံးဖြစ်သော ချင်နိုင်ဟယ်က ညည်းတွားလျက် နောက်သို့ လွင့်ထွက်သွားပြီးနောက် သွေးတစ်ပွက် အန်တော့သည်။

လူတိုင်းသည် ချင်နိုင်ဟယ်၏ ဒဏ်ရာရရှိမှုကြောင့် အံ့ဩသွားကြကာ ရှေ့သို့ အဆင်အခြင်မဲ့ မတိုးရဲတော့ချေ။ သူတို့အမြင်တွင် ခွန်အားနှင့် ကျင့်ကြံမှုသည် အသိအမှတ်ပြုမှု ရယူရန်အတွက် သော့ချက်ဖြစ်၏။ ချင်နိုင်ဟယ်တောင် ကျရှုံးခဲ့လျှင် သူတို့နိုင်မည်သို့သော မျှော်လင့်ချက် ရှိမည်နည်း။

လူတိုင်းက နောက်ဆုတ်လျက် အရံအတားကို ကြည့်လိုက်ကြသည်။ ယန်ကျန်းလော့က လှည့်မေးလိုက်လေ၏။

“ချင်နိုင်ဟယ် အဆင်ပြေလား”

“စိုးရိမ်ပူပန်ပေးတာ ကျေးဇူးတင်ပါတယ်။ လက်ဝဲတမန်တော်။ ဒဏ်ရာသေးမွှားလေးပါပဲ၊ မပြင်းထန်ဘူး။ မဟာလေဟာနယ်စွမ်းအင်ကို စုပ်ယူပြီးတဲ့နောက် အသိအမှတ်ပြုမှုကို ရဖို့ အခွင့်အရေးကောင်းတစ်ခု ရှိမယ်လို့ ထင်ခဲ့တာ။ ဒါနဲ့ ရေစက်မပါဘဲ ဖြစ်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ“

ချင်နိုင်ဟယ်က ပြောလိုက်၏။

ယန်ကျန်းလော့က ပြောသည်။ “ထင်ရာကို ပြောတာ မှန်လောက်တယ်။ တိုင်လုံးက လူတစ်ယောက်ရဲ့ အကျင့်စရိုက်ပေါ် မူတည်ပြီး ရွေးချယ်တာ“

“အကျင့်စရိုက်လား“

လူတိုင်းသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်လေ၏။ အကျင့်စရိုက်ဟူသည် အကျဉ်းချုပ် ယေဘုယျ ဆန်၏။ ဆိုရလျှင် နက္ခတ်တာရာ သင်္ကေတများပေါ် မူတည်ပြီး ပြောင်းလဲမှုရှိသည်။ လူကြမ်းတစ်ယောက်တောင် နူးညံ့ပြီး တွေးခေါ်တတ်သည်ဟု ဖော်ပြနိုင်ပြီး မာကြောသော စိန်တစ်ပွင့်လည်း ဖြစ်နိုင်သည်။ သို့မဟုတ် အခြားသော ချီးကျူးစကားများ ပြောနိုင်၏။ မိမိက ဂုဏ်ယူဝင်ကြွားရင်း ထိုစကားများကို တစ်နေကုန် နားထောင်နေနိုင်သည်၊ လူအများစုက သူတို့ကိုယ် သူတို့ ရှင်းရှင်းလင်းလင်း သဘောမပေါက်ကြပေ။

ထိုစဉ် ကျူးဟုန်ကုန်းက သူ၏ရင်ဘတ်ကို ပုတ်လျက် ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။ “အကျင့်စရိုက်အရသာ အားထားရမယ်ဆိုရင် ကျုပ်ပဲ ဖြစ်နိုင်တယ်“

“? ? ?“

“ခင်ဗျားတို့တွေ အားလုံး ကျုပ်ကို လျှော့တွက်လွန်းနေတာပဲ။ ကျုပ် အဝါရောင်ကြာနယ်မြေမှာ ရှိတုန်းက ကျုပ်ကို လူတွေက မြင့်မြတ်သောအရှင်လို့ ခေါ်ကြတာ။ ကျုပ် လူတွေရဲ့ လေးစားချစ်ခင်မှုကို ခံရတယ်။ သူတို့အတွက် တိုက်ခိုက်ပေးပြီး ရန်သူတွေကို သတ်ဖြတ်ပေးတာ။ အဝါရောင်ကြာနယ်မြေမှာဆိုရင် ကျုပ်က အင်း... ချဲ့ကားပြောတာ မဟုတ်ဘူး“

ကျူးဟုန်ကုန်းက သူ့စကားအဆုံးသတ်၌ လက်မထောင်ပြလျက် ပြောလိုက်သည်။

လူတိုင်း ခေါင်းညိတ်လိုက်ကာ အနည်းငယ် အနေခက်သွားလေ၏။ အခြားတစ်ယောက်ကသာ ဤကဲ့သို့သော ပုံစံဖြင့် နောက်လူတစ်ယောက်အကြောင်း ကြွားလုံးထုတ်လျှင် အဆင်ပြေသော်ငြား မည်သူကများ သူတို့ကိုယ် သူတို့ ဤပုံစံဖြင့် ကြွားမည်နည်း။

မင်ရှစ်ရင်သည် နောက်ဆုံး၌ ပြောလိုက်သည်။ “ဒါဆိုရင် မင်းစမ်းကြည့်လိုက်“

“ကောင်းပြီ“

ကျူးဟုန်ကုန်းက ခေါင်းညိတ်ပြီးနောက် ကြံ့ရိုင်းတစ်ကောင်ပမာ ရှေ့သို့ ချီတက်သွားတော့သည်။ သူ့အရံအတားနား ကပ်သွားသည်နှင့် တွန်းလှန်နေသော ဖိအားက သူ့ကို လွင့်ထွက်သွားစေ၏။ ဘန်း...

မျှော်လင့်ချက် မရှိပေ။ တွန်းလှန်သော ဖိအားက ပိုတောင် အားကောင်းလာ၏။ မြေပြင်ပေါ် ပြုတ်ကျသွားသည့် ကျူးဟုန်ကုန်းက တစ်ချက် ညည်းတွားပြီးနောက် သွေးအန်လာ၏။ ပြီးနောက် သူက မြေကြီးပေါ် ယိုင်ကျသွားကာ မောပန်းနွမ်းနယ်သွားတော့သည်။

“အဋ္ဌမသခင်လေး အဆင်ပြေလား“

ယန်ကျန်းလော့က စိုးရိမ်ပူပန်စွာ မေးလိုက်သည်။

“ကျုပ်ပြေပါတယ်“

ကျူးဟုန်ကုန်းက တည်ငြိမ်စွာ ပြန်ပြောလိုက်၏။ စိတ်ထဲတွင်မူ သူက အတော်လေး ကြောက်ရွံ့သွားတော့သည်။

မင်ရှစ်ရင်သည် အပြာရောင် အရံအတားကို လက်ညှိုးထိုးပြလျက် သွေးဆောင်ကာ ပြောလိုက်လေ၏။

“လာပါ့ မင်းလုပ်နိုင်တယ်။ လာစမ်းပါ။ ဆက်သွားရအောင်“

“အမ်... စစ်ရှစ်ရှိုး ဘာကြောင့် မကြိုးစားကြည့်တာလဲ“

ကျူးဟုန်ကုန်းက မေးလိုက်လေ၏။

“မလိုပါဘူး။ ငါ တိုင်လုံးတွေထဲက တစ်ခုရဲ့ အသိအမှတ်ပြုမှု ရထားပြီးပြီ“

မင်ရှစ်ရင်က မဲ့ပြုံးဖြင့် ပြောလိုက်တော့သည်။

မုန့်ချန်းသုံသည် ပထမဆုံး လွင့်ထွက်သွားသူ ဖြစ်သောကြောင့် ထပ်မကြိုးစားပေ။ ထိုစဉ် သူက ပြောလိုက်၏။ “တိုင်လုံးရဲ့ အသိအမှတ်ပြုမှုကို ရရင် ဘာကောင်းကျိုးရှိလဲ“

လုလီက ပြောလိုက်၏။ “အလယ်ကို ကြည့်ကြည့်၊ အဲ့ဒါက မရင့်မှည့်သေးတဲ့ မဟာလေဟာနယ်မျိုးစေ့ ဖြစ်လောက်တယ်။ အသိအမှတ်ပြုမှု ရခဲ့ရင် အရံအတားထဲ ဝင်နိုင်ပြီး မြေဆီကို စုဆောင်းနိုင်မှာ။ ကျင့်ကြံခြင်းမှာ အသုံးဝင်တဲ့ မဟာလေဟာနယ်စွမ်းအင် ပါဝင်နေတယ်“

လူတိုင်းသည် ထိုစကားများကို ကြားသောအခါ မျှော်လင့်ချက်တို့ ကြီးထွားလာသည်။ သူတို့ ယခင်က အနည်းငယ် တုံ့ဆိုင်းနေသော်ငြား မဟာလေဟာနယ်မျိုးစေ့နှင့် မဟာလေဟာနယ်စွမ်းအင် အကြောင်း ပြောလျှင် သူတို့ စိတ်ဆန္ဒများ ပြင်းပြလာ၏။ မဟာလေဟာနယ်မျိုးစေ့က မရင့်မှည့်သေးသော်ငြား မဟာလေဟာနယ်စွမ်းအင်က အလွန်အကျိုးရှိစေ၏။ “ထပ်ပြီးတော့...“

ကျူးဟုန်ကုန်းက မြေပြင်ပေါ်တွင် ထိုင်လျက် လက်ဝှေ့ရမ်းလိုက်ပြီး ပြောလိုက်၏။ “ကျွန်တော် လက်လျှော့လိုက်ပြီ၊ အားလုံး ဆက်သွားလို့ရတယ်။ ဘုရားရေ နာလိုက်တာ“

“…“

လုကျိုးသည် အမြင်စွမ်းအားဖြင့် လူတိုင်း၏ ပြောင်းလဲမှုကို လေ့လာနေကာ စွမ်းအင်၌ ပုံသဏ္ဌာန်တစ်ခု ရှာတွေ့မလားဟု ကြိုးစားကြည့်ခဲ့သည်။ ပုံမှန်မဟုတ်တာ မရှိပေ။ ပိုတောင် ထူးဆန်းသည်ကြောင့် သူတို့ ဆက်လက်ကြိုးစားနေစဉ် အရံအတား၏ ဖိအားက သန်မာပြီးရင်း သန်မာလာတာပဲ ဖြစ်သည်။ ယခုအချိန်တွင် ၎င်း၏ ဖိအားက ပေါ့သေးသေး မဟုတ်တော့ချေ။

“သေစမ်း၊ ပျော်ဖို့လည်း မကောင်းဘူး“

ရှောင်ယွမ်အာက ခြေဆောင့်လျက် အောင့်သက်သက် ပြောကာ ဘေးသို့ ဆုတ်ခွာသွား၏။ သူမ လက်လျှော့လိုက်ပြီဖြစ်ကြောင်း ညွှန်ပြနေတာပဲ ဖြစ်သည်။

ယင်းကို မြင်သောအခါ လူတိုင်းသည် ပိုစိုးရိမ်လာကြ၏။ ဘိုးဘေးလေးတောင် မလုပ်နိုင်လျှင် သူတို့ မလုပ်နိုင်တာ ကျိုးကြောင်းသင့်ပေ၏။ ဆိုရလျှင် သူမ၏ ပါရမီက အမှန်တကယ် ကောင်းကင်ကို ဖီဆန်နိုင်သည်။ သူမက ဖျက်ဆီးခြင်းတိုင်လုံးမှ အသိအမှတ်ပြုမှု ရခဲ့လျှင် သူတို့ ပိုတောင် စိုးရွံ့သွားလိမ့်မည်။

ပြီးနောက် ခရုလေးလည်း လက်လျှော့လိုက်၏။ သူမက ပွဲကြည့်ရန်အတွက် ရှောင်ယွမ်အာဘေး၌ သွားရပ်လိုက်သည်။

ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းက မဟာလေဟာနယ်စွမ်းအင်ကို အတပ်မက်ဆုံး ဖြစ်သည်။ သူတို့က အားနည်းလွန်းပေ၏။ သူတို့က တွန်းလှန်မှုကို ခံနိုင်ရည်မရှိဘဲ လက်လျှော့ရန် ဖိအားပေးခံလိုက်ရသည်။ ပြီးနောက် နှစ်ယောက်သားက တွန့်ဆုတ်ဆုတ်ဖြင့် နောက်ဆုတ်သွားကာ မချင့်မရဲ ဖြစ်နေတော့သည်။

ခုံဝမ်နှင့် သူ၏ ညီနောင်များလည်း ထိုအတိုင်းသာ ဖြစ်၏။ ဆိုရိုးစကားရှိသည့်အတိုင်း အသက်ကြီးရွယ်အိုများသည် အသက်ကြီးလေ အမြော်အမြင် ရှိလေဖြစ်သည်။ အကြီးအကဲ လေးယောက်က အဆင်ခြင်မဲ့ မပြုမူဘဲ အပြာရောင် အရံအတားဆီ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားသည်။ ဤနည်းဖြင့် သူတို့က တွန်းလှန်မှု၏ ဖိအားကို လျှော့ချနိုင်၏။ သူတို့ ခုခံမှုကို ခံစားရသည်နှင့် ရှေ့တိုးတာရပ် ဖြည်းဖြည်းချင်း လျှော့လိုက်ပြီး အမြန်နောက်ဆုတ်လိုက်သည်။

လန်လော့၊ ကျော့ယွီရှု၊ ဖန်လီထန်နှင့် ဟွား၀ူတောက်တို့က မိစ္ဆာဝေဟင် မျှော်နန်းသို့ ဝင်ခဲ့သည့် ပထမဆုံးအဖွဲ့ ဖြစ်သည်။ လုကျိုးသည် သူတို့ ခွန်အား တိုးတက်လာဖို့ မျှော်လင့်၏။

အကြီးအကဲ လေးယောက်သည် တစ်ပြိုင်နက်တည်း မတူညီသည့် အရပ်မျက်နှာများမှ ချီတက်လာသည်။ သူတို့ အရံအတားနှင့် ၁၀ မီတာခန့် ကွာဝေးတော့သည့်အချိန်... ၁၀ မီတာခန့် ကွာဝေးသည့်အချိန်၌ သူတို့ နောက်သို့ တွန်းထုတ်ခံလိုက်ရ၏။

“အကြီးအကဲ လေးယောက်အတွက် မဟုတ်ဘူး ထင်တယ်“

လူတိုင်းက ခေါင်းခါလိုက်လေ၏။ “ကျွန်မတို့ ကြိုးစားဦးမှာလား“

ကျော့ယွီရှုသည် ကျန်သည့် အကြီးအကဲ သုံးယောက်ကို ကြည့်လိုက်၏။

သူတို့ လေးယောက်သည် ချွေးများရွှဲနစ်နေကာ မောဟိုက်နေပြီ ဖြစ်သည်။ ယခုအချိန်၌ စွမ်းအင်စည်းတစ်စိတ် ဖန်တီးရန် ကနဦးချီ အပိုတောင် မကျန်တော့ချေ။

လန်လော့က အရင်ဆုံး ပြောလိုက်သည်။ “ကျုပ် လက်လျှော့ပြီ“

“လောင်လန်၊ မင်း ဒီအတိုင်း လက်လျှော့လိုက်မှာလား“

ဖန်လီထန်က အထင်သေးစွာ ပြောလိုက်တော့သည်။ “ဒါ မင်းရဲ့ ပုံစံ မဟုတ်ပါဘူး“

လန်လော့က ပြောလေ၏။ “လောင်ဖန်၊ ဒါဆို မင်းဆက်သွားလိုက်။ ငါ ကြည့်နေမယ်“

“ငါလည်း လက်လျှော့ပြီ“

“…“

ငါတို့အားလုံး သတ္တိကြောင်တဲ့သူတွေပဲ၊ တစ်ယောက်ကိုတစ်ယောက် နာကျင်အောင် လုပ်ဖို့ မလိုဘူး။ ဟွား၀ူတောက်က ခေါင်းခါလျက် ကြိုးစားမှုရပ်တန့်လိုက်သည်။

ကျော့ယွီရှုသည် လက်လျှော့ရန် မလိုလားသေးပေ။ သူမ ထပ်ကြိုးစားခဲ့သော်ငြား ရလဒ်က တူညီနေ၏။ အဆုံးကျ သူမသည် ဘေးသို့ ကူကယ်ရာမဲ့စွာ ဆုတ်ခွာရုံသာ တတ်နိုင်သည်။

သိပ်မကြာခင် ယွီကျန့်ဟိုင်၊ ယွီရှန်းရုန်၊ တွမ့်မူရှန်း၊ ကျောင်းယွဲ့နှင့် ယဲ့ထျန်းရှင်းသာ ကျန်ရစ်ခဲ့၏။

တပည့်ကြီး နှစ်ယောက်က ခွန်အားအတွက် တပ်မက်စိတ် အပြင်းပြဆုံး ဖြစ်ပြီး သူတို့ ယခုအချိန်ထိ တောင့်ခံနေသည်။

“ပထမသခင်လေးက အသိအမှတ်ပြုမှု ရမယ်ထင်တယ်“

“ဒုတိယသခင်လေးဘက် လောင်းမယ်“

ယွီကျန့်ဟိုင်က အရံအတားကို ကြည့်လိုက်၏။ သူက အပြာရောင် အရံအတားဆီ ရောက်ချင်သည်၊ သို့သော်ငြား စွမ်းအားကင်းမဲ့နေ၏။ ရိုးရိုးသားသား ဆိုရလျှင် ယွီရှန်းရုန်ကသာ ခေါင်းမမာလျှင် သူ အစောထဲက ဆုတ်ခွာပြီး ဖြစ်၏။ ပြောရန်မလို ယွီရှန်းရုန်ကလည်း ယွီကျန့်ဟိုင်နှင့် အတွေးတူသည်။

သူတို့ အတွေးကို သတိမပြုမိဘဲ လူတိုင်းက ထိုအခိုက်အတန့်၌ သူတို့ နှစ်ယောက်အပေါ် မျှော်လင့်ချက်ထားနေပြီး ဆန်းကြယ်မှုတစ်ခု ဖန်တီးပေးမှာကို စောင့်ဆိုင်းနေ၏။ “တာ့ရှစ်ရှိုး“

“အာ့ရှစ်ရှိုး “

“ရှစ်ရှိုးတွေအနေနဲ့ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ အငယ်တွေဆီကနေ အခွင့်အရေးကို မလုယူသင့်ဘူး မဟုတ်လား”

ယွီရှန်းရုန်က ခပ်တည်တည် မျက်နှာထားဖြင့် ပြောလိုက်၏။

ယွီကျန့်ဟိုင်က ခေါင်းညိတ်လိုက်သည်။ “အာ့ရှစ်တိ ပြောတာ မှန်တယ်။ ငါလည်း ဒါမျိုး သဘောမကျဘူး။ အင်း... အစ်ကိုကြီးအနေနဲ့ ဝင်မပါခဲ့သင့်ဘူး။ ကံကောင်းလို့ နောက်ဆုတ်ဖို့ သိပ်နောက်မကျသေးဘူး။ အငယ်တွေအတွက် လမ်းပေးလိုက်မယ်”

ပြီးနောက် ယွီကျန့်ဟိုင်က နောက်တစ်လှမ်းဆုတ်လိုက်သည်။

“တာ့ရှစ်ရှိုး ဆုတ်သွားပြီဆိုရင် ကျုပ်ကလည်း ဘယ်လိုလို့ အရှက်မရှိဘဲ အငယ်တွေနဲ့ ယှဉ်ပြိုင်နိုင်ပါ့မလား”

ယွီရှန်းရုန်က နောက်တစ်လှမ်းဆုတ်ပြီး ပြောလိုက်၏။

“…“

လူတိုင်း ဆွံ့အသွားတော့သည်။

တွမ့်မူရှန်းသာလျှင် လက်သီးဆုပ်မိုးလျက် စိတ်ရင်းမှန်ဖြင့် ပြောလိုက်သည်။ “ကျေးဇူးပါ တာ့ရှစ်ရှိုး အာ့ရှစ်ရှိုး၊ အငယ်တွေကို ဒီအခွင့်အရေး ပေးတဲ့အတွက်ပါ”

“…“

“ရပါတယ်ကွာ”

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့သည် တွမ့်မူရှန်း၏ ကျေးဇူးတင်စကားကို လက်ခံလျက် သူတို့ အမူအရာက မပြောင်းလဲသွားပေ။

တွမ့်မူရှန်းသည် သူ့ရင်ဘတ်ကို ပုတ်လျက် ဆရာ့ထက်သန်စွာ ဆက်ပြောလိုက်သည်။ “တာ့ရှစ်ရှိုးနှင့် အာ့ရှစ်ရှိုးက ပါရမီအမြင့်ဆုံးနှင့် မြင့်မားတဲ့ကျင့်ကြံမှုရှိတယ်။ ကျုပ်ကို ဒီလို အခွင့်အရေးပေးတာ သဘောထားကြီးတာပဲ။ ကျုပ် တွမ့်မူရှန်းက ကျေးဇူးတရားကို ဖော်ပြဖို့ စကားလုံး မရှိတော့ပါဘူး။ နောင်ကျ ရှစ်ရှိုးတို့ အကူအညီ လိုလာရင် ကျွန်တော့်ကို သိခွင့်ပေးဖို့ တုံ့ဆိုင်းမနေပါနဲ့”

“…“

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်သည် အနည်းငယ် ရှက်ရွံ့သွား၏။

“စစ်ရှစ်တိ မင်းဆက်တိုက်ခိုက်လို့ရပြီ”

“ဟုတ်ကဲ့”

တွမ့်မူရှန်းသည် အရံအတားဆီသို့ ချီတက်သွား၏။ သူ၏ ဗျူဟာကို မပြောင်းလဲခဲ့ပေ၊ ရှေ့သို့ ရိုးရှင်းစွာ ချီတက်သွားသည်။ ပြီးနောက် သူ လွင့်ထွက်သွားလေ၏။

ကျောင်းယွဲ့က ပြုံးပြီး ပြောလိုက်တော့သည်။ “စန်းရှစ်ရှိုး ဘယ်သူ အသိအမှတ်ပြုခံရမလဲဆိုတာ ပြောဖို့ စောပါသေးတယ်။ ညီမလေးလည်း ဖြစ်နိုင်တာပဲ”

ယဲ့ထျန်းရှင်းက ပြောလိုက်၏။ “မဟုတ်လောက်တာ”

သုံးယောက်သားက အရံအတားထဲ ဆက်ဝင်နေသည်။

ဘန်းဘန်းဘန်း...

သူတို့ အကြိမ်ကြိမ် ကြိုးစားစေကာမူ သူတို့အားလုံး လွင့်ထွက်သွားလေ၏။

နှစ်နာရီကြာ ကြိုးစားပြီးနောက် သုံးယောက်သား မောပန်းနေပြီ ဖြစ်သည်။ သူတို့ ဒဏ်ရာအနည်းငယ်လည်း ရနေ၏။ မင်ရှစ်ရင်က မေးခွန်းထုတ်လျက် မျက်မှောင်ကြုတ်မိသွားသည်။

မဖြစ်နိုင်ဘူး၊ ဒါက လောင်ချီလိုတော့ မပြောနဲ့နော်။ မင်ရှစ်ရင်သည် သက်ဆိုင်ရာ တိုင်လုံးများ၌ ပေါက်ရောက်သည့် မဟာလေဟာနယ်မျိုးစေ့ဖြင့် လူများကိုသာ ဖျက်ဆီးခြင်းတိုင်လုံးက အသိအမှတ်ပြုကြောင်း သိထား၏။ မည်သူမှ အသိအမှတ်ပြု မခံရသောကြောင့် တခြားတစ်ယောက်သာ ရှိတော့သည်။ ကျန်ရှိသည့် တစ်ဦးတည်းသောသူက စီးဝူယာ့ပဲ ဖြစ်သည်။

ဘန်းဘန်းဘန်း... သုံးယောက်သား လွင့်ထွက်သွားပြန်သည်။ ယခုအခေါက်တွင် သူတို့ ညည်းတွားပြီး သွေးအန်သွားလေ၏။

သူ၏တပည့်များ ဒဏ်ရာရသွားတာကို မြင်ပြီး လုကျိုးက လက်မြှောက်ကာ ပြောလိုက်တော့သည်။

“ရပ်တော့”

လူတိုင်းသည် အတိတ်ဆိတ်ဆုံးဖြစ်နေသော လုကျိုးကို လှည့်ကြည့်လိုက်၏။ လုကျိုးက ပြောလိုက်သည်။ “ဒီနေရာမှာ ဘယ်သူမှ တိုင်လုံးရဲ့ အသိအမှတ်ပြုမှု မရတာ ဖြစ်နိုင်တယ်”

လူတိုင်းသည် ထိုစကားကို ကြားသောအခါ စိတ်ပျက်သွားတော့သည်။ “နှမြောစရာပဲ”

သူတို့ထဲမှာ တချို့သည် စီးဝူယာ့အကြောင်းကို တွေးနေမိကြ၏၊ သို့သော်ငြား ထုတ်မပြောရဲကြချေ။ သူတို့ ကူကယ်ရာမဲ့မှုကို ဖော်ပြရန် သက်ပြင်းသာ ချနိုင်လေ၏။

ဖန်ကျုံးက နောင်တဖြင့် ပြောလိုက်သည်။ “ကျုပ် အသိအမှတ်ပြုမှု မရနိုင်ပေမဲ့ မျှော်နန်းသခင်ရဲ့ တပည့်တွေက သေချာပေါက် ရနိုင်တယ်။ သူတို့ကို ဆက်ကြိုးစားခိုင်းကြည့်ပါလား”

“တွန်းကန်အားက တိုးလာတာ။ ဆက်သွားနေရင် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားလိမ့်မယ်”

ယန်ကျန်းလော့က ပြောလိုက်တော့သည်။ ”ဒီအရာက ထူးဆန်းလိုက်တာ။ ယွီကျုံးက အရံအတားနဲ့ ဘာကြောင့် ကွဲပြားနေတာလဲ။ အဲ့ဒီက အရံအတားက ပိုအားကောင်းလာတာ မရှိဘူး။ ဒီအတိုင်း အလွယ်တကူ လျှောက်ဝင်သွားရုံပဲ”

မင်ရှစ်ရင်က ပြောပြီး ရှေ့သို့ လျှောက်သွားလိုက်၏။ သူ အရံအတားကို ထိရန် ကြိုးစားလိုက်ချိန်တွင် ပစ်ထုတ်ခံလိုက်ရသလိုပင် အနားမကပ်နိုင်တော့ချေ။

ကျိမင်ရှိ ဖျက်ဆီးခြင်း တိုင်လုံးသည် သူ့မျက်နှာရှေ့ တည့်တည့်တွင် တံခါးကို ပိတ်ထားသည့်ပမာ သူကို ကြိုးစားရန် အခွင့်အရေးတောင် မပေးချေ။

“ဟမ် ဖျက်ဆီးခြင်း တိုင်လုံးတွေက တစ်ခုနဲ့ တစ်ခု တွန်းကန်တာလား”

ယန်ကျန်းလော့က မေးလိုက်၏။

“ဖြစ်နိုင်တယ်။ စတုတ္ထသခင်လေးက အသိအမှတ်ပြုခံထားရတာကြောင့်ပဲ”

လုလီက ပြောလိုက်၏။

လူတိုင်း ခေါင်းညိတ်လိုက်သည်။ “မျှော်နန်းသခင် ကြိုးစားကြည့်ချင်လား”

ဖန်ကျုံးက အကြံပေးလိုက်သည်။ လူတိုင်းက လုကျိုးကို မော့ကြည့်လိုက်ကြပြီး သူ ကြိုးစားကြည့်က တစ်ခေါက်တည်း အောင်မြင်သွားဖို့ မျှော်လင့်နေမိသည်။ “မျှော်နန်းသခင်က ယွီကျုံးက အရံအတားကို ဝင်ခဲ့ဖူးတယ်။ ဒါကို တိုင်လုံးရဲ့ အသိအမှတ်ပြုမှု ရတယ်လို့ သတ်မှတ်နိုင်လား”

ယန်ကျန်းလော့က မေးလိုက်၏။

ချင်နိုင်ဟယ်က ခေါင်းခါပြီး ပြောလိုက်တော့သည်။ “ဒါမဖြစ်နိုင်ဘူး။ ဖျက်ဆီးခြင်းတိုင်လုံးက တစ်ယောက်ကိုပဲ အသိအမှတ်ပြုတာ။ စတုတ္ထသခင်လေးကို အသိအမှတ်ပြုပြီးပြီဆိုတော့ နောက်ထပ်လူတစ်ယောက်ကို အသိအမှတ်ပြုမှာ မဟုတ်ဘူး”

“ဒါဆိုရင် မျှော်နန်းသခင်က အရံအတားထဲ ဘာကြောင့် ဝင်နိုင်ခဲ့တာလဲ”

“မျှော်နန်းသခင်ဘက်မှာ ခွန်အားက လွှမ်းမိုးထားတာကြောင့် ဖြစ်မယ်”

ချင်နိုင်ဟယ်က ပြောလိုက်သည်။

ကျိုးကြောင်းသင့်တဲ့ ရှင်းပြချက်ပဲ။ လုကျိုးက ဘာမှမပြောခဲ့ပေ။ သူက ရှေ့ဆက်လျှောက်ရန် ပြင်ဆင်လိုက်၏။

တွမ့်မူရှန်းသည် နယ်ရှင်လှံကို ကိုင်ထားလျက် ရုတ်တရက် ပြန်ထွက်လာကာ ပြောလိုက်သည်။

“ကြိုးစားကြည့်ချင်သေးတယ်”

ဘန်း... တွမ့်မူရှန်းက လွင့်ထွက်သွား၏။ ယခုအခေါက်တွင် တွန်းကန်မှု ဖိအားသည် အားကောင်းလွန်းသဖြင့် ယခင်ကထက်ပို သွေးအန်လေ၏။ “တတိယသခင်လေး”

ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းသည် အပြေးအလွှား ရောက်လာလျက် သူကို တွဲထူပေးလိုက်သည်။ တွမ့်မူရှန်းက မယုံနိုင်သေးပုံ ပေါ်၏။ “ကျွန်တော် အဆင်ပြေတယ်”

တွမ့်မူရှန်းက ထရပ်လျက် နှုတ်ခမ်းထောင့်မှ သွေးကို သုတ်လျက် ပြောလိုက်သည်။ “မဝင်နိုင်ဘူးဆိုတာ မယုံဘူး”

“စန်းရှစ်တိ... မင်း ဒီလောက် အကြိမ်ပေါင်းများစွာ အငြင်းခံရတာ။ မင်း ဆက်သွားနေရင် ရိုက်ခတ်မှုက ပိုအားကောင်းလာလိမ့်မယ်။ ထပ်မကြိုးစားနဲ့တော့”

ယွီကျန့်ဟိုင်က အကြံပေးလိုက်၏။

တွမ့်မူရှန်းက ထရပ်လိုက်သည်။ လူတိုင်းသည် တွမ့်မူရှန်းကို လက်လျှော့ရန် အကြံပေးကြသော်ငြား သူက လက်လျှော့ဖို့ မလိုလားသေးချေ။ သူ ယခုအချိန်၌ ဖျက်ဆီးခြင်း တိုင်လုံးမှ အသိအမှတ်ပြုမှု မရလျှင် နောင်တရလိမ့်မည်ဟု ထင်သည်။ “မင်း ကြိုးစားကြည့်လို့ရတယ်။ တခြား ဖျက်ဆီးခြင်း တိုင်လုံးတွေ ရှိသေးတယ်။ ဒီတစ်ခုနဲ့ အချိန်ဖြုန်းစရာမလိုဘူး”

ချင်နိုင်ဟယ်က ပြောလိုက်၏။

“ဒဏ္ဍာရီအရ တိုင်လုံးတွေက ထူးခြားတဲ့ အရည်အသွေးကိုပဲ အသိအမှတ်ပြုတာ “

ယင်းကို ကြားသောအခါ ရှောင်ယွမ်အာက မင်ရှစ်ရင်ကို သိချင်စိတ်ဖြင့် ကြည့်လိုက်မိ၏။ “ဒါဆိုရင် ယွီကျုံးမှာရှိတဲ့ ဖျက်ဆီးခြင်းတိုင်လုံးက စစ်ရှစ်ရှိုးကို အသိအမှတ်ပြုရအောင် ရှစ်ရှိုးမှာ ဘာရှားပါးတဲ့ အရည်အသွေး ရှိတာလဲ”

လူတိုင်းက မင်ရှစ်ရင်ကို လှမ်းကြည့်လိုက်၏။ တစ်ယောက်နှင့်တစ်ယောက် ဤမျှ ရင်းနှီးနေသောကြောင့် လူတိုင်း ကြွားလုံးထုတ်ဖို့ ခက်ခဲသည်။ လုကျိုးသည် မင်ရှစ်ရင်ကို တစ်ချက်ကြည့်လိုက်သည်။ မင်ရှစ်ရင်တွင် ရှိသည့် အရည်အသွေးအကြောင်း ပြောရမည်ဆိုလျှင် ကောက်ကျစ်ပြီး သတ္တိကြောင်ရုံသာ ရှိမည်။ သို့သော် ယင်းတို့က မြင့်မြတ်သော အရည်အသွေးများ မဟုတ်ပေ။

မင်ရှစ်ရင်...

“… “

အရံအတား၏ အရွယ်အစား ၃၀ ရာခိုင်နှုန်း တိုးလာချိန်၌ စိုးရိမ်စရာ ဖြစ်နေပြီး ယင်းက ပိုသန်မာလာတာ သိသာ၏။

“ပိုအားကောင်းလာပြီ”

“နောက်ဆုံး...“

လူတိုင်း နောက်ဆုတ်လိုက်ကြသည်။ သူတို့ အရံအတားကို ထပ်ထိမိသည့်အခါ နောက်ဆက်တွဲက မှန်းမရနိုင်စရာပင်။ အရံအတားက စင်္ကြာဝဠာ၏ အကျယ်ဆုံးသော ကောင်းကင်ပမာ ကျယ်ပြောလှပြီး အကန့်အသတ်မဲ့၏။ နက်နဲ ဆန်းကြယ်မှုများ ပြည့်နှက်နေသည်။ သေးငယ်သော မဟာလေဟာနယ်မျိုးစေ့က မြေပြင်ထဲမှ ထွက်လာပြီး ၎င်းဆီက အရပ်မျက်နှာ အနှံ့မှ စွမ်းအင်များ ဆုတ်ယူနေ၏။ လုကျိုးသည် လူတိုင်း ရှေ့သွားကာ ပြောလိုက်သည်။ “နောက်ဆုတ်ကြ”

လူတိုင်းသည် ထောင့်ဘက်သို့ နောက်ဆုတ်သွား၏။ လုကျိုးက လက်မြှောက်လိုက်သည်။ သူက အရံအတားကို ထိလိုက်စဉ် စွမ်းအားကို ခံစားမိ၏။

ဘန်း... လုကျိုးက လေထဲ နောက်ပြန်လွင့်ထွက်သွားသည်။ ပြင်းထန်သော ပေါက်ကွဲမှုသည် သူ၏လက်ကို ထုံကျဉ်သွားသည်အထိ လှုပ်ခါသွား၏။

အံ့ဖွယ်စွမ်းအား... ရွှေရောင်ဗုဒ္ဓခန္ဓာ... ထိုနှစ်ခုအပြင် လုကျိုးသည် လေထဲ၌ သူကိုယ်သူ တည်ငြိမ်အောင် ကြိုးစားလိုက်၏။

“ကောင်းလိုက်တဲ့အား...“

ချင်နိုင်ဟယ်က တအံ့တဩ ပြောလိုက်သည်။

“ထပ်မကြိုးစားကြရအောင်”

ယွီကျန့်ဟိုင်က ပြောလိုက်သည်။

“အခုအချိန်မှာ ဘယ်သူက ကြိုးစားရဲမှာလဲ။ သေလမ်းရှာနေတာနဲ့ တူတူပဲ မဟုတ်လား”

မင်ရှစ်ရင်က ပြောပြီး ယွီကျန့်ဟိုင်ကို ကြည့်နေမိသည်။

“မိစ္ဆာဝေဟင်မျှော်နန်းက လူတစ်ယောက်မှ လုပ်နိုင်မဲ့ပုံ မပေါ်ဘူး”

မိစ္ဆာဝေဟင် မျှော်နန်း၏ မျှော်နန်းသခင်တောင် မလုပ်နိုင်လေရာ မည်သူက တတ်နိုင်မည်နည်း။ ကျိမင်ရှိ ဖျက်ဆီးခြင်တိုင်လုံးက တကယ် ထူးဆန်းလွန်းသည်။ ထိုစဉ် လက်စွပ်သဏ္ဌာန်ကန်ရှိ ပုစာပင်မှ အသံတစ်သံ ပျံ့လွင့်လာသည်။

“သူ့ အသိအမှတ်ပြုမှုကို ရဖို့အတွက် လုံလောက်တဲ့ သတ္တိလိုအပ်တယ်။ ဖျက်ဆီးခြင်း ကျိမင်က ရှိတဲ့... ကျိမင်က ဖျက်ဆီးခြင်းတိုင်လုံးက မိုးသောက်ချိန်ရဲ့ သင်္ကေတပဲ။ နေ့ရဲ့ အစသင်္ကေတ ဖြစ်ရုံတင်မကဘူး၊ အဆုံးသတ်သင်္ကေတလည်း ဟုတ်တယ်။ သေခြင်းရှင်ခြင်းလိုပဲ အရံအတား ဖြတ်ကျော်လာတာက ရှင်တို့တွေ ပထမတစ်လှည့်ကို ဖြတ်ကျော်နိုင်တာ၊ နောက်တစ်လှည့်မှာ ကျရှုံးတဲ့သူက သေလိမ့်မယ်”

“သတ္တိလား”

လုကျိုးက မေးလိုက်၏။

“သတိပေးလိုက်မယ်။ ရှင်တို့ ကျရှုံးသွားရင် ဖျက်ဆီးခြင်းတိုင်လုံး ဖိနှိပ်တာ ခံရမယ်။ အဆင့်မှန် သေခြင်းတရားနှင့် သေဆုံးလိမ့်မယ်။ ဟုတ်ပြီ၊ ရှင်တို့တွေ သတ္တိရှိရင် သွားလို့ရတယ်”

လုလီက ပြောလိုက်၏။ “သတ္တိအရသာဆိုရင် ပထမသခင်လေး၊ ဒုတိယသခင်လေး၊ ပဉ္စမသခင်မလေး၊ ဆဋ္ဌမသခင်မလေးတို့ ကြိုးစားကြည့်သင့်တယ်။ ကျွန်တော့်အမြင်မှာ အားလုံး သတ္တိမနည်းဘူး”

“ယွီကျန့်ဟိုင်နဲ့ ယွီရှန်းရုန်ရော”

နှစ်ယောက်သားသည် အဓိပ္ပာယ်မရှိတာဟု ပြောနေသည့်ပမာ လုလီကို ကြည့်လိုက်၏။

“လာပါ”

ကျူးဟုန်ကုန်းက မူပြီး ပြောခွင့်မပေးဘဲ သူ လက်ဝေ့ရမ်းလျက် ပြောလာ၏။ “ကျွန်တော် ကျော်တယ်။ သတ္တိရှိပေမဲ့ ဒီနည်းနဲ့ သတ္တိပြဖို့ မလိုအပ်ဘူး”

လူတိုင်းက တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ရှေ့မတိုးရဲကြချေ။ လုကျိုးက အသံပို့လျက် မေးလိုက်သည်။ “ပိုးစာမင်းသမီး၊ သတ္တိက ဘာလဲ”

“ရှင် ကျွန်မကို တောင်းပန်တယ်ဆိုရင် ဖြေပေးမယ်။ အစောတုန်းက စည်းမျဉ်းကို ချိုးဖျက်ခဲ့ပြီးပြီပဲ”

ပိုးစာမင်းသမီးက ပြန်ပြောလိုက်၏။

“ဒီမိန်းမက လေလုံးထွားနေတာပဲ”

ရှောင်ယွမ်အာက ဟွန်းဟူ၍ ပြောလိုက်တော့သည်။

“ဟမ်...“

ပိုးစာမင်းသမီးက ရယ်မောလိုက်လေ၏။ သူမ ရယ်သံက ဆည်းလည်းသံလေးပမာပင်။ “ကောင်မလေး၊ မင်းက ငါ့ကို အဲ့ဒီလို ရည်ညွှန်းတဲ့ ပထမဆုံးလူပဲ။ သတ္တိဘာလဲဆိုတာ ပြောပြမယ်”

သူမ၏အသံက မှောင်မိုက်သွားပြီး ပြောလိုက်တော့၏။ “သတ္တိက အကြောက်တရား မရှိတာကို သိတဲ့ နှလုံးသားပဲ”

ရှောင်ယွမ်အာက ခေါင်းခါလိုက်၏။ “ကျွန်မ နားမလည်ဘူး။ အကြောက်တရား မရှိတာကို သိတယ်။ ဒီတော့ ကျွန်မ သတ္တိရှိတယ်”

“မလုံလောက်ဘူး”

ပိုးစာမင်းသမီးက ရယ်မောလျက် ပြောလိုက်သည်။ “ဥပမာအနေနဲ့ အခုအချိန်မှာ ရှင်တို့တွေ ဘယ်သူမှ ကြိုးစားပြီး အသက်ကို မစွန့်ပစ်ချင်ဘူး။ ဒါ သတ္တိမဟုတ်ဘူး။ ကျွန်မ ပြောသလိုပဲ ကျရှုံးရင် သေမှာ ကျိန်းသေတယ်။ စမ်းကြည့်ရဲသေးလား”

ထိုစဉ်... “ကျုပ် စမ်းရဲတယ်”

တွမ့်မူရှန်းသည် နယ်ရှင်လှံဖြင့် ရှေ့သို့ ရုတ်တရက် တိုးဝင်သွားသည်။

“တတိယသခင်လေး...“

လူတိုင်းက အထိတ်တလန့် ဖြစ်သွားလေ၏။ သို့သော် နောက်ကျလွန်းသွားပြီ ဖြစ်သည်။ သူတို့သည် တွမ့်မူရှန်းက လျှပ်စီးတန်းပမာ ရှေ့သို့ တစ်ဟုန်ထိုး ထွက်သွားတာကို ကူကယ်ရာမဲ့ စွမ်းအားကင်းမဲ့စွာ ကြည့်နေရုံသာ တတ်နိုင်၏။ လုကျိုးသည် သဲနာရီကို ထုတ်လိုက်သော်ငြား ပြန်လည်ကုစားခြင်း ကာလတွင် ရှိသေးတာ တွေ့လိုက်ရ၏။ သူ တာအိုစွမ်းအားကို အသုံးပြုလျှင် နောက်ကျလွန်းသွားပြီ ဖြစ်သည်။

ဖုန်း...

မိုးကြိုးပစ်သံပမာ ကျယ်လောင်သော ပေါက်ကွဲမှုသည် တွမ့်မူရှန်းကို လွင့်ထွက်သွားစေသည်။

ဖုန်း...

တွမ့်မူရှန်းသည် ဖျက်ဆီးခြင်းတိုင်လုံး၏ အတွင်းနံရံနှင့် တိုက်မိသွားပြီး မြေပြင်ပေါ် ကျသွား၏။ သူ သေပြီ။ “စန်းရှစ်...ရှိုး...“

“စန်းရှစ်...တိ...“

လူတိုင်း မှင်တက်သွားတော့သည်။ လက်စွပ်သဏ္ဌာန်ကန်မှ နောင်တသံ ပေါ်ထွက်လာ၏။

“ကံဆိုးတာက သူ ကျရှုံးသွားတယ်”

ယွီကျန့်ဟိုင်က အံကြိတ်လျက် ပြောလိုက်သည်။

“စုန်းမ... ငါတို့ကို လှည့်စားရဲတယ်ပေါ့။ မင်းကို သတ်မယ်”

ဝှစ်...

ယွီကျန့်ဟိုင်က ထရပ်ပြီး ရှေ့သို့ တစ်ဟုန်ထိုး တိုးဝင်သွားတော့သည်။ လုကျိုးက လက်မြှောက်လျက် လျှပ်ပြက်သော အရှိန်ဖြင့် ယွီကျန့်ဟိုင်ကို ဆွဲယူရန် လက်ဝါးစည်းတံဆိပ်ကို ထုတ်သုံးလိုက်၏။

“အဆင်ခြင်မဲ့ မနေနဲ့”

ပိုးစာမင်းသမီးက ရယ်မောပြီး ပြောလိုက်သည်။ “စေတနာရှိလို့ ဒီကိစ္စတွေကို ပြောပြတာ။ ဒါတောင်မှ ကျွန်မကို အပြစ်တင်နေသေးတုန်းလား”

“ရှင် လိမ်နေလား ဘယ်သူသိမှာလဲ”

ရှောင်ယွမ်အာက ခွန်းတုံ့ပြန်လိုက်၏။

“အမ်... တစ်ဝက်က အမှန်၊ ကျန်တစ်ဝက်က အမှား”

ပိုးစာမင်းသမီးက ပြောလိုက်၏။

လူတိုင်းသည် ထိုစကားများကြောင့် ဒေါသထွက်သွားတော့သည်။ ဒါ လိမ်နေတာ မဟုတ်လို့လား။ လုကျိုးက မေးလိုက်၏။ “ငါ မင်းကို မသတ်နိုင်ဘူးလို့ ထင်နေတာလား”

ပိုးစာမင်းသမီးက ပြောလိုက်သည်။ “ကျွန်မက သေပြီးသားပဲ”

“မင်း အသိစိတ်ရှိရှိနဲ့ မင်းဆန္ဒအတိုင်း ပြောမယ်ဆိုရင် အသက်ရှင်မယ်။ ငါ့တပည့်ကို သေစေခဲ့တယ်ဆိုရင် မင်းကို ဒီနေ့ မြှုပ်နှံပစ်မယ်။ မင်း ထပ်ပြီး စကားပြောနိုင်တော့မှာ မဟုတ်သလို လှုပ်ရှားနိုင်တော့မှာ မဟုတ်ဘူး”

လုကျိုးက ရှင်းရှင်းလင်းလင်း ပြောလိုက်၏။

ပိုးစာမင်းသမီးက အကြောင်းအရင်းမရှိ ဆက်ပြောလိုက်၏။ “သတ္တိလိုအပ်တယ်လို့ ပြောတာ အမှန်ပဲ။ သတ္တိ လုံလုံလောက်လောက် မရှိဘဲ ဖျက်ဆီးခြင်းတိုင်လုံးက အသိအမှတ်ပြုမှု မရယူနိုင်ခဲ့တဲ့အတွက် သူ့ဘက်ကိုပဲ အပြစ်တင်နိုင်တာ”

“ကတ်တီးကတ်ဖဲ့ ပြောချင်နေသေးတာလား”

ယွီကျန့်ဟိုင်က နာကြည်းသော အသံဖြင့် ပြောလိုက်၏။

လူတိုင်းသည် ထူးဆန်းသော အရံအတားကို ကြည့်ကာ စိတ်ရှုပ်ထွေးပြီး မချင့်မရဲ ဖြစ်သွားလေ၏။ ရုတ်တရက် အပြာရောင် စွမ်းအင်သည် အရံအတား အပြင်ဘက်ကနေ တွမ့်မူရှန်း၏ ခန္ဓာကိုယ်ဆီ တိုးဝင်လာ၏။

ဝှစ်... ပြီးနောက် တွမ့်မူရှန်းသည် လေအရံအတားထဲ မြောလွင့်သွားသည်။ ခန္ဓာကိုယ်ပေါ်ရှိ သွေးများ အငွေ့ပျံသွားပြီး ကြီးမားသော စွမ်းအင်က သူ၏ စွမ်းအားဗဟိုချက် ချီပင်လယ်ထဲ တိုးဝင်သွားသည်။

“အလုပ်ဖြစ်တယ်”

မင်ရှစ်ရင်က တအံ့တဩ ပြောလိုက်၏။

All Chapters