← Chapters

အခန်း (၁၄၈၃-၁၄၈၅)

Vol. 99 Ch. 1483-1485

အခန်း (၁၄၈၃-၁၄၈၅)

Vol. 99 Ch. 1483-1485

အခန်း ( ၁၄၈၃ ) သူတော်စင်တစ်ယောက်ကို သတ်ဖြတ်ခြင်း ၂

ဝေဟင်ထဲ မြင့်မြင့်ပျံသန်းသွားလေ၏။

ဆန်တက်လာသော ချီနှင့်သွေးကို တည်ငြိမ်အောင်လုပ်ပြီးကာစ ဖြစ်သည်။ လုကျိုးသည် မျက်နှာဖုံးနှင့်လူကို လှမ်းကြည့်လိုက်သည်။ သူက မျက်နှာဖုံးနှင့်လူကို မသိသော်ငြား တစ်ဖက်လူ၏ သဘောထားကိုကြည့်လျှင် အနည်းဆုံးတော့ အချိန်အတိုင်းအတာတစ်ခုအထိ ထိုလူက ခြိမ်းခြောက်မှု မပြတာ သိသာ၏။ ထို့ကြောင့်သူသည် ဟုန်ကျန့်ဘက်လှည့်ကာ အေးစက်စွာ ပြောလိုက်၏။

“ ငါ့ရဲ့တပည့်ကို ထိရဲတဲ့သူတိုင်း အပိုင်းပိုင်း ဆုတ်ဖြဲပစ်မယ်”

လုကျိုး၏စကားများသည် မျက်နှာဖုံးနှင့်လူကိုလဲ ရည်ညွှန်းနေ၏။ ရှောင်ယွမ်အာက ပြုံးလျက် ပြောလိုက်သည်။ “ ရှစ်စွမ်း တပည့်အဆင်ပြေတယ်”

ပြီးနောက် ရှောင်ယွမ်အာသည် ခရုလေးကို လှမ်းဆွဲလျက် ခုနစ်စင်ကြယ်တိမ်ယံခြေလှမ်းကို အသုံးပြုကာ လေထဲ လှစ်ခနဲ ပေါ်ထွက်လာသည်။

မျက်နှာဖုံးနှင့်လူ “ …..”

မျက်နှာဖုံးဖြင့်လူက တအံ့တဩ ပြောလိုက်တော့သည်။ “ ဒီမိန်းကလေးကို ကျုပ် လျှော့တွက်ခဲ့မိတာပဲ”

အစောတုန်းက ရှောင်ယွမ်အာသည် လေဟာနယ်သက်ရောက်မှုကြောင့် အေးခဲမခံခဲ့ရပေ။ ယခုမူ သူမက တောင်ပံမျိုးနွယ်မှ ပညာရှင်၏သူတော်စင်အလင်း သက်‌ရောက်မခံခဲ့ရရုံမျှမက ကြွေလွင့်နတ်ဘုရားတောင်ပင်လျှင် အလင်းတန်းသက်ရောက်ခံရခြင်း မရှိပေ။

ဟုန်ကျန့်က ပြုံးပြီးပြောလိုက်သည်။ “ မဟာအသူရာမြေရဲ့ ဖျက်ဆီးခြင်းတိုင်လုံး အသိအမှတ်ပြုခံရတဲ့သူက ထင်ထားတဲ့အတိုင်းပဲ”

မျက်နှာဖုံးဖြင့်လူက မေးလိုက်သည်။ “ ဟုန်ကျန့် မင်းသူတို့ကို သတ်ဖို့ကြိုးစားနေတာ ဒီအကြောင်းကြောင့်လား”

“ မင်း ဒီအကြောင်း သိသွားပြီဆိုတော့ မင်းလဲသေရမယ်” ဟုန်ကျန့်ကပြောလိုက်၏။ တစ်ဖန် သူ၏တောင်ပံများက စတင်တောက်ပလာ၏။ သူက တောင်ပံကို တဖျတ်ဖျတ်ခတ်လျက် သူ့ကိုဗဟိုပြုလျက် ၎င်းသည်အလင်းလုံးနှင့် တူနေတော့သည်။ နောက်ကျန်သည့် တောင်ပံမျိုးနွယ်သား လေးယောက်ကလဲ ထိုသို့ပြုလုပ်ကြသည်။

လေပွေငါးခုက လေဟာနယ်ပွတ်တိုက်မှုထဲ ပေါ်လာသည်။

တောင်ပံမျိုးနွယ်သားတို့သည် လေဟာနယ်နိယာမကို အသုံးပြုပြီး သူတို့၏ရန်သူကို တိုက်ခိုက်နေ၏။ မျက်နှာဖုံးဖြင့်လူက လှစ်ခနဲပင် သူ၏နေရာမှ ပျောက်သွားတော့သည်။

ရှောင်ယွမ်အာသည် ကြောက်လန့်မှုကြောင့် ဖြူဖျော့သွားတော့သည်။ သူမက ခရုလေးကို လှမ်းဆွဲကာ အဝေးသို့ ပျံသန်းသွား၏။ ယခုအခေါက်တွင် သူမသည် ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့် သူမလက်ထဲရှိ ကျောက်စိမ်းအဆောင်ကို ချေမွလိုက်၏။

ကျောက်စိမ်းအဆောင်မှ အလင်းပေါ်ထွက်လာသည်နှင့် ဟုန်ကျန့်က လေဟာနယ်ကိုဆုတ်ဖြဲလျက် ရှောင်ယွမ်အာရှေ့သို့ ပေါ်လာသည်။ သူ၏ဧရာမတောင်ပံက ရှောင်ယွမ်အာ၏ ဆုတ်ခွာမည့်လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။ သူက နက်ရှိုင်းသောအသံဖြင့် ပြောလိုက်လေ၏။ “ မင်းထွက်သွားလို့မရဘူး မင်း မလွတ်မြောက်နိုင်ဘူး”

သူတော်စင်အလင်းသည် လေဟာနယ်ကို အေးခဲသွားစေပြန်သည်။ မဟာသူတော်စင်တစ်ပါး ထင်သည့်အတိုင်းပင် လေဟာနယ်နိယာမအပေါ် ဟုန်ကျန့်၏နားလည်သ‌‌ေဘာပေါက်မှုက လူတိုင်းထက် သာလွန်စေ၏။ သူက ကျောက်စိမ်းအဆောင်ကို အသုံးပြုသည့်စွမ်းအားကို ဖိနှိပ်ရန် လေဟာနယ်နိယာမ တစ်ခုထဲကို အသုံးပြုသွားလေ၏။

တစ်ချိန်ထဲတွင် ခမ်းနားထည်ဝါသောအသံတစ်သံ ပေါ်ထွက်လာ၏။

“ ထွက်သွား”

တလတ်လတ် တောက်ပနေသော ရွှေရောင်လက်ဝါး စည်းတံဆိပ်သည် အပြာရောင်လျှပ်စီးများ ရောယှက်နေလျက် ဆင်းသက်လာလေ၏။

ဟုန်ကျန့်သည် သူ့ရှေ့၌ ပေါ်လာသော လက်ဝါးစည်းတံဆိပ်ကို လေဟာနယ်နိယာမသုံးပြီး တားဆီးရန် ကြိုးစားလိုက်သည်။

ဘုန်း …..

ပြစ်ချက်ရှိ ပြီးပြည့်စုံခြင်း။

ဟုန်ကျန့်က တောင်တန်းဒေသထဲ ပြုတ်ကျသွားသည်။

ရှောင်ယွမ်အာနှင့် ခရုလေးသည် နောက်ဆုံး၌ လွတ်အောင်ရုန်းလိုက်နိုင်ကာ ရှောင်ယွမ်အာက ပျော်ရွှင်စွာ လှမ်းခေါ်လိုက်၏။ “ ရှစ်စွမ်း”

ရှောင်ယွမ်အာ၏ အသံထွက်လာသည်နှင့် ကျန်သည့် တောင်ပံမျိုးနွယ်သား လေးယောက်သည် သူတို့၏သက်ဆိုင်ရာ လေပွေထဲကနေ ကြယ်တံခွန်များပမာ ပြန်ထွက်လာသည်။

ထိုစဉ် မျက်နှာဖုံးဖြင့်လူက အလင်း၏အရှိန်ဖြင့် တောင်ပံမျိုးနွယ်သား လေးယောက်နောက်၌ ပေါ်လာသည်။ သူ၏အရှိန်ကြောင့် သူသည် အချိန်တစ်ပြိုင်နက်တည်း သူတို့ကို ခြေဆောင့်နင်းလိုက်သလိုပင်။

ဘန်း …. ဘန်း …. ဘန်း …. ဘန်း….

တောင်ပံမျိုးနွယ်သားလေးယောက်က ကောင်းကင်မှ ပြုတ်ကျလာပြီး သွေးအန်ကုန်လေ၏။

ပြီးနောက် မျက်နှာဖုံးဖြင့်လူက အက်ကွဲသံဖြင့် ပြောလိုက်သည်။ “ ခင်ဗျား ဟုန်ကျန့်ကို ဖြေရှင်းလိုက် ကျုပ် ဒီလေးယောက်ကို ဖြေရှင်းမယ်”

လုကျိုးသည် မျက်နှာဖုံးဖြင့်လူကို လျစ်လျူရှူထားသည်။ ယင်းကိုမြင်သောအခါ မျက်နှာဖုံးဖြင့်လူက ပြောလိုက်၏။

“ ဒါက ခင်ဗျားရဲ့ တစ်ခုတည်းသော ရွေးချယ်မှုပဲ အခုခင်ဗျား ကျုပ်ကိုပဲ ယုံလို့ရတာ”

ပြီးနောက် တောင်ပံဖြင့်လူက တိုက်ခိုက်လေ၏။ တစ်ချိန်ထဲတွင် ဟုန်ကျန့်သည် အောက်ကနေ လုကျိုးရှိရာဆီသို့ ပျံသန်းလာ၏။ သူ၏ဝတ်ရုံက ဆုတ်ဖြဲသွားပြီဖြစ်ကာ သူ၏လက်မောင်းပေါ်ရှိ တောင်ပံမျိုးနွယ်သားတံဆိပ်က တောက်ပစွာ လင်းနေလေသည်။ လုကျိုးသည် ရှောင်ယွမ်အာနှင့် ခရုလေးကို နောက်သို့ပို့ပြီးနောက် သဲနာရီကို ထုတ်လိုက်တော့သည်။ “ အေးခဲစေ”

လျှပ်စီးများက ချက်ချင်း ပေါ်လာပြီးနောက် ကြွေလွင့်နတ်ဘုရားတောင်တစ်ခုလုံးကို သိမ်းကြုံးဖြတ်တိုက်သွား၏။

လုကျိုးသည် သဲနာရီ၏ခွန်အားက ယခုအချိန်၌ ဤမျှကြောက်မက်ဖွယ် ကောင်းလိမ့်မည်ဟု မထင်ထားပေ။ ၎င်း၏အကျယ်အဝန်းသည် မီတာ တစ်သောင်း အကျယ်အဝန်းကို လွှမ်းခြုံသွားပြီး ထိုစဉ်က ယွဲ့ခြေ၏ အကျယ်အဝန်းထက် သာလွန်ကြောင်း တွေ့လိုက်ရ၏။ သူ့စိတ်ထဲ၌ ထိတ်လန့်သွားကာ ယင်းသည် သူ၏ အပြာ‌ေရာင် စိတ်ဝိညာဉ်သဏ္ဍာန်က စက်တစ်ခုမျှပွင့်ချပ် ဖူးပွင့်ခြင်းနှင့် သက်ဆိုင်နေသလားဟု တွေးမိသွားသည်။

ဆယ်ခုမြောက်ပွင့်ချပ် ပေါ်ထွက်လာပြီးနောက် ပွင့်ချပ်တိုင်းသည် မွေးဖွားစရာချပ် ခြောက်ခုနှင့် ညီမျှ၏။ ဤနည်းဖြင့် သူ၏အပြာ‌ေရာင် စိတ်ဝိညာဉ်သဏ္ဍာန်သည် မွေးဖွားစရာအချပ် ဆယ့်တစ်ခုရှိသည်ဟု သတ်မှတ်နိုင်သည်။ ကြောက်မက်ဖွယ်ကောင်းသည့်အရာက အပြာ‌ေရာင် စိတ်ဝိညာဉ်သဏ္ဍာန်သည် ဘုံတစ်ထောင် အဆင့်လေးသို့ ဝင်ရောက်စဉ်၌ ၎င်းသည် ဆရာသခင်တစ်ပါးထက် သန်မာစေပြီးသား ဖြစ်တာပင်။

မျက်နှာဖုံးဖြင့်လူက တောင်ပံမျိုးနွယ်သားလေးယောက်၏ အလည်သို့ ဆင်းသက်လာချိန်၌ သူကခေါင်းမော့လိုက်ကာ ဝေဟင်ထဲရှိ လျှပ်စီးများကို တွေ့လိုက်ရ၏။ သူ ကျိန်ဆဲမိသွားတော့သည်။ “ အဘိုးကြီး မင်းရဲ့တိုက်ခိုက်မှု ဒီလောက်မရက်စက်လို့ မရဘူးလား”

ပြီးနောက် မျက်နှာဖုံးဖြင့်လူလဲ ရပ်တန့်သွားတော့သည်။

လုကျိုး အချိန်က တန်ဖိုးရှိမှန်းသိ၏။ ထို့ကြောင့်သူသည် အလင်း၏အရှိန်ဖြင့် ဟုန်ကျန့်ဆီ တိုးသွားလိုက်၏။

“မဟာကြောက်ရွံ့ခြင်းမဲ့ စည်းတံဆိပ်”

“ မဟာမိုးကြိုးပိတ် လက်သင်္ကေတ*

“ ကိုယ်ပေါ်ဖြတ်တောက်ခြင်း လက်စည်းတံဆိပ်”

“ စွန့်ပစ်ခံ ဉာဏ်ပညာ” ကောင်းကင်စွမ်းအား မြှုပ်နှံထားသည့် လက်ဝါးစည်းတံဆိပ် တစ်ခုစီက ဟုန်ကျန့်၏ရင်ဘတ်ပေါ် ပြင်းထန်စွာ ကျလာ၏။

ဟုန်ကျန့်၏ အံ့ဩဖွယ် ခုခံမှုကို မြင်သောအခါ လုကျိုးသည် ဓားအသွင်အပြင်အမည်မဲ့ကို ဆွဲထုတ်လိုက်သည်။

“ ကနဦးပြန်လည် ရရှိခြင်း”

ပြိုင်စံရှား ထက်မြက်မှုများဖြင့် အမည်မသိ ကောင်းကင်စွမ်းအား မြှုပ်နှံထားပြီး ဟုန်ကျန့်၏ ရင်ဘတ်ကို ချက်ချင်းထိုးဖောက်သွားသည်။ ဟုန်ကျန့်က သွေးအန်ပြီးနောက် အဝေးသို့ လွင့်သွားလေ၏။ သူသည် သဲနာရီ၏ အာနိသင်မှ ပထမဆုံးရုန်းထွက်လိုက်နိုင်သူ ဖြစ်သည်။ သူက မဟာသူတော်စင်တစ်ပါး ဖြစ်သောကြောင့်ဖြစ်သည်။

တစ်ချိန်ထဲတွင် လက်ဝါးစည်းတံဆိပ်နှင့် အမည်မဲ့မှထိခိုက်မှုများသည် တစ်ချိန်ထဲတွင် ပေါက်ကွဲထွက်လာ၏။ လုကျိုး၏ တိုက်ခိုက်မှုကို မတားနိုင်ပဲ သူသည် ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားတော့သည်။

ဝေဟင်မှ ပြုတ်ကျလာစဉ် သူပြောလိုက်၏။ “ သဲနာရီလား”

ဟုန်ကျန့်က မြေပြင်ပေါ်ဆင်းသက်ချိန်၌ သူ၏တောင်ပံကို ခန္ဓာကိုယ်နားတစ်ဝိုက် အမြန်ရစ်ပတ်လိုက်သည်။ အလင်းဖျော့ဖျော့ ပေါ်ထွက်လာပြီးနောက် သူ၏ဒဏ်ရာများကို လျင်မြန်စွာ ကုစားပေးလိုက်သည်။

မျက်နှာဖုံးဖြင့်လူနှင့် တောင်ပံမျိုးနွယ်သားလေးယောက်ကလဲ ပြန်ကောင်းလာ၏။

မျက်နှာဖုံးဖြင့်လူက ဟုန်ကျန့်ကိုကြည့်ပြီး အံ့ဩသွားပုံမရပဲ သူက အက်ကွဲသံဖြင့် ပြောလိုက်သည်။ “ ငါ မင်းတို့အားလုံးနဲ့ ကစားပေးမယ်”

ဝှစ် … ဝှစ် …. ဝှစ်

မျက်နှာဖုံးဖြင့်လူနှင့် တောင်ပံမျိုးနွယ်သားလေးယောက်ကြား တိုက်ပွဲသည် မျက်နှာဖုံးဖြင့်လူ အခွင့်သာနေသော တစ်ဖက်သတ်တိုက်ပွဲ ဖြစ်၏။ တွန်းလှန်နိုင်ခြင်းမရှိချေ။ ထို့ကြောင့် လုကျိုးသည် ဟုန်ကျန့်ကိုသာ အာရုံစိုက်နေသည်။

ဘုန်း

ဟုန်ကျန့်က ရုတ်တရက် တောင်ပံဖြန့်လိုက်သည်။ သူက ဝေဟင်ထဲ ပျံတက်သွားချိန် သူ၏တောင်ပံက မရေမတွက်နိုင်သော အဖြူရောင် အလင်းတို့ဖြင့် ပြုလုပ်ထားသော အပ်များ ပေါ်ထွက်လာ၏။

ဝှစ် … ဝှစ် …. ဝှစ်

အမှတ်အသားဝတ်ရုံသည် အပ်များကို ပိတ်ဆို့လိုက်၏။

ဟုန်ကျန့်က မျက်မှောင်ကြုံ့မိသွားသည်။

“ မွန်မြတ်တဲ့အမွေအနှစ်လား”

ပထမဦးဆုံး သဲနာရီ၊ အခု နောက်ထပ် မွန်မြတ်တဲ့အမွေအနှစ်၊ ရုတ်တရက် ဟုန်ကျန့်သည် အနည်းငယ် မရေရာမှုကို ခံစားလိုက်ရတော့သည်။

…

အခန်း (၁၄၈၄) သူတော်စင်တစ်ယောက်ကို သတ်ဖြတ်ခြင်း ၃

လုကျိုးသည် လေဟာနယ်ကို ဆုတ်ဖြဲလျက် ဟုန်ကျန့်၏ အရှေ့သို့ ရောက်လာပြီး လက်ဝါးရိုက်ထုတ်လိုက်၏။

ဘန်း ဘန်း ဘန်း ဘန်း ဘန်း

ဟုန်ကျန့်သည်လည်း ရွေးချယ်စရာမရှိတော့ဘဲ လက်ဝါးဖြင့် ပြန်လည်တိုက်ခိုက်လိုက်ရတော့သည်။

သူတို့နှစ်ဦးသည် လက်ဝါးရိုက်ချက် ဆက်လက် ဖလှယ်နေကြသည်။ တစ်ခဏ၌ သူတို့သည် ကြွေလွင့်နတ်ဘုရားတောင်တန်း၏ အရှေ့ဘက်တွင် ပေါ်လာပြီး နောက်တစ်ခဏ၌ အနောက်ဘက်တွင် ပေါ်လာတတ်သည်။ သူတို့သည် တူညီသော ကြိမ်နှုန်းဖြင့် တိုက်ခိုက်နေကြကာ ဟိုမှသည် ဒီသို့ လျှပ်စီးပမာ ကူးလူးလှုပ်ရှားနေကြသည်။

လုကျိုး၏ တိုက်ခိုက်လိုစိတ် မြင့်တက်လာသည်နှင့်အမျှ သူ၏ လက်ဝါးစည်းတံဆိပ်များသည်လည်း ပိုမိုအားကောင်းလာသည်။ ၁၅ မိနစ်ခန့် ကြာပြီးနောက် သူတို့၏ တိုက်ပွဲအခြေအနေမှာ သရေဖြစ်နေဆဲပင်။

ဟုန်ကျန့်က ဒေါသတကြီး မျက်လုံးပြူးကျယ်လျက် ပြောလိုက်၏။

“မင်းက သူတော်စင်အငယ်စား အဆင့်ပဲ ရှိသေးတာ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

လုကျိုးက လေးနက်သော အသံဖြင့် ပြန်ပြောလိုက်သည်။

“မင်း သိတာ နောက်ကျသွားပြီ”

ဘုန်း

သူတို့နှစ်ဦးသည် တစ်ပြိုင်နက်တည်း နောက်သို့ လွင့်ထွက်သွားပြီး အဝေးမှနေ၍ မျက်နှာချင်းဆိုင်လိုက်ကြသည်။

တောင်ပံမျိုးနွယ်ဝင် လေးယောက်မှာ ရစရာမရှိအောင် နှိပ်စက်ခံထားရသည်ကို မြင်လိုက်ရသောအခါ ဟုန်ကျန့်သည် သူတို့ကို ဂရုမစိုက်နိုင်တော့ပေ။ သူသည် နှုတ်ခမ်းထောင့်မှ သွေးစများကို သုတ်လိုက်ပြီး ပြောလိုက်သည်။

“ဘာပဲဖြစ်ဖြစ်... ဒီနေ့ မင်း သေကို သေရမယ်”

ရုတ်တရက် ဟုန်ကျန့် ထွေးထုတ်လိုက်သော သွေးများသည် အလင်းစက်များအဖြစ် ပျော်ဝင်ကာ ပျောက်ကွယ်သွားသည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်နှင့် တောင်ပံများသည် မီးလောင်ကျွမ်းနေသကဲ့သို့ အနီရောင် တောက်ပလာတော့သည်။

တိုက်ပွဲ၏ ရိုက်ခတ်မှုကို ရှောင်ရှားရန် အဆက်မပြတ် ပြေးလွှားနေရသော ရှောင်ယွမ်အာသည် ဟုန်ကျန့်ကို လက်ညှိုးထိုးလျက် အော်ပြောလိုက်သည်။

“ရှစ်စွင်း... သူ့ကို မြန်မြန်သတ်လိုက်ပါ သူက သိပ်စိတ်ရှုပ်ဖို့ ကောင်းတာပဲ။ ကြည့်ပါဦး... သူက ပုံစံတောင် ပြောင်းလဲနေပြီ”

ယခုအချိန်တွင် ဟုန်ကျန့်၏ ပြောင်းလဲမှု ပြီးဆုံးသွားပါက သူသည် ပိုမိုစွမ်းအားကြီးလာလိမ့်မည်ဟု ရှောင်ယွမ်အာ ခံစားလိုက်ရသည်။ ထိုအချိန်၌ ဟုန်ကျန့်သည် လေဟာနယ်နိယာမကို ရုတ်တရက် အသုံးပြုလိုက်သည်။

ရှောင်ယွမ်အာအနီးရှိ လေဟာနယ်သည် ဂယက်ထလာသည်နှင့် လုကျိုးက ဟုန်ကျန့်၏ရှေ့၌ ပေါ်လာပြီး ပြောလိုက်သည်။

“မလုံလောက်သေးဘူး”

လက်ဝါးစည်းတံဆိပ်တစ်ခု ထွက်ပေါ်လာသည်။

ဟုန်ကျန့်သည် မျက်မှောင်ကျုံ့လျက် သူ၏ အနီရောင်တောင်ပံများကို အသုံးပြုကာ ရှေ့မှ ကာဆီးလိုက်သည်။

ဘုန်း

တောင်ပံများသည် လက်ဝါးစည်းတံဆိပ်၏ စွမ်းအားကို ချေဖျက်လိုက်နိုင်၏။

ထို့နောက် ဟုန်ကျန့်သည် လေဟာနယ်နိယာမကို အသုံးပြုကာ ထပ်မံရွေ့လျားလိုက်သည်။ သို့သော် ရလဒ်က အတူတူပင် ဖြစ်နေ၏။ သူ ပြန်ပေါ်လာသည့် အချိန်တိုင်း လုကျိုးက သူ့ထက် ခြေတစ်လှမ်း ဦးနေပြီး သူ့ထံသို့ လက်ဝါးစည်းတံဆိပ်တစ်ခု ရိုက်ထုတ်လိုက်သည်။

“မလုံလောက်သေးဘူး” လုကျိုးက ပြောလိုက်၏။

ဟုန်ကျန့်သည် တိုက်ခိုက်လေလေ ပိုမို စိတ်လှုပ်ရှားလေလေ ဖြစ်လာသည်။ လေဟာနယ်နိယာမကို သူအသုံးပြုသည့် အကြိမ်အရေအတွက်ကလည်း ပိုစိပ်လာသည်။ မဟာသူတော်စင်တစ်ပါး ဖြစ်လျှင်ပင် တာအို၏စွမ်းအားကို ဤမျှ မကြာခဏ အသုံးပြုခြင်းသည် ကနဦးချီ အများအပြားကို ကုန်ဆုံးစေပြီး စိတ်ဝိညာဉ်နှင့် စိတ်ဆန္ဒကို ထိခိုက်စေနိုင်သည်။ မဟာသူတော်စင်များအနေဖြင့် သူတော်စင်အဆင့် မရောက်သေးသောသူများနှင့် ရင်ဆိုင်ရပါက တာအိုစွမ်းအားဖြင့် အလွယ်တကူ အနိုင်ယူနိုင်သည်။ သို့သော် ပြိုင်ဘက်၏ တာအိုစွမ်းအားက တူညီလုနီးပါး ဖြစ်နေပါက အနိုင်အရှုံးကို ဆုံးဖြတ်မည့်အရာမှာ ကျင့်ကြံမှုအခြေခံ ဖြစ်သည်။

ဘုန်း

နောက်ထပ် လက်ဝါးစည်းတံဆိပ်တစ်ခုကို ကာကွယ်ပြီးနောက် ဟုန်ကျန့်က အော်ဟစ်လိုက်သည်။

“လေဟာနယ် ချုပ်နှောင်ခြင်း”

ထိုအချိန်၌ ဟုန်ကျန့်၏ ကိုယ်ပေါ်နှင့် ပတ်ဝန်းကျင်ရှိ သွေးများသည် မိုးနှင့်မြေကြားတွင် လှောင်အိမ်တစ်ခုအဖြစ် ရက်လုပ်ဖွဲ့စည်းသွားသည်။ ထို့နောက် လှောင်အိမ်က စတင် ကျုံ့ဝင်လာတော့သည်။

“အာ”

ယင်းကို မြင်သောအခါ ရှောင်ယွမ်အာ၏ မျက်နှာထား ပျက်ယွင်းသွားသည်။ သူမက ခရုလေးကို ဆွဲလျက် ခုနစ်စင်ကြယ်တိမ်ယံခြေလှမ်းကို အသုံးပြုကာ ထပ်မံ ထွက်ပြေးလေ၏။ သို့သော် သူမ မည်မျှပင် ကြိုးစားစေကာမူ လှောင်အိမ်ထဲမှ ရုန်းမထွက်နိုင်ပေ။

ဟုန်ကျန့်၏ မျက်နှာထက်တွင် အောင်နိုင်သူအပြုံးတစ်ခု ပေါ်လာပြီး ပြောလိုက်သည်။

“ဒါကို မင်း ဘယ်လိုဖြေရှင်းမလဲ ကြည့်ရသေးတာပေါ့။ သူတော်စင်အငယ်စားက ဘာပဲဖြစ်ဖြစ် သူတော်စင်အငယ်စားပါပဲ”

ဟုန်ကျန့်သည် ကျုံ့ဝင်နေသော လှောင်အိမ်ကို ကြည့်နေသည်။ သူ၏ စိတ်အခြေအနေ အနည်းငယ် တိုးတက်လာသည်။ ကံဆိုးစွာဖြင့် အသံတစ်သံကို မကြားရခင်အထိ ထိုအခြေအနေက ကြာကြာမခံလိုက်ပေ။

“အေးခဲစေ”

တဖန် လျှပ်စီးတန်းများ ပေါ်ထွက်လာပြီး ဖြတ်သန်းတိုက်ခိုက်သွားပြန်သည်။ ၎င်းတို့သည် ယခင်ကထက် ပိုမိုအားကောင်းပြီး ပိုမိုကျယ်ပြန့်စွာ ပြန့်နှံ့သွားသည်။

မျက်နှာဖုံးဖြင့်လူက ခေါင်းမော့လျက် စိတ်ပျက်လက်ပျက် ပြောလိုက်သည်။

“စိတ်ရှုပ်စရာကောင်းလိုက်တာ... ဒီ ငှက်လူသားတွေကို ငါ ရှင်းလို့ မပြီးခင် မင်း မအေးခဲဘဲ မနေနိုင်ဘူးလား”

ယခုတစ်ကြိမ်တွင် သဲနာရီ၏ အတိုင်းအတာသည် မီတာ ငါးသောင်းအထိ လွှမ်းခြုံသွားသည်။

တောအုပ်ထဲတွင် သားရဲအားလုံးသည် သက်ရှိရုပ်တုများအဖြစ် ပြောင်းလဲသွားကြသည်။ သစ်ရွက်များနှင့် လေတို့လည်း အေးခဲသွား၏။ ရေစက်များသည် လေထဲတွင် တန်းလန်း အေးခဲနေပြီး ကန်ရေမျက်နှာပြင်ပေါ်ရှိ ဂယက်များလည်း ရပ်တန့်သွားသည်။ ပျံသန်းနေသော သားရဲများသည် တောင်ပံဖြန့်လျက်သား ကောင်းကင်ယံ၌ အေးခဲနေကြပြီး ပြုတ်မကျလာပေ။

လုကျိုးသည် ဟုန်ကျန့်၏ ရှေ့သို့ ထပ်မံရောက်ရှိလာပြီး အမည်မဲ့ကို ထုတ်လိုက်သည်။

လုကျိုးသည် တုံ့ဆိုင်းမနေဘဲ ကွေ့ယွမ်ဓားသိုင်း၊ ခြေရာမဲ့ဓား၊ နှင်းတောင်၊ ဝိညာဉ်သုံးပါး ပြန်လည်ဝင်ရောက်ခြင်းနှင့် ကနဦးပြန်လည်ရရှိခြင်းတို့ကို အသုံးပြုလိုက်သည်။

ပစ်လွှတ်လိုက်သော မရေမတွက်နိုင်သည့် စွမ်းအင်ဓားများသည် ပေပေါင်း သောင်းချီရှည်လျားပြီး ဟုန်ကျန့်၏ ရင်ဘတ်ကို ထိုးဖောက်သွားကာ သူ့ကို နောက်သို့ လွင့်စဉ်သွားစေသည်။

အချိန်ပြန်လည် စီးဆင်းလာသည်နှင့် မီတာ တစ်သောင်းပတ်လည်ရှိ ဧရိယာသည် ချက်ချင်း မြေလှန်ခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။ ပေပေါင်း သိန်းချီ မြင့်မားသော တောင်ထွတ်များ ပြတ်တောက်သွားပြီး မိုးမျှော် ရှေးဟောင်းသစ်ပင်ကြီးများ တစ်ပြိုင်နက်တည်း လဲကျကုန်သည်။ ခမ်းနားထည်ဝါသော ကြွေလွင့်နတ်ဘုရားတောင်တန်းသည် တိုဟူးတုံးကဲ့သို့ လှီးဖြတ်ခံလိုက်ရပြီး ကျောက်တုံးများ ပြိုကျလာတော့သည်။

မျက်နှာဖုံးဖြင့်လူက ဘေးဘီဝဲယာကို ကြည့်ပြီး ပြောစရာစကားမရှိ ဖြစ်သွားကာ မေးလိုက်သည်။

“ဒီလောက်ထိ လုပ်ဖို့ လိုလို့လား”

ဟုန်ကျန့် ကိုယ့်ကိုယ်ကိုယ် ထပ်မကုသနိုင်စေရန် လုကျိုးသည် အောက်သို့ ထိုးဆင်းလိုက်ပြီး ဟုန်ကျန့်အနီးသို့ ရောက်သွားသည်။

“အား”

ဟုန်ကျန့်သည် ပြင်းထန်စွာ အော်ဟစ်လိုက်ရာ သူ၏ သွေးနှင့် အသက်စွမ်းအင်များသည် မုန်တိုင်းတစ်ခုသဖွယ် အရပ်မျက်နှာ အနှံ့အပြားသို့ ပေါက်ကွဲထွက်လာသည်။ ထိတ်လန့်စရာ အကောင်းဆုံးမှာ သူ၏ အတောင်ပံမှ အမွေးများသည် ပြုတ်ထွက်သွားပြီး အထက်မြက်ဆုံး လှံတံများအသွင် ပြောင်းလဲသွားခြင်း ဖြစ်သည်။

လုကျိုးသည် အမွေးများ အလွန်ထက်မြက်ကြောင်း သိနိုင်သည်။ ဘေးကင်းစေရန် သူသည် နောက်သို့ဆုတ်ပြီး အကာအကွယ် စွမ်းအင်ကို ထုတ်လိုက်သည်။

ဟုန်ကျန့်က ရက်စက်စွာ ပြောလိုက်၏။ “ပေါက်ကွဲစမ်း”

ထို့နောက် ပုလဲတစ်လုံးသည် လုကျိုး၏ ရှေ့သို့ ပျံထွက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော အင်အားဖြင့် ပေါက်ကွဲသွားတော့သည်။

မျက်နှာဖုံးဖြင့်လူက ထိတ်လန့်တကြား မော့ကြည့်လိုက်သည်။

“နတ်ဝိညာဉ်ပုလဲလား။ ဒုက္ခပဲ... ပြီးသွားပြီ”

ဘုန်း

မဟာသူတော်စင်တစ်ပါး၏ နတ်ဝိညာဉ်ပုလဲ ပေါက်ကွဲမှုသည် သဘာဝကျစွာပင် ကြောက်မက်ဖွယ် ကောင်းလှသည်။ မျက်နှာဖုံးဖြင့်လူသည် လုကျိုးကို ကယ်တင်ရန် အချိန်မရလိုက်ပေ။

ရှောင်ယွမ်အာသည် အရိုက်ခံထားရသော တောင်ပံမျိုးနွယ် လေးယောက်ကို အဝေးကနေ လှမ်းကြည့်လိုက်သည်။ သူတို့၏ အမွေးများ ရုတ်တရက် ပျောက်ကွယ်သွားပြီး မကြာမီ သူတို့သည် နောက်ဆုတ်ကာ ပျောက်ကွယ်သွားကြသည်။ သူတို့ ဘယ်ရောက်သွားမှန်း မည်သူမျှ မသိပေ။

ဝှစ်...

နတ်ဝိညာဉ်ပုလဲ ပေါက်ကွဲမှုသည် အချိန်နှင့် လေဟာနယ်ကိုပါ ထိခိုက်စေပုံရသည်။

ပကတိစွမ်းအားနှင့် ရင်ဆိုင်ရချိန်တွင် မဟာဗျူဟာများ၊ ဉာဏ်ဆင်မှုများနှင့် လှည့်ကွက်များသည် အသုံးမဝင်ပေ။ နိယာမများအတွက်လည်း ထိုနည်းလည်းကောင်းပင်။ ပကတိစွမ်းအားနှင့် ရင်ဆိုင်ရချိန်တွင် ၎င်းတို့သည် အဓိပ္ပာယ်မဲ့သွားသည်။ နိယာမများသည် အိမ်တစ်လုံးနှင့် တူ၏။ အိမ်ဆောက်သူသည် အသန်မာဆုံးဖြစ်ပြီး စည်းမျဉ်းလိုက်နာသူများသည် အိမ်ထဲသို့ ဝင်နိုင်သည်။ စည်းမျဉ်းမလိုက်နာသူများသည် အိမ်ထဲသို့ မဝင်နိုင်ပေ။ သို့သော် သူတို့သာ လုံလောက်အောင် သန်မာပါက အိမ်ကို နင်းခြေပြီး ဖျက်ဆီးပစ်နိုင်သည်။

ရှောင်ယွမ်အာသည် ခရုလေးကို ဖက်ထားပြီး အစွမ်းကုန် ပြေးလေ၏။ နိဗ္ဗာနခါးစည်းကို သူတို့ပတ်လည်တွင် ရစ်ပတ်ထားပြီး သူမသည် သွေးရူးသွေးတန်း ထွက်ပြေးနေသည်။ ကျောက်စိမ်းအဆောင် ပျက်စီးသွားပြီဖြစ်၍ သူမ ထွက်သွားနိုင်ပြီဖြစ်သည်။ သူမ မည်မျှပင် ပြေးစေကာမူ ကြွေလွင့်နတ်ဘုရားတောင်တန်းမှ ထွက်ပေါ်လာသော ပေါက်ကွဲမှုစွမ်းအားကို လွန်ဆန်နိုင်မည် မဟုတ်ပေ။

ဤအချိန်တွင် သူမ လှည့်ကြည့်လိုက်ပြီး အံကြိတ်ကာ ပြောလိုက်သည်။

“ငါ ဒါကို တားမယ်”

ထို့နောက် ရှောင်ယွမ်အာသည် သူမနှင့် ခရုလေး၏ ရှေ့တွင် ကြယ်တာရာဒိုင်ခွက်ကို ထုတ်ဖော်လိုက်သည်။ ရွှေရောင် ကြယ်တာရာဒိုင်ခွက်သည် တောက်ပနေ၏။

ရွှေရောင် ကြယ်တာရာဒိုင်ခွက်ကို မြင်လိုက်ရသည်နှင့် ခရုလေးမှာ မနေနိုင်ဘဲ အာမေဋိတ် ပြုလိုက်မိသည်။

“မွေးဖွားဇယားချပ် အခု ၂၀ လား”

ဘုန်း

ပြင်းထန်သော အင်အားကြောင့် မိန်းကလေးနှစ်ယောက် မီတာတစ်သောင်းအကွာသို့ လွင့်ထွက်သွားသည်။ ရှောင်ယွမ်အာသည် သူမ၏ ခွန်အားအကုန်လုံးကို သုံးစွဲလိုက်ရသည်။ သူမ၏ ကြယ်တာရာဒိုင်ခွက်မှာ ချိုင့်ဝင်သွားပြီး မွေးဖွားဇယားချပ်တစ်ခုကို ဆုံးရှုံးလုနီးပါး ဖြစ်သွားသည်။

ခရုလေးသည် ကျန်ရှိနေသော အင်အားကို တားဆီးရန် ရှောင်ယွမ်အာ၏ ကြယ်တာရာဒိုင်ခွက်ဘေးတွင် သူမ၏ ကြယ်တာရာဒိုင်ခွက်ကို အလျင်အမြန် ထုတ်ဖော်လိုက်သည်။

ပေါက်ကွဲမှု ငြိမ်သက်သွားပြီးနောက် တိတ်ဆိတ်ခြင်းက လွှမ်းမိုးသွားသည်။

ရှောင်ယွမ်အာသည် ပြင်းထန်စွာ မောဟိုက်နေ၏။ သူမ၏ ကျောပြင်သည် ချွေးများဖြင့် ရွှဲနစ်နေသည်။ သူမ၌ မွေးဖွားဇယားချပ် ၂၀ ရှိနေလျှင်ပင် မဟာသူတော်စင်တစ်ပါး၏ စိတ်ဝိညာဉ်ပုလဲ ပေါက်ကွဲမှုကို အပြည့်အဝ တားဆီးရန် မဖြစ်နိုင်ပေ။ ကပ်ဘေးမှ လွတ်မြောက်ခဲ့ခြင်းမှာ ကံတရား၏ ဖေးမမှု တစ်စိတ်တစ်ပိုင်းလည်း ပါဝင်သည်။

မိန်းကလေးနှစ်ယောက်သည် အသက်လုရှူရင်း ရှေ့ကို ကြိုးစားကြည့်လိုက်ကြသည်။

“ရှစ်စွင်း”

ရှောင်ယွမ်အာ၏ မျက်နှာထားက စိုးရိမ်ပူပန်နေသည်။ ထို့နောက် သူမက ခရုလေးဘက်လှည့်ပြီး ပြောလိုက်သည်။

“နင် ဒီမှာ စောင့်နေ။ ငါ ရှစ်စွင်းကို သွားကယ်လိုက်ဦးမယ်”

ခရုလေးက အော်ပြောလိုက်သည်။ “ကျိုရှစ်ကျဲ... သွားလို့မရဘူး”

ရှောင်ယွမ်အာက ပြောလိုက်သည်။ “ငါ လုပ်နိုင်တယ်။ ငါ့မှာ အခု မွေးဖွားဇယားချပ် ၂၀ ရှိနေပြီပဲ”

“ရှစ်ကျဲ ကျင့်ကြံမှုကို တမင်တကာ ဖုံးကွယ်ထားတာလား။ စစ်ရှစ်ရှိုးဆီက သင်ထားတာလား။ ရှစ်ကျဲ ဘယ်တုန်းက မွေးဖွားခြင်းစမ်းသပ်မှုကို အောင်မြင်သွားတာလဲ။ မသွားပါနဲ့... ရှစ်ကျဲ သွားရင် ရှစ်စွင်း စိတ်ပူလိမ့်မယ်” ခရုလေးက ရှောင်ယွမ်အာကို ဆွဲထားရင်း ပြောလိုက်သည်။

ရှောင်ယွမ်အာက သူမကို ကျင့်ကြံမှုအခြေခံကို ဖုံးကွယ်ထားသည့်အတွက် ခရုလေး အနည်းငယ် စိတ်ပျက်သွားသည်။ ဆိုရလျှင် သူတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး လျှို့ဝှက်ချက် ထားလေ့မရှိကြပေ။

ရှောင်ယွမ်အာက ပြောလိုက်သည်။ “အခု ရှင်းပြနေဖို့ အချိန်မရှိဘူး။ ငါ ရှစ်စွင်းကို သွားကယ်ရမယ်”

ခရုလေးသည် စစ်မြေပြင်ကို ကြည့်လိုက်သည်။

ကြွေလွင့်နတ်ဘုရားတောင်တန်းမှာ မရှိတော့ပေ။ ကျန်ရစ်သည်မှာ ကြီးမားသော တွင်းပေါက်ကြီးတစ်ခုသာ ဖြစ်သည်။ အချိန်မည်မျှ ကြာသွားသည်မသိ ဖုန်မှုန့်များ ငြိမ်သက်သွားသောအခါ နောက်ဆုံး၌ သူတို့ ရှင်းလင်းစွာ မြင်လိုက်ရသည်။

စွမ်းအားကြီးမားသော စွမ်းအင်တစ်ခုက မြူများကို တွန်းဖယ်လိုက်ပြီး လေထုကို သန့်စင်သွားစေသည်။

လုကျိုးသည် ဝေဟင်ထဲတွင် ပျံဝဲနေလျက် ခြစ်ရာတစ်ခုမျှပင် မရရှိခဲ့ပေ။ သူသည် လက်နောက်ပစ်လျက် သွေးအလိမ်းလိမ်း ဖြစ်နေသော ဟုန်ကျန့်ကို လျစ်လျူရှုသော အကြည့်ဖြင့် ကြည့်နေသည်။

ဟုန်ကျန့်သည် လုကျိုးကို မြင်လိုက်ရသောအခါ မျက်လုံးများ ပြူးကျယ်သွားတော့သည်။

သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး အချိန်အကြာကြီး စိုက်ကြည့်နေကြပြီး တိုက်ပွဲ၏ ရလဒ်ကို နှစ်ဦးစလုံး သိနေကြသည်။ ဟုန်ကျန့်၏ ရှေ့ မြေပြင်ပေါ်၌ သူ၏ နတ်ဝိညာဉ်ပုလဲမှာ တစ်ဝက်ခန့် မြုပ်ဝင်နေသည်။

ဟုန်ကျန့်သည် နောက်ဆုံး၌ မတောင့်ခံနိုင်တော့ဘဲ မြေပြင်ပေါ်သို့ ခွေခွေလေး လဲကျသွားသည်။ သူသည် မြေပြင်ပေါ် ဒူးထောက်လျက် လက်နှစ်ဖက်ဖြင့် ခန္ဓာကိုယ်ကို မနိုင်မနင်း ထောက်ထားရသည်။ ပြန်လည် မကုသနိုင်တော့သည့် ရင်ဘတ်မှ သွေးအပေါက်ကြီးထဲက သွေးများမှာ မြေပြင်ပေါ်သို့ အဆက်မပြတ် စီးကျနေသည်။

ထို့နောက် ဟုန်ကျန့်သည် ရူးသွပ်သကဲ့သို့ ရယ်မောလိုက်ပြီး တုန်တုန်ရီရီဖြင့် ပြောလိုက်သည်။

“ငါ... ငါ သိပြီထင်တယ်... ခင်ဗျား ဘယ်သူလဲဆိုတာ...”

လုကျိုးသည် ဘာမှမပြောဘဲ မြေပြင်ပေါ်သို့ ဆင်းသက်ကာ နတ်ဝိညာဉ်ပုလဲရှိရာသို့ လျှောက်သွားလိုက်သည်။

ကျေနပ်သော အပြုံးတစ်ခု ဟုန်ကျန့်၏ နှုတ်ခမ်းထက်တွင် ပေါ်လာပြီး ပြောလိုက်သည်။

“ခင်ဗျားလက်ချက်နဲ့ သေရတာ ကျုပ်အတွက် ဂုဏ်ယူစရာပါပဲ”

ဂျွတ်

ဟုန်ကျန့်၏ ခန္ဓာကိုယ် ရုတ်တရက် တောင့်တင်းသွားသည်။

ခွပ်

ထို့နောက်တွင် ဟုန်ကျန့်၏ ခန္ဓာကိုယ်သည် အစိတ်စိတ်အမြွှဲာမြွှာ ကွဲအက်သွားပြီး ဖုန်မှုန့်ပုံအဖြစ် ပြောင်းလဲသွားတော့သည်။

“တင်း ပစ်မှတ်ကို သတ်ဖြတ်လိုက်ပါပြီ။ ဆုလာဘ်: ကုသိုလ်မှတ် ၈၀,၀၀၀ ။ နယ်မြေအပိုဆု: ကုသိုလ်မှတ် ၂၀,၀၀၀ ။ မျိုးနွယ်စု အပိုဆု: ကုသိုလ်မှတ် ၂၀,၀၀၀ “

…

အခန်း (၁၄၈၅) မဟာလေဟာနယ်က တစ်လှမ်းနောက်ကျသွားပြီ ၁

လုကျိုးသည် မြေပြင်ပေါ်၌ ပြန့်ကျဲနေသော အလောင်းများကို ကြည့်ပြီး ခေါင်းခါလျက် သက်ပြင်းချလိုက်လေ၏။

“ဒီလို ဖြစ်လာမယ်မှန်းသာ သိရင် ဒီရွေးချယ်မှုကို လုပ်ဦးမှာလား”

လုကျိုးသည် လက်ဝေ့ယမ်းလိုက်ရာ မှိန်ဖျော့နေသော နတ်ဝိညာဉ်ပုလဲသည် သူ၏လက်ထဲသို့ ရောက်ရှိလာသည်။ ၎င်းက ပစ္စည်းကောင်းတစ်ခု ဖြစ်သည်။ အကယ်၍ ထျန်းဝူ၏ နတ်ဝိညာဉ်ပုလဲကဲ့သို့သာ ဖြစ်ပါက သူ၏ မွေးဖွားဇယားချပ်ကို ဖွင့်ရန်နှင့် မွေးဖွားနန်းဆောင်ကို ချဲ့ထွင်ရန် အလွယ်တကူ အထောက်အကူ ပြုနိုင်ပေလိမ့်မည်။

“ရှစ်စွင်း”

ရှောင်ယွမ်အာနှင့် ခရုလေးတို့သည် ခပ်နိမ့်နိမ့် ပျံသန်းရောက်ရှိလာကြသည်။ မိန်းကလေးနှစ်ယောက်စလုံး မောဟိုက်နေကြဆဲဖြစ်ပြီး ဧရာမ တွင်းပေါက်ကြီးနှင့် တောင်ပံမျိုးနွယ်သားများ၏ အလောင်းများကို ကြည့်နေကြသည်။ သူတို့သည် တံတွေးမျိုချလိုက်မိပြီး ပြောစရာစကား မရှိဖြစ်သွားကြသည်။

“မင်းတို့နှစ်ယောက်လုံး အဆင်ပြေကြရဲ့လား” လုကျိုးက မေးလိုက်၏။

“သမီး အဆင်ပြေပါတယ်”

ခရုလေးက ရှေ့တိုးလာပြီး မေးလိုက်သည်။ “ရှစ်စွင်းကော... အဆင်ပြေရဲ့လား”

“ငါ အဆင်ပြေတယ်။ သာမန် မဟာသူတော်စင်တစ်ပါးက ငါ့ကို ဘာမှမလုပ်နိုင်ဘူး” လုကျိုးက လေသံအတက်အကျမရှိ ပြန်ဖြေလိုက်သည်။

သာမန် ပြစ်ချက်မဲ့ကတ်တစ်ခုကို အသုံးပြုလိုက်ရခြင်းနှင့် ဟုန်ကျန့်က သူ၏ နတ်ဝိညာဉ်ပုလဲကို ဖောက်ခွဲလိုက်သည့် အချိန်မှလွဲ၍ ကျန်သည့်အချိန် အများစုတွင် သူက တိုက်ပွဲကို လွှမ်းမိုးထားနိုင်သည်ဟု ဆိုနိုင်သည်။ အကယ်၍ ရှောင်ယွမ်အာနှင့် ခရုလေး၏ ဘေးကင်းရေးကို ထည့်မစဉ်းစားရပါက အောင်ပွဲရရန် ပိုမို လွယ်ကူပေလိမ့်မည်။

လုကျိုးသည် သူ၏ အပြာရောင် စိတ်ဝိညာဉ်သဏ္ဌာန်၏ အစွမ်းသတ္တိကို အမှန်တကယ် လျှော့တွက်ခဲ့မိသည်ဟု တွေးလိုက်မိသည်။ သူတော်စင်ဖြစ်လာပြီးနောက် အပြာရောင် စိတ်ဝိညာဉ်သဏ္ဌာန်နှင့် ပေါင်းစပ်လိုက်သောအခါ သူသည် ကောင်းကင်စွမ်းအားကို ဆက်တိုက်နီးပါး အသုံးပြုနိုင်နေပြီ ဖြစ်သည်။

ထိုအချိန်၌ ခရုလေးက တိုင်တောလိုက်သည်။

“ရှစ်စွင်း... ကျိုရှစ်ကျဲက ကျင့်ကြံမှုကို တမင်ဖုံးကွယ်ထားတာ။ သူ့မှာ မွေးဖွားဇယားချပ် ၂၀ ရှိနေပြီ။ ဒါကြောင့် သူ ဒီလောက် မြန်မြန်ပြေးနိုင်တာကိုး”

“ဟမ်” လုကျိုးက ရှောင်ယွမ်အာဘက်သို့ လှည့်ကြည့်လိုက်သည်။

ရှောင်ယွမ်အာက ခေါင်းကုတ်လျက် ပြောလိုက်သည်။

“ရှစ်စွင်း... တပည့်က တမင်ဖုံးကွယ်ထားတာ မဟုတ်ပါဘူး။ ရှစ်စွင်း ဆူမှာကြောက်လို့ပါ”

မွေးဖွားဇယားချပ် ဖွင့်နေစဉ်အတွင်း သူမ မည်သည့် နာကျင်မှုမျှ မခံစားရသော်လည်း လုကျိုးက သူမကို စိတ်ရှည်သည်းခံရန်နှင့် တစ်ဆင့်ချင်းစီ သွားရန် အကြိမ်ကြိမ် သတိပေးခဲ့ဖူးသည်။

'ဒီကောင်မလေး ငါပြောတာ နားမဝင်ဘူးပဲ...'

လုကျိုးက ပြောလိုက်သည်။ “ကြယ်တာရာဒိုင်ခွက်”

“အို...”

ရှောင်ယွမ်အာက သူမ၏ ကြယ်တာရာဒိုင်ခွက်ကို လိမ်လိမ်မာမာ ထုတ်ပြလိုက်သည်။

တြိဂံ ၃၆ ခု လက်ခနဲ ဖြစ်သွားပြီးနောက် ရှင်းလင်းပြတ်သားသော ဧရိယာ ၂၀ သည် တစ်ခုပြီးတစ်ခု လင်းလက်လာသည်ကို လူတိုင်း မြင်တွေ့လိုက်ရသည်။ ၎င်းတို့သည် တောက်ပနေ၏။

“ဇယားချပ်တွေ ဖွင့်တုန်းက တကယ် ဘာပြဿနာမှ မရှိခဲ့ဘူးလား” လုကျိုးက မေးလိုက်သည်။

ရှောင်ယွမ်အာက ခေါင်းခါလိုက်သည်။ “ရှိပါတယ်”

လုကျိုး ခေါင်းညိတ်လိုက်၏။ သူ မအံ့ဩပေ။ ဆိုရလျှင် ရှောင်ယွမ်အာ မည်မျှပင် ပါရမီပါစေ ကျင့်ကြံနေစဉ်အတွင်း မည်သည့် ပြဿနာမျှ မရှိဘဲ နေမည်မဟုတ်ပေ။ သူက မေးလိုက်သည်။

“ဘာပြဿနာလဲ”

ပြဿနာကို ရှာဖွေတွေ့ရှိမှသာ သူ ဖြေရှင်းပေးနိုင်ပေမည်။

ရှောင်ယွမ်အာက ပြောလိုက်သည်။

“တပည့်မှာ အသက်နှလုံးသား မလုံလောက်ဘူး”

လုကျိုးသည် ဤအခွင့်အရေးကို အသုံးချပြီး သူမကို ဆူပူကြိမ်းမောင်းတော့မလို့ ပြင်လိုက်သော်လည်း ဤစကားကို ကြားလိုက်ရသောအခါ လျှာဖျားရောက်နေသော စကားလုံးများကို ပြန်မျိုချလိုက်ရတော့သည်။

'ပါရမီအလွန်ထူးတဲ့သူတွေနဲ့ သာမန်လူတွေကြားမှာ ကြီးမားတဲ့ ကွာဟချက် ရှိနေတာများလား... ဒီလောကမှာ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက် ရှိနေတယ်... ဒါပေမဲ့ အဲဒီလူက ငါမဟုတ်ဘူး ဖြစ်နေတယ်...'

ရှောင်ယွမ်အာက ဆက်ပြောလိုက်သည်။

“ဒါ့အပြင် ၁၈ ခုမြောက် မွေးဖွားဇယားချပ်ကို ဖွင့်တုန်းက နည်းနည်း နေမကောင်းသလို ခံစားရတယ်။ ဒါပေမဲ့ ပြီးတော့ ပြန်ကောင်းသွားတာပါပဲ”

လုကျိုး သံသယ ဖြစ်သွား၏။ ဤအရာက ယုတ္တိမရှိပေ။ သူသည် ယုတ္တိမရှိလောက်အောင် စွမ်းအားကြီးနေပြီဟု ခံစားရသော်လည်း ရှောင်ယွမ်အာက ပို၍ပင် ယုတ္တိမရှိ ဖြစ်နေသည်။ ခဏကြာသောအခါ သူက မေးလိုက်သည်။

“မင်း ဘယ်နေရာမှာ မွေးဖွားစမ်းသပ်မှုကို အောင်မြင်ခဲ့တာလဲ”

ရှောင်ယွမ်အာက ခေါင်းငုံ့လျက် ပြန်ဖြေလိုက်သည်။

“တပည့်... အဲ... တပည့်ထင်တာက... တပည့်က မွေးဖွားစမ်းသပ်ချက်တွေ လုပ်စရာ မလိုဘူးထင်တယ်...”

“???”

“ရှစ်စွင်း... ရှစ်စွင်းပဲ ပြောဖူးတယ်လေ။ မွေးဖွားစမ်းသပ်ချက်ရဲ့ အနှစ်သာရက မွေးဖွားဇယားချပ်တွေ ဖွင့်ရလွယ်ကူအောင် မွေးဖွားနန်းဆောင်ကို ခိုင်မာစေဖို့ဆို” ရှောင်ယွမ်အာက မေးလိုက်သည်။

“မှန်တယ်”

“တပည့်က ဘာမှ မနာဘူးလေ။ ပြီးတော့ တပည့်ရဲ့ မွေးဖွားနန်းဆောင်က အရမ်းခိုင်မာနေတာ”

ရှောင်ယွမ်အာက ပြောလိုက်သည်။

လုကျိုးသည် ရှောင်ယွမ်အာကို အရေးလုပ်ချင်စိတ် မရှိတော့ပေ။ သူမကို ပညာသင်ပေးပြီးသည့်နောက် လွှတ်ပေးလိုက်ခြင်းက မှန်ကန်သော ဆုံးဖြတ်ချက်ပင်။ သူမကို ဂရုစိုက်လေလေ သူ ပိုဒေါသထွက်ရလေလေ ဖြစ်မည်။ သူမသဘောရှိ ကျင့်ကြံပါစေတော့။ သူ့တပည့်များတွင် ကိုယ်ပိုင် ကံတရားနှင့် ကောင်းချီးအသီးသီး ရှိကြသည်။

ရှောင်ယွမ်အာသည် သူမဆရာ၏ သံသယကို မြင်သောအခါ ထပ်ဖြည့်ပြောလိုက်သည်။

“ဘာဖြစ်နေလဲဆိုတာ တပည့်လည်း မသိပါဘူး။ နေမကောင်းသလို ခံစားရတိုင်း တပည့်က အထွတ်အထိပ် သန့်စင်ကျောက်စိမ်းကျင့်စဉ်ကို ကျင့်ကြံလိုက်တယ်။ အဲဒီအခါကျရင် ကျောက်စိမ်းကျင့်စဉ်က မွေးဖွားနန်းဆောင်ကို အမြဲတမ်း ချောမွေ့ခိုင်မာသွားအောင် လုပ်ပေးသလိုပဲ။ ရှစ်စွင်း... ကြည့်...”

ဝူး

ရှောင်ယွမ်အာသည် သူမ၏ ကြာပွင့်ကို ထုတ်ဖော်လိုက်ပြီးနောက် အထွတ်အထိပ် သန့်စင်ကျောက်စိမ်းကျင့်စဉ်အတွက် မန္တန်ကို ရွတ်ဆိုလိုက်သည်။

မွေးဖွားနန်းဆောင်သည် တည်ငြိမ်သော ရေပြင် သို့မဟုတ် ကြေးမုံပြင်ကဲ့သို့ သုံးယောက်သား၏ ပုံရိပ် ထင်ဟပ်နေသည်။ ရှောင်ယွမ်အာ ဆက်လက် ကျင့်ကြံနေသည်နှင့်အမျှ နေရာအရပ်ရပ်မှ လှိုင်းအနည်းငယ် ထွက်ပေါ်လာသည်ကို မြင်တွေ့ရ၏။

'ဒီကျင့်စဉ်က တကယ် မရိုးရှင်းဘူးပဲ'

မဟာလေဟာနယ်မျိုးစေ့နှင့် သူမ၏ မွေးရာပါ ပါရမီတို့ ပေါင်းစပ်လိုက်သောအခါ ရှောင်ယွမ်အာသည် တစ်သောင်းတွင် တစ်ယောက်သာ ပေါ်ထွန်းနိုင်သည့် ပါရမီရှင် ဖြစ်လာသည်။ သူမသည် ကျားကို အတောင်ပံ တပ်ပေးထားသကဲ့သို့ပင်။

အခြားသူများကို မဆိုထားနှင့် လုကျိုးပင်လျှင် ရှောင်ယွမ်အာကို အနည်းငယ် မနာလို ဖြစ်မိသည်။

လုကျိုးက ပြောလိုက်သည်။ “ဒါဆိုရင် မွေးဖွားဇယားချပ် ၃၆ ခုလုံးကို တန်းပြီး ဖွင့်လို့ရတယ်ဆိုတဲ့ အဓိပ္ပာယ်လား”

ရှောင်ယွမ်အာက ရှက်ကိုးရှက်ကန်းဖြင့် ပြန်ဖြေလိုက်သည်။

“ကျောက်စိမ်းကျင့်စဉ်ကို သုံးပြီး ကျင့်ကြံတိုင်း တပည့်ရဲ့ အသက်စွမ်းအားက လိုက်မမီရင်တော့ အရှိန်လျှော့ရပါတယ်။ ဒါပေမဲ့ အဲဒါက ခဏခဏတော့ မဖြစ်ပါဘူး”

ခရုလေး စိတ်ထိခိုက်သွားရသည်။

ထိုအချိန်၌ အဝေးမှ လက်ခုပ်တီးသံ ထွက်ပေါ်လာသည်။

သုံးယောက်သား မော့ကြည့်လိုက်ရာ သူတို့ကို စောစောက ကူညီပေးခဲ့သော မျက်နှာဖုံးစွပ်လူကို တွေ့လိုက်ရသည်။

မျက်နှာဖုံးစွပ်လူက လမ်းလျှောက်လာရင်း လက်ခုပ်ဆက်တီးနေသည်။ “အထင်ကြီးစရာပဲ... အထင်ကြီးစရာပဲ...”

သုံးယောက်သား မျက်နှာဖုံးစွပ်လူကို အကဲခတ်လိုက်ကြသည်။

မျက်နှာဖုံးစွပ်လူ၏ အရပ်အမောင်းမှာ ပုံမှန်သာ ဖြစ်သည်။ သူသည် အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး မျက်နှာကို ဖုံးကွယ်ထားသည်။ သူ တမင် ပြုလုပ်ထားသော အက်ကွဲကွဲ အသံကြောင့် သူ့ကို ခွဲခြားသိရှိရန် ပိုမိုခက်ခဲစေသည်။

“ခင်ဗျား ဘယ်သူလဲ” လုကျိုးက မေးလိုက်၏။

မျက်နှာဖုံးစွပ်လူက တသောသော ရယ်မောပြီး ပြောလိုက်သည်။ “ခန့်မှန်းကြည့်လေ”

“မင်းနဲ့ ကစားဖို့ ငါ့မှာ အချိန်မရှိဘူး” လုကျိုးက ပြောလိုက်သည်။ သူသည် ခန့်မှန်းရသည်ကို မုန်းသလို အချိန်ဖြုန်းရသည်ကိုလည်း မုန်းတီးသည်။

မျက်နှာဖုံးစွပ်လူသည် ဆံပင်ကို သပ်တင်လိုက်ပြီး မျက်နှာဖုံးကို ခွာလိုက်သည်။

“ကျဲ့ကျင်းအန်း ခင်ဗျားလား” လုကျိုး ဇဝေဇဝါ ဖြစ်သွားသည်။ ကျဲ့ကျင်းအန်း အချိန်ကိုက် ရောက်လာသည်မှာ ဤအကြိမ်သည် ပထမဆုံးအကြိမ် မဟုတ်ပေ။ ဤမျှ တိုက်ဆိုင်မှုမျိုး ရှိနိုင်ပါ့မလား။

“ဘာလို့ ကျုပ်မဖြစ်ရမှာလဲ” ကျဲ့ကျင်းအန်းက ပြောလိုက်သည်။ “ကျုပ်သာ မရှိရင် ခင်ဗျား ဒုက္ခရောက်နေမှာ”

“ကျုပ် ဒီမှာ ရှိနေတာကို ခင်ဗျား ဘယ်လိုသိလဲ” လုကျိုးက မေးလိုက်သည်။ ကျဲ့ကျင်းအန်းနှင့် စတွေ့သည့် အချိန်ကတည်းက ကျဲ့ကျင်းအန်းသည် ထူးဆန်းပြီး လျှို့ဝှက်သည်ဟု သူ အမြဲထင်ခဲ့သည်။

ကုံးချန်ရဲ့ အသက်နှလုံးသားက အတုဖြစ်ပြီး အမှန်တကယ်တော့ ခြေရာခံနိုင်တဲ့ နည်းလမ်း ပါဝင်နေတာများလား။

All Chapters