← Chapters

အခန်း (၁၄၃၅-၁၄၃၇)

Vol. 96 Ch. 1435-1437

အခန်း (၁၄၃၅-၁၄၃၇)

Vol. 96 Ch. 1435-1437

အခန်း (၁၄၃၅ ) သူရဲကောင်းတွေက သူရဲကောင်းတွေကို တန်ဖိုးထား

အကြားနှင့် အနံ့ခံစွမ်းအားကို ရွတ်ဆိုပြီးနောက် သူ၏ပတ်ဝန်းကျင်ကို အာရုံခံလိုက်သည်။ ကျယ်ပြန့်လှသော ကုန်းမြေနယ်တွင် သက်ရှိမရှိသည့်အချက်က ဤနေရာသည် အမှန်တကယ် ကျိန်စာသင့်နေသလားဟု သူ့ကိုတွေးမိသွားစေ၏။

“ဘန်း…”

နောက်ထပ်ထူးဆန်းသော လှုပ်ရှားမှုက အောက်မှပေါ်ထွက်လာသည်။

“အားလုံးနောက်ဆုတ်ကြ”

မိစ္ဆာဝေဟင်မျှော်နန်း၏ အဖွဲ့သားများသည် အမိန့်ကို လိုက်နာပြီး မီတာတစ်ထောင် ဆုတ်ခွာကြလေ၏။

တစ်ချိန်တည်းတွင် ဓားသမား ၄၉ ယောက်သည် စွမ်းအင်ဓားများကို ဖွဲ့တည်လျက် အခင်းအကျင်းထဲ ဝင်လိုက်သည်။

ယခုအခေါက်တွင် ယွီရှန်းရုန်က သူ၏ တာ့ရှစ်ရှိုးနှင့် ယှဉ်ပြိုင်ရန် စိတ်စောနေခြင်းမရှိဘဲ လုဝူ၊ ချင်နိုင်ဟယ်တို့နှင့် ပူးပေါင်းကာ ခုခံကာကွယ်ရန် အာရုံစိုက်နေ၏။ ယခုအချိန်တွင် မည်မျှတိတ်ဆိတ်နေစေကာမူ ဂရုစိုက်တာ အကောင်းဆုံးဖြစ်သည်။

ငွေရောင်ချပ်ဝတ်ဖြင့် အစောင့်က သူ၏ စစ်ပုဆိန်ကို ဆွဲထုတ်လိုက်သည်။ ပုံရိပ်နှစ်ခု တစ်ဟုန်ထိုးတက်လာတာကို မြင်သောအခါ အလင်းတန်းငါးခု ပစ်ထုတ်လိုက်၏။

“ဘန်း… ဘန်း…”

အနက်ရောင်အလင်းတန်းသည် ဧရာမအလင်းတန်းအသွင် ပေါင်းစည်းလျက် ဝင်လာသည့် လူနှစ်ယောက်ဆီ တိုးဝင်သွားတော့သည်။

ယွီကျန့်ဟိုင်က ပိအန်း၏ကျောပေါ် အသာလေးနင်းလျက် လေထဲ ပျံတက်သွား၏။ သူက လက်နှစ်ဖက်ဖြင့် ဓားမော့ကို ကိုင်လျက် လွှဲယမ်းချလိုက်သည်။

“ဘန်း…”

အနက်ရောင်အလင်းတန်းက အစွမ်းထက်လွန်းသဖြင့် ယွီကျန့်ဟိုင်ကို နောက်သို့ လွင့်ထွက်သွားစေသည်။ သူသည် တိုက်ခိုက်ရာ၌ အတွေ့အကြုံရှိပြီးဖြစ်သောကြောင့် လေထဲတစ်ပတ်လည်ကာ အလွယ်တကူ ထိန်းနိုင်လေ၏။

ပိအန်းက ရှေ့သို့ လျင်မြန်စွာ ပျံသန်းသွားလျက် ယွီကျန့်ဟိုင်ကို ဖမ်းကာ အနက်ရောင်အလင်းတန်းကို ရှောင်လိုက်သည်။

ဆိုရလျှင် ကျန့်သုံ့ရှန်း၏ ကျင့်ကြံမှုက နက်နဲလှပေသည်။ သူ၏ကြယ်တာရာဒိုင်ခွက်ကို မြှောက်ကိုင်လျက် အနက်ရောင်အလင်းတန်းကို ထိန်းထားကာ ၎င်း၏ဖိအားကို တောင့်ခံနေပြီးနောက် မွေးဖွားဇယားချပ်စွမ်းအားကို ထုတ်ဖော်နေသည်။

“ဘန်းဘန်းဘန်း…”

ရွှေရောင်အလင်းတန်းသည် အနက်ရောင်အလင်းတန်းကို ထိုးဖောက်သွားပြီး ငွေရောင်အစောင့်များကို တွန်းထုတ်လိုက်၏။

“ဆရာသခင်လား”

ငွေရောင်ချပ်ဝတ်အစောင့်များသည် ကျန့်သုံ့ရှန်း၏ခွန်အားကို အာရုံခံမိသည်။ သူတို့ငါးယောက်က အကြည့်ချင်း ဖလှယ်ပြီးနောက် လျင်မြန်စွာ စုဝေးလိုက်သည်။ နှစ်ယောက်က ရှေ့တွင်ရပ်ကာ ကျန်သုံးယောက်က နောက်တွင်ရပ်လေ၏။ သူတို့၏ ငွေရောင်ချပ်ဝတ်က တောက်ပနေကာ သူတို့ စိတ်ဝိညာဉ်သဏ္ဌာန်များကို ဖွဲ့တည်လိုက်သည်။

“ဘီ…”

လူငါးယောက်၏ စိတ်ဝိညာဉ်သဏ္ဌာန်က ဆရာသခင်တစ်ပါး၏ စိတ်ဝိညာဉ်သဏ္ဌာန်အဖြစ် လေထဲ၌ ခမ်းနားစွာ ရှိနေသည်။

“ဒီလောက်သန်မာတယ်လား”

ယွီကျန့်ဟိုင်က မျက်မှောင်ကြုတ်မိသွား၏။ သူက အန္တရာယ်ကိုရှောင်လျက် ခပ်နိမ့်နိမ့် ပျံသန်းလိုက်သည်။

“အားနည်းတဲ့သူကို အရင်သတ်”

စိတ်ဝိညာဉ်သဏ္ဌာန်ငါးခုသည် စွမ်းအင်စည်းတံဆိပ်များဖြင့် ရှေ့သို့တက်သွားကာ ယွီကျန့်ဟိုင်ကို တိုက်ခိုက်ကြလေ၏။

လုကျိုးသည် ယင်းကိုမြင်သောအခါ မျက်မှောင်ကြုတ်မိသွားသည်။ သူက ယွီကျန့်ဟိုင်ကို ကယ်တင်တော့မည့်အချိန်တွင် ကျန့်သုံ့ရှန်းက ကြယ်တာရာဒိုင်ခွက်ကို ဖြန့်ကျက်လျက် သုံးကီလိုမီတာအကွာအဝေးကို လွှမ်းခြုံလိုက်သည်။

ကျန့်သုံ့ရှန်းသည် သူ၏ကြယ်တာရာဒိုင်ခွက်ကို ကိုင်ထားကာ နောက်ဆုတ်ရမည့်အစား ရှေ့တိုးသွားလေ၏။

“ဖုန်း…”

ပေါက်ကွဲသံတစ်သံ ပေါ်ထွက်လာပြီးနောက် မြေပြိုလာတော့သည်။

ကြယ်တာရာဒိုင်ခွက်သည် ငွေရောင်ချပ်ဝတ်အစောင့်ငါးယောက်နှင့် တိုက်မိသွားပြီး ရှေ့သို့ ဆက်တိုးသွား၏။

“သူတကယ် အစွမ်းထက်တာပဲ”

ယန်ကျန်းလော့က ပြောချိန်တွင် ချီးကျူးမှုများ ပြည့်နှက်နေလေ၏။

“သူက သာမန်ရွှေကြာကျင့်ကြံသူတစ်ယောက် မဟုတ်ဘူး။ ဘယ်အချိန်ကစပြီး ရွှေကြာနယ်မြေက ဒီလောက်အစွမ်းထက်တဲ့ ကျင့်ကြံသူတစ်ယောက် ရှိသွားတာလဲ”

“ဟုတ်တယ်။ သူက မွေးဖွားဇယားချပ် အခု ၂၀ ရှိတဲ့ ဆရာသခင်တစ်ပါးပဲ”

ဤအဆင့်ရှိ ကျင့်ကြံသူများက ရှားပါးပြီး မျှခြေမညီမျှမှုအတွက် အကျိုးဆောင်ပေးနိုင်သည်။

“ဖုန်း…”

ငွေရောင်ချပ်ဝတ်ကျင့်ကြံသူက အတွန်းခံလိုက်ရပြီး အနက်ရောင်မြူထဲ ဝင်ရောက်မိလုနီးပါး ဖြစ်သွား၏။ တစ်ဖက်တွင် သူတို့သည် စွမ်းအားစုစည်းပြီး တိုက်ခိုက်လာပြန်၏။

ကောင်းကင်ထဲတွင် ဧရာမ လိုင်းဂယက်တစ်ခုသည် မီတာတစ်သောင်းအထိ ပျံ့နှံ့သွားသည်။ ၎င်းအကျယ်ဝန်းအတွင်းရှိ သားရဲပျံများအားလုံး အသတ်ခံရပြီး ဝေဟင်ထဲမှ ပြုတ်ကျလာသည်။

ကျန့်သုံ့ရှန်း၏အမူအရာက အနည်းငယ် ပြောင်းလဲသွားတော့သည်။ သူက ငါးယောက်တစ်ယောက် ရင်ဆိုင်တိုက်ခိုက်ဖို့ မလွယ်ပေ။ မျက်စိတစ်မှိတ်အတွင်း သူက မိစ္ဆာဝေဟင်မျှော်နန်းမှ အခြားသူများရှေ့တွင် ပေါ်လာ၏။

“ကူညီပေးမယ်”

ယွီကျန့်ဟိုင်က အော်ပြောလိုက်၏။

မဟာအမှောင်ကောင်းကင်လက်ဝါးသည် ငွေရောင်ချပ်ဝတ်အစောင့်ငါးယောက်ဆီ တိုးဝင်သွားလျက် ကြယ်တစ်စင်းပမာ တောက်ပနေသည်။ သူတို့ထဲမှတစ်ယောက်က ယွီကျန့်ဟိုင်ကို တစ်ချက်ကြည့်ပြီး ရှုတ်ချကာ ပြောလိုက်တော့သည်။ “မင်းကိုယ်မင်း အထင်ကြီးနေတာပဲ”

အနက်ရောင်လက်ဝါးစည်းတံဆိပ်သည် လေထဲ၌ ပေါ်ထွက်လာသည်။

“ဖုန်း… ဖုန်း… ဖုန်း… ဖုန်း…”

ထိုတိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် မဟာအမှောင်ကောင်းကင်လက်ဝါးက အပြည့်အဝ ဖျက်ဆီးခံလိုက်ရ၏။ အနက်ရောင်လက်ဝါးစည်းတံဆိပ်က ရှေ့သို့တိုးလာစဉ် ၎င်းနားရှိ လေဟာနယ်က အေးခဲသွားပုံပေါ်၏။

လေထဲ၌ ဆူညံသံများ ပေါ်ထွက်လာသောအခါ လူတိုင်းသည် အံ့ဩမှုကြောင့် မျက်လုံး ပြူးကျယ်သွားတော့သည်။

လုကျိုးက မျက်မှောင်ကြုတ်မိသွား၏။ နောက်ထပ် စကားတစ်ခွန်းမှမပြောဘဲ သူသည် သဲနာရီကို ထုတ်လိုက်သည်။

နက်နဲသည့်အချိန်နိယာမသည် နေရာတစ်ခုလုံးကို လွှမ်းခြုံသွားလျက် လျှပ်စီးတန်းများ လူတိုင်းဆီ ရောက်သွားတော့သည်။

လုကျိုးက မျက်စိတစ်မှိတ်အတွင်း ယွီကျန့်ဟိုင်ဆီ ပျံသန်းသွားသည်။ ပြီးနောက် သူက တစ်ပတ်လှည့်လျက် ယွီကျန့်ဟိုင်နှင့် ပိအန်းကို နောက်သို့တွန်းထုတ်လိုက်သည်။

စက္ကန့်အနည်းငယ်ခန့် လွန်ပြီးနောက် သဲနာရီထဲရှိ သဲတစ်ဝက်ကျော်က အောက်ခြေထိ ကျသွားပြီ ဖြစ်သည်။

လုကျိုးက လှစ်ခနဲ လှုပ်ရှားလိုက်သည့်အချိန်တွင် အချိန်မပြန်သွားခင် ကျန့်သုံ့ရှန်း၏ ကြယ်တာရာဒိုင်ခွက်နား ရောက်သွား၏။

ကျန့်သုံ့ရှန်းနှင့် ငွေရောင်ချပ်ဝတ်အစောင့်ငါးယောက်၏အမြင်တွင် လုကျိုးက သူတို့ကြားထဲ၌ သရဲတစ္ဆေတစ်ကောင်ပမာ ရုတ်တရက်ပေါ်လာတာဖြစ်သည်။

ငွေရောင်ချပ်ဝတ်ကျင့်ကြံသူ… ငွေရောင်ချပ်ဝတ်အစောင့်ငါးယောက်သည် ထိတ်လန့်သွားပြီး ထပ်မံတိုက်ခိုက်တော့မည့်အချိန်၌ လုကျိုးက လေးနက်သောအသံဖြင့် ပြောလိုက်လေ၏။

“ငါရှေ့မှာ ရာရာစစ ရိုင်းရိုင်းစိုင်းစိုင်း ပြုမူရဲတယ်ပေါ့”

လုကျိုးသည် ကောင်းကင်စွမ်းအားမြှုပ်နှံထားသည့် ချုပ်နှောင်ရေးစည်းတံဆိပ်ကို တွန်းထုတ်လိုက်သည်။ ၎င်းက လျင်မြန်စွာ လှည့်ပတ်သွားပြီးနောက် ငွေရောင်ချပ်ဝတ်အစောင့်ငါးယောက်၏ ရင်ဘတ်နှင့် တိုက်မိသွားသည်။

ဘန်းဘန်းဘန်းဘန်း…

ငွေရောင်ချပ်ဝတ်အစောင့်ငါးယောက်၏ ကာကွယ်ရေးစွမ်းအင်များသည် ချက်ချင်းပြိုကွဲသွားကာ နောက်သို့ လွင့်ထွက်သွားပြီး သွေးအန်တော့သည်။

လုကျိုးသည် ကျန့်သုံ့ရှန်း၏ ကြယ်တာရာဒိုင်ခွက်ပေါ် နင်းလျက် သူတို့နောက် လိုက်သွားသည်။ သူ လှည့်လာပြီး ပြောလိုက်လေ၏။ “မောင်ရင်၊ မင်းတတ်နိုင်တာ လုပ်ပြီးပါပြီ”

ကျန့်သုံ့ရှန်းက ကြယ်တာရာဒိုင်ခွက်ကို ပြန်ရုပ်သိမ်းလျက် လုကျိုးဘက် လက်သီးဆုပ်မိုးကာ ပြောလိုက်သည်။ “တင်ပြပေးတာ ကျေးဇူးတင်ပါတယ် ချန်ပေ့”

လုကျိုးသည် မျက်စိတစ်မှိတ်အတွင်း ငွေရောင်ချပ်ဝတ်အစောင့်ငါးယောက်ရှေ့သို့ ရောက်သွား၏။ ပြီးနောက် သူသည် ဟယ်လော့ရွှီ၏ အသက်ဓာတ်နှလုံးသားစွမ်းရည်ကို အသုံးပြုပြီး ကိုယ်ခွဲဆယ်ခုကို ဖွဲ့တည်လိုက်သည်။

ငွေရောင်ချပ်ဝတ်အစောင့်တစ်ယောက်က ပင့်သက်ရှိုက်မိသွားပြီး အော်ပြောလိုက်၏။

“အုပ်စုဖွဲ့တိုက်ခိုက်”

လုကျိုးသည် စကားမပြောလိုက်ဘဲ အစောင့်ရှေ့သို့ ရောက်သွားသည်။ သူ၏လက်ကို ဆန့်ထုတ်လျက် ရန်သူ၏ နှလုံးသားဆီ ချိန်ရွယ်လိုက်သည်။

“ဘန်း… ဘန်းဘန်းဘန်းဘန်း…”

လက်ဝါးရိုက်ချက်ငါးခု ဆက်တိုက်ပေါ်ထွက်လာ၏။ လေထဲ၌ သွေးများ ပျံ့နှံ့ထွက်လာတော့သည်။ လုကျိုးသည် ပစ်မှတ်၏ မွေးဖွားဇယားချပ်များကို ဖျက်ဆီးမိသည့်အတွက် အသိပေးအကြောင်းကြားမှု ငါးခု ရလာ၏။

“သူ လျှော့ချခံလိုက်ရပြီ”

ကိုယ်ခွဲများက ယခုအချိန်၌ ပျောက်ကွယ်သွားပြီဖြစ်သည်။

ကျန်ရှိသည့် ငွေရောင်ချပ်ဝတ်အစောင့်လေးယောက်၏မျက်နှာက ဖြူဖျော့သွားတော့သည်။

“မဟာဆရာသခင်လား။ သူက တကယ်မဟာဆရာသခင်ပဲ”

ငွေရောင်ချပ်ဝတ်အစောင့်များ၏ရင်ထဲ၌ စိတ်ပျက်အားငယ်မှုက ချက်ချင်းတိုးလာသည်။

“သွားကြမယ်”

ငွေရောင်ချပ်ဝတ်အစောင့်များသည် လက်ဝါးစည်းတံဆိပ်များကို တစ်ညီတစ်ညာတည်း တွန်းထုတ်လျက် လုကျိုး၏ တိုက်ခိုက်မှုကို ပိတ်ဆို့ရန် ကြိုးပမ်းလိုက်သည်။ တိုက်ပွဲမှ လက်ဝါးစည်းတံဆိပ်ကြောင့် ဝိညာဉ်နယ် ပေါက်ကွဲမှုဖြစ်နေလေ၏။

ငွေရောင်ချပ်ဝတ်အစောင့်လေးယောက်က လုကျိုးကို ထိန်းထားစဉ် သူတို့က ဒဏ်ရာရထားသည့်အဖော်ကို လျင်မြန်စွာ ဆွဲခေါ်လျက် ထွက်ပြေးတော့၏။

လေထဲ၌ ပျံဝဲနေသော လုကျိုးသည် ထွက်ပြေးသွားသည့် လူငါးယောက်ကို ကြည့်နေ၏။

“မျှော်နန်းသခင်က သူတို့နောက် ဘာလို့မလိုက်တာလဲ”

“ဒီလို သေးသိမ်တဲ့ရန်သူတွေကို လိုက်ဖမ်းဖို့က မျှော်နန်းသခင်အတွက် နိမ့်လွန်းတယ်”

“အချက်ကောင်းပဲ”

တစ်ဖက်တွင်မူ ဘေးအန္တရာယ်မှ လွတ်မြောက်လာကာစ ကျန့်သုံ့ရှန်းသည် တည်ကြည်စွာ ပြောလိုက်လေ၏။

“ကျွန်တော်တို့တွေ ကျားကို တောင်ပေါ်ပြန်လွှတ်ပေးမိမှာ စိုးရတယ်။ ငွေရောင်ချပ်ဝတ်အစောင့် ငါးယောက်မက ရှိမှာသေချာတယ်”

ထိုစဉ် လုကျိုးက လက်ကိုဝှေ့ယမ်းလိုက်ရာ လေးအသွင်ဖြင့် အမည်မသိက သူ့လက်ထဲ၌ ပေါ်လာသည်။ လေးပေါ်၌ ပေပေါင်းများစွာရှည်သည့် စွမ်းအင်မြားတစ်စင်း ပေါ်လာ၏။ သူက လေးကို လပြည့်သဏ္ဌာန်နှင့် ဆင်တူသွားသည်အထိ လေးကြိုးကို ဆွဲလိုက်တော့သည်။

“ရွှီး”

လုကျိုး၏ လက်ချောင်းသည် လျင်မြန်စွာလှုပ်ရှားသွားစဉ် စွမ်းအင်မြားတစ်စင်းပြီးတစ်စင်းကို ပစ်ထုတ်လိုက်သည်။

ကောင်းကင်စွမ်းအား မြှုပ်နှံထားသည့် စွမ်းအင်မြားများသည် ကောင်းကင်ကို ထိုးဖောက်လျက် သူတို့ပစ်မှတ်များဆီ တိုးဝင်သွား၏။ သူတို့က ဝိညာဉ်ကို ထိုးဖောက်ကာ သက်ဆိုင်ရာပစ်မှတ်များ၏ ကျောကိုစိုက်မိသွားတော့သည်။

ဖုန်းတစ်ထောင်လေးပွေ စိတ်ဝိညာဉ်သဏ္ဌာန်က ပေါ်လာပြီး လေထဲ၌ ပျောက်ကွယ်သွားတော့သည်။

ယခုဆို ငွေရောင်ချပ်ဝတ်အစောင့်ငါးယောက်သည် ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားကာ ဝေဟင်ထဲ၌ ကနဦးချီမုန်တိုင်း စတင်ပေါ်ထွက်လာပြီး ကောင်းကင်ကနေ ပြုတ်ကျလာ၏။

လုကျိုးက လှမ်းခေါ်လိုက်သည်။ “လုဝူ”

“သူတို့ကို ကျုပ်ဆီ အပ်ထားလိုက်”

လုဝူက မြေပြင်ပေါ်ဆောင့်နင်းလျက် ငွေရောင်ချပ်ဝတ်အစောင့်ငါးယောက်ဆီ ခုန်အုပ်လိုက်သည်။ ၎င်းမြေပြင်ပေါ် ဆင်းသက်သည်နှင့် သူတို့ကို ရက်ရက်စက်စက် ဆုတ်ဖြဲတော့သည်။

လုဝူက စတင်သတ်ဖြတ်နေစဉ် လုကျိုး၏ နားထဲ စနစ်အသိပေးသံ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာတော့သည်။

“ကျန့်သုံ့ရှန်း”

ယွီကျန့်ဟိုင်က ကျန့်သုံ့ရှန်းဘေးသို့သွားကာ လုဝူကိုကြည့်ပြီး မေးလိုက်သည်။ “ခင်ဗျား အဆင်ပြေရဲ့လား”

“ကျုပ်… ကျုပ်အဆင်ပြေပါတယ်”

ကျန့်သုံ့ရှန်းက ပြန်ပြောလိုက်၏။

ယွီကျန့်ဟိုင်က ပြောလိုက်သည်။ “ခင်ဗျားက အတော်လေးသတ္တိရှိသားပဲ”

“ကျုပ်ကို ချီးကျူးနေတာပဲ။ ဒီကျယ်ပြန့်လှတဲ့ အမည်မသိကုန်းမြေထဲမှာ အန္တရာယ်တွေ နေရာအနှံ့ရှိနေတယ်။ သတိမထားမိရင် သေမှာ။ ကျုပ်ရဲ့မွေးရပ်မြေက လူတွေကို တွေ့ဖို့ဆိုတာ မလွယ်ဘူး။ ကျုပ်ဘယ်လိုလုပ် ဘာမှမလုပ်ဘဲ ရပ်ကြည့်နေနိုင်မှာလဲ” ကျန့်သုံ့ရှန်းက သက်ပြင်းချပြီး ပြောလိုက်သည်။

“ခင်ဗျားက ရွှေကြာနယ်မြေကလား။ ဘာကြောင့် ခင်ဗျားအကြောင်း မကြားဖူးတာလဲ”

ယွီကျန့်ဟိုင်က မေးလိုက်၏။

ကျန့်သုံ့ရှန်းက သက်ပြင်းချပြီး ပြောလိုက်သည်။ “ကျုပ် ရွှေကြာနယ်မြေထဲက ဟိုးအရင်ထဲက ထွက်လာပြီး အမည်မသိကုန်းမြေထဲမှာ ပုန်းနေတာ။ ဒါက မျှခြေမညီမျှမှုကို ဟန့်တားနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းပဲ။ မွေးရပ်မြေကနေ ထွက်လာပြီးတော့ လူတွေက ခံစားရတော့တာပဲ။ ဒါပေမဲ့ မထွက်လာရင် မဟာလီဟာနယ်နဲ့ ကျုပ်က… ရွှေကြာနယ်မြေကို ပစ်မှတ်ထားမိလိမ့်မယ်။ အနည်းဆုံးတော့ ဒီမှာနေပြီးတော့ ကျုပ်ရှင်သန်နိုင်မှာပေါ့။ တကယ်တော့ လူတော်တော်… ဒီမှာ ကျုပ်လိုလူ တော်တော်များများရှိတယ်”

ခုံဝမ်နှင့် သူ၏ညီနောင်များသည် ထိုစကားများကိုကြားပြီးနောက် ကရုဏာသက်သွားလေ၏။ သူတို့က ကျန့်သုံ့ရှန်းဘက်လှည့်ကာ လက်သီးဆုပ်မိုးလျက် ပြောလိုက်သည်။ “ကျုပ်တို့အားလုံး တစ်လှေတည်းစီးပါပဲ”

ကျန့်သုံ့ရှန်းက ခေါင်းညိတ်လျက် အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။ “ဒီမှာ ပညာရှင်တစ်ယောက် တွေ့ရမယ်လို့ မထင်ထားဘူး။ ကျုပ်အကြောင်းပဲ စိုးရိမ်ခဲ့မိတဲ့ပုံပဲ”

“မင်းကို မိတ်ဆက်ပေးမယ်။ ဒါက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ မျှော်နန်းသခင်။ တကယ်တော့ သာမညောင်ညဆရာသခင်တွေက မျှော်နန်းသခင်ကိုယ်တိုင် လှုပ်ရှားဖို့ မထိုက်တန်ဘူး” ခုံဝမ်က ဂုဏ်ယူဝင်ကြွားစွာ ပြောလိုက်တော့သည်။

…

အခန်း (၁၄၃၆) ဖျက်ဆီးခြင်းတိုင်လုံး ပြိုလဲတော့မည့် အရိပ်အယောင်များ

ကျန့်သုံ့ရှန်းက စိတ်ထဲ၌ အံ့အားသင့်သွားမိသည်။ ထိုစကားများက တစ်ဖက်သူသည် ဆရာသခင်တစ်ယောက်ထက် ပိုမိုအားကောင်းကြောင်း ညွှန်ပြနေလေ၏။ ထို့အပြင် တစ်ဖက်လူ၏ တိုက်ကွက်ပေါ်မူတည်၍ တစ်ဖက်လူသည် ချုပ်တည်းထားကြောင်း သိသာလှသည်။ ဆရာသခင်ငါးယောက်ကို အလွယ်တကူ ဒဏ်ရာပေးနိုင်ဖို့အတွက် တစ်ဖက်လူက သူတော်စင်ဖြစ်နိုင်ခြေရှိ၏။

ကျန့်သုံ့ရှန်းက လုကျိုးကို ဦးညွှတ်ကာ ပြောလိုက်သည်။

“ချန်းပေ့ ကျုပ်ကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

လုကျိုးက ပြောလိုက်သည်။

“အဲ့အတွက် မလိုပါဘူး”

ထို့နောက် လုကျိုးက အေးအေးလူလူ အမူအရာဖြင့် အဖွဲ့ဆီ ပြန်သွားကာ နတ်ခြင်္သေ့၏ ကျောကို တက်လိုက်သည်။ ထို့နောက် သူက နတ်ခြင်္သေ့၏ ကျောကို အသာပုတ်ကာ နတ်ခြင်္သေ့က သူ့ဘက်လှည့်ပြီး အဖြူရောင်အလင်းတန်းကို ထွေးထုတ်လိုက်၏။ ဤသို့ဖြင့် သူ့အံ့ဖွယ်စွမ်းအားက အလျင်အမြန် ပြန်လည်ကောင်းမွန်သွားသည်။

ဆက်တိုက်ဆိုသလို လုကျိုးက သူ့ကောင်းကင်ကျမ်းစွမ်းအားကို အသုံးပြုပြီး ပတ်ဝန်းကျင်ကို ထပ်မံအာရုံခံကြည့်လိုက်သည်။ ယခု လှုပ်ရှားမှုဟူ၍ မရှိတော့ပေ။

ဤတစ်ကြိမ် မြေကြီးပေါ်တွင်ရှိနေသည့် အနက်ရောင်စွမ်းအားများကလည်း ပျောက်ကွယ်သွားပြီ ဖြစ်၏။

လုကျိုးက ကျန့်သုံ့ရှန်းဘက် လှည့်ကာ မေးလိုက်သည်။

“မင်းက ရွှေကြာနယ်မြေကလား”

“ဟုတ်ပါတယ်” ကျန်းသုံ့ရှန်းက ပြန်ဖြေလိုက်သည်။

“မင်းက ရွှေကြာနယ်မြေကို ဘယ်တုန်းကနေ ထွက်လာတာလဲ”

“ဒါက …”

ကျန့်သုံ့ရှန်းက ဤသို့မေးခွန်းမျိုးကို ထင်မှတ်မထားခဲ့မိပေ။ အဆုံးသတ်တွင် သူက ပြောလိုက်၏။

“ကျုပ် သေချာကြီး မမှတ်မိတော့ပါဘူး။ အဲဒီတုန်းက ဖရိုဖရဲဖြစ်နေပြီးတော့ မျှခြေမညီမျှမှုက အတော်လေး ဆိုးရွားနေခဲ့တာ”

“အဲဒါက ကုန်းမြေ ပိုင်းထွက်သွားတဲ့အချိန်တုန်းကလား”

ကျန်းသုံ့ရှန်းက သက်ပြင်းချကာ ပြောလိုက်သည်။

“သူတော်စင်တစ်ယောက်က နှစ်တစ်သိန်းနေနိုင်ပြီးတော့ ဆရာသခင်တစ်ယောက်က နှစ်သုံးသောင်းနေနိုင်တာပါ”

တခြားနည်းဖြင့်ပြောရလျှင် ကျန်းသုံ့ရှန်းက နယ်မြေခွဲထွက်စဉ်အခါက ဆရာသခင်တစ်ယောက်မျှသာ ရှိသေး၏။

လုကျိုးက ထပ်မေးလိုက်သည်။

“ရွှေကြာနယ်မြေက ပွင့်ချပ်၈လွှာ ကန့်သတ်ချက်ရှိတယ်။ သဘောတရားအရပြောရမယ်ဆိုရင် မင်းက ၉ခုမြောက်ပွင့်ချပ်ကို ထွက်နိုင်မှာမဟုတ်သလို ဆရာသခင်တစ်ယောက် ဖြစ်လာဖို့ဆိုတာ အလှမ်းဝေးတယ်”

ထိုစကားကို ကြားကာ ကျန့်သုံ့ရှန်းက ရယ်မောလိုက်၏။

“အဲဒါက ကန့်သတ်ချက်တစ်ခုပါပဲ။ မိုးမြေရဲ့ အတားအဆီးမှမဟုတ်တာ။ ရွှေကြာနယ်မြေရဲ့ ကန့်သတ်ချက်က ပွင့်ချပ်၉လွှာထွက်ဖို့ သက်တမ်းကင်းမဲ့နေရုံကလွဲပြီး ဘာမှမဟုတ်ပါဘူး”

“ဟုတ်တယ်။ ပြဿနာကို ဘယ်လိုဖြေရှင်းခဲ့တာလဲ” မုန့်ချန်းသုံက သူနှင့် စီးဝူယာ့သည် ထိုအကြောင်းကို ဆွေးနွေးဖူးသည့်အတွက် ဤခေါင်းစဉ်ကို အတော်လေး စိတ်ဝင်စားနေမိသည်။

“ရွှေကြာကျင့်ကြံသူတွေက ပွင့်ချပ်၉လွှာ ထွက်ဖို့ လုံလောက်တဲ့ သက်တမ်းမရှိကြဘူး။ သူတို့က မိုးမြေရဲ့ အတားအဆီးလို့ ခေါ်ခဲ့ကြတာပေါ့။ ဒါပေမဲ့ ပြဿနာက လုံလောက်တဲ့ အသက်ဓာတ်နှလုံးသားနဲ့ဆိုရင်တော့ အလွယ်တကူ ဖြေရှင်းလို့ရတယ်လေ။ ရွှေကြာနယ်မြေက အားကောင်းတဲ့ကျင့်ကြံသူတွေ မရှိဘူးဆိုတော့ ခက်ထန်သားရဲတွေလည်း မရှိတော့ အသက်ဓာတ်နှလုံးသားကို ရှာဖို့ ခက်ခဲနေရုံပဲ။ အဲဒါကြောင့် ကျုပ်က ဒုတိယနည်းလမ်းကို ရှာတွေ့ခဲ့တယ်”

အားလုံးက ကျန့်သုံ့ရှန်းကို သိချင်စွာ ကြည့်လိုက်ကြသည်။

ကျန့်သုံ့ရှန်းက နေရခက်စွာ ပြောလိုက်သည်။

“သဟဇာတဖြစ်ခြင်း”

“သဟဇာတဖြစ်တာလား”

“အရင်တုန်းက ကျုပ်က အမည်မသိကုန်းမြေထဲကို မှားဝင်မိပြီးတော့ အနက်ရောင်ကြာနယ်မြေမှာ အဆုံးသတ်သွားခဲ့တယ်။ အဲ့ကလူတွေနဲ့ ရောနှောပြီးတဲ့နောက်မှာ ဘုံတစ်ထောင်လေပွေအဆင့်ထိ ဝင်ရောက်နိုင်ခဲ့တယ်။ အဲဒီနောက် ရွှေကြာနယ်မြေဆီ ပြန်လာခဲ့တယ်” ကျန်းသုံ့ရှန်းက ရှင်းပြလိုက်သည်။

ကျူးဟုန်ကုန်း၏ မျက်လုံးက အပြူးသားဖြစ်လာကာ ပြောလိုက်သည်။

“တကယ်ကို အစ်ကိုကြီးက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ။ ကျုပ်ရဲ့ ချီရှစ်ရှိုး အသက်ရှင်နေရင်တောင် သူက ခင်ဗျားလောက် ဉာဏ်ကောင်းမှာ မဟုတ်ဘူး။ တကယ်ကို ပြောင်မြောက်တဲ့လှုပ်ရှားမှုပဲ”

ကျန်းသုံ့ရှန်းက စိတ်ရှုပ်ထွေးစွာ ပြောလိုက်သည်။

“အဲဒါက ဒီအတိုင်းအလေ့အကျင့်တစ်ခုပါပဲ။ စိတ်ထဲမထားဘူး” ကျူးဟုန်ကုန်းက ကျန့်သုံ့ရှန်း၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။

ကျန့်သုံ့ရှန်း၏ ဇာတ်ကြောင်းက အားလုံးကို အံ့အားသင့်သွားစေ၏။ သူက သတ်မှတ်ချက်ကို ဤနည်းဖြင့် ချိုးဖောက်နိုင်လိမ့်မည်ဟု ထင်မှတ်မထားမိခဲ့ပေ။

လုကျိုးက မေးလိုက်သည်။

“အမည်မသိကုန်းမြေမှာ မင်းတို့လူတွေ ဘယ်လောက်များများစားစား ရှိလဲ”

“ကျုပ် အများကြီးနဲ့ တွေ့ဖူးတယ်။ ဒါပေမဲ့ မရေတွက်မိတော့ဘူး။ ဒါပေမဲ့ အမည်မသိကုန်းမြေက အရမ်းကျယ်ပြောတယ်လေ။ လူသားတွေ ဘယ်လောက်ပဲရှိရှိ သူတို့က ပင်လယ်ထဲမှာ ရေတစ်စက်အပြင်မပိုဘူး” ကျန့်သုံ့ရှန်းက ပြောရင်း သက်ပြင်းချလိုက်သည်။

ထိုစဉ် လုဝူက ငွေရောင်ချပ်ဝတ်ကျင့်ကြံသူ ၅ဦးကို ရှင်းကာ သူ့ဆီ ပြန်လည်ရောက်ရှိလာ၏။

လုကျိုးက ပြောလိုက်သည်။

“ငါ့နောက်လိုက်ခဲ့”

လုကျိုးက နတ်ခြင်္သေ့ကို စီးနင်းကာ ဖျက်ဆီးခြင်းတိုင်လုံး၏ အဝင်ဝဆီ ဦးတည်လိုက်သည်။

ကျန်းသုံ့ရှန်းက လက်ကိုမြှောက်ကာ မေးလိုက်၏။

“ချန်းပေ့ တကယ်ကြီး ဝင်မလို့လား”

လုကျိုးက လှည့်မကြည့်ဘဲ ပြောလိုက်သည်။

“အခု မင်းအနေနဲ့ လုပ်ရမဲ့အရာမရှိဘူးဆိုတော့ ထွက်သွားလို့ရပြီ”

လုကျိုးက ဖျက်ဆီးခြင်းတိုင်လုံးထဲကို နောက်ပြန်မကြည့်ဘဲ ဝင်ရောက်လိုက်သည်။

တခြားသောသူများက ကျန်းသုံ့ရှန်းကို လှည့်ကြည့်လိုက်ကြ၏။ သူတို့က ကြာကြာမနေဘဲ လုကျိုးနောက် လိုက်ပါသွားကြသည်။

ကျန်းသုံ့ရှန်းကလည်း လိုက်ပြီးဝင်လိုသော်လည်း လုဝူက သူ့ကို စိုက်ကြည့်လိုက်သည်။

“မင်း ထွက်သွားလို့ရပြီ”

ကျန်းသုံ့ရှန်းက လုဝူထံ လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။

“ကျုပ်တို့က မွေးရပ်မြေအတူတူပဲဆိုတော့ ကိစ္စတွေကို ခက်ခဲအောင်လုပ်ဖို့ မလိုပါဘူး။ ကျုပ်တို့နဲ့ ထပ်တွေ့ပါဦးမယ်”

လျှပ်တစ်ပြက်အတွင်း ကျန်းသုံ့ရှန်းက မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။

ဖင်းတန်တွင်ရှိသည့် ဖျက်ဆီးခြင်းတိုင်လုံး၏ အတွင်းဘက်က ကျိမင်တွင်ရှိသည့်အရာနှင့် တူညီလေသည်။ အပြာရောင်အကာအရန်က ဤနေရာတွင် ခပ်ဖျော့ဖျော့ဖြစ်နေသည့် ခြွင်းချက်သာရှိလေ၏။ တစ်စုံတစ်ယောက်က ဤနေရာကို ချိုးဖောက်ဝင်ရောက်ခဲ့ပြီး အကာအရန်၌ အတက်အကျလှိုင်းတချို့ကို ဖြစ်ပေါ်လာစေသည်။

“ရှစ်စွင်း အဲဒီကျန်းသုံ့ရှန်းက ရည်ရွယ်ချက်ဆိုးရှိတဲ့ပုံတော့ မပေါ်ဘူး။ သူကလည်း ရွှေကြာနယ်မြေက ရောက်လာတာဆိုတော့ ဘာလို့သူ့ကို မောင်းထုတ်လိုက်တာလဲ” ယွီကျန့်ဟိုင်က မေးလိုက်သည်။

“လူသားနှလုံးသားက ခန့်မှန်းရခက်ခဲတယ်” လုကျိုးက တည်ငြိမ်စွာ ပြောလိုက်သည်။

“ပြီးတော့ သူ့ဇာတ်ကြောင်းထဲမှာ ဟာကွက်တွေ အများကြီးရှိနေတယ်။ ဂရုစိုက်တာ ကောင်းလိမ့်မယ်”

“ဟာကွက်တွေလား”

“သူက ရွှေကြာနယ်မြေကနေလာပြီးတော့ အမည်မသိကုန်းမြေကို မှားယွင်းဝင်ရောက်ခဲ့တယ်လို့ ပြောတယ်။ ယဲ့ထျန်းရှင်းကတောင် လရောင်တောအုပ်ထဲမှာ ခက်ခဲတဲ့အချိန် တွေ့ကြုံခဲ့ရတာ။ သူက အမည်မသိကုန်းမြေကို အမှားလုပ်ပြီး ဘယ်လိုလုပ်ဝင်နိုင်မှာလဲ” လုကျိုးက မေးလိုက်သည်။

အားလုံးက ခေါင်းညိတ်လိုက်ကြ၏။

“ဒုတိယအနေနဲ့ သူက အမည်မသိကုန်းမြေမှာ ရှိတာ အတော်လေးကို ကြာပြီ။ သူ့အဝတ်အစားတွေက စုတ်ပြတ်နေတယ်ဆိုပေမဲ့ သူ့မျက်နှာက သန့်ရှင်းနေတုန်းပဲ။ သူက အခက်အခဲအများကြီးကို ကျော်ဖြတ်ခဲ့ရတဲ့သူ မဟုတ်မှန်း သိသာတယ်” လုကျိုးက ပြောလိုက်သည်။

ကျူးဟုန်ကုန်းက မျက်လုံးအပြူးသား ဖြစ်သွားကာ လုကျိုးအား လက်မထောင်ပြလိုက်သည်။

“ရှစ်စွင်း တကယ်ကို လေ့လာမှုအားကောင်းတာပဲ။ တကယ်လို့ ရှစ်စွင်းသာ မပြောဘူးဆိုရင် ကျွန်တော် ဒါကို တွေးမိမှာတောင် မဟုတ်ဘူး။ သူက ရည်ရွယ်ချက်ဆိုးရှိနေတဲ့ လူလိမ်တစ်ယောက်ပဲ။ သူ့ရည်ရွယ်ချက်က ဘာများပါလိမ့်”

“တော်တော့” လုကျိုးက လက်ကိုမြှောက်ကာ အကာအရံကို လက်ညှိုးထိုးလိုက်သည်။

“မဟာလေဟာနယ်ရဲ့ ငွေရောင်ချပ်ဝတ်အစောင့်အရှောက်တွေက ပေါ်ထွက်လာပြီးပြီ။ အချိန်က ကန့်သတ်ချက်ရှိတယ်။ တိုင်လုံးဆီကနေ အသိအမှတ်ပြုမှု ရယူကြ”

ထိုစကားကို ကြားကာ အားလုံး၏ ဆုံးဖြတ်ချက်က အင်မတန် မြင့်တက်လာပြီး ကြိုးစားကြည့်ဖို့ စိတ်အားထက်သန်လာကြသည်။

“သွားကြစို့”

ယွီကျန့်ဟိုင်က ဦးဆောင်ကာ ရှေ့ဆုံးကနေ ဝင်ရောက်သွားလေသည်။

အားလုံးကလည်း ဝင်ရောက်လိုက်ကြ၏။

တစ်ယောက်ပြီးတစ်ယောက်ဆိုသလို လွင့်စင်ထွက်လာကြသည်။

ကျိမင်တွင် ရှိသည့် ဖျက်ဆီးခြင်းတိုင်လုံးနှင့် ယှဉ်လိုက်ပါက ဤအကာအရန်တွင်ရှိသည့် တွန်းအားက ညင်သာလှသည်။

အတွန်းခံလိုက်ရသည့်သူများက ကူကယ်ရာမဲ့မှု၊ နောင်တနှင့် စိတ်ပျက်လက်ပျက်တို့ ဖြစ်နေကြလေသည်။

မင်ရှစ်ရင်က ဘေးနားက တိတ်တဆိတ်စောင့်ကြည့်နေလေ၏။

“လောင်ပါး မင်းအလှည့်ပဲ”

ကျူးဟုန်ကုန်း၏ နှလုံးသားထဲ ကျိမင်ဆီမှ အတွေ့အကြုံကြောင့် အကြောက်တရားက ကြီးစိုးနေဆဲဖြစ်၏။ သူက ဖြည်းဖြည်းချင်း ချဉ်းကပ်သွားကာ ပြောလိုက်သည်။

“တကယ်လို့ အားလုံးဆီကနေ အသိအမှတ်ပြုမှု ရခဲ့မယ်ဆိုရင် အခုကစပြီး ကျုပ်နာမည်ကို ဇောက်ထိုးဖတ်မယ်”

ထို့နောက် ကျူးဟုန်ကုန်းက အကာအရံအတွင်း ဝင်ရောက်လိုက်သည်။

ကျုးဟုန်ကုန်း အကြောက်ဆုံးအရာက နေရခက်ခြင်း ဖြစ်၏။ သူက အားလုံး၏ အကြည့်က သူ့အပေါ် ရောက်မလာခင် ထင်ယောင်ထင်မှားဖြစ်နေသည်ဟု ထင်မိသွားလေသည်။ သူက ပြောလိုက်သည်။

“ထင်ယောင်ထင်မှားဖြစ်နေတာပဲ။ ငါ တကယ်ကြီးကို ထင်ယောင်ထင်မှားဖြစ်နေတာပဲ။ ဒါက ဘယ်လိုလုပ် ငါ ဖြစ်နေနိုင်ပါ့မလဲ”

ကျူးဟုန်ကုန်းက အကာအရန်အတွင်း အမှန်တကယ် ဝင်ရောက်ခဲ့လေသည်။ ဖျက်ဆီးခြင်းတိုင်လုံးဆီမှာ အသိအမှတ်ပြုမခံရသည့်သူများကမူ သူ့ဆီ ရောက်လာကာ ဂုဏ်ပြုစကားဆိုကြလေ၏။

“သခင်လေး ဂုဏ်ပြုပါတယ်”

မင်ရှစ်ရင်က ပြုံးကာ ပြောလိုက်သည်။

“ကုန်းဟုန်ကျူး ဖျက်ဆီးခြင်းတိုင်လုံးဆီကနေ အသိအမှတ်ပြုမှုကို ရရှိတဲ့အတွက် ဂုဏ်ပြုပါတယ်”

အားလုံးက ထိုစကားများကို ကြားသည့်အခါ အားပါးတရ ရယ်မောလိုက်ကြသည်။

ကျူးဟုန်ကုန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

“စစ်ရှစ်ရှိုး ကျွန်တော် နာမည်ကို ပြောင်းဖို့ မလိုပါဘူး။ ကျွန်တော် စောစောလေးက စနေတာ”

“ဟမ် ကုန်းဟုန်ကျူးက နားထောင်ရတာ တကယ်ကို နားကလောတယ်။ အခုကစပြီး မင်းကို ဟုန်ကျူးလို့ ခေါ်မယ်။ အဲဒါက နားထောင်လို့ကောင်းတာတင် မကဘူး ပိုပြီးတော့လည်း ရင်းနှီးတယ်”

လုကျိုးက ဤတစ်ကြိမ်တိုင်လုံးဆီမှ အသိအမှတ်ပြုမှုသည် ချောမွေ့နေလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိပေ။

ရုတ်ချည်းဆိုသလို မဟာလေဟာနယ်မျိုးစေ့များဆီမှ အနက်ရောင်စွမ်းအားများ ထွက်ပေါ်လာလေ၏။

“သတိထားကြ”

အားလုံးက အံ့အားသင့်သွားကြ၏။

အနက်ရောင်စွမ်းအားက မဟာလေဟာနယ်မြေကြီးဆီမှ ထွက်ပေါ်လာလေသည်။

ဝှစ်

“ထိတ်ထိတ်ပျာပျာ မဖြစ်နဲ့” လုကျိုးက အံ့ဖွယ်စွမ်းအားကို အသက်သွင်းကာ အကာအရန်အတွင်း ဝင်ရောက်လိုက်သည်။ ထို့နောက် သူက လက်ကိုဖိချလိုက်၏။ ထို့နောက် သူက မြေကြီးလေးခုကို ယူကာ အပြင်ဘက်ကို ထုတ်ပေးလိုက်သည်။

“ယန်ကျန်းလော့၊ လုလီ၊ ယန်ချန်းလော့၊ ဟွားယွဲ့ရှင်း”

ထိုလူလေးယောက်က စိတ်လှုပ်ရှားနေကြသည်။ သလင်းကျောက်များကို ဖမ်းဆုပ်ပြီးသည့်နောက်တွင် သူတို့က ပြိုင်တူပြောလိုက်ကြ၏။

“မျှော်နန်းသခင်ကို ကျေးဇူးတင်ပါတယ်”

မွေးဖွားဇယားချပ် အနည်းဆုံးရှိနေသည့် လုလီက အတော်လေး စိတ်လှုပ်ရှားနေမိသည်။ အပြာရောင်သလင်းကျောက်က သူ့အတွက် အဓိပ္ပာယ်များစွာ ရှိနေ၏။

ဝုန်း

ထို့နောက် ဧရာမကျောက်တုံးကြီးက အပေါ်မှ ပြုတ်ကျလာသည်။

ဝုန်း

“တစ်ယောက်ယောက်က အကာအရန်အတွင်း ရှိနေတာ ဖြစ်ရမယ်”

သဘောတရားအရ မြေကြီးပမာဏယူဆောင်ခြင်းက ဤသို့ တုံ့ပြန်မှုအကြီးကြီး ဖြစ်မလာသင့်ပေ။ တစ်စုံတစ်ယောက်က သူတို့ရောက်မလာခင် မြေကြီးယူသွား၍သာ အကြောင်းအရင်း ဖြစ်နိုင်သည်။

“တစ်ယောက်ယောက်ကလည်း တိုင်လုံးဆီကနေ အသိအမှတ်ပြုမှုကို ရခဲ့တာလား”

“အထွတ်အထိပ်သက်ရှိလား”

မိစ္ဆာဝေဟင်မျှော်နန်းတွင်ရှိနေသည့် လူသုံးဦးက ဖျက်ဆီးခြင်းတိုင်လုံးဆီမှ အသိအမှတ်ပြုမှုကို လက်ခံရရှိသည့်အတွက် တစ်စုံတစ်ယောက်သည်လည်း အသိအမှတ်ပြုမှုကို ရရှိဖို့ရာ တွေးကြည့်ဖို့ မခက်ခဲလှပေ။

“အထွတ်အထိပ်သက်ရှိတွေက မြေကြီးလိုမှာ မဟုတ်ဘူး။ ပြီးတော့ အထွတ်အထိပ်သက်ရှိကိုလည်း ဘယ်သူကမှ မမြင်ဖူးကြဘူး။ ပြီးတော့ အထွတ်အထိပ်သက်ရှိတစ်ယောက်အတွက် မဟာလေဟာနယ်မြေကြီး ကိုယ်တိုင်လာပြီးစုဆောင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး” ယန်ကျန်းလော့က ပြောလိုက်သည်။

“အခုတော့ မစိုးရိမ်နဲ့တော့ ကျုပ်တို့တွေ မြန်မြန်ထွက်သွားရမယ်”

အားလုံးက ယန်ကျန်းလော့၏ စကားကို သဘောတူကြ၏။

ကျူးဟုန်ကုန်းက လက်ကိုဖြန့်ကာ ပြောလိုက်သည်။

“ကျွန်တော်တော့ ဘာမှမခံစားမိဘူး”

ဖျက်ဆီးခြင်းတိုင်လုံးဆီမှ အသိအမှတ်ပြုမှုကို ရရှိပြီးသည့်နောက်တွင် စွမ်းအားထွက်ပေါ်လာသင့်သည်မဟုတ်ပါလော။ ယခုအခါ အဘယ်ကြောင့်ကွဲပြားနေရသနည်း။

“ဘာမှမခံစားမိဘူးလား” မင်ရှစ်ရင်က ကျူးဟုန်ကုန်းအား စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။

ဖျက်ဆီးခြင်းတိုင်လုံးဆီမှ အသိအမှတ်ပြုမှုကို လက်ခံရရှိပြီးသည့်နောက်တွင် ကျူးဟုန်ကုန်း၏ မဟာလေဟာနယ်မျိုးစေ့က အသက်ဝင်မလာသေးပေ။ ယခုကဲ့သို့ မည်သို့လှုပ်ရှားမှုမရှိဘဲ နေရသနည်း။

ခုံဝမ်က သုံးသပ်လိုက်သည်။

“အဲဒါက တခြားတစ်ယောက်ကို အသိအမှတ်ပြုပြီးလို့များလား”

နဂိုက စိတ်လှုပ်ရှားနေသည့် ကျူးဟုန်ကုန်းက ယခုအခါ ချောက်နက်ထဲ ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ဝုန်း

နောက်ထပ် ကျောက်တုံးတစ်တုံး ပြုတ်ကျလာပြန်သည်။

“သွားကြစို့”

လုကျိုးက ကျူးဟုန်ကုန်းကို ဆွဲကာ အကာအရန်မှ ထွက်လာလိုက်သည်။

အားလုံးက ဖျက်ဆီးခြင်းတိုင်လုံးဆီမှ ထွက်ခွာလာကြ၏။ သူတို့က ဖျက်ဆီးခြင်းတိုင်လုံး၏ အပြင်ဘက်သို့ ရောက်ရှိလာသည့်အခါ

ဝုန်း

အသံကျယ်ကြီးက မိုးမြေကို တုန်ခါသွားစေသည့် အသံမျိုးထွက်ပေါ်လာလေသည်။

အားလုံးက လှည့်ကြည့်လိုက်သည့်အခါ ဧရာမအက်ကြောင်းကြီးက အဝင်ဝ၌ ထွက်ပေါ်နေသည်။

“ဒါက..”

အားလုံးက ဆွံ့အနေကြ၏။

အပြာရောင်သလင်းကျောက်ကိုလက်ခံရရှိထားသည့် လူလေးယောက်က အာလူးပူတစ်လုံးကို ကိုင်ဆောင်ထားသလို ခံစားနေမိသည်။ သူတို့က စိတ်ရှုပ်ထွေးနေကြ၏။

“ကောင်းကင်က ပြိုကျလာတော့မှာလား”

မိစ္ဆာဝေဟင်မျှော်နန်းမှလူများက ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။

လုဝူကလည်း အက်ကြောင်းများကို စိုက်ကြည့်လိုက်၏။

ကျူးဟုန်ကုန်းက စိုးရိမ်စွာ ပြောလိုက်သည်။

“သွားပြီ။ ဒီတစ်ခါတော့ လုံလောက်သွားပြီ ထင်တယ်”

“တကယ်လို့ ဖျက်ဆီးခြင်းတိုင်လုံးက ပြိုလဲသွားမယ်ဆိုရင် သူက အားနည်းလို့ပဲပေါ့” မင်ရှစ်ရင်က ပြောလိုက်သည်။

“စတုတ္ထသခင်လေးပြောတာ ဘာကိုဆိုလိုတာလဲ”

“စွမ်းအားကြီးတစ်ခုက ကစားနေတယ်ဆိုတာ သိသာတယ်။ မဟုတ်ရင် အဲဒီငွေရောင်ချပ်ဝတ်ကျင့်ကြံသူတွေက ဒီနေရာမှာ မတော်တဆ ဘယ်လိုလုပ်ပေါ်ထွက်လာမှာလဲ။ သူတို့က ကြိုသိနေတဲ့ စွမ်းအားများရှိနေတာလား” မင်ရှစ်ရင်က ပြောလိုက်သည်။

“စတုတ္ထသခင်လေးပြောတာ အချက်အလက်ကျတယ်”

ဝုန်း

မိုးမြေ၊ တောင်တန်းနှင့် တောအုပ်တို့က ချက်ချင်းတုန်ခါလာလေသည်။

ဖင်းတန်းကို ဗဟိုပြုလျက် တုန်ခါလှိုင်းတို့က အဖက်ဖက်သို့ ပျံ့နှံ့သွားလေ၏။

ကျိမင်တွင်ရှိနေသည့် ကန်တော့ချွန်၏ ထိပ်တွင် ပိုးစာပင်မင်းသမီးက စက်ဝန်းသဏ္ဌာန်ရေကန်ကြီးကိုလှမ်းကြည့်လိုက်သည်။ ထို့နောက် ရေကန်အထက် လှိုင်းတွန့်တချို့ကို မြင်တွေ့နိုင်လေ၏။ သူမက သက်ပြင်းချကာ ပြောလိုက်သည်။

“တကယ်လို့ ငါတို့သာ ကပ်ဘေးမှာ အသက်ရှင်မယ်ဆိုရင် ကောင်းကင်မှာ ရှိနေတဲ့အရာက ကမ္ဘာမှာ ပြန်လည်ရောက်လာဖို့ မျှော်လင့်တယ်”

ဤသို့ဖြင့် သူမက အကာအရန်အတွင်း ထပ်မံဝင်ရောက်လိုက်သည်။

အပြာရောင်လျှပ်စီးချက်များက ဖျက်ဆီးခြင်းတိုင်လုံးအနီးတွင် တဖျတ်ဖျတ်လက်နေပြီး အက်ကြောင်းများကို မျက်စိတစ်မှိတ်အတွင်း ပြန်လည်ကုစားနေသည်။

အားလုံးက ပုံမှန်ပြန်ဖြစ်သွားလေ၏။

“ဘယ်လိုလုပ် ဒီလိုဖြစ်နေရတာလဲ”

“လူသားတွေအတွက် ဒီတိုင်လုံးကို တည်ဆောက်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။ သေတဲ့အထိ ရိုက်နှက်မယ်ဆိုရင်တောင် မယုံဘူး” ကျူးဟုန်ကုန်းက ပြောလိုက်သည်။

ယန်ကျန်းလော့ကလည်း ဖွင့်ပြောလိုက်၏။

“တကယ်ကို ယုံကြည်ဖို့ခက်ခဲတယ်”

လျှပ်စီးချက်များဖြင့် မည်သူမှ ဘာမှမမြင်လိုက်ရပေ။

ထိုစဉ် လုကျိုးက ကောင်းကင်ကို မော့ကြည့်ကာ ပြောလိုက်၏။

“သွားကြစို့”

လုကျိုးက နတ်ခြင်္သေ့ကို စီးနင်းကာ ကောင်းကင်အထက် ပျံသန်းလိုက်သည်။

ဝှစ် ဝှစ် ဝှစ်

တခြားသောသူများကလည်း နောက်မှလိုက်ပါလာကြ၏။

ထို့နောက် မိစ္ဆာဝေဟင်မျှော်နန်းရှိလူများက ဒေါသထွက်ပြီးသည့်နောက်တွင် ဖျက်ဆီးခြင်းတိုင်လုံးအနီးတွင်ရှိသည့် ပုံရိပ်ယောင်တစ်ခု ပေါ်ထွက်လာသည်။

ထိုသူက ရေရွတ်လိုက်၏။

“အဲဒါက ခင်ဗျားလား”

ထိုလူက ဖျက်ဆီးခြင်းတိုင်လုံးကို အချိန်အတော်ကြာ ချီးမြှင့်ပြီးသည့်နောက်တွင် ကောက်ချက်မချနိုင်သေးပေ။

ထိုစဉ် ရေဖြင့် ပြုလုပ်ထားသည့် ပုံရိပ်တစ်ခုက ပေါ်ထွက်လာလေ၏။

ထိုအရာက လေထဲတွင် ဝဲပျံကာ ဂရုတစိုက်ပြောလိုက်သည်။

“ဆရာ”

ထိုပုံရိပ်က မေးလိုက်သည်။

“အဲဒါက သူလား”

ကျန်းသုံ့ရှန်းက ပြန်ဖြေလိုက်၏။

“ကျွန်တော်လည်း မသေချာပါဘူး။ သူ့တိုက်ကွက်တွေက ရက်စက်ပြီးတော့ ဆုံးဖြတ်ချက် ပြတ်သားတယ်။ အပေါ်ယံမှာ သူက ခက်ထန်တယ်ဆိုပေမဲ့ ချုပ်ထိန်းထားတုန်းပဲ။ ဒါပေမဲ့ သူက ကျွန်တော်ကို မတိုက်ခိုက်ခဲ့ဘူး”

သူက ခေါင်းအသာယမ်းကာ ဆက်ပြောလိုက်သည်။

“အဲဒါ သူနဲ့တော့ မတူဘူး”

“မင်းက တန့်ကန်း စီးနင်းတဲ့ အဲဒီခပ်ဝဝလူကို မှတ်မိလား”

ကျန်းသုံ့ရှန်းက ခေါင်းယမ်းကာ အမှန်အတိုင်းပြောလိုက်သည်။

“မမှတ်မိပါဘူး”

“သူက တိုင်လုံးဆီကနေ အသိအမှတ်ပြုမှုရတယ်ဆိုတော့ အလားအလာကောင်းတယ်။ သူတို့နောက်ဆီလိုက်ပြီး ငါ့ဆီ တင်ပြ” ပုံရိပ်က ပြောလိုက်သည်။

“ဒါပေမဲ့…” ကျန်းသုံ့ရှန်းက တုံ့ဆိုင်းသွားလေ၏။

“မင်း တာဝန်ပြီးမြောက်တယ်ဆိုရင် ငါ မင်းကို တကယ့်အစစ်အမှန် ခန္ဓာကိုယ် ပေးမယ်”

ကျန်းသုံ့ရှန်းက ပျော်ရွှင်သွားလေ၏။ သူက ခေါင်းအသာညိတ်ကာ ပြောလိုက်သည်။

“ဟုတ်ကဲ့”

ကျန်းသုံ့ရှန်းက ပျံသန်းသွားပြီးသည့်နောက်တွင် ရေနှင့်တူသည့် ပုံရိပ်ကလည်း ပျောက်ကွယ်သွားခဲ့သည်။

ခုံဝမ်နှင့် လုလီတို့၏ ဦးဆောင်မှုအောက်တွင် မိစ္ဆာဝေဟင်မျှော်နန်းတွင် ရှိသည့်လူအားလုံးက လဝက်ခန့်မျှ ပျံသန်းပြီး နောက်ထပ် ရှေးဟောင်းတောအုပ်တစ်ခုအတွင်း ဝင်ရောက်ခဲ့လေသည်။

အမှောင်ထုနှင့် နေသားကျပြီးသည့်နောက်တွင် သူတို့က ရှေးဟောင်းတောအုပ်အတွင်း ဝင်ရောက်စဉ် ဘာမှမထူးဆန်းတော့ပေ။

“မျှော်နန်းသခင် ကျုပ်တို့တွေက ဦးတည်ချက်မှန်ကန်တယ်။ တကယ်လို့ အရာအားလုံးသာ ချောမွေ့တယ်ဆိုရင် ရှန်းရန်မှာရှိတဲ့ ဖျက်စီးခြင်းတိုင်လုံးကို သုံးလအတွင်း ရောက်ပါလိမ့်မယ်။ ရှန်းရန်မှာရှိတဲ့ ဖျက်ဆီးခြင်းတိုင်လုံးက အစွန်အဖျားနဲ့ အနီးကပ်ဆုံးပဲ” ခုံဝမ်က ပြောလိုက်သည်။

“ကောင်းပြီ” လုကျိုးက ခေါင်းညိတ်လိုက်၏။ ထို့နောက် သူက အားလုံးကို ကြည့်ကာ ပြောလိုက်သည်။

“ဖျက်ဆီးခြင်းတိုင်လုံးကို သွားဖို့ အလျင်မလိုနဲ့ဦး။ သူတို့တွေအားလုံး ဒီအချိန်အတွင်းမှာ ကောင်းကောင်းလေ့ကျင့်ဖို့မျှော်လင့်တယ်”

ယခု သူတို့က အသက်ဓာတ်နှလုံးသားအများကြီးကို ရရှိထားပြီဖြစ်သည့်အတွက် အားလုံးက ကျင့်ကြံဖို့ရာ မစောင့်ဆိုင်းနိုင်တော့ပေ။

လုကျိုးက မတည်မြဲခြင်းတိုင်လုံးကိုထုတ်ကာ မြေကြီးပေါ် ချလိုက်သည်။ ယခု ထိုအရာက စိတ်ဝိညာဉ်ဆိုင်ရာ နိုးထလာသည့်အတွက် သူက အရှိန်နှုန်းကို ထပ်မံမြှင့်တင်နိုင်မည်ဖြစ်၏။ သူက အဆတစ်သောင်းခန့်မြှင့်တင်လိုက်သည်။ သို့သော် တခြားသူများကမူ တောင့်ခံနိုင်မည်မဟုတ်သည့်အတွက် သူတို့အတွက် ထိခိုက်သွားစေနိုင်သည်။

“ကောင်းပြီ။ သွားလို့ရပြီ”

အားလုံးက ဦးညွှတ်ကာ ကျင့်ကြံဖို့နေရာရှာဖို့ ထွက်ခွာသွားကြလေ၏။

အပြာရောင်သလင်းကျောက်များရှိထားသည့်သူများကမူ မဟာလေဟာနယ်စွမ်းအားကို စုပ်ယူလိုက်ကြသည်။ မရရှိသေးသည့်သူများကမူ အားကျနေကြ၏။

အားလုံးထွက်ခွာသွားပြီးသည့်နောက်တွင် လုကျိုးက တင်ပျဉ်ခွေထိုင်ကာ သက်ပြင်းချလိုက်သည်။

“ဖျက်ဆီးခြင်းတိုင်လုံးနှစ်ခုကိုသွားဖို့ နှစ်တစ်ဝက်ခန့်ကြာလိမ့်မယ်လို့ ထင်မထားမိဘူး”

ကြည့်ရသည်မှာ ဖန်ကျုံးက အမည်မသိကုန်းမြေကို ဖြတ်သန်းဖို့ ငါးနှစ်တာ ကြာမြင့်ခဲ့သည်ဟု ပြောသည့်အရာက လိမ်ညာနေခြင်းဟုတ်ဟန်မပေါ်ပေ။

သူတို့ အခုလုပ်နေသည့်အရာက အမည်မသိကုန်းမြေ၏ အစွန်အဖျားကို တိုက်ရိုက် ပျံသန်းသွားနေခြင်း ဖြစ်၏။

သူတို့သာ အနက်ပိုင်းသို့ ပိုဝင်ရောက်ပါက ပိုမိုကြာမြင့်နိုင်သည်။

လုကျိုးက မတည်မြဲခြင်းတိုင်လုံးထဲ အသက်ဓာတ်စွမ်းအားများ စီးဝင်လာသည်ကို ခံစားမိလိုက်သည်။ ခဏအကြာတွင် သူက ရေရွတ်လိုက်၏။

“နှစ်သုံးသောင်းလား”

ယခင်ပိုင်ဆိုင်ထားပြီးသားနှစ်များကို ရေတွက်ခြင်း မဟုတ်ပေ။ ဤသည်က လေဟာနယ်ရင်ဘတ်မျိုးနွယ်ဝင်များဆီမှ ရရှိထားသည့် သက်တမ်းမျှသာ ဖြစ်၏။

…

အခန်း (၁၄၃၇) ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်မှ ကောင်းကင်စွမ်းအား အထက် အကန့်အသတ်ကို အသက်သွင်းခြင်း

နှစ်ပေါင်း ၃၀,၀၀၀ သည် သေးငယ်သော အရေအတွက်မဟုတ်ပေ။

မတည်မြဲခြင်းတိုင်လုံးသည် နေ့မြင်ညပျောက်မြို့၏ အပျက်အစီးနယ်မြေထဲတွင် နှစ်ပေါင်းသောင်းချီ ရှိနေခဲ့၏။ သို့သော်ငြိား သက်တမ်းတစ်သိန်းကိုသာ စုစည်းနိုင်ခဲ့သည်။ သို့သော် မဟာလေဟာနယ်ရင်ဘတ်မျိုးနွယ်တို့နှင့် တိုက်ပွဲတစ်ခုတည်းဖြင့် သက်တမ်း ၃,၀၀၀ ကို ပေးခဲ့သည်။ ဆုံးရှုံးမှုတချို့ရှိသော်ငြား ယင်းက ပုံမှန်ပဲဖြစ်သည်။

ယှဉ်ကြည့်လျှင် အစိမ်းရောင် ပုစဉ်းရင်ကွဲကျောက်စိမ်း အမွေအနှစ်သည် သက်တမ်းတစ်သောင်းသာ သိုလှောင်ထားနိုင်၏။

"မဆိုးဘူးပဲ"

လုကျိုးသည် ကုန်လွန်ခဲ့သည့်နှစ်ဝက်အတွင်း များစွာရလိုက်၏။

ယခင်က လုကျိုးသည် သင့်တော်သော အသက်ဓာတ်နှလုံးသားများကို ကောက်ယူပြီး ၎င်းတို့ကို ကျယ်ပြန့်ကောင်းကင်အိတ်ထဲ သိုလှောင်ခဲ့၏။ ယခုမူ ၎င်းတို့ကို အသုံးပြုရန် အချိန်တန်ပြီဖြစ်သည်။ သို့သော် ထိုအကြောင်း စဉ်းစားကြည့်မိပြီးနောက် သူသည် အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ဖြင့် ဦးစွာစတင်ရန် ဆုံးဖြတ်လိုက်သည်။

မဟာဆရာသခင်တစ်ပါး ဖြစ်လာပြီးနောက် သူသည် သူရထားသည့် ကောင်းကင်စွမ်းအားပမာဏသည် လုံလောက်မှုမရှိဟု ခံစားမိလာသည်။ အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကား ယခုဆို ပွင့်ချပ်ခုနှစ်လွှာ ဒုက္ခမိုင်တစ်ရာ စိတ်ဝိညာဉ်သဏ္ဌာန်ဖြစ်နေပြီး လုံလောက်ရန် ဝေးကွာနေသေး၏။ သူ့၌ အပြာရောင်ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ရှိခဲ့လျှင် သူသည် အကန့်အသတ်မရှိ ကောင်းကင်စွမ်းအားထောက်ပံ့မှု ရနိုင်လိမ့်မည်။ ထိုနည်းဖြင့် သူသည် အလိုအလျောက် ခံစစ်အနေအထား ရှိမှာမဟုတ်ပေ။

လုကျိုးသည် လက်ဝှေ့ယမ်းလိုက်ရင်း အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို ခေါ်လိုက်၏။

အပြာရောင်ကြာပွင့်၌ ပွင့်ချပ်ခုနစ်လွှာရှိနေပြီး ကောင်းကင်ထဲ၌ တောက်ပနေတော့သည်။

"အဆင့်မြှင့်တင်မယ်"

လုကျိုးသည် အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို မတည်မြဲခြင်းတိုင်လုံးနား ရွှေ့လိုက်၏။

စိတ်ဝိညာဉ်သဏ္ဌာန်မှ အပြာရောင်အလင်းကွင်း ကျရောက်လာစဉ် မြေကြီးထဲမှ အသက်စွမ်းအားတို့သည် စိတ်ဝိညာဉ်သဏ္ဌာန်ဆီ တိုးဝင်သွားတော့သည်။

လုကျိုးသည် စိတ်ဝိညာဉ်သဏ္ဌာန် အဆင့်မြှင့်တင်နေသည့်ဖြစ်စဉ်ထဲ ဝင်ရောက်သွားတာကိုကြည့်ပြီး စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ သူ့၏အတွေ့အကြုံဖြင့် နောက်ထပ်ပွင့်ချပ်တစ်ခု ပွင့်ဖို့က လွယ်ကူပေသည်။

ပြီးနောက် သူသည် စနစ်မျက်နှာပြင်ကို တစ်ချက်ဖွင့်ကြည့်လိုက်၏။

ကျန်ရှိသောသက်တမ်း= ၁,၃၆၄,၇၃၈ (၃၇၃၉၀နှစ်)

သူသည် မတည်မြဲခြင်းတိုင်လုံးမှ သက်တမ်း ၃၀,၀၀၀ ရထားသည်။ ၎င်းသည် သူ၏သက်တမ်းကိုမထိဘဲ အနည်းငယ်အဆင့်မြှင့်တင်ရန် လုံလောက်တာထက် ပိုပေ၏။

ပြီးနောက် သူသည် ကုသိုလ်မှတ်များကို ကြည့်လိုက်သည်။

ကုသိုလ်မှတ်= ၁,၄၉၃,၆၈၃၀။

သူက ကုသိုလ်မှတ်များစွာကို အသုံးရခဲ့ပြီး အသုံးပြုခဲ့၏။ ထို့ကြောင့် သူ့ကုသိုလ်မှတ်၌ များများစားစား ပြောင်းလဲမှုမရှိပေ။ မဟာဆရာသခင်တစ်ပါးဖြစ်လာပြီးနောက် သူရနိုင်သည့် ကုသိုလ်မှတ်အရေအတွက်က နည်းသည်ထက် နည်းလာသည်။ ဆရာသခင်အဆင့်အောက်ရှိသူများကို သတ်ဖြတ်ခြင်းမှ ရရှိသည့်ကုသိုလ်မှတ်ကလည်း နည်းပါးလွန်းပေ၏။ သူသည် ကျန်သည့်သူများ သူ့ကို ကိုးကွယ်ယုံကြည်ရာမှ ရလာသည့် ကုသိုလ်မှတ်များကို ရဖို့ အာရုံပိုစိုက်သင့်သည်ဟု ထင်သည်။

"ကုသိုလ်မှတ်ရဲ့ ဆိုလိုရင်းက ဒါလား"

ထိုသို့တွေးမိပြီး သူသည် သက္ကတကျမ်းထဲတွင် မြင်တွေ့ခဲ့ဖူးသည့် ကုသိုလ်ကျောက်တုံးအကြောင်း တွေးမိသွားသည်။

"အဲ့ဒီကုသိုလ်ကျောက်တုံးက စွမ်းအားရင်းမြစ်ဖြစ်နေမလား" လုကျိုးသည် သူ့ဘာသာသူ ရေရွတ်ပြောလိုက်၏။

၎င်းသည် ကောက်ချက်ချရန် ခက်ခဲသော်ငြား သူ၏အတွေးက ဖြစ်နိုင်ခြေရှိသည်။ သူ ဆက်စဉ်းစားသော်ငြား မဖော်ထုတ်နိုင်ချေ။

သူက ထရပ်လိုက်ရင်း ရှေ့လျှောက်နောက်လျှောက် လျှောက်နေသည်။ သူက ပတ်ဝန်းကျင်ကို ကြည့်ပြီး အပင်ပန်းပင်နှင့် အမှောင်နယ် အမှောင်နက်နှင့် ရှေးသစ်တောအုပ်ထဲရှိ သစ်ပင်များကို အနံ့ခံလိုက်သည်။ တစ်နှစ်ပတ်လုံး မှောင်မည်းအေးစက်နေသော်ငြား အမည်မသိကုန်းမြေပေါ်ရှိ အရာအားလုံးက အသက်စွမ်းအင်များ ပြည့်နေ၏။ ၎င်းသည် နယ်မြေကိုးခုထဲတွင်ရှိသည့် မည်သည့်အရာထက်မဆို စွဲမြဲခိုင်မြဲမှုရှိသည်။ နယ်မြေကိုးခုထဲရှိ မည်သည့်အရာထက်မဆို ပိုအားကောင်းပြီး ကြံ့ခိုင်မှုရှိသည်။

လုကျိုးက တင်ပျဉ်ခွေ ချိတ်ထိုင်လိုက်ပြန်သည်။ ခဏအကြာ၌ သူက ဆူညံသံကြားလိုက်ရ၏။ သူ မော့ကြည့်လိုက်ချိန်တွင် ကြာပွင့်ပေါ်၌ ပွင့်ချပ်သစ်တစ်ခု ပေါ်လာပြီဖြစ်သည်။

"အဋ္ဌမမြောက်ပွင့်ချပ်"

လုကျိုးက အနည်းငယ် လှုပ်ရှားလိုက်သည်။ အဋ္ဌမမြောက်ပွင့်ချပ် ပွင့်လာခြင်းက ခြွင်းချက်မရှိ ချောမွေ့လွန်းပြီး လက်ဖက်ရည်တစ်အိုးချက်စာ အချိန်မယူလိုက်ရပေ။

လုကျိုးသည် ပွင့်ချပ်များကို ကြည့်ပြီး စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

သူက ယခုဆို မွေးဖွားခြင်းအဆင့် အခု ၂၀ ရှိသည့် မဟာဆရာသခင်တစ်ပါး ဖြစ်နေလေပြီ။ သို့သော် အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်၏အဆင့်က နိမ့်လွန်းနေပြီး တိုးတက်မှုများစွာ လိုအပ်နေသေး၏။ သို့သော်ငြား ကောလိပ်ကျောင်းသားတစ်ယောက်သည် မူလတန်းကျအောင် စာမေးပွဲကို ဖြေဆိုနေသည့်ပမာ သူ့အတွက် ၎င်းကို အဆင့်မြှင့်တင်ရန်က အလွန်လွယ်ကူ၏။

"တင်း ပွင့်ချပ်ရှစ်ခု ဒုက္ခမိုင်တစ်ရာစိတ်ဝိညာဉ်သဏ္ဌာန်ကို ရပါပြီ။ နောက်ထပ်အဆင့်မြှင့်တင်မှုက သက်တမ်းတစ်သောင်း ကုန်ကျပါမည်”

ကံကောင်းသည်မှာ အဆင့်မြှင့်တင်ရန် လိုအပ်သောသက်တမ်းက သိပ်တိုးမလာပေ။

"ဆက်တင်မယ်”

ယခုဆို မတည်မြဲခြင်းတိုင်လုံးက ၎င်း၏ဝိညာဉ်သိစိတ်ကို ထားပြီးဖြစ်သောကြောင့် ၎င်းကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီဖြစ်သည်။ သူ၏အသက်စွမ်းအား အလုံးစုံပေးလိုက်ရလျှင်တောင် ၎င်းက ခုခံမှာ မဟုတ်ပေ။ သို့သော် ၎င်း၏အသက်စွမ်းအားကို အပြည့်အဝ ခန်းခြောက်သွားအောင် လုပ်ဖို့မလိုအပ်ချေ။

လုကျိုးသည် အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို လေ့လာလိုက်၏။ အဋ္ဌမမြောက်ပွင့်ချပ်သည် အရေးပါသည်။ ၎င်းသည် ရွှေကြာနယ်မြေ၌ အကန့်အသတ်ဖြစ်ခဲ့ဖူးလေ၏။ သို့သော်ငြား ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်နှင့် ယှဉ်လျှင် အားနည်းလွန်းနေသည်။

လုကျိုးသည် မတည်မြဲခြင်းတိုင်လုံးထဲရှိ အသက်စွမ်းအား လျော့ကျနေတာကို ရှင်းရှင်းလင်းလင်း ခံစားမိသည်။ အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို မြှင့်တင်ပြီးနောက် ၎င်းသည် ယခင်ကထက် အသက်စွမ်းအားကို ပိုလျှင်မြန်စွာ စုပ်ယူနေလေ၏။

ပြီးနောက် လုကျိုးသည် မျက်လုံးမှိတ်ထားလျက် ကောင်းကင်ကျမ်းစာစွမ်းအားကို ဆင်ခြင်သုံးသပ်နေစဉ် အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်က ၎င်း၏အဆင့်ကို ဆက်လက်မြှင့်တင်နေ၏။

ကောင်းကင်ကျမ်းစာစွမ်းအားကို နေ့ဝက်ကြာ ဆင်ခြင်ပြီးနောက် သူသည် သူ၏ကောင်းကင်စွမ်းအား အလုံးစုံပြန်ရပြီဖြစ်သည်။

သူက အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို ကြည့်လိုက်သည်။ အတိတ်တုန်းက အရိပ်ထင်ဟပ်မှုကြောင့် ဖြစ်ဟန်တူသည် သူသည် နဝမမြောက်ပွင့်ချပ်ကို စောင့်ဆိုင်းရာ၌ အနည်းငယ် စိတ်လှုပ်ရှားနေတော့သည်။

မည်သို့ပင်ဆိုစေ သူက နောက်ထပ်အသက်တစ်ချက် ရှူလိုက်ရအချိန်၌ သူ့၏စိုးရိမ်ပူပန်မှုများကို မမြင်ရတော့ချေ။

"ဟမ်။ ဒီလောက်မြန်မြန် အဆင့်မြှင့်တင်နိုင်ပြီလား” လုကျိုး မျက်မှောင်အနည်းငယ် ကြုံ့မိသွား၏။ ၎င်း ချောမွေ့စွာ မြှင့်တင်ပုံကို စဉ်းစားပြီး မသက်မသာဖြစ်သွားပြန်၏။

အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်၏ အမြင်ပြောင်းလဲသွားပြီး ကြာပွင့်က ပိုကြီးမားလာသည်။ အပြာရောင်လျှပ်စီးဓာတ်များက ၎င်းနား၌ လျှပ်တစ်ပြက် ပေါ်နေတော့သည်။

"တင်း ပွင့်ချပ်ကိုးလွှာ ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်။ နောက်ထပ်အဆင့်မြှင့်တင်ဖို့ သက်တမ်းတစ်သောင်းကုန်ဆုံးပါမည်”

လုကျိုးသည် နဝမမြောက်ပွင့်ချပ်ကိုကြည့်ပြီး အနည်းငယ် စိတ်အေးသွားလေ၏။ အကန့်အသတ်က ကျိုးပြတ်သွားတာ ကြာပြီဖြစ်သည် ထို့အပြင် အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်သည် ရွှေကြာနယ်မြေထဲရှိ အကန့်အသတ်ဖြင့် တားဆီးမခံထားရပေ။

"ဆက်သွားမယ်"

ဒဿမမြောက်ပွင့်ချပ် ဖူးပွင့်ပြီးနောက် သူသည် မွေးဖွားဇယားချပ်တစ်ခု အသက်သွင်းကာ အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်အဖြစ် ပြောင်းလဲနိုင်မည်။ ထိုအချိန်ကျ သူ၏ကောင်းကင်စွမ်းအားကလည်း များစွာတိုးလာမှာ သေချာ၏။

ဝှစ်။

အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်က စတင်လည်ပတ်သွားပြီး ကြာပွင့်အောက်ခြေ၌ လေပွေတစ်ခု ဖွဲ့တည်လိုက်သည်။ လေပွေသည် မတည်မြဲခြင်းတိုင်လုံးမှ အသက်စွမ်းအားကို လောဘတကြီး စုပ်ယူနေစဉ် အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်က သစ်ပင်တစ်ပင်ပမာ ဆက်လက်ကြီးထွားပြီးရင်း ကြီးထွားလာသည်။

ကောင်းကင်စွမ်းအားသည် သူ၏စွမ်းအားဗဟိုချက် ချီပင်လယ်ထဲမှ ပေါ်ထွက်လာသည်။

"အကန့်အသတ် တိုးသွားပြီ" လုကျိုးသည် သူတွင်ရှိခဲ့ဖူးသည့် ကောင်းကင်စွမ်းအား အကန့်အသတ် တိုးလာကြောင်း ခံစားမိသည်။

သုံးရက်သုံးည ကြာလွန်ပြီးနောက် အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်က ဆက်လက်လည်ပတ်နေကာ မတည်မြဲခြင်းတိုင်လုံးမှ အသက်စွမ်းအားကို စုပ်ယူနေ၏။

မတည်မြဲခြင်းတိုင်လုံး၏ အာနိသင်ကြောင့် သုံးရက်သည် ရက်ပေါင်း ၃၀၀ နှင့် ညီမျှသည်။

အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်၏ လည်ပတ်မှုက နှေးသည်ထက်နှေးသွားပြီး ရပ်တန့်သွားချိန်၌ လေထဲ၌ အသံ စုညံသံတစ်သံပေါ်ထွက်လာသည်။ ဒဿမမြောက်ပွင့်ချပ် ဖူးပွင့်လာ၏။ ၎င်းသည် အစ၌ အနည်းငယ် အားနည်းနေသော်ငြား ခဏအကြာ၌ ထက်မြိပြီး အန္တရာယ်များပုံ ပေါ်လာသည်။

"ဒဿမမြောက်ပွင့်ချပ်"

လုကျိုးသည် သူက ဒဿမမြောက်ပွင့်ချပ်ကို အလွယ်တကူ ဖူးပွင့်စေနိုင်တာကို အနည်းငယ် ယုံရခက်ခဲနေလေ၏။ သူ့လက်ကို ဝှေ့ယမ်းလိုက်ကာ အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို သူ့နား ဆွဲယူလိုက်၏။ သို့မှသာ သူ ကောင်းကောင်းကြည့်နိုင်မှာဖြစ်သည်။ တကယ်ပင် ဒဿမမြောက်ပွင့်ချပ်ဖြစ်သည်။

ပြီးနောက် လုကျိုးသည် ကျယ်ပြန့်ကောင်းကင်အိတ်ထဲမှ သားရဲဘုရင် ရှီချူး၏ အသက်ဓာတ်နှလုံးသားကို ထုတ်ယူလိုက်သည်။ အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်၌ ထူးခြားသော စွမ်းရည်မရှိလေသလားဟု တွေးမိသည်။ ထိုအစား ၎င်းသည် ခုခံခြင်း တိုက်ခိုက်ခြင်းစွမ်းအားနှင့် လျင်မြန်ဖျတ်လတ်မှုကဲ့သို့ အခြေခံစွမ်းရည် တိုးစေလိမ့်မည်။

လုကျိုးသည် အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို ခုန်ထွက်ခိုင်းလိုက်၏။

ဝှစ်။

အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်သည် ကြာပွင့်မှ ခုန်ထွက်သွားပြီးနောက် လေထဲ ပေပေါင်းများစွာ ခုန်လိုက်၏။ တစ်ချိန်တည်းတွင် အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်က အကြီးရောင်ဖြစ်သွားသည်။ ၎င်းက ကြာပွင့်ဆီ ပြန်သွားချိန်၌ ကြာပွင့်ပေါ်လာပြန်၏။ အပြာရောင်ကြာပွင့်က ဖောက်ထွင်းမြင်နေရသည်။ ၎င်းသည် ကြာပွင့်ဆီ ပြန်ရောက်သွားသောအခါ ကြာပွင့်ပေါ်လာတော့သည်။

"စွမ်းအင်ဓား" လုကျိုးသည် သူ့လက်ကို မြှောက်လိုက်စဉ် လက်နှစ်ချောင်းကြား၌ စွမ်းအင်ဓားတစ်လက် ပေါ်လာသည်။

အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်က သူ့ကို တုပလိုက်လျက် သူ့၏လက်နှစ်ချောင်းကြားထဲ၌ အပြာရောင်စွမ်းအင်ဓား ပေါ်လာတော့သည်။

လုကျိုးနှင့် စိတ်ဝိညာဉ်သဏ္ဌာန်၏ လှုပ်ရှားမှု အချိန်အခါကိုက်မှုသည် အလွန်ချောမွေ့နေသည်။

လုကျိုးက လက်ကောက်ဝတ်ကို လှည့်လိုက်၏။

ဘန်း။

စွမ်းအင်ဓားများ ပျံထွက်လာ၏။

ရွှေရောင်စွမ်းအင်ဓားတို့သည် အချိန်အတော်ကြာ ပျံသန်းပြီး ပျောက်ကွယ်သွားခြင်းမရှိပေ။ တစ်ဖက်တွင်မူ ခရမ်းပြာရောင်စွမ်းအင်ဓားသည် မီတာ ၁၀၀ အကွာ ပျံသန်းပြီး ပျောက်ကွယ်သွား၏။

လုကျိုးသည် စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ၎င်းသည် မဟာတိုးတက်မှုကြီးတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။ ပြီးနောက် လုကျိုးသည် တုံ့ဆိုင်းမနေဘဲ အသက်ဓာတ်နှလုံးသားကို သူ၏ကြာပလ္လင်ပေါ် တင်လိုက်၏။

ဤနည်းဖြင့် မွေးဖွားဇယားချပ်၏ ထင်ရှားသောဇုန် ၃၆ ခုက တစ်ပြိုင်နက်တည်း လင်းလာသည်။

"မွေးဖွားနန်းဆောင်ရဲ့ အထက်အကန့်အသတ်ကို အပြည့်အဝ အသက်သွင်းနိုင်ပြီလား"

All Chapters