← Chapters

အခန်း (၁၁၅-၁၁၆)

Vol. 12 Ch. 115-116

အခန်း (၁၁၅-၁၁၆)

Vol. 12 Ch. 115-116

🫧 Chapter 115

"ကျွန်မ မလောပါဘူး၊ ရှင် ဇာတ်လမ်းကြည့်ပြီးမှ လိုက်ခဲ့လို့ရတယ်၊ တကယ်ပြောတာ"

မိန်းကလေး၏ မျက်လုံးများမှာ ရိုးသားလွန်းလှပြီး သူမ၏ မျက်နှာအမူအရာမှာလည်း အတည်ပေါက်ကြီး ဖြစ်နေသည်။

သို့သော် ဟုန်ယာက လက်ယမ်းလိုက်ကာ အလေးအနက်ပင် ငြင်းဆိုလိုက်၏။

"မလိုပါဘူး၊ ငါက နောက်မှ အချိန်ရရင် ဖြည်းဖြည်းချင်း ကြည့်လို့ရတယ်၊ အခုက မင်းကိစ္စက ပိုအရေးကြီးတယ်"

ပြောပြောဆိုဆိုနှင့်ပင် သူမသည် မိန်းကလေးကို ဆွဲမကာ ဝိညာဉ်သိမ်းအိတ်ထဲသို့ထည့်ရန် ပြင်လိုက်တော့သည်။

"မလုပ်ပါနဲ့... မလုပ်ပါနဲ့ဦး..."

ထိုအခါ မိန်းကလေးမှာ ချက်ချင်းပင် ငိုယိုကာ ဒူးထောက်လိုက်ပြီး မျက်ရည်လည်ရွဲဖြင့် ဟုန်ယာကို ကြည့်လိုက်သည်။

"ဝိညာဉ်တမန်တော်ကြီးရှင့်... ကျွန်မမှာတော့ နောင်ကျရင် ဇာတ်လမ်းဆက်ကြည့်ဖို့ အချိန်မရှိတော့ဘူးလေ ဇာတ်သိမ်းမှာ သူတို့နှစ်ယောက် ဘယ်လိုဖြစ်သွားမလဲဆိုတာ သိချင်သေးတယ်၊ ဒုတိယမင်းသားလေးနောက်ဆုံး ဘာဖြစ်သွားမလဲဆိုတာလည်း မြင်ချင်သေးတယ်..."

သူမ ပြောရင်းနှင့် ပိုဝမ်းနည်းလာ တော့သည်။

ဝိညာဉ်တမန်တော်ကြီးကတော့ ဖြည်းဖြည်းချင်းကြည့်နိုင်သော်လည်း သူမအတွက်မူ နောင်အချိန်မရှိတော့ပေ။

ဇာတ်လမ်းလိုက်ကြည့်ရတာ ဝါသနာပါသူချင်းမို့ ဤခံစားချက်ကို ဝိညာဉ်တမန်တော်ကြီးလည်း နားလည်နိုင်မည်ဟု သူမ ယူဆမိသည်။

"မင်းပြောတာလည်း အကြောင်းပြချက် ရှိသားပဲ"

ဟုန်ယာက ခေါင်းငြိမ့်ကာ အလေးအနက် တွေးတောနေ သည်။

"ဒါဆိုရင်တော့... ငါ မင်းကို ဇာတ်လမ်းကြိုပြော ပေးလိုက်မယ်လေ"

"ဟီး... ဝိညာဉ်တမန်တော်ကြီး နားလည်ပေးမယ်ဆိုတာ ကျွန်မ သိ... အမ်"

'ဘာလဲ...'

မိန်းကလေးမှာ ငိုနေရင်းမှ တစ်စုံတစ်ခု မှားယွင်းနေသည်ကို ရုတ်တရက် သတိထားမိသွားကာ မျက်နှာတွင် တွေဝေသွားသည့် အရိပ်အယောင်များပေါ်လာသည်။

"ဒီကားက... မပြီးသေးဘူး မဟုတ်လား အွန်လိုင်းမှာ ဝတ္ထုတောင် မထွက်သေးဘူးလို့ ကျွန်မ ကြားထားတာ"

ဟုန်ယာ: "ဟုတ်တယ်၊ ငါလည်း အရင်က စာရေးဆရာဘေးမှာ ကပ်ကြည့်နေတုန်းက ဇာတ်ညွှန်းကိုမြင်ခဲ့တာ"

"ဇာတ်ညွှန်းနဲ့ ရိုက်ကူးထားတဲ့ကားက နည်းနည်းတော့ ကွဲလွဲနိုင်ပေမယ့် ဇာတ်သိမ်းကတော့ အတူတူပဲ ဖြစ်မှာပါ"

မိန်းကလေးမှာ ကြောင်အသွားကာ "ဒါဆို... 'ပေါင်ရှီးအချစ်' ကားကရော"

"အဲဒါလား၊ အဲဒါ ရိုက်ကူးနေတုန်းက ငါ အဲဒီမှာရှိနေတာ၊ ဒါကြောင့် အကုန်သိတယ်"

"အွန်လိုင်းမှာ တင်နေတဲ့ 'တားမြစ်အနမ်း' ဝတ္ထုကရော"

"အဲဒါကတော့ ငါ အကုန်မဖတ်ရသေးဘူး၊ စာရေးဆရာက မရေးရသေးလို့လေ..."

မိန်းကလေးက သက်ပြင်းချရန် ပြင်လိုက်စဉ်မှာပင် ဟုန်ယာက ဆက်ပြောလိုက်သည်။

"ဒါပေမယ့် ငါ စာရေးဆရာရဲ့ ဇာတ်ကွက်အကျဉ်းကိုတော့ ဖတ်ပြီးသွားပြီ"

"..."

မိန်းကလေးမှာ အကြာကြီး တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် သူမသည် ဆယ်နှစ်ကျော်သည်အထိမပြီးနိုင်သေးသည့် အန်နီမေးရှင်းတစ်ကားကို သတိရသွားမိသည်။

သတင်းများအရ စာရေးဆရာကိုယ်တိုင်ပင် ဇာတ်ကွက်အကျဉ်းကို တဖြည်းဖြည်းချင်းပြန်ပြင်နေရဆဲဖြစ်သည်ဟု ဆိုကြသည်။

"ဒါဆို 'နတ်ဘုရားဘုရင်ရဲ့ နေ့ရက်များ' ကရော"

"အဲဒါကတော့..."

ဟုန်ယာသည် မိန်းကလေးကို ဆွဲမလိုက်ကာစကားပြောရင်းနှင့်ပင် သူမကို ဝိညာဉ်သိမ်းအိတ်ထဲသို့ ထည့်လိုက်တော့၏။

"မင်း နောက်ဘဝလူပြန်ဖြစ်လာရင်တော့ အဲဒါကို မြင်ရနိုင်လောက်ပါပြီ၊ မလောနဲ့"

...

[Host ရေ... တစ်ယောက်ယောက်က ရှင့်ရဲ့ အဖွဲ့ဝင်ကို အလုပ်ခွင်မှာ အချိန်ဖြုန်းအောင်မြှူဆွယ်နေတယ်... နေပါဦး ဘာမှမဖြစ်တော့သလိုပဲ]

[ဇာတ်လမ်းကြည့်တဲ့ ပုံစံအသစ်ကို သိလိုက်ရပြီ ဗဟုသုတတွေ တိုးလိုက်တာ]

[နောက်ဆုံးက အလှည့်အပြောင်းကတော့ လက်လန်သွားတာပဲ...]

[နောက်ဆုံးစကားက ရင်နာစရာကြီးဗျာ၊ တကယ်ပဲ နောက် ဘဝမှ တွေ့ကြရတော့မှာလား]

[နောက်ဘဝမှတွေ့မယ့် အန်နီမေးရှင်းစာရင်းထဲ နောက်တစ်ကား ထပ်တိုးသွားပြီ +၁]

တိုက်ရိုက်ထုတ်လွှင့်မှုခန်းရှိ ကြည့်ရှုသူများမှာ အစောပိုင်းက အနည်းငယ်တင်းမာနေခဲ့ကြသည်။

အကြောင်းမှာ စောစောက အခြေအနေအရ ဤဝိညာဉ်တမန်တော်ကြီးမှာလည်း ဇာတ်လမ်းကြည့်ရတာ ဝါသနာပါသူ ဖြစ်နေသောကြောင့်ပင်။

အကယ်၍ အဖွဲ့ဝင်များက တာဝန်ကို ကောင်းကောင်း မဆောင်ရွက်နိုင်ပါက Host အတွက်လည်း အခက်အခဲရှိနိုင်သည် မဟုတ်ပါလော။

သို့သော် နောက်ပိုင်းတွင် မျှော်လင့်မထားသော အလှည့်အပြောင်းကို မြင်လိုက်ရသည်။

ဤဝိညာဉ်တမန်တော်မလေးသည် ဇာတ်လမ်းကြည့်ရတာ ဝါသနာပါသော်လည်း အလုပ်နှင့် ကိုယ်ရေးကိုယ်တာကိုတော့ ပြတ်ပြတ်သားသား ခွဲခြားထားနိုင်ပေသည်။

အရေးကြီးသည့်အချိန်တွင် သူမသည် အမှားအယွင်းမရှိပေ။

ထို့ပြင်...

ဤဝိညာဉ်တမန်တော်မလေး၏ ဇာတ်လမ်းကြည့်ပုံမှာ တကယ်ကို အဆင့်မြင့်လွန်းလှသည်။

ဇာတ်လမ်းဝါသနာပါသူဖြစ်စေ၊ မပါသူဖြစ်စေ အားလုံးကပင် အားကျမဆုံး ဖြစ်နေကြရသည်။

[ကျွန်တော်လည်း အဲဒီလို ဇာတ်လမ်းကြည့်ချင်လိုက်တာ အား...]

[အားကျလွန်းလို့ မျက်ရည်တောင်ကျတယ် ]

[သူ့နာမည်က... ဟုန်ယာလို့ ခေါ်တာလား တကာ်လန်းတယ်ဟ]

[ကျွန်တော်လည်း သိချင်တယ်၊ မနက်ဖြန် အင်တာဗျူးမှာ ဘာမေးခွန်းတွေ မေးမလဲဆိုတာ...]

[မေးချင်လို့ပါ၊ 'ဧကရီရဲ့ယောင်္ကျားဖြစ်သွားလို့ ကြောင်အသွားတဲ့ ကျွန်တော်' ဝတ္ထုရဲ့ နောက်ပိုင်းမှာ ဘာတွေ ဖြစ်ဦးမလဲ]

[...]

ကြည့်ရှုသူများ၏ စိတ်လှုပ်ရှားမှုနှင့် မတူဘဲ ကျန်းလင်က တော့ ငြိမ်သက်စွာသာ ကြည့်နေ၏။

သူ့ ယခုတစ်ကြိမ် ရည်ရွယ်ချက်မှာ အကဲခတ်လေ့လာရန်သာ ဖြစ်သည်။

တစ်စုံတစ်ခုကို ဝင်ရောက်စွက်ဖက်ရန် သို့မဟုတ် ပြုပြင်ရန် မဟုတ်ပေ။

ထို့ပြင် လောလောဆယ်တွင် ဟုန်ယာမှာ အလုပ်ကို ထိခိုက်အောင် လုပ်ဆောင်ခြင်းမရှိသည်ကို တွေ့ရသည်။

သူမ၏လုပ်ဆောင်ပုံမှာ ကိုယ်ပိုင်ဟန်နှင့် ထူးခြားနေခြင်းသာ ဖြစ်သည်။

ဟုန်ယာအတွက်မူ ဤကဲ့သို့သော နေ့စဉ်ဘဝများမှာ သူမ ရှာဖွေနေသည့် အရာများဖြစ်နိုင်ပေသည်။

...

အွန်လိုင်းပေါ်တွင်...

ဇာတ်လမ်းတွဲအဖွဲ့များနှင့် စာရေးဆရာများ၏ လူမှုကွန်ရက်စာမျက်နှာများအောက်တွင် ကြည့်ရှုသူများက ဝိုင်းဝန်း Tag ပေးနေကြသဖြင့် ဆူညံသွားတော့သည်။

အစပိုင်းတွင် Tag ခံရသူများမှာ ကြောင်အသွားကြသည်။

သူတို့ မကြာသေးမီက ဘာမှားလုပ်မိသလဲဟု ပြန်စဉ်းစားကာ သတင်းများကို လိုက်ရှာကြသည်။

စိတ်ကြိုက်ရှာကြသော်လည်း သူတို့နှင့် သက်ဆိုင်သည့် အကြောင်းအရာလည်း ဘာမှမရှိပေ။

နောက်ပိုင်းတွင် ကြည့်ရှုသူများထံမှတစ်ဆင့် 'မရဏ‌လော ကမှအံ့ဖွယ်‌နေ့ရက်များ' တိုက်ရိုက်ထုတ်လွှင့်မှုတွင် ဇာတ် လမ်းကြည့်ရတာ ဝါသနာပါသည့် ဟုန်ယာအမည်ရှိ ဝိညာဉ်တမန်တော်တစ်ဦးရှိနေကြောင်း သိလိုက်ရချိန်တွင် သူတို့အားလုံး မှင်တက်သွားကြသည်။

တစ်ချိန်တည်းမှာပင် ကျောချမ်းသွားကြရ၏...

ဇာတ်လမ်းတွဲအဖွဲ့များ : [သူတို့ ရိုက်ကူးနေချိန်မှာ ဝိညာဉ်တမန်တော်တစ်ပါးက ဘေးကနေကြည့်နေတယ် ဟုတ်လား]

[သေလိုက်ပါတော့ အသက်တောင် မရှူရဲတော့ဘူး]

[မသင်္ကာတော့ဘူး၊ တစ်ခါတစ်လေ ဘေးနားမှာ အေးစိမ့်စိမ့် ဖြစ်နေတတ်တာ ဒါကြောင့်ကိုး...]

'သူတို့ ရိုက်ကူးနေစဉ်၊ မိတ်ကပ်လိမ်းနေစဉ်၊ အဝတ်အစားလဲနေစဉ်... အဲဒါတွေအားလုံးကို အမြင်ခံလိုက်ရတာ မဟုတ်ဘူးလား'

...

အခန်းထဲတွင် တစ်ယောက်တည်း စာရိုက်နေလေ့ရှိသော စာရေးဆရာများမှာလည်း တုန်တုန်ယင်ယင်နှင့် အလိုအ လျောက် နောက်သို့လှည့်ကြည့်မိကြသည်။

'ဘာတွေလဲ'

'သူတို့ စာရေးနေချိန်မှာ ဝိညာဉ်တမန်တော်က ကြည့်နေခဲ့တာလား'

'ဇာတ်ကွက်အကျဉ်းကိုတောင် ဖတ်သွားသေးတယ်'

'ဒါက သဘာဝလွန် ကြောက်စရာကောင်းတဲ့ကိစ္စကြီးပဲ မဟုတ်လား'

"သွားပြီ... သွားပြီ..."

အချို့သော စာရေးဆရာများမှာတော့ သူတို့အတွက် ကြေကွဲစရာဟု ခံစားနေရသည်။

ပုံမှန်အားဖြင့် တိတ်ဆိတ်သည့် နေရာတွင်မှ စိတ်ကူးပေါ်ကာ စာရေးနိုင်ကြခြင်း ဖြစ်သည်။

သို့သော် ယခုမူ...

သူတို့၏ အခန်းထဲတွင် အခြားတစ်စုံတစ်ခု ရှိနေသကဲ့သို့ ခံစားနေရသည်။

ထိုအရာမှာ သိပ္ပံနည်းကျ ရှင်းပြ၍မရသော အရာတစ်ခုပင်ဖြစ်သည်လေ။

စာရေးဆရာများနှင့် ဇာတ်လမ်းတွဲအဖွဲ့များမှာ တစ်ညီတစ်ညွတ်တည်း ပို့စ်တစ်ခု တင်လိုက်ကြ၏။

"ကျေးဇူးပြုပြီး ကျော်သွားပေးပါ..."

ဤ 'ကျော်သွားပေးပါ' ဆိုသည်မှာ ကြည့်ရှုသူများကို ပြောခြင်းလော သို့မဟုတ် ဝိညာဉ်တမန်တော်ကြီးကို ပြောခြင်းလော ဆိုသည်မှာတော့ မရေရာတော့ပေ။

...

ဤဘက်တွင်...

မိန်းကလေး၏ဝိညာဉ်ကို သိမ်းဆည်းပြီးနောက် ဟုန်ယာသည် လက်ထဲမှ အလုပ်စာအုပ်ကို ကြည့်လိုက်သည်။

နောက်ထပ် ဝိညာဉ်ခေါ်ယူရန် အချိန်အနည်းငယ် လိုသေးသည်။

ထို့ပြင် သေဆုံးရသည့် အကြောင်းရင်းနှင့် အလုပ်အကိုင်အရ ထိုသူမှာ ဇာတ်လမ်းကြည့်နေမည့်သူမျိုး မဟုတ်နိုင်ပေ။

ထို့ကြောင့် သူမ ဆုံးဖြတ်လိုက်သည်မှာ...

Window shopping လုပ်ရန်.....

(ဈေးမဝယ်ပဲ ကြည့်ရုံသာကြည့်ခြင်း)

တိုက်ရိုက်ထုတ်လွှင့်မှုခန်းမှ ကြည့်ရှုသူများမှာလည်း သူမနှင့်အတူ လျှောက်ကြည့်နေသည့်မြင်ကွင်းကို ကြည့်နေကြရသည်။

ဟုန်ယာသည် လမ်းထိပ်မှ လမ်းဆုံးအထိလျှောက်သွားကာ တစ်ခါတစ်ရံ စာအုပ်ဆိုင် သို့မဟုတ် အဝတ်အထည်ဆိုင်များထဲသို့ ဝင်ကြည့်သည်။

ထို့နောက် လမ်းပေါ်မှတစ်ဆင့် ကျောင်းဝင်းတစ်ခုအတွင်းသို့ ရောက်ရှိသွားသည်။

တက္ကသိုလ်အတွင်း၌...

"ဟေး... ဟား" "တစ်... နှစ်... တစ်" "ဘယ်ကို... လှည့်" စသည့် အသံများ ကျောင်းဝင်းအနှံ့ ပဲ့တင်ထပ်နေသည်။

လူအများအပြားမှာ ယခုအချိန်သည် ကျောင်းသားသစ်များ စစ်သင်တန်းတက်နေသည့် အချိန်ဖြစ်ကြောင်း သတိရသွားကြသည်။

ပူပြင်းလှသော နွေရာသီတွင် စစ်ဝတ်စုံဝတ်ထားသော ကျောင်းသားသစ်တန်းများသည် ကွင်းပြင်ထဲတွင် နေပူဒဏ်ကို အံတုနေကြရသည်။

ဟုန်ယာသည် အထဲသို့ ရောက်သွားသောအခါ ဘတ်စကက်ဘောဘုတ်အပေါ်တွင် တက်ထိုင်လိုက်ပြီးနောက်...

ခြေထောက်ကို လှုပ်ယမ်းရင်း အောက်တွင် ပင်ပန်းဆင်းရဲစွာ လေ့ကျင့်နေကြသော ကျောင်းသားသစ်များကို ကြည့်ကာ စိတ်လှုပ်ရှားနေတော့သည်။

...

ဤကိစ္စကြောင့် ကြည့်ရှုသူများမှာလည်း ဗဟုသုတအသစ်များရရှိသွားကြသည်။

ဝိညာဉ်တမန်တော်ချင်း တူသော်လည်း လုပ်ဆောင်ပုံချင်းမှာမူ မတူညီကြပေ။

Host ကဲ့သို့ ငြိမ်သက်စွာ ဝိညာဉ်ထွက်လာသည်ကို စောင့်နေသူရှိသလို၊ ကျိယင်ကဲ့သို့ စိတ်မကောင်းဖြစ်နေသူရှိပြီး၊ ဟုန်ယာကဲ့သို့ အခွင့်အရေးရခိုက် 'အပန်းဖြေ' နေသူလည်း ရှိပေသည်။

[တကယ်ကို... လျှောက်လည်နေတာပဲ]

[ငါ ဘယ်လိုဖြစ်ပြီး Live ခန်းထဲမှာ ဈေးဝယ်ထွက်တာနဲ့ စစ်သင်တန်းပေးတာကို လိုက်ကြည့်နေမိတာလဲ...]

[Host ရဲ့ စိတ်ဓာတ်က တကယ်ကောင်းတာပဲ၊ ငါ့အလုပ်ရှင်သာဆိုရင် အလုပ်များများ၊ မများများ အလုပ်ချိန်အတွင်းမှာ ဘာမှလုပ်ခွင့်ပေးမှာ မဟုတ်ဘူး...]

[Host လည်း လျှောက်လည်နေတာ ဖြစ်နိုင်တယ်လေ]

[အပေါ်ကလူ... အဆင်ပြေရဲ့လား]

[အပေါ်ကလူကတော့ ကယ်မရတော့ဘူး ထင်တယ် (ဆုတောင်းပေးလိုက်ပါတယ်)]

...

"ညာကို... လှည့်"

နည်းပြ၏ အမိန့်ပေးသံနှင့်အတူ ကျောင်းသားအုပ်စုမှာ ညာဘက်သို့ တစ်ပြိုင်နက် လှည့်လိုက်ကြသည်။

သို့သော်လည်း ထိုအချိန်တွင် ဘယ်ဘက်သို့ လှည့်မိသူများမှာ သိသာထင်ရှားနေတော့သည်။

နည်းပြ၏နဖူးမှ သွေးကြောများမှာ ထောင်တက်လာ၏။

'စစ်သင်တန်းတက်နေသည်မှာ ရက်အတော်ကြာပြီဖြစ်သော် လည်း ဘယ်ညာကို ဘာကြောင့် ခွဲမရကြသေးသနည်း'

အကြည့်ခံလိုက်ရသော ကျောင်းသားသစ်နှစ်ဦးမှာ ချက်ချင်းပင် ကိုယ်ကိုလှည့်ကာ ခေါင်းငုံ့ထားကြပြီး နည်းပြ၏မျက်နှာကို မကြည့်ရဲကြပေ။

သူတို့လည်း တမင်လုပ်သည် မဟုတ်ပါလေ...

[ဟားဟား... ကျွန်တော်လည်း အရင်က အဲဒီလိုပဲ]

[ကျွန်တော်ကတော့ စစ်သင်တန်းကို သဘောကျတယ်၊ အဲဒီထဲက ကိုယ်ခံပညာတွေကိုလည်း ကြိုက်တယ်]

[ဟင် ဟိုဘက်က လူက...]

ကြည့်ရှုသူများ ကျောင်းသားသစ်များကို ကြည့်ရင်း စိတ်ဝင်တစား ရှိနေချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှုခန်း၏ထောင့်တစ်ခု၌...

ရင်းနှီးနေသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရတော့သည်။

🫧 Chapter 116

"ခြေလှမ်းညီအောင်... လှမ်းကြစမ်း"

"တစ်... နှစ်... တစ် တစ်... နှစ်... တစ်"

နည်းပြ၏အမိန့်ပေးသံများမှာ တိုက်ရိုက်ထုတ်လွှင့်မှုခန်းအတွင်းမှ ထွက်ပေါ်လာသည်။

သို့သော်လည်း ကြည့်ရှုသူများ၏ အာရုံစိုက်မှုမှာ တဖြည်း ဖြည်းနှင့် မြင်ကွင်းထောင့်တစ်နေရာရှိ... အဖြူရောင်ပုံရိပ်တစ်ခုဆီသို့ ရောက်ရှိသွားတော့သည်။

ထိုပုံရိပ်မှာ အရပ်အမောင်း မြင့်မားကာ ဝိညာဉ်တမန်တော် (ပိုင်ဝူချန်) ဝတ်စုံကို ဝတ်ဆင်ထား၏။

ထိုသူသည် လေဟာနယ်ထဲတွင် ဘယ်ညာဝေ့ဝဲကြည့်နေပြီး တစ်စုံတစ်ခုကို ရှာဖွေနေဟန်တူကာ အနည်းငယ် မျက်စိလည်နေပုံရသည်။

[ဒါက Host ရဲ့ လုပ်ဖော်ကိုင်ဖက်လား]

[သူ အခက်အခဲနဲ့ တွေ့နေတာလား ? Host သွားကြည့်ပေးဦးမလား]

[နေပါဦး... အဲဒီပုံစံက တစ်နေရာရာမှာမြင်ဖူးသလိုပဲ]

ကြည့်ရှုသူများမှာ ဖန်သားပြင်ပေါ်မှ ထိုပုံရိပ်ကို အသေးစိတ်မြင်ရရန်အတွက် မှန်ဘီလူးနှင့်ပင် ကြည့်ချင်စိတ် ပေါက်နေကြသည်။

၎င်းမှာ သူတို့၏မျက်စိအားကို တကယ်ပင် စမ်းသပ်နေသကဲ့သို့ပင်။

ထိုပုံရိပ်မှာဖရဲသီးဘေးက နှမ်းစေ့လေးတစ်စေ့ကဲ့သို့ သေးငယ်လှပေသည်။

ထိုစဉ် မြင်ကွင်းအတွင်းရှိ ကျန်းလင်ကလည်း ထိုဘက်သို့ လှည့်ကြည့်လိုက်သည်။

သူသည် မှတ်ချက်များကို ဖတ်မိ၍ မဟုတ်ဘဲ တစ်စုံတစ်ခုကို အာရုံခံမိခြင်းကြောင့် ဖြစ်သည်။

သူ့အာရုံငါးပါးမှာ လူသားများထက် များစွာ ပိုမိုထက်မြက်ပြီး အဝေးကိုလည်း မြင်နိုင်သည်။

ဤတစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ထိုပုံရိပ်ကို သူ ရှင်းရှင်း လင်းလင်း မြင်လိုက်ရပြီဖြစ်သည်။

၎င်းမှာ အရပ်မြင့်မြင့်၊ အသက် ၃၀ သို့မဟုတ် ၄၀ ဝန်းကျင်ခန့်ရှိကာ ပေါ့ပေါ့ပါးပါး ပုံစံရှိသောသူ... သူ၏ အဖွဲ့ဝင် 'နျဲ့ကျူ' မဟုတ်လျှင် အခြားသူ မည်သူဖြစ်နိုင်ဦးမည်နည်း။

'သူ ဒီမှာ ဘာလုပ်နေတာလဲ'

ကျန်းလင်သည် လက်ထဲမှ ဝိညာဉ်ခေါ်ယူခြင်းမှတ်တမ်းကို ကြည့်လိုက်ရာ နျဲ့ကျူအား ပေးထားသော ဝိညာဉ်သတင်းအချက်အလက်များမှာ ဤအနီးအနားတွင် မရှိပေ။

ခေတ္တမျှ စဉ်းစားပြီးနောက် သူသည် ဘတ်စကက်ဘောဘုတ်ပေါ်တွင်ထိုင်ကာ စစ်သင်တန်းကြည့်နေသော ဟုန်ယာကို လှမ်းကြည့်လိုက်သည်။

ဝိညာဉ်ထွက်ပေါ်မည့် အချိန်မရောက်မီအထိ သူမသည် ဤသို့ပင် လျှောက်သွားနေဦးမည် ဖြစ်သည်။

ထို့ကြောင့် ကျန်းလင်သည် နျဲ့ကျူရှိရာဘက်သို့ ချဉ်းကပ်သွားလိုက်၏။

ဝိညာဉ်တမန်တော် (၂၀) ဦးအနက် အမြဲတမ်းဝန်ထမ်းသစ် (၅) ဦးကို ဖယ်ထုတ်လျှင် ကျန်ရှိသော (၁၅) ဦးထဲတွင် နျဲ့ကျူမှာ ကျင့်စဉ်အဆင့် အမြင့်ဆုံးဖြစ်သော်လည်း လုပ်ငန်းစွမ်းဆောင်ရည်မှာမူ နောက်ဆုံးကဖြစ်သည်။

ကျန်းလင်အနေဖြင့်လည်း အဘယ်ကြောင့် ဤသို့ဖြစ်ရသလဲဆိုသည်ကို သိချင်နေမိ၏။

တစ်ဖက်လူမှာ အခက်အခဲတစ်ခုခုနှင့် တွေ့နေသလား သို့မဟုတ် တစ်စုံတစ်ခုက နှောင့်ယှက်နေသလားဆိုသည်ကို သူ စစ်ဆေးချင်သည်လေ။

...

ကျန်းလင် ချဉ်းကပ်သွားသည်နှင့်အမျှ ကင်မရာထောင့် ပြောင်းလဲသွားသဖြင့် ကြည့်ရှုသူများသည်လည်း ထိုအဖြူရောင်ပုံရိပ်ကို ရှင်းလင်းစွာ မြင်တွေ့လာရသည်။

[ဒါ... အစီရင်ခံတဲ့နေ့က နောက်ဆုံးမှ ရောက်လာတဲ့ ဝိညာဉ်တမန်တော် မဟုတ်လား၊ နျဲ့ကျူလို့ ခေါ်တယ်ထင်တယ်]

[ရင်းနှီးနေပါတယ်လို့ ပြောသားပဲ၊ တကယ်ပဲ Host ရဲ့ အဖွဲ့ဝင် ဖြစ်နေတာကိုး]

[တိုက်ဆိုင်လိုက်တာ]

[တကယ်ကို တိုက်ဆိုင်တာမှ လွန်ရောပဲ]

[ငါ ဘယ်လိုခံစားနေရလဲဆိုတော့... သူလည်း ဈေးဝယ်ထွက်နေတာများလား]

ဟုန်ယာ အလုပ်လုပ်ပုံကို မြင်တွေ့ပြီးနောက် ကြည့်ရှုသူများ ၏အတွေးအခေါ်များမှာလည်း ပိုပွင့်လင်းလာကြသည်။

ဝိညာဉ်တမန်တော်ချင်း တူသော်လည်း အမျိုးမျိုး ရှိနိုင်သည် မဟုတ်ပါလော။

အလုပ်အပေါ် တာဝန်ကျေသည်ဆိုသော်လည်း သူတို့တွင်လည်း ကိုယ်ပိုင်ဝါသနာ သို့မဟုတ် အလေ့အကျင့်လေးများ ရှိနိုင်ပေသည်။

လူ့လောကတွင်လည်း ထိုနည်းတူပင် ဖြစ်သည်။

အလုပ်လုပ်သူက လုပ်၊ ကျောင်းတက်သူက တက်... သို့သော် အားလပ်ချိန်တွင်မူအလုပ် သို့မဟုတ် စာသင်ခြင်းနှင့် မသက် ဆိုင်သော အရာများကို လုပ်ဆောင်တတ်ကြသည်။

တကယ်တမ်း ပြန်တွေးကြည့်လျှင်...

သရဲများမှာလည်း မသေဆုံးမီက လူသားများပင် ဖြစ်သည်။

ငရဲပြည်နှင့် လူ့ပြည်မှာ ခြားနားနေပြီး ရှင်သန်ပုံချင်း မတူသော်လည်း တူညီသည့် အချက်များစွာ ရှိနေဆဲပင်။

'ဖြစ်နိုင်သည်မှာ အားလုံးက ဝိညာဉ်တစ်ခုတည်း ဖြစ်နေ၍ လော'

' သို့မဟုတ် ဝိညာဉ်တမန်တော်များမှာ လူ့ဘဝက မှတ်ဉာဏ်များကို ထိန်းသိမ်းထားနိုင်၍လော'

ကျိယင်းနှင့် အဘွားအို ဖူကျားတို့၏ လုပ်ဆောင်ပုံအရ သူတို့တွင် မှတ်ဉာဏ်များ ရှိနေသည်မှာ ထင်ရှားသည်။

ကြည့်ရှုသူများသည်လည်း ဤအချက်ကို စောစောကတည်း ကသတိပြုမိထားကြဟန် ရှိသည်။

အကြောင်းမှာ ယခင်မုန့်ပေါ်ဟောင်း ရှရှောင်ချင်းသည်လည်း ဝိညာဉ်တမန်တော်တစ်ဦးဖြစ်ခဲ့ကာ သူမ ရှာဖွေနေသည့်သူကိုလည်း သူတို့ အတူတူ လိုက်ရှာပေးခဲ့ကြဖူးသည် မဟုတ်ပါလော။

ထို့ပြင် ယခင်က 'ဘိုးဘွား' များကို ဆင့်ခေါ်သည့် ကိစ္စလည်း ရှိသေးသည်။

[သေသွားတဲ့သူတွေမှာ မှတ်ဉာဏ်တွေ ကျန်နေတာက ကောင်းသလား၊ ဆိုးသလား]

ကြည့်ရှုသူတစ်ဦးက တွေး‌တောရင်းမေးခွန်းထုတ်လာသည်။

[သေချာပေါက် ကောင်းတာပေါ့၊ မဟုတ်ရင် ငရဲပြည်မှာ မှတ်ဉာဏ်မရှိဘဲ ကုသိုလ်နဲ့ အကုသိုလ်ကို ဘယ်လို ဆုံးဖြတ်မလဲ]

[ဒါပေမယ့် အငြိုးကြီးသရဲ တွေဆိုတာကလည်း စွဲလမ်းမှုတွေရှိတဲ့ သရဲတွေကနေ ဖြစ်လာတာလေ]

[ဒါပေမယ့် သရဲတွေက လူ့လောကက ကိစ္စတွေကို မေ့သွားမယ်ဆိုရင် ငါတို့ရဲ့ လွမ်းဆွတ်မှုတွေက ဘာအဓိပ္ပာယ် ရှိတော့မှာလဲ ငါတို့ ထွန်းညှိလိုက်တဲ့ အမွှေးတိုင်တွေက ဘယ်သူ့ဆီကို ရောက်မှာလဲ]

[အငြိုးကြီးတဲ့ သရဲတွေက လူ့လောကကို အန္တရာယ် ပေးနိုင်တာပဲလေ၊ မှတ်ဉာဏ်တွေ မရှိတော့ရင်...]

[အဲဒါကတော့ မရေရာဘူး၊ ဒါပေမယ့် လူကောင်းတွေအတွက်တော့ ဒီမှတ်ဉာဏ်တွေကို အားကိုးပြီး ရှည်လျားတဲ့ နှစ်ကာလတွေကို ဖြတ်သန်းနိုင်မှာပါ]

'အခု သူတို့ မြင်တွေ့နေရတဲ့ ဝိညာဉ်တမန်တော်ကြီးတွေလိုပေါ့'

[ဖြစ်နိုင်တာက သူတို့ဟာ လူ့ဘဝက လွှမ်းမိုးမှုတွေကြောင့် ဒီအလုပ်ကို ရွေးချယ်ခဲ့ကြတာ ဖြစ်မှာပါ]

[ လူ့လောကက ရဲအရာရှိတွေလိုပဲ သူတို့မှာလည်း ကိုယ်ပိုင် ရည်မှန်းချက်တွေ ဒါမှမဟုတ် စွဲလမ်းမှုတွေ ရှိနိုင်ပါတယ်]

[နောက်ပြီးတော့...

ဝိညာဉ်တွေရဲ့ သက်တမ်းနဲ့ ကြည့်မယ်ဆိုရင် မှတ်ဉာဏ်တွေသာ မရှိတော့ဘူးဆိုရင် ဒီလောက် ရှည်လျားတဲ့ နှစ်ကာလတွေက ဘယ်လောက်တောင် ဗလာကျင်းနေမလဲ]

[ကိုယ် ဘာလိုချင်လဲဆိုတာ မေ့သွားရင် ဘယ်လိုမျိုး ရှာဖွေမှုတွေ လုပ်နိုင်တော့မှာလဲ]

[ ကိုယ် ပြောင်းလဲသွားပြီဆိုတာ၊ မကောင်းမှုတွေ မလုပ်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပြီဆိုတာကိုကော ဘယ်လို သိနိုင်တော့မှာလဲ]

[အပေါ်က လူတွေ အငြင်းပွားတာ အရမ်းကြမ်းတာပဲ စာညံ့တဲ့ ကျွန်တော်ကတော့ တကယ်လန်းတယ် လို့ပဲ အော်နိုင်တယ်]

[ဝါး စကားစစ်ထိုးပွဲကြီး မြင်နေရသလိုပဲ...]

[ဒါနဲ့... မင်းတို့ ဒါတွေကို ဆွေးနွေးနေတာက အသုံးရောဝင်ရဲ့လား]

[...]

ဤစကား ထွက်လာသည်နှင့် အငြင်းပွားနေသည့် နှစ်ဖက်စလုံး တိတ်ဆိတ်သွားကြသည်။

ရုတ်တရက် သူတို့ သတိထားမိလိုက်သည်မှာ...

'ဒါတွေကို ဆွေးနွေးနေတာက ဘာအသုံးဝင်လို့လဲ! ဂုဏ်ထူးမှတ်လည်း မရသလို စကားစစ်ထိုးပွဲ စင်မြင့်ပေါ်မှာလည်း မဟုတ်ဘူးနောက်ပြီး ဒါက Live room လေ'

[ဆွေးနွေးချင်တဲ့သူတွေ Group တစ်ခု လုပ်လိုက်ဖို့ အကြံပေးတယ် ]

[Official မှ အသိအမှတ်ပြုသည် : အရည်အချင်းရှိသူများ Group ထဲသို့ ဝင်ရောက် ဆွေးနွေးနိုင်ပါသည်၊ Group No: 68]

[မိုက်တယ်...]

Official ၏ဝင်ရောက်ပြောဆိုမှုက Live ခန်းအတွင်းရှိ ဤစကားစစ်ထိုးပွဲကို အဆုံးသတ်ပေးလိုက်သည်။

ဘေးမှကြည့်နေသော ကြည့်ရှုသူ အုပ်စုမှာလည်း ဤစကားစစ်ထိုးပွဲကို ကြည့်ပြီးနောက် တစ်စုံတစ်ခုကို သိရှိသွားကြသကဲ့သို့ပင်။

လေထဲသို့ မော့ကြည့်ရင်း တွေဝေသွားသည့် ခံစားချက်မျိုးပင် ဖြစ်သည်။

[ငါက ဘယ်သူလဲ ငါ ဘယ်မှာလဲ ငါ ဘာလုပ်နေတာလဲ... ဪ၊ ငါ Live ကြည့်နေတာပဲ]

[Live ခန်းထဲမှာ အဲဒီလို လူတော်တွေချည်းပဲ ရှိနေတာလား ငါကတော့ ကြည့်ရှုသူတွေရဲ့ ပျမ်းမျှအဆင့်ကို ဆွဲချလိုက်သလိုပဲ (ရှက်မိပါတယ်)]

[Live ခန်းအတွင်း အဆင့်အတန်း -၁]

[Live ခန်းအတွင်း အဆင့်အတန်း -၉၉၉]

...

ကြည့်ရှုသူများ ဆွေးနွေးနေကြစဉ် ကျန်းလင်သည် နျဲ့ကျူရှိရာသို့ ချဉ်းကပ်သွားခဲ့သည်။

"ထူးဆန်းတယ်... ဒီနားမှာပဲ ဖြစ်ရမှာပါ..."

နျဲ့ကျူမှာမူ လေထဲတွင် ရပ်နေရင်း ခေါင်းကို ကုတ်နေသည်။

သူသည် လက်ထဲမှ အလုပ်စာအုပ်လေးကို တစ်ချက်ကြည့်လိုက်၊ အောက်ရှိထပ်စီနေသော အိမ်များနှင့် လမ်းမများကို တစ်ချက်ကြည့်လိုက်နှင့် လုပ်ဆောင်နေသော်လည်း လိပ်စာနှင့် လုံးဝ တိုက်ဆိုင်မှုမရှိပေ။

သူသည် စာအုပ်ထဲတွင်ပါသော လိပ်စာအတိုင်း လာခဲ့ခြင်း ဖြစ်သည်မှာ သေချာပါသည်။

"ဒါမှမဟုတ် လမ်းလွဲသွားလို့ ကျော်သွားတာလား"

သူသည် လာခဲ့သည့် လမ်းအတိုင်း ပြန်သွားရန်ပြင်လိုက်သည်။

သို့သော်သူအလှည့်တွင် တစ်စုံတစ်ဦးကို မြင်လိုက်ရသဖြင့် အော်ဟစ်မိလုနီးပါး ဖြစ်သွား၏။

"....."

နျဲ့ကျူသည် နောက်သို့ အကြိမ်ကြိမ် ဆုတ်လိုက်ရပြီးမှ ကိုယ်ကို တည်ငြိမ်အောင် ထိန်းလိုက်သည်။

သူ့ နောက်ကွယ်တွင် မည်သည့်အချိန်က ရောက်နေမှန်း မသိသော ကျန်းလင်ကိုမြင်လိုက်ရချိန်တွင် သူ့ စိတ်ထဲ၌ မလုံမလဲ ဖြစ်သွားတော့သည်။

"အဖွဲ့ခေါင်းဆောင်... တိုက်ဆိုင်လိုက်တာ၊ ခေါင်းဆောင်လည်း ဒီမှာလား ဟားဟား..."

ကျန်းလင်က ခေါင်းငြိမ့်ပြလိုက်သည်။

"အင်း... ဒီနားက ဖြတ်လာတာ"

သူသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သော်လည်း နျဲ့ကျူကို နှောင့်ယှက်နေသည့် သရဲတစ္ဆေမျိုး မတွေ့ရပေ။

ထို့ကြောင့် သူ တိုက်ရိုက်ပင် မေးလိုက်၏။

"ဒီမှာ ဘာလုပ်နေတာလဲ တစ်ခုခု အခက်အခဲ ရှိလို့လား"

နျဲ့ကျူက ဟားဟားနှင့် ဆက်လက် ရယ်မောနေပြန်သည်။

"ဘာအခက်အခဲမှ မရှိပါဘူး၊ ကျွန်တော် နောက်ထပ် ဝိညာဉ်တစ်ခုကို သွားခေါ်မလို့ ပြင်နေတာပါ"

"ဟိုလေ... ခေါင်းဆောင်၊ ကိစ္စမရှိရင် ကျွန်တော် အလုပ်သွားလုပ်တော့မယ်နော်"

"သွားလေ"

ကျန်းလင်လည်း အသေးစိတ် ထပ်မမေးတော့ဘဲ နျဲ့ကျူ ထွက်ခွာသွားသည်ကို ကြည့်နေလိုက်သည်။

သို့သော်နောက်တစ်စက္ကန့်တွင် တောင်ဘက်သို့ လျှောက်သွားသော နျဲ့ကျူကို ကြည့်ရင်း သူ တစ်စုံတစ်ခုကို သတိရသွားသည်။

ထို့နောက်သူသည် မိမိ၏ဝိညာဉ်ခေါ်ယူခြင်းမှတ်တမ်းကို ထုတ်ကြည့်လိုက်ပြီး နျဲ့ကျူ၏ယုံကြည်မှုအပြည့်နှင့် လျှောက်လှမ်းနေသော ခြေလှမ်းများကို လှမ်းတားလိုက်၏။

"နေပါဦး"

...

(မူရင်းစာရေးသူမှတ်ချက် - ဝိညာဉ်တမန်တော် အများစုတွင် မှတ်ဉာဏ်များ ရှိကြသည်။ ကျန်းလင်ကဲ့သို့ လူ့ဘဝကမှတ် ဉာဏ်များ မေ့နေခြင်းမှာ ငရဲပြည်တွင် မကြာခဏမတွေ့ရသော်လည်း ရှိတတ်ပါသည်။ စာရေးသူဘက်မှ အခန်း (၇၁) တွင်လည်း ဤအချက်ကို ဖော်ပြခဲ့ဖူးပါသည်)

All Chapters