အခန်း (၁၄၈၀-၁၄၈၂)
Vol. 99 Ch. 1480-1482
အခန်း (၁၄၈၀) ဖိအားပေး ထိန်းချုပ်ထားခြင်း (၂)
လုကျိုးသည် ကြည်လင်သောအသံဖြင့် ပြောလိုက်လေ၏။
“ငါ့ရဲ့တပည့်က ရဲတင်းပေမဲ့ သန့်စင်တဲ့နှလုံးသားရှိတယ်။ သူ့ရဲ့အကန့်အသတ်ကို သူ သိတယ်”
“ရှစ်စွင်း ပြောတာမှန်တယ်” ရှောင်ယွမ်အာက သံယောင်လိုက်လေ၏။
လုကျိုးသည် အမြင်စွမ်းအားကနေ ရှောင်ယွမ်အာဆီ စီးဝင်သွားသည့် စွမ်းအင်စီးကြောင်းကို တွေ့လိုက်ရ၏။ ဖြစ်စဉ်တစ်ခုလုံးက အချိန်တခဏယူလိုက်ရသည်။ တစ်ဖက်တွင်မူ အကြီးအကဲမင်သဲ့က ရှောင်ယွမ်အာကို အနီးကပ်စောင့်ကြည့်နေသည်။ သူမ၏စိတ်စွမ်းအားနှင့် စိတ်အခြေအနေတစ်ခု စမ်းသပ်မှုရှိနေမလားဟု မြင်ချင်သည်။ သို့သော် ၁၅မိနစ်ကြာပြီးနောက် ပြောင်းလဲမှုမရှိလာပေ။ သူသည် သူမကိုကြည့်မိလေလေ ပိုမိုကြောက်လန့်လေလေဖြစ်၏။ သူသည် လုကျိုးကိုကြည့်ပြီးမေးလိုက်တော့သည်။
“သူ့ရဲ့ အထက်အကန့်အသတ် ပွင့်လျက်သားနဲ့ နိုးလာတာများလား” လုကျိုးက မျက်မှောင်ကျုံ့မိသွား၏။ ယင်းကို သူက ဖုံးကွယ်ထား၍မရပုံပေါ်၏။ ထို့ကြောင့် သူက ခေါင်းညိတ်ပြီးပြောလိုက်သည်။
“ဟုတ်တယ်”
“အံ့ဩစရာမရှိဘူးပဲ” အကြီးအကဲမင်သဲ့က ပြောလိုက်ပြီးနောက် ထပ်မေးလိုက်၏။ “သူ ဘယ်ကနေ လာတာလဲ”
ယခုအခေါက်တွင် လုကျိုးက မေးခွန်းကိုမဖြေတော့ဘဲ ပြောလိုက်သည်။ “ဒါ ခင်ဗျားနဲ့ ဘာမှမဆိုင်ဘူးမလား”
အကြီးအကဲမင်သဲ့သည် လုကျိုး သတိထားနေတာ ပြောနိုင်၏။ သူက ပြောလိုက်သည်။
“စိတ်အခြေအနေ”
“အခု အဲဒါအရေးမကြီးဘူး” လုကျိုးက ပြောလိုက်၏။
“မင်းက သူတော်စင်တစ်ယောက်ထက် မသန်မာလောက်ဘူးလို့ ခန့်မှန်းမိတယ်။ မင်းက ထိလွယ်ရှလွယ် ဖြစ်လွန်းပြီး အရှိန်အဝါအတက်အကျက အားနည်းချက်ပဲ။ မင်းရဲ့ဝတ်ရုံက တခြားဟာတွေကို ပိတ်ဆို့နိုင်ပေမဲ့ မင်းမှာ မွေးဖွားဇယားချပ် ၂၆ခုထက် ပိုမရှိတာကို ငါ ပြောနိုင်တယ်”
အကြီးအကဲမင်သဲ့က ပြောလိုက်၏။
“ခင်ဗျား ခန့်မှန်းနိုင်တယ်လား” လုကျိုးသည် မျက်မှောင်ကျုံ့လျက် အနည်းငယ်အံ့ဩသွားတော့သည်။
“မဟာအသူရာမြေရဲ့ဖျက်ဆီးခြင်းတိုင်လုံးထဲက အရံအတားမှာ ထူးခြားတဲ့ဆောင်ရွက်ချက်တစ်ခုရှိပြီး စိတ်ပိုင်းဆိုင်ရာ ရုပ်ပုံလွှာလို့ခေါ်တယ်” အကြီးအကဲမင်သဲ့က ရှင်းပြလိုက်၏။
“လူတိုင်းမှာ တချိန်လုံး စိတ်ထဲအတွေးတွေ ရှိကြတယ်။ ပြီးတော့ လူတိုင်း တွေးနေတဲ့အရာအများစုက ဒီမှာ ဖော်ထုတ်ခံရမယ်”
လုကျိုးက လှည့်ပတ်ကြည့်လိုက်သော်ငြား သူသည် မူမမှန်တာကို မတွေ့ရပေ။ အကြီးအကဲမင်သဲ့က လိမ်တာဟုတ်မဟုတ် သေချာမသိပေ။ သို့သော် သူ၏အကန့်အသတ်က မွေးဖွားဇယားချပ် ၂၆ခုဆိုတာ မှန်ပေ၏။ အကြီးအကဲမင်သဲ့၏ခန့်မှန်းချက် ထိုမျှတိကျနေတာ တိုက်ဆိုင်တာမဟုတ်နိုင်ပေ။ အကြီးအကဲမင်သဲ့က ရယ်မောလိုက်၏။ “ငါ လိမ်နေတာလား။ ခန့်မှန်းနေတာလားဆိုတာ မင်း မသေချာမရေရာဖြစ်နေတာ”
လုကျိုးသည် ကောင်းကင်ကျမ်းစာစွမ်းအား၏ ဖုံးကွယ်ခြင်းစွမ်းအားအတွက် မန္တန်ကို ရွတ်ဆိုလိုက်သည်။
ကောင်းကင်ပညာရပ်တွင် မိမိ၏ပညာအစစ်အမှန် အမြော်အမြင်တို့ဖြင့် မိမိ၏ကျယ်ပြောလှသော ခွန်အားကို ဖယ်ထုတ်နိုင်၏။ ကျင့်ကြံမှုဖြင့် မိမိသည် မြင်ကွင်းများမှ ဖုံးကွယ်နိုင်ပြီး အမျိုးမျိုးသော ကောင်းကင်ပညာရပ်များမှ ရှာဖွေခြင်းကို ရှောင်ရှားနိုင်သည်။
ဖုံးကွယ်ခြင်းသည် သူ၏ကောင်းကင်စွမ်းအားကို များများစားစားမကုန်ဆုံးစေဘဲ သူ၏အရှိန်အဝါကို ဖုံးကွယ်ပေးနိုင်၏။
အကြီးအကဲမင်သဲ့က အနည်းငယ်အံ့ဩသွားတော့သည်။ “ကောင်းလိုက်တဲ့ နည်းစနစ်”
လုကျိုးက မေးလိုက်သည်။ “ခင်ဗျားက တခြားသူတွေရဲ့အတွေးကို ကြည့်ရတာ သဘောကျပုံပဲ”
အကြီးအကဲမင်သဲ့က ခေါင်းခါလိုက်၏။ “ချောင်းမြောင်းကြည့်ရှုတာမဟုတ်ဘူး။ လှည့်ကွက်လေးတစ်ခုပဲ။ မဟုတ်ရင် မဟာအသူရာမြေရဲ့ဖျက်ဆီးခြင်းတိုင်လုံးထဲမှာ ဘယ်သူနဲ့ငါနဲ့ စကားပြောချင်စိတ်ရှိမှာလဲ”
ထင်သည့်အတိုင်းပင် ၎င်းက အကြီးအကဲမင်သဲ့၏စွမ်းရည်များထဲမှ တစ်ခုဖြစ်သည်။
လုကျိုးသည် အကြီးအကဲမင်သဲ့က အစောတုန်းက သူ့အပေါ်၌ စိတ်စွမ်းအားဖော်ထုတ်ခဲ့တာကို ပြန်တွေးမိသွား၏။ ထိုစဉ်က အကြီးအကဲမင်သဲ့သည် သူ၏အတွေးများကို ချောင်းမြောင်းကြည့်ရှုခဲ့ဟန် တူသည်။ လုကျိုးက တည်ငြိမ်သွားလျက် အရံအတားဖက် ပြန်လှည့်ကြည့်လိုက်သည်။
ထိုစဉ် အကြီးအကဲမင်သဲ့က ပြုံးလျက်ခေါ်လိုက်၏။ “မိန်းကလေး”
“ဟမ်”
“ဒီကိုလာ” အကြီးအကဲမင်သဲ့က ရုတ်တရက်လက်ခုပ်တီးပြီးနေရာလဲလိုက်သည်။
ရှောင်ယွမ်အာက အလိုလိုလှည့်ကြည့်လိုက်၏။
လုကျိုးက ယင်းကိုမြင်သောအခါ မျက်မှောင်ကျုံ့မိသွားသည်။ ရှောင်ယွမ်အာက တုံးအလွန်းသေး၏။ အကြီးအကဲမင်သဲ့က သူ့ကိုလှည့်စားဖို့ကြိုးစားနေတာကိုတောင် မသိပေ။
အကြီးအကဲမင်သဲ့ သူ၏စိတ်စွမ်းအားကိုမထုတ်ဖော်ရသေးခင် သူက အရံအတားနားသွားလိုက်၏။ သို့သော် အရံအတားနားကပ်သွားသည်နှင့် လေထုထဲပျောက်သွားသည်။ အကြီးအကဲမင်သဲ့ ပြန်ပေါ်လာချိန်တွင် ရှောင်ယွမ်အာက သူ့ကိုအထူးတဆန်းကြည့်ကာ မေးလိုက်တော့သည်။ “ဘာလုပ်နေတာလဲဟင်”
“ဟမ်” အကြီးအကဲမင်သဲ့က ပြုံးလိုက်၏။ “အခု ထွက်လာလို့ရပြီ”
“မဟုတ်ဘူး။ ဒီမှာ တော်တော်လေး သက်သောင့်သက်သာရှိတယ်။ ဒီမှာ ခဏလေး နေဦးမယ်”
ရှောင်ယွမ်အာက ပြောပြီးနောက် အရံအတားထဲ ရှေ့လျှောက်နောက်လျှောက် လျှောက်နေ၏။ သူမက ကာကွယ်ပေးခံရသည့်ပမာ အရံအတားထဲ၌ ဘေးကင်းလုံခြုံမှုကို ခံစားရသည်။
“ကောင်းပြီ မင်း နေလို့ရတယ်” အကြီးအကဲမင်သဲ့က ထူးဆန်းသောအပြုံးဖြင့် ပြောလိုက်သည်။
အကြီးအကဲမင်သဲ့၏ သဘောထားရုတ်ခြည်းပြောင်းလဲမှုက ပဟေဠိဆန်လွန်းလှ၏။ သူက လုကျိုးဖက် ရုတ်တရက်လှည့်ကာ မေးလိုက်သည်။ “သူက မင်းရဲ့တပည့်လား”
လုကျိုးက လက်နောက်ပစ်ရပ်နေကာ ပြန်မဖြေပေ။
အကြီးအကဲမင်သဲ့က ဆက်ပြုံးနေသည်။ “သူ့ရဲ့ပါရမီက အင်မတန်မြင့်တယ်။ သူ့ရဲ့အနာဂတ်က အကန့်အသတ်မဲ့တယ်။ အခုမဟာအသူရာမြေရဲ့ဖျက်ဆီးခြင်းတိုင်လုံးက သူ့ကိုအသိအမှတ်ပြုပြီးပြီ။ သူ့ကို နေခိုင်းပါလား။ တောင်ပံမျိုးနွယ်က သူ့ကိုသေချာပေါက် ကောင်းကောင်းပျိုးထောင်ပေးမယ် ဘယ်လိုထင်လဲ”
နောက်ဆုံးတော့ မင်းရဲ့မြေခွေးမြီးကို ထုတ်ပြလာပြီပဲ။
လုကျိုးက ခေါင်းခါလိုက်၏။ “မရဘူး”
“အလျင်စလိုမငြင်းနဲ့လေ။ အဖြူရောင်ဧကရာဇ်ကို ထည့်စဉ်းစားပေးမှာပေါ့။ အကြီးအကဲယွီနဲ့ အဖြူရောင်ဧကရာဇ်က မိတ်ဆွေကောင်းတွေပဲ။ သူ နေချင်တယ်ဆိုရင် သူက ဧကရာဇ်ဖြူရဲ့အမွေအနှစ်ကို ရပြီး နောက်ထပ် တောင်ပံဧကရာဇ်ဖြစ်လာနိုင်တယ်”
အကြီးအကဲမင်သဲ့က ပြောလိုက်၏။
“ကျွန်မ တောင်ပံဧကရာဇ် မဖြစ်ချင်ပါဘူး” ရှောင်ယွမ်အာက ပြောလိုက်သည်။
လူသားများ၏စံသတ်မှတ်ချက်သည် ကြမ်းတမ်းခက်ထန်သားရဲများနှင့် မတူညီပေ။ ရှောင်ယွမ်အာက သူမနောက်ကျော၌ တောင်ပံတစ်စုံ မပေါက်ချင်ပေ။
အကြီးအကဲမင်သဲ့က ပြောလိုက်သည်။ “အခြေအနေအရ မင်းက ဒီမှာ နှစ်ပေါင်း သုံးထောင်နေရမယ်”
ထိုအခြေအနေသည် ပါရမီရှင်များ ထွက်သွားများကို ကာကွယ်ရန်ဖြစ်သည်။
နှစ်ပေါင်းသုံးထောင်အတွင်း သူတို့က တဖက်သူကို ဦးနှောက်ဆေးကာ စိတ်စွမ်းအားကို တိုက်စားနိုင်၏။ စိတ်ဆန္ဒကို တိုက်စားနိုင်သည်။ တစ်ဖက်လူကို သူတို့လူဖြစ်လာဖို့လွယ်ကူသည်။ သူမက မိသားစုတည်ထောင်ပြီး တောင်ပံမျိုးနွယ်သားတစ်ယောက်နှင့် ပေါင်းဖက်သွားလျှင် ပိုတောင်ကောင်းလိမ့်မည်။
ရှောင်ယွမ်အာက ပြောလိုက်လေ၏။ “ဒုတိယအခြေအနေကို ကျော်သွားပေးမယ်လို့ အစောတုန်းက ပြောခဲ့တယ်မလား”
အကြီးအကဲမင်သဲ့က ပြောလိုက်တော့သည်။ “ငါက အကြီးအကဲတစ်ယောက်ပဲ။ တောင်းဆိုချက်တွေကို ဘယ်လိုလုပ် သာမန်ကာလျှံကာ ပြောင်းနိုင်မှာလဲ။ အစောတုန်းက လက်လွတ်စပယ်ပြောမိတာ တောင်းပန်တယ်”
ရှောင်ယွမ်အာသည် အကြီးအကဲမင်သဲ့ကဲ့သို့ လူမျိုးကို အရွံဆုံးဖြစ်သည်။ အစောတုန်းက ဒုတိယတောင်းဆိုချက်ကို ဖယ်ရှားပေးမည်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းပြောခဲ့၏။ သို့သော် ယခုမူ အရှက်မရှိ သူ၏စကားကိုရုတ်သိမ်းလိုက်သည်။ သူမက သူ့ကို ဒေါသတကြီးလက်ညှိုးထိုးလျက် အထစ်ထစ်အငေါ့အငေါ့ ပြောလိုက်၏။ “ရှင် ရှင်”
လုကျိုးနှင့်ခရုလေးက အတော်လေးဆွံ့အသွားသည်။
နောက်ဆုံး၌ လုကျိုးက ဝင်ပြောလိုက်သည်။ “ဘာပဲဖြစ်ဖြစ် ယွမ်အာက ဒီမှာနေမှာမဟုတ်ဘူး”
အကြီးအကဲမင်သဲ့က ပြောလိုက်သည်။ “ဒီမိန်းကလေးက ပါရမီထူးတယ်။ သူ့ရဲ့အကန့်အသတ်တောင် ဖွင့်လှစ်ပြီးပြီ။ သူက သေချာပေါက် အထွတ်အထိပ်သက်ရှိဖြစ်လာပြီး နောက်ပိုင်းကျ လူသားတွေအားလုံးကို အုပ်စိုးနိုင်မှာ”
“လူသားအားလုံးကို အုပ်စိုးဖို့လား” လုကျိုးက မျက်မှောင်အနည်းငယ်ကျုံ့မိသွားလေ၏။
“အမှန်ပဲ။ မဟာအသူရာမြေက ရန့်တင်းလို့အမည်ရပြီး လူသားမျိုးနွယ်က ကောင်းကင်ကို အုပ်စိုးတယ်လို့ဆိုလိုတာ။ သူ့ကို ရန့်တင်းက ဖျက်ဆီးခြင်းတိုင်လုံးက အသိအမှတ်ပြုလိုက်ပြီဆိုတော့ သူက သေချာပေါက် လူသားတွေရဲ့အုပ်ချုပ်သူ အလောင်းအလျာဖြစ်လာမှာပဲ။ အထွတ်အထိပ်သက်ရှိတွေကြား ကွာဟချက်တွေရှိတယ်။ အထွတ်အထပ်သက်ရှိအောက်ကို အံ့ဖွယ်တွေလို့ခေါ်ပြီး ပိုအဆင့်မြင့်တဲ့သက်ရှိကို အံ့ဖွယ်ဘုရင်၊ မြင့်မြတ်တဲ့ အထွတ်အထိပ်သက်ရှိကို အံ့ဖွယ်ဧကရာဇ်လို့ခေါ်တယ်။ ခင်ဗျားရဲ့တပည့်ကို လူသားအုပ်ချုပ်သူအလောင်းအလျာ မဖြစ်စေချင်ဘူးလား”
လုကျိုးက တုံ့ဆိုင်းခြင်းမရှိ ပြောလိုက်၏။ “သူ ငယ်သေးတယ်။ ဒီလောက်ကြီးလေးတဲ့တာဝန်ကို မထမ်းရွက်နိုင်မှာ စိုးရိမ်မိတယ်။ စိတ်ပျက်စေမိတာ တောင်းပန်ပါတယ်။ ဒါပေမဲ့ မရဘူး”
လုကျိုးက စဉ်းစားမိသည်မှာ ယခုအချိန်မှာ အရေးအကြီးဆုံးအရာက ရှောင်ယွမ်အာကိစ္စပြီးသည်နှင့် မဟာအသူရာမြေ၏ဖျက်ဆီးခြင်းတိုင်လုံးမှ ထွက်သွားရန်ဖြစ်သည်။ တစ်ဖက်တွင် မည်သို့ပြောစေကာမူ သူ အားလုံးကို ငြင်းမှာပဲဖြစ်သည်။
အကြီးအကဲမင်သဲ့က ပြောကာစိတ်မကျေမနပ်ဖြစ်သွား၏။ “ခင်ဗျားက မဟာအသူရာမြေရဲ့ ဖျက်ဆီးခြင်းတိုင်လုံးရဲ့ စည်းမျဉ်းတွေကို လေးစားမှုမရှိဘူးပဲ”
“မင်း စကားကို ပြန်ရုတ်သိမ်းခဲ့ပြီး မင်းက လေးစားမှုအကြောင်းပြောချင်နေသေးလား” လုကျိုးက ထပ်ပြောလိုက်၏။ “မင်းက အဖြူရောင်ဧကရာဇ်ကို လေးစားမှုမရှိဘူးပဲ”
ယခုအချိန်၌ အကြီးအကဲမင်သဲ့သည် သူ၏သဘောထားက မမှန်ကန်တာကို သဘောပေါက်သွားလေ၏။ သူသည် ဤမိန်းကလေးကို နေခဲ့ခိုင်းရန် စိတ်အားထက်သန်နေသဖြင့် စိတ်လိုက်မာန်ပါ ပြုမူမိသည်။ ထို့ကြောင့် သူ ချက်ချင်းပင် စိတ်အေးအေးထားကာ ဦးညွှတ်ကာ တောင်းပန်လိုက်သည်။
“ကျုပ် တောင်းပန်ပါတယ်။ ဒီမိန်းကလေးကို နှစ်သက်လို့ဖြစ်သွားရုံပဲ။ စော်ကားတယ်လို့မမှတ်ယူပါနဲ့”
လုကျိုးက အကြီးအကဲမင်သဲ့ကို လျစ်လျူရှုလိုက်၏။
အကြီးအကဲမင်သဲ့က ထပ်ပြောလိုက်သည်။ “ကျုပ် စကားနဲ့လုပ်ရပ်အတွက် တောင်းပန်တယ် မိန်းကလေး။ မဟာအသူရာမြေရဲ့ဖျက်ဆီးခြင်းတိုင်လုံးကနေ ထွက်သွားနိုင်တယ်”
ယခုအခေါက်တွင် ရှောင်ယွမ်အာသည် အထဲ၌ နေရတာသက်သောင့်သက်သာ မဖြစ်တော့ဟု ခံစားရသောကြောင့် ထွက်လာလိုက်သည်။ သူမ လုကျိုးဘေးသို့လျှောက်သွားကာ ပြုံးလျက်ပြောလိုက်၏။
“ရှစ်စွင်း တပည့်လူသားအချုပ်အခြာမဖြစ်ချင်ဘူး။ ရှစ်စွင်းဘေးမှာပဲ တစ်သက်လုံးနေချင်တယ်”
လုကျိုးသည် သူ့ရင်ထဲ၌ နွေးထွေးမှုကို ခံစားလိုက်ရသည်။ သူက လက်မြှောက်လျက် ခေါင်းကို ပွတ်သပ်ပေးကာ ကောင်းကင်စွမ်းအားများကို သူမအား လွှမ်းခြုံသွားစေ၏။ “ကောင်းပြီ သွားကြမယ်”
ပြီးနောက် သူသည် ခရုလေးကို ဖြတ်ကျော်သွားစဉ် ကောင်းကင်စွမ်းအားကို လွှမ်းခြုံပေးလိုက်သည်။ ပြဿနာတစ်ခုခုရှိလျှင် သူသည် နေရာရွေ့ပြောင်းအဆောင်ကို အသုံးပြုပြီး သူတို့ကိုခေါ်သွားနိုင်၏။ စုပေါင်းပို့ဆောင်ရေးကျောက်စိမ်းအဆောင်က ဤနေရာ၌ အသုံးမဝင်ဟုခံစားမိသည်။ သို့သော် သူ၏ နေရာရွေ့ပြောင်းပို့ဆောင်ရေးစွမ်းအားက ထိန်းချုပ်မခံထားရပေ။
အကြီးအကဲမင်သဲ့က လှမ်းခေါ်လိုက်၏။
“ဘာလို့ဒီလောက်ထွက်သွားဖို့ အလျင်လိုနေတာလဲ။ မဟာအသူရာမြေရဲ့ဖျက်ဆီးခြင်းတိုင်လုံးက တစ်စုံတစ်ယောက်ကို အသိအမှတ်ပြုတာ အရေးကြီးတဲ့ကိစ္စပဲ။ ဧကရာဇ်ယွီကို သတင်းပို့ဖို့လိုတယ်။ အရှင်မင်းကြီးကိုယ်တိုင် လာကြိုဆိုလိမ့်မယ်”
လုကျိုးက ပြောလိုက်၏။ “မလိုဘူး။ ကျုပ် အရေးကြီးကိစ္စတွေ လုပ်စရာရှိသေးတယ်။ ဒီနေ့ဖြစ်ခဲ့တာတွေ သေချာပေါက်မှတ်ထားပြီး နောင်ကျ သူ့ကိုသေချာပေါက်ပြန်ပေးဆပ်မယ်လို့ ဧကရာဇ်ယွီကို ကျေးဇူးပြုပြီး ပြောပေးပါ”
“ဒါက” အကြီးအကဲမင်သဲ့သည် သုံးယောက်ရှေ့၌ ပေါ်လာ၏။ “ခင်ဗျားတို့ရဲ့အချိန်ကို သိပ်မယူပါဘူး။ အရင်တုန်းက ဒီကလေးက တိုင်လုံးရဲ့အသိအမှတ်ပြုမှုကို ရလိမ့်မယ်လို့မထင်ထားခဲ့ဘူး။ ကျုပ် တကယ်ကန်းခဲ့တာပဲ” ပြီးနောက် သူက အသံမြှင့်လျက် လှမ်းခေါ်လိုက်သည်။
“ဟုန်ကျန့်”
“အမိန့်ရှိပါ” ဟုန်ကျန့်က ဦးညွှတ်လိုက်၏။
“မြန်မြန် သတင်းသွားပို့” အကြီးအကဲမင်သဲ့က ပြောလိုက်၏။ လုကျိုးက မျက်မှောင်ကျုံ့လျက် လေးနက်သောအသံဖြင့် ပြောလိုက်သည်။ “ခင်ဗျားက ကျုပ်တို့ကို ဖိအားပေးထိန်းချုပ်ဖို့ ကြိုးစားနေတာလား”
“မဟုတ်ပါဘူး”
“ဒါဆို ဘေးဖယ်” လုကျိုးက ပြောလိုက်၏။
ထိုစဉ် တောင်ပံမျိုးနွယ်သားတစ်ယောက်က ခန်းမထဲဝင်လာသည်။ သူက ဆင်းသက်ပြီးနောက် ပြောလိုက်၏။ “အဖြူရောင်ဧကရာဇ်က စာပို့ပြီး ဂုဏ်သရေရှိဧည့်သည်သုံးယောက်ကို ပြန်လာဖို့ ဆင့်ခေါ်ပါတယ်”
အကြီးအကဲမင်သဲ့က မေးလျက် စိတ်ရှုပ်ထွေးသွားသည်။
အဖြူရောင်ဧကရာဇ်က “အကြီးအကဲယွီဆီစာပို့သင့်တာ ဘာလို့ဒီကို စာပို့လာတာလဲ”
…
အခန်း (၁၄၈၁) သူတော်စင်အလင်း
တောင်ပံမျိုးနွယ်သားက ဦးညွှတ်ပြီးပြောလိုက်လေ၏။
“ဘာကြောင့်မှန်းတော့ ကျွန်တော်မသိဘူး”
လုကျိုးသည် မဟာအသူရာမြေ၏ ဖျက်ဆီးခြင်းတိုင်လုံးထဲသို့ အဖြူရောင်ဧကရာဇ်၏တံဆိပ်ဖြင့် ဝင်လာသည့် အသေးအမွှားကိစ္စမဟုတ်ပေ။ တောင်ပံမျိုးနွယ်သားများစွာက ထိုအကြောင်းကိုသိပြီး အာရုံစိုက်ထားကြလေ၏။ သူတို့သတင်းရလျှင်ရခြင်း ချက်ချင်းသတင်းလာပို့ပေးတာပဲဖြစ်သည်။
အကြီးအကဲမင်သဲ့က လုကျိုးဖက်လှည့်ကြည့်ပြီး သူ၏အမူအရာက ပြေလျော့သွားကာ ပြောလိုက်တော့သည်။
“အဖြူရောင်ဧကရာဇ်က ပြောနေပြီဆိုတော့ ဖိအားပေးလို့မရဘူး။ ကျေးဇူးပြုပြီး”
ပြီးနောက် အကြီးအကဲမင်သဲ့က ဘေးသို့ရွေ့လိုက်၏။
လုကျိုးသည် ရှောင်ယွမ်အာနှင့်ခရုလေးကို သွားခိုင်းလိုက်ပြီးနောက် သူကမူ လက်နောက်ပစ်လျက် ရှေ့ဆက်လျှောက်သွားသည်။ သူက အကြီးအကဲမင်သဲ့ဘေးကို ဖြတ်ကျော်လာချိန်၌ သူ ခဏတဖြုတ် ရပ်ပြီး မျက်လုံးထောင့်ကနေ အကြီးအကဲမင်သဲ့ကို တချက်ကြည့်ကာ ပြောလိုက်သည်။
“စိတ်အခြေအနေက တာအိုသူတော်စင်တစ်ပါးဖြစ်လာဖို့ အရေးကြီးပေမဲ့ မင်းကို အကြံပေးစရာတစ်ခုရှိတယ်”
အကြီးအကဲမင်သဲ့က ပြုံးလျက်ပြောလိုက်၏။ “ကျေးဇူးပြုပြီး ပြောပါ”
“အထွတ်အထိပ်သက်ရှိက ဘယ်လိုပဲဖြစ်ဖြစ် လူသားတွေဖြစ်နေတုန်းပဲ” လုကျိုးက ပြောပြီးနောက် လက်နောက်ပစ်လျက် ထွက်သွားသည်။
ရှောင်ယွမ်အာနှင့်ခရုလေးက နောက်မှနီးကပ်စွာလိုက်ပါသွားတော့သည်။
အကြီးအကဲမင်သဲ့က သုံးယောက်သား၏ထွက်ခွာသွားသော ပုံရိပ်ကိုကြည့်ပြီး မျက်လုံးများ တောက်ပနေသည်။ သူက ညင်သာစွာခေါ်လိုက်လေ၏။ “ဟုန်ကျန့်”
“အမိန့်ရှိပါ အကြီးအကဲမင်သဲ့” ဟုန်ကျန့်က မေးလိုက်၏။
“ငါတို့ရဲ့ဂုဏ်သရေရှိ ဧည့်သည်တွေကို လိုက်ပို့ပေးလိုက်။ သေသေချာချာပို့ပေး” အကြီးအကဲမင်သဲ့က အင်မတန်ညင်သာသော လေသံဖြင့်ပြောကာ သူ၏မျက်နှာထက်တွင် သိမ်မွေ့သော အပြုံးရှိနေ၏။
“ဟုတ်ကဲ့”
ဟုန်ကျန့်က လှည့်ထွက်သွားပြီးနောက် သူ မသွားခင် သူနှင့်အတူ တောင်ပံမျိုးနွယ်သားငါးယောက်ကို ခေါ်လာသည်။
မဟာအသူရာမြေ၏ ဖျက်ဆီးခြင်းတိုင်လုံးအတွင်းပိုင်းက အလွန်ရှုပ်ထွေးသည်။ လမ်းပြမည့်သူမရှိဘဲ အလွယ်တကူ လမ်းပျောက်သွားနိုင်၏။
လုကျိုး၊ ရှောင်ယွမ်အာနှင့်ခရုလေးတို့က လမ်းဆုံရောက်သည့်အချိန်၌ ဟုန်ကျန့်နှင့် ကျန်သည့် တောင်ပံမျိုးနွယ်သားငါးယောက်က ပျံသန်းလာသည်။
ဟုန်ကျန့်က ပြုံးလျက်ပြောလိုက်၏။ “အားလုံးကို ပို့ပေးမယ်”
လုကျိုးက ဟုန်ကျန့်ကို တချက်ကြည့်ပြီးမေးလိုက်သည်။ “မင်းတို့တွေ တိုင်လုံးထဲကို လူသားတွေ မကြာခဏခေါ်လာတတ်လား”
ဟုန်ကျန့်က ပြုံးလျက်ပြန်ပြောသည်။ “ရှားပါတယ် မဟုတ်ရင် ဒီနေ့လိုမျိုး ရုတ်ရုတ်သဲသဲ ဖြစ်မှာမဟုတ်ဘူးလေ”
“မင်းတို့အားလုံးက မဟာအသူရာမြေရဲ့ဖျက်ဆီးခြင်းတိုင်လုံးကို ဘာကြောင့်စောင့်ကြပ်တာလဲ”
လုကျိုးက မေးလျက် စိတ်ရှုပ်ထွေးနေတော့သည်။
ဟုန်ကျန့်က မေးလိုက်သည်။ “ရှေးယခင်တုန်းက ကုန်းမြေကွဲအက်ချိန် မရေမတွက်နိုင်တဲ့အသက်တွေက သေကြေပျက်စီးခဲ့ရတယ်။ ဘေးအကင်းဆုံးနေရာက မဟာအသူရာမြေပဲ။ ဒါ့အပြင် အမည်မသိကုန်းမြေထဲမှာ တစ်ခုတည်းသော နေရောင်ရှိတဲ့နေရာလေ”
သူတို့စကားပြောနေစဉ် ဆက်လျှောက်သွားကာ မဟာအသူရာမြေ၏ ဖျက်ဆီးခြင်းတိုင်လုံးမှ ထွက်ခွာသွားရန် အချိန်သိပ်မယူလိုက်ရပေ။
သူတို့အပြင်သို့ရောက်လျှင်ရောက်ချင်း လုကျိုး၊ ရှောင်ယွမ်အာနှင့် ခရုလေးတို့သည် မိုးကုပ်စက်ဝိုင်းကို တွေ့လိုက်ရပြန်၏။ ရုတ်တရက် မျက်စိကျိန်းလောက်သည့်အလင်းက သူတို့ကို မသက်မသာ ဖြစ်စေသည်။ သို့သော် အသားကျသွားချိန်၌ သူတို့နား၌ လှပသောမြင်ကွင်းကို မြင်လိုက်ရသောအခါ သူတို့စိတ်အခြေအနေက တိုးတက်လာသည်။
ရှောင်ယွမ်အာက သဘောကျစွာ ပြောလိုက်သည်။ “လှလိုက်တာ။ အမည်မသိကုန်းမြေရဲ့ ကျန်တဲ့နေရာတွေကသာ ဒီလိုမျိုးဖြစ်ခဲ့ရင်”
ဟုန်ကျန့်က ပြုံးလျက် ပြောလိုက်သည်။ “ဒါ မဖြစ်နိုင်ဘူး”
“ဘာလို့လဲ”
“မိုးပြိုသွားမယ်။ ပြီးရင် နောက်ဆက်တွဲကို ဘယ်သူမှခံစားနိုင်မှာမဟုတ်ဘူး” ဟုန်ကျန့်က ပြန်ပြောလိုက်သည်။
ရှောင်ယွမ်အာက တစ်စုံတစ်ခုပြောတော့မည့်အချိန်၌ သူမရှစ်စွင်းက သူမကိုကြည့်နေတာကို သတိပြုမိသွား၏။ ငါ ဒီတစ်ခေါက်လိမ်လိမ်မာမာလေးနဲ့ ပါးစပ်ပိတ်နေရင် ပိုကောင်းမယ်။
“ကုန်းမြေအက်ကွဲနိုင်တယ်ဆိုတာ မိုးလည်းပြိုနိုင်တာပဲ။ အဲ့ဒီအချိန်ကျ တောင်ပံမျိုးနွယ်က ဘယ်ကိုသွားမလဲ” လုကျိုးက မေးလိုက်၏။
“လွယ်ပါတယ်။ ကောင်းကင်ပြိုသွားရင် နေပြန်ထွက်လာလိမ့်မယ်။ အဲ့ဒီအချိန်ကျုပ်တို့ နယ်မြေကိုးခုအပါအဝင် သွားချင်တဲ့နေရာသွားလို့ရနိုင်ပြီ။ မြို့တည်ပြီး အားလုံးကို ထပ်စလို့ရပြီ” ဟုန်ကျန့်က ပြောလိုက်၏။
“မျှခြေမညီမျှမှုရှိနေသေးတာ နယ်မြေကိုးခုကို သွားရဲသေးတယ်ပေါ့”
“သေတဲ့အထိချေမှုန်းခံရတာထက်တော့ ပိုကောင်းတာပဲ” ဟုန်ကျန့်က ပြန်ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ လုကျိုးက ရယ်မောလိုက်၏။ ၎င်းက ရှားပါးသောမြင်ကွင်းပဲဖြစ်သည်။ သူ၏အမူအရာက တည်ငြိမ်နေကာ အသံကတိုးနေလျက် ပြောလိုက်သည်။ “အစီအစဉ်ကောင်းပဲ”
ဟုန်ကျန့်က ပြောလိုက်၏။ “ခင်ဗျားနဲ့ကျုပ်အကြား အဖြူရောင်ဧကရာဇ်နဲ့ယှဉ်ရင် ကျုပ်တို့တွေက တာဝန်လုပ်နေတာလို့ သတ်မှတ်နိုင်တယ်။ လူသားတွေက တောင်ပံမျိုးနွယ်က တခြားမျိုးနွယ်တွေကို အထင်သေးပြီး သာလွန်သလိုပြုမူကြတယ်လို့ စွပ်စွဲကြတယ်။ ဒါပေမဲ့ တောင်ပံမျိုးနွယ်က လောကကြီးကို ပံ့ပိုးပေးပြီး မိုးမပြိုအောင်ကာကွယ်ပေးနေတာ။ တောင်ပံမျိုးနွယ်က ဒီနေရာအားလုံးက အချိန်နဲ့သက်ရှိတွေ အားလုံးဆီက ရတဲ့လက်ဆောင်လို့သတ်မှတ်နိုင်တယ်”
လုကျိုးက စကားဆက်မပြောတော့ပေ။ သူတို့က ဘက်မတူသောကြောင့် မတူညီသည့်အမြင် ရှိကြပေလိမ့်မည်။ ဆိုရလျှင် သူသည်လည်း မိုးပြိုလာအောင်ထိန်းထားနိုင်ခြင်းက ကိစ္စကောင်းတရပ်ဟု မထင်ပေ။ အမည်မသိကုန်းမြေထဲရှိ နေထိုင်မှုအခြေအနေက အင်မတန်ဆိုးရွားနေပြီဖြစ်သည်။ မိုးပြိုတော့ကော ဘာအရေးလဲ။
နောက်ဆုံး၌ သူတို့သည် မဟာအသူရာမြေ၏ဖျက်ဆီးခြင်းတိုင်လုံးနားရှိ အစွန်အဖျားဧရိယာသို့ ရောက်လာ၏။ သူတို့ရှေ့သို့ မော့ကြည့်မိချိန်၌ အရာအားလုံး အမှောင်ထုလွှမ်းခြုံနေလေ၏။
ထိုစဉ် ဟုန်ကျန့်က ရှောင်ယွမ်အာကို တချက်ကြည့်ပြီးပြောလိုက်သည်။ “ကျုပ် ပြောသင့်လားမသိတဲ့ ကိစ္စတစ်ခုရှိတယ်”
“ဒါဆိုရင် ပြောဖို့မလိုဘူး” ရှောင်ယွမ်အာက ပြောပြီးနောက် သူမရှစ်စွင်း၏လက်မောင်းကို ဖက်လိုက်၏။ “ရှစ်စွင်း သွားကြမယ်”
ဟုန်ကျန့် “...”
ဟုန်ကျန့်က ထိုးနှက်ချက်ကို ခံစားလိုက်ရသော်ငြား သူ လက်မလျော့ပေ။ “ဤမိန်းကလေးကို မဟာအသူရာမြေရဲ့ဖျက်ဆီးခြင်းတိုင်လုံးက အသိအမှတ်ပြုထားတာ။ သူက လူပေါင်းများစွာအတွက် ပစ်မှတ်ဖြစ်လာလိမ့်မယ်။ တောင်ပံမျိုးနွယ်က သူ့ကိုကာကွယ်ပေးနိုင်ရုံတင်မကဘူး ပျိုးထောင်ပေးနိုင်တယ်။ သူ ဒီနေရာက ထွက်သွားတာနဲ့ ဒီနေရာကို တိတ်တဆိတ်စောင့်ကြည့်နေသူတွေက အစွယ်သေချာပေါက် ထုတ်ပြလာလိမ့်မယ်။ သူတို့ သူ့ကို အသုံးမချနိုင်ရင် သေချာပေါက် သူ့ကိုသတ်ဖို့ကြိုးစားမှာ”
ဟုန်ကျန့်နောက်တွင် ရပ်နေသည့် တောင်ပံမျိုးနွယ်သားငါးယောက်သည် လုကျိုး ရှောင်ယွမ်အာနှင့် ခရုလေးကို မျက်တောင်မခတ်ကြည့်နေလေ၏။ သူတို့မျက်နှာက မျက်နှာသေဖြစ်နေသောကြောင့် သူတို့ပျော်နေသလား ဒေါသထွက်နေသလား မည်သူမှမပြောနိုင်ပေ။ ဟုန်ကျန့်သာလျှင် ပြုံးနေလေ၏။
လုကျိုးက ပြောလိုက်၏။ “မင်း ငါ့ကိုခြိမ်းခြောက်နေတာလား” “မလုပ်ရဲပါဘူး” ဟုန်ကျန့်က အလျင်စလို ဦးညွှတ်လိုက်၏။
“ကျွန်တော် ခင်ဗျားကို သတိပေးရုံပဲ။ တောင်ပံမျိုးနွယ်က ပါရမီရှင်တွေကို လေးစားမြတ်နိုးတယ်။ ဒါကြောင့် ဒီလိုမျိုးလုပ်မှာ မဟုတ်ဘူး။ ဒါ့အပြင် မဟာအသူရာမြေထဲမှာ အဖြူရောင်ဧကရာဇ်ရဲ့လူတွေကို ဘယ်သူမှ လက်ရွယ်ရဲမှာမဟုတ်ဘူး” ပြီးနောက် သူသည် ဖိတ်ခေါ်သည့်ဟန်ပြုလုပ်ပြီးနောက် ပြောလိုက်၏။ “ကျုပ် ပြောဖို့လိုတာ ပြောပြီးပြီ။ အားလုံးပဲ အခုထွက်သွားလို့ရပြီ”
လုကျိုးသည် ဟုန်ကျန့်ကို လျစ်လျူရှုပြီးနောက် ပြောလိုက်သည်။ “သွားကြမယ်”
ခြေအသာတချက်ဖော့နင်းလျက် လုကျိုးက အပေါ်သို့တက်သွားကာ ချောက်ကမ်းပါးကို ဖြတ်ကျော်သွား၏။ အလင်းထဲမှ အမှောင်ထဲသို့ ဝင်သွားရတာ အနည်းငယ်မသက်မသာဖြစ်သည်။
လုကျိုးသည် တတ်နိုင်သမျှမြန်မြန် ထွက်သွားရမည်မှန်းသိသည်။ မဟာအသူရာမြေက အန္တရာယ်များ ပြည့်နေလေ၏။ ဤနေရာ၌ အစွမ်းထက်သည့်အင်အားစုမျိုးစုံ ရှိနေတာကို အာရုံခံမိသည်။ ဤနေရာ၌ အထွတ်အထိပ်အသွင်ကတ်ကို အသုံးမပြုချင်ပေ။
သုံးယောက်သားထွက်သွားစဉ် ဧရာမခေါင်းသုံးလုံးမျိုးနွယ်သားသည် ကောင်းကင်ကို မျက်နှာမော့ကြည့်ကာ ဒေါသတကြီးအော်နေတာ တွေ့လိုက်ရ၏။ သူ့ကို မရေမတွက်နိုင်သော ခေါင်းသုံးလုံးမျိုးနွယ်သားများက ဝိုင်းထားသည်။ သူတို့အားလုံး၏လက်ထဲ၌ တောက်ပသောလှံကို ကိုင်ဆောင်ထားပြီး လှံထိပ်ဖျားက ဖျော့တော့သော အနီရောင်အလင်းဖြင့်တောက်ပနေတော့သည်။
ထိုစဉ် ဧရာမခေါင်းသုံးလုံးမျိုးနွယ်သားက အော်လိုက်တော့သည်။
ထို့နောက်တွင် အခြားသောခေါင်းသုံးလုံးမျိုးနွယ်သားတို့ကလည်း လက်ထဲရှိလှံတို့ကို မြှောက်ကိုင်လိုက်သည်။
“ရှစ်စွင်း” ရှောင်ယွမ်အာသည် အနည်းငယ်စိုးရိမ်နေ၏။
“စိတ်မပူနဲ့ ငါ့နားကပ်ထားကြ” လုကျိုးက ခေါင်းသုံးလုံးမျိုးနွယ်သားတို့ကို ဂရုမစိုက်ပေ။
ခေါင်းသုံးလုံမျိုးနွယ်သားတို့က ပိုမိုဒေါသထွက်လာကြကာ သူတို့ခေါင်းဆောင်၏ညွှန်ကြားချက်ကို စောင့်နေလေ၏။ သူတို့သည် လုကျိုးက အပေါ်ကနေ ဖြည်းဖြည်းချင်းဆင်းသက်လာတာကို ကြည့်နေကြသည်။
လုကျိုးက အမြင့်တစ်ခုသို့ရောက်သောအခါ ဧရာမခေါင်းသုံးလုံးမျိုးနွယ်သားသည် ကြမ်းတမ်းခက်ထန်သော အမူအရာဖြင့် သူ၏လက်ကို ရုတ်တရက်လွှဲယမ်းလိုက်၏။
ထိုစဉ် အထက်မှအသံတစ်သံပေါ်ထွက်လာသည်။ “မရိုင်းနဲ့”
အသံသည် အသံဩဇာနှင့်ပြည့်စုံပြီး ဘုံကိုးဘုံမှ မိုးကြိုးကဲ့သို့ အင်အားကြီးလောက်ကာ လူတို့၏ဒေါသနှင့် ရတက်မအေးမှုကို ချုပ်ငြိမ်းသွားစေသည်။
ခေါင်းသုံးလုံးမျိုးနွယ်သားများက ခေါင်းငုံ့လျက် သူတို့၏လက်နက်များကို ပြန်ချလိုက်တော့သည်။
လုကျိုးနှင့် တပည့်နှစ်ယောက်က လှည့်ကြည့်လိုက်ချိန်တွင် တောင်ပံဖြန့်ထားသော ဟုန်ကျန့်ကို တွေ့လိုက်ရ၏။ သူ၏တောင်ပံက အဖြူရောင်ဖြစ်ကာ အမှောင်ထုများကို ကာထားသောအလင်းစက်များဖြင့် တောက်ပနေသည်။
အလင်းက သူတော်စင်အလင်း ဒါ့အပြင် အင်မတန်အစွမ်းထက်တဲ့ သူတော်စင်အလင်း
လုကျိုးနှင့်တပည့်နှစ်ယောက်သည် အဝေးသို့ပျံထွက်သွားလျက် အမှောင်ထုထဲတွင် ပျောက်ကွယ်သွားတော့သည်။
ဟုန်ကျန့်က တောင်ပံဖြန့်ပြီး ညာလက်ကိုမြှောက်လိုက်ရာ တောင်ပံမျိုးနွယ်သားငါးယောက်က ရောက်လာတော့သည်။ ပြီးနောက် လေသံအတက်အကျမရှိပြောလိုက်သည်။
“အဖြူရောင်ဧကရာဇ်ကို သတင်းပို့လိုက်။ ဂုဏ်သရေရှိဧည့်သည်တွေ ထွက်သွားပြီဖြစ်ကြောင်း ပြောလိုက်”
“နားလည်ပါပြီ”
“ကျန်တဲ့သူတွေ ငါ့နောက်လိုက်ခဲ့”
ဤနည်းဖြင့် ကျန်ရှိနေသောတောင်ပံမျိုးနွယ်သားလေးယောက်သည် ဟုန်ကျန့်နှင့်အတူ ထွက်ခွာလာသည်။
လုကျိုးနှင့်တပည့်နှစ်ယောက်က တောင်ထွတ်သို့ရောက်ရှိချိန်၌ ကျန်သည့်သူများမရှိတာကို တွေ့လိုက်ရသည်။
ရှောင်ယွမ်အာက စိုးရိမ်ပူပန်စွာမေးလိုက်၏။ “သူတို့ဘယ်မှာလဲ”
လုကျိုးက မျက်မှောင်ကျုံ့လျက် ပြောလိုက်သည်။ “စိတ်မပူနဲ့။ သူတို့မှာ ကျောက်စိမ်းအဆောင်ရှိတယ်။ သူတို့ထွက်သွားတာဖြစ်လောက်တယ်”
ရှောင်ယွမ်အာသည် သူတို့ပတ်ဝန်းကျင်ကို လေ့လာပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်သည်။
“တိုက်ပွဲဖြစ်ထားတဲ့လက္ခဏာမရှိဘူး။ ဒီနေရာကနေ ဘေးကင်းကင်းထွက်သွားတာပဲဖြစ်ရမယ်”
ဝှစ် ဝှစ် ဝှစ်
ခရုလေးသည် ကောင်းကင်ကိုလက်ညှိုးထိုးလျက်ပြောလိုက်သည်။ “ကြည့်ဦး”
ဝှစ် ဝှစ် ဝှစ်
ခရုလေးက ဝေဟင်ကိုလက်ညှိုးထိုးလျက်ပြောလိုက်သည်။ “ကြည့်ဦး”
မှန်းဆ၍မရလောက်အောင် ကြီးမားသော သားရဲတစ်ကောင်သည် မဟာအသူရာမြေ၏ ဖျက်ဆီးခြင်းတိုင်လုံးနား ပတ်နေတော့သည်။ ၎င်း၏အရွယ်အစားကို ဖော်ပြ၍မရ။ မြင်ကွင်းကိုပိတ်ဆို့ထားကာ ကောင်းကင်ကိုကာထားလေ၏။
“သွားကြမယ်”
လုကျိုးသည် နေရာရွေ့ပြောင်းပို့ဆောင်ရေးအဆောင်ကိုသုံးပြီး သူ့တပည့်နှစ်ယောက်နှင့် ထွက်သွားလိုက်သည်။
သူတို့သည် အချိန်မည်မျှကြာသွားသည်မသိ ဆက်လက်သွားနေပြီးနောက် ဝေဟင်ထဲ၌ ဧရာမသားရဲကို မမြင်ရသည့်နေရာ၌ ဆင်းသက်လိုက်သည်။ ပြီးနောက် လုကျိုးက အဆောင်တစ်ခုကိုထုတ်ကာ မီးရှို့လိုက်တော့သည်။
လုလီနှင့် ကျန်သည့်သူများက ရုပ်ပုံလွှာထဲပေါ်လာတော့သည်။ လုလီက ဦးညွှတ်ပြီးနောက် ပြောလိုက်သည်။ “မျှော်နန်းသခင် ကျွန်တော်တို့ မိုင်သုံးထောင်ပြန်ဆုတ်ခဲ့တာ။ အစောတုန်းက သူတော်စင်သတ်ဖြတ်သူတွေ ရှိတယ်။ သူတို့ရဲ့အာရုံက အင်မတန်ထက်မြတ်တယ်”
လုကျိုးက ခေါင်းညိတ်လိုက်၏။ “လုပ်တာ ကောင်းတယ်”
“မျှော်နန်းသခင် ဘယ်မှာလဲ”
“မဟာအသူရာမြေရဲ့ဖျက်ဆီးခြင်းတိုင်လုံးကနေ ထွက်လာပြီ”
“ဒါဆို ကျွန်တော်တို့ ဒီမှာစောင့်နေမယ်” လုလီက ပြောပြီးနောက် မြေပြင်ပေါ် ခြေရာခံအဆောင်ကို ထားလိုက်သည်။
လုကျိုးက လက်ဝေ့ယမ်းလိုက်ရာ ရုပ်ပုံလွှာက ပျောက်သွားတော့သည်။
မိုင်ပေါင်းသုံးထောင်ကျော်က သိပ်မဝေးပေ။ ထို့ကြောင့် မကြာမီ၌ လူတိုင်းပြန်ဆုံနိုင်လိမ့်မည်။ “ခရီးဆက်ကြရအောင်”
“ဟုတ်ပြီ။’
ဝှစ် ဝှစ် ဝှစ်
သုံးယောက်သားက ဝေဟင်ထဲပျံသန်းနေလျက် သိပ်သည်းသော တောင်တန်းဒေသကို ဖြတ်ကျော်သွားသည်။ မြူများက အရာအားလုံးကို ဝေဝါးသွားစေ၏။ နွယ်ပင်များသည် အောက်ကနေ သူတို့ကိုပစ်ခတ်လာ၏။
လုကျိုးက မျက်မှောင်ကျုံ့လိုက်သည်။ “ငါ့နားကပ်နေကြ”
ပြီးနောက် လုကျိုးက လက်ဝေ့ရမ်းလိုက်သည်။ အရံအတားတစ်ခုက သူတို့ကို လွှမ်းခြုံသွားတော့သည်။
ဘန်း ဘန်း ဘန်း ဘန်း ဘန်း
ရှောင်ယွမ်အာသည် ဇဝေဇဝါကြည့်မိသွားသည်။ “ထူးဆန်းလိုက်တာ အစတုန်းက ဒီကိုလာတဲ့အချိန် သူတို့မရှိသေးဘူး”
ခရုလေးက ပြောလိုက်သည်။ “အစောတုန်းက သူတို့ငြိမ်နေတာဖြစ်မယ်။ တချို့အပင်တွေက အဲ့လိုပဲ”
“ရှောင်ရှစ်မေ့ အပင်ဘာသာစကားကော သိတာလား”
ခရုလေးက ခေါင်းခါပြီးနားမလည်ကြောင်း ပြသလိုက်သည်။
ထိုစဉ် သူတို့ရှေ့၌ ဧရာမနွယ်ပင်ပေါ်လာပြီး သူတို့ဆီ တိုးဝင်လာ၏။
ဝှစ်
လေပြင်းက သူတို့ဆီရိုက်ခတ်သွားတော့သည်။
လုကျိုးသည် လက်ဝါးဖြင့်ရိုက်ထုတ်လျက် အရံအတားက သူတို့ကို ဝေဟင်ထဲခပ်မြင့်မြင့် သယ်ဆောင်သွားတော့သည်။
မဟာအသူရာမြေထဲရှိ သစ်ပင်ပန်းမန်များသည် သူတို့မှန်းဆနိုင်သည်ထက် ကျော်လွန်သည်။
သူတို့သည် နောက်ဆုံး၌ လုံလောက်သည့်အမြင့်အထိ ပျံသန်းပြီးနောက် ရှေးသစ်ပင်များနှင့် နွယ်ပင်များကို ငုံ့ကြည့်ပြီး ရှေ့သို့ဆက်လက်ပျံသန်းလိုက်သည်။
၁၅မိနစ်ခန့်ကြာပြီးနောက် သူတို့ရှေ့ရှိ မြူထဲမှ အသံတစ်သံပေါ်ထွက်လာသည်။
“ဂုဏ်သရေရှိဧည့်သည်တို့ ဘယ်သွားနေတာလဲ”
သုံးယောက်သားသည် အသံရှင်ကို မတွေ့ရပေ။
လုကျိုးက လက်မြှောက်လျက် ရှောင်ယွမ်အာနှင့်ခရုလေးတို့ကို ရပ်တန့်ခိုင်းလိုက်သည်။ ပြီးနောက် သူက နက်ရှိုင်းသောအသံဖြင့်မေးလိုက်သည်။ “ဘယ်သူလဲ”
“ကျုပ် ခင်ဗျားတို့ကို ဒီမှာစောင့်နေတာကြာပြီ” ပြီးနောက် အဖြူရောင်ပုံရိပ်များသည် မြူထဲမှ တစ်ယောက်ပြီးတစ်ယောက်ထွက်လာ၏။
လုကျိုးသည် အဖြူရောင်ပုံရိပ်များကို တွေ့လိုက်ရ၏။
“ဟုန်ကျန့်လား” ရှောင်ယွမ်အာက မျက်မှောင်ကျုံ့မိသွားသည်။
ဟုန်ကျန့်သည် သူတို့သုံးယောက်ကို ပြုံးပြီးပြောလိုက်သည်။ “ကျုပ် ဂရုတစိုက်စဉ်းစားပြီးပြီ။ မဟာအသူရာမြေရဲ့ ဖျက်ဆီးခြင်းတိုင်လုံးလိုအပ်ချက်က အလွယ်တကူဖယ်ရှားလို့မရဘူး။ ဒါကြောင့် အဲ့ဒီမိန်းကလေး ကျုပ်နဲ့ပြန်လိုက်ရမယ်”
လုကျိုးက မေးလိုက်၏။ “ဟိုမှာတုန်းက လှုပ်ရှားလို့ရရဲ့သားနဲ့။ ဒီရောက်ဒုက္ခခံနေတာ ဘာအဓိပ္ပါယ်ရှိလဲ”
ဟုန်ကျန့်က ပြောလိုက်၏။ “ခင်ဗျား မဟာအသူရာမြေရဲ့ဖျက်ဆီးခြင်းတိုင်လုံးထဲကနေ ထွက်သွားတဲ့ပုံရိပ်ရှိပြီ။ အဖြူရောင်ဧကရာဇ်ကိုလည်း ခင်ဗျားထွက်သွားတာ အကြောင်းကြားပြီပြီ”
ဟုန်ကျန့်စကားက ရှင်းလင်းသည်။ မဟာအသူရာမြေ၌ မလှုပ်ရှားခဲ့ခြင်းမှာ အဖြူရောင်ဧကရာဇ်ကြောင့်သာဖြစ်သည်။ သို့သော် လုကျိုးနှင့်ကျန်သည့်သူများ အပြင်၌သေလျှင် သူတို့သေဆုံးခြင်းအတွက် မည်သူမှအပြစ်တင်၍မရပေ။
လုကျိုးက ခေါင်းညိတ်လိုက်၏။
ဟုန်ကျန့်သည် အနည်းငယ်ထိတ်လန့်အံ့အားသင့်သွားသည်။ “ခင်ဗျား မအံ့ဩဘူးလား”
“ဘာလို့အံ့ဩရမှာလဲ” လုကျိုးကပြောလိုက်၏။ “ငါ ထင်ထားပြီးသားပဲကို”
…
အခန်း ( ၁၄၈၂ ) သူတော်စင်တစ်ယောက်ကို သတ်ဖြတ်ခြင်း ၁
ဟုန်ကျန့်က အတောင်ပံကို အနည်းငယ်ခတ်လိုက်တော့သည်။
ဟုန်ကျန့်နောက်၌ ရပ်နေသည့် တောင်ပံမျိုးနွယ်ဝင် လေးယောက်ကလဲ လှစ်ခနဲ ရောက်လာပြီး အရပ်မျက်နှာလေးခု၌ ရပ်နေတော့သည်။
ဟုန်ကျန့်က နောင်တရနေသောပုံစံဖြင့် ခေါင်းခါပြီး ပြောလိုက်တော့သည်။ “ ခင်ဗျားဒါကို ထင်ထားပြီးသားဆိုရင် ဘာလို့ဒီလမ်းကို ရွေးနေတာလဲ”
“ ဘာလမ်းလဲ” လုကျိုး၏လေသံက အင်မတန် ငြိမ်သက်နေ၏။
“ သေမဲ့လမ်း” ဟုန်ကျန့်ကပြောပြီး ရှောင်ယွမ်အာကို ညွှန်ပြလိုက်သည်။ “ မိန်းကလေး မင်းရဲ့ပါရမီက မဆိုးဘူး၊ ဒါပေမဲ့ မင်း လူမှားလိုက်မိတာပဲ၊ တောင်ပံမျိုးနွယ်ထဲဝင်ဖို့ နောက်ထပ်အခွင့်အရေးပေးမယ်”
ပြီးနောက် ဟုန်ကျန့်သည် လုကျိုးနှင့်ခရုလေးကို သိမ်းကြုံးကြည့်ပြီးနောက် ဆက်ပြောလိုက်၏။
“ ကျန်တဲ့သူတွေကတော့ အခွင့်အရေး ပေးသင့်တဲ့အချိန်တုန်းက ပေးပြီးပြီ ဒါပေမဲ့ မင်းတို့လက်မခံခဲ့ဘူး၊ ရိုင်းပျတယ်ဆိုပြီး အပြစ်လာမတင်နဲ့”
“ ငါ့ကိုသတ်ချင်တာလား” လုကျိုးကမေးလိုက်၏။
“ ကျင့်ကြံခြင်းလောကထဲမှာ ဒါမျိုးအမြဲတမ်း ရှိတာပဲလေ” ဟုန်ကျန့်က ပြောလိုက်၏။
“မင်းရဲ့ကျင့်ကြံဆင့်က အတော်လေးကောင်းတယ်၊ ပြောရရင် အမည်မသိကုန်းမြေထဲမှာ အတားအဆီးတွေ ဒီလောက်များတာကို ကျော်လွှားပြီး ခရီးရှည်နှင်ဖို့ဆိုတာ လွယ်တာမှမဟုတ်တာ၊ မင်းမှာ အဖြူရောင်ဧကရာဇ်ရဲ့ ပံ့ပိုးမှုရထားတာ၊ ဒါပေမဲ့ ဆိုရိုးစကား ရှိတဲ့အတိုင်းပဲ အဝေးကရေက အနီးကမီးကို မငြိမ်းသတ်နိုင်ဘူး”
လုကျိုးကမေးလိုက်၏။ “ အခုချိန်မှာ ဖြစ်ပျက်နေတာတွေကို မှတ်တမ်းမတင်တာ မရှိဘူးလို့ မင်းဘယ်လိုသိလဲ”
“ အသုံးမဝင်ဘူးလေ” ဟုန်ကျန့်က ခေါင်းခါပြီး ပြောလိုက်သည်။ “ မင်းသေသွားပြီးရင် ဘာပဲကျန်ခဲ့ကျန်ခဲ့ ပုပ်သိုးသွားမှာပဲ၊ ဒါ့အပြင် ဒီနေရာက နတ်ဘုရားကြွေလွင့်တောင်တန်း လို့ခေါ်တယ်၊ ဒီနေရာက ရှေးနတ်ဘုရားတွေ သေဆုံးခဲ့တဲ့နေရာ၊ ဒီနေရာရဲ့ သေခြင်းတရား အရှိန်အဝါက လောကကြီးမှာ အားအကောင်းဆုံးပဲ စိတ်မကောင်းပါဘူး ဒါပေမဲ့ ခင်ဗျားတို့ ဒီမှာ သေရမယ်”
“ မောက်မာလိုက်တာ”
“ မောက်မာတယ်လား ခင်ဗျားလို သူတော်စင်လေးက နယ်မြေကိုးခုထဲမှာ ဘဝင်ကိုင်ပြီးနေနေတာ အသားကျလောက်ရောပေါ့၊ ဒီတော့ မိုးနဲ့မြေရဲ့ကြီးမားမှုကို သတိမပြုမိတာပဲ၊ မဟာအသူရာမြေမှာ ကျုပ်တို့ကို နင်းခြေနိုင်မယ်ထင်နေလား” ဟုန်ကျန့်က မျက်နှာသေဖြင့် ပြောလိုက်သည်။ တစ်ကယ်တော့သူသည် လုကျိုး၏ သဘောထားကို မကျေမနပ် ဖြစ်နေတာကြာပြီဖြစ်သည်။ ယခင်က အဖြူရောင်ဧကရာဇ်နှင့် အကြီးအကဲမင်သဲ့ကြောင့် သူဘာမှမပြောနိုင်ခဲ့ပေ။ ယခုမူ အခွင့်အလမ်း ရလာပြီဖြစ်သဖြင့် ဟန်ဆောင်နေရန် မလိုအပ်တော့ပေ။
လုကျိုးက ပြောလိုက်၏။ “ မင်းတစ်ယောက်ထဲနဲ့ ငါ့ကို ဖြေရှင်းနိုင်မယ်ထင်နေလား”
“ ငါတစ်ယောက်ထဲနဲ့ လုံလောက်ပြီ” ဟုန်ကျန့်က တောင်ပံဖြန့်လျက် ပြောလိုက်၏။
ဟုန်ကျန့်၏ အဖြူရောင်ဝတ်ရုံနှင့် အဖြူရောင်တောင်ပံတို့သည် အလင်းဖျော့ဖျော့ ရောနေလေရာ ကမ္ဘာမြေပေါ်သို့ လူယောင်ဆောင်ဆင်းသက်လာသည့် နတ်သားနှင့် တူနေတော့သည်။ ဤလောကထဲ၌ သန့်စင်ပြီး ပြစ်ချက်ကင်းသည့်အရာမရှိပေ။ အဖြူရောင်နှင်းကဲ့သို့ပင်။ နှင်းက ဖြူဖွေးပြီး သန့်စင်ပုံပေါ်သော်ငြား အလွယ်တကူ ညစ်ပေလွယ်၏။
ဟုန်ကျန့်က လက်မြှောက်ပြီးနောက် ၎င်းကိုအနည်းငယ် ဝှေ့ယမ်းလိုက်သည်။
တောင်ပံမျိူးနွယ်သား လေးယောက်က လုကျိူးဆီသို့ ကြယ်ကြွေသည့်ပမာ မျက်နှာလေးခုကနေ တဟုန်ထိုး ဝင်ရောက်လာ၏။ သူတို့ပျံသန်းလာစဉ် သူတို့တောင်ပံများက လောကထဲ၌ အထက်ဆုံးဓားရှည်များပမာပင်။
ဝှစ် …..
တောင်ပံမျိုးနွယ်သားလေးယောက် ရောက်မလာခင် လုကျိုးသည် သူ၏တပည့်နှစ်ယောက်နှင့် ပျောက်ကွယ်သွားလေ၏။
ဟမ်!
ဟုန်ကျန့်၏ အမူအရာက ရုတ်တရက်ပြောင်းလဲသွားပြီး လေးနက်သောအမူအရာဖြင့် ပြောလိုက်တော့သည်။ “ လူဖြန့်ကြ”
“ နောက်ကျလွန်းသွားပြီ”
ဟုန်ကျန့်သည် သူ၏နောက်မှ သူ့ထံသို့လာနေသော အန္တရာယ်များသောဖိအားကို ရုတ်တရက် ခံစားမိသွားသည်။ သူကတောင်ပံ တဖျတ်ဖျတ်ခတ်လျက် တစ်ပတ်လှည့်လိုက်ချိန်၌ သူ့ရှေ့တွင် ဧရာမလက်ဝါးစည်းတံဆိပ် ပေါ်လာတာကို တွေ့လိုက်ရသည်။
ရှောင်ယွမ်အာ မိန်းကလေးသည် ကျောက်စိမ်းအေဆာင်နှင့်အတူ လုကျိုးနှင့် မီတာတစ်ထောင် အကွာအဝေးတွင် ရပ်နေ၏။
ဘုန်း …..
လုကျိုး၏ လက်ဝါးစည်းတံဆိပ်က ဟုန်ကျန့်အနားရှိ အလင်းအရံအတားကို ထိမှန်သွားသည်။ လေထဲ၌ ဆုတ်ပြဲသံ ပေါ်လာပြီး ဟုန်ကျန့်က နောက်သို့ လွင့်သွားလေ၏။
တောင်ပံမျိုးနွယ်သားက ဟုန်ကျန့်ဆီ ပျံသန်းသွားတော့သည်။ သူတို့၏အရှိန်က လုကျိုး၏မှန်းဆချက်ထက် ကျော်လွန်သည်။
ဟုန်ကျန့်က ပြောလိုက်သည်။ “ မဟာနိယာမကို နားလည်သဘောပေါက်ထားပြီး ဖြစ်လိမ့်မယ်လို့ မထင်မှတ်ထားဘူး”
ဟုန်ကျန့်၏အမြင်တွင် ၎င်းက မဟာနိယာမသာ ဖြစ်လိမ့်မည်။ မဟုတ်လျှင် လုကျိုးက ခြေရာလက်ရာမကျန်ပဲ သူ့နောက်၌
ပြန်ပေါ်လာမှာမဟုတ်ပေ။
လုကျိုးက တောင်ပံမျိုးနွယ်သား လေးယောက်အား ကြည့်ပြီးနောက် ဝှစ်ခနဲ ပျောက်ကွယ်သွားပြန်၏။
ဝှစ် ;
တောင်ပံမျိုးနွယ်သား လေးယောက်၏ တိုက်ခိုက်မှုကလဲ လွဲချော်သွားပြန်သည်။
လုကျိုးက ဟုန်ကျန့်ပေါ်၌ ပေါ်လာပြီး ပြောလိုက်တော့သည်။ “ မင်းရဲ့မောက်မာထောင်လွှားမှုအတွက် ပေးဆပ်ရမယ်”
လုကျိုးက လက်မြှောက်လိုက်၏။ ယင်းကိုမြင်သောအခါ ဟုန်ကျန့်က မျက်မှောင်ကြုံ့မိသွားသည်။ တောက်ပသည့် အလင်းတို့က သူ၏တောင်ပံပေါ်၌ ပေါ်လာပြီး ပေထောင်ချီကို လင်းထိန်သွားစေ၏။
လေဟာနယ် အေးခဲသွားသည်နှင့် ဟုန်ကျန့်က တောင်ပံကို ခတ်လိုက်သည်။ တစ်ချိန်ထဲတွင် ရှောင်ယွန်အာက စတင်ကြောက်လန့်လာပြီး သူန၏လက်ထဲရှိ ကျောက်စိမ်းအဆောင်ကို အမြန်ခွဲလိုက်တော့သည်။ သူမမည်မျှ ကြိုးပမ်းစေကာမူ လေဟာနယ် ရပ်တန့်သွားချိန်၌ ကျောက်စိမ်းအဆောင်ကို မခွဲနိုင်တော့ပေ။ ထိုစဉ် တောင်ပံမျိုးနွယ်သားနှစ်ယောက်က တစ်ဟုန်ထိုး ဝင်လာ၏။ ယင်းကိုမြင်သောအခါ ရှောင်ယွမ်အာက ခေါင်းမော့လျက် လှမ်းခေါ်လိုက်သည်။ “ ရှစ်စွမ်း”
ရှောင်ယွမ်အာသည် သူမရှစ်စွမ်းက ဝေဟင်ထဲ ရပ်တန့်နေတာကို တွေ့လိုက်ရသည်။ သူမက ခရုလေးကို လှမ်းကြည့်လိုက်ချိန်၌ ခရုလေးကလဲ အေးခဲနေ၏။
တောင်ပံမျိုးနွယ်သားနှစ်ယောက်က ရှောင်ယွမ်အာအရှေ့သို့ ရောက်လာပြီး သူ့ကို လှမ်းဖမ်းလိုက်ကြသည်။ ထိုအချိန်၌ ယပ်တောင်သဏ္ဍာန် ရွှေရောင်အလင်းက အပေါ်ကနေ ကျလာ၏။
ဘုန်း …
တောင်ပံမျိုးနွယ်သားနှစ်ယောက်က လွင့်ထွက်သွားတော့သည်။
ရှောင်ယွမ်အာက မော့ကြည့်မိလိုက်ချိန်တွင် မျက်နှာဖုံးဖြင့် လူတစ်ယောက် ပျံသန်းလာတာကို တွေ့လိုက်ရသည်။ သူဆင်းသက်လိုက်ချိန်၌ သူမေရှ့တွင်ရပ်ကာ ကာပေးလျက် မေးလိုက်၏။ “ မင်းအဆင်ပြေရဲ့လား”
“ ရှင်ဘယ်သူလဲ” ရှောင်ယွမ်အာက မေးလိုက်၏။
“ ဒါအရေးမကြီးဘူး”
တစ်ချိန်ထဲတွင် လေဟာနယ်ထဲ၌ အေးခဲခံထားရသော လုကျိုးက ကောင်းကင်ကျမ်းစာစွမ်းအားကို ရွတ်ဆိုပြီးနောက် ပုံမှန်ပြန်ဖြစ်လာသည်။ လှုပ်ရှားနိုင်ရန် အချိန်တစ်ခဏသာ ယူလိုက်ရသော်ငြား ဟုန်ကျန့်၏ တိုက်ခိုက်မှုက သူ့ရှေ့ရောက်လာပြီ ဖြစ်သည်။
ဘုန်း
ထိုကဲ့သို့ အခြေအနေ၌ လုကျိုးသည် ရွှေရောင်ဗုဒ္ဓခန္ဓာကိုယ်ကို အလိုလိုဆင့်ခေါ်လိုက်သည်။ ကံဆိုးသည်မှာ ရွှေရောင်ဗုဒ္ဓခန္ဓာကိုယ်သည် အသက်ရှိုက်စာ အခြေအနေသာ ကြာပြီးနောက် ပျောက်ကွယ်သွားသည်။ ထို့နောက် သူလဲလွင့်ထွက်သွားသည်။
အံ့ဖွယ်အမှတ်အသားဝတ်ရုံသည် အလင်းဖြာထွက်လာလျက် ဖိအားတစ်စိတ်တစ်ပိုင်းကို စုပ်ယူလိုက်သည်။
လုကျိုးသည် မီတာတစ်ထောင် လွင့်ထွက်သွားပြီး မြဲမြံစွာ ရပ်လိုက်နိုင်၏။
ဟုန်ကျန့်က အေးစက်စွာပြောလိုက်၏။
“ဘာသူတော်စင်လဲ မင်းက သူတော်စင်ပဲ မင်းက တာအိုရဲ့စွမ်းအားကနေ ဒီလောက်မြန်မြန် ရုန်းထွက်နိုင်တာ” ပြီးနောက်သူသည် မျက်နှာဖုံးနှင့်လူကို လှည့်ကြည့်ပြီး မေးလိုက်တော့၏။
“ မင်း ဘယ်သူလဲ”
“ ကြီးမြတ်လှတဲ့ တောင်ပံမျိုးနွယ်ရဲ့ မဟာသူတော်စင်က ဒီလောက်ရွံ့ရှာစက်ဆုပ်ဖို့ ကောင်းလိမ့်မယ်လို့ မထင်ထားဘူး” မျက်နှာဖုံးဖြင့်လူက အသံဖြင့် ပြောလိုက်သည်။
ဟုန်ကျန့်က ပြောလိုက်၏။ “ ဒီအကြောင်း တော်တော်လေး သိပုံပဲ”
“ ငါအဖျြူရာင်ဧကရာဇ်ကို ဒီအကြောင်း ပြောလိုက်မှာ မကြောက်ဘူးလား”
“ အဖြူရောင်ဧကရာဇ်က မင်းကိုယုံလားဆိုတာ ကြည့်ရဦးမယ်” ဟုန်ကျန့်က ပုခုံးတွန့်လျက် ပြန်ပြောလိုက်သည်။ ဆိုရလျှင် လုကျိုးနှင့် သူ့တပည့်နှစ်ယောက်က မဟာအသူရာနယ်မြေ၏ ဖျက်ဆီးခြင်းတိုင်လုံးမှ ထွက်သွားသည့်သက်သေ သူ့တွင်ရှိပြီးသား ဖြစ်သည်။
မျက်နှာဖုံးဖြင့်လူက ခေါင်းခါပြီး ပြောလိုက်တော့သည်။ “ မင်းက ရေဆူတာကို မကြောက်တဲ့ ဝက်တစ်ကောင်ပဲ”