အခန်း (၁၄၇၄-၁၄၇၆)
Vol. 99 Ch. 1474-1476
အခန်း (၁၄၇၄) အဖြူရောင်ဧကရာဇ်၏ ဂုဏ်သိက္ခာ (၁)
“ငါတို့တွေ ပိုပြီး သိုသိုသိပ်သိပ်နေရမယ်”
ယွီကျန့်ဟိုင်က အရှေ့သို့ ပျံသန်းသွားပြီး သူ၏ပတ်ဝန်းကျင်ကို လေ့လာလိုက်သည်။
သူတို့က လေထဲ၌ ခပ်မြင့်မြင့် ပျံသန်းနေသဖြင့် အတော်လေး မျက်စိဖမ်းစားနိုင်ဖွယ် ဖြစ်နေသည်။ ယွီကျန့်ဟိုင်၏ သတိပေးချက်ဖြင့် ကျန်သည့်သူများသည် သူတို့ကိုယ် သူတို့ ဖုံးကွယ်ရန် အနားရှိ တောင်တန်းများဆီ ပျံသန်းသွား၏။
အနား၌ တောင်တန်းများစွာ ရှိနေလေရာ တောင်ထွတ်များကြား၌ ပုန်းဖို့က အကောင်းဆုံးရွေးချယ်မှု ဖြစ်သည်။
“ငါ့နောက်လိုက်ခဲ့”
လုကျိုးသည် ကျန်သည့်သူများကို တောင်ထွတ်များထဲမှ တစ်ခုဆီ ဦးဆောင်ခေါ်သွားလေ၏။
ထိုတောင်သည် ကျယ်ပြောလှသော မဟာအသူရာမြေနှင့် ယှဉ်လျှင် သေးငယ်သော်ငြား လူသားများအဖို့ လုံလောက်အောင်ကြီးမားသည်။
ကျောက်တုံးကြီးနှစ်ခုကို ဖြတ်ကျော်လျက် မိစ္ဆာဝေဟင်မျှော်နန်း၏ လူတို့သည် မဟာအသူရာမြေ၏ ဖျက်ဆီးခြင်းထောက်တိုင်ကို မြင်လိုက်ရ၏။ ၎င်းက ပြီးပြည့်စုံသော တည်နေရာ ဖြစ်သည်။
“ခြံဝန်းက တော်တော်ကြီးတယ်ဆိုတော့ မင်းတို့အားလုံး ဒီမှာ နေသင့်တယ်”
လုကျိုးက ပြောလိုက်သည်။
လူသားများက ဤနေရာတွင် ပုရွက်ဆိတ်များပမာ ဖြစ်နေပြီး ခြံဝန်းက ဓားခုတ်ကောင်ကြီး တစ်ကောင် ဖြစ်နေလေ၏။
“နားလည်ပါပြီ”
ယဲ့ထျန်းရှင်းက ပြန်ပြောလိုက်၏။
“အဲ့ဒီမှာ ပိုလင်းနေပုံပေါ်တာကို သတိပြုမိကြလား”
ယဲ့ထျန်းရှင်းက ချန်ဟွမ်း၏ ကျောပေါ်တွင် ရပ်နေလျက် မဟာအသူရာမြေပေါ်ရှိ ဝေဟင်ကို ကြည့်ကာ မေးလိုက်တော့သည်။
မှောင်မဲနေသော မြူများကြောင့် မည်းမှောင်နေသော်ငြား ဖျက်ဆီးခြင်းတိုင်လုံးနား၌ ပိုလင်းနေတာ သိသာ၏။ တိုင်လုံးပေါ်ရှိ အနက်ရောင်မြူတို့သည် ပိုပါးသွားသည်။
မင်ရှစ်ရင်က နှာခေါင်းရှုံ့ပြီးနောက် ပြုံးလျက် ပြောလိုက်သည်။
“ဒီနေရာက တိုင်လုံးရဲ့ အစောင့်အရှောက်က ရှေးသူတော်စင် သတ်ဖြတ်သူ ဖြစ်လောက်တယ်လို့ ချန်ပေ့တွမ့်မူ ပြောခဲ့တယ် မဟုတ်လား။ လူသားတွေရဲ့ ခြေထောက်အောက်မှာ ဒီလိုအစွမ်းထက်တဲ့ ကြမ်းတမ်းခက်ထန်သားရဲက ဘယ်လိုလုပ် ငြိမ်ခံနေဖို့ ဆန္ဒရှိမှာလဲ”
“မဟာလေဟာနယ်နဲ့ ကြံရာပါဖြစ်တာ အတော်ကြာပြီမှန်း သိသာတာပဲကို”
လူသားများသည် လူသားများအကြောင်း အကောင်းဆုံး နားလည်သူများ ဖြစ်သည်။ လူတိုင်းက မင်ရှစ်ရင်၏ စကားကို ထောက်ခံလေ၏။
အကြီးအကဲလေးယောက်က တောင်ထွတ်အစွန်းဆီသို့ ကပ်သွားပြီး ငုံ့ကြည့်လိုက်၏။
“အဲ့ဒီမှာ ဘာတွေလဲ”
သူတို့သည် ပေ ၃၀ ခန့်မြင့်မားသော ဘီလူးများကို တွေ့လိုက်ရ၏။ သူတို့အရေပြားက ကျောက်တုံးများပမာ၊ ကျောက အစိမ်းရောင်ဖြစ်နေပြီး သူတို့၏ဆံပင်က အနီရောင် ဖြစ်နေလေ၏။ သူတို့တစ်ယောက်ချင်းစီက ခေါင်းသုံးလုံး ရှိနေသည်။
“မဟာယိုယွင်ခြင်းအသွင်မျိုးနွယ်စု ခြောက်ခုထဲက တစ်စုဖြစ်တဲ့ ခေါင်းသုံးလုံးမျိုးနွယ်ပဲ”
ချင်နိုင်ဟယ်က ပြန်ပြောလိုက်သည်။
“လေဟာနယ်ရင်ဘတ်မျိုးနွယ်ရဲ့ အဆင့်မြင့်သူတော်စင်ကို သတ်ပြီးတော့ ခေါင်းသုံးလုံးမျိုးနွယ်ကို တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး”
“ရှစ်စွင်း… ကျွန်တော်တို့ အခုဘာလုပ်မလဲ”
လူတိုင်းက ဖျက်ဆီးခြင်းတိုင်လုံး၏ ထိပ်ဖျားပိုင်း၊ တောအုပ်နှင့် ၎င်း၏ မြင့်မားလှသော ရှေးသစ်ပင်များ၊ တောင်တန်းများနှင့် ဖြတ်သွားကြသည့် အင်အားကြီးသော ကြမ်းတမ်းခက်ထန်သားရဲများကို ကြည့်နေကြစဉ် လုကျိုးကမူ ဖျက်ဆီးခြင်းတိုင်လုံး၏ အခြေကို စိုက်ကြည့်နေလေ၏။
လုကျိုးသည် မည်သည့်အကြောင်းကြောင့်မှန်းမသိ သူသည် အခြားသောဖျက်ဆီးခြင်းတိုင်လုံး၏ နေရာများ၌ မတွေ့ကြုံခဲ့ဖူးသည့် အရာကို တွေ့ကြုံခဲ့ရသလို ခံစားမိသည်။ သူဤနေရာသို့ ယခင်က ရောက်လာခဲ့ဖူးသလိုပင်။
ခဏအကြာ၌ ကျိထျန်းတောက်က မဟာလေဟာနယ်မျိုးစေ့ကို ခိုးယူချိန်က ဤနေရာသို့ ရောက်လာသည် ခံစားချက်ကို ရလိုက်သည်။
ခေါင်းထဲရှိ အတွေးများကို ဖယ်ရှားပြီးနောက် လုကျိုးက ပြောလိုက်၏။
“ဒီမှာစောင့်၊ တိုင်လုံးနား မချဉ်းကပ်နဲ့။ ယွမ်အာ… ငါနဲ့လိုက်ခဲ့”
ဖျက်ဆီးခြင်းတိုင်လုံး၏ အသိအမှတ်ပြုမှုကို မရသေးသည့် တပည့်ဆယ်ယောက်ထဲမှ တစ်ဦးတည်းသော တပည့်က ရှောင်ယွမ်အာ ဖြစ်သည်။
မဟာလေဟာနယ်မျိုးစေ့ ဆယ်ခုသည် ဖျက်ဆီးခြင်းတိုင်လုံး ဆယ်ခုနှင့် တူညီ၏။ ရှောင်ယွမ်အာ၏ မဟာလေဟာနယ်မျိုးစေ့သည် မဟာအသူရာမြေ၏ ဖျက်ဆီးခြင်းတိုင်လုံးမှ လာတာ သေချာသည်။
ရှောင်ယွမ်အာက ခေါင်းညိတ်ပြီး စိတ်လှုပ်ရှားနေကာ တစ်ချိန်တည်းတွင်လည်း စိုးရိမ်ပူပန်နေသည်။ လူတိုင်းက ခေါင်းညိတ်ပြီး ဦးညွှတ်လိုက်သည်။
ထိုစဉ် ခရုလေးက ပြောလေ၏။
“ရှစ်စွင်း… တပည့်လည်းလိုက်ပြီး တိုင်လုံးအတွင်းကို ကြည့်ချင်တယ်”
လုကျိုးက ခရုလေးကို ကြည့်ပြီး မေးလိုက်တော့သည်။
“ဒီမှာ အင်မတန် အန္တရာယ်များတယ်။ လိုက်လာချင်တာ သေချာလား”
ခရုလေးက ပြောလိုက်တော့သည်။
“ရှစ်စွင်း… တပည့်ကိုလည်း အတူလိုက်ခွင့်ပေးပါ”
လုကျိုးက သက်ပြင်းချလိုက်၏။
“မင်းက အမည်မသိကုန်းမြေထဲမှာ စွန့်ပစ်ခံထားရတဲ့ ကလေး။ လော့ရွှမ်က ပျိုးထောင်ခဲ့တာ။ ငါ့အဖို့ မင်းရဲ့ ဆန်းကြယ်တဲ့ မွေးဖွားမှုက မဖြေရှင်းရသေးရင်လည်း ကိစ္စမရှိဘူး။ ဒါပေမဲ့ မင်းခေါင်းမာနေမယ်ဆိုရင်တော့လည်း မင်းရဲ့ဆုံးဖြတ်ချက်ကို ငါလေးစားပေးမယ်”
သွေးသားဆက်နွယ်မှုသည် ကမ္ဘာပေါ်၌ အရှုပ်ထွေးဆုံး အရာ ဖြစ်၏။ ချစ်သည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ အရေးမကြီးပေ။ ဤလောက၌ သူတို့ကလေးကို ချစ်မြတ်နိုးသော မိဘများရှိသကဲ့သို့ မိဘဖြစ်ရန် မထိုက်တန်သော မိဘများလည်း ရှိ၏။
ခရုလေးက ကန်တော့ပြီးနောက် ပြောလိုက်၏။
“ကျေးဇူးတင်ပါတယ် ရှစ်စွင်း”
လုကျိုးသည် ကျန်သည့်သူများကို ပြောလိုက်သည်။
“ယဲ့ထျန်းရှင်းရဲ့ လက်ထဲမှာ စုပေါင်း ပို့ဆောင်ရေးကျောက်စိမ်းအဆောင် ရှိတယ်။ အန္တရာယ်ရှိလာရင် ဒါကိုသုံးပြီး ထွက်သွားကြ”
“နားလည်ပါပြီ”
လုကျိုးသည် နတ်ခြင်္သေ့ကို ပုတ်လိုက်၏။ အစ၌ သူသည် နတ်ခြင်္သေ့ကို သူနှင့်အတူ ခေါ်သွားရန် ပြင်ဆင်လိုက်သည်။ သို့သော် နတ်ခြင်္သေ့က ထူးခြားလွန်းပေ၏။ သူကြုံတွေ့လာနိုင်သည့် ရှေးအံ့ဖွယ်သားရဲများနှင့် အံ့ဖွယ်သားရဲများအကြောင်း တွေးမိသောအခါ သူသည် နတ်ခြင်္သေ့ကို ကျန်သည့်သူများနှင့် ထားခဲ့ရန် ဆုံးဖြတ်လိုက်သည်။
ပြီးနောက် လုကျိုးသည် မဟာအသူရာမြေ၏ ဖျက်ဆီးခြင်းတိုင်လုံးဆီ ပျံသန်းသွားတော့သည်။
သူတို့၏ စီးတော်သားရဲများ ယူမလာသော ရှောင်ယွမ်အာနှင့် ခရုလေးကလည်း ဘယ်နှင့်ညာတွင် နေရာယူလျက် ပျံသန်းလာ၏။
သူတို့သုံးယောက်သည် မိုးနှင့်မြေကြား ပျံသန်းလျက် တိုင်လုံးများကြားကနေ ဖျက်ဆီးခြင်း တိုင်လုံးရှေ့ရာဆီသို့ သွားလိုက်၏။ သူတို့နားရှိ မြင်ကွင်းက ရင်သပ်ရှုမောဖွယ် ကောင်းလှပေသည်။
သုံးယောက်သားသည် ဖျက်ဆီးခြင်းတိုင်လုံးနား ချဉ်းကပ်လာသောများ ခြေလှမ်းတိုင်းသည် ပေတစ်ထောင်ခန့် ရှည်သလိုပင်။
တစ်ချိန်တည်းတွင် ခေါင်းသုံးလုံး မျိုးနွယ်စုဝင်တို့က ဝေဟင်ကို မော့ကြည့်လိုက်၏။ သူတို့သည် သူတို့သုံးယောက်၏ တည်ရှိမှုကို သတိပြုမိသွားပုံပေါ်သည်။ သားကောင်ကို မြင်တွေ့သွားသည့်ပမာ မျက်လုံးများ လက်လာလျက် သူတို့၏ လည်ပင်းတောင့်မှ ထူးဆန်းသော စူးညံသံများ ပြုလိုက်သည်။
ပြီးနောက် ခေါင်းသုံးလုံးမျိုးနွယ်စုဝင် တချို့သည် ကောင်းကင်နှင့် ကျောက်တုံးများ ပစ်လေ၏။ ကျန်သည့်သူများပါ လိုက်ပါပစ်ပြီး လေထဲ၌ ကျောက်ခဲများ စတင်ပစ်ကျတော့သည်။
ယင်းကို မြင်သောအခါ ရှောင်ယွမ်အာက ပြုံးပြီး ပြောလိုက်တော့သည်။
“ရှစ်စွင်း… သူတို့ ဘယ်လိုပျံရမယ်မှန်း မသိတဲ့ပုံပဲ”
ရှောင်ယွမ်အာသည် ခေါင်းသုံးလုံးမျိုးနွယ်များ ပစ်လိုက်သည့် ကျောက်တုံးများကို လျင်မြန်စွာ ရှောင်လိုက်သည်။
တစ်ဖက်တွင်မူ လုကျိုး၏ အရှိန်က ကျောက်တုံးများကို ရှောင်ရန် မလိုအပ်သည့်အထိ မြန်ပြီးသား ဖြစ်သည်။
ထိုစဉ် ခေါင်းသုံးလုံးမျိုးနွယ်စုဝင်များစွာက ခေါင်းမော့လျက် ကျယ်လောင်စွာ အော်လိုက်၏။
ဤနည်းဖြင့် ပေါက်ကွဲသံကြားသော ကြမ်းတမ်းခက်ထန်သားရဲတို့သည် ဝေဟင်ထဲ၌ စုဝေးလာတော့သည်။ ၎င်းကို မြင်သောအခါ ရှောင်ယွမ်အာက စိုးရိမ်ပူပန်စွာ ပြောလိုက်၏။
“ရှစ်စွင်း… တပည့်တို့ ဘာလုပ်သင့်လဲ”
“ငါ့နောက်ကနေ ကပ်လိုက်ခဲ့ကြ”
လုကျိုးက ပြောလိုက်သည်။
“ဟုတ်”
ရှောင်ယွမ်အာနှင့် ခရုလေးက လုကျိုးဆီ ပျံသန်းသွားသည်။ လုကျိုးသည် သူ၏ပို့ဆောင်ရေး စွမ်းအားအသစ်ကို သုံးလိုက်၏။ လုကျိုး၏ ကောင်းကင်စွမ်းအားသည် သူနှင့် တပည့်နှစ်ယောက်ကို လွှမ်းခြုံသွားတော့သည်။
“ဝှစ်…”
မျက်စိတစ်မှိတ်အတွင်း သူတို့ လေထဲ၌ ပျောက်ကွယ်သွားသည်။
ခေါင်းသုံးလုံး မျိုးနွယ်စုဝင်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကြပြီး သူတို့၏ ပတ်ဝန်းကျင်ကို ကြည့်ပြီးနောက် ထိုသုံးယောက် မည်သည့်နေရာသို့ ရောက်သွားသလဲဟု တွေးနေမိတော့သည်။
…
အခန်း (၁၄၇၅) အဖြူရောင်ဧကရာဇ်၏ ဂုဏ်သိက္ခာ (၂)
ဝေဟင်ထဲရှိ ကြမ်းတမ်းခက်ထန်သားရဲများသည် ဇဝေဇဝါဖြင့် ဘယ်ရောညာပါ ကြည့်လိုက်ကြပြီး လုကျိုးကို ရှာမတွေ့နိုင် ဖြစ်နေကြတော့သည်။
ယင်းကို မြင်သောအခါ မိစ္ဆာဝေဟင်မျှော်နန်းမှ လူတို့ကလည်း ကြက်သေသေကုန်တော့သည်။
“မျှော်နန်းသခင်က မဟာနည်းစနစ် သုံးသွားတာလား”
“အဲ့လို ဖြစ်မဲ့ပုံ မပေါ်ဘူး။ သူ့သား မဟာနည်းစနစ် သုံးတယ်ဆိုရင် အရှိန်ဘယ်လောက်ပဲ မြန်မြန် ခြေရာလက်ရာ ကျန်လိမ့်မယ်။ ဆန့်ကျင်ဘက် အနေနဲ့ မျှော်နန်းသခင်က လေထဲမှာ ပျောက်သွားသလိုပဲ”
“သူ့အချိန် ရပ်တန့်လိုက်တာ များလား”
“ဖြစ်နိုင်တယ်”
လုကျိုးက သဲနာရီကို အသုံးမပြုခဲ့တာကို သူတို့ သတိပြုမိပုံပေါ်သည်။ ဆိုရလျှင် နိယာမကို နားလည်သဘောပေါက်မှု မြင့်လာလေလေ အချိန်ကို ရပ်တန့်နိုင်စွမ်း ပိုကြာလာလေ ဖြစ်သည်။
တစ်ချိန်တည်းတွင် လုကျိုး၊ ရှောင်ယွမ်အာနှင့် ခရုလေးတို့သည် မဟာအသူရာမြေ၏ ဖျက်ဆီးခြင်းတိုင်လုံး အခြေ၌ ပေါ်လာတော့သည်။ သူတို့သုံးယောက်သားက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်၏။
သူတို့ရှေ့၌ မှောင်မဲနေသော မြူရိပ်ရှိနေသည်။ မော့ကြည့်မိလိုက်သောအခါ မဟာအသူရာမြေ၏ ဖျက်ဆီးခြင်းတိုင်လုံးကို ယောက်ျားညွှန်ပြနေသည့် အပြာရောင်အလင်းဖျော့ဖျော့ တစ်ခုကို တွေ့လိုက်ရသည်။
“ဖုန်း…”
ကျောက်တုံးကျောက်ခဲများက တောင်ပေါ်မှ ပြုတ်ကျလာတော့သည်။ တစ်ချိန်တည်းတွင် အမှောင်ထုထဲမှ ဧရာမ ခေါင်းသုံးလုံး မျိုးနွယ်သားတစ်ယောက် ထွက်လာတော့သည်။ သူ၏ ခေါင်းသုံးလုံး မျက်လုံးခြောက်လုံးတို့ဖြင့် သူသည် လုကျိုး၊ ရှောင်ယွမ်အာနှင့် ခရုလေးကို ကြည့်လိုက်၏။ သူ့၏ပါးစပ်သုံးပေါက်ကို ဟကာ အော်ဟစ်နေလျက် နားစူးလောက်သည့် အသံလှိုင်းများ ထုတ်လွှင့်နေသည်။
“သွားကြမယ်”
လုကျိုးသည် ရှောင်ယွမ်အာနှင့် ခရုလေးကို ခေါ်ပြီးနောက် မဟာအသူရာမြေ၏ ဖျက်ဆီးခြင်းတိုင်လုံးဆီသို့ ပျံသန်းသွားတော့သည်။ သူသည် လေထဲ မီတာ တစ်သောင်းခန့် ပျံသန်းပြီး အဆုံးမဲ့ အမှောင်ထုကို ဖြတ်ကျော်ကာ မြန်ဆန်သော အရှိန်ဖြင့် မြို့ရိုးကို ကျော်လာ၏။
ခေါင်းသုံးလုံး မျိုးနွယ်သား၏ အသံလှိုင်းသည် ဝေဟင်ကို ထိုးဖောက်လာလျက် လူတိုင်းကို ထိတ်လန့်သွားစေသည်။
ပြီးနောက် မရေမတွက်နိုင်သော ခေါင်းသုံးလုံး မျိုးနွယ်သားတို့သည် မြေပြင်ပေါ် ပေါ်ထွက်လာပြီး ဧရာမ ခေါင်းသုံးလုံး မျိုးနွယ်သားက လေထဲ ခုန်တက်လာ၏။ လုကျိုးက လှည့်အော်လိုက်၏။
“ထွက်သွား”
“ပစ်ချက်ရှိ ပြီးပြည့်စုံခြင်း”
ထိတ်လန့်ဖွယ် လက်ဝါးစည်းတံဆိပ် ပေါ်ထွက်လာပြီးနောက် မျက်စိတစ်မှိတ်အတွင်း ခေါင်းသုံးလုံး မျိုးနွယ်သားပေါ် ကျသွားတော့သည်။
“ဖုန်း…”
လက်ဝါးစည်းတံဆိပ်သည် ခေါင်းသုံးလုံး မျိုးနွယ်သားကို ပြန်တွန်းလိုက်သည့် အချိန်၌ လုကျိုးက ရှောင်ယွမ်အာနှင့် ခရုလေးကို ခေါ်လျက် ဆက်လက် ပျံသန်းသွားသည်။
ခေါင်းသုံးလုံး မျိုးနွယ်သားက နာကျင်နေသော်ငြား သူသည် ထိခိုက်မှု များများစားစား မခံစားခဲ့ရပေ။ သူက မြေပြင်ပေါ် ဆင်းသက်ပြီးနောက် ကောင်းကင်ကို မော့ကြည့်ကာ ထပ်ခုန်လိုက်သည်။
ယင်းကို မြင်သောအခါ လုကျိုးက စိတ်ထဲ ရေရွတ်ပြောလိုက်သည်။
“ကြောက်ဖို့ကောင်းလိုက်တဲ့ ခုန်အား”
“ရှစ်စွင်း…”
ရှောင်ယွမ်အာသည် ဧရာမခေါင်းသုံးလုံး မျိုးနွယ်သား ၏ ကျောပေါ်၌ အနက်ရောင် တောင်ပံတစ်စုံကို မြင်လိုက်ရသောအခါ ထိတ်လန့်သွားတော့သည်။
“စိတ်မပူနဲ့ သွားကြမယ်”
လုကျိုးက ထိုသို့ ပြောပြီးနောက် နေရာရွှေ့ပြောင်း ပို့ဆောင်ရေး စွမ်းအားကို ထပ်သုံးလျက် ရှောင်ယွမ်အာနှင့် ခရုလေးကို ခေါ်သွားသည်။ သူသည် ဧရာမ ခေါင်းသုံးလုံး မျိုးနွယ်သား နောက်၌ ပေါ်လာပြီး ကျောက်စိမ်းတစ်စိတ်ကို ဖဲ့ပြီးနောက် သူ့လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
“ဖုန်း… ဖုန်း… ဖုန်း…”
လုကျိုးသည် ရွှေရောင်လက်ဝါး စည်းတံဆိပ်နှင့် အတူ လုကျိုးသည် မီတာ ၃၀၀၀ ခန့် ကျယ်ပြန့်သည့် ရွှေရောင်လက်ဝါး စည်းတံဆိပ်ကို ထုတ်သုံးလိုက်ရာ ခေါင်းသုံးလုံး မျိုးနွယ်သား၏ နောက်ကျောကို တွန်းချလိုက်၏။
တစ်ချိန်တည်းတွင် လုကျိုးက သူ့ဘာသာသူ စဉ်းစားလျက် မျက်မှောင်ကြုတ်လိုက်၏။
“အဖြူရောင်ဧကရာဇ်ကို အထင်ကြီးမိသွားတာပဲ။ ဒီကျောက်စိမ်းပြားက အသုံးမဝင်ဘူး။ အဖြူရောင်ဧကရာဇ်ရဲ့ ဂုဏ်သိက္ခာက ဘယ်မှာလဲ”
တစ်ချိန်တည်းတွင် လုကျိုး၊ ရှောင်ယွမ်အာနှင့် ခရုလေးတို့သည် အဝေးရှိ ဝေဟင်၌ ပေါ်လာသည်။အလင်းများ ဖြာထွက်နေရာ နေရာအပြင်ဘက်၌ သူတို့ ပြန်ရောက်နေ၏။ သူတို့က အတော်လေး တောက်ပနေသည့် ပတ်ဝန်းကျင်ကို မော့ကြည့်မိချိန်၌ အံ့အားသင့်မိသွားသည်။
"မဟာအသူရာမြေထဲမှာ အလင်းရှိနေတာ... လှလိုက်တာ..."
ရှောင်ယွမ်အာက ပြောပြီးနောက် စိမ်းစိုနေသော ပတ်ဝန်းကျင်ကိုကြည့်ကာ ရင်သပ်ရှုမော ဖြစ်သွားတော့သည်။ ခရုလေးက ပြောလိုက်၏။
"မဟာအသူရာမြေက မဟာလေဟာနယ်နဲ့ တူတယ်..."
လုကျိုးက ပြန်မေးလိုက်၏။ "မဟာလေဟာနယ်က ဘယ်လိုပုံစံဆိုတာ မှတ်မိသေးလား..."
"မဟုတ်ဘူး... မမှတ်မိဘူး... ဆင်တူမှန်း သိရုံပဲ..."
ခရုလေးသည် လက်သီးဆုပ်မိုးလျက် ပြန်ပြောလိုက်၏။ သူမ၏ စိတ်က ကသောင်းကနင်း ဖြစ်နေသည်။ လော့ရွှမ်၏ အမွေကို ဆက်ခံရရှိပြီးချိန်မှစပြီး သူမစိတ်က ရှုပ်ထွေးနေခဲ့သည်။ ရှောင်ယွမ်အာက တအံ့တဩ ပြောလိုက်လေ၏။
"မဟာအသူရာမြေက မဟာလေဟာနယ် ဖြစ်နိုင်မလား..."
လုကျိုးက ခေါင်းခါလိုက်သည်။ "မဖြစ်နိုင်ဘူး... မဟုတ်ရင် ဖျက်ဆီးခြင်း တိုင်လုံးဆယ်ခုရဲ့ အဓိပ္ပာယ်က ဆုံးရှုံးသွားလိမ့်မယ်..."
ရှောင်ယွမ်အာ ပြောတာ မှန်နေခဲ့လျှင် မဟာအသူရာမြေ၏ ဖျက်ဆီးခြင်းတိုင်လုံး ရှိလျှင် လုံလောက်ပြီ ဖြစ်၏။ ကျန်သည့် ဖျက်ဆီးခြင်းတိုင်လုံး ကိုးခု ရှိနေရန် မလိုအပ်တော့ပေ။
သုံးယောက်သားက မိစ္ဆာဝေဟင်မျှော်နန်းထဲ ပြန်ဝင်နေသည်။ သူတို့က အလင်းထဲ ဝင်ရပ် အနည်းငယ် ရှေ့ဆက်သွားဖို့သာ လို၏။ ထိုစဉ် လေထဲ၌ ပုံရိပ်ငါးရိပ် ပေါ်လာတော့သည်။ သူတို့အားလုံးက ဝတ်ရုံရှည်များ ဝတ်ဆင်ထားသည့် အမျိုးသားများ ဖြစ်သည်။ အားလုံး၏ နောက်၌ တောင်ပံတစ်စုံစီ ရှိကြသည်။ အလယ်တွင် ရပ်နေသူက ဆံပင်ဖြူနေပြီး သူ၏ တစ်ကိုယ်လုံးက အလင်းဖျော့ဖျော့ ဖြာထွက်နေ၏။ ၎င်းသည် သူတော်စင်အလင်း ဆိုတာ သိသာသည်။
လုကျိုးသည် သူတို့၏ ကျောပေါ်ရှိ တောင်ပံကြောင့် သူ့ရှေ့ရှိလူသည် လူသားလား၊ ကြမ်းတမ်းခက်ထန် သားရဲလား မဆုံးဖြတ်နိုင် ဖြစ်နေတော့သည်။ ရှေးခေတ်ကာလတည်းက လူသားများနှင့် ကြမ်းတမ်းခက်ထန် သားရဲများက အတူတကွ တည်ရှိခဲ့သည်။ နှစ်ပေါင်းကြာလာသည်နှင့်အမျှ ကွဲပြားခြားနားမှုက ဝေဝါးလာ၏။ ဒေဝါများ၏ အဆိုအရ လူသားတစ်ပိုင်းနှင့် ကြမ်းတမ်းခက်ထန် သားရဲတစ်ပိုင်း ရှိကြောင်းလည်း မှတ်တမ်းတင်ထားသည်။
သူတို့နှစ်ယောက်က မျက်နှာချင်းဆိုင် ရပ်နေတော့သည်။ လုကျိုးသည် တစ်ချက် ငုံ့ကြည့်ပြီးနောက် သူ အဝိုင်းခံထားရတာကို မြင်ချိန်၌ မျက်မှောင်ကြုတ်မိသွားသည်။ ထိုစဉ် ဧရာမ ခေါင်းသုံးလုံး မျိုးနွယ်သားက နောက်ဆုံး၌ ရောက်လာလေ၏။
ယင်းကို မြင်သောအခါ တောင်ပံဖြင့်လူသည် နူးညံ့တည်ကြည်သော အသံဖြင့် ပြောလိုက်၏။
"ဒီမှာ မင်းဘာမှ လုပ်စရာ မရှိတော့ဘူး... အခု သွားလို့ရပြီ..."
ခေါင်းသုံးလုံးမျိုးနွယ်သား၏ ဒေါသသည် ချက်ချင်း ချုပ်ငြိမ်းသွားတော့သည်။ သူသည် တောင်ပံဖြင့်လူကို တလေးတစား အရိုအသေပေးပြီးနောက် လှည့်ထွက်သွားလေ၏။ လုကျိုးသည် ဧရာမ ခေါင်းသုံးလုံးမျိုးနွယ်သားကို ကြည့်ပြီးနောက် မဟာအသူရာမြေ၏ ဖျက်ဆီးခြင်းတိုင်လုံးရှိရာ ပေတစ်သိန်းခန့် မြင့်မားသည့် အမည်းရောင် စက်ဝိုင်းစင်မြင့်ကို ကြည့်လိုက်မိသည်။
လုကျိုးသည် ကျင့်ကြံသူများ သေဆုံးသွားကြသောကြောင့် မိစ္ဆာဝေဟင်မျှော်နန်းမှ အရောင်မျိုးစုံရှိသည့် ကြာပွင့်များ ပြုတ်ကျလာသည်ကို မြင်လိုက်ရသည်။ ထိုမြင်ကွင်းသည် အတိတ်တုန်းက လုကျိုး၏ စိတ်ထဲ၌ ရံဖန်ရံခါ ပေါ်လာတတ်၏။ ထိုမြင်ကွင်းက ဤနေရာတွင် ဖြစ်ခဲ့ကြောင်း နောက်ဆုံး၌ သူ ဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်သည်။ ထိုမြင်ကွင်းသည် မဟာအသူရာမြေ၏ ဖျက်ဆီးခြင်းတိုင်လုံး အခြေနား၌ ဖြစ်ပွားခဲ့သည်။
ကျိထျန်းတောက်သည် ဤနေရာသို့ ရောက်လာပြီး ဤနေရာမှ မဟာလေဟာနယ် မျိုးစေ့ကို ခိုးယူခဲ့သည်။
"ဒီတော့ ဒီနေရာက..." လုကျိုးသည် သူ့ဘာသာသူ ရေရွတ်ပြောလိုက်၏။
ထိုစဉ် အလယ်ရှိ တောင်ပံဖြင့်လူသည် လုကျိုး၊ ရှောင်ယွမ်အာနှင့် ခရုလေးတို့ကို ကြည့်ကာ ပြောလိုက်၏။
"လူသားတွေက မဟာအသူရာမြေရဲ့ ဖျက်ဆီးခြင်းတိုင်လုံးနား ချဉ်းကပ်ခွင့် မရှိဘူး..."
လုကျိုးသည် တောင်ပံဖြင့်လူကို ကြည့်ပြီး မေးလိုက်၏။ "မင်းက လူသားလား... ဒါမှမဟုတ် ကြမ်းတမ်းခက်ထန် သားရဲလား..."
တောင်ပံဖြင့်လူက မျက်မှောင်ကြုတ်မိသွားပြီး လုကျိုး၏ အမေးထုတ်သော လေသံကြောင့် စိတ်မကျေမနပ် ဖြစ်သွားတာ သိသာ၏။ လူသားများနှင့် ကြမ်းတမ်းခက်ထန် သားရဲများကြား ကွဲပြားခြားနားချက်ကို မဟာအသူရာမြေ၌ မပြောထားပေ။ လူသားများသည် သူတို့က သာလွန်သည်ဟု ကြွားလုံးထုတ်ကာ အရာအားလုံးနှင့် လူတိုင်းကို အထင်သေး၏။ သူတို့က အရာအားလုံး၏ ခေါင်းဆောင်ဟု ထင်ကြသည်။
တစ်ခဏအကြာ၌ တောင်ပံဖြင့်လူက အေးစက်တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။
"သေကြမဲ့သူတွေက နာမည်သိဖို့ မလိုအပ်ဘူး..."
"သေမယ်..." လုကျိုးက ပြောလိုက်၏။ "မဟာအသူရာမြေက စည်းမျဉ်းတွေက အမြဲတမ်း ဒီလိုပဲ..."
တောင်ပံဖြင့်လူက မျက်နှာသေဖြင့် ပြောလိုက်၏။ "မဟာအသူရာမြေရဲ့ မူလနာမည်က... ဒီနေရာကို 'ရမ့်တင်း' လို့ ခေါ်တယ်..."
“ဆိုလိုတာက လူသားတွေရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေးတာ... ဒီဟာက ကောင်းကင်ကို ဖီဆန်တဲ့ လူသားတွေကို ရည်ညွှန်းတယ်။ မဟာအသူရာမြေက ငါတို့ထက်မှာ ရှိနေမှာပဲ” လုကျိုးက တွက်ဆလိုက်၏။ မဟာလေဟာနယ်က ရှေးခေတ် အချိန်ယူနစ်အရ နေရာ (၁၂) ခုကို ယူထားတယ်။
"မင်းက အတော်လေး ဗဟုသုတ ကြွယ်ဝတာပဲ... ဒါပေမဲ့ ဆိုးတာက မထိုက်တန်ဘူး..."
ဝှစ် ဝှစ် ဝှစ်
တောင်ပံဖြင့်လူ ပြောပြီးသည်နှင့် နောက်ထပ် တောင်ပံဖြင့်လူ လေးယောက်က လက်နက် ရောက်လာကာ လုကျိုး၊ ရှောင်ယွမ်အာနှင့် ခရုလေးတို့ကို ဝိုင်းထားလိုက်သည်။
လုကျိုးသည် အဖြူရောင်ဧကရာဇ်ပေးထားသည့် ကျောက်စိမ်းပြားကို ထုတ်ကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"ကျုပ်ကို ဖျက်ဆီးခြင်းတိုင်လုံးဆီ ခေါ်သွားပေး..."
လုကျိုး၏ လက်ထဲရှိ ကျောက်စိမ်းပြားသည် မဟာအသူရာမြေ၏ အလင်းအောက်တွင် တောက်ပနေပြီး တံဆိပ်ပေါ်၌ အဖြူရောင် ဟူသော စကားလုံး ရှိနေသည်။ တောင်ပံဖြင့်လူသည် အနည်းငယ် ထိတ်လန့်အံ့အားသင့်သွားပုံ ပေါ်၏။
"အဖြူရောင်ဧကရာဇ်လား..."
လုကျိုးသည် လေသံအတက်အကျ မရှိ ပြောလိုက်တော့သည်။ "အဖြူရောင်ဧကရာဇ်က ထိုက်တန်မလား သိချင်တယ်..."
တောင်ပံဖြင့်လူက ဆိတ်ဆိတ်နေလေ၏။ လုကျိုးသည် တောင်ပံဖြင့်လူ၏ အမူအရာကို မြင်သောအခါ ကျောက်စိမ်းပြားကို ပစ်ပေးလိုက်သည်။ တောင်ပံဖြင့်လူက ကျောက်စိမ်းပြားကို လှမ်းဖမ်းပြီး တစ်ချက်ကြည့်လိုက်၏။ ပြီးနောက် သူသည် လုကျိုးကို ဦးညွှတ်ပြီး ပြောလိုက်သည်။
"ဖြစ်ချင်တော့ ခင်ဗျားတို့က အဖြူရောင်ဧကရာဇ်ရဲ့ လူတွေကိုး... ကျေးဇူးပြုပြီး..."
ဤနည်းဖြင့် ကျန်သည့် တောင်ပံဖြင့်လူ လေးယောက်က မူလနေရာသို့ ပြန်သွားတော့သည်။ လုကျိုးသည် ရှောင်ယွမ်အာနှင့် အံ့ဖွယ်သားရဲတို့နှင့်အတူ မဟာအသူရာမြေ၏ ဖျက်ဆီးခြင်းတိုင်လုံးဆီသို့ ဦးတည်လိုက်သည်။ သူက အသက်ပြင်းပြင်း ရှူကာ လေကောင်းလေသန့် ရှူလိုက်ပြီး ကျယ်ဝန်းသော ကနက်ဦးချီ၊ သူ့အောက်တွင် ခင်းထားသည့် မျက်ခင်ပြင်၏ မွှေးရနံ့တို့ကို ရလိုက်၏။
တစ်ခဏအကြာ၌ လုကျိုးသည် ဝေဟင်ကို မော့ကြည့်လိုက်သည်။ သူက အမိုးပွင့် ပြိုင်ကွင်းထဲ ဝင်လာရသလိုပင်။ ပြိုင်ကွင်း၏ အလည်၌ ဖျက်ဆီးခြင်းတိုင်လုံး ရှိနေလျက် ၎င်းပေါ်၌ နေက တည့်တည့်ထွန်းလင်း တောက်ပနေသည်။
“နေတစ်စင်း…” လုကျိုးသည် နေက အလွန်တောက်ပသည်ဟု ခံစားမိသည်။ သူ အသိစိတ်ပြန်ကပ်ရန် အချိန်တစ်ခဏ ယူလိုက်ရသည်။ သူ နေ မမြင်ခဲ့ရတာ အတော်ကြာပြီဖြစ်သည်။ လန်းဆန်းမှုကို ခံစားလိုက်ရပြီး သူက လက်နောက်ပစ်ထားလျက် ရှေ့ဆက်တိုးသွားလိုက်သည်။
ထိုစဉ် လူသုံးယောက်၏ မျက်နှာထက်ရှိ ကွဲပြားသော အမူအရာကို လေ့လာပြီးနောက် တောင်ပံဖြင့်လူက ရှေ့တိုးက ပြောလိုက်တော့သည်။
“အမည်မသိကုန်းမြေဆီရောက်ဖို့ ခရီးရှည်ကြီး နှင်ခဲ့ရမှာပဲ။ ဒါက မဟာအသူရာမြေ၊ အမည်မသိကုန်းမြေထဲမှာ နေရောင်ရှိတဲ့ တစ်ခုတည်းသော နေရာလေ”
…
အခန်း (၁၄၇၆) ဖျက်ဆီးခြင်းတိုင်လုံး၏ စမ်းသပ်မှု
“ဒါက အမည်မသိကုန်းမြေထဲမှာ နေရောင်ရှိတဲ့တစ်ခုတည်းသော နေရာလား” ရှောင်ယွမ်အာက သံယောင်လိုက်ပြောလေ၏။
ဆံပင်ဖြူရှိသည့် တောင်ပံဖြင့်လူက ပြုံးလျက်ခေါင်းညိတ်ကာပြောလိုက်တော့သည်။
“အမှန်ပဲ။ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သိန်းအတွင်း မရေမတွက်နိုင်တဲ့ လူသားတွေနဲ့ ကြမ်းတမ်းခက်ထန်သားရဲတွေက အထွတ်အထိပ်အဆင့်အတန်းကို ခံစားခွင့်ရဖို့ မဟာအသူရာမြေကို ဝင်ခဲ့ကြတယ်။ ကံဆိုးတာက လူသားကော ကြမ်းတမ်းခက်ထန်သားရဲတွေကော ဘယ်သူမှ ဒီလိုလုပ်ဖို့မထိုက်တန်ဘူး”
ဆံပင်ဖြူတောင်ပံဖြင့်လူ ပြောတာကို နားထောင်ပြီးနောက် လုကျိုးသည် မဟာလေဟာနယ်မှလူများသာလျှင် ဤကဲ့သို့မောက်မာထောင်လွှားမှုနှင့် ဂုဏ်ဝင့်မှုတို့ရှိသည်ဟု တွေးမိသွား၏။ ထို့ကြောင့် သူက ပြောလိုက်သည်။ “မဟာလေဟာနယ်က ဘယ်လောက်မြင့်မြင့် အမည်မသိကုန်းမြေရဲ့ အစိတ်အပိုင်းတစ်ခုပဲ။ ပြောရမယ်ဆိုရင် အမည်မသိကုန်းမြေထက် နိမ့်ကျတယ်”
ဆံပင်ဖြူဖြူတောင်ပံဖြင့်လူက လုကျိုး၏စကားကြောင့် ဒေါသမထွက်သွားဘဲ ပြောလိုက်တော့သည်။
“တစ်လောကလုံးမှာ မဟာလေဟာနယ် နိမ့်ကျစရာနေရာမရှိဘူး”
လုကျိုးက သက်ပြင်းချလိုက်၏။ မည်သည့်အချိန်၊ မည်သည့်နေရာတွင်ဖြစ်စေ အောက်ခြေ မရှိသည့်လူများက တစ်ယောက်နှင့်တစ်ယောက် ဒုက္ခပေးတာ ဘယ်တော့မှရပ်တန့်မည်မဟုတ်ပေ။ လူတိုင်းသည် သန်မာသူက အားနည်းသူကို အနိုင်ကျင့်သည့်အကြောင်း စောဒကတက်ရတာ သဘောကျသော်ငြား အားနည်းသူက အားနည်းသူကို အနိုင်ကျင့်နေကြသည့်အချက်ကိုတောင် သတိမပြုမိကြပေ။ တောင်ပံဖြင့်လူသည် လုကျိုး၏ကျင့်ကြံဆင့်ကို အာရုံခံရန် ကြိုးစားလိုက်ရာ အံ့ဖွယ်အမှတ်အသားဝတ်ရုံကြောင့် ပိတ်ဆို့ခံထားရတာကို တွေ့လိုက်ရသည်။ သူသည် ဝတ်ရုံကိုလေ့လာပြီးနောက် သူ၏မျက်နှာထက်၌ အနည်းငယ်အံ့ဩသော အမူအရာပေါ်လာတော့၏။ မည်သို့ပင်ဆိုစေ သူကမှတ်ချက်မပေးဘဲ ပြောလိုက်တော့သည်။
“သုံးယောက်သား ကျေးဇူးပြုပြီး ကျုပ်နောက်က လိုက်ခဲ့ပေးပါ”
သူတို့သည် နေရောင်အောက်၌ လှုပ်ရှားနေလျက် နွေဦးရှုခင်းများဝန်းရံနေတော့သည်။ သူတို့က သက်သောင့်သက်သာဖြစ်မှုကို ခံစားနေရကာ လွတ်လပ်ပေါ့ပါးနေ၏။
လေထဲ၌ ပန်းရနံ့များသင်းပျံ့နေကာ ငှက်များတကျီကျီမြည်နေတော့သည်။ ဤနေရာက အမည်မသိကုန်းမြေ၏ ကျန်သည့်နေရာများနှင့် ဆန့်ကျင်ဖက်ပင်။
ယခုအချိန်တွင် အလင်းထဲရောက်နေပြီဖြစ်သော လုကျိုးသည် သူ့နောက်ရှိအမှောင်ထုကို လှည့်ကြည့်ပြီးနောက် ရှေ့ဆက်လျှောက်သွားလိုက်သည်။
သူတို့လျှောက်သွားစဉ် လုကျိုးက ပတ်ဝန်းကျင်တွင် တောင်ပံဖြင့်အမျိုးသား အမျိုးသမီးများစွာကို တွေ့လိုက်ရကာ သူတို့ကို စပ်စုချင်စိတ်ဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။
“နောက်ဆုံးတော့ သူတို့မဟာအသူရာမြေ၏ ဖျက်ဆီးခြင်းတိုင်လုံးနားရောက်လာပြီဖြစ်ပြီး လုကျိုးနှင့် သူ၏တပည့်က မော့ကြည့်လိုက်၏။ ၎င်း၏အတိုင်းအတာကို ခန့်မှန်းရန်ခက်ခဲလှသည်။ သူတို့ရှေ့ရှိရုပ်တုကိုသာ မြင်နေရသည်။ သူတို့ရှေ့ကိုကြည့်မိချိန်၌ ပေတစ်ထောင်ခန့်မြင့်မားသော အမ်ပုံသဏ္ဌာန်ဂိတ်တံခါးကို တွေ့လိုက်ရသည်။
ရံဖန်ရံခါတွင် တောင်ပံဖြင့်လူများပေါ်လာလျက် လက်ထဲတွင် လက်နက်များကိုင်ဆောင်ထားကာ ဝင်ထွက်သွားလာနေသည်။ လုကျိုးက မေးလိုက်သည်။
“မင်းက လူသားလား”
ဆံပင်ဖြူဖြူတောင်ပံဖြင့်လူက ပြုံးလျက်ပြောလိုက်၏။ “ကျုပ်တို့မျိုးဆက်က ရှေးခေတ်ကာလတည်းက ရှိခဲ့တာ။ ကျုပ်တို့မျိုးနွယ်စုက တောင်ပံမျိုးနွယ်စုပဲ။ မဟာအသူရာမြေထဲမှာ မျိုးဆက်ပေါင်းများစွာ နေခဲ့တယ်။ မဟာအသူရာမြေရဲ့ဖျက်ဆီးခြင်းတိုင်လုံးကို ကာကွယ်ဖို့ တခြားမျိုးနွယ်တွေလည်း ဒီမှာရှိတယ်”
လုကျိုးက ခေါင်းညိတ်လျက်မေးလိုက်သည်။ “မင်းရဲ့နာမည်က ဘာလဲ”
“ကျုပ်က ဟုန်ကျန့်” ဆံပင်ဖြူဖြူတောင်ပံဖြင့်လူသည် ယဉ်ကျေးစွာပြန်ပြောလျက် အမ်ပုံသဏ္ဌာန်ဂိတ်တံခါးဆီသို့ သူတို့သုံးယောက်ကိုခေါ်သွားလေ၏။
“ကျုပ်တို့ရောက်ပြီ။ မဟာအသူရာမြေရဲ့အတွင်းဖက်က အလွန်ကျယ်ပြောပြီး ထူးဆန်းတယ်။ မလိုအပ်ရင် လျှောက်မသွားတာ အကောင်းဆုံးပဲ။ လမ်းပျောက်သွားနိုင်တယ်”
ကျန်သည့်ဖျက်ဆီးခြင်းတိုင်လုံးများနှင့်မတူဘဲ မဟာအသူရာမြေ၏ဖျက်ဆီးခြင်းတိုင်လုံးအတွင်းဖက်က အမှန်တကယ် ကျယ်လှပေ၏။ ၎င်းသည် အတွင်းဖက်၌ ပျားအုံနှင့်တူလှပေသည်။ အခြားသောတိုင်လုံးများနှင့် ဆင်တူသည့်တစ်ခုတည်းသောအရာက သူတို့သည် အမည်မသိ ဆန်းကြယ်သောအရာဖြင့် တည်ဆောက်ထားပြီး နံရံ၌ သဏ္ဌာန်မျိုးစုံ ထွင်းထုထားတာပဲဖြစ်သည်။
ဟုန်ကျန့်က သူတို့သုံးယောက်ကိုခေါ်လာလျက် ခန်းမကြီးဆီရောက်လာတော့သည်။ ပြီးနောက် သူက ပြောလိုက်တော့သည်။
“ဒီဟာက မဟာအသူရာမြေရဲ့ဖျက်ဆီးခြင်းတိုင်လုံးထဲက မင်သဲ့ခန်းမပဲ။ ဒီက အကြီးအကဲက ဂုဏ်သရေရှိ ဧည့်သည်တွေကို ဧည့်ခံဖို့ တာဝန်ယူထားတယ်” လုကျိုးက လှည့်ပတ်ကြည့်နေစဉ် ရှောင်ယွမ်အာက ပြောလိုက်လေ၏။ “မဟာအသူရာမြေရဲ့ဖျက်ဆီးခြင်းတိုင်လုံးထဲက အားလုံးပေါ့”
ဟုန်ကျန့်က ခေါင်းညိတ်လိုက်သည်။
“တကယ်လှတာပဲ” ရှောင်ယွမ်အာက သဘောကျစွာပြောလိုက်၏။
“ဒါက ရေခဲစိုင်ထိပ်ဖျားပဲရှိသေးတယ်” ဟုန်ကျန့်က ပြောလိုက်သည်။
ရှောင်ယွမ်အာသည် ဤနေရာကလှပသည်ဟုထင်သော်ငြား အရံအတားရှိရာနေရာ၌ အရံအတား မည်သည့်နေရာတွင်ရှိကြောင်း ပိုစိတ်ဝင်စားသည်။ ထို့ကြောင့် သူမမေးလိုက်၏။ “ဒီတိုင်လုံးကနေ အသိအမှတ်ပြုမှုကို ဘယ်အချိန်သိအောင်ယူရမလဲ”
ဟုန်ကျန့်က ပြုံးလိုက်သည်။ “စိတ်မပူပါနဲ့။ အကြီးအကဲမင်သဲ့က ဒီကိုမကြာခင်ရောက်လာလိမ့်မယ်”
“အကြီးအကဲမင်သဲ့လား။ မင်သဲ့ခန်းမလား”
“အကြီးအကဲမင်သဲ့က ရှေးယခင်တည်းက ရှိခဲ့တာ။ သူက ကျုပ်တို့တောင်ပံမျိုးနွယ်ရဲ့ ကြည်ညိုဖွယ်အကြီးအကဲပဲ။ လေးစားမှုကိုပြဖို့ မျိုးနွယ်စုခေါင်းဆောင်က အကြီးအကဲမင်သဲ့ကို အမှီပြုပြီး ဒီနေရာကို နာမည်ပေးခဲ့တယ်”
“ဪ” ပြီးနောက် ရှောင်ယွမ်အာက မေးလိုက်၏။ “ဖျက်ဆီးခြင်းတိုင်လုံးရဲ့ အရံအတားက ဘယ်မှာလဲ”
“ဖျက်ဆီးခြင်းတိုင်လုံးရဲ့အတွင်းဖက်က အလွန်ကျယ်ဝန်းတယ်။ အကြီးအကဲမင်သဲ့ရောက်လာတဲ့အချိန် အဲ့ဒီကို ခေါ်သွားပေးလိမ့်မယ်” ဟုန်ကျန့်က ပြန်ပြောလိုက်၏။
လုကျိုးသည် မဟာအသူရာမြေ၏ဖျက်ဆီးခြင်းတိုင်လုံးအတွင်းဖက်က ဤမျှကျယ်ဝန်းလှမည်ဟု မထင်ထားပေ။ ကျိထျန်းတောက် ဤနေရာသို့မည်ကဲ့သို့ခိုးဝင်ပြီး မဟာလေဟာနယ်မျိုးစေ့ကို ရှာဖွေခဲ့သည်မသိ။
ခေါင်းသုံးလုံးမျိုးနွယ်နှင့် တောင်ပံမျိုးနွယ်တို့သည် ခုခံခြင်းတစ်ခုတည်းဖြင့် အင်မတန် အစွမ်းထက်နေပြီးသားဖြစ်သည်။ ထို့အပြင် မဟာအသူရာထဲ၌ အစွမ်းထက်သော အံ့ဖွယ်သားရဲမျိုးစုံနှင့် သူတော်စင်သတ်ဖြတ်သူများလည်းရှိ၏။
လုကျိုးသည် လေထဲ၌အသံပြန့်လွင့်လာစဉ် အတွေးနစ်နေသေး၏။
“အကြီးအကဲမင်သဲ့ရောက်လာပြီ”
ဟုန်ကျန့်က အနည်းငယ်ဦးညွှတ်လျက် တံခါးဖက်လှည့်လိုက်သည်။
လုကျိုးနှင့်သူ၏တပည့်နှစ်ယောက်က မော့ကြည့်လိုက်ရာ အဖိုးအိုတစ်ယောက်ဝင်လာတာကို တွေ့လိုက်ရသည်။
အဖိုးအို၏ဆံပင်က ဖြူစွတ်နေပြီး မျက်နှာပေါ်ရှိ အရေးအကြောင်းများက ကြောက်မက်ဖွယ်ကောင်းအောင် နက်ရှိုင်းပြီး များပြားသည်။ သူသည် လုကျိုး ပထမဆုံး ကူးပြောင်းလာသည်နှင့် အနည်းငယ်ဆင်တူ၏။
“နှုတ်ခွန်းဆက်ပါတယ် အကြီးအကဲမင်သဲ့” ဟုန်ကျန့်က တလေးတစားပြောလိုက်၏။
အကြီးအကဲမင်သဲ့က အထဲသို့ဝင်လာစဉ် သိမ်းကြုံးကြည့်လိုက်သည်။
ဟုန်ကျန့်က အသံတိုးတိုးဖြင့်ပြောလိုက်၏။ “အဖြူရောင်ဧကရာဇ်ရဲ့လူတွေပါ။ သူတို့က မဟာအသူရာမြေရဲ့ ဖျက်ဆီးခြင်းတိုင်လုံးကနေ အသိအမှတ်ပြုမှုရယူချင်နေတယ်”
အကြီးအကဲမင်သဲ့သည် သုံးယောက်ကိုကြည့်ပြီးနောက် ဆိတ်ဆိတ်သာနေနေသည်။ ရှောင်ယွမ်အာနှင့် ခရုလေးက လုကျိုးနား ပိုကပ်သွားသည်။
အကြီးအကဲမင်သဲ့သည် လုကျိုးဆီမှ ခပ်ဖျော့ဖျော့အရှိန်အဝါမျိုးရနေလေ၏။ သန်မာရုံသာမက ရာထူးမြင့်သည့် နေရာတစ်ခု၌ အချိန်ကြာမြင့်စွာ နေထိုင်ခဲ့သည့် အငွေ့အသက်မျိုးဖြစ်သည်။ ထိုကဲ့သို့အရှိန်အဝါက နေ့တွင်းချင်းရလာနိုင်သည့်အရာမဟုတ်ပေ။