← Chapters

အခန်း (၁၄၅၉-၁၄၆၁)

Vol. 98 Ch. 1459-1461

အခန်း (၁၄၅၉-၁၄၆၁)

Vol. 98 Ch. 1459-1461

အခန်း (၁၄၅၉) ကောင်းကင်ချိတ်ပိတ်ခြင်းအစီအရင်

လုကျိုးက ခေါင်းညိတ်လျက် တွမ့်မူထျန်း၏စီမံမှုကို စိတ်ကျေနပ်သွားသည်။ ပြီးနောက် သူက ခုံဝမ်ကိုကြည့်ပြီး မေးလိုက်တော့သည်။ “ဘယ်တိုင်လုံးတွေ ကျန်သေးလဲ”

ခုံဝမ်သည် ဦးညွှတ်လျက်ပြောလိုက်သည်။ “ရှဲ့ချောင်၊ ဝမ်တန့်၊ ကျော့အယ်နဲ့ ရန့်တင်း တိုင်လုံးတွေ ကျန်ပါသေးတယ်။ အမည်မသိကုန်းမြေထဲက နေရာ၁၂ခုမှာ သူတို့ထဲက နှစ်ခုက ခွင်းတင်းနဲ့ ရင်မောက်တိုင်လုံး မရှိပါဘူး။ ရန့်တင်းရဲ့ဖျက်ဆီးခြင်းတိုင်လုံးက အမည်မသိကုန်းမြေရဲ့အမြုတေမှာ ရှိနေတယ်။ တိုင်လုံး၁၀ခုထဲမှာ အကြီးဆုံးတိုင်လုံးလည်းဟုတ်တယ်”

တွမ့်မူထျန်းက အနည်းငယ်အံ့အားသင့်သွားတော့သည်။ “မင်း တိုင်လုံး၆ခုကို ရောက်ခဲ့ပြီး သူတို့ရဲ့အသိအမှတ်ပြုမှုကို ရပြီးပြီလား”

“ဟုတ်တယ်” လုကျိုးသည် ယင်းကို ဝန်ခံရန်တုံ့ဆိုင်းမနေပေ။

ခဏအကြာ၌ တွမ့်မူထျန်းသည် ရယ်မောလျက်ပြောလိုက်၏။ “မင်း နောက်နေတာမလား”

“ငါ နောက်နေတဲ့ပုံနဲ့တူလို့လား” လုကျိုးသည် သူ နောက်နေတာမဟုတ်ကြောင်း သိသိသာသာပြသနေသည့် လေးနက်တည်ကြည်သောအမူအရာဖြင့် မေးလိုက်သည်။

လုကျိုးသည် တွမ့်မူထျန်း၏မျက်နှာပေါ်ရှိ စဉ်းစားဆင်ခြင်နေသောအမူအရာကို မြင်သောအခါ သူက တွမ့်မူရှန်းကို လက်ညှိုးထိုးပြပြီးပြောလိုက်သည်။ “တွမ့်မူရှန်းက အသိအမှတ်ပြုမှုရတဲ့သူတွေထဲက တစ်ယောက်ပဲ”

တွမ့်မူထျန်းက မှင်တက်သွား၏။ အသိစိတ်ပြန်ကပ်လာချိန်၌ ပျော်ရွှင်စွာပြောလိုက်သည်။

“တကယ်လား”

တွမ့်မူထျန်းသည် တွမ့်မူရှန်းရှေ့သို့ လှစ်ကနဲရောက်သွား၏။ အတွေးတစ်ချက်ဖြင့် ထူးကဲသောစွမ်းအင်က တွမ့်မူရှန်းနား ချက်ချင်းရစ်ဝဲသွားတော့သည်။

တွမ့်မူရှန်းသည် သူ၏ထူးကဲချီသွေးကြောရှစ်ခုကို စစ်ဆေးရန်ကြိုးစားနေသည့် စွမ်းအင်ကို ခံစားမိသောအခါ ခုခံရန် ကနဦးချီကို အလိုလိုလှုပ်ရှားမိလိုက်သည်။

“မလှုပ်နဲ့” တွမ့်မူထျန်းက ပြောလိုက်သည်။

တွမ့်မူရှန်းသည် သူ လှုပ်ရှားချင်လျှင်တောင် မလှုပ်နိုင်ပေ။ မဟာသူတော်စင်တစ်ပါးကို သူ မည်ကဲ့သို့ခုခံနိုင်မည်နည်း။ သူ့ကိုစစ်ဆေးသည့် ထူးကဲသောစွမ်းအင်ကို ခံစားမိရုံသာရှိသည်။

စစ်ဆေးပြီးနောက် တွမ့်မူထျန်းသည် အံ့ဩသောအမူအရာဖြင့် နောက်တလှမ်းဆုတ်လိုက်သွားလေ၏။ သူက ပြောလိုက်သည်။ “လောင်လု တိုင်လုံးရဲ့အသိအမှတ်ပြုမှုကို ရယူတာကမရိုးရှင်းဘူး”

လုကျိုးသည် ခေါင်းညိတ်လျက် တည်ငြိမ်စွာပြောလိုက်သည်။ “မင်း မှန်တယ်။ တွမ့်မူရှန်းက မဟာလေဟာနယ်မျိုးစေ့ရှိတယ်”

တွမ့်မူထျန်းသည် ပျော်ရွှင်စွာ ရယ်မောလျက် တွမ့်မူရှန်း၏ပခုံးကို ပုတ်လိုက်သည်။ “ကောင်းတယ် သိပ်ကောင်းတယ်။ ငါတို့တွမ့်မူမျိုးနွယ်က နောက်ဆုံးတော့ အနာဂတ်မှာအထွတ်အထိပ်သက်ရှိ ရှိလာလိမ့်မယ်”

မိစ္ဆာဝေဟင်မျှော်နန်းထဲရှိ လူတို့သည် တွမ့်မူရှန်းက မဟာလေဟာနယ်မျိုးစေ့ပိုင်ဆိုင်ကြောင်း သိထားပြီးဖြစ်သော်ငြား တွမ့်မူထျန်းက အထွတ်အထိပ်သက်ရှိဟူသော စကားလုံးပြောတာကို ကြားလိုက်ရချိန်၌ သူတို့အားမကျဘဲ မနေနိုင်တော့ပေ။ မည်သို့ပင်ဆိုစေ သူတို့ဤခံစားချက်ဖြင့် တဖြည်းဖြည်းအသားကျနေပြီဖြစ်သည်။

တွမ့်မူထျန်းသည် သူ့ရင်ထဲရှိစိတ်လှုပ်ရှားမှုကို ဖိနှိပ်ကာ လုကျိုးဘေးသို့ပြန်လာ၏။ “လောင်လု မဟာလေဟာနယ်မျိုးစေ့ကို ဘယ်နေရာကနေ ရလာတာလဲ”

“ကံကောင်းရုံပဲ။ မပြောပလောက်ဘူး” လုကျိုးက ပြောလိုက်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုတန်ဖိုးကြီးတဲ့အရာကို တွမ့်မူရှန်းဆီပေးတာ မျက်နှာသာပေးတာပဲလေ။ ငါ အကြွေးမှတ်ထားမယ်” တွမ့်မူထျန်းက ပြောလိုက်၏။

တွမ့်မူထျန်းသည် တဘဝလုံးတစ်ယောက်တည်း နေထိုင်ခဲ့ရလေ၏။ ယခုမူ သူ၏မျိုးဆက်နှင့်တွေ့ဆုံနိုင်ပြီ ဖြစ်သောကြောင့် အမှန်တကယ်ပျော်ရွှင်နေသည်။

လုကျိုးက ခြံဝန်းထဲမှထွက်လာစဉ်ပြောလိုက်သည်။ “အခု အကြွေးပြန်ဆပ်ရမဲ့အချိန်ရောက်ပြီ။ လမ်းပြပေး”

တွမ့်မူထျန်းသည် လုကျိုး၏အစီအစဉ်ကို မထောက်ခံသော်ငြား သူ ခေါင်းညိတ်ပြီးပြောရုံသာတတ်နိုင်သည်။ “ကောင်းပြီ ငါ့နောက်ကလိုက်ခဲ့”

သူတို့ ခြံဝန်းအပြင်ဖက်သို့ရောက်သောအခါ တွမ့်မူထျန်းက မေးလိုက်သည်။ “လောင်လု လုဝူကို ဒီနေရာခဏတဖြုတ်စောင့်ကြပ်ပေးဖို့ ပြေမလား”

တွမ့်မူထျန်းသည် လုဝူက မိစ္ဆာဝေဟင်မျှော်နန်းသို့ဝင်ရောက်ခဲ့ပြီးဖြစ်သောကြောင့် လုဝူနှင့်ပတ်သက်လျှင် လုကျိုး၏အမြင်ကို တောင်းခံရပေမည်။

လုကျိုးကပြောလိုက်၏။ “ငါ့မှာ ဘာအမြင်မှမရှိဘူး။ ဒါပေမဲ့ သူ့ရဲ့ဘေးကင်းလုံခြုံမှုကို အာမခံရမယ်”

“ဒါပေါ့ ငါ မင်းထက်တောင်ပိုဂရုစိုက်သေးတယ်” တွမ့်မူထျန်းသည် တွန့်ဆုတ်မနေဘဲ လုဝူအား ကျောက်စိမ်းအဆောင်ကို ပစ်ပေးလိုက်၏။ လုဝူသည် ၎င်းကိုပါးစပ်နှင့်လှမ်းဖမ်းပြီးနောက် ဝှက်ထားလိုက်သည်။ သူတို့အတူတကွလှုပ်ရှားတာ ပထမဆုံးအကြိမ်မဟုတ်ကြောင်း သိသာ၏။

“အန္တရာယ်ကြုံလာတာနဲ့ အပိုင်းပိုင်းကိုက်ဖဲ့လိုက်” တွမ့်မူထျန်းက ပြောလိုက်သည်။

လုဝူက ခေါင်းညိတ်လိုက်၏။ ထိုသို့ပြောပြီး တွမ့်မူထျန်းက လှည့်ထွက်ပြီး အနီးရှိတောင်တန်းဆီ လျှောက်သွားလေ၏။ သူ၏ခြေလှမ်းတစ်လှမ်းက ပေတစ်ထောင်ကို လွှမ်းခြုံလိုက်သည်။

လူတိုင်းက သူ့နောက်မှလျင်မြန်စွာလိုက်လာပြီးနောက် အင်မတန်ကွယ်ဝှက်သောနေရာတစ်ခုသို့ရောက်လာရန် သိပ်မကြာလိုက်ပေ။

ကျောင်းဟုန်ဖူက အရင်ဆုံးပြေးသွားလိုက်၏။ သူမဂရုတစိုက်လေ့လာလိုက်သည်။ ကြည့်မိလေ အံ့ဩလေဖြစ်၏။ “ဒါက တခြားတိုင်လုံးတွေဆီလမ်းကြောင်းလား”

“ဟုတ်တယ်” တွမ့်မူထျန်းက ပြောလိုက်၏။ “ဖျက်ဆီးခြင်းတိုင်လုံးရဲ့ဘေးကင်းမှုအတွက် မဟာလေဟာနယ်က တိုင်လုံးတွေနားမှာ သင်္ကေတလမ်းကြောင်းတွေ လုံလုံလောက်လောက် တည်ဆောက်ထားတယ်”

“ဒီသင်္ကေတလမ်းကြောင်းတွေက ကျွန်မဘဝမှာ တွေ့ဖူးသမျှထဲ အထူးကဲဆုံးနဲ့ အစွမ်းထက်ဆုံး သင်္ကေတလမ်းကြောင်းတွေပဲ” ကျောင်းဟုန်ဖူသည် သင်္ကေတလမ်းကြောင်းပေါ်ရှိ ထွင်းစားများနှင့် ပုံသဏ္ဌာန်ကို ထိကြည့်ပြီးနောက် တအံ့တဩပြောလိုက်တော့သည်။ သူမသည် ဤသင်္ကေတလမ်းကြောင်းကြောင့် ရင်သပ်ရှုမောဖြစ်သွားတာ သိသာ၏။ ထင်သည့်အတိုင်းပင် ဤကဲ့သို့ သင်္ကေတလမ်းကြောင်းကို တည်ဆောက်နိုင်သည့်သူက မည်ကဲ့သို့သာမန်ဖြစ်မည်နည်း။

တွမ့်မူထျန်းက ရယ်မောလျက်ပြောလိုက်သည်။ “ဒီသင်္ကေတလမ်းကြောင်းက မဟာလေဟာနယ်က လာတာ။ မဟာလေဟာနယ်ကို ကိုယ်စားပြုတယ်။ ဖျက်ဆီးခြင်းတိုင်လုံး၁၀ခုက မဟာလေဟာနယ်အတွက် အရေးပါတယ်။ သူတို့က တိုင်လုံးတွေနားမှာ သင်္ကေတလမ်းကြောင်းတွေ တည်ဆောက်ဖို့အတွက် သူတို့နားမှာ အကောင်းဆုံး၊ အတော်ဆုံးသင်္ကေတပညာရှင်တွေကို ဘယ်လိုလုပ်မလွှတ်ဘဲနေမှာလဲ။ မင်းက ဒီလိုအမြင်ရှိလိမ့်မယ်လို့ မထင်ထားဘူး”

လုလီက ပြောလိုက်၏။ “မိန်းကလေးကျောင်းက ကျုပ်တို့မိစ္ဆာဝေဟင်မျှော်နန်းရဲ့ အငယ်ဆုံးသင်္ကေတ ပညာရှင်။ သူလတ်တလောကမှ အဆင့်တက်ထားတာ။ ဒါ့အပြင် သူ သိပ်မကြာခင်ကမှ သင်္ကေတတွေကို စလေ့လာတာ”

တွမ့်မူထျန်းက ခေါင်းညိတ်ပြီးနောက်မေးလိုက်သည်။ “နေရာမှာတင် သင်္ကေတအစီအရင်တစ်ခု ရေးဆွဲနိုင်လား”

“နေရာမှာ သင်္ကေတအစီအရင်တစ်ခုရေးဆွဲတာလား” ကျောင်းဟုန်ဖူက မေးလိုက်သည်။

“သင်္ကေတပညာရှင်က စုတ်တံတချက်နဲ့ သင်္ကေတလမ်းကြောင်းအတွက် အစီအရင်ကို ရေးဆွဲတယ်။ သင်္ကေတပညာရှင်က အဆင့်တစ်ခုရောက်သွားတဲ့အချိန် သူတို့တွေက တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်ဖို့ သင်္တေကအစီအရင်ကို အမြန်ဖွဲ့တည်နိုင်တယ်” တွမ့်မူထျန်းက ရှင်းပြလိုက်၏။ “ဒါက” ကျောင်းဟုန်ဖူက မဝံ့မရဲပြောလိုက်၏။ “ကျွန်မက သာမန်အစီအရင်တွေပဲတည်ဆောက်နိုင်ပြီး သင်္ကေတလမ်းကြောင်း တည်ဆောက်နိုင်တာ”

“တကယ်တော့ သင်္ကေတလမ်းကြောင်းကို တည်ဆောက်တဲ့ပညာရှင်က ကြီးမြတ်တဲ့နိယာမကို နားလည်သဘော‌ပေါက်တာထက် ပိုတော်တယ်” တွမ့်မူထျန်းက ဆက်ပြော၏။

“ဒီလောက်အစွမ်းထက်တယ်လား” ကျောင်းဟုန်ဖူက တအံ့တဩမေးလိုက်သည်။

“ဒါပေါ့” တွမ့်မူထျန်းက ကောင်းကင်ကို မော့ကြည့်ပြီးပြောလိုက်၏။ “မိုးနဲ့မြေကြား လွတ်လွတ်လပ်လပ် ခရီးထွက်နိုင်တဲ့အစွမ်းထက်တဲ့ သင်္ကေတပညာရှင်တွေရှိတယ်။ သူတို့က သွားချင်တဲ့နေရာကို သွားလို့ရတယ်။ လွတ်လွတ်လပ်လပ်နဲ့ပျော်ရွှင်တဲ့ဘဝပဲလေ”

“သူတို့က ပြိုင်ဖက်ကင်းတယ်လို့ ဆိုလိုတာမဟုတ်လား” ကျောင်းဟုန်ဖူက စိတ်အားထက်သန်စွာပြောလိုက်၏။

“မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး” တွမ့်မူရှန်းက ရှင်းပြ၏။ “ယေဘူယျအားဖြင့် သင်္ကေတပညာရှင်တွေရဲ့ တိုက်ခိုက်ရေးခွန်အားက အားမကောင်းဘူး။ လူတိုင်းကတော့ အလုံးစုံ ထူးချွန်နိုင်တာ မဟုတ်ဘူးလေ။ ကျင့်ကြံသူတွေက အဆင့်တစ်ခုရောက်တဲ့အချိန် မိုင်ထောင်ချီအကွာကနေ လူတွေကိုသတ်ဖို့ သူတို့အတွက် မဖြစ်နိုင်တာမဟုတ်ဘူးလေ”

လူတိုင်းခေါင်းညိတ်လိုက်၏။ အရာအားလုံး၌ အားသာချက်အားနည်းချက်များ ရှိလေ၏။

ကျောင်းဟုန်ဖူက ပြောလိုက်၏။ “ဘယ်လိုပဲဖြစ်ဖြစ် လွတ်လွတ်လပ်လပ် ခရီးသွားနိုင်တာနဲ့တင် ကျေနပ်နေပါပြီ။ ချန်းပေ့ အလင်းပြပေးတာ ကျေးဇူးတင်ပါတယ်”

“ဟုတ်ပြီ သွားကြရအောင်” တွမ့်မူထျန်းသည် လှစ်ကနဲပျောက်သွားပြီး သင်္ကေတလမ်းကြောင်းထဲ၌ ပေါ်လာ၏။

လုကျိုးက လိုက်သွားသည်။ ဤနည်းဖြင့် လူတိုင်းက သင်္ကေတလမ်းကြောင်းထဲ တစ်ယောက်ပြီးတစ်ယောက် ရောက်သွားသည်။

တွမ့်မူထျန်းက ပြောလိုက်၏။ “မဟာလေဟာနယ်ရဲ့သင်္ကေတလမ်းကြောင်း လူတစ်ထောင်ကျော် ပို့ဆောင်နိုင်တယ်။ ဒါကြောင့် စိတ်မပူနဲ့”

လူတိုင်းက ဟန်ချက်ထိန်းပြီးနောက် တွမ့်မူထျန်းသည် သူ၏လက်ဝါးကို လှစ်ကနဲတွန်းထုတ်လိုက်ရာ အလင်းတစ်ခုပေါ်လာပြီး သူတို့သည် ဖောက်ထွင်းမြင်နေသည့်ဥမင်ထဲ ဝင်သွားတော့၏။

လက်ဖက်ရည်တခွက်နှပ်စာ အချိန်မပြည့်မှီ၌ သူတို့သည် စိမ်းသက်သောတောအုပ်ထဲ၌ ‌ပေါ်လာလေ၏။ တွမ့်မူထျန်းက သင်္ကေတလမ်းကြောင်းအပြင်ဖက်သို့ပျံထွက်လျက် လေထဲပျံဝဲနေသည်။

လုကျိုးက လူတိုင်းကို ဝေဟင်ထဲခေါ်သွားလေ၏။ ဝေဟင်ထဲ၌ သူတို့သည် အနက်ရောင်မြူများကို ဖောက်ထွက်သွားသည့် ဖျက်ဆီးခြင်းတိုင်လုံးကို တွေ့လိုက်ရသည်။

“မြန်လိုက်တာ” ကျောင်းဟုန်ဖူက ချီးကျူးမှုများအပြည့်ဖြင့် ပြောလိုက်သည်။

တွမ့်မူထျန်းက ပြောလိုက်သည်။ “ဒါက ရှဲ့ချောင်းရဲ့ဖျက်ဆီးခြင်းတိုင်လုံးပဲ။ ဒီနေရာကို စောင့်ကြပ်နေတဲ့သူက ငါ့ထပ်ပိုအားကောင်းတယ်။ ဒါပေမဲ့ သူနဲ့ငါ့ရဲ့ဆက်ဆံရေးက မဆိုးဘူး။ အဲ့ဒီရောက်ရင် စကားပြောခွင့်ပေး။ ဖြတ်မပြောနဲ့”

ပြီးနောက် တွမ့်မူထျန်းက ပျံထွက်သွား၏။ ဤနေရာသို့ ပထမဆုံးအကြိမ်ရောက်တာမဟုတ်တာ သိသာသည်။ သူက ဤနေရာနှင့်အလွန်ရင်းနှီးနေပြီး ထောင်ချောက်များနှင့် အစီအရင်များစွာကို ကျော်ဖြတ်သွားတော့သည်။

လမ်းတွင်တွေ့သည့် ကြမ်းတမ်းခက်ထန်သားရဲတို့သည် တွမ့်မူထျန်းကို မြင်သည်နှင့်အမြီးကုပ်ပြီး ပြေးလေ၏။ သူတို့က တွမ့်မူထျန်းနှင့် တိုက်ခိုက်ဖို့မရည်ရွယ်ထားတာ သိသာသည်။

ခဏအတွင်း သူတို့သိပ်မကျယ်သည့်တောင်ပေါ်သို့ရောက်သွားသည်။ ဖျက်ဆီးခြင်းတိုင်လုံးနှင့် ဆက်နေသည့် ပေတစ်သောင်းရှည်သော တံတားတစ်စင်းဖြစ်သည်။

အောက်၌ တိမ်တိုက်များရစ်ဝဲနေလျက် လူတိုင်း၏အမြင်အာရုံကို တားဆီးထားသည်။

တွမ့်မူထျန်းက ပြောလိုက်သည်။ “‌ရောက်ပြီ ဒါက ရှဲ့ကျန်းရဲ့ဖျက်ဆီးခြင်းတိုင်လုံးပဲ”

လူတိုင်းကမှင်တက်သွားတော့သည်။

လုကျိုးက လက်နောက်ပစ်လျက်ရပ်နေကာ သူ့နားရှိမြင်ကွင်းကို ကြည့်ကာမေးလိုက်သည်။

“ဘာလို့မဆင်းတာလဲ”

“အောက်မှာအန္တရာယ်များတဲ့ ထောင်ချောက်တွေရှိတယ်။ ဆရာသခင်တစ်ပါးတောင် ဒါတွေကို ဖြေရှင်းဖို့ခက်ခဲလိမ့်မယ်” တွမ့်မူထျန်းက ပြောလိုက်၏။ ပြီးနောက် သူက ငြီးတွားလိုက်ပြန်သည်။ “တန်ဖိုးရှိတဲ့ မျိုးစေ့တွေကို ခိုးသွားတာဘယ်သူလဲ သိချင်လိုက်တာ”

“အဲ့ဒီလူမှာ အံ့ဩဖို့ကောင်းတဲ့ကျင့်ကြံဆင့်ရှိတာ ဖြစ်ကောင်းဖြစ်မှာပေါ့” လုကျိုးက မျက်နှာထားတည်တည်ဖြင့် ပြောလိုက်သည်။

“မဖြစ်နိုင်တာ။ ငါ့မိတ်ဆွေနာမည်က ရန်မော့ဟွေ့ သူက စစ်မှန်တဲ့သူတော်စင်တစ်ပါးပဲ။ သူက ရှဲ့ကျန်းရဲ့ဖျက်ဆီးခြင်းတိုင်လုံးမှာ စောင့်ကြပ်နေတာကြာပြီ။ ဒါ့အပြင် နယ်မြေကိုးခုထဲမှာ တာအိုသူတော်စင်တစ်ပါးရှိခဲ့ရင် တရားမျှတမှုချိန်ခွင်က အစောတည်းက လူတိုင်းကို သတိပေးလောက်ပြီ” တွမ့်မူထျန်းက ပြောလိုက်သည်။ လုကျိုးက ပြန်တုံ့ပြန်ရမှာ ပျင်းနေလေ၏။ ခဏအကြာ၌ လေထဲ၌ ပျင်းရိငြီးငွေ့နေသော အသံတစ်သံပေါ်ထွက်လာသည်။ “ဒီကို ဘာလို့ရောက်လာတာလဲ”

တွမ့်မူထျန်းက ပြုံးလျက်ပြန်ပြောလိုက်၏။ “အစ်ကိုရဲ့ ကျုပ်တကယ်ပျင်းနေလို့ ခင်ဗျားနဲ့စကားပြောရအောင်လာတာ”

“မဟာလေဟာနယ်ရဲ့စည်းမျဉ်းကို မင်း မသိတာလည်းမဟုတ်ဘဲနဲ့။ မြန်မြန် မင်းရဲ့နေရာကိုပြန်တော့”

“ဘယ်လိုပဲဖြစ်ဖြစ်ရောက်နေပြီးပြီကို။ အခုပြန်သွားလိုက်ရင် အချည်းဖြစ်သွားမှာမဟုတ်ဘူးလား” တွမ့်မူထျန်းက မေးပြီးနောက် ပြောလိုက်၏။ “ဒါ့အပြင် ကျုပ် တောင်းဆိုစရာတစ်ခုလည်းရှိတယ်”

ထိုစဉ် အထက်ကနေပုံရိပ်တစ်ခုပေါ်လာ၏။ ထိုလူ၏ဆံပင်သည် လေထဲလွင့်နေကာ သူ့ကိုသူရူးတစ်ယောက်နှင့် တူနေစေသည်။ သူ၏အကြည့်တို့က ဓားတစ်စင်းပမာ စူးရှနေပြီး မိစ္ဆာဝေဟင်မျှော်နန်း၏လူတို့အား မသက်မသာဖြစ်စေ၏။

“မင်းနဲ့အတူ လူခေါ်လာတယ်လား” ထိုလူက မေးလိုက်၏။

“အစ်ကိုယန် ဒါ ကျုပ်ရဲ့မိတ်ဆွေတွေပါ။ မဟာလေဟာနယ်ထဲဝင်လာပြီး သူတို့ကိုမတွေ့ရသေးဘူး။ ‌နောက်ဆုံးမှ တွေ့ခွင့်ရတာဆိုတော့ အမြင်ကျယ်အောင်လို့ ခေါ်လာဖို့ဆုံးဖြတ်လိုက်တာ” တွမ့်မူထျန်းက ပြန်ပြောလိုက်၏။

ယန်မော့ဟွေ့သည် တဖြောင့်တည်းသမားဖြစ်သည်။ သူ ကိစ္စရပ်များကို ဆုံးဖြတ်ရာ၌အတော်လေးခေါင်းမာ၏။ သူ စိတ်ပြင်ဆင်ပြီးသည်နှင့် ပြောင်းလဲဖို့က မဖြစ်နိုင်ပေ။

တွမ့်မူထျန်းက ယင်းကိုသတိပြုမိသည်နှင့် ပထမဦးစွာပြောလိုက်၏။ “သူတို့က တိုင်လုံးကို ကြည့်ချင်ရုံပဲ။ အစ်ကိုယန် ခွင့်ပြုပေးမယ်လို့ မျှော်လင့်တယ်”

တဖက်လူက သဘောမတူခဲ့လျှင် ကိစ္စရပ်များခက်ခဲလိမ့်မည်ဟု တွမ့်မူထျန်းသိနေ၏။

ထင်သည့်အတိုင်းပင် ယန်မော့ဟွေ့၏မျက်နှာ၌ တုံ့ဆိုင်းသောအမူအရာများပေါ်လာသည်။

“မဟာလေဟာနယ်က သိပ်မကြာသေးခင်တုန်းက အမိန့်တစ်ခုပေးထားတယ်။ တိုင်လုံးနားဘယ်သူမှ ကပ်ခွင့်မရှိဘူး။ အတိတ်တုန်းကတောင်ဆိုရင် ငါ ခွင့်ပြုပေးဦးမယ်။ ဒါပေမဲ့ အခုကတော့ နည်းနည်းခက်ခဲတယ်”

တွမ့်မူထျန်းက ပြောလိုက်၏။ “မဟာလေဟာနယ်က မဟာလေဟာနယ်မျိုးစေ့တွေ ခိုးယူခံရပြီး တိုင်လုံးတွေ ထိခိုက်မှာ စိုးရိမ်ရုံပဲ။ ခင်ဗျားလို ပညာရှင်တစ်ယောက်စောင့်ကြပ်နေတာ ဘယ်သူကများ ရှဲ့ချားရဲ့တိုင်လုံးဆီ လာရဲမှာလဲ။ ဒါ့အပြင် သူတို့တိုင်လုံးထဲက ဘာကိုမှမထိဘူးလို့ ခင်‌ဗျားကို ကတိပေးတယ်”

ယန်မော့ဟွေ့သည် တွမ့်မူထျန်း၏စကားကိုကြားသောအခါ လူတိုင်းကို သိမ်းကြုံးကြည့်လိုက်၏။ ထိုအဖွဲ့၏အရှိန်အဝါကိ အာရုံခံမိသောအခါ သူမျက်မှောင်အနည်းငယ်ကျုံ့မိသွားသည်။ “ဒီနေရာမှာ ဆရာသခင်တွေများတာပဲ”

ကြာနယ်မြေကိုးခုထဲ၌ ဆရာသခင်တစ်ယောက်ပေါ်ပေါက်လာချိန်၌ မဟာလေဟာနယ်သည် စုံစမ်းစစ်ဆေးရန် လူလွှတ်လေ့ရှိ၏။

ကြီးမားလှသောအစိမ်းရောင်ကြာနယ်မြေတွင်တောင် ဆရာသခင်လေးပါးသာရှိသည်။ ယန်မော့ဟွေ့က ယခုအချိန်၌ ဤမျှများပြားသော ဆရာသခင်များကို မြင်တွေ့ချိန်၌ မည်ကဲ့သို့ သတိမထားဘဲနေမည်နည်း။ ခဏအကြာ၌ သူက တွမ့်မူထျန်းဖက်လက်သီးဆုပ်လျက်ပြောလိုက်သည်။ “ထားလိုက်တော့။ လူတွေများလွန်းနေတယ်။ တစ်ခုခုမှားသွားမှာ သေချာတယ်။ ကျေးဇူးပြုပြီး ထွက်သွားကြပါ”

ဆိုလိုသည်က ဆွေးနွေးမှုအဆုံးသတ်သွားပြီဖြစ်သည်။ ထိုစဉ် လုကျိုးက လှမ်းပြောလိုက်သည်။ “ခဏ”

ယန်မော့ဟွေ့သည် လုကျိုးကိုလျစ်လျူရှုထားပြီး အဖက်မလုပ်ကာ ပျံသန်းသွားပြန်၏။ သူက တွမ့်မူထျန်း၏ မိတ်ဆွေများကို ဂရုမစိုက်တာ သိသာသည်။

လုကျိုးက ဆူငေါက်လိုက်၏။ “ဒါ မင်းရဲ့မိတ်ဆွေလား”

“ဟုတ်တယ်”

“အချည်းနှီးနာမတစ်ခုပဲ” လုကျိုးက ပြောလိုက်လေ၏။

လုကျိုးပြောပြီးသည်နှင့်

ဝှစ်

ယန်မော့ဟွေ့သည် မျက်စိတစ်မှိတ်အတွင်း လူတိုင်းရှေ့၌ ပေါ်လာ၏။ သူသည်သူတို့နှင့် ၁၀မီတာအကွာ၌ ပျံဝဲနေကာ သူတို့အားလုံးကို အေးစက်သောအကြည့်ဖြင့် ကြည့်လိုက်တော့သည်။ သူက မေးလိုက်တော့သည်။ “မင်း ဘာပြောလိုက်တာလဲ”

တွမ့်မူထျန်းသည် ဖြန်ဖြေရန်အမြန်ပြောလိုက်လေ၏။ “အစ်ကိုယန် ဒါ အထင်လွဲတာပါ။ စနောက်နေတာပါ။ အတည်မမှတ်ပါနဲ့”

လုကျိုးသည် တွမ့်မူထျန်း ဖြန်ဖြေရန်ကြိုးစားတာကို လျစ်လျူရှုပြီး ပြောလိုက်တော့၏။ “ငါ ပြောတယ်လေ။ အချည်းအနှီးနာမည်ပဲလို့”

“မင်းက ညီအစ်ကိုတွမ့်မူရဲ့မိတ်ဆွေဖြစ်နေတာကြောင့် မင်းကို စကားပြောဖို့အခွင့်အရေးပေးတာ။ ပြီးပြည့်စုံတဲ့ ရှင်းပြချက်မပေးနိုင်ရန် နောက်ဆက်တွဲကို ခံစားရမယ်” ယန်မော့ဟွေ့က ပြောလိုက်၏။

“ခင်ဗျားက တာအိုသူတော်စင်တစ်ပါးဖြစ်ရင်တောင် ကျားစွမ်းရည်ကိုငှားယူထားတဲ့ မြေခွေးတစ်ကောင်ပဲ။ မဟာလေဟာနယ်ကို အားကိုးနေတာ။ အဆုံးကျ မဟာလေဟာနယ်ရဲ့အမိန့်တစ်ခုကတောင် ခင်ဗျားကို နာခံစေဖို့ လုံလောက်တယ်။ ကျုပ်ပြောတာ ကျိုးကြောင်းသင့်လား” လုကျိုးပြောလိုက်၏။

ယန်မော့ဟွေ့၏မျက်နှာထက်ရှိ ဒေါသအရိပ်အယောင်ကိုမြင်သောအခါ လုကျိုးက ပြောလိုက်သည်။

“ခင်ဗျား ဒေါသထွက်လေလေ ကျုပ်ပြောတာအမှန်ဖြစ်ကြောင်း ပိုသက်သေပြနိုင်လေလေပဲ”

ယန်မော့ဟွေ့က ဆွံ့အသွား၏။ ခဏအကြာ၌ သူက ပြန်ပြောလိုက်သည်။ “ဒီလောကထဲမှာ ဘယ်သူဖြစ်ဖြစ် သူတို့မဟာလေဟာနယ်ကို နာခံရတယ်။ ငါ့တစ်ယောက်တည်းမဟုတ်ဘူး”

“မဟုတ်ဘူး” လုကျိုးက ခေါင်းခါလျက်လက်နောက်ပစ်ထားကာ ကောင်းကင်ကိုမော့ကြည့်လျက် ပြောလိုက်သည်။ “ငါ မဟာလေဟာနယ်ကို အညံ့ခံမှာမဟုတ်ဘူး”

ယန်မော့ဟွေ့ “...”

ယန်မော့ဟွေ့ မျက်မှောင်ကျုံ့မိသွားသည်။ သူ၏ပထမဆုံးအတွေးက သူ့ရှေ့ရှိလူ ရူးနေပြီဆိုတာပဲဖြစ်သည်။

လုကျိုးက ဆက်ပြောလိုက်သည်။ “မဟာလေဟာနယ်က လူတွေကို တိုင်လုံနားကပ်ခွင့်မပေးထားဘဲ ငါ သွားမှာ”

အခြေအနေက ချက်ချင်းတင်းမာလာ‌တော့သည်။

ယန်မော့ဟွေ့က လုကျိုးကို ကြည့်ပြီး လုကျိုး၏ကျင့်ကြံဆင့်ကို အာရုံခံရန်ကြိုးစားလိုက်သည်။ သူမည်မျှကြိုးစားစေကာမူ လုကျိုး၏ကျင့်ကြံဆင့်ကို အာရုံမခံနိုင်ပေ။

လုကျိုးက ရုတ်တရက်မေးလိုက်၏။ “ငါ့ရဲ့ကျင့်ကြံဆင့်ကို စစ်ဆေးဖို့ကြိုးစားနေတာလား”

ယန်မော့ဟွေ့က အကြည့်လွဲသွားသည်။ “မင်းက မရိုးရှင်းဘူးပဲ”

“မပြောပလောက်ပါဘူး” လုကျိုးက ပြောလိုက်၏။

“ဂုဏ်မောက်လွန်းတာက မင်းကို ထိခိုက်စေလိမ့်မယ်။ မဟာလေဟာနယ်ရဲ့ ခွန်အားက မင်းမှန်းဆနိုင်တာထက် လွန်တယ်” ယန်မော့ဟွေ့က ပြောလိုက်သည်။

ထိုစဉ် တွမ့်မူထျန်းက ဖျောင်းဖျရန်အခွင့်အရေးကိုရှာနေသော်ငြား သူ စကားတစ်ခွန်းမှ မပြောနိုင်ခဲ့ပေ။ လုကျိုးက ဆက်ပြောလိုက်၏။ “မဟာလေဟာနယ်က ငါနဲ့ဘာဆိုင်လို့လဲ။ နောင်ကျဘာပဲဖြစ်ဖြစ် မဟာလေဟာနယ်ထဲ ဝင်မှာမဟုတ်ဘူး”

“မဟာလေဟာနယ်က မင်းကိုဖြေရှင်းမှာ စိတ်မပူဘူးလား” ယန်မော့ဟွေ့က မျက်မှောင်ကျုံ့လိုက်၏။

“စိတ်ပူရမှာလား” လုကျိုးက ရယ်မောလျက်ပြောလိုက်၏။ “ငါ‌ ကြောက်တယ်ဆိုရင် ဒီကိုလာမှာမဟုတ်ဘူး”

ယန်မော့ဟွေ့က အနည်းငယ်အံ့အားသင့်ထိတ်လန့်သွားသည်။

ထိုစဉ် တွမ့်မူထျန်းက အခွင့်အရေးကို အမြန်ဖမ်းဆုပ်ကာ အမြန်ပြောလိုက်သည်။ “ကျုပ်မိတ်ဆွေရဲ့ စိတ်နေသဘောထားက အဲ့လိုပဲ။ အဲ့ဒီတုန်းက သူ မဟာလေဟာနယ်ကို မဝင်ချင်ခဲ့ဘူး။ ဒါကြောင့် အဆုံးမဲ့သမုဒ္ဒရာကို သွားခဲ့တာ။ မျှခြေမညီမျှမှုက ပိုဆိုးလာတာ သူကြားလို့ နောက်ဆုံး သူပြန်လာတာပဲ”

ယန်မော့ဟွေ့သည် လုကျိုးကို ၁၅မိနစ်ခန့်စိုက်ကြည့်နေ၏။ ယခုအချိန်၌ သူ မည်သည်ကိုစဉ်းစားနေမှန်း မည်သူမှမသိပေ။ ထိုကာလအတွင်း သူ၏စိတ်ထဲ၌ လွတ်လပ်သောပုံရိပ်နှင့် အနာဂတ်ပုံရိပ်များစွာ ပေါ်လာ၏။ အချိန်ကြာမြင့်စွာ ကျင့်ကြံပြီးနောက် သူ မလုပ်နိုင်တာ သိပ်မရှိပေ။ လောကကြီးက ကျယ်ပြောလွန်း၏။ လူတိုင်း စိတ်တိုင်းကျ ဝင်ထွက်သွားလာနိုင်၏။ သို့သော် သူ့တစ်ဘဝလုံးဖျက်ဆီးခြင်းတိုင်လုံးကို စောင့်ကြပ်ပြီး ရှဲ့ချားတွင် နေရမည်။ လုကျိုးက မကြောက်ပေ။ သူက ယန်မော့ဟွေ့၏အကြည့်ကို တည်ငြိမ်စွာ ရင်ဆိုင်လိုက်၏။

နောက်ဆုံး၌ ယန်မော့ဟွေ့က တိတ်ဆိတ်မှုကို ဦးစွာဖြိုခွင်းပြီး လုကျိုးဖက်လက်သီးဆုပ်ကာ ပြောလိုက်၏။ “ကျေးဇူးပြုပြီး”

တွမ့်မူထျန်း “ဒါပဲလား”

တွမ့်မူထျန်းက အနည်းငယ်စိတ်ရှုပ်ထွေးသွား၏။ မိတ်ဆွေတစ်ယောက်အနေဖြင့် ယန်မော့ဟွေ့သည် သူ့ကို ငြင်းဆန်ခဲ့သည်။ သို့သော် ယန်မော့ဟွေ့သည် လုကျိုးနှင့်ငြင်းခဲ့သော်ငြား ယန်မော့ဟွေ့သည် လုကျိုးကို လက်ခံလိုက်၏။

ယန်မော့ဟွေ့က ပြောသည်။ “ငါ့ဘဝမှာ ငါလေးစားတဲ့သူ များများစားစားမရှိဘူး။ ငါ အလေးစားဆုံးက အရှုံးမပေးတဲ့ မာန်မာနရှိတဲ့သူပဲ။ ငါက တာအိုသူတော်စင်တစ်ပါးဆိုပေမဲ့ ပြောင်းလဲလွယ်ပြီး အမြင်ကျယ်တဲ့လူပဲ။ ငါ မင်းလောက်မတော်တာ ဝန်ခံတယ်”

တွမ့်မူထျန်း “...”

လုကျိုးက ပြောလိုက်၏။ “ဒါဆိုလည်း ကျုပ် အားနာမနေတော့ဘူး”

ယန်မော့ဟွေ့သည် ဖျက်ဆီးခြင်းတိုင်လုံးထဲ သူတို့ကို ဝင်ခွင့်ပေးခဲ့သော်ငြား သူ့၌ ရည်ရွယ်ချက်ကောင်းရှိမည်ဟု မဆိုလိုပေ။ လုကျိုးပျံထွက်သွားစဉ် ယန်မော့ဟွေ့က ခေါ်လိုက်၏။ “မင်းပဲဝင်ခွင့်ရှိတယ်”

လုကျိုးသည် ယန်မော့ဟွေ့ကို လျစ်လျူရှုလျက်ပြောလိုက်၏။ “ယွီရှန်းရုန်၊ ယဲ့ထျန်းရှင်း၊ ယွမ်အာ”

တပည့်သုံးယောက်သည် တညီတညွတ်တည်း ဦးညွှတ်လိုက်၏။ “ငါ့နောက်လိုက်ခဲ့။ ကျန်တဲ့သူတွေ ဒီမှာစောင့်” လုကျိုးသည် လှည့်မကြည့်ဘဲပြောလိုက်သည်။ ထိုအစား သူသည် ယန်မော့ဟွေ့ကို လှည့်ကြည့်ပြီး ပြောလိုက်သည်။ “လူငါးယောက်ဆိုရင်ကော”

ယန်မော့ဟွေ့ရဲ့အမူအရာက အေးခဲသွားပြီး သူ လက်နောက်ပစ်ထားလျက် ဘာမှမပြောတော့ပေ။

ထိုစဉ် တွမ့်မူထျန်းက ပြောလိုက်၏။ “ကျုပ်ကို ထောက်ပြီးခွင့်ပြုလိုက်ပါ။ တစ်ခုခုဖြစ်လာခဲ့ရင် နောက်ဆက်တွဲကို ရင်ဆိုင်ပါ့မယ်”

ယန်မော့ဟွေ့က ပြောလိုက်၏။ “မင်းတို့အားလုံးကို တကယ်နားမလည်ဘူး။ ဘာကြည့်စရာရှိလို့လဲ။ ၁၅မိနစ် အချိန်ပေးမယ်။ ပြီးရင်တစ်ယောက်နဲ့တစ်ယောက် ဘယ်တော့မှမတွေ့ခဲ့သလို သဘောထားလိုက်” ပြီးနောက် ယန်မော့ဟွေ့က လေထဲပျောက်ကွယ်သွားတော့သည်။

ဤနည်းဖြင့် လုကျိုးနှင့်တွမ့်မူထျန်းသည် ဦးဆောင်လျက် ပေတစ်သောင်းရှည်သည့်တံတားကို ဖြတ်ကျော်လာ၏။

ယွီရှန်းရုန်၊ ယဲ့ထျန်းရှင်းနှင့် ရှောင်ယွမ်အာသည် နောက်မှနီးကပ်စွာလိုက်လာသည်။

သူတို့က တံတားအလယ်သို့ရောက်သည့်အချိန်၌ တချိန်တည်းတွင် ဘေးတစ်ဖက်တချက်ဆီမှ ဧရာမသစ်သားတုံးများ ပေါ်လာသည်။ သူတို့က ထွင်းစာများ၊ သဏ္ဌာန်များဖြင့်ပြည့်နှက်နေပြီး မိုးနဲ့မြေကြား မလွတ်မြောက်နိုင်သည့် ပိုက်ကွန်ဖြင့်တူညီနေသည်။ တွမ့်မူထျန်းက မျက်မှောင်ကျုံ့လိုက်၏။ “အစ်ကိုယန် ဘာလုပ်နေတာလဲ” မည်သူမျှမဖြေပေ။

“အစ်ကိုယန်”

“ငါ ဒီမှာမရှိဘူး။ ငါ့ကိုမမေးနဲ့”

ထိုစဉ် သစ်လုံးများက စတင်တိုက်ခိုက်နေသည်။

လုကျိုးက ခုန်တက်လျက် ဘယ်နှင့်ညာကို လက်ဝါးတွန်းထုတ်လိုက်ရာ စည်းတံဆိပ်ကို ကောင်းကင်စွမ်းအား မြှုပ်နှံထားသည်။ လက်ဝါးစည်းတံဆိပ်က မိုးနှင့်မြေကို လှုပ်ခါစေလျက် လေဟာနယ်ကို ဆုတ်ပြဲသွားသည်။

ဖုန်း

သစ်လုံးများချက်ချင်းလွင့်ထွက်သွား၏။ သို့သော် တိုက်ခိုက်မှုက ပိုတောင်ပြင်းထန်သည့် သက်ရောက်မှုဖြစ်သွားပုံပေါ်ကာ တိုင်လုံးများပြန်ရောက်လာချိန်၌ ပိုတောင်အားကောင်းလာ၏။

“ဒါက ကောင်းကင်ချိတ်ပိတ်ခြင်းအစီအရင်ပဲ။ မိုးနဲ့မြေစွမ်းအား ပံ့ပိုးပေးထားတာ။ အစီအရင်ကိုဖြိုခွဲဖို့ မကြိုးစားနဲ့။ ငါ့နောက်လိုက်ခဲ” တွမ့်မူထျန်းက ပြောလိုက်သည်။

လူတိုင်းသည် တံတားရှိရာဖက်သို့ ရွေ့သွားကြစဉ် သစ်လုံးများက ပိုတောင်သန်မာသည့်ခွန်အားဖြင့် ပြန်ရောက်လာသည်။ တွမ့်မူထျန်းက ခေါင်းငုံ့လျက် သစ်လုံးများကိုရှောင်လိုက်သည်။ ယဲ့ထျန်းရှင်း၊ ရှောင်ယွမ်အာနှင့် ယွီရှန်းရုန်ကလည်း ‌ရှောင်လိုက်၏။ သို့သော် လုကျိုးက မြဲမြဲရပ်နေကာ သစ်လုံးများကို ရင်ဆိုင်နေသည်။

“လောင်လု” တွမ့်မူထျန်းက ခေါ်လိုက်သည်။

ထိုစဉ် လုကျိုးက မိုးကြိုးသွားကတ်ငါးကတ်ကို ဆက်တိုက်ချေမွလိုက်သည်။

“မိုးကြိုးသွား”

မိုးကြိုးသွားမှ ပေါ်ထွက်လာသော ရွှေရောင်လက်ဝါးစည်းတံဆိပ်သည် တလက်လက်တောက်ပနေပြီး သစ်လုံးငါးခုကို တိကျစွာထိမှန်သွား၏။

ဖုန်း ဖုန်း ဖုန်း ဖုန်း ဖုန်း

မိုးကြိုးသွားများထဲမှတစ်ခုသည် သစ်လုံးကို ကွဲထွက်သွားစေသည်။

ဖုန်း

“ဟမ်”

ယန်မော့ဟွေ့၏ အံ့ဩနေသောအသံကပေါ်လာသည်။

လုကျိုးက ရှေ့ဆက်တိုးလျက်ပြောလိုက်သည်။ “ငါ့နောက်လိုက်ခဲ့”

“ဒါက” တွမ့်မူထျန်းသည် သစ်လုံးများကို လှည့်ကြည့်လိုက်၏။ သူရှေ့ကိုကြည့်မိသည့်အချိန်၌ လုကျိုးနှင့် သူ၏တပည့်က တိုင်လုံးထဲဝင်နှင့်ပြီဖြစ်တာကိုတွေ့လိုက်ရသည်။ ပြီးနောက် သူက မော့ကြည့်ပြီး သူက မေးလိုက်၏။ “အစ်ကိုယန် ခင်ဗျားတောင် ကောင်းကင်ချိတ်ပိတ်ခြင်းအစီအရင်ကို မဖြိုခွဲနိုင်ဘူးလို့ပြောခဲ့တယ်မလား”

တိတ်ဆိတ်ခြင်းက ကြီးစိုးနေပြီး တွမ့်မူထျန်းကို မည်သူမှပြန်မပြောချေ။

“အစ်ကိုယန်”

…

အခန်း (၁၄၆၀) ကောင်းကင်ဘုံမှ နတ်ဘုရားလေးပါး (၁)

တုံ့ပြန်မှုဟူ၍ မရှိပေ။

တွမ့်မူထျန်းက ခေါင်းညိတ်ပြီးနောက် ပျံသန်းကာ ဖျက်ဆီးခြင်းတိုင်လုံးထဲသို့ ဝင်ရောက်သွားသည်။

“ဟမ်” တွမ့်မူထျန်းက မြေပြင်ပေါ်သို့ ဆင်းသက်ပြီးနောက် မိစ္ဆာဝေဟင်မျှော်နန်းမှ တပည့် သုံးဦးသည် အတားအဆီးဆီ လျှောက်လှမ်းလာသည်ကို မြင်သောအခါ မေးလိုက်သည်။

“ဘာလုပ်နေကြတာလဲ”

“စိတ်ငြိမ်ငြိမ်ထားပါ” လုကျိုးက ဆိုသည်။

တွမ့်မူထျန်းက ဖျက်ဆီးခြင်းတိုင်လုံး၏ အတွင်းပိုင်းကို ကြည့်ရင်း အလွန် စိုးရိမ်ပူပန်နေမိသည်။ ထိုနေရာက မြေအောက်ခန်းထဲသို့ ဝင်ရောက်လာသကဲ့သို့ မှောင်မိုက်ပြီး မှိုင်းညို့နေသည်။ နံရံပေါ်တွင် လျှို့ဝှက်ဆန်းကြယ်ပြီး ရှေးဟောင်း ပုံစံများကို သေသပ်စွာ ထွင်းထုထားလေသည်။

ယခုအချိန်အထိ ဖျက်ဆီးခြင်းတိုင်လုံးများကို မည်သူ တည်ဆောက်ခဲ့သည်ကို မည်သူမျှ ရှာမတွေ့သေးပေ။ တိုင်လုံးများအကြောင်း ပိုမို သိရှိလာသည်နှင့်အမျှ လူသားများသည် အမှန်တကယ်ပင် အရေးမပါသူများ ဖြစ်သည်ဟု ခံစားလာကြရသည်။

တွမ့်မူထျန်းက မဟာလေဟာနယ်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော်လည်း လျှို့ဝှက်ချက်များကို မသိခဲ့ရပေ။ သူက မဟာလေဟာနယ်မှ သက်ကြီးရွယ်အိုများကို မေးရန် ကြိုးစားခဲ့သော်လည်း သူတို့အားလုံးသည် ဂရုတစိုက်ရှိပြီး ပြောပြရန် ရှောင်ရှားခဲ့ကြသည်။ အချိန်ကြာလာသည်နှင့်အမျှ မေးခွန်းများစွာ မမေးရန်မှာ မဟာလေဟာနယ်တွင် အရေးမပါသော စည်းမျဉ်း ဖြစ်လာခဲ့သည်။ မဟာလေဟာနယ်ရှိ သာမန်လူများသည် ကောင်းမွန်စွာ နေထိုင်နိုင်ပြီး ကမ္ဘာကြီး ငြိမ်းချမ်းနေသရွေ့ အလွန်အကျွံ စိတ်ပူစရာ မလိုပေ။

ဘန်း

တွမ့်မူထျန်းက သူ့အတွေးများထဲ နစ်မြုပ်နေစဉ် ထူးခြားသော စွမ်းအင် ပဲ့တင်သံကို ကြားလိုက်ရသည်။ သူ မော့ကြည့်လိုက်သောအခါ ဖျက်ဆီးခြင်းတိုင်လုံး၏ အတားအဆီးအတွင်းတွင် ယဲ့ထျန်းရှင်း ရပ်နေသည်ကို မြင်သောအခါ အံ့အားသင့်သွားလေ၏။

ဝှစ်

မကြာမီ တွမ့်မူထျန်း၏ ဘေးတွင် ပုံသဏ္ဌာန်တစ်ခု ပေါ်လာသည်။

ယန်မော့ဟွေ့က သူ့ဆံပင်ကို မျက်နှာပေါ်မှ ဖယ်ရှားလိုက်ပြီး အတားအဆီးကို ကြည့်ကာ အံ့ဩတကြီးဖြင့် အော်ဟစ်လိုက်သည်။

“ဒါ… ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ”

တွမ့်မူထျန်းက ယန်မော့ဟွေ့နှင့် တူညီစွာ အံ့ဩသွားလေသည်။ သို့သော် သူက ယန်မော့ဟွေ့ကို မြင်သောအခါ မေးလိုက်၏။

“ညီအစ်ကိုယန် ဒီမှာ ရှိနေသေးတာလား။ ခင်ဗျား ထွက်သွားပြီလို့ ထင်ခဲ့တာ”

ယန်မော့ဟွေ့ “…”

ယန်မော့ဟွေ့၏ မျက်နှာထားက အနည်းငယ် မူမမှန်ပေ။ သူက တွမ့်မူထျန်းကို မကြည့်ဘဲ အတားအဆီးအတွင်း ရပ်နေသော ယဲ့ထျန်းရှင်းကို ဆက်ကြည့်နေမိသည်။

ထိုနှစ်ဦးသည် အတားအဆီးအတွင်းရှိ အထူးစွမ်းအင်သည် စုစည်းကာ စမ်းချောင်းတစ်ခုကဲ့သို့ ယဲ့ထျန်းရှင်း၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို စောင့်ကြည့်နေကြ၏။

ယန်မော့ဟွေ့က အသံတိုးတိုးဖြင့် ပြောလိုက်သည်။

“သူမ တိုင်လုံးဆီကနေ အသိအမှတ်ပြုမှုကို ရခဲ့တာပဲ…”

တွမ့်မူထျန်းက ခေါင်းညိတ်ရင်း ပြောလိုက်သည်။

“ငါလည်း ဒါကို နားမလည်ဘူး…”

ဤအချိန်တွင် ဘေးဆုတ်လာရသည့် ရှောင်ယွမ်အာက အနည်းငယ် မကျေမနပ်ဖြစ်ကာ ပြောလိုက်သည်။

“ဘာလို့ ငါ မဟုတ်ရတာလဲ”

လုကျိုးက ရှောင်ယွမ်အာကို တစ်ချက်ကြည့်ပြီး ဆူလိုက်သည်။

“ဘာလို့ အလောတကြီး ဖြစ်နေရတာလဲ”

ယွီရှန်းရုန်က ခေါင်းညိတ်ပြီး ဝင်ထောက်ခံလိုက်သည်။

“ဟုတ်တယ်။ ကျိုးရှစ်မေ့ … မင်း ဖျက်ဆီးခြင်းတိုင်လုံးဆီက အသိအမှတ်ပြုမှုကို အနှေးနဲ့အမြန် ရမှာပါ။ အလျင်စလို မလုပ်ပါနဲ့”

“ဟုတ် … ညီမ သိပါတယ်။ ဒါပေမဲ့ မစောင့်နိုင်တော့ဘူး”

ယန်မော့ဟွေ့ “…”

ဖျက်ဆီးခြင်းတိုင်လုံးရဲ့ အသိအမှတ်ပြုမှုက အခုလောက် လွယ်လွယ်ကူကူ ရနိုင်ပြီလား။

တွမ့်မူထျန်းက သဘာဝမဆန်စွာ ရယ်မောလိုက်ပြီးနောက် ရှင်းပြလိုက်သည်။

“ငါ့မိတ်ဆွေတွေက ဒီလိုပဲ။ သူတို့က ပုံမှန် ဒီလိုအဓိပ္ပာယ်မရှိတာတွေကို ပြောရတာ ကြိုက်ကြတယ်”

ယန်မော့ဟွေ့၏ မျက်လုံးများက ယဲ့ထျန်းရှင်းပေါ်တွင် စွဲမြဲနေပြီး သူက ခေါင်းခါကာ ပြောလိုက်သည်။

“ငါ့အထင်တော့ အဲလို မဟုတ်ဘူး”

“ဟမ် ဒါဆို ညီအစ်ကိုယန်က ဘာထင်လဲ” တွမ့်မူထျန်းက မေးသည်။

“ဖျက်ဆီးခြင်းတိုင်လုံးဆီက အသိအမှတ်ပြုမှုကို ရတဲ့သူ တစ်ယောက်ဟာ အနည်းဆုံးတော့ အနာဂတ်မှာ တာအိုသူတော်စင်တစ်ယောက် ဖြစ်လာလိမ့်မယ်။ အထွတ်အထိပ်သက်ရှိ တစ်ဦး ဖြစ်လာဖို့ဆိုတာ မဖြစ်နိုင်တာ မဟုတ်ဘူး။ မင်းရဲ့ မိတ်ဆွေတွေက တိုင်လုံးထဲ ဝင်ချင်တာ မဆန်းတော့ဘူး။ သူ့တပည့်က တကယ်ပဲ ရှားပါးတဲ့ အရည်အချင်းရှိသူ တစ်ယောက်ပဲ”

ယန်မော့ဟွေ့က ဆိုသည်။

တွမ့်မူထျန်း “…”

တွမ့်မူထျန်းက တစ်ခုခု ပြောချင်သော်လည်း နောက်ဆုံးတွင် သူ့လျှာဖျားတွင် ရှိနေသော စကားလုံးများကို မျိုချလိုက်သည်။

ခဏကြာပြီးနောက် ယန်မော့ဟွေ့က မေးလိုက်သည်။

“ညီအစ်ကိုတွမ့်မူ … ခင်ဗျား နေရာကနေ ခွင့်ပြုချက်မရှိဘဲ ထွက်လာလို့ မဟာလေဟာနယ်က အပြစ်ပေးမှာကို မကြောက်ဘူးလား”

တွမ့်မူထျန်းက ပြန်ဖြေသည်။

“ငါ့မိတ်ဆွေက ကြီးမားတဲ့ ဒုက္ခတွေ ကြုံခဲ့ရပြီး ဆင်းရဲတဲ့ ဘဝကို နေခဲ့ရတယ်။ အရင်က သူ သေသွားပြီလို့ ထင်ပြီး ငါ အချိန်အတော်ကြာ စိတ်ဓာတ်ကျခဲ့ရတယ်။ မင်းလဲ ငါ့အကြောင်း သိပါတယ်။ ငါ့မှာ ကျင့်ကြံရေးလောကထဲ မိတ်ဆွေသူငယ်ချင်း သိပ်မရှိဘူး၊ သူက ငါ့ရဲ့ သေအတူရှင်မကွာ သူငယ်ချင်းလို့ သတ်မှတ်လို့ရတယ်။ ငါ သူ့ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ရင် အပြစ်ပေးခံရတာက ဘာမှမဟုတ်ဘူး”

ယန်မော့ဟွေ့ ခေါင်းညိတ်သည်။

“ဒီအုပ်စုရဲ့ ကျင့်ကြံရေး အရည်အချင်းက တော်တော်ကောင်းတယ်။ သူတို့က ပိုပြီးတော့ပဲ သန်မာလာလိမ့်မယ်။ မဟာလေဟာနယ်ရဲ့ လုပ်ပုံကိုင်ပုံကို ခင်ဗျား နားလည်သင့်တယ်။ ခင်ဗျား သူငယ်ချင်းရဲ့ သဘောထားက မဟာလေဟာနယ်နဲ့ မလွဲမသွေ ကွဲထွက်နေလိမ့်မယ်”

“ငါလဲ ဇာတ်စင်ကြည့်ကရမှာပဲ” တွမ့်မူထျန်းက ဆိုသည်။ သူသည် သူ့သူငယ်ချင်းမှာ လုထျန်းထုံ ဖြစ်ကြောင်းကိုတော့ သဘာဝအတိုင်း ပြောမထားခဲ့ပေ။

တစ်ချိန်တည်းမှာပင် ယဲ့ထျန်းရှင်းသည် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေပြီး အတားအဆီးမှ ထွက်ခွာကာ လုကျိုးနှင့် အခြားသူများဆီသို့ ပျံသန်းလာသည်။

ဤမြင်ကွင်းကို မြင်သောအခါ တွမ့်မူထျန်းက ယန်မော့ဟွေ့ကို ကျေးဇူးတင်ရန် ဘေးသို့ လှည့်လိုက်သော်လည်း ယန်မော့ဟွေ့က ထွက်ခွာသွားပြီဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

လုကျိုးက နောက်တစ်ကြိမ် ပတ်ပတ်လည် ကြည့်ပြီးနောက် ပြောလိုက်သည်။

“သွားကြစို့”

သူတို့က တံတားဆီသို့ ပြန်သွားပြီး ကျော်ဖြတ်ကာ အခြားသူများဆီ ပြန်သွားကြသည်။

မိစ္ဆာဝေဟင်မျှော်နန်းမှ လူများက လုကျိုးကို မြင်သောအခါ နှုတ်ဆက်ကြသည်။

“မျှော်နန်းသခင်”

ခရုလေးက ပြောလိုက်သည်။

“ကျိုးရှစ်ကျဲက ရှဲ့ချာရဲ့ ဖျက်ဆီးခြင်းတိုင်လုံးဆီကနေ အသိအမှတ်ပြုမှုကို ရခဲ့တယ်လို့ ထင်တယ်”

ရှောင်ယွမ်အာ “…”

နောက်ဆုံးတွင် ရှောင်ယွမ်အာက ပြောလိုက်သည်။

“လျိုရှစ်ကျဲက ဒီတိုင်လုံးဆီကနေ အသိအမှတ်ပြုမှုကို ရခဲ့တာ”

တစ်စုံတစ်ဦးက နေရခက်နေသော အခြေအနေကို ပျောက်ကွယ်သွားစေရန် ဝင်ပြောလိုက်သည်။

“ဒီနေရာမှာ ဘယ်သူပဲ အသိအမှတ်ပြုခံရပါစေ … နောက်ဆုံးမှာတော့ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ တပည့်တွေကပဲ တိုင်လုံးတွေရဲ့ အသိအမှတ်ပြုမှုကို ရခဲ့ကြတာလေ”

ဤအခိုက်အတန့်တွင် ကောင်းကင်ယံမှ တင်းမာသောအသံ ထွက်ပေါ်လာသည်။

“ရှဲ့ချာရဲ့ ဖျက်ဆီးခြင်းတိုင်လုံးကို ဘယ်သူ ထပ်ပြီး ကျူးကျော်ရဲလဲ။ မြန်မြန် ထွက်သွားကြစမ်း”

လုကျိုးက ပြောလိုက်သည်။

“သွားကြစို့”

အခြားတစ်ဖက်က တော်ရုံတန်ရုံ လက်ခံနိုင်လောက်သော အနေအထား ရှိသောကြောင့် လုကျိုးက သဘာဝအတိုင်း တုံ့ပြန်မည် ဖြစ်သည်။

ထို့နောက် မိစ္ဆာဝေဟင်မျှော်နန်းမှ လူများက လုကျိုးနှင့် တွမ့်မူထျန်း၏ ဦးဆောင်မှုအောက်တွင် ရှဲ့ချာ၏ ဖျက်ဆီးခြင်းတိုင်လုံးမှ အလျင်အမြန် ထွက်ခွာသွားကြသည်။

သူတို့ ထွက်ခွာသွားပြီးနောက် ယန်မော့ဟွေ့သည် ကောင်းကင်ယံတွင် ပျံဝဲနေပြီး ပြုံးရယ်နေသော မျက်နှာဖြင့် သူ့ဘာသာသူ တီးတိုးရွတ်ဆိုသည်။

“လူတွေက ငါ့အပေါ် လေးစားရင် ငါလဲ ပြန်မျက်နှာသာပေးမယ်”

သူက ပြုံး၍ ထပ်ပြောလိုက်သည်။

“မင်း အနာဂတ်မှာ အထွတ်အထိပ်သက်ရှိ တစ်ဦး ဖြစ်လာမယ်လို့ ငါ မျှော်လင့်ပါတယ်”

တွမ့်မူထျန်းက အချိန်မဖြုန်းဘဲ အခြားသော သင်္ကေတလမ်းကြောင်းဆီ ဦးဆောင်ခေါ်သွားသည်။

“ဟွမ်တန်ရဲ့ ဖျက်ဆီးခြင်းတိုင်လုံးက တောင်ထိပ်ပေါ်မှာ ရှိတဲ့ တစ်ခုတည်းသော တိုင်လုံးပဲ။ စီယွင် တောင်ကြောက အခြေခံအုတ်မြစ်ပဲ။ မဟာလေဟာနယ်က အဲဒီမှာ တိုင်လုံးကို ကာကွယ်ဖို့ ဘယ်သူ့ကို စေလွှတ်ထားလဲဆိုတာတော့ ငါ မသိဘူး” တွမ့်မူထျန်းက ဆိုသည်။

လုကျိုးက ခေါင်းညိတ်သည်။

“ကောင်းပြီ၊ မင်း ငါတို့နဲ့ လိုက်စရာ မလိုဘူး”

“စီယွင်တောင်ကြောက မိုင် (၃၀) လောက်ပဲ ဝေးတယ်။ ငါ မင်းတို့ကို ဒီမှာ စောင့်နေမယ်”

...

အခန်း (၁၄၆၁) ကောင်းကင်ဘုံမှ နတ်ဘုရားလေးပါး ၂

“ဟုတ်ပြီ”

လုကျိုးသည် ကျန်သည့်သူများကို ဦးဆောင်လျက် ဝေဟင်ထဲပျံသန်းသွားတော့သည်။ သူတို့အားလုံးက မတ်စောက်သောစီယွင်တောင်ကြောကို မြင်သောအခါ အံ့ဩနေကြသည်။ တောင်ထွတ်ပေါ်၌ရှိသည့် ဖျက်ဆီးခြင်းတိုင်လုံးက မည်းမှောင်နေသောမြူကို ထိုးဖောက်သွား၏။

ယန်ကျန်းလော့သည် ဖျက်ဆီးခြင်းတိုင်လုံးကို တအံ့တဩကြည့်လျက် ပြောလိုက်သည်။

“ဖျက်ဆီးခြင်းတိုင်လုံးတွေကို လူသားတွေတည်ဆောက်နိုင်စရာအကြောင်းမရှိဘူး”

ဤကိစ္စနှင့်ပတ်သက်ပြီး လူတိုင်းက မည်သည်ကိုပြောရမည်မှန်းမသိကြပေ။ မကြာမီ၌ သူတို့သည် စီယွင်တောင်ကြောနှင့် ၁၀မိုင်အကွာ၌ပေါ်လာသည်။

“ခဏစောင့်ဦး”

လုကျိုးက ပြောလိုက်သည်။

ဤနေရာသည် အမည်မသိကုန်းမြေ၏အတွင်းပိုင်း ဧရိယာထဲရှိ ဖျက်ဆီးခြင်းတိုင်လုံးဖြစ်သည်။ သူတို့က အင်အားကြီးသော ကြမ်းတမ်းခက်ထန်သားရဲတစ်ကောင်နှင့်တွေ့ခဲ့လျှင်တောင် နောက်ဆက်တွဲက မှန်းဆနိုင်စရာဖြစ်လိမ့်မည်။

“ဟုတ်ကဲ့”

ယခုအခေါက်၌ လုကျိုးသည် ယွီရှန်းရုန်နှင့်ရှောင်ယွမ်အာကိုသာ သူနှင့်အတူခေါ်သွား၏။ သုံးယောက်သားက တောင်ခြေနားရပ်လျက် ဖျက်ဆီးခြင်းတိုင်လုံးကို ကြည့်လိုက်သည်။

ရှောင်ယွမ်အာက သံသယဖြင့်ကြည့်လိုက်လေ၏။ “ဒီတိုင်လုံးကို ဘယ်သူမှမစောင့်ကြပ်နေတဲ့ပုံပဲ”

“မဖြစ်နိုင်တာ။ ငါတို့တွေ အမှားတွေကနေသင်ယူရမယ်။ မဟာလေဟာနယ်က ဒီနေရာမှာ တစ်စုံတယောက် ဒါမှမဟုတ် တစ်စုံတခုစောင့်ကြပ်ခိုင်းထားမှာပဲ။ ငါတို့သတိလျှော့ချလို့မရဘူး”

ယွီရှန်းရုန်က ပြောလိုက်သည်။

“ဟုတ်တယ်”

လုကျိုးက မလှုပ်ရှားခဲ့ပေ။ ထိုအစား သူမျက်လုံးမှိတ်လျက် ပတ်ဝန်းကျင်ကို အာရုံခံရန် ကောင်းကင်ကျမ်းစာစွမ်းအားအတွက် မန္တာန်ကို ရွတ်ဆိုလိုက်သည်။ ထူးဆန်းသည်မှာ ဖျက်ဆီးခြင်းတိုင်လုံးအတွင်း၌ ကြမ်းတမ်းခက်ထန်သားရဲများမရှိ‌ပေ။ သူ မျက်လုံးပြန်ဖွင့်လိုက်ချိန်တွင် ဖျက်ဆီးခြင်းတိုင်လုံးကို သိချင်စိတ်ဖြင့်ကြည့်လိုက်ကာ သူ့ဖာသာသူရေရွတ်ပြောလိုက်၏။ “အစောင့်အရှောက်တွေမရှိဘူးလား”

“ဒီမှာ ဖုတ်ကောင်ဘုရင်ရှိနေတာများလား” ရှောင်ယွမ်အာက စဉ်းစားလိုက်၏။

“တချက်သွားကြည့်လိုက်ဦးမယ်” လုကျိုးက ပြောလျက်ဖျက်ဆီးခြင်းတိုင်လုံးဆီပျံသန်းသွားသည်။

လုကျိုး၏အရှန်က အလွန်မြန်ဆန်၏။ ဖျက်ဆီးခြင်းတိုင်လုံးကိုရောက်ရန် အချိန်သိပ်မယူလိုက်ရပေ။

ယွီရှန်းရုန်နှင့်ရှောင်ယွမ်အာတို့က သူတို့ရှစ်စွင်းကို ကြည့်ကာ အနည်းငယ်စိတ်လှုပ်ရှားနေတော့သည်။

ရုတ်တရက် လနှင့်ဆင်တူသောအလင်းလုံးနှစ်လုံးသည် စီယွင်တောင်ကြောမှပေါ်ထွက်လာသည်။ မှောင်မည်းနေသောကောင်းကင်ကို လင်းထိန်သွားစေသည်။ တောက်ပလွန်းသဖြင့် မွန်းတည့်နေပမာ ထင်မှတ်ရသည်။ အလင်းသည် ကီလိုမီတာ ၁၀၀၀ အကျယ်အဝန်းဖြန့်ကျက်လိုက်သည်။

လုကျိုးသည် အမြင်စွမ်းအားအတွက် မန္တာန်ကိုတိတ်တဆိတ်ရွတ်ဆိုလိုက်သည်။

သင်္ကေတလမ်းကြောင်းတွင်ရှိနေသော တွမ့်မူရှန်းအပါအဝင် မိစ္ဆာဝေဟင်မျှော်နန်း၏လူတို့က ထိတ်လန့်သွားကြသည်။

လုကျိုးသည် လကဲ့သို့အလင်းလုံးနှစ်လုံးကို ကြည့်လိုက်သည်။ ထိုလနှင့်တူသည့် အလင်းလုံးနှစ်လုံးသည် ဧရာမခေါင်းထဲတွင်ရှိနေသော မျက်လုံးတစ်စုံဆိုတာ သိရန် အချိန် သိပ်မယူလိုက်ရပေ။

ဝှစ်

ထိုစဉ် လေပြင်းက --ထဲ၌ တိုက်ခိုက်လာ‌တော့သည်။ ၎င်း၏စွမ်းရည်က လေဟာနယ်ကိုတောင် ဆုတ်ဖြဲနိုင်ပြီး မြေကမ္ဘာကိုတုန်လှုပ်စေပုံပေါ်သည်။

လုကျိုးသည် သူ၏ကြယ်တာရာဒိုင်ခွက်ကိုကိုင်လျက် ပြင်းထန်သောဖိအားကို ခုခံလိုက်သည်။ ခဏအကြာ၌ သူသည် တစ်စုံတစ်ယောက်က သူ့လက်ကိုဆုပ်ကိုင်လျက် စိုးရိမ်ပူပန်စွာပြောတာကို ကြားလိုက်ရ၏။ “သွားကြမယ်။ လက်လျော့လိုက်တော့ သွားမယ်”

“တွမ့်မူထျန်းလား” လုကျိုးက ဇဝေဇဝါဖြင့် မျက်မှောင်ကျုံ့လိုက်၏။

“ဒါက မုန့်ကျန်းပဲ။ မိုးပြာနဂါး” တွမ့်မူထျန်းသည် လုကျိုးကိုမြေပြင်ပေါ်ဆွဲခေါ်လာလျက် ပြောလိုက်သည်။ ပြီးနောက် သူသည် ယွီရှန်းရုန်နှင့်ရှောင်ယွမ်အာကို အမြန်အဝေးသို့ခေါ်လာသည်။ ခဏအတွင်း၌ သူသည် မိစ္ဆာဝေဟင်မျှော်နန်းမှကျန်သည့်လူများဆီ ထိုလူသုံးယောက်ကို ခေါ်သွား၏။

“မျှော်နန်းသခင်”

“ဒုတိယသခင်လေး၊ နဝမသခင်မလေး”

သုံးယောက်ကို နှုတ်ဆက်ပြီးနောက် လူတိုင်းသည် ကုန်းမြေကိုလင်းထိန်သွားစေသည့် လနှစ်စင်းနှင့်တူသော အလင်းလုံးနှစ်လုံးကို ကြည့်လိုက်သည်။ တွမ့်မူထျန်း၏လေသံ၌ အံ့ဩမှုအရိပ်အယောင် ပေါ်လာပြီးပြောလိုက်၏။ “တကယ်မုန့်ကျန်းပဲ”

“ဒါက မိုးပြာနဂါးမုန့်ကျန်းလား” ခုံဝမ်က အထိတ်တလန့်ပြောလိုက်တော့သည်။

“ဟုတ်တယ်”

တွမ့်မူထျန်းက လေးစားမှုအရိပ်အယောင်ယှက်လျက် ပြောလိုက်သည်။ “မဟာလေဟာနယ်က တကယ်အံ့ဩဖို့ကောင်းတာပဲ။ သူတို့က မုန့်ကျန်းကိုတောင် ချည်နှောင်ထားနိုင်တယ်”

“ဟွမ်တန်ရဲ့ဖျက်ဆီးခြင်းတိုင်လုံးကို မုန့်ကျန်းစောင့်ကြပ်နေရင် တကယ်မျှော်လင့်ချက် မရှိတော့ဘူးလား”

တွမ့်မူထျန်းက ပြောလိုက်သည်။ “မုန့်ကျန်းက ရှေးနတ်သားရဲလေ။ ရှေးသူတော်စင်ဟုတ်တယ်။ ပထမအဆင့် အံ့ဖွယ်သားရဲမီးဒေဝါလင်ကွမ်းနဲ့ အခြားနှစ်ယောက်နဲ့အတူ သူတို့လေးယောက်က ကောင်းကင်ရဲ့နတ်ဘုရားလေးပါးလို့ သိကြတယ်”

လူတိုင်းက သက်ပြင်းချပြီးနောက် တံတွေးမျိုချလိုက်တော့သည်။

တွမ့်မူထျန်းက ဆက်ပြောလေ၏။ “မဟာသူတောင်စင် ဒါမှမဟုတ် အထွတ်အထိပ်သက်ရှိကတောင် မုန့်ကျန်းကိုရှောင်ဖို့ တတ်နိုင်သမျှ ကြိုးစားရသေးတာ။ လောင်လု သွားကြမယ်”

လုကျိုးသည် ထွက်ခွာရန်အလျင်မလိုပေ။ သူက မေးလိုက်သည်။ “မုန့်ကျန်းက ဒီလောက်အစွမ်းထက်မယ်ဆိုရင် ဘာကြောင့်မဟာလေဟာနယ်ရဲ့ချုပ်နှောင်မှုခံရသေးလဲ”

“သူတို့သဘောတူညီမှုတချို့ရထားတာဖြစ်မယ်။ သူ့အနားမှာရှိနေရင် တိုင်လုံးနားကပ်နိုင်မှာ မဟုတ်ဘူး။ ငါတို့အခုထွက်သွားနိုင်လို့ တော်သေးတယ်” တွမ့်မူထျန်းက ပြောလိုက်၏။

ဖျက်ဆီးခြင်းတိုင်လုံးမှ အသိအမှတ်ပြုမှုရရန် အရေးကြီးသော်ငြား အင်အားကြီးသောရန်သူနှင့် ရင်ဆိုင်ရလျှင် သူတို့နောက်ဆုတ်ရုံသာရှိသည်”

ထိုစဉ် အလင်းလုံးနှစ်လုံးပျောက်ကွယ်သွားချိန် အမှောင်ထုကကျရောက်လာပြန်၏။

“သူ့ရဲ့စွမ်းရည်က လေနဲ့မိုး၊ မိုးကြိုးနဲ့လျှပ်စီးလိုမျိုးပဲ။ မျက်လုံးဖွင့်လိုက်ချိန် နေ့လိုမျိုးဖြစ်သွားတယ်။ မျက်လုံးမှိတ်လိုက်ချိန် ညအချိန်လိုပဲ” တွမ့်မူထျန်းက ပြောသည်။ “သူ့ရဲ့စွမ်းအားကို မှန်းဆဖို့ခက်ခဲတယ်”

မည်သို့ပင်ဆိုစေ လုကျိုးကပြောလိုက်သည်။ “ငါ ကြိုးစားကြည့်ချင်တယ်”

“မင်း ရူးနေလား” တွမ့်မူထျန်းက မျက်မှောင်ကျုံ့လိုက်၏။

“သတ်ဖြတ်လိုစိတ် ရှိပုံမပေါ်ဘူး။ ငါ စကားပြောလို့ရချင်ရမှာပေါ့။ မုန့်ကျန်းက ဟွမ်တန်ရဲ့ ဖျက်ဆီးခြင်းတိုင်လုံးကို စောင့်ကြပ်နေတာဆိုရင် ကျန်တဲ့တိုင်လုံးနှစ်ခုကို စောင့်ကြပ်နေတဲ့သူတွေကလည်း လွယ်မှာမဟုတ်ဘူး။ ဒီမှာ လက်လျော့လိုက်တာက အကောင်းဆုံးရွေးချယ်မှုမဟုတ်ဘူး” လုကျိုးကပြောလိုက်သည်။

ကျော့အယ်နှင့်ရန့်တင်းရှိ ဖျက်ဆီးခြင်းတိုင်လုံးများ ရှိနေသေးသည်။ ကျော့အယ်အပြင် ပင်မဧရိယာအတွင်းရှိသော ရန့်တင်းက ဖျက်ဆီးခြင်းတိုင်လုံး ၁၀ခုထဲရှိ အကြီးမားဆုံးတိုင်လုံးဖြစ်ပြီး ဝင်ရအခက်ခဲဆုံး ဖြစ်မည်ဆိုတာ သံသယဖြစ်ဖွယ်မရှိပေ။

တွမ့်မူထျန်းက မိစ္ဆာဝေဟင်မျှော်နန်း၏လူများကို လက်ညှိုးထိုးပြီးပြောလိုက်သည်။

“သူတို့ပိုသန်မာလာပြီးရင် မင်း လာနိုင်တယ်”

လူတိုင်းက တိတ်ဆိတ်သွားပြီးနောက် တစ်ယောက်ပြီးတစ်ယောက်ပြောလာ၏။

“ရှစ်စွင်း ကျွန်တော်တို့စောင့်ဖို့ဆန္ဒရှိပါတယ်”

“မျှော်နန်းသခင် ကျုပ်တို့လည်းစောင့်မှာပါ”

လုကျိုးသည် ဤနေရာရှိလူတိုင်းကို သိမ်းကြုံးကြည့်ပြီးနောက် ပြောလိုက်၏။ “မဟာလေဟာနယ်က မစောင့်နိုင်မှာ စိုးတယ်”

လုကျိုးသည် ဖျက်ဆီးခြင်းတိုင်လုံး၁၀ခုအကြောင်း တွေးမိသွားသောအခါ သူတို့ကြားထဲ၌ ရှင်းပြ၍မရသော ဆက်နွယ်မှုတချို့ရှိသည်ကို ခံစားမိသည်။ တိုင်လုံး၁၀ခုက သူ့အတွက် အထူးတလည် ပြင်ဆင်ပေးထားသည့် ပမာပင်။ တစ်ခုမှချန်ခဲ့၍မရ။

“ဒီမှာနေ” လုကျိုးက ပြောပြီးနောက် ဖျက်ဆီးခြင်းတိုင်လုံးဆီပျံသန်းသွားပြန်၏။

တွမ့်မူထျန်းက ခေါင်းခါပြီး သက်ပြင်းချလိုက်သည်။ “ခေါင်းမာတယ်။ သူ အရင်ကလိုခေါင်းမာတာပဲ” ပြီးနောက် မိစ္ဆာဝေဟင်မျှော်နန်းမှလူများဖက်လှည့်ကာ ပြောလိုက်သည်။ “နောင်ကျ တစ်ခုခုအမှားအယွင်း ရှိရင် မင်းတို့အားလုံးကို ခေါ်သွားပေးမယ်။ ငါနဲ့မီတာ၁၀၀အတွင်းမှာနေကြ”

လူတိုင်းက ‌ခေါင်းညိတ်လိုက်၏။

“နားလည်ပါပြီ”

တွမ့်မူထျန်းက လက်ဖြန့်လိုက်ချိန်၌ စုပေါင်းပို့ဆောင်ရေးကျောက်စိမ်းအဆောင်က သူ့လက်ထဲ၌ ‌ပေါ်လာသည်။ ပြီးနောက် သူသည်အရေးကြုံသည့်အချိန်၌ လူတိုင်းကိုခေါ်သွားဖို့ စောင့်နေလေ၏။

ဝေဟင်ထဲတွင်ဖြစ်သည်။

လုကျိုးတစ်ယောက်တည်းပျံသန်းနေ၏။ သူ၏အရှိန်က မမြန်ပေ။ မှန်ကန်နေ၏။ ဖျက်ဆီးခြင်းတိုင်လုံးရှေ့ရှိ ဝေဟင်ထဲရောက်သောအခါ လကဲ့သို့အလင်းလုံးနှစ်လုံးက ပေါ်လာပြီးကောင်းကင်နှင့်မြေပြင်ကို လင်းထိန်သွားစေပြန်၏။

သူက အသံပို့ပြီးပြောလိုက်သည်။ “မင်းက မိုးပြာနဂါးမုန့်ကျန့်လား”

ဘန်း

မိုးခြိမ်းသံတစ်သံနောက်၌ လုကျိုးသည် မိုးနှင့်မြေကြား မီတာသုံးသောင်းခန့်ရှည်သည့် ကိုယ်ထည်ကိုတွေ့လိုက်ရသည်။ ယှဉ်ကြည့်လျှင် သူကမူ လောကထဲရှိဖုန်မှုန့်တစနှင့်တူနေပေ၏။

လကဲ့သို့အလင်းလုံးသည် လုကျိုး၏ကိုယ်ပေါ်မီးမောင်းထိုးထားသည့် အလင်းတန်းနှစ်ခုပမာ ကျရောက်လာ၏။

လူတိုင်းသည် မြေပြင်ကနေ ကြည့်နေစဉ် အင်မတန်စိုးရိမ်ပူပန်နေ၏။ မုန့်ကျန့်နှင့်ယှဉ်ကြည့်လျှင် လုကျိုး သေးငယ်သည့်ပုံကိုမြင်သောအခါ သူတို့စိတ်ပူသွားကြသည်။

ဝေဟင်ထဲ၌ လုကျိုးက ကျယ်ကျယ်လောင်လောင် ကြည်ကြည်လင်လင်ပြောလိုက်၏။ “မင်းနဲ့ဆွေးနွေးစရာရှိတယ်။ ငါ ပြောတာနားထောင်မလား”

တုံ့ပြန်မှုမရှိပေ။ ခဏအကြာတွင် အနက်ရောင်မြူထဲမှ အဖြူရောင်အလင်းတန်းက လုကျိုးဆီ တိုးဝင်လာ၏။

ဖုန်း

“ရှစ်စွင်း”

တွမ့်မူထျန်းက လက်မြှောက်လျက် ကာကွယ်ရေးအရံအတားကို အသက်သွင်းကာ လူတိုင်းကို ကာကွယ်ပေးလိုက်၏။ “စိတ်အေးအေးထား”

တကယ်တော့ တွမ့်မူထျန်းသည် ဤနေရာရှိ လူများထဲတွင် စိတ်အလှုပ်ရှားဆုံးဖြစ်သည်။

မုန့်ကျန်းသည် လုကျိုးအား စကားပြောရန်အခွင့်အရေးတောင် မပေးဘဲ တိုက်ခိုက်ခဲ့သည်။ ထို့အပြင် ဖိအားက ပြင်းထန်လွန်း၏။

လူတိုင်းက မြေပြင်ပေါ်ရှိ ဧရာမတွင်းနက်ကိုကြည့်လိုက်သည်။ သူတော်စင်တောင် ဤကဲ့သို့စွမ်းအားကြောင့် ပြားဝပ်သွားလောက်သည်ဟု တွေးမိသည်။

လူတိုင်းက စိုးရိမ်ပူပန်စွာကြည့်နေစဉ် လုကျိုးက ပျံဝဲသွား၏။

သူတို့က သူကောင်းကင်ကိုကြည့်လျက် လေသံအတက်အကျမရှိပြောတာကို ကြားလိုက်ရ၏။ “သေးသိမ်လိုက်တဲ့လှုပ်ရှားမှု”

တွမ့်မူထျန်း “...”

မိစ္ဆာဝေဟင်မျှော်နန်းမှလူများ “...”

ဝေါင်း

မိုးခြိမ်းသံကပေါ်ထွက်လာလျက် အနက်ရောင်မြူတို့က တလိမ့်လိမ့်တက်လာတော့သည်။

လုကျိုးက ထိခိုက်မှုမရှိတာကိုမြင်ပြီး မုန့်ကျန်းက အံ့ဩသွားပုံပေါ်၏။

ပြီးနောက် လေထဲ၌ အက်ကွဲသံများပေါ်လာပြီး လုကျိုးကို ဧရာမမိုးကြိုးကပစ်ခတ်တော့သည်။

လုကျိုးက လှစ်ကနဲရှောင်လိုက်သော်ငြား မျက်စိတမှိတ်အတွင်းမိုးကြိုးသွားသည် သူ့ကို လိုက်မှီလာသည်။ သူ့ကို ထိမိသွားသောအခါ ယခင်ကနှင့် မတူသည့်အရာကို ခံစားမိသည်။ ယခုအခေါက်တွင် လျှပ်စီးကြောင်းက သူ၏ချီသွေးကြောရှစ်ခုထဲစီးဝင်သွားလျက် သူ၏စွမ်းအားဗဟိုချက် ချီပင်လယ်ဆီ ရောက်သွားသောကြောင့် တကိုယ်လုံးထုံကျဉ်သွားတာကို ခံစားမိသည်။

လုကျိုးသည် သူ့ခန္ဓာကိုယ်ထဲရှိ ပြောင်းလဲမှုများကို ခံစားမိသောအခါ ဒေါသထွက်ပြီး မျက်လုံးပြူးလာ၏။ သို့သော် မကြာမီ၌ သူ မျက်မှောင်ကျုံ့လျက် စိတ်ရှုပ်ထွေးသွားသည်။ ၎င်းက အတိုက်အခိုက်ဒဏ်ပြင်း ပိတ်ဆို့မှုကို မဖြစ်ပေါ်စေခဲ့ပေ။ ဆိုလိုသည်က ဤတိုက်ခိုက်မှုသည် မသေစေနိုင်။

တဖက်တွင်မူ လူတိုင်းက လုကျိုးသည် တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိသည့်အတွက် မှင်တက်သွား၏။

သူ အဲဒါကိုတောင် ခံနိုင်တယ်လား။

လုကျိုးက လေထဲပျံဝဲနေစဉ် မျက်မှောင်ကျုံ့လိုက်မိ၏။ သူ၏ခန္ဓာကိုယ်တောင့်တင်းနေသည်။ ကနဦးချီကဲ့သို့အမျှင်ကဲ့သို့ အမျှင်များက သူ့နား၌စုဝေးနေသည်။ သူတို့ကွဲထွက်သွားလျှင် သူ ပြုတ်ကျသွားလိမ့်မည်။ သူ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားလျှင် သူ့၌မည်မျှဝှက်ဖဲရှိစေကာမူ အသုံးမဝင်ပေ။ သူ၏ ပျံသန်းမှုကို ထိန်းသိမ်းရန် အကောင်းဆုံးကြိုးစားလိုက်၏။

“ကောင်းကင်စွမ်းအား”

ဘီး

လုကျိုး၏အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်သည် သူ၏စွမ်းအားဗဟိုချက်ချီပင်လယ်ထဲ၌ ‌ပေါ်လာ၏။ ပြီးနောက် ခမ်းနားသောမြင်ကွင်းပေါ်လာတော့သည်။ သူ၏ခန္ဓာကိုယ်ကိုထုံကျဉ်သွားစေသော လျှပ်စီးကြောင်းများက အပြာရောင်စိတ်ဝိညာဉ်ဆီ ရုတ်တရက် ရူးသွပ်စွာတိုးဝင်သွား၏။ မကြာမီ၌ ထူးကဲချီသွေးကြောရှစ်ခုထဲရှိ ထူးဆန်းမှုက ပျောက်ကွယ်သွားသည်။

လုကျိုးက ခေါင်းမော့လိုက်သည်။ ထိုအခိုက်အတန့်တွင် သူ၏မျက်နှာထက်၌ ဒေါသအရိပ်အယောင်ကို မြင်တွေ့လိုက်သည်။ သူသည် လကဲ့သို့အလင်းလုံးနှစ်လုံးကို ကြည့်ကာပြောလိုက်သည်။ “မုန့်ကျန်း ကောင်းကင်ရဲ့နတ်ဘုရားလေးပါးဖြစ်တဲ့ မင်းက မဟာလေဟာနယ်ရဲ့လက်ပါးစေဖြစ်လာတာပဲ။ ငါ မင်းကိုတကယ် အကဲဖြတ်မှားခဲ့ပြီ”

All Chapters