← Chapters

အခန်း (၁၁၇-၁၁၈)

Vol. 12 Ch. 117-118

အခန်း (၁၁၇-၁၁၈)

Vol. 12 Ch. 117-118

🫧 Chapter 117

ဝိညာဉ်ခေါ်ယူခြင်းမှတ်တမ်းရှိ သတင်းအချက်အလက်များကို အတည်ပြုပြီးနောက် ကျန်းလင်က စကားစပြုလိုက်သည်။

"နေပါဦး"

နျဲ့ကျူ ခန္ဓာကိုယ်ဗမှာ တောင့်ခဲသွားပြီး နောက်သို့ လှည့်ကြည့်လာ၏။ "အဖွဲ့ ခေါင်းဆောင်... ဘာဖြစ်လို့လဲခင်ဗျ"

ကျန်းလင်က မေးလိုက်သည်။

"မင်းက အခုပဲ ဝိညာဉ်ရှိတဲ့ဆီ သွားမှာလား၊ ဒါမှမဟုတ် ခဏနေမှ သွားမှာလား"

နျဲ့ကျူမှာ စိတ်ထဲတွင် ထိတ်လန့်သွားကာ "...အခုပဲ သွားမှာပါ"

'သွားပြီ၊ သွားပြီ... ခေါင်းဆောင်က ငါ့ကို အလုပ်ခွင်မှာ အချိန်ဖြုန်းနေတယ်လို့ ထင်သွားပြီလား မသိဘူး...'

'ဒါက အဖွဲ့၁၈ ကို ရောက်တဲ့ ပထမဆုံးနေ့ပဲ ရှိသေးတာ'

'ခေါင်းဆောင်အပေါ်မှာ အထင်အမြင်လွဲစရာ ပုံရိပ်မျိုး မကျန်ရစ်စေချင်ဘူး...'

သူ တွေးနေစဉ်မှာပင် ခေါင်းဆောင်က လက်ကိုဆန့်ထုတ်ကာ အခြားသော လမ်းကြောင်းတစ်ခုသို့ ညွှန်ပြလိုက်သည်ကို တွေ့လိုက်ရ၏။

ကျန်းလင်၏ မျက်နှာအမူအရာမှာ ထူးထူးခြားခြားပြောင်း လဲခြင်းမရှိဘဲ တည်ငြိမ်စွာပင် ပြောလိုက်၏။

"ဒါဆိုရင်တော့ မင်း ဟိုဘက်ကို သွားသင့်တယ်"

"အနောက်ဘက်ကို မီတာနှစ်ရာလောက် တည့်တည့်သွားလိုက်ရင် မင်းခေါ်ရမယ့် ဝိညာဉ်ရှိတဲ့နေရာ ရောက်လိမ့်မယ်"

နျဲ့ကျူ မျက်နှာပေါ်မှ အပြုံးမှာတောင့်ခဲသွားတော့သည်။

"...ခေါင်းဆောင်၊ ကျွန်တော် အခုပဲ သွားလိုက်ပါ့မယ်"

သူသည် တောင့်တောင့်ကြီးနောက်သို့ လှည့်လိုက်ပြီးနောက် ခေါင်းဆောင် ညွှန်ပြသည့်ဘက်သို့ တစ်စုံတစ်ဦးကို ကြောက်လန့်နေသည့်အလားအရှိန်အဟုန်ဖြင့် ပြေးထွက်သွားတော့သည်။

'သွားပြီ၊ သွားပြီ... အရှက်တွေ ကွဲကုန်ပြီ'

' ခေါင်းဆောင်ရဲ့ စိတ်ထဲမှာတော့ ငါ့ပုံရိပ်က ပျက်စီးသွားလောက်ပြီ'

"..."

ကျန်းလင်သည် လက်ထဲမှ ဝိညာဉ်ခေါ်ယူခြင်းမှတ်တမ်းကို တိတ်ဆိတ်စွာ ပြန်သိမ်းလိုက်သည်။

သူသည် နျဲ့ကျူ၏ လုပ်ငန်းစွမ်းဆောင်ရည် ဘာကြောင့် ညံ့ဖျင်းနေရသလဲဆိုသည့် အကြောင်းရင်းကို... ဖြစ်နိုင်ခြေ အရှိဆုံး အချက်တစ်ခုကို သိရှိသွားပြီ ဖြစ်သည်။

ကျန်းလင်သည် လမ်းညွှန်မှုနှင့်ပတ်သက်လျှင် အမြဲတမ်းတိကျသူဖြစ်သဖြင့် ဤကဲ့သို့သော အတွေ့အကြုံမျိုး မရှိခဲ့ပေ။

သို့သော် စောစောက မြင်ကွင်းအရ သူ သံသယဖြစ်မိသည်မှာ...

အကယ်၍ ငရဲပြည်သွား လမ်းကြောင်းသာမရှိခဲ့လျှင် နျဲ့ကျူတစ်ယောက် မိမိဘာသာ လမ်းပျောက်သွားနိုင်မည်လား ဆိုသည်ကိုပင်။

ကျန်းလင်သည် နောက်ပိုင်းတွင် ဆက်လက်စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

အကယ်၍ ထိုသို့သာ အမှန်တကယ် ဖြစ်ခဲ့လျှင် နောက်တစ်ကြိမ် တာဝန်ပေးသည့်အခါ နျဲ့ကျူကိုထင်ရှားသည့် အမှတ်အသားရှိသော နေရာများကိုသာ တာဝန်ပေးရန် စဉ်းစားရမည်ဖြစ်သည်။

'ဥပမာအားဖြင့်... ထင်ရှားကျော်ကြားသော အဆောက်အအုံကြီးများလား '

'သို့မဟုတ် တောင်ပေါ်တွင် အိမ်တစ်လုံးတည်းရှိသော နေရာမျိုးလား'

'ထိုသို့သော နေရာမျိုးဆိုလျှင် ပိုကောင်းနိုင်မည် မဟုတ်ပါလား'

...

[ဒါဆို... ဒီဝိညာဉ်တမန်တော်ကြီးက လမ်းပျောက်နေတာပေါ့]

[ကျွန်မလည်း လမ်းမသိတဲ့သူပါ (/ω\)]

[ဒါဆို မနက်က အစီရင်ခံတဲ့နေရာကိုနောက်ဆုံးမှ ရောက်လာ တာကလည်း လမ်းပျောက်လို့နေမှာ]

[Host ကတော့ အကုန်လုံးကို ဖောက်ထွင်းမြင်သွားပြီထင်တယ်]

Live ခန်းအတွင်းရှိ ကြည့်ရှုသူများမှာ သဘောကျစွာ ပြုံးလိုက်ကြ၏။

နျဲ့ကျူ၏တုံ့ပြန်မှုမှာ အလွန်လက်တွေ့ဆန်လှပေသည်။

ကျောင်းတွင် စာလုပ်နေရင်း ပုစ္ဆာတစ်ပုဒ်မျှ မတွက်နိုင်ဘဲ စိတ်ညစ်နေချိန်တွင် ခေါင်းမော့ကြည့်လိုက်ရာ ဆရာက ဘေးနားမှာ ရပ်ကြည့်နေသည်ကို တွေ့လိုက်ရသကဲ့သို့ပင်။

ထို့ပြင် ဆရာကကြည့်နေသည်မှာလည်း အတော်ကြာနေပြီ ဖြစ်သည်။

ထိုခံစားချက်မျိုးမှာ တကယ်ကို မှင်တက်သွားစေနိုင်ပါ သည်။

' ဘယ်လိုပဲ ကြည့်ကြည့် ဘာမှ ဆက်ရေးလို့ ရတော့မှာ မဟုတ်ဘူးလေ'

[ကျွန်တော် အောက်ကို Google Map တစ်ခုလောက် မီးရှို့ပို့ပေးလိုက်ရမလား ]

[ငရဲပြည်မှာ သုံးလို့ရပါ့မလား]

[တကယ်ပြောတာ... ကျွန်တော့်ရည်းစားဆိုရင် Navigation ဖွင့်ထားတာတောင် လမ်းပျောက်တတ်တယ်]

[ဟ... နေပါဦး၊ မင်းမှာ ရည်းစားရှိတယ် ဟုတ်လား]

...

"ဒါ ဘာအသံလဲ"

ဘတ်စကက်ဘောဘုတ်ပေါ်တွင် ထိုင်ကာ အောက်က မြင်ကွင်းကို ကြည့်နေသော ဟုန်ယာမှာ ရုတ်တရက် ခေါင်းမော့လိုက်သည်။

အနားယူနေစဉ် ရင်းနှီးနေသော အသံတစ်ခုကို ကြားလိုက်ရသဖြင့်သူမသည် အလိုအလျောက် ခေါင်းလွှဲကာ အသံလာရာဘက်သို့ ကြည့်လိုက်သည်။

ထိုအချိန်တွင် ဟုန်ယာကို ဆက်လက် လေ့လာရန် ပြန်လှည့်လာသော ကျန်းလင်နှင့် မျက်လုံးချင်းတိုက်ဆိုင်သွားလေတော့သည်။

"..."

တစ်ခဏအတွင်း ဟုန်ယာ၏မျက်စိသူငယ်အိမ်မှာ ကျုံ့သွားကာ ချက်ချင်းမတ်တပ်ရပ်လိုက်မိလိုက်သည်။

ထို့နောက်သူမ၏ဦးနှောက်တစ်ခုလုံး ဗလာကျင်းသွား၏။

'ဘာဖြစ်လို့ အဖွဲ့ခေါင်းဆောင်က ဒီကို ရောက်နေရတာလဲ'

'သူ ဒီမှာ ရှိနေတာ ဘယ်လောက်တောင် ကြာပြီလဲ'

' ငါ စောစောက လုပ်နေတာတွေကို သူ မြင်သွားပြီလား'

' ဘယ်လောက်တောင် မြင်သွားတာလဲ'

'အခု ငါ ချက်ချင်းပဲ ထွက်ပြေးရမလား၊ ဒါမှမဟုတ် လူသားရုပ်တုကြီးလိုပဲ ဟန်ဆောင်နေရမလား'

...

ဟုန်ယာ မိမိကို တွေ့သွားပြီဖြစ်သဖြင့် ကျန်းလင်လည်း ကိုယ်ယောင်ဖျောက်မနေတော့ပေ။

သို့သော် ဤသို့ဆိုလျှင် ဆက်လက်လေ့လာရန် အဓိပ္ပာယ်မရှိတော့သဖြင့် သူသည် လျှောက်သွားလိုက်သည်။

ထို့နောက် ဟုန်ယာဘေးမှ ဖြတ်သွားချိန်တွင် သူက ခေတ္တရပ်ကာ ပြောလိုက်၏။

"မင်းလုပ်စရာရှိတာ ဆက်လုပ်ပါ၊ မစိုးရိမ်နဲ့၊ ငါ ဒီတိုင်းဖြတ်လာတာပါ"

ပြောပြီးနောက်တွင် သူသည် တည့်တည့်ပင် ရှေ့သို့ ဆက်လျှောက်သွား‌တော့သည်။

မည်သည့် ပြစ်တင်ကြိမ်းမောင်းမှု၊ အမျက်ဒေါသမှ မရှိပေ။

အမှန်တကယ်ပင် တိုက်ဆိုင်စွာ ဖြတ်လာသူတစ်ဦးကဲ့သို့ပင်။

သူ့နောက်တွင်မူ ဟုန်ယာသည် သက်ပြင်းရှည်ကြီးကို ချလိုက်သည်။

စောစောကတော့ သူမကိုယ် သူမ သေတော့မည်ဟုပင် ထင်လိုက်မိသည်။

လူ့ဘဝတွင်ဖြစ်စေ၊ ယခုဖြစ်စေ သူမသည် အထက်လူကြီးနှင့် တွေ့လျှင် သို့မဟုတ် အခြေအနေကြီးမားသော ကိစ္စများနှင့်တွေ့လျှင် အလိုအလျောက် စိုးရိမ်တုန်လှုပ်တတ်သူ ဖြစ်သည်။

ထို့ပြင် ယခုကဲ့သို့ အလုပ်ခွင်တွင် အချိန်ဖြုန်းနေစဉ် အဖမ်းခံလိုက်ရသည့် မြင်ကွင်းမျိုးတွင်မူ... သူမ၏ စိုးရိမ်စိတ်ကြောင့် ငြိမ်သက်နေသော နှလုံးသားမှာပင် ပြန်လည်လှုပ်ခတ်လာကာ လည်ချောင်းဝသို့ ရောက်မတတ် ခံစားနေရတော့သည်။

ခဏအကြာ၌ ကွင်းပြင်ထဲတွင် နည်းပြ၏ "တစ်... နှစ်... တစ်" အသံမှာ ပြန်လည် ထွက်ပေါ်လာပြန်သည်။

သို့သော် ဟုန်ယာတွင်မူ ဆက်ကြည့်ချင်စိတ် မရှိတော့ပေ။

ထို့ကြောင့် သူမသည် အလျင်အမြန်ပင် အလုပ်လုပ်ရန် ထွက်ခွာသွားတော့သည်။

မဟုတ်လျှင် နောက်တစ်ကြိမ် ခေါင်းဆောင်နှင့် ထပ်တွေ့ပါက သူမ နှလုံးသားကိုလက်နှင့်အုပ်ကာ စကားပြောရမည့် အခြေအနေသို့ ရောက်သွားနိုင်ပေသည်။

...

[Host ကတော့ တကယ်ကို အားကျစရာပဲ၊ အဖွဲ့ဝင် နှစ်ယောက်စလုံးနဲ့ တွေ့တာတောင် တစ်ခါမှ စိတ်တိုတာမျိုးမတွေ့ရဘူး]

[တကယ်တမ်းတော့ တကယ့်ကို တော်တဲ့သူတွေက စိတ်တိုနေတတ်တာ ရှားပါတယ်၊ သူတို့က စိတ်တိုမယ့်အစား အဖြေရှာဖို့အတွက်ပဲ အချိန်ကို အသုံးချကြတာလေ]

[အပေါ်ကလူပြောတာ ထောက်ခံတယ်]

[ဟုတ်တယ်၊ ကျွန်တော် လေးစားရတဲ့သူတွေ အများစုက ဒေါသထက် ဦးနှောက်ကိုပဲ သုံးကြတာ]

Live ခန်းအတွင်းရှိ ကြည့်ရှုသူများမှာ မှတ်ချက်များ ပေးနေကြသည်။

သူတို့ ပြောဆိုနေသည်မှာ ယခုတင် မဟုတ်ပေ။

Live စတင်ကတည်းက Host ၏ပုံရိပ်မှာအမြဲတမ်းတည်ငြိမ် အေးဆေးနေခြင်း ဖြစ်သည်။

ပြဿနာရှာသည့် သရဲများနှင့် တွေ့လျှင်ပင် သူ၏ စိတ်ခံစားချက်ကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ခဲ့သည် မဟုတ်ပါလော။

[ဟူး... ငါ့အတန်းပိုင်ဆရာလည်း အဲဒီလို ဒေါသလေး လျော့နိုင်ရင် ကောင်းမှာပဲ]

[ပြီးခဲ့တဲ့အပတ်က ငါ့အလုပ်ရှင်ကို ဆေးတွေ ညွှန်ပေးလိုက်သေးတယ်၊ ထိပ်ပြောင်သွားမှာ စိုးလို့... ရလဒ်ကတော့... ဟူး]

ထိုနေ့တွင် လူသားတို့ ပြန်လည်အမှတ်ရသွားသည်မှာ အတန်းပိုင်ဆရာ သို့မဟုတ် အလုပ်ရှင်၏ သေမင်းတမျှ စိုက်ကြည့်ခြင်းကို ခံရသည့် ကြောက်လန့်မှုပင် ဖြစ်တော့သည်။

...

ဟုန်ယာထံမှ ထွက်ခွာလာပြီးနောက် ကျန်းလင်သည် အခြားသော အဖွဲ့ဝင်များ၏ အလုပ်လုပ်ပုံကို ဆက်လက်ကြည့်ရှုခဲ့သည်။

ကျန်ရှိနေသော အမြဲတမ်းဝန်ထမ်းသစ် အနည်းငယ်မှာ စီနီယာများ၏ ဦးဆောင်မှုအောက်တွင် ပြဿနာတစ်စုံတစ်ရာ မရှိဘဲ လုပ်ဆောင်နေကြသည်။

ထိုအထဲတွင် လီရှောင်းကို ဦးဆောင်နေသော ဝိညာဉ်တမန်တော်မှာ အလွန်တည်ကြည်လေးနက်သည့် စရိုက်ရှိဟန်တူသည်။

ဝိညာဉ်ခေါ်ယူသည့်အခါတွင် ဝိညာဉ်နှစ်ဦးစလုံးမှာ ပစ်မှတ်ကို အမြဲစိုက်ကြည့်နေကြ၏။

သူတို့၏မျက်နှာမှာ တည်တင်းနေပြီး သူစိမ်းများ မချဉ်းကပ်ရဟန် အရှိန်အဝါမျိုး ထွက်ပေါ်နေသည်။

၎င်းကို ကြည့်နေရသော Live ခန်းမှ ကြည့်ရှုသူများပင် ဝေဝေဝါးဝါး ခံစားလာရကာ အစိုက်ကြည့်ခံရသူမှာ အေးစိမ့်သွားဟန်တူသည်။

ထိုခံစားချက်မှည အချိန်မရောက်မီမှာပင် အေးခဲကာသေသွားနိုင်သည့် အခြေအနေမျိုးပင်ဖြစ်၏။

...

ဝိညာဉ်ထွက်ပေါ်လာပြီးနောက် လီရှောင်က ၎င်းကို ဝိညာဉ်သိမ်းအိတ်ထဲသို့ ထည့်လိုက်သည်။

အားလုံးကို အစီအစဉ်တကျ ထုပ်ပိုးလိုက်ပြီးနောက် စီနီယာနောက်မှ နောက်ထပ်နေရာတစ်ခုသို့ လျင်မြန်စွာလိုက်ပါသွားတော့သည်။

အလုပ်အပေါ် ထားရှိသည့် သဘောထားမှာ အပြစ်ပြောစရာ မရှိပေ။

ကြည့်ရှုသူများမှာလည်း လေးစားသွားကြရသည်။

'တကယ့်ကို တာဝန်ကျေကြတာပဲ'

...

တစ်နေ့တာ ကုန်ဆုံးသွားခဲ့ပြီ။

အဖွဲ့ဝင်များ၏ အလုပ်လုပ်ပုံတွင် ကိုယ်ပိုင်ဟန်များ ရှိနေ သည်ကို တွေ့ရှိရခြင်းမှအပ အားလုံးအဆင်ပြေချောမွေ့ပါသည်။

ယနေ့ ဝိညာဉ်ခေါ်ယူခြင်းမှတ်တမ်းတွင်ပါရှိသော အချက်အ လက်များ အားလုံးကိုလည်း အောင်မြင်စွာခေါ်ယူပြီးစီးခဲ့ပြီဖြစ်သည်။

ခြုံငုံသုံးသပ်ရလျှင် (၁၈) ခုမြောက် အဖွဲ့၏ပထမဆုံးနေ့ အလုပ်စတင်ခြင်းမှာ အောင်မြင်သည်ဟု ဆိုရမည်။

"အလုပ်သိမ်းပြီ"

ကျန်းလင်သည် ဝိညာဉ်ခေါ်ယူခြင်းမှတ်တမ်းကို ပိတ်လိုက် ကာ နန်းဆောင် ၁၈ သို့ ပြန်လာခဲ့၏။

ပုံမှန်တွင် နန်းဆောင်၌ အစောင့်သရဲ (၄) ဦး ရှိသည်။

ရှေ့တံခါးတွင် နှစ်ဦး၊ နောက်တံခါးတွင် နှစ်ဦးဖြစ်၏။

ကျန်းလင် ပြန်လာသည်ကို မြင်သောအခါ သူတို့က အလျင် အမြန်ပင် လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်ကြသည်။

"အရှင်ဝိညာဉ်ဘုရင်"

ထိုအခါ ကျန်းလင်ခေါင်းငြိမ့်ပြကာ အထဲသို့ ဝင်သွားလိုက်သည်။

သူ နန်းဆောင်အတွင်းသို့ ဝင်သွားသည့် ခဏချင်းမှာပင် အမည်းရောင် ပုံရိပ်အချို့မှာ ချက်ချင်းပုန်းကွယ်သွားကြသည်။

သို့သော် ကျန်းလင်က တစ်ချက်ကြည့်လိုက်သော်လည်း ဂရုမစိုက်ဘဲ စာရေးခုံရှေ့တွင် ထိုင်လိုက်၏။

ထို့နောက်သူသည် မျက်လုံးကို မှိတ်လိုက်ကာ ယနေ့ လေ့လာတွေ့ရှိချက်များကို ပြန်လည် သုံးသပ်နေမိသည်။

ယနေ့ တွေ့ရှိချက်များနှင့် အတွေးအမြင်များကို ဦးနှောက်ထဲတွင် တစ်ခုချင်း စီစစ်လိုက်၏။

တစ်ဆက်တည်းမှာပင် နောင်တွင် ဝိညာဉ်ခွဲဝေပေးသည့်အခါ သတိထားရမည့် အချက်များကိုစဉ်းစားနေသည်။

ပထမအချက်မှာ အချိန်ဖြစ်ပြီး၊ ဒုတိယအချက်မှာ တည် နေရာဖြစ်သည်။

ဥပမာအားဖြင့် နျဲ့ကျူကဲ့သို့သော သူများအတွက် ဝိညာဉ်သတင်းအချက်အလက်များကို အချိန်ပိုပေးရမည်ဖြစ်သည်။

ထို့ပြင် ဝိညာဉ်ရှိသည့် လိပ်စာမှာလည်း ပိုမိုထင်ရှားသည့် နေရာမျိုး ဖြစ်ရမည်။

ဟုန်ယာကဲ့သို့သော သူများအတွက်လည်း ရှိသေးသည်။

သူမသည် လူ့လောကက အရာများကို ကြည့်ရှုရသည်ကို ဝါသနာပါသော်လည်း အနည်းဆုံးတော့ ဝိညာဉ်မထွက်မီအထိဘေးတွင် အမြဲရှိနေတတ်သည်။

၎င်းက မတော်တဆမှုများ သို့မဟုတ် အခြားသရဲများ ဝင်ရောက်နှောင့်ယှက်ခြင်းမှ ကာကွယ်ပေးနိုင်သည်။

ဝိညာဉ်ထွက်လာပြီးနောက်တွင်လည်း သူမသည် အလုပ်အပေါ် အာရုံစိုက်တတ်သူ ဖြစ်သည်။

နောင်တွင် သူမကို ဇာတ်လမ်းကြည့်ခြင်းနှင့် ပတ်သက်နိုင်သည့် ဝိညာဉ်သတင်းအချက်အလက်မျိုး ပေးသင့်သလားဟု ကျန်းလင် စဉ်းစားနေမိသည်။

ဤအချက်ကို ဝိညာဉ်၏အလုပ်အကိုင်နှင့် သေဆုံးသည့် နေရာတို့မှတစ်ဆင့် ခန့်မှန်းနိုင်ပေသည်။

သို့သော်လည်း ကျန်းလင်အနေဖြင့် မိမိ၏အဖွဲ့ဝင်များကို တစ်ရက်တည်းနှင့် အကုန်နားလည်နိုင်မည်ဟု မထင်ပေ။

နောင်တွင်လည်း သူ ဆက်လက် လေ့လာသွားမည် ဖြစ်သည်။

ယခုမူ ပထမဆုံးနေ့သာ ရှိသေးသည် မဟုတ်ပါလော။

ပြဿနာများစွာမှာ ပေါ်ပေါက်လာရန် အချိန်လိုအပ်သေးသည်။

နျဲ့ကျူ လမ်းဆက်မှားနေဦးမလား... ဟုန်ယာသည် ဝိညာဉ်ထွက်လာချိန်တွင် အခြားအရာများကြောင့် အာရုံမလွင့်ဘဲ အလုပ်အပေါ် အမြဲ အာရုံစိုက်နိုင်ပါ့မလား... စသည်ဖြင့် စဉ်းစားစရာများစွာ ရှိနေသေးသည်။

...

[Host ကတော့ ဒီနေ့ တစ်နေကုန် ပြေးလွှားနေရတာပဲ အဖွဲ့ဝင်တွေထက်တောင် ပိုအလုပ်များနေသလိုပဲ]

[အဖွဲ့ ၁၈ က အခုမှ စတာဆိုတော့ နောက်ပိုင်းကျရင်တော့ ပိုကောင်းလာမှာပါ]

[ယုန်ဖြူလေး မှ Host အား မိုးပျံလေပူဖောင်း ၃ ခု လက် ဆောင်ပေးလိုက်သည်]

[ရှောင်ပေါင် မှ Host အား သကြားလုံးတုတ်ထိုး ၉၉ ခု လက်ဆောင်ပေးလိုက်သည်]

ဤအရာက Live စတင်ကတည်းက ပထမဆုံးအကြိမ်အဖြစ် ဤမျှကြာမြင့်စွာ ဆက်တိုက်လွှင့်ခြင်း ဖြစ်သည်။

Live ခန်းအတွင်းသို့ လူများ အဝင်အထွက် ရှိနေသော်လည်း ကြည့်ရှုသူ အရေအတွက်မှာ သန်းဂဏန်းအောက်သို့မကျသွားပေ။

အချို့သော ကြည့်ရှုသူများမှာ အိမ်အလုပ်များ၊ အပြင်သွားခြင်း၊ ထမင်းစားခြင်း စသည်ဖြင့် အလုပ်ရှုပ်နေကြသော် လည်း Live ကို ဖွင့်ထားကာ အသံကိုနားထောင်နေကြသည်။

အားလပ်သည့် အချိန်မှသာ တစ်ချက်နှစ်ချက် ကြည့်ကြ၏။

ယခု ညဘက်သို့ ရောက်လာချိန်တွင်မူ လူများစွာမှာ အလုပ်သိမ်း၊ ကျောင်းဆင်းချိန်ဖြစ်သဖြင့် လူဦးရေမှာ ပြန်လည် မြင့်တက်လာပြန်သည်။

ဤအချိန်သည် ညဇီးကွက်များ ထွက်ပေါ်လာချိန်ဖြစ်သည်။

ရုတ်တရက် Live ခန်းအတွင်းရှိ လူများမှာ တုန်လှုပ်သွားကြ၏။

[ငါ ဘာကို ခံစားနေရလဲဆိုတော့... Host ဘေးက ကြမ်းပြင်က လှုပ်နေသလိုပဲ]

…

🫧 Chapter 118

[ငါ ဘာလို့ ခံစားနေရလဲဆိုတော့... Host ဘေးက ကြမ်းပြင်က လှုပ်နေသလိုပဲ]

[လျှောက်မပြောနဲ့၊ Host နောက်က နံရံက လှုပ်နေတာ သိသာကြီး]

[မင်းတို့ အကုန်လွဲနေပြီ၊ မျက်နှာကြက်က လှုပ်နေတာ]

မှတ်ချက်များ တက်လာသည်နှင့်အမျှ...

ကြည့်ရှုသူများမှာ အထက်အောက် ဝေ့ဝဲကြည့်လိုက်ကြရာ ထိတ်လန့်စဖွယ် တွေ့ရှိသွားသည်မှာ

[ဝါးးး ဒီအခန်းထဲက နေရာတော်တော်များများက လှုပ်နေတာပဲ]

[ဒီအခန်းကြီးက အသက်ရှိနေတာလား]

ညဉ့်နက်သန်းခေါင် Live ကြည့်နေသော သူများမှာ ကြောင်အသွားကြကာ လက်ထဲမှ စားလက်စ အဆာပြေမုန့်များကို တိတ်တဆိတ် ချထားလိုက်ကြ၏။

ပြီးနောက် စောင်ထဲသို့ တိုးဝင်လိုက်ကြသည်။

သူတို့ ပေါ့ဆလို့ မဖြစ်တော့ပေ။

ဤ Live ခန်းမှာ လူ့လောကနှင့် တူသည့်အချိန်က ခပ်ရှားရှား မဟုတ်ပါလော။

[ဒီအခန်းကြီးက တကယ်ပဲ အသက်ရှိနေတာလား]

[ငရဲပြည် တစ်ခုလုံးက တကယ်တော့ အသက်ရှိနေတာလို့ ပြောလိုက်ပါလား]

[...ဝိုး၊ မင်းတို့ပြောတာလည်း အကြောင်းပြချက် ရှိသလိုပဲ၊ ငရဲပြည်က အရာတွေက နည်းနည်းထူးဆန်းနေတာ ဘာမှမဖြစ်ပါဘူး]

[ဘာမှမဖြစ်ပါဘူး +၁]

[ဒါနဲ့... ရုတ်တရက်ကြီး စိတ်လှုပ်ရှားလာတာ ဘာဖြစ်လို့လဲ]

...

ကြည့်ရှုသူများမှာ စောင်ထဲတွင် ပုန်းရင်းနှင့် ထိတ်လန့်တုန်လှုပ်ဖွယ် ခန့်မှန်းချက်များကို ထုတ်နေကြသည်။

အချို့မှာမူ ဤသည်မှာ အလွန်စွမ်းအားကြီးသော သားရဲကြီး၏ ပါးစပ် သို့မဟုတ် ဝိညာဉ်အိမ်ကြီး ဖြစ်နိုင်သည်ဟု တွေးမိကာ... ကိုယ်တိုင်ပင် စိတ်လှုပ်ရှားနေကြတော့သည်။

သူတို့ အမျိုးမျိုး စိတ်ကူးယဉ်နေကြစဉ်မှာပင်...

နန်းဆောင်အတွင်းရှိ နေရာအတော်များများမှာ ထပ်မံလှုပ် ရှားလာပြန်သည်။

ထိုအရာများသည် အန္တရာယ်မရှိကြောင်း သိရှိသွားဟန်တူကာ တစ္ဆေလေးများကဲ့သို့ အကောင်လေးများမှာ ကြမ်းပြင်၊ မျက်နှာကြက်နှင့် နံရံများထဲမှ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြသည်။

၎င်းတို့မှာ ပေါ့ပါးလှပြီး ပုံသေကားကျ ရုပ်သွင်မရှိပေ။

ရေနှင့်လည်း တူသလို၊ ဂျယ်လီ နှင့်လည်း ဆင်တူသည်။

ထိုအခါ တိုက်ရိုက်ထုတ်လွှင့်မှုခန်းမှ ကြည့်ရှုသူများမှာ ချက်ချင်းပင် တိတ်ဆိတ်သွားကြပြီး ထိုအကောင်လေးများကို အံ့သြတကြီး ကြည့်နေကြတော့သည်။

ခဏအကြာတွင် နူးညံ့အိစက်နေသော အကောင်လေးများသည် အခန်းထဲတွင် အလုပ်စတင်လုပ်ကိုင်ကြသည်။

အချို့မှာ ကြမ်းပြင်ပေါ်တွင် ပြန့်ကားသွားကာ ပွတ်တိုက်နေကြပြီး၊ အချို့မှာ တိုင်များပေါ်သို့ လွင့်တက်ကာ ပတ်ချာ လည်တွယ်ကပ်ရင်း သူတို့၏ ဦးခေါင်းလေးများဖြင့် အထက်အောက် ပွတ်တိုက်နေကြသည်။

အချို့မှာမူ နံရံပေါ်တွင် ကပ်နေရင်း "ဟူး... ဟူး..." နှင့် အသံပြုကာ အထက်သို့ တဖြည်းဖြည်းချင်း ရွေ့လျားနေကြသည်။

ကြည့်ရသည်မှာ...

တစ်စုံတစ်ခုကို သုတ်သင်နေသကဲ့သို့လည်း တူသလို၊ တစ်ခုခုကို စားသောက်နေသကဲ့သို့လည်း ဖြစ်နေသည်။

ထို့ပြင် နူးညံ့အိစက်နေသော အလုံးလေးနှစ်လုံးမှာ ကျန်းလင်၏ရှေ့ရှိ စာရေးခုံပေါ်သို့ လွင့်တက်လာသည်။

၎င်းတို့က ခေါင်းကိုစောင်းကာ ကျန်းလင်ကို ကြည့်နေကြ၏။

ဤနေရာသည် ပွတ်တိုက်လို့ရသည့် နေရာလောဟု စဉ်းစားနေဟန် တူသည်။

ထိုစဉ် ကုလားထိုင်ပေါ်တွင် မျက်လုံးမှိတ်ကာ စဉ်းစားနေသော ကျန်းလင်က မျက်လုံးဖွင့်လိုက်သည်။

ထိုအခါ စာရေးခုံပေါ်ရှိ အကောင်လေးများမှာ လန့်သွားကြကာ ချက်ချင်းခုံပေါ်တွင် ပြန့်ကားသွားပြီး... သေချင်ယောင်ဆောင်နေကြတော့သည်။

ကျန်းလင်က ထိုအကောင်လေးများကို တစ်ဖက်သို့ မလိုက် ကာ "ဟိုဘက်သွားပြီး သန့်ရှင်းရေးလုပ်" ဟု ပြောလိုက်၏။

အမခံလိုက်ရသော အကောင်လေးများမှာ ယိမ်းယိုင်ကာ လွင့်တက်သွားပြီး တကယ်ပင် အခြားတစ်ဖက်သို့ သွားကာ စာအုပ်စင်ပေါ်တွင် ပွတ်တိုက် သန့်ရှင်းရေးလုပ်နေကြတော့ သည်။

ဟူး... ဟူး

...

ခဏကြာမှ တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ကျန်းလင်သည် ကင်မရာဘက်သို့လှည့်ကာ ရှင်းပြလိုက်သည်။

"ဒါက အိမ်တွေမှာ မှီတင်းနေထိုင်တတ်တဲ့ ဝိညာဉ်အငယ်စား တစ်မျိုးပါ ဖုန်မှုန့်တွေနဲ့ အမှိုက်တွေကိုစားသောက်ပြီး အသက်ရှင်ကြတာ၊ ဒါပေမဲ့ ဉာဏ်ရည်တော့ သိပ်မရှိကြဘူး"

"အမှိုက်နဲ့ ဝိညာဉ်စွမ်းအားရှိနေသရွေ့ သူတို့က ဆက်ပြီး အသက်ရှင်နေနိုင်ပါတယ်"

"ကျွန်တော်တို့ကတော့ သူတို့ကို 'သန့်ရှင်းရေး ဝိညာဉ်' လို့ ခေါ်ကြတယ်"

ခေတ္တမျှ ရပ်နားပြီးနောက် ကျန်းလင်က ဆက်ပြောသည်။

"ငရဲပြည်က အချို့သော ဝိညာဉ်တွေက သူတို့ကို အိမ်မွေးတိရစ္ဆာန်အဖြစ်လည်း မွေးမြူတတ်ကြတယ်"

ဤသန့်ရှင်းရေး ဝိညာဉ်များသည် လူ့လောကရှိ အချို့သော တိရစ္ဆာန်များနှင့် ဆင်တူပြီး ဗီဇအတိုင်းရှင်သန်ကြကာ ရိုးရှင်းသော အမိန့်အချို့ကိုသာနားလည်ကြသည်။

သို့သော် လူ့လောကရှိ တိရစ္ဆာန်များထက်မူ ၎င်းတို့ကို မွေးမြူရသည်မှာ ပိုလွယ်ကူသည်မှာ ထင်ရှားသည်။

အထူးတလည် ဂရုစိုက်နေရန် မလိုပေ။ အကယ်၍ အစာ ကျွေးရန် မေ့သွားလျှင်ပင် အခန်းထဲတွင် သန့်ရှင်းရေးလုပ်ရင်း ၎င်းတို့ဘာသာဗိုက်ဖြည့်နိုင်ကြသည်။

ပုံမှန်အားဖြင့် အခန်းထဲမှလည်း ထွက်ခွာသွားလေ့မရှိကြပေ။

ကျန်းလင်၏ သူငယ်ချင်းတစ်ဦးဖြစ်သော ဟေးဝူချန်ရွှီရှို့စစ် ၏ကလေးမှာပင် သန့်ရှင်းရေး ဝိညာဉ်တစ်ကောင်ကိုမွေးထားသေးသည်။

ထိုကောင်လေးများသည်အားသည့်အချိန်တွင် အမှိုက်အနည်းငယ် ကျွေးလိုက်ရုံဖြင့် သူတို့ဘာသာ ပျော်ရွှင်စွာ ဆော့ကစားနေကြတော့သည်။

(မူရင်းမှတ်ချက် - ငရဲပြည်ရှိ ဝိညာဉ်စွမ်းအား၏ပြုစုပျိုးထောင်မှုအောက်တွင် အရာဝတ္ထုများစွာ ဖြစ်တည်လာသည်။ လူ့လောကနှင့် ငရဲပြည်မှာ သီးခြားကမ္ဘာများ ဖြစ်ကြသော်လည်း အပြန်အလှန်ဆက်နွှယ်မှုများ ရှိနေကြသည်)

[ဒင် Host အား နေ့စဉ်တာဝန် 'ငရဲပြည် ယဉ်ကျေးမှုကို ပြန့်ပွားစေခြင်း - သန့်ရှင်းရေး ဝိညာဉ်' အား ပြီးမြောက်သည့်အတွက် ဂုဏ်ပြုပါသည် ရမှတ် +၅၀၀]

ကျန်းလင် ရှင်းပြနေစဉ်မှာပင် ထိုအကောင်လေးများသည် အခန်း၏ ဤဘက်မှဟိုဘက်သို့ 'ဟူး... ဟူး...' နှင့် ကူးလူးနေကြ၏။

သူတို့သည်ကျန်းလင်သည် အန္တရာယ်မရှိသူဟု သတ်မှတ်လိုက်ဟန်တူသည်။

တစ်ခါတစ်ရံတွင် သူ့ရှေ့၌ ဟိုဟိုဒီဒီ ဝေ့ဝဲနေကြပြီး သူ၏ စာရေးခုံကို သန့်ရှင်းရေးလုပ်ပေးချင်နေကြ၏။

ဤမြင်ကွင်းသည် Live ကင်မရာမှတစ်ဆင့် ကြည့်ရှုသူများ ၏မျက်စိရှေ့သို့ ရောက်ရှိသွားတော့သည်။

[အား... ဒါလေးတွေက အရမ်းချစ်ဖို့ကောင်းတာပဲ! အရမ်း နူးညံ့နေပုံပဲ]

[Host ကသန့်ရှင်းရေးဝိညာဉ်ကို မလိုက်တဲ့အချိန်မှာ ငါ့အိမ်က ကြောင်လေးကို သတိရသွားတယ် အကုန်လုံးက အရည်နဲ့ လုပ်ထားသလိုပဲ]

[ဒီလောက် စိတ်ချရပြီး သက်သာတဲ့ အိမ်မွေးတိရစ္ဆာန်လေး ကျွန်တော်လည်း လိုချင်တယ် အားကျလိုက်တာ]

[ငါကတော့ အလုပ်ကြိုးစားပြီး ချစ်ဖို့ကောင်းတဲ့ သန့်ရှင်းရေး ဝိညာဉ်လေးကို ကြည့်လိုက်၊ အိမ်ဖျက်ဆီးဖို့ပဲ သိတဲ့ ငါ့အိမ်က ခွေးကိုကြည့်လိုက်နဲ့... w( ̄_ ̄)w]

[တကယ်ပဲ သန့်ရှင်းရေးလုပ်ပေးနိုင်တာလား]

ကြည့်ရှုသူ အများအပြားမှာ မိမိတို့၏ရှုပ်ပွနေသော အခန်းများနှင့် တစ်လနီးပါး သန့်ရှင်းရေး မလုပ်ရသေးသော ကြမ်းပြင်များကို ကြည့်ရင်း...

တကယ်လို့ သန့်ရှင်းရေး ဝိညာဉ်လေးသာတစ်ကောင်လောက် ရှိမယ်ဆိုရင်...

ချောင်ကြိုချောင်ကြားတွေပါ ပြောင်စင်သွားမှာ မဟုတ်ဘူးလား....

သူတို့က အရည်လို ပုံစံမျိုးဆိုတော့ အပေါက်လေးတွေထဲအထိ ဝင်သွားနိုင်တာကိုး....

စသည်ဖြင့်တွေးတောမိနေကြ၏။

နှစ်သစ်ကူး သို့မဟုတ် ပွဲလမ်းသဘင်များတွင် မိသားစုလိုက် သန့်ရှင်းရေး လုပ်ရသည်မှာ အလွန်ပင်ပန်းလှသည်။

မျက်နှာကြက်၊ နံရံ၊ ကုတင်အောက်... အကုန်လုံးကို ဆေးကြောရသည်။

တစ်နေ့ကုန် အလုပ်ရှုပ်ရရုံတင်မက ဖုန်တောထဲတွင် ခါးပါ နာရသည့် အလုပ်ဖြစ်သည်။

ဤသည်ကို မြင်သောအခါ ကြည့်ရှုသူများမှာ ဝိုင်းအော်ကြတော့သည်။

[အဲဒီလို သန့်ရှင်းရေး ဝိညာဉ်လေးတွေ တစ်ဒါဇင်လောက် ပို့ပေးပါ]

...

အပျင်းကြီးသည့် သူများသာမက သန့်ရှင်းရေး လုပ်ရသည်ကို ဝါသနာပါသူများပင်လျှင် အားကျနေကြသည်။

[တကယ်လို့ သန့်ရှင်းရေး ဝိညာဉ်ရှိမယ်ဆိုရင် အခန်းထဲမှာ သန့်ရှင်းရေး မလုပ်နိုင်တဲ့နေရာဆိုတာ ရှိတော့မှာ မဟုတ်ဘူး]

[အိမ်ရှင်မတွေအတွက် တကယ့်ကို အဖော်မွန်ကောင်းပဲ]

လူအများအပြားမှာလည်း Live လင့်ခ်ကို အွန်လိုင်းပေါ်တွင် မျှဝေလိုက်ကြသည်။

[ဒီလိုမျိုး စိတ်ချရပြီး သန့်ရှင်းရေးလည်း လုပ်ပေးနိုင်တဲ့ အိမ်မွေးတိရစ္ဆာန်လေး တစ်ကောင်လောက်လိုချင်ပါတယ်]

[ရောင်းမယ်ဆိုလည်း သူတို့ကို တစ်ဒါဇင်လောက် ပေးပါ မဟုတ်ဘူး၊ တစ်ကောင်ဆိုလည်း ရပါပြီ]

အခြားသော အင်တာနက် အသုံးပြုသူများမှာမူ ကြောင်အသွားကြသည်။

[အိမ်ထဲမှာ ခွေးတံတွေးတွေနဲ့ အပြည့်ဖြစ်အောင် လုပ်မလို့လား]

စိတ်ချရတဲ့ အိမ်မွေးတိရစ္ဆာန် ငါ့မှာတော့ လိပ်တစ်ကောင် မွေးတာတောင် ပျောက်သွားတယ်]

[သန့်ရှင်းရေး လုပ်ပေးနိုင်တဲ့ အကောင်တော့ မရှိဘူး၊ အိမ်ကိုတစစီလုပ်မယ့် အကောင်ဆိုရင်တော့ တစ်ဒါဇင်လောက် ရှိတယ်...]

[အဲဒီလို အိမ်မွေးတိရစ္ဆာန်ဆိုတာ မရှိဘူး၊ စိတ်ကူးယဉ်နေတာကို ရပ်လိုက်ပါ]

ပို့စ်တင်သူမှာ မကျေမနပ် ပြန်ပြောသည်။

[ဘာလို့ မရှိရမှာလဲ မယုံရင် Live ထဲ ဝင်ကြည့်လိုက်]

ပြောပြီးမှ သူလည်း စိတ်ထဲတွင် အနည်းငယ် မလုံမလဲ ဖြစ်သွားသည်။

အကြောင်းမှာ ၎င်းအရာမှာ ငရဲပြည်တွင်သာ ရှိသောကြောင့် ဖြစ်သည်။

သို့သော် အနည်းဆုံးတော့ တကယ်ရှိနေသည် မဟုတ်ပါလော။

"ကြည့်မယ်ကွာ"

"တကယ် ရှိလို့လား"

သို့ဖြစ်၍ အင်တာနက် အသုံးပြုသူ အမြောက်အမြားမှာ စူးစမ်းလိုစိတ်၊ ငြင်းဆိုလိုစိတ်များဖြင့် Live ခန်းအတွင်းသို့ ဝင်ရောက်လာကြတော့သည်။

သို့သော်သူတို့ ဝင်လာသည်နှင့် တပြိုင်နက် ငရဲပြည်၏ မြင်ကွင်းကို မြင်လိုက်ရသည်။

နူးညံ့အိစက်နေသော အမည်မသိ အရာဝတ္ထုလေးများသည် အခန်း၏နေရာအနှံ့မှ ထွက်ပေါ်လာနေကြကာ လေထဲတွင် ဝေ့ဝဲနေကြပြီး ပုံစံအမျိုးမျိုး ပြောင်းလဲနေကြသည်။

အခန်းထဲတွင်လည်း တပွတ်တိုက်တိုက် လုပ်နေကြ၏။

၎င်းတို့၏ပါးစပ်လေးများဖြင့် တစ်စုံတစ်ခုကို စားသောက်နေသည်ကိုလည်း ရေးရေးလေးမြင်နေရသည်။

အချို့မှာ လွင့်မျောနေရင်း နံရံထဲ သို့မဟုတ် မျက်နှာကြက်ထဲသို့ ဝင်သွားကြသည်။

တစ်ချက် တစ်ချက်ကြည့်လိုက်လျှင် အခန်းတစ်ခုလုံး လှုပ်ရှားနေသကဲ့သို့ပင်။

[ဘယ်သူက ငါ့ကို ညဉ့်နက်သန်းခေါင်မှာ ဒီလို ငရဲက အရာတွေကို လာကြည့်ရအောင် လိမ်ခေါ်တာလဲ]

[ဒါက လူကြည့်ရမယ့် အရာလားဟ]

[Special Effect တွေလား နေပါဦး... 'မရဏလောကမှအံ့ဖွယ်နေ့ရက်များ' တဲ့၊ ငါ တစ်နေရာရာမှာ ကြားဖူးသလိုပဲ...]

ထိုသူများ Live ခန်း၏ လူဦးရေကို ကြည့်လိုက်ရာ... [ဟောဗျာ၊ ဒါက Photoshop နဲ့ လုပ်ထားသလိုမျိုး အရမ်းများနေတာပဲ] ဟူ၍ဆိုလျက်အင်တာနက်ပေါ်တွင် ထပ်မံ ရှာဖွေလိုက်ကြသည်။

'အမလေး'

'အွန်လိုင်းပေါ်မှာ ပိုတောင် နာမည်ကြီးနေသေးတယ်'

ရှာလိုက်တာနဲ့ သတင်းပေါင်းထောင်သောင်းချီ ထွက်လာတော့သည်။

ငရဲပြည်....

နတ်မင်းနန်းဆောင်....

ဘာတွေလဲ.....

ဒီခေတ်ကြီးမှာ အားလုံးက သိပ္ပံပညာကိုယုံကြည်ကြတာ မဟုတ်ဘူးလား.....

ဒီ live လှိုင်းလုံးက ဘယ်အချိန်ကတည်းက ပေါ်လာတာလဲ....

ငါတို့က အဲဒီလောက်တောင် နောက်ကျကျန်ခဲ့တာလား.....

သူတို့က ပုံမှန်အားဖြင့် မိမိတို့ဝါသနာပါရာ အသိုင်းအဝိုင်းကိုသာ အာရုံစိုက်တတ်ကြသော်လည်း... အင်တာနက် ပြတ်တောက်နေသည့် အခြေအနေအထိတော့ မဟုတ်လောက်ပါဘူးနော်......

...

ထိုအကောင်လေးများ၏ အသုံးဝင်ပုံကို ကြားသိပြီးနောက် တွင်မူ...

အချို့သော သူများ၏အကြည့်မှာ ပြောင်းလဲသွားတော့ သည်။

[ ဒီကောင်လေးတွေက ထင်သလောက် ကြောက်ဖို့မကောင်းပါဘူး၊ ကြည့်ရတာ... အူကြောင်ကြောင်နဲ့ ချစ်ဖို့တောင် ကောင်းသေးတယ်]

မိမိအိမ်က တိရစ္ဆာန်ကို ပြန်ကြည့်လိုက်ရာ... စားဖို့ပဲ သိသည်၊ အိမ်ဖျက်ဖို့ပဲ သိသည် ဟုတွေးကာဒေါသက အလိပ်လိုက်ထွက်လာတော့သည်။

ဒေါသကို ပြန်ထိန်းလိုက်ပြီးနောက် လူအများအပြားမှာ စတင် မေးမြန်းကြတော့သည်

"မေးပါရစေ၊ အဲဒီလို နည်းပညာအသစ်နဲ့ အိမ်မွေးတိရစ္ဆာန်လေးကို ဘယ်မှာဝယ်လို့ရမလဲ Link ရှိလားခင်ဗျ"

…

All Chapters