← Chapters

အခန်း (၁၄၄၇-၁၄၄၉)

Vol. 97 Ch. 1447-1449

အခန်း (၁၄၄၇-၁၄၄၉)

Vol. 97 Ch. 1447-1449

အခန်း (၁၄၄၇) ကောင်းကင်ကို ထပ်မံထိပ်တိုက်တွေ့ခြင်း

ယခင်က ရှေးဟောင်းအစီအရင်ထဲ၌ ရှိစဉ်က သူတို့မြင်တွေ့ခဲ့ဖူးသည့် အကောင်နှင့် တစ်ထပ်တည်းတူသည့် ဧရာမသားရဲပဲဖြစ်သည်။ ယခုသူတို့က ပိုနီးလာချိန်၌ ၎င်း၏ မှင်ရောင်အရေပြားသည် သံမဏိချပ်ဝတ်အောက်၌ သစ်ပင်အခေါက်ဖြစ်နေတာကို မြင်တွေ့ရ၏။ ၎င်း၏အရှိန်အဝါသည် လက်သည်းကိုးခုနဂါးနက်နှင့် အတော်လေးဆင်တူသော်ငြား ပုံပန်းသွင်ပြင်ကမူ ပိုကြည့်ကောင်းပြီး ပိုကြမ်းတမ်းခက်ထန်ပုံပေါ်၏။

လုကျိုးက ဧရာမသားရဲကိုဖော်ပြနိုင်ရန် ခက်ခဲနေသည်။ ၎င်းက ခေါင်းကကြီးပြီး အမြီးက သေးနေ၏။ လင်းနို့တစ်ကောင်နှင့်တူသော်ငြား ဇီးကွက်တစ်ကောင်နှင့်လည်းတူပြန်သည်။

အယောက်သုံးထောင်ကျော် ငွေရောင်ချပ်ဝတ်အစောင့်များက သားရဲနောက်၌ ပျံဝဲနေသည်။ တိတိကျကျဆိုရလျှင် သုံးထောင်အောက်သာကျန်တော့ပြီး နှစ်ထောင်စွန်းစွန်းသာရှိ၏။ သူတို့အမည်မသိကုန်းမြေထဲ ကင်းလှည့်နေစဉ်ကာလအတွင်း အသက်အများအပြားဆုံးရှုံးခဲ့သည်။ တချို့က ရွှမ်းယီနန်းတော်နှင့် တိုက်ပွဲဆင်နွဲစဉ် အသက်ဆုံးရှုံးခဲ့၏။ တချို့က ပင်မဧရိယာထဲရှိ ရှေးသားရဲထံ၌ အသက်ဆုံးရှုံးခဲ့သည်။

နောက်ဆုံး၌ သံမဏိချပ်ဝတ်နဂါးပေါ်၌ ရပ်နေသည့် ငွေရောင်ချပ်ဝတ်ခေါင်းဆောင်က တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။ သူက တည်ငြိမ်စွာပြောလိုက်တော့သည်။ “ဖျက်ဆီးခြင်းတိုင်လုံးကို ဖျက်ဆီးချင်တဲ့သူတွေ အခု ရှေ့တိုးလာခဲ့”

ငွေရောင်ချပ်ဝတ်အစောင့်ခေါင်းဆောင်သည် ဤမျှများပြားသော ငွေရောင်ချပ်ဝတ်အစောင့်အရှောက်များ၏ သွင်ပြင်က သူ့ရှေ့ရှိအားနည်းသောလူတစုကို ခြိမ်းခြောက်နိုင်လိမ့်မည်ဟု ယူဆခဲ့ပြီး ခေါင်းဆောင်၏စကားကို မည်သူမှတုန့်ပြန်ခြင်းမရှိခဲ့ပေ။ ယင်းကိုမြင်သောအခါ ခေါင်းဆောင်က ခေါင်းခါလိုက်၏။ ပြီးနောက် သူ၏လက်ထဲ၌ ရွှေရောင်စွမ်းအင်ဓားမော့ပေါ်လာပြီး ရှေ့သို့ရောက်သွားသည်။ မိစ္ဆာဝေဟင်မျှော်နန်းမှ လူတို့သည် လှုပ်ရှားမှုမရှိသေးဘဲ ၎င်းကိုလုံးဝဂရုမစိုက်ပုံပေါ်သည်။

ရွှေရောင်စွမ်းအင်ဓားမော့ ကျလာစဉ် ငွေရောင်ချပ်ဝတ်အစောင့်ခေါင်းဆောင်က ပြောလိုက်သည်။

“မင်းတို့ရဲ့နောင်ဘဝကျရင် ဖျက်ဆီးခြင်းတိုင်လုံးတွေအကြောင်း မလိုလားအပ်တဲ့အတွေးတွေ မရှိဖို့လိုအပ်တယ်”

ဖုန်း

စွမ်းအင်ဓားမော့သည် လုကျိုးကို ထိုးဖောက်သွားပြီးနောက် သူ့နောက်၌ ရှည်လျားကျဉ်းမြောင်းသည့် လျှိုမြောင်တစ်ခုချန်ရစ်ခဲ့သည်။ သို့သော် လုကျိုးက ထိခိုက်မှုမရှိပေ။ သူက မူလနေရာမှ ရွေ့တောင်မရွေ့ခဲ့ချေ။ သူသည် လက်နောက်ပစ်ထားလျက် ငွေရောင်ချပ်ဝတ်အစောင့်အရှောက်ခေါင်းဆောင်ကို မျက်နှာသေဖြင့်ကြည့်နေ၏။

“ဟမ်”

ငွေရောင်ချပ်ဝတ်အစောင့်‌ခေါင်းဆောင်သည် မျက်မှောင်အနည်းငယ်ကျုံ့မိသွားပြီး နောက်ထပ် စွမ်းအင်ဓားမော့ဖြင့် တိုက်ခိုက်တော့သည်။ ယခုအခါတွင် စွမ်းအင်ဓားမော့က အနည်းဆုံးပေတစ်ထောင်ခန့် ရှည်ကာ ပေများစွာရှည်လျက် လုကျိုးကို ချိန်ရွယ်ထားသည်။

ဖုန်း

ယခင်နည်းတူ စွမ်းအင်ဓား‌မော့သည် လုကျိုးကို ထိခိုက်မှုမရှိဖြတ်သွားကာ လှိုင်းဂယက် အနည်းငယ် ထစေလျက် မြေပြင်ပေါ်ထိုးစိုက်သွားပြီး လျှိုကိုပိုနက်ပြီး ကျယ်ဝန်းလာစေသည်။

ငွေရောင်ချပ်ဝတ်အစောင့်အရှောက်ခေါင်းဆောင်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားတော့သည်။ သူ့ရှေ့ရှိလူက ဘယ်လိုလုပ် ထိခိုက်မှုမရှိတာလဲ။ သူ့ဆီက တိုက်ကွက်နှစ်ကွက်ကို ခံနိုင်ရည်ရှိတဲ့ လူက ဘယ်လိုလုပ် ရိုးရှင်းမှာလဲ။

နောက်ဆုံး၌ ခေါင်းဆောင်က ပြောလိုက်သည်။

“ကျုပ်က မိုးနဲ့မြေကြားက မျှခြေကိုထိန်းသိမ်းပြီး ဖျက်ဆီးခြင်းတိုင်လုံးတွေကို ကာကွယ်ဖို့ မဟာလေဟာနယ်ရဲ့ အမိန့်အောက်မှာ အလုပ်လုပ်နေတာ။ ခင်ဗျားတို့ တိုင်လုံးတွေ ဖျက်ဆီးဖို့ကြိုးပမ်းတာက ပြစ်ဒဏ်ပဲ။ ခွင့်လွှတ်လို့မရဘူး”

လုကျိုးက လေသံအတက်အကျမရှိ မေးလိုက်၏။ “တိုင်လုံးတွေကို ငါ ဖျက်ဆီးချင်တယ်ဆိုတာ ဘာလို့ဒီလောက် သေချာနေရတာလဲ”

ငွေရောင်ချပ်ဝတ်အစောင့်အရှောက်ခေါင်းဆောင်က ပြောလိုက်၏။ “လူသားတွေက အစတည်းက လောဘကြီးတယ်။ မဟာလေဟာနယ်မျိုးစေ့တွေကို တပ်မက်တာကြောင့် တိုင်လုံးတွေဆီသွားနေတာ မဟုတ်ဘူးလား” “ဖျက်ဆီးခြင်းတိုင်လုံးတွေက ဘယ်အချိန်ကစပြီး မဟာလေဟာနယ်အပိုင်ဖြစ်သွားတာလဲ။ မျိုးစေ့နဲ့ မြေဆီလွှာက ဘယ်အချိန်ကစပြီး မဟာလေဟာနယ်အပိုင်ဖြစ်သွားတာလဲ။ မဟာလေဟာနယ်က သူတို့ကို ပိုင်ကြောင်း ငါ့ကိုသက်သေပြစမ်းပါဦး” လုကျိုးက ပြောပြီးခေါင်းခါလိုက်သည်။ ပြောပြီးသည်နှင့် သူသည် ခေါင်းဆောင်ဖက် လက်ဆန့်ထုတ်လိုက်၏။

ခေါင်းဆောင်၏အမူအရာက ပြောင်းလဲသွား၏။ နှစ်ကြိမ်တိုက်ခိုက်ပြီး သူ့ရှေ့ရှိလူကို မသတ်နိုင်ခဲ့သည့်အချက်မှာ အစတည်းက အရှက်ကွဲစရာကောင်းနေပြီဖြစ်သည်။ လုကျိုး၏စကားကို ပြန်မပြောနိုင်ခြင်းက ပိုတောင်အရှက်ကွဲနေပြီဟု ခံစားမိသည်။ အဆုံးကျ သူက နက်ရှိုင်းသောအသံဖြင့် ပြောလိုက်လေ၏။ “မဟာဟာနယ်မျိုးစေ့တွေက အမြဲတမ်းမဟာလေဟာနယ်အပိုင်ဖြစ်နေမှာ။ ဒါတွေက အားလုံး သဘောတူထားတာပဲ”

“အင်း ငါ လက်မခံဘူး” လုကျိုးက ပြောလိုက်၏။

လုကျိုးက ဆက်ပြောသည်။ “မိုးနဲ့မြေက အရာအားလုံးကို မွေးဖွားလာစေတယ်။ မင်းရှူနေတဲ့လေ၊ ပန်းပွင့်တွေ၊ သစ်ပင်တွေ၊ နွေးထွေးမှုကိုပေးတဲ့နေရောင် အရာအားလုံးကို မိုးနဲ့မြေကနေ မွေးဖွားပေးတာ။ ဒါပေမဲ့ မင်းရဲ့သဘောတရားအတိုင်းသာဆိုရင် လေကလည်း မဟာလေဟာနယ်အပိုင်လား”

“အဓိပ္ပာယ်မရှိတာ” ငွေရောင်ချပ်ဝတ်အစောင့်အရှောက်ခေါင်းဆောင်သည် လုကျိုးဖက် စစ်ပုဆိန်ကို လှည့်ပြီးပြောလိုက်သည်။ “နှစ်ပေါင်းတစ်သိန်းကြာအောင် မဟာလေဟာနယ်က မိုးနဲ့မြေကို ထိန်းချုပ်ပေးခဲ့ပြီး လောကကြီးကို တည်ငြိမ်စေခဲ့တယ်။ မဟာလေဟာနယ်မရှိရင် ကုန်းမြေကွဲအက်သွားပြီး ခင်ဗျားတို့ ရှိနေနိုင်မှာတောင် မဟုတ်ဘူး။ ရာရာစစအဓိပ္ပာယ်မရှိတာ ပြောရဲတယ်လား” ပြီးနောက် သူ၏လက်ကိုဝေ့ယမ်းပြီး လက်အောက်ငယ်သားများကို ပြောလိုက်၏။ “သူတို့ကိုဖြေရှင်းကြဟေ့”

ဝှစ် ဝှစ် ဝှစ် ဝှစ် ဝှစ်

ငွေရောင်ချပ်ဝတ်အစောင့်အရှောက်ငါးယောက်သည် ဝေဟင်ပေါ်မှ ချက်ချင်းခုန်ဆင်းလာ၏။ တစ်ဖက်လူ၏ စကားနှင့်အပြုအမူကို ကြည့်လျှင် မဟာလေဟာနယ်သည် လုကျိုး၏ အထောက်အထားကို သတိမပြုမိပုံ ပေါ်၏။ ထိုလူများသည် သူ့အား မဟာလေဟာနယ်ကို ဖျက်ဆီးချင်သည့်လူအဖြစ်သာ သဘောထားသည်။ တကယ်တော့ လုကျိုးအတည်ပြုရန် ကြိုးပမ်းနေတာလည်းဖြစ်သည်။

ငွေရောင်ချပ်ဝတ်အစောင့်အရှောက်ငါးယောက် ပြန်ထွက်လာချိန်၌ လုကျိုးသည် သူ့လက်ထဲရှိ ဖုံးကွယ်ခြင်းကတ်ကို ခြွေမွလိုက်၏။ ပြီးနောက် သူသည် ငှက်မွေးတစ်ခုကိုအမြန်မီးမြှိုက်လိုက်သည်။ မီးမြှိုက်လိုက်သည်နှင့် မီးတောက်က ပြောင်းလဲသွားကာ ဝေဟင်ထဲပေါ်ထွက်လာ၏။ ပြောရန်မလို ငွေရောင်ချပ်ဝတ်အစောင့်အရှောက်များသည် လုကျိုးလုပ်နေသည့်အရာကို နားမလည်ကြဘဲ လျစ်လျူရှုထားကြသည်။ သူတို့က ရှေ့ဆက်တိုးလာသည်။ သူတို့စိတ်ထဲတွင် မဟာလေဟာနယ်၏ ရန်သူများက သေသင့်သည်။

တစ်ဖက်သူ၏စကားကို အကဲခတ်ကြည့်လျှင် မဟာလေဟာနယ်မှလူတို့သည် သူ့ကိုသိပုံမပေါ်။ သူတို့သည် ပိုသန်မာသည့် အင်အားစုအဖြစ်သာ သတ်မှတ်ခံရသည်။ ယင်းက လုကျိုးလိုချင်သည့် အရာပဲဖြစ်သည်။ ငွေရောင်ချပ်ဝတ်အစောင့်အရှောက်ငါးယောက် ရှေ့သို့ပျံသန်းလာချိန် လုကျိုးက

ဖုန်း

စွမ်းအင်တို့သည် လုကျိုး၏ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာ၏။ ငွေရောင်ချပ်ဝတ်အစောင့်အရှောက် ငါးယောက်သည် လုကျိုးနားတောင်မကပ်နိုင်သေးခင် လွင့်ထွက်ကုန်၏။ ယင်းကိုမြင်သောအခါ ငွေရောင်ချပ်ဝတ်အစောင့်အရှောက်ခေါင်းဆောင်က မျက်မှောင်ကျုံ့သွားပြီး ပြောလိုက်တော့သည်။

“အစီအရင် တည်ဆောက်ကြဟေ့”

ငွေရောင်ချပ်ဝတ်အစောင့်အရှောက်ငါးယောက်သည် လှစ်ကနဲပင် ဝေဟင်ထဲရှိ သူတို့နေရာသို့ပြန်သွားလိုက်၏။ ထိုလူများက သူတို့စစ်ပုဆိန်ကိုကိုင်ဆောင်ထားပြီး မတူညီသည့်အရပ်မျက်နှာငါးခုဆီ ရွေ့သွားတော့သည်။

“ဓာတ်ငါးပါး ကောင်းကင်အစီအရင်”

မှောင်မည်းနေသော ကောင်းကင်သည် ငွေရောင်ချပ်ဝတ်အစောင့်အရှောက်များ၏ အစီအရင်လွှမ်းခြုံမှုကြောင့် ပို‌တောင် မည်းမှောင်လာသည်။

ဝှစ် ဝှစ် ဝှစ်

ပြီးနောက် ရွှေရောင်ဥက္ကာခဲများသည် ကောင်းကင်ကို စုတ်ဖြဲသွားပြီး မိစ္ဆာဝေဟင်မျှော်နန်း၏ လူတို့ဆီ တိုးဝင်သွား၏။

“ကာကွယ်မယ်”

ဟွားဝူတောက်က လေးထောင့်သေတ္တာကို သယ်လာပြီး လူတိုင်းကိုကာရန် ၎င်းကိုသုံးလိုက်၏။ သို့သော်ငြား သူ၏ခွန်အားသည် ထိုကဲ့သို့ ကြီးမားသောတိုက်ခိုက်မှုကို ခံနိုင်ရည်ရှိဖို့မလုံလောက်တာ သိသာနေ၏။

ကျန်သည့်သူများက ဟွားဝူတောက်ဆီအလျင်စလိုပြေးလာပြီး သူ့ကိုချက်ချင်းကူညီကြသည်။

ထိုစဉ်လုကျိုးသည် ငွေရောင်ချပ်ဝတ်အစောင့်အရှောက်နှစ်ထောင်ဖက်ကို ညွှန်ပြလျက် လှမ်းခေါ်လိုက်သည်။ “လုဝူ”

“အချိန်ကိုက်ပဲ။ ကျုပ်ကိုကျုပ် မထိန်းနိုင်တော့ဘူး”

ဖုန်း

လုဝူသည် ခြေလက်လေးဖက်ကို ဆောင့်နင်းလျက် ဝေဟင်ထဲခုန်တက်လိုက်သည်။ ၎င်း၏အမြီးရှစ်ချောင်းက ဖြာထွက်လာပြီး လေကိုမွှေနှောက်ကာ ဝေဟင်ထဲ၌ မြူများလွှမ်းသွားစေသည်။ အအေးစွမ်းအင်က ပတ်ဝန်းကျင်သို့ ချက်ချင်းပြန့်သွားတော့သည်။

ငွေရောင်ချပ်ဝတ်အစောင့်အရှောက်များသည် လုဝူ၏သတ်ဖြတ်သောနည်းစနစ်ကြောင့် ထိတ်လန့်သွားလေ၏။ သူတို့အားလုံးသည် အေးခဲခြင်းစွမ်းအင်ကို ကာကွယ်ရန် ကာကွယ်ရေးစွမ်းအင်များကို အလျင်အမြန်အသက်သွင်းလိုက်သည်။

ငွေရောင်ချပ်ဝတ်အစောင့်အရှောက်များသည် အမည်မသိကုန်းမြေထဲ၌ ကင်းလှည့်အသင်းဖြစ်ရန် ထိုက်တန်သည်။ သူတို့ထဲ၌ အားအနည်းဆုံးကတောင် လွတ်လပ်သူ၏ကျင့်ကြံမှုမျိုးရှိသည်။ သူတို့အစီအရင်ထဲတွင် ရှိနေစဉ် သူတို့အလုံးစုံခွန်အားက မဟာဆရာသခင်တစ်ပါးထက် အားလျော့ခြင်းမရှိပေ။ ငွေရောင်ချပ်ဝတ်အစောင့်များသည် သူတို့စစ်ပုဆိန်ကို လွှဲရမ်းကာ အအေးဒဏ်ကို ကာကွယ်နိုင်သည့် ရွှေရောင်စွမ်းအင်ကို ဖွဲ့စည်းလိုက်သည်။ သူတို့ခန္ဓာကိုယ်ထဲမှ ဖြာထွက်နေသည့် ရွှေရောင်အလင်းသည် ဝေဟင်ထဲ၌ တောက်ပစွာလင်းထိန်နေသည့် မီးအိမ်များကဲ့သို့ဖြစ်နေသည်။ ထိုစဉ် လေးထောင့်သေတ္တာထဲမှ စူးရှသည့်အသံတစ်သံပေါ်ထွက်လာ၏။ ပြီးနောက် စွမ်းအင်စည်းတံဆိပ်များသည် လိပ်ပြာများပမာ လေထဲတဖျပ်ဖျပ်ပေါ်လာလျက် ငွေရောင်ချပ်ဝတ်အစောင့်အရှောက်များဆီတိုးဝင်သွား၏။ မာယာကျော့ကွင်းကလည်း ပေါ်ထွက်လာပြီး စွမ်းအင်စည်းတံဆိပ်များကြား၌ ပုန်းခိုနေကာ ဒီရေလှိုင်းနှင့်အတူ ပါလာသည်။

“ရာရာစစ” ငွေရောင်ချပ်ဝတ်အစောင့်အရှောက်ခေါင်းဆောင်က နက်ရှိုင်းသောအသံဖြင့် ပြောလိုက်သည်။ “မဟာလေဟာနယ်က ဘယ်လောက်အစွမ်းထက်လည်း သူတို့ကို ပြလိုက်”

“ဟုတ်ပြီ”

ငွေရောင်ချပ်ဝတ် အစောင့်အရှောက်တစ်ရာကျော်သည် သူတို့စစ်ပုဆိန်များကို လွှဲယမ်းကာ ယဲ့ထျန်းရှင်း၏ လိပ်ပြာအချစ်ပန်းပွင့်ကို ဖျက်ဆီးရန် ရွှေရောင်ကြယ်တံခွန်များ ထုတ်သုံးတော့သည်။ ငွေရောင်ချပ်ဝတ်အစောင့်အရှောက်များ၏ တိုက်ခိုက်မှုက ရုတ်တရက်ပိုကြမ်းတမ်းလာ၏။

ဘန်း ဘန်း ဘန်း ဘန်း ဘန်း

တိုက်ခိုက်မှုများသည် လေးထောင့်သေတ္တာကို ဆက်လက်ထိနေ၏။

ထိုစဉ် လုကျိုးက ကျယ်‌လောင်ကြည်လင်သောအသံဖြင့် မေးလိုက်သည်။ “နှစ်ပေါင်း ၁၀၀ ကုန်လွန်ပြီးတော့ မင်းတို့ရဲ့ခွန်အားကို ငါ့ဆီမပြတော့ဘူးလား”

“ပြပါမယ်”

ယွီကျန့်ဟိုင်၊ ယွီရှန်းရုန်၊ မင်ရှစ်ရင်နှင့် ချင်နိုင်ဟယ်တို့က ချက်ချင်းလှုပ်ရှားလိုက်သည်။

ဤနည်းဖြင့် ကျစ်ရွှီ၏ဖျက်ဆီးခြင်းတိုင်လုံးတိုက်ပွဲက နောက်ဆုံး၌ စတင်တော့သည်။

လုကျိုးသည် ယွီကျန့်ဟိုင်နှင့် ကျန်သည့်သူများ၏ခွန်အားက ဆရာသခင်အဆင့်သို့ရောက်တော့မည်မှန်း သိလိုက်သည်။ သူတို့က ငွေရောင်ချပ်ဝတ်အစောင့်အရှောက်များနှင့် ရင်ဆိုင်ရာ၌ သူတို့ကိုယ်သူတို့ ကာကွယ်နိုင်မည်မှန်း သိနေသည်။ သို့သော် ငွေရောင်ချပ်ဝတ်အစောင့်အရှောက်များကို အနိုင်ယူနိုင်လိမ့်မည်ဟုတော့ မတွေးထားကြပေ။

လုကျိုးသည် သူက ငွေရောင်ချပ်ဝတ်အစောင့်အရှောက်ခေါင်းဆောင်နှင့် သံမဏိချပ်ဝတ်နဂါးကို သတိထားရမည်မှန်း သိနေသည်။ ထို့အပြင်သူသည် သူတော်စင် သို့မဟုတ် တာအိုသူ‌တော်စင်တစ်ပါးပေါ်လာနိုင်ခြေကိုလည်း သတိထားရမည်။

ငွေရောင်ချပ်ဝတ်အစောင့်အရှောက်ခေါင်းဆောင်သည် လုကျိုးကို စိုက်ကြည့်ပြီးပြောလိုက်သည်။

“ငါကိုယ်တိုင် မင်းကို ဖြေရှင်းမယ်”

ခေါင်းဆောင်သည် သံမဏိချပ်ဝတ်သားရဲပေါ်မှ ထွက်ခွာလာပြီးနောက် လုကျိုးရှေ့သို့ လျှပ်ပြက်သည့်အရှိန်ဖြင့် ရောက်လာ၏။ ပြီးနောက် သူသည် တောင်တစ်တောင်ကို သယ်ဆောင်နိုင်သည့်ဟု ထင်ရသောအားဖြင့် သူ၏လက်ကိုရိုက်ချလိုက်သည်။

ခေါင်းဆောင်၏လက်သည် လုကျိုး၏ရင်ဘတ်ပေါ်သို့ ကျရောက်တော့မည့်အချိန်တွင် လုကျိုးက တစ်ဖက်သို့လှည့်ကာ ရှောင်လိုက်လေ၏။

“ဪ” ခေါင်းဆောင်က လုကျိုးကို အထင်တသေးမော့ကြည့်လိုက်သည်။

ထိုစဉ် လုကျိုး၏ရွှေရောင်စည်းတံဆိပ်က သူနှင့်နီးကပ်နေပြီဖြစ်သည်။

သူတော်စင်လေးပဲ

ဖုန်း ဖုန်း ဖုန်း

ငွေရောင်ချပ်ဝတ်အစောင့်အရှောက်ခေါင်းဆောင်သည် လက်ဝါးစည်းတံဆိပ်ရောက်လာချိန်၌ နာကျင်မှုကို ခံစားလိုက်ရ၏။ သူက လေထဲလွင့်ထွက်သွားပြီး လေထဲ၌ ပျောက်ကွယ်သွားသည်ဟု ထင်မှတ်ရသည်။

လုကျိုးက လေထဲပျံဝဲလျက် မျက်လုံးထောင့်ကနေ ယွီကျန့်ဟိုင်နှင့် ကျန်သည့်သူများကို ကြည့်လိုက်သည်။

ငွေရောင်ချပ်ဝတ်အစောင့်အရှောက်များ၏ တိုက်ိခုက်မှု‌အောက်တွင် ယွီကျန့်ဟိုင်၊ ယွီရှန်းရုန်၊ ချင်နိုင်ဟယ်နှင့် ကျန်သည့်သူများသည် ကြီးမားသောဖိအားနှင့်ရင်ဆိုင်နေရလေ၏။ လုကျိုးသည် အနံ့ခံစွမ်းအားနှင့် အကြားစွမ်းအားအတွက် မန္တန်ကို တိတ်တဆိတ်ရွတ်ဆိုလိုက်သည်။ သူ့ပတ်ဝန်းကျင်ရှိ ပြောင်းလဲမှုကို အာရုံခံပြီးနောက် သူ၏လက်ကိုညာဖက်သို့ ရုတ်တရက် တွန်းထုတ်လိုက်သည်။

မိစ္ဆာကိုယ်တော်၏လက်ဝါးစည်းတံဆိပ်သည် လေဟာနယ်ကို ဆုတ်ဖြဲလျက် အစောတုန်းက ပျောက်ကွယ်သွားသည့် ငွေရောင်ချပ်ဝတ်အစောင့်အရှောက်ခေါင်းဆောင်ကို လှမ်းဖမ်းလိုက်သည်။

ဘန်း ဘန်း ဘန်း ဘန်း ဘန်း

ငွေရောင်ချပ်ဝတ်အစောင့်အရှောက်ခေါင်းဆောင်၏အမူအရာက အနည်းငယ်ပြောင်းလဲသွားလေ၏။ သူ၏ခန္ဓာကိုယ်ထဲမှ စွမ်းအင်ပေါ်ထွက်လာပြီးနောက် မိစ္ဆာကိုယ်တော်၏စွမ်းအင်စည်းတံဆိပ် ချုပ်ကိုင်မှုမှ လွတ်အောင်ရုန်းကာ ပျောက်ကွယ်သွားပြန်သည်။

“မင်းက ငါ့ရဲ့မိစ္ဆာကိုယ်တော်လက်ဝါးစည်းတံဆိပ်ကနေ လွတ်အောင်ရုန်းနိုင်တယ်တဲ့လား”

လုကျိုးသည် လက်နောက်ပစ်ထားလျက် လေထဲလျှောက်လိုက်သည်။ သူသည် အခြားသော ငွေရောင်ချပ်ဝတ်အစောင့်အရှောက်များကို အမြဲတစေအာရုံစိုက်ခဲ့ကာ မိစ္ဆာဝေဟင်မျှော်နန်းမှလူတို့၏ ဘေးကင်းမှုကို အာရုံစိုက်နေလေ၏။ ထိုစဉ် ချင်နိုင်ဟယ်နှင့် တွမ့်မူရှန်းတို့ နောက်သို့လွင့်ထွက်လာပြီး ဒဏ်ရာရသွားတာကို တွေ့လိုက်ရသည်။

တစ်ဖက်တွင်မူ ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က အလွန်အတွေ့အကြုံရှိပုံပေါ်ကာ လူအုပ်ကြီးထဲ၌ တိုက်ခိုက်နေလေ၏။

“အမည်မဲ့” လုကျိုးက လက်မြှောက်လိုက်၏။ “တာအိုက တစ်ခုကိုမွေးဖွားပေးတယ်။ တစ်ခုက နှစ်ခုကို မွေးဖွားပေးတယ်။ နှစ်ခုက သုံးခုကိုမွေးဖွားပေးတယ်။ သုံးခုက အရာအားလုံးကို မွေးဖွားပေးတယ်။ အရာအားလုံးမှာ ယင်နဲ့ယန်ရှိပြီး သဟဇာတဖြစ်မှုနဲ့ချီကို မွေးဖွားပေးတယ်”

အမည်မဲ့သည် စွမ်းအင်ဓားများကို ကောင်းကင်အပြည့်ထုတ်ပြီးနောက် ငွေရောင်ချပ်ဝတ် အစောင့်အရှောက်များဆီ ဆူနာမီပမာတိုးဝင်သွားတော့သည်။

ထိုစဉ် ငွေရောင်ချပ်ဝတ်အစောင့်အရှောက်ခေါင်းဆောင်သည် လုကျိုးဘေး၌ ရုတ်တရက်ပေါ်လာ၏။ “...”

“ကြယ်တာရာဒိုင်ခွက်”

ဖုန်း

ခေါင်းဆောင်၏ခြုံခိုတိုက်ခိုက်မှုသည် လုကျိုး၏ကြယ်တာရာဒိုင်ခွက်ပေါ် ကျသွားပြီး ၎င်းကိုချိုင့်သွားစေ၏။

တစ်ဖက်တွင်မူ ငွေရောင်ချပ်ဝတ်အစောင့်အရှောက်၂၀၀၀ကလည်း မလွယ်ကူခဲ့ပေ။ သူတို့မျက်နှာက နီမြန်းနေလျက် လုကျိုး၏ဆူနာမီပမာ စွမ်းအင်များကို သူတို့၏ကြယ်တာရာဒိုင်ခွက်များဖြင့် ခုခံကာကွယ်နေသည်။

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က တိုက်ပွဲ၌ အတွေ့အကြုံရှိကြပြီး လူအုပ်ကြီးထဲ၌ ရင်ဆိုင်နေနိုင်သည်။

“အမည်မဲ့”

လုကျိုးက လက်ဖဝါးကိုမြှောက်လိုက်သည်။

“မိုးကြိုးသွား”

လျှပ်စီးဟူသော စကားလုံးပါရှိသည့် လက်ဝါးစည်းတံဆိပ်က ပေါ်လာသည်။ ယင်းကိုမြင်သောအခါ ငွေရောင်ချပ်ဝတ်အစောင့်အရှောက်ခေါင်းဆောင်က မျက်မှောင်ကျုံ့မိသွားလေ၏။

ဖုန်း

လျှပ်စီးတန်းသည် ခေါင်းဆောင်ကိုထိမိသွားပြီး လွင့်ထွက်သွားစေ၏။ သူက အတွင်းကလီစာများ ပြိုကွဲသွားပြီဟု ခံစားလိုက်ရကာ သွေးအန်တော့သည်။ မိုးကြိုးက သူ၏ထူးကဲချီသွေးကြောရှစ်ခုကို လေးတွဲ့သွားစေပုံပေါ်ကာ သူ့ခန္ဓာကိုယ်ထဲရှိ ကနဦးချီကို ရပ်တန့်သွားစေပုံပေါ်၏။ ထို့ကြောင့် သူ့ကိုယ်သူမထိန်းနိုင်တော့ပေ။

လုကျိုးက ခေါင်းခါလိုက်၏။ လတ်တလော၌ မိုးကြိုးသွားကတ်က သူ့ကိုမျက်နှာသာသိပ်မပေးဟု ခံစားမိသည်။

သူတော်စင်လား။ ခေါင်းဆောင်၏စိတ်ထဲ၌ စကားလုံးတစ်လုံးက ပေါ်လာသည်။ ဆိုရလျှင် သူတော်စင်တစ်ပါးသားလျှင် ထိုကဲ့သို့တိုက်ခိုက်ရေးစွမ်းအားရှိသည်။ ထိုအပြင် တဖက်လူက သူ၏တည်နေရာကို တိတိကျကျခြေရာခံရန် လေဟာနယ်ကိုတောင် သုံးသွားသည်။

ထိုစဉ် ခေါင်းဆောင်က ခေါင်းမော့လျက် အော်လိုက်သည်။ “နတ်ဆိုးနဂါး”

သံမဏိချပ်ဝတ်နဂါးက မှောင်မည်းနေသော ကောင်းကင်ထဲတွင် ၎င်း၏မျက်လုံးကို ဖွင့်လိုက်၏။ “အံ့ဖွယ်သားရဲလား”

သံမဏိချပ်ဝတ်နတ်ဆိုးနဂါးက ဒေါသတကြီးဟိန်းပြီးနောက် လုကျိုးဆီရွှေရောင်အလုံးကို မှုတ်ထုတ်လိုက်သည်။

လုကျိုးက မျက်မှောင်အနည်းငယ်ကျုံ့မိသွား၏။ ထိုတိုက်ခိုက်မှု၏နောက်ကွယ်ရှိ အန္တရာယ်ကို အာရုံခံမိသည်။ သူက အမည်မဲ့ကိုဒိုင်းအသွင် အလျင်အမြန်ပြောင်းလဲလျက် သူ့ရှေ့၌ ထိန်းထားလိုက်သည်။

ဘန်း

နေတစ်စင်းနှင့်တူသည် ရွှေရောင်အလင်းက လုကျိုးကို နောက်သို့လွင့်ထွက်သွားစေသည်။

လုကျိုးသည် သူက အံ့ဖွယ်သားရဲများနှင့် သာမန်သူတော်စင်များကို ရင်ဆိုင်ရာ၌ ထိန်းထားနိုင်စွမ်းရှိလိမ့်မည်ဟု ထင်ခဲ့သည်။ သူသည် သူတော်စင်အဆင့်အောက် ယဲ့ချီကိုတိုက်ခိုက်ခဲ့ဖူး၏။ ထို့အပြင် သူက ရှေးဟောင်းအစီအရင်ထဲ၌ နှစ်ပေါင်း၁၀၀ နေထိုင်ခဲ့ကာ မွေးဖွားဇယားချပ်သုံးခုကို အသက်သွင်းပြီး သူ၏အပြာရောင်စိတ်ဝိညာဉ်ကို ဘုံတစ်ထောင်လေပွေအဆင့်ထိမြှင့်တင်နိုင်ခဲ့သည်။ ဤနည်းဖြင့် သူသည် သူတော်စင်အဆင့်အောက်ကို ဖြေရှင်းရာ၌ ပြဿနာမရှိသင့်ပေ။ အံ့ဖွယ်သားရဲဆီမှ ရွှေရောင်အလုံး၏သန်မာနေမှုသည် သူ၏မှန်းဆချက်ထက် ကျော်လွန်နေ၏။

လုကျိုးသည် အမည်မဲ့ကချိုင့်ဝင်တော့မည်ဟု ခံစားရသည့်အချိန်၌ ကောင်းကင်စွမ်းအားကို ထုတ်သုံးလိုက်သည်။

ဘီး ဘီး ဘီး

ကောင်းကင်စွမ်းအားမှ ပံ့ပိုးပေးမှုဖြင့် အမည်မဲ့သည် ရွှေရောင်အလုံးကို တွန်းလှန်လိုက်သည်။

သံမဏိချပ်ဝတ်သားရဲသည် တောင်ပံတဖျပ်ဖျပ်ခတ်လျက် လူတိုင်းကိုကြည့်ပြီးနောက် လေးထောင့်သေတ္တာရှိရာဖက်သို့ နောက်ထပ်ရွှေရောင်အလုံးကို မှုတ်ထုတ်လိုက်သည်။ ယင်းက အဆုံးသတ်မဟုတ်သေးပေ။ နောက်ထပ်စောင်းသွားပြီးနောက် နောက်ထပ်အလုံးငါးလုံးကို ယွီကျန့်ဟိုင်၊ ယွီရှန်းရုန်၊ လုဝူ၊ ချန်ဝှန်းနှင့် ချင်နိုင်ဟယ်ဆီမှုတ်ထုတ်လိုက်၏။

“ဒီအံ့ဖွယ်သားရဲရဲ့ တိုက်ခိုက်မှုကို ခံစားကြည့်လိုက်။ မဟာလေဟာနယ်ရဲ့အဆင့်အတန်းက ချိုးဖောက်လို့မရဘူးဆိုတာ ပြလိမ့်မယ်” ငွေရောင်ချပ်ဝတ်အစောင့်အရှောက်များ၏ ခေါင်းဆောင်က ပြောလိုက်သည်။ ပြီးနောက် သူက ဝေဟင်ထဲသို့ ပျံသွားလိုက်၏။ သူက စစ်ပုဆိန်ကိုကိုင်ထားလျက် လူတိုင်းကို ငုံ့ကြည့်ချိန် သူ၏အမူအရာက သုန်မှုန်နေသည်။

ဘန်း

လေးထောင့်သေတ္တာက လွင့်ထွက်နေ၏။ ဟွားဝူတောက်နှင့် ကျန်သည့်သူများက လွင့်ထွက်နေပြီး ကြိုးပျက်သွားသော စွန်များနှင့်တူနေသည်။

ရွှေရောင်အလုံးနှင့် ထိမိသွားသည့်ကျန်သည့်သူများက မြေပြင်ပေါ် ပြုတ်ကျသွား၏။

“ရှေ့ဆက်တက်မယ်” ငွေရောင်ချပ်ဝတ်အစောင့်များက ပြောလိုက်၏။ စိတ်ထဲတွင်မူ တိုက်ကွက်များကြောင့် မည်သူမှ အသက်မဆုံးရှုံးသည့်အတွက် သူ အံ့ဩနေမိသည်။

သံမဏိချပ်ဝတ်ဧရာမသားရဲသည် ၎င်း၏တောင်ပံကို ယခင်ကထပ် ပိုပြင်းပြင်းခပ်လိုက်သည်။

လေပြင်းများတိုက်ခိုက်လာပြီး ကျောက်တုံးကျောက်ဆောင်များကို လွင့်ထွက်သွားစေ၏။ ပြီးနောက် သံမဏိချပ်ဝတ်ဧရာမသားရဲက နောက်ထပ်‌ရွှေရောင်အလုံး၁၀လုံးကို မှုတ်ထုတ်လိုက်သည်။

ယင်းကိုမြင်သောအခါ လုကျိုးသည် သူ့လက်ထဲရှိသဲနာရီကို တချက်ကြည့်ပြီးနောက် ပစ်ထုတ်လိုက်သည်။ “ရပ်တန့်စေ”

သဲနာရီ၏စွမ်းအားသည် ပေါက်ကွဲထွက်လာပြီး လျှပ်စီးနှင့်မြေပြင်ပေါ် ပြန့်နှံ့သွားသည်။ အရာအားလုံး၊ လူတိုင်းအေးခဲသွားပုံပေါ်၏။

လုကျိုး၏ပုံရိပ်က နေရာအနှံ့ဖြတ်သွားသည်။

မိစ္ဆာကိုယ်တော်၏လက်ဝါးစည်းတံဆိပ်သည် ယွီကျန့်ဟိုင်၊ ယွီရှန်းရုန်နှင့် ချင်နိုင်ဟယ်ကို လှမ်းဖမ်းပြီးနောက် သူတို့ကိုလုဝူနှင့်ချန်ဟွမ်းရှိရာဖက်သို့ ပစ်ထုတ်လိုက်သည်။ ပြီးနောက် လုကျိုးသည် ချာကနဲလှည့်ကာ လုဝူပေါ်သို့သွားလျက် တိုက်ခိုက်မှုများကိုပိတ်ဆို့လိုက်၏။

“ပြစ်ချက်ရှိ ပြီးပြည့်စုံခြင်း”

အချိန်ဆက်သွားလေ၏။ ကျန်သည့်အလုံးတို့သည် လူကိုထိမှန်သွားစဉ် ရွှေရောင်ဗုဒ္ဓခန္ဓာက ရွှေရောင်အလုံးနှစ်လုံးကို ပိတ်ဆို့ထားသည်။ နောက်ဆုတ်ရမည့်အစား လုကျိုးက ရှေ့တိုးလာလျက် သံမဏိချပ်ဝတ်ဧရာမသားရဲဆီသွားလိုက်သည်။

“သူ့ကိုသတ်”

ကျန်သည့်ငွေရောင်ချပ်ဝတ်အစောင့်များကလည်း ပြတ်ပြတ်သားသားလှုပ်ရှားလျက် သူတို့၏ စစ်ပုဆိန်များကို ထုတ်လိုက်သည်။

စစ်ပုဆိန်သည် ဝေဟင်ကိုဆုတ်ဖြဲလျက် ရွှေရောင်ဗုဒ္ဓခန္ဓာပေါ် ထိခိုက်မှုမရှိကျလာသည်။

ရွှေရောင်ဗုဒ္ဓခန္ဓာ၏ ခုခံမှုသည် ငွေရောင်ချပ်ဝတ်အစောင့်များကို မျက်မှောင်ကျုံ့သွားစေသည်။ ထိုစဉ် လုကျိုးက ငွေရောင်ချပ်ဝတ်အစောင့်များ၏ရှေ့သို့ရောက်လာ၏။ သမုဒ္ဒရာစွမ်းအားဖြင့် လက်ကိုရှေ့သို့ တွန်းထုတ်လိုက်သည်။ လုကျိုး၏ကောင်းကင်စွမ်းအားအားလုံး ရှေ့၌ ပေါ်ထွက်လာ‌တော့သည်။

“ပြစ်ချက်ရှိ ပြီးပြည့်စုံခြင်း”

သံမဏိချပ်ဝတ်ဧရာမသားရဲသည် တောင်ပံကိုတဖျပ်ဖျပ်ခတ်လျက် ၎င်းက နောက်သို့ မီတာတစ်ရာ လွင့်ထွက်သွားသည်။ ပြီးနောက် လက်ဝါးစည်းတံဆိပ်သည် လေဟာနယ်ကို ဖြတ်ကျော်လျက် ၎င်းရှေ့သို့ရောက်လာသည်။ မတုန့်ပြန်နိုင်သေးခင် လက်ဝါးစည်းတံဆိပ်က ရင်ဘတ်ကိုထိမှန်သွား၏။ ယခုအခေါက်တွင်မူ သူ၏ကိုယ်ပေါ်၌ အပေါက်တစ်ပေါက်ကျန်ရစ်ခဲ့စေသည်။

သံမဏိချပ်ဝတ်ဧရာမသားရဲနာကျင်စွာ အော်ညည်းလျက် ဒေါသထွက်စွာ တောင်ပံကို ခပ်နေတော့သည်။ ၎င်းလှုပ်ရှားလေလေ ခန္ဓာကိုယ်မှသွေးများထွက်လေလေဖြစ်သည်။

ငွေရောင်ချပ်ဝတ်အစောင့်အ‌ရှောက်ခေါင်းဆောင်က မျက်လုံးပြူးသွားလေ၏။ “မင်းက အံ့ဖွယ်သားရဲကို ထိခိုက်အောင် လုပ်နိုင်တယ်လား”

လုကျိုးက ခေါင်းဆောင်ကိုလျစ်လျူရှုထားသည်။

ထိုစဉ် နတ်ခြင်္သေ့က ဝေဟင်ထဲ၌‌ပေါ်လာ၏။ ပြီးနောက် မင်္ဂလာချီက စတင်ရွာသွန်းလာတော့သည်။

ငွေရောင်ချပ်ဝတ်အ‌စောင့်အရှောက်များ အစောတုန်းက တည်ဆောက်ထားသည့်အစီအရင်သည် နတ်ခြင်္သေ့၏ မင်္ဂလာချီကြောင့် ပျောက်ကွယ်သွားပြီးဖြစ်သည်။ မင်္ဂလာချီသည် မိစ္ဆာဝေဟင်မျှော်နန်း၏ ဒဏ်ရာရနေသော အဖွဲ့သားများကို ပကတိမျက်လုံးဖြင့် မြင်နိုင်သောနှုန်းဖြင့်လည်း ကုပေးသည်။ ထိုတွင်မက သူတို့၏တိုက်ခိုက်ရေး စွမ်းအားများ တိုးလာတာခံစားမိသည်။

ပြောရန်မလို လုကျိုး၏ကောင်းကင်စွမ်းအားများကလည်း နတ်ခြင်္သေ့၏ မင်္ဂလာချီကြောင့် ပြည့်သွားပြီဖြစ်သည်။

ထိုစဉ် ငွေရောင်ချပ်ဝတ်အစောင့်အ‌ရှောက်ခေါင်းဆောင်က ဟိန်းဟောက်လိုက်၏။ “မင်းတို့ ဘာ‌စောင့်နေသေးတာလဲ။ ငွေရောင်ချပ်ဝတ်အစောင့်တွေ ဘာလုပ်နိုင်သေးတယ်ဆိုတာ သူတို့ကိုပြလိုက်”

“ဟုတ်ကဲ့” ငွေရောင်ချပ်ဝတ်အစောင့်များက တညီတညွတ်တည်း ပြန်ပြောလိုက်သည်။

ထိုစဉ် လုကျိုးက ငွေရောင်ချပ်ဝတ်အစောင့်အရှောက်ခေါင်းဆောင်ရှေ့သို့ ရောက်လာပြီဖြစ်သည်။ သူ၏မျက်လုံးများက မီးတောက်များတောက်လောင်နေပုံပေါ်ကာ သူက ပြောလိုက်၏။ “မင်းတို့ရဲ့ သရုပ်ပြမှု ဒီမှာ ပြီးပြီ”

ခေါင်းဆောင်သည် လှုပ်ရှားတော့မည့်အချိန်၌ လေဟာနယ်ချိတ်ပိတ်ခံထားရပုံပေါ်သည်ကို ခံစားမိလိုက်၏။ သူ မော့ကြည့်မိလိုက်ချိန် လက်ဝါးစည်းတံဆိပ်က သူ့ဆီတိုးဝင်လာသည်။

ဖုန်း

“တင်း ... နတ်ဝိညာဉ်ပုလဲအဆင့်အတန်း ထိခိုက်သွားပါပြီ”

“အား” ငွေရောင်ချပ်ဝတ်အစောင့်ခေါင်းဆောင်က အော်ဟစ်လိုက်သည်။ ပြီးနောက် သူက သံမဏိချပ်ဝတ်နဂါးဆီ အမြန်ပြန်သွားတော့သည်။

“နတ်ဝိညာဉ်ပုလဲလား။ ဒါက စတုတ္ထမြောက်မွေးဖွားစမ်းသပ်မှုလား”

သူတော်စင်တစ်ပါးဖြစ်လာပြီးနောက် နတ်ဝိညာဉ်ပုလဲဖွဲ့တည်ရန် မိမိ၏မွေးဖွားဇယားချပ်၏ ဖိအား အားလုံးကိုစုစည်းပြီး သန့်စင်နိုင်၏။ မိမိ၏ခွန်အားများစွာ တိုးတက်မှုအပြင် မွေးဖွားဇယားချပ်များကို ကာကွယ်နိုင်သည့်နည်းလမ်းတစ်ခုလည်း ဟုတ်ပေသည်။

ဒဏ်ရာများကုသပျောက်ကင်းသွားသည့် မိစ္ဆာဝေဟင်မျှော်နန်းအဖွဲ့သားတို့သည် ငွေရောင်ချပ်ဝတ်အစောင့်များနှင့် ပြင်းထန်စွာ တိုက်ခိုက်ပြန်သည်။

ဤနည်းဖြင့် တိုက်ပွဲက စတင်ပြန်၏။

လုဝူနှင့် ချန်ဟွမ်းတို့သည် သူတို့၏အမြင့်ဆုံးစွမ်းအင်များကို ထုတ်မသုံးခဲ့ပေ။ ထိုအစား ရန်သူများကို နင်းချေနေ၏။ နင်းခြေမှုတိုင်းတွင် သူတို့သည် လူပေါင်းများစွာကို လွင့်ထွက်သွားစေသည်။

“တင်း ... မွေးဖွားဇယားချပ်တစ်ခု ဖျက်ဆီးလိုက်ပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၁၀၀၀”

“တင်း ... မွေးဖွားဇယားချပ်တစ်ခု ဖျက်ဆီးလိုက်ပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၁၀၀၀”

နတ်ခြင်္သေ့၏ အကူအညီကြောင့် မိစ္ဆာဝေဟင်မျှော်နန်းမှ လူတို့သည် ခွန်အားများတိုးတက်လာသည်။ ရလဒ်အနေဖြင့် ငွေရောင်ချပ်ဝတ်အစောင့်တချို့က သူတို့မွေးဖွားဇယားချပ်များ ဆုံးရှုံးနေပြီဖြစ်သည်။

ထိုစဉ် ကနဦးချီမုန်တိုင်း ပေါ်ထွက်လာသည်။

ငွေရောင်ချပ်ဝတ်အစောင့်ခေါင်းဆောင်က အလွန်ကောက်ကျစ်ပြီး ဉာဏ်များသည်။ သူနှင့် သံမဏိချပ်နဂါးသည် လုကျိုးနှင့်တမင် အကွာအဝေးထိန်းသိမ်းထားသည်။ ထိုစဉ် သူ၏မျက်လုံးထဲတွင် အကြောက်တရားကို မြင်တွေ့ရကာ ယခင်ကကဲ့သို့ မောက်မာထောင်လွှားခြင်းမရှိတော့ပေ။

“ဓာတ်ငါးပါး ကောင်းကင်အစီအရင်ကို နောက်ထပ်တည်ဆောက်” ငွေရောင်ချပ်ဝတ်အစောင့်ခေါင်းဆောင်က သုန်မှုန်သောအမူအရာဖြင့် ပြောလိုက်သည်။

“လောကကြီးထဲက အရာအားလုံး အကြောင်းအရင်းတစ်ခုကြောင့် တည်ရှိနေတာ။ တာအိုက ကြီးမြတ်တယ်။ ကမ္ဘာမြေက ကြီးမြတ်တယ်။ လူသားမျိုးနွယ်က ကြီးမြတ်တယ်။ ဒီကြီးမြတ်မှုလေးခုထဲမှာ လူသားမျိုးနွယ်က ကြီးမြတ်မှုအနည်းဆုံးပဲ။ လူသားတွေကို ကမ္ဘာမြေက အုပ်စိုးတယ်။ ကမ္ဘာမြေကို ကောင်းကင်က အုပ်စိုးတယ်။ ကောင်းကင်ကို တာအိုက အုပ်စိုးတယ်။ တာအိုလိုပဲ မဟာလေဟာနယ်က အရာရာကိုအုပ်စိုးတယ်”

ဝှစ် ဝှစ် ဝှစ်

ပြီးနောက် ငွေရောင်ချပ်ဝတ်အစောင့်ခေါင်းဆောင်သည် သူ၏စစ်ပုဆိန်ကို လွှဲရမ်းလိုက်တော့သည်။

သံမဏိချပ်ဝတ်ဧရာမသားရဲကို ဗဟိုပြုလျက် ထူးဆန်းသောစွမ်းအင်သည် မိုးနှင့်မြေကြား ပြန့်နှံ့လာတော့သည်။

...

အခန်း (၁၄၄၈) လွင်ပြင်မီး

ငွေရောင်ချပ်ဝတ်အစောင့်အရှောက် တစ်ထောင်ကျော်တို့သည် အမြင့်ပေ တစ်ထောင်ကျော်ရှိသော သူတို့၏ စိတ်ဝိညာဉ်သဏ္ဌာန်များကို ထုတ်ဖော်ခဲ့ကြသည်။ သူတို့က ခိုင်မာသော ကာကွယ်ရေးပုံစံ ဖွဲ့စည်းလျက် ဘေးချင်းယှဉ်လျက် ရပ်နေကြလေသည်။

တစ်ချိန်တည်းမှာပင် အစီအရင်က ကောင်းကင်ယံကို ဖုံးလွှမ်းလျက် အရင်ကထက်ပင် ပိုမိုမှောင်မိုက်စွာ ထပ်မံပေါ်ပေါက်လာသည်။

ငွေရောင်ချပ်ဝတ်အစောင့်အရှောက်တို့၏ လက်ထဲမှ ပုဆိန်လှံရှည်များသည် အလင်းတန်းများ ပေါက်ထွက်လာကာ မိစ္ဆာဝေဟင်မျှော်နန်းမှ လူများကို ဆက်တိုက် တိုက်ခိုက်နေကြသည်။

ထိုအတောအတွင်း နတ်ခြင်္သေ့က သူ့တာဝန်ကို ပြီးမြောက်သွားပြီဖြစ်သည့်အတွက် လိမ္မာပါးနပ်စွာ ဆုတ်ခွာရင်း ပုန်းအောင်းနေလိုက်သည်။

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့၏ ဒဏ်ရာများသည် နတ်ခြင်္သေ့ကြောင့် ပျောက်ကင်းပြီး စွမ်းအားများ တိုးလာသော်ငြား အလင်းတန်းများကို ခုခံနေစဉ် ဖိအားကို ခံစားနေရဆဲ ဖြစ်၏။

ထိုအချိန်တွင် လုကျိုးက ငွေရောင်ချပ်ဝတ်အစောင့်အရှောက် ခေါင်းဆောင်ရှိရာသို့ ပျံသန်းသွားပြီးနောက် မေးလိုက်သည်။

“မွေးဖွားဇယားချပ်စွမ်းအားကို အဆက်မပြတ် ထုတ်လွှတ်နိုင်တဲ့ အစီအရင်လား”

ငွေရောင်ချပ်ဝတ်အစောင့်အရှောက် ခေါင်းဆောင်က ပြုံးကာ ပြောသည်။

“ခင်ဗျားက သူတော်စင် ဖြစ်နေရင်တောင် ဒီနေ့တော့ နာနာခံခံ အဖမ်းခံရမှာပဲ။ ဒီဓာတ်ငါးပါး ကောင်းကင်အစီအရင်က ကမ္ဘာပေါ်မှာ အသန့်ရှင်းဆုံး အသက်ဓာတ်စွမ်းအင်ကို စုစည်းနိုင်ပြီး ငွေရောင်ချပ်ဝတ် အစောင့်အရှောက်တွေကို အဆက်မပြတ် အားဖြည့်ပေးနိုင်လို့ ခင်ဗျားတို့ကို အဆုံးမရှိ တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နိုင်တယ်”

ထို့နောက် ခေါင်းဆောင်က မိစ္ဆာဝေဟင်မျှော်နန်းမှ လူများကို ကြည့်လိုက်ရာ သူတို့သည် ခွန်အားရှိသမျှဖြင့် ခုခံနေကြသဖြင့် ချီးကျူးထိုက်သည်ဟု တွေးမိလိုက်သည်။ ထို့ကြောင့် သူက ပြောလိုက်သည်။

“ခင်ဗျားတို့သာ လက်နက်ချမယ်ဆိုရင် ခင်ဗျားတို့ရဲ့အသက်တွေကို ချမ်းသာပေးဖို့နဲ့ ငွေရောင်ချပ်ဝတ်အစောင့်အရှောက်တွေရဲ့ အဆင့်ကို ဝင်ခွင့်ပေးဖို့ မဟာလေဟာနယ်ကို တောင်းဆိုပေးပါ့မယ်”

ငွေရောင်ချပ်ဝတ်အစောင့်အရှောက် ခေါင်းဆောင်က သူ့အဖွဲ့ကို အတော်လေး သန်မာသည်ဟု ထင်မိသည်။ သူတို့သည် သူတော်စင်များနှင့် နှိုင်းယှဉ်၍မရသော်လည်း လျစ်လျူရှု၍မရသော အင်အားတစ်ခု ဖြစ်သည်။ အထွတ်အမြတ်ခန်းမသည် သူတို့အား အမည်မသိကုန်းမြေသို့ တာဝန်များ ဆောင်ရွက်ရန် မကြာခဏ စေလွှတ်လေ့ရှိရာ သူတို့၏ အရေးပါမှုကို ပြသနေသည်။

မိစ္ဆာဝေဟင်မျှော်နန်းမှ လူများသည် အလားအလာ မြင့်မားပြီး သူ့လက်အောက်ငယ်သားများထက်ပင် ပိုမိုသန်မာသဖြင့် အဖွဲ့အတွက် ကောင်းမွန်သော အင်အားဖြည့်တင်းမှု ဖြစ်လိမ့်မည်ဟု တွေးမိလိုက်သည်။

တိုက်ပွဲသည် ယခုအခါ အလွန်ပြင်းထန်နေသည်။ ဓာတ်ငါးပါးကောင်းကင်အစီအရင်ကြောင့် ငွေရောင်ချပ်ဝတ်အစောင့်အရှောက်များဘက်က အသာစီးရနေသည်။ မည်သို့ဆိုစေ သူတို့တွင် အသက်ဓာတ်စွမ်းအင် အဆုံးမဲ့ ထောက်ပံ့မှု ရှိနေခြင်းကြောင့်သာ ဖြစ်သည်။

ငွေရောင်ချပ်ဝတ်အစောင့်အရှောက် ခေါင်းဆောင်က သူ့ အဖွဲ့ ပိုမိုသန်မာလာမည့် စိတ်ကူးယဉ်မှုတွင် နစ်မြုပ်နေစဉ် ဘေးနား၌ တိုးလျသော အသံကို ကြားလိုက်ရသည်။

“ငါ ပြောခဲ့တာကို မေ့သွားပြီလား”

“ဟင် ဘာကိုလဲ”

ဝှစ်

ရုတ်တရက် လုကျိုးက ငွေရောင်ချပ်ဝတ်အစောင့်အရှောက် ခေါင်းဆောင်နှင့် သံချပ်ကာ သားရဲကြီးအနီးသို့ ရောက်ရှိလာသည်။

“အာ” ငွေရောင်ချပ်ဝတ်အစောင့်အရှောက် ခေါင်းဆောင်၏ မျက်နှာအမူအရာသည် သိသိသာသာ ပြောင်းလဲသွားပြီး အလျင်အမြန်ပင် လက်ဝါးစည်းတံဆိပ်တစ်ခုကို ထုတ်လွှတ်လိုက်သည်။ သို့သော် ထိုလက်ဝါးစည်းတံဆိပ်သည် လုကျိုး ကို မထိခိုက်ဘဲ ဖြတ်သန်းသွားလေ၏။

“ဘာဖြစ်နေတာလဲ” ငွေရောင်ချပ်ဝတ်အစောင့်အရှောက် ခေါင်းဆောင်က ရှုပ်ထွေးသွားသည်။ သူက ပတ်ပတ်လည်ကို ကြည့်လိုက်ရာ သူ့ကို ဝန်းရံထားသော ပုံရိပ်ကိုးခုကို တွေ့လိုက်ရသည်။ မည်သူက အစစ်အမှန်ဖြစ်ပြီး မည်သူက အတုအယောင်ဖြစ်သည်ကို မပြောနိုင်သဖြင့် သံချပ်ကာသားရဲကြီးကို အလျင်အမြန် ထိန်းချုပ်လိုက်သည်။

သံချပ်ကာသားရဲကြီးက ဟိန်းဟောက်ပြီးနောက် သတ္တုလုံးကို ထပ်မံ ထွေးထုတ်လိုက်သည်။

ဝှစ် ဝှစ် ဝှစ်

အရင်ကလိုပင် ထိုတိုက်ခိုက်မှုသည် လုကျိုးကို မထိခိုက်ဘဲ ဖြတ်သန်းသွားသည်။

“ပုံရိပ်ယောင်လား” ငွေရောင်ချပ်ဝတ်အစောင့်အရှောက် ခေါင်းဆောင်က မျက်မှောင်ကြုတ်လိုက်သည်။

သူ့အသံ တိတ်သွားသည်နှင့် တပြိုင်နက် ကြီးမား၍ တွန့်လိမ်နေသော လက်တစ်ဖက်က သူ့ပခုံးပေါ်သို့ ကျရောက်လာသည်။

“မင်း မှားသွားပြီ”

ငွေရောင်ချပ်ဝတ်အစောင့်အရှောက် ခေါင်းဆောင်က တုန်ယင်သွားပြီး သူ့ကာကွယ်ရေးစွမ်းအင်ကို အလိုလို အသက်သွင်းလိုက်မိသည်။

သို့သော် လုကျိုး၏ လက်သည် တောင်တစ်လုံး၏ ခွန်အားကို ထည့်သွင်းထားသကဲ့သို့ မရွေ့လျားနိုင်ပေ။ လုကျိုးက ခေါင်းဆောင်၏ ပခုံးကို ဆက်လက် ဆုပ်ကိုင်ထားသည်။

လုကျိုးက အံ့ဖွယ်စွမ်းအား တစ်ဝက်ဖြင့် သူ့လက်ကို နောက်သို့ ဆောင့်ဆွဲလိုက်သည်။

အသားစုတ်ပြဲသံနှင့် အရိုးကျိုးသံသည် လေထဲတွင် မြည်ဟည်းသွားပြီး လုကျိုး၏ လက်ဗလာဖြင့် ဖြတ်တောက်ခြင်းကို ခံရသော ခေါင်းဆောင်၏ လက်မောင်းသည် အဝေးသို့ ပြုတ်ကျလာသည်။

“ငါ့လက်မောင်း”

ငွေရောင်ချပ်ဝတ်အစောင့်အရှောက် ခေါင်းဆောင်က သံချပ်ကာသားရဲကြီး၏ ကျောပေါ်သို့ အလျင်အမြန် ပျံတက်သွားကာ လုကျိုးနှင့် သူတို့ကြား အကွာအဝေးကို ချဲ့လိုက်သည်။

သားရဲကြီးသည် သတ္တုလုံးများ ကို တစ်လုံးပြီးတစ်လုံး ဆက်လက် ထွေးထုတ်နေသည်။ သူ့အရွယ်အစားကြောင့် ထွက်ပြေးရန် မလွယ်ကူသလို လုကျိုးကို ထိန်းချုပ်ရန်လည်း မလွယ်ကူပေ။

လုကျိုးက နတ်သားရဲ ပျံသန်းသွားသည့်နေရာတိုင်းကို အနီးကပ် လိုက်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ လုကျိုးက သတိကို မလျှော့ချပေ။ သူသည် ရန်သူများကို … အထူးသဖြင့် ၎င်း၏ရန်သူသည် ယခု နတ်သားရဲ ဖြစ်နေချိန်တွင် အတွေ့အကြုံမရှိသူ၏ အမှားကို ပြုလုပ်မည် မဟုတ်ပေ။

သို့သော် နတ်သားရဲ မရှိပါက ငွေရောင်ချပ်ဝတ်အစောင့်အရှောက် မည်မျှပင် များပြားပါစေ သူတို့သည် ပြိုင်ဘက် ဖြစ်လာမည်မဟုတ်ပေ။

သံချပ်ကာသားရဲကြီးသည် ကျစ်ရွှီ၏ ဖျက်ဆီးခြင်းတိုင်လုံးကို ပတ်၍ ပျံသန်းကာ လုကျိုးကို ရှောင်ရှားနေသည်။ ထင်ရှားသည်မှာ ငွေရောင်ချပ်ဝတ်အစောင့်အရှောက် ခေါင်းဆောင်က အချိန်ဆွဲနေခြင်း ဖြစ်သည်။ သူ့ထင်မြင်ချက်အရ သူ့လက်အောက်ငယ်သားများက မိစ္ဆာဝေဟင်မျှော်နန်းမှ လူများကို ကိုင်တွယ်ဖြေရှင်းပြီးသည်နှင့် သူတို့သည် အလျင်အမြန် ရောက်ရှိလာပြီး လုကျိုးကို ဝိုင်းကာ အနိုင်ယူကြမည် ဖြစ်သည်။ ထိုအချိန်တွင် သူတို့၏ အောင်ပွဲသည် အာမခံချက်ရှိလာမည် ဖြစ်၏။

လုကျိုးက တာအို၏ စွမ်းအား ကို အသုံးပြုကာ လက်ဝါးစည်းတံဆိပ်တစ်ခုကို ထုတ်လွှတ်လိုက်သည်။

ဒုန်း

လက်ဝါးစည်းတံဆိပ်သည် သံချပ်ကာသားရဲကြီးကို ထိမှန်သွားသည်။

သံချပ်ကာသားရဲကြီးသည် ဟိန်းဟောက်လိုက်ရာ ပတ်ဝန်းကျင်သို့ အသံလှိုင်းများ ပျံ့နှံ့သွားသည်။ ထို့နောက် သူသည် ဟိန်းဟောက်ခြင်းကို ရုတ်တရက် ရပ်တန့်လိုက်ပြီး အေးစက်သော အလင်းရောင်ဖြင့် တောက်ပနေသော အတောင်ပံများကို ရိုက်ခတ်လိုက်သည်။

ဤမြင်ကွင်းသည် အနက်ရောင်မြူခိုးထဲတွင် လက်သည်းကိုးခု နဂါးနက်ကြီးနှင့် တိုက်ခိုက်ခဲ့သည့်အချိန်ကို ပြန်သတိရစေပြီး အနည်းငယ် ထိတ်လန့်သွားသည်။ ထို့ကြောင့် သူက ဒိုင်း ကို မြှောက်ပြီး တိုက်ခိုက်မှုကို အလျင်အမြန် တားဆီးလိုက်သည်။

ဘန်း

ဒိုင်း ပုံစံရှိသော အမည်မသိဓားက ပုံပျက်သွားလေသည်။

လုကျိုးက မိုးကြိုးအပစ်ခံရသကဲ့သို့ ခံစားလိုက်ရသည်။ ၎င်း၏ သွေးနှင့် ချီတို့သည် ပြင်းထန်စွာ လှုပ်ခတ်နေပြီး သူ့ခန္ဓာကိုယ် ဆုတ်ဖြဲခံနေရသကဲ့သို့ ခံစားရသည်။

“နတ်သားရဲ ဂုဏ်ပုဒ်နဲ့ တကယ်ကို ထိုက်တန်တယ်” လုကျိုးက တာအို၏ စွမ်းအားကို ထပ်မံ အသုံးပြုလိုက်သည်။

အချိန်က ရပ်တန့်သွားလေ၏။

နတ်သားရဲက အချိန် နှေးကွေးသွားသည်ကို ခံစားမိပုံရပြီး အတောင်ပံများကို ခတ်ကာ ကောင်းကင်သို့ ပိုမြင့်အောင် တက်သွားသည်။

လုကျိုးက သံချပ်ကာသားရဲကြီးအနီးသို့ ရောက်ရှိလာချိန်တွင် အချိန်သည် ပုံမှန်အတိုင်း ပြန်လည် စီးဆင်းသွားသည်။

နတ်သားရဲသည် ငွေရောင်ချပ်ဝတ်အစောင့်အရှောက် ခေါင်းဆောင်ကို ခေါ်ဆောင်ကာ ကျစ်ရွီ၏ ဖျက်ဆီးခြင်းတိုင်လုံးအတိုင်း ပျံတက်သွားပြီး အနက်ရောင်မြူခိုး ထဲသို့ အလျင်အမြန် ဝင်ရောက်သွားသည်။

ဟူး

“အရမ်း မြန်တာလား” လုကျိုးက အံ့ဩသွားသည်။ သူ လှုပ်ရှားမှု မပြုလုပ်မီတွင် သံချပ်ကာသားရဲကြီးသည် ပျောက်ကွယ်သွားပြီ ဖြစ်သည်။

ထိုအချိန်တွင် သံချပ်ကာသားရဲကြီး၏ ဒေါသတကြီး ဟိန်းဟောက်သံသည် အနက်ရောင်မြူခိုးအတွင်းမှ ဟိန်းထွက်လာသည်။

လုကျိုးက မျက်မှောင်ကြုတ်လိုက်သည်။

အကူအညီ ခေါ်နေတာလား …

လုကျိုးက ဓာတ်ငါးပါးကောင်းကင်အစီအရင်ကို ကြည့်ရန် လှည့်လိုက်သည်။

ဘန်း ဘန်း ဘန်း

ယွီကျန့်ဟိုင်၊ ယွီရှန်းရုန်နှင့် အခြားသူများသည် အလင်းတန်းများကို သူတို့ခွန်အားရှိသမျှဖြင့် ဆက်လက် ခုခံနေကြသည်။ သူတို့သည် အလွန် ခံနိုင်ရည်ရှိသည်။ အခြားသော ဆရာသခင်များသာ သူတို့နေရာတွင် ရှိနေပါက သူတို့သည် အလင်းတန်းများဖြင့် ကြာမြင့်စွာကတည်းက ထိုးဖောက်ခံခဲ့ရပြီး ခန္ဓာကိုယ်များမှာ အပေါက်များစွာဖြင့် ပြည့်နေလောက်လေပြီ။

လုကျိုးက အေးစက်စွာ လှောင်ပြောင်လိုက်ပြီး ထိုငွေရောင်ချပ်ဝတ်အစောင့်အရှောက်များကို ဦးစွာ ကိုင်တွယ်ဖြေရှင်းရန် ဆုံးဖြတ်လိုက်သည်။

ရွှစ်

အရှိန်ကြောင့် လုကျိုး ရွေ့လျားသောအခါ နားကွဲစေသော အသံလှိုင်းကို ထုတ်ပေးသည်။ သူက ဓာတ်ငါးပါးကောင်းကင်အစီအရင်သို့ ရောက်ရှိလာပြီး လက်ဝါးစည်းတံဆိပ်များကို တစ်ခုပြီးတစ်ခု ထုတ်လွှတ်လိုက်သည်။ လက်ဝါးစည်းတံဆိပ်တစ်ခုစီသည် အလင်းတန်း တစ်ခုကို ကိုင်တွယ်ဖြေရှင်းနေသည်။

ဘန်း ဘန်း ဘန်း ဘန်း ဘန်း

လက်ဝါးစည်းတံဆိပ်များသည် အလင်းတန်းများကို နောက်သို့ တွန်းပို့ပြီးနောက် ငွေရောင်ချပ်ဝတ်အစောင့်အရှောက်များပေါ်သို့ ကျရောက်လာသည်။ လက်ဝါးစည်းတံဆိပ်များသည် သူတို့၏ ပစ်မှတ်များကို တစ်ခုပြီးတစ်ခု ထိမှန်သွားသည်။

တစ်ယောက်ပြီးတစ်ယောက် ငွေရောင်ချပ်ဝတ်အစောင့်အရှောက်များသည် ကောင်းကင်မှ မြေပြင်သို့ ပြုတ်ကျလာသည်။

“သူ့ကို ဝိုင်းထားလိုက်”

ငွေရောင်ချပ်ဝတ်အစောင့်အရှောက် ဒါဇင်များစွာသည် ကောင်းကင်မှ ဆင်းသက်လာပြီး လုကျိုးကို ဝိုင်းရံကာ သူတို့၏ ပုဆိန်လှံများဖြင့် လုကျိုး၏ အသက်အန္တရာယ်ရှိသော နေရာသို့ ထိုးလိုက်ကြသည်။

ဤအဆင့် တိုက်ပွဲတွင် သူတို့က လုကျိုး၏ ပုံသဏ္ဌာန်ကို လုံးဝ မမြင်နိုင်ကြပေ။ သူတို့သည် အာရုံခံစားမှုများပေါ်တွင်သာ မှီခိုနိုင်ပြီး ... တာအို၏စွမ်းအား ပေါ်တွင်သာ မှီခိုနိုင်သည်။

ဘန်း ဘန်း ဘန်း ဘန်း ဘန်း

မည်သို့ပင်ဖြစ်စေ မလုံလောက်သေးပေ။ ထို့ကြောင့် နောက်ထပ် ငွေရောင်ချပ်ဝတ်အစောင့်အရှောက် တစ်ဒါဇင်ခန့်သည် တိုက်ပွဲတွင် ပူးပေါင်းခဲ့ကြသည်။

လုကျိုးက ငါးအုပ်များကဲ့သို့သော ရန်သူများ၏ ဝိုင်းထားခြင်းခံရလေသည်။

ဘန်း ဘန်း ဘန်း

ငွေရောင်ချပ်ဝတ်အစောင့်အရှောက်များ ပို၍ ပူးပေါင်းလာပြီး လုကျိုးကို ဖိနှိပ်ရန် စွမ်းအင်တံဆိပ်များနှင့် အလင်းတန်းများကို ထုတ်လွှတ်နေကြသည်။

လုကျိုးက အောက်သို့ တွန်းပို့ခံရတော့မည့်ဆဲဆဲတွင် သူက နက်ရှိုင်းသောအသံဖြင့် အော်လိုက်သည်။

“မတည်မြဲခြင်းတိုင်လုံး”

ဝှီး

မတည်မြဲခြင်းတိုင်လုံးသည် အချင်းအားဖြင့် အဆ ၁၀၀၀ နှင့် အဆ ၁၀၀၀၀ ပိုမိုကြီးထွားလာသည်။ ၎င်းသည် အချင်းမီတာ ၁၀၀ မှ အချင်းမီတာ ၁၀၀၀ အထိ ရောက်ရှိသွားသည်။ ထိုအရာသည် ငွေရောင်ချပ်ဝတ်အစောင့်အရှောက်များကို ချက်ချင်း လွှင့်စင်သွားစေသည်။

လုကျိုး၏ ထိန်းချုပ်မှုအောက်တွင် မတည်မြဲခြင်းတိုင်လုံးသည် အလျားလိုက် လှည့်ပတ်သွားသည်။

ငွေရောင်ချပ်ဝတ်အစောင့်အရှောက် ရာပေါင်းများစွာသည် လေထဲတွင် အော်ဟစ်နေကြရင်း ချက်ချင်းပင် သွေးအန် လိုက်ကြရသည်။

လုကျိုးက မတည်မြဲခြင်းတိုင်လုံးကို ထိန်းချုပ်ပြီး ကောင်းကင်တွင် ဝဲပျံနေသည်။

ထိုအချိန်တွင် ငါးရောင်ခြယ်အလင်းသတ္တုလုံး တစ်လုံးသည် စိတ်ကူးမယဉ်နိုင်သော အရှိန်ဖြင့် ဘေးမှ ပျံသန်းလာသည်။

ဤအရာကို မြင်သော် ငွေရောင်ချပ်ဝတ်အစောင့်အရှောက် ခေါင်းဆောင်က ၎င်း၏ ညာဘက်ပခုံးကို ကိုင်ထားရင်း စိတ်လှုပ်ရှားစွာ အော်လိုက်သည်၊

“မင်းအတွက် ပြီးပြီ”

လုကျိုးက အသေရိုက်ချက်ကတ်တစ်ခုကို ခြေမွပစ်လိုက်ပြီး ကောင်းကင်သို့ တက်သွားသည်။ သူ့၏ ပစ်မှတ်မှာ သံချပ်ကာသားရဲကြီး ဖြစ်သည်။

လက်ရှိတွင် သံချပ်ကာသားရဲကြီးသည် မသေချာဆုံးသော အပြောင်းအလဲတစ်ခု ဖြစ်နေသည်။ ငွေရောင်ချပ်ဝတ်အစောင့်အရှောက် နှစ်ထောင်ကျော်နှင့် ပေါင်းစပ်ပါက ထို ဆူညံသံသည် အကူအညီများကို သယ်ဆောင်လာမည်မှာ သေချာသည်။

လုကျိုးက မသေအချာဆုံး အချက်ကို ကိုင်တွယ်ဖြေရှင်းရန် အလွန်ရိုးရှင်းပြီး အကြမ်းဖက်သော နည်းလမ်းကို ရွေးချယ်လိုက်သည်။

လက်ဝါးစည်းတံဆိပ်သည် တောင်တစ်လုံးနှင့်တူပြီး သံချပ်ကာသားရဲကြီးရှိရာသို့ ပျံသန်းသွားသည်။

လုကျိုးက သံချပ်ကာသားရဲကြီးကို ဆက်လက် အာရုံစိုက်မနေတော့ပေ။ အံ့ဖွယ်စွမ်းအား ထည့်သွင်းထားသော အသေရိုက်ချက်ကတ်၏ လက်ဝါးစည်းတံဆိပ်သည် နှလုံး တစ်ခုကို သေချာပေါက် ဖျက်ဆီးလိမ့်မည်။

ထိုအချိန်တွင် ငွေရောင်ချပ်ဝတ်အစောင့်အရှောက် တစ်ဦးသည် ဟာကွက်တစ်ခုကို တွေ့ရှိပြီး လုကျိုး ဘေးသို့ ရောက်ရှိလာကာ သူ့ပုဆိန်ပုဆိန်လှံတံဖြင့် လုကျိုး၏ အသက်အန္တရာယ်ရှိသော နေရာကို ထိုးလိုက်သည်။

လုကျိုးက အေးဆေးစွာ လက်ဖြင့် ပြန်ထိုးလိုက်သည်။

ဘန်း

လက်ဝါးစည်းတံဆိပ်သည် ငွေရောင်ချပ်ဝတ်အစောင့်အရှောက်ကို လွင့်စဉ်သွားစေသည်။

“တင်း မွေးဖွားဇယားချပ် တစ်ခု ဖျက်ဆီးခဲ့ပါတယ်။ ဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် ၁,၀၀၀ ရရှိပါတယ်”

ငွေရောင်ချပ်ဝတ်အစောင့်အရှောက် တစ်ဦးသည် ညာဘက်မှ တိုက်ခိုက်လာသည်။

လုကျိုးက ထိုသူ၏ ဝမ်းဗိုက်သို့ နောက်ထပ် လက်ဝါးစည်းတံဆိပ်တစ်ခုကို ထုတ်လွှတ်လိုက်သည်။

ငွေရောင်ချပ်ဝတ်အစောင့်အရှောက်၏ ဝမ်းဗိုက် မှ သွေးများ ပြင်းထန်စွာ ပန်းထွက်လာသည်။

“တင်း မွေးဖွားဇယားချပ် တစ်ခု ဖျက်ဆီးခဲ့ပါတယ်။ ဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် ၁,၀၀၀ ရရှိပါတယ်”

တစ်ချိန်တည်းမှာပင် အသေရိုက်ချက်ကတ်၏ လက်ဝါးစည်းတံဆိပ်သည် သံချပ်ကာသားရဲကြီးမှ သတ္တုလုံး ငါးလုံးကို အတင်းအကျပ် တားဆီးလိုက်သည်။ ထိုအရာသည် သံချပ်ကာသားရဲကြီး၏ ရှေ့သို့ ရောက်ရှိလာသောအခါ ရုတ်တရက် အဆ ၁၀၀ ပိုမို ကြီးမားလာသည်။

ဒုန်း

ငွေရောင်ချပ်ဝတ်အစောင့်အရှောက် ခေါင်းဆောင်က ထိတ်လန့်သွားလေ၏။ သူသည် သံချပ်ကာသားရဲကြီး၏ ကျောမှ ခုန်ဆင်းရန် အတင်းအကျပ် ဖိအားပေးခံလိုက်ရသည်။

မီးရှူးမီးပန်း တစ်ခုကဲ့သို့ လင်းလက်တောက်ပနေသော လက်ဝါးစည်းတံဆိပ်သည် သံချပ်ကာသားရဲကြီး၏ နှလုံးတစ်လုံးကို ဖျက်ဆီးလိုက်ပြီး ၎င်းကို ကောင်းကင်မှ မြေပြင်သို့ ပြုတ်ကျသွားစေသည်။

“မင်း... မင်း... မဟာလေဟာနယ်ကို တကယ်ကို ဆန့်ကျင်တော့မှာလား”

ငွေရောင်ချပ်ဝတ်အစောင့်အရှောက် ခေါင်းဆောင်က လုကျိုးကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

လုကျိုးက ဝတ်ရုံလက်ကို ခါလိုက်ပြီး နောက်ထပ် ငွေရောင်ချပ်ဝတ်အစောင့်အရှောက်တစ်ဦးကို ပစ်ချကာ ပြောသည်။

“ငါ မင်းကို သတ်ချင်တယ်။ မင်းက ဘာလို့ ငါ့ကို ဆန့်ကျင်နေတာလဲ”

ငွေရောင်ချပ်ဝတ်အစောင့်အရှောက် ခေါင်းဆောင်က စကားမပြောနိုင် ဖြစ်သွားသည်။

ရွှစ်

လုကျိုးက မျက်တောင်တစ်ခတ်အတွင်း ခေါင်းဆောင်၏ ရှေ့သို့ ရောက်ရှိလာပြီး လက်ဖြင့် ထပ်မံ ထိုးနှက်လိုက်သည်။

ဘန်း

ခေါင်းဆောင်ကလည်း လက်ကို ဆန့်ထုတ်လိုက်သည်။ သို့သော်လည်း သူသည် လုကျိုး၏ ပြိုင်ဘက် မဖြစ်ခဲ့ဘဲ နောက်သို့ လွင့်စင်သွားသည်။

“မဟာလေဟာနယ်က သတ်ချင်ရင် ငါကလည်း သဘာဝအတိုင်း ဆန့်ကျင်မှာပဲ။ ငါ မင်းကို သတ်ချင်သလိုမျိုး၊ မင်းကလည်း ငါ့ကို ဆန့်ကျင်မှာပဲ။ လူတွေ မခုခံဘဲ နာနာခံခံ အသေခံဖို့ မဟာလေဟာနယ်က မျှော်လင့်နေတာလား”

ငွေရောင်ချပ်ဝတ်အစောင့်အရှောက် ခေါင်းဆောင်က နာကျင်မှုကို ခံနိုင်ရည်ရှိပြီး တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီးမှ ဓာတ်ငါးပါးကောင်းကင်အစီအရင်ကို ကြည့်လိုက်သည်။ အစီအရင်သည် ခိုင်မာနေဆဲ ဖြစ်သည်။ သို့သော် သံချပ်ကာသားရဲကြီးသည် ပြင်းထန်သော ထိခိုက်ဒဏ်ရာကို ခံစားခဲ့ရပြီး ယခုအချိန်တွင် အသုံးမပြုနိုင်သေးပေ။

ထို့ကြောင့် ခေါင်းဆောင်က ပြတ်ပြတ်သားသား အမိန့်ပေးလိုက်သည်။

“အဖွဲ့တစ် မဟာလေဟာနယ်ကို ပြန်ပြီး အကူအညီ တောင်းခံကြ”

“နားလည်ပါပြီ”

ငွေရောင်ချပ်ဝတ်အစောင့်အရှောက် ၅၀ ခန့်သည် ၎င်းတို့၏ စိတ်ဝိညာဉ်သဏ္ဌာန်များနှင့် ပုဆိန်လှံတံများကို သိမ်းဆည်းကာ စုဝေးပြီး ပျံသန်းထွက်ခွာသွားကြသည်။

ငွေရောင်ချပ်ဝတ်အစောင့်အရှောက် များလွန်းသဖြင့် သူတို့အားလုံးကို ထွက်ခွာခြင်းမှ တားဆီးရန် မဖြစ်နိုင်ပေ။

လုကျိုးက မဟာနည်းစနစ်ကို ထုတ်လွှတ်ပြီး သူ့ကြယ်တာရာဒိုင်ခွက်ဖြင့် သူ့တို့နောက်သို့ လိုက်ခဲ့သည်။ ကြယ်တာရာဒိုင်ခွက်သည် တဝီဝီ မြည်ပြီးနောက် ကြီးမားသော အလင်းတန်း တစ်ခု ထုတ်လွှတ်လိုက်သည်။

“တား”

ဓာတ်ငါးပါးကောင်းကင်အစီအရင်တွင် ငွေရောင်ချပ်ဝတ်အစောင့်အရှောက် ၁၀၀ ကျော်သည် သူတို့၏ ရဲဘော်များ လုကျိုး၏ တိုက်ခိုက်မှုကို တားဆီးနိုင်ရန် သူတို့၏ ကြယ်တာရာဒိုင်ခွက်များကို ထုတ်ဖော်လိုက်ကြသည်။

လုကျိုးက သူတို့အား ထွက်သွားခွင့်ပြုနိုင်မည်လား။

“ကောင်းပြီလေ။ ငါ လူသတ်ပွဲ စတော့မယ်”

လုကျိုးက ၎င်း၏ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ကို ထုတ်ဖော်လိုက်သည်။

မိစ္ဆာဝေဟင်မျှော်နန်းမှ လူများ အပါအဝင် လူတိုင်းသည် စိတ်ဝိညာဉ်သဏ္ဌာန်နှင့် ကြယ်တာရာဒိုင်ခွက်ကို မြင်သောအခါ အံ့အားသင့်ပြီး စကားမပြောနိုင် ဖြစ်သွားကြသည်။

“မွေးဖွားဇယားချပ် တစ်ခုတည်းရှိတဲ့ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်လား”

“ဒါ... အရမ်း တို တာပဲ”

ငွေရောင်ချပ်ဝတ်အစောင့်အရှောက် ခေါင်းဆောင်က ထိုစိတ်ဝိညာဉ်သဏ္ဌာန်ကို ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ သူ အချိန်အတော်ကြာ ရုန်းကန်ခဲ့ရသော ပြိုင်ဘက်တွင် မွေးဖွားဇယားချပ် တစ်ခုတည်းသာ ရှိသည်လား။

သူ့ပြိုင်ဘက်က ခွန်အားကို တမင်တကာ ဖုံးကွယ်ထားတာလား။ အဓိပ္ပာယ်မရှိပေ။

မည်သို့ဆိုစေ သူသည် ခွန်အားကို ဖုံးကွယ်ထားရမည့်အချိန် မဟုတ်ပေ။ ထို့အပြင် သူ့ပြိုင်ဘက်သည် လွှမ်းမိုးချုပ်ကိုင်သော ခွန်အားကို အစောပိုင်းကတည်းက ပြသခဲ့ပြီးဖြစ်ရာ ယခုအခါ ဟန်ဆောင်ခြင်း သို့မဟုတ် ဖုံးကွယ်ခြင်း၏ အချက်သည် အဘယ်နည်း။

သဘာဝအတိုင်း လုကျိုးသာလျှင် ထိုစိတ်ဝိညာဉ်သဏ္ဌာန်သည် အမှန်တကယ် အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန် ဖြစ်သည်ကို သိသည်။ မည်သို့ဆိုစေ ၎င်းသည် ဖုံးကွယ်ခြင်းကတ်ကို အစောပိုင်းကတည်းက အသုံးပြုခဲ့ပြီး ဖြစ်သည်။

လုကျိုးက ကြယ်တာရာဒိုင်ခွက်ကို ထပ်မံ မြင့်တင်လိုက်သည်။ အလင်းရောင် ၃၆ ခုသည် လင်းလက်သွားပြီး တောက်ပသော အလင်းရောင် တစ်ခုတည်းသာ ကျန်ခဲ့သည်။

‘မွေးဖွားဇယားချပ် တစ်ခုတည်းသာ ရှိသည်မှာ သံသယမရှိပေ။

ကြယ်တာရာဒိုင်ခွက်သည် ဝေးကွာသွားသော ငွေရောင်ချပ်ဝတ်အစောင့်အရှောက် အဖွဲ့ငယ်ဆီ ပစ်မှတ်ထားလိုက်၏။

အလင်းတန်း လေးခု ထွက်ပေါ်လာသော ကြယ်တာရာဒိုင်ခွက်ကို မြင်သောအခါ ငွေရောင်ချပ်ဝတ်အစောင့်အရှောက် ၅၀ တို့၏ မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားသည်။

“တားလိုက်”

ငွေရောင်ချပ်ဝတ်အစောင့်အရှောက် ၁၀ ဦးသည် လှည့်ပတ်ပြီး တိုက်ခိုက်မှုကို ခုခံရန် သူတို့၏ ကြယ်တာရာဒိုင်ခွက်များ ကို မြှောက်လိုက်ကြသည်။

ဘန်း ဘန်း ဘန်း

အလင်းတန်းများသည် ကြယ်တာရာဒိုင်ခွက်များကို အလွယ်တကူ ထိုးဖောက်သွားသည်။

“တင်း မွေးဖွားဇယားချပ် တစ်ခု ဖျက်ဆီးခဲ့ပါတယ်။ ဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် ၁,၀၀၀ ရရှိပါတယ်”

လုကျိုးက စနစ်မှ သတိပေးချက် ဆယ်ခုကို လက်ခံရရှိခဲ့သည်။

ထို့ကြောင့် လုကျိုးက အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်မှ မွေးဖွားဇယားချပ်၏ စွမ်းအား ကို အသုံးပြုပြီး ဖြစ်သည်။ မည်သို့ဆိုစေ ၎င်းတွင် မွေးဖွားဇယားချပ် တစ်ခုတည်းသာ ရှိသည်။ ထို့ကြောင့် ၎င်းသည် စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖယ်ရှားလိုက်သည်။

ထိုအချိန်တွင် ငွေရောင်ချပ်ဝတ်အစောင့်အရှောက် ခေါင်းဆောင်က လက်အောက်ငယ်သားများနှင့်အတူ ပျံသန်းလာသည်။

“သတ်” လုကျိုး ပြောသည်။

မိစ္ဆာဝေဟင်မျှော်နန်းမှ ငါးဦးနှင့် သားရဲဧကရာဇ် နှစ်ဦးတို့သည် သူတို့၏ တန်ပြန်တိုက်ခိုက်မှု ကို စတင်ခဲ့ကြသည်။ လုကျိုး၏ လွှမ်းမိုးမှုကြောင့် သူတို့၏ တိုက်ခိုက်ရေးစိတ်ဓာတ် မြင့်တက်လာသည်။

လုကျိုးက မဟာလေဟာနယ် သို့ အကူအညီတောင်းခံရန် ကြိုးစားနေဆဲဖြစ်သော ကြွင်းကျန်ရစ်သူများကို ပစ်ချရန် အမည်မသိဓား ကို အသုံးပြုတော့မည်ဆဲဆဲတွင် ကောင်းကင်တစ်ခုလုံးကို လင်းစေလျက် ပေထောင်ပေါင်းများစွာ ကျယ်ပြန့်သော မီးလျှံစီးကြောင်းကို ကောင်းကင်ယံတွင် မြင်လိုက်ရသည်။

ထို့နောက်တွင် ရှည်လျားသော အော်သံ သည် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေသည်။

“နတ်သားရဲ မီးတောက်ဇာမဏီ” ငွေရောင်ချပ်ဝတ်အစောင့်အရှောက် ခေါင်းဆောင်က ရုတ်တရက် ပေါ်လာသော မီးတောက်ဇာမဏီကို ထိတ်လန့်စွာ ကြည့်လိုက်သည်။

မီးတောက်ဇာမဏီသည် ထွက်ခွာသွားသော ငွေရောင်ချပ်ဝတ်အစောင့်အရှောက်များကို အလွယ်တကူ လိုက်မီသွားပြီးနောက် အတောင်ပံများ ကို ခတ်လိုက်ရာ ငွေရောင်ချပ်ဝတ်အစောင့်အရှောက်များသည် မီးပင်လယ်ထဲတွင် နစ်မြုပ်သွားကြသည်။

ထို့နောက် မီးတောက်ဇာမဏီသည် ဓာတ်ငါးပါးကောင်းကင်အစီအရင်ဆီသို့ ပျံသန်းသွားပြီး သူ့အတောင်ပံများသည် ပေပေါင်း တစ်သောင်းအထိ ကျယ်ပြန့်သွားသည်။

တစ်ချက်ကြည့်လိုက်ရုံဖြင့် ငရဲသည် ကမ္ဘာပေါ်သို့ ဆင်းသက်လာသကဲ့သို့ ထင်ရသည်။ မျက်စိတစ်ဆုံး မြင်ရသော နေရာတစ်ခုလုံးသည် မီးပင်လယ် ထဲတွင် လောင်ကျွမ်းနေသည်။

မီးတောက်ဇာမဏီသည် ဓာတ်ငါးပါးကောင်းကင်အစီအရင်အနီးတွင် ဝဲပျံနေပြီး လူတိုင်းကို ငုံ့ကြည့်နေသည်။

ငွေရောင်ချပ်ဝတ်အစောင့်အရှောက် ခေါင်းဆောင်က မီးတောက်ဇာမဏီကို စိုက်ကြည့်ပြီး ပြောသည်။

“ကျွန်တော်က မဟာလေဟာနယ် ငွေရောင်ချပ်ဝတ်အစောင့်အကြပ်တွေရဲ့ ခေါင်းဆောင် လျိုချန်ဇီပါ။ မဟာလေဟာနယ်ကို ကိုယ်စားပြုပြီး မဟာလေဟာနယ် ကို ဝင်ရောက်ဖို့ အခွင့်အရေး ပေးနိုင်ပါတယ်”

မီးတောက်ဇာမဏီ ရုတ်တရက် ရောက်ရှိလာခြင်းသည် တိုက်ပွဲကို ရပ်တန့်စေခဲ့သည်။

ငွေရောင်ချပ်ဝတ်အစောင့်အရှောက်များသည် မီးတောက်ဇာမဏီကို သတိထား၍ ကြည့်နေကြသည်။

ထိုအတောအတွင်း အရင်က မီးတောက်ဇာမဏီကို မြင်ဖူးသော မိစ္ဆာဝေဟင်မျှော်နန်းမှ လူများသည် မီးတောက်ဇာမဏီသည် ထပ်ပြီး သန်မာလာသည်ကို ပြောပြနိုင်သည်။

မီးတောက်ဇာမဏီသည် လျိုချန်ဇီကို သံသယဖြင့် ကြည့်လိုက်သည်။

လျိုချန်ဇီက နက်ရှိုင်းသောအသံဖြင့် ဆက်လက်ပြောသည်။

“ခင်ဗျား ကျွန်တော့်လူတွေကို သတ်ခဲ့ပေမဲ့ ခင်ဗျားရဲ့ အမှားအတွက် အပြစ်ဖြေမယ်ဆိုရင် မဟာလေဟာနယ်ကို ကိုယ်စားပြုပြီး ခင်ဗျားကို လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်တယ်”

ထို့နောက် လျိုချန်ဇီက လှည့်ကာ လုကျိုးနှင့် မိစ္ဆာဝေဟင်မျှော်နန်းမှ လူများကို လက်ညှိုးထိုးပြသည်။

မီးတောက်ဇာမဏီသည် မီးတောက်နေသော မျက်လုံးများဖြင့် လျိုချန်ဇီကို ဆက်လက်ကြည့်ရှုနေပြီး နှုတ်သီးကို ဖွင့်ဟလိုက်သည်။

ဤအရာကို မြင်သော် လျိုချန်ဇီသည် စောင့်မနေဘဲ ကျေနပ်စွာဖြင့် ချက်ချင်း ပြောလိုက်သည်။

“ကောင်းပြီ”

ထိုအချိန်တွင် လုကျိုးက အသံတိုးတိုးလေးဖြင့် မေးသည်။

“မီးတောက်ဇာမဏီ ငါ မင်းကို အကြာကြီး စောင့်နေခဲ့တာ ဘာလို့ လေထဲမှာ ဘာမှမလုပ်ဘဲ ဝဲပျံနေတာလဲ”

“ဟမ်”

တစ်ချိန်တည်းမှာပင် မီးလျှံစီးကြောင်း တစ်ခုသည် မီးတောက်ဇာမဏီ၏ ပါးစပ်မှ လျိုချန်ဇီဆီသို့ ပစ်ထုတ်လိုက်သည်။

“အာ ဘာလို့လဲ”

စစ်မှန်သော မီးတောက်သည် လျိုချန်ဇီကို ချက်ချင်း လောင်ကျွမ်းစေပြီး သူ့အား မြေပြင်သို့ ချက်ချင်း ပြုတ်ကျစေသည်။ ဝိညာဉ်ပုတီး မည်မျှပင် သန်မာပါစေ၊ စစ်မှန်သော မီးတောက်၏ အဆက်မပြတ် လောင်ကျွမ်းမှုကို မခံနိုင်ပေ။

လျိုချန်ဇီသည် သံသယနှင့် ရှုပ်ထွေးမှုများ ပြည့်နှက်နေသော နှလုံးသားဖြင့် မီးလောင်ကျွမ်းနေသော မြေပြင်သို့ ပြုတ်ကျကာ ကျယ်လောင်စွာ အော်ဟစ်နေသည်။

‘သစ်ပင်လဲသော် မျောက်များကွဲ’ ဟူသော စကားအတိုင်းပင်။

သူတို့၏ ခေါင်းဆောင် ရှုံးနိမ့်သွားသဖြင့် ငွေရောင် အစောင့်အရှောက်များသည် အစီအရင်ပျက်သွားပြီး သူတို့၏ ဓာတ်ငါးပါးကောင်းကင်အစီအရင်ကို ဖျက်ဆီးကာ တစ်နေရာစီ ဖြစ်ကုန်ကြသည်။

ဤသည်မှာ ကုသိုလ်ရမှတ်များကို ထည့်သွင်းစဉ်းစားရမည့်အချိန် မဟုတ်သော်လည်း လုကျိုးက ဝတ်ရုံလက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည်။

“ဘယ်သူမှ ထွက်မသွားစေနဲ့”

ဤစကားများနှင့်အတူ မိစ္ဆာဝေဟင်မျှော်နန်းမှ လူများသည် အရပ်ရပ်သို့ ပျံသန်းသွားကြသည်။

“တင်း မွေးဖွားဇယားချပ် တစ်ခု ဖျက်ဆီးခဲ့ပါတယ်။ ဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် ၁၀၀၀ ရရှိပါတယ်”

“တင်း မွေးဖွားဇယားချပ် တစ်ခု ဖျက်ဆီးခဲ့ပါတယ်။ ဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် ၅၀၀ ရရှိပါတယ်”

လုကျိုးက ကုသိုလ်ရမှတ် ၅၀၀ ဖြင့် ဆုချခံရကြောင်း သတိပေးချက် ဆယ်ခုကို လက်ခံရရှိခဲ့သည်။

ထိုအချိန်တွင် ငွေရောင်ချပ်ဝတ်အစောင့်အရှောက်များ ထွက်ပြေးခြင်းမှ တားဆီးရန် လုဝူသည် လေထဲသို့ ခုန်တက်ပြီး ရေခဲစည်းတံဆိပ်ကို ထပ်မံ အသုံးပြုခဲ့သည်။ တစ်ချိန်တည်းမှာပင် ယွီကျန့်ဟိုင်က မဟာအမှောင်ကောင်းကင်အောက်မေ့ဖွယ်ကို အသုံးပြုခဲ့ပြီး ယွီရှန်းရုန်က ကွေ့ယွမ်ဓားနည်းစနစ်ကို အသုံးပြုကာ စွမ်းအင်ဓားမော့များ နှင့် စွမ်းအင်ဓားများ ကို အသုံးပြု၍ ဆုတ်ခွာရာလမ်းများ အားလုံးကို ပိတ်ဆို့ခဲ့သည်။

ထို့နောက်တွင်

“တင်း မွေးဖွားဇယားချပ် တစ်ခု ဖျက်ဆီးခဲ့ပါတယ်။ ဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် ၁,၀၀၀ ရရှိပါတယ်”

ဤ သတိပေးချက် သည် ၁,၀၀၁ ကြိမ် ဆက်တိုက် မြည်ဟည်းသွားသည်။

ထိုအချိန်တွင် မီးတောက်ဇာမဏီသည် ကောင်းကင်အထက် ပိုမိုမြင့်မားစွာ တက်သွားသည်။ သူ့တောင်ပံများကို ခတ်လိုက်ရာ မီးများ မိုးရွာသကဲ့သို့ ကျဆင်းလာသည်။

လွင်ပြင်မီးသည် ချက်ချင်း စတင်ခဲ့သည်။

“ဆိုးလိုက်တာ၊ ဒီလောက် ပြတ်သားပြီး ရက်စက်တာ”

မင်ရှစ်ရင်သည် ချုံးချီကို စီးနင်းပြီး လုကျိုးဆီသို့ ပျံသန်းသွားသည်။

အခြားသူများသည် မီးကို ရှောင်ရှားရန် နောက်သို့ နောက်ဆုတ်လိုက်ပြီး မီးကို တားဆီးရန် သူတို့၏ ကြယ်တာရာဒိုင်ခွက်များနှင့် ကာကွယ်ရေးစွမ်းအင်များ ကို အသုံးပြုခဲ့ကြသည်။

ဝှီး

“မျှော်နန်းသခင်” တစ်စုံတစ်ဦးက အကူအညီ တောင်းလာသည်။

မိစ္ဆာဝေဟင်မျှော်နန်းမှ လူများသည် မီး ကို မခံနိုင်ပေ။

အကူအညီတောင်းသံကို ကြားသောအခါ လုကျိုးက အော်ပြောလိုက်သည်။

“မင်း အခု ရပ်လို့ရပြီ”

ဤစကားနှင့်အတူ မီးတောက်ဇာမဏီသည် သူ့အတောင်ပံများကို သွမ်းလိုက်ပြီး မူလအရွယ်အစားသို့ ပြန်လည်ရောက်ရှိသွားသည်။ သူ့မီးလျှံများ ပျောက်ကွယ်သွားပြီး အောက်ရှိ တောက်ပပြီး ထင်ရှားသော မီးနီရောင်အမွေးအတောင်များကို ဖော်ပြလာသည်။ သို့သော် မြေပြင်ပေါ်ရှိ သံချပ်ကာသားရဲကြီးကို မြင်သောအခါ နှုတ်သီးကို ဖွင့်ပြီး မီးလျှံစီးကြောင်း တစ်ခုကို ထပ်မံ ပစ်ထုတ်လိုက်သည်။

မီးလျှံများသည် သံချပ်ကာသားရဲကြီးကို ဝါးမျိုသွားစဉ် သားရဲကြီးက ရမ်းကားကာ ရုန်းကန်နေသည်။ သူသည် အတန်ကြာအောင် ရုန်းကန်နေပြီး နောက်ဆုံးတွင် ငြိမ်သက်သွားသည်။

လူတိုင်း အံ့အားသင့်သွားကြသည်။

သူတို့ နှစ်ဦးစလုံး နတ်သားရဲ မဟုတ်ဘူးလား။

မီးတောက်ဇာမဏီသည် ကျေနပ်အားရစွာဖြင့် ပတ်ပတ်လည်ကို ကြည့်လိုက်ပြီးနောက် အကြည့်သည် နောက်ဆုံးတွင် လုကျိုးပေါ် ရပ်တန့်သွားသည်။

“အခြေအနေကို သွားစစ်ဆေးလိုက်” လုကျိုးက ဝတ်ရုံလက်ကို ခါလိုက်ပြီး ပြောသည်။

“ဟုတ်ကဲ့” ယွီကျန့်ဟိုင်က လက်များကို ယှက်ကာ ပြောလိုက်သည်။ သူ့ရှစ်စွင်းသည် အကောင်းဆုံးဖြစ်နေဆဲဟု တွေးလိုက်မိသည်။

မီးတောက်ဇာမဏီက အစွမ်းထက်သော်လည်း ငွေရောင်အစောင့်အရှောက်များသည် မဟာလေဟာနယ်မှ အင်အားစုတစ်ခုဖြစ်ပြီး လျှော့မတွက်သင့်ပေ။ နောက်ဆုံးထိုးနှက်ချက်သည် အစွမ်းထက်သော်လည်း ကြွင်းကျန်ရစ်သူများ မကျန်ရှိကြောင်း သေချာစေရန် အကောင်းဆုံး ဖြစ်သည်။

မိစ္ဆာဝေဟင်မျှော်နန်းမှ လူများသည် ပတ်ပတ်လည်ကို ပျံသန်းကာ ဧရိယာကို လျင်မြန်စွာ ရှင်းလင်းလိုက်ကြသည်။

အခြားသူများမှာ မီးတောက်ဇာမဏီကို တငေးတမော ကြည့်နေကြသည်။

အကြီးအကဲလေးဦးသည် အလွန် အထင်ကြီးလေးစားသော်လည်း မီးတောက်ဇာမဏီက လုကျိုးကို တိုက်ခိုက်မည်ကို စိုးရိမ်ကြသည်။ သူတို့အနေနှင့် လုကျိုးက နတ်သားရဲကို လေးစားမှုအနည်းငယ် ပြသဖို့ရာ မျှော်လင့်ခဲ့ကြသည်။

အကြီးအကဲလေးဦး၏ စိတ်ထဲတွင် လုကျိုးက မီးတောက်ဇာမဏီကို လေးစားမှု အနည်းငယ် ပြသလိမ့်မည်ဟူသော အတွေး ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် လုကျိုးက မီးတောက်ဇာမဏီကို ကြည့်လိုက်ပြီး လက်ကို ဆန့်တန်းကာ ပြောလိုက်သည်။

“အသက်ဓာတ်နှလုံးသား ...”

…

အခန်း (၁၄၄၉) လေကိုစီးနင်း မိုင်ကိုးသောင်းအကွာအဝေးကို လွှမ်းခြုံ

အကြီးအကဲလေးယောက်၏ အမူအရာက အနည်းငယ်သဘာဝမကျဖြစ်လာတော့သည်။ အဆုံးကျ သူတို့သည် လုကျိုးနှင့် မျိုးဆက်တူကြပေ၏။ သူတို့သည် အတွေ့အကြုံကြွယ်ဝပြီး အရည်အချင်း ရှိသည်ဟုသည် သတ်မှတ်နိုင်သည်။ သူတို့မည်မျှအသက်ကြီးစေကာမူ သူတို့အားလုံးသည် သန်မာသူကိုလေးစား၏။ လုကျိုးတစ်ယောက်သာ ဤသို့မဟုတ်တာ ဖြစ်လောက်သည်။

မိစ္ဆာဝေဟင်မျှော်နန်းရှိလူတို့သည် မီးဇာမဏီနှင့် ၎င်း၏ရဲရဲတောက်ငှက်မွေးများကို မှင်တက်စွာ ကြည့်နေမိသည်။ ၎င်း၏ဂုဏ်သရေနှင့် ကျော့ရှင်းသော သွင်ပြင်သည် မီးထဲမှ ပေါ်ထွက်လာချိန်၌ ပိုခမ်းနားထည်ဝါပြီး အလင်းဖြာနေလေ၏။ ၎င်း၏အမွှေးအတောင်များကလည်း တောက်ပနေသည်။ ရှားပါးသော မြင်ကွင်းတစ်ခုဖြစ်သည်။

မည်သို့ပင်ဆိုစေ သူတို့က ၎င်းတိုက်ခိုက်လာမှာကို စိုးရိမ်နေသေး၏။ တချို့က မီးဇာမဏီနှင့် ယခင်ထိပ်တိုက်တွေ့သည့် နှစ်ကြိမ်ကို ကွက်ကွက်ကွင်းကွင်း မှတ်မိနေသေးသည်။ မီးဇာမဏီကို သတ်ရန်မလွယ်ကူမှန်း သူတို့သိနေ၏။ ထို့အပြင် ၎င်းက ပြန်လည်မွေးဖွားနိုင်စွမ်း ပိုင်ဆိုင်ထားသည်။

လောကကြီးထဲရှိအရာအားလုံး၌ အားနည်းချက်တစ်ခုရှိသော်ငြား မီးဇာမဏီ၏အားနည်းချက်က ဘာမှန်း မည်သူမှ မသိကြပေ။ ၎င်းပြန်လည်မွေးဖွားသည့်ဖြစ်စဉ်သည် အားအနည်းဆုံးအချိန် ဖြစ်ကြောင်းသာ သိကြပေ၏။

မီးဇာမဏီ၏ ပြန်လည်မွေးဖွားမှုကို မျက်မြင်သိဖူးသည့်သူတို့က အမည်မသိကုန်းမြေထဲတွင် ၎င်းအံ့ဖွယ်သားရဲအဖြစ် ပြောင်းလဲသွားတာကို မြင်ပြီး လေးစားမှုသာ ပြည့်နေသည်။

ထိုစဉ် မီးဇာမဏီက ခေါင်းအနည်းငယ် ငုံ့လျက် လုကျိုး၏ ဆန့်ထုတ်ထားသောလက်ကို ကြည့်လိုက်သည်။ ၎င်းက အရူးတစ်ယောက် မဟုတ်ပေ။ မည်ကဲ့သို့ အသက်ဓာတ်နှလုံးသားကို အလွယ်တကူ ထုတ်ပေးမည်နည်း။ အော်သံအနည်းငယ် ပြုလိုက်၏။

ခရုလေးက ဘာသာမပြန်ရသေးခင် ရှောင်ယွမ်အာကိုယ်ပေါ်ရှိ မီးဇာမဏီလေးက မထိန်းထားနိုင်တော့ပေ။ တောင်ပံတဖျပ်ဖျပ်ခတ်လျက် ပျံသန်းသွားတော့သည်။

မီးဇာမဏီလေးသည် ၎င်း၏မိခင်ဆီ ပျံသန်းသွားသောကြောင့် မည်သူမှ သူ့ကို မတားဆီးပေ။

မီးဇာမဏီလေးက သူ၏မိခင်ရှေ့၌ တောင်ပံကို ပျော်ရွှင်စွာ တဖျပ်ဖျပ်ခတ်လျက် အကြိမ်အနည်းငယ် လှည့်ပတ်ပြီးနောက် စိတ်အားထက်သန်စွာ အော်နေသည်။ ရံဖန်ရံခါ၌ အရည်အချင်းပြသည့်ပမာ မီးတောက်များတောင် မှုတ်ထုတ်တတ်သေးသည်။

မီးဇာမဏီလေးက လှုပ်ရှားမှု ရပ်တန့်ပြီး မီးဇာမဏီဘေး ပျံသန်းသွားချိန်၌ မီးဇာမဏီသည် ၎င်းကို တောင်ပံအောက်တွင် ထည့်ထားပြီး ထွက်သွားတော့မည့်ပုံ ပေါ်နေလေ၏။ လုကျိုးက မျက်မှောင်ကျုံ့မိသွားသည်။ “မင်းရဲ့ကတိကို ပြန်ရုပ်သိမ်းတော့မှာလား”

မီးဇာမဏီလေးက အသံတချို့ပြုလိုက်တော့သည်။

လူတိုင်းသည် ခရုလေးဖက် တညီတညွတ်တည်းလှည့်ကြည့်လိုက်သည်။

ခရုလေးက အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်၏။ “သူ... သူက ဟုတ်တယ်လို့ပြောတယ်”

မင်ရှစ်ရင်သည် ချုံချီ၏ကျောပေါ်သို့ ပျံသန်းသွားကာ ပြောလိုက်တော့သည်။ “မင်း ငါ့ကိုနောက်နေတာလား။ မင်းက အံ့ဖွယ်သားရဲတစ်ကောင်မဟုတ်လား။ ဒါတောင်မှ စကားကို ပြန်ရုပ်သိမ်းမယ်ပေါ့။ မင်း နည်းနည်းလေး ပိုပြီးတော့ သိက္ခာမရှိနိုင်ဘူးလား”

မီးဇာမဏီအသံထွက်လာပြီးနောက် ခရုလေးသည် ပုရွက်ဆိတ်ပမာအသံဖြင့် ပြောလိုက်သည်။

“နိမ့်ကျတဲ့... လူသားတွေက စကားပြောဖို့မထိုက်တန်ဘူးတဲ့”

မင်ရှစ်ရင်က မီးဇာမဏီကို လက်ညှိုးထိုးပြီးပြောလိုက်၏။ “သိပ်ကောင်းတယ်။ မီးဇာမဏီ ငါ့ရဲ့ကျိုးရှစ်မေ့က မင်းရဲ့ကလေး ဒီလောက်အထိ ကျန်းမာဝဖီး ပြည့်ဖြိုးလာတဲ့အထိ ပြုစုပျိုးထောင်ပေးထားတာ။ ရာရာစစ ကျေးဇူကန်းတယ်ပေါ့”

မီးဇာမဏီလေး “...”

ရှောင်ယွမ်အာ “...”

မီးဇာမဏီသည် ၎င်းတောင်ပံကို အနည်းငယ်တဖျပ်ဖျပ်ခတ်လိုက်၏။ ၎င်းသည် လုပ်တော့ဘာဖြစ်လဲ။ ငါ့ကို ဘာလုပ်နိုင်လဲဟူ၍ ပြောသည့်ပမာ ပိုတောင်မှ ထောင်လွှားသောအမူအရာဖြင့် ခေါင်းမော့ကာ ကောင်းကင်ကို ကြည့်နေသည်။

အမှန်ပင် ခရုလေးက ပြောလာ၏။ “ဒီတော့ ဘာဖြစ်လဲတဲ့”

သူတို့သည် မီးဇာမဏီ၏ခွန်အားကို မြင်တွေ့ခဲ့ဖူးသည်။ ၎င်း၏စကားကို ပြန်ရုပ်သိမ်းချင်သည်ဆိုပါက သူတို့ဘာမှ မတတ်နိုင်ပေ။ သို့သော် လုကျိုးသည် ၎င်းကိုနှစ်ခေါက်ဖြေရှင်းခဲ့ပြီးဖြစ်သောကြောင့် လုကျိုးသည် ၎င်းကို ဖြေရှင်းရန်နည်းလမ်းရှိမည်ဟုထင်ခဲ့သည်။

လူတိုင်းက လုကျိုးကို တိတ်တဆိတ်ကြည့်လိုက်လေ၏။

လုကျိုးသည် သူ၏လက်ကိုဆန့်ထုတ်ထားကာ မေးလိုက်တော့သည်။ “မင်းရဲ့စကားကို ပြန်ရုပ်သိမ်းချင်တာ သေချာလား”

မီးဇာမဏီသည် ခေါင်းငုံ့ထားလျက် လုကျိုးကို မျက်တောင်မခတ်စိုက်ကြည့်လိုက်သည်။

လုကျိုး၏အမူအရာက ပြောင်းလဲမှုမရှိပေ။ မည်သည့်လှိုင်းဂယက်အတက်အကျကိုမျှ မမြင်ရချေ။

မီးဇာမဏီသည် အသံတစ်ချက်မှမထွက်ဘဲ ဘယ်ညာကြည့်ပြီးနောက် ကျစ်ရွှီ၏ဖျက်ဆီးခြင်းတိုင်လုံးကို ကြည့်လိုက်သည်။ ကုန်းမြေက ဆက်လက်လောင်ကျွမ်းနေ၏။

မီးဇာမဏီသည် အသံတစ်သံမှမထွက်ဘဲ ပတ်ဝန်းကျင်ကို ဆက်ကြည့်နေသည်။ ၎င်းက သူ၏ကတိကို ပြန်ရုပ်သိမ်းဖို့ ဆုံးဖြတ်ထားတာဖြစ်သည်။ အသက်ဓာတ်နှလုံးသားသည် သူ၏အသက်ကဲ့သို့ပင်။ အသက်ဓာတ်နှလုံးကို ချေးငှားခြင်းက အသက်ကိုချေးငှားခြင်းနှင့်မတူပေ။ အံ့ဖွယ်သားရဲမဆိုထားနှင့် လူသားများတောင် သူတို့အသက်ကိုအလွယ်တကူ ငှားပေးမည်မဟုတ်။ ထို့အပြင် သူသည် လူသားများအပေါ် ဆိုးရွားသည့်အမြင်တစ်ခုရှိပြီး သေးသိမ်သည့်ပုရွတ်ဆိတ်များ တွားသွားကောင်များအဖြစ်သာ မြင်သည်။

လုကျိုးသည် လက်ပြန်ရုတ်လိုက်သည်။ သူက အပိုစာသားပြောမနေတော့ဘဲ ပြောလိုက်လေ၏။

“ဂရုစိုက်”

ပြီးနောက် လုကျိုးသည် ပြန်လှည့်သွားကာ လေထဲလျှောက်သွားလိုက်၏။ နတ်ခြင်္သေ့ပျံသန်းသွားချိန်၌ သူသည် နတ်ခြင်္သေ့၏ကျောပေါ်ခုန်တက်လိုက်၏။

မိစ္ဆာဝေဟင်မျှော်နန်းမှလူတို့သည် အကြည့်ချင်းဖလှယ်လိုက်သည်။ သန်မာသူကို လေးစားတာ မှန်သော်ငြား ကြမ်းတမ်းခက်ထန်သားရဲလှည့်စားတာ ခံရပြီး ထွက်သွားခြင်းကမူ အရှက်ကွဲတာ ဖြစ်သည်။

သို့သော်ငြား လုကျိုးသည် မီးဇာမဏီကိုဖြေရှင်းရန် ရည်ရွယ်ချက်မရှိ။ မီးဇာမဏီနှင့် ကျိုးကြောင်းသင့်သင့် ပြောမည့်ပုံမပေါ်တာကို မြင်သောအခါ သူတို့ဘာမှမလုပ်နိုင် မပြောနိုင်တော့ပေ။

“သွားကြမယ်”

“ကျွန်တော်တို့ ဘယ်သွားမှာလဲ ရှစ်စွင်း”

“သွင့်ကျန်းရဲ့ဖျက်ဆီးခြင်းတိုင်လုံး”

“ဟုတ်ကဲ့”

လူတိုင်းသည် သူတို့၏စီးတော်သားရဲများအပေါ်အမြန်တက်သွား၏။ ထိုစဉ် ခုံဝမ်ကပြောလိုက်သည်။

“မျှော်နန်းသခင် ကျေးဇူးပြုပြီးစောင့်ပါ။ အသက်ဓာတ်နှလုံးသားတွေယူပြီး လာပါ့မယ်”

ခုံဝမ်သည် အလျင်စလိုဆင်းသွားကာ သံချပ်ကာဝတ်ဧရာမသားရဲ၏အသက်ဓာတ်နှလုံးသားကို ယူထုတ်လိုက်သည်။ အသက်ဓာတ်နှလုံးသားကိုယူရန် အားစိုက်ထုတ်လိုက်ရပေ၏။

ခဏအကြာ၌ ခုံဝမ်က ဝမ်းသာအားရပြောလိုက်သည်။ “၆ခုရှိတယ်”

ပြီးနောက် ခုံဝမ်သည်၎င်း၏အသက်ဓာတ်နှလုံးသားကို ကိုင်ထားပြီး လုကျိုးအား တလေးတစား လက်ဆောင်ပေးလိုက်၏။

လုကျိုးသည် သူတို့ကိုတချက်ကြည့်ပြီး ပြောလိုက်သည်။ “တချို့အသက်ဓာတ်နှလုံးသားတွေက အားသုံးပြီး ယူလို့မရနိုင်ဘူး။ ဒါပေမဲ့ သံချပ်ကာဝတ်သားရဲက ဧရာမသားရဲဖြစ်တာတောင် ငါ သူ့ရဲ့အသက်ဓာတ်နှလုံးသားကို ယူချင်ရင် သူ ငါ့ကိုပေးရသေးတာပဲ”

မီးဇာမဏီ “...”

လူတိုင်းက ခေါင်းညိတ်လိုက်၏။

လုကျိုးက ဆက်ပြောလိုက်သည်။ “ဒါပေမဲ့ ဒီငွေရောင်ချပ်ဝတ်အစောင့်တစ်ထောင်ကျော်က မီးပင်လယ်ထဲမှာ အသက်ဆုံးရှုံးခဲ့ပြီး မဟာလေဟာနယ်က ဒီကိစ္စကို အလွတ်ပေးမှာ မဟုတ်ဘူး။ ဒါပေမဲ့ စိတ်ပူစရာမလိုဘူး။ အားလုံးဘေးကင်းလုံခြုံလိမ့်မယ်”

မီးဇာမဏီ “...”

ပြီးနောက် လုကျိုးသည် နတ်ခြင်္သေ့ကို ညင်သာစွာပုတ်လိုက်၏။

နတ်ခြင်္သေ့သည် အော်သံသဲ့သဲ့ပြုပြီးနောက် ပျံသန်းသွားကာ မင်္ဂလာချီများ လွှမ်းခြုံနေသည်။ လုဝူနှင့် ချန်ဟွမ်းက ဘယ်ညာခြံရံလျက် မီးဇာမဏီနှင့် မီးဇာမဏီငယ်လေးကို ကြည့်လိုက်၏။ သူတို့က ဘာမှမပြောဘဲ လှည့်ထွက်သွားတော့သည်။

ထိုစဉ် မီးဇာမဏီသည် ကျစ်ရွှီ၏ဖျက်ဆီးခြင်းတိုင်လုံးကို လှည့်ကြည့်လိုက်သည်။ မကြည့်မိလျှင် အဆင်ပြေ၏။ သို့သော် ယခုကြည့်မိချိန်၌ မီးဇာမဏီနောက်၌ ပုန်းနေသော ပုံရိပ်ကို တွေ့လိုက်ရသည်။

ထိုသူက ကျစ်ရွှီ၏ ဖျက်ဆီးခြင်းတိုင်လုံးကို စောင့်ကြပ်သည့် ဖုတ်ကောင်ဘုရင် မဟူရာမင်းသားပဲ ဖြစ်သည်။

မဟူရာမင်းသားအကြောင်း မကြားဖူးသည့် ကြမ်းတမ်းခက်ထန်သားရဲ မရှိပေ။ သူသည် အထွတ်အထိပ်သားရဲ ထိန်းကျောင်းသူ ဖြစ်ခဲ့ဖူး၏။ ဖုတ်ကောင်ဘုရင်အဖြစ် ပြောင်းလဲသွားသော်ငြား သူသည် ကြမ်းတမ်းခက်ထန်သားရဲများကို ခြိမ်းခြောက်နိုင်စွမ်းရှိသေးကာ သူတို့ကို အညံ့ခံလာအောင် လုပ်နိုင်သည်။

ရုတ်တရက်

“နေဦး... နေဦး”

ပထမဆုံးအနေဖြင့် မီးဇာမဏီသည် လူသားဘာသာစကားဖြင့်ပြောလာသည်။

မိစ္ဆာဝေဟင်မျှော်နန်းမှလူတို့သည် အံ့ဩသွားသော်ငြား အပြင်ဖက်တွင် တည်တည်ငြိမ်ငြိမ်ပုံဖြင့် လုကျိုးနောက် ဆက်လိုက်သွားသည်။

မီးဇာမဏီသည် တောင်ပံကိုဖျပ်လျက် မီးတောက်များစထုတ်ကာ မီးဇာမဏီလေးကို လွှမ်းခြုံထားပေသည်။

လုကျိုးသည် မီးဇာမဏီကို လျစ်လျူရှုထားပြီး ကျန်သည့်သူများကို ပြောလိုက်၏။ “ငါတို့မှာ အချိန်သိပ်မရှိဘူး။ မဟာလေဟာနယ်ကလူတွေ မကြာခင်ဒီကို ရောက်လာတော့မယ်”

“ရှစ်စွင်း ပြောတာမှန်တယ်။ ဒီကနေ မြန်မြန်ထွက်သွားရမယ်”

လူတိုင်းခေါင်းညိတ်လိုက်၏။

မီးဇာမဏီသည် တောင်ပံကိုဖြန့်လျက် ပျံသန်းကာ လုကျိုးရှေ့သို့လျှပ်ပြက်သည့်အရှိန်ဖြင့် ရောက်ချလာပြီး ရပ်လိုက်၏။

“ငှား... ငှားပေးမယ်” မီးဇာမဏီက ပြောလိုက်သည်။

မိစ္ဆာဝေဟင်မျှော်နန်းမှ လူများ “...”

လုကျိုးက မျက်နှာသေဖြင့်မေးလိုက်၏။ “မင်း စိတ်ပြောင်းသွားတာလား”

“ငါ... ငါ... အစတည်းက မပြောင်းခဲ့ဘူး” မီးဇာမဏီက ပြောလိုက်၏။

“မင်း လူသားဘာသာစကားကို ပြောနိုင်တယ်ဆိုပြီး ငါ့ရဲ့ရှစ်မေ့ ဘာသာပြန်ထားတာကို အပြစ်တင်ဖို့ မသင့်ဘူးမလား” မင်ရှစ်ရင်က ပြောလိုက်၏။

မီးဇာမဏီက လူတိုင်းကို မောက်မာထောင်လွှားစွာ ကြည့်လိုက်ပြီး ပြောလိုက်၏။ “ယုံ.. မယုံ.. မင်းတို့ပေါ်... မူတည်”

မီးဇာမဏီ၏စကားများက တောင့်တင်းပြီး ပြေပြစ်မှုမရှိပေ။ ၎င်း၏စကားများကို ဖြည်းဖြည်းချင်း မဆက်စပ်မိပါက နားလည်ရခက်ခဲသည်။

“အတော်လေးတော့ မောက်မာသားပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အပြောနဲ့အလုပ်နဲ့ညီ။ မြန်မြန် မင်းရဲ့အသက်ဓာတ်နှလုံးသားကိုပေး”

မင်ရှစ်ရင်က ပြောပြီး ပျံသန်းလိုက်၏။ သူ၏ရှစ်စွင်းအတွက်လုပ်ရန် မသင့်တော်သည့်ကိစ္စတချို့ရှိသည်။ ထို့ကြောင့် တပည့်တစ်ယောက်အနေဖြင့် သူကူညီပေးရမည်။ ထို့အပြင် ထိုကဲ့သို့ ဂုဏ်မောက်ခြင်းနှင့်ဝင့်ကြွားခြင်းတို့က သူ့အတွက် အသုံးမတည့်ပေ။

မီးဇာမဏီသည် တုန့်ဆိုင်းနေပြီးနောက် အသံတချို့ပြုလိုက်ပြန်၏။

လူတိုင်းက မီးဇာမဏီကိုလှည့်ကြည့်လိုက်သည်။

မင်ရှစ်ရင်က ခရုလေးပြောတာမစောင့်ဘဲ မေးလိုက်လေ၏။ “သူ့ရဲ့စကားကို ပြန်ရုပ်သိမ်းပြီး ငါ့ကို ဆူငေါက်နေတာမလား”

ခရုလေး “...”

ခရုလေးက ခေါင်းခါပြီးပြောလိုက်သည်။ မင်ရှစ်ရင်က မီးဇာမဏီကို စိုက်ကြည့်ပြီးပြောလိုက်သည်။

“အဆင်ပြေတယ်။ ငါ့ကို ပြော။ သူ ငါ့ကို ဆူပူနေတာပဲ”

ခရုလေးက‌ ပြောလိုက်သည်။ “သူ အသက်ဓာတ်နှလုံးသား ငှားပေးချင်ပေမဲ့ ရှစ်စွင်းက သုံးပြီးရင် ပြန်မပေးမှာ စိုးရိမ်နေတာ”

လုကျိုးက ပြောလိုက်၏။ “ငါက မင်းလိုမဟုတ်ဘူး။ စကားတည်တယ်”

ရှောင်ယွမ်အာသည် နောက်ဆုံး၌ သည်းမခံနိုင်တော့ပေ။ သူမ အစောတုန်းက ပြောချင်ခဲ့သော်ငြား သူမ၏လျှို့ရှစ်ကျဲက ထိန်းထားသည်။ ယခုအခေါက် သူမပျံထွက်သွားလျက် မီးဇာမဏီလေးကို လက်ညှိုးထိုးလျက် ပြောလိုက်၏။

“နင့်ကို ပျိုးထောင်ရတာ အချိန်ဖြုန်းတာပဲ။ နင်နဲ့နင့်အမေက ငါ့ရဲ့ရှစ်စွင်းကို ရာရာစစဖီဆန်ရဲတယ်ပေါ့။ ငါ နင့်အသက်ကိုကယ်ခဲ့ပြီး နင့်ကို အာဟာရဖြည့်ပေးဖို့ မဟာလေဟာနယ်မျိုးစေ့တောင် သုံးခဲ့တာ။ နင့်ရဲ့အသက်က အသက်ဓာတ်နှလုံးသားတစ်ခုနဲ့တောင် မယှဉ်နိုင်ဘူးလို့ မပြောနဲ့နော်။ ဪ အခု နင်အရွယ်ရောက်လာပြီဆိုတော့ ကြီးမြတ်နေပြီလို့ ထင်နေတာမဟုတ်လား”

လူတိုင်းက ဆွံ့အသွားလေ၏။

ရှောင်ယွမ်အာသည် လူတို့၏စိတ်နှလုံးကို လှုပ်ရှားသွားစေနိုင်သည့် မိန်းမလှလေးဖြစ်သည်။ သူမသည် ကျက်သရေရှိပြီး ကျော့ရှင်း၏။ သို့သော်ငြား မီးဇာမဏီလေးကို ဆူငေါက်နေသည့်အချိန်တွင် ဈေးထဲရှိ အဒေါ်ကြီးများနှင့် တူနေလေ၏။ မည်သို့ပင်ဆိုစေ သူမစကားထဲ၌ တပြားသားမှ အလိမ်အညာမပါ။

မီးဇာမဏီလေးသည် ရှောင်ယွမ်အာ၏ စကားကို ကြားသောအခါ ရှက်ရွံ့သွား၏။ ဆိုရလျှင် ရှောင်ယွမ်အာနှင့် ဆက်ဆံရေးကောင်းတစ်ခု ရှိသည်။ သူ ဥမှပေါက်လာစဉ် မိခင်နှင့်ခွဲနေရသည်။ ရှောင်ယွမ်အာက ၎င်းကို ကြင်ကြင်နာနာ ပျိုးထောင်ခဲ့ခြင်းက အနှိုင်းမဲ့ပေ၏။ အသက်ဓာတ်နှလုံးသားတစ်ခုကို မဆိုထားနှင့် ထိုကြင်နာမှုအတွက် အသက်ဓာတ်နှလုံးသား အနည်းငယ် ဖြည့်ပေးခြင်းကတောင် ကျေနိုင်မှာမဟုတ်ပေ။

မီးဇာမဏီလေးသည် ရုတ်တရက်တောင်ပံတဖျပ်ဖျပ်ခတ်လျင် ၎င်းမိခင်၏အကာအကွယ်အောက်မှ ရုန်းထွက်လိုက်သည်။ သူက ရှောင်ယွမ်အာကို လှည့်ပတ်နေ၏။ မီးတောက်များ ပျောက်ကွယ်သွားချိန်တွင် ၎င်းသည် ပခုံးကို တွန့်ပြီးနောက် သူ၏မိခင်ကို လှမ်းခေါ်လိုက်သည်။

မီးဇာမဏီ “...”

လူတိုင်းက ကြက်သေသေသွားလေ၏။

ဆန့်ကျင်ဖက်အနေဖြင့် ခရုလေးက မရယ်ဘဲ မနေနိုင်တော့ပေ။

မီးဇာမဏီက မှင်တက်သွား၏။

ကောင်းကင်၊ မြေကြီးနှင့် ဖျက်ဆီးခြင်းတိုင်လုံးနောက်၌ ပုန်းနေသည့် မဟူရာမင်းသားကို ကြည့်လိုက်သည်။ ပြီးနောက် ၎င်းက ခေါင်းညိတ်လိုက်၏။ ပြီးနောက် ၎င်း၏ဝမ်းဗိုက်ကို အနည်းငယ် လှုပ်ရှားလိုက်ကာ ပါးစပ်ဟပြီး နဂါးမောက်သီးနှင့် တူသည့်တောက်ပနေသော အနီရောင်အလုံး နှစ်ခုကို ထုတ်ပေးလိုက်သည်။

“နှစ်ခုလား”

လုကျိုးက ဇဝေဇဝါဖြစ်သွားသော်ငြား မငြင်းဆန်ခဲ့ပေ။

မီးဇာမဏီလေးသည် အသက်ပြင်းပြင်းရှူပြီးနောက် မီးတောက်များကို ငြှိမ်းလိုက်သည်။ ပြီးနောက် မူလနေရာသို့ ပြန်သွားပြီးနောက် အသက်ဓာတ်နှလုံးသားနှစ်ခုဆုံးရှုံးချိန်၌ အမူအရာက အနည်းငယ် အားလျော့သွားပုံ ပေါ်၏။

လုကျိုးသည် နတ်ခြင်္သေ့ကို ပုတ်လိုက်ရာ နတ်ခြင်္သေ့က အသံမြည်လာ၏။ လုကျိုး၏ စီးတော်သားရဲအနေနှင့် ၎င်း၏စိတ်နေသဘောထားက ကွက်တိကျသည်။

မီးဇာမဏီသည် အနည်းငယ် အနေခက်သောအမူအရာဖြင့် နတ်ခြင်္သေ့ကို ကြည့်လိုက်၏။ အဆင့်အတန်းအရ နတ်ခြင်္သေ့က မနိမ့်ကျပေ။ နတ်ခြင်္သေ့၏ သီးခြားဆန်မှုကြောင့် အနည်းငယ် စိတ်မသက်မသာဖြစ်ရုံသာ ဖြစ်၏။ နောက်ဆုံး၌ အော်သံတစ်ချက်ပြုလိုက်သည်။

ခရုလေးက ပြောလိုက်သည်။ “တစ်ခုက ရှစ်စွင်းအတွက်၊ တစ်ခုက မီးဇာမဏီလေးကို ပျိုးထောင်ပေးတဲ့ ကျိုးရှစ်ကျဲအတွက် ဒါပေမဲ့ အသက်ဓာတ်နှလုံးသားတွေ မြန်မြန်ပြန်ပေးဖို့ မျှော်လင့်ပါတယ်။ အသက်ဓာတ်နှလုံးသားက ခန္ဓာကိုယ်ကနေ ခွာသွားတာ ကြာသွားရင် စွမ်းအင်ဆုံးရှုံးသွားတယ်”

လုကျိုးက ခေါင်းညိတ်ပြီးပြောလိုက်သည်။ “ဟုတ်ပြီ။ ဒါပေမဲ့ ဒါအသက်ဓာတ်နှလုံးသားကို အသက်သွင်းရမဲ့နေရာ မဟုတ်ဘူး”

ခရုလေးက ပြောလိုက်ပြန်၏။

“တပည့်တို့ကို သွင့်ကျန်းဆီ ခေါ်သွားပေးနိုင်တယ်လို့ပြောတယ်”

“မင်းလား” လုကျိုးသည် မီးဇာမဏီကို မော့ကြည့်ပြီး ဇဝေဇဝါဖြစ်သွားလေ၏။

အံ့ဖွယ်မီးဇာမဏီသည် ၎င်း၏တောင်ပံကို ဖြန့်လျက် တဖျပ်ဖျပ်ခတ်လိုက်သည်။ ယခင်ကနှင့်တူ မီးတောက်မရှိပေ။ ၎င်း၏တောင်ပံသည် ပေထောင်ချီကျယ်ပြီး ကောင်းကင်ကိုလွှမ်းခြုံသွား၏။

“ကောင်းပြီ မီးဇာမဏီနဲ့သွားကြမယ်” လုကျိုးသည် လူတိုင်းကို ပြောလိုက်၏။

“နားလည်ပါပြီ”

ယဲ့ထျန်းရှင်းက ပြောလိုက်သည်။ “ရှစ်စွင်း တပည့်ချန်ဟွမ်းနဲ့ သွားပါ့မယ်။ ချန်ဟွမ်းက သားရဲဧကရာဇ်တစ်ပါး ဖြစ်နေပြီးပြီ။ အံ့ဖွယ်သားရဲလောက် အစွမ်းမထက်ပေမဲ့ မီးဇာမဏီက ချန်ဟွမ်းကို သယ်နိုင်မှာ မဟုတ်ဘူး”

တွမ့်မူရှန်းက ပြောလိုက်၏။ “ကျွန်တော်ကောပဲ”

လုကျိုးသည် ခဏတဖြုတ် စဉ်းစားပြီးနောက် ပြောလိုက်၏။ “ကောင်းပြီ။ ဒါပေမဲ့ ခရီးက အန္တရာယ် ရှိလိမ့်မယ်”

“စိတ်မပူပါနဲ့ ရှစ်စွင်း။ စန်းရှစ်ရှိုးနဲ့ တပည့် တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်ပေးပြီး ထိပ်တိုက် မတွေ့မိအောင် ရှောင်ပါ့မယ်” ယဲ့ထျန်းရှင်းက ပြောလိုက်၏။

“ဟုတ်ပြီ” လုကျိုးသည် သူ၏အိတ်ထဲမှ ကျောက်စိမ်းအဆောင်ကို ထုတ်ပေးပြီး ပြောလိုက်သည်။

“ဒါက စုပေါင်းပို့ဆောင်ရေး ကျောက်စိမ်းအ‌ဆောင်ပဲ။ ကောင်းကောင်းသိမ်းထား”

ယဲ့ထျန်းရှင်းက ရင်ထဲထိတ်ကနဲ ဖြစ်သွား၏။ ပြီးနောက် သူမက ချန်ဟွမ်း၏ကျောပေါ်ရပ်ကာ တလေးတစား ဦးညွှတ်လိုက်သည်။ “နှုတ်ဆက်ပါတယ်ရှစ်စွင်း”

တွမ့်မူရှန်းကလည်း ဦးညွှတ်လိုက်၏။

လုကျိုးနှင့် ကျန်သည့်သူများက မီးဇာမဏီအပေါ်ခုန်တက်လိုက်၏။

မီးဇာမဏီက ကြီးမားလွန်းသဖြင့် မိစ္ဆာဝေဟင်မှလူများသည် ၎င်း၏ကျောပေါ်၌ နေရာအနည်းငယ်သာ ယူထားသည်။

ဝှစ်

မီးဇာမဏီက တောင်ပံကိုခတ်ကာ မြင့်မြင့်ပျံသန်းလိုက်၏။ တောင်ပံတချက်ခတ်ရုံဖြင့် မိုင်ကိုးသောင်းအကွာအဝေးကို လွှမ်းခြုံနိုင်ပြီး တိမ်တိုက်ထဲရှိလေဟုန်ကို စီးနိုင်သည်။ မျက်တောင်တခတ်အတွင်း လူတိုင်း၏ အံ့ဩမှင်တက်နေသည့် အကြည့်အောက်၌ ပျောက်ကွယ်သွားသည်။

ပြီးနောက် ယဲ့ထျန်းရှင်းက ချန်ဟွမ်း၏ကျောပေါ်တွင် ထိုင်လျက်ပြောလိုက်၏။ “သွားကြမယ် စန်းရှစ်ရှိုး၊ လုဝူ”

“သွားမယ်”

သားရဲဧကရာဇ်နှစ်ပါးသည် လေထဲပေနှစ်သောင်းခန့်ခုန်တက်ပြီး ပျံသန်းသွားသည်။

ကျစ်ရွှီ၏ဖျက်ဆီးခြင်းတိုင်လုံးဆီ တိတ်ဆိတ်ခြင်းပြန်ရောက်လာပေ၏။

မူလက စိမ်းစိုနေခဲ့သောနေရာသည် မည်းနက်သွားပြီဖြစ်သည်။ ထိုစဉ် မဟူရာမင်းသားသည် တိုင်လုံးနောက်မှ တွားသွားထွက်လာ၏။ ၎င်း၏လက်နှစ်ဖက်ကိုဖြတ်ကာ မျက်ကွင်းများ ညိုမည်းနေသည့် မျက်လုံးဖြင့် ကောင်းကင်ကို မော့ကြည့်ပြီး ဆူညံသံတချို့ပြုလိုက်၏။ ပြီးနောက် သူသည် အရူးတစ်ယောက်ပမာ ဂူထဲသို့ ပြေးဝင်သွားသည်။ ပြီးနောက် မဟူရာမင်းသားသည် အချိန်အတော်ကြာသည်အထိ ထွက်မလာခဲ့ပေ။

ကျစ်ရွှီ၏ဖျက်ဆီးခြင်းတိုင်လုံး၏ အဖြစ်အပျက်သည် ကျန့်ဝမ်ရွှီ၏ နားထဲရောက်ဖို့ အချိန်သိပ်မကြာလိုက်ပေ။

သူ၏လက်အောက်ငယ်သား သတင်းပို့တာကို နားထောင်ပြီးနောက် ဒေါသထွက်သွားတော့သည်။ သူက ကြုံးဝါးလိုက်သည်။ “ငွေရောင်ချပ်ဝတ်အစောင့် ၃၀၀၀လုံးမရှိတော့ဘူးဆိုတာ ဘာကိုပြောတာလဲ”

“သခင် ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ။ တရားခံက မီးဇာမဏီပါ။ ဘာမှတတ်နိုင်တာမရှိဘူး”

ကျန့်ဝမ်ရွှီ၏ဒေါသက မပြေသွားပေ။ “ငွေရောင်ချပ်ဝတ်အစောင့်တွေက နတ်ဆိုးနဂါးအံ့ဖွယ်သားရဲတစ်ကောင် ခေါ်သွားတာပဲ။ ရန်သူကို အနိုင်မယူနိုင်ရင်တောင် အမြစ်ပြတ်သုတ်သင်ခံရတာ မဖြစ်သင့်ဘူးလေ”

လူများစွာရှိနေလေရာ လူတစ်ယောက်တောင်မလွတ်တာက ယုတ္တိမရှိ။ ထိုတွင်မက အဆင့်မြင့်အမွေအနှစ်ဖြင့် ဖန်တီးထားသည့် သူ၏ရုပ်ပုံလွှာကတောင် သေဆုံးသွားသည်။ သူ စိတ်ရှုပ်ထွေးသွားလေ၏။

“ကျန့်သုံ့ရှန်းအကြောင်းကကော” ကျန့်ဝမ်ရွှီက မေးလိုက်သည်။

ကျန့်သုံ့ရှန်း၏အလောင်းကို ရှာတွေ့လျှင် အံ့ဖွယ်အမွေအနှစ်ဖြင့် ကျန့်သုံ့ရှန်း၏မှတ်ဉာဏ်ကို တူးဆွပြီး အဖြစ်အပျက်ကို ဖော်ထုတ်နိုင်လိမ့်မည်။

လက်အောက်ငယ်သားက ပြောလိုက်သည်။ “ကျန့်သုံ့ရှန်းရဲ့ ခြေရာလက်ရာမရှိပါဘူး။ ဒါပေမဲ့ ရွှမ်းယွီနန်းတော်ရဲ့ အနက်ရောင်အစောင့်တွေဆီက သတင်းကြားတာတော့ ရွှေကြာကျင့်ကြံသူတစ်ယောက်က ကျန့်သုံ့ရှန်းလို့ ခေါ်တယ်တဲ့။ အနက်ရောင်အစောင့်တွေထဲက အနက်‌ရောင်ချပ်ဝတ်အစောင့်တချို့က အထွတ်အမြတ်ခန်းမဆီသွားပြီး ဖြေရှင်းချက်တောင်းမယ်လို့ ကြားမိပါတယ်။ ဒါပေမဲ့ ရလဒ်ကို မသိရသေးဘူး”

“အနက်ရောင်အစောင့်တွေ” ကျန့်ဝမ်ရွှီသည် ထိုအစောင့်များအကြောင်းကြားသောအခါ ဒေါသထွက်လာသည်။ သူတို့နဲ့တောင် စာရင်းမရှင်းရသေးဘူး။ သူတို့က ရှန်းယန်ဖျက်ဆီးခြင်းတိုင်လုံးမှာ ငါ့ရဲ့ငွေရောင်အစောင့်ရာချီကို သတ်ခဲ့တာ။ ဒါတောင်မှ ခန်းမသခင်ဆီ ဖြေရှင်းချက်တောင်းရဲသေးတယ်ပေါ့”

ခဏအကြာ၌ ကျန့်ဝမ်ရွှီက ပြောလိုက်သည်။ “ငါ အထွတ်အမြတ်ခန်းမကို သွားမယ်”

တချိန်တည်းတွင် ကျစ်ရွှီ၏ဖျက်ဆီးခြင်းတိုင်လုံး၏အဖြစ်အပျက်သည် ရှီဟယ်ခန်းမသို့ ပျံ့နှံ့သွား၏။ လန်ရှီဟယ်က စိတ်ရှုပ်ထွေးသွားသည်။

“အဲ့ဒီနေရာကနေ ရှီဟယ်ခန်းမကို ပြန်ရောက်တာ သိပ်မကြာသေးဘူး။ အဲ့ဒီတုန်းက ပုံမှန်ပဲ ဘာကြောင့် ကုန်းမြေက အက်ကွဲသွားတာလဲ”

“ဒါက အထွတ်အမြတ်ခန်းမရဲ့စုံ စမ်းစစ်ဆေးမှုရလဒ်ပါ။ အမှားမရှိလောက်ဘူး။ ငွေရောင်ချပ်ဝတ်အစောင့် ၃၀၀၀လုံး မရှိတော့ဘူးလို့ကြားတယ်”

“ကျန့်ဝမ်ရွှီက အမြဲတမ်းမောက်မာထောင်လွှာတယ်လို့ကြားတာ။ အဲ့ဒီတုန်းက ရွှေကြာထဲမှာ ဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့ရပြီးတာတောင် သူက တူနေတုန်းပဲ” လန်ရှီဟယ်က ပြောသည်။

“ဆရာပြောတာမှန်တယ်”

လန်ရှီဟယ်၏မျက်နှာထက်တွင် အပြုံးတစ်ပွင့်ပေါ်လာပြီး ရုတ်တရက်ပြောလိုက်တော့သည်။ “အခု ငွေရောင်ချပ်ဝတ်အစောင့် ၃၀၀၀ သေပြီ။ သူက ထိုင်နေနိုင်မှာတော့မဟုတ်ဘူး။ ခန်းမသခင်ကို သွားရှာမှာ သေချာတယ်။ ဒီမှာနေခဲ့။ ငါ ပြန်လာမယ်”

“ဟုတ်ကဲ့”

ပြီးနောက် လန်ရှီဟယ်သည် လေထဲပျောက်ကွယ်သွားသည်။ ခဏအကြာ အထွတ်အမြတ်ခန်းမထဲတွင် ဖြစ်သည်။

အမှန်တရားချိန်ခွင်က စောင်းသွား၏။ ခဏအကြာတွင် တက်လိုက်ကျလိုက်ဖြစ်သွားပြီး မျှခြေမညီမမျှမှုက ပေါ်လာသည်။

All Chapters