← Chapters

အခန်း (၁၄၅၆-၁၄၅၈)

Vol. 98 Ch. 1456-1458

အခန်း (၁၄၅၆-၁၄၅၈)

Vol. 98 Ch. 1456-1458

အခန်း (၁၄၅၆) ကိုယ်စားပြု မဟာသူတော်စင်

လု၀ူက ခုန်ပျံကျော်လွှားပြီး တွမ့်မူထျန်း၏ ရှေ့တွင် ရပ်လိုက်သည်။ လု၀ူက တွမ့်မူထျန်းကို မော့ကြည့်ရသည့် အနေအထားအထိ မြင့်မားစွာ ရပ်ပြီးနောက် ခေါင်းကို နှိမ့်ကာ လေသံတိုးတိုးဖြင့် ခေါ်ဆိုလိုက်သည်။

“သခင်”

မိစ္ဆာဝေဟင်မျှော်နန်းမှ အခြားသူများမှာမူ ဤမြင်ကွင်းကို မြင်တွေ့ရသောအခါ အံ့ဩတုန်လှုပ်လျက် ဘာလုပ်ရမှန်းမသိ ဖြစ်နေကြသည်။

တွမ့်မူရှန်းသည် စိတ်အရှုပ်ထွေးဆုံး ဖြစ်နေ၏။ လု၀ူ၏ အပြုအမူနှင့် တွမ့်မူထျန်းကို ခေါ်ဝေါ်ပုံတို့အား နားမလည်နိုင် ဖြစ်နေသည်။ သူ့စိတ်ခံစားချက်သည် တဖြည်းဖြည်း ထူးဆန်းလာခဲ့သည်။

တွမ့်မူထျန်း၏ မျက်လုံးများ အနည်းငယ် နီရဲလာခဲ့သည်။ ယောက်ျားတစ်ယောက်သည် လွယ်လွယ်ဖြင့် မငိုသင့်သော်လည်း နှစ်ပေါင်း တစ်သောင်းကျော်ကြာ အတူယှဉ်တွဲ၍ တိုက်ခိုက်ခဲ့သော အဖော်ကို ပြန်လည်တွေ့ဆုံရသည့် ကံကောင်းသူ ဘယ်နှစ်ယောက်များ ရှိမည်နည်း။ အတိတ်က ခွဲခွာခဲ့ရစဉ်တွင် နှစ်ဦးစလုံး မခွဲနိုင်မခွာရက် ဖြစ်ခဲ့ရသည်။ တွမ့်မူထျန်းက လု၀ူနှင့် စတင်တွေ့ဆုံခဲ့ပုံ၊ အတူတကွ ကျင့်ကြံခဲ့ပုံ၊ ရန်သူများကို သတ်ဖြတ်ရန် သွေးနှင့် မျက်ရည်များ ကျခဲ့ပုံတို့ကို ပြန်ပြောင်းအမှတ်ရနေခဲ့သည်။

သူ့စိတ်ခံစားချက်များကို ဖော်ပြရန် မကျွမ်းကျင်သော တွမ့်မူထျန်းက လုဝူဆီ ပျံသန်းသွားလိုက်သည်။ သူ့နွမ်းနယ်နေသော လက်ဖြင့် တုန်တုန်ယင်ယင် လု၀ူ၏ ဦးခေါင်းပေါ်သို့ တင်လိုက်သည်။ အတိတ်တုန်းကလိုမျိုး တွမ့်မူထျန်းက သူ့ဦးခေါင်းကို ပွတ်သပ်လေ့ရှိပုံအတိုင်းပင် ဖြစ်သည်။ ဤအခိုက်အတန့်တွင် အတိတ်ကား အသက်ပြန်ဝင်လာပုံရသည်။

လု၀ူက လေသံတိုးတိုးဖြင့် မေးလိုက်သည်။

“ဘာဖြစ်လို့လဲ”

တွမ့်မူထျန်းက သူ့ရင်ထဲမှ စိတ်ခံစားမှုများကို ဖိနှိပ်လိုက်သည်။ သူသည် လု၀ူ၏ ဦးခေါင်းကို ပုတ်ပြီးနောက် သက်ပြင်းချ၍ ဆိုသည်။

“မဟာလေဟာနယ်က မင်းကို ဖိတ်ခေါ်တဲ့အခါ ငြင်းခွင့်မရှိဘူး”

လု၀ူသည် အနည်းငယ် အထီးကျန်ဟန်ဖြင့် ထိုင်ချလိုက်ပြီး ဆိုသည်။

“သခင်က ဒီအချိန်တွေတစ်လျှောက်လုံး အမည်မသိကုန်းမြေမှာ…”

“ငါက သွင့်ကျန်း ဖျက်ဆီးခြင်းတိုင်လုံးကို ကာကွယ်ဖို့ မဟာလေဟာနယ်ရဲ့ အမိန့်ကို ခံယူခဲ့ရတာ။ ဒီကို ရောက်တော့ မင်းအကြောင်း ကြားခဲ့ရတယ်။ ငါ မင်းကို တကယ်ပဲ လိုက်ရှာချင်ခဲ့တာ၊ ဒါပေမဲ့ တိုင်နားကနေ ထွက်ခွာလို့ မရခဲ့ဘူး” တွမ့်မူထျန်းက သူ့မျက်နှာသည် မှိုင်းညို့လာရင်း ပြောလိုက်သည်။

လု၀ူသည် ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။ “အမည်မသိကုန်းမြေက အရမ်းကျယ်ပြန့်တယ်။ ငါလဲ အချိန်အတော်ကြာ လျှောက်သွားခဲ့ရတယ်။ မဟာလေဟာနယ်ကို ရှာတွေ့လိမ့်မယ်လို့ ထင်ခဲ့တာ”

“တောင်းပန်ပါတယ်” တွမ့်မူထျန်းက ပြောလိုက်သည်။

လု၀ူက ဆိတ်ဆိတ်နေသည်။

တွမ့်မူထျန်းက အပြစ်ရှိသော လေသံဖြင့် ဆိုသည်။

“ငါ မင်းကို ထားခဲ့ပြီး မဟာလေဟာနယ်ကို တစ်ယောက်တည်း မသွားသင့်ခဲ့ဘူး”

လု၀ူသည် မည်သည့်စကားမှ ဆက်မပြောပေ။

တစ်ဖက်တွင် စကားဝိုင်းကို ကြားခဲ့ရသော မိစ္ဆာဝေဟင်မျှော်နန်းမှ လူများမှာ သက်ပြင်းချလိုက်ကြသည်။

လူသားနှင့် သားရဲတို့သည် သူတို့၏ စိတ်ခံစားမှုများ နောက်ဆုံးတွင် ငြိမ်သက်သွားသည်အထိ အချိန်အတော်ကြာ အတိတ်ကို ပြန်ပြောင်း အမှတ်ရနေခဲ့ကြသည်။

တွမ့်မူထျန်းက အတင်းအကျပ် ပြုံးလိုက်ပြီး ဆိုသည်။

“ဘာပဲဖြစ်ဖြစ်၊ ငါတို့ ပြန်ဆုံနိုင်တာ ကံကောင်းတယ်။ ဒါက ကံတရားပဲ။ ဒီအချိန်ကစပြီး ငါတို့ အတူတူ ဆက်တိုက်ကြမယ်”

တွမ့်မူထျန်း၏ စကားသံ ဆုံးသည်နှင့် ပြင်းထန်သော အသံတစ်ခု ထွက်ပေါ်လာသည်။

“မရဘူး”

လူတိုင်းက ထိုအသံလားရာသို့ လှည့်ကြည့်လိုက်ကြသည်။

ထိုသူသည် တွမ့်မူရှန်း ဖြစ်၏။

တွမ့်မူထျန်းက တွမ့်မူရှန်းကို ထူးဆန်းစွာ ကြည့်လိုက်သည်။ သူတို့၏ စကားဝိုင်းသည် ပြင်ပလူတစ်ဦးနှင့် ဘာများဆိုင်သနည်း။ တွမ့်မူထျန်းက အစကတည်းက စိတ်မထိန်းနိုင်သော ထိုလူငယ်ကို သဘောမကျခဲ့ပေ။ ထို့ကြောင့် သူက ခေါ်လိုက်သည်။

“လောင်လု”

တစ်နည်းအားဖြင့် ‘လောင်လု’ ဟူသော စကားလုံးသည် လုကျိုးက သူ့တပည့်ကို ဂရုစိုက်သင့်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။

တွမ့်မူထျန်းက လုကျိုးက နားမကြားဟန်ဆောင်ပြီး လက်နောက်ပစ်ကာ ရပ်နေမည်ဟု မမျှော်လင့်ခဲ့မိပေ။

ဘုန်း

“မရဘူးလို့ ပြောရင် မရဘူးပဲ”

တွမ့်မူရှန်းသည် သူ့နယ်ရှင်လှံဖြင့် ထပ်မံ ပျံထွက်လာသည်။ သူ့တိုက်ခိုက်မှုများသည် ယခင်ကထက် ပိုမို လျင်မြန်လာသည်။ ထို့အပြင် တိုက်ခိုက်မှုများသည် သေစေနိုင်သည်။

တွမ့်မူထျန်းက မျက်မှောင်ကြုတ်၍ သူ့လက်ဖျားကို ခါလိုက်ရာ တွမ့်မူရှန်းကို နောက်သို့ လွင့်စင်သွားစေသည်။

မဟာသူတော်စင်တစ်ဦးနှင့် ရင်ဆိုင်ရသောအခါ တွမ့်မူရှန်းတွင် အနိုင်ရရန် အခွင့်အရေး မရှိပေ။ လုကျိုးအတွက်ကြောင့်သာ မဟုတ်ပါက တွမ့်မူထျန်းက လှုပ်ရှားမှု တစ်ခုတည်းဖြင့် တွမ့်မူရှန်းကို ပြင်းထန်စွာ ဒဏ်ရာရစေပြီး ဖြစ်လိမ့်မည်။ လုကျိုးအတွက်သာ မဟုတ်ပါက တွမ့်မူရှန်းကို တိုက်ခိုက်ရန် အခွင့်အရေးပင် ပေးမည် မဟုတ်ပေ။

မျှော်လင့်ထားသည့်အတိုင်း တွမ့်မူရှန်းသည် လက်မလျှော့ဘဲ ထပ်မံ တိုက်ခိုက်ပြန်သည်။ သူ့မျက်နှာတွင် ဒေါသအပြည့်ဖြင့် သွားများ ကြိတ်ထားသည်။

“စန်းရှစ်ရှိုး”

“တတိယသခင်လေး”

မိစ္ဆာဝေဟင်မျှော်နန်းမှ လူများသည် တွမ့်မူရှန်းကို တားဆီးရန် တစ်ဦးပြီး တစ်ဦး အော်ဟစ်လိုက်ကြသည်။

ခရမ်းရောင်နဂါးများမှာ အရင်ကထက်ပင် ပိုမို တောက်ပလာပြီး ဝါးမျိုရေး စွမ်းအင်များ စီးဆင်းလာသည်။ နဂါးများသည် ပေ (၁၀၀၀) အရှည်အထိ ကြီးထွားလာပြီး ကောင်းကင်ကို ဝိုင်းပတ်ကာ လျှပ်စီးကဲ့သို့ လျင်မြန်စွာ တွမ့်မူထျန်းဆီသို့ ဦးတည်သွားသည်။

တွမ့်မူထျန်းက အချိန်နှေးကွေးသွားသလို ခံစားလိုက်ရပြီးနောက် အန္တရာယ်ရှိသော စွမ်းအင်တစ်ခုကို ခံစားလိုက်ရသည်။ ထို့ကြောင့် သူ့ကာကွယ်ရေးစွမ်းအင်ကို ဖွင့်လိုက်သည်။

ဘုန်း

ခရမ်းရောင် နဂါးများသည် တွမ့်မူထျန်း၏ ကာကွယ်ရေးစွမ်းအင်နှင့် ကျယ်လောင်စွာ တိုက်မိသည်။

တွမ့်မူထျန်းက သူ့မဟာနည်းစနစ်ကို အသုံးပြုပြီး နောက်သို့ ဆုတ်သွားသည်။ သူ့အာကာပြင်နိယာမကို နားလည်မှုသည် တွမ့်မူရှန်းထက် များစွာ နက်ရှိုင်းသည်။ သူ မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

“ကောင်လေး … လောင်လုအတွက်ကြောင့် ငါ မင်းကို သည်းခံပေးနေတာ … ဒါပေမဲ့ မင်းကို ငါ အမြဲတမ်း သည်းခံနေမယ်လို့ မဆိုလိုဘူး”

“ကျွန်တော့ရှစ်စွင်းကို အားနာဖို့ မလိုဘူး” တွမ့်မူရှန်းသည် ထပ်မံ ပျံထွက်လာသည်။ သူ့မျက်လုံးများမှာ မှောင်မိုက်နေပြီး အနက်နှင့် ခရမ်းရောင် စွမ်းအင်တို့သည် သူ့ကိုယ်ခန္ဓာမှ ထွက်ပေါ်လာသည်။

ထို့နောက် ခရမ်းရောင်နဂါးများသည် ပို၍ ကြီးမားလာပြန်သည်။

“စန်းရှစ်ရှိုး ပိုသန်မာလာပြီ”

“ဒါ ဘယ်တုန်းက ဖြစ်သွားတာလဲ”

“တတိယသခင်လေးက ဝါးမျိုရေး စွမ်းအင်နဲ့ မဟာလေဟာနယ်မျိုးစေ့ကို ပိုင်ဆိုင်ထားပြီး၊ ဖျက်ဆီးခြင်းတိုင်လုံးကလဲ အသိအမှတ်ပြုထားတာလေ … ဒါ့အပြင် သူက ပုံမှန် ကျင့်ကြံမှုလမ်းကြောင်းကနေ သွေဖယ်သွားပြီ။ ဒါကြောင့် သူ့ရဲ့ ခွန်အားကို ဇယားချပ်တွေ ဒါမှမဟုတ် ရွှေကြာပွင့်တွေနဲ့ တိုင်းတာလို့ မရဘူး”

“မိစ္ဆာလား” တွမ့်မူထျန်းက ခရမ်းရောင် နဂါးများနှင့် ဝါးမျိုရေးစွမ်းအင်များကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။ ထို့နောက် သူသည် လုကျိုးကို လှည့်ကြည့်ကာ မကျေနပ်သော အရိပ်အယောင်ဖြင့် ပြောလိုက်သည်။

“လောင်လု … မင်းက တကယ်ပဲ မိစ္ဆာ အခြေအနေရှိတဲ့ တပည့်တစ်ယောက်ကို လက်ခံခဲ့တာလား”

ဟူး

တွမ့်မူရှန်းသည် ပျံသန်းလာသည်။ သို့သော် တွမ့်မူရှန်း ပိုမို နီးကပ်လာခြင်းမပြုမီ လု၀ူသည် ခေါင်းကို မြှောက်ကာ အဖြူရောင် မြူခိုးကို တံတွေးထုတ်လိုက်သည်။

ခရစ်

ခဏအတွင်းမှာပင် တွမ့်မူရှန်းသည် ရေခဲရုပ်အဖြစ်သို့ ပြောင်းသွားသည်။

ဘုန်း

တွမ့်မူရှန်းက ပြုတ်ကျသွားသည်။

ထို့နောက် လု၀ူသည် လေသံနက်နက်ဖြင့် ပြောသည်။

“တော်ပြီ”

တွမ့်မူထျန်းက ပြုံးရယ်လိုက်ပြီး ဆိုသည်။

“ကောင်လေး၊ မင်း ငါ့လို လူအိုကြီးကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး။ မင်း ပြန်သွားပြီး ကလေးတွေနဲ့ ဆော့ကစားသင့်တယ်”

ထို့နောက် လု၀ူသည် တွမ့်မူထျန်းအား မြူခိုးတိမ်တိုက်တစ်ခုကို တံတွေးထုတ်လိုက်သည်။

တွမ့်မူထျန်းက လု၀ူကို ခုခံကာကွယ်ရန် တစ်ခါမျှ မစဉ်းစားခဲ့ဖူးသောကြောင့် မမျှော်လင့်ဘဲ ရေခဲရုပ်အဖြစ် အေးခဲသွားခဲ့သည်။ သို့သော်လည်း သူသည် မဟာသူတော်စင် ဖြစ်သည်နှင့်အညီ မြေပေါ်သို့ မကျမီတွင်ပင် လွတ်မြောက်ခဲ့ပြီး ဖြစ်သည်။ ထို့နောက် သူသည် လု၀ူကို စူးစူးဝါးဝါး ကြည့်ကာ မေးသည်။ “ဘာလုပ်နေတာလဲ”

လု၀ူက ဆိုသည်။

“သခင်လေးက စိတ်မထိန်းနိုင်ပေမဲ့ သခင်ကတော့ တာဝန်ယူသင့်တယ်”

“ … ”

တွမ့်မူထျန်းက မျက်မှောင်ကြုတ်သွားသည်။ သူသည် အေးခဲနေသော တွမ့်မူရှန်းကို မယုံနိုင်သော မျက်နှာဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူက

“ဘာပြောလိုက်တာလဲ။ သခင်လေးလား”

လု၀ူသည် အသံမပါသော လေသံဖြင့် ဆိုသည်။

“သူက သခင်ရဲ့ မျိုးဆက်ပါ။ သူ့နာမည်က တွမ့်မူရှန်း”

တွမ့်မူထျန်းက သူ့ပါးစပ် ခြောက်သွားသည်ဟု ခံစားလိုက်ရသည်။ ထို့နောက် သူသည် လုကျိုးကို မယုံနိုင်စွာဖြင့် လှည့်ကြည့်လိုက်သည်။

လုကျိုးက ခေါင်းညိတ်သည်။

“လု၀ူ ပြောတာ မှန်တယ်”

တွမ့်မူထျန်း: “…”

ဘုန်း

ဤအချိန်တွင် တွမ့်မူရှန်းသည် ရေခဲထဲမှ လွတ်မြောက်လာပြီး နဂါးတစ်ကောင်ကဲ့သို့ သူ့လှံဖြင့် ကောင်းကင်သို့ ပျံတက်သွားသည်။ သူသည် လျှပ်စီးမြန်နှုန်းဖြင့် တွမ့်မူထျန်း၏ ရှေ့သို့ ရောက်လာသည်။

တွမ့်မူထျန်းက လျင်မြန်စွာ ရွေ့လျားပြီး တိုက်ခိုက်မှုကို ဆက်တိုက် ရှောင်တိမ်းသည်။

“ဘယ်လောက်ကြာကြာ ပြေးနိုင်မလဲ ကြည့်ရသေးတာပေါ့” တွမ့်မူရှန်းသည် တွမ့်မူထျန်းကို လိုက်လံ ဖမ်းဆီးသည်။

အမှန်တရားကို သိရှိပြီးနောက် တွမ့်မူထျန်းက တိုက်ခိုက်တော့ခြင်း မရှိပေ။ အမှန်တွင် သူသည် တွမ့်မူရှန်းကို ထိခိုက်မိမည်ကို စိုးရိမ်သောကြောင့် အလွန် ဂရုတစိုက် ရှောင်တိမ်းနေခဲ့သည်။

တွမ့်မူရှန်း၏ လှံပညာအပေါ် ကျွမ်းကျင်မှုသည် အလွန်မြင့်မားသည်။ ခရမ်းရောင်နဂါးများနှင့် ပေါင်းစပ်လိုက်သောအခါ သူသည် သာမန် မဟာဆရာသခင်များထက် ပိုမို သန်မာသည်။ ဖျက်ဆီးခြင်းတိုင်လုံး၏ အသိအမှတ်ပြုမှုကို ရရှိပြီးနောက် တွမ့်မူရှန်းသည် ပို၍ပင် အားကောင်းလာခဲ့သည်။

ပေ (၁၀၀၀) ရှည်လျားသော ခရမ်းရောင် နဂါးများ ထွက်ပေါ်လာသည်။

ကောင်းကင်တစ်ခုလုံးသည် ခရမ်းရောင် နဂါးများနှင့် စွမ်းအင်လှံများဖြင့် ပြည့်နှက်နေပုံရသည်။

မိစ္ဆာဝေဟင်မျှော်နန်းမှ လူအများစုသည် ဆုတ်ခွာခဲ့ရသည်။ အဆင့်မြင့်ကျင့်ကြံသူများသာ စောင့်ကြည့်ရန် ကျန်နေခဲ့သည်။

တွမ့်မူထျန်းက ဆက်လက် ရှောင်တိမ်းနေရင်း တွမ့်မူရှန်း၏ တိုက်ခိုက်မှုများကို ကျွမ်းကျင်စွာ ရှောင်တိမ်းသည်။ သူက ရယ်မော၍ ဆိုသည်။

“ကောင်လေး မင်းရဲ့ တိုက်ခိုက်မှုတွေက မဆိုးဘူး”

တွမ့်မူရှန်းက ဒေါသတကြီးဖြင့် ပြောသည်။

“ကျွန်တော့်မှာ ပိုကောင်းတဲ့ လှုပ်ရှားမှုတွေ ရှိသေးတယ်”

“လှိုင်းလုံးထောင်ချီ … ပူခြစ်တောက် ကွင်းပြင် ထိုးနှက်ချက် ရာချီ”

ဘုန်း

နယ်ရှင်လှံကို ကိုင်စွဲရာတွင် တွမ့်မူရှန်း၏ အရှိန်သည် အလွန်မြန်သဖြင့် နေရာ၏ အနားသတ်ကို ပေါက်ထွက်တော့မလို ထင်ရပြီး အံ့ဩစရာ ဖြစ်သည်။

“အရမ်းကောင်းတယ်။ မင်းရဲ့ ပင်ကိုယ် အရည်အချင်းနဲ့ ခွန်အားက တော်တော် ကောင်းတယ်။ ဒီလို ခွန်အားမျိုးကိုတောင် ဖောက်ထွက်နိုင်လိမ့်မယ်လို့ ထင်မထားဘူး” တွမ့်မူထျန်းက ပြန်လည် တိုက်ခိုက်ခြင်း မရှိပေ။ အစားထိုးအနေဖြင့် သူသည် တွမ့်မူရှန်းကို ဆက်လက် ချီးမွမ်းနေခဲ့သည်။

တွမ့်မူထျန်း၏ စကားများကို ကြားသောအခါ လူတိုင်း ရှက်ရွံ့သွားကြသည်။

လုကျိုးက ခေါင်းခါ၍ မေးသည်။

“တွမ့်မူထျန်း ဘာလို့ ပြန်မတိုက်တာလဲ”

“ဒီလို လုပ်ဖို့ မလိုဘူး” တွမ့်မူထျန်းက ဆိုသည်။

“မင်း ငါ့တပည့်ကို မနိုင်ဘူးလို့ မပြောနဲ့နော်”

“ဟာသပဲ။ ငါက မဟာသူတော်စင်တစ်ယောက်။ ငါ သူ့ကို မနိုင်ဘဲ နေပါ့မလား” တွမ့်မူထျန်းက မေးသည်။

“မင်း အချိန်တစ်လျှောက်လုံး အားနည်းတဲ့ အနေအထားမှာ ရှိနေတာပဲ ငါ တွေ့ရတယ်။ မင်း သူ့ကြောင့် ရှောင်တိမ်းနေခဲ့ရတာ” လုကျိုးက ဆိုသည်။

တွမ့်မူထျန်းက ဤစကားကို ကြားသောအခါ ရှက်ရွံ့သွားသည်။ သူက ဆိုသည်။

“ငါ့ကို လာမနှောင့်ယှက်နဲ့။ ဒီကောင်လေးက အရမ်း ထက်မြက်ပြီး သန်မာတယ်။ သူက သံသယဖြစ်ဖွယ်မရှိ ရှားပါးတဲ့ ပါရမီရှင် တစ်ယောက်ပဲ”

ဒီလူအိုကြီးက သူ့ရဲ့ မျိုးဆက်ကို ချီးကျူးဖို့ တကယ်ပဲ အစွမ်းကုန် ကြိုးစားနေတာပဲ...

သို့သော် တွမ့်မူရှန်းသည် နားထောင်လေလေ ဒေါသထွက်လေလေ ဖြစ်သည်။ မကြာမီတွင် သူ့ဒေါသသည် ပေါက်ကွဲထွက်လာပြီး ခွန်အား ပိုမို ဖြစ်ပေါ်စေသည်။

ဘန်း

တွမ့်မူရှန်း၏ ရွှေရောင် စိတ်ဝိညာဉ်သဏ္ဍာန် ထွက်ပေါ်လာသည်။ ပွင့်ချပ် (၁၂) လွှာနှင့် ခရမ်းရောင်နဂါးများသည် စိတ်ဝိညာဉ်သဏ္ဍာန်ကို ဝိုင်းပတ်နေပြီး အစွမ်းထက်သော အင်အားတစ်ခုကို ထုတ်ပေးကာ တွမ့်မူထျန်းကို နောက်သို့ တွန်းပို့လိုက်သည်။

တွမ့်မူထျန်းက ကောင်းကင်ယံတွင် ရပ်တန့်လိုက်သည်။ တွမ့်မူရှန်းကို ကြည့်သောအခါ သူ့မျက်နှာပေါ်တွင် မျက်မှောင်ကြုတ်ခြင်းကို မြင်နိုင်သည်။

“ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဍာန် … နေဦး၊ ရွှေရောင် စိတ်ဝိညာဉ်သဏ္ဍာန်”

တွမ့်မူရှန်းသည် တွမ့်မူထျန်းကို စူးစိုက်ကြည့်၍ ပြောလိုက်သည်။

“စိတ်ဝိညာဉ်သဏ္ဍာန် ဘာပဲဖြစ်ဖြစ်၊ ပြိုင်ဘက်ကို အနိုင်ယူနိုင်တဲ့ စိတ်ဝိညာဉ်သဏ္ဍာန်ဆိုရင် အရေးမကြီးဘူး”

ဘုန်း

လေတိုက်ခတ်သံ မြည်ဟည်းလာပြီး ခရမ်းရောင် နဂါးများ ထပ်မံ ပျံထွက်လာသည်။

တွမ့်မူထျန်းက တွမ့်မူရှန်း၏ ခန္ဓာကိုယ်ပတ်လည်ရှိ ဝါးမျိုရေးစွမ်းအင်ကို ကြည့်လိုက်သောအခါ သူ့မျိုးဆက်နှင့် တွေ့ဆုံရသည့် ပျော်ရွှင်မှုသည် အေးစက်သွားသည်ကို ခံစားလိုက်ရသည်။ သူ့မျက်နှာထားသည် လေးနက်လာပြီး သူ့လက်ဖဝါးကို အောက်သို့ ဖိချ၍ ပြောလိုက်သည်။

“တော်သင့်ပြီ”

နေရာတစ်ခုလုံး ရပ်တန့်သွားသည်။

ဤအချိန်တွင် မဟာသူတော်စင်တစ်ဦး၏ ခွန်အားသည် အပြည့်အဝ ထင်ရှားနေသည်။

တွမ့်မူထျန်း၏ အသံသည် မိုးခြိမ်းသံကဲ့သို့ ဖြစ်ပြီး လူတိုင်းကို တုန်လှုပ်စေသည်။

အေးခဲနေသည့် အကွာအဝေးတွင် မရှိသော မိစ္ဆာဝေဟင်မျှော်နန်းမှ လူများကလဲ တုန်လှုပ်ထိတ်လန့်သွားကြသည်။

ထို့နောက် တွမ့်မူထျန်း၏ လက်ဝါးစည်းတံဆိပ်သည် ခရမ်းရောင် နဂါးများပေါ်သို့ ကျလာသည်။ ခရမ်းရောင် နဂါးများပတ်လည်ရှိ အနက်ရောင် စွမ်းအင်သည် ခဏတာ ရုန်းကန်နေပုံရသော်လည်း ပျက်ပြယ်သွားခဲ့သည်။

ဘုန်း

ထို့နောက် လက်ဝါးစည်းတံဆိပ်သည် တွမ့်မူရှန်း၏ ရင်ဘတ်ပေါ်သို့ ကျရောက်ပြီး တွမ့်မူရှန်းကို လဲကျစေသည်။

ထို့နှင့်အတူ တိုက်ပွဲ ပြီးဆုံးသွားသည်။

မဟာသူတော်စင် လှုပ်ရှားလိုက်သည်နှင့် တိုက်ပွဲ၏ ရလဒ်သည် ချက်ချင်း ဆုံးဖြတ်ပြီးသား ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ဦးကြား ကွာခြားချက်မှာ ကောင်းကင်ပေါ်ရှိ တိမ်နှင့် မြေပြင်ပေါ်ရှိ ရွှံ့ ကဲ့သို့ ဖြစ်သည်။

လူတိုင်းသည် ရလဒ်ကို သိသော်လည်း အံ့အားသင့်နေဆဲ ဖြစ်သည်။

တွမ့်မူထျန်းက လုကျိုးဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“လောင်လု … မင်း ကျိုးကြောင်းဆီလျော်တဲ့ ရှင်းပြချက် မပေးရင် ဒီနေ့ ဒီနေရာက ထွက်သွားဖို့တောင် မစဉ်းစားနဲ့”

လုကျိုး၏ မျက်နှာထားသည် မာကျောနေပြီး သူက ပြတ်သားစွာဖြင့် ပြောလိုက်သည်။

“ငါ သူ့ကို တပည့်အဖြစ် လက်ခံခဲ့တယ်။ သူ့ကို တစ်ဦးတည်း ပြုစုပျိုးထောင်ခဲ့တယ်။ အသက်ကယ် နည်းစနစ်တွေ သင်ပေးခဲ့တယ်။ သူ သေရင်တောင် မင်း ငါ့ကို ဘာလုပ်ရမယ်လို့ ပြောပိုင်ခွင့် မရှိဘူး”

“မင်း”

“ငါ မှားနေလား” လုကျိုးက ဆက်ပြောသည်။

“သူ ငယ်ငယ်လေးကတည်းက ငါ့နောက်ကို လိုက်ခဲ့ပြီး ဒုက္ခတွေ အများကြီး ကြုံခဲ့ရတယ်။ မင်း ဆရာသခင်တစ်ယောက် ဖြစ်ပြီးနောက် မဟာလေဟာနယ်ကို ထွက်သွားခဲ့တယ်။ တွမ့်မူမျိုးနွယ်စုရဲ့ ရလဒ်ကို မင်း စဉ်းစားမိရဲ့လား”

တွမ့်မူထျန်းက တွေဝေသွားသည်။ ကျင့်ကြံသူများအတွက် ဤနှောင်ကြိုးများကို ဖြတ်တောက်ခြင်းသည် ကျင့်ကြံခြင်းလမ်းကြောင်းတွင် မရှိမဖြစ် လိုအပ်သည်။ ၎င်းသည် ရက်စက်ပုံရသော်လည်း အမှန်တရား ဖြစ်သည်။

ဤအချိန်တွင် တွမ့်မူရှန်းသည် သွေးတစ်လုတ် အန်ကာ မတ်တတ်ရပ်ရန် ရုန်းကန်ပြီးနောက် မော့ကြည့်ကာ ပြောလိုက်သည်။

“ခင်ဗျားက အရည်အချင်း မပြည့်မီဘူး”

တွမ့်မူထျန်းက ဒေါသထွက်နေသော တွမ့်မူရှန်းကို ကြည့်လိုက်သည်။ သူ တစ်ခုခု ပြောချင်သော်လည်း ဘာပြောရမှန်း မသိပေ။

တွမ့်မူရှန်းသည် ဆက်လက်၍

“ကျွန်တော့်ရှစ်စွင်းကို ဝေဖန်ဖို့ ခင်ဗျားမှာ ဘာလုပ်ပိုင်ခွင့် ရှိလို့လဲ။ အရည်အချင်း မမီဘူးဆိုတာကတောင် ခင်ဗျားကို ဖော်ပြဖို့ အရမ်းကို ကြင်နာတဲ့ စကားလုံးပဲ”

ဤအချိန်တွင် လုကျိုးက တွမ့်မူရှန်းကို အသံနှိမ့်ကာ ပြောလိုက်သည်။

“အဆင့်သတ်မှတ်ချက်ဆိုတာ ရှိတယ်။ သူက မင်းရဲ့ အကြီးပဲ။ ဘာပဲဖြစ်ဖြစ် မင်း အရမ်း ရိုင်းစိုင်းလို့ မရဘူး”

အဆုံးစွန်တွင် လူတစ်ဦးသည် မိမိ၏ ကန့်သတ်ချက်ကို သိထားရမည်ဖြစ်ပြီး အလွန်အကျွံ မဖြစ်သင့်ပေ။

တွမ့်မူထျန်းက ဆိတ်ဆိတ်နေဆဲ ဖြစ်သည်။

သူ့ရှစ်စွင်း၏ စကားများကို ကြားရသောအခါ တွမ့်မူရှန်းက ခေါင်းငုံ့ကာ ပြောလိုက်သည်။

“ဟုတ်ကဲ့”

ဤအချိန်တွင် တွမ့်မူထျန်းက သက်ပြင်းချ၍ ပြောလိုက်သည်။

“ငါ ရိုင်းမိသွားတယ်”

အမှန်တကယ်ပင် လုကျိုးက တွမ့်မူရှန်းကို မိဘကဲ့သို့ ဂရုစိုက်ခဲ့သူ ဖြစ်သည်။ တွမ့်မူထျန်းက လုကျိုးကို ဝေဖန်ပိုင်ခွင့် မရှိကြောင်း သိသည်။

ထို့နောက် တွမ့်မူထျန်းက တွမ့်မူရှန်းကို ကြည့်ကာ

“ကောင်လေး၊ ငါ မင်းကို အစောပိုင်းက သိပ်မပြင်းထန်အောင် မထိဘူး။ မင်း တကယ် ဒဏ်ရာပြင်းထန်နေသလို ဟန်ဆောင်မနေနဲ့။ မသိတဲ့သူတွေက ငါ့ကို ရက်စက်ပြီး စိတ်နှလုံး မရှိဘူးလို့ ထင်သွားလိမ့်မယ်”

တွမ့်မူရှန်းသည် သူ့ရင်ဘတ်ကို ပွတ်သပ်ပြီး ဘေးဘက်သို့ လှည့်ကြည့်ကာ ဘာမှ မပြောပေ။

တွမ့်မူထျန်းက လေးလေးပင်ပင် သက်ပြင်းချပြီးမှ

“မင်း ဒေါသထွက်တာ နားလည်ပါတယ်။ တွမ့်မူမျိုးနွယ်စုက ထွက်ခွာပြီးနောက် ငါ ခရမ်းရောင် ကြာနယ်မြေကို သွားခဲ့တယ်။ အဲဒီက ဖရိုဖရဲဖြစ်မှုတွေကို နှိမ်နင်းချင်ခဲ့တာ။ ဒါပေမဲ့ ငါ ပြန်လာတော့ တွမ့်မူမျိုးနွယ်စုက ပျောက်ကွယ်နေပြီ။

ငါ လိုက်မေးကြည့်တော့ မျိုးနွယ်စုဝင် (၃၀၀၀) က ထွက်ပြေးတာ ဒါမှမဟုတ် သေဆုံးတာ ဖြစ်ခဲ့တယ်။ ငါ ဘယ်သူ့ကိုမှ ရှာမတွေ့ခဲ့ဘူး။ ဒါကို ငါလည်း မမျှော်လင့်ခဲ့ဘူး။ ငါ ခရမ်းရောင် ကြာနယ်မြေမှာ ရှိနေတုန်းက လု၀ူကို ယဉ်ပါးအောင် လုပ်နိုင်ခဲ့ပြီး ငါ့ရဲ့ ကျင့်ကြံမှုကလည်း အများကြီး တိုးတက်ခဲ့တယ်။ ဒါပေမဲ့ ငါ လုံးဝ မပျော်ခဲ့ဘူး”

တွမ့်မူထျန်းက ခဏရပ်ပြီးမှ တွမ့်မူရှန်းကို ကြည့်ကာ “မင်းမှာ တွမ့်မူမျိုးနွယ်စုရဲ့ သွေးတွေ ရှိတယ်။ မင်းရဲ့ ခွန်အားက ပြင်းထန်တယ်။ မင်း ငါ့ကို အသိအမှတ်ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ ဒါက ပြောင်းလဲသွားမှာ မဟုတ်ဘူး”

လူတိုင်း သက်ပြင်းချလိုက်ကြသည်။

သူတို့အားလုံးသည် သနားစရာကောင်းသော လူများ ဖြစ်သည်။ အခြေအနေများ ပြန်ပြင်မရသည့် အဆင့်ကို ကျော်လွန်သွားပြီဖြစ်သောကြောင့် ပို၍ နာကျင်အောင် လုပ်ရန် အကြောင်းမရှိတော့ပေ။

ဤစကားများကို နားထောင်ပြီးနောက် တွမ့်မူရှန်းသည် စိတ်ရှုပ်ထွေးသွားသည်။ သူသည် သူ့ရှေ့မှ အခြေအနေကို မည်သို့ ရင်ဆိုင်ရမည်ကို မသေချာသဖြင့် လုကျိုးကို တုံ့ဆိုင်းစွာ ကြည့်လိုက်သည်။ သူ့ရှစ်စွင်းကိုသာ အကူအညီ တောင်းနိုင်သည်။

တွမ့်မူရှန်း ဘာတွေးနေသည်ကို လုကျိုး မသိဘဲ မနေပေ။ ထို့ကြောင့် သူက သက်ပြင်းချ၍ ပြောလိုက်သည်။

“တွမ့်မူထျန်းက မင်းရဲ့ အကြီးဆိုတာ အမှန်ပဲ။ ဒါကို ပြောင်းလဲလို့ မရဘူး”

တွမ့်မူထျန်းက လက်များကို ယှက်ကာ လုကျိုးအား ကျေးဇူးတင်လိုက်သည်။

“ဘာပဲဖြစ်ဖြစ် ဒီ ကျေးဇူးကို ငါ သတိရနေပါ့မယ်”

လုကျိုးက “ဒါတွေက အရေးမကြီးတဲ့ ကိစ္စတွေပါ။ တွမ့်မူရှန်းက ငါ့တပည့် ဖြစ်ပေမဲ့ မင်းကို အသိအမှတ်ပြု၊ မပြုက သူ့အပေါ်မှာ မူတည်တယ်။ ငါ သူ့ကို အတင်းအကျပ် မလုပ်ဘူး” ဟု ဆိုသည်။

“ဘာကို ဆိုလိုတာလဲ”

“လူ့နှလုံးသားကို အသားနဲ့ လုပ်ထားတာ။ မင်း သူ့ကို ပြန်လည်သင့်မြတ်အောင် လုပ်ဖို့ စဉ်းစားဖူးလား” ဟု လုကျိုးက မေးသည်။

တွမ့်မူထျန်းက လျင်မြန်စွာ ရွေ့လျားပြီး လုကျိုးရှေ့တွင် ပေါ်လာသည်။ ထို့နောက် သူသည် အခြားသူများ နားထောင်ခြင်းမှ တားဆီးရန် အတားအဆီးတစ်ခုကို တည်ဆောက်ပြီးနောက်

“အဲကောင်လေးက ခေါင်းမာတယ်။ မင်းလဲ သိပါတယ်။ သူကအသိအမှတ်ပြုမှာ မဟုတ်ဘူး”

“အဲဒါက လွယ်ပါတယ်”

“မင်းဆီ နည်းလမ်းရှိတာလား”

“ အစ်ကိုလု အလင်းပြပါဦး”

“သူ့အပြုအမူ ပြောင်းလဲသွားတာကို ကြည့်လိုက် …”

“ နည်းလမ်းနှစ်ခုရှိတယ်။ ပထမက မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်လိုက် … ဒုတိယက ကျန်ရှိနေတဲ့ တိုင်လုံးတွေဆီ လမ်းပြပေး”

တွမ့်မူထျန်းက လက်ယမ်းကာ “လုံးဝ မရဘူး။ မင်း မဟာလေဟာနယ်ရဲ့ စည်းမျဉ်းတွေကို ငါ့ထက် ပိုသိတယ်”

လုကျိုးက လက်ကိုခါကာ အတားအဆီးကို ဖယ်ရှားလိုက်သည်။ ထို့နောက် သူက

“ဒီအချိန်ကစပြီး ငါ မင်းနဲ့ ဆက်ဆံရေးအားလုံးကို ဖြတ်တောက်လိုက်မယ်”

ထို့နောက် လုကျိုးက လှည့်၍ နတ်ခြင်္သေ့၏ ကျောပေါ်သို့ ခုန်တက်လိုက်သည်။

လူတိုင်း အံ့အားသင့်သွားကြသည်။

တွမ့်မူထျန်းလည်း အံ့အားသင့်သွားသည်။

သူက တကယ်ပဲ ရက်စက်တာပဲ

လုကျိုးအနေနှင့် လူတိုင်းက တွေဝေသော မျက်လုံးများဖြင့် ကြည့်နေသည်ကို မြင်သောအခါ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် လေးနက်သော လေသံဖြင့် “မင်းတို့ အားလုံး နားမကြားကြဘူးလား”

“မျှော်နန်းသခင်”

“ရှစ်စွင်း”

ထို့နောက် လူတိုင်းသည် လုကျိုးဆီသို့ တစ်ဦးပြီးတစ်ဦး ပျံတက်သွားကြသည်။

တွမ့်မူရှန်းသည် ခဏတာ တုံ့ဆိုင်းပြီးမှ ပျံတက်သွားသည်။

“လု၀ူ” လုကျိုးက ခေါ်လိုက်သည်။

လု၀ူ “…”

လု၀ူသည် စိတ်ခံစားမှုများကို ဖော်ပြနိုင်စွမ်း မရှိပေ။ လူသားများသည် တကယ်ပဲ ဒုက္ခပေးသည်ဟု ခံစားနေရသည်။

“ငါ မင်းကို နောက်ဆုံး အခွင့်အရေး တစ်ခု ပေးမယ်” လုကျိုးက သူ့အသံကို အနည်းငယ် မြှင့်ကာ ပြောလိုက်သည်။

လု၀ူက တွမ့်မူထျန်းကို တစ်ချက်ကြည့်ပြီးမှ မတ်တတ်ရပ်လိုက်သည်။

“မင်း” တွမ့်မူထျန်းက လု၀ူကို ကြည့်လိုက်သည်။

ဒါဆို ခင်မင်ရင်းနှီးမှုတွေလည်း ပျောက်ကွယ်သွားမှာလား

“စောင့်ဦး” တွမ့်မူထျန်းက အလျင်အမြန် ပြောလိုက်သည်။

“ငါ မရဘူးလို့ မပြောရသေးဘူး”

အငယ်ဆုံး ယွမ်အာသည် သူ့အသက်ရှုသံဖြင့် တိုးတိုးလေး ရေရွတ်သည်။

“အစောပိုင်းက မရဘူးလို့ ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်လေ …”

“ငါ ပြောခဲ့လို့လား …. ကောင်မလေး မုသားပြောတာ မကောင်းဘူး။ ငါ့လို မဟာသူတော်စင် တစ်ယောက်က စကားတည်တယ်။ မင်း ဘယ်လို လုပ် အဓိပ္ပာယ်မရှိတာတွေ ပြောရဲတာလဲ” တွမ့်မူထျန်းက မျက်နှာထားတည်တည်ဖြင့် ပြောလိုက်သည်။

…

အခန်း (၁၄၅၇) အသစ်ဖြည့်စွက်မှု

ရှောင်ယွမ်အာသည် ခေါင်းကုတ်လျက် တွမ့်မူထျန်းကို အပြစ်ကင်းစွာ ကြည့်နေသည်။ ယခုအချိန်၌ သူ မည်သည်ကို ပြောစေကာမူ သူမရင်ထဲ၌ သူ့ပုံရိပ်က အောက်ထိကျနေပြီဖြစ်သည်။

ဒီအတိုင်း ပေါ်တင်လိမ်တာ အဆင်ပြေလို့လား။

မိစ္ဆာဝေဟင်မျှော်နန်းမှ လူတို့သည် ရပ်တန့်လျက် လုကျိုး၏တုံ့ပြန်မှုကို စောင့်နေကြသည်။

လုကျိုးက ‌‌ရှေ့သို့ ဆက်လက်ပျံသန်းနေသည်။ သူ၏အရှိန်သည် သိပ်မမြန်ပေ။ ထို့ကြောင့် ကျန်သည့်သူများ သူ့ကိုအလွယ်တကူလိုက်မှီနိုင်သည်။

တွမ့်မူထျန်းသည် မဟာသူတော်စင်တစ်ပါးဖြစ်၏။ သူ့အဖို့ သူတို့နောက်လိုက်မှီရန် မခက်ခဲပေ။ သို့သော် သူတို့သွင့်ကျန်းမှ ထွက်သွားလျှင် သူတို့နောက်လိုက်ဖို့ ခက်ခဲပေလိမ့်မည်။ ထို့ကြောင့် မဟာနည်းစနစ်ကို ထုတ်သုံးပြီးနောက် လုကျိုးအရှေ့ မီတာအနည်းငယ်အကွာ၌ ‌ပေါ်လာသည်။ ပြီးနောက် သူက ပြုံးပြီးပြောလိုက်၏။ “လောင်လု ငါက နောက်နေရုံပဲ။ ဘာကြောင့်စိတ်ထဲထားတာလဲ”

“နောက်တာလား”

“ဟုတ်တယ် ငါတို့မိတ်ဆွေဖြစ်တာ ဘယ်လောက်ကြာပြီလဲ။ မင်းကို ဘယ်လိုလုပ် လိမ်နိုင်မှာလဲ” တွမ့်မူထျန်းက မှန်ကန်ဖြောင့်မတ်စွာပြောလိုက်၏။

လုကျိုးက ပြောလိုက်သည်။ “တွမ့်မူရှန်းကြောင့် ငါ မင်းကို နောက်ထပ်အခွင့်အရေးတစ်ခု ပေးလိုက်မယ်”

တွမ့်မူထျန်းက ခေါင်းညိတ်လိုက်သည်။ “မင်းတို့ကို ဖျက်ဆီးခြင်းတိုင်လုံးတွေဆီ ခေါ်သွားပေးမယ်”

“သိပ်ကောင်းတယ်” လုကျိုးက ထိုသို့ပြောပြီး ရလဒ်ကြောင့် ကျေနပ်သွား၏။ ပြီးနောက် သူက လူတိုင်းဖက်လှည့်သွားပြီး ပြောလိုက်သည်။ “အခုကစပြီး တွမ့်မူထျန်းက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ပထမဆုံးမဟာသူတော်စင်ပဲ။ အားလုံးပဲ အမြန်ထပြီး သူ့ကိုအရိုအသေပေးကြ”

တွမ့်မူထျန်း “...”

လူတိုင်းဦးညွှတ်လိုက်ကြသည်။

“နှုတ်ခွန်းဆက်ပါတယ် မဟာသူတော်စင်”

တွမ့်မူထျန်းက အပြစ်ကင်းစွာ မေးလိုက်တော့သည်။ “လောင်လု ဘာကိုဆိုလိုတာလဲ”

“ဟမ်” လုကျိုးက မျက်မှောင်ကျုံ့လိုက်၏။ “မင်းရဲ့စကားကို ပြန်ရုပ်သိမ်းမလို့လား”

“မဟုတ်ဘူးလေ ငါ့မှာ ရွေးချယ်စရာနှစ်ခုရှိတယ်လို့ မင်း ပြောတယ်မလား။ မိစ္ဆာဝေဟင်မျှော်နန်းထဲ ဝင်ရင်ဝင် မဟုတ်ရင် ဖျက်ဆီးခြင်းတိုင်လုံးတွေဆီ ဦး‌ဆောင်ခေါ်သွားဆို။ ငါ မင်းတို့ကို ဖျက်ဆီးခြင်းတိုင်လုံးတွေဆီ ခေါ်သွားပေးမယ်လေ” တွမ့်မူထျန်းက ပြောလိုက်၏။

လုကျိုးက ခေါင်းညိတ်လိုက်သည်။ “ရွေးချယ်ခွင့်နှစ်ခုရှိတာအမှန်ပဲ။ ဒါပေမဲ့ နှစ်ခုထဲက တစ်ခုပဲ ရွေးလို့ရတယ်လို့ ငါ မပြောခဲ့ဘူးလား”

လုကျိုးသည် သွင့်ကျန်း၏ဖျက်ဆီးခြင်းတိုင်လုံးရှေ့ကို လှည့်ကြည့်ပြီး တည်ငြိမ်စွာပြောလိုက်သည်။

“လောင်စန်း မဟာသူတော်စင်ကို မိစ္ဆာဝေဟင်မျှော်နန်းရဲ့စည်းမျဉ်းတွေ ရှင်းပြလိုက်”

တွမ့်မူရှန်းက ဦးညွှတ်လိုက်၏။ “ဟုတ်ကဲ့”

တွမ့်မူထျန်း “...”

သောက်ရမ်းလွန်သွားပြီ။

တွမ့်မူထျန်းသည် သူ့ရှေ့ရှိ မြေခွေးအိုကြီးကို ကျိန်ဆဲချင်သော်ငြား တွမ့်မူရှန်း၏မျက်ဝန်းထဲရှိ အကြည့်ကို မြင်သောအခါ ရွေးချယ်စရာမရှိဘဲ စိတ်ထိန်းထားရသည်။

တွမ့်မူရှန်းက တွမ့်မူထျန်းဆီလာကာ မျက်နှာသေဖြင့် မေးလိုက်၏။ “ခင်ဗျားကို စည်းမျဉ်းတွေ ရှင်းပြဖို့လိုလား”

ထိုစကားကို ကြားသောအခါ တွမ့်မူထျန်းက ဆုံးဖြတ်ချက်ပြတ်သားစွာ ခေါင်းညိတ်လိုက်၏။

“ရှင်းပြရမှာပေါ့ လိုတယ်။ စည်းမျဉ်းမရှိရင် ပရမ်းပတာဖြစ်ကုန်လိမ့်မယ်”

တွမ့်မူရှန်းသည် လည်ချောင်းရှင်းလျက် ပြောလိုက်၏။ “ပထမစည်းမျဉ်းက မိစ္ဆာဝေဟင်မျှော်နန်းက တပည့်တွေနဲ့ ဂိုဏ်းသားတွေ တစ်ယောက်နဲ့တစ်ယောက် သတ်ဖြတ်တာကို တားမြစ်ထားတယ်။ ဒုတိယက မျှော်နန်းသခင်ကို လေးစားရမယ်”

ဒုတိယစည်းမျဉ်းကို ကြားပြီး တွမ့်မူထျန်းက ကြားဖြတ်ပြောလိုက်၏။ “နေဦး နေဦး နေပါဦး။ အဲ့လိုစည်းမျဉ်းမျိုး တကယ်ရှိတယ်လား”

ဘယ်အချိန်ကစပြီး ဒီမြေခွေးအိုကြီးက တစ်ကိုယ်ကောင်းဆန်ပြီး အတ္တကြီးသွားတာလဲ။ မဟာလေဟာနယ်ရဲ့ အထွတ်အမြတ်ခန်းမသခင်တောင် ဒီလိုစည်းမျဉ်းမျိုးမရှိဘူး။

တွမ့်မူရှန်းသည် တွမ့်မူထျန်းပြောတာကို မကြားသည့်ပမာ ဆက်ပြောနေလေသည်။ “တတိယက အတိတ်နဲ့နှောင်ကြိုး ဖြတ်တောက်ရမယ်”

“စတုတ္ထက” တွမ့်မူထျန်းသည် လက်မြှောက်လျက် ဖြတ်ပြောလိုက်ပြန်သည်။ “နေပါဦး”

“ဘာကိုနေရမှာလဲ” တွမ့်မူရှန်းသည် တွမ့်မူထျန်းကို ကြည့်ပြီးပြောလိုက်သည်။ “ခင်ဗျားက မဟာသူတော်စင်တစ်ပါးဖြစ်တာကြောင့် ထူးခြားတဲ့အကျိုးခံစားခွင့်ရမယ်လို့ ထင်နေလား။ ကျုပ်ရဲ့တာ့ရှစ်ရှိုးက ငရဲဂိုဏ်းရဲ့ဂိုဏ်းချုပ်၊ သူ့ရဲ့လက်အောက်မှာ လူသိန်းချီရှိတယ်။ အာ့ရှစ်ရှိုးက ဓားနတ်ဆိုးလို့လူသိများတဲ့ ရှားပါးတဲ့ဓားပညာရှင်ပဲ။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ဂိုဏ်းသားအားလုံးက သူ့နေရာနဲ့သူ နာမည်ကြီးကြတယ်။ ဒါပေမဲ့ သူတို့တွေ မိစ္ဆာဝေဟင်မျှော်နန်းရဲ့စည်းမျဉ်းတွေ လိုက်နာရတယ်”

လူတိုင်းက ထောက်ခံကြောင်း ခေါင်းညိတ်လိုက်သည်။

အထူးသဖြင့် ယွီကျန့်ဟိုင်နှင့်ယွီရှန်းရုန်သည် အနည်းငယ် ကျေနပ်နေရုံပေါ်၏။ သူတို့သည် မျက်နှာချိုသွေးခြင်းကို ဂရုမစိုက်သော်ငြား တနည်းနည်းဖြင့် ယနေ့တွင်မူ သူတို့စန်းရှစ်တိ၏ ချီးကျူးမှုကို ကြားသောအခါ စိတ်ကျေနပ်နေကြသည်။

တွမ့်မူထျန်းသည် မိစ္ဆာဝေဟင်မျှော်နန်းမှလူတို့ကို သိမ်းကြုံးကြည့်လိုက်၏။ အဖွဲ့ထဲရှိလူတို့ရှိ ထူးကဲသာလွန်သော အရှိန်အဝါကို ယခုအချိန်၌ သတိပြုမိသွားသည်။ အားလုံးက ပါရမီရှင်များဆိုတာ သိသာသည်။ ထို့ကြောင့် သူ ခေါင်းညိတ်ပြီး မေးလိုက်သည်။ “ဒါဆို မင်းက လှံနတ်ဘုရားအဖြစ် သိတာလား”

တွမ့်မူရှန်းက မျက်မှောင်အနည်းငယ် ကျုံ့မိသွား၏။ သူ အနည်းငယ်စိတ်ရှုပ်ထွေးသွားသည်။ တွမ့်မူမျိုးနွယ်ရဲ့ ဘိုးဘေးက မရင့်ကျက်ဘူး။ စိတ်တည်ငြိမ်မှုမရှိဘူးလို့ ဘာကြောင့် သူ ခံစားနေရတာပါလိမ့်။ ခဏအကြာတွင် သူ ချောင်းဟန့်လျက်ပြောလိုက်သည်။ “စည်းမျဉ်းတွေက”

တွမ့်မူထျန်းက လည်ချောင်းရှင်းပြီး ပြောလိုက်သည်။ “စည်းမျဉ်းတွေက လိုက်နာဖို့အတွက်ပဲလေ။ ခြွင်းချက်မရှိဘူး”

“သိပ်ကောင်းတယ်” လုကျိုးက ပြောလိုက်၏။

ပြီးနောက် လူတိုင်းသည် တွမ့်မူထျန်းကို နှုတ်ခွန်းဆက်လိုက်ကြသည်။ ဤနည်းဖြင့် မိစ္ဆာဝေဟင်မျှော်နန်းသည် မဟာသူတော်စင်တစ်ပါးကို တရားဝင်ရရှိသွား၏။

သွင့်ကျန်းရှိ တွမ့်မူထျန်း၏ခြံဝန်းထဲတွင်ဖြစ်သည်။

သွင့်ကျန်း၏ ဖျက်ဆီးခြင်းတိုင်လုံးပတ်ဝန်းကျင်က ငြိမ်းချမ်းသည်။ ကြမ်းတမ်းခက်ထန်သားရဲများမရှိ။ ကျင့်ကြံသူများမရှိပေ။ ဝေဟင်ထဲရှိ အနက်ရောင်မြူများကြောင့်သာ မဟုတ်လျှင် ဤနေရာက သုခဘုံတစ်ခုပမာ ဖြစ်နေလိမ့်မည်။ ရှင်သန်နေထိုင်ရန် အလွန်သင့်‌တော်၏။

ထိုစဉ် တွမ့်မူထျန်းသည် လုကျိုးက တွမ့်မူရှန်း၏ဘဝအတွေ့အကြုံများ ပြန်ပြောပြာတာကြားပြီး သက်ပြင်းချလိုက်၏။

တွမ့်မူရှန်းငယ်ရွယ်စဉ်က သူ၏မိသားစုဖျက်ဆီးခံခဲ့ရသည်။ သူ၏ဒုက္ခဝေဒနာသည် ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်ထက်မလျော့ပေ။ ပြီးနောက်သူသည် မိစ္ဆာဝေဟင်မျှော်နန်းထဲ ဝင်ခဲ့ကာ လုကျိုးနှင့်အတူ ကျင့်ကြံခဲ့၏။ သူက ရွှေကြာနယ်မြေ၏ မိစ္ဆာဝေဟင်မျှော်နန်း၌ အချိန်ကြာမြင့်စွာ နေထိုင်ခဲ့သည်။

တွမ့်မူရှန်းသည် ကျင့်ကြံရာ၌ အလွန်ဇွဲရှိပြီး တခါမှစောဒကမတက်ကြောင်း တွမ့်မူထျန်းကို လုကျိုးက ပြောပြခဲ့သည်။ တွမ့်မူရှန်းသည် လုလီဆီမှယိုယွင်းခြင်းစွမ်းအင်ရရှိခဲ့ပုံနှင့် အသက်အန္တရာယ် ကျရောက်ခဲ့ပုံနှင့် ခုခံကာကွယ်ခဲ့ပုံအား တွမ့်မူထျန်းကို ပြောပြခဲ့၏။ တွမ့်မူရှန်းသည် လုဝူနှင့်ကျင့်ကြံရန် အမည်မသိကုန်းမြေသို့ သွားခဲ့ပုံကိုလည်း ပြောပြခဲ့သည်။ ဇာတ်ကြောင်းကို ကြားရသည့်လူတိုင်းက စိတ်မကောင်းဖြစ်ကြလေ၏။

“ငါသာ ခရမ်းရောင်ကြာနယ်မြေကို မသွားရင် ဒါမျိုးတွေဖြစ်မှာမဟုတ်ဘူး။ လောင်လု ဒီတစ်ခေါက် မင်း ကျေးဇူးကြောင့်ပဲ” တွမ့်မူထျန်းက သက်ပြင်းချလိုက်၏။ “ဘာမှမဖြစ်ဘူး”

“တွမ့်မူရှန်းမှာ ရွှေကြာရှိနေတာကို ငါ နားလည်တယ်။ ဒါပေမဲ့လောင်လု မင်း ဘယ်လိုလုပ်လိုက်တာလဲ”

တွမ့်မူထျန်းက မေးကာ ဇဝေဇဝါဖြစ်နေ၏။

လုကျိုးသည် ဆွံ့အသွား၏။ တွမ့်မူထျန်းသည် ဤကိစ္စအောက်ခြေထိ ရောက်အောင် တူးဆွချင်ပုံကို ကြည့်လျှင် သူက တွမ့်မူထျန်းကို ရှင်းပြချက်မပေးပါက နောင်ကျ သူ အိပ်ပျော်နိုင်တော့မှာမဟုတ်ဟု ထင်ရသည်။ ထို့ကြောင့် သူက ပြောလိုက်၏။ “ထူးခြားတဲ့ကိစ္စမဟုတ်ဘူး။ လျှို့ဝှက်နည်းစနစ်ပဲ”

“ဘယ်လိုလျှို့ဝှက်နည်းစနစ်က ဒါမျိုးလုပ်နိုင်မှာလဲ” တွမ့်မူထျန်းက သိချင်စိတ်ဖြင့် မေးလိုက်သည်။

လုကျိုးက လက်ဆန့်ထုတ်ပြီး လေသံအတက်အကျမရှိ ပြောလိုက်သည်။ “ကျေးဇူးပြုပြီး တစ်ချက်ကြည့်ကြည့်”

လုကျိုး၏လက်ဖဝါးပေါ်၌ ရွှေကြာပွင့်တစ်ပွင့် ဖူးပွင့်လာသည်။ ပြီးနောက် ရွှေကြာပွင့်များ အရောင်ပြောင်းပြီး ရွှေရောင်မှအနီရောင်၊ ခရမ်းရောင်၊ အမည်းရောင်၊ နောက်ဆုံးအစိမ်းရောင် ပြောင်းသွားသည်။

တွမ့်မူထျန်းက အံ့ဩသွား၏။ သူသည် လုကျိုး၏လက်ထဲရှိကြာပွင့်ကို လက်ညှိုးထိုးလျက် ပြောလိုက်၏။ “ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒါ ဘယ်လိုနည်းစနစ်မျိုးလဲ။ လောင်လု ငါ့ကို သင်ပေးဦး”

လုကျိုး “...”

ဤနည်းစနစ်ကို မျက်မြင်တွေ့ဖူးသည့် မိစ္ဆာဝေဟင်မျှော်နန်းမှလူတို့သည် မအံ့ဩကြပေ။ မတွေ့ဖူးသေးသည့်သူများက တွမ့်မူထျန်းကဲ့သို့ ထိတ်လန့်နေကြသည်။ ဆရာသခင်တစ်ပါးဖြစ်သော ချင်နိုင်ဟယ်တောင် အံ့ဩဆွံ့အနေလေ၏။

လုကျိုးသည် မျက်နှာသေဖြင့်ပြောလိုက်သည်။ “မင်း သင်ချင်တယ်ဆိုရင် ငါ့ကို ဆရာအဖြစ် အသိအမှတ်ပြုရမယ်”

“ဆရာအဖြစ်အသိအမှတ်ပြုရမှာလား” တွမ့်မူထျန်းသည် လုကျိုးကို တုံ့ဆိုင်းစွာကြည့်လျက် စဉ်းစားနေသည်။ သူ ဤထူးဆန်းသောနည်းစနစ်ကို အတော်လေးသဘောကျမိ၏။ တွမ့်မူထျန်းက စဉ်းစားနေတာကို မြင်ပြီး လုကျိုးက အလျင်စလိုပြောလိုက်သည်။ “မင်း ငါ့ကိုဆရာအဖြစ် အသိအမှတ်ပြုရင် ငါ့ကိုတွေ့တဲ့အချိန်တိုင်း သုံးကြိမ်ဦးတိုက်ပြီး ကိုးကြိမ်ကန်တော့ရမယ်။ ပြီးရင် မင်းကို ၁၁ယောက်မြောက်တပည့်အဖြစ် လက်ခံပေးမယ်။ မင်းကို သတိပေးတာ တွမ့်မူရှန်းက ငါ့ရဲ့တတိယမြောက်တပည့်။ မိစ္ဆာဝေဟင်မျှော်နန်းက ဝါစဉ်အတော်လေး တင်းကြပ်တယ်”

တွမ့်မူထျန်းက ချောင်းဟန့်ပြီးနောက် မျက်နှာထားတည်တည်ဖြင့်ပြောလိုက်သည်။ “ဘာတွေ အဲ့လောက်‌တွေးနေတာလဲ။ မင်းကို ဆရာအဖြစ်အသိအမှတ်မပြုနိုင်ဘူး”

ပြီးနောက် တွမ့်မူထျန်းသည် တွမ့်မူရှန်း‌ရှေ့သို့သွားကာ ပခုံးပုတ်လိုက်ပြီးပြောလိုက်သည်။ “ဒီနှစ်တွေထဲ မင်း ခါးသီးခဲ့မှာပဲ”

တွမ့်မူရှန်းက အကြည့်လွှဲလိုက်သည်။ သူ့ရှေ့ရှိလူပေါ် ဘာခံစားချက်မှမရှိပေ။ ဆိုရလျှင် သူတို့ယနေ့မှ တွေ့ခဲ့တာဖြစ်သည်။

တွမ့်မူထျန်းသည် အကြီးအကဲတစ်ယောက်ဖြစ်၏။ သူသည် လူငယ်မျိုးဆက်နှင့်တွက်ကပ်နေမှာ မဟုတ်ပေ။ ယင်းကိုမြင်သောအခါ လုကျိုးက ပြောလိုက်သည်။ “လောင်စန်း”

တွမ့်မူရှန်းက အလျင်စလိုတုံ့ပြန်တော့သည်။ “ဟုတ်ကဲ့ ရှစ်စွင်း”

“ဒူးထောက်”

…

အခန်း (၁၄၅၈) မဟာလေဟာနယ် ဖျက်ဆီးခြင်းတိုင်လုံးများ၏ လုပ်ဆောင်ချက်များ

“ဟင်”

“ ဒူးထောက်စမ်း ” လုကျိုးက လေသံအတက်အကျမရှိ ပြောလိုက်သည်။

တွမ့်မူရှန်းက ဒူးထောက်ရန် မလိုလားသော်လည်း သူ့ရှစ်စွင်း၏ တင်းမာသော မျက်နှာထားကို မြင်သောအခါ ချက်ချင်းပင် ဒူးထောက်လိုက်သည်။

လုကျိုးက ထပ်မံ၍ ပြောလိုက်သည်။

“ဂါရဝပြုလိုက်”

တွမ့်မူရှန်းက တွမ့်မူထျန်းကို ဂါရဝပြုလိုက်ရသည်။

တွမ့်မူထျန်းက ဤမြင်ကွင်းကို မြင်သောအခါ စိတ်လှုပ်ရှားသွားသည်။ တွမ့်မူရှန်း၏ မျက်နှာသည် ဘဝ၏ အဖုံဖုံ ပြောင်းလဲမှုများနှင့် အချိန်၏ အရိပ်အယောင်များကို ဆောင်ထားသော်လည်း တွမ့်မူထျန်း၏ မျက်လုံးများတွင် တွမ့်မူရှန်းက မကြီးပြင်းသေးသော ကလေးတစ်ဦးနှင့် တူနေသည်။ အချိန်မည်မျှပင် ပြောင်းလဲသွားစေကာမူ သူတို့နှစ်ဦးတွင် သွေးသားတော်စပ်မှု ရှိနေသည်ကို မည်သူမျှ ငြင်းဆိုနိုင်မည် မဟုတ်ပေ။

ရှေးလူကြီးများက ယောက်ျားများတွင် ဒူးအောက်၌ ရွှေရှိသည်ဟု ဆိုကြပြီး မိဘများရှေ့တွင်သာ ဒူးထောက်သင့်သည်ဟု ဆိုကြသည်။

သို့ဖြစ်လေရာ တွမ့်မူထျန်းက မည်သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။

နှစ်ပေါင်း ထောင်နှင့်ချီ၍ နေထိုင်ခဲ့ပြီးနောက် တွမ့်မူထျန်းက အချိန်ဒဏ်ကြောင့် ထုံကျင်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။ သူ့စိတ်ခံစားချက်များတွင် အတန်ကြာအောင် လှုပ်ရှားမှု မရှိတော့ပေ။ သို့သော် တွမ့်မူရှန်း ဒူးထောက်၍ ဂါရဝပြုနေသည်ကို မြင်ရသောအခါ သူ့မျက်လုံးများတွင် မျက်ရည်များ ထွက်လုနီးပါး ဖြစ်လာခဲ့သည်။

တွမ့်မူထျန်းက ထွက်ပေါ်လာသော စိတ်ခံစားမှုများကို ငြိမ်သက်စေပြီးနောက် ရှေ့သို့ တက်လာကာ တွမ့်မူရှန်းအား မတ်တတ်ရပ်စေရင်း ပြောလိုက်သည်။

“ရပါတယ်…”

တွမ့်မူထျန်းက အနည်းငယ် နေရခက်နေသည်။ သူ ဘာပြောရမှန်း မသိပေ။ အကြောင်းမှာ သူသည် သူ့စိတ်ခံစားချက်များကို ထုတ်ဖော်ပြောဆိုရာတွင် တစ်ခါမျှ မကျွမ်းကျင်ခဲ့သောကြောင့် ဖြစ်၏။

ဤအချိန်တွင် လုကျိုးက ဝင်ပြောလိုက်သည်။

“သူက မင်းရဲ့ အကြီးပဲ။ သူ မရှိရင် မင်းလည်း ရှိလာမှာ မဟုတ်ဘူး။ ဒါ့အပြင် ကျင့်ကြံရေးလောကမှာ မင်း နားမလည်သေးတဲ့ ကိစ္စတွေ အများကြီး ရှိသေးတယ်” တွမ့်မူရှန်းက ဆိတ်ဆိတ်နေခဲ့သည်။

တွမ့်မူထျန်းက ပြုံး၍ ပြောလိုက်သည်။

“အရေးမကြီးပါဘူး၊ ဒါက သာမန်ကိစ္စလေးပါ။ ခရီးအကွာအဝေးက မြင်းတစ်ကောင်ရဲ့ ခွန်အားကို စစ်ဆေးနိုင်တယ်ဆိုသလိုမျိုး အချိန်ကြာလာတဲ့အခါ လူတစ်ယောက်ရဲ့ စိတ်ရင်းကို သိမြင်လာမှာပါ”

လုကျိုးက ခေါင်းညိတ်ပြီးနောက် ထပ်ပြောလိုက်သည်။

“အဓိကအချက်ကို ပြန်သွားရအောင်။ မဟာလေဟာနယ်အကြောင်း ဘယ်လောက် သိထားလဲ”

တွမ့်မူထျန်းက ဖြေလိုက်သည်။

“ငါက အကြမ်းဖျင်းပဲ နားလည်ထားတယ်။ ဥပမာအနေနဲ့ဆိုရင် မဟာလေဟာနယ်ကို ခန်းမ (၁၀) ခုအဖြစ် ပိုင်းခြားထားတယ်။ မြေကြီး ကွဲထွက်ပြီးနောက် ကမ္ဘာ့ဟန်ချက်ကို ထိန်းသိမ်းဖို့အတွက် အထွတ်အမြတ်ခန်းမကို တည်ထောင်ခဲ့တယ်။ ခန်းမ (၁၀) ခုထဲက အစွမ်းအထက်ဆုံး ခန်းမပဲ”

“ခန်းမ (၁၀) ခု…” လုကျိုးက အရေအတွက် များပြားမည်ဟု မမျှော်လင့်ခဲ့ပေ။

“မူလက ခန်းမ (၁၀) ခုကို ကောင်းကင်အရင်းခံအမည်တွေနဲ့ မှည့်ခေါ်ခဲ့တယ်။ အဲဒီနာမည်တွေဟာ အထွတ်အထိပ်သက်ရှိ ဆယ်ဦးရဲ့ နာမည်ဝှက်တွေပဲ။ မဟာတာအို သူတော်စင် (၁၂) ဦးက မြေကြီးအရင်းခံ (၁၂) ခုကို သိမ်းပိုက်ပြီး ခန်းမ (၁၀) ခုထဲ ပါဝင်တယ်။ အဲဒီအထဲမှာ အထွတ်အမြတ်ခန်းမက တာ့ယွမ်ရှန်း နေရာမှာ တည်ရှိတယ်”

ချင်နိုင်ဟယ်က ဝင်မေးလိုက်သည်။

“ဆိုလိုတာက ရန်တင်းထက် မြင့်တယ်ပေါ့”

“မှန်တယ်” တွမ့်မူထျန်းက ဆိုသည်။

“ရှေးဟောင်း အချိန်စနစ်အရ အမည်ပေးထားတဲ့ အမည်မသိကုန်းမြေထဲက နေရာ (၁၂) ခုက မြေကြီးအကိုင်းအခက် (၁၂) ခုအတိအကျပဲ။ ဒါပေမဲ့ မြေကြီးအကိုင်းအခက် (၁၂) ခုကို နောက်ပိုင်းမှာ ဖျက်ဆီးခြင်းတိုင်လုံးတွေက ကောင်းကင်ပေါ်ကို တွန်းတင်လိုက်တာ”

တွမ့်မူထျန်း၏ စကားများကြောင့် လူတိုင်း အံ့အားသင့်သွားကြသည်။

“ကောင်းကင်မှာ အဲဒီလောက် မြင့်နေတော့ လေနဲ့ အသက်ဓာတ် စွမ်းအင်တွေက ပါးလွှာတယ်။ အဲဒီက လူတွေက ဘယ်လို အသက်ရှင်ပြီး ကျင့်ကြံနေကြတာလဲ”

ယန်ကျန်းလော့က မေးသည်။

တွမ့်မူထျန်းက ပြန်ဖြေသည်။

“ဖျက်ဆီးခြင်းတိုင်လုံးတွေက အသက်ဓာတ်စွမ်းအင် အများအပြားကို အဆုံးမရှိ ထောက်ပံ့ပေးနေတယ်လေ။ ဒါ့အပြင် တိုင်လုံးတွေကနေ ထွက်တဲ့ အသက်ဓာတ်စွမ်းအင်က အမည်မသိကုန်းမြေထက် ပိုကြွယ်ဝပြီး သန့်စင်တယ်။ ဘာပဲဖြစ်ဖြစ် အဲဒီအသက်ဓာတ်စွမ်းအင်ကို မဟာလေဟာနယ်မြေကြီးက အားဖြည့်ပေးထားတာကိုး”

လူတိုင်း၏ ရှုပ်ထွေးနေသော မျက်နှာထားများကို မြင်သောအခါ တွမ့်မူထျန်းက ရှင်းပြသည်။

“ကောင်းပြီလေ ဖျက်ဆီးခြင်းတိုင်လုံး ဆယ်လုံးကို အသက်ဓာတ်စွမ်းအင်တွေနဲ့ ပြည့်နေတဲ့ အောက်ခြေမရှိတဲ့ ရေတွင်း ဆယ်တွင်းအဖြစ် စဉ်းစားကြည့်လိုက်”

ရှင်းပြတဲ့နေရာမှာ သူတော်တော် ကောင်းတာပဲ...

“ဒါဆို ဒီလိုကိုး” လုလီက အံ့ဩတကြီးဖြင့် အော်ဟစ်သည်။

“ဒါက၊ ဒါက…”

“ဒါက ဘာနဲ့ တူလဲ” ယန်ကျန်းလော်က ဝင်ပြောသည်။

လုလီသည် သူ့အင်္ကျီလက်ထဲမှ စာရွက်တစ်ရွက်ကို ထုတ်ကာ ရှေ့တွင် ဖြန့်လိုက်ပြီး ပြောလိုက်သည်။

“ဒါက သတ္တမသခင်လေးက ရှေးဟောင်း သားရေမြေပုံကို အခြေခံပြီး ဆွဲထားတဲ့ နောက်ဆုံး ပုံပဲ။ ကြည့်ပါဦး”

လူတိုင်း စုဝေးကြည့်ရှုလိုက်ကြသည်။

ထို့နောက် တွမ့်မူထျန်းက တအံ့တဩ ပြောလိုက်သည်။

“ဒီကောင်လေးက မဟာလေဟာနယ်ကို ရောက်ခဲ့တာလား”

လုလီသည် ခေါင်းခါ၍ ငြင်းဆိုလိုက်သည်။

“မဟုတ်ဘူး။ သူ မဟာလေဟာနယ်ကို တစ်ခါမှ မရောက်ဖူးဘူး”

တွမ့်မူထျန်းက ဤအဖြေကြောင့် အံ့ဩသွားလေ၏။

“သူ တစ်ခါမှ မရောက်ဖူးပေမဲ့ မဟာလေဟာနယ်နဲ့ နယ်မြေကိုးခုရဲ့ မြေပုံတွေကို အသေးစိတ် ဆွဲနိုင်ခဲ့တယ်။ တကယ်ကို ရှားပါးတဲ့ အရည်အချင်းရှိသူပဲ”

“ချီရှစ်တိက အမှောင်ကွန်ယက်ရဲ့ ခေါင်းဆောင်ဖြစ်ခဲ့တယ်လေ။ အရင်က သူက တာ့ရှစ်ရှိုးကို အံ့ဖွယ်မြို့တော်ကို အောင်နိုင်ဖို့နဲ့ ရွှေကြာနယ်မြေကို စုစည်းဖို့ ကူညီပေးခဲ့သေးတယ်”

တွမ့်မူရှန်းက ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။

မမျှော်လင့်ဘဲ တွမ့်မူထျန်းက ထမေးလာသည်။

“သူ ဘယ်မှာလဲ”

တွမ့်မူရှန်းက တိတ်ဆိတ်သွားသည်။

လူတိုင်း သက်ပြင်းချလိုက်ကြသည်။

လုကျိုးက စိတ်အေးလက်အေးဖြင့် ပြန်ဖြေသည်။

“သူ သေသွားပြီ”

တွမ့်မူထျန်းက မျက်မှောင်ကြုတ်လိုက်မိ၏။

“စိတ်မကောင်းပါဘူး”

တွမ့်မူထျန်းက လူတိုင်း၏ မျက်နှာပေါ်တွင် မှိုင်းညို့နေသော မျက်နှာထားများကို မြင်သောအခါ အသံကို နှိမ့်ကာ လုကျိုးအား ထပ်မေးလိုက်သည်။

“ဘယ်သူ လုပ်တာလဲ ပြောပြလို့ ရမလား”

“မဟာလေဟာနယ်၊ သားရဲထိန်း ယွဲ့ချီနဲ့ ငြိမ်းချမ်းရေးငှက်” လုကျိုးက ပြန်ဖြေသည်။

တွမ့်မူထျန်းက တုန်လှုပ်သွားလေသည်။ သူ ဘာဆက်ပြောရမှန်း မသိတော့ပေ။ သူသည် ဤစကားလုံးများနောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည်နိုင်ခဲ့သည်။ မိစ္ဆာဝေဟင်မျှော်နန်းနှင့် မဟာလေဟာနယ်ကြားတွင် သွေးကြွေး ရှိနေပြီး သူတို့၏ ကွဲပြားမှုများကို ပြန်လည်သင့်မြတ်အောင် လုပ်နိုင်မည် မဟုတ်ပေ။

လုကျိုးက ထပ်ဖြည့်သည်။

“ယွဲ့ချီနဲ့ ငြိမ်းချမ်းရေးငှက်လဲ သေပြီ”

တွမ့်မူထျန်း သက်ပြင်းချလိုက်သည်။

လုလီသည် စီးဝူယာ့အကြောင်းကို မတော်တဆ ထုတ်ပြောမိသောကြောင့် သူ့ကိုယ်သူ စိတ်ပျက်သွားသည်။ ထို့ကြောင့် သူသည် စကားဝိုင်းကို လျင်မြန်စွာ ပြောင်းလိုက်ပြီး ပြောလိုက်သည်။

“ချန်းပေ့ … ဖျက်ဆီးခြင်းတိုင်လုံး ဆယ်လုံးက ရေတွင်း ဆယ်တွင်းနဲ့ တူတယ်ဆိုရင် အောက်ကနေ ထောက်ပံ့မှု ဖြတ်လိုက်ရင် မဟာလေဟာနယ်အတွက် ပြီးဆုံးသွားမှာ မဟုတ်ဘူးလား”

တွမ့်မူထျန်းက ခေါင်းညိတ်သည်။

“မင်း ပြောတာ မှန်တယ်။ ဒါပေမဲ့ ဒီလို လုပ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ပထမဆုံးအနေနဲ့ တိုင်လုံးတွေရဲ့ တည်ဆောက်ပုံက အရမ်း ရှုပ်ထွေးလွန်းလို့ မဟာတာအိုသူတော်စင်တွေတောင် တိုင်လုံးတွေကို မလှုပ်ခါနိုင်ဘူး။

ဒုတိယအနေနဲ့ တိုင်လုံးတွေမှာ ပြုပြင်နိုင်တဲ့ စွမ်းရည် အားကောင်းတယ်။ အက်ကွဲကြောင်း ပေါ်လာရင် အဲဒီ အက်ကွဲကြောင်းကို ပြုပြင်ဖို့အတွက် မိုးမြေ စွမ်းအားတွေနဲ့ ပေါက်ကွဲထွက်လာလိမ့်မယ်။ နောက်ဆုံးအနေနဲ့ သူတို့ရဲ့ အရေးပါမှုကြောင့် မဟာလေဟာနယ်မှာ တစ်နှစ်ပတ်လုံး စောင့်ကြပ်နေတဲ့ လူတွေ ရှိတယ်။

အလားအလာရှိတဲ့ ဘယ်သူ့ကိုမဆို မဟာလေဟာနယ်က ခေါ်သွားတာကို စဉ်းစားကြည့်ရင် အဲဒီက လူတွေ ဘယ်လောက် အစွမ်းထက်လဲဆိုတာ စိတ်ကူးကြည့်လို့ရတယ်။ ဒီအချက်တွေ အားလုံးနဲ့ ငါ မင်းကို မေးပါရစေ၊ တိုင်လုံးတွေကို ဘယ်သူ ဖျက်ဆီးနိုင်မှာလဲ”

လုလီ ခေါင်းညိတ်သည်။

“တိုင်လုံးတွေက တကယ်ကို အစွမ်းထက်တာပဲ…”

တွမ့်မူထျန်းက ထပ်ပြောလိုက်သည်။

“တိုင်လုံးတွေကို သက်ရောက်မှု ရှိနိုင်တဲ့ အချက်တစ်ခုပဲ ရှိတယ်။ တိုင်လုံးတွေက အသိအမှတ်ပြုထားတဲ့သူတွေက အတားအဆီးထဲ ဝင်ပြီး မြေကြီးကို ယူသွားနိုင်တယ်။ မြေကြီးတွေ အရမ်းများများ ယူသွားရင် တိုင်လုံးတွေကို ထိခိုက်စေလိမ့်မယ်”

“ဒါကြောင့် ဒီမတိုင်ခင် တိုင်လုံးတွေကနေ ကျောက်တုံးတွေ ပြုတ်ကျခဲ့တာကိုး” ကျူးဟုန်ကုန်းက ခေါင်းညိတ်ရင်း ပြောလိုက်သည်။

တွမ့်မူထျန်း: “ … ”

တွမ့်မူထျန်း၏ မျက်နှာပေါ်က အမူအရာကို မြင်သောအခါ ကျူးဟုန်ကုန်းက အလျင်အမြန် ဝင်ပြောလိုက်သည်။

“နားလည်မှု မလွဲပါနဲ့။ ချန်းပေ့ ထင်သလို မဟုတ်ပါဘူး။ ကျွန်တော် ဆိုလိုတာက မဟာလေဟာနယ်…”

သူက ခဏရပ်ပြီးနောက် ဆက်ပြောလိုက်သည်။

“ထားလိုက်ပါတော့ ကျွန်တော် ဟန်ဆောင်နေမှာ မဟုတ်ဘူး။ ကျွန်တော်တို့ မဟာလေဟာနယ်မြေကြီး အများကြီး ယူခဲ့တာ အမှန်ပဲ။ ဒါပေမဲ့ တိုင်လုံးတွေ မပြိုကျခဲ့ဘူး။ တကယ်တော့ တိုင်လုံးက သူ့ဘာသာသူ ပြုပြင်ခဲ့သေးတယ်”

တွမ့်မူထျန်းက ချက်ချင်း လုကျိုးဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“လောင်လု မင်း တကယ်ပဲ ဓားသွားပေါ် လျှောက်နေတာပဲ”

“ဘာဖြစ်လဲ” လုကျိုးက မထူးခြားစွာဖြင့် ပြောသည်။

“…”

တွမ့်မူထျန်း သက်ပြင်းချသည်။

“ဖျက်ဆီးခြင်းတိုင်လုံးတွေကို အဲဒီလောက် လွယ်လွယ်ကူကူ ဖျက်ဆီးလို့ မရဘူး။ မြေကြီး ဆုံးရှုံးသွားရင် ပျိုးပင်တွေ သေသွားလိမ့်မယ်။ ပြီးရင် နောက်ထပ် သံသရာ အစကနေ ပြန်စမှာပဲ”

“ဒါဆို တိုင်လုံးတွေကို ဘယ်လို ဖျက်ဆီးရမလဲ” လုလီက စူးစမ်းလိုစိတ်ဖြင့် မေးသည်။

တွမ့်မူထျန်းက လူတိုင်းကို ရှုပ်ထွေးသော မျက်လုံးများဖြင့် ကြည့်လိုက်ပြီး သူ ဝင်ရောက်ခဲ့သောအဖွဲ့က အရူးများနှင့် တူနေသည်ဟု အံ့ဩနေသည်။

နောက်ဆုံးတွင် တွမ့်မူထျန်းက ပြောလိုက်သည်။

“ငါ မသိဘူး။ ငါ သိတာကတော့ တိုင်လုံးတွေဟာ မဖျက်ဆီးနိုင်ဘူးဆိုတာပဲ”

လုကျိုးက သဘောမတူဘဲ ဝင်ပြောလိုက်သည်။

“လောကမှာ မဖျက်ဆီးနိုင်တဲ့ အရာဆိုတာ မရှိဘူး”

“လောင်လု ငါ မင်းကို တခြား တိုင်လုံးတွေဆီ ခေါ်သွားဖို့ သဘောတူခဲ့ပေမဲ့ တိုင်လုံးတွေကို ဖျက်ဆီးဖို့ ကူညီမယ်လို့ သဘောမတူခဲ့ဘူး” တွမ့်မူထျန်းက ရှင်းရှင်းလင်းလင်း စိုးရိမ်တကြီးဖြင့် ပြောသည်။

“စိတ်မပူပါနဲ့။ ငါ အဲဒီလောက် မမိုက်မဲပါဘူး” လုကျိုးက ဆိုသည်။

“ကောင်းတယ်။ အဲဒါ အကောင်းဆုံးပဲ”

လုကျိုးက ပြန်မဖြေခဲ့ပေ။ အစားထိုးအနေဖြင့် သူက ထပ်ပြောလိုက်၏။

“မင်း ငါတို့ကို တိုင်လုံးတွေဆီ ခေါ်သွားမယ်ဆိုရင် ဒီသွင့်ကျန်းက တိုင်လုံးအတွက် ဘယ်လိုလုပ်မှာလဲ”

တွမ့်မူထျန်းက လု၀ူကို ကြည့်ကာ ပြောလိုက်သည်။

“လု၀ူကို ငါ့ကိုယ်စား စောင့်ကြပ်ခိုင်းမယ်။ ဒါ့အပြင် တခြား တိုင်လုံးတွေဆီ သွားတဲ့ လမ်းကြောင်းတွေကို ငါ သိထားတော့ အချိန်အကြာကြီး ယူရမှာ မဟုတ်ဘူး”

ဤစကားများကို ကြားသောအခါ လူတိုင်း ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြသည်။ အမည်မသိကုန်းမြေတွင် အောင်မြင်မှုများ ကြီးမားခဲ့သော်လည်း အချိန်အကြာကြီး နေထိုင်ပြီးနောက် မလွဲမသွေ ပင်ပန်းနွမ်းနယ်လာကြသည်။ ဖျက်ဆီးခြင်းတိုင်လုံး ဆယ်လုံးလုံးသို့ ခရီးသွားရန် အချိန်အကြာကြီး ယူရမည် ဖြစ်သည်။ အရင်ကတွေးရုံဖြင့်ပင် ပင်ပန်းနွမ်းနယ်မှုကို ခံစားရသည်။ အကယ်၍ ဖြတ်လမ်းများ ရှိပါက အကောင်းဆုံးပင် ဖြစ်ပေလိမ့်မည်။

All Chapters