← Chapters

အခန်း (၁၄၆၅-၁၄၆၇)

Vol. 98 Ch. 1465-1467

အခန်း (၁၄၆၅-၁၄၆၇)

Vol. 98 Ch. 1465-1467

အခန်း (၁၄၆၅) နက်နဲပြီး ခန့်မှန်းရခက်သော ပုဂ္ဂိုလ် (၂)

ထိုစကားလုံးများသည် လုကျိုးကို ပြက်ရယ်ပြုခြင်းနှင့်တူနေပေ၏။ သို့သော် ကောင်းကင်၏ နတ်ဘုရားလေးပါး၏ အဆင့်အတန်းကို စဉ်းစားကြည့်လျှင် သူက ရန်စခံသင့်သည်ဟုတွေးမိသွားသည်။

လုကျိုးက ခေါင်းမော့ပြီးမေးလိုက်၏။ “ဟွမ်တန်ရဲ့ ဖျက်ဆီးခြင်းတိုင်လုံး အသိအမှတ်ပြုခံရတဲ့လူအရေအတွက်က ဘယ်လောက်များလဲ”

“သိပ်မများဘူး” မုန့်ကျန်းက ပြန်ပြောလိုက်သည်။ “သူတို့ကလူသားတွေကြားထဲက ပညာရှင်တွေဖြစ်ရမယ်။ ကံဆိုးတာက မင်းက သူတို့ထဲကတစ်ယောက်မဟုတ်ဘူး”

လုကျိုးက ဆက်ပြောလိုက်၏။ “လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀၀တုန်းက ဟွမ်တန်ရဲ့ဖျက်ဆီးခြင်းတိုင်လုံးထဲက မဟာဟာနယ်မျိုးစေ့ပျောက်သွားတယ်”

မုန့်ကျန်းက တည်ငြိမ်စွာပြောလိုက်သည်။ “မျိုးစေ့ကို ငါ မကာကွယ်နိုင်ဘူး။ လူတွေက မျိုးစေ့ကြောင့် တစ်ယောက်နဲ့တစ်ယောက်သတ်ဖြတ်ကြတယ်။ ဒါ ငါနဲ့ဘာမှမသက်ဆိုင်ဘူး”

အဆုံးကျ ကြမ်းတမ်းခက်ထန်သားရဲများနှင့်လူသားများကြား တင်းမာမှုရှိနေသေးသည်။ ဆိုရလျှင် မုန့်ကျန်းက ကြမ်းတမ်းခက်ထန်သားရဲဖြစ်နေသေးကာ လူသားများနှင့်ဆန့်ကျင်ဖက်တွင် ရှိနေ၏။

လုကျိုးသည် ကြာကြာနေရန်မစီစဉ်ထားပေ။ သူသည် အရံအတားကိုတချက်ကြည့်ပြီးနောက် ပြောလိုက်သည်။ “သွားကြမယ်”

ဝှစ် ဝှစ် ဝှစ်

သုံးယောက်သားသည် လျှပ်ပြက်သောအရှိန်ဖြင့် ဟွမ်တန်း၏ဖျက်ဆီးခြင်းတိုင်လုံးမှ ထွက်ခွာသွားသည်။

မှောင်မည်းနေသောမြူထဲတွင် ဧရာမအရိပ်တစ်ခုက ဟွမ်တန်း၏ဖျက်ဆီးခြင်းတိုင်လုံးပေါ် ရှိနေသည်။ ပြီးနောက် အလင်းတန်းတစ်ခုကျရောက်လာပြီး ကုန်းမြေအားလုံးကိုလင်းရှင်းသွားစေ၏။ အလင်းဖြတ်သန်းသွားရာတိုင်း၌ အသံများအသက်ပြန်လည်အသက်ဝင်လာကြသည်။

လုကျိုး၊ ယွီရှန်းရုန်နှင့်ရှောင်ယွမ်အာတို့က ပျံသန်းနေစဉ် သစ်ပင်ပန်းမန်များ လျင်မြန်စွာ ကြီးထွားလာတာကို တွေ့လိုက်ရ၏။ ဤနည်းဖြင့်လုကျိုးသည် ရုတ်တရက် လှည့်မေးလိုက်၏။

“မုန့်ကျန်း မင်းနဲ့ငါ ထပ်တွေ့ကြမယ်”

လေထဲ၌ မိုးခြိမ်းသံကဲ့သို့အသံသာမြည်နေ၏။ မုန့်ကျန်းက လုကျိုးကို ပြန်မတုံ့ပြန်ခဲ့ပေ။

လုကျိုးက ငုံ့ကြည့်မိချိန်၌ အေးခဲပြီးလောင်ကျွမ်းသွားသည့်အစိတ်အပိုင်းတချို့ရှင်နေတာကို တွေ့လိုက်ရချိန် သူက လေထဲမြင့်မြင့်ပျံသန်းကာ လက်ချထားလေ၏။ အသက်အသွင်များအားလုံးကို မထိမတွေ့နိုင်ဘဲ ကုသနိုင်ခြင်း သို့မဟုတ် အသက်ပြန်ရှင်အောင်လုပ်နိုင်သည်လားဟု တွေးမိသည်။ သူသည် ကုသခြင်းစွမ်းအားအတွက် မန္တန်ကို တိတ်တဆိတ်ရွတ်ဆိုလိုက်သည်။

တချို့သောအကြောင်းအရင်းကြောင့် ကုသရေးစွမ်းအင်သည် အပြာရောင်အစား ရွှေရောင်ဖြစ်နေ၏။ သို့သော် ရွှေရောင်စွမ်းအင်ထဲတွင် အပြာရောင်လျှပ်စီးဖျော့ဖျော့ကို မြင်တွေ့နိုင်သည်။ အရောင်နှစ်မျိုးက အလွန်သဟဇာဖြစ်နေ၏။

လုကျိုးကို ဗဟိုပြုလျက် ဧရာမကြာပွင့်က ဖူးပွင့်လာတော့သည်။

ကုသရေးစွမ်းအင်၏ အကျယ်အဝန်းက ကျယ်ပြန့်ပြီး ၎င်းကအလွန်အစွမ်းထက်သည်။ ပေ ၃၀၀မှ ပေ ၃၀၀၀ ပေ ၃သိန်းအထိ ဖြန့်ကျက်သွား၏။ တခဏအတွင်း အရာအားလုံး မူလအနေအထားအတိုင်း စည်ပင်လာတော့သည်။

လုကျိုးသည် သူ၏ဂန္ထဝင်မြောက်လက်ရာကို စိတ်ကျေနပ်စွာကြည့်ပြီးနောက် ပြောလိုက်သည်။ “ဘာကြာလဲ”

များများစားစားမပြောဘဲ ကျန်သည့်သူများဆီပြန်လာပြီး လုကျိုးသည် သူတို့ကိုခေါ်သွားတော့သည်။

မိစ္ဆာဝေဟင်မျှော်နန်းမှလူများထွက်ခွာသွားသောအခါ လကဲ့သို့အလင်းလုံးနှစ်လုံးသည် ဝေဟင်ထဲရှိ မှောင်မည်းနေသောမြူထဲမှပေါ်လာ၏။ သူတို့သည် မြူထဲမှထွက်လာပြီး ဟွမ်တန်ကိုလှည့်ပတ်လျက် ပြန်လည်စည်ပင်လာသော နေရာကိုကြည့်ပြီး မြူထဲပြန်ဝင်သွား၏။

အချိန်အတော်ကြာပြီးနောက် မြူထဲမှ လေးနက်သောအသံပေါ်ထွက်လာသည်။ “မင်း ကြီးပြင်းလာမှာကို မျှော်လင့်နေမယ်”

သိပ်သည်းသောတောအုပ်အတွင်း သင်္ကေတလမ်းကြောင်းရှိရာနေရာ၌ဖြစ်သည်။

တွမ့်မူထျန်းသည် လုကျိုးကို လှမ်းဆွဲလျက်ပြောလိုက်သည်။ “လောင်လု သူတော်စင်ဖြစ်လာဖို့ မုန့်ကျန်းကို အသုံးချဖို့ ဒီတစ်ခေါက်ပြင်ဆင်ခဲ့တာလို့ ငါ့ကိုမပြောနဲ့နော်”

“တိုက်ဆိုင်တာပါ။ မုန့်ကျန်းက အဲ့ဒီနေရာကိုစောင့်ကြပ်နေမှန်း ငါ ဘယ်လိုလုပ်သိမှာလဲ” လုကျိုးက ပြန်ပြောလိုက်၏။

တွမ့်မူထျန်းက ပြောသည်။ “မင်းမှန်တယ်။ အဲ့ဒီနေရာကို မုန့်ကျန်းစောင့်ကြပ်နေမှန်း ငါလည်းမသိဘူး”

ထိုစဉ် ယွီကျန့်ဟိုင်က မေးလိုက်သည်။ “ကျိုးရှစ်မေ့ အာ့ရှစ်တိ ဖျက်ဆီးခြင်းတိုင်လုံးရဲ့အသိအမှတ်ပြုမှုကို ရခဲ့လား”

ယွီရှန်းရုန်နှင့် ရှောင်ယွမ်အာက ခေါင်းခါလိုက်ကြသည်။ ပြီးနောက် ရှောင်ယွမ်အာက ပြောလိုက်၏။

“ဟွမ်တန်းရဲ့ ဖျက်ဆီးခြင်းတိုင်လုံးက ချီရှစ်ရှိုး ပိုင်တာပဲဖြစ်မယ်”

“ဟုတ်ပြီ ဘယ်သူ့ဟာပဲဖြစ်ဖြစ် ငါတို့တိုင်လုံးနှစ်ခု ရှိသေးတယ်။ သွားကြမယ်”

ပြီးနောက် လုကျိုးသည် တွမ့်မူထျန်းကို ကြည့်လိုက်သည်။

တွမ့်မူထျန်းက သက်ပြင်းချပြီးပြောလိုက်၏။ “စဉ်းစားကြည့် ဟွမ်တန်ရဲ့ဖျက်ဆီးခြင်းတိုင်လုံးကို မုန့်ကျန်းက စောင့်ကြပ်နေတာ။ ကျန်တဲ့နှစ်ခုကို မင်းလက်လျော့ဖို့အကြံပေးမယ်။ လောင်လု မင်း ဒီနေ့လိုအမြဲတမ်းကံကောင်းနေမှာမဟုတ်ဘူး”

လုကျိုးက ပြန်ပြောလိုက်သည်။ “မုန့်ကျန်းက ကောင်းကင်ရဲ့နတ်ဘုရားလေးပါးထဲက တစ်ပါး။ သူက မဟာလေဟာနယ်ရဲ့လက်ပါးစေ မဟုတ်ဘူး။ တိုင်လုံးတွေအားလုံးကို မဟာလေဟာနယ်ကလူတွေ စောင့်ကြပ်နေတာ မဖြစ်နိုင်လောက်ဘူး”

“ဒီလိုဆိုရင်တောင် အစောတုန်းက မုန့်ကျန်းက မင်းကိုတိုက်ခိုက်ခဲ့တာပဲ” တွမ့်မူထျန်းက ပြောလိုက်၏။ ထိုကဲ့သို့အရာဝတ္ထုကို ထပ်မတွေ့ကြုံချင်ပေ။ မိစ္ဆာဝေဟင်မျှော်နန်းမှ လူများကလည်း ထိုကဲ့သို့မြင်ကွင်းကို မျက်မြင်တွေ့လိုမှာမဟုတ်ဟု သူ ယုံကြည်သည်။

လုကျိုးက ပြောလိုက်သည်။ “စိတ်မပူနဲ့ ငါ ဘာလုပ်နေမှန်းသိတယ်”

တွမ့်မူထျန်းသည် လုကျိုးဆုံးဖြတ်ချက်ပြတ်သားတာကိုမြင်ပြီး သူ သက်ပြင်းချလျက်ပြောလိုက်၏။ “မင်းရဲ့ယုံကြည်ချက် ဘယ်ကရလာမှန်းမသိတော့ဘူး” လုကျိုးက ပြန်မပြောခဲ့ပေ။ ထိုအစားသူသည် လူတိုင်းနောက်မှလိုက်လာပြီး သင်္ကေတလမ်းကြောင်းထဲ ဝင်သွားတော့သည်။

အလင်းလှစ်ကနဲပေါ်လာပြီး မိစ္ဆာဝေဟင်မျှော်နန်းမှလူတို့သည် ‌ပျောက်ကွယ်သွားတော့၏။ မကြာမီ၌ မိစ္ဆာဝေဟင်မျှော်နန်းမှလူတို့သည် မြက်ခင်းပြင်တစ်ခု၌ပေါ်လာသည်။

မရေမတွက်နိုင်သော ကြမ်းတမ်းခက်ထန်သားရဲများ မြက်ခင်းပြင်ပေါ်၌ ရှေ့နောက်ပြေးနေစဉ် လေထဲ၌ မြင်းခွာသံများပေါ်လာလေ၏။

ထိုစဉ် လုကျိုး၏စိတ်ထဲ မေးခွန်းတစ်ခုရုတ်တရက်‌ ပေါ်လာ၏။ သူက တွမ့်မူထျန်းဖက်လှည့်မေးလိုက်သည်။ “တွမ့်မူထျန်း တစ်ယောက်ယောက်က ငါ့ထက်စောပြီး ဟွမ်တန်ရဲ့ဖျက်ဆီးခြင်းတိုင်လုံးကို ယူသွားခဲ့တာပဲ။ ငါ မလာခင်တုန်းက မင်းစောင့်ကြပ်တဲ့တိုင်လုံးကို တစ်ယောက်ယောက်လာဖူးလား”

“စဉ်းစားကြည့်ဦးမယ်” တွမ့်မူထျန်းက ထိုသို့ပြောပြီးနောက် အတွေးနစ်သွားလေ၏။

ခဏကြာပြီးနောက် တွမ့်မူထျန်းက ပြောလိုက်သည်။ “နှစ်တိုင်း တိုင်လုံးရဲ့အသိအမှတ်ပြုမှုယူဖို့ ရောက်လာတဲ့ ကျင့်ကြံသူတွေအများကြီးရှိတယ်။ အများစုက အားနည်းပြီး အနားတောင်မချဉ်းကပ်နိုင်ဘူး။ အသိအမှတ်ပြုခံရဖို့ဆိုတာ ဝေးပေါ့။ ဒါပေမဲ့” သူ၏လေသံက ပြောင်းလဲသွားကာ ဆက်ပြောလိုက်သည်။

“လွန်ခဲ့တဲ့ နှစ်ပေါင်း၂၀တုန်းက ကျင့်ကြံသူတစ်စုက သွင့်ကျန်းရဲ့ဖျက်ဆီးခြင်းတိုင်လုံးကို ဝင်ခဲ့တယ်”

လူတိုင်းက တွမ့်မူထျန်းကို တပြိုင်နက်တည်းကြည့်လိုက်သည်။

“မဟာလေဟာနယ်က လူတွေလား” လုကျိုးက မေးလိုက်၏။

“သူတို့က မဟာလေဟာနယ်က မဖြစ်နိုင်ဘူး။ မဟာလေဟာနယ်ကသာဆို ငါ အကြောင်းကြားခံရမှာ” တွမ့်မူထျန်းက ပြောလိုက်၏။

“သူတို့ကို တိုင်လုံးထဲဝင်ခွင့်ပေးလိုက်တာလား” လုကျိုးက မေးပြီး မျက်ခုံးတစ်ဖက်ပင့်လိုက်သည်။

တွမ့်မူထျန်းသည် ထိုမေးခွန်းကြောင့် မှင်တက်သွားပုံပေါ်၏။ ပြီးနောက် သူက ပြောလိုက်သည်။ “ဒီမေးခွန်းကို မဖြေလို့ရလား”

“မရဘူး” လုကျိုးက ပြောလိုက်၏။

တွမ့်မူထျန်းက သက်ပြင်းချပြီးပြောလိုက်သည်။ “သူတို့ထဲကတစ်ယောက်က တကယ်ထူးဆန်းတယ်။ ငါ ပြောသလိုပဲ သူတို့ကမဟာလေဟာနယ်က မဟုတ်ပေမယ့် အဲ့ဒီလူမှာ မဟာလေဟာနယ်တံဆိပ်တစ်ခု ရှိတယ်။ ခန်းမ၁၀ခုထဲက တစ်ခုက သူတို့ကို လွှတ်လိုက်တာဖြစ်နိုင်တာကြောင့် သူတို့ကို ဝင်ခွင့်ပေးလိုက်တယ်။ ဒါပေမဲ့ သွင့်ကျန်းကနေ ဘယ်သူမှအသိအမှတ်ပြုမှုမရခဲ့ဘူး”

“ဒါပဲလား။

…

အခန်း (၁၄၆၆) နက်နဲပြီး ခန့်မှန်းရခက်သော ပုဂ္ဂိုလ် (၃)

“အဲဒါပဲ” တွမ့်မူထျန်းက ပြောလိုက်၏။ “ငါရဲ့တာဝန်က သွင့်ကျန်းရဲ့ဖျက်ဆီးခြင်းတိုင်လုံးကို ကာကွယ်ပြီး မဟာလေဟာနယ်မျိုးစေ့ကို ကာကွယ်ဖို့ပဲ။ ခန်းမဆယ်ခုကို ရန်မစချင်ဘူး”

“သူတို့က မဟာလေဟာနယ်ကမဟုတ်ဘူးလို့ ဘာလို့ပြောတာလဲ”

တွမ့်မူထျန်း၏စကားများ၌ ဒွိဟဖြစ်စရာများစွာရှိနေသည်။

တွမ့်မူထျန်းက ပြန်ပြော၏။ “မသေချာဘူး။ မှန်းဆချက်ပဲ။ ဒါပေမဲ့ အဲ့ဒီလူက နယ်မြေကိုးခုထဲက တစ်ခုကလာတာဆိုရင် သူအစောတည်းက နာမည်ကြီးနေလောက်ပြီ”

တွမ့်မူထျန်းသည် လူတိုင်းကို သိမ်းကြုံးကြည့်ပြီးနောက် သဲလွန်စတစ်ခုရရန် မျှော်လင့်နေသည်။

လူတိုင်းက ခေါင်းခါလိုက်၏။ ထိုကဲ့သို့လူကို သူတို့မသိပေ။

ထိုစဉ် လုလီကပြောလိုက်သည်။ “လောကက ကျယ်ပြောလွန်းတယ်။ လူတွေ ဒီလောက်များတာ။ နယ်မြေတစ်ခုစီမှာပါရမီရှင်တွေရှိတာ အံ့ဩစရာမဟုတ်ဘူး”

“မင်းပြောတာမှန်တယ်” တွမ့်မူထျန်းက ခေါင်းညိတ်လိုက်၏။

လုကျိုးက ပြောလိုက်သည်။ “အဲ့ဒီဆန်းကျယ်တဲ့သူက ဖျက်ဆီးခြင်းတိုင်လုံးရဲ့ အသိအမှတ်ပြုမှု ရထားတယ်”

တွမ့်မူထျန်းအပါအဝင် လူတိုင်းက မှင်တက်သွား၏။

လုလီက ပြောလိုက်၏။ “ဒီဟာက ကိစ္စကောင်းတာလည်းဖြစ်နိုင်တယ်။ လောကကြီးက ဖရိုဖရဲဖြစ်နေတာ သူရဲကောင်းတွေ ပေါ်ပေါက်လာတယ်။ ဒီခေတ်ဒီကာလမှာ အစွမ်းထက်တဲ့စစ်သည်တော်တွေ လိုအပ်တယ်။ နောင်ကျ သူ့ကိုတွေ့ကောင်းတွေ့မှာ”

ထိုစကားကိုကြားပြီး တွမ့်မူရှန်းက ပြောလိုက်၏။ “သူ သူ့လမ်းသူသွားမှာ။ ကျုပ်တို့လည်း ကိုယ့်လမ်းကိုသွားမှာ။ သူ ဘယ်သူလဲ ဂရုမစိုက်ဘူး”

ထို့သို့ပြောပြီးနောက် လုကျိုးသည် ကျန်သည့်သူများကို ခေါ်လျက် ရှေ့သို့ပျံသန်းသွားသည်။ သူတို့ မိုင်တစ်ရာခန့် ပျံသန်းပြီးနောက် ဆင်းသက်လိုက်၏။

အစီအစဉ်များအရ ကျောင်းဟုန်ဖုသည် အနီး၌ သင်္ကေတလမ်းကြောင်းတစ်ခု တည်ဆောက်ထားခြင်း၊ ကျန်သည့်သူများက ပတ်ဝန်းကျင်ကို လေ့လာနေ၏။

ပြားဝပ်နေသောမြက်ခင်းပြင်ကြောင့် သူတို့မြင်ကွင်းက အလွန်ကောင်းမွန်သည်။ မျက်စိတဆုံး မြင်ရသည်က စိမ်းစိုမှုများပဲဖြစ်သည်။ မိုင်တစ်ရာအကွာ၌ ကျော့အယ်၏ဖျက်ဆီးခြင်းတိုင်လုံးက မိုးနှင့်မြေကြား ရှိနေပြီး အင်မတန်မျက်စိဖမ်းစားနိုင်စွမ်းရှိသည်။

ထိုစဉ် တွမ့်မူထျန်းက ကျော့အယ်၏ဖျက်ဆီးခြင်းတိုင်လုံးကိုကြည့်ပြီးပြောလိုက်သည်။ “လောင်လု ကျော့အယ်ကနေထွက်သွားပြီးရင် ရန့်တင်းဆီ ငါ မင်းနဲ့မလိုက်နိုင်တော့ဘူး”

“ဘာလို့လဲ” လုကျိုးက မေးလိုက်၏။

“ရှေးခေတ်ကာလတုန်းက မဟာအသူရာမြေလို့ခေါ်တဲ့ ရန့်တင်းက အမည်မသိကုန်းမြေရဲ့ဗဟိုပဲ။ အင်အားကြီးတဲ့ သူတော်စင်တွေ စုဝေးရာနေရာ။ အဲ့ဒီမှာ အင်မတန်အန္တရာယ်များတယ်” တွမ့်မူထျန်းက ပြန်ပြောလိုက်၏။

“မင်း ကြောက်တာလား”

“ငါ ကြောက်တာပေါ့ကွ” တွမ့်မူထျန်းက ပြောလိုက်၏။ “ငါ သွင့်ကျန်းရဲ့ဖျက်ဆီးခြင်းတိုင်လုံးကနေ ခွာလာတာကြာပြီ။ မဟာလေဟာနယ်က ရှာတွေ့သွားရင် ငါ သွားပြီပဲ”

“ဟုတ်ပြီ” လုကျိုးက ပြောလျက် ကျော့အယ်၏ဖျက်ဆီးခြင်းတိုင်လုံးကို မော့ကြည့်လိုက်သည်။

“ဘယ်သူသိမှာလဲ။ ငါ လက်လျှော့ရတဲ့နေရာ ရောက်ကောင်းရောက်လာမှာပေါ့”

အမှောင်ထုသည် နေရာတစ်ခုလုံးကို စိတ်ဓာတ်ကျစေ၏။

ကြမ်းတမ်းခက်ထန်သားရဲများက မိစ္ဆာဝေဟင်မျှော်နန်း၏လူများကိုပြေးလွှားဖြတ်ကျော်နေသော်ငြား သူတို့ လှုပ်ရှားမှု မရပ်တန့်ခဲ့ပေ။

ထိုစဉ် ယင်ကျောက်က လူတိုင်း၏ရှေ့သို့ရောက်လာပြီး ၎င်း၏လည်ချောင်းထဲမှ ထူးဆန်းသော အသံပြုလိုက်သည်။

ပြောစရာမလိုဘဲ ခရုလေးက ရှင်းပြလိုက်၏။ “ထုလူ ချဉ်းကပ်လာတယ်တဲ့။ သူ အာရုံခံနိုင်တယ်”

“ထုလူလား” ခုံဝမ်က မျက်မှောင်ကျုံ့မိသွား၏။ “မြက်ခင်းပြင်ထဲမှာ ထုလူက ဘာလို့ပေါ်လာတာလဲ။ မြက်ခင်းပြင်ထဲက ကြမ်းတမ်းခက်ထန်သားရဲအများစုက အပင်စားသတ္တဝါတွေပဲ”

လုလီက ပြောလိုက်၏။ “ထုလူက အဲ့ဒီအပင်စားသတ္တဝါတွေကို စားတယ်ဆိုတာ မင်း မေ့နေလား”

ခုံဝမ်က နဖူးကိုရိုက်လျက်ပြောလိုက်၏။ “ဟုတ်သားပဲ”

သူတို့တခါမှတွေ့ရတာမဟုတ်။ ထုလူတအုပ် ဝေဟင်တအုပ်ထဲ ပျံသန်းနေတာကို တွေ့ရ၏။ သူတို့ခန္ဓာကိုယ်က မည်းမှောင်နေသော်ငြား ယင်ကျောက်နှင့် အနည်းငယ်ဆင်တူ၏။ အံ့ဩဖွယ်အကောင်းဆုံးက ထုလူများထဲမှ တစ်ကောင်၏ကျောပေါ်၌ လူတစ်ယောက် ရပ်နေတာပဲဖြစ်သည်။

“သတိထား” တွမ့်မူထျန်းက လူတိုင်းကို သတိပေးလိုက်သည်။

ထုလူတအုပ်သည် သူတို့ရှေ့ရှိမီတာ၁၀၀အကွာ၌ ရပ်တန့်သွား၏။ ထုလူ၏‌ကျောပေါ်ရှိ လူက ပြောလာသည်။ “နာမည်နဲ့ရည်ရွယ်ချက်ပြော”

လုကျိုးက မေးလိုက်၏။ “မင်းက ကျော့အယ်ရဲ့ဖျက်ဆီးခြင်းတိုင်လုံး အစောင့်အရှောက်လား”

“ငါ့ရဲ့ဆရာက ထုလူတွေနဲ့ ဒီနားတဝိုက်ကင်းလှည့်ခိုင်းထားပြီး တိုင်လုံးနားချဉ်းကပ်လာတဲ့ လူသားတွေကို မောင်းထုတ်ခိုင်းထားတယ်” လူရိုင်းဆန်သောလူက ပြောလာ၏။

မင်ရှစ်ရင်က မော့ကြည့်ပြီးမေးလာသည်။ “လူတွေကို မောင်းထုတ်ဖို့ပြောထားတယ်ဆိုရင် ငါတို့နာမည်ကို ဘာလုပ်ဖို့မေးနေသေးတာလဲ”

ထိုလူက ပြောလိုက်၏။ “လူတချို့က တိုင်လုံးထဲဝင်ခွင့်ရှိတယ်။ လူတချို့က ဝင်ခွင့်မရှိဘူး”

“အဲ့လိုစည်းမျဉ်းရှိတယ်လား”

မိစ္ဆာဝေဟင်မျှော်နန်းမှလူတို့သည် ထိုစကားကြောင့် အံ့ဩသွားသည်။

ပြီးနောက် လူရိုင်းသောပြောလိုက်သောစကားသည် လုကျိုးကို ထိတ်လန့်သွားစေ၏။

“တောက်ပတဲ့လရောင်က ပင်လယ်ပေါ်ဖြာကျနေတယ်။ အဝေးကနေ ဒီအခိုက်အတန့်ကို ငါတို့အတူတကွ မျှဝေကြတယ်။ ခင်ဗျား ဝင်နိုင်တယ်။"

…

အခန်း (၁၄၆၇) လူအိုကြီး ၁

လုကျိုးသိထားပုံအရ ဤကဗျာကိုသိသည့်သူ များများစားစားမရှိပေ။ ကျိထျန်းတောက်အပါအဝင် ဤကဗျာကို သိသည့်သူက နှစ်ယောက်ထက်ပိုမရှိနိုင်။ သူသည် ထိုလူကြမ်းက အမည်မသိကုန်းမြေထဲ၌ ကဗျာကို ရွတ်ဆိုလိုက်သည့်အချိန်၌ သူ မည်ကဲ့သို့မထိတ်လန့်ဘဲနေမည်နည်း။

လုကျိုးသည် ထုလူ၏ကျောပေါ်တွင်ရပ်နေသော လူကိုကြည့်ကာ မေးလိုက်သည်။ “ဒီကဗျာကို ဘယ်ကနေသင်လာတာလဲ”

ထိုလူသည် ပြုံးလျက်ပြောလိုက်သည်။ “ဒါက အရေးမကြီးဘူး။ ကျုပ်က အမိန့်ကိုနာခံရုံပဲ”

“ဒီကဗျာက ငါ့ရဲ့တပည့်တွေအကြောင်း” လုကျိုးက ပြောလိုက်လေ၏။

ခွန်းတုံ့မပြန်ဘဲ လုကျိုး၏တပည့်များက တစ်ယောက်ပြီးတစ်ယောက်ပြောလိုက်သည်။ ယွီကျန့်ဟိုင်က ဦးစွာပြောလိုက်၏။

“ယွီကျန့်ဟိုင်၊ ယွီရှန်းရုန်” ယွီရှန်းရုန်ကလည်းပြောလာသည်။

“တွမ့်မူရှန်း”

လုကျိုး၏တပည့်များ တစ်ယောက်ပြီးတစ်ယောက် အမည်ရွတ်ပြလိုက်ချိန် ထုလူ၏ကျောပေါ်ရှိလူက အံ့ဩသွားသည်။ ပြီးနောက် သူတို့မိတ်ဆက်မှုကို ဖြတ်ပြောလိုက်သည်။ “တော်ပြီ။ တော်လောက်ပြီ။ ဒါ အတော်လေး စိတ်ဝင်စားဖို့ကောင်းတာပဲ”

“ဘာက စိတ်ဝင်စားဖို့ကောင်းတာလဲ” မင်ရှစ်ရင်က မေးလိုက်သည်။ “ကိစ္စမရှိဘူး” ထိုလူက ပြောလိုက်၏။

“ကဗျာက မင်းရဲ့နာမည်တွေနဲ့ကိုက်ညီမညီ အရေးမကြီးဘူး။ လူမှန် ဖြစ်သရွေ့လုံလောက်ပြီ။ အားလုံးပဲ ကျေးဇူးပြုပြီး ကြွပါ” ထိုသို့ပြောပြီးနောက် သူသည် ကျော့အယ်၏ ဖျက်ဆီးခြင်းတိုင်လုံးဆီ ပျံသန်းသွားသည်။

လုကျိုးက ကျန်သည့်သူများကို ပြောလိုက်သည်။ “ငါ့နောက်လိုက်ခဲ့”

လုကျိုး ဝေးဝေးမပျံရသေးခင် တွမ့်မူထျန်းက သူ့ကိုတားပြီးမေးလိုက်သည်။ “ထောင်ချောက်ဖြစ်နေမှာ မကြောက်ဘူးလား”

“စဉ်းစားကြည့်လေ။ မဟာလေဟာနယ်ရဲ့ ကိစ္စရပ်တွေကို ဖြေရှင်းတဲ့ဟန်ဆောင်တဲ့နည်းလမ်းနဲ့ဆို သူတို့ဒီတိုင်လုံးကို စောင့်ကြပ်နေရင် သူတို့ဒီလောက်ဒုက္ခခံဖို့လိုပါ့မလား” လုကျိုးက မေးလိုက်၏။

“မင်းပြောတာမှန်တယ်”

ပြီးနောက် လုကျိုးဦးဆောင်လျက် ထုလူအဖွဲ့နောက်သို့ပျံသန်းသွားစဉ် ကျန်သည့်လူများက နောက်မှနီးကပ်စွာ လိုက်လာ၏။

ထုလူ၏ကျောပေါ်ရှိလူသည် မိစ္ဆာဝေဟင်မျှော်နန်းမှလူအုပ်ကို ဦး‌ဆောင်လျက် သူ မရှင်းပြရသေးခင် မြက်ခင်းပြင်ဆီသို့ ပတ်သွားလိုက်သည်။

“ဒီမြက်ခင်းပြင်က ခြိမ်းခြောက်နိုင်ပုံမပေါ်ပေမယ့်တကယ်တမ်းတော့ ပုံရိပ်ယောင်အစီအရင်ကြီးတစ်ခု ရှိနေတယ်။ တိုင်လုံးထဲဘေးကင်းကင်းဝင်နိုင်ဖို့အတွက် မြက်ခင်းကို သုံးပတ်ပတ်ရမယ်။

သူတော်စင်တစ်ပါး ဖြစ်လာပြီးနောက် လုကျိုးသည် အစီအရင်များကို ပိုသိမြင်လွယ်လာ၏။ ပိုခံစားလွယ်လာသည်။ သူသည် ကျော့အယ်ရှိဖျက်ဆီးခြင်းတိုင်လုံးနားရှိ အစီအရင်ကို အာရုံခံမိတာ ကြာပြီဖြစ်သည်။ ဤလူကဗျာကို မရွတ်ခဲ့လျှင်၊ တောက်ပသောလရောင်သည် ပင်လယ်ကိုဖြာကျလျက် အဝေးကနေ ငါတို့ဒီအခိုက်အတန့်ကို အတူတကွမျှဝေမည်ဟု မဆိုလျှင် ယင်းက ထောက်ချောက်ဟု သံသယဝင်လောက်ပေ၏။

နောက်ဆုံး၌ သူတို့သည် ကျော့အယ်၏ဖျက်ဆီးခြင်းတိုင်လုံးကို ရောက်လာသောအခါ သူတို့သည် ဝတ်ရုံဖြူဖြင့် ကျင့်ကြံသူ၁၀ယောက်ရပ်နေတာ တွေ့လိုက်ရ၏။ သူတို့၏ဝတ်ရုံ၊ အဆောင်အယောင်၊ ခြုံလွှာ၊ ဝါးခမောက်နှင့် ဖိနပ်တို့က အဖြူသာဖြစ်နေပြီး သူတို့၏ဆံပင်သာလျှင် နက်နေ၏။

ထိုဝတ်ရုံဖြူကျင့်ကြံသူများကို မြင်ပြီး မိစ္ဆာဝေဟင်မျှော်နန်း၏ကျင့်ကြံသူများသည် ယဲ့ထျန်းရှင်းဘက် တပြိုင်နက်တည်းလှည့်ကြည့်မိကြပြီး ဝတ်ရုံဖြူဖက်လှည့်ကြည့်မိလိုက်သည်။

“လျှိုရှစ်ကျဲက ကျော့အယ်ရဲ့ဖျက်ဆီးခြင်းတိုင်လုံး အသိအမှတ်ပြုမှုကို ရလောက်တယ်လို့ ခံစားမိနေတယ်” ရှောင်ယွမ်အာက အသံတိုးတိုးဖြင့်ပြောလိုက်၏။

ယဲ့ထျန်းရှင်းက ပြုံးပြီး ဘာမှမပြောတော့ပေ။ သူမသည် ရှဲ့ချား၏ ဖျက်ဆီးခြင်းတိုင်လုံး အသိအမှတ်ပြုမှုကို ရထားပြီးဖြစ်သည်။ ကျော့အယ်၏ဖျက်ဆီးခြင်းတိုင်လုံး အသိအမှတ်ပြုမှုကို ရဖို့က မဖြစ်နိုင်ပေ။ ဖျက်ဆီးခြင်းတိုင်လုံး ၁၀ခုကြား တွန်းကန်မှုကို သူတို့သက်သေပြုခဲ့ပြီးဖြစ်၏။

ကျော့အယ်၏ ဖျက်ဆီးခြင်းတိုင်လုံးက မည်သူကို အသိအမှတ်ပြုမလဲဟု သူတို့အားလုံး သိချင်နေကြသည်။

ထိုစဉ် တွမ့်မူထျန်းက လုကျိုးဘေးသို့သွားကာ အသံတိုးတိုးဖြင့် မေးလိုက်သည်။ “သူတို့က အဖြူရောင်ဧကရာဇ်ရဲ့ လူတွေပဲ”

“အဖြူရောင်ဧကရာဇ်လား” လုကျိုးက မျက်မှောင်ကျုံ့လိုက်သည်။

“ကုန်းမြေ ကွဲအက်သွားပြီးတဲ့နောက် အဖြူရောင်ဧကရာဇ်က မဟာလေဟာနယ်နဲ့ နှောင်ကြိုးကို ဖြတ်တောက်ပြီး အဆုံးမဲ့သမုဒ္ဒရာဆီ သွားခဲ့တယ်လို့ကောလဟလရှိတဲ့။ သူ့ရဲ့လူတွေက အမည်မသိကုန်းမြေထဲမှာ ရှိလိမ့်မယ်လို့ မထင်ထားဘူး။ ဒါ လက္ခဏာကောင်းတော့မဟုတ်ဘူး”

“ဒါကောင်းတယ်လို့ ထင်တာပဲ” လုကျိုးက တည်ငြိမ်စွာပြောလိုက်သည်။ “ပညာရှင်တွေအားလုံးက မဟာလေဟာနယ်ကမဟုတ်တာကို ပြသတာပေါ့”

မဟာလေဟာနယ်မှ မဟုတ်သော ပညာရှင်များသည် မိတ်ဆွေဖြစ်စေ ရန်သူဖြစ်စေ စစ်ဆေးပြီး အင်အားစုများစွာကို ဟန်ချက်ညီအောင်လုပ်ဖို့လို၏။ မဟာလေဟာနယ်သာ မဟုတ်ပေ။

တွမ့်မူထျန်းက မျက်မှောင်ကျုံ့လျက် ပြောလိုက်သည်။ “ဒီကိစ္စကို မဟာလေဟာနယ်ဆီ သတင်းပို့ရမယ်။ အရင်သွားနှင့်မယ်”

“ဟမ်” လုကျိုး၏ အမူအရာက တောင့်တင်းသွားပြီး တွမ့်မူထျန်းကို မင်း သွားဝံ့သလားဟူသော အမူအရာဖြင့်ကြည့်လိုက်သည်။

ယင်းကို မြင်သောအခါ တွမ့်မူထျန်းက ပြောလိုက်သည်။ “လောင်လု မင်းရဲ့အမူအရာက ငါ့ကိုစိတ်မကောင်းဖြစ်စေတယ်နော်။ အရင်တုန်းက မင်း အဲ့လိုမျိုးမဟုတ်ဘူး”

“အတိတ်ကအတိတ်၊ ပစ္စုပ္ပန်က ပစ္စုပ္ပန်” လုကျိုးက ပြန်ပြောလိုက်သည်။ “မင်းက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ပထမဆုံးမဟာသူတော်စင်။ မင်းရဲ့လက်ရှိအနေအထားကို နားလည်နေရမယ်”

တွမ့်မူထျန်းသည် ဤထောင်ချောက်ထဲမှ မလွတ်နိုင်မှန်းသိသွားသည်။

ထိုစဉ် တွမ့်မူရှန်းသည် တွမ့်မူထျန်းဘေးသို့သွားပြီး တံတောင်ဖြင့်တွတ်ကာ ပြောလိုက်သည်။ “ရှစ်စွင်းပြောတာ နား‌ထောင်”

“...”

တွမ့်မူထျန်းက လေးနက်သောအသံဖြင့် မေးလိုက်သည်။ “မင်း ငါ့ကိုသင်ပေးဖို့ ကြိုးစားနေတာလား”

အငယ်က အကြီးတစ်ယောက် သူ၏ဘိုးဘေးကို သင်ပြပေးသည်မျိုးမရှိပေ။

တွမ့်မူရှန်းက ပြန်ပြောလိုက်၏။ “မပြောရဲပါဘူး”

“မင်းက ငါတို့တွမ့်မူမျိုးနွယ်ရဲ့မျိုးဆက်ပဲ ငါ့ဖက်မှာ ရှိသင့်တယ်” တွမ့်မူထျန်းက အသံတိုးတိုးဖြင့် ပြောလိုက်၏။ “ငါ စိတ်တိုင်းကျရင် မင်းကို အစွမ်းထက်တဲ့ကျင့်စဉ်တချို့ သင်ပေးကောင်း သင်ပေးမှာပေါ့”

“ကျွန်တော့်ရဲ့ရှစ်စွင်းက အစွမ်းထက်ဆုံးကျင့်စဉ်ကို သင်ပေးထားပြီးသား” တွမ့်မူရှန်းက ပြန်ပြောလိုက်၏။

“တွမ့်မူမျိုးနွယ်က အားလုံးက အံ့မခန်းတည်ဆောက်ပုံရှိကြတယ်။ ထူးခြားတဲ့ကျင့်စဉ် အနည်းအကျဉ်း လေ့ကျင့်ပေးလိုက်ရင် မင်းရဲ့ဒဏ်ရာကိုတောင် ကုသပေးနိုင်တယ်” တွမ့်မူထျန်းက ပြောလိုက်၏။

တွမ့်မူရှန်းက မျက်နှာသေဖြင့်ပြောလိုက်သည်။

“ကျွန်တော့်ရဲ့ရှစ်စွင်းက ကျွန်တော့်ကို အံ့ဖွယ်တစ်ပါးနည်းစနစ်သင်ပေးထားပြီးသား။ အဲ့တာက ကုသခြင်းအာနိသင်ရှိတယ်”

တွမ့်မူထျန်းက မျက်မှောင်ကျုံ့လျက်ဆက်ပြောသည်။ “မင်းကို ဆရာသခင်ဖြစ်လာအောင် ကူညီပေးနိုင်တယ်”

“ကျုပ်မှာ ဆရာသခင်တစ်ပါးရဲ့ခွန်အားရှိထားပြီးသား” တွမ့်မူရှန်းက မျက်နှာသေဖြင့် ပြန်ပြောလေ၏။

တွမ့်မူထျန်း ဆွံ့အသွားတော့သည်။

ပြီး‌တော့ တွမ့်မူရှန်းက ဆက်ပြောလိုက်သည်။ “ဒါ့အပြင် ကျွန်တော့်မှာ မဟာလေဟာနယ်မျိုးစေ့နဲ့ ယိုယွင်းတိုက်စားခြင်း စွမ်းအင်ရှိတယ်။ လုဝူက ပြောတယ် ကျွန်တော်က နောင်ကျ အထွတ်အထိပ်သက်ရှိ သေချာပေါက်ဖြစ်လာမှာတဲ့”

တွမ့်မူထျန်းက ဆက်ပြောချင်သော်ငြား အချည်းအနှီးသာဖြစ်လိမ့်မည်ဟု တွေးလိုက်မိ၏။ သူသည် လုကျိုးဘေးသွားကာ လုကျိုးကို တံတောင်ဖြင့်တွတ်ကာ မေးလိုက်သည်။ “လောင်လု ငါ သိချင်မိတယ်။ ဒီကလေးကို ဒီအနေအထားထိရောက်အောင် ဘယ်လိုလှည့်စားခဲ့တာလဲ”

“လှည့်စားတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ” လုကျိုးက မျက်မှောင်ကျုံ့လိုက်၏။

“ဘာကိုဆိုလိုမှန်း သိပါတယ်ကွာ”

All Chapters