← Chapters

အခန်း (၁၄၃၂-၁၄၃၄)

Vol. 96 Ch. 1432-1434

အခန်း (၁၄၃၂-၁၄၃၄)

Vol. 96 Ch. 1432-1434

အခန်း (၁၄၃၂) ကောင်းကင်က ပြိုကျလာမှာလား

နားကောင်းသည့် လုဝူက ခေါင်းလှည့်ကာ မကျေမနပ် စိုက်ကြည့်လိုက်သည်။ ထိုအရာက ကွေးညွှတ်လာပြီး အဝေးတစ်နေရာဆီ လှမ်းကြည့်ကာ ရေရွတ်လိုက်၏။

“အဲဒါက ဘာများပြောဖို့လိုလို့လဲ”

အမှန်တရားကို သိထားသည့်သူများက ဘာမှပြောစရာမလိုအပ်ပေ။ သို့သော်လည်း မိစ္ဆာဝေဟင်မျှော်နန်းတွင် ရှိနေသည့် လူအများစုက လုကျိုး၏ တပည့်ဆယ်ယောက်တွင် မဟာလေဟာနယ်မျိုးစေ့ရှိထားကြောင်း မသိကြပေ။

တွမ့်မူရှန်းကို လုဝူ ခေါ်ဆောင်သွားစဉ်အခါက လန်ရှီဟယ်၊ နဉ်ဝမ်ကျင်းနှင့် တခြားသူတချို့သာ တွမ့်မူရှန်း၏ မဟာလေဟာနယ်မျိုးစေ့အကြောင်း သိထားကြသည်။ သို့သော် မသိထားသည့် တခြားသူများကမူ မဟာလေဟာနယ်မျိုးစေ့ကို မြင်သည့်အခါ သဘာဝအတိုင်း အံ့အားသင့်သွားကြလိမ့်မည်။ သူတို့က ဖျက်ဆီးခြင်းတိုင်လုံးတွင် ရောက်ရှိနေရုံသာမကပဲ မရင့်မှည့်သေးသည့် မဟာလေဟာနယ်မျိုးစေ့ရှိနေသည့်အပြင် အပြည့်အဝရင့်မှည့်ပြီးသွားသည့် မဟာလေဟာနယ်မျိုးစေ့ထဲ ရှိနေလေသည်။

အားလုံးက တွမ့်မူရှန်းကို ကြည့်လိုက်ကြ၏။

ဝှစ်

တွမ့်မူရှန်း၏ လက်မောင်းပေါ်မှ ခရမ်းရောင်နဂါးက ပျံသန်းကာ သူ့ကို လှည့်ပတ်လာသည်။

“တိုက်စားရေးစွမ်းအင်”

သိပ်သည်းလှသည့် မဟာလေဟာနယ်စွမ်းအားက တိုက်စားရေးစွမ်းအင်ကို အတင်းအကြပ် မောင်းထုတ်နေသည်။ အနက်ရောင်နှင့် အဖြူရောင်မြူခိုးများကလည်း သူ့ကို ယင်နှင့် ယန်လိုမျိုး ဝှေ့ပတ်နေလေသည်။ ထို့နောက် တိုက်စားရေးစွမ်းအင်၊ လုဝူ၏ အတွင်းချီနှင့် မဟာလေဟာနယ်စွမ်းအားတို့က ပေါင်းစည်းသွားလေ၏။

ထိုစဉ် တွမ့်မူရှန်းက ရုတ်ချည်းဆိုသလို မျက်စိပွင့်လာလေ၏။ သူက အသက်ပြင်းပြင်းရှူကာ ဘေးပတ်ဝန်းကျင်ကို လေ့လာလိုက်သည်။ သူက သူ့ကို စိုက်ကြည့်နေသည့် မျက်ဝန်းများကို မြင်လိုက်ရသည့်အခါ ချက်ချင်းဆိုသလို ထရပ်လိုက်သည်။ သူက မော့ကြည့်လိုက်သည့်အခါ သူသည် လေထဲမြောလွင့်နေသည်ကို မြင်လိုက်ရ၏။

“ကျွန်တော် ဘာဖြစ်သွားတာလဲ”

လုကျိုးက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“မသိတတ်လိုက်တာ။ မင်းက သေရဲတဲ့ သတ္တိရှိတယ်ဆိုတော့ ဂုဏ်ယူနေတာလား”

“ကျွန်တော်…” တွမ့်မူရှန်းက တုံ့ဆိုင်းသွားလေ၏။ သူ့စိတ်ထဲ ဗလာကျင်းနေလေသည်။

လုကျိုးက တွမ့်မူရှန်းကို ဆက်လက်ဆူပူလိုက်သည်။

“တကယ်လို့ မင်းသာ သေခြင်းတရားကနေ ကပ်ဘေးတိုင်လုံးဆီက အသိအမှတ်ပြုမှုကို ရမယ်ဆိုရင် ငါကတော့ အသိအမှတ်ပြုမှုကို လိုချင်မနေဘူး”

တွမ့်မူရှန်းက ပြောလိုက်သည်။

“ကျွန်တော် မှားသွားပါတယ်။ ကျွန်တော် အလျင်လိုသွားမိတယ်။ ဒါပေမဲ့ မတတ်နိုင်လို့ပါ”

အားလုံးက အချင်းချင်းကြည့်လိုက်ကြသည်။

ဒီအကြောင်းပြချက်က အလုပ်ဖြစ်လို့လား…

ထိုစဉ် ပုံရိပ်တစ်ခုက ထိပ်သို့ ပျံသန်းလာကာ အပြာရောင်အကာအရံထဲတွင် လွင့်မြောနေသည့် တွမ့်မူရှန်းကို ငုံ့ကြည့်လိုက်သည်။

အားလုံးကလည်း မော့ကြည့်လိုက်ကြ၏။ သူတို့က မဟာလေဟာနယ်နှင့် ရင်ဆိုင်နေရသလိုမျိုး ခြေလှမ်းအနည်းငယ် နောက်ဆုတ်မိလိုက်ကြသည်။

လုကျိုးကလည်း ခေါင်းမော့ကြည့်လိုက်၏။

“ပိုးစာပင်မင်းသမီးလား”

ပိုးစာပင်မင်းသမီး၏ အကြည့်များက စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေလေသည်။

“သူက ဖျက်ဆီးခြင်းတိုင်လုံးဆီက အသိအမှတ်ပြုမှုကို တကယ်ရခဲ့တာပဲ။ အဲဒီတော့ မဟာလေဟာနယ်မျိုးစေ့ဆီကရောပဲ”

“မေးစရာရှိလို့လား” လုကျိုးက မေးလိုက်သည်။ သူက ယခုအခိုက်အတန့်တွင် သတိကြီးကြီး ထားထားလေ၏။ အကယ်၍ သူ့မှာသာ မသင့်တော်သည့် အတွေးမျိုးရှိနေပါက သွေးသံရဲရဲတိုက်ပွဲတစ်ခုဖြစ်လာသည်မှာ မလွဲဧကန်ပင်။

“သူ့ခန္ဓာကိုယ်ထဲက မဟာလေဟာနယ်မျိုးစေ့ရှိထားတာကို အံ့အားသင့်သွားရုံပါ။ သူက အရမ်းကို ရိုးရှင်းပြီးတော့ မျက်ကန်းနှစ်ယောက်လို သတ္တိကောင်းတဲ့သူမျိုးလေ” ပိုးစာပင်မင်းသမီးက နားမလည်နိုင်သည့်အလား ရေရွတ်လိုက်သည်။

လုကျိုးအတွက် သူ့တပည့်များကို အပြစ်တင်သည်က အဆင်ပြေသော်လည်း တခြားသူများက အပြစ်တင်သည်ကို ကြားရသည်မှာ နားကလောလှသည်။

လုကျိုးက မေးလိုက်သည်။

“အဲဒါက မင်းနဲ့ ဘာဆိုင်လို့လဲ”

ပိုးစာပင်မင်းသမီးက ခေါင်းယမ်းကာ ပြောလိုက်သည်။

“ဘာမှမဆိုင်ပါဘူး”

“အဲဒါဆို ဘာလို့ ဒီကိုရောက်လာတာလဲ” လုကျိုးက မေးလိုက်သည်။

“လွန်ခဲ့တဲ့ နှစ်သုံးရာခန့်က တကယ်ကို ကောက်ကျစ်တဲ့ လူတစ်ယောက်က အားကောင်းတဲ့ ကာကွယ်ရေးနည်းစနစ်ကို သုံးပြီးတော့ ဖျက်ဆီးခြင်းတိုင်လုံးကို ခိုးဝင်ပြီး မဟာလေဟာနယ်မျိုးစေ့ကို ခိုးယူသွားခဲ့တယ်။ သူက အဲဒီလူဖြစ်နေနိုင်တယ်လို့ တွေးမိသွားရုံပဲ” ပိုးစာပင်မင်းသမီးက ပြောလိုက်သည်။

“…”

လုကျိုးက မျက်မှောင်ကြုတ်လိုက်၏။

သူမက ငါ့အကြောင်းပြောနေတာလား…

ကောင်းကင်ယံတွင်ရှိနေသည့် အနက်ရောင်မြူခိုးက သူ့စိတ်ထဲတွင် ပေါ်ထွက်လာသည့် တိုက်ခိုက်ခဲ့သော ကြာပွင့်ကျင့်ကြံသူကို အမှတ်ရသွားစေသည်။

ပိုးစာပင်မင်းသမီးက ခေါင်းယမ်းကာ ပြောလိုက်သည်။

“ဒါပေမဲ့ သူနဲ့လည်း မတူပါဘူး”

“မဟာလေဟာနယ်မျိုးစေ့ကို ခိုးသွားတဲ့လူကို မြင်ဖူးလို့လား” လုကျိုးက မေးလိုက်သည်။

ပိုးစာပင်မင်းသမီးက ပြန်ပြောလိုက်၏။

“သူ့ကို တစ်ခါတွေ့ဖူးတယ်။ အဲဒီတုန်းက မဟာလေဟာနယ်က လူသားတွေကို တိုက်ခိုက်တာကို ကြည့်နေခဲ့တာလေ။ သူတို့က ငါ့ရဲ့ နေရာကိုတောင် ဖျက်ဆီးလုနီးပါးပဲ။ အားလုံးက တိုက်ခိုက်နေတော့ အဲဒီဉာဏ်များတဲ့သူက ကြားတောင် မကြားဖူးတဲ့ ဖုံးကွယ်ရေးနည်းစနစ်ကို ထုတ်သုံးသွားခဲ့တာ။ သူက လူတော်တော်များများက ဒီစက်ဝိုင်းသဏ္ဌာန် ရေကန်ကို မချဉ်းကပ်ရဲဘူးဆိုတာကို သိထားတဲ့ပုံပဲ။ သူလည်း သတ္တိကောင်းကောင်းနဲ့ ရေကန်ကို ဖြတ်ကျော်သွားခဲ့တာ။ သူ့ဆံပင်က ဖြူစွတ်နေပြီးတော့ သူက အတော်လေး ဖိုသီဖတ်သီနိုင်တယ်”

ကျူးဟုန်ကုန်းက ခေါင်းငုံ့ကာ ပြောလိုက်သည်။

“အဲ့လိုဆိုရင်တော့ မဟာလေဟာနယ်မျိုးစေ့ကို ခိုးတာက စန်းရှုစ်ရှိုးဖြစ်မှာ မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ မိစ္ဆာဝေဟင်မျှော်နန်းက အဲ့လိုမျိုး သူခိုးတွေနဲ့ မပတ်သက်ဘူး။ ဒီလိုမျိုး ရွံစရာကောင်းတဲ့ အပြုအမူမျိုးဆိုရင် ပြောဖို့တောင် မလိုတော့ဘူး”

လုကျိုး “…”

ပိုးစာပင်မင်းသမီးက ပြောလိုက်သည်။

“မဟာလေဟာနယ်မျိုးစေ့က သူနဲ့ ရှိတာ ကံကြမ္မာပဲလား”

ပိုးစာပင်မင်းသမီးက တွမ့်မူရှန်းကို စိုက်ကြည့်လိုက်သည်။ သူက သူ့စွမ်းအင်ဗဟိုချက်ရှိ ချီပင်လယ်ထဲ ဆက်တိုက်ဆိုသလို ပေါင်းစည်းနေသည့် စွမ်းအင်သုံးခုကို မြင်လိုက်ရသည်။ ထို့နောက် သူမက သူ့ခန္ဓာကိုယ်ထဲတွင် မဟာလေဟာနယ်စွမ်းအားကို ခံစားမိသည်။ မဟာလေဟာနယ်စွမ်းအားက ပိုမိုပြင်းထန်လာသည်ဟု ခံစားမိ၏။

တွမ့်မူရှန်းက မြေပြင်ပေါ်ရောက်ရှိလာသည့်အခါ သူ့ဒဏ်ရာများက ပြန်လည်ကောင်းမွန်နေလေပြီ။

လုကျိုးက တွမ့်မူရှန်းကို အာရုံမစိုက်တော့ဘဲ မေးလိုက်သည်။

“မဟာလေဟာနယ်မျိုးစေ့ကို ခိုးသွားတဲ့ သူခိုးကို မြင်ခဲ့တယ်ဆိုတော့ မင်းကိုယ်တိုင်အတွက် မယူရတာလဲ”

“ကိုယ်တိုင်အတွက် ဘာလို့ မယူရတာလဲတဲ့လား” ပိုးစာပင်မင်းသမီးက ပြန်လည်ချေပလိုက်သည်။

လုကျိုးက သူမ၏ အတွေးကြောင့် အံ့အားသင့်သွားလေ၏။ သူက မေးလိုက်သည်။

“မဟာလေဟာနယ်မျိုးစေ့ရှိထားတဲ့သူတွေက သေချာပေါက် အထွတ်အထိပ်သက်ရှိဖြစ်လာမှာပဲလေ။ လိုချင်တဲ့အတွေးမျိုး မရှိခဲ့ဘူးလား”

“ကျွန်မကလား” ပိုးစာပင်မင်းသမီးက လက်ကိုဖြန့်ရင်း သူမ၏ ဝတ်စုံက တလူလူလွင့်လာလေသည်။ သူမ၏ မျက်နှာအထက် စိတ်ပျက်သည့် အမူအရာမျိုး ပေါ်ထွက်လာလေ၏။

“ကျွန်မက လူသားမဟုတ်ဘူးလေ”

ထို့နောက် သူမက ရုတ်တရက် ထပ်ပြောလိုက်သည်။

“နောက်ထပ် မေးခွန်းတွေ မမေးနဲ့။ မဟုတ်ရင် နောက်ထပ် ဒေါသထွက်ရလိမ့်မယ်”

“…”

သိသာလှစွာ ထိုမေးခွန်းများက သူမ၏ ကိုယ်ပိုင်လျှို့ဝှက်ချက်ကို ထိတွေ့သွားဟန်ပေါ်သည်။

တွမ့်မူရှန်းက သူ့ခန္ဓာကိုယ်ထဲမှ အပြောင်းအလဲများကို ခံစားမိပြီးသည့်နောက်တွင် လက်ကိုမြှောက်လိုက်သည့်အချိန် ………များက အကာအရံကို ချိုးဖောက်လျက် သူ့လက်ထဲ ကျရောက်လာသည်။

ကျူးဟုန်ကုန်းက အားကျစွာ မေးလိုက်သည်။

“စန်းရှစ်ရှိုး ဘယ်လိုခံစားရလဲ”

“အဆင်ပြေပါတယ်။ နည်းနည်းပိုပြီး အားကောင်းလာတယ်” တွမ့်မူရှန်းက နယ်ရှင်လှံကို သိမ်းဆည်းရင်း ပြန်ဖြေလိုက်သည်။

“အဲ့လိုတော့ မထင်ဘူး” ပိုးစာမင်းသမီးက ခေါင်းယမ်းကာ ပြောလိုက်သည်။

“တိုင်လုံးဆီက အသိအမှတ်ပြုမှုနဲ့ဆိုရင် မင်းရဲ့ မွေးဖွားနန်းဆောင်ကလည်း သိသိသာသာ ကျယ်ပြန့်လာလိမ့်မယ်။ မင်း တစ်ချက်ကြည့်ကြည့်ရင် သိလိမ့်မယ်”

“မွေးဖွားနန်းဆောင်လား” တွမ့်မူရှန်းက သူ့ကြာပွင့်ကို ထုတ်ဖော်လိုက်သည်။

အားလုံးက လှမ်းကြည့်လိုက်ကြ၏။

တွမ့်မူရှန်း၏ ကြာပွင့်က ခပ်ဖျော့ဖျော့တိုက်စားရေးစွမ်းအင်ကို ထုတ်လွှတ်နေလေသည်။ သူ့မွေးဖွားရေးနန်းဆောင်က အမှန်တကယ် သိသိသာသာ ကျယ်ပြန့်လာလေ၏။

“ကန့်သတ်ချက်အထိ ကျယ်ပြန့်သွားပြီ။ အခု မွေးဖွားဇယားချက် ၃၆ခုလုံးကို နေရာချထားပြန်ပြီ” လုလီက ပြောလိုက်သည်။

“ကျုပ် သိပြီ။ ကောလဟာလတွေက အမှန်ဖြစ်နေတာကိုး။ မဟာလေဟာနယ်မျိုးစေ့ရှိထားတဲ့သူတွေက တကယ်ကို အထွတ်အထိပ်သက်ရှိဖြစ်လာနိုင်တာပဲ”

မင်ရှစ်ယင်က ထိုအရာကို သိထားသည်မှာ ကြာမြင့်လှပြီဖြစ်၏။ အားလုံး၏ အမူအရာကို မြင်သည့်အခါ သူက တိတ်တဆိတ်ခေါင်းယမ်းပြီး ပျင်းရိနေမိသည်။

သာမန်အခြေအနေအောက်တွင် အသက်သွင်းနိုင်သည့် မွေးဖွားဇယားချပ်အရေအတွက်က လူတစ်ယောက်၏ ပါရမီအပေါ် မူတည်နေသည်။ မွေးဖွားနန်းဆောင်က လူတစ်ယောက် အသက်သွင်းနိုင်သည့် မွေးဖွားဇယားချပ်အရေအတွက်ကို ဆုံးဖြတ်ပေးနိုင်၏။ အကယ်၍ မွေးဖွားနန်းဆောင်က မကျယ်ပြန့်လာခဲ့လျှင် ကန့်သတ်ချက်ရောက်ရှိသွားသည့်အခါ သိလာလိမ့်မည်။

ယခု မွေးဖွားနန်းဆောင်က မွေးဖွားဇယားချပ် ၃၆ခုလုံးကို ဆန့်အောင် ကျယ်ပြန့်လာခဲ့ပြီဖြစ်သည့်အတွက် ကျန်ရှိသည်ကား အသက်ဓာတ်နှလုံးသားကို စုဆောင်းကာ မွေးဖွားဇယားချပ်ကို အသက်သွင်းဖို့ရာသာ ဖြစ်၏။

“တတိယသခင်လေးကို ဂုဏ်ပြုပါတယ်”

အားလုံးက တွမ့်မူရှန်းကို ဂုဏ်ပြုစကားဆိုလိုက်ကြသည်။

တွမ့်မူရှန်းကလည်း ပျော်ရွှင်နေမိ၏။ သူ့ကြိုးပမ်းအားထုတ်မှုများက အလကားမဖြစ်ခဲ့ပေ။ သူက ပါရမီ လစ်ဟာနေခဲ့သော်လည်း အမြဲတမ်းကြိုးစားလေ့ရှိ၏။ သူ့အကြီးမားဆုံး အားနည်းချက်က ကာမိသွားလိမ့်မည်ဟု ထင်မှတ်မထားပေ။

လုကျိုးက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူက ကြောက်လန့်သွားကာ အကာအရံဆီ လက်ကိုဆန့်ထုတ်လိုက်၏။

အားလုံးက အံ့အားသင့်သွားပြီး ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ကြသည်။

ပိုးစာပင်မင်းသမီးက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

“ရှင် သေချင်နေတာလား”

လုကျိုးက သူ့လက်ထဲ အံ့ဖွယ်စွမ်းအားဖြင့် ထည့်သွင်းကာ လေထဲ ဆူဆူညံညံအသံများ ထွက်ပေါ်လာစေသည်။ ထို့နောက် သူကား အကာအရံထဲ အလွယ်တကူ ခြေချဝင်ရောက်သွား၏။

“မျှော်နန်းသခင်”

“ရှစ်စွင်း”

အကာအရံထဲ ဝင်ရောက်သွားပြီးသည့်နောက်တွင် သူက ထိုအရာကို အံ့ဖွယ်စွမ်းအားဖြင့် စမ်းသပ်ကြည့်လိုက်သည်။ ရလဒ်ကမူ ယွီကျုံးတွင်ရှိသည့် အရာနှင့် အတူတူသာဖြစ်၏။ တခြားနည်းဖြင့်ပြောရလျှင် အံ့ဖွယ်စွမ်းအားက အလင်းတိုင်လုံး၏ အတွင်းပိုင်း အကာအရံကို ချိုးဖောက်ပစ်နိုင်သင့်သည်။

ပိုးစာပင်မင်းသမီး “…”

လုကျိုးက မျိုးစေ့အနား လျှောက်လှမ်းသွားကာ ငုံ့ကြည့်ပြီး မြေကြီးကို သိမ်းဆည်းလိုက်သည်။

ထိုစဉ် ပိုးစာပင်မင်းသမီးက အကာအရံရှေ့ ဖြတ်ခနဲ ပေါ်ထွက်လာ၏။ သူမက ခြေထောက်ကိုမြှောက်ကာ အထဲဝင်ရောက်ဖို့ ကြိုးစားလိုက်သော်လည်း အကာအရံက သူ့ကို သက်ညှာခြင်းမရှိ လွင့်စဉ်ထွက်သွားစေသည်။

ဘန်း

ပိုးစာပင်မင်းသမီးက အတွင်းနံရံဖြင့် ဝင်တိုက်လုနီးပါးဖြစ်သွားလေ၏။

အားလုံးက ပိုးစာပင်မင်းသမီး လွင့်စဉ်သွားသည်ကို မြင်သည့်အခါ အံ့အားသင့်သွားကြ၏။

“မထိနဲ့” ပိုးစာပင်မင်းသမီးက လှမ်းပြောလိုက်သည်။

လုကျိုးက သူမကို လျစ်လျူရှုကာ မြေကြီးအနည်းငယ်ကို ထုတ်ယူလိုက်သည်။ ထိုအရာက အပြာရောင်သလင်းကျောက်အဖြစ် ပြောင်းလဲသွားသည်နှင့် သူက ပြောလိုက်၏။

“ကျိုးကျစ်ဖုန်းက မိစ္ဆာဝေဟင်မျှော်နန်းကို ပထမဦးဆုံး ဝင်ရောက်သွားခဲ့တာ။ သူက အလုပ်ကြိုးစားပြီးတော့ သစ္စာရှိတယ်။ အဲဒါကြောင့် ဆုလာဘ်နဲ့ ထိုက်တန်တယ်။ ဒါကို ယူလိုက်”

လုကျိုးက အပြာရောင်သလင်းကျောက်ကို ထုတ်ပေးလိုက်သည်။

ကျိုးကျစ်ဖုန်းက သူ့စိတ်လှုပ်ရှားမှုကို မချိုးနှိမ်ထားနိုင်တော့ပေ။

သူက ချက်ချင်းဆိုသလို ဒူးထောက်ကာ ပြောလိုက်၏။

“မျှော်နန်းသခင်ရဲ့ ကြည့်ရှုမှုအတွက် ကျေးဇူးတင်ပါတယ်။ မိစ္ဆာဝေဟင်မျှော်နန်းအတွက် အကောင်းဆုံးဆက်လက်ကြိုးစားပါ့မယ်”

“အပြာရောင်သလင်းကျောက်က အကာအရံမှ ပျံသန်းထွက်လာသည့်အခါ ပိုးစာပင်မင်းသမီးက ကျိုးကျစ်ဖုန်းဆီ ရောက်ရှိလာပြီး ထိုအရာကို ဖမ်းဆီးလိုက်သည်။ ထို့နောက် သူမက ပြောလိုက်၏။

“ငါ ပြောနေတယ်လေ။ မထိနဲ့လို့”

အားလုံးက ပိုးစာပင်မင်းသမီးကို ကြည့်လိုက်ကြ၏။

လုကျိုးအား မျက်မှောင်အသာကြုတ်လိုက်သည်။

ပိုးစာပင်မင်းသမီးက အမှန်တကယ် ခန့်မှန်းရခက်ခဲပြီး မတည်ငြိမ်လှပေ။

လုကျိုးက မေးလိုက်၏။

“ဘာတွေလုပ်နေတာလဲ”

ပိုးစာပင်မင်းသမီးက ပြောလိုက်သည်။

“မဟာလေဟာနယ်မြေကြီးကို ထိလို့မရဘူး”

“ဘာလို့လဲ”

“မြေကြီး ဆုံးရှုံးသွားရင် ဖျက်ဆီးခြင်းတိုင်လုံးက ပြိုလဲသွားလိမ့်မယ်” ပိုးစာပင်မင်းသမီးက ပြောလိုက်သည်။

လုကျိုးက ထပ်မေးလိုက်၏။

“ပြိုလဲသွားရင် ဘာဖြစ်မှာလဲ”

“နင်” ပိုးစာပင်မင်းသမီးက ဒေါသထွက်လာလေ၏။ သူမက ဒေါသကို ချိုးနှိမ်ထားပြီး ပြောလိုက်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် မြေကြီးကို ယူသွားလို့မရဘူး”

လုကျိုးက ကျောကို မတ်မတ်ထားပြီး ပိုးစာပင်မင်းသမီးကို ကြည့်ကာ ပြောလိုက်သည်။

“ငါ မင်းကို တစ်ကြိမ်ပြီးတစ်ကြိမ် သည်းခံနေခဲ့ရတာ”

“ဟမ်” ပိုးစာပင်မင်းသမီးက လုကျိုး၏ အပြောင်းအလဲကို မြင်သည့်အခါ အနည်းငယ် အံ့အားသင့်သွားလေ၏။

လုကျိုးက လက်ကိုမြှောက်ပြီး မိုးကြိုးကတ်ကို ခြေမွပစ်လိုက်သည်။

လုကျိုး၏ လက်က ရှေ့ကို တိုးလာပြီး မိုးကြိုးစွမ်းအားက ထွက်ပေါ်လာလေ၏။

“မင်းအတွက် ဘာကောင်းလဲဆိုတာကို မသိဘူးပဲ”

လက်ဝါးစည်းတံဆိပ်က အကာအရံမှ ပျံ့လွင့်လာလေသည်။ လျှပ်စီးဟူသော သင်္ကေတက လက်ဝါးအလယ်တွင် တောက်ပနေလေ၏။

ပိုးစာပင်မင်းသမီးက ကြောင်အမ်းသွားလေသည်။ သူမက ချက်ချင်းဆိုသလို နောက်ဆုတ်ကာ ရှောင်ရှားဖို့ ကြိုးစားလိုက်၏။

လက်ဝါးစည်းတံဆိပ်က သူမရှေ့ ရောက်ရှိလာသည့်အခါ ကောင်းကင်ယံမှ လျှပ်စီးမိုးကြိုးတစ်ခု ကျရောက်လာသည်။

ဝုန်း

ပိုးစာပင်မင်းသမီး၏ ကာကွယ်ရေးစွမ်းအားက ချက်ချင်းဆိုသလို ကြေမွသွားလေ၏။ သူမက ထင်ထားသည့်အတိုင်း နောက်လွင့်စဉ်သွားလေသည်။

အားလုံးက အံ့အားသင့်သွားကြ၏။

ပိုးစာပင်မင်းသမီးက ဖုတ်ကောင်ဆယ်ကောင်ထဲမှ တစ်ကောင်ဖြစ်ပေသည်။ ထိုမျှသာလျှင်မကဘဲ သူမက တတိယနေရာတွင်ရှိလေ၏။ သို့သော်လည်း သူမက လုကျိုး၏ တိုက်ကွက်တစ်ကွက်ကြောင့် လွင့်စဉ်သွားရလေသည်။ သူတို့က မည်သို့မအံ့ဩဘဲ နေမည်နည်း။

“မောက်မာမှုက အားလုံးရဲ့ အားနည်းချက်ပဲ။ သူတို့က အဆင့်မြင့်ပြီးတော့ အားကောင်းတဲ့ နတ်ဘုရားပဲဖြစ်ဖြစ် ဒါမှမဟုတ် ပုရွက်ဆိတ်လိုမျိုး မြေကြီးအပေါ် လျှောက်လှမ်းနေတဲ့ သာမန်လူတွေပဲဖြစ်ဖြစ်ပေါ့။ သာမန်လူတွေရဲ့ မောက်မာမှုက မသိတတ်မှုပဲ။ ဒါပေမဲ့ နတ်ဘုရားတွေရဲ့ မသိတတ်မှုကတော့ ကမ္ဘာပေါ်မှာ သက်ရောက်မှုရှိတယ်” လုကျိုးက ပိုးစာပင်မင်းသမီးကို ကြည့်ကာ ပြောလိုက်သည်။

ပိုးစာပင်မင်းသမီးက ခြေငြိမ်အောင်ရပ်ပြီးသည့်နောက်တွင် သူမက အတွင်းနံရံအနား ရောက်ရှိလာလေသည်။ သူမ၏ မျက်နှာက ဖြူဖျော့နေပြီး သူမ၏ မျက်ဝန်းက အံ့အားသင့်မှုဖြင့် အတိုင်းသားဖြစ်နေလေသည်။

“ဘယ်လိုလဲ” ပိုးစာပင်မင်းသမီးက သူမ၏ လက်ကိုကြည့်ကာ တွေဝေသွားလေသည်။ သူမက ဤသို့လွင့်စဉ်သွားသည်ကို နားလည်ဖို့ရာ အခက်တွေ့နေလေ၏။ ဤသည်က မဖြစ်နိုင်သင့်ပေ။ သူမက တိုက်ကွက်ကို ရှောင်ရှားသင့်နိုင်သော်လည်း ဆရာသခင်တစ်ယောက်ဆီမှ ဖိနှိပ်ခြင်း မခံရသင့်ပေ။

လုကျိုးက လက်ကိုမြှောက်ကာ ပြောလိုက်သည်။

“ငါက ပြောနေရတာ မကြိုက်ဘူး။ အပြာရောင်သလင်းကျောက်ကို ပေးလိုက်”

ပိုးစာပင်မင်းသမီး၏ မျက်ဝန်းက မယုံကြည်နိုင်သည့် အရိပ်အယောင်များ ကိန်းအောင်းနေသော်လည်း သူမ၏ အမူအရာက လေးနက်လာသည်။ ထို့နောက် သူမက ပြောလိုက်သည်။

“ရှင်က မဟာလေဟာနယ်ကပဲ”

“ဟမ်” လက်ကိုဆန့်ထုတ်ထားသည့် လုကျိုးက ရုတ်ချည်းဆိုသလို လက်ကိုတွန်းထုတ်လိုက်သည်။

နောက်ထပ် စည်းတံဆိပ်တစ်ခု ထုတ်လွှတ်လာလေ၏။ ထိုအရာက သာမန်နှင့်တူသော်လည်း ငရဲကမ္ဘာ၏ စွမ်းအားကို သယ်ဆောင်ထားဟန်ပေါ်သည်။

ထိုအရာက လုကျိုးသည် ထိုတိုက်ကွက်ကို ဆက်တိုက်အသုံးပြုမှုမှ သူတို့၏ စိတ်ထဲ ရင်ဆိုင်ရာ အမှတ်အသားများကြောင့် မိစ္ဆာဝေဟင်မျှော်နန်းရှိ အဖွဲ့သားများက ထိုတိုက်ကွက်သည် ပြိုင်ဘက်ကင်းကာ မရပ်တန့်နိုင်ကြောင်း တွေးမိသွားလေ၏။

ပိုးစာပင်မင်းသမီး၏ ဝတ်ရုံက တလူလူလွင့်လာသည်။ လေထဲ၌ ပုံရိပ်များစွာ ချန်ထားခဲ့လေသည်။

မိုးကြိုးလက်ဝါးက လေထဲ ရုတ်ချည်းရပ်တန့်သွားလေသည်။

ပိုးစာပင်မင်းသမီးက လေထဲ ရုတ်ချည်းဆိုသလို ပေါ်ထွက်လာသည်။ သို့သော်လည်း သူမ ရပ်တန့်လိုက်သည်နှင့် လက်ဝါးစည်းတံဆိပ်က သူမ၏ နေရာဆီ ရောက်ရှိလာလေသည်။

ဝုန်း

ယခင်ကဲ့သို့ ပိုးစာပင်မင်းသမီးက ထပ်မံ ရပ်တန့်သွားပြန်၏။ ထိုစဉ် သူမ၏ ဆံပင်ရှည်များက လေနှင့်အတူ လွင့်မြောနေပြီး ဖရိုဖရဲဖြစ်နေလေသည်။ သူမက အတွင်းနံရံနှင့် ထိတွေ့သွားသည့်အခါ အဖြူရောင်ကြိုးကြာက ပျံသန်းလာပြီး သူမကို ဖမ်းဆီးလိုက်၏။ ပိုးစာပင်မင်းသမီး၏ အကြည့်များက မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်နေလေသည်။ သူမက အတွေးများစွာ မတွေးတော့ဘဲ အပြာရောင်သလင်းကျောက်ကို ထုတ်ပေးကာ ပြောလိုက်သည်။

“ဒီမှာ”

အပြာရောင်သလင်းကျောက်ကို ဖမ်းဆီးပြီးသည့်နောက်တွင် လုကျိုးက ခေါင်းညိတ်လိုက်၏။ သူက ခေါင်းမော့ကာ ပြောလိုက်သည်။

“မင်းက အနီရောင်ဧကရာဇ်ရဲ့ သမီးဆိုပေမဲ့လည်း ငါ့ထက် သာလွန်နေတာတော့ မဟုတ်ဘူး။ မင်း ကြည့်ပဲကြည့်နေသင့်တဲ့ အခြေအနေဆိုတာ ရှိတယ်။ မင်းမပတ်သက်တဲ့ အရာတွေကို ဝင်ရောက်မစွက်ဖက်နဲ့”

ပိုးစာပင်မင်းသမီးက ဒေါသကြောင့် ခံစားရခက်နေသည်။ သူမက ဒေါသကို ဖြေဖျောက်လိုသော်လည်း ကူကယ်ရာမဲ့နေမိ၏။

သူမက ပြောလိုက်၏။

“ကောင်းကင်က လူလည်း လာလိမ့်မယ်။ သက်ရှိတွေအများကြီး ပျက်စီးသွားလိမ့်မယ်။ အကျိုးဆက်က…”

လုကျိုးက ဖြတ်ပြောလိုက်သည်။

“ကောင်းကင်တွေ ပြိုကျလာရင်တောင် ငါ ဖြေရှင်းနိုင်တယ်။ ငါ အကျိုးဆက်ကို တာဝန်ယူတယ်”

“…”

ပိုးစာပင်မင်းသမီးက ထိုစကားများကြောင့် ဆွံ့အသွားလေ၏။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးသည့်နောက်တွင် သူမက မေးလိုက်သည်။

“ရှင်က ဘယ်လိုများ လုပ်နိုင်မှာမလို့လဲ။ သူတော်စင်အများကြီး သေဆုံးသွားရတယ်။ ချီစုန့်ကျစ်လည်း သေဆုံးသွားရတယ်။ ဆိုးယုတ်သူလည်း သေဆုံးသွားရတယ်။ ငါတောင် သေဆုံးသွားရတယ်။ လူအများကြီး သေဆုံးသွားရတယ်”

“ရှေးခေတ်အချိန်ကတည်းက နည်းလမ်းတွေဆိုတာ ရှိခဲ့တာပဲ။ ကံကြမ္မာစက်ဝန်းက အစပြုလာပြီဆိုတော့ တူညီတဲ့အမှားမျိုးလုပ်ရင်တောင် ရပ်တန့်လို့မရဘူး”

ပိုးစာပင်မင်းသမီးက တုန်ယင်နေရင်း သူမ၏ စိတ်ထဲ မြင်ကွင်းများစွာ ပေါ်ထွက်လာလေသည်။

ဤသည်က နှစ်တစ်သိန်းရှိသွားပြီဖြစ်၏။ နေ့ရက်တိုင်းက အတူတူသာဖြစ်ပြီး ပျင်းရိဖို့ ကောင်းလှသည်။ မြင်ကွင်းက မည်မျှပင် လှပစေကာမူ လွန်ခဲ့သည့်နှစ်တစ်သိန်းနှင့် မယှဉ်နိုင်တော့ပေ။ သူမ လက်ရှိတွင်ရှိသမျှအရာအားလုံးက သေဆုံးသွားပြီဖြစ်ပြီး သူမ၏ အတိတ်ဘဝတွင်ရှိသည့် အရာအားလုံးက အသက်ရှင်နေလေသည်။

ခေတ္တမျှ တိတ်ဆိတ်နေပြီးသည့်နောက်တွင် ပိုးစာပင်မင်းသမီးက သက်ပြင်းချကာ ပြောလိုက်၏။

“ကြည့်ရတာ ရှင် မှန်တဲ့ပုံပဲ။ တကယ်လို့ ငြိမ်းချမ်းရေးနဲ့ စည်ပင်ကြွယ်ဝမှုကို ပြန်လည်ထိန်းသိမ်းနိုင်မယ်ဆိုရင် ကောင်းကင်က ပြိုလဲသွားတော့ရော ဘာဖြစ်လဲ။ ပိုးစာပင် ပျောက်ကွယ်သွားတော့ရော ဘာများကြောက်နေဖို့ လိုအပ်လို့လဲ”

ထို့နောက် သူမ၏ ဝတ်စုံ တစ်ချပ်အဝှေ့တွင် သူမက ထိုင်ကာ အဖြူရောင်ကြိုးကြာကို အသာပုတ်လိုက်သည်။ ထို့နောက် သူမက ဖျက်ဆီးခြင်းတိုင်လုံးဆီမှ ထွက်ခွာသွားလေ၏။

…………………………………………………….

လေပြေလေညှင်းက ပိုးစာပင်ကို တိုက်ခတ်နေပြီး အလင်းရောင်က ကောင်းကင်အထက် ဖြာကျနေလေသည်။ ရေကန်က ဖျတ်ခနဲပေါ်ကာ ကောင်းကင်ယံထဲ အနက်ရောင်မြူခိုးကို ထိုးဖောက်သွားသည့် ကန်တော့ချွန် ရေခဲအတားအဆီးတစ်ခု ဖြစ်တည်လာသည်။ ပိုးစာပင်မင်းသမီးက ရေခဲအတားအဆီးထဲတွင် ထွက်ပေါ်လာပြီး ကောင်းကင်ကို မော့ကြည့်လိုက်၏။

…………………………………..

လုကျိုးက အပြာရောင်သလင်းကျောက်ကို ကျိုးကျစ်ဖုန်းဆီ လှမ်းပေးလိုက်သည်။

ကျိုးကျစ်ဖုန်းက ပျော်ရွှင်စွာဖြင့် ဘေးဖက်ကို နောက်ဆုတ်လိုက်၏။

လုကျိုးက ထပ်ပြောလိုက်သည်။

“ဖန်ကျုံး မင်းက မိစ္ဆာဝေဟင်မျှော်နန်းကို အစောဆုံးဝင်ရောက်ခဲ့တဲ့သူတွေထဲက တစ်ယောက်ပဲ။ မင်းကလည်း ကြိုးစားပြီးတော့ သစ္စာရှိတယ်။ မင်းကလည်း ဆုလာဘ်နဲ့ ထိုက်တန်တယ်”

လုကျိုးက မြေကြီးကို ယူကာ အပြာရောင်သလင်းကျောက်အဖြစ် လှမ်းပေးလိုက်သည်။

ဖန်ကျုံးက ဒူးထောက်ကာ ပြောလိုက်၏။

“ကျွန်တော် အကြီးအကဲ၊ အစောင့်အရှောက်နဲ့ သံတမန်တွေက ကျွန်တော်ထက်ပိုပြီး အရည်အချင်းပြည့်မှီပါတယ်။ ကျွန်တော်က …”

“ယူလိုက်” လုကျိုးက ဖြတ်ပြောလိုက်သည်။

ဖန်ကျုံးက အပြာရောင် သလင်းကျောက်ကို ဖမ်းကာ ပြောလိုက်သည်။

“မျှော်နန်းသခင်ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်က ဒီမျက်နှာသာပေးမှုနဲ့ မထိုက်တန်ပါဘူး”

လုကျိုးက နောက်ထပ်မြေကြီးလေးခုကိုဆွဲကာ ပြောလိုက်သည်။

“အကြီးအကဲလေးဦးကလည်း မိစ္ဆာဝေဟင်မျှော်နန်းရဲ့ အလိုအပ်ဆုံးအချိန်မှာ ဝင်ရောက်ခဲ့တယ်။ သူတို့ကလည်း အများကြီးအကျိုးပြုခဲ့တယ်ဆိုတော့ဆုလာဘ်နဲ့ ထိုက်တန်တယ်။ ဒါကို ယူလိုက်”

သလင်းကျောက်လေးခုက ပျံသန်းထွက်လာလေသည်။

“မျှော်နန်းသခင် ကျေးဇူးပါ”

“အစ်ကိုကြီး ကျေးဇူးပါ”

အကြီးအကဲလေးဦးကလည်း သူတို့၏ ခံစားချက်များအပေါ် အင်မတန်ရိုးသားနေကြသည်။ သူတို့က အပြာရောင်သလင်းကျောက်ကို ပျော်ရွှင်စွာဖြင့် ဖမ်းဆုပ်ပြီး သူတို့၏ စိတ်နှလုံးသားထဲမှ စိတ်လှုပ်ရှားမှုတို့ ထွက်ပေါ်လာလေသည်။

ဝုန်း

အပေါ်ယံမှာ ဧရာမကျောက်တုံးကြီးက ကျဆင်းလာလေ၏။

အားလုံးက နောက်ဆုတ်လိုက်ကြသည်။

ဝုန်း

ထိုအရာက အကာအရံနှင့် ထိတွေ့သွားသည့်အခါ အပိုင်းပိုင်းအစစ ကြေမွသွားလေသည်။ သူတို့က အဖက်ဖက်သို့ လွင့်စဉ်သွားလေ၏။

အားလုံးက စိုးရိမ်စွာ ကြည့်လိုက်ကြသည်။

ဖျက်ဆီးခြင်းတိုင်လုံးက မြေကြီးမရှိတော့ရင် တကယ်ကြီး ပြိုကျလာမှာလား…။

...

အခန်း (၁၄၃၃) ငွေရောင်ချပ်ဝတ်တန်ဆာ သုံးထောင်

မိစ္ဆာဝေဟင်မျှော်နန်း၏ လူတို့သည် ဧရာမကျောက်တုံး ပြိုလဲလာတာကို အနည်းငယ် စိုးရိမ်ပူပန်သွားလေ၏။

ဆိုရလျှင် ဖျက်ဆီးခြင်းတိုင်လုံးများက သာမန် မဟုတ်ချေ။ မဟာလေဟာနယ်ကသာ ကုန်းမြေကွဲထွက်သွားချိန်မှ စပြီး ကောင်းကင်ထဲတွင် တည်ရှိ အမှန်တကယ် တည်ရှိနေခဲ့ပါက တိုင်လုံးများ အချိန်ကြာမြင့်စွာ တည်ရှိနေခဲ့တာဟု ဆိုလိုတာပဲဖြစ်သည်။

ယခုအချိန်၌ ကျိမင်ရှိတိုင်လုံး ပြိုလဲသွားခဲ့လျှင် ပထမဆုံး ဒုက္ခခံစားရမည့်သူများက ယခုဤနေရာတွင် ရှိနေသည့်သူများဆိုတာ သံသယဖြစ်ဖွယ်မရှိချေ။

ဖျက်ဆီးခြင်းတိုင်လုံး အပြင်ဘက်၌ လုကျိုးသည် ရုတ်ရုတ်သဲသဲအသံကို ကြားသောအခါ ခေါင်းအနည်းငယ် မော့လိုက်တော့သည်။ သူသည် လက်စွပ်သဏ္ဌာန်ကန် နေရာဘက်ကို လှည့်ကြည့်ပြီး ဝိညာဉ်နယ် ထိုးဖောက်သွားသည့် ရေခဲအရံအတားကို မြင်သောအခါ ရေရွတ်ပြောလိုက်၏။ “သတ္တိနည်းလိုက်တာ”

ရေခဲအရံအတားသည် ကောင်းကင်ပြိုကျလာမည်ကို ကာကွယ်ရန်အတွက် ကြိုးပမ်းခြင်းထက်မပိုချေ။

ဖျက်ဆီးခြင်း တိုင်လုံးထဲတွင် ဖြစ်သည်။

ခဏတာ တိတ်ဆိတ်သွားပြီးနောက် အကြီးအကဲလေးယောက်သည် သူတို့လက်ထဲရှိ သက်ဆိုင်ရာ အပြာရောင်သလင်းကျောက်များကို ကြောက်ရွံ့စွာကြည့်ပြီး သူတို့သလင်းကျောက်ကို သိမ်းထားသင့်မသင့် တွေးနေလေ၏။ ကောင်းကင်က တကယ်ပြိုလဲသွားပြီး မရေမတွက်နိုင်သော အသက်များ ဆုံးရှုံးသွားမည်ဆိုလျှင် သူတို့က ထာဝရအပြစ်သားများ ဖြစ်သွားလိမ့်မည်။ သူတို့ထိုကဲ့သို့ ပြစ်မှုမျိုးကို မကျူးလွန်ချင်ပေ။

ဝှါဝူသောက်က မျက်နှာပေါ်တွင် အပြစ်မကင်းသော အမူအရာဖြင့် ပြောလိုက်လေ၏။ “မျှော်နန်းသခင်၊ ကျွန်တော်တို့တွေ အပြာရောင်သလင်းကျောက် ပြန်ပေးလိုက်ရအောင်လား”

ကျော့ယွီရှုက သူမလက်ထဲတွင် အပြာရောင်သလင်းကျောက်ကို ကိုင်ထားပြီး ပြောလိုက်သည်။

“အစ်ကိုကြီး၊ ကျွန်မတို့ သက်ကြားအိုတွေက အပြာရောင်သလင်းကျောက်ကို တကယ် လက်လျှော့လိုက်သင့်တယ်။ နောက်ဆက်တွဲကို တကယ်မတတ်နိုင်ဘူး”

ဖန်လီထန်က ကျော့ယွီရှုကို တစ်ချက်ကြည့်ပြီး ဘာမှမပြောပေ။ သူသည် သက်ကြားအိုဟူသော စကားမှအပ သူမစကားအားလုံးကို ထောက်ခံ၏။ သူ့အဖို့ သူသည် အပြာရောင်သလင်းကို ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ကိစ္စမရှိပေ။ ဆိုရလျှင် ဖန်ကျုံးက အပြာရောင်သလင်းရထားပြီးဖြစ်၏။ ထို့ကြောင့် သူက ပြောလိုက်သည်။ “ဒီအဘိုးကြီးကလည်း အပြာရောင်သလင်း ပြန်ပေးလိုပါတယ်”

အကြီးအကဲများ ပြောလိုက်စဉ် လူတိုင်းက တိတ်ဆိတ်သွားတော့သည်။

လုကျိုးသည် အပေါ်ရှိ ပြောင်းလဲမှုများကို အာရုံစိုက်လိုက်၏။ သူသည် ရနံ့ခံစွမ်းအားနှင့် အကြားစွမ်းအား နှစ်ရပ်လုံးကို ယှဉ်စလိုက်၏။ ထို့ကြောင့် သူ့သိမြင်နားလည်မှုအတွင်း၌ ပြောင်းလဲမှုအားလုံးက သူ၏သိမြင်နားလည်မှုအတွင်း ရှိနေသည်။ အကြီးအကဲလေးယောက် စကားပြောနေစဉ် မူမမှန်မှုမရှိပေ။ ထို့ကြောင့် သူက အင်္ကျီလက်ဝှေ့ယမ်းလျက် ပြောလိုက်တော့သည်။

“သိမ်းထားလိုက်”

မိစ္ဆာဝေဟင်မျှော်နန်း၌ လူများစွာရှိပြီး လူတိုင်းအတွက် အပြာရောင်သလင်း ရယူနိုင်ဖို့က ခက်ခဲလိမ့်မည်။

လုကျိုးက ထပ်ပြောလိုက်သည်။ “မိုးပြိုရင်တောင် ငါနဲ့ ဘာဆိုင်လို့လဲ။ စိတ်ပူစရာမလိုဘူး”

“???”

မိုးပြိုသွားရင် နောက်ဆက်တွဲကို ဖြေရှင်းမယ်လို့ သူပြောခဲ့တာ မဟုတ်ဘူးလား။

လုကျိုးသည် လှည့်လာလျက် မဟာလေဟာနယ်မျိုးစေ့ကို ကြည့်လိုက်သည်။ သူသည် နောက်ထပ်မြေဆီကို တူးထုတ်တော့မည့်အချိန်၌ ဘေးသို့ ပဲ့ကျနေသော မျိုးစေ့အစရာကို သတိပြုမိသွား၏။

“ဟမ်”

လုကျိုးသည် မျိုးစေ့ကို အနီးကပ်လေ့လာလိုက်၏။

တွမ့်မူရှန်းက မြေပြင်ပေါ် ဆင်းသက်လာပြီးနောက် သူက ယခုဆို အရံအတားအတွင်း လွတ်လွတ်လပ်လပ် သွားလာနိုင်ပြီဖြစ်သည်။ ထို့ကြောင့် သူသည် မဟာလေဟာနယ်မျိုးစေ့ကို လေ့လာရန်အတွက် လှုပ်ရှားလာနိုင်၏။ သူ ခေါင်းကုတ်လျက် မေးလိုက်သည်။ “သေသွားတာလား”

လုကျိုးက လေသံအေးအေးဖြင့် ပြောလိုက်တော့သည်။ “အပင်တွေက မြေဆီလွှာ ဆုံးရှုံးသွားရင် သေမှာပဲ”

“ဒါက…”

ထိုစကားကို ကြားသောအခါ ယန်ကျန်းလော့က ပြောလိုက်လေ၏။ “ရှင်သန်ခွင့်ပြုလိုက်တာ ပိုကောင်းမယ်။ လူသားတွေရဲ့ လောဘက မဟာလေဟာနယ်မျိုးစေ့နဲ့ ဘာမှမဆိုင်ဘူး။ မျိုးစေ့တွေက လူသားတွေအတွက် မိုးနဲ့မြေက ကောင်းချီးလက်ဆောင်လို ခံစားမိနေသေးတုန်းပဲ။ ဘယ်လိုအသုံးပြုမလဲဆိုတာ လူသားတွေပေါ်မူတည်တယ်”

လုကျိုးသည် ခေါင်းအနည်းငယ်ညိတ်လျက် ကျောပြန်မတ်လိုက်၏။ မြေဆီလွှာက သူ့ဘာသာ ဖြည်းဖြည်းချင်း အားပြန်ပြည့်နေသော်ငြား ယခုအချိန်၌ မြေဆီလွှာကို ယူသွားမည်ဆိုလျှင် မျိုးစေ့သေလိမ့်မည်။

ကျိမင်ရှိ ဖျက်ဆီးခြင်းတိုင်လုံးက တကယ်ပြိုလဲသွားလောက်၏။

“ထားလိုက်တော့”

လုကျိုးက လှည့်လာလျက် ပြောလိုက်၏။ “အပြာရောင်သလင်း မရသေးတဲ့သူတွေက တခြားဖျက်ဆီးခြင်းတိုင်လုံးတွေဆီ သွားပြီးတဲ့အထိ စောင့်”

လူတိုင်းသည် ထိုစကားကိုကြားသောအခါ ဝမ်းသာသွားလေ၏။ လုကျိုး၏စကားအရ သူသည် လူတိုင်းကို အပြာရောင်သလင်းများ ပေးဖို့ ရည်ရွယ်ထားသည်။ သူတို့သည် သူ့၏သဘောထားရက်ရောမှုကြောင့် အလွန်အထင်ကြီးသွားကြ၏။ သူတို့အမြင်တွင် လုကျိုးသည် သူ့တပည့်များကို ဘာက်လိုက်ခြင်း မရှိဘဲ လူတိုင်းကို မျှမျှတတ ဆက်ဆံပြီး အပြာရောင်သလင်း ပေးမည်ဟု ကတိပေးထား၏။ ဤနည်းဖြင့် သူတို့ သစ္စာတရားများ တိုးလာသည်။

မိစ္ဆာဝေဟင်မျှော်နန်းသို့ နောက်ဆုံးမှဝင်လာသော ခုံဝန်တို့ညီနောင်၏ သစ္စာတရားကတောင် ၈၀ ရာခိုင်နှုန်းအထိ တိုးလာသည်။

လုကျိုးသည် သစ္စာရှိခြင်းအကြောင်း ဂရုမစိုက်တော့ချေ။ လူတို့၏နှလုံးသားက မှန်းဆရအခက်ခဲဆုံး ဖြစ်၏။ အတက်အကျလည်း ရှိလျှင် လူမဟုတ်တော့ဘဲ စက်ရုပ်သာ ဖြစ်သွားလိမ့်မည်။

လုကျိုးက ဦးဆောင်လျက် ကျန့်၀မ်ရွှီက အရံအတားထဲမှ ထွက်လာပြီး တွမ့်မူရှန်းက နောက်မှလိုက်လာသည်။

အရံအတားက ပုံမှန်ပြန်ဖြစ်သွားပြီး မဟာလေဟာနယ်မျိုးစေ့က ဖြည်းဖြည်းချင်း ပြန်မှည့်လာတော့သည်။

ထိုစဉ် ခရီးစဉ်တစ်လျှောက် ကြိုးစားပမ်းစား အလုပ်လုပ်နေသည့် ဓားသမား ၄၉ ယောက်၏ ခေါင်းဆောင် ရွှယ်လန်သည် တွမ့်မူရှန်းဘေးသို့သွားကာ အသံတိုးတိုးဖြင့် ပြောလိုက်၏။

“ဂုဏ်ပြုပါတယ် တတိယသခင်လေး။ ခင်ဗျား မဟာလေဟာနယ်မျိုးစေ့ရလိမ့်မယ်လို့ မထင်ထားဘူး။ ဂုဏ်ပြုပါတယ်”

တွမ့်မူရှန်းက ပြောလိုက်၏။ “မပြောပလောက်ပါဘူး”

ယွမ်လန်သည် ချင်ရန်ယွဲ့၏ အယုံကြည်ရဆုံးလူဖြစ်၏။ ချင်မျိုးနွယ်နှင့် မိစ္ဆာဝေဟင်မျှော်နန်းထက်ကြား ပေါင်းကူးတံတားအဖြစ် ဆောင်ရွက်ပေးရန် ချင်ရန်ယွဲ့က မိစ္ဆာဝေဟင်မျှော်နန်းသို့ သူ့ကိုလွှတ်ထားတာပဲဖြစ်သည်။ ထိုအထက်တန်းအဆင့်ရှိသူက မိစ္ဆာဝေဟင်မျှော်နန်းထဲ၌ ပေါ်လာမည့်အချက်ကို သူမည်ကဲ့သို့ မှန်းဆမိမည်နည်း။

“နောင်ကျ ကျွန်တော်နဲ့ ဓားသမား ၄၉ ယောက်ကို ဂရုစိုက်ပေးဖို့ မျှော်လင့်ပါတယ်။ တတိယသခင်လေး”

ယွမ်လန်က ပြောလိုက်၏။ “သေချာတာပေါ့”

လူတိုင်းသည် လုကျိုးနောက်လိုက်လာပြီး ဖျက်ဆီးခြင်းတိုင်လုံးထဲမှ ထွက်လာသည်။

မိစ္ဆာဝေဟင်မျှော်နန်း၏ မဟာတပည့် ဆယ်ယောက်သည် သူတို့အားလုံး၌ မဟာလေဟာနယ်မျိုးစေ့ ရှိတာကို သတိပြုမိ၏။ သို့သော် သူတို့ဆယ်ယောက်သည် လျှို့ဝှက်ချက်ထိန်းထားရန် အရေးပါ လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားဖို့ ဖိအားပေးပြောခဲ့သည်။ ယခုဆို မဟာလေဟာနယ်မျိုးစေ့ နှစ်ခုပေါ်လာပြီဖြစ်၏။ ကံကောင်းသည်မှာ သူတို့က အမည်မသိကုန်းမြေထဲ ပေါ်ထုတ်ခံရတာဖြစ်သည်။ တစ်စုံတစ်ယောက်က ရှာတွေ့သွားပြီး မျိုးစေ့များကို တပ်မက်ခဲ့လျှင်တောင် ကျယ်ပြောလှသော အမည်မသိကုန်းမြေထဲ၌ သူတို့ကိုရှာဖို့ ခက်ခဲလိမ့်မည်။ ထို့အပြင် မိစ္ဆာဝေဟင်မျှော်နန်းက ယခုအချိန်တွင် ကောင်းကင်နယ်ရှိ နေတစ်စင်းပမာ အစွမ်းထက်နေပြီဖြစ်သည်။

သူတို့ ဖျက်ဆီးခြင်းတိုင်လုံး အပြင်ဘက် ထွက်လာချိန်၌ လူဝူက ထရပ်လျက် မေးလိုက်၏။

“ပြီးသွားပြီလား”

လုကျိုးက ခေါင်းညိတ်ပြီးနောက် တစ်ဖက်ကို ကြည့်လိုက်ချိန်တွင် ကောင်းကင်ထဲ ထိုးဖောက်သွားသည့် ရေခဲအရံအတားကို တွေ့လိုက်ရသည်။

ကျန်သည့်သူများသည် ရေခဲအရံအတားကို မြင်သောအခါ အံ့ဩသွားတော့သည်။

လုကျိုးက ပြောလိုက်၏။ “ကလေးဆန်တယ်”

ပြီးနောက် လုကျိုးသည် နတ်ကျင့်သစ်၏ကျောပေါ် ခုန်တက်လျက် ပျံသန်းသွားတော့သည်။

ကျန်သည့်သူများကလည်း တစ်ချက်ကြည့်ပြီးနောက် ဝိညာဉ်နယ်ရှိ လုကျိုးနောက်လိုက်သွားကြ၏။

အချိန်မည်မျှ ကုန်လွန်သွားသည်မသိ၊ လုကျိုးသည် ပုံမှန်တည်ငြိမ်တိတ်ဆိတ်မှုကို ပြန်လည်ရရှိသွားတော့သည်။

ပိုးစာမင်းသမီးသည် ရေခဲအရံအတား ထိပ်ဖျားပေါ်၌ ပေါ်လာပြီး လုကျိုးနှင့် ကျန်သည့်သူများ ထွက်ခွာသွားရာဘက်ကို ကြည့်ပြီးနောက် မော့ကြည့်လိုက်၏။

အောက်၌ ကြိုးကြာဖြူများ ပျံသန်းနေကာ လှိုင်းထနေတော့သည်။

လက်စွပ်သဏ္ဌာန်ကန်ထဲရှိ ပိုးစာပင်က လျင်မြန်စွာ ရပ်နေတော့သည်။

ပိုးစာမင်းသမီးသည် တစ်လှည့်လုံးလုံး ရေခဲအရံအတားထိပ်၌ ရပ်နေပြီးနောက် အဝေးမှောင်မိုက်စွန်းစွန်း၌ အဝေးကနေ ပျံသန်းလာသည့် အနက်ရောင်ပုံရိပ်ကို တွေ့လိုက်ရသည်။

အနက်ရောင်အရိပ်က ထိုနေရာကို ဝိုင်းထားပြီး တိုက်ပွဲအကြွင်းအကျန်ကို လေ့လာပြီးနောက် ဖျက်ဆီးခြင်းတိုင်လုံးထဲ ဝင်သွားသည်။ တိုင်လုံးထဲမှထွက်လာပြီးနောက် ထိုလူသည် လက်စွပ်သဏ္ဌာန်ကန်ရှိရာဆီသို့ ပျံသန်းသွားလေ၏။

ကြည်လင်မြင့်မြတ်လှသော ပိုးစာမင်းသမီးကိုမြင်သောအခါ ဦးညွှတ်လျက် မေးလိုက်သည်။

“နှုတ်ခွန်းဆက်ပါတယ် ပိုးစာမင်းသမီး”

ပိုးစာမင်းသမီးသည် အနက်ရောင်ပုံရိပ်ကို ကြည့်ပြီးနောက် ပြောလိုက်၏။ “နောက်ထပ်လူသား”

အနက်ရောင်ပုံရိပ်က ပြောလိုက်သည်။ “ကျုပ်က မဟာလေဟာနယ်ကပါ။ တစ်စုံတစ်ခု စုံစမ်းစစ်ဆေးချင်လို့ ဒီနေရာကို ရောက်လာတာ”

သူ့ကိုကြည့်ပြီးနောက် ပိုးစာမင်းသမီးက ပြောလိုက်တော့သည်။ “ဘာလဲ”

“လေဟာနယ် ရင်ဘတ်မျိုးနွယ်ရဲ့ အဆင့်မြင့်သူတော်စင်ကို သတ်ခဲ့တဲ့လူ ဘယ်သွားလဲ”

အနက်ရောင်ပုံရိပ်က မေးလိုက်၏။

“ငါမသိဘူး” ပိုးစာမင်းသမီးက ပြန်ပြောသည်။

အနက်ရောင်ပုံရိပ်က ပြောလေ၏။ “ဒီကိစ္စက ကျုပ်အတွက် အင်မတန် အရေးပါတယ်။ ကူညီပေးမယ်လို့ မျှော်လင့်ပါတယ်”

ပိုးစာမင်းသမီးက မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။ “မဟာလေဟာနယ်က အင်မတန် အစွမ်းထက်တယ် မဟုတ်လား။ ဒီကိစ္စကို ကိုယ့်ဘာသာသွားဖြေရှင်း”

“ပိုးစာမင်းသမီး”

“ထွက်သွား”

လှိုင်းပေါ်ထွက်လာပြီး အနက်ရောင်ပုံရိပ်က လှစ်ခနဲပေါ်လာပြီးနောက် ပျောက်ကွယ်သွားတော့သည်။

တစ်ချိန်တည်းတွင် ရှေ့အပျက်အစီးနယ်မြေထဲ၌ ဖြစ်၏။

“တစ်လကုန်သွားပြီ၊ လူတိုင်းရဲ့ခွန်အား မှန်မှန်လေးတိုးလာတယ်။ မျှော်နန်းသခင်၊ မကြာခင် ခရီးထွက်ဖို့ ရည်ရွယ်ထားလား” ယန်ကျန်းလော့က မေးလိုက်၏။

ခုံဝန်က ခေါင်းညိတ်ပြီးနောက် လုကျိုးကို ပြောလိုက်သည်။ “မြေပုံကို ကြည့်ပြီးပြီ၊ နောက်ထပ်သွားမဲ့နေရာက ဖျင်းထန်။ လက်ရှိအရှိန်နဲ့ဆို သုံးလအတွင်း ငါတို့သွားချင်တဲ့နေရာ ရောက်လောက်တယ်”

လုကျိုးက ရေရွတ်ပြောလိုက်၏။ “သုံးလလား။ ဒါဆိုရင် အခုခရီးဆက်သင့်ပြီ”

သူတို့ ရွှေကြာနယ်မြေတွင် ရှိစဉ်က အမည်မသိကုန်းမြေ ကျယ်ပြောမှုအကြောင်း ကြားစဉ်က ဘာမှမခံစားခဲ့ရပေ။ သို့သော် ယခုသူတို့ အမည်မသိကုန်းမြေထဲ ရောက်နေချိန်၌ အမည်မသိကုန်းမြေ ကျယ်ဝန်းမှုက သူတို့ကို ထိခိုက်လာပြီဖြစ်သည်။

အကန့်အသတ်မရှိ ခရီးထွက်ရခြင်းသည် လူတိုင်း၏ စိတ်နှလုံးကို မောပန်းစေ၏။ ထို့အပြင် သူတို့ ကြမ်းတမ်းသော ပတ်ဝန်းကျင်ကိုလည်း အသားကျလာပြီဖြစ်သည်။

ကံကောင်းသည်မှာ မိစ္ဆာဝေဟင်မျှော်နန်း၏ အလုံးစုံခွန်အားက အတော်လေးအားကောင်းသည်။ ထို့ကြောင့် သူတို့ လမ်းခရီး၌ ရင်ဆိုင်ကြုံတွေ့ရသမျှ အတားအဆီးများကို ကျော်လွှားနိုင်၏။

အသက်… ကြွယ်ဝလှသည့် အသက်ဓာတ်နှလုံးသားများကလည်း မိစ္ဆာဝေဟင်မျှော်နန်း၏ အဖွဲ့သားများအား ခွန်အားအဆပေါင်းများစွာ တိုးလာအောင် ကူညီပေးသည်။

မတည်မြဲခြင်း တိုင်လုံးနှင့် ပေါင်းလိုက်လျှင် သူတို့သည် ကျင့်ကြံရာ၌ ရေထဲရှိငါးများပမာ ဖြစ်နေတော့သည်။

**သုံးလကြာပြီးနောက် မဟာလေဟာနယ်၏ ခန်းမထဲတွင်ဖြစ်သည်**

ကျန့်ဝမ်ရွှီက ရှေ့လျှောက်နောက်လျှောက် လျှောက်နေလေ၏။

ထိုစဉ် အပြင်ဘက်မှ ငွေရောင်ချပ်ဝတ်ဖြင့် အစောင့်တစ်ယောက်သည် ဝင်လာပြီး ပြောလိုက်တော့သည်။

“သခင်၊ ကျန့်သုံ့ရှန်းက အမည်မသိကုန်းမြေကိုသွားပြီး သူ့ကိုပါ အမိန့်ပေးရမလဲ”

“အမည်မသိကုန်းမြေလား”

ကျန့်ဝမ်ရွှီက မျက်မှောင်ကြုတ်မိသွားလေ၏။ “ရွှေကြာနယ်မြေထဲက ကိစ္စကို စုံစမ်းပြီးပြီလား”

“အဲ့ဒီလူက အမည်မသိကုန်းမြေထဲမှာလို့ ပြောတယ်”

ကျန့်ဝမ်ရွှီက ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “မျှခြေမညီမျှမှုက ပိုဆိုးလာပြီ။ မဟာလေဟာနယ်မျိုးစေ့တွေရဲ့ ပိုင်ရှင်တွေက မကြာခင်မှာ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာလိမ့်မယ်။ သူ့ကို နှစ်တစ်ရာပေးမယ်။ သူ အဲ့ဒီလူရဲ့ခေါင်းကို ငါ့ဆီပြန်သယ်လာရမယ်”

“နားလည်ပါပြီ”

ငွေရောင်ချပ်ဝတ် ကျင့်ကြံသူသည် ထိုသို့ပြောပြီးနောက် ခန်းမထဲမှ ထွက်သွားတော့သည်။

ပြီးနောက် နောက်ထပ်လက်အောက်ငယ်သားတစ်ယောက်သည် အထဲသို့ဝင်လာကာ ဦးညွှတ်လျက် ပြောလိုက်သည်။ “သခင်၊ ခန်းမသခင်က တွေ့ချင်နေပါတယ်”

ကျန့်ဝမ်ရွှီက ခေါင်းညိတ်လိုက်၏။ “ဟုတ်ပြီ”

တစ်ခဏအတွင်း ကျန့်ဝမ်ရွှီသည် အထွတ်အမြတ်ခန်းမ အပြင်ဘက်၌ ပေါ်လာ၏။ သူသည် အမှန်တရားချိန်ခွင်ကို တစ်ချက်ကြည့်လိုက်ရာ ချိန်ခွင်သည် တစ်ဖက်သို့ စောင်းကျနေတာ တွေ့လိုက်ရသဖြင့် အံ့ဩသွား၏။ ခဏအကြာ၌ သူ မေးလိုက်တော့သည်။ “ခန်းမသခင်က ကျုပ်ကို ဘာအမိန့်များ ပေးမလို့လဲ”

ခမ်းနားသော ခန်းမထဲမှ အသံတစ်သံ ပျံ့လွင့်လာသည်။

“ဉာဏ်အလင်းတိုင်လုံးက တစ်ခုခုမှားနေတယ်။ မင်းရဲ့ငွေရောင်ချပ်ဝတ်အစောင့်တွေက အတော်လေး အစွမ်းထက်တယ်လို့ကြားတယ်။ သူတို့ကို ငါ့ဆီငှားနိုင်မလား”

ကျန့်ဝမ်ရွှီက ချက်ချင်းပင် သဘောမတူဘဲ မေးလိုက်တော့သည်။ “လူကြီးမင်းအိုးရန်က ဒီကိစ္စကို ဖြေရှင်းသင့်တာမဟုတ်လား”

“သူ အလုပ်များနေတယ်။ ဒါကို ဖြေရှင်းဖို့ အချိန်မရှိဘူး”

ပြီးနောက် ကျန့်ဝမ်ရွှီက ပြုံးလျက် ပြောလိုက်သည်။ “ခန်းမသခင်က ငွေရောင်ချပ်ဝတ်အစောင့်တွေလိုရင် သူတို့က ခန်းမသခင်အတွက် ထမ်းဆောင်ပေးပါလိမ့်မယ်”

“ကောင်းပြီ။ သူတို့ကို ကာကွယ်ဖို့ ဖျက်ဆီးခြင်းတိုင်လုံး ဆယ်ခုဆီလွှတ်လိုက်”

“နားလည်ပါပြီ”

ကျန့်ဝမ်ရွှီက ခေါင်းညိတ်လိုက်၏။ ပြီးနောက် သူက မေးလိုက်တော့သည်။ “ခန်းမသခင်၊ အံ့ဖွယ်သားရဲတွေကို ဘာလို့မလွှတ်တာလဲ။ နယ်မြေကိုးခုထဲမှာ အသန်မာဆုံးလူက မဟာသူတော်စင်ချန်ဖူ။ အံ့ဖွယ်သားရဲတွေရဲ့ နဂါးက နယ်မြေကိုးခုထဲက လူတိုင်းကို ဖြေရှင်းဖို့ လုံလောက်တယ်”

ခဏတာ တိတ်ဆိတ်သွားပြီးနောက် ခန်းမထဲရှိလူက ပြောလိုက်ပြန်၏။ “တာအိုသူတော်စင်ကျန်း…”

“ဟမ်”

“မင်းရဲ့ကိုယ်ခွဲက ရွှေကြာနယ်မြေကို နှစ်ပေါင်းသုံးရာ အုပ်စိုးခဲ့တယ်။ ရလဒ်က ဘာလဲ”

ထိုလူစကားပြောချိန်၌ သူ၏အသံက ညင်သာနေ၏။

ထိုစကားကို ကြားသောအခါ ကျန့်ဝမ်ရွှီက ထိတ်လန့်သွား၏။ သူက ချက်ချင်းပင် ဦးညွှတ်လိုက်သည်။ “ခန်းမသခင်၊ ကျုပ်…”

“ကြောက်လန့်နေဖို့မလိုဘူး။ မင်းကို အပြစ်မတင်ဘူး”

ပြီးနောက် မီးခိုးရောင်ပုံရိပ်သည် ကျန့်ဝမ်ရွှီရှေ့ရှိ လေထဲ သုံးမီတာအကွာ၌ ပေါ်လာ၏။ ထိုလူ၏ မျက်ခုံးတို့က သုံးပေခန့်ရှည်ပြီး သူ၏မျက်လုံးသည် ခြင်္သေ့တစ်ကောင်၏ မျက်လုံးပမာ စူးရှလှပေသည်။ သူက ပြောလိုက်၏။ “မဟာလေဟာနယ် သူတော်စင်… မဟာလေဟာနယ်ရဲ့ သူတော်စင် ဆယ့်နှစ်ပါးမှာ အတွေးကိုယ်စီရှိတယ်ဆိုတာ ဘယ်လိုလုပ်မသိဘဲနေမှာလဲ။ ကျုပ်… ငါက မျက်ကွယ်ပြုထားရုံပဲ”

ကျန့်ဝမ်ရွှီက ခေါင်းညိတ်လျက် ပြောလိုက်သည်။ “ခန်းမသခင်က သဘောထားကြီးမားပေတယ်”

“အထွတ်အမြတ်ခန်းမက လောကကို ထိန်းချုပ်ထားပြီး တခြားခန်းမကိုးခုရေမှာ ငါတို့ရဲ့သိက္ခာကို ထိန်းထားရမယ်။ ရွှေကြာနယ်မြေကို မင်းတောင် အပြည့်အဝ မထိန်းချုပ်နိုင်တာ၊ ဖျက်ဆီးခြင်းတိုင်လုံးထဲ ကျူးကျော်နိုင်တဲ့သူတွေက ဘာနဲ့တူလဲ မင်းမှန်းဆမိလား”

“ကျုပ်နားလည်ပါပြီ”

ကျန့်ဝမ်ရွှီက လေးနက်တည်ကြည်စွာ ပြောလိုက်၏။ “ငွေရောင်ချပ်ဝတ်အစောင့်သုံးထောင်က ဖျက်ဆီးခြင်းတိုင်လုံးတွေရဲ့ ခြိမ်းခြောက်မှုကို သေချာပေါက် ဆောင်ရွက်ပေးပါ့မယ်”

မီးခိုးရောင်ပုံရိပ်သည် ခေါင်းညိတ်ပြီးနောက် မီးခိုးတစ်စပမာ လေထဲ ပျောက်ကွယ်သွားလေ၏။

ပြီးနောက် ကျန့်ဝမ်ရွှီသည် အမှန်တရားချိန်ခွင်ဆီသို့ သွားလိုက်၏။ ချိန်ခွင်သည် ရွှေကြာနယ်မြေရှိရာဘက်ကို စောင်းနေတာမြင်သောအခါ စိုးရိမ်စရာဖြစ်သွားတော့သည်။

ထိုစဉ် ခန်းမထဲမှ အသံတစ်သံ ရုတ်တရက် ပျံ့လွင့်လာသည်။

“ချန်ဖူကို ပြင်းပြင်းထန်ထန် အပြစ်ပေးပြီးပြီ”

ကျန့်ဝမ်ရွှီသည် ထိုစကားကိုကြားသောအခါ ထိတ်လန့်သွား၏။ ပြီးနောက် သူသည် အထွတ်အမြတ်ခန်းမထဲမှ အလျှင်အမြန် ထွက်လာတော့သည်။

သိပ်မကြာမီ၌ ငွေရောင်ချပ်ဝတ်စစ်သည် သုံးထောင်က သင်္ကေတလမ်းကြောင်းထဲဝင်ကာ အမည်မသိ… မောင်းနှင်နေသော အမည်မသိကုန်းမြေဆီ သွားလိုက်၏။

ငွေရောင်ချပ်ဝတ်အစောင့် သုံးထောင်ကို အစောင့် သုံးရာပါသည့် အသင်းဆယ်သင်းအဖြစ်ခွဲပြီး မတူညီသည့် အရပ်မျက်နှာဆယ်ခုဆီ လွှတ်လိုက်သည်။

အမည်မသိကုန်းမြေ၏ ဖင်းတန်တွင်ဖြစ်သည်။

သုံးလတာခရီးနှင်ပြီးနောက် လုကျိုးနှင့် ကျန်သည့်သူများသည် နောက်ဆုံး၌ ဖင်းတန်နား ရောက်လာပြီဖြစ်သည်။

ဓားသမား ၄၉ ယောက်ထဲမှ တစ်ယောက်ဖြစ်သည့် ယွမ်လန်က ထိုနေရာအကြောင်း ပြောစရာအတော်လေးများ၏။ သူက ပြောလိုက်သည်။ “မျှော်နန်းသခင်တို့၊ အဲ့ဒီတုန်းက ဆရာသခင် ချင်နောက်လိုက်ပြီး ဖျင်းတန်ကိုလာဖူးတယ်။ ဒီနေရာမှာ စမ်းသပ်ခြင်း အသက်မြတ်နဲ့ အသက်ဓာတ်နှလုံးသားတွေ တော်တော်များများ ရခဲ့တာ”

လုကျိုးက ခေါင်းညိတ်လိုက်၏။

ယွမ်လန်က ဆက်ပြောသည်။ “အဲ့ဒီတုန်းက ဖျက်ဆီးခြင်းတိုင်လုံးထဲက အရံအတားထဲ တစ်ယောက်မှ မဝင်နိုင်ခဲ့ဘူး။ ဒါကြောင့် လက်ဗလာနဲ့ ပြန်ခဲ့ရတာ”

“မဟာလေဟာနယ်မျိုးစေ့ကို ဘယ်သူမှမရခဲ့ဘူးလား”

“မရဘူး”

ယွမ်လန်က ခေါင်းခါလိုက်၏။

လုကျိုးသည် အစော၌ သူစုဆောင်းခဲ့သော သလင်းကိုးခုအကြောင်း တွေးမိသွားသည်။ မဟာလေဟာနယ်မျိုးစေ့ကို ပိုင်ဆိုင်သည့်သူများသာလျှင် အရံအတားကို ဖြတ်ကျော်နိုင်လျှင် ထိုအပြာရောင်သလင်းကိုးခု မည်သည့်နေရာမှလာသနည်း။ လန်ရှီဟယ်နှင့် ကျန်သည့်သူများက အပြာရောင်သလင်းကိုးခုကို မည်သို့ရလာသနည်း။

ဖျက်ဆီးခြင်းတိုင်လုံး ဆယ်ခုသည် မဟာလေဟာနယ်မျိုးစေ့ ဆယ်စေ့ကို ရည်ညွှန်းပြီး မတူညီသည့် အရည်အသွေး ဆယ်မျိုးရှိ၏။

အရံအတားထဲ ဝင်နိုင်သည့်သူနှင့် မဟာလေဟာ… ထိုစဉ်က မဟာလေဟာနယ်မျိုးစေ့ကို ယူသည့်သူ တူနေသည်လား။ ယခင် မဟာလေဟာနယ်မျိုးစေ့များ၏ ပိုင်ရှင်ပေလား။

လုကျိုးသည် ထိုအကြောင်းကို စဉ်းစားစဉ် သူ၏မျက်လုံးက ဖြတ်ခနဲလင်းလက်သွား၏။ မဟာလေဟာနယ်မျိုးစေ့ကို ပိုင်ဆိုင်ထားသူများက အထွတ်အထိပ်သတ်ရှိများ ဖြစ်လာမည်။ ကျန်သည့်အချိန်ကို မဆိုထားနှင့် နှစ်ပေါင်း တစ်သိန်းအတွင်း၌ မဟာလေဟာနယ်မျိုးစေ့ သုံးဆယ့်သုံး ရင့်မှည့်လာ၏။ ဆိုလိုသည်က မဟာလေဟာနယ်မျိုးစေ့ ၃၀ ရှိသည်။

လုကျိုး၌ ဆယ်ခုရှိပြီး လန်ရှီဟယ်၌ တစ်ခုရှိ၏။ ဆိုလိုသည်က မဟာလေဟာနယ်မျိုးစေ့ ၁၉ ခု ကျန်နေသေးသည်။ လန်ရှီဟယ်ကို ထည့်မတွက်လျှင် မဟာလေဟာနယ်ထဲ၌ အထွတ်အထိပ်တည်ရှိ… အထွတ်အထိပ်သတ်ရှိ ၁၉ ယောက် သို့မဟုတ် အထွတ်အထိပ်သတ်ရှိလောက် ရှိနေသည်ဟု ဆိုလိုသည်လား။

လုကျိုးသည် မျက်မှောင်အနည်းငယ် ကြုတ်မိသွားသည်။ ဤအတိုင်းသာဆိုလျှင် မဟာလေဟာနယ်က အတော်လေးအားကောင်းပေ၏။

ထိုစဉ် ယွီကျန့်ဟိုင်က ပီအန်းပေါ်တွင်ထိုင်ကာ လုကျိုးဆီ ပျံသန်းသွားပြီး မေးလိုက်သည်။ “ရှစ်စွင်း၊ ကျွန်တော်တို့ အဆင်သင့်ဖြစ်ပါပြီ။ အခု ဖျက်ဆီးခြင်းတိုင်လုံးထဲ ဝင်သင့်ပြီလား”

လုကျိုးက ဆုံးဖြတ်ချက်ချရန် အလျင်မလိုဘဲ သူက မေးလိုက်သည်။ “ဖျင်းတန်ရဲ့ ဖျက်ဆီးခြင်းတိုင်လုံးကို စောင့်ကြပ်နေတဲ့ ဖုတ်ကောင်ဘုရင် မရှိဘူးလား”

ယွမ်လန်က ခေါင်းခါပြီး ပြောလိုက်သည်။

"မရှိဘူး။ အရင်တုန်းကဆို မဟာလေဟာနယ်က ဖုတ်ကောင်ဘုရင်ဆယ်ပါးကို ဖျက်ဆီးခြင်းတိုင်လုံးဆယ်ခုကို စောင့်ကြပ်ခိုင်းဖို့ ရည်ရွယ်ခဲ့တာ အမှန်ပဲ။ ဒါပေမဲ့ ကိစ္စတွေက နောက်ပိုင်းမှာ ရှုပ်ထွေးလာတယ်။ ဥပမာအနေနဲ့ ရွှေကြာနယ်မြေက ယွီကျုံးက ထျန်းဝူနဲ့ အရှင်ကျန်းနန်ရဲ့ နေရာဖြစ်လာပြီးတဲ့နောက် ယွီကျုံးမှာ ဖုတ်ကောင်ဘုရင် မရှိတော့ဘူး။ ဖင်းတန်မှာတော့ ဖုတ်ကောင်ဘုရင်မရှိရုံတင်မကဘူး၊ သားရဲဧကရာဇ်လည်း မရှိဘူး။"

ဆိုလိုသည်ကား ဖင်းတန်သည် အတော်လေး ဘေးကင်းလုံခြုံပေ၏။

"ဟုတ်ပြီ"

လုကျိုးက ထရပ်လျက် သူတို့အဖွဲ့ကို ဖျက်ဆီးခြင်းတိုင်လုံးဆီသို့ ဦးဆောင်သွားသည်။

ကောင်းကင်ထဲတွင် အနက်ရောင်မြူများ ရှိနေလေ၏။ မျှခြေမညီမျှမှုကြောင့် ကြမ်းတမ်းခက်ထန်သားရဲအရေအတွက် တိုးလာသည်။

လူဝူက မိုးကြိုးပစ်သံကဲ့သို့ ဟိန်းသံကို ပြုမူလိုက်ရာ ဝိညာဉ်နယ်ရှိ သားရဲပျံများကို ကြောက်လန့်ပြီး ထွက်ပြေးသွားစေ၏။

လုကျိုးနှင့် ကျန်သည့်သူများသည် ဖျက်ဆီးခြင်းတိုင်လုံးနား ကပ်လာချိန်၌ အဝေးကနေ ပုံရိပ်တစ်ခု ရုတ်တရက်ပေါ်လာ၏။

ခုံဝမ်က သူတို့ကို အလျင်စလို သတိပေးလိုက်သည်။ "ဂရုစိုက်"

မိစ္ဆာဝေဟင်မျှော်နန်းအဖွဲ့သားတို့သည် ပျံသန်းတာ ရပ်တန့်လျက် လေထဲ ဝဲနေလိုက်သည်။

ထိုစဉ် ပုံရိပ်က လှမ်းအော်လာ၏။ "အားလုံးပဲ ဂရုစိုက်ကြပါ။ မြေအောက်မှာ ကြမ်းတမ်းခက်ထန်သားရဲတွေ ပုန်းနေတယ်"

မိစ္ဆာဝေဟင်မျှော်နန်းကိုင်သားများသည် အလိုလိုပင် ခေါင်းငုံ့ကြည့်လိုက်သည်။

ထင်သည့်အတိုင်းပင် မြေပြင်က စတင်လှုပ်ခါလာ၏။

"ဖုန်း…"

ပြီးနောက် နှိုင်းယှဉ်မရအောင်ကြီးမားသည့် ဧရာမ ကင်းခြေများကြီးတစ်ကောင်က မြေကြီးထဲမှ ထွက်ပေါ်လာသည်။ ထိုပုံရိပ်၏ တုံ့ပြန်မှုက မြန်ဆန်၏။ ၎င်းသည် ဧရာမကင်းခြေများဆီ ပျံသန်းသွားလျက် ပုံရိပ်ရောင်များ ခြံရံခဲ့သည်။

"ဘန်း… ဘန်း… ဘန်း…"

ထိုပုံရိပ်သည် ရွှေရောင်စည်းတံဆိပ်များအပြည့် ထုတ်လွှင့်ပြီးနောက် ကင်းမြီးကောက်ကို အပိုင်းပိုင်း ပိုင်းဖြတ်လိုက်၏။

မိစ္ဆာဝေဟင်မျှော်နန်းအဖွဲ့သားများသည် မလှုပ်ရှားဘဲ အဝေးကနေ ကြည့်နေသည်။

ကင်းမြီးကောက် နောက်ဆုံး၌ ပြုတ်ကျသွားသောအခါ ပုံရိပ်သည် ၎င်း၏ အသက်ဓာတ်နှလုံးသားကို ယူပြီး ပြောလိုက်တော့သည်။ "ဒီတော့ မင်းက သားရဲဘုရင်ပဲ။ မင်းကို လျှော့တွက်ခဲ့မိတယ်"

လုကျိုးသည် ထိုလူ၏ လေသံကိုကြားသောအခါ မျက်မှောင်အနည်းငယ် ကြုတ်မိသွား၏။ သူ့ရှေ့ရှိလူသည် ရွှေရောင်စွမ်းအင်ရှိနေလျှင်တောင် သူကဲ့သို့ တာ့ယန်မှ ဖြစ်ပုံမပေါ်ပေ။

ထိုစဉ် ယွီကျန့်ဟိုင်က ဓားမော့မြှောက်လျက် မေးလိုက်သည်။ "ခင်ဗျားက ဘယ်သူလဲ"

ထိုပုံရိပ်က အပြုံးတစ်ပွင့်ဖြင့် ပြန်ဖြေလေ၏။ "ကျုပ်က ကျန့်သုံ့ရှန်း။ မင်းကို ဘယ်လိုခေါ်ရမလဲ"

ကျန့်သုံ့ရှန်းက ခေါင်းမော့လိုက်ချိန်တွင် အနည်းငယ် မောဟိုက်နေသော်လည်း လူတိုင်းသည် သူ့၏မျက်နှာကို ရှင်းရှင်းလင်းလင်း တွေ့လိုက်ရ၏။ သူသည် လူငယ်တစ်ယောက်ဖြစ်ပြီး မျက်နှာသွင်ပြင်က ရှင်းလင်းပြီး ကြည့်ကောင်းသည်။ လည်ပင်းနားတစ်ဝိုက်၌ ပဝါကို ပတ်ထားလေသည်။ သူက အမည်မသိကုန်းမြေထဲ၌ အချိန်အတော်ကြာ ရှိခဲ့ဟန်တူသည်။ သူ့တစ်ကိုယ်လုံး ဖုန်များ ပေနေလေ၏။

ယွီကျန့်ဟိုင်က ပြောလိုက်သည်။ “ကျုပ်နာမည်ကို မေ့ထားလိုက်၊ ခင်ဗျားလမ်း ဆက်သွားလို့ရပြီ။ ပြီးတော့ ကျုပ်တို့လမ်း ဆက်သွားမယ်။ နှုတ်ဆက်ပါတယ်”

“နေပါအုံး” ကျန့်သုံ့ရှန်းက ခေါ်လိုက်သည်။

…

အခန်း (၁၄၃၄) ခြိမ်းခြောက်မှုကြီး

“ဘာကိစ္စလဲ” မိစ္ဆာဝေဟင်မျှော်နန်း၏ ပထမတပည့်ကြီးအနေဖြင့် ယွီကျန့်ဟိုင်က သဘာဝအတိုင်း သတိဝီရိယရှိလှသည်။

ကျန့်သုံ့ရှန်းက အပြုံးဖြင့် ပြောလိုက်၏။

“ရန်လိုနေစရာမလိုပါဘူး။ အမည်မသိကုန်းမြေက အန္တရာယ်များတယ်ဆိုပေမဲ့ တွေ့သမျှလူတိုင်းက ရန်သူ မဟုတ်ပါဘူး”

“ဟမ်” ယွီကျန့်ဟိုင်က သူ့ရှေ့တွင်ရှိနေသည့်လူကို လေ့လာအကဲခတ်လိုက်သည်။

ယခင်သုံးလအတွင်း ယွီကျန့်ဟိုင်က သူ့၁၄ခုမြောက် မွေးဖွားဇယားချပ်ကို အသက်သွင်းထားနိုင်ခဲ့ပြီ ဖြစ်၏။ တစ်ဖက်သူက မရိုးရှင်းကြောင်း ပြောနိုင်လေသည်။

ကျန့်သုံ့ရှန်း၏ အကြည့်က မိစ္ဆာဝေဟင်မျှော်နန်း၏ တခြားသူများဆီ ရောက်ရှိသွားပြီး မေးလိုက်သည်။

“ခင်ဗျားတို့အားလုံးက ဖျက်ဆီးခြင်းတိုင်လုံးဆီ ဝင်လာတာလား”

ယွီကျန့်ဟိုင်က ပြန်လည်ချေပလိုက်သည်။

“အဲဒါက ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ”

“…”

ယွမ်လန်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။

“မျှော်နန်းသခင်လုရဲ့ တပည့်ဆိုတဲ့အတိုင်းပဲ သူ့လေသံက တကယ်ကို ထိမိတယ်”

ယွမ်လန်က လုကျိုးနှင့် ပထမဆုံးတွေ့ဆုံစဉ်အချိန်ကို ပြန်လည်အမှတ်ရသွားပြီး သူသည် အဘယ်ကြောင့် ရိုက်နှက်ခံရကြောင်း သဘောပေါက်သွားလေ၏။ သူက တစ်ဖက်သူသည် ပိုမိုနည်းဗျူဟာရှိဖို့ ဆုတောင်းနေမိသည်။ ခဏအကြာတွင် သူက အချိန်အတော်ကြာမြင့်ပြီးသည့်နောက်တွင် သူက မိစ္ဆာဝေဟင်မျှော်နန်း၏ ဆရာနှင့် တပည့်ဆယ်ဦး၏ သဘောထားကို ကောင်းကောင်းနားလည်သွားလေသည်။ သူတို့က စိတ်ထဲမထားဟန်ထင်ရသော်လည်း အားလုံးက ကိုယ်ပိုင်သဘောထား ရှိတတ်ကြလေသည်။ လူတစ်ယောက်က သူတို့၏ အောက်ခြေစည်းမျဉ်းကို မကျော်သရွေ့ အရာအားလုံးက အဆင်ပြေနေလိမ့်မည်။

ကျန့်သုံ့ရှန်းက ဒေါသမထွက်ပေ။ ထိုအစားက သူက ပြောလိုက်၏။

“အရင်က ရှစ်တိကဲလို့ခေါ်ခဲ့တဲ့ ဖင်းတန်က ထိုက်စွေ့ရဲ့ မွေးရပ်မြေပဲ။ ကုန်းမြေတွေပိုင်းခြားသွားပြီးတော့ ဖျက်ဆီးခြင်းတိုင်လုံး ပေါ်ထွက်လာပြီးတဲ့နောက်မှာ ထိုက်စွေ့က တိုင်လုံးရဲ့ အစောင့်အရှောက်ဖြစ်လာတယ်လို့ ပြောကြတယ်။ တိုင်လုံးကို ရိုးရိုးရှင်းရှင်း မချဉ်းကပ်တာက အကောင်းဆုံးပဲ။ တကယ်လို့ ခင်ဗျားတို့ ဂရုမစိုက်ဘူးဆိုရင် သူ့စိတ်ကို ရန်စမိတာနဲ့ အဆုံးသတ်သွားလိမ့်မယ်”

“မင်းက ဘာလို့ အဲ့လိုပြောတာလဲ” လုကျိုးက မေးလိုက်သည်။

ကျန့်သုံ့ရှန်းက လုကျိုးကို ကြည့်ကာ ပြောလိုက်၏။

“ထိုက်စွေ့နဲ့ တွေ့တဲ့အခါမှာ ဘာမှမလုပ်ခဲ့ရင်တောင် ကပ်ဘေးနဲ့ တွေ့ဆုံရလိမ့်မယ်တဲ့။ ထိုက်စွေ့က တကယ်ကို ကပ်ဘေးပဲ”

“အဲဒါက ချဲ့ထွင်ပြောနေတာ မဟုတ်ဘူးလား” ရှောင်ယွမ်အာက မေးလိုက်သည်။

ကျန့်သုံ့ရှန်းက ပြန်ဖြေလိုက်၏။

“ကျုပ်က ဖင်းတန်မှာ ရှိနေတာ အတော်လေးကြာပြီ။ တစ်လျှောက်လုံးမှာ ခက်ထန်သားရဲတွေကို သတ်ပြီးတော့ ဆေးပင်တွေအများကြီးကို စုဆောင်းခဲ့တယ်။ ကျုပ် ကျင့်ကြံသူတွေနဲ့ တွေ့တဲ့အချိန်တိုင်း အဲဒီကိစ္စကို သတိပေးလေ့ရှိတယ်။ ခင်ဗျားတို့ ယုံတာ၊ မယုံတာကတော့ သဘောပေါ့”

အားလုံးက ကျန့်သုံ့ရှန်းကို လေ့လာအကဲခတ်လိုက်ကြသည်။

ထိုစဉ် ယွမ်လန်က လုကျိုးအနောက် ရောက်လာကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။

“ကျွန်တော် အခု မှတ်မိသွားပြီ။ ဆရာသခင်ချင်ကလည်း ဒီဖင်းတန်မှာရှိတဲ့ ဖျက်ဆီးခြင်းတိုင်လုံးက ထူးဆန်းတယ်လို့ ပြောလိုက်တယ်”

လုကျိုးက ကျန့်သုံ့ရှန်းကို ကြည့်ကာ မေးလိုက်သည်။

“ရှောင်ရှားနိုင်တဲ့ နည်းလမ်းရှိလား”

ကျန့်သုံ့ရှန်းက လုကျိုး၏ စကားကြောင့် အနည်းငယ် အံ့အားသင့်သွားလေ၏။ သူ့အနေဖြင့် တစ်ဖက်သူက ကွေ့ပတ်သွားရန်၊ သို့မဟုတ် ထိပ်တိုက်တွေ့ရန် ရွေးချယ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့မိ၏။ သူက ဖြေရှင်းနည်း တောင်းဆိုလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိပေ။ ခေတ္တမျှ ကြာမြင့်ပြီးသည့်နောက်တွင် သူက ပြောလိုက်၏။

“ဖျက်ဆီးခြင်းတိုင်လုံးကို နီးကပ်နိုင်တဲ့သူ သုံးမျိုးပဲ ရှိတယ်။ ပထမတစ်ခုက တိုင်လုံးကနေ အသိအမှတ်ပြုခံရတဲ့သူ။ ဒုတိယက အထွတ်အထိပ်သက်ရှိ။ တတိယကတော့ သူတို့တွေ တည်ရှိမယ်လို့ မထင်ဘူး”

“တတိယက ဘာများလဲ” ရှောင်ယွမ်အာက သိချင်စွာ မေးလိုက်သည်။

“မိုးမြေရဲ့ အချုပ်အနှောင်တွေကနေ ကန့်သတ်မခံထားရတဲ့သူ” ကျန့်သုံ့ရှန်းက လက်ကိုဝှေ့ယမ်းကာ ပြောလိုက်သည်။

“မိုးမြေရဲ့ အတားအဆီးကနေ လွတ်မြောက်နေတဲ့သူဆိုတာ မရှိဘူး။ အဲဒါကြောင့် တတိယအမျိုးအစားက မရှိဘူးလို့ ထင်တယ်”

“သူတို့က မရှိမှတော့ သုံးမျိုးရှိတယ်လို့ ဘာလို့များပြောနေလဲ။ သူတို့က မတည်ရှိဘူးဆိုရင် သူတို့က တိုင်လုံးအနီးကပ်နိုင်တယ်ဆိုတာ ဘယ်လိုလုပ်သိလဲ” ရှောင်ယွမ်အာက မျက်တောင်ခတ်ရင်း မေးလိုက်သည်။

“…”

ဒီကောင်မလေးက ဘယ်တုန်းက ဉာဏ်ထက်လာပါလိမ့်…

ထိုအရာက လူအားလုံး မေးချင်နေသည့် မေးခွန်းသာဖြစ်၏။

ကျန့်သုံ့ရှန်းက ပုခုံးတွန့်ကာ ပြောလိုက်သည်။

“ကျုပ်လည်း တခြားသူတွေဆီက ကြားဖူးတာ”

“တကယ်ကို ပျင်းရိစရာပဲ။ အဲဒါဆိုတော့ ကောလာဟလကိုး”

ရှောင်ယွမ်အာက ရေရွတ်လိုက်သည်။

လုကျိုးက ကျန့်သုံ့ရှန်းကို အာရုံမစိုက်တော့ပေ။ ထိုအစား သူက ဦးဆောင်ကာ ရှေ့သို့ တိုးဝင်သွားလိုက်သည်။

သူတို့က ဖျက်ဆီးခြင်းတိုင်လုံးနှင့် နီးကပ်လာသည့်အခါ တိုင်လုံးမှ အနက်ရောင်မြူများက ထွက်ပေါ်လာလေ၏။

“နောက်ဆုတ်ကြ”

လုကျိုးက အမိန့်ပေးလိုက်သည်။

“အနက်ရောင်မြူများက အလျင်အမြန် ပျံ့နှံ့လာပြီး ပန်းပွင့်၊ အပင်နှင့် သစ်ပင်များကို အလျင်အမြန် ဖယ်ပစ်နေသည်။

“အဆိပ်ငွေ့လား” ယွမ်လန်က တအံ့တဩရေရွတ်လိုက်သည်။

“အဲဒါက အဆိပ်ငွေ့ မဟုတ်ဘူး။ ထိုက်စွေ့ရဲ့ ကျိန်စာပဲ။ ကျုပ်တို့တွေ မချဉ်းကပ်သရွေ့ ထွက်လာမှာ မဟုတ်ဘူး။ ကြည့်လိုက် အခုရပ်သွားပြီလေ” ကျန့်သုံ့ရှန်းက အဝင်ဝကို လက်ညှိုးထိုးရင်း ပြောပြလိုက်သည်။

အနက်ရောင်မြူခိုးများက အဝင်ဝ၌ ရပ်တန့်သွားလေ၏။

“အခုတော့ ကျုပ်စကားကို ယုံပြီမလား” ကျန့်သုံ့ရှန်းက မေးလိုက်သည်။

လုကျိုးက နတ်ခြင်္သေ့ကျောပေါ် ဆက်လက်တက်လှမ်းလိုက်သည်။ ထင်ထားသည့်အတိုင်း သူ ချဉ်းကပ်လာသည့်အခါ အနက်ရောင်မြူခိုးများက စတင်ထွက်ပေါ်လာသည်။ သို့သော်လည်း မြူခိုးများက သူ့ဆီ ချဉ်းကပ်လာသည့်အခါ နတ်ခြင်္သေ့၏ ကောင်းချီမင်္ဂလာချီကြောင့် ချက်ချင်း ရှင်းထုတ်ခံလိုက်ရသည်။ အံ့ဖွယ်အမှတ်အသားဝတ်ရုံက အနည်းငယ်တောက်ပလာပြီး အနက်ရောင်မြူခိုးများကို ဖယ်ရှားပေးနေလေ၏။ ထို့အပြင် သူက သူ့ကို အဆိပ်အားလုံးက ကင်းဝေးစေနိုင်သည့် ခရမ်းရောင်တောက်ပသံကျောက်လည်း ရှိနေသေးသည်။ ယနေ့ သုံးခုက သူ့ကို ကောင်းမွန်စွာ ကာကွယ်ထားလေ၏။

“အဲဒါဆိုတော့ ခင်ဗျားက ပါရမီရှင်ကိုး” ကျန့်သုံ့ရှန်းက ပြောလိုက်သည်။

ရှောင်ယွမ်အာက မျက်လုံးဝှေ့ကာ ပြောလိုက်၏။

“သိပြီးသားအချက်ကို ဘာလို့များ ပြောနေသေးတာလဲ”

လုကျိုးက ဖျက်ဆီးခြင်းတိုင်လုံးထဲကို မဝင်ရောက်ခဲ့ပေ။ သူ့အတွက် ဝင်ရောက်ခြင်းက အသုံးမဝင်ပေ။ ဝင်ရောက်ဖို့လိုအပ်နေသည့်သူများက သူ့တပည့်များသာ ဖြစ်၏။ အကယ်၍ အနက်ရောင်မြူခိုးများက သူ့တပည့်များအတွက် အဆိပ်ရှိသည်လားဟု စဉ်းစားနေမိသည်။

ကျန့်သုံ့ရှန်းက ထပ်ပြီး ပြောလိုက်သည်။

“ခင်ဗျားတို့တွေ အနီးကပ်သွားလေလေ ပိုပြီး အန္တရာယ်များလာလေလေပဲ”

ထိုစဉ် ကောင်းကင်ယံ၌ ဖြတ်သန်းသွားသည့် သားရဲပျံက ကောင်းကင်ယံထဲ ခပ်နိမ့်နိမ့် ပျံသန်းသွားလေသည်။ ကောင်းကင်ယံကိုလည်း ထိတွေ့သွားသည့်အခါ မြေကြီးပေါ် ဘုန်းခနဲ ပြုတ်ကျလာလေ၏။

ရှောင်ယွမ်အာက နောက်ဆုတ်ကာ မေးလိုက်သည်။

“အဲဒါဆိုတော့ တပည့်တို့တွေ ဘယ်လိုဝင်မှာလဲ”

ထူးထူးဆန်းဆန်း အနက်ရောင်မြူခိုးက အဆိပ်ငွေ့နှင့် တူသော်လည်း လမ်းကြောင်းတွင် ရှိသမျှအရာအားလုံးကို အလျင်အမြန် ဝိရိန်ခြွေပစ်နိုင်သည်။

မိစ္ဆာဝေဟင်မျှော်နန်းမှ လူများကလည်း နောက်ဆုတ်လိုက်ကြ၏။

ယွမ်လန်က ပြောလိုက်သည်။

“ထူးဆန်းတယ်။ ဆရာသခင်ချင်နဲ့ ကျုပ် ဒီရောက်တုန်းကတော့ အဲ့လိုမျိုး မရှိခဲ့ဘူး”

လုကျိုးက လှည့်ကာ မေးလိုက်သည်။

“အရင်က ဒီလိုမျိုး မဟုတ်ဘူးလား”

“ဟုတ်တယ်”

ထိုကိစ္စနှင့် ပတ်သက်ပြီး ဘာမှထပ်မပြောတော့ဘဲ ကျန့်သုံ့ရှန်းက ထပ်ပြောလိုက်ပြန်သည်။

“အဲဒါက မျှခြေမညီမျှမှုကြောင့်ပဲ။ ဖျက်ဆီးခြင်းတိုင်လုံးရဲ့ ဖိအားက ကျိန်စာကို ပိုပြီးအားကောင်းလာစေတာ”

“ကျိန်စာက ကံဆိုးမှုပုံစံပဲ မဟုတ်ဘူးလား” ရှောင်ယွမ်အာက မေးလိုက်သည်။

“မယုံတာထက်တော့ ယုံတာ ပိုကောင်းတယ်လေ”

အားလုံးက အနက်ရောင်မြူခိုးများကို သတိထားကာ ကြည့်လိုက်ကြသည်။

လုကျိုးက လေထဲဝဲပျံပြီး အခြေအနေကို ဆက်လက် အကဲခတ်နေလေ၏။ အဆိပ်မြူခိုးများက သူ့အပေါ် သက်ရောက်မှု မရှိသည့်အတွက် သူက အခြေအနေကို သွားရောက်စစ်ဆေးကြည့်သင့်သည်။

လုကျိုးက ဆင်းသက်တော့မည့်ဆဲဆဲတွင် ပုံရိပ် ငါးခုက လေထဲပေါ်ထွက်လာ၏။ သူတို့အားလုံးက ငွေရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး ပုဆိန်လှံရှည်ကို ကိုင်ဆွဲထားကာ မသေမျိုးစစ်သည်တော်များနှင့် တူနေသည်။

“ဖျက်ဆီးခြင်းတိုင်လုံးနားကို ချဉ်းကပ်ရဲတယ်လား”

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့ကလည်း အလျင်အမြန် နောက်ဆုတ်လိုက်ကြသည်။

မိစ္ဆာဝေဟင်မျှော်နန်းမှ တခြားသောသူများကလည်း ကောင်းမွန်စွာ လေ့ကျင့်ထားသည့်အတွက် အဖက်ဖက်သို့ အလျင်အမြန် နောက်ဆုတ်လိုက်ကြ၏။

လုဝူက ကျောကို မတ်မတ်ထားကာ လေထဲတွင် ပေါ်ထွက်လာသည့် ပုံရိပ်ငါးခုကို ဒေါသတကြီးဖြင့် ကြည့်လိုက်သည်။

“သူတို့က မဟာလေဟာနယ်ကပဲ” ယွီကျန့်ဟိုင်က ပြောလိုက်သည်။

လုဝူ၏ ခေါင်းအထက်တွင် မတ်တတ်ရပ်နေသည့် တွမ့်မူရှန်းက ထိုငွေရောင်ချပ်ဝတ် အစောင့်အကြပ်များကို ကြည့်ကာ ပြောလိုက်သည်။

“ထပ်ပြီးတော့ သူတို့ပဲ”

ထိုငွေရောင်ချပ်ဝတ် အစောင့်အကြပ်ငါးယောက်က မိစ္ဆာဝေဟင်မျှော်နန်းမှ လူများကိုကြည့်ပြီး သူတို့၏ ပုဆိန်လှံရှည်ကို ပြိုင်တူဆွဲထုတ်လိုက်ကြသည်။

ဝှစ် ဝှစ် ဝှစ်

ပုဆိန်လှံရှည်ဖျားအထက်တွင် အနက်ရောင်အလင်းတန်းက ပေါ်ထွက်လာပြီး အလင်းငါးခု ထွက်ပေါ်လာသည်။

ကျန့်သုံ့ရှန်း၏ ပုံရိပ်က ဖျတ်ခနဲ ပေါ်ထွက်လာကာ ပြောလိုက်သည်။

“ရှောင်ကြ”

ကျန့်သုံ့ရှန်း၏ တုံ့ပြန်မှုက အတော်လေး မြန်ဆန်လှသည်။

မွေးဖွားဇယားချပ်နှစ်ဆယ် ရှိထားသည့် ရွှေရောင်ကြယ်တာရာဒိုင်ခွက်အထက် ထွက်ပေါ်လာပြီး တိုက်ကွက်အားလုံးကို တားဆီးထားလေ၏။

ထို့နောက် ကျန့်သုံ့ရှန်းက လှည့်ကာ ပြောလိုက်သည်။

“မင်းတို့အားလုံး နောက်ဆုတ်ကြတော့” ယွီကျန့်ဟိုင်က ပြောလိုက်သည်။

“ကျုပ်တို့ကို ဘာလို့ ကူညီပေးနေတာလဲ”

“ငါက ရွှေကြာနယ်မြေကမလို့ပဲ” ကျန့်သုံ့ရှန်းက ပြုံးကာ ပြောလိုက်၏။ ထို့နောက် သူက ဥက္ကာပျံတစ်စင်းအလား ပြောင်းလဲသွားကာ ငွေရောင်ချပ်ဝတ်ကျင့်ကြံသူ ငါးယောက်ဆီ ပြေးဝင်သွားလေသည်။

ယွီကျန့်ဟိုင်က သူ့နဂါးသွဲ့ကျောက်ဓားကို ဆွဲကာ ပြောလိုက်သည်။

“ရှစ်စွင်း ကျွန်တော် အခုချက်ချင်း ပြန်ခဲ့ပါ့မယ်”

လုကျိုး၏ တုံ့ပြန်မှုကို မစောင့်ဘဲ ယွီကျန့်ဟိုင်က ပြေးထွက်သွားလေသည်။

ထိုအရာကို မြင်ကာ မင်ရှစ်ရင်က ပြောလိုက်၏။

“ရှစ်စွင်း ဒေါသမထွက်ပါနဲ့။ တာ့ရှစ်ရှိုးက အမြဲတမ်း ဒီလို အလျင်လိုနေကြပဲ မဟုတ်ဘူးလား။ သူ ပြန်လာတဲ့အခါ ရှစ်စွင်းကိုယ်စား ကျွန်တော် ပြောလိုက်ပါ့မယ်”

အားလုံးက မင်ရှစ်ရင်ကို လှည့်ကြည့်လိုက်ကြသည်။

မင်းက ဒီလိုအရာမျိုးကို လုပ်ရဲလို့လား…

လုကျိုးက ငွေရောင်ချပ်ဝတ်ကျင့်ကြံသူများကို မတိုက်ခိုက်ခဲ့ပေ။ သူက မြေပြင်ပေါ်တွင်ရှိနေသည့် မူမမှန်မှုက ငွေရောင်ချပ်ဝတ်ကျင့်ကြံသူများထက် ပိုမိုကြီးမားသည့် ခြိမ်းခြောက်မှုဖြစ်ကြောင်း ခံစားမိလေ၏။ သူက တိတ်တဆိတ်ဖြင့် ကောင်းကင်ကျမ်းစွမ်းအားအတွက် မန္တန်ကို ရွတ်ဖတ်ပြီး ငုံ့ကြည့်လိုက်သည်။

...

All Chapters