← Chapters

အခန်း (၁၄၄၁-၁၄၄၃)

Vol. 97 Ch. 1441-1443

အခန်း (၁၄၄၁-၁၄၄၃)

Vol. 97 Ch. 1441-1443

အခန်း (၁၄၄၁) နွေဦးနှင့်ဆောင်းဦး နှစ်တစ်ရာ

မိစ္ဆာဝေဟင်မျှော်နန်းမှ လူတို့သည် သူတို့ရှေ့ရှိအမျိုးစုံသော ထူးဆန်းသော ကြမ်းတမ်းခက်ထန်သားရဲများကို မြင်သောအခါ ကမ္ဘာသစ်ထဲ ဝင်လာသလို ခံစားလိုက်ရ၏။ သူတို့ရှေ့ရှိ မြင်ကွင်းကို တိတ်တဆိတ်ကြည့်နေမိသည်။

များပြားလှသည့် ကြမ်းတမ်းခက်ထန်သားရဲအရေအတွက်ကြောင့် သူတို့ကြားထဲတွင် ကြမ်းတမ်းခက်ထန်သားရဲများအကြောင်း ဗဟုသုတအကြွယ်ဝဆုံးဖြစ်သည့် ခုံဝမ်တောင် ခွဲခြားနိုင်ရန် ခက်ခဲနေတော့သည်။

ထိုစဉ် ကျန့်သုံ့ရှန်းက ပြောလိုက်သည်။ “ဒီနေရာက အင်မတန် အန္တရာယ်များတယ်။ မြေမျက်နှာသွင်ပြင်က ကြမ်းတယ်။ သစ်ပင်နဲ့နွယ်ပင်တွေက ဒီနေရာမှာ ပေါက်နေတာ။ ဒီနေရာအပြင် ကြမ်းတမ်းခက်ထန်သားရဲမျိုးစုံ ရှိနေတာကြောင့် သူတို့အကြောင်းကို ကြမ်းတမ်းခက်ထန်သားရဲပညာရှင်တွေတောင် မခွဲခြားနိုင်ဘူး”

ရှောင်ယွမ်အာသည် တီးတိုးပြောလိုက်သည်။ “ချီရှစ်ရှိုးကို တစ်ခါမှမတွေ့ဖူးတာကြောင့် ဒီလိုပြောနိုင်တာပဲ”

ကျန့်သုံ့ရှန်းသည် လှပသည့်ရှောင်ယွမ်အာကိုကြည့်ပြီး ပြုံးလျက်ပြောလိုက်သည်။ “ပြီးတော့ မင်း ဒီလိုမပြောနိုင်တာ ကျစ်ရွှီအကြောင်းမသိလို့ပဲ”

“ကျစ်ရွှီအကြောင်းသိဖို့မလိုဘူး။ ကျွန်မသိတာက ကျွန်မရဲ့ချီရှစ်ရှိုးက ဗဟုသုတအကြွယ်ဝဆုံးပဲ”

ရှောင်ယွမ်အာက ပြန်ပြောလိုက်သည်။

ကျန့်သုံ့ရှန်းသည် ရှောင်ယွမ်အာနှင့်စကားဆက်ပြောစရာ နည်းလမ်းမရှိဟု ခံစားမိသည်။ ဦးနှောက်သေနေသည့် ပရိသတ်များက ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းမရှိပေ။ သူ၏အတွေးကို ထုတ်မပြခဲ့ချေ။ လုကျိုးက ယုတ္တိရှိတာ တစ်ခုခုပြောမည်ဟုထင်ကာ လုကျိုးကိုကြည့်လိုက်သည်။

ကျန့်သုံ့ရှန်း၏‌ မျှော်မှန်းချက်နှင့်ဆန့်ကျင်ဖက်ပင် လုကျိုးက ခေါင်းတချက်ညိတ်ကာ ပြောလိုက်တော့သည်။ “တကယ်ပဲ လောင်ချီသာ ဒီမှာရှိရင် ဒီက ကြမ်းတမ်းခက်ထန်သားရဲတွေကို ဝေဖန်ပိုင်းခြားနိုင်မှာ”

ကျန့်သုံ့ရှန်းသည် သူ၏လျှာဖျားထိပ်ထိ ရောက်လာသည့် စကားလုံးများကို ပြန်မျိုချလိုက်ရ၏။

မုန့်ချန်းသုံက သက်ပြင်းချလျက် ပြောလိုက်သည်။ “အမှန်ပဲ သတ္တမသခင်လေးက ဗဟုသုတကြွယ်ဝရုံတင် မကဘူး ပုံတူမှတ်ဉာဏ်တောင် ရှိထားတာ။ ကျုပ်ဘဝမှာ တွေ့ဖူးသမျှထဲ ဗဟုသုတအကြွယ်ဝဆုံးလူပဲ။ ကောင်းကင်ဘုံက ပါရမီရှင်တွေကို မနာလိုဖြစ်တာတော့ နှမြောစရာပဲ”

ကျန့်သုံ့ရှန်းသည် မုန့်ချန်းသုံ၏ နောက်ဆုံးစကား အဓိပ္ပာယ်ကို ဖမ်းမိသွားသော်ငြား ဘာမှမပြောရဲချေ။

လူတိုင်းက စီးဝူယာ့ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးသွားသည့်အချက်ကို ပူဆွေးနေကြစဉ် လုကျိုးက ပြောလိုက်၏။ “ဒီတော့ ကျစ်ရွှီရဲ့ဖျက်ဆီးခြင်းတိုင်လုံးက နွယ်ပင်တွေပြည့်နေတာပေါ့” “ဟုတ်တယ်။ တိုင်လုံးကလွဲရင် ၁၀မီတာအထိ ဖြန့်ကျက်ထားတဲ့ သုသာန်ရှိတယ်။ ဒါက မဟူရာမင်းသားရှိတဲ့နေရာပဲ။ သူက ကြမ်းတမ်းခက်ထန်သားရဲတွေကို ထိန်းချုပ်နိုင်တယ်လို့ကြားတယ်။ တိုင်လုံးဆီသွားဖို့ဆို သူ့ကိုရင်ဆိုင်ရမှာ” ကျန့်သုံ့ရှန်းက ပြောလိုက်၏။

“မင်း အရင်က ဒီကိုရောက်ဖူးလား” လုကျိုးက မေးလိုက်၏။

ကျန့်သုံ့ရှန်းက ခေါင်းညိတ်လိုက်သည်။

လုကျိုးသည် မေးခွန်းဆက်မမေးတော့ဘဲ လှမ်းခေါ်လိုက်သည်။ “လုဝူ”

လုဝူသည် ကြမ်းတမ်းခက်ထန်သားရဲများဆီ ပျံသန်းလာ၏။ တခဏအတွင်း မရေမတွက်နိုင်သော ကြမ်းတမ်းခက်ထန်သားရဲများက ကြောက်လန့်ပြီး ထွက်ပြေးသွားကြသည်။

ဖုန်း

လုဝူက မြေပြင်ပေါ်ဆင်းသက်လိုက်ချိန်တွင် ကြမ်းတမ်းခက်ထန်သားရဲ ၁၀၀ကျော် ထွက်ပြေးသွား၏။ ပြီးနောက် ၎င်းသည် မိုးခြိမ်းသံပမာ ကျယ်လောင်သော ဟိန်းသံကို ပြုလိုက်သည်။

အသံလှိုင်းသည် အရပ်မျက်နှာအနှံ့ ပြန့်နှံ့သွား၏။ သားရဲဧကရာဇ်တစ်ပါး၏ စွမ်းရည်သည် ကျန်သည့် ကြမ်းတမ်းခက်ထန်သားရဲများကို အမြီးကုပ်ပြေးစေသည်။

“ဒါက” ကျန့်သုံ့ရှန်းက မှင်တက်သွားတော့သည်။

ကျန့်သုံ့ရှန်းသည် ထိတ်လန့်နေရာမှ သတိပြန်မရသေးခင် လုကျိုးက မြန်ဆန်သောလှုပ်ရှားမှုများဖြင့် ကျစ်ရွှီ၏တိုင်လုံးဆီ ပျံသန်းသွား၏။

ကျန်သည့်သူများကလည်း နောက်မှ ချက်ချင်း လိုက်ပါလာသည်။ သူတို့ရှေ့တက်သွားသောအခါ လုဝူသည် ကြမ်းတမ်းခက်ထန်သားရဲများကို ဆက်လက်မောင်းထုတ်နေ၏။ ရုတ်တရက် ယင်ကျောက်က ကြောက်လန့်သည့် အသံပြုလိုက်သည်။

ကျောင်းယွဲ့က ယင်ကျောက်၏ခေါင်းကို ပုတ်ပြီး ခရုလေးဘက် လှည့်ပြီးနောက် ဇဝေဇဝါဖြင့် မေးလိုက်သည်။ “သူ ဘာပြောတာလဲ”

ခရုလေးက ပြောလိုက်၏။ “သတိမလျော့ကျဖို့ ပြောနေတာ။ မဟာလေဟာနယ်က အံ့ဖွယ်ရှေးသားရဲတွေ ရှိလောက်တယ်တဲ့”

ကျန့်သုံ့ရှန်းက ပြောလိုက်သည်။ “အံ့ဖွယ်ရှေးသားရဲတွေ မရှိလောက်ပေမဲ့ အံ့ဖွယ်သားရဲတွေ ရှိလောက်တယ်”

လုကျိုးက ရပ်တန့်သွားပြီးနောက် နွယ်ပင်များ လွှမ်းခြုံနေသည့် ဖျက်ဆီးခြင်းတိုင်လုံးကို မော့ကြည့်ကာ မေးလိုက်သည်။ “ဘာလို့ဒီလောက်သေချာနေတာလဲ”

ကျန့်သုံ့ရှန်းက ပြောလိုက်၏။

“မဟူရာမင်းသားရဲ့အရှိန်အဝါက ကြမ်းတမ်းခက်ထန်သားရဲ တစ်သောင်းကို ထိန်းချုပ်နိုင်တယ်။ သူ့အသက်ရှင်တုန်းက ကြမ်းတမ်းခက်ထန်သားရဲအပေါင်းရဲ့ နတ်ဘုရားအဖြစ် အသိအမှတ်ပြု ခံထားရတာ။ သူသေသွားပြီး‌တော့ ကျစ်ရွှီမှာမြှုပ်နှံခံလိုက်ရတယ်။ အံ့ဖွယ်ရှေးသားရဲတွေက ဒီနေရာကို ကျက်စားရာ နေရာအဖြစ် သုံးလေ့ရှိတာ” ပြီးနောက် သူသည် လုဝူကိုမော့ကြည့်ပြီးနောက် ဆက်ပြောလိုက်သည်။

“ကျန်တဲ့ ကြမ်းတမ်းခက်ထန်သားရဲတွေက သားရဲဧကရာဇ်လုဝူဆီကနေ ဝေးဝေးနေသလိုမျိုးပဲ။ တောင်တစ်တောင်မှာ ကျားနှစ်ကောင်မနေဘူးလေ”

လူတိုင်းက ‌ခေါင်းညိတ်လိုက်၏။ ရှင်းပြချက်က အလွန်ကျိုးကြောင်းသင့်သည်။ ပြီးနောက် သူတို့ရှေ့ဆက်သွားလိုက်သည်။

ရှေးသစ်ပင်များ၏ တောအုပ်က မြေပြင်ကိုလွှမ်းနေပုံပေါ်သည်။

သူတို့ဆင်းသက်ပြီးတောအုပ်ထဲ ဖြတ်လျှောက်သွားချိန်၌ အရွယ်ရောက်ပြီးလူတစ်ယောက်ထက် ပိုကြီးမားသည့် သစ်ရွက်များဖြင့် သစ်ပင်တချို့ကိုတွေ့လိုက်ရသည်။

ဝှစ်

ထိုစဉ် ‌ရှေးသစ်ပင်တချို့ပေါ်ရှိနွယ်ပင်များသည် ဧရာမမြွေများပမာ လျှောဆင်းလာကြသည်။

“သေစမ်း သစ်ပင်တွေ အသက်ဝင်လာတော့မယ်” မင်ရှစ်ရင်သည် လျှောတိုက်ဆင်းလာသည့် နွယ်ပင်များကို ညွှန်ပြလိုက်၏။

“မဟုတ်ဘူး သစ်ပင်တွေအသက်ဝင်လာဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အဲ့တာအစီအရင်ရဲ့ အကျိုးသက်ရောက်မှုပဲ” ကျန့်သုံ့ရှန်းက ရှင်းပြလိုက်သည်။

လုကျိုးသည် နတ်ခြင်္သေ့ပေါ်မှဆင်းသက်လာပြီး အားလုံးအထက်ပျံဝဲလိုက်သည်။ ပြီးနောက် သူသည်ရွှေရောင်ထိုက်ရွှီကြေးမုံကို ဆွဲထုတ်ကာ သူ့‌ရှေ့၌ လင်းထိန်သွားစေသည်။

“ရွှေရောင်ထိုက်ရွှီကြေးမုံလား” ကျန့်သုံ့ရှန်းသည် တအံ့တဩပြောလိုက်၏။

လုကျိုးက ငုံ့ကြည့်ပြီးပြောလိုက်သည်။ “မင်း မှန်ကိုသိတယ်လား”

“ရွှေရောင်ထိုက်ရွှီကြေးမုံက မဟာလေဟာနယ်အပိုင်‌လေ။ သာမန်ပစ္စည်းလို့ထင်ရပေမဲ့ လူကြီးမင်းရဲ့ကြေးမုံကတော့ ထူးကဲသာလွန်တာသိသာသည်” ကျန့်သုံ့ရှန်းက ပြောလိုက်သည်။

လုကျိုးကပြောလိုက်သည်။ ဒါကို အကြိမ်များစွာအဆင့်မြှင့်တင်ထားတော့ ဒီလိုဖြစ်မှာပေါ့။

ပြီးနောက် လုကျိုးသည် မျက်မှောင်အနည်းငယ်ကျုံ့လျက်မေးလိုက်သည်။

“မဟာလေဟာနယ်ပိုင်တာတဲ့လား”

ကျန့်သုံ့ရှန်းက အလျင်စလိုပြောလိုက်သည်။ “အခု လူကြီးမင်းပိုင်တာ သိသာနေပါပြီ။ ကျွန်တော်ဆိုလိုတာက မဟာလေဟာနယ်ကနေလာတာလို့ပြောတာ”

လုကျိုးသည် ကျန့်သုံ့ရှန်းကို မတုံ့ပြန်တော့ပေ။

လူတိုင်းက မြန်ဆန်သောအရှိန်ဖြင့်ဆက်လက် ဆက်သွားလိုက်သည်။ ရွှေရောင်ထိုက်ရွှီကြေးမုံဖြင့် သူတို့သည် ထောင်ချောက်များကို အလွယ်တကူရှောင်ကာ အစီအရင်များကို မြင်နိုင်သည်။

မုန့်ချန်းသုံက ဘယ်ညာကြည့်ပြီးနောက် မျက်မှောင်အနည်းငယ်ကျုံ့ကာ ပြောလိုက်၏။ “အစီအရင်ကို တောင်တန်းနဲ့မြစ်က စွမ်းအားဖြည့်ပေးထားပြီးတော့ ပစ္စည်းတွေကိုဖန်တီးထားတာက မယုံနိုင်စရာကောင်းလိုက်တာ။ ဧရာမအစီအရင်တစ်ခုထဲ လျှောက်လာရသလိုပဲ”

ရွှေရောင်ထိုက်ရွှီကြေးမုံမှ ရွှေရောင်အလင်းသည် တောင်များနှင့်မြစ်များ၏ အရိုးနှင့်ကြွက်သားများကို ထုတ်ပြနေသည်။

ရုတ်တရက် ကျောင်းဟုန်ဖုက လှမ်းခေါ်လိုက်သည်။ “မျှော်နန်းသခင်”

“ပြောပါ”

“ပုံရိပ်ယောင်အစီအရင်တွေကို သတိထားပါ” ကျောင်းဟုန်ဖုက ပြောလိုက်၏။

လုကျိုးသည် ရပ်လိုက်ပြီးနောက် ရွှေ‌ရောင်ထိုက်ရွှီကြေးမုံကို ပတ်လည်တဝိုက်လင်းထိန်သွားစေ၏။

ရွှေ‌ရောင်ထိုက်ရွှီကြေးမုံဖြင့်လူတိုင်းသည် သစ်များကြားထဲ၌ ကူးလူးသွားလာနေသည့် အပြာရောင်ဖျော့ဖျော့မြူကို တွေ့ရသည်။

၎င်းသည် သူတို့အား မိစ္ဆာဝေဟင်မျှော်နန်းထဲရှိ အရံအတားကို အမှတ်ရသွားစေသည်။ ထိုပုံရိပ်ယောင်အစီအရင်သည်လည်း အရံအတားတစ်ခုပမာပင်။

လူတိုင်းက အရှိန်လျော့လျက် တောအုပ်ကိုဂရုတစိုက်ဖြတ်ကျော်လိုက်သည်။ သူတို့အချိန်ကြာမြင့်စွာ လျှောက်ခဲ့သော်ငြား ဖျက်ဆီးခြင်းတိုင်လုံးနား မကပ်နိုင်ပုံပေါ်၏။ သူတို့သည် တောအုပ်ထဲမှထွက်နိုင်မည့်ပုံ မပေါ်ပေ။ သူတို့ပျံသန်းသည့်အချိန်၌ ဖျက်ဆီးခြင်းတိုင်လုံးက ရှေ့တွင်ရှိနေကာ သူတို့အောက်ရှိတောအုပ်ကို အလွယ်တကူမမြင်ရပေ။ လူတိုင်းက မြူနားတဝိုက်ဝေ့ဝိုက်သွားလာနေပြီး ကမ္ဘာခြားနေစေသည်။

“ရပ်လိုက်” လုကျိုးက လက်မြှောက်လိုက်၏။

“ရှစ်စွင်း ဘာမှားလို့လဲ”

လုကျိုးသည် စနစ်မျက်နှာပြင်ကိုကြည့်လိုက်သည်။ သူ၏သက်တမ်းက လျော့ကျနေ၏။ အစ၌ သူ၏သက်တမ်းကို စုပ်ယူနေသည့်အစီအရင်ဖြစ်လိမ့်မည်ဟု ထင်ခဲ့သည်။ သူသည် မတည်မြဲခြင်းတိုင်လုံးရှိ အသက်စွမ်းအားကို စစ်ဆေးကြည့်လိုက်ရာ မလျော့သွားတာ တွေ့လိုက်ရ၏။

နောက်ဆုံး၌ လုကျိုးသည် တည်ငြိမ်စွာပြောလိုက်တော့သည်။

“ငါတို့တွေ ရှေးဟောင်းအချိန်အစီအရင်ထဲ ဝင်လာမိတာ”

လူတိုင်းက ထိတ်လန့်သွားတော့သည်။

ကျန့်သုံ့ရှန်းက မျက်မှောင်ကျုံ့ကာ ပြောလိုက်တော့၏။ “ရှေးဟောင်းအချိန်အစီအရင်လား”

ပြီးနောက် ကျန့်သုံ့ရှန်းက ပျံသန်းလိုက်၏။ ယင်းကို မြင်သောအခါ မင်ရှစ်ရင်က လှမ်းအော်လိုက်သည်။ “ခင်ဗျားက ကျုပ်တို့ကို ထောင်ချောက်ထဲခေါ်လာပြီး ထွက်သွားချင်သေးတယ်ပေါ့”

ဝှစ်

မင်ရှစ်ရင်သည် ချုံးချီပေါ်တက်လျက် ကျန့်သုံ့ရှန်းနောက် လိုက်လာသည်။ ကျန့်သုံ့ရှန်းက လှည့်ပြောလိုက်သည်။ “ကျုပ်တို့ပတ်ဝန်းကျင်ကို တချက်ကြည့်မလို့ပါ။ ထွက်သွားတာမဟုတ်ပါဘူး”

“ခင်ဗျားကို မယုံဘူး” မင်ရှစ်ရင်က ပြောလိုက်၏။ ကျန့်သုံ့ရှန်းက ရပ်တန့်လိုက်ပြီး ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သည်။ သူတို့အချိန်ကြာမြင့်စွာပျံသန်းခဲ့သော်ငြား တစ်နေရာတည်းပတ်နေခဲ့တာပဲဖြစ်၏။

ကျန့်သုံ့ရှန်းက ခပ်နိမ့်နိမ့်ပျံသန်းလျက် လေးနက်တည်ကြည်သောအမူအရာဖြင့် ပြောလိုက်သည်။

“ဒါက ရှေးဟောင်းအချိန်အစီအရင်တင်မကဘူး။ ကျုပ်တို့က ‌ရှေးဟောင်းလေဟာနယ်အစီအရင်ထဲမှာ ရောက်နေတာ”

မုန့်ချန်းသုံက ပြောလိုက်၏။ “ရှေးဟောင်းလေဟာနယ်အစီအရင်လား”

ကျန့်သုံ့ရှန်းက ခေါင်းခါပြီးပြောလိုက်၏။ “ဒီနေရာကို မလာဖို့ပြောသားပဲ”

“အဆုံးကျ ခင်ဗျားက ကျုပ်တို့ကိုလမ်းပြပေးဖို့သဘောတူထားတာမဟုတ်လား” မင်ရှစ်ရင်က မျက်မှောင်ကျုံ့လျက် ပြောလိုက်သည်။

“ကျုပ်” ကျန့်သုံ့ရှန်းက ရှင်းပြချင်သော်ငြား အကျိုးမထူးဘူးဟု ခံစားမိလိုက်၏။ အဆုံးကျ သူက ပြောလိုက်သည်။ “ဒီနေရာကထွက်သွားဖို့ နည်းလမ်းတစ်ခုရှာရမယ်”

မင်ရှစ်ရင်က ကူကယ်ရာမဲ့စွာပြောလိုက်သည်။ “ကောင်းပြီ ပုံရိပ်ယောင်အစီအရင်ကို ရှောင်နိုင်ပေမဲ့ ရှေးဟောင်းအစီအရင်ကို မရှောင်နိုင်သေးဘူး”

လုကျိုးစကားမပြောတာကို မြင်လိုက်ရသောအခါ သူ အတွေးနစ်နေသည်ဟု ထင်ပြီး လူတိုင်းက လှည့်ပတ်ကြည့်လိုက်၏။

ယွီကျန့်ဟိုင်က ပိအန်း၏ကျောပေါ်တွင်ထိုင်လျက် ဘယ်ဖက်သို့ပျံသန်းသွားစဉ် ယွီရှန်းရုန်က ကျိလျန်၏ကျောပေါ် ထိုင်လျက် ညာဖက်သို့ပျံသန်းသွား၏။

လုကျိုးသည် သူ၏သက်တမ်းကိုကြည့်လိုက်သည်။ “ဒီနေရာရဲ့အချိန်စီးဆင်းမှုက အဆ၁၀၀ မြန်တယ်”

“အဆ ၁၀၀လား”

“ဒါက မတည်မြဲခြင်းတိုင်လုံးရဲ့အကျိုးသက်ရောက်မှုနဲ့ ဆန့်ကျင်ဖက်ပဲ။ တနည်းအားဖြင့် ဒီမှာတစ်နှစ်နေရင် အပြင်ထွက်သွားတဲ့အချိန် အပြင်မှာ နှစ်၁၀၀ ကုန်သွားမှာ” လုကျိုးက ပေါ့ပေါ့ပါးပါးပြောလိုက်၏။ လူတိုင်းက အံ့ဩသွားကြ၏။ နှစ်၁၀၀မဆိုထားနှင့် ကိစ္စရပ်များသည် ၁၀နှစ်အတွင်း၌ ပြောင်းလဲသွားနိုင်သည်။

ရှောင်ယွမ်အာက မကျေမချမ်းပြောလိုက်တော့သည်။ “ရှစ်စွင်း ဒီနေရာကထွက်ဖို့ နည်းလမ်းတစ်ခုရှာမှရမယ်။ တပည့်မအိုချင်သေးဘူး”

ဤနေရာတွင် ရှိနေသည့်လူများအနက် ရှောင်ယွမ်အာသည် ထိုကိစ္စကိုပြောပိုင်ခွင့်အနည်းဆုံးလူဖြစ်သည်။ သူမ၏ ကျင့်ကြံဆင့်က အမြန်ဆန်ဆုံးတိုးတက်မှာဖြစ်ပြီး သက်တမ်းအများဆုံးရှိ၏။ သူတို့အားလုံးအသက်ကြီးပြီးသေလျှင်တောင် သူမအလှည့်ရောက်ဦးမှာ မဟုတ်ပေ။ မင်ရှစ်ရင်က ကျန့်သုံ့ရှန်းကို လှမ်းဖမ်းလျက်မေးလိုက်၏။ “မင်း ငါတို့ကိုဒီခေါ်လာတာ မင်းမှာ ဘာစိတ်ကူးမှမရှိဘူးလား”

ကျန့်သုံ့ရှန်းက ပြောလိုက်၏။ “ကျုပ်လည်း အစီအရင်ထဲရောက်နေတာ”

လုကျိုးက လက်ဝေ့ယမ်းလျက် ပြောလိုက်သည်။ “တော်လောက်ပြီ”

မင်ရှစ်ရင်က ကျန့်သုံ့ရှန်းကို လွှတ်လိုက်၏။

လုကျိုးသည် ရွှေ‌ရောင်ထိုက်ရွှီကြေးမုံကိုထုတ်လာလျက် ကောင်းကင်စွမ်းအားထည့်လိုက်သည်။

ဘီး

ရွှေရောင်အလင်းသည် အရပ်မျက်နှာအနှံ့ဖြာကျသွားသည်။ တောအုပ်၊ တောင်တန်း၊ မြေပြင်၊ သစ်ပင်နှင့် လေထဲတွင် ပင့်ကူအိမ်ကဲ့သို့သဏ္ဌာန်ကွက်များ ပေါ်လာသည်။ သစ်ရွက်တိုင်း၊ ပန်းပွင့်တိုင်း၊ မြက်ပင်တိုင်းက ထူးကဲသောထွင်းစာများရှိနေသည်။

မုန့်ချန်းသုံက ယင်းကိုမြင်သောအခါ ခေါင်းခါလိုက်လေ၏။ “ဒီအစီအရင်က ကျုပ်နားလည်နိုင်စွမ်းထက် ကျော်လွန်နေတယ်”

ရွှေ‌ရောင်ထိုက်ရွှီကြေးမုံသည် အမှန်တရားကိုသာ ပြပေးနိုင်ပြီး အစီအရင်ကို မဖြေရှင်းပေးနိုင်ပေ။

ထိုစဉ် ယွီရှန်းရုန်က အပြုံးဖျော့ဖျော့ဖြင့် ပြောလိုက်သည်။ “ဒီနေရာရဲ့အသက်စွမ်းအင်က ရှေးခေတ်ကာလရဲ့ အချိန်နဲ့လေဟာနယ်အခင်းအကျင်းကြောင့်ဖြစ်တယ်။ ဒီနေရာရဲ့စွမ်းအင်က မှန်းဆမရအောင်ကြွယ်ဝတယ်။ တကယ်တော့ ကျင့်ကြံဖို့အတွက် ပြီးပြည့်စုံတဲ့နေရာတစ်ခုပဲ”

“အဟုတ်ပဲ” ကျူးဟုန်ကုန်းက လက်ခုပ်တီးလျက်ပြောလိုက်သည်။ “ဒီမှာတစ်ရက်ကျင့်ကြံတာက ရက်တရာကျင့်ကြံတာလိုပဲ”

မှောင်မည်းနေခြင်းမှအပ ဤနေရာရှိပတ်ဝန်းကျင်က မဆိုးရွားပေ။ --နှင့် သူတို့ယခင်ကရောက်ခဲ့ဖူးသည့် မှောင်မည်းစိုစွတ်နေသော နေရာထက်ပိုကောင်းသည်။

ယဲ့ထျန်းရှင်းက မော့ကြည့်ပြီးမေးလိုက်သည်။ “အာ့ရှစ်ရှိုးက သက်တမ်းကုန်မှာ စိတ်မပူဘူးလား”

ယွီရှန်းရုန်က ကျိလျန်၏ကျောကိုအသာလေးပုတ်ပေးပြီးနောက် ခုန်ဆင်းလိုက်သည်။

ကျိလျန်က နှစ်ချက်ခန့်ဟီပြီးနောက် လေထဲလှည့်ပတ်နေတော့သည်။ ပြီးနောက် ၎င်း၏ခန္ဓာကိုယ်သည် ရှေ့တိုးသာ အသက်စွမ်းအင်များကို ယွီရှန်းရုန်၏ကိုယ်ထဲစထည့်ပေးလိုက်၏။ ၎င်းက နာရီဝက်ခန့်ကြာသွားသည်။

“ဘာ ဘာတွေဖြစ်နေတာလဲ” ကျူးဟုန်ကုန်းက မေးလိုက်သည်။

ခုံဝမ်က ပြောလိုက်လေ၏။ “ဒုတိယသခင်လေးရဲ့သက်တမ်းကို ပြန်ဖြည့်ပေးတာ”

“သက်တမ်းကိုအသစ်တဖန် ပြန်ဖြည့်ပေးတာလား”

“ထိပ်တန်းကြမ်းတမ်းခက်ထန်သားရဲတိုင်းမှာ ထူးဆန်းတဲ့စွမ်းရည်တမျိုးရှိကြတယ်။ လူသားတွေက အဲ့ဒီစွမ်းရည်ကို ရဖို့အတွက် သူတို့ဆီက အသက်ဓာတ်နှလုံးသားကို ယူတယ်။ ကျိလျန်ရဲ့စွမ်းရည်က သက်တမ်းကို ဖြည့်ပေးတာပဲ” ခုံဝမ်က ရှင်းပြာလိုက်သည်။

ယွီရှန်းရုန်က ရှင်းပြလိုက်သည်။

ကျိလျန်က ယွီရှန်းရုန်၏သက်တမ်းကိုဖြည့်ပေးချိန်တိုင်း၌ သူသည် နောက်ထပ်နှစ်၁၀၀သက်တမ်းရရှိလိမ့်မည်။

မဟာနွယ်တို့သည် အစတည်းကသက်တမ်းတို၏။ ထိုအကြောင်းကို စဉ်းစားကြည့်လျှင် ယွီရှန်းရုန်နှင့် ကျိလျန်တို့က တကယ့်ကိုပြီးပြည့်စုံသည့် အဖော်များပဲဖြစ်သည်။ အစ၌ လူတိုင်းစိုးရိမ်ပူပန်နေခဲ့သော်ငြား ယခုဆို သူတို့စိတ်လှုပ်ရှားမှုတိုးလာသည်။

လုကျိုးက မေးလိုက်လေ၏။ “ဒီနေရာမှာ မင်းတို့အားလုံး ကျင့်ကြံချင်လား”

“ရှစ်စွင်း ဆုံးဖြတ်ချက်က ရှစ်စွင်းမှာပါ။ ရှစ်စွင်းကိုပဲ ဆုံးဖြတ်ခိုင်းလိုက်ပါပြီ” ယွီရှန်းရုန်ကပြောလိုက်၏။

လူတိုင်းက လုကျိုးကိုကြည့်လိုက်သည်။

လုကျိုးက ခေါင်းညိတ်လိုက်သည်။

“ရှေးအစီအရင်နဲ့ လေဟာနယ်ပေါင်းစည်းမှုက မတည်မြဲခြင်းတိုင်လုံးအာနိသင်ထက် ပိုအားကောင်းတယ်။ တကယ်ရှားပါးတဲ့အခွင့်အရေးပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့တွေ အစီအရင်ကို ဖြိုခွဲဖို့နည်းလမ်းတချို့ စဉ်းစားရဦးမှာ”

“မျှော်နန်းသခင်ပြောတာ မှန်ပါတယ်။ နှစ် ၁၀၀လွန်ပြီးတဲ့နောက် ဒီမှာဆက်နေလို့မရဘူး” မုန့်ချန်းသုံက ပြောလိုက်၏။ ပြီးနောက် သူသည် ကျောင်းဟုန်ဖုကို ကြည့်ကာဆက်ပြောလိုက်သည်။ “မိန်းကလေးကျောင်းနဲ့ ကျွန်တော်က အစီအရင်ကိုလေ့လာလိုက်ပါမယ်”

“ကောင်းပြီ ဘယ်သူမှဝေးဝေးသွားခွင့်မရှိဘူး” လုကျိုးက ပြောလိုက်၏။

“နားလည်ပါပြီ” လူတိုင်း တညီတညွတ်တည်းဦးညွှတ်လိုက်ကြသည်။ အချိန်က ကုန်ဆုံးသွားလေ၏။

ထိုစဉ် ကျစ်ရွှီ၏ဖျက်ဆီးခြင်းတိုင်လုံးရှိရာတောင်ထိပ်၌ ငွေရောင်ချပ်ဝတ်အစောင့်အရှောက်များစွာ ပေါ်လာသည်။

“ကျစ်ရွှီရဲ့ဖျက်ဆီးခြင်းတိုင်လုံးနားမှာ ကြမ်းတမ်းခက်ထန်သားရဲတွေ လှုပ်ရှားနေတယ်။ တစ်ယောက်ယောက်က ဖောက်ဝင်သွားတာပဲဖြစ်ရမယ်”

“သူတို့တွေ ရှေးဟောင်းအစီအရင်ထဲဖောက်ဝင်သွားလောက်ပြီ။ သူတို့ကို ဖယ်ရှားသင့်လား”

“မလိုဘူး။ တာအိုသူတော်စင်တွေတောင် ရှေး‌ဟောင်းအစီအရင်တွေကို အလွယ်တကူမဖြေရှင်းနိုင်ဘူး။ ကျူးကျော်လာသူတွေက အချိန်အတော်ကြာရင်တောင် ထွက်လာနိုင်မှာမဟုတ်ဘူး။ ဒီကိစ္စကို ခန်းမကို သတင်းပို့။ ဒါ့အပြင် ၁၀၀%မသေချာသေးတာကြောင့် ဂရုစိုက်တာ ပိုကောင်းလိမ့်မယ်။ မျှခြေမညီမျှတဲ့ကာလမှာ ငါတို့ ဖျက်ဆီးခြင်းတိုင်လုံးတွေကို ကောင်းကောင်းစောင့်ကြပ်ရမယ်”

“နားလည်ပါပြီ” အမည်မသိကုန်းမြေပေါ်၌ ငြိမ်းချမ်းမှုရရှိနေသည်။

ငွေရောင်ချပ်ဝတ်အစောင့် ၃၀၀၀သည် လူတချို့ဆုံးရှုံးပြီးနောက် သူတို့နေရာအနှံ့စတင်ရှာဖွေတော့သည်။

ရွှမ်းယွီနန်းတော်မှ အနက်ရောင်ချပ်ဝတ်အစောင့်အရှောက်များကလည်း နေရာအနှံ့ရှာဖွေနေသည်။ ဖျက်ဆီးခြင်းတိုင်လုံးကို ကာကွယ်ရန် မဟာလေဟာနယ်၏ကျင့်ကြံသူများကလည်း အမည်မသိကုန်းမြေထဲ၌ အသင်းတစ်သင်းဖွဲ့ခဲ့သည်။

၁၀နှစ်ကြာပြီးနောက်ဖြစ်သည်။

ရှီဟယ်ခန်းမထဲတွင်ဖြစ်သည်။ နေရောင်နှင့်လရောင်ခြည်တို့က ဝေဟင်ထဲရောက်သွား၏။

နေ လနှင့်ကြယ်တို့သည် ဝေဟင်ထဲတောက်ပနေသည်။

ဝတ်ရုံပြာအမျိုးသမီးလက်ထောက်များသည် နေရာအနှံ့မှ ကမန်းကတန်းရောက်လာလျက် မြေပြင်ပေါ် ဒူးထောက်လိုက်သည်။

“ဂုဏ်ပြုပါတယ် သခင်”

“မဟာတာအိုသူတော်စင်ဖြစ်လာတဲ့အတွက် ဂုဏ်ပြုပါတယ် သခင်”

လန်ရှီဟယ်သည် ခန်းမရှေ့၌ လှစ်ကနဲ‌ပေါ်လာ၏။ သူမ မျက်နှာသွင်ပြင်က ထူးကဲသာလွန်ပြီး အမူအရာက ယခင်ကအတိုင်း အေးစက်နေသည်။ သူမက လူအုပ်ကြီးကို သိမ်းကျုံးကြည့်ပြီးနောက် ပြောလိုက်တော့၏။ “ထတော့”

လူတိုင်းထရပ်လိုက်သည်။

နေလနှင့်ကြယ်စက်ဝန်းတို့ ပြန်ရုတ်သွားချိန်၌ ဖောက်ထွင်းမြင်နေရသည့် အဖြူရောင်ပုံရိပ်က ဝေဟင်ထဲပေါ်လာသည်။

“လန်ရှီဟယ် နောက်ဆုံးတော့ မင်း မဟာတာအိုသူတော်စင်ဖြစ်လာပြီ။ ဂုဏ်ပြုပါတယ်” အဖိုးအိုက ပြောလေ၏။

“ကျေးဇူးတင်ပါတယ် လူကြီးမင်းအိုးရန်”လန်ရှီဟယ်က ခေါင်းညိတ်လျက်ပြောလိုက်သည်။

“ကြိုးစားပမ်းစားဆက်ကျင့်ကြံရမယ်။ မဟာလေဟာနယ်မျိုးစေ့ရှိတယ်။ နောင်ကျ သေချာပေါက် အထွတ်အထိပ်သက်ရှိဖြစ်မှာပဲ။ ပါရမီကို မဖြုန်းတီးနဲ့” အိုးရန်ကျစ်ယွင်က ပြောလိုက်သည်။

လန်ရှီဟယ်က ခေါင်းညိတ်လိုက်၏။ သူမ အကြောင်းအရာကိုပြောင်းကာ မေးလိုက်တော့သည်။ “အမည်မသိကုန်းမြေထဲက အခြေအနေက ဘယ်လိုလဲ”

အိုးရန်ကျစ်ယွင်က ပြောလိုက်၏။ “မျှခြေမညီမျှမှုက ရှိနေတုန်းပဲ။ အထွတ်အမြတ်ခန်းမက ငွေရောင်အစောင့်အရှောက် ၃၀၀၀ကို စေလွှတ်ခဲ့ပြီး ရွှမ်းယီနဲ့ --- ဖျက်ဆီးခြင်းတိုင်လုံးကို စောင့်ရှောက်ဖို့ အနက်ရောင်ချပ်ဝတ်အစောင့်အရှောက် ၃၀၀၀ကို စေလွှတ်ခဲ့တယ်။ အခုထိတော့ ငြိမ်းချမ်းနေသေးတယ်”

ထိုစဉ် အမျိုးသမီးလက်ထောက်က ပြောလိုက်သည်။ “တကယ်တော့ လွန်ခဲ့တဲ့ ၁၀နှစ်မှာရှိခဲ့ပါတယ်။ တကယ်တော့ ၁၀နှစ်ကုန်သွားခဲ့ပြီ။ ဒါ ဒါပေမဲ့ ...”

“ပြော”

“အဖြူရောင်မျှော်စင်အဖွဲ့အစည်းကို ဘယ်သူမှ တာဝန်မယူပါဘူး” အမျိုးသမီးလက်ထောက်က ပြောလိုက်၏။

လန်ရှီဟယ်က မျက်မှောင်အနည်းငယ်ကျုံ့သွားသည်။ “ယဲ့ထျန်းရှင်း ပြန်မလာသေးဘူးလား”

အမျိုးသမီးလက်ထောက်က ခေါင်းညိတ်လိုက်သည်။

လန်ရှီဟယ်သည် လုကျိုးအကြောင်းတွေးမိကာပြောလိုက်သည်။ “မျှော်နန်းသခင်လုက ငြိမ်းချမ်းရေးငှက်ကိစ္စအတွက် အငြိုးထားနေတဲ့ပုံပဲ”

အမျိုးသမီးလက်ထောက်က ပြောလိုက်၏။ “အမျိုးသမီးတွေက အရာရာကို အငြိုးထားပေမဲ့ သူတို့ယောက်ျားက အချိန်အကြာကြီးအငြိုးထားတာကို ကြည့်ရင်”

လန်ရှီဟယ်က မျက်မှောင်ကျုံ့ရင်း သက်ပြင်းချလိုက်သည်။ “တကယ်တော့ ငြိမ်းချမ်းရေးငှက်ကိစ္စမှာ ငါ တာဝန်ရှိတာ။ မျှော်နန်းသခင်လုက ဒီကိစ္စကြောင့် တပည့်တစ်ယောက်ဆုံးရှုံးခဲ့တာ။ သူ ငါ့ကိုသဘောမကျတာ ပုံမှန်ပါပဲ” ပြီးနောက် အိုးရန်ကျစ်ယွင်ဖက် လှည့်မေးလိုက်သည်။ “လူကြီးမင်းအိုးရန် မျှော်နန်းသခင်လုအကြောင်း ဘာသတင်းရသေးလဲ”

အိုးရန်ကျစ်ယွင်က ခေါင်းခါလိုက်သည်။ “သူ့အကြောင်း သတင်းမကြားရတာ ၁၀နှစ်ရှိပြီ”

စိတ်ထဲတွင်မူ သူ့ဖာသာသူဆက်တွေးလိုက်၏။ ဒီအတိုင်းဆက်သွားနေရင် အရှက်မရှိတဲ့ ကျယ်ကျင့်အန်း အပါအဝင် ဘယ်သူမှ သူ့ကိုရှာမတွေ့ရင်အကောင်းဆုံးပဲ။ အိုးရန်ကျစ်ယွင်က လန်ရှီဟယ်ကို ကြည့်ပြီး အတွေးများကိုဖြတ်လိုက်၏။

“ဒီကိစ္စကို အထွတ်အမြတ်ခန်းမက ဖြေရှင်းလိမ့်မယ်။ ယဲ့ထျန်းရှင်းလို မထင်မရှားလူတစ်ယောက်ကို စိတ်ထဲတွေးနေစရာမလိုဘူး။ သူ့နေရာမှာ အစားထိုးဖို့ တခြားလူရှာရုံပဲ။ ဒါ့အပြင် မျှခြေမညီမျှမှုက သိပ်မကြာခင် အဆုံးမသတ်မှာစိုးရတယ်”

လန်ရှီဟယ်က ခေါင်းညိတ်လိုက်၏။ “ဒါဆို လိုက်မေးကြည့်ပေးဖို့ လူကြီးမင်းအိုးရန်ကို ဒုက္ခပေးရတော့မှာပဲ”

“ရတယ်။’

“မဟုတ်ဘူး ငါ အဲ့လိုမထင်ဘူး” အိုးရန်ကျစ်ယွင်က မြင်ကွင်းထဲမှ လှစ်ကနဲပျောက်သွားလေ၏။

ကျစ်ရွှီ၏ဖျက်ဆီးခြင်းတိုင်လုံးထဲတွင် ဖြစ်သည်။

ရှေးဟောင်းအစီအရင်ထဲတွင် လုကျိုးက ဧရာမထောင့်ကိုးထောင့် ကင်းမြီးကောက်ဘုရင်၏ အသက်ဓာတ်နှလုံးသားကို ယူကာသူ၏၂၁ချပ်မြောက် မွေးဖွားဇယားချပ်ကို အသက်သွင်းလိုက်သည်။

သူသည် လေထဲရှိကနဦးချီနှင့်ပတ်ဝန်းကျင်ရှိ သစ်ပင်ပန်းမန်တို့၏မွှေးရနံ့ကို ခံစားမိကာ လေထဲတွင် ပေါ်ထွက်နေသည့်အသံများကိုလည်း ခံစားမိ၏။ ၎င်းက မျောလွင့်ပြီးလှုပ်ရှားနေသည်။ သူသည် သူ၏ ထူးကဲချီသွေးကြောရှစ်ခု၏လှုပ်ရှားမှုကို ခံစားမိသည်။

လုကျိုးသည် သူ၏မွေးဖွားနန်းဆောင်ကို ကြည့်ပြီးနောက် အသက်ဓာတ်နှလုံးသားကို လေးစားမှုအမှတ်အသား နေရာ၌ထားလိုက်သည်။

ချွန်ထက်သောအစွန်းများဖြင့် အသက်ဓာတ်နှလုံးသားသည် မွေးဖွားနန်းဆောင်ထဲတွင် မြှပ်နှံခံလိုက်ရသည့် ပုလဲတစ်လုံးပမာပင်။

လုကျိုးက တင်ပလင်ခွေချိတ်ထိုင်လျက် မွေးဖွားနန်းဆောင်ရှိ ပြောင်းလဲမှုများကို လေ့လာလိုက်သည်။

အချိန်သည် ပုံမှန်ထက် အဆ၁၀၀ ပိုမြန်ပုံပေါ်၏။ မတည်မြဲခြင်းတိုင်လုံး၏အကျိုးသက်ရောက်မှုထက် ပိုအားကောင်းသည်။ သူက သွေးများဆန်တက်လာသည်ဟု ခံစားလိုက်ရသည်။

…

အခန်း (၁၄၄၂) ပွင့်ချပ်၁၃လွှာ ဆရာသခင်

လုကျိုးသည် အချိန်၏ နိယာမကို ပိုမိုနက်ရှိုင်းစွာ နားလည်သောကြောင့် အချိန်၏ ရွေ့လျားမှု မူမမှန်ပုံကို ရှင်းရှင်းလင်းလင်း ခံစားမိသည်။

အချိန်တွေ အရမ်းမြန်မြန်ကုန်မသွားပါစေနဲ့လို့ မျှော်လင့်ပါတယ်…

လုကျိုးအနေနှင့် သူ့ကုသိုလ်ရမှတ် ၁ သန်းနှင့် နှစ်ပေါင်း ထောင်ချီသော သက်တမ်းကို ချန်ထားခဲ့ခြင်းသည် မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်သည်ဟု ခံစားခဲ့ရသည်။ မွေးဖွားနန်းဆောင်အတွင်း ၂ နာရီအတွင်း ဖြစ်ပေါ်သော ပြောင်းလဲမှုများသည် အပြင်ဘက်တွင် တစ်ရက်လုံးနေခြင်းထက် ပိုသည်။

လုကျိုးသည် ဤမျှအစွမ်းထက်သည့် ဝင်္ကပါကို မည်ကဲ့သို့ လူမျိုးက တည်ဆောက်ထားကြောင်း တွေးမိသည်။ ဆရာသခင်များသည် တာအို၏ စွမ်းအားကို နားလည်နိုင်သည်။ အထွတ်အထိပ်သက်ရှိဖြစ်ပြီးနောက် လွတ်လပ်စွာ ခရီးသွားလာနိုင်မည်လား။ အထွတ်အထိပ်သက်ရှိများသည် ဤကဲ့သို့သော ဖွဲ့စည်းပုံဖြင့် ကန့်သတ်ခံရမည်လား။

လုကျိုးတွင် ဤမေးခွန်းများအတွက် အဖြေ မရှိသေးပေ။

လုကျိုးသည် စနစ်နှင့် သူ့ကုသိုလ်ရမှတ်များကို ကြည့်ပြီးနောက် ကံစမ်းမဲ စမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

“တင်း ကုသိုလ်ရမှတ် ၅၀ ကျသင့်ပါတယ်။ သင် ပါဝင်မှုအတွက် ကျေးဇူးတင်ပါတယ်။ ကံကောင်းမှတ် ၁ မှတ် ရရှိပါတယ်”

“တင်း ကုသိုလ်ရမှတ် ၅၀ ကျသင့်ပါတယ်။ သင် ပါဝင်မှုအတွက် ကျေးဇူးတင်ပါတယ်။ ကံကောင်းမှတ် ၁ မှတ် ရရှိပါတယ်”

နောက်တစ်နေ့နံနက်တွင် လုကျိုးသည် ကံစမ်းမဲ အကြိမ်ရေ အများအပြား ဖောက်ပြီးနောက် ထုံထိုင်းသွားခဲ့သည်။ သူသည် အရေးပါသည့် တစ်စုံတစ်ခုကိုပင် တစ်ကြိမ်တစ်ခါမျှ မဲမပေါက်သေးသည့်အတွက် သူ့ကိုယ်သူ ယုံကြည်မှု ဆုံးရှုံးသွားသည်။ သို့သော်လည်း သူသည် မရပ်သေးပေ။

သူသည် ခေါင်းခါရင်း သက်ပြင်းချလိုက်သည်။

“ငါ့ရဲ့ ကျင့်ကြံမှုအဆင့် မြင့်လာလေလေ၊ မဲပေါက်နိုင်ခြေ နည်းပါးလာလေလေပဲ။ အရင်တုန်းက အနည်းဆုံးတော့ အကြောင်းပြန်လှန်ကတ်တွေကိုတောင် ရခဲ့သေးတယ်။ အခုတော့ ဘာမှတောင် မရှိတော့ဘူး”

“တင်း ကုသိုလ်ရမှတ် ၅၀ ကျသင့်ပါတယ်။ သင် ပါဝင်မှုအတွက် ကျေးဇူးတင်ပါတယ်။ ကံကောင်းမှတ် ၁ မှတ် ရရှိပါတယ်”

“လက်လျှော့လိုက်သင့်ပြီလား”

လုကျိုးသည် စနစ်ရှိ ဆိုင်ကို ကြည့်လိုက်သည်။

ဈေးနှုန်း မပေါ်သေးသည့် အသင်္ချေအထွတ်အထိပ်မှလွဲ၍ ကျန်ရှိသည်များကို အားလုံး ဝယ်ယူနိုင်ပေသည်။

သူသည် မဟာဆရာသခင် ဖြစ်ပြီးနောက်တွင်ပင် စျေးနှုန်းကို မမြင်ရသေးသည့်အတွက် စိတ်ပျက်ခဲ့ရသည်။

နောက်တစ်ကြိမ် ထပ်ဖောက်ကြည့်မယ်။ ဘာမှမပေါက်ရင် ငါ့ဘဝတစ်လျှောက်လုံး ကံစမ်းမဲ ထပ်ပြီး မစမ်းတော့ဘူးကွာ …

“တင်း ကုသိုလ်ရမှတ် ၅၀ ကျသင့်ပါတယ်။ သင် ပါဝင်မှုအတွက် ကျေးဇူးတင်ပါတယ်။ ကံကောင်းမှတ် ၁ မှတ် ရရှိပါတယ်”

လုကျိုး၏ မျက်လုံးများ လှုပ်ရှားသွားသည်။ သူ၏ နဂိုကတည်ငြိမ်နေသော မျက်နှာသည် မှောင်မိုက်သွားသည်။ ထို့နောက် သူ၏ စကားများကို တစ်စုံတစ်ယောက် ကြားသွားမည်ကို စိုးရိမ်သည့်ပုံဖြင့် ဘယ်ညာ ခိုးကြည့်ရင်း “ကံစမ်းမဲ ဖောက်မယ်” ဟု ပြောလိုက်သည်။

“တင်း ကုသိုလ်ရမှတ် ၅၀ နှင့် ကံကောင်းမှတ် ၁၀၀၀ ကို အသုံးပြုခဲ့ပါတယ်။ ကျိထျန်းတောက်ရဲ့ အထွတ်အထိပ်သဏ္ဌာန်ကတ်ကို ရရှိပါတယ်”

သူသည် နောက်ဆုံးတွင် တစ်စုံတစ်ရာကို မဲပေါက်ခဲ့သော်လည်း လိမ်လည်ခံရသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် သူ့ဘဝတစ်လျှောက်လုံး ကံစမ်းမဲ ထပ်ဖောက်တော့မည် မဟုတ်ကြောင်း သူ့ကိုယ်သူ ထပ်မံ ကတိပေးလိုက်သည်။

သူသည် တစ်ညတည်းတွင် ကံစမ်းမဲများအတွက် ကုသိုလ်ရမှတ် ၅၀,၀၀၀ သုံးစွဲခဲ့ရသည်သာမက ရရှိလာသော အထွတ်အထိပ်သဏ္ဌာန်ကတ်သည် ကျိထျန်းတောက်၏ အမြင့်ဆုံးစွမ်းအားကို ခဏတာ ပေးလေသည်။ သူ၏လက်ရှိကျင့်ကြံမှုအဆင့်အရ ကျိထျန်းတောက်၏ အမြင့်ဆုံးစွမ်းအားဖြင့် လူအများကြီးကို လက်ဝါးချက်တစ်ခုတည်းဖြင့် သတ်နိုင်ပေသည်။ ထိုကတ်သည် အဘယ်အကျိုးရှိသနည်း။

အမှားအယွင်း မရှိစေရန်နှင့် စနစ်တွင် ချို့ယွင်းချက် မရှိစေရန် လုကျိုးသည် အထွတ်အထိပ်သဏ္ဌာန်ကတ်၏ ဖော်ပြချက်ကို ဖတ်ကြည့်လိုက်သည်။

သင်က ကျိထျန်းတောက်ရဲ့ အမြင့်ဆုံးစွမ်းအားကို မိနစ် ၃၀ ကြာ ရရှိပါလိမ့်မယ် …

“အသုံးမဝင်ဘူး” လုကျိုးသည် ခေါင်းခါလိုက်သည်။ ၎င်းသည် တကယ်တမ်း အကျိုးမရှိခဲ့ပေ။

ခဏအကြာတွင် သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

ငါ ဒါကို ပေါင်းလိုက်ရင် အသုံးဝင်မလား …

သူသည် အဆင့်မြင့် အားဖြည့်ထားသော အထွတ်အထိပ်သဏ္ဌာန်ကတ်ကို ပေါင်းစပ်လိုက်လျှင် သူ၏ ကျင့်ကြံမှုသည် မည်ကဲ့သို့ ဖြစ်လာမည်ကို တွေးမိသည်။ ခဏအကြာတွင် သူသည် ခေါင်းခါလိုက်သည်။ သူသည် ၎င်းကို စမ်းသပ်ရန် ရည်ရွယ်ချက် မရှိပေ။ အရေးအကြီးဆုံးအရာမှာ သူ၏ ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ပြီး ပိုမိုအားကောင်းလာရန် ဖြစ်သည်။ သူသည် ကျင့်ကြံခြင်းလမ်းဆုံးကို လျှောက်လှမ်းလိုက်သည်နှင့် ပြဿနာများကို အလွယ်တကူ ဖြေရှင်းနိုင်လိမ့်မည်။ အဖြေများအားလုံးသည် မဟာလေဟာနယ်တွင် ရှိနေလိမ့်မည်ဟု သူ ခံစားခဲ့ရသည်။

လုကျိုးသည် သက်ပြင်းချလိုက်သည်။

ကျစ်ရွှီ၏ ဖျက်ဆီးခြင်းတိုင်လုံးအနီးရှိ ရှေးဟောင်းဝင်္ကပါရှိ တိတ်ဆိတ်သော ပတ်ဝန်းကျင်သည် ကျင့်ကြံရန် အမှန်တကယ် သင့်လျော်သည်။ အပြင်ဘက်တွင် တစ်ရက်သည် အထဲ၌ ရက် ၁၀၀ နှင့် ညီမျှလေသည်။

---

ယွီရှန်းရုန်သည် သက်တော်ရှည်ဓားကို ကိုင်ထားပြီး သစ်ပင်ကြီးနှစ်ပင်ကြားတွင် မျက်လုံးမှိတ်လျက် ရပ်နေသည်။

သက်တော်ရှည်ဓားသည် ၎င်း၏ဓားအိမ်မှ လွတ်မြောက်ရန် ကြိုးစားနေသကဲ့သို့ တတွတ်တွတ် မြည်နေသည်။

ယွီရှန်းရုန်သည် မရွေ့မလျားဘဲ ရပ်နေခဲ့သည်။ သူ၏ နဖူးပေါ်တွင် ချွေးစက်များ တွေ့ရပြီး သူ၏ နောက်ကျောတွင် ရွှေရောင် အလင်းဝိုင်းတစ်ခုကို မှိန်ဖျော့စွာ မြင်နိုင်သည်။

ထိုအချိန်တွင် ကျန့်သုံ့ရှန်းက လှမ်းခေါ်လိုက်သည်။

“ဒုတိယသခင်လေး”

ယွီရှန်းရုန်သည် မျက်လုံးဖွင့်လိုက်ပြီး သက်တော်ရှည်ဓားသည် ချက်ချင်း တုန်ခါမှု ရပ်သွားသည်။ သူက မေးလိုက်သည်။

“ဘာကိစ္စလဲ”

ကျန့်သုံ့ရှန်းက ပြောလိုက်သည်။

“ဒုတိယသခင်လေးရဲ့ ဓားပညာက မယှဉ်နိုင်အောင် ထူးချွန်တယ်လို့ ကျုပ် ကြားထားပါတယ်။ အချိန်ရရင် သင်ကြားပေးပါလို့ တောင်းဆိုချင်ပါတယ်”

“သင်ကြားပေးဖို့လား”

“အထင်မလွဲပါနဲ့။ ကျုပ်က ယှဉ်ပြိုင်ချင်တာပါ။ တခြားရည်ရွယ်ချက် မရှိပါဘူး။ အနှောင့်အယှက်ပေးမိရင် တောင်းပန်ပါတယ်”

ယွီရှန်းရုန်သည် သူ၏ ပွင့်ချပ်၁၂လွှာကို ဘယ်အချိန်က ထွက်စေခဲ့သည်ကို မမှတ်မိတော့ပေ။ အချိန်အတော်ကြာခဲ့ပြီဟု သူ ခံစားရသည်။ ၎င်းတို့သည် အစိမ်းရောင်ကြာနယ်မြေ တွင်ဖြစ်စေ၊ ရွှေကြာနယ်မြေတွင် ဖြစ်စေ လေနှင့်လှိုင်းများ မရှိခဲ့ပေ။ သူသည် ငြီးငွေ့နေခဲ့သည်။

သူသည် အသက်ဓာတ်နှလုံးသားအများအပြားကို စုပ်ယူခဲ့ပြီး သူ၏ ကျင့်ကြံမှု တိုးတက်လာသည်ကို ခံစားနိုင်သည်။ တိုးတက်မှုသည် ကြီးမားခြင်း မရှိသော်လည်း သူသည် စိတ်ကျေနပ်မှု ရှိခဲ့သည်။

သူသည် ချင်မျိုးနွယ်၏ တောင်ဘက်လေ့ကျင့်ရေးခန်းမတွင် ရှိနေစဉ်က သူ့ကိုယ်သူ စိန်ခေါ်ရန် ကောင်းကင်ကြိုးတန်းသို့ သွားရန် စီစဉ်ခဲ့သော်လည်း မမျှော်လင့်သော အခြေအနေများကြောင့် ကြိုးတန်းဆီ သွားရန် အခွင့်အရေး မရခဲ့ပေ။

ကြာပန်းကို ဖြတ်ပြီးနောက် ကျင့်ကြံခြင်းလမ်းသည် တစ်ယောက်တည်းသွားရသော လမ်း ဖြစ်သည်။ မွေးဖွားစမ်းသပ်ချက်လည်း မရှိပေ။ သူ၏ ပွင့်ချပ်၁၁ လွှာနှင့် ပွင့်ချပ်၁၂ လွှာကို ဖြတ်တောက်ခြင်းသည် မွေးဖွားစမ်းသပ်ချက်များနှင့် တူညီသည်ဟု သူ တွေးမိသည်။

မွေးဖွားစမ်းသပ်ချက်များမရှိဘဲ သူသည် သူ လိုချင်သလောက် အသက်ဓာတ်နှလုံးသားများစွာကို စုပ်ယူနိုင်သည်။ သူ စုပ်ယူပြီးနောက် စွမ်းရည်များသည် တစ်ခုတည်း ဖြစ်လာသည်။ သူသည် အသက်ဓာတ်နှလုံးသား ဘယ်နှစ်ခု စုပ်ယူခဲ့သည်ကိုပင် မေ့နေခဲ့သည်။

မည်သို့ပင်ဆိုစေ သူ၏ ကျင့်ကြံမှုအဆင့် တိုးတက်လာခြင်းသည် ကျန့်သုံ့ရှန်းသည် ဆရာသခင်တစ်ယောက် ဖြစ်နေသော်လည်း သူ့ကိုယ်သူ ယုံကြည်မှုရှိစေခဲ့သည်။

“အနှောင့်အယှက် မဖြစ်ပါဘူး။ လက်ရည်စမ်းချင်ရင် စမ်းကြတာပေါ့”

ယွီရှန်းရုန်က ဖြည်းညှင်းစွာ လှည့်ရင်း ပြောလိုက်သည်။ ထို့နောက် သူ၏ ညာလက်ကို ဆန့်တန်းပြီး မှိန်ဖျော့သော အပြုံးဖြင့် ပြောလိုက်သည်။

“လာပါ”

ကျန့်သုံ့ရှန်းသည် သူ၏လက်ထဲတွင် စွမ်းအင်ဓားကို ထုတ်ဖော်လိုက်ပြီး ယွီရှန်းရုန်ရှေ့သို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာသည်။ ထို့နောက် သူသည် မျက်စိတစ်မှိတ်အတွင်း သူ၏ဓားဖြင့် အကြိမ် ၁၀၀၀ ပိုင်းဖြတ်လိုက်သည်။

ယွီရှန်းရုန်၏ လှုပ်ရှားမှုများသည် သွက်လက်လှသည်။ သူသည် ထောင်ပေါင်းများစွာသော မီတာအကွာအထိ မထိခိုက်ဘဲ နောက်သို့ ဆုတ်သွားသည်။

ကျန့်သုံ့ရှန်းသည် ရပ်တန့်ပြီး ပြုံးကာ သတိပေးလိုက်သည်။

“အရမ်းဝေးဝေးမသွားနဲ့”

ယွီရှန်းရုန်သည် လှည့်ပြီး ပြောလိုက်သည်။

“ဘာမှပြဿနာ မရှိပါဘူး”

“နောက်တစ်ကြိမ်” ကျန့်သုံ့ရှန်း၏ စွမ်းအင်ဓားသည် ၎င်း၏ အလျားကို ပြောင်းလဲရင်း ပျံထွက်သွားသည်။ ၎င်းသည် ယွီရှန်းရုန်၏ မျက်နှာအနီးတွင် ပြင်းထန်စွာ ထိုးသွင်းပြီး ယွီရှန်းရုန်၏ ရှေ့တွင် ရှေ့တိုးနောက်ဆုတ် ပျံသန်းနေသည်။ ၎င်းသည် မီတာ ၁၀၀၀ ပတ်လည်အတွင်းတွင် အလင်းတန်းများလက်ပြီး တိုက်ခိုက်နေသည်။

ထိုနှစ်ဦးသည် ယှဉ်ပြိုင်သည့်အခါ ပတ်ဝန်းကျင်ရှိ သစ်ပင်များနှင့် အပင်များကို မထိရန် တိတ်တိတ်ဆိတ်ဆိတ် သဘောတူညီထားသကဲ့သို့ ဖြစ်သည်။

“စီးဆင်းနေတဲ့ ရေနဲ့ တိမ်တွေ ”ကျန့်သုံ့ရှန်း၏ တိုက်ခိုက်မှုအရှိန်သည် ရုတ်တရက် မြင့်တက်လာသည်။

ပဲ့တင်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။

ယွီရှန်းရုန်သည် ထူးခြားသော စွမ်းအားကို ခံစားနိုင်သော်လည်း သူ၏ခန္ဓာကိုယ်သည် တစ်ချက် နှေးကွေးသွားခြင်းကို မတားဆီးနိုင်ခဲ့ပေ။ ဤအချိန်တွင် သက်တော်ရှည်ဓားဖြင့် ထိုးသွင်းလိုက်သည်။

ဘန်း

ယွီရှန်းရုန်က မီတာ ၁၀၀ အကွာအထိ ဆုတ်သွားသည်။

ကျန့်သုံ့ရှန်းက ပြုံးလျက် ပြောလိုက်သည်။

“မင်းကို တကယ်လေးစားမိတယ်”

ကျန့်သုံ့ရှန်းက စကားများဖြင့် လှောင်ပြောင်ရန် ရည်ရွယ်သည်လား သို့မဟုတ် ရိုးသားသည်လားဆိုသည်ကို မသိရပေ။

ဝှစ်

ယွီရှန်းရုန်သည် ရုတ်တရက် လေထဲသို့ ပျောက်ကွယ်သွားပြီး မျက်စိတစ်မှိတ်အတွင်း ကျန့်သုံ့ရှန်းရှေ့သို့ ပြန်ပေါ်လာသည်။

ကျန့်သုံ့ရှန်း၏ မျက်နှာအမူအရာသည် ချက်ချင်း ပြောင်းလဲသွားသည်။ သူ၏ အရှိန်ကို မြှင့်လိုက်စဉ် ယွီရှန်းရုန်၏ လှုပ်ရှားမှုများ နှေးကွေးသွားသည်ကို သူ မြင်လိုက်ရသည်။ သူသည် အလိုအလျောက် သူ၏ စွမ်းအင်ဓားကို မြှောက်လိုက်ပြီး ထိုးသွင်းလိုက်သည်။

ယွီရှန်းရုန်က မရွေ့ဘဲ နေလိုက်သည်။ကျန့်သုံ့ရှန်း၏ စွမ်းအင်ဓားသည် ယွီရှန်းရုန်နှင့် သုံးပေအကွာတွင် ရောက်ရှိလာသောအခါ ကျယ်လောင်သောအသံဖြင့် ရပ်တန့်သွားသည်။

ဟမ်

ကျန့်သုံ့ရှန်းသည် သူ၏ဓားသည် ရှေ့သို့မတိုးနိုင်သည်ကို တွေ့လိုက်ရသည်။ သူသည် အပေါ်သို့ မော့ကြည့်လိုက်သောအခါ ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန် တစ်ခုသည် သူ၏ လက်မောင်းများကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားသည်ကို တွေ့လိုက်ရသည်။ တစ်ချိန်တည်းတွင် ရွှေရောင်ပွင့်ချပ်လွှာတစ်ခုသည် ကျယ်လောင်သော ဝှစ် အသံဖြင့် သူ့ဆီသို့ ပစ်လွှတ်လာသည်။

ကျန့်သုံ့ရှန်းသည် ရွှေရောင်ပွင့်ချပ်လွှာကို ရှောင်ရန် သူ၏ မဟာနည်းစနစ်ကို အသုံးပြုရန်မှအပ ရွေးချယ်မှု မရှိတော့ပေ။

ဘန်း …

နှစ်ဦး၏ စွမ်းအင်များ ထိတွေ့သောအခါ နှစ်ယောက်လုံး နောက်ဆုတ်လိုက်ရသည်။

ကျန့်သုံ့ရှန်းသည် အံ့အားသင့်သွားသော်လည်း အနည်းငယ် မကျေနပ်သလို ခံစားလိုက်ရသည်။

နှစ်ဦးသားက သူတို့၏ တိုက်ခိုက်မှုများကို ဆက်လက် လုပ်ဆောင်တော့ခြင်း မရှိပေ။

ရွှေရောင် စိတ်ဝိညာဉ်သဏ္ဌာန်သည် ခဏတာသာ ပေါ်လာပြီးနောက် ပျောက်ကွယ်သွားသည်။

ကျန့်သုံ့ရှန်း၏ စွမ်းအင်ဓားလည်း ပျောက်ကွယ်သွားသည်။

“အဲဒီ လှုပ်ရှားမှုက ဘာလဲ”

ကျန့်သုံ့ရှန်းက သံသယဖြင့် မေးလိုက်သည်။

ယွီရှန်းရုန်သည် ပြန်မဖြေဘဲ မှိန်ဖျော့သော အပြုံးဖြင့် ပြောလိုက်သည်။

“အနိုင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ကျန့်သုံ့ရှန်းသည် ယွီရှန်းရုန် မနိုင်ခဲ့ကြောင်း ပြောချင်သော်လည်း သူ၏လက်ကို မြှောက်လိုက်သောအခါ သူ၏လက်ရှည်အင်္ကျီပေါ်တွင် စုတ်ပြဲနေသည်ကို သတိပြုမိလိုက်သည်။ သူ၏ မျက်လုံးများတွင် အံ့အားသင့်မှု လျင်မြန်စွာ ပေါ်လာသည်။

“ဒါက… မင်း ဆရာသခင်တစ်ယောက်လား”

“မဟုတ်ပါဘူး” ယွီရှန်းရုန်က အေးဆေးတည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

“ဒါဆို မင်းရဲ့ ဓားပညာက ငါ့တာအိုရဲ့ စွမ်းအားကို ဘယ်လိုရှောင်နိုင်ခဲ့တာလဲ” ကျန့်သုံ့ရှန်းက မေးလိုက်သည်။

“တာအိုရဲ့ စွမ်းအားက ဘယ်လိုလဲဆိုတာ ကျုပ် မသိပါဘူး။ ကျုပ်က အနိုင်ရမဲ့ လမ်းကြောင်းကိုပဲ သိပါတယ်” ယွီရှန်းရုန်က ပြောလိုက်သည်။

ကျန့်သုံ့ရှန်းသည် အရေးပါသော ထိုးနှက်ချက်တစ်ခု ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် သူ့ကိုယ်သူ ကာကွယ်ရန် တစ်စုံတစ်ရာ ပြောချင်သော်လည်း အမှတ်မရှိကြောင်း ခံစားလိုက်ရသည်။ နောက်ဆုံးတွင် သူသည် သူ၏လက်များကို စုလိုက်ကာ တစ်ခွန်း ပြောလိုက်ပြီး ထွက်သွားသည်။

“ကျေးဇူးတင်ပါတယ်”

ယွီရှန်းရုန်က ကျန့်သုံ့ရှန်း၏ နောက်ကျောကို မမြင်ရတော့သည်အထိ စောင့်ကြည့်နေသည်။ ထိုအခါမှ သူ၏ ဖြတ်တောက်ခံထားရသော ဆံပင်ကို ရှင်းထုတ်လိုက်သည်။

ထို့နောက် သူသည် ရွှေရောင် ရောင်ဝါကို ထုတ်ဖော်လိုက်ပြီး လည်နေသော ရွှေရောင်ပွင့်ချပ်များကို ကြည့်ကာ တိတ်တဆိတ် ရေတွက်လိုက်သည်။

“တစ်၊ နှစ်၊ သုံး… ဆယ့်တစ်၊ ဆယ့်နှစ်၊ ဆယ့်သုံး…”

---

ကျန့်သုံ့ရှန်းက တိတ်ဆိတ်သော နေရာတစ်ခုတွင် ရပ်တန့်လိုက်သည်။ ထို့နောက် သူ့ဘေးရှိ သစ်ပင်ကို ရုတ်တရက် ထိုးနှက်လိုက်သည်။

ဘန်း

အရွက်များ ချက်ချင်း ကြွေကျသွားသည်။

သစ်ပင်ထိပ်တွင် ရပ်နေသော မင်ရှစ်ရင်က ပြောလိုက်သည်။

“ဟာ ခင်ဗျား ရှုံးတာကို မခံနိုင်ဘူးဆိုတာ မသိခဲ့ဘူး”

ကျန့်သုံ့ရှန်းက လန့်သွားမိသည်။

“စ-စတုတ္ထသခင်လေးလား”

ဤအချိန်အတွင်း ကျန့်သုံ့ရှန်းသည် မိစ္ဆာဝေဟင်မျှော်နန်းနှင့် ၎င်း၏အဖွဲ့ဝင်များ၏ အခြေအနေကို နားလည်ခဲ့သည်။

မင်ရှစ်ရင်က ပြုံးပြီး ပြောလိုက်သည်။

“ကြည့်လိုက်ပါဦး။ ခင်ဗျား တကယ်ရှုံးတာကို မခံနိုင်ဘူး။ စိတ်မကောင်းဖြစ်မနေပါနဲ့။ ကျုပ်ရဲ့ အာ့ရှစ်ရှိုးကို ရှုံးနိမ့်ဖူးတဲ့သူတွေ အများကြီး ရှိခဲ့ပါတယ်”

“အမ်…” ကျန့်သုံ့ရှန်းက အတင်းပြုံးပြရင်း “ကျွန်တော် စိတ်နည်းနည်းရှုပ်နေတာပါ။ စတုတ္ထသခင်လေး ခွင့်လွှတ်ပါ”

“ကျွန်တော့်ရဲ့ အာ့ရှစ်ရှိုးကို ဓားနတ်ဆိုးလို့ လူသိများပါတယ်။ သူက ကမ္ဘာပေါ်မှာ အကောင်းဆုံးဓား ကျင့်ကြံသူဖြစ်နေတာကို ခင်ဗျားက သူ့နဲ့ ဓားပညာနဲ့ သွားယှဉ်ပြိုင်တာကိုး” မင်ရှစ်ရင်က ရက်ရက်စက်စက် ပြောချလိုက်သည်။

“ခင်ဗျား ပြောတော့ … ထားလိုက်ပါတော့၊ ကျုပ်တောင် အာ့ရှစ်ရှိုးကို အနိုင်ယူဖို့ အခွင့်အရေးမရှိပါဘူး” မင်ရှစ်ရင်က ပြောလိုက်သည်။

ဤစကားများသည်… မှားနေသကဲ့သို့ ဖြစ်သည်။

ကျန့်သုံ့ရှန်းက အနည်းငယ် မကျေနပ်စွာဖြင့် ပြောလိုက်သည်။

“စတုတ္ထသခင်လေး … မင်း ကျုပ်ကို အနိုင်ယူနိုင်မယ်လို့ ထင်လား”

ထို့နောက် ကျန့်သုံ့ရှန်းက သူ့ကြယ်တာရာဒိုင်ခွက်ကို ထုတ်ဖော်လိုက်ပြီး မြှောက်လိုက်သည်။ မွေးဖွားဇယားချပ်များ အခု ၂၀ သည် တစ်ခုပြီးတစ်ခု လင်းလာသည်။

မင်ရှစ်ရင်က အေးဆေးတည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

“ကျုပ် မနိုင်ပါဘူး”

ကျန့်သုံ့ရှန်းသည် မင်ရှစ်ရင်ကို သံသယဖြင့် ကြည့်လိုက်သည်။

သူ ငါ့ကို တမင်သက်သက် လှုံ့ဆော်ဖို့ ကြိုးစားနေတာလား။ ငါ ဒီလှုံ့ဆော်မှုအပေါ် တုံ့ပြန်လို့ မရဘူး။ ဘာပဲဖြစ်ဖြစ် သူက ဖျက်ဆီးခြင်းတိုင်လုံးက အသိအမှတ်ပြုမှုကို ရထားတဲ့သူပဲ …

ကျန့်သုံ့ရှန်းက ကြယ်တာရာဒိုင်ခွက်ကို သိမ်းလိုက်ပြီး ပြောလိုက်သည်။

“စတုတ္ထသခင်လေး … ခင်ဗျား အရမ်းရိုးသားတာပဲ။ ကျုပ် အလုပ်လေးရှိသေးလို့ သွားလိုက်ပါဦးမယ်”

ထောင့်တစ်ခုတွင် ပေါ်လာပြီးနောက် ကျန့်သုံ့ရှန်းသည် ဘယ်ညာကြည့်ပြီးနောက် ခြေချိတ်ထိုင်လိုက်သည်။ သူသည် ဖျက်ဆီးခြင်းတိုင်လုံးများက အသိအမှတ်ပြုထားပြီးသောသူများကို ရှောင်ရှားရမည်ဟု သူ့ကိုယ်သူ တွေးလိုက်သည်။

ငါ အားလုံးကို ရှင်းရှင်းလင်းလင်း စုံစမ်းရမယ်။

---

နောက်ထပ် သုံးရက်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားသည်။

လုကျိုး၏ မျက်နှာအမူအရာသည် အနည်းငယ် တောင့်တင်းနေသည်။

“တင်း ကုသိုလ်ရမှတ် ၅၀ ကျသင့်ပါတယ်။ သင့် ပါဝင်မှုအတွက် ကျေးဇူးတင်ပါတယ်။ ကံကောင်းမှတ် ၁ မှတ် ရရှိပါတယ်”

ကံစမ်းမဲသည် အမှန်တကယ် ရက်စက်ပြီး လူမဆန်ချေ။

ဤအချိန်တွင် လေထဲတွင် ကြည်လင်သော အသံတစ်ခု မြည်လာသည်။

“ဟမ် … ပြီးသွားပြီလား” လုကျိုးသည် ရွှေကြာပေါ်ရှိ သူ၏ မွေးဖွားနန်းဆောင်ကို လှည့်ကြည့်လိုက်သည်။

သူသည် ကံစမ်းမဲများဖြင့် အာရုံလွှဲနေစဉ် ၂၁ ခုမြောက် မွေးဖွားဇယားချပ်ကို အသက်သွင်းပြီးသွားပြီ ဖြစ်သည်။

ကံစမ်းမဲများ ဖောက်ရင်း ကျေးဇူးတင်ကြောင်း ပြောခံရခြင်းမှ ထုံထိုင်းသွားမှုသည် မွေးဖွားဇယားချပ်အသက်သွင်းရာမှ နာကျင်မှုကို မေ့သွားစေခဲ့သည်ဟု ထင်ရသည်။ ချောမွေ့နေသော မွေးဖွားနန်းဆောင်ကို မြင်လိုက်ရသောအခါ သူ၏ မပျော်မရွှင်မှုများ လျင်မြန်စွာ ကွယ်ပျောက်သွားသည်။

“မျှော်လင့်ထားတဲ့အတိုင်း ရှေးဟောင်းဝင်္ကပါပဲ။ အရာရာတိုင်း အရမ်းချောမွေ့သွားတယ်”

သို့သော်လည်း သူသည် မကြာမီ ပြဿနာတစ်ခုကို သတိပြုမိလိုက်သည်။ သူ၏ မွေးဖွားနန်းဆောင်သည် ကျယ်မလာပေ။ ၎င်းသည် သူ အသက်သွင်းနိုင်သည့် မွေးဖွားဇယားချပ် အရေအတွက် မတိုးလာခြင်းဟု ဆိုလိုသည်။ သူသည် သူ၏ မွေးဖွားနန်းဆောင်တွင် ကျန်ရှိသော နေရာများကို လျင်မြန်စွာ ရေတွက်ကြည့်လိုက်ရာ နောက်ထပ် မွေးဖွားဇယားချပ် ၅ ခုကိုသာ အသက်သွင်းနိုင်ကြောင်း တွေ့လိုက်ရသည်။

‘ငါ့ရဲ့ အရည်အချင်းက ဇယားချပ် ၂၆ ခု ကျင့်ကြံသူလောက်ပဲလား’

သူ၏အပြာရောင်ကြာပွင့်ပေါ်ရှိ မွေးဖွားနန်းဆောင်ကို အပြည့်အဝ ဖွင့်လှစ်ထားပြီးဖြစ်သည်။ သူ၏ ရွှေရောင်မွေးဖွားနန်းဆောင်၏ ကန့်သတ်ချက်သည် မွေးဖွားဇယားချပ်သည် ၂၆ ခုသာဖြစ်ပါက ၎င်းသည် အမှန်တကယ် မမျှတပေ။ ၎င်းသည် အပြာရောင် စိတ်ဝိညာဉ်သဏ္ဌာန်၏ ကြီးထွားမှုကို ထောက်ပံ့ရန်အတွက် သက်တမ်းလုံလောက်မှု မရှိသည့်အတွက် ပြဿနာ ဖြစ်နိုင်သည်။

လုကျိုးသည် ကျယ်ပြောကောင်းကင်အိတ်မှ ဖေးဟွမ်ဟူသော သားရဲဧကရာဇ်၏ အသက်ဓာတ်နှလုံးသားကို ချက်ချင်း ထုတ်ယူလိုက်သည်။ သူသည် ၎င်းကို သူ၏ ၂၂ ခုမြောက်မှ ၂၄ ခုမြောက် မွေးဖွားဇယားချပ်အသက်သွင်းရန်အတွက် အသုံးပြုနိုင်သည်။

သူ၏ မွေးဖွားနန်းဆောင်ကို ကျယ်ပြန့်အောင် အမြန်လုပ်ချင်သောကြောင့် သူသည် နောက်ထပ် မစောင့်ချင်တော့ဘဲ နေရာတစ်ခုကို ရွေးချယ်ပြီးနောက် သူ၏ ၂၂ ခုမြောက် မွေးဖွားဇယားချပ်ကို အသက်သွင်းရန် သားရဲဧကရာဇ်၏ အသက်ဓာတ်နှလုံးသားကို သူ၏ မွေးဖွားနန်းဆောင်အတွင်းသို့ ဖိချလိုက်သည်။ ဤအသက်ဓာတ်နှလုံးသား၏ စွမ်းရည်သည် သူ၏ ခုခံကာကွယ်မှုများကိုလည်း အားကောင်းစေသောကြောင့် သူ၏ ၂၂ ခုမြောက် မွေးဖွားဇယားချပ်ကို အသက်သွင်းရန် သင့်တော်သည်။

အသက်ဓာတ်နှလုံးသား စတင်နှစ်ဝင်သည်နှင့် လုကျိုးသည် မဟာဆရာသခင်ဖြစ်သော်လည်း သူ၏ နှလုံးသားကို ထိုးဖောက်သည့် နာကျင်မှုကို ခံစားလိုက်ရသည်။ သူသည် အလွန်အမင်း နာကျင်မှုကြောင့် ချွေးများ ထွက်လာသည်။

ဒီလောက်ပြင်းထန်တာလား …

လုကျိုးသည် အခြား မွေးဖွားဇယားချပ်ကို အလွန်လျင်မြန်စွာ အသက်သွင်းခြင်းသည် ဤမျှ ကြီးမားသော တုံ့ပြန်မှုကို ဖြစ်စေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ သို့သော်လည်း အသက်ဓာတ်နှလုံးသားသည် သူ၏ မွေးဖွားနန်းဆောင်ထဲသို့ စတင်နစ်ဝင်နေပြီဖြစ်သည့်အတွက် ဆက်လက်လုပ်ဆောင်ခြင်းမှလွဲ၍ သူလုပ်နိုင်သည့် အခြားအရာ မရှိပေ။ လျင်မြန်စွာ လက်လျှော့လိုက်ခြင်းသည် သူ၏ပုံစံ မဟုတ်ပေ။ ထို့အပြင် သူသည် ဖေးဟွမ်၏ အသက်ဓာတ်နှလုံးသားကိုလည်း အလဟဿ မဖြုန်းတီးနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် အသက်သွင်းမှု မအောင်မြင်ပါက အသက်ဓာတ်နှလုံးသားသည် ချက်ချင်း ပျက်စီးသွားမည် ဖြစ်၏။

လုကျိုးသည် ခရမ်းရောင်တောက်ပသံကျောက်ကို အလျင်အမြန် အသက်သွင်းပြီး နာကျင်မှုနှင့် ရှေးဟောင်းဝင်္ကပါ၏ အချိန်စီးဆင်းမှုကို တန်ပြန်ရန် ကောင်းကင်ကျမ်းကို ဆင်ခြင်လိုက်သည်။

အအေးနှင့် ပူလောင်ခြင်း၏ ပေါင်းစပ်မှုသည် အမှန်တကယ် စိတ်မသက်မသာ ဖြစ်စေသည်။

တစ်ဝက်တစ်ပျက် ကြာအောင် တောင့်ခံပြီးသည့်နောက်တွင်ပင် နာကျင်မှုသည် မလျော့ကျလာသေးပေ။ သူက နာကျင်မှုကိုသာ အသားကျလာသည်။

ငါ အရမ်းပေါ့ဆခဲ့တယ်…

လုကျိုးက သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ချွေးများကို ရေနွေးငွေ့ဖြစ်စေရန် သူ၏ ရှေးဦးချီကို လှုံ့ဆော်လိုက်သည်။

ဤအချိန်တွင် သူ၏ဝတ်ရုံက လှုပ်ခတ်လာပြီး သူ၏ နာကျင်မှုများစွာကို ဖိနှိပ်ပေးခဲ့သည်။

“အာ”

လုကျိုးသည် သူ၏ခေါင်းကို အနည်းငယ် ငုံ့လိုက်ပြီး ဝတ်ရုံရှည်သည် မှိန်ဖျော့သော အပြာရောင်အလင်းဖြင့် လွှမ်းခြုံနေသည်ကို တွေ့လိုက်ရသည်။ ယခုအချိန်အထိ သူသည် အံ့ဖွယ်အမှတ်အသားဝတ်ရုံကို မည်သည့်ပစ္စည်းဖြင့် ပြုလုပ်ထားသည်ကို မသိသေးပေ။

“ဒါက ဆိုးယုတ်သူက တကယ်ထားခဲ့တာလား”

လုကျိုးက သက်ပြင်းချလိုက်ပြီး ကမ္ဘာက ပယ်ခံထားရသော ပုဂ္ဂိုလ်ကို တွေးမိသည်။ သူသည် ဂိုဏ်းကြီး ၁၀ ခုကို တစ်ယောက်တည်း ရင်ဆိုင်ခဲ့ရသော အချိန်ကို ပြန်အမှတ်ရပြီး ထပ်မံ သက်ပြင်းချလိုက်သည်။

ခဏအကြာတွင်…

“ကံစမ်းမဲ”

“တင်း ကုသိုလ်ရမှတ် ၅၀ နှင့် ကံကောင်းမှတ် ၉,၉၉၉ ကို အသုံးပြုခဲ့သည်။ ရရှိသည်- အကြောင်းပြန်လှန်ကတ် ၅၀၊ အသေရိုက်ချက်ကတ် တစ်ကတ်၊ ကျိထျန်းတောက်ရဲ့ အထွတ်အထိပ်သဏ္ဌာန်ကတ် တစ်ကတ် ရရှိပါတယ်”

လုကျိုးသည် ဆုများကို မြင်လိုက်သောအခါ သူသည် အရှုံးပေါ်သွားကြောင်း သိလိုက်သည်။ သူသည် ကုသိုလ်ရမှတ် ၅၀၀,၀၀၀ ကို သုံးစွဲခဲ့ပြီးပြီ ဖြစ်သည်။ လမ်းကြောင်းအရ သူသည် အကြိမ် ၁၀၀,၀၀၀ ဖောက်ပြီးနောက် နောက်ထပ် အထွတ်အထိပ်သဏ္ဌာန်ကတ်တစ်ခု ထပ်ပေါက်မည်လား။

“ထားလိုက်တော့။ ကံကြမ္မာကိုပဲ ပုံအပ်ထားလိုက်တော့မယ်”

သူ၏ ကျန်ရှိနေသေးသော ကုသိုလ်ရမှတ်များကို ယခုအချိန်တွင် ချွေတာပြီး အနာဂတ်တွင် သူဘာမှလုပ်စရာမရှိသည့်အခါ ကံစမ်းမဲ ပြန်လာစမ်းမည်။ သူသည် အဆင့်မြင့်အားဖြည့်ထားသော အထွတ်အထိပ်သဏ္ဌာန်ကတ်တစ်ခုကို ပေါင်းစပ်ရန်အတွက် အထွတ်အထိပ်သဏ္ဌာန်ကတ် ၇ ခုကို ထပ်မံရရှိရမည်ဖြစ်သည်။ ထို့အပြင် သူက ကံစမ်းမဲကိုလည်း ငြီးငွေ့နေပြီ ဖြစ်သည်။

လုကျိုးက သူ၏မျက်လုံးများကို မှိတ်လိုက်ပြီး သူ၏ မွေးဖွားနန်းဆောင်ကြောင့် ဖြစ်ပေါ်လာသော နာကျင်မှုကို လျှော့ချရန် တရားထိုင်လိုက်သည်။

ကျင့်ကြံခြင်းသည် အကောင်းဆုံး ဖြစ်သည်။ တောင်ပေါ်တွင် တစ်ရက်သည် အပြင်ဘက်တွင် ရက် ၁၀၀ နှင့် ညီမျှသည်။

---

ရှီဟယ်နန်းဆောင်

လန်ရှီဟယ်သည် နေ့စဉ် ခန်းမရှေ့တွင် ရပ်နေပြီး ရှုခင်းလှလှကို ခံစားနေသည်။ သူမသည် အမည်မသိကုန်းမြေမှ သတင်းများကို နေ့စဉ် စောင့်ဆိုင်းနေသော်လည်း တစ်စုံတစ်ခုမျှ ရောက်မလာပေ။

ဤအချိန်တွင် အပြာရောင်ဝတ်စုံဝတ်ထားသော အမျိုးသမီးအစေခံတစ်ဦးသည် အဝေးမှ ပျံသန်းလာလေသည်။ သူမက ခေါင်းငုံ့ပြီး ပြောလိုက်သည်။

“အရှင်မ … ယဲ့ထျန်းရှင်းက အဖြူရောင်မျှော်စင်အဖွဲ့အစည်းကို ပြန်မရောက်သေးဘူး။ မျှော်နန်းသခင်လုရဲ့ သတင်းလည်း ဘာမှမရှိသေးပါဘူး”

လန်ရှီဟယ်သည် မျက်နှာအမူအရာမရှိဘဲ ပြောလိုက်သည်။

“ဆက်စုံစမ်းလိုက်ဦး … ”

…

အခန်း (၁၄၄၃) အစီအရင်များကို ဖြိုခွဲခြင်း

လန်ရှီဟယ်သည် အချိန်အတော်ကြာအောင် ကျင့်ကြံချင်စိတ် မရှိသေးပေ။ မဟာလေဟာနယ်ထဲ၌ ကျင့်ကြံသူများစွာ ရှိကြောင်း သိခဲ့ရသည်။ အထူးသဖြင့် ငွေရောင်ချပ်ဝတ်အစောင့်အရှောက်များနှင့် အနက်ရောင်ချပ်ဝတ်အစောင့်အရှောက်များသည် အမည်မသိကုန်းမြေသို့ သွားကြပြီဖြစ်သည်။ အစောင့်များက မျှခြေမညီမျှမှုက ထိန်းချုပ်နိုင်မရဖြစ်လုနီးပါးအခြေအနေတွင်သာ စေလွှတ်ခံရလေ့ ရှိ၏။

သူသည် ကိစ္စအကြောင်း စုံစမ်းခဲ့သော်ငြား အသုံးဝင်သည်ကို ရှာမတွေ့ခဲ့ချေ။ ခန်းမသခင်က လောကရေးရာကို ဂရုစိုက်ရန်မပေါ်။ အိုးရန်ကျစ်ယွင်ကလည်း အရေးကြီးသည့်သတင်း မရသေးပေ။

“ဖျက်ဆီးခြင်းတိုင်လုံးမှာ ဘာတွေဖြစ်နေတာလဲ” လန်ရှီဟယ်က သူ့ဖာသာသူ ရေရွတ်လျက် ပြောလိုက်လေ၏။

အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားသည်။

သားရဲပျံတစ်အုပ်က ကျစ်ရွှီ၏ဖျက်ဆီးခြင်းတိုင်လုံးပေါ် ပျံသန်းသွား‌တော့သည်။ ရှေးဟောင်းအစီအရင်ထဲတွင် ဖြစ်သည်။

လုကျိုးသည် အက်ကွဲသံတစ်သံကိုကြားလိုက်ရ၏။

အချိန်များစွာ မကုန်ဆုံးသေးတာဖြစ်ကောင်းဖြစ်နိုင်သော်ငြား လုကျိုးသည် ဘဝတစ်သက် ကုန်ဆုံးသွားသလို ခံစားရ၏။

သူ့ရှေ့ရှိ မျောလွင့်နေသော မွေးဖွားနန်းဆောင်ကို ကြည့်လိုက်သည်။ သူ၏ ၂၂ချပ်မြောက် မွေးဖွားဇယားအသက်သွင်းမှုက ပြီးပြည့်စုံမှုမရှိသေးပေ။

လုကျိုးက မျက်မှောင်အနည်းငယ် ကျုံ့မိသွားသည်။ “အချိန်စီးဆင်းမှုက တစ်ခုခု မဟုတ်သေးဘူး”

စနစ်မျက်နှာပြင်ကို ကြည့်မိသည့်အချိန်၌ သူ၏သက်တမ်းသည် လျော့ကျခြင်း မရှိတော့တာကို တွေ့လိုက်ရသည်။

“၂၂၂”

အချိန်စီးဆင်းမှုက ပုံမှန်ပြန်ဖြစ်သွားတာလား။

လုကျိုးသည် စနစ်ဇယားကို မျက်တောင်မခတ် ကြည့်နေလေ၏။

နှစ်နာရီအတွင်း ပြောင်းလဲမှုမရှိဘူး။ ဆိုလိုတာက ရှေးဟောင်းအစီအရင်မှာ မှားနေတာမရှိဘူး။

လုကျိုးသည် ထရပ်လျက် မွေးဖွားနန်းဆောင်ထဲ၌ ပြည့်ဝလုနီးပါး အသက်ဓာတ်နှလုံးသားကို ကြည့်လိုက်သည်။ သူက နာကျင်မှုကို လျစ်လျူရှုလျက် သူ၏မွေးဖွားနန်း‌ဆောင်ကို ချုံ့ပြီးနောက် အင်္ကျီလက်ထဲ ထည့်လိုက်သည်။

ပြီးနောက် သူက လှစ်ကနဲပင် ဝေဟင်ထဲ၌ ပေါ်လာ၏။ သူ၏လက်ကို လှုပ်ရှားလိုက်ရာ လေငြိမ်နေတာကို တွေ့လိုက်ရသည်။ အနက်ရောင်မြူများတောင် တည်ငြိမ်နေတာကို တွေ့လိုက်ရ၏။ ပျံသန်းနေသော သားရဲတချို့က အေးခဲနေသည်။

ကျစ်ရွှီ၏ ဖျက်ဆီးခြင်းတိုင်လုံးနှင့် ဝေဟင်ထဲရှိ သားရဲပျံတို့သည် ဆီဆေးပန်းချီကားတစ်ချပ်သဖွယ် ဖြစ်နေ၏။ သူတို့အားလုံး ခဲကုန်သည်။

လုကျိုးက ခပ်မြန်မြန် ပျံသန်းကာ စိတ်ရှုပ်ထွေးသွားတော့သည်။ သူသည် အမြင့်တစ်ခုအထိ ရောက်သောအခါ အသံစွမ်းအင် ပဲ့တင်သံတစ်ခုကို ကြားရ၏။

“ဒါအစီအရင် အရံအတားပဲ”

လုကျိုးသည် ၎င်းစည်းတံဆိပ်တစ်ခုကို ထုတ်သုံးလိုက်သော်ငြား လက်ဝါးစည်းတံဆိပ်သည် လေဟာနယ်ထဲ၌ အထိအခိုက်မရှိ ပျောက်ကွယ်သွားသည်။ ပြီးနောက် သူသည် မြန်ဆန်သောအရှိန်ဖြင့် ရှေ့သို့ ပျံသန်းသွားသည်။ သို့သော် သူ မည်မျှမြန်ဆန်စွာ ပျံသန်းစေကာမူ ဝေဟင်ထဲရှိ သားရဲပျံများနား မကပ်နိုင်ချေ။

တစ်စုံတစ်ခု မှားယွင်းသော ခံစားချက်က ပိုအားကောင်းလာ၏။

လုကျိုးသည် သူ၏ခမ်းနာသောနည်းစနစ်ကို ထုတ်သုံးကာ ‌တောအုပ်ထဲသို့ပျံလိုက်သည်။

တောအုပ်က ပုံမှန်ပင်။ သူ၏မျက်လုံးထောင့်ကနေ လျှပ်ပြက်သောအရှိန်ဖြင့် ဖြတ်သန်းသွားသည့် တိရစ္ဆာန်လေးတချို့ကို ရံဖန်ရံခါ၌ မြင်ရသည်။

“ဘာတွေဖြစ်နေတာလဲ”

သူမော့ကြည့်လိုက်၏။

“ဧရာမသားရဲပျံတောင်ပံက နည်းနည်းလှုပ်ရှားသွားတယ်။ သူ့ရဲ့လှုပ်ရှားမှုက နှေးကွေးတောင့်တင်းနေတာ”

လုကျိုးသည် ဧရာမသားရဲများကို စိုက်ကြည့်နေ၏။ အချိန်အတော်ကြာပြီးနောက် ၎င်း၏တောင်ပံသည် ‌နောက်ဆုံး၌ ကျသွားသည်။ ၎င်း၏တောင်ပံပြန်ခတ်နိုင်အောင် အချိန်ယူရသေးသည်။

“အချိန်နှေးကွေးသွားတာလား” လုကျိုးက သဘော‌ပေါက်သွားလေ၏။

သူ၏အတွေးကို အတည်ပြုရန်အတွက် သူသည် တင်ပလင်ခွေထိုင်ကာ သက်တမ်းကိုကြည့်လိုက်၏။

ကျန်ရှိသောသက်တမ်း= ၁၇၂၅၉၉၂၉ (၄၇၂၈၇၂)

သူသည် ရှေးဟောင်းအစီအရင်၌ နှစ်တရာဆုံးရှုံးပြီးနောက် ၂၁ခုမြောက် မွေးဖွားဇယားချပ်ကို အသက်သွင်းပြီးချိန်၌ သက်တမ်းတစ်သောင်းရလိုက်သည်။

အခု အချိန်လျော့ကျသွားချိန်၌ မည်သို့ ဖြစ်မည်နည်း။

နောက်နေ့၌ လုကျိုးသည် သက်တမ်းကို ကြည့်လိုက်ရာ ပြောင်းလဲမှုမရှိသေးပေ။

“အချိန်က တကယ်နှေးသွားတာပဲ”

လုကျိုးသည် စနစ်မျက်နှာပြင်ကို ပိတ်လိုက်ချိန်၌ ကျောင်းဟုန်ဖုနှင့် မုန့်ချန်းသုံတို့ အဝေးကနေ ပြေးလာတာကို တွေ့လိုက်ရသည်။

“မျှော်နန်းသခင်”

“ပြောပါ”

“ရှေးဟောင်းအချိန်အစီအရင် ပြောင်းလဲသွားပြီ။ အခု အချိန်နှေးသွားပြီ” မုန့်ချန်းသုံက ပြန်ပြောလိုက်၏။

လုကျိုးက ခေါင်းညိတ်လိုက်သည်။ “အားလုံးအဆင်ပြေလား”

“အားလုံး အဆင်ပြေပါတယ်။ အချိန်နှေးသွားတာတစ်ခုပဲ။ ဒါက ကျွန်တော်တို့ရဲ့ ကျင့်ကြံမှုကို ထိခိုက်စေမှာ စိုးတယ်” မုန့်ချန်းသုံက ပြောလိုက်၏။

လုကျိုးက မေးလိုက်သည်။ “ဒီကာလအတွင်း အစီအရင်ကို ဖြေရှင်းဖို့ တစ်ခုခုတွေ့ခဲ့လား”

ကျောင်းဟုန်ဖုက ခေါင်းခါလိုက်သည်။ “ကျွန်မ အရည်အချင်း မပြည့်ဝတာ ခွင့်လွှတ်ပေးပါ။ ရှေးဟောင်းအစီအရင်က နေရာတစ်ခုလုံးကို လွှမ်းခြုံထားတာ”

“ဒါ မင်းရဲ့အမှား မဟုတ်ဘူး” လုကျိုးသည် သူ့နားရှိ အလင်းနှင့်အမှောင်ထုထဲ ပြောင်းလဲမှုကို လေ့လာပြီး ရွှေရောင်ထိုက်ရွှီကြေးမုံကို ထုတ်လိုက်၏။ သူ၏ကောင်းကင်စွမ်းအားကို ထည့်လိုက်ပြီးနောက် နေရာအနှံ့ လင်းထိန်သွားစေသည်။

သစ်ပင်ပန်းမန်များပေါ်ရှိ ထွင်းစာများက ပျောက်သွားပြီး အမှန်တကယ်ပင် ရှေးဟောင်းအစီအရင်က ပြောင်းလဲသွားပြီဖြစ်၏။

လုကျိုးသည် အနီးရှိသစ်ပင်ကို လက်ဝါးစည်းတံဆိပ်ဖြင့် တိုက်ခိုက်လိုက်သည်။ ၎င်းသည် ထွင်းစာများကို အထိအခိုက်မရှိ ဖြတ်ကျော်သွားကာ လေဟာနယ်ထဲတွင် ပျောက်ကွယ်သွားတော့သည်။

မုန့်ချန်းသုံနှင့် ကျောင်းဟုန်ဖုတို့က လုကျိုးတောင် ဤရှေးဟောင်းအစီအရင်ကိုရင်ဆိုင်ရာ၌ ကူကယ်ရာမဲ့နေပြီး သူတို့တစ်သက်လုံးဤနေရာ၌ ပိတ်မိနေမှာကို အနည်းငယ်စိုးရိမ်သွားသည်။

“အခု ဘာလုပ်သင့်လဲ”

“အချိန်နှေးသွားတာ ကျန်တဲ့သူတွေကို အကြောင်းကြားလိုက်။ သူတို့ရဲ့ကျင့်ကြံမှု တည်ငြိမ်အောင်ပဲ အာရုံစိုက်ခိုင်းထား။ ငါ အစီအရင်ကို ဖြိုခွဲလိုက်ဦးမယ်”

“နားလည်ပါပြီ”

မုန့်ချန်းသုံနှင့် ကျောင်းဟုန်ဖုတို့ မော့ကြည့်လိုက်ချိန်၌ လုကျိုးက ပျံထွက်သွားပြီးဖြစ်သည်။

လုကျိုးက ရှေးဟောင်းအစီအရင်အတွင်း နတ်ခြင်္သေ့ကျောပေါ်တက်ကာ ပျံသန်းနေလေ၏။ သူသည် နှစ်နာရီအကြာ၌ မူလနေရာသို့ ပြန်လာရန် စီစဉ်ခဲ့သည်။

အရပ်မျက်နှာအနှံ့၌ ရှေးသစ်ပင်များသည် ကျယ်ပြောလှသော ကောင်းကင်အောက်၌ ပေါက်နေကြပြီး ကောင်းကင်၌ မြူများရစ်ဝဲနေကာ ဤနေရာကိုဆန်းကျယ်သောအငွေ့အသက်ပေးစွမ်းနေသည်။

ရှေးဟောင်းအချိန်အစီအရင်တစ်ခုသာဆိုလျှင် သူတို့အချိန်အစီအရင်ထဲမှ ရိုးရိုးရှင်းရှင်း ထွက်သွားနိုင်သောကြောင့် ပြဿနာမရှိပေ။ သို့သော် သူတို့က ရှေးဟောင်းလေဟာနယ် အစီအရင်ထဲတွင်လည်း ပိတ်မိနေ၏။

“ဒီအစီအရင်ကို ဘယ်လိုလူမျိုးက တည်ဆောက်ထားတာလဲ” လုကျိုးက သိချင်နေလေသည်။ နောက်ဆုံး၌ သူ၏မူလနေရာသို့ ပြန်ရောက်လာချိန်၌ ဝေဟင်ထဲပျံတက်လိုက်သည်။ လေဟာနယ်က ဆက်လက်ကျယ်ပြန့်လာ၏။ လုကျိုးသည် ရွှေရောင်ထိုက်ရွှီကြေးမုံကို ထုတ်လိုက်ပြန်သည်။

ဘီး

ရွှေရောင်ထိုက်ရွှီကြေးမုံသည် ဝေဟင်ထဲတွင် မွန်းတည့်နေပမာ ထွန်းလင်းနေတော့သည်။ မိစ္ဆာဝေဟင်မျှော်နန်း၏ လူတို့ကလည်း ကောင်းကင်ကို ချက်ချင်းပျံသန်းသွားတော့သည်။

“မျှော်နန်းသခင်”

“ရှစ်စွင်း”

အားလုံးက စိတ်ရှုပ်ထွေးနေပုံပေါ်သည်။ ထိုစဉ် ရွှေရောင်နှင့်အပြာရောင်တို့သည် သစ်ပင်ပန်းမန် လေထုနှင့်မြေပြင်ကို လွှမ်းခြုံသွားတာတွေ့လိုက်ရ၏။ အရာအားလုံးနှစ်ရောင်စွန်းထင်းနေသည့်ပမာပင်။ တစ်ချိန်တည်းတွင် စည်းတံဆိပ်များက လေထဲပျံတက်လာပြီး တောက်ပသည့် မြင်ကွင်းတစ်ခု ဖြစ်နေသည်။

ရုတ်တရက် လုကျိုးသည် ရွှေရောင်ထိုက်ရွှီကြေးမုံကို လေထဲသို့ပစ်ထုတ်လိုက်သည်။ ပြီးနောက် သူက လက်အုပ်ချီလျက် အဆုံးမဲ့ကောက်နုတ်ချက်စွမ်းအားအတွက် မန္တန်ကို တိတ်တဆိတ်ရွတ်ဆိုလိုက်သည်။

အဆုံးမဲ့ကောက်နုတ်စွမ်းအားဖြင့် မမြင်တွေ့နိုင် မသိနိုင်သည့်အရာကို သိနိုင်မြင်နိုင်လာ၏။ သဘာဝနိယာမထဲရှိ အရာအားလုံး၏ပြောင်းလဲမှုကို ဤလောကထဲရှိသက်ရှိများအားလုံး ကြားသိနိုင်သည်။

လုကျိုးသည် သူ့ရှေ့၌ မရေမတွက်နိုင်သောဖြစ်နိုင်ခြေများကို တွေ့လိုက်ရသည်။

အရပ်မျက်နှာအနှံ့၌ ပုံရိပ်များရှေ့နောက် ပျံသန်းနေကြပြီး ပုံရိပ်ယောင်များ ချန်ရစ်ခဲ့ကြသည်။ တချို့က အ‌ကောင်းတိုင်း ပေါ်လာပြီး တချို့က သေဆုံးသွားသည်။

မျိုးစုံသော ဖြစ်နိုင်ခြေမြင်ကွင်းများစွာက သူ့မျက်စိရှေ့၌ ပေါ်လာသည်။

လုကျိုးသည် ကောင်းကင်စွမ်းအား သုံးတာများလွန်းသောကြောင့် ဖြစ်ဟန်တူသည်။ သူ၏ ခန္ဓာကိုယ်နားတဝိုက်က အပြာရောင်လျှပ်စီးများလင်းလက်နေလျက် လေထဲ၌ သူသည် ခမ်းနားထည်ဝါစွာ ရပ်နေသည်။

သူတို့အဖွဲ့နောက်တွင် မုတ်ဆိတ်များပေါက်နေပြီဖြစ်သည့် ကျန့်သုံ့ရှန်းက ထိတ်လန့်စွာဖြင့် မျက်လုံးအပြူးသား အော်ပြောလိုက်သည်။ “ခင်ဗျားလား”

ကျန့်သုံ့ရှန်းက တံတွေးမျိုချလျက် အလိုလိုနောက်သို့ တစ်လှမ်းဆုတ်မိသွားသည်။

ထိုစဉ် လုကျိုးက မျက်လုံးဖွင့်လျက် အမြင်စွမ်းအားကို အသုံးပြုလိုက်သည်။ သူ၏မျက်လုံးက အပြာရောင်အလင်း ချက်ချင်းတောက်ပသွားသည်။

ယင်းကိုမြင်သောအခါ ကျန့်သုံ့ရှန်းက နောက်တစ်လှမ်းဆုတ်သွား၏။

ထောက်

ကျန့်သုံ့ရှန်းသည် မြင့်မားလှသည့်ရှေးသစ်ပင်နှင့် တိုက်မိသွားပြီး သစ်ရွက်များ ကြွေကျလာတော့သည်။ ပြီးနောက် သူသည် မင်ရှစ်ရင်ဘေးသို့ အမြန်ပျံသွားလိုက်၏။

မင်ရှစ်ရင်သည် မျက်လုံးထောင့်ကနေ ကျန့်သုံ့ရှန်းကို တချက်ကြည့်ပြီးနောက် ပြောလိုက်သည်။

“ခင်ဗျား သိပ်စိတ်လှုပ်ရှားနေတဲ့ပုံပဲ”

ကျန့်သုံ့ရှန်းက အံ့ဩထိတ်လန့်သွား၏။ သူက ခေါင်းခါလျက် အလျင်စလိုပြောလိုက်သည်။ “မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး နည်းနည်းလေးအံ့ဩသွားရုံပဲ”

“အချိန်နှေးသွားတာကို အံ့ဩသွားတာလား”

“ဟုတ် ဟုတ် ရုတ်တရက်ဆိုတော့... ဟမ်... အချိန်နှေးသွားတာလား” ကျန့်သုံ့ရှန်းက ခေါင်းမော့လိုက်၏။ အမှန်တကယ်ပင် ဝေဟင်ထဲရှိသားရဲပျံတို့၏ လှုပ်ရှားမှုသည် ပျံသန်းနေသော်ငြား သူတို့သည် အင်မတန်နှေးကွေးသောအရှိန်ဖြင့် လှုပ်ရှားနေတာဖြစ်သည်။ နှေးလွန်းသဖြင့် ရပ်တန့်နေသည်ဟု ထင်မှတ်ရသည်။

“အဲ့ဒီငှက်ငတုံးတွေကို ကြည့်ဦး။ သူတို့တွေက နှစ်တစ်ရာကြာပြီးတာတောင် ပျံသန်းနိုင်မှာ မဟုတ်တော့ဘူး။ အစီအရင်အပြင်ဖက်ကနေ ငါတို့ကို ရှာနေတဲ့လူတွေအတွက် ငါတို့ရဲ့လှုပ်ရှားမှုတွေက လိပ်တွေထက်နှေးကွေး နေမှာပဲ”

“အမ် စတုတ္ထသခင်လေးရဲ့ပိုင်းခြားမှုက တော်တော်လေးတိကျပါတယ်” ကျန့်သုံ့ရှန်းက အိုးတိုးအမ်းတန်း ဖြစ်သွားလေ၏။

ဘီး

လုကျိုး၏ မြင့်မားလှသော ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်သည် ကောင်းကင်စွမ်းအားနှစ်မြှုပ်ထားလျက် ပေါ်လာတော့သည်။ ကြယ်တာရာဒိုင်ခွက်ပေါ်၌ အပြာရောင်အလင်းဖျော့ဖျော့ကို မြင်လိုက်ရ၏။

“မျှော်နန်းသခင်က သူတော်စင်ဖြစ်တော့မှာပဲ” ချင်နိုင်ဟယ်က အထိတ်တလန့်ပြောလိုက်သည်။

“သူတော်စင်တစ်ပါးလား”

“ကြယ်တာရာဒိုင်ခွက်ပေါ်က အလင်းကွင်းတွေက သူတော်စင်တစ်ပါးဖြစ်တော့မဲ့ လက္ခဏာပဲ။ ကျုပ် ထင်တာမမှားရင် စိတ်ဝိညာဉ်သဏ္ဌာန်ရဲ့အမြင့်အမှန် မဟုတ်လောက်ဘူး” ချင်နိုင်ဟယ်က ပြောလေ၏။

ကျန့်သုံ့ရှင်းက မျက်မှောင်ကျုံ့မိသွားသည်။

ထိုစဉ် ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်က ရှေ့၌ပေါ်လာပြီး တောအုပ်ထဲ ရွှေရောင်အလင်းတန်း တိုးဝင်သွားသည်။

ပြီးနောက် ရွှေရောင်ထိုက်ရွှီကြေးမုံက တောက်ပလာတော့သည်။

ထိုစဉ် မုန့်ချန်းသုံသည် စည်းတံဆိပ်များဖြင့် ဖွဲ့တည်ထားသည့် လမ်းကြောင်းတစ်ခုကို တွေ့လိုက်ရသည်။ သူက စိတ်အားထက်သန်စွာ ပြောလေ၏။ “ထွက်ပေါက်ပဲ”

“ထွက်ပေါက်လား။ လက်စသပ်တော့ မျှော်နန်းသခင်က ထွက်ပေါက်ကို ရှာနေတာကိုး” မုန့်ချန်းသုံက ပြောလိုက်၏။

ကျောင်းဟုန်ဖုကလည်း အံ့ဩသွားကာ ဇဝေဇဝါဖြစ်သွားလေ၏။ “တကယ်ထွက်ပေါက်ပဲ။ ဘယ်လိုရှာလိုက်တာလဲ”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ကျန့်သုံ့ရှန်းက ပြောလေ၏။

ဝှစ်

ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်ပျောက်ကွယ်သွားပြီးနောက် လုကျိုးသည် ရွှေရောင်ထိုက်ရွှီကြေးမုံကို သိမ်းလျက် မြေပြင်ပေါ်ဆင်းသက်လိုက်သည်။ လူတိုင်းက လိုက်ပါဆင်းသက်လိုက်လေ၏။

လုကျိုးသည် လက်နောက်ပစ်ထားလျက် ပြောလိုက်သည်။ “ငါတို့တွေ ရှေးဟောင်းအစီအရင်ရဲ့ထွက်‌ပေါက်ကို ရှာတွေ့ပြီ။ ဒါပေမဲ့ အခု ငါတို့ထွက်သွားဖို့ အချိန်မတန်သေးဘူး”

“ဘာလို့လဲ” ရှောင်ယွမ်အာက သိချင်စိတ်ဖြင့် မေးလိုက်၏။

လုကျိုးသည် ရှောင်ယွမ်အာကိုကြည့်ကာ ပြောလိုက်သည်။ “အနက်ရောင်ချပ်ဝတ်အစောင့်ရယ် ငွေရောင်ချပ်ဝတ်အစောင့်ရယ် အံ့ဖွယ်သားရဲတစ်ကောင်ရှိနေတယ်”

ပြီးနောက် လုကျိုးသည် အင်မတန်နှေးကွေးစွာလှုပ်ရှားနေသည့် ဧရာမသားရဲကို ညွှန်ပြလိုက်၏။

“အံ့ဖွယ်သားရဲလား”

လူတိုင်းသည် ခုံဝမ်ဖက်အလိုလို လှည့်ကြည့်လိုက်ကြသည်။

ကြမ်းတမ်းခက်ထန်သားရဲများ၏ လမ်းလျှောက်နေသောစွယ်စုံကျမ်းနှင့်တူသည့် ခုံဝမ်က သားရဲကို ကြည့်ကာ မေးစေ့ကိုပွတ်လိုက်သည်။ ခဏအကြာ၌ သူက ပြောလိုက်၏။

“သူ့ကိုမမှတ်မိဘူး။ ဒါပေမဲ့ သူ့ရဲ့ဝိသေသလက္ခဏာကို ကြည့်ရင် တကယ်အံ့ဖွယ်သားရဲပဲ”

အံ့ဖွယ်သားရဲတစ်ကောင်ဖြင့်ဆို ထွက်သွားဖို့က အင်မတန်အန္တရာယ်များ၏။ လုကျိုးက အလျင်မလိုပေ။ သူက လူတိုင်းကို သိမ်းကြုံးကြည့်ပြီးနောက် ပြောလိုက်၏။

“အချိန်နှေးသွားတာကောင်းတယ်”

လူတိုင်းက စိတ်ရှုပ်ထွေးသွားလေ၏။ လုကျိုး ဘာကိုဆိုလိုမှန်း သူတို့မသိကြပေ။

လုကျိုးက စိတ်ကျေနပ်စွာ ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “အံ့ဖွယ်သားရဲထွက်သွားပြီးမှ အစီအစဉ် ချမလို့ စဉ်းစားထားတာ။ အခုကတော့ ...”

လုကျိုးက လက်မြှောက်လိုက်ရာ ခရမ်းရောင်တောက်ပသံကျောက်က ပေါ်လာပြီး လျင်မြန်စွာ လှည့်ပတ်နေ၏။

“မင်းတို့ရဲ့မွေးဖွားစမ်းသပ်မှုကို ဖြတ်ကျော်ဖို့ ကြိုးစားကြရအောင်”

“ကျွတ်”

ဆရာသခင်များဖြစ်သည့် ကျန့်သုံ့ရှန်းနှင့် ချင်နိုင်ဟယ်မှအပ လူတိုင်းတောင့်တင်းသွားတော့သည်။

လုကျိုးသည် ကျန်သည့်သူများက သူတို့ကျင့်ကြံမှု၌ တစ်ဆို့မှု ရှိနေကြောင်း ခံစားမိ၏။ သူတို့က ကောင်းကင်ကြိုးတံတားကို မသွားနိုင်သောကြောင့် ခရမ်းရောင်တောက်ပသံကျောက်ကို သင့်တော်သော ပတ်ဝန်းကျင်ကို တုပပေးရမည်။ သူတို့၏သက်ဆိုင်ရာ တစ်ဆို့မှုများအား ကျော်ဖြတ်နိုင်ရန် ဤအချိန်ကို အသုံးချမှာဖြစ်သည်။

“သေချာကြည့်ထား” လုကျိုးက ပြောလိုက်၏။

“ဟုတ်ကဲ့” ချင်နိုင်ဟယ်က ပြောသည်။

ကျန့်သုံံ့ရှန်းက ခေါင်းညိတ်လိုက်သည်။ “စိတ်မပူပါနဲ့ ချန်းပေ့။ သူတို့ကို ကာကွယ်ပါ့မယ်”

ပြီးနောက် လုကျိုးက လှစ်ကနဲထွက်သွားလေ၏။

လုကျိုးသည် လင်းထိန်နေသည့်လမ်း၏အဆုံး၌‌ ပေါ်လာသည်။ သူသည် အဆုံးမဲ့ကောက်နုတ်ချက်စွမ်းအားကနေ ထွက်ပေါက်ကို ရှာတွေ့ခဲ့သော်ငြား အတည်မပြုဘဲ စိတ်မချနိုင်ပေ။

သူက တစ်လှမ်းတိုးလိုက်တိုင်း အချိန်က ပုံမှန်ပြန်ဖြစ်သွားလိမ့်မည်။ သို့သော် ပြဿနာတစ်ခုရှိနေ၏။ သူနှင့်သူ့အတွက် အချိန်ကွဲပြားချက်က အလွန်ခြားနားသွားလိမ့်မည်။ သူ အပြင်ထွက်ပြီး အထဲပြန်ဝင်လိုက်ပါက လူတိုင်းသည် အသက်ကြီးပြီး သေနိုင်ချေရှိ၏။ ပြောရရန်မလို လုကျိုးသည် အပြင်သို့ မသွားခဲ့ဘဲ ထိုအစား သစ်ပင်ပင်စည်ကိုမှီလျက် တင်ပျဉ်ခွေချိတ်ထိုင်လိုက်သည်။

ပြီးနောက် သူ၏မွေးဖွားနန်းဆောင်ကို ထုတ်လိုက်၏။ ၂၂ခုမြောက် မွေးဖွားဇယားချပ် အသက်သွင်းမှုသည် အစောတုန်းက ပြီးမြောက်ခဲ့သည်။ ပြီးနောက် သူသည် ငြိမ်းချမ်းရေးငှက်၏ အသက်ဓာတ်နှလုံးသားကို ယူထုတ်လိုက်သည်။ နှစ် ၁၀၀ဖြစ်စေ နှစ် ၁၀၀၀ဖြစ်စေ ကျင့်ကြံမှုအတွက် အချိန်လုံလောက်မှု မရှိဟု ဆိုကြသည်။

လုကျိုးက သူ့ဖာသာသူ ရေရွတ်ပြောလိုက်လေ၏။ “အနှေးနဲ့အမြန် ဒီလမ်းကိုလျှောက်ရမှာပဲ။ ၂၃ခုမြောက် ဇယားချပ်။ ဘယ်လောက်ပဲ နာကျင်နာကျင် ငါတို့ရဲ့ရှင်သန်နိုင်မှုကို မယှဉ်နိုင်ဘူး”

လုကျိုးသည် ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့် အသက်ဓာတ်နှလုံးသားကို အစားကြူးမီးတောက်နေရာဘေးရှိ မြေကမ္ဘာဒေသတွင်းတွင်ရှိသော ဂုဏ်သရေကြီးမားသောနေရာ၌ မြှုပ်နှံလိုက်သည်။ သူသည် ၂၃ခုမြောက် မွေးဖွားဇယားချပ်ကို အသက်သွင်းပြီးနောက် မီးဇာမဏီကို ၎င်း၏ အသက်ဓာတ်နှလုံးသားငှားပေးဖို့ ခေါ်မည်ဖြစ်ကာ ၂၄ခုမြောက် အသက်ဓာတ်နှလုံးသား အသက်သွင်းမှာဖြစ်သည်။

အရေးကြီးဆုံးအရာက မွေးဖွားဇယားချပ်ရဲ့အရည်အသွေးတင်မဟုတ်ဘူး။ အသက်ဓာတ်နှလုံးသားနဲ့ မွေးဖွားနန်းဆောင်ထဲက နေရာတွေရဲ့ကိုက်ညီမှုရှိမှုပဲ။

အသက်ဓာတ်နှလုံးသားကို မွေးဖွားနန်းဆောင်ထဲ မြှုပ်နှံပြီးနောက် လုကျိုးသည် မျက်လုံးမှိတ်ကာ ကောင်းကင်ကျမ်းစာကို ဆင်ခြင်သုံးသပ်နေသည်။

ရှေးဟောင်းအစီအရင်အပြင်ဖက် ကျစ်ရွှီ၏နောက်တစ်ပိုင်းတွင်ဖြစ်သည်။

ငွေရောင်ချပ်ဝတ်အစောင့် တစ်ထောင်ကျော်က ရှေ့နောက်ပျံသန်းနေလေ၏။

“ဘာမှရှာမတွေ့ဘူး”

“ဒီမှာလည်း ဘာမှမတွေ့ဘူး”

“ရှေးဟောင်းအစီအရင်ဖက်မှာ စွမ်းအင်အတက်အကျတွေရှိနေတယ်။ အချိန်လွဲချော်မှုတွေ ရှိနေမှာစိုးရတယ်။ ဒါကြောင့် ကမူးရူးတိုးလုပ်လို့မရဘူး”

ထိုစဉ် ငွေရောင်ချပ်ဝတ်အစောင့်များထဲမှ တစ်ယောက်က ဧရာမသားရဲကျောပေါ်ပျံတက်သွား၏။ သူက တောင်တန်းကိုငုံ့ကြည့်ပြီးနောက် ပြောလိုက်သည်။ “မဟာချောက်နက်ကို သွားရအောင်”

“နားလည်ပါပြီ”

ဝှစ် ဝှစ် ဝှစ်

ငွေရောင်ချပ်ဝတ်အစောင့်တစ်ထောင်ကျော်သည် သူတို့၏စီးတော်သားရဲများဆီပျံသွားလျက် ကျစ်ရွှီ၏ ဖျက်ဆီးခြင်းတိုင်လုံးမှ ဖြတ်ကျော်သွားသည်။

ငွေရောင်ချပ်ဝတ်အစောင့်များ ထွက်သွားပြီး မကြာမီ၌ ကျစ်ရွှီ၏ဖျက်ဆီးခြင်းတိုင်လုံး၏ မြောက်ဖက်ပိုင်းတောင်ပေါ်ဒေသ တောင်တစ်တောင်ပေါ်၌ မီးရောင်ခြည်နှစ်ခုပေါ်ထွက်လာသည်။ ပေါင်းစည်းသွားပြီးနောက် လန်ရှီဟယ်က ပေါ်ထွက်လာပြီး လက်ကိုဆန့်လျက် ရပ်နေ၏။

နေမင်း လမင်း ကြယ်စက်ဝန်းတို့က သူမ၏ခန္ဓာကိုယ်ကို လင်းထိန်နေစေသည်။

လန်ရှီဟယ်က ပတ်ဝန်းကျင်ကို တချက်ကြည့်လိုက်၏။ တစ်ခဏအတွင်း၌ သူမသည် ချောက်ကမ်းပါးပေါ်၌ ပေါ်လာသည်။ သူမက ချောက်ကမ်းပါးနားတွင်ရှိနေသည့် ခြေရာလက်ရာများကို ကြည့်လိုက်သည်။

လန်ရှီဟယ်သည်‌ ရှေးဟောင်းတောအုပ်ကို မော့ကြည့်ပြီးပြောလိုက်သည်။ “မျှော်နန်းသခင်လု ဒီကို ရောက်နေပြီဆိုတော့ ဘာကြောင့်ထွက်မတွေ့တာလဲ”

တုံ့ပြန်မှု မရှိပေ။

တောင်ပေါ်တွင် တိတ်ဆိတ်မှုသာရှိနေပြီး တောအုပ်ထဲ၌ နွယ်ကြိုးများတွားသွားနေသံကို ကြားရသည်။

“မျှော်နန်းသခင်လု ကျေးဇူးပြုပြီး ကျွန်မကို ထွက်လာတွေ့ပါ” လန်ရှီဟယ်က ပြောလိုက်ပြန်၏။ သူမက ယခုတစ်ခေါက်၌ အသံကိုဝေးဝေးပို့လိုက်သည်။

လန်ရှီဟယ်က မျက်မှောင်ကျုံ့လိုက်၏။ သူမသည် တောအုပ်ထဲရှိ သစ်ပင်များနှင့် မြက်ပင်များကို ကြည့်လိုက်၏။

ဝှစ်

ထိုစဉ် သူမရှေ့၌ သားရဲပျံကြီးတစ်ကောင် ပေါ်လာသည်။ လေဟာနယ်သည် အနည်းငယ် တွန့်ဆုတ်သွားပုံပေါ်ပြီး သားရဲပျံက လေထဲပျောက်ကွယ်သွားလေ၏။

လန်ရှီဟယ်က မျက်မှောင်ကျုံ့မိသွား၏။

“ရှေးဟောင်းအစီအရင်လား။ သူ ဒီမှာမရှိဘူးလား”

လန်ရှီဟယ်က ရှေးဟောင်းအစီအရင်ရှိရာဖက်ကို ဆက်လက်ရှာဖွေနေသည်။

သူမသည် လှုပ်ရှားမှုတစ်ခုခု လွဲချော်သွားမှာ စိုးရိမ်သဖြင့် သုံးရက်သုံးည စောင့်ဆိုင်းခဲ့သော်ငြား ဘာမှမတွေ့ခဲ့ရပေ။

သူမ သက်ပြင်းချလိုက်လေ၏။ “ကံပဲထင်ပါရဲ့”

သူမက နေနှင့်လအသွင် ပြောင်းကာ ဝေဟင်ထဲ ပျံသန်းသွားလျက် မြင်ကွင်းထဲမှာ ပျောက်ကွယ်သွားသည်။

ရှေးဟောင်းအစီအရင်ထဲတွင် ဖြစ်သည်။

လုကျိုးသည် အချိန်ရှုထောင့်ထဲ နှစ်မြှုပ်နေပုံပေါ်ပြီး အာရုံကြောများ ထုံထိုင်းနေပုံပေါ်သည်။ မျက်လုံး ပြန်ဖွင့်လိုက်ပြီး ကောင်းကင်ထဲရှိ ထွက်ပေါက်ကို ကြည့်လိုက်၏။ သူသည် ခွေးတစ်ကောင်ထက်တောင် နှေးကွေးစွာ လှုပ်ရှားသွားလာနေသည့် အံ့ဖွယ်သားရဲများပေါ်ရှိ ငွေရောင်ချပ်ဝတ်အစောင့်အရှောက်များကို တွေ့လိုက်ရသည်။

အချိန်အတော်ကြာပြီးနောက် သူ မျက်လုံးပြန်ဖွင့်လိုက်ချိန်၌ ငွေရောင်ချပ်ဝတ်အစောင့်များ ထွက်သွားတာ တွေ့လိုက်ရသည်။ ချောက်နက်ထဲ၌ လန်ရှီဟယ်ပေါ်လာတာကို တွေ့ချိန်၌ သူ သွားနိုင်မည်ဟု ထင်ခဲ့သည်။

လန်ရှီဟယ်သည် ချောက်နက်၌ ရုပ်တုတစ်ခုပမာ ရပ်နေပြီး ရှေးဟောင်းအစီအရင်ရှိရာဖက်သို့ အချိန်အတော်ကြာ စိုက်ကြည့်နေ၏။

လုကျိုးသည် သူမထိုနေရာတွင်ရှိနေတာ သုံးရက်လား သုံးလလား သုံးနှစ်လား။ နှစ်တစ်ရာလား မပြောနိုင်ပေ။ အချိန်မည်မျှ ကုန်လွန်သွားသည်မသိ။ တောင်ပေါ်မှ မိုးခြိမ်းသံတစ်သံကြားလိုက်ရပြီး မြေပြင်ပေါ်၌ အက်ကွဲရာများ ပေါ်လာ၏။ သူတို့က အချိန်နှင့်လေဟာနယ်ကို ဖီဆန်ခဲ့ရာ သားရဲနှင့်ငှက်များ ဖျက်ဆီးခြင်းတိုင်လုံးနှင့် သက်ရှိများ အားလုံးကို ဖီဆန်ခဲ့သောကြောင့် လူတိုင်း၏လမ်းကြောင်းတွင် နှောင့်ယှက်နေသည့်အရာများသည် ပေတစ်ထောင်အကွာ ရောက်သွားသည်။

ဖုန်း

လုကျိုး မျက်လုံးပြန်ဖွင့်လိုက်ချိန်တွင် လန်ရှီဟယ်ပျောက်ကွယ်သွားတာကို တွေ့လိုက်ရသည်။ သူ့နား၌ ညှိုးရော်နေသော သစ်ရွက်ခြောက်များကို တွေ့လိုက်ရသည်။

သူ မှီထားသည့်သစ်ပင်ငယ်လေးက မြင့်မားလှသောသစ်ပင်ဖြစ်နေလေပြီ။

လျှိုမြောင်က ပေတစ်ထောင်ကျယ်ဝန်းလာသည်။ လုကျိုးက အင်္ကျီလက်ကိုခါလိုက်တော့သည်။

သူ၏မွေးဖွားနန်းဆောင်က ချောမွေ့သွားတာကြာပြီဖြစ်သည်။ ထိုစဉ် အက်ကွဲကြောင်းများ လှုပ်ရှားလာလျက် အစီအရင်ပြိုကွဲတော့မည်ဖြစ်ကြောင်း ပြသနေသည်။

ထိုစဉ် စွမ်းအင်စည်းတံဆိပ်တစ်ခုက လုကျိုးဆီဦးတည်လာ၏။ လုကျိုးသည် ထရပ်လျက် သူ၏လက်ကိုတွန်းထုတ်လိုက်ကာ ကောင်းကင်တမျှကြီးမားသည့် ဧရာမစည်းတံဆိပ်ကို ထုတ်သုံးလိုက်သည်။ ပြီးနောက် သူက ပြောလိုက်သည်။ “အားလုံးစုဝေးကြ”

All Chapters