အခန်း (၁၄၅၃-၁၄၅၅)
Vol. 97 Ch. 1453-1455
အခန်း (၁၄၅၃) မိတ်ဆွေဟောင်းများ
အဖိုးအို၏မျက်နှာ၌ သံသယများပြည့်နေ၏။ နောက်တကြိမ်ကြည့်ပြီးနောက် ၎င်းသည် အမှန်တကယ် ရွှေရောင်လက်ဝါးစည်းတံဆိပ်ဖြစ်ကြောင်း အတည်ပြုလိုက်နိုင်သည်။ သူ စိတ်ရှုပ်ထွေးသွားလေ၏။ လုထျန်းထုံသည် အနက်ရောင်ကြာနယ်မြေကို အုပ်စိုးခဲ့ဖူးသည့် အနှိုင်းမဲ့ပညာရှင်တစ်ယောက်ဖြစ်သည်။ မည်သည့်အချိန်ကစပြီး လုထျန်းထုံသည် ရွှေကြာဖြစ်သွားသနည်း။ လုထျန်းထုံကို တခြားတစ်ယောက်နှင့် အမြင်မှားသလားဟုတောင်တွေးမိသွားပြီး သူ့ကိုယ်သူ သံသယဝင်မိသွား၏။
အဖိုးအိုက အတွေးနစ်နေစဉ် လက်ဝါးစည်းတံဆိပ်က သူ့ရှေ့သို့ရောက်လာပြီဖြစ်သည်။ တာအိုစွမ်းအားက ရှေ့သို့ပေါ်ထွက်လာ၏။ လေဟာနယ်အက်ကွဲကြောင်းက ပေါ်ထွက်လာမည့်အချိန်၌ ရှီဖုန်းက အသံတိုးတိုးဖြင့် ပြောလိုက်၏။ “အေးခဲစေ”
မြေပြင်ပေါ်၌ လျှပ်စီးတန်းများချက်ချင်းပေါ်လာပြီး သူတို့လမ်းကြောင်းရှိ အရာအားလုံး၊ လူအားလုံးကို ရပ်တန့်သွားစေသည်။
ဖုန်း
ရွှေရောင်လက်ဝါးစည်းတံဆိပ်သည် အဖိုးအို၏ရင်ဘတ်ပေါ် ကျရောက်သွား၏။ သူက တာအိုစွမ်းအားကနေ လေဟာနယ်နိယာမကို သဘောပေါက်ထားတော့ကော ဘာအရေးလဲ။ အချိန်နိယာမနဲ့ ရင်ဆိုင်တဲ့အချိန် အရိုက်ခံရဦးမှာပဲ။
အချိန်ဆက်သွားသည့်အချိန်၌ ထိုအဖိုးအိုသည် နောက်သို့ယိုင်သွားသည်။
ထိုစဉ် လုကျိုးသည် မဟာသူတော်စင်တစ်ပါး၏စွမ်းအားကို မြင်တွေ့နိုင်ပြီဖြစ်သည်။ အဖိုးအိုသည် ထိုအကွက်ကို လက်ခံပြီးနောက် သေချာစွာအရေးနိမ့်မည်ဟု သူ ထင်ခဲ့၏။ သို့သော် အဖိုးအိုသည် နောက်သို့လွင့်ထွက်သွားချိန်၌ လေထဲရုတ်တရက်ပျောက်သွားတော့သည်။
အဖိုးအိုသည် လေဟာနယ်ထဲ ခရီးနှင်ပုံပေါ်သည်။ လုကျိုးရှေ့သို့ ပြန်ပေါ်လာသည့်အခါ လက်ဝါးရိုက်ချက်ဖြင့် ရိုက်ချလိုက်၏။
တစ်ဖန် ပြိုင်ဖက်နှစ်ယောက်၏လက်ဝါးချင်းတိုက်မိသွားသည်။
ဖုန်း ဖုန်း ဖုန်း
နောက်ထပ်ပေတစ်သောင်းခန့်ရှည်သည့်စည်းတံဆိပ်သည် ပေါ်ထွက်လာလေ၏။ မြေပြင်ပေါ် ထိမှန်သွားသည့်အခါ ရှည်လျားကျဉ်းမြောင်းသည့် အက်ကြောင်းတစ်ခု ဖန်တီးလိုက်သည်။ ပြိုင်ဖက်နှစ်ယောက်က တစ်ပြိုင်နက်တည်း နောက်ဆုတ်လိုက်ကာ တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်လိုက်သည်။
လုကျိုး၏ လက်ဝါးက ထုံကျဉ်သွားတော့သည်။ သူသည် မဟာသူတော်စင်၏ ခွန်အားကြောင့် အနည်းငယ် အံ့ဩသွားလေ၏။
ယေဘူယျအားဖြင့် မဟာသူတော်စင်သည် တာအို၏သဘောကို နားလည်သဘောပေါက်နိုင်စွမ်းရှိပြီး အချိန်နှင့် လေဟာနယ်နိယာမကို သဘောပေါက်သည်။ သူတို့သည် သတ်မှတ်ထားသောအတိုင်းအတာအတွင်း သတ်မှတ်ထားသောအတိုင်းအတာအထိ အချိန်နှင့် လေဟာနယ်ကို ထိန်းချုပ်နိုင်သည်။ ထိုနိယာမနှစ်ခုသည် တာအိုစွမ်းအားထဲ၌ အမြင့်ဆုံးနိယာမနှစ်ခု ဖြစ်သည်။
လုကျိုးသည် သူ့ရှေ့ရှိလူက အခြားသောနိယာမများကို နားလည်သဘောပေါက်သည်ဟု ခံစားမိသည်။ သူသည် အဖိုးအိုကို မျက်တောင်မခတ် စိုက်ကြည့်နေ၏။ ကံကောင်းသည်မှာ မဟာလေဟာနယ်သည် ဤနေရာသို့ မဟာသူတော်စင်တစ်ပါးသာ ပို့ဆောင်ခဲ့သည်။ မဟာသူတော်စင်က နတ်ဝိညာဉ်ပုလဲ ဖွဲ့တည်ပြီးပြီဆိုလျှင် အသေရိုက်ချက်ကတ်အနည်းဖြင့်တောင် သူ့ကို သင်ခန်းစာ ပေးနိုင်သေး၏။ သူ၏ပြိုင်ဖက်ကို ဖြေရှင်းပြီးနောက် ဖျက်ဆီးခြင်းတိုင်လုံးသို့ ဝင်ရန် ပြဿနာရှိတော့မှာ မဟုတ်ပေ။
မဟာလေဟာနယ်သည် တာအိုသူတော်စင် သို့မဟုတ် မဟာတာအိုသူတော်စင်ကို ဤနေရာသို့ လွှတ်ခဲ့လျှင် သူသည် အချိန်နေရာကို သုံးပြီး စုပေါင်းကျောက်စိမ်းပို့ဆောင်ရေးအဆောင်ကို သုံးပြီး သူ့တပည့်များနှင့် ထွက်ပြေးနိုင်၏။
အဖိုးအိုသည် လုကျိုးကို တအံ့တဩကြည့်လိုက်သည်။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် သူက မေးလိုက်သည်။ “မင်း တိုက်ခိုက်တာ ပြီးပြီလား”
“ခင်ဗျားကော”
“လောင်လု ရွှေရောင်လက်ဝါးစည်းတံဆိပ်ကို မင်း သုံးတဲ့အချိန် ငါ မင်းကို တခြားတစ်ယောက်နဲ့ မှားသွားတယ်လို့ ထင်နေတာ။ ဒါပေမဲ့ မင်းရဲ့လက်ဝါးစည်းတံဆိပ်ထဲမှာ ပါတဲ့စွမ်းအားက ငါ့ကို မလှည့်စားနိုင်ဘူး။ မင်းက လုထျန်းထုံပဲ။ ငါ့ကို မသိချင်ယောင်ဆောင်နေရင် မင်းကို တိုင်လုံးထဲ ဝင်ခွင့်ပေးမှာမဟုတ်ဘူး” အဖိုးအိုက ပြောလိုက်၏။
လုကျိုးသည် သူ၏ကာကွယ်ရေးစွမ်းအင်ကို ဖယ်ရှားပစ်လိုက်သည်။ တစ်ဖက်သူက ဇွဲရှိနေသောကြောင့် သူ လိုက်ပြောရုံသာ ရှိသည်။ မလိုအပ်ဘဲ တိုက်ခိုက်စရာ မလိုအပ်ပေ။ ထို့အပြင် ဤအဖိုးအို၏ စကားအရ အဖိုးအိုသည် သူ့အား ပြဿနာမရှာဘဲ ဖျက်ဆီးခြင်းတိုင်လုံးထဲ ဝင်ခွင့်ပေးမည့်ပုံ ပေါ်သည်။
လုကျိုးက မေးလိုက်လေ၏။ “ခင်ဗျားက ဘယ်သူလဲ”
ထိုအဖိုးအိုက ပြုံးပြီးပြောလိုက်သည်။ “လွန်ခဲ့တဲ့နှစ်သုံးသောင်းကျော်တုန်းက ငါကလွဲရင် ဆရာသခင်တွမ့်မူပဲ အနက်ရောင်ကြာနယ်မြေထဲမှာ မင်းကို ယှဉ်နိုင်တာ။ ဒါပေမဲ့ ငါက ဆရာသခင်တွမ့်မူ မဟုတ်တော့ဘူး။ ငါ့ရဲ့ ကျင့်ကြံဆင့်က မင်းထက်ပိုမြင့်နေပြီးပြီ လောင်လု။ မင်းကို အနိုင်ကျင့်တယ်လို့ မပြောနဲ့။ မင်း အစောတုန်းက ငါ့ကို ခြုံခို မတိုက်ရင် မင်းပဲ ရှုံးမှာ”
“ခင်ဗျားက တွမ့်မူထျန်းလား” လုကျိုးက တအံ့တဩမေးလိုက်သည်။
“နောက်ဆုံးတော့ မှတ်မိသွားပြီပေါ့” တွမ့်မူထျန်းသည် လုကျိုးဆီလျှောက်လာသည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် ခင်မင်မှုသည် မှေးမှိန်မသွားပေ။ သူတို့ဘေးချင်းယှဉ်တိုက်ခိုက်ခဲ့ကာ သေရေးရှင်ရေး အခြေအနေများစွာကို အတူတကွ ဖြတ်ကျော်ခဲ့ဖူး၏။ အတိတ်တုန်းက မှတ်ဉာဏ်များ သူ့စိတ်ထဲ၌ ပေါ်လာသည်။
တွမ့်မူထျန်းသည် လုကျိုးရှေ့ရောက်လာသည့်အချိန်၌ လုကျိုး၏ပခုံးကို ပုတ်လိုက်သည်။ တကယ်တော့ သူ လုကျိုးကို ဖက်ချင်တာဖြစ်သည်။ သို့သော် လုကျိုး၏ တောင့်ခံမှုကို မြင်သောအခါ သူ မဖက်ဖို့ ဆုံးဖြတ်ကာ မေးလိုက်သည်။ “မင်း မလိမ်ဘူးလား”
လုကျိုးက မေးလိုက်၏။ “မင်း တကယ်ငါ့ကို သေစေချင်တာလား”
“မဟုတ်ဘူးပေါ့” တွမ့်မူထျန်းက သက်ပြင်းချပြီးပြောလိုက်သည်။ “အဲ့ဒီတုန်းက ငါတို့ အနက်ရောင်ကြာနယ်မြေကို ဖိနှိပ်ဖို့အတူ အလုပ်လုပ်ခဲ့တာ။ ငြိမ်းချမ်းပြီးစည်ပင်ဝပြောတဲ့ ခေတ်ကာလဖြစ်ခဲ့တယ်။ ငါတို့ကို လူတိုင်းက လေးစားခဲ့တာ။ မဟာလေဟာနယ်က ငါတို့ကို လာခေါ်သွားလိမ့်မယ်မှန်း ဘယ်သူကသိမှာလဲ။ အဲ့ဒီကိစ္စပြီး မင်း ရုတ်တရက် ပျောက်သွားရတဲ့ အကြောင်းအရင်းကို ငါ အခုထိမသိသေးဘူး”
“ပျောက်သွားတာလား” သူသည် လုထျန်းထုံမဟုတ်သောကြောင့် ဤအကြောင်းအရာကို ဘာမှမသိပေ။
တွမ့်မူထျန်းက ပြုံးပြီး ပြောလိုက်၏။ “မဟာလေဟာနယ်ထဲ ငါတို့တပြိုင်နက်ထဲ ဝင်ခဲ့ပြီး ငါတို့ရှေ့မှာ တောက်ပတဲ့အနာဂတ် ရှိတယ်။ ဘာလို့ရုတ်တရက် ပျောက်သွားလဲဆိုတာ ဘယ်သူသိမှာလဲ။ ဒီအကြောင်းကို မေ့သွားတာလား”
လုကျိုးက ခေါင်းအနည်းငယ်ညိတ်လျက် သူ မမှတ်မိကြောင်း ညွှန်ပြနေသည်။
တွမ့်မူထျန်းက လုကျိုးကို လှည့်ပတ်ကြည့်ပြီးနောက် လုကျိုး၏တပည့်များကို ကြည့်ကာ မေးလိုက်သည်။ “သူတို့တွေက”
“ကျုပ်ရဲ့တပည့်တွေ” လုကျိုးက ပြန်ပြောလိုက်၏။
တွမ့်မူထျန်းက သက်ပြင်းချလိုက်၏။ “ဒီတော့ မင်းရဲ့ကျင့်ကြံမှုလမ်းစဉ်ကို လက်ဆင့်ကမ်းတော့မလို့လား။ အဆုံးကျ မင်းလိုချင်တာရပြီပဲ”
ထိုစကားလုံးများသည် လုကျိုးအား သက္ကတကျမ်းစာကို သတိရသွားစေ၏။ လုထျန်းထုံက ဆိုးယုတ်သူတစ်ပါးရဲ့ သက္ကတကျမ်းစာကို ရပြီး တပည့်လက်ခံဖို့ ပြင်ဆင်ခဲ့တာလား။
လုကျိုးက တည်ငြိမ်စွာပြောလိုက်သည်။ “အချိန်အတော်ကြာသွားပြီ။ ကိစ္စအများကြီး မေ့သွားခဲ့တယ်”
“မင်းမေ့သွားတာ ကောင်းတယ်” တွမ့်မူထျန်းက ပြောပြီးရှေ့တိုးကာ လုကျိုး၏လက်မောင်းကို ပုတ်လိုက်ပြန်၏။ ပြီးနောက် လုကျိုးကို ခြံဝင်းထဲဆွဲခေါ်လျက် ပြောလိုက်သည်။ “မင်းရဲ့ကျင့်ကြံမှုက တိုးလာပြီ။ ခန်းမသခင်ကို တွေ့ဖို့အတွက် ငါနဲ့အတူ မဟာလေဟာနယ်ကို ပြန်ဖို့အချိန်ကောင်းပဲ”
လုကျိုးက လက်ဝေ့ယမ်းလျက် ပြောလိုက်သည်။ “မဟာလေဟာနယ်ကို ပြန်ဖို့အလျင်မလိုဘူး”
“ဘာကိုဆိုလိုတာလဲ”
“မဟာလေဟာနယ်ကလူတွေက ငါ့ကိုထိခိုက်အောင် လုပ်ချင်နေတာ။ သူတို့ဆန္ဒရှိတဲ့အတိုင်း ဘယ်လိုလုပ် ခွင့်ပြုနိုင်ပါ့မလဲ” လုကျိုးက ပြောလိုက်၏။
ထိုစကားကိုကြားသောအခါ တွမ့်မူထျန်း၏ မျက်နှာထက်တွင် အံ့ဩမှုအရိပ်အယောင်ပေါ်လာ၏။
“မဟာလေဟာနယ်ကလူတွေ မင်းကို သတ်ချင်နေတာကြောင့် ရုတ်တရက်ပျောက်သွားတာလား”
တွမ့်မူထျန်း၏ အမူအရာက မှောင်မည်းသွားကာ လက်ဝါးစည်းတံဆိပ်တစ်ခု ထုတ်သုံးလိုက်သည်။
ဖုန်း
လက်ဝါးစည်းတံဆိပ်သည် ကုလားထိုင်ကို ဖုန်မှုန့်အဖြစ် ချက်ချင်းပြောင်းလဲသွားစေသည်။
“ဒါ လွန်တာပဲ။ မင်းက မျှခြေထိန်းသိမ်းဖို့ ခွန်းနဲ့အဆုံးမဲ့သမုဒ္ဒရာဆီ သွားတယ်လို့ သူတို့ငါ့ကိုပြောခဲ့တာ”
တွမ့်မူထျန်းက အခဲမကျေစွာပြောလိုက်၏။
လုကျိုးက နှာမှုတ်လိုက်သည်။ “ငါ့ရဲ့ကျင့်ကြံဆင့်နဲ့ ဘယ်လိုလုပ် ခွန်းကို ယှဉ်နိုင်မှာလဲ”
တွမ့်မူထျန်းက ခေါင်းညိတ်လိုက်၏။ “အခုစဉ်းစားကြည့်တော့မှ ဟုတ်သားပဲ။ အဲ့ဒီတုန်းက ငါ အမြင်ကွယ်နေတာ။ လူဆိုးတွေလှည့်စားတာ ခံခဲ့ရတယ်။ မင်းကို ဘယ်လိုလုပ် အကောက်ကြံတာလဲ။ ငါ့ကိုပြော ခန်းမသခင်ကို သွားတိုင်မယ်”
အစ၌ လုကျိုးသည် တွမ့်မူထျန်းသည် တိုက်ရိုက်ဆန်ပြီး သဘောပေါက်မှုနှေးကွေးသော သူ၏မျိုးဆက်တွမ့်မူရှန်းနှင့် မတူဘဲ အနည်းငယ်ဉာဏ်ကောင်းလိမ့်ထင်ခဲ့သည်။ သို့သော် ယခုမှု စကားပြော အနည်းငယ်မြန်သည်မှအပ တွမ့်မူထျန်း၏ဦးနှောက်သည် တွမ့်မူရှန်းနှင့် ကွဲပြားခြားနားပုံ မပေါ်။ သူတို့နှစ်ယောက် သွေးသားတော်စပ်တာ သံသယဖြစ်ဖွယ်မရှိပေ။
“ဒီကိစ္စက အဲ့လောက်မရိုးရှင်းဘူး။ ငါ့ကို အကွက်ချတဲ့သူက ခန်းမသခင်ဖြစ်နေရင် ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားမိဖူးလား”
တွမ့်မူထျန်းက မှင်တက်သွားသည်။ ပြီးနောက် သူ ခေါင်းခါလျက်ပြောလိုက်၏။ “မဖြစ်နိုင်တာ”
“ဘယ်လိုလုပ် ဒီလောက်သေချာနေတာလဲ” တွမ့်မူထျန်းက လောကကြီးထဲက မျှခြေကို ထိန်းသိမ်းဖို့ တာဝင်ယူထားတဲ့သူ။ သူက တရားမျှတမှုချိန်ခွင်ကို ပိုင်ဆိုင်ထားတယ်။ မဟာလေဟာနယ်မှာ အလေးစားခံရဆုံးလူပဲ။ အဲ့ဒီတုန်းက မင်းက သာမန်ဆရာသခင်တစ်ပါးပဲရှိသေးတာ။ သူက ဆရာသခင်တစ်ပါးကို ဘာကြောင့်ဖြေရှင်းချင်ရမှာလဲ။ ကုန်းမြေအက်ကွဲသွားပြီး ပေါက်ကွဲချိန်ကစပြီး နှစ်ပေါင်းတစ်သိန်း လွန်သွားခဲ့ပြီ။ မဟာလေဟာနယ်က မရေမတွက်နိုင်တဲ့ ကျွမ်းကျင်သူတွေ ခေါ်ခဲ့တယ်။ သူက မင်းတစ်ယောက်တည်း ဘာကြောင့်အခက်အခဲဖြစ်အောင်လုပ်မှာလဲ” တွမ့်မူထျန်းက မေးလိုက်၏။ လုကျိုးက စဉ်းစးလိုက်သည်။ ဒီလိုခွဲခြားစိတ်ဖြာတဲ့အချိန်မှာ ငါက နှေးတယ်လို့မှ မပြောနိုင်တာ။
မည်သို့ပင် ဆိုစေကာမူ လုကျိုးက မရှင်းပြခဲ့ပေ။ သူက လုထျန်းထုံမဟုတ်။ လုထျန်းထုံ၏ ကိစ္စရပ်များကို လေးလေးနက်နက် နားလည်သဘောပေါက်ခြင်းမရှိပေ။ သူက ပြောလိုက်၏။
“မဖြစ်နိုင်လေ ဖြစ်နိုင်ခြေ ပိုများလေပဲ”
တွမ့်မူထျန်းက ဆွံ့အသွားသည်။
လုကျိုးက ဆက်ပြောလိုက်သည်။ “ငါက လုထျန်းထုံလို့ တကယ်ထင်ရင် ဒီကိစ္စကို လျှို့ဝှက်ထားသင့်တယ်”
တွမ့်မူထျန်းက တိတ်ဆိတ်သွားတော့သည်။ ထိုစဉ် သူတို၏စကားဝိုင်းကို နားလည်တာကြာပြီဖြစ်သော ယဲ့ထျန်းရှင်းက ပြုံးလျက် ဆက်ပြောလိုက်သည်။ “ရှစ်စွင်းနဲ့ ချန်းပေ့က နှစ်ပေါင်းသောင်းချီကြာ မတွေ့တဲ့ မိတ်ဆွေဟောင်းတွေကိုး။ ဘာမှမှားတာမရှိရင် ရှစ်စွင်းက မဟာလေဟာနယ်ကို ဘယ်လိုလုပ် မပြန်လာဘဲနေပါ့မလဲ”
“ပြောတာယုတ္တိရှိသားပဲ” ထျန်းမူထျန်းက ခေါင်းညိတ်လိုက်၏။
“ချန်းပေ့ ချန်းပေ့က အနက်ရောင်ကြာနယ်မြေကနေထွက်သွားတာ ကြာပြီဆိုပေမဲ့ ကျွန်မရှစ်စွင်း အကြောင်းကြားမိမှာ သေချာတယ်” ယဲ့ထျန်းရှင်းက ပြောလိုက်၏။
“ဟမ်” တွမ့်မူထျန်း၏အမူအရာက အနည်းငယ်သဘာဝမကျသလိုဖြစ်သွားသည်။ သူက စဉ်းစားလိုက်၏။ လုထျန်းထုံ မင်းက အရှက်မရှိတာပဲ။ တွမ့်ကျန်းရဲ့ဖျက်ဆီးခြင်းတိုင်လုံးမှာ ငါ့ရဲ့ရှေ့ ကြွားလုံးထုတ်ချင်သေးတယ်ပေါ့။
မည်သို့ပင်ဆိုစေ မိတ်ဆွေဟောင်းများဟူသော ဆက်ဆံရေးကို ထောက်ထားပြီး တွမ့်မူထျန်းက အလွန်ပူးပေါင်းဆောင်ရွက်သည်။ သူ သက်ပြင်းချပြီး ပြောလိုက်၏။ “အဲ့ဒီတုန်းက မင်းရဲ့ရှစ်စွင်းက တော်တော်နာမည်ကြီးခဲ့တာ။ အလေးစားခံ ဆရာသခင်ပဲ။ အဲ့ဒီအကြောင်း ပြောစရာမလိုဘူး”
ယဲ့ထျန်းရှင်း “...”
“ကျွန်မ ဆိုလိုတာက ကျွန်မရှစ်စွင်းက မဟာလေဟာနယ်က လူတွေနဲ့အကြိမ်တချို့တိုက်ခိုက်ခဲ့ပြီးပြီ ဆိုတာပါ” ယဲ့ထျန်းရှင်းက ပြောလိုက်၏။
တွမ့်မူထျန်းက လုကျိုးကို ကြည့်ပြီး အထိတ်တလန့်မေးလိုက်သည်။ “မင်း ပုန်ကန်ဖို့ ပြန်ဆင်နေတာလား”
…
အခန်း (၁၄၅၄) မဟာသူတော်စင်၏ အကူအညီ
"ပုန်ကန်တာလား" လုကျိုး မျက်မှောင်ကြုတ်လိုက်ပြီးနောက် လှောင်ပြုံးပြုံးသည်။ ထို့နောက် သူသည် လက်များကို နောက်ကျောတွင် ချိတ်ထားပြီး ပြောလိုက်သည်။
"ငါက မဟာလေဟာနယ်ရဲ့ အဖွဲ့ဝင် တစ်ယောက်မှ မဖြစ်ဖူးဘူး၊ ဒါဆို ဘယ်လိုလုပ် ပုန်ကန်တာ လုပ်နိုင်နိုင်မှာလဲ"
တွမ့်မူထျန်း အနည်းငယ် ခေါင်းညိတ်ပြီး "မင်း ပြောတာ မှန်တယ်။ မင်းက အဲ့ဒီတုန်းက တကယ် စည်းကမ်းမဲ့ပြီး ခေါင်းမာခဲ့တာ။ လူတွေအတွက် မင်းနဲ့ စကားပြောရတာ တကယ် ခက်ခဲခဲ့တယ်"
လုကျိုးက မေးသည်။
"မဟာလေဟာနယ်က ကျင့်ကြံသူ အားလုံး နယ်မြေကိုးခုကနေ လာတာလား"
တွမ့်မူထျန်းက ခေါင်းခါပြီး "မြေကြီးမကွဲခင်ကတည်းက ကျင့်ကြံသူတွေ အများကြီး ရှိခဲ့တယ်။ နယ်မြေကိုးခုက နောက်မှ ပေါ်လာတာ။ ယွမ်ခေတ် ၁၀၀,၀၀၀ ကြာပြီးနောက် အပြောင်းအလဲတွေ ရှိပေမဲ့ ကျင့်ကြံသူ အများစုက မဟာလေဟာနယ်မှာ မွေးဖွား ကြီးပြင်းခဲ့ကြတာ"
လုကျိုးက အခွင့်အရေးယူပြီး မေးသည်။
"ငါ သေသေချာချာ မမှတ်မိတဲ့ အရာတွေ အများကြီး ရှိတယ်။ မဟာလေဟာနယ်က ဘယ်လို ပုံစံမျိုးလဲ"
တွမ့်မူထျန်း သက်ပြင်းချပြီး ကောင်းကင်ကို ဖုံးအုပ်ထားတဲ့ အမှောင်မြူခိုးကို ကြည့်လိုက်ပြီး
"မင်း မြူခိုးကို ဖယ်ရှားလိုက်ရင် နေက ဒီမြေပေါ်မှာ ပြန်လင်းလာလိမ့်မယ်။ အလင်း ပြန်ရလာတာနဲ့ ငှက်တွေ သီချင်းဆိုပြီး ပန်းတွေပွင့်လာလိမ့်မယ်။ ကမ္ဘာကြီးက သာယာဝပြောပြီး ငြိမ်းချမ်းလိမ့်မယ်။ အဲ့ဒါက မဟာလေဟာနယ်ရဲ့ ပုံစံပဲ..."
ယွီကျန့်ဟိုင်နှင့် အခြားသူတွေ အံ့ဩသွားကြသည်။ ယခု သူတို့ရှေ့မှာ မဟာလေဟာနယ်က လူတစ်ယောက် ရှိနေတာကြောင့် ယွီကျန့်ဟိုင်က မေးလိုက်သည်။
"ဒါဆိုရင် မဟာလေဟာနယ်ကို ကျွန်တော်တို့ ဘယ်လို သွားနိုင်မလဲ"
"မဟာလေဟာနယ်မှာ အထူး ကူးသန်းပြောင်းရွေ့ရေး ကျောက်စိမ်းအဆောင်နဲ့ လမ်းကြောင်းတွေ ရှိတယ်"
တွမ့်မူထျန်းက သူ့အိတ်ကပ်ထဲက ကျောက်စိမ်းအဆောင်တစ်ခုကို ထုတ်ယူပြီး ပြောပြသည်။
"မင်းတို့ရဲ့ ကျင့်ကြံရေးက မဆိုးဘူးဆိုတာ ငါ မြင်တယ်။ ဖြစ်နိုင်ရင် ငါနဲ့အတူ မဟာလေဟာနယ်ကို လာသင့်တယ်။ ငါ မင်းတို့ကို ခန်းမသခင်ဆီ အကြံပြုပေးမယ်၊ သူ မင်းတို့ကို အရေးကြီးတဲ့ ရာထူးတစ်ခုပေးမှာ သေချာတယ်"
လုကျိုး မျက်မှောင်ကြုတ်လိုက်သည်။
"ခန်းမသခင်ကို မင်း ဒီလောက်တောင် ယုံကြည်တာလား"
"ဟုတ်တယ်"
လုကျိုးက တွမ့်မူထျန်းကို သတိကြီးစွာ ကြည့်ပြီး "ဒါဆိုရင် မင်း ငါ့ကို သစ္စာဖောက်ဖို့ အခွင့်အရေး များပါတယ်"
လုကျိုးက ကျဲကျင့်အန်းလို သူ့အကြောင်း မေ့သွားအောင် လုပ်နိုင်သည့် စွမ်းရည်မျိုး မရှိတာကို နှမြောမိသည်။
လုကျိုး၏ စကားကို ကြားတဲ့အခါ တွမ့်မူထျန်းက အသံကျယ်ကျယ်နဲ့ "မင်း အများကြီး တွေးနေတာ! ငါ မင်းကို သစ္စာဖောက်ချင်ရင် လွန်ခဲ့တဲ့ အချိန်အကြာကြီးကတည်းက လုပ်ခဲ့မှာပေါ့။ ငါ ဘာလို့ မင်းကို ဒီလောက် အများကြီး ပြောပြနေရမှာလဲ။ စိတ်မပူပါနဲ့! မင်း ဘာမှ မပြောရင်တောင် ငါ ဒီကိစ္စကို လျှို့ဝှက်ထားမှာပါ။ အခု ငါ ပြန်စဉ်းစားကြည့်တော့ နောက်ကြောင်းပြန်ကြည့်ရင် မမှန်ဘူးလို့ ထင်ရတဲ့ အရာတွေ အများကြီး ရှိခဲ့တယ်"
တွမ့်မူထျန်းက တော်တော် ထက်မြက်သည်။
လုကျိုးက "မင်း မဟာလေဟာနယ်အတွက် စိတ်ရင်းမှန်နဲ့ လုပ်ဆောင်နေတယ်ဆိုတာ ငါ မြင်ပါတယ်..."
"ငါ အဲ့ဒီရဲ့အစိတ်အပိုင်း မဟုတ်ဘူးဆိုရင် ငါ ဂရုစိုက်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ငါ အဲ့ဒီရဲ့ အစိတ်အပိုင်း ဖြစ်လာတဲ့အတွက် ငါ အကောင်းဆုံး လုပ်ဆောင်သင့်တယ်လေ" တွမ့်မူထျန်းက ပြောသည်။
လုကျိုးက မေးသည်- "မင်း ဒီနေရာကို ဒီလောက်နှစ်တွေကြာအောင် စောင့်ကြပ်ခဲ့တာ။ အနက်ရောင်ကြာနယ်မြေကို ပြန်ကြည့်ဖူးလား"
တွမ့်မူထျန်း သက်ပြင်းချပြီး "ဒါက မလွယ်ပါဘူး။ မင်း မဟာလေဟာနယ်ကို ဝင်လိုက်တာနဲ့ မင်း လက်လွှတ်ရမဲ့ အရာတွေ အများကြီး ရှိတယ်။ မင်း ဆက်ဆံရေးအားလုံးကို ဖြတ်တောက်ရမယ်..."
လုကျိုး အနည်းငယ် ခေါင်းညိတ်လိုက်ပြီးနောက် ထပ်မံ မေးသည်။
"မင်း ငါ့ရဲ့ လက်ဝါးချက်ကို အစောပိုင်းက ဘယ်လို ရှောင်ခဲ့တာလဲ"
တွမ့်မူထျန်းက ရယ်မောပြီး "တစ်နေ့ကျရင် လုထျန်းထုံ က ငါ့ကို အကြံဉာဏ်တောင်းလိမ့်မယ်လို့ ငါ မမျှော်လင့်ခဲ့ဘူး။ ဟဲဟဲ ဒါက ငါ ခရမ်းရောင်ကြာနယ်မြေ မှာ ကြီးစိုးတုန်းက နားလည်သဘောပေါက်ခဲ့တဲ့ အရာပဲ။ ဒါက လျှို့ဝှက်ချက်ပဲ"
ထို့နောက် သူ ရုတ်တရက် ရယ်မောခြင်းကို ရပ်လိုက်ပြီး သတိကြီးစွာဖြင့် နောက်တစ်လှမ်း ဆုတ်လိုက်ကာ ပြောလိုက်သည်။
"ရှုပ်ထွေးတဲ့ အရာတွေကို မတွေးပါနဲ့။ မင်း ရှုံးရင် အရှုံးပေးရမှာပေါ့"
"ရှုံးတာလား" လုကျိုး အံ့ဩသွားသည်။
"အစောပိုင်းက မင်းက သိသိသာသာ အားနည်းချက်ရှိခဲ့တယ်..."
တွမ့်မူထျန်းက မာနဖြင့် ပြောသည်။
လုကျိုး ပို၍ပင် အံ့ဩသွားသည်။
"မင်းရဲ့ ယုံကြည်မှုက ဘယ်က လာတာလဲ။ ငါ ဘယ်တုန်းက အားနည်းချက် ရှိခဲ့တာလဲ"
"ကောင်းပြီ၊ မင်းက ဒါကို မပြောရင် ငါလည်း ပြောမှာ မဟုတ်ဘူး၊ ဒါပေမဲ့ ငါ အစောပိုင်းက ငါ့ရဲ့ အားရဲ့ ၁၀% ကိုပဲ သုံးခဲ့တာပါ"
လုကျိုးက ပြောသည်။ သူ အမှန်တိုင်း ပြောနေခြင်း ဖြစ်၏။ အံ့ဖွယ်စွမ်းအားအပြင် သူသည် သူ့အသုံးအဆောင်ပစ္စည်းကတ်များကိုလည်း မသုံးခဲ့ပေ။ အစောပိုင်းက လက်ဝါးစည်းတံဆိပ်များသည် သူ့နတ်ဘုရားစွမ်းအားဖြင့် ပြည့်ဝနေသည့် လက်ဝါးစည်းတံဆိပ်များနှင့် နှိုင်းယှဉ်လျှင် တကယ်တမ်း ပြောစရာ မလိုပေ။
တွမ့်မူထျန်းက အနည်းငယ် သံသယ ဖြစ်လာမိသည်။ ထို့နောက် သူက "မင်း အသက်ရှင်နေသေးတဲ့အတွက် ငါတို့ စကားကောင်းကောင်း ပြောကြရအောင်။ အမည်မသိကုန်းမြေမှာ ဒီလောက်နှစ်တွေကြာအောင်နေပြီးနောက် ငါ တကယ် ပျင်းနေတာနဲ့ အံကိုက်ပဲ။ ငါနဲ့ ယှဉ်ပြိုင်ပါ"
တွမ့်မူထျန်း မဟာသူတော်စင် ဖြစ်လာဖို့ အားထုတ်မှုတွေ အများကြီး လုပ်ခဲ့ရသည်။ အခု သူ ဖြစ်လာပြီဆိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀,၀၀၀ က သူ မကြာခဏ ရှုံးနိမ့်ခဲ့ရသည့် ပြိုင်ဘက်နဲ့ ယှဉ်ပြိုင်ချင်မိသည်။
သို့သော် လုကျိုး ခေါင်းခါပြီး
"ဖြုန်းတီးဖို့ ငါ့မှာ အချိန် အများကြီး မရှိဘူး။ သွင့်ကျန်းရဲ့ ဖျက်ဆီးခြင်းတိုင်လုံးကို မင်း စောင့်ကြပ်နေတာဆိုတော့ ငါ ကွေ့ပတ်ပြောနေမှာ မဟုတ်ဘူး။ သူတို့ကို တိုင်လုံးထဲကို ခေါ်သွားပြီး ကြည့်ချင်တယ်။ မင်း ကန့်ကွက်စရာ ရှိလား"
အတိတ်ကို ပြန်ပြောင်းပြောဆိုနေဖို့ အချိန် မရှိပေ။ လုကျိုးက တခြား ကိစ္စတွေကို ဦးစားပေးရမည် ဖြစ်သည်။ တခြား ဘာမှ မလုပ်ခင် သွင့်ကျန်း၏ ဖျက်ဆီးခြင်းတိုင်လုံးထဲကို အရင် ဝင်ရောက်ဖို့က အရေးကြီးနေသည်။
တွမ့်မူထျန်းက လုကျိုး၏ တပည့် လေးယောက်ကို ထပ်ကြည့်လိုက်ပြီး "ကောင်းပြီ၊ မင်း ဝင်သွားလို့ ရတယ်။ ဒါပေမဲ့ အထဲက အရာတွေကို မထိရဘူး"
လုကျိုးက "ငါ အထဲက အရာတွေကို စိတ်မဝင်စားဘူး"
တွမ့်မူထျန်းက သဘောမကျဘဲ ပြောလိုက်သည်။
"ဘာတွေ ရှိလဲဆိုတာ မင်း သိသင့်တယ်။ ဒီလောကမှာ အတွင်းက အရာကို မလိုချင်တဲ့သူ တစ်ယောက်မှ မရှိဘူး"
လုကျိုးက တွမ့်မူထျန်းကို စိတ်မရှည်တော့ပေ။ သူ လှည့်ပြီး ခြံဝင်းကနေ ထွက်သွားစဉ် ယွီကျန့်ဟိုင်နှင့် တခြား သုံးယောက်က သူ့နောက်မှ လိုက်လာကြသည်။
တွမ့်မူထျန်း ဖြတ်ခနဲဖြင့် သူတို့ရှေ့မှာ ပြန်ပေါ်လာသည်။ သူက "ငါနဲ့ လိုက်ခဲ့။ ငါ မင်းတို့ကို ပတ်ပြမယ်။ ဘယ်သူမှ ဒီလို ဆက်ဆံမှုမျိုး မရဖူးဘူး"
ယဲ့ထျန်းရှင်းက ရှုပ်ထွေးစွာ မေးသည်။
"အရင်က ချန်းပေ့ မျက်စိပသာဒ ဖြစ်တဲ့သူတွေကို တိုင်လုံးထဲ ဝင်ကြည့်ဖို့ ခွင့်ပြုတယ်လို့ မပြောခဲ့ဘူးလား"
ဒီလောက်နှစ်တွေကြာပြီးနောက် ဒီလို ဆက်ဆံမှုမျိုး ရခဲ့တဲ့သူတွေ အများကြီး ရှိရမယ် …
"ကောင်းပြီ၊ အခုထိ ငါ မျက်စိပသာဒ ဖြစ်တဲ့သူ တစ်ယောက်မှ မတွေ့တာ တိုက်ဆိုင်မှု မဟုတ်ဘူးလား" တွမ့်မူထျန်းက ပြောပြီး လေထဲကို ပျောက်ကွယ်သွားကာ ဖျက်ဆီးခြင်းတိုင်လုံး၏ ဝင်ပေါက်မှာ ပြန်ပေါ်လာသည်။
လုကျိုးသည် တွမ့်မူထျန်းကို တရိုတသေ မဆက်ဆံဘဲ သူ့တပည့် လေးယောက်နှင့်အတူ ဖျက်ဆီးခြင်းတိုင်လုံးထဲသို့ ဝင်ရောက်သွားသည်။
သူတို့ အပြာရောင်အတားအဆီးကို မြင်တဲ့အခါ သူတို့ စိတ်လှုပ်ရှားခြင်း မရှိတော့ပေ။ သူတို့က တည်ငြိမ်ပြီး အနည်းငယ် မျှော်လင့်ချက် ရှိလာကြသည်။
တွမ့်မူထျန်းက သူတို့ ငါးယောက်ကို ကြည့်လိုက်ပေမဲ့ လောဘကို မမြင်ခဲ့မိပေ။ ထို့နောက် သူက ပြောလိုက်သည်။
"ဒါက မဟာလေဟာနယ်မျိုးစေ့ပဲ"
ဘယ်သူမှ တုံ့ပြန်ခြင်း မရှိပေ။
တပည့် လေးယောက်က အတားအဆီးကို တိတ်ဆိတ်စွာ ကြည့်နေကြပြီး သူတို့၏ ရှစ်စွင်း စကားပြောဖို့ စောင့်နေကြသည်။
"ငါ ပြောတာ ဒါက မဟာလေဟာနယ်မျိုးစေ့လို့ " တွမ့်မူထျန်းက ထပ်ပြောသည်။
"သိပါတယ်" လုကျိုးက တည်ငြိမ်စွာ ပြောသည်။
"မင်း သွေးဆောင်မှု မခံရဘူးလား" တွမ့်မူထျန်းက အံ့ဩသွားသည်။ သူ ကိုယ်တိုင် သွင့်ကျန်း၏ ဖျက်ဆီးခြင်းတိုင်လုံးကို နှစ်ပေါင်းများစွာ စောင့်ကြပ်ခဲ့သူတောင် မဟာလေဟာနယ်မျိုးစေ့ကို မြင်သည့်အခါ အနည်းငယ် သွေးဆောင်မှု ခံရသည်။
ရုတ်တရက် လုကျိုးက မေးသည်- "မင်း သွင့်ကျန်းရဲ့ ဖျက်ဆီးခြင်းတိုင်လုံးကို ဘယ်လောက်ကြာကြာ စောင့်ကြပ်ခဲ့တာလဲ"
"ယွမ်ခေတ် ၁၀,၀၀၀ ကျော်ရှိပြီ" တွမ့်မူထျန်းက ပြန်ဖြေသည်။
"လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀ ကျော်က တစ်ယောက်ယောက်က မဟာလေဟာနယ်မျိုးစေ့တွေကို ခိုးယူခဲ့တယ်။ အဲ့ဒီအကြောင်း မင်း ဘာမှ မသိထားဘူးလား" လုကျိုးက မေးသည်။
ထိုစကားတွေကို ကြားတဲ့အခါ တွမ့်မူထျန်း၏ မျက်နှာအမူအရာက ပျက်ယွင်းသွားသည်။ သူ ဒေါသထွက်နေသည်မှာ သိသာလှသည်။ သူ လက်ကို မြှောက်ပြီး တိုင်လုံး၏ နံရံကို ရိုက်လိုက်ပြီး ပြောလိုက်သည်။
"ဟုတ်တယ် … ငါ သိတာပေါ့။ အဲ့ဒီကိစ္စကြောင့် ငါ့ကို တိုင်လုံးဆီ နောက်ထပ် ယွမ်ခေတ် ၅,၀၀၀ စောင့်ကြပ်ဖို့ အပြစ်ပေးခံခဲ့ရတာ။ သွင့်ကျန်းကနေ မျိုးစေ့ကို ခိုးသွားတဲ့ ဘယ်အရူးလဲဆိုတာ ငါ သိရင် သူ့ကို အစိတ်စိတ်အမြွှာမြွှာ ဆုတ်ဖြဲပစ်မှာ သေချာတယ်"
လုကျိုး: ...
လေထုအနည်းငယ် အဆင်မပြေဖြစ်သွားချိန်တွင် ယဲ့ထျန်းရှင်းက အလျင်အမြန် ဝင်ပြောလိုက်သည်။
"မကြာသေးခင်က တခြား ဖျက်ဆီးခြင်းတိုင်လုံးတွေမှာ ကြီးမားတဲ့ လှုပ်ရှားမှုတွေ အများကြီး ရှိခဲ့တယ်။ ချန်းပေ့ မသိဘူးလား"
"ဟုတ်တယ်၊ ငါ သိတယ်၊ ဒါပေမဲ့ ငါနဲ့ မဆိုင်ဘူး"
တွမ့်မူထျန်း၏ ဒေါသက တဖြည်းဖြည်း လျော့ကျသွားသည်။
"ငါ သွင့်ကျန်းက တိုင်လုံးကို စောင့်ကြပ်ဖို့ပဲ တာဝန်ရှိတယ်။ တခြား တိုင်လုံး ပြိုကျရင်တောင် ငါနဲ့ ဘာမှ မဆိုင်ဘူး"
"ဒါဆိုရင် အကြီးအကဲ မိစ္ဆာဝေဟင်မျှော်နန်းအကြောင်း ကြားဖူးလား" ယဲ့ထျန်းရှင်းက မေးသည်။
"ငါ တစ်ခါမှ မကြားဖူးဘူး" တွမ့်မူထျန်း ခေါင်းခါပြီး "နယ်မြေကိုးခုမှာ ချန်ဖူနဲ့ သူ့ရဲ့ တပည့် ဆယ်ယောက်က အစိမ်းရောင်နှစ်မွှာကြာနယ်မြေက လာတဲ့သူတွေ ဖြစ်တဲ့အကြောင်းအပြင် တခြားလူတွေ မသိဘူး"
ထိုစကားတွေက နားထောင်ရတာ အဆင်မပြေပေမဲ့ ထိုအရာက အမှန်တရားသာ ဖြစ်၏။
ပုရွက်ဆိတ်တစ်ကောင်က သစ်ပင်ကို လှုပ်ခါဖို့က ကောင်းကင်ကို တက်သလောက် ခက်ခဲတာပဲ၊ နောက်ဆုံးတော့ ခေါင်းကို ငုံ့ကြည့်လိုက်ရင် ပုရွက်ဆိတ်ကိုတောင် မမြင်ရနိုင်ဘူး။
လုကျိုးက တွမ့်မူထျန်းကို ကြည့်လိုက်ပြီး "မင်း ငါ့ကို ဝင်ခွင့်ပြုတာကို မဟာလေဟာနယ်က သိသွားမှာ မကြောက်ဘူးလား"
"မင်း ဒီကို လာကြည့်ရုံပဲ။ နောက်ပြီး မဟာလေဟာနယ်က အားကောင်းပေမဲ့ အာဏာအပြည့်မဟုတ်ဘူး" တွမ့်မူထျန်းက သူ့လက်ကို နောက်ကျောမှာ ထားပြီး "မဟာလေဟာနယ်က ကျွမ်းကျင်သူတွေနဲ့ ပြည့်နေပေမဲ့ သူတို့ထဲက အကောင်းဆုံးတွေတောင် မိုးမြေ အကန့်အသတ်ရဲ့ ဇာစ်မြစ် ဒါမှမဟုတ် မသေမျိုးဘဝအကြောင်း ဘာမှ မသိကြဘူး"
"ဒါဆို မင်းက လူသားတွေ မသေမျိုးဘဝကို မရနိုင်ဘူးလို့ ထင်တာလား" လုကျိုးက မေးသည်။
တွမ့်မူထျန်း ခေါင်းခါပြီး
"ငါ ဆိုလိုတာ အဲ့ဒါ မဟုတ်ဘူး။ ငါ မဟာလေဟာနယ်မှာ ရှိတုန်းက လွန်ခဲ့တဲ့ ယွမ်ခေတ် ၁၀၀,၀၀၀ လောက်က ထူးခြားတဲ့ ပုဂ္ဂိုလ်တစ်ယောက်က မသေမျိုးဘဝရဲ့ လျှို့ဝှက်ချက်ကို ရှာတွေ့ပြီး မိုးမြေရဲ့ အကန့်အသတ်ကို ချိုးဖျက်ခဲ့တယ်လို့ ကြားခဲ့ရတယ်။ ကံမကောင်းစွာနဲ့ပဲ သူ စောစောစီးစီး သေဆုံးသွားခဲ့တယ်..."
"မင်းရဲ့ စကားတွေက တကယ်ကို ဆန့်ကျင်ဘက် ဖြစ်နေတာပဲ"
လုကျိုးသည် ထိုခေါင်းစဉ်ကို ဆက်ဆွေးနွေးချင်စိတ် မရှိတော့ပေ။ သူက နွားနှင့် စကားပြောနေသလို ခံစားရတယ်။ ထို့အပြင် သူသည် တွမ့်မူထျန်းနဲ့ ရင်းနှီးမှု မရှိသည့်အတွက် သတိထားရမည်။
"ကောင်းပြီလေ" တွမ့်မူထျန်း သက်ပြင်းချပြီး "မင်း တိုင်လုံးရဲ့ အထဲပိုင်းကို မြင်ပြီးပြီ။ ထွက်သွားဖို့ အချိန်တန်ပြီ"
"ခဏလေး စောင့်ဦး" လုကျိုးက ပြောသည်။
"မင်း ဘာလုပ်ချင်တာလဲ" တွမ့်မူထျန်းက သံသယဖြင့် မေးသည်။
"ငါ့တပည့်တွေ တိုင်လုံးရဲ့ အသိအမှတ်ပြုခြင်းကို ခံယူဖို့ လိုတယ်။ အချိန်အကြာကြီး ယူမှာ မဟုတ်ဘူး" လုကျိုးက ပြောသည်။
ထိုစကားကို ကြားသောအခါ တွမ့်မူထျန်းက ရယ်မောသည်။ ထို့နောက် သူ လုကျိုးကို ကြည့်ပြီး
"မင်း အတိတ်က လောကဆီ တရားဟောဖို့ ဆုံးဖြတ်ထားခဲ့တာ၊ မင်းရဲ့ အကြံက အရမ်း လက်တွေ့မကျဘူးလို့ ငါ အမြဲ ခံစားခဲ့ရတယ်။ ဒီလောက်နှစ်တွေ ကြာပြီးနောက် မင်းက အရင်အတိုင်းပါပဲ"
လုကျိုး: " … "
လုကျိုး မျက်မှောင်ကြုတ်သည်။
လောင်စန်းကြောင့်သာမဟုတ်ရင် မင်းကို ငါ ဆုံးမပစ်ပြီးပြီ …
တွမ့်မူထျန်းက ရယ်မောခြင်းကို ရပ်လိုက်သည်။ သူ့မျက်နှာအမူအရာက လေးနက်သွားပြီး
"တိုင်လုံးရဲ့ အသိအမှတ်ပြုခြင်းကို ခံယူဖို့က ခက်ခဲတယ်။ မင်းမှာ ရှားပါးတဲ့ အရည်အသွေးရှိရမယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀ ကျော်က အနက်ရောင်ကြာနယ်မြေ၊ အဖြူရောင်ကြာနယ်မြေနဲ့ အနီရောင်ကြာနယ်မြေတို့က မဟာလေဟာနယ်မျိုးစေ့တွေကို သိမ်းပိုက်ဖို့ အစီအစဉ်တွေ အများကြီး စဉ်းစားခဲ့ကြတယ်။ နောက်ဆုံးမှာ သူတို့ ကြီးမားတဲ့ သေဆုံးမှုတွေ ခံစားခဲ့ရတယ်။ ဒီလောက်ကြာပြီးနောက် လူအနည်းငယ်သာ တိုင်လုံးတွေရဲ့ အသိအမှတ်ပြုခြင်းကို ခံယူနိုင်ခဲ့တယ်"
လုကျိုးက "ဒါပေမဲ့ နောက်ဆုံးမှာ မျိုးစေ့ ဆယ်ခုက ခိုးယူခံခဲ့ရတုန်းပဲ"
တွမ့်မူထျန်း: ...
ဒီကိစ္စကို ထပ်မပြောလို့ မရဘူးလား
လုကျိုးက တွမ့်မူထျန်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားတာကို လျစ်လျူရှုပြီး သူ့အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။
တပည့် လေးယောက်က ချက်ချင်း ရှေ့သို့ တက်လှမ်းသည်။
သွင့်ကျန်းဖျက်ဆီးခြင်းတိုင်လုံးက စီးဝူယာ့ရဲ့ မဟာလေဟာနယ်မျိုးစေ့နဲ့ ကိုက်ညီမှု မရှိသရွေ့ ပြဿနာ တစ်စုံတစ်ရာ ရှိမှာ မဟုတ်ဘူး။
တွမ့်မူထျန်းက မိုက်မဲသော လုပ်ရပ်ဟု ယူဆထားသောအရာကြောင့် သူတို့ကို တားဆီးခြင်း မပြုခဲ့ပေ။ ထိုနှစ်တွေအတွင်း သူ အတားအဆီးထဲ ဝင်ဖို့ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ကြိုးစားခဲ့ဖူးသည်။ သူ ဘယ်လောက်ပဲ ကြိုးစား၊ ဘယ်နှစ်ခါပဲ ကြိုးစားပါစေ၊ သူ အမြဲတမ်း မအောင်မြင်ခဲ့ပေ။
အတားအဆီးကို အတင်းအကျပ်ချိုးဖျက်လို့ မရဘူး။ ဒါက ပြင်းထန်တဲ့ ပြိုင်ဘက်နဲ့ တွေ့တဲ့အခါ ပိုပြီး အားကောင်းလာမဲ့ ပုံစံမျိုးပဲ။
မျှော်လင့်ထားတဲ့ အတိုင်းပဲ …
ရှောင်ယွမ်အာက ပထမဆုံး ပြန်ကန်ခံရသူ ဖြစ်သည်။
ကံကောင်းစွာနဲ့ပဲ ပြန်ကန်အားက မပြင်းထန်ဘဲ ထိခိုက်မှု အများကြီး မဖြစ်စေခဲ့ပေ။
ရှောင်ယွမ်အာ နှုတ်ခမ်းဆူပြီး ခြေထောက်ကို ဆောင့်နင်းလိုက်ပြီးနောက် ကြိုးစားခြင်းကို လက်လျှော့လိုက်သည်။
"ကလေးမ မင်းရဲ့ ရှစ်စွင်းက အမြဲ ဒီလိုပဲ။ မင်း အနာဂတ်မှာ အသားကျသွားလိမ့်မယ်" တွမ့်မူထျန်းက ပြောသည်။
ရှောင်ယွမ်အာ တုံ့ပြန်ခြင်း မရှိဘဲ ဘေးသို့ ဆုတ်ခွာသွားသည်။
ဒုတိယ ပြန်ကန်ခံရသူက ယဲ့ထျန်းရှင်း ဖြစ်သည်။ သူမ အားမလိုအားမရ သက်ပြင်းချပြီး ခေါင်းခါလိုက်ပြီး အနည်းငယ် စိတ်ပျက်သွားသည်။ ထို့အပြင် အသိအမှတ်ပြုခြင်းကို ခံယူဖို့ အဓိက လိုအပ်ချက်က မဟာလေဟာနယ်မျိုးစေ့ကို ပိုင်ဆိုင်ဖို့ပဲဆိုတာကို သူမ လုံးဝ မသေချာပေ။ နောက်ဆုံးတော့ လူတိုင်းက ရှားပါးသည့် အရည်အသွေးတစ်ခုခု ပိုင်ဆိုင်ဖို့ လိုတယ်လို့ ပြောကြတယ်။
ဒါပေမဲ့ ယခုအချိန်အထိ အသိအမှတ်ပြုခြင်းကို ခံခဲ့ရသူတွေက မဟာလေဟာနယ်မျိုးစေ့တွေကို ပိုင်ဆိုင်ထားတယ်ဆိုတာက တကယ်ပဲ တိုက်ဆိုင်လွန်းနေတယ်။
တတိယ ပြန်ကန်ခံရသူက ယွီရှန်ရုန်း ဖြစ်သည်။
တွမ့်မူထျန်းက အသံကျယ်ကျယ်နဲ့ ရယ်မောပြီး
"ဒါက မျှော်လင့်ထားတာပဲ။ လောင်လု လက်လျှော့လိုက်ပါ။ မင်းကို မဟာလေဟာနယ်ရဲ့ ရန်သူမဖြစ်အောင် ငါ သတိပေးချင်ပါသေးတယ်။ ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေအတွက် ငါ တာဝန်ယူပါ့မယ်"
လုကျိုးက ယွီကျန့်ဟိုင်ကို မျက်တောင်မခတ်စိုက်ကြည့်သည်။
ယွီကျန့်ဟိုင်၏ မျက်နှာက နီရဲနေပြီး သူ ရှေ့ကို ဆက်လျှောက်သွားသည်။ ထို့နောက် မမြင်နိုင်သည့် ခုခံအားနဲ့ တွေ့လိုက်ရသလိုမျိုး သူ ရပ်လိုက်သည်။
သူက မမြင်နိုင်တဲ့ အားနဲ့ ထိပ်တိုက်တွေ့နေသလိုမျိုးပဲ။
ဝှစ်ခနဲ
အားက ရုတ်တရက် လက်လျှော့လိုက်သလိုမျိုး ယွီကျန့်ဟိုင်က ရှေ့ကို ယိုင်လဲပြီး အတားအဆီးထဲကို ဝင်ရောက်သွားသည်။ ထို့နောက် အတားအဆီးက ချက်ချင်း ပြန်ပိတ်သွားသည်။
တွမ့်မူထျန်း ...
လုကျိုးက ကျေနပ်စွာ ခေါင်းညိတ်သည်။ သူ မဟာလေဟာမြေကြီးကို ထပ်မံ စုဆောင်းဖို့ အစီအစဉ် မရှိဘူး။ ပထမဦးစွာ ထိုအရာက တွမ့်မူထျန်း၏ အထူး ရာထူးကြောင့် ဖြစ်သည်။ ဒုတိယအနေဖြင့် ထိုသို့လိုလုပ်ခြင်းက မဟာလေဟာနယ်က လူတွေကို ဆွဲဆောင်နိုင်လေသည်။ ထို့အပြင် ဒီအချိန်မှာ မိစ္ဆာဝေဟင်မျှော်နန်းက လူအများစုဟာ မြေကို ရရှိပြီးသား ဖြစ်သည်။
တွမ့်မူထျန်းက အံ့ဩတကြီး အော်ဟစ်သည်။
"ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ"
ဒီအချိန်မှာ ယွီကျန့်ဟိုင်က သူ့ကိုယ်သူ ပတ်ပတ်လည်ကို စိတ်လှုပ်ရှားစွာ ကြည့်ပြီး ရယ်မောကာ
"အာ့ရှစ်တိ နောက်ဆုံးတော့ ငါ့ အလှည့် ရောက်လာပြီ"
ယွီရှန်ရုန်းက လုံးဝ စိတ်မပူဘဲ "ဒါက တိုင်လုံးရဲ့ အသိအမှတ်ပြုခြင်းကို ရတာပဲ။ တာ့ရှစ်ရှိုး ဒါကို ဂုဏ်ယူဖို့ တန်တယ်လို့ ထင်ရင် မိစ္ဆာဝေဟင်မျှော်နန်းမှာ ရာထူးကို ဆုံးရှုံးသွားနိုင်တယ်"
"ကောင်းပြီ … အသိအမှတ်ပြုခြင်း မခံရတဲ့သူတွေထက်တော့ ပိုကောင်းပါတယ်"
နှစ်ယောက်စလုံးက ပုံမှန်အတိုင်း အမြဲ ထိပ်တိုက်တွေ့နေကြသည်။
တွမ့်မူထျန်း မျက်မှောင်ကြုတ်သည်။
ဘာတွေ ဖြစ်နေတာလဲ။ ဒါက အဓိပ္ပာယ်မရှိဘူး။ လုံးဝ အဓိပ္ပာယ်မရှိဘူး
ထိုအချိန်မှာ လုကျိုးက မှိန်ဖျော့ဖျော့စွမ်းအင်တစ်ခု ယွီကျန့်ဟိုင်၏ ခန္ဓာကိုယ်ထဲကို ဝင်ရောက်နေတာကို မြင်လိုက်ရသည်။ သူ တစ်ယောက်တည်းသာ မြင်နိုင်သူ ဖြစ်နိုင်၏။
ယွီကျန့်ဟိုင် မပြီးခင်မှာပဲ လုကျိုးက လှည့်ပြီး ထွက်သွားသည်။
"ငါ့တပည့်တွေအားလုံးက တစ်သန်းမှာ တစ်ယောက် ပါရမီရှင်တွေပဲ"
တွမ့်မူထျန်းက လုကျိုးနောက်က လိုက်လာသည်။ စိတ်မချမ်းမသာဖြစ်ပြီး သူ ယွီကျန့်ဟိုင်ကို လှည့်ကြည့်သည်။
ယွီကျန့်ဟိုင်က ပြုံးပြီး
"ကျွန်တော့် ရှစ်စွင်းနဲ့ ကျွန်တော်က ကတိစကားကို ထိန်းသိမ်းတဲ့သူတွေပါ။ ကျွန်တော်တို့ အထဲက အရာကို မထိပါဘူး"
ထို့နောက် တွမ့်မူထျန်းက ထွက်သွားသည်။
ခဏအကြာတွင် တပည့် လေးယောက်သည်လည်း သွင့်ကျန်း၏ ဖျက်ဆီးခြင်းတိုင်လုံးထဲကနေ ထွက်လာကြသည်။
သွင့်ကျန်း၏ ဖျက်ဆီးခြင်းတိုင်လုံး အတွင်းပိုင်းနဲ့ အပြင်ပိုင်းက အမြဲလိုပဲ တည်ငြိမ်နေသည်။
သူတို့ သွင့်ကျန်းရှိ ဖျက်ဆီးခြင်းတိုင်လုံး၏ အတွင်းပိုင်းကို သွားခဲ့တာ မမျှော်လင့်ထားဘဲ ချောမွေ့နေခဲ့သည်။
ခြံဝင်းငယ်လေး ရှေ့ကို ပြန်ရောက်ပြီးနောက် တွမ့်မူထျန်းက နောက်ဆုံးတော့ လက်တွေ့ကို လက်ခံလိုက်သည်။ ထို့နောက် သူက
"မင်း သူတို့ကို ဒီကို ခေါ်လာတာ တိုင်လုံးရဲ့ အသိအမှတ်ပြုခြင်းကို ခံယူဖို့ပဲလား"
"ဟုတ်တယ်" လုကျိုးက အသံတိုးတိုးဖြင့် ပြန်ဖြေသည်။
ခဏအကြာတွင် တွမ့်မူထျန်းက မေးသည်- "ဘာလို့လဲ"
"သူတို့ရဲ့ အားနဲ့ အရည်အချင်းကို တိုးတက်စေဖို့" လုကျိုးက မှန်ကန်စွာ ပြန်ဖြေသည်။
"ဒါပဲလား"
လုကျိုးက တွမ့်မူထျန်းကို ကြည့်ပြီး “ငါ တခြား တိုင်လုံး လေးခုကို သွားပြီး သူတို့ရဲ့ အသိအမှတ်ပြုခြင်းကို ခံယူဖို့ လိုသေးတယ်။ ဒါကြောင့် မင်း လမ်းပြပေးဖို့ လိုတယ်"
တွမ့်မူထျန်း ရုတ်တရက် သဘောပေါက်သွားသည်မှာ သူ့ရှေ့က ကောက်ကျစ်တဲ့ မြေခွေးအိုက သူ့ကို လှည့်ဖြားခဲ့ပုံရသည်။
ဒီအချိန်အတွင်း မဟာလေဟာနယ်က အမည်မသိမြေကို အနီးကပ် စောင့်ကြည့်နေခဲ့သည်။ ၎င်းတွင် ခန်းမသခင်နှင့် ခန်းမဆယ်ခုမှ ကျွမ်းကျင်သူများ ပါဝင်သည်။
မျှခြေမညီမျှမှု ပိုမိုဆိုးရွားလာခြင်း၊ ကြောက်မက်ဖွယ် သားရဲများ ရွှေ့ပြောင်းခြင်း၊ ငွေရောင်အစောင့်အရှောက် ၃,၀၀၀ ဖျက်ဆီးခံရခြင်း၊ မြေကြီး ကွဲအက်ခြင်းတို့အပြင် မဟာလေဟာနယ်က ဖျက်ဆီးခြင်းတိုင်လုံးများရှိ လှုပ်ရှားမှုများကို ပိုမို အာရုံစိုက်နေခဲ့သည်။
တွမ့်မူထျန်းက မေးသည်။
"တခြား ဖျက်ဆီးခြင်းတိုင်လုံးမှာ ရှိတဲ့ လှုပ်ရှားမှုတွေက မင်း တပည့်တွေ အသိအမှတ် ပြုခံရတာကြောင့် ဖြစ်လာတာလို့ မပြောနဲ့နော်"
"ဟုတ်တယ်" လုကျိုးက စကားပြောတဲ့အခါ အရမ်း တည်ငြိမ်နေသည်။
ထိုစကားကို ကြားသည့်အခါ တွမ့်မူထျန်း၏ မျက်လုံးတွေ ပြူးကျယ်သွားပြီး အော်ဟစ်ရင်း အနည်းငယ် မီတာအကွာကို ခုန်ဆုတ်သည်။
"မင်း … မင်း ငါ့ကို ပူးပေါင်းကြံစည်ပြီး မင်းရဲ့ ရှုပ်ထွေးမှုထဲ ဆွဲထည့်ချင်တာလား"
…
အခန်း (၁၄၅၅) တွမ့်မူရှန်းက သူ့ရဲ့ဘိုးဘေးကို ဓားနဲ့ထိုးတော့မလို့လား။
လုကျိုးသည် တွမ့်မူထျန်းကိုကြည့်ပြီး ဇဝေဇဝါဖြစ်သွားလေ၏။ “ပူးပေါင်းကြံစည်ထားလား”
တွမ့်မူထျန်းက အနည်းငယ်ဒေါသထွက်သွားလေ၏။ “မင်း ဘယ်လိုလုပ် မဟာလေဟာနယ်ကို ဆန့်ကျင်ရဲရတာလဲ။ ဖျက်ဆီးခြင်းတိုင်လုံးကို ကာကွယ်ဖို့ လူတောင်ပိုလွှတ်ပေးပြီး ပိုဂရုစိုက်ဖို့ ငါတို့ကို မှာတာ အံ့ဩစရာမရှိဘူးပဲ။ မဖြစ်ဘူး မဖြစ်ဘူး ဒီနေ့ ခန်းမသခင်နဲ့တွေ့ဖို့ ငါ့နောက်ကလိုက်ခဲ့။ ဒီနည်းနဲ့ဆိုရင် မင်းအသက်ကိုကယ်နိုင်ဖို့ အခွင့်အရေးရှိတယ်”
တွမ့်မူထျန်း၏အမြင်တွင် မဟာလေဟာနယ်က ဆင်တစ်ကောင်ဖြစ်ပြီး နယ်မြေကိုးခုသည် ပုရွက်ဆိတ်များသာ ဖြစ်၏။ အတိတ်တုန်းက သူတို့နှစ်ယောက်လုံး မဟာလေဟာနယ်သို့ပစ်ချခံရစဉ် သူတို့ရှေ့၌ တောက်ပသော အနာဂတ်ရှိသည်။ သို့သော် လုထျန်းထုံက ပုန်ကန်သောင်းကျန်း၏။ ထို့ကြောင့် ကိစ္စရပ်များက သူ့အတွက် မလွယ်ကူခဲ့ချေ။
လုကျိုးသည် တွမ့်မူထျန်းကို ကြည့်ကာ မျက်မှောင်ကျုံ့မိသွား၏။ “မင်းက ခွေးတစ်ကောင်လို သစ္စာရှိနေတာပဲ”
ထိုစကားကို ကြားသောအခါ တွမ့်မူထျန်းက ဒေါသတကြီးပြောလိုက်၏။ “ငါ့ကို ကြိမ်းမောင်းနေတာလား”
“မင်းကို ကြိမ်းမောင်းတော့ကော ဘာဖြစ်သေးလဲ” လုကျိုးသည် လက်နောက်ပစ်ထားလျက် အသာလေးချထားလိုက်၏။ “မဟာလေဟာနယ်က နယ်မြေကိုးခုရဲ့ငြိမ်းချမ်းမှုနဲ့ လောကကြီးရဲ့မျှခြေကို ထိန်းသိမ်းတယ်လို့ဆိုတယ်။ ဒါပေမဲ့ သူတို့နယ်မြေကိုးခုက လူတွေရဲ့အမြင်ကို မေးခဲ့ဖူးလား”
“ဒါက” တွမ့်မူထျန်းသည် ထိုစကားများကြောင့် ဆွံ့အသွားတော့သည်။
လုကျိုးက ဆက်ပြောလိုက်၏။ “မျှခြေမညီမျှမှုစချိန်ကပြီး လူတွေဒုက္ခခံရတယ်။ ကြမ်းတမ်းခက်ထန် သားရဲတွေက လူသားတွေကို နေရာအနှံ့အမဲလိုက်နေတာ။ ဒါက ငြိမ်းချမ်းမှုကို ထိန်းသိမ်းတဲ့ မဟာလေဟာနယ်ရဲ့စိတ်ကူးတဲ့လား”
လုကျိုးသည် လောကကြီး၏ကယ်တင်သူ ဖြစ်လာလိုစိတ်မရှိသလို သူ့ကိုယ်သူ ကြင်နာသူဟူ၍လည်း မသတ်မှတ်ထားပေ။ သို့သော် သူသည် မဟာလေဟာနယ်၏လုပ်ရပ်ကြောင့် စိတ်မကျေမနပ် ဖြစ်မိသည်။
တွမ့်မူထျန်းက အံ့ဩသွားပုံ ပေါ်၏။ “အဲ့လိုလား”
ယဲ့ထျန်းရှင်းက ပြောလိုက်၏။ “ချန်းပေ့ ချန်းပေ့က တွမ့်ကျန်းရဲ့ဖျက်ဆီးခြင်းတိုင်လုံးကို အချိန်အကြာကြီး စောင့်ကြပ်ခဲ့တာဆိုတော့ ဒါကိုသတိမထားမိလောက်ဘူး။ ကျွန်မရဲ့ရှစ်စွင်းကို မယုံရင် ဘယ်နယ်မြေကိုမဆို ကိုယ်တိုင်သွားကြည့်လို့ရတယ်”
တွမ့်မူထျန်း၏အမူအရာက ချက်ချင်းတင်းမာသွားတော့သည်။
လုကျိုးသည် တွမ့်မူထျန်းအတွေးနစ်နေတာကိုမြင်ပြီး အချိန်မဖြုန်းချင်တော့ပေ။ သူတို့သည် အခြားသောတိုင်လုံးများဆီသို့ သွားရဦးမည်။ သူမြင်ခဲ့သည်ကို ကြည့်လျှင် တွမ့်မူထျန်းဆီမှ အကူအညီကို ရနိုင်ဖို့ မျှော်မှန်းခြင်းက လက်တွေ့မကျပေ။ ထို့ကြောင့် သူက ပြောလိုက်လေ၏။ “လူတိုင်းမှာ ကိုယ့်ရဲ့စိတ်ကူးကိုယ်စီ ရှိကြတယ်။ မင်းကို ဖိအားမပေးဘူး”
ပြီးနောက် လုကျိုးသည် သူ၏တပည့်များကို ပြောလိုက်၏။ “သွားကြမယ်”
“ဟုတ်ကဲ့” တပည့်လေးယောက်က ပျံသန်းလာလျက် လုကျိုးနောက် လိုက်သွားသည်။ သူတို့သည် မိစ္ဆာဝေဟင်မျှော်နန်းမှ ကျန်သည့်သူများစောင့်နေရာနေရာသို့ ပျံသန်းသွား၏။
မီတာသုံးရာခန့်ပျံသန်းပြီးနောက် လုကျိုးသည် လှည့်ကြည့်လိုက်သောအခါ တွမ့်မူထျန်းသည် မှင်တက်နေတာ တွေ့လိုက်ရသည်။
ယွီကျန့်ဟိုင်က ဇဝေဇဝါဖြင့် မေးလိုက်၏။ “ရှစ်စွင်း စန်းရှစ်တိအကြောင်း ဘာကြောင့်မပြောတာလဲ”
မည်သို့ပစ်ဆိုစေ တွမ့်မူရှန်းက တွမ့်မူထျန်း၏မျိုးဆက်ပဲဖြစ်သည်။ တွမ့်မူထျန်းက တွမ့်မူရှန်းနှင့် သူ၏ဆက်ဆံရေးကို စဉ်းစားပြီး သူတို့ကိုကူညီပေးချင်စိတ်ရှိကောင်း၏။
လုကျိုးက ခေါင်းခါပြီးပြောလိုက်သည်။ “အချိန်မတန်သေးဘူး”
လုကျိုးသည် လုထျန်းထုံနှင့် တွမ့်မူထျန်းကြားရှိ အခြေအနေကို အပြည့်အဝမဖော်ထုတ်နိုင်သေးပေ။ တွမ့်မူထျန်းက တွမ့်မူရှန်းနှင့်တွေ့ပြီး တစ်စုံတစ်ခုမှားသွားနိုင်၏။ မည်သို့ပင်ဆိုစေ ယခုအချိန်၌ အရေးအကြီးဆုံးအရာက ဖျက်ဆီးခြင်းတိုင်လုံးများအား သူ၏တပည့်များကို အသိအမှတ်ပြုမှု ရယူခိုင်းရန်ဖြစ်သည်။
သူတို့ပျံသန်းတော့မည့်အချိန်၌ တွမ့်မူထျန်းက လှမ်းခေါ်လိုက်သည်။ “နေဦး”
လုကျိုးက မျက်မှောင်ကျုံ့မိသွား၏။ သူက လှည့်ကြည့်လိုက်ချိန်တွင် လျှပ်ပြက်သောအရှိန်ဖြင့် သူ့ဆီပျံသန်းလာသော တွမ့်မူထျန်းကို တွေ့လိုက်ရ၏။ သူက ဇဝေဇဝါဖြင့် မေးလိုက်တော့သည်။ “ဘာလိုချင်တာလဲ”
တွမ့်မူထျန်းက အသံမြှင့်လျက် တချက်ရယ်ကာ ပြောလိုက်တော့သည်။ “ငါ အနိုင်မယူရသေးဘူး။ ဒါတောင် မင်း ဘယ်လိုလုပ် ထွက်သွားနိုင်ရတာလဲ”
“ဟမ်”
တွမ့်မူထျန်းက ရယ်မောလိုက်၏။ “လုထျန်းထုံ ဒီနေ့အနိုင်ကျင့်ခံရတဲ့အရသာ မင်းကို ခံစားခိုင်းမယ်”
ပြီးနောက် တွမ့်မူထျန်းသည် သူ့လက်ကိုမြှောက်ကာ လုကျိုးဆီ အနက်ရောင်လက်ဝါးစည်းတံဆိပ်တစ်ခု တွန်းလွှတ်လိုက်သည်။ အနက်ရောင်စည်းတံဆိပ်အလယ်၌ လျှပ်စီးတန်းက လုကျိုးကို ထိမှန်သွားသည်။ ၎င်း၏ဖိအားသည် လေဟာနယ်ကိုတောင် ဆုတ်ဖြဲနိုင်သည်ဟု ထင်မှတ်ရသည်။ ၎င်းသည် မဟာသူတော်စင်တစ်ပါး၏ အင်အားဆိုတာ သံသယဖြစ်ဖွယ်မရှိပေ။
လုကျိုးသည် ကောင်းကင်စွမ်းအားကိုအသုံးပြုလျက် သူ၏ကိုယ်ပိုင်လက်ဝါးစည်းတံဆိပ်ကို ထုတ်သုံးလိုက်၏။
ဖုန်း
စွမ်းအင်စည်းတံဆိပ်နှစ်ခုက ထိပ်တိုက်တွေ့ရာမှပေါ်လာသည်။
တွမ့်မူထျန်းက သူ၏လက်ကိုထပ်မံတွန်းထုတ်လိုက်ချိန်တွင် သူ၏မျက်လုံး၌ စိတ်အားထက်သန်မှုများ ပြည့်နေသည်။ သူ၏လက်ကိုစွမ်းအင်အပြည့်ဖြင့် ရှေ့သို့တွန်းထုတ်လိုက်သောအခါ လေထဲ၌ တဝီဝီသံပေါ်လာ၏။ သူ၏တိုက်ခိုက်လိုစိတ်က ယခုအချိန်၌ လှုံ့ဆော်ခံလိုက်ရသည်။
“အံ့ဩစရာပဲ။ မင်း သန်မာလာပြီ။ ဒါပေမဲ့ မင်း အရင်ကလောက် လွှမ်းမိုးနိုင်တာမဟုတ်သေးဘူး”
ပြီးနောက် တွမ့်မူထျန်းသည် လုကျိုးကိုတွန်းထုတ်လျက် မျက်စိတမှိတ်အတွင်း ငါးကီလိုမီတာအကွာသို့ ပျံသန်းသွားသည်။ ရုတ်တရက်ပေါ်ပေါက်လာသောအခြေအနေကြောင့် အံ့ဩသွားကာ တပည့်လေးယောက်သည် သူတို့နှစ်ယောက်နောက် အလျင်စလိုလိုက်သွားလေ၏။
လုကျိုးက မျက်မှောင်ကျုံ့လျက် မေးလိုက်တော့သည်။ “ဘာကြောင့်ဒီလောက် ဆိုးဆိုးရွားရွား ငါ့ကိုအနိုင်ယူချင်ရတာလဲ”
“ယူချင်ရတာပေါ့” တွမ့်မူထျန်းက ပြုံးလိုက်၏။ “မင်းကို တခါလောက်အနိုင်ယူဖို့က လွန်လို့လား”
လုကျိုးသည် သူ၏ကောင်းကင်စွမ်းအားအသုံးပြုမှုကို ထိန်းထားသည်။ ကံကောင်းသည်မှာ သူ၏အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်သည် မွေးဖွားဇယားချပ်သုံးခု ရှိနှင့်ပြီးသားဖြစ်နေ၏။ မဟုတ်လျှင် သူ့အဖို့ ဤအဆင့်သုံးစွဲနိုင်ရန် ထိန်းထားဖို့ခက်ခဲပေလိမ့်မည်။
“မင်းက မဟာသူတော်စင်တစ်ပါးပဲ။ အားနည်းသူကို အနိုင်မကျင့်သင့်ဘူး။ မင်း အနိုင်ရရင်တောင် တိုက်ပွဲက မမျှတတဲ့အတွက် ဘာမှအကျိုးမရှိဘူး” လုကျိုးက ပြောလိုက်၏။ သူသည် တွမ့်မူထျန်းနှင့်လက်ရည်ချင်း မယှဉ်ချင်ပေ။ သူသည် အသုံးပစ္စည်းကတ်များအားလုံးက အသေရိုက်ချက်ကတ်များဖြစ်၏။ သူ၏အသုံးပစ္စည်းကတ်များကို အသုံးမပြုလျှင် မဟာလေဟာနယ်သူတော်စင်တစ်ပါးကို အနိုင်ယူဖို့ မဖြစ်နိုင်ပေ။
တွမ့်မူထျန်းက ရယ်မောလျက် ပြောလိုက်၏။ “ဪ အဲ့ဒီတုန်းက မင်း ဒီစကားကို ဘာလို့မပြောခဲ့တာလဲ လောင်လု။ ကျင့်ကြံခြင်းလောကမှာ တရားမျှတမှုဆိုတာမျိုးမရှိဘူးလို့ မင်း အမြဲတမ်းပြောခဲ့တာ။ ထပ်လာခဲ့”
တွမ့်မူထျန်းသည် သူ၏တိုက်ခိုက်မှုအင်အားကို တိုးမြှင့်လိုက်သည်။
လေထဲ၌ တဝီဝီသံပေါ်လာပြီးနောက် တွမ့်မူထျန်း၏လက်က ရှေ့သို့ပေါ်ထွက်လာပြန်သည်။
ဖုန်း
လုကျိုးက နောက်သို့လွင့်သွား၏။ သူသည် ကောင်းကင်စွမ်းအားကို ဖုံးကွယ်ရန် ဖုံးကွယ်ခြင်းကတ်ကို အသုံးပြုပြီးနောက် ကောင်းကင်စွမ်းအားများကို ခန္ဓာကိုယ်အနှံ့ပြန့်နှံ့သွားစေ၏။ ဤနည်းဖြင့် သူ၏တကိုယ်လုံး ရွှေရောင်အလင်းတောက်ပလာ၏။ အံ့ဖွယ်အမှတ်အသားဝတ်ရုံနှင့်ပေါင်းလိုက်ချိန်၌ သူသည် တိုက်ခိုက်မှုကို အပြည့်အဝပိတ်ဆို့နိုင်သွားသည်။
“ဟမ်” တွမ့်မူထျန်းသည် လုကျိုးကို သံသယဖြင့်ကြည့်လိုက်သည်။ “မင်း တိုက်ခိုက်မှုကြောင့် သက်ရောက်မခံရဘူးလား”
လုကျိုးက ပြောလိုက်၏။ “မင်းမှာရှိတာ ဒါအကုန်ပဲဆိုရင် ငါ့ကိုအနိုင်ယူဖို့ ဝေးသေးတယ်”
“ငါ မယုံဘူး။ ထပ်လာမယ်” တွမ့်မူထျန်းက ပြောလိုက်၏။
ဝှစ်
တွမ့်မူထျန်းသည် လေထဲချက်ချင်းပျောက်ကွယ်သွားသည်။
လုကျိုးက လက်ဝါးနှစ်ဖက်ကို ပူးကပ်လျက် မျက်လုံးမှိတ်လိုက်သည်။ သူ၏တကိုယ်လုံးက ကောင်းကင်စွမ်းအားများ လွှမ်းခြုံသွားစဉ် သူသည် အဆုံးမဲ့ကောက်နုတ်ချက်စွမ်းအားအတွက် မန္တန်ကိုရွတ်ဆိုလိုက်သည်။
လုကျိုး၏စိတ်ထဲ၌ ပုံရိပ်များစွာပေါ်လာ၏။ ပုံရိပ်များအားလုံးသည် တွမ့်မူထျန်း ပြန်လည်ပေါ်ပေါက်လာနိုင်သည့် နေရာများပဲဖြစ်သည်။ ပုံရိပ်များရပ်တန့်သွားချိန်၌ သူသည် နေရာလွတ်တစ်ခုကို လက်ကိုတွန်းထုတ်လိုက်သည်။ သူသည် မိစ္ဆာကိုယ်တော်၏ လက်ဝါးစည်းတံဆိပ်ကို ထုတ်သုံးလိုက်၏။
ဖုန်း
တွမ့်မူထျန်းသည် လုကျိုးလက်ဝါးစည်းတံဆိပ်ပစ်လွှတ်လိုက်သည့်နေရာ၌ ပြန်ပေါ်လာသော်ငြား သူသည် လေဟာနယ်ထိန်းညှိခြင်းကို အသုံးပြုခြင်းဖြင့် လက်ဝါးစည်းတံဆိပ်ကို ရှောင်နိုင်ခဲ့သည်။ သူ မယုံနိုင်ဘဲ မေးလိုက်လေ၏။ “ငါ့ရဲ့နေရာကို မင်း ခန့်မှန်းနိုင်တယ်ပေါ့”
“ခန့်မှန်းတာလား”
“မင်း ကြုံရာကျပန်းမခန့်မှန်းသရွေ့ ငါ့နေရာကို ရှာတွေ့နိုင်စရာအကြောင်းမရှိဘူး” တွမ့်မူထျန်းက ပြောလိုက်၏။ လုကျိုးသည် တူညီသည့်လှည့်ကွက်ကို သုံးလိုက်၏။ အသက်နှစ်ရှိုက်စာကြာပြီးနောက် သူသည်နောက်ထပ်နေရာလွတ်တစ်ခုကို ရိုက်လိုက်သည်။
တွမ့်မူထျန်းပြန်ပေါ်လာချိန်တွင် သူ့ဆီတိုးဝင်လာသောလက်ဝါးစည်းတံဆိပ်ကို တွေ့လိုက်ရသည်။ သူ ပြောလိုက်တော့သည်။ “ဒီလောက်တိကျတယ်လား။ ထူးဆန်းလိုက်တာ”
ဝှစ်
တွမ့်မူထျန်းသည် လေထဲပျောက်ကွယ်သွားပြန်ကာ လုကျိုး၏လက်ဝါးစည်းတံဆိပ်ကို ရှောင်လိုက်သည်။ မကြာမီ၌ လုကျိုးသည် သူ၏ဘယ်ဖက်ခြမ်းသို့လက်ဝါးစည်းတံဆိပ်တစ်ခု ထုတ်လွှတ်လိုက်သည်။ ထိုလက်ဝါးစည်းတံဆိပ်၌ မည်သည့်စွမ်းအားမှမပါဘဲ တွမ့်မူထျန်းအား သူမည်သည့်နေရာတွင် ရှိကြောင်း ပြသရန်သာဖြစ်သည်။
ထင်သည့်အတိုင်းပင် တွမ့်မူထျန်းပေါ်လာပြီး သူ့ရှေ့သို့ရောက်လာသော လက်ဝါးစည်းတံဆိပ်ကို တွေ့လိုက်ရ၏။ ပြီးနောက် သူသည် လက်ဝါးစည်းတံဆိပ်ကို ရှောင်လိုက်ပြန်သည်။ လက်ဝါးစည်းတံဆိပ်သည် သူ့ကို ခြစ်ရာမထင်စေသော်ငြား သူသည် လက်ဝါးစည်းတံဆိပ် သူ့အားထိခွင့်မပေးနိုင်ပေ။ မဟုတ်လျှင် အရှက်ကွဲလိမ့်မည်။
ပြီးနောက် တွမ့်မူထျန်းသည် ပေါ်လိုက်ပျောက်လိုက်ဖြင့် ပုံရိပ်ယောင်များချန်ရစ်ခဲ့သည်။ မည်သည့်နေရာတွင် ပေါ်လာစေကာမူ လုကျိုးက သူ ပေါ်တောင်မပေါ်လာသေးခင် သူ၏နေရာကို တိတိကျကျခန့်မှန်းမိ၏။
ငါးကြိမ်ဆက်တိုက်ကြိုးစားပြီးနောက် တွမ့်မူထျန်းသည် လှုပ်ရှားတာရပ်တန့်လိုက်၏။ သူက လုကျိုးကို တအံ့တဩကြည့်ပြီးမေးလိုက်တော့၏။ “မင်းက ပိုကြီးမြတ်တဲ့လေဟာနယ်နိယာမကို သဘောပေါက်တာလား”
“ပိုကြီးမြတ်တဲ့ လေဟာနယ်နိယာမလား” လုကျိုးက ဇဝေဇဝါဖြင့် မေးလိုက်ပြန်၏။ “နိယာမတွေက တာအိုစွမ်းအားကနေ လာတယ်။ နိယာမကို မင်းရဲ့နားလည်သဘောပေါက်မှုကပိုနက်နဲလာလေ နိယာမတွေက ပိုကြီးမြတ်လာလေပဲ။ မင်းက ငါ့တည်နေရာကို တိတိကျကျခန့်မှန်းနိုင်တယ်ဆိုတော့ ပိုကြီးမြတ်တဲ့ လေဟာနယ်နိယာမကို နားလည်သဘောပေါက်ထားတာပဲဖြစ်မယ်။ တွမ့်မူထျန်းက ရှင်းပြလိုက်၏။ ပြီးနောက် သူက ခေါင်းခါပြီးပြောလိုက်တော့သည်။ “ဒါပေမဲ့ မင်း ပိုကြီးမြတ်တဲ့နိယာမကို သုံးနိုင်ဖို့ဆို အငယ်ဆုံးတာအိုသူတော်စင်ဖြစ်မှရမယ်”
“အငယ်ဆုံးတာအိုသူတော်စင်လား”
“ဆရာသခင်တွေ နားလည်သဘောပေါက်ထားတဲ့ တာအိုစွမ်းအားဆိုတာ သမုဒ္ဒရာထဲက ရေတစ်စက်လောက်ပဲ။ သူတော်စင်တွေရဲ့တာအိုစွမ်းအားက ဆရာသခင်တွေထက် ပိုသန်မာတယ်။ တာအိုသူတော်စင်တွေ ဒါမှမဟုတ် အဲ့ဒီပိုသန်မာတဲ့သူတွေအတွက်တော့ သူတို့ရဲ့တာအိုစွမ်းအားက ပိုသန်မာပြီး သူတို့နားလည်သဘောပေါက်ထားတဲ့ နိယာမက ပိုအားကောင်းတယ်။ အဲ့ဒီအဆင့်ကို မဟာနိယာမလို့ ခေါ်တယ်။ မဟာတာအိုသူတော်စင်တွေက မဟာနိယာမသုံးခုထက် ပိုနားလည်နိုင်တယ်လို့ပြောတယ်။ မင်း ပျင်းနေလွန်းလို့ ငါ့ကိုလှည့်စားချင်တာကြောင့် အားနည်းချင်ယောင်ဆောင်တယ်လို့တော့ လာမပြောနဲ့နော်”
“ဒီလောက်နှစ်တွေကြာပြီးသွားတာတောင် မင်း နိုင်လိုမင်းထက်ဖြစ်နေဦးမယ်လို့ မထင်ထားဘူး။ ဒါတွင်မကဘူး မင်းက ဒီလောက်သေးသိမ်လာတယ်” တွမ့်မူထျန်းက ဒေါသတကြီးပြောလိုက်၏။ “ဟုတ်ပြီ။ ငါ တကယ် ပိုကြီးမြတ်တဲ့မဟာနိယာမကို တခါကြုံချင်တယ်” လုကျိုးက တကယ်ဆွံ့အသွားတော့သည်။
အစကနေအခုထိ ငါ ဘာမှမပြောရသေးဘူး။ ဘယ်လိုလုပ် ငါ့ကိုအပြစ်တင်နေရတာလဲ။
ဝှစ်
တွမ့်မူထျန်းသည် လှစ်ကနဲလှုပ်ရှားလျက် ဝေဟင်ထဲပုံရိပ်ယောင်များ ချန်ရစ်ခဲ့သည်။
လုကျိုးသည် အဆုံးမဲ့ကောက်နုတ်ချက်စွမ်းအားကို သုံးလိုက်ပြန်၏။ သို့သော် ယခုအခေါက်တွင် တွမ့်မူထျန်း မည်သည့်နေရာတွင် ပြန်ပေါ်လာမည်မှန်း သူ မဖော်ထုတ်နိုင်ပေ။ ထူးဆန်းနေလေ၏။ သို့သော် အချိန်က သူ့ကို စဉ်းစားခွင့်မပေးပေ။ သူသည် အားကောင်းသည့်အရှိန်အဝါတစ်ခု ချဉ်းကပ်လာတာခံစားမိသောအခါ သူသည် ကောင်းကင်စွမ်းအားကို သုံးလိုက်၏။
“ရွှေရောင်ဗုဒ္ဓခန္ဓာ”
ဘီး
လုကျိုးကို အလယ်တွင်ဗဟိုပြုလျက် ရွှေရောင်ဗုဒ္ဓခန္ဓာက လျင်မြန်စွာကြီးထွားလာ၏။
ပုံရိပ်ယောင်များ ဝေဟင်ထဲဆက်တိုက်ပေါ်လာပြီး တွမ့်မူထျန်းသည် ရွှေရောင်ဗုဒ္ဓခန္ဓာပေါ် ခုန်အုပ်လာသည်။ သူ၏တိုက်ခိုက်မှုများက အသုံးမဝင်ကြောင်း သိလိုက်ရချိန်၌ သူသည် နောက်သို့မီတာတစ်ရာခန့် ပျံသန်းသွားပြီးနောက် ရွှေရောင်ဗုဒ္ဓခန္ဓာကို အထိတ်တလန့်ကြည့်ပြီးနောက် မေးလိုက်သည်။ “ဒါ ဘာနည်းစနစ်လဲ။ အစွမ်းထက်တဲ့ခုခံမှု”
လုကျိုးသည် သူ၏ရွှေရောင်ဗုဒ္ဓခန္ဓာကို တွန်းထုတ်လျက် တွမ့်မူထျန်းကိုကြည့်လိုက်သည်။
တွမ့်မူထျန်းသည် လုကျိုးကို ရှုပ်ထွေးသောအမူအရာဖြင့်ကြည့်လိုက်၏။
“မင်း ရွှေကြာကို ဘယ်အချိန်က ကျင့်ကြံလိုက်တာလဲ”
“ငါက ရွှေကြာကို ဘာလို့ကျင့်ကြံလို့မရမှာလဲ” လုကျိုးက မေးလိုက်၏။
“ငါတို့နှစ်ယောက်လုံးက အနက်ရောင်ကျင့်ကြံသူတွေပဲ” တွမ့်မူထျန်းက ပြောလိုက်၏။ ခဏတဖြုတ်စဉ်းစားပြီးနောက် သူက ထပ်ပြောလိုက်သည်။ “ဒါ့အပြင် အဲ့ဒီတုန်းက မင်းက ငါတွမ့်မူထျန်းထက်တောင် ပိုတောင်မည်းနက်သေးတယ်”
တွမ့်မူထျန်းက ထပ်မေးပြန်၏။ “ဘုံတစ်ထောင်လေပွေအဆင့်ထဲ ဝင်ပြီးသွားတာလား။ ဘယ်လိုလုပ် ပြောင်းလဲနိုင်ရသေးတာလဲ”
“လျှို့ဝှက်ချက်ပဲ” လုကျိုးက မျက်နှာထားတည်တည်ဖြင့် ပြန်ပြောလိုက်၏။
“ခရမ်းရောင်ကြာနယ်မြေအတွက် အနက်ရောင်ကြာနယ်မြေက ထွက်သွားပြီးတော့ မင်း မဟာတာအိုကို ရှာဖို့ အမည်မသိကုန်းမြေကို သွားတယ်လို့ကြားတယ်” တွမ့်မူထျန်းက မေးလိုက်၏။
“ငါ မမှတ်မိဘူး”
“မင်း ပြန်လာတဲ့အချိန် မြွေလိမ်မြွေကောက်ကိုးခု ပုံရိပ်ယောင်အစီအရင်ကို ဖန်တီးပြီးအဲ့ဒီနေရာမှာ မင်းရဲ့ကျင့်ကြံမှုအတွေ့အကြုံကို ထားခဲ့တယ်လို့ ကြားခဲ့တယ်” တွမ့်မူထျန်းက မေးလိုက်၏။
“သိနေပြီးသားဆို ဘာလို့မေးနေတာလဲ” လုကျိုးက သိချင်စိတ်ဖြင့်မေးလိုက်သည်။
“ကောင်းတယ် သိပ်ကောင်းတယ်။ ငါ မဟာသူတော်စင်တစ်ပါးဖြစ်လာပြီးတာတောင် မင်းထက်နိမ့်နေဦးမယ်လို့ မထင်ထားဘူး” တွမ့်မူထျန်းသည် ခေါင်းခါလျက်ပြောလိုက်၏။
“မဟာသူတော်စင်တစ်ပါးဖြစ်တာတောင် မင်း ကျန်ခဲ့ဦးမှာလို့ ငါ ပြောပြီးသားပဲ” လုကျိုးက ပြောလိုက်၏။ သူ ဟန်ဆောင်နေတာမဟုတ်ပေ။ သူ့၌အသုံးပစ္စည်းကတ်များနှင့် ရတနာများအားလုံးက အန္တရာယ်များ၏။ တွမ့်မူထျန်း၏ထူးခြားသော အထောက်အထားကြောင့်သာမဟုတ်လျှင် တွမ့်မူထျန်းသည် မည်ကဲ့သို့စကားပြောဦးနိုင်မည်နည်း။ သူက အခြားတစ်ယောက်သာဆိုလျှင် သူတို့အစောတည်းက သေနေလောက်ပြီဖြစ်သည်။
တွမ့်မူထျန်းက သက်ပြင်းချလျက် ဘာမှမပြောတော့ပေ။
ထိုစဉ် ပုံရိပ်များက အဝေးကနေပျံသန်းလာ၏။ သူတို့သည် မိစ္ဆာဝေဟင်မျှော်နန်းက လူများဖြစ်သည်။ သူတို့သည် အဝေးကနေပြင်းထန်သောတိုက်ပွဲကို မြင်သောအခါ သူတို့ထိန်းချုပ်မထားနိုင်တော့ဘဲ သူတို့အလျင်စလိုရောက်လာတော့သည်။
“ဘယ်အရူးက ငါ့ရဲ့ရှစ်စွင်းကို ရင်ဆိုင်ရဲတာလဲ” နယ်ရှင်လှံသည် ကောင်းကင်ကိုထိုးဖောက်လျက် တွမ့်မူထျန်းဆီ တိုးဝင်လာ၏။
တွမ့်မူထျန်းက မျက်မှောင်ကျုံ့လျက် သူ့ဆီတိုးဝင်လာသော ရွှေရောင်လှံကို ကြည့်လိုက်တော့သည်။ အင်္ကျီလက်ကို တချက်ခါလိုက်သည်။
ဘန်း
နယ်ရှင်လှံသည် တွန်းကန်ခံရကာ မြေပြင်ပေါ်အထိအခိုက်မရှိပြုတ်ကျသွားတော့သည်။
“ရာရာစစ” တွမ့်မူထျန်းက လေးနက်သောအသံဖြင့်ပြောလိုက်၏။
တွမ့်မူရှန်းက နယ်ရှင်လှံဆီပျံသန်းသွား၏။ ပြီးနောက် လုကျိုးကို မော့ကြည့်ကာမေးလိုက်တော့သည်။ “ရှစ်စွင်း အဆင်ပြေလား”
လုကျိုး “...”
နောက်ဆုံးတော့ ဖြစ်ကိုဖြစ်ရမဲ့အရာက ဖြစ်တာပဲလေ။
လုကျိုးသည် သူအဆင်ပြေကြောင်းခေါင်းညိတ်ပြလိုက်သည်။ တွမ့်မူထျန်းက မျက်မှောင်ကျုံ့လျက် လုကျိုးကို စောဒကတက်လေ၏။ “လောင်လု မင်း သွန်သင်ပြသလိုစိတ်ရှိတာကို နားလည်တယ်။ ဒါပေမဲ့ တပည့်ရွေးတဲ့နေရာမှာ ဂရုစိုက်ရမယ်”
လုကျိုး “...”
တွမ့်မူရှန်းသည် လက်မြှောက်လိုက်ရာ နယ်ရှင်လှံသည် သူ့ဆီပြေးလာ၏။ ပြီးနောက် သူသည် တွမ့်မူထျန်းကို ချိန်ရွယ်ပြီး ဆူငေါက်လိုက်တော့သည်။ “အမျိုးမစစ်ကြီး ကျုပ်ကို ဘယ်လိုလုပ်ဆူပူရဲတာလဲ”
“ဆူတော့ကော ဘာအရေးလဲ”
“အင်း ကျုပ် ဒါကိုပဲသည်းခံနိုင်မယ်”
ဝှစ်
တွမ့်မူရှန်းသည် သူ၏လက်ထဲရှိ နယ်ရှင်လှံဖြင့် ပျံသန်းသွား၏။ သူ၏နယ်ရှင်လှံဖြင့်ဝေ့ယမ်းလိုက်ကာ တွမ့်မူထျန်းဆီစွမ်းအင်လှံသောင်းချီတိုးဝင်သွားသည်။
တွမ့်မူထျန်းက ထိုစွမ်းအင်လှံများကို အေးအေးဆေးဆေးရှောင်ရှားစဉ် လေထဲ၌ တဝီဝီသံများပေါ်လာ၏။ ပြီးနောက် သူက ပြုံးလျက်မေးလိုက်သည်။ “ဒါအကုန်ပဲလား။ ကလေးကစားနေတာနဲ့မခြားဘူး”
တွမ့်မူရှန်းသည် တဖြောင့်တည်းသမားဖြစ်၏။ ထိုစကားကိုကြားပြီးနောက် လှံကို ဒေါသတကြီးလွှဲယမ်းကာ လျင်မြန်စွာ တိုက်ခိုက်လေ၏။
တွမ့်မူထျန်းက ပြောလိုက်သည်။ “အင်း ဒီတစ်ခေါက် မင်း နည်းနည်းပိုတော်လာပြီ။ ဆရာသခင်ဖြစ်နိုင်တယ်”
ဘန်း
တွမ့်မူထျန်းက သူ၏လက်တစ်ဖက်ကို တွန်းထုတ်လိုက်၏။ သူ၏အကြွင်းမဲ့စွမ်းအားသည် တွမ့်မူရှန်းကို နောက်သို့လွင့်ထွက်သွားစေသည်။
တွမ့်မူထျန်းက ပြုံးပြီးပြောလိုက်သည်။ “မင်း လုံလောက်ဖို့လိုသေးတယ်။ လောင်လု မင်းရဲ့အကြိုက်က တကယ်ဆိုးတာပဲ”
လုကျိုး “...”
ယွီကျန့်ဟိုင်က ပြောလိုက်သည်။ “ဒါက ကျုပ်ရဲ့စန်းရှစ်တိ။ တကယ်တော့ သူက မဆိုးဘူး။ ကျုပ်ရဲ့ရှင်းပြချက်ကို နားထောင်ပြီးရင် သဘောပေါက်သွားလိမ့်မယ်”
“ရှင်းပြဖို့မလိုဘူး” တွမ့်မူထျန်းက ပြောပြီးနားမထောင်ပေ။ “ဘယ်လိုပဲဖြစ်ဖြစ် သူ ဆိုးတာပဲ”
“မင်းရဲ့ဆရာကို အနိုင်မကျင့်နိုင်တာတင် ဆိုးလှပြီ။ မင်းကို အနိုင်မကျင့်နိုင်ဘူးဆို နောင်ကျ မဟာသူတော်စင်တစ်ပါးအနေနဲ့ ဘယ်လိုနေရမလဲ”
တွမ့်မူထျန်းသည် စဉ်းစားထားပြီးသားဖြစ်သည်။ အခြားသူများသည် ထိုကောင်စုတ်လေးကို မည်မျှချီးကျူးစေကာမူ သူက နင်းချေရန်ဆုံးဖြတ်ထား၏။
ယွီကျန့်ဟိုင် ဆွံ့အသွားတော့သည်။
ထိုစဉ် တွမ့်မူရှန်းက ထပ်မံတိုက်ခိုက်လာ၏။ သူသည် လက်နှစ်ဖက်ဖြင့်နယ်ရှင်လှံကို ကိုင်ထားရာ သူ၏လက်မှ ခရမ်းရောင်နဂါးနှစ်ကောင်က ရှေ့တိုးလာပြီး ဘယ်ညာကူးခတ်လာ၏။ ဤနည်းဖြင့် သူ၏ခွန်အားသည် အဆပေါင်းများစွာ တိုးလာသည်။
တွမ့်မူထျန်းက တအံ့တဩပြောလိုက်၏။ “ယိုယွင်းခြင်းစွမ်းအင်လား”
တွမ့်မူရှန်းက ပြောလိုက်၏။ “မျိုးမစစ်ကြီး ကျုပ် အခုအားနည်းနေရင်တောင် ခင်ဗျားထက် အဆတစ်ရာသာသေးတယ်”
ဝှစ် ဝှစ် ဝှစ်
ခရမ်းရောင်နဂါးတို့သည် လျင်မြန်စွာ ကူးခတ်လာစဉ် စွမ်းအင်လှိုင်းတို့က လေထဲပေါ်ထွက်လာ၏။
တွမ့်မူထျန်းသည် တွမ့်မူရှန်းအား လှုပ်ရှားမှုမပေးပေ။ သူ လက်နှစ်ဖက်ကို တွန်းထုတ်လိုက်၏။ “ရွေ့မရသောတောင်”
အကြွင်းမဲ့စွမ်းအားနှင့်ရင်ဆိုင်ရသောအခါ လက်ဝါးနှင့်ရင်ဆိုင်ရသောအချိန် ခရမ်းရောင်နဂါးနှင့် စွမ်းအင်လှံတို့ ပျောက်ကွယ်သွား၏။
ထိုစဉ် လုကျိုးက နောက်ဆုံး၌ ပြောလိုက်၏။ “သူက မဟာသူတော်စင်ပဲ”
တွမ့်မူရှန်းက ထိတ်လန့်သွားပြီး သူက အနောက်သို့လျင်မြန်စွာ ဆုတ်ခွာလိုက်၏။ သူ မည်မျှလျင်မြန်စေကာမူ ခွန်အားကွာဟချက်ကို သတိပြုမိသေး၏။
ထိုစဉ် ဝေဟင်ကနေ ဧရာမကောင်ဆင်းသက်လာ၏။ “သခင်လေး”
တွမ့်မူရှန်းက ခေါင်းမော့ပြီး သူသည် တွမ့်မူထျန်းကို လက်ညှိုးထိုးပြပြီးပြောလိုက်သည်။ “လုဝူ သူ့ကို အေးခဲပစ်”
လုဝူက ခေါင်းမော့လိုက်၏။ ၎င်းသည် တွမ့်မူထျန်းကို မြင်သောအခါ ၎င်း၏မျက်လုံးများသည် နေမင်း၊လမင်းနှင့် ကြယ်တာရာတို့ပမာ လင်းလက်လာ၏။ “သခင်လား”
တွမ့်မူထျန်း “...”
“လုဝူ မင်း ဘာလုပ်နေတာလဲ” တွမ့်မူရှန်းက မျက်မှောင်ကျုံ့လိုက်၏။
လုဝူက ရှေ့သို့ခုန်တိုးကာ တွမ့်မူထျန်းကို အလျင်စလိုခုန်အုပ်လိုက်၏။
တွမ့်မူရှန်းသည် အလျင်စလိုပြေးသွားသည်။
တွမ့်မူထျန်းက တအံ့တဩပြောလိုက်သည်။ “လုဝူလား”