← Chapters

အခန်း (၁၄၇၇-၁၄၇၉)

Vol. 99 Ch. 1477-1479

အခန်း (၁၄၇၇-၁၄၇၉)

Vol. 99 Ch. 1477-1479

အခန်း (၁၄၇၇) ဖျက်ဆီးခြင်းတိုင်လုံး၏ စမ်းသပ်မှု

“မဟာအသူရာမြေရဲ့ ဖျက်ဆီးခြင်းတိုင်လုံးဆီကနေ အသိအမှတ်ပြုမှုရချင်တယ်ဆိုရင် ဖျက်ဆီးခြင်းတိုင်လုံးဆီကနေ စမ်းသပ်မှုရယူရမယ်” အကြီးအကဲမင်သဲ့သည် လက်နောက်ပစ်ထားလျက် လျှောက်လာကာ ထိုင်ချလိုက်၏။ လုကျိုး၊ ရှောင်ယွမ်အာနှင့် ခရုလေးတို့ကို ကြည့်မိချိန်၌ သူ၏မျက်လုံးတို့က တောက်ပနေသည်။

လုကျိုးက အသံဖျော့ဖျော့ဖြင့် မေးလိုက်၏။

“ဖျက်ဆီးခြင်းတိုင်လုံးရဲ့ စမ်းသပ်မှုလား”

“မင်းတို့က အဖြူရောင်ဧကရာဇ်ရဲ့လူတွေဆိုပေမဲ့ ဖျက်ဆီးခြင်းတိုင်လုံးထဲမှာ မင်းတို့စိတ်တိုင်းကျ လုပ်နိုင်မယ်လို့ မဆိုလိုဘူး။ မင်းရဲ့ကျင့်ကြံဆင့်က သတ်မှတ်ထားတဲ့အဆင့်တစ်ခုမှာရှိရမယ်”

အကြီးအကဲမင်သဲ့က ပြောလိုက်၏။

“တိုင်လုံးဆီကနေ အသိအမှတ်ပြုမှုရအောင် ယူဖို့မလိုအပ်ဘူး” လုကျိုးက ပြောလိုက်၏။

“တိုင်လုံးဆီကနေ အသိအမှတ်ပြုမှုရအောင်ယူဖို့ ဒီလိုလိုအပ်ချက်မရှိဘူး” လုကျိုးက ပြောလိုက်၏။

“ဒါက ငါ့ရဲ့တောင်းဆိုချက်” အကြီးအကဲမင်သဲ့က ပြောပြီးနောက် စူးရှပြင်းထန်သည့်ဖိအား ထုတ်လွှတ်လိုက်သည်။

စွမ်းအင်သည် လုကျိုးပေါ် ချက်ချင်းကျရောက်လာ၏။ စွမ်းအင်သည် ကနဦးချီမဟုတ်သလို စွမ်းအင်စည်းတံဆိပ်လည်း မဟုတ်ပေ။ ထိုကဲ့သို့ စွမ်းအင်မျိုးကို ပထမဦးဆုံးအကြိမ် တွေ့ကြုံဖူးတာပဲဖြစ်သည်။ သူ၏ထူးကဲချီသွေးကြောရှစ်ခု၊ စွမ်းအားဗဟိုချက် ချီပင်လယ်နှင့် ကနဦးချီတို့က ပုံမှန်အတိုင်းဖြစ်သည်။ သို့သော်ငြား ဖိအားသည် သူ့အပေါ် တောင်တစ်တောင် ကျရောက်လာ၏။

စိတ်စွမ်းအားရဲ့ဖိနှိပ်မှုလား။

အတိတ်တုန်းက လုကျိုးသည် ဖိအားပေးရန်အတွက် ကျင့်ကြံဆင့်နှင့် ခွန်အားကို ထုတ်သုံးသောသူမျိုးကို တွေ့ခဲ့ဖူး၏။ သူတို့၏စိတ်စွမ်းအားကို လက်နက်အနေဖြင့် အသုံးပြုနိုင်သည်။ တစ်စုံတစ်ယောက်ကို ပထမဆုံးအကြိမ်တွေ့ဖူးတာဖြစ်သည်။ ယင်းက မဟာနိယာမ၏စွမ်းအားထဲမှ တစ်ခုဖြစ်လောက်သည်ဟု တွေးမိသွားသည်။

သာမန်လူတို့သည် ဤခိုင်မာသော စိတ်စွမ်းအားရှိသူ၏ လွှမ်းမိုးမှုခံရပြီး အလွယ်တကူ ယိမ်းယိုင်နိုင်သည်။ သူတို့၏စိတ်ခံစားချက်က လိုက်ပါသွားလိမ့်မည်။

လုကျိုးက စွမ်းအားကို တောင့်ခံနေစဉ် အကြီးအကဲမင်သဲ့က သူ့ကိုမျက်တောင်မခတ်ကြည့်နေလေ၏။

မကြာမီ၌ စိတ်စွမ်းအား၏ဖိနှိပ်မှုသည် ပိုအားကောင်းလာသည်။ လုကျိုးသည် အကြီးအကဲမင်သဲ့၏ စွမ်းအားကို အာရုံမခံနိုင်ပေ။ ဆိုလိုသည်က အကြီးအကဲမင်သဲ့သည်ပိုမြင့်မားသော ကျင့်ကြံဆင့်ရှိသည်။ သို့သော် ကောင်းကင်ကျမ်းစာက ၎င်းကိုဖြေရှင်းနိုင်မှန်းသိနေလေ၏။ ထို့ကြောင့် သူသည် ကောင်းကင်ကျမ်းစာကို တိတ်တဆိတ်ရွတ်ဆိုလိုက်သည်။ ထင်သည့်အတိုင်းပင် သူ၏စိတ်ထဲ၌ အေးမြတည်ငြိမ်သောခံစားချက် ပေါ်လာ၏။

ဘီး

အကြီးအကဲမင်သဲ့သည် အကြွင်းမဲ့ တပန်းသာနေသည်ကို ခံစားနေရစဉ် သူ၏စိတ်စွမ်းအားကို တွန်းလှန်နေသည့် ဖော်ပြ၍မရသော ဖိအားကိုခံစားမိသွား၏။ သူ နောက်သို့အနည်းငယ်ယိုင်သွားကာ တန်ပြန်သက်ရောက်မှုကြောင့် ဒဏ်ရာရလုနီးပါးဖြစ်သွားလေ၏။

ဝှစ်

အကြီးအကဲမင်သဲ့က သူ၏တည်ငြိမ်မှု ပြန်ရရှိပြီးနောက် လုကျိုးကိုကြည့်ကာ မေးလိုက်၏။ “ခင်ဗျားက တကယ်အဖြူရောင်ဧကရာဇ်ရဲ့လူတွေထဲက တစ်ယောက်လား”

ထိခိုက်မှု လုံး၀မရှိသော လုကျိုးက တည်ငြိမ်စွာမေးလိုက်၏။ “သူ့ရဲ့ကျောက်စိမ်းတံဆိပ်က အတုဖြစ်နိုင်လား”

ထိုစဉ် ဟုန်ကျန့်က ဘေးကနေဝင်ပြောလိုက်၏။ “ကျောက်စိမ်းတံဆိပ်ကို ကြည့်ပြီးပါပြီ။ အစစ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး”

အကြီးအကဲမင်သဲ့က ခေါင်းညိတ်ပြီးနောက် သက်ပြင်းချကာ ပြောလိုက်သည်။ “အဖြူရောင်ဧကရာဇ်က ထာဝရရှင်သန်မှုရအောင်ယူဖို့ ဆုံးဖြတ်ထားတယ်။ သူ အဆုံးမဲ့သမုဒ္ဒရာသွားချိန်ကစပြီး ပြန်မလာသေးဘူး”

လုကျိုးသည် အဖြူရောင်ဧကရာဇ်အကြောင်း လုံးဝဂရုမစိုက်ပေ။ ဆိုရလျှင် သူက အဖြူရောင်ဧကရာဇ်နှင့် လုံးဝမရင်းနှီးပေ။

အကြီးအကဲမင်သဲ့က လုကျိုးကို ကြည့်ပြီးဆက်ပြောလိုက်၏။ “ငါ့ရှေ့မှာ ရှင်သန်နိုင်တဲ့ လူသားကျင့်ကြံသူက အင်မတန်နည်းတယ်။ မင်းက အနည်းစုထဲက တစ်ယောက်”

လုကျိုးက ခေါင်းခါပြီးပြောလိုက်၏။ “လောကကြီးက ဒီ‌လောက်ကျယ်ပြောတာ။ ဆန်းကျယ်မှုတွေနဲ့ ထူးဆန်းမှုတွေရှိတယ်။ ကျုပ်က အလုံးစုံမဖြစ်နိုင်ဘူး”

စိတ်ထဲတွင်မူ သူ့ဖာသာသူတွေးလိုက်၏။ “အဖိုးကြီး မင်းကိုယ်မင်း အထင်ကြီးလွန်းနေတာပဲ”

အကြီးအကဲမင်သဲ့သည် လုကျိုး၏အတွေးကိုနားလည်ပေ၏။ သို့သော် သူက ဒေါသမထွက်ဘဲ ပြုံးလျက်ပြောလိုက်၏။ “မင်း ငါ့ကိုနားလည်မှုလွဲနေပြီ။ မဟာအသူရာရဲ့ဖျက်ဆီးခြင်းတိုင်လုံးက လူတစ်ယောက်ရဲ့ စိတ်ဆန္ဒနဲ့စိတ်အခြေအနေကို စမ်းသပ်တာကြောင့် မင်းကိုစမ်းသပ်ဖို့ ငါ့ရဲ့စိတ်စွမ်းအားကို သုံးလိုက်တာ”

“စိတ်ဆန္ဒနဲ့ စိတ်အခြေအနေလား” လုကျိုးက ပြောလိုက်၏။

“သန်မာတဲ့စိတ်စွမ်းအားရှိတဲ့သူတွေပဲ ဒီတိုင်လုံးရဲ့အသိအမှတ်ပြုမှုကို ရတာ။ စိတ်အခြေအနေကတော့ မိမိရဲ့ကျင့်ကြံမှုအပေါ် မူတည်တယ်။ အနည်းဆုံးတော့ တာအိုသူတော်စင်ဖြစ်ရမယ်။ ဥပမာအနေနဲ့ အစောတုန်းက မင်းဆီမှာ ငါ့ရဲ့စိတ်စွမ်းအားကို သုံးပြီးဖိအားပေးခဲ့တယ်။ မင်းရဲ့အရှိန်အဝါအတက်အကျကို ကြည့်ရင် မင်း ဒေါသထွက်နေတာပြောနိုင်တယ်။ ဒါကြောင့် အလွန်ဆုံးမင်းရဲ့ဘဝမှာ တာအိုသူတော်စင်ပဲဖြစ်နိုင်မယ်” အကြီးအကဲမင်သဲ့က ပြောလိုက်လေ၏။

လုကျိုးသည် ဘာမှမပြောခဲ့ပေ။ တကယ်တော့ သူသည် အစောတုန်းက အကြီးအကဲမင်သဲ့၏ စိတ်စွမ်းအားကြောင့် ဖိအားပေးခံရပြီး အနည်းငယ်စိတ်မပျော်ဖြစ်ခဲ့လေ၏။ မိမိ၏စိတ်အခြေအနေသည် လူတစ်ယောက်၏ကျင့်ကြံဆင့်အ‌ပေါ် အမှန်တကယ် အရေးပါလျှင် စိတ်စွမ်းအား အတက်အကျများလွန်းခြင်းက မကောင်းတာမှန်ပေ၏။ ထိုစဉ် ရှောင်ယွမ်အာက ရုတ်တရက်‌ ပြောလိုက်တော့သည်။ “ဒါမဟုတ်ဘူး”

အကြီးအကဲမင်သဲ့က ရှောင်ယွမ်အာဖက်လှည့်ကြည့်ပြီး ပြောလိုက်တော့၏။ “အံ့ဩစရာပဲ။ ငယ်ငယ်လေးနဲ့ ဆရာသခင်ဖြစ်ခါနီးပြီး။ တကယ်ရှားပါးတဲ့ ချီးကျူးလောက်ပါပေရဲ့။ ဘာပဲဖြစ်ဖြစ် ဘာလို့အဲ့လိုပြောတာလဲ”

ရှောင်ယွမ်အာက ယုံကြည်ချက်ရှိရှိ ပြောလိုက်၏။ “ကျွန်မရဲ့ရှစ်စွင်းက အထွတ်အထိပ်သက်ရှိတစ်ယောက် အမှန်တကယ်ဖြစ်လာလိမ့်မယ်”

အကြီးအကဲမင်သဲ့သည် ရှောင်ယွမ်အာက ထူးကဲသာလွန်သည်ဟု တွေးမိသော်ငြား ယင်းက ဘာများအကျိုးထူးမည်နည်း။

ရှောင်ယွမ်အာက ဆက်ပြောလိုက်၏။ “တာအိုသူတော်စင်တွေက ဘာမှမဟုတ်ဘူး။ အဖြူရောင်ဧကရာဇ်က ကျွန်မရှစ်စွင်းကို တွေ့ရင်တောင် သူက ယဉ်ကျေးနေရဦးမှာပဲ”

“ဟမ်” အကြီးအကဲမင်သဲ့က မျက်မှောင်အနည်းငယ်ကျုံ့မိသွား၏။

“၂၂နှစ်လား”

အကြီးအကဲမင်သဲ့က မျက်မှောင်အနည်းငယ်ကျုံ့မိသွားသည်။ သူသည် လူတစ်ယောက်၏အသက်ကို သူတို့၏ရုပ်ရည်သွင်ပြင်ဖြင့် အကဲဖြတ်တာ ရပ်တန့်လိုက်တာ ကြာပြီဖြစ်သည်။ ရှောင်ယွမ်အာ၏ အရှိန်အဝါသည် သူမက မိန်းမငယ်လေးတစ်ယောက်ဖြစ်ကြောင်း အတည်ပြုထားနိုင်၏။ ထို့ကြောင့် သူသည် သူမကို မသိတတ်သောအငယ်တစ်ယောက်အဖြစ်သာ သဘောထားပြီး သူမစကားများကို စိတ်ထဲမထားပေ။

“ယွမ်အာ အဓိပ္ပာယ်မရှိမပြောနဲ့” လုကျိုးက လက်ဝေ့ယမ်းလိုက်၏။

“ဟုတ်” စိတ်ထဲတွင်မူ သူမ ရေရွတ်ပြောနေလေ၏။ တပည့်အဓိပ္ပာယ်မရှိ ပြောတာမှမဟုတ်တာ။

ယခုအချိန်တွင် လုကျိုး၏ဦးစားပေးက မဟာအသူရာမြေ၏ဖျက်ဆီးခြင်းတိုင်လုံးမှ ရှောင်ယွမ်အာကို အသိအမှတ်ပြုခိုင်းရန်ဖြစ်သည်။ ကျန်သည့်သူများနှင့်အငြင်းပွားရန်မဟုတ်ပေ။ ထို့အပြင် ဤနေရာရှိ မည်သူ့ကိုမှ သူ မသိပေ။ တစ်စုံတစ်ခုဖြစ်ခဲ့ပါက သူ အခက်တွေ့နိုင်သည်။ လုကျိုးက မေးလိုက်သည်။

“အခုတိုင်လုံးရဲ့အမြုတေဆီ ခေါ်သွားပေးနိုင်မလား”

“ဘာလို့ ဒီလောက်လောနေတာလဲ” အကြီးအကဲမင်သဲ့က ပြန်မေးလိုက်၏။ လုကျိုးက ပြောလိုက်၏။

“ကျုပ် ဒီကိစ္စအတွက် အမည်မသိကုန်းမြေထဲ နှစ်ပေါင်းများစွာ ခရီးနှင်ခဲ့တာ။ တိုင်လုံးရဲ့အသိအမှတ်ပြုမှု မရသရွေ့ ငြိမ်းငြိမ်းချမ်းချမ်း အနားယူနိုင်မှာမဟုတ်ဘူး”

အကြီးအကဲမင်သဲ့ ခေါင်းညိတ်ကာ ပြောလိုက်၏။ “ကောင်းပြီ” ပြီးနောက် သူက ထရပ်ကာ ပြောလိုက်၏။ “ဟုန်ကျန့် မင်း လိုက်ပို့လိုက်”

ဟုန်ကျန့်က ဦးညွှတ်လိုက်သည်။ “ဟုတ်ကဲ့”

အကြီးအကဲမင်သဲ့သည် လက်နောက်ပစ်လျက် မင်သဲ့ခန်းမထဲမှ ထွက်လာတော့သည်။

ပင်မခန်းဆောင်ထဲမှ ထွက်လာပြီးနောက် အကြီးအကဲမင်သဲ့သည် လုကျိုး သူ၏တပည့်နှစ်ယောက်နှင့် ဟုန်ကျန့်တို့သည် သင်္ကေတလမ်းကြောင်းဆီသွားလိုက်၏။

အားလုံးသင်္ကေတလမ်းကြောင်းထဲ ရောက်ပြီးချိန်၌ အလင်းလှစ်ခနဲပေါ်လာပြီး လူတိုင်းမြင်ကွင်းထဲမှ ပျောက်သွားတော့သည်။ သိပ်မကြာခင်၌ သူတို့က ပိုကြီးမားသည့် ခန်းမထဲ၌ ပေါ်လာလေ၏။

…

အခန်း (၁၄၇၈) ဖျက်ဆီးခြင်းတိုင်လုံး၏စမ်းသပ်မှု

သူတို့က ဖျက်ဆီးခြင်းတိုင်လုံးအတွင်း၌ ရှိနေခြင်းကြောင့် ကောင်းကင်ကို မမြင်နိုင်ပေ။ အစကနေ ယခုအချိန်ထိ သူတို့က မြေအောက်ထဲတွင် ရောက်နေသလိုခံစားရ၏။

လုကျိုးသည် ၎င်းကို နေသားကျဖို့မခက်ခဲပေ။ မြေအောက်ရထားဘူတာ၌ လမ်းလျှောက်စဉ်က အချိန်ကာလများနှင့်ဆင်တူနေသောကြောင့်ဖြစ်သည်။

ခန်းမအပြင်ဖက်၌ တောင်ပံမျိုးနွယ်သားများစွာ ရှိ၏။ အခြားသောမျိုးနွယ်မှ လူများတောင်ရှိသည်။ ခန်းမ၏ပင်မဝင်ပေါက် ပေတစ်ထောင်ခန့်မြင့်သည်။

အကြီးအကဲမင်သဲ့ကို မြင်သောအခါ တောင်ပံမျိုးနွယ်သားတို့သည် တစ်ယောက်ပြီး တစ်ယောက် ရောက်လာကာ သူ့ကိုဦးညွှတ်ပြီး နှုတ်ဆက်လေ၏။

‘နှုတ်ဆက်ပါတယ် အကြီးအကဲမင်သဲ့”

“ကျင့်ဝတ်တွေ မလိုဘူး” အကြီးအကဲမင်သဲ့က ပြောလိုက်သည်။ ပြီးနောက် တောင်ပံမျိုးနွယ်စုတို့၏ အကြည့်သည် လုကျိုးနှင့်သူ့တပည့်ဆီရောက်သွားပြီးနောက် သူတို့ဖာသာအသံတိုးတိုးဖြင့် ဆွေးနွေးကြသည်။

ရုတ်တရက် တစ်ယောက်က ထုတ်ပြောလိုက်၏။ “ဒီမှာ လူသားတွေရောက်နေတယ်”

“ဟုတ်တယ်။ သူတို့က မဟာအသူရာမြေကလူတွေနဲ့မတူဘူး”

“သူတို့ကို အကြီးအကဲမင်သဲ့ခေါ်လာတာဆိုတော့ သူတို့အထောက်အထားက မရိုးရှင်းလောက်ဘူး”

“မဟာအသူရာမြေဆီ အပြင်ကလူသားတွေ ရောက်မလာတာ အချိန်အတော်ကြာသွားပြီ။ ဒီကို ရောက်လာတဲ့ လူတွေက မြင့်မားတဲ့အဆင့်အတန်းရှိမှာသေချာတယ်”

သူတို့ခန်းမထဲသို့လျှောက်လာသည်နှင့် လုကျိုး၊ ရှောင်ယွမ်အာနှင့် ခရုလေးတို့သည် လေးထောင့်စင်မြင့်ပေါ်ရှိ အရံအတားကိုတွေ့လိုက်ရသည်။ အရံအတားထဲရှိ မဟာလေဟာနယ်ပျိုးပင်သည် သန်စွမ်းပြီး မတ်နေလေ၏။ အရံအတားက မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။ သူတို့အားလုံးစွမ်းအားကို ရှင်းရှင်းလင်းလင်းခံစားမိသည်။ အရံအတားကို ကြည့်ပြီးနောက် လုကျိုးသည် အိပ်မွေ့ချခံလိုက်ရသလို ခံစားမိ၏။

စိတ်ရှုပ်ထွေးစေတဲ့နည်းစနစ်လား။ ဒါ လူတစ်ယောက်ရဲ့စိတ်စွမ်းအားကို စမ်းသပ်တာလား။ လုကျိုးသည် ခရမ်းရောင်တောက်ပသံကျောက်ကို အသက်သွင်းလိုက်၏။ အေးမြသောအထိအတွေ့သည် ခရမ်းရောင်တောက်ပသံကျောက်ထဲမှ ပေါ်လာပြီး သူ့ကို စိတ်တည်ကြည်သွားစေသည်။

အကြီးအကဲမင်သဲ့သည် အရံအတားကို ညွှန်ပြပြီးပြောလိုက်လေသည်။

“ဒါက မဟာအသူရာမြေရဲ့ဖျက်ဆီးခြင်း တိုင်လုံးရဲ့အရံအတားပဲ။ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သိန်းတုန်းက လူတစ်ယောက်ပဲ ဒီတိုင်လုံးရဲ့အသိအမှတ်ပြုမှု ရခဲ့တယ်။ သူက လက်ရှိဧကရာဇ်ယွီပဲ” သူက လုကျိုးကိုကြည့်ပြီး ဆက်ပြောလိုက်သည်။

“ဧကရာဇ်ယွီနဲ့ အဖြူရောင်ဧကရာဇ်တို့က မိတ်ဆွေဟောင်းတွေပဲ။ အဖြူရောင်ဧကရာဇ်က မျက်နှာသာပေးဖို့ တောင်းဆိုတယ်ဆိုတော့ ကျုပ်တို့သဘောတူရုံပဲရှိတယ်။ ဒါပေမဲ့ အရံအတားထဲမဝင်ခင် လျှို့ဝှက်ချက်တချို့ရှိတယ်”

လုကျိုးသည် အရံအတားကိုကြည့်လျက် ဆိတ်ဆိတ်သာနေလေ၏။

အကြီးအကဲမင်သဲ့ကပြောသည်။ “ပထမအချက် မဟာအသူရာမြေရဲ့ဖျက်ဆီးခြင်းတိုင်လုံးထဲ ဝင်လာတာကို လျှို့ဝှက်ထားရမယ်။ ပြောရရင် ဒီနေရာက တိုင်လုံးက ငါတို့ရဲ့တောင်ပံမျိုးနွယ်က ပိုင်တာမဟုတ်ဘူး။ သတင်းပြန့်သွားရင် ဧကရာဇ်ယွီနဲ့ အဖြူရောင်ဧကရာဇ်အတွက် ကောင်းမှာ မဟုတ်ဘူး။ ဒုတိယအချက်က တိုင်လုံးရဲ့အသိအမှတ်ပြုမှုကို ရဖို့အတွက် လိုအပ်ချက်တွေက အင်မတန်ပြင်းထန်တယ်။ တိုင်လုံးရဲ့အသိအမှတ်ပြုမှုကို ရသွားခဲ့ရင် ဒီမှာနေပြီး နှစ်ပေါင်းသုံးထောင်နေရမယ်။ ဒီနှစ်ပေါင်းသုံးထောင်အတွင်းမှာ မဟာအသူရာမြေက မင်းကို မမျှမတ မဆက်ဆံဘူး။ တတိယအချက် တိုင်လုံးရဲ့အသိအမှတ်ပြုမှုရဖို့က အင်မတန်ခက်ခဲတယ်။ အသိအမှတ်ပြုမှု ရနိုင်ခဲ့ရင် ဒါကိုဖိအားမပေးသင့်ဘူး။ မဟုတ်ရင် စိတ်လွတ်သွားနိုင်ခြေမြင့်တယ်။ ရလဒ်က ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ရဲ့တောင်ပံမျိုးနွယ်နဲ့ မသက်ဆိုင်ဘူး။ ဒီတောင်းဆိုချက်သုံးခုကို သဘောတူလား”

လုကျိုးက မပြောရသေးခင် ရှောင်ယွမ်အာက ပြောလိုက်၏။ “နှစ်ပေါင်းသုံးထောင်လား။ ‌နောက်နေတာလား”

အကြီးအကဲမင်သဲ့က ရှောင်ယွမ်အာကို တချက်ကြည့်ပြီး ပြောလိုက်၏။ “ဒါတွေက မဟာအသူရာမြေရဲ့ဖျက်ဆီးခြင်းတိုင်လုံးရဲ့ လိုအပ်ချက် တောင်းဆိုချက်တွေပဲ မိန်းကလေး။ ဒုတိယတချက်ကို မဟုတ်ဘဲ တတိယတချက်ကို ဂရုတစိုက်စဉ်းစားသင့်တာ” ရှောင်ယွမ်အာသည် အတော်လေး မကျေမနပ်ဖြစ်နေသည်။ သို့သော် သူတို့က မဟာအသူရာမြေထဲတွင် ရောက်နေသောကြောင့် ပွင့်ပွင့်လင်းလင်း မပြောနိုင်ပေ။

“မဖြစ်ဘူး။ မဖြစ်ဘူး။ ဒုတိယတောင်းဆိုချက်က အရေးအကြီးဆုံးပဲ။ ဘယ်လိုလုပ် ဒါမျိုးဖြစ်နိုင်မှာလဲ။ သဘောမတူနိုင်မှာစိုးတယ်။ နှစ်ပေါင်းသုံးထောင်စာ လွတ်လပ်ခွင့်ကို ဘယ်လိုလုပ် လက်လျှော့နိုင်မှာလဲ”

စိတ်ထဲတွင်မူ ရှောင်ယွမ်အာက ကျိန်ဆဲနေပြီးဖြစ်သည်။ ဒီဓားပြတစ်စုက မဟာအသူရာရဲ့ ဖျက်ဆီးခြင်းတိုင်လုံးကို သိမ်းထားပြီး တခြားသူတွေကိုလည်း ညစ်ထုတ်ချင်နေသေးတယ်။ ကောက်ကျစ်လိုက်တာ။

အကြီးအကဲမင်သဲ့က ရယ်မောလိုက်၏။ “ဒီတောင်းဆိုချက်တွေကို ပြောင်းလို့မရဘူး။ ဒါပေမဲ့ မင်းတို့က အဖြူရောင်ဧကရာဇ်ရဲ့မိတ်ဆွေတွေဆိုတော့ ဒုတိယအချက်ကို ကျော်သွားပေးမယ်”

ဆိုရလျှင် ဤနေရာ၌ အဖြူရောင်ဧကရာဇ်၏လူများကို နှစ်ပေါင်းသုံးထောင်ကြာခေါ်ထားလျှင် အကျဉ်းချထားခြင်းဟု သတ်မှတ်နိုင်၏။ တောင်ပံမျိုးနွယ်တို့သည် အဖြူရောင်ဧကရာဇ်ကို မျက်နှာသာပေးတာ ဖြစ်၏။ သူ၏လူများကို ဤနေရာ၌ နှစ်ပေါင်းသုံးထောင်ခေါ်ထားခြင်းသည် သူ့ကိုစော်ကားရာ ရောက်သွားနိုင်သည်။

ရှောင်ယွမ်အာက ဝမ်းသာသွားလေ၏။ “တကယ်လား”

အကြီးအကဲမင်သဲ့က ပြောလိုက်၏။ “ကျုပ်က စကားတည်တယ်”

“ကောင်းလိုက်တာ” ‌ရှောင်ယွမ်အာက ပြောပြီးနောက် လုကျိုးဖက်လှည့်ကာ စိတ်အားထက်သန်စွာ မေးလိုက်၏။ “ရှစ်စွင်း အခုတပည့်စလို့ရပြီလား”

အကြီးအကဲမင်သဲ့က စိတ်ရှုပ်ထွေးစွာ မေးလိုက်၏။ “နေပါဦး။ မင်းက တိုင်လုံးကနေ အသိအမှတ်ပြုမှုရအောင်ယူဖို့ ကြိုးစားမယ်လို့ ပြောနေတာလား”

“ဟုတ်တယ်လေ ဘာလို့လဲ”

…

အခန်း ( ၁၄၇၉ ) ဖိအားပေး ထိန်းချုပ်ထားခြင်း

အကြီးအကဲမင်သဲ့သည် ဝင့်ကြွားနေသောလုကျိုးကို ကြည့်ပြီး မျက်မှောင် အနည်းငယ် ကြုတ်သွားမိလေ၏။ လုကျိုး၏အမူအရာကို ကြည့်မိချိန်၌ လုကျိုးသည် ကန့်ကွက်မှုမရှိတာ သိသာနေသည်။ အစကနေ ယခုအချိန်ထိသူသည် မဟာအသူရာ‌မြေ၏ ဖျက်ဆီးခြင်းတိုင်လုံးမှ အသိအမှတ်ပြုမှု ရအောင်ယူရန် ကြိုးစားမည့်သူက လုကျိုးဟု ယူဆခဲ့၏။ သူသည် မိန်းကလေးနှစ်ယောက်ကို ထည့်မစဉ်းစားခဲ့ပေ။ ထို့အပြင်သူသည် မင်သဲ့ခန်းမ၌ လုကျိုးကိုစမ်းသပ်ခဲ့စဉ် လုကျိုး၏ စိတ်စွမ်းအားနှင့် စိတ်အခြေအနေသည် လိုအပ်ချက်ပြည့်မီကြောင်း သိခဲ့ရ၏။

ထိုစဉ် လုကျိုးက ပြောလိုက်လေ၏။

“မဟာအသူရာ‌ေမြရဲ့ ဖျက်ဆီးခြင်းတိုင်လုံးကနေ အသိအမှတ်ပြုမှု ရယူချင်တဲ့သူက ကျုပ်ရဲ့တပည့်ပဲ”

အကြီးအကဲမင်သဲ့၏ အမူအရာက တည်ငြိမ်နေသည်။ မည်သည့်နည်းနှင့်မဆို သူတို့ကျရှုံးမှာ သေချာနေသောကြောင့် မည်သူပဲဖြစ်စေကာမူ ကိစ္စမရှိပေ။ သူတို့က အဖြူရောင်ဧကရာဇ်ကို မျက်နှာသာပေးရန်အတွက်သာ လုပ်ပေးခဲ့တာဖြစ်သည်။

တစ်ဖက်တွင်မူ ဟုန်ကျန့်က မပြောဘဲ မနေနိုင်တော့ပေ။ “ ခင်ဗျားမဟုတ်ဘူးလား” လုကျိုးက ခေါင်းခါလိုက်၏။

“ ကျုပ်ကဒါကို မလိုအပ်ဘူး”

လုကျိုး၌ ကောင်းကင်စွမ်းအား၊ ကောင်းကင်ကျမ်းစာ စာလိပ်သုံးခုနှင့် အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်တို့ ရှိပေသည်။ ထို့ကြောင့် သူ၏မွေးရာပါ ပါရမီက အပြည့်အဝ ထုတ်သုံးနိုင်သည်။ သူက ကျင့်ကြံခြင်း လမ်းစဉ်သစ်ပေါ် ရောက်နေ၏။ သူ၏ ကျင့်ကြံခြင်းလမ်းစဉ်သည် မဟာလေဟာနယ်မျိုးစေ့ထက်တောင် ပိုပြီးကောင်းကင်ကို ဖီဆန်နိုင်စွမ်းရှိ၏။

ဟုန်ကျန့်က ပြုံးလျက် ပြောလိုက်သည်။ “ ဒီလိုရှားပါးတဲ့အခွင့်အရေးကို ခင်ဗျားတန်ဖိုးထားတတ်ရမယ်။ မဟာအသူရာမြေရဲ့ ဖျက်ဆီးခြင်းတိုင်လုံးထဲ လူတိုင်းဝင်နိုင်တာမဟုတ်ဘူး”

လုကျိုးသည် အစောတုန်းက လူတစ်ယောက်၏ စိတ်စွမ်းအားနှင့် စိတ်အခြေအနေ စမ်းသပ်မှုအကြောင်း အနည်းငယ် သိချင်စိတ်ဖြစ်ခဲ့၏။ သို့သော် ကျန်သည့်ဖျက်ဆီးခြင်းတိုင်လုံး ကိုးခုအကြောင်း စဉ်းစားမိချိန်၌ သူသည် ဤတိုင်လုံး၌ ထူးခြားသည့်အရည်အသွေး ရှိပုံမပေါ်တာကို အာရုံမခံမိပေ။ ထို့ကြောင့် သူ စိတ်မဝင်စားတော့ပေ။

လုကျိုးက ပြောလိုက်သည်။ “ ကျုပ်စိတ်မဝင်စားဘူး”

ဟုန်ကျန့်က ဆွံ့အသွားလေ၏။ မျက်နှာသာပေးမှုကို မည်သို့တန်ဖိုးထားရမည်မှန်း မသိသည့်သူအား ပထမဦးဆုံးအကြိမ် တွေ့ဖူးတာဖြစ်သည်။ မဟာအသူရာမြေ၏ ဖျက်ဆီးခြင်းတိုင်လုံးထဲ လူပေါင်းများစွာဝင်ဖို့ ကြိုးစားခဲ့သော်ငြား ဝင်ခွင့်မရခဲ့ကြချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ့အရှေ့ရှိလူကမူ စိတ်ဝင်စားခြင်းမရှိ။ သူ့ဘာသာသူ စဉ်းစားလိုက်၏။

အဖြူ‌ရောင်ဧကရာဇ်ကြောင့်သာ မဟုတ်ရင် ဒီနေရာကို ခင်ဗျားတို့ ဘယ်သူမှလာနိုင်မှာ မဟုတ်ဘူး ဘာကြောင့် ဟန်ဆောင်ပန်ဆောင် လုပ်နေတာလဲ။

“ ကျွန်မအခု စလို့ရပြီလား” ရှောင်ယွမ်အာက မေးလိုက်ပြန်၏။ ရှောင်ယွမ်အာသည် စိုးရိမ်ပူပန်လွန်းလှသဖြင့် ကဏှာမငြိမ် ဖြစ်နေတော့၏။ အကြီးအကဲမင်သဲ့က ရှောင်ယွမ်အာကို လှမ်းပြောလိုက်၏။

“ အခု သွားကြိုးစားကြည့်လို့ရပြီ” စိတ်ထဲတွင်မူ စဉ်းစားလိုက်သည်။ ဘယ်သူက ဂရုစိုက်မှာလဲ ဒါက ကျင့်ဝတ်အရပဲကို။

“ ဟုတ်”

ရှောင်ယွမ်အာသည် လေးထောင့်စင်မြင့်ဆီသို့ လျှောက်သွားလိုက်သည်။ သူမအစွန်းနား ရောက်တော့မည့်အချိန်၌ အကြီးအကဲမင်သဲ့က ပြောလိုက်၏။

“မိန်းကလေး မင်းကို သတိထပ်ပေးလိုက်မယ်၊ မင်းရဲ့စိတ်မှာ နှောင့်ယှက်မှုကို ခံစားရရင်၊ ဒါမှမဟုတ် ကြောက်လန့်နေရင် ကြိုးစားတာကို ရပ်လိုက်တာ အကောင်းဆုံးပဲ”

အကြီးအကဲမင်သဲ့သည် အဖြူရောင်ဧကရာဇ်၏လူများကို ဤနေရာ၌ ဘာမှမဖြစ်စေချင်ပေ။

ရှောင်ယွမ်အာက ဇဝေဇဝါဖြင့် လှည့်မေးလိုက်လေ၏။

“ သူတို့တွေက ထင်ယုံထင်မှား ဖြစ်စေရုံပဲမလား၊ ဘာကြောက်စရာရှိတာလဲ” အကြီးအကဲမင်သဲ့က ပခုံးတွန့်လိုက်၏။ “ ငါထင်တာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သတိပေးချက်တစ်ခု”

“ ဪ…” ရှောင်ယွမ်အာက လှည့်ထွက်သွားကာ ပြောလိုက်၏။ “ ဒီတော့ ဒါက အစိမ်းရောင်ကြာနယ်မြေထဲက ကောင်းကင်ကြိုးတန်းနဲ့ တူတာပဲ”

ထိုစကားကိုကြားသောအခါ အကြီးအကဲမင်သဲ့က ပြောလိုက်၏။ “ ဒါက ကောင်းကင်ကြိုးတံတားထက် ပိုပြီးအဆတစ်ရာ အန္တရာယ်ပိုများတယ်၊ မင်းရဲ့စိတ်ထဲက အကြောက်တရားကိုပဲ ပေါ်ပေါက်စေတာ၊ ဒါပေမဲ့ ဒီတိုင်လုံးကတော့ အသိစိတ်ကို အဆုံးမဲ့ချောက်နက်ထဲ ရောက်သွားစေနိုင်တယ်၊ ဂရုမစိုက်မိရင် အဲ့ဒါက မင်းရဲ့ အသိစိတ်ကိုတောင် ဝါးမျိုနိုင်တယ်”

ရှောင်ယွမ်အာသည် အစထဲက ကြောက်ရွံ့တတ်သူဖြစ်သည်။ ထိုစကားကို ကြားသောအခါ အနည်းငယ် ကြောက်လန့်သွားလေ၏။

လုကျိုးသည် ရှောင်ယွမ်အာ၏လှုပ်ရှားမှုများ သိသိသာသာ နှေးကွေးသွားတာကို မြင်သောအခါ အားပေးလိုက်လေ၏။ “ စိတ်မပူနဲ့ ဆက်သွား”

“ ဟုတ်” ရှောင်ယွမ်အာသည် စင်မြင့်ဆီသို့ ဖြည်းဖြည်းချင်း တက်သွားတော့သည်။

ထိုစဉ် တောင်ပံမျိုးနွယ်များစွာသည် ခန်းမအပြင်ဘက်၌ ပေါ်လာ၏။ သို့သော် သူတို့သည် ဂုဏ်သရေရှိ ဧည့်သည်များကို အနှောင့်အယှက် မဖြစ်စေရန်အတွက် အထဲသို့ ဝင်မလာခဲ့ပေ။ ရှောင်ယွမ်အာက လေးထောင့်စင်မြင့်ဆီသို့ သွားသည့် လှေကားထစ်ပေါ်သို့ လျှောက်နေစဉ် အကြီးအကဲမင်သဲ့က မျက်တောင်မခတ် ကြည့်နေလေ၏။

အရံအတားတွေ ပူပေါင်းတစ်ခုပမာ ရောင်ခြည်များ တောက်ပနေ၏။

ရှောင်ယွမ်အာသည် အင်မတန် စိတ်လှုပ်ရှားနေသည်။ သူမ အသက်ပြင်းပြင်းရှူပြီးနောက် လက်ကျစ်ကျစ်ဆုပ်ကာ သူမကိုယ်သူမ အားပေးလိုက်၏။ သူမကိုယ်သူမ ထပ်တလဲလဲ အားပေးပြီးနောက် နောက်ဆုံး၌ အရံအတားထဲဝင်ရန် ခြေတစ်လှမ်း လှမ်းလိုက်သည်။

ထိုစဉ် ဟုန်ကျန့်က ပြောလိုက်၏။ “ မင်း အရံအတားနဲ့ နည်းနည်းလေးပဲ လိုတော့တယ် ဂရုစိုက် ဖြည်းဖြည်းချင်းသွား”

ရှောင်ယွမ်အာသည် အရံအတားဆီသို့ ဆက်လျှောက်သွားသည်။

ဗြီး…..

လေထဲ၌ ဆူညံသံပေါ်ထွက်လာပြီး အရံအတားနား၌ လျှပ်စီးကြောင်း ပေါ်လာ၏။ ရှောင်ယွမ်အာက အရံအတားထဲ လွယ်လင့်တကူ ဝင်သွားတော့၏။

အကြီးအကဲမင်သဲ့နှင့် ဟုန်ကျန့်တို့သည် မျက်လုံးအပြူးသား၊ ပါးစပ်အဟောင်းသားဖြင့် ကြည့်နေမိသည်။ အရံအတားအတွင်း၌ ရပ်နေသော ရှောင်ယွမ်အာဆီမှ အကြည့်မခွာနိုင်ပေ။

ရှောင်ယွမ်အာသည် အရံအတားထဲဝင်ပြီးနောက် လူတိုင်းကိုလှည့်ကြည့်လိုက်၏။ ပြီးနောက် သူမမျက်နှာနှင့် ခန္ဓာကိုယ်ထိကြည့်ရာ အရာအားလုံး ပုံမှန်ဖြစ်ကြောင်း အတည်ပြုပြီးနောက် လူတိုင်းကို ကြည့်လိုက်ပြန်သည်။ ခဏအကြာ၌ သူမက အနည်းငယ် စိုးရိမ်ပူပန်စွာ ပြောလိုက်သည်။ “ ပြီးသွားပြီ … ပြီးသွားပြီ ထင်ယောင်ထင်မှားထဲမှာ ပြီးသွားပြီ”

အားလုံး “ …… ”

ခဏအကြာ၌ ရှောင်ယွမ်အာက လူတိုင်းကိုကြည့်ပြီး ရေရွတ်ပြောလိုက်၏။ “ ဟမ့် …. သူပြောသလို ကြောက်ဖို့မကောင်းပါဘူး”

တိတ်ဆိတ်မှုသာ ကြီးစိုးနေသည်။

ဟုန်ကျန့်သည် တိတ်ဆိတ်မှုကို ဦးစွာ ဖျက်ဆီးလိုက်၏။ “ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ရှောင်ယွမ်အာသည် အထိတ်တလန့် ထခုန်လိုက်သည်။ ပြီးနောက် သူမက ရင်ဘတ်ကိုပုတ်လျက် ပြောလိုက်သည်။ “ ရှင်တို့အားလုံးကို ပုံရိပ်ယောင်တွေလို့ထင်တာ၊ ပုံရိပ်ယောင်တွေက ဘယ်မှာလဲ”

“ ….. ”

ဟုန်ကျန့်က ဤမေးခွန်းအတွက် အဖြေမရှိပေ။

“ဒါက ဖျက်ဆီးခြင်းတိုင်လုံး အတု မဟုတ်လောက်ဘူးမလား” အကြီးအကဲမင်သဲ့သည် ရင်ထဲရှိ ထိတ်လန့်မှုကို ဖိနှိပ်လိုက်ပြီး ပြောလိုက်၏။ “ ဒါက မဟာအသူရာမြေမှာရှိတဲ့ ဖျက်ဆီးခြင်းတိုင်လုံးပဲ၊ မဟာလေဟာနယ်မျိုးစေ့က မင်းရဲ့အနောက်မှာရှိတယ်၊ အားလုံးအတုလုပ်လို့ရပေမဲ့ မဟာ‌လေဟာနယ်မျိုးစေ့ကိုတော့ အတုလုပ်လို့မရဘူး”

ရှောင်ယွမ်အာသည် အရံအတားထဲ လျှောက်ပတ်သွားလိုက်၏။ ကိုးကြိမ် ကြိုးစားပြီး ကျရှုံးခဲ့ပြီးနောက် သူမအတော်လေး သိချင်နေသည်။ ခဏအကြာ၌ သူမဓားကိုင်ကာ မဟာလေဟာနယ်ပျိုးပင်ကို တစ်ချက်ကြည့်ရန် သွားလိုက်သည်။ “ ရပ်လိုက်” ဟုန်ကျန့်က အော်လိုက်၏။

ရှောင်ယွမ်အာက အထိတ်တလန့်ဖြင့် လက်ပြန်ရုတ်လိုက်သည်။

ဟုန်ကျန့်က ပြစ်တင်ရှုတ်ချလိုက်၏။ “ မင်း မဟာလေဟာနယ်အပင်ပေါက်ကို ဖျက်ဆီးမိရင် နောက်ဆက်တွဲ အကျိူးဆက်ကို ခံနိုင်ရည်ရှိလို့လား” ရှောင်ယွမ်အာက စောဒကတက်လိုက်၏။ “ ကျွန်မ ထိရုံပဲထိမှာ မဖျက်ဆီးပါဘူး”

“ ဒီလိုဆိုရင်တောင် ထိလို့မရဘူး” ဟုန်ကျန့်က ပြောလိုက်၏။ ထိုစဉ် အကြီးအကဲမင်သဲ့က ရယ်မောလျက် ပြောလိုက်သည်။ “ စိတ်မပူနဲ့ မင်းမှာ ဖျက်ဆီးဖို့ ရည်ရွယ်ချက်မရှိတာ ယုံတယ်”

ရှောင်ယွမ်အာသည် အကြီးအကဲမင်သဲ့ကို ကြည့်ပြီးပြောလိုက်၏။

“ရှင်ကမှ သူ့ထက်ပိုသိတတ်သေးတယ်”

All Chapters