အခန်း (၃၂၂၁-၃၂၂၅)
Vol. 141 Ch. 3221-3225
အပိုင်း (၃၂၂၁)
ဘာသာပြန်သူ_တိမ်တိုက်
"နန်းတော်သခင်က ကျုပ်တို့ကို ထွက်သွားစေချင်တာလား" ရီဟန် အံ့အားသင့်သွားခဲ့လေသည်။ ရွက်တစ်ထောင်ဂိုဏ်းနှင့် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက် နောက်ပိုင်း ရွက်တစ်ထောင်ဂိုဏ်းသား အရေအတွက်မှာ လေး၊ငါးရာလောက်သာ ကျန်ရစ်တော့သည်။ ထိုအကြောင်းကြောင့် သူတို့၏ ခွန်အားမှာလည်း သိသိသာသာကို လျော့ကျသွားခဲ့ရကာ လွန်ခဲ့သည့် နှစ်များအတွင်း ရန်ကိုင်မှ စောင့်ရှောက်ပေးထားခဲ့သည့်အတွက်ကြောင့်သာ မဟုတ်လျှင် ရွက်တစ်ထောင်ဂိုဏ်းမှာ ပျက်စီးသွားခဲ့ရလောက်ပေပြီ။ သို့သော်ငြား ရန်ကိုင်၏ ကာကွယ်စောင့်ရှောက်ပေးထားမှုကြောင့် ရွက်တစ်ထောင်ဂိုဏ်းမှ တပည့်များ၏ ကျင့်ကြံခြင်းမှာ ပိုတိုးတက်လာနိုင်ခဲ့သလို ဂိုဏ်းချုပ်ဖြစ်သော ရီဟန် ကိုယ်တိုင်သည်လည်း ဧကရာဇ်အဆင့်သို့ ရောက်ရှိနိုင်ခဲ့သည်။
"ဂိုဏ်းချုပ်ရီမှာ ရွေးချယ်စရာ နှစ်ခုရှိတယ်" ရန်ကိုင်က လက်ညှိုးနှစ်ချောင်း ထောင်ပြလိုက်သည်။ "ပထမတစ်ခုက အထက်ကောင်းကင်နန်းတော်နဲ့ အပြည့်အဝ ပေါင်းစည်းလိုက်ဖို့ပဲ၊ အဲဒီလို လုပ်လိုက်မယ်ဆိုရင် ရွက်တစ်ထောင်ဂိုဏ်းဆိုပြီး ရှိတော့မှာ မဟုတ်ဘူး၊ ရွက်တစ်ထောင်တောင်ဆိုပြီးတော့ပဲ ရှိတော့လိမ့်မယ်၊ ဂိုဏ်းချုပ်ရီ ကိုယ်တိုင်ကလည်း တောင်သခင်ဖြစ်လာလိမ့်မယ်၊ ဒီလိုမျိုးလုပ်လိုက်မယ်ဆိုရင်တော့ အခြားတောင်သခင်တွေ ဘာမှကန့်ကွက်နေကြတော့မှာ မဟုတ်တော့ဘူး"
ရီဟန်၏ အမူအရာ မဆိုသလောက်ကလေး ပြောင်းလဲသွားခဲ့လေသည်။ သူသာ ဤတစ်ချက်ကို ရွေးချယ်လိုက်မည်ဆိုလျှင် ရွက်တစ်ထောင်ဂိုဏ်း ပျောက်ကွယ်သွားရပေလိမ့်မည်။ ထိုအတွက်ကြောင့် တုံ့ဆိုင်းတုံ့ဆိုင်း အမူအရာဖြင့် ထပ်၍ မေးလိုက်သေးသည်။ "ဒါဆို ဒုတိယတစ်ခုကရော"
ရန်ကိုင်က ပြန်၍ ပြောလိုက်သည်။ "ဒုတိယတစ်ခုကတော့ ကျုပ် ဂိုဏ်းချုပ်ရီတို့ကို ရွက်တစ်ထောင်ဂိုဏ်းရှိခဲ့တဲ့ နေရာဆီ ပြန်ပို့ပေးမယ်၊ မန်နေဂျာမှုးဟွာက တောင်ဘက်နယ်မြေဆီသွားဖို့ အဲဒီနေရာကနေ မကြာခဏ ဖြတ်သွားနေရတာဆိုတော့ သူပြောတဲ့ပုံအရတော့ အဲဒီနေရာမှာ နေနေတဲ့လူ ဘယ်သူမှမရှိဘူးတဲ့၊ နေရာလေး နည်းနည်းစုတ်နေတာက လွဲလို့ပေါ့၊ ဒါပေမဲ့လည်း ကိစ္စမရှိပါဘူး၊ ဂိုဏ်းချုပ်ရီရဲ့တပည့်တွေကို စေလွှတ်ပြီးတော့ နည်းနည်းပါးပါး ပြင်ဆင်ထားလိုက်ရုံနဲ့တင် ချက်ချင်းသွားနေလို့ရပြီ၊ လုံခြုံရေးအတွက်လည်း စိတ်ပူနေစရာမလိုဘူး၊ ဂိုဏ်းချုပ်ရီကိုယ်တိုင်က ဧကရာဇ်အဆင့် ပညာရှင်တစ်ယောက် ဖြစ်နေပြီပဲ၊ ပြီးတော့ ကောင်းကင်အဆင့် ရုပ်သေးရုပ်တွေလည်း ရှိနေတာဆိုတော့ တော်ရုံတန်ရုံ ဘယ်သူမှ ဂိုဏ်းချုပ်ရီတို့ကို လာရန်စရဲမှာ မဟုတ်သေးဘူး၊ ပြီးတော့ ကျုပ်က နေမင်းပြာကျောင်းတော်ရဲ့ အဆင့်မြင့်အကြီးအကဲတစ်ဦးလေ၊ ဒီတော့ နေမင်းပြာကျောင်းတော်ကို ရွက်တစ်ထောင်ဂိုဏ်းကို စောင့်ရှောက်ပေးဖို့ လှမ်းပြီးပြောထားပေးလို့ရတယ်၊ အဲဒီလိုဆိုရင် ဂိုဏ်းချုပ်ရီတို့လည်း ပိုပြီး တိုးတက်အားကောင်းလာအောင် လုပ်ဖို့အချိန်ရသွားတာပေါ့"
ရန်ကိုင်ဘက်မှ သူလုပ်နိုင်သည့် အရာအားလုံးကို လုပ်ပေးသွားပြီးမှန်း သိထားသည့်အလျောက် ရီဟန်မှာ ရန်ကိုင်အပေါ် အငြိုးအတေးဖြစ်ခြင်း မရှိပေ။ ယခုကဲ့သို့သော ကိစ္စမျိုးကို သူနှင့် ပွင့်ပွင့်လင်းလင်း လာပြောသည်ကပင်လျှင် အမှန်တကယ်ကို ကောင်းမွန်နေခဲ့လေပြီ။ ရှင်းရှင်းပြောရသော် လက်ရှိ ရန်ကိုင်၏ ခွန်အားအရ သူသာဆန္ဒရှိလျှင် ရီဟန်တို့အား စကားတစ်လုံးပင်မပြောဘဲ မောင်းထုတ်ပစ်လိုက်၍ ရပေသည်။
[ငါသာ ဒီနေရာကထွက်သွားပြီး ရွက်တစ်ထောင်ဂိုဏ်းဆီ ပြန်သွားရင် လက်စားပြန်ချေနိုင်ဦးမှာလား] လွန်ခဲ့သည့် နှစ်များအတွင်း သူ၏ တပည့်များမှာ လျင်မြန်စွာ တိုးတက်လာခဲ့သလို သူကိုယ်တိုင်သည်လည်း ဧကရာဇ်အဆင့်သို့ ချိုးဖျက်နိုင်ခဲ့သော်ငြား ထိုကဲ့သို့ လျင်မြန်စွာ တိုးတက်နိုင်ခဲ့ရခြင်းမှာ အထက်ကောင်းကင်နန်းတော်၏ ကောင်းမွန်လှသည့် ကျင့်ကြံရေးပတ်ဝန်းကျင်နှင့် အတောမသတ်အောင် ရရှိနေသော ကျင့်ကြံရေးအရင်းအမြစ်များကြောင့်ပင် ဖြစ်လေသည်။ သူတို့သည်သာ တောင်ဘက်နယ်မြေသို့ ပြန်သွားမည်ဆိုလျှင်တော့ အစမှ ပြန်စရပေလိမ့်မည်။ နေမင်းပြာကျောင်းတော်သည် သူတို့အား အန္တရာယ်ဘေးမှ ကာကွယ်ပေးမည်ဆိုလျှင်ပင် သူတို့၏ ကျင့်ကြံရေးအရင်းအမြစ်များကို ကိုယ့်ဘာသာကိုယ် ရှာဖွေရပေလိမ့်ဦးမည်။ ရွက်တစ်ထောင်ဂိုဏ်းသည် ရုပ်သေးရုပ်များကို ဖန်တီးရာတွင် ကျွမ်းကျင်ပါသော်ငြား ထိုရုပ်သေးရုပ်များကို ဖန်တီးဖို့ရာ အရင်းအမြစ်များစွာ လိုအပ်ပေသည်။
အရေးအကြီးဆုံးအချက်မှာ သူ့တပည့်များသည် မြောက်ဘက်နယ်မြေဆီသို့ သူနှင့်အတူ ပြန်သွားချင်ဦးမည်လား။ ဤနေရာတွင် ဆယ်နှစ်ကျော် ကြာအောင် နေလာခဲ့ပြီးသည့်နောက် ရွက်တစ်ထောင်ဂိုဏ်းမှ တပည့်များမှာ ဤနေရာနှင့် အသားကျနေခဲ့လေပြီ။ ရှင်းရှင်းပြောရသော် ဤနေရာကြီး တစ်ခုလုံးသည် သုခဘုံသာ ဖြစ်လေသည်။ ဆိုးရွားလှသည့် ဘဝအခြေအနေမှ ကောင်းမွန်လှသည့် ဘဝအခြေအနေသို့ ကူးပြောင်းခြင်းမှာ လွယ်ပါသော်ငြား ယခုကဲ့သို့သော အဆင်ပြေနေသည့် ဘဝကြီးမှ အစမှ ပြန်စဖို့ရာ အလွန်ကိုမှ ခက်လှပေသည်။ မည်သူကများ ဘာဆိုဘာမျှမရှိသည့် ခြောက်ကပ်နေသည့် နေရာကြီးဆီသို့ ပြန်သွားချင်ပါဦးမည်နည်း။
"ဂိုဏ်းချုပ်ရီ လောမနေနဲ့ အေးအေးဆေးဆေးသာ စဉ်းစား၊ အခုချက်ချင်း အဖြေပေးစရာမလိုသေးဘူး" ရီဟန်၏ အကျပ်ရိုက်နေသည့် အမူအရာကို မြင်သော် ရန်ကိုင် သက်ပြင်းချလိုက်လေသည်။
ထို့နောက်တွင် ရီဟန်၏ ပခုံးကို ပုတ်၍ ထရပ်လိုက်သည်။
"ဆက်ပြီးတော့ စဉ်းစားနေစရာ မလိုတော့ဘူး" ရီဟန်က ချက်ချင်းပြောလိုက်သည်။
ရန်ကိုင်သည် ရီဟန်အား ကြည့်လိုက်လေ၏။
ရီဟန်သည် ထရပ်၍ တလေးတစားဖြင့် လက်သီးဆုပ်ကာ ပြောလိုက်လေသည်။ "ဒီရီဟန် အထက်ကောင်းကင်နန်းတော်ထဲ အတူပူးပေါင်းဖို့ ဆန္ဒရှိပါတယ်၊ ဒါပေမဲ့ ဒီရီဟန် တောင်းဆိုချင်တာ တစ်ခုတော့ရှိတယ်"
ရန်ကိုင်က ပြုံး၍... "ပြောကြည့်လေ"
"အချိန်ရောက်လာရင် နန်းတော်သခင် ကျုပ်နဲ့ ကျုပ်တပည့်တွေကို အရိပ်ဓားပျံဂိုဏ်းကိုသွား လက်စားချေဖို့ ခွင့်ပြုပေးဖို့ မျှော်လင့်ပါတယ်"
အရိပ်ဓားပျံဂိုဏ်းသည် ရွက်တစ်ထောင်ဂိုဏ်းကို ဖျက်ဆီးခဲ့သည့် ဂိုဏ်းဖြစ်ပေသည်။ ထိုကဲ့သို့ ဖျက်ဆီးရခြင်းမှာ အခြားလူတစ်ဦး၏ သွေးထိုးလှုံ့ဆော်မှုကြောင့် ဖြစ်သည့်တိုင် ရွက်တစ်ထောင်ဂိုဏ်းကို ဖျက်ဆီးသွားခဲ့သည်မှာ အရိပ်ဓားပျံဂိုဏ်းဖြစ်သည်မှာတော့ ယုံမှားသံသယရှိစရာ မလိုပေ။ အရိပ်ဓားပျံဂိုဏ်းသည် ရီဟန် ခက်ခက်ခဲခဲ ကြိုးစားစုဆောင်းလာခဲ့ရသော ရွက်တစ်ထောင်ဂိုဏ်းတစ်ဂိုဏ်းလုံးကို ဖျက်ဆီးပစ်သွားခဲ့ခြင်း ဖြစ်ပေသည်။ လွန်ခဲ့သည့် နှစ်များအတွင်း ရီဟန်မှာ သေဆုံးသွားခဲ့သော သူ့ဂိုဏ်းမှ တပည့်များအတွက် ပြန်လက်စားချေပေးနိုင်ရန်အလို့ငှာ ကြိုးကြိုးစားစား ကျင့်ကြံနေခဲ့ခြင်း ဖြစ်လေသည်။
"နန်းတော်သခင်သာ ဒါကိုသဘောတူမယ်ဆိုရင် ကျုပ် အထက်ကောင်းကင်နန်းတော်ထဲဝင်ဖို့ ဆန္ဒရှိတယ်"
"ရတယ်လေ ဘယ်လိုလုပ်ပြီး သဘောမတူဘဲ နေရမှာလဲ" ရန်ကိုင်က ရယ်မောလျက်... "ကျုပ် ခင်ဗျားကို အစောကြီးကတည်းက ဒီအကြောင်းကို ပြောပြီးသွားခဲ့ပြီလေ၊ ခင်ဗျား ကိုယ့်လက်နဲ့ကိုယ် ပြန်လက်စားချေချင်တယ်ဆိုရင် ကြိုးကြိုးစားစား ကျင့်ကြံမှရမှာ၊ အရိပ်ဓားပျံဂိုဏ်းက လွယ်တဲ့ဂိုဏ်းတစ်ဂိုဏ်းတော့ မဟုတ်ဘူး"
ရီဟန် ခေါင်းညိတ်လိုက်လေသည်။ ထို့နောက် ရင်ဘတ်ပေါ် လက်တစ်ဖက်တင်၍ တလေးအစားပုံစံဖြင့် ပြောလိုက်လေသည်။ "ရွက်တစ်ထောင်ဂိုဏ်းရဲ့ တောင်သခင်ရီဟန် နန်းတော်သခင်ကို နှုတ်ဆက်ပါတယ်"
ယခင်က ရန်ကိုင်အား နန်းတော်သခင်ဟု အမြဲတစေ ခေါ်ဝေါ်ခဲ့ပါသော်ငြား ယခုတစ်ကြိမ်မှာတော့ ယခင်ကနှင့် အဓိပ္ပါယ် သိပ်မတူတော့ပေ။ ယခုအချိန်မှ စ၍ ရွက်တစ်ထောင်ဂိုဏ်းမှာ မရှိတော့ဘဲ အထက်ကောင်းကင်နန်းတော်၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပေတော့လိမ့်မည်။ ထိုအပြင် သူတို့၏ ရုပ်သေးရုပ်သန့်စင်ခြင်းနှင့် ရုပ်သေးရုပ်ထိန်းချုပ်သည့် နည်းလမ်းများသည်လည်း အထက်ကောင်းကင်နန်းတော်၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာရပေတော့မည်။
ရန်ကိုင်မှာ ရီဟန်အား ထွက်သွားခိုင်းရမည့်အပေါ် တုံ့ဆိုင်းနေပါသည့်တိုင် အမှန်တရားကို ပွင့်ပွင့်လင်းလင်း ပြောခဲ့သည်။ ရွက်တစ်ထောင်ဂိုဏ်း၏ တပည့်နှစ်ရာကျော် သုံးရာလောက်သည် အလွန်ကိုမှ ကောင်းမွန်လှသည့် တောင်တစ်လုံးကို အပိုင်စားရထားခြင်း ဖြစ်လေသည်။ အခြားသော တောင်သခင်များမှာ ထိုကိစ္စနှင့် ပတ်သက်၍ အသံထွက်နေကြသည်။ ရွက်တစ်ထောင်ဂိုဏ်းသည်သာ အထက်ကောင်းကင်နန်းတော်၏ အစိတ်အပိုင်းတစ်ခုဖြစ်လျှင်တော့ ကိစ္စမရှိ။ သို့သော်ငြား အပြင်လူများမှာ စော၍ ရောက်လာသည့်အတွက်ကြောင့် ပိုကောင်းသည့် နေရာရထားသည့်အပေါ် အခြားသူများမှာ သိပ်၍ မကျေမနပ် ဖြစ်နေကြသည်။ ကံကောင်းစွာဖြင့် ယခုအချိန်မှ စ၍ ထိုကိစ္စမှာ ဆက်၍ ပြဿနာရှိတော့လိမ့်မည် မဟုတ်ပေ။
မကြာခင် ရွက်တစ်ထောင်တောင်ဆီသို့ နောက်ထပ်လူများ ထပ်ပို့မည်ဟု ရန်ကိုင် ရီဟန်အား ပြောခဲ့လေသည်။ ဤမျှကြီးမားလှသော တောင်တစ်လုံးတွင် တပည့်နှစ်ထောင်လောက်ကို နေရာမချထားပေးလျှင် အလဟဿ ဖြစ်သွားရနိုင်ပေသည်။
မကြာမီတွင် ရန်ကိုင်သည် စိတ်အေးသက်သာ အမူအရာဖြင့် ရီဟန် နေရာဆီမှ ပြန်လာခဲ့သည်။
အထက်ကောင်းကင်တောင်၏ ခန်းမထဲသို့ ဝင်လာသည့်အခါ အစေခံမလေးတစ်ဦးသည် ရန်ကိုင်ဆီသို့ ချက်ချင်းရောက်လာပြီး အစီရင်ခံတင်ပြလိုက်လေသည်။ "နန်းတော်သခင် စီနီယာကျိ ဒီကို ရောက်နေပါတယ်"
"ရောင်းရင်းကျိ၊ ကိစ္စတစ်ခုခုရှိလို့လား" ရန်ကိုင် ကြောင်သွားလေသည်။
အစေခံမလေးက သူမ၏ ပါးစပ်ကလေးကို အုပ်ကာ ပြုံးရင်းပြောလိုက်သည်။ "ဆရာကျိယင်မဟုတ်ပါဘူး၊ သခင်မလေး ကျိယောင်ပါ"
ထိုစကားကို ကြားလိုက်သော် အထဲသို့ ဆက်သွားနေသည့် ရန်ကိုင်၏ ခြေလှမ်းများ ရပ်တန့်သွားခဲ့ပြီး အပြစ်မကင်းသည့်အမူအရာဖြင့် ပြန်မေးလိုက်လေသည်။ "သူ ဒီကို ဘာလာလုပ်တာလဲ"
သိုင်းကျမ်းဆောင်တွင် ဖြစ်သွားခဲ့သည့် ကိစ္စကို သေချာပြန်စဉ်းစားကြည့်လိုက်သည့်နောက် ထိုစဉ်က ကျိယောင်၏ ပုံစံမှာ အလွန်ကိုမှ ဒွိဟဖြစ်စရာကောင်းသည်ဟု ရန်ကိုင် စိတ်ထဲခံစားရသည်။ သူတို့နှစ်ဦးမှာ တစ်ဦးနှင့်တစ်ဦး အတန်ကြာအောင် နမ်းရှိုက်ခဲ့ပါသော်ငြား ကျိယောင်ကမူ နမ်းရှိုက်ပြီးသည့်နောက် ဘာမျှ မဖြစ်သည့် ပုံစံအတိုင်း ပြုမူနေခဲ့လေသည်။
ကျိယောင်မှ ထိုအကြောင်းကို စုယန်အား သွားမပြောရန် ပြောခဲ့သည်မှာ သတင်းကောင်းပင် ဖြစ်လေသည်။ ထိုသို့သာ မဟုတ်ပါက ကျိယောင်မှ ထိုကိစ္စကို အသုံးချ၍ သူ့အား ခြိမ်းခြောက်လေမလားဟု ရန်ကိုင် စိတ်ပူနေရပေလိမ့်ဦးမည်။ သူကိုယ်တိုင်မှ ထိုအကြောင်းအား စုယန်အား သွားမပြောခဲ့သည်ကို ကြည့်ရသလောက် သူမ ကိုယ်တိုင်သည်လည်း ထိုလျှို့ဝှက်ချက် ပေါက်ကြားသွားမည်ကို မလိုလားသည့်ပုံပင်။
ရန်ကိုင်သည် ပြန်ရောက်လာကတည်းက တောက်လျှောက်ကို အလုပ်ရှုပ်နေခဲ့သည့်အတွက်ကြောင့် ထိုကိစ္စကို လုံးလုံးမေ့လျော့နေခဲ့သည်။ ထိုအကြောင်းကြောင့် ကျိယောင် ဤနေရာသို့ ရောက်နေကြောင်း ကြားလိုက်သော် ရန်ကိုင် စိတ်ထဲ အနည်းငယ်တော့ အံ့အားသင့်မိသွားလေသည်။ [အဲဒီနေ့တုန်းက ကျိယောင်ရဲ့ စိတ်ခံစားချက်တွေက ထိန်းမရဖြစ်သွားတာ၊ အခုမှ အဲဒီကိစ္စကိုနောင်တရပြီး ငါနဲ့စာရင်းလာရှင်းတာတော့ မဟုတ်လောက်ပါဘူး၊ အဲဒီလိုသာဆိုရင်တော့ ငါ အရှက်ကွဲတော့မှာပဲ]
အစေခံမလေးက ပြန်၍ ပြောလိုက်သည်။ "ဘာလို့လဲတော့ မသိဘူး၊ သခင်မလေးကျိယောင်က ရောက်လာတာနဲ့ အထဲကိုတန်းသွားပြီးတော့ နန်းတော်သခင် ပြန်လာတာနဲ့ သူရောက်နေတဲ့အကြောင်း သွားအကြောင်းကြားပေးဖို့ ကျွန်မကို ပြောခဲ့တာ"
ရန်ကိုင်သည် ကသိကအောက်အမူအရာဖြင့် ခေါင်းကိုကုတ်ရင်းမှ အစေခံမလေးအား ကြည့်၍ မေးလိုက်လေသည်။ "သူရောက်လာတုန်းက သူ့မျက်နှာထားက ဘယ်လိုနေလဲ၊ ဒေါသထွက်နေတဲ့ပုံ ပေါက်လား"
အစေခံမလေးက ထူးထူးဆန်းဆန်း အမူအရာဖြင့် ပြန်ပြောလိုက်လေသည်။ "အဲဒီလိုမျိုးတော့ မပေါက်ဘူး၊ သခင်မလေးကျိယောင်က အမြဲလိုလို အေးစက်စက်မျက်နှာထားနဲ့ ရှိနေတာဆိုတော့ သူ ဒေါသထွက်နေလားဆိုတာတော့ ပြောရခက်တယ်"
"သူ ဒေါသထွက်နေလား မထွက်ဘူးလားဆိုတာကိုတောင် နင် မသိဘူးလား" ရန်ကိုင်သည် အစေခံမလေးအား စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။
အစေခံမလေးက အလျင်စလို ခေါင်းငုံ့လျက်... "ကျွန်မ တကယ်မသိလို့ပါ"
"ထားလိုက်တော့ ထားလိုက်တော့" ရန်ကိုင်က သူ့လက်ကို ဝှေ့ယမ်းလျက်... "နင့်အလုပ် နင် သွားပြန်လုပ်လို့ရပြီ"
အစေခံမလေးလည်း ခေါင်းညိတ်ပြီးသည့်နောက် အလျင်အမြန် ထွက်သွားတော့လေသည်။
ထို့နောက်တွင် ရန်ကိုင်သည် ခန်းမထဲ ခေါက်တုံ့ခေါက်ပြန်ကို လမ်းလျှောက်နေတော့လေသည်။ ကျိယောင် ဤနေရာသို့ ဘာကြောင့် ရောက်လာရသလဲဆိုသည်ကို မသိရသေးဘဲနှင့် ရန်ကိုင်မှာ ကျိယောင်အား သွားတွေ့ဖို့ရာ တွန့်ဆုတ်နေမိသည်။
အတန်ကြာအောင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေပြီးသည့်နောက် ရန်ကိုင်သည် ခန်းမအပြင်ဘက်သို့ ပြန်ထွက်သွားရန် လုပ်လိုက်လေသည်။ တကယ်တော့ သူ့အနေဖြင့် ကျိယောင်အား သွားမတွေ့၍လည်း ကိစ္စမရှိ။ သူသာ လာမတွေ့လျှင် ကျိယောင်မှာ စောင့်ရသည်ကို စိတ်မရှည်တော့ဘဲ သူဘာသာသူ ပြန်သွားပေလိမ့်မည်။ ထိုသို့သာ ဖြစ်မည်ဆိုလျှင်တော့ ရန်ကိုင်လည်း အရှက်ကွဲနေစရာ မလိုတော့ပေ။ သို့သော်ငြား ရန်ကိုင် နောက်တစ်ကြိမ် သေချာ ထပ်စဉ်းစားကြည့်လိုက်သည်။ [ဒါပေမဲ့ ဒီကိစ္စမှာ ရှက်နေသင့်တာ ငါမဟုတ်ဘူးလေ၊ သူက မိန်းကလေး ရှက်သင့်တာကသူ၊ ငါမဟုတ်ဘူး၊ ငါကယောက်ျား ငါကဘာကိုကြောက်နေရမှာလဲ၊ ဟုတ်တယ် ငါ့အနေနဲ့ ဘာမှကြောက်စရာမရှိဘူး]
ထိုသို့ စဉ်းစားပြီးသည့်နောက် ရန်ကိုင်သည် ခန်းမထဲသို့ ပြန်လျှောက်ဝင်သွားခဲ့လေသည်။ ခေါင်းကိုမော့ ရင်ကိုကော့၍ ရောက်လာခဲ့ရာ အတန်ကြာပြီးသည့်နောက် အခန်းတစ်ခန်းထဲ ကျိယောင်အား သွားတွေ့လေ၏။
ကျိယောင် ရှိနေသည့် အခန်းမှာတော့ စုယန်၏ အခန်းသာ ဖြစ်လေသည်။ ထိုအခန်းသည် ကျောက်ခန်းမဘေးနားတွင် ဆောက်လုပ်ထားခြင်းဖြစ်ပြီး အခန်း၏ ဝရန်တာသည် အဆုံးမဲ့လျှိုမြောင်ကြီးနှင့် မျက်နှာမူထားလေသည်။ ထိုလျှိုမြောင်ကြီးထဲတွင်တော့ အမျိုးမျိုးသော မြူခိုးများ တိမ်စိုင်တိမ်တိုက်များ ရစ်ဝဲနေလေသည်။
အခန်းတံခါးကို ဖွင့်ဝင်လာချိန် ကျိယောင်သည် လှေကားလက်ရန်း ဘေးနားတွင် ရပ်နေရင်းမှ နေဝင်ချိန်အား ငေးကြည့်နေသည်ကို ရန်ကိုင် တွေ့လိုက်ရလေသည်။ နေရီဖျော့ပျော့ နေရောင်တို့သည် ကျိယောင်၏ ခန္ဓာကိုယ်အပေါ် ဖြာဆင်းကျနေခဲ့လေရာ ကျိယောင် တစ်ကိုယ်လုံးမှာ ရွှေရောင်ဖျော့ဖျော့ တောက်ပနေလေ၏။ လေပြေလေးများမှာလည်း တသုန်သုန်တိုက်ခတ်နေရာ သူမ၏ ဆံနွယ်လေးများသည် လေအဝှေ့နှင့်အတူ တလူလူ လွင့်ပျံနေခဲ့လေသည်။
ရန်ကိုင် အထဲသို့ ဝင်လာသည်ကို သတိမထားမိသည့်အလား ကျိယောင်မှာ ရန်ကိုင်ဘက်သို့ လှည့်ကြည့်မလာခဲ့ပေ။
ရန်ကိုင်မှာမူ အခန်းတံခါးကို ပိတ်၍ ကျိယောင်ဆီသို့ လျှောက်သွားလိုက်သည်။ ကျိယောင် ဘေးနားတွင် ရပ်နေပြီးသည့်နောက် သူမအား ဘေးတစောင်း လှမ်း၍ ကြည့်လိုက်လေ၏။ နှင်းဖြူရောင်အသားလေး၊ သွယ်လျလျသည့်လည်တိုင်လေးနှင့် မို့မောက်မောက်ရင်အစုံ၊ ရစ်မူးဖွယ်ရာ ကိုယ်နေဟန်ထားတို့မှာ အမှန်တကယ်ကို စွဲမက်ဖွယ်ကောင်းလှပေသည်။
"ဂျူနီယာညီမယောင်၊ နင်ရောက်နေတာလား" ရန်ကိုင်သည် သူ့လက်နှစ်ဖက်ကို အတူတူပွတ်ရင်းမှ မေးလိုက်သည်။
ကျိယောင်၏ လက်ရှိ စိတ်အခြေအနေကို မသိရသေးဘဲနှင့် ရန်ကိုင်မှာ သူစိတ်ထင်တိုင်း မပြောရဲသေးပေ။
"ငါ တစ်ခုခုလာယူတာ" ကျိယောင်က ရန်ကိုင်ဘက်သို့ လှည့်ကြည့်လာခဲ့သည်။
"ဘာလာယူတာလဲ" ရန်ကိုင်က ပြန်မေးလိုက်သည်။
"ဂျူနီယာညီမလေး လဲဖို့အဝတ်အစားတွေ" ကျိယောင်က ပြန်ပြောလိုက်သည်။
ရန်ကိုင် ကျိယောင်အား ငေးကြောင်ကြောင်ဖြင့် စိုက်ကြည့်လိုက်လေသည်။ အတန်ကြာအောင် စိုက်ကြည့်နေပြီးသည့်နောက် ကျိယောင် မည်သည့် အပိုစကားမျှ ထပ်မပြောတော့မှန်း သိလိုက်သည့်အခါမှသာလျှင် ပြန်မေးလိုက်လေ၏။ "အဲဒါပဲလား"
ကျိယောင် ခေါင်းညိတ်လိုက်လေသည်။
ရန်ကိုင်မှာ ရယ်ရခက်ငိုရခက် အမူအရာဖြင့် ပြန်ပြောလိုက်လေသည်။ "အဲဒါလေးယူဖို့ကို နင်ကိုယ်တိုင် ရောက်လာစရာလိုလို့လား"
ကျင့်ကြံသူဖြစ်သည့် မည်သူတွင်မဆို သိုလှောင်လက်စွပ်တစ်ကွင်းစီတော့ ရှိတတ်ကြပေသည်။ ထိုအပြင် ကျင့်ကြံသူတိုင်းသည် ... အဝတ်အစားများကို ကြိုတင်ပြင်ဆင်ထားလေ့ ရှိကြသူများသာ ဖြစ်ကြသည်။ ရန်ကိုင် ကိုယ်တိုင်သည်လည်း အခန့်မသင့် လိုအပ်လာခဲ့သည်ရှိသော် အဆင်သင့် လဲလှယ်နိုင်ရန်အတွက် အဝတ်အစားအချို့ကို သူ၏ သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းထားခဲ့သည်။ စုယန်သည်လည်း ထိုကဲ့သို့သောအဝတ်အစားများကို သူမ၏ သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းထားလိမ့်မည်ဟု ရန်ကိုင် ယုံကြည်ပေသည်။ ထိုအကြောင်းကြောင့် ကျိယောင် ကိုယ်တိုင် ယခုကဲ့သို့ စုယန် လဲနိုင်ရန်အတွက် အဝတ်အစားများကို ကိုယ်တိုင်လာယူစရာ မလိုပေ။
"ဘာလဲ ငါ့ကိုမကြိုဆိုတာလား" ကျိယောင် မျက်ခုံးပင့်သွားလေသည်။
"ဘယ်ကသာ မကြိုဆိုရမှာလဲ" ရန်ကိုင်က ချက်ချင်း ပြန်ငြင်းလိုက်သည်။
ကျိယောင်သည် မေးလေးကို မော့၍ ပြောလိုက်သည်။ "အဲဒါဆို ငါ့အတွက်နည်းနည်း သွားယူလာပေး၊ ဂျူနီယာညီမရဲ့ အဝတ်အစားတွေကို ငါကိုယ်တိုင် သွားလိုက်ရှာနေလို့ မဖြစ်ဘူး"
"ခဏစောင့်နေ" ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် အခန်းထဲသို့ လျှောက်ဝင်သွားလေသည်။ အနီးဆုံး အဝတ်ဗီရိုဆီသို့ လျှောက်သွားလိုက်ပြီးသည့်နောက် စုယန်၏ အဝတ်အစားများကို စတင်ရှာဖွေတော့လေသည်။ စုယန်သည် သူမ၏ အဝတ်အစားများနှင့် ပတ်သက်၍ ဇီဇာကြောင်လေ့ မရှိ။ မူလကတည်းက လှပြီးသားလူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် မည်သည့်အဝတ်အစားကို ဝတ်ပါစေ လှနေမြဲ လှနေပေလိမ့်မည်။
ထိုအပြင် စုယန်၏ အဝတ်ဗီရိုထဲတွင် အဝတ်အစား များများစားစားလည်း မရှိ။ ထိုအတွက်ကြောင့် ရန်ကိုင်သည် မြင်သမျှအဝတ်အစားအားလုံးကို ဗလာကျင်းနေသော သိုလှောင်လက်စွပ်တစ်ကွင်းထဲသို့ ထည့်သွင်းလိုက်လေသည်။ ထို့နောက် နောက်သို့လှည့်ကြည့်လိုက်ရာ ကျိယောင်မှာ သူ့အနောက်မှ လိုက်လာကြောင်း တွေ့လိုက်ရလေ၏။ လက်ရှိအခိုက်အတန့်တွင် ကျိယောင်သည် ကုတင်ပေါ်တွင် ဘေးတစောင်း ထိုင်နေခဲ့လေသည်။
ရန်ကိုင်သည် သိုလှောင်လက်စွပ်ကို ကျိယောင်ဆီသို့ ပေး၍ ပြောလိုက်သည်။ "အဝတ်အစားတွေ အကုန်လုံးက ဒီထဲမှာပဲ၊ သူ့ကို ရေခဲနှလုံးသားတောင်ကြားမှာ စိတ်အေးအေးနဲ့ ကျင့်ကြံလို့ရတယ်လို့သာ ပြောလိုက်၊ ဘာမှစိတ်မပူနေနဲ့လို့၊ တစ်ခုခုလိုအပ်ရင်လည်း ပြောလိုက်လို့၊ သူလိုအပ်တဲ့ပစ္စည်းတွေကို လူလွှတ်ပြီးတော့ ပို့ပေးလိုက်မယ်လို့"
"ကောင်းပြီ" ကျိယောင်သည် သိုလှောင်လက်စွပ်ကို ယူ၍ သူမလက်ချောင်းပေါ်တွင် စွပ်လိုက်လေသည်။ ထို့နောက် သူမလက်ချောင်းလေးကို မြှောက်၍ သေသေချာချာကို ကြည့်နေလေ၏။
"ဂျူနီယာညီမ အခြားဟာတွေရှိသေးလို့လား" ရန်ကိုင်က မေးလိုက်သည်။
"မရှိတော့ဘူး"
[အခြားဘာကိစ္စမှ မရှိတော့ရင် ဘာဖြစ်လို့ဒီမှာ ထိုင်နေသေးတာလဲ] ရန်ကိုင် လုံးဝကို ဆွံ့အနေလေသည်။ သူကိုယ်တိုင်တော့ သူမအား သွားမောင်းထုတ်၍ မဖြစ်ပေ။ သူ့စိတ်အထင်ပဲလား မသိရ။ ယခုတစ်ကြိမ် ကျိယောင်မှာ ယခင်ကနှင့် အနည်းငယ်ကွဲပြားနေသည်ဟု သူ့စိတ်ထဲ ခံစားနေရလေသည်။ သူကိုယ်တိုင်သည်လည်း အမှားများကို ဘာကြောင့်မှန်းမသိ လုပ်နေသည်ဟု ခံစားနေရသည်။ ထိုအတွက်ကြောင့် ကျိယောင်အား ဤနေရာမှ မြန်မြန်သာ ထွက်သွားစေလိုတော့သည်။
"ကိစ္စတစ်ခုခုရှိလို့လား" ကျိယောင်သည် ရန်ကိုင်အား ကြည့်လာခဲ့လေသည်။
"မရှိပါဘူး" ရန်ကိုင် ခေါင်းကုတ်လိုက်လေသည်။
"လုပ်စရာကိစ္စရှိရင် သွားလုပ်လေ၊ ငါ့ကို စိတ်ထဲထားမနေနဲ့"
"ဟဲဟဲ" ရန်ကိုင်၏ နှုတ်ခမ်း ကွေးတက်သွားခဲ့သည်။ [နင်က ဧည့်သည်လေ ငါနင့်ကို ဘယ်လိုလုပ်ပြီး ဒီအတိုင်းထားခဲ့လို့ ဖြစ်ပါ့မလဲ]
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၂၂၂
ဘာသာပြန်သူ_တိမ်တိုက်
နှစ်ဦးသားအကြားရှိ အခြေအနေကို ကသိကအောက် မဖြစ်စေလိုသည့်အတွက်ကြောင့် ရန်ကိုင်မှာ ကျိယောင်နှင့် စကားပြောရတော့သည်။ ကံကောင်းစွာဖြင့် သူတို့တွင် ပြောစရာ စုယန်အကြောင်း ရှိနေခဲ့လေသည်။ ရန်ကိုင်သည် စုယန်၏ အခြေအနေကို မေးမြန်းခဲ့ပြီး ကျိယောင်မှာလည်း ရန်ကိုင် မေးသမျှ အားလုံးကို ပြန်ဖြေပေးခဲ့သည်။ ထိုနည်းဖြင့် ရန်ကိုင်မှာ စုယန် ရေခဲနှလုံးသားတောင်ကြားထဲ မည်ကဲ့သို့ ရှိနေကြောင်းကို သိခဲ့ရသည်။ သူမ၏ စီနီယာအစ်မများမှ သူမအပေါ် မည်ကဲ့သို့ ကြိုဆိုကြကြောင်းကိုလည်း သိခဲ့ရသည်။ ရေခဲနှလုံးသားတောင်ကြားမှ တပည့်များ စုယန်အပေါ် ထိုမျှ ဖော်ရွေနေရခြင်းမှာ ရန်ကိုင်ကြောင့် ဖြစ်သလို စုယန် ကိုယ်တိုင်ကလည်း သူမတို့နှင့် တစ်ဂိုဏ်းတည်းသား ဖြစ်သည့်အတွက်ကြောင့်လည်း ပါပေသည်။ မည်သည့်အကြောင်းကြောင့်ပင် ဖြစ်စေကာမူ စုယန်သည် ရေခဲနှလုံးသားတောင်ကြား၏ တပည့်တစ်ဦး ဖြစ်သည်ဟု ပင်းယွင် ကိုယ်တိုင်က ပြောသည့်အတွက်ကြောင့် စုယန်မှာ သူမတို့၏ ဂျူနီယာညီမလေး ဖြစ်လာရသည်။ ထိုအကြောင်းကြောင့် ယခုဆိုလျှင် သူမတို့ အားလုံးသည် တစ်မိသားစုတည်း ဖြစ်သွားခဲ့လေပြီ။
စုယန်၌ ရေခဲသလင်းကျောက်စိမ်းခန္ဓာကိုယ် ရှိနေကြောင်း သိလိုက်ရပြီးသည့်နောက် ပင်းယွင် အလွန်ဝမ်းသာသွားခဲ့လေသည်။ ရန်ကိုင်မှ စုယန်အား ရေခဲနှလုံးသားတောင်ကြားသို့ ခေါ်သွားစဉ်က ထိုအကြောင်းကို မပြောဖြစ်ခဲ့။ မူလကမူ ထိုအကြောင်းကို ပြောရန် စဉ်းစားထားခဲ့ပါသော်ငြား ပင်းယွင်သည် စုယန်အား အလွယ်တကူ လက်ခံလိုက်သည့်အတွက်ကြောင့် ရန်ကိုင်မှာ ပင်းယွင် လက်ခံလာအောင် ပြောနေစရာ မလိုခဲ့ပေ။
လက်ရှိအချိန်တွင် ရန်ကိုင်နှင့် ကျိယောင်တို့အနက် တစ်ဦးက ရပ်နေ၍ တစ်ဦးက ထိုင်နေခဲ့လေသည်။ ရန်ကိုင်သည် ပြတင်းပေါက်အား မကြာမကြာဆိုသလို လှမ်း၍ ကြည့်နေခဲ့သည်။ သူ့လုပ်ရပ်၏ အဓိပ္ပာယ်မှာတော့ အထင်းသားပင်။ မှောင်နေပြီဖြစ်သည့်အတွက်ကြောင့် သူမအနေဖြင့် မြန်မြန် ပြန်သွားသင့်ပေသည်။ ထိုသို့သာ မဟုတ်ပါက အခြားသူများ အတင်းအဖျင်း ပြောရန်အတွက် ခေါင်းစဉ်တစ်ခု ရသွားနိုင်ပေသည်။
သို့သော်ငြား ကျိယောင်ကမူ ရန်ကိုင်၏ လုပ်ရပ်နှင့် ပတ်သက်၍ ဂရုကိုစိုက်မနေခဲ့။ ကုတင်စောင်းပေါ်တွင်သာ ငြိမ်ငြိမ်လေး ထိုင်နေခဲ့လေသည်။
တဖြည်းဖြည်းနှင့် ညအချိန်သို့ ရောက်လာပြီး ပတ်ဝန်းကျင်မှာလည်း မှောင်မိုက်လာတော့သည်။ ရန်ကိုင်မှာတော့ ကျိယောင်၏ လုပ်ရပ်ကြောင့် ဆွံ့အနေမိလေသည်။ ကျိယောင် ဘာလုပ်ချင်လို့ လုပ်ချင်နေမှန်း သူတကယ်ကို နားမလည်တော့ပေ။ [ဟိုတစ်နေ့က အဖြစ်အပျက်ကြောင့် အခုငါ့ကို လာပြဿနာရှာတာလား၊ ဒါပေမဲ့ ကြည့်ရတာလည်း ပြဿနာရှာနေတဲ့ပုံတော့ မပေါ်ဘူး၊ ပြဿနာရှာမယ်ဆိုရင် အစောကြီးကတည်းက ရှာလိုက်ရင် ပြီးနေပြီပဲဟာကို၊ ဘာဖြစ်လို့ ခေါင်းမာမာနဲ့ မထွက်သွားဘဲ လုပ်နေရတာလဲ]
မည်သို့ပင် ဖြစ်နေစေကာမူ သူ့အနေဖြင့် ဆက်၍ ရပ်နေလို့ အဆင်မပြေတော့ပေ။ ဆက်၍သာ ရပ်နေမည်ဆိုလျှင် သူသည် ကျိယောင်၏ အမိန့်ကို နာခံနေရသလို ဖြစ်နေပေလိမ့်မည်။ [ငါက အထက်ကောင်းကင်နန်းတော်ရဲ့ နန်းတော်သခင်၊ ဒီနေရာက ငါ့ပိုင်နက်၊ ငါ့ပိုင်နက်ထဲမှာ ဘာဖြစ်လို့ ငါက ရပ်နေပြီး နင်က ထိုင်နေရတာလဲ]
ထိုသို့ စဉ်းစားမိလိုက်သည့်နောက် ရန်ကိုင်သည် သူ့အဝတ်ကို အနည်းငယ် သပ်ရပ်အောင်လုပ်၍ ကျိယောင်နှင့် မလှမ်းမကမ်းသည့် ကုတင်စောင်းပေါ်တွင် ထိုင်ချလိုက်လေသည်။
"ဒါနဲ့ အခု ဂျူနီယာညီမလျို့ ဘယ်လိုနေလဲ" ရန်ကိုင် ပြောနေသည့် ဂျူနီယာညီမလျို့ဆိုသည်မှာ ရန်ကိုင်နှင့်အတူ ကြယ်တာရာလိုဏ်ခေါင်းမှတစ်ဆင့် ကြယ်တာရာအစုအဝေးထဲသို့ ဝင်လာပြီး ငှက်မွေးပြာဂိုဏ်းထဲသို့ ရောက်သွားသည့် လျို့ရှန်းယွင်ကို ပြောနေခြင်းသာ ဖြစ်လေသည်။
ရှင်းရှင်းပြောရသော် လျို့ရှန်းယွင်မှာ ရေခဲဓာတ်ကျင့်စဉ် သိုင်းပညာရပ်များကို ကျင့်ကြံထားခြင်း မရှိခဲ့။ ထိုအကြောင်းကြောင့် သူမအနေဖြင့် ရေခဲနှလုံးသားတောင်ကြားထဲသို့ ဝင်ဖို့ရာ မဖြစ်နိုင်ပေ။ သို့သော်ငြား ထိုစဉ်က ရန်ကိုင်တွင် လျို့ရှန်းယွင်အတွက် စီစဉ်ပေးစရာ နေရာမရှိခဲ့သည့်အတွက်ကြောင့် ပင်းယွင်ကိုသာ သွားရောက် အကူအညီ တောင်းခဲ့ရခြင်း ဖြစ်လေသည်။
"ဂျူနီယာညီမလျို့က မကြာသေးခင်တုန်းက ဧကရာဇ်အဆင့်ကို ချိုးဖျက်ဖို့ဆိုပြီးတော့ တံခါးပိတ်ကျင့်စဉ် ဝင်သွားတယ်၊ သူ့ကို မတွေ့ရတာ နှစ်အတော်လေး ကြာနေပြီဆိုပေမဲ့ ဘာမှစိတ်ပူစရာတော့ မရှိပါဘူး" ကျိယောင်က ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်သည်။
ဤသည်မှာ အဆင့်နိမ့်ကြယ်စီရင်စုမှ လာသည့် ကျင့်ကြံသူများ၏ ကောင်းသည့် အချက်တစ်ချက် ဖြစ်ပေသည်။ ထိုကျင့်ကြံသူများ၏ အရည်အသွေးမှာ အကောင်းဆုံးများထဲတွင် ပါဝင်သည့်အတွက်ကြောင့် သူတို့တွင် ဧကရာဇ်အဆင့်သို့ တက်ရနိုင်ခြေ အလွန်ကိုမှ များပေသည်။ လျို့ရှန်းယွင်သည် တစ်စပြင်ကန္တာရကြယ်စီရင်စု၏ ထိပ်တန်းပညာရှင်များအနက် တစ်ပါးဖြစ်ခဲ့သည်။ ရေခဲနှလုံးသားတောင်ကြားထဲသို့ ဝင်လာပြီးသည့်နောက် များပြားလှစွာသော ကျင့်ကြံရေး အရင်းအမြစ်များနှင့် ကောင်းမွန်လှသော ကျင့်ကြံရေး ပတ်ဝန်းကျင်ကိုပါ ရရှိထားခဲ့လေရာ သူမအနေဖြင့် ဤမျှ လျင်လျင်မြန်မြန် တိုးတက်လာခဲ့သည်မှာ အဆန်းတော့ မဟုတ်ပေ။
ရန်ကိုင် ခေါင်းတညိတ်ညိတ် ဖြစ်သွားခဲ့လေသည်။
ကံမကောင်းစွာဖြင့် ကျိယောင် နောက်ဆက်ပြောလာသည့် စကားကြောင့် ရန်ကိုင်မှာ ရင်တဒုန်းဒုန်း ခုန်သွားခဲ့ရသည်။ "စီနီယာအစ်ကို၊ နင် ဂျူနီယာညီမလျို့ကိုလည်း စိတ်ဝင်စားနေတာလား"
ရန်ကိုင်သည် ကျိယောင်အား စိုက်ကြည့်၍ အလေးအနက် အမူအရာဖြင့် ပြန်ပြောလိုက်လေသည်။ "အပိုတွေ လျှောက်ပြောမနေနဲ့၊ နင်အခုလိုမျိုး လျှောက်ပြောတာ သူ့ဂုဏ်သတင်းကို ထိခိုက်သွားစေနိုင်တယ်"
ကျိယောင်က ပြန်၍ ပြောလိုက်လေသည်။ "စီနီယာအစ်ကို တော်တော်များများရဲ့ ဂုဏ်သတင်းကို ထိခိုက်သွားအောင် လုပ်ပြီးသွားပြီပဲ မဟုတ်ဘူးလား"
[နင်ဘာပြောချင်နေတာလဲ၊ အဲဒီနေ့တုန်းက ကိစ္စက ငါတစ်ယောက်တည်းရဲ့ အပြစ်မဟုတ်ဘူးလေ၊ နင်ကိုယ်တိုင်လည်း ပါနေတာပဲကို မသိရင် ငါကပဲ နင့်ကို အသားယူသလိုလိုနဲ့၊ ငါ့ကို ပြန်ပြီး အသားယူခံလိုက်ရင် ကောင်းမလား]
ရန်ကိုင်သည် ကျိယောင်အား စိုက်ကြည့်ရင်းမှ ခက်ထန်သည့် အမူအရာဖြင့် ပြန်ပြောလိုက်လေသည်။ "ဂျူနီယာညီမယောင်၊ နင်ငါနဲ့ပတ်သက်ပြီးတော့ တစ်ခုခု နားလည်မှုလွဲနေတယ်နဲ့ တူတယ်နော်"
"ဟဲဟဲ" ကျိယောင်၏ နှုတ်ခမ်းလေး ကွေးတက်သွားခဲ့လေသည်။ ရန်ကိုင်၏ စကားနှင့် ပတ်သက်၍ ကျိယောင်မှာ ငြင်းဆန်ခြင်းလည်း မရှိသလို လက်ခံသဘောတူခြင်းလည်း မရှိပေ။
ရန်ကိုင်မှာ ရှက်ရှက်ဖြင့် ဒေါသထွက်လာခဲ့ပြီး ကျိယောင်အနားသို့ တိုးကပ်၍ မျက်လုံးကြီးပြူးကာ ပြောလိုက်လေသည်။ "နင် အဲဒီလိုမျိုး မရယ်လို့ မရဘူးလား၊ နင့်ပုံစံက အရမ်းကို မလေးမစား လုပ်ရာရောက်တယ်နော်"
ရန်ကိုင်မှာ ဒေါသထွက်ထွက်ဖြင့် ထိုကဲ့သို့ ကောက်ပြောမိလိုက်ပါသော်ငြား ပြောပြီးသည့်အခါမှသာလျှင် ကြောင်သွားခဲ့ရလေသည်။ အကြောင်းမှာ သတိမပေးဘာမပေးနှင့် ကျိယောင်၏ မျက်နှာအထက် ထိတ်လန့်တုန်လှုပ်ရိပ်တို့ ထွက်ပေါ်လာသည့်အတွက်ကြောင့်ပင်။ သူမ၏ မျက်ခမ်းလေးများမှာလည်း တဆတ်ဆတ် တုန်ယင်သွားခဲ့လေသည်။ နောက်ဆုံးအခါမှသာလျှင် ရန်ကိုင်မှာ သူနှင့် ကျိယောင် အလွန်နီးကပ်နေပြီး သူ့နှုတ်ခမ်းမှာ ကျိယောင် မျက်နှာနှင့် ထိခါနီး ဖြစ်နေကြောင်းကို သဘောပေါက်သွားခဲ့ရလေ၏။
[ငါလခွမ်းကွာ၊ နောက်တစ်ကြိမ်တော့ ကသိကအောက် ထပ်ဖြစ်ရတော့မှာပဲ၊ ဒီကိစ္စကို ရှင်းပြဖို့ ငါနည်းလမ်းတစ်ခု စဉ်းစားရတော့မယ်၊ အစကတည်းက သူ့အပေါ် အသားယူတယ်ဆိုပြီး အထင်ခံနေရတာ၊ ငါ့ဘာသာငါ တွင်းတစ်တွင်းတူးပြီးတော့သာ ပြေးပုန်းလိုက်ချင်တော့တယ်၊ အခုနေ ငါသွားရှင်းပြနေလည်း ငါ့ကို ယုံမှာမဟုတ်ဘူး၊ ဒါပေမဲ့ ဒီအတိုင်း ပြန်ဆုတ်သွားရင် ငါကိုယ်တိုင်က အပြစ်မကင်းသလို ဖြစ်နေလိမ့်မယ်]
ရန်ကိုင်မှာ လက်ရှိအခြေအနေမှ မည်ကဲ့သို့ ရုန်းထွက်ရမလဲဆိုသည်ကို ခေါင်းခြောက်မတတ် ထိုင်စဉ်းစားတော့လေသည်။
သို့သော်ငြား ရန်ကိုင် ထင်မှတ်ထားသည်နှင့် ဆန့်ကျင်စွာပင် ကျိယောင်၏ မျက်နှာလေးမှာ အနည်းငယ် ရဲတက်နေသည်ကို ရန်ကိုင် သတိထားမိလိုက်သည်။ ထိုအပြင် ကျိယောင်၏ ကိုယ်သင်းရနံ့လေးမှာလည်း ရန်ကိုင်၏ နှာခေါင်းဖျားဝယ် ပွတ်သပ်ကျီစယ် ဆော့ကစားနေကာ ရန်ကိုင်၏ စိတ်ခံစားချက်များကို ရိုးတိုးရွတဖြစ်အောင် လုပ်နေခဲ့လေသည်။
[ဘာတွေ ဖြစ်နေတာလဲ] ရန်ကိုင် ဇဝေဇဝါ ဖြစ်သွားခဲ့လေသည်။ [သူငါ့ကို ရှောင်နေတာမဟုတ်ဘူးလား၊ ငါမတော်တဆ သူ့အနား ကပ်သွားမိတာကို သူ့ဘက်က အလိုလို ရှောင်သွားရမှာလေ၊ ဘာဖြစ်လို့ မရှောင်ဘဲနဲ့]
ကျိယောင်၏ မျက်လုံးထဲ ထိတ်လန့်တုန်လှုပ်ရိပ်တို့ ဖြတ်ပြေးသွားခဲ့ပါသော်ငြား သူမ၏ လက်နှစ်ဖက်မှာတော့ သူမဝတ်ဆင်ထားသည့် အင်္ကျီလက်စများကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားခဲ့လေသည်။ ထိုအပြင် မျက်လွှာလေးကိုလည်း မသိမသာလေး ချထားသေး၏။
ရန်ကိုင်သည် ကျိယောင်၏ ချောမောလှပသည့်မျက်နှာ၊ ဆွဲဖြစ်ချင်စရာ နှုတ်ခမ်းလေးများနှင့် ကျော့ရှင်းလှသည့် လည်တိုင်တစ်ဝိုက်ကို ဝေ့ကြည့်လိုက်သည်။ ရန်ကိုင် ထိုင်နေရာမှ ကျိယောင်၏ တောင်နှစ်လုံးကြား နေရာကိုပင်လျှင် လှမ်း၍ မြင်ရလေသည်။ ကံမကောင်းစွာဖြင့် သူမဝတ်ထားသည့် အဝတ်အစားများမှာ အတော်လေးကိုမှ တင်းကျပ်လှသည့်အတွက်ကြောင့် ရန်ကိုင် သေသေချာချာ မမြင်နိုင်ခဲ့။ တောင်နှစ်လုံးကြားမှ မှောင်မိုက်မိုက် နေရာလေးသည် ရန်ကိုင် စိတ်အစုံကို အတွေးပေါင်းသောင်းခြောက်ထောင်တို့ဖြင့် ပြည့်နှက်သွားစေခဲ့လေသည်။ ရန်ကိုင်မှာ တံတွေးတစ်လုတ်ကို အတင်းအကျပ် မျိုချလိုက်ရင်းမှ ချက်ချင်း အကြည့်လွှဲဖယ်လိုက်သည်။ ထို့နောက် မသိချင်ယောင်ဆောင်လျက် လေချွန်ရင်းမှ ကျိယောင်အနားသို့ အလိုလို တိုးကပ်သွားခဲ့သည်။
[ဟမ်၊ ဘာမှ မတုံ့ပြန်ဘူးလား] ရန်ကိုင် နည်းနည်း ထပ်တိုးသွားလိုက်လေသည်။ ထို့နောက် ထပ်၍ တိုးလိုက်သည်။ နောက်ဆုံးတွင်တော့ သူ့အသားနှင့် အခြားခန္ဓာကိုယ်တစ်ခု ထိနေသည်ကို ခံစားမိလိုက်တော့သည်။ လက်ရှိအချိန်တွင် ကျိယောင်နှင့် ရန်ကိုင်တို့မှာ ခန္ဓာကိုယ်ချင်း ထိနေကြလေပြီ။ သို့တိုင် ကျိယောင်မှာတော့ တုတ်တုတ်မျှ မလှုပ်။ ရန်ကိုင်ဘေးနားမှ ထွက်သွားမည့် အရိပ်အယောင်လည်း မပြ။ သို့သော်ငြား ရန်ကိုင်၏ ခန္ဓာကိုယ်နှင့် ထိသွားချိန် သူမ၏ ခန္ဓာကိုယ်လေးမှာတော့ မသိမသာလေး တုန်ယင်သွားခဲ့လေသည်။
[ဘာတွေဖြစ်နေတာလဲဟ] ရန်ကိုင် စိတ်ထဲမှ ကြိတ်ကာ အော်ပြောလိုက်သည်။ ထို့နောက် ရန်ကိုင်၏ စိတ်ထဲ အတွေးတစ်ခု ဖြတ်ပြေးသွားခဲ့ပြီး ရန်ကိုင် ကိုယ်တိုင်မှာလည်း ထိုအတွေးအား လက်တွေ့စမ်းသပ်ချင်စိတ်များ ဖြစ်ပေါ်လာခဲ့လေသည်။ ထိုအတွက်ကြောင့် ကုတင်ပေါ်တွင် လက်တစ်ဖက်ကို ထောက်၍ ကျန်လက်တစ်ဖက်ဖြင့် ကျိယောင်၏ ခါးနားဆီသို့ မသိမသာလေး လျှိုဝင်သွားခဲ့ပြီး သူမ၏ ခါးကို သူ့ဘက်သို့ တင်းတင်းကျပ်ကျပ် ဆွဲဖက်ချလိုက်လေသည်။
ရန်ကိုင်မှာ အစောပိုင်းကကဲ့သို့ လေမချွန်နေတော့သလို ခါးကိုလည်း မတ်မတ်ထားထားသည်။ ကျိယောင်ကို တည့်တည့်မကြည့်ရဲပါသော်ငြား မျက်တောင်မှတစ်ဆင့် ကျိယောင်၏ တုံ့ပြန်ပုံကို မသိမသာလေး လေ့လာကြည့်နေခဲ့လေသည်။ ထိုအချိန်အတောအတွင်း ကျိယောင်မှာတော့ ရန်ကိုင်အား အပိုင်းပိုင်းခုတ်ထစ်တော့မည့် ဓားသွားပေါင်းများစွာနှင့် စုဝေးထားသည့် အကြည့်မျိုးဖြင့် ရန်ကိုင်အား ပြန်စိုက်ကြည့်လာခဲ့သည်။ ရန်ကိုင် မည်မျှပင် အရေထူနေစေကာမူ ကျိယောင်၏ အကြည့်မှာ သူ့အား အလွန်ကိုမှ စိတ်မသက်မသာ ဖြစ်စေပေသည်။
[ဒီအထိဖြစ်လာပြီဆိုမှတော့ ဘာမှပြောစရာမရှိတော့ဘူး] ရန်ကိုင်၏ အကြည့်မှာ ရုတ်ချည်းဆိုသလို ပြတ်သားသွားခဲ့လေသည်။ ထို့နောက် အလွန်တရာကိုမှ ဆာလောင်နေသော သားရဲတစ်ကောင်၏ အကြည့်မျိုးဖြင့် ကျိယောင်အား ပြန်၍ စိုက်ကြည့်လိုက်လေသည်။ ရန်ကိုင်နှင့် အကြည့်ချင်းဆုံလိုက်ချိန်တွင်တော့ ကျိယောင်မှာ ချက်ချင်းဆိုသလို အကြည့်လွှဲဖယ်သွားခဲ့လေသည်။
[ဟန်ပြလား] စိတ်ထဲမှ ကြိတ်ကာ ရယ်မောလိုက်ပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ့ခေါင်းကို ငုံ့၍ ကျိယောင်၏ နှုတ်ခမ်းအား ကောက်နမ်းချလိုက်လေသည်။
ကျိယောင်၏ မျက်လုံးလေးများမှာ ချက်ချင်းကို ပိတ်သွားခဲ့ပြီး သူမ၏ ခန္ဓာကိုယ်မှာလည်း တဆတ်ဆတ်ကို တုန်ယင်လာတော့သည်။ နှုတ်ခမ်းချင်း ထိသွားချိန်တွင်တော့ ကျိယောင်၏ တစ်ကိုယ်လုံးမှာ တောင့်တောင့်ကြီး ဖြစ်သွားခဲ့ရာ ရန်ကိုင်မှာ ရယ်ချင်ပက်ကျိ ဖြစ်သွားခဲ့ရလေ၏။ [ပထမတစ်ကြိမ် မဟုတ်တော့တာကို ဘာဖြစ်လို့ ဒီလိုမျိုး အမြဲတမ်း ဖြစ်နေရတာလဲ၊ သိုင်းကျမ်းဆောင်မှာတည်းက တစ်ကြိမ် ဖြစ်ပြီးသွားပြီကို၊ နည်းနည်းလေးမှ တိုးတက်မလာပါလား]
ချိုမြမြ အရသာလေးကို ခံစားရင်းမှ ရန်ကိုင်သည် ကျိယောင်၏ နှုတ်ခမ်းကို အတင်းတွန်းဖွင့်ရင်း သူ့လျှာဖြင့် ကျိယောင်၏ လျှာကို စတင် ဆော့ကစားတော့လေသည်။
ကျိယောင်မှာတော့ ဘာဆိုဘာမျှ ပြန်လုပ်နိုင်ခဲ့ခြင်း မရှိဘဲ ရန်ကိုင် လုပ်သမျှကိုသာ ငြိမ်ခံနေခဲ့ရသည်။ တဆတ်ဆတ် တုန်ယင်နေသော သူမ၏ ခန္ဓာကိုယ်လေးကြောင့်သာ မဟုတ်ပါက ရန်ကိုင်မှာ သစ်သားတုံးကြီးတစ်တုံးကို ကိုင်ထားရသည်ဟုပင် ထင်မိနေပေလိမ့်မည်။
ကျိယောင်၏ ခါးကို ကိုင်ထားသည့် ရန်ကိုင်၏ လက်မှာ အပေါ်သို့ တဖြည်းဖြည်း တက်လာခဲ့ပြီးသည့်နောက် သူမ၏ ပခုံးအနားသို့ ရောက်သော် ဖိချကာ ကျိယောင်ကို ကုတင်ပေါ်သို့ တွန်းလှဲလိုက်လေသည်။ ကျိယောင်၏ အပေါ်သို့ ရောက်နှင့်နေပြီးသော် ရန်ကိုင်သည် ကျိယောင်၏ ကျောအောက်တွင် လက်တစ်ဖက်ကိုထား၍ ကျန်လက်တစ်ဖက်ဖြင့် ကျိယောင်၏ ခါးနေရာရှိ အဝတ်အစားများကြားထဲသို့ လျှိုဝင်သွားခဲ့လေသည်။
သံဆိုသည်မှာ ပူနေတုန်းထုလျှင် အကောင်းဆုံးဖြစ်မှန်း သိထားသည့်အလျောက် ရန်ကိုင်မှာလည်း အခွင့်အရေးရတုန်းရခိုက် အမိအရ ဖမ်းဆုပ်ရန် ဆုံးဖြတ်လိုက်လေသည်။ ထိုအတွက်ကြောင့် ကျိယောင်၏ ခါးမှ ခါးပတ်ကို လက်တစ်ဖက်ဖြင့် လှမ်းဖမ်းကိုင်ပြီး ဆွဲချွတ်ရန် ကြိုးစားလိုက်သည်။ ကံမကောင်းစွာဖြင့် ထိုအခိုက်အတန့်မှာပင် ကျိယောင်၏ တင်းတင်းကျပ်ကျပ် ပိတ်ထားသော မျက်လုံးများ ချက်ချင်းပြန်ဖွင့်လာခဲ့ပြီး ကျိယောင်မှာ ရန်ကိုင်အား တောင်းပန်တိုးလျှိုးသည့် အကြည့်ဖြင့် ကြည့်နေရင်းမှ ရန်ကိုင်၏ လက်ကောက်ဝတ်ကို လှမ်းဖမ်းဆွဲထားခဲ့သည်။
[ထပ်လာပြန်ပြီ] ရန်ကိုင် အနည်းငယ် ဆွံ့အနေခဲ့လေသည်။ သိုင်းကျမ်းဆောင်တွင်လည်း ယခုကဲ့သို့သာ ဖြစ်ခဲ့လေသည်။ ကြည့်ရသလောက် နမ်းသည်မှာ အဆင်ပြေပါသော်ငြား ကျိယောင်ကမူ ထိုထက်ပို၍ မသွားချင်သည့်ပုံပင်။ သို့ပင်ဖြစ်လင့်ကစား ကျိယောင် စိတ်ပါနေပြီမှန်းတော့ ရန်ကိုင် သေချာပေသည်။ သူမ၏ မျက်နှာတစ်ပြင်လုံးမှာ မီးဖြင့် အကင်ခံထားရသည့်အလား ရဲရဲတောက်ကို နီမြန်းနေခဲ့သည်။ တဒုန်းဒုန်း ခုန်နေသည့် သူမ၏ ရင်ခုန်သံကိုလည်း ရန်ကိုင်မှာ အတိုင်းသား ကြားနေခဲ့ရသလို သူမ၏ အသက်ရှူနှုန်းမှာလည်း အလွန်တရာကိုမှ မတည်မငြိမ် ဖြစ်နေလေသည်။
ရန်ကိုင်သည် ကျိယောင်၏ ခါးပတ်ကို နောက်တစ်ကြိမ် ဆွဲဖြုတ်ရန် ကြိုးစားလိုက်ပါသော်ငြား ကျိယောင်မှာတော့ ရန်ကိုင်၏ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားဆဲပင်။ ထိုအတွက်ကြောင့် ရန်ကိုင်မှာလည်း ကူကယ်ရာမဲ့မဲ့ဖြင့် လက်လျှော့ရုံသာ တတ်နိုင်တော့လေသည်။ ရန်ကိုင်၏ အကြည့်သည် ကျိယောင်၏ ခါးပတ်နေရာကိုကျော်၍ အပေါ်သို့ တဖြည်းဖြည်းချင်း တက်လာခဲ့သည်။ ယခုတစ်ကြိမ်တွင် ကျိယောင်မှာ အနည်းငယ် တင်းခံနေသေးပါသော်ငြား ယခင်ကလောက်တော့ ပြင်းထန်ခြင်းတော့ မရှိပေ။
ယခုအချိန်အခါသို့ ရောက်လာပြီးဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်မှာ ဘာကိုမျှ ဂရုမစိုက်နိုင်တော့။ [သူကပဲ ငါ့ကို အရင်လာဖြားယောင်း ပြီးတော့ ဘာမှလည်း လုပ်ခွင့်မပေးဘူး၊ ဘာမှ လုပ်ခွင့်မရမှတော့ ငါ့ဘာသာငါ ပျော်လို့ရအောင် နည်းနည်းပါးပါးတော့ လုပ်ရဦးမှာပေါ့] ရန်ကိုင်သည် ကျိယောင်၏ ကျောပြင်အောက်တွင်ရှိနေသော သူ့လက်ကို ဆွဲထုတ်၍ ကျိယောင်၏ လက်ကောက်ဝတ်နှစ်ဖက်စလုံးကို ထိုလက်ဖြင့် ဖမ်းဆုပ်ကာ သူမ လက်ကောက်ဝတ်နှစ်ဖက်စလုံးကို သူမ၏ ခေါင်းပေါ် ကောက်ဖိချထားလိုက်လေသည်။ ရန်ကိုင်၏ ကျန်လက်တစ်ဖက်သည် ကျိယောင်၏ ရင်အစုံနေရာဆီသို့ ရောက်သွားခဲ့လေသည်။
ကျိယောင်မှာ အော်ညည်းနေခဲ့ပါသော်ငြား ရန်ကိုင်မှာမူ ကျိယောင် အသံကျယ်ကျယ် မထွက်နိုင်စေရန်အတွက် သူမ၏ ပါးစပ်ကို သူ့ပါးစပ်ဖြင့် ပိတ်ထားခဲ့လေသည်။
အချိန်မည်မျှ ကြာလို့ကြာသွားမှန်းမသိ ရန်ကိုင်တို့နှစ်ဦးမှာ ကုတင်ပေါ် ပုံစံအမျိုးမျိုး ပြောင်းလဲခဲ့ကြရာ ယခုဆိုလျှင် ရန်ကိုင်မှာ အောက်သို့ ရောက်နေပြီး ကျိယောင်မှာ သူ့အပေါ်သို့ ရောက်နေခဲ့လေသည်။ ကျိယောင်၏ အဝတ်အစားများနှင့် ဆံပင်များမှာလည်း ပရမ်းပတာကို ဖြစ်နေခဲ့ကာ ယခင်ကကဲ့သို့ တည်ငြိမ်သည့် ပုံစံမျိုး ရှိမနေတော့။
ရန်ကိုင်မှာ အောက်ဘက်တွင်နေရင်းမှ ကျိယောင်၏ ယုန်ဖြူလေးများကို တင်းတင်းကျပ်ကျပ် ဖမ်းဆုပ်ကာ ဆုပ်နယ်နေခဲ့လေသည်။ သို့ပင်ဖြစ်လင့်ကစား ကျိယောင်မှာတော့ ဘာကိုမျှ ဂရုစိုက်မနေခဲ့ဘဲ သူ့နှုတ်ခမ်းများကိုသာ နမ်းရှိုက်နေခဲ့သည်။
"ဂျူနီယာညီမယောင်၊ ငါတောင်းဆိုချင်တာ တစ်ခုရှိတယ်။" ရန်ကိုင်က ရုတ်တရက် ကောက်ပြောလိုက်သည်။
ကျိယောင်၏ လှုပ်ရှားမှုများ ရုတ်ချည်း ရပ်တန့်သွားခဲ့သည်။ ကျိယောင်သည် ရန်ကိုင်၏ ရင်ဘတ်အပေါ် သူမ၏ လက်နှစ်ဖက်ဖြင့် ဆောင့်တွန်းချကာ နောက်သို့ ခုန်ဆုတ်လိုက်လေသည်။
ထိုအချင်းအရာကို မြင်သော် ရန်ကိုင်က စိုးရိမ်တကြီးဖြင့်... "နင်ဘာလုပ်နေတာလဲ"
[အခုလေးတင် အဆင်ပြေနေတာကို သူဘာလို့ ရုတ်တရက်ကြီး ထွက်ပြေးသွားရတာလဲ]
ကျိယောင်သည် နှုတ်ခမ်းလေးကို ခပ်တင်းတင်း ကိုက်ထားရင်းမှ ရန်ကိုင်အား ဒေါမာန်တကြီးဖြင့် စိုက်ကြည့်လျက် အော်ပြောလိုက်လေသည်။ "လူယုတ်မာကောင်"
ထို့နောက် အခန်းထဲမှ ပြေးထွက်သွားခဲ့လေ၏။ နောက်သို့ တစ်ချက်ပင် လှည့်မကြည့်တော့ဘဲ လေပေါ်သို့ပျံကာ ရန်ကိုင်၏ မြင်ကွင်းထဲမှ မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားခဲ့လေသည်။
"လူယုတ်မာကောင်၊ ဘာ၊ ငါဘာတောင်းဆိုချင်တာလဲဆိုတာကိုတောင် မပြောရသေးဘူးလေ" ရန်ကိုင်သည် ကျိယောင်နောက်သို့ ပြေးလိုက်သွားခဲ့ပါသော်ငြား ကျိယောင်မှာ သူ့မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေပြီ။
"ဒါလည်း ကောင်းတာပဲ၊ အရင်တစ်ကြိမ်တုန်းက သိုင်းကျမ်းဆောင်မှာ ငါသူ့ကို အသားယူတယ်၊ ဒီတစ်ကြိမ် သူ အထက်ကောင်းကင်နန်းတော်ဆီ လာပြီးတော့ ငါ့ကိုလာ ပြန်အသားယူတယ်၊ ဟွန့် ဒီအတိုင်း ကျေလိုက်လို့ရမယ်များ မှတ်နေတာလား မသိဘူး"
ရန်ကိုင်ခမျာ ကျိယောင်နှင့် ယခုကဲ့သို့ အခွင့်အရေးမျိုး ထပ်ရှိပါဦးမလား မသိတော့ပေ။ ထိုအတွက်ကြောင့် အခွင့်အရေးရတုန်းရခိုက် တစ်ခါတည်း အမိအရ ဖမ်းမဆုပ်မိခဲ့သည့်အပေါ် သူ့စိတ်ထဲ အနည်းငယ်တော့ စိတ်ညစ်နေမိလေသည်။ သူ့အနေဖြင့် ထိုကဲ့သို့ မလုပ်နိုင်ရခြင်းမှာလည်း ကျိယောင်၏ တောင်းပန်တိုးလျှိုးသည့် အကြည့်ကြောင့်သာလျှင် ဖြစ်လေသည်။
ရန်ကိုင်သည် သက်ပြင်းအမောကြီးချလျက် အခန်းထဲမှ ထွက်သွားခဲ့ပြီး နန်းတော်တစ်ခုအား လိုက်ရှာလေသည်။ ထို့နောက် အခန်းတစ်ခန်းဆီသို့ ရောက်လာပြီး အခန်းတံခါးကို တွန်းဖွင့်လိုက်လေသည်။ အခန်းထဲ၌ ရွှယ့်ယွယ်မှာ တင်ပျဉ်ခွေထိုင်နေခဲ့သည်။ ရန်ကိုင် ဝင်လာသည်ကို မြင်သည့်အခါ ရွှယ့်ယွယ်က မေးလိုက်လေ၏။ "ယောက်ျား၊ နင်ဒီကို ဘာလာလုပ်တာလဲ"
ရန်ကိုင်မှာမူ ရွှယ့်ယွယ်၏ အမေးကို ပြန်မဖြေဘဲ ရွှယ့်ယွယ်ဆီသို့သာ လျှောက်သွားပြီး သူမအား မင်းသမီးလေးတစ်ပါးပမာ ပွေ့ချီလိုက်လေသည်။
"ဘယ်သွားမလို့လဲ" ရွှယ့်ယွယ်သည် ရန်ကိုင်၏ လည်ပင်းကို သူမ၏ လက်အစုံဖြင့် ပွေ့ဖက်ထားရင်းမှ ပြန်မေးလိုက်သည်။
"လော့အာကို သွားရှာကြရအောင်" ရန်ကိုင်က မိစ္ဆာဆန်ဆန်ပြုံး၍ ပြောလိုက်သည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၂၂၃)
ဘာသာပြန်သူ_တိမ်တိုက်
နောက်တစ်နေ့မနက် ရန်ကိုင် သမ်းဝေရင်း နိုးလာခဲ့လေသည်။ သူ့ရင်ခွင်ထဲတွင်တော့ အမျိုးသမီးတစ်ဦးစီ ဘယ်တစ်ဖက်၊ ညာတစ်ဖက်၌ ရှိနေကြသည်။ အခန်းတစ်ခန်းလုံးမှာလည်း ဘာမှန်မသိရသော ထူးဆန်သည့် အနံ့တို့ဖြင့် ပြည့်နေ၏။
ရန်ကိုင်သည် ရေဘဝဲလက်တံပမာ သူ့အား ရစ်ပတ်ထားသည့် လက်များလက်မှ ရုန်းထွက်၍ ကုတင်ပေါ်မှထကာ သူ့လက်ကို ဝှေ့ရမ်းလျက် အခန်းတံခါးကို ဖွင့်လိုက်လေသည်။ လေညင်းလေးများ တဖြူးဖြူးတိုက်ခတ်လာပြီး နေလင်းရောင်ခြည်သည်လည်း ပြတင်းပေါက်မှတစ်ဆင့် အခန်းထဲသို့ ပက်ဖြန်းကျလာခဲ့လေသည်။
လှုပ်လှုပ်ရှားရှားသံများကြောင့် ရှန်ချင်းလော့နှင့် ရွှယ့်ယွယ်တို့မှာလည်း အိပ်စက်နေရာမှ နိုးလာကြ၏။ ရှန်ချင်းလော့မှာတော့ အရေထူသူပီပီ ရမ္မက်ကြွဖွယ်ရာ ပုံစံမျိုးဖြင့် အမှို့အမောက်အရှိုက်အဝှမ်းများကို ပေါ်လွင်အောင် အကြောလျှော့ပြလိုက်သည်။ ထို့နောက် ရန်ကိုင်ကိုကြည့်၍ လှောင်ပြုံးပြုံးကာ မေးလိုက်လေ၏ “နင်အခု ကျေနပ်ပြီလား”
ရန်ကိုင်က အဓိပ္ပါယ်ပါပါပြုံးလျက် ရှန်ချင်းလော့ဆီ လျှောက်သွားပြီး သူမ၏ ရင်ဘတ်ကို ဆုပ်နှယ်လျက် “မသိရင် နင်က ခံရနေတဲ့ပုံနဲ့၊ မနေ့ညတုန်းက ဘယ်သူက ထိန်းမရအောင် သောင်းကျန်းခဲ့တာလဲ”
ရှန်ချင်းလော့က နှာခေါင်းရှုံ့လျက် “အခုလောလောဆယ် ငါ့ဆီမလာနဲ့ဦး။ ငါတာအိုသခင်အဆင့်ကိုတက်ဖို့ လုပ်ရဦးမယ်။ အစ်မကြီးက တာအိုသခင်ဒုတိယအဆင့်ကို ရောက်နေပြီ။ ငါဒီအတိုင်း ဆက်နေနေရင် နင်တို့ကို လုံးဝ လိုက်မှီတော့မှာ မဟုတ်ဘူး” ပြောနေရင်းမှ ရွှယ့်ယွယ်၏ ပါးလေးကို လှမ်းဆွဲဖျစ်၍ “အိပ်ချင်ယောင် ဆောင်မနေတော့နဲ့၊ ထပေတော့”
ဟန်ဆောင်နေသည်ကို တစ်ဖက်လူ သိသွားမှန်း သိလိုက်သော် ရွှယ့်ယွယ် ရှက်သွေးဖြာသွားပြီး ရှက်ကိုးရှက်ကန်း ထလာခဲ့လေသည်။ သို့သော်လည်း ရှန်ချင်းလော့ကဲ့သို့ မနေရဲသည့်အတွက်ကြောင့် ထလာသည်နှင့် တစ်ပြိုင်နက် သူမကိုယ်သူမ စောင်ဖြင့် ကောက်ကာထားလိုက်လေသည်။
ရှန်ချင်းလော့က ရွှယ့်ယွယ်အား လှမ်းကတိထိုးလျက် “ဘာတွေရှက်နေတာလဲ၊ ငါတို့ နင့်ခန္ဓာကိုယ်ကို မမြင်ဖူးတာကျလို့၊ နင်ဘာလို့ ဒီလောက်တောင် ရှက်နေရတာလဲ”
“လော့အာ၊ ငါကို လာမစနဲ့” ရွှယ့်ယွယ်မှာတော့ အလွန်ကိုမှ ရှက်နေခဲ့လေသည်။ သူမသည် ရှနင်းချန်လောက် မရှက်တတ်ပါသော်ငြား ရှန်ချင်းလော့ကဲ့သို့ ရဲရဲတင်းတင်း မနေရဲချေ။ မသိမသာလေး ရန်ကိုင်အား ချောင်းကြည့်လိုက်ရာ ရန်ကိုင်မှာ ကိုယ်လုံးတီးဖြင့် သူမအား ပြုံးကာ ကြည့်နေကြောင်း တွေ့လိုက်ရလေ၏။ ရှန်ချင်းလော့ လုပ်နေသည်အား ရန်ကိုင် ဝင်တားမည့် အရိပ်အယောင် မမြင်သော် ရွှယ့်ယွယ်က ရှက်ရှက်ဖြင့် ပြောလိုက်လေသည် “အစ်မကြီး မရှိတော့တာနဲ့ နင်တို့ နှစ်ယောက်လုံး အရမ်းကို သောင်းကျန်းလွန်းတယ်။ အစ်မကြီးနဲ့ ဒီအကြောင်းကို ပြန်တိုင်ပြောပစ်မယ်”
“အိုး၊ နင်ငါတို့ကို ခြိမ်းခြောက်ရြတယ်ပေါ့” ရှန်ချင်းလော့က အံကြိတ်၍ ရွှယ့်ယွယ် ခြုံထားသည့် စောင်ကို ဆွဲဖယ်လိုက်လေသည်။ ထို့နောက် ရွှယ့်ယွယ်အား အသနားခံလာသည်အထိကို ကလိထိုးတော့သည်။ တစ်ချိန်တည်းတွင် ရန်ကိုင်ကိုလည်း လှမ်းအော်ပြောလိုက်လေသည် “ယောကျာ်း၊ ကိုယ့်မိန်းမတောင် ကိုယ်မနိုင်ရင် ဒီကမ္ဘာကြီးတစ်ခုလုံးကို ဘယ်လိုလုပ်ပြီး သိမ်းပိုက်မှာလဲ။ ဒီမှာ ယောကျာ်း မိန်းမ ဘယ်လောက်ဆိုးနေလဲကြည့်၊ သူဒီလောက်ဆိုးနေတာကို ဘာတွေ ရပ်ကြည့်နေသေးတာလဲ”
ရန်ကိုင်ကလည်း အလေးအနက် အမူအရာဖြင့် ခေါင်းညိတ်လိုက်သည် “ဟုတ်တယ်” ထို့နောက် မိစ္ဆာဆန်ဆန်ပြုံးဖြီးလျက် ရွှယ့်ယွယ်ဆီသို့ လျှောက်လာပြီး ရှန်ချင်းလော့ အကူအညီဖြင့် ရွှယ့်ယွယ်ကို စတင် ပညာပေးတော့လေသည်။ ပြောစရာမလိုအောင်ပင် ရှန်ချင်းလော့သည်လည်း ရန်ကိုင်လက်မှ လွတ်မြောက်ခဲ့ခြင်း မရှိချေ။ တိုက်ပွဲပြီးသွားသည့် အချိန်တွင်တော့ နေ့လည်ခေါင်သို့ ရောက်နေခဲ့လေပြီ။
အမျိုးသမီးနှစ်ဦးသည် ရန်ကိုင်အား အတူတကွ ဝတ်စားဆင်ယင်ပေးလေသည်။ တစ်ဦးသည် ရန်ကိုင်၏ အဝတ်အစားများကို သပ်ရပ်အောင် လုပ်ပေးနေချိန် ကျန်တစ်ဦးမှာတော့ ရန်ကိုင်၏ ဆံပင်ကို ဖြီးလိမ်းပေးနေခဲ့သည်။
ရန်ကိုင်ကို ပြင်ဆင်ပေးနေရင်းမှ ရွှယ့်ယွယ်က ပြောလိုက်လေသည် “ယောကျာ်း၊ လော့အာက တံခါးပိတ်ကျင့်စဉ်ဝင်တော့မှာဆိုတော့ ငါလည်း တံခါးပိတ်ကျင့်စဉ် ဝင်တော့မယ်။ အဲ့အချိန်အတောအတွင်း ငါတို့ကို လာမနှောင့်ယှတ်နဲ့နော်။ ငါတို့ရဲ့ ကျင့်ကြံခြင်း နင်နဲ့အစ်မကြီးကို အမှီမလိုက်နိုင်ရင် သိပ်အဆင်ပြေမှာမဟုတ်ဘူး”
“ကောင်းပြီ” ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။ ရန်ကိုင်မှာ ရှန်ချင်းလော့၊ ရွှယ့်ယွယ်တို့နှင့်အတူ အချစ်ပွဲ နွှဲချင်ပါသော်ငြား သူတို့နှစ်ဦးသည် မကြာသေးခင်ကမှ ဤနေရာသို့ ရောက်လာခြင်းဖြစ်သည့်အတွက်ကြောင့် လက်ရှိအချိန်သည် သူတို့၏ ကျင့်ကြံခြင်းကို တိုးတက်အောင် လုပ်ရမည့် အကောင်းဆုံးအချိန် ဖြစ်ပေသည်။ သူတို့သည်သာ ယခုအခွင့်အရေးကို လွဲချော်သွားခဲ့ရလျှင် သူတို့အနာဂတ်မှာလည်း ထိခိုက်သွားရနိုင်ပေသည်။ ထို့ကြောင့်ပင် ရန်ကိုင်အား ယခုကဲ့သို့ သတိပေးလာခြင်း ဖြစ်သည်။ “ကြိုးစားပြီးကျင့်ကြံ၊ မသိတာရှိရင်လည်း မေးဖို့ကြောက်မနေနဲ့။ ဂိုဏ်းထဲမှာ ဧကရာဇ်အဆင့်တွေ အများကြီးပဲ၊ နင်တို့ကို သင်ပေးဖို့က ဘာပြဿနာမှ မရှိဘူး”
“အင်း” ရွှယ့်ယွယ် ခေါင်းညိတ်လိုက်၏။
ရှန်ချင်းလော့က ရုတ်တရက် ယဲ့ယဲ့လေး ပြုံးကာ ပြောလိုက်လေသည်။ "အစ်မကြီးက ရေခဲနှလုံးသားတောင်ကြားဆီ သွားတယ်၊ နင်းချန်က ဆေးလုံးတောင်ကြားဆီ သွားတယ်၊ အခုငါနဲ့ ညီမလေး ရွှယ့်ယွယ်တို့ကလည်း တံခါးပိတ်ကျင့်စဉ်ဝင်တော့မယ်၊ ယောက်ျား အခုလောလောဆယ်တော့ နင်တစ်ယောက်တည်း အထီးကျန်နေတော့မှာနော်၊ ငါတို့မှာ အခြားညီအစ်မတစ်ယောက်ရှိသေးတယ်လို့ နင်ပြောတယ်မလား၊ အဲဒီတစ်ယောက်က နဂါးကလန်ကဆိုလားပဲ၊ ဟုတ်တယ်မလား၊ ဘာဖြစ်လို့ သူ့ကို လှမ်းမခေါ်လိုက်တာလဲ၊ အဲဒါဆို ငါတို့မရှိတုန်း နင့်ကို စောင့်ရှောက်ပေးမဲ့ လူတစ်ယောက် ရှိတာပေါ့"
"သူကလား" ရန်ကိုင် ရေရွတ်လိုက်သည်။ "ကြည့်ကြည့်ရတာပေါ့"
ကျုချင်း၏ ကိစ္စမှာ အနည်းငယ်တော့ ပြဿနာများပေသည်။ ကျုချင်း၏ တည်ရှိမှုသည် နဂါးကလန်၏ ဂုဏ်သတင်းနှင့် ပတ်သက်နေသည့်အတွက်ကြောင့် နဂါးကလန်မှာ ကျုချင်းအား မည်သည့်နည်းနှင့်မျှ အလွယ်တကူ ထွက်သွားခွင့်ပေးလိမ့်မည် မဟုတ်ပေ။ ထိုအပြင် ရန်ကိုင်သည် နဂါးကျွန်းတွင် သွားပြဿနာရှာပြီး အဆင့်ရှစ်နဂါးတစ်ကောင်ကို သေအောင်ပင် လုပ်ခဲ့ပေသေးသည်။ ထိုအတွက်ကြောင့် နဂါးကလန်က သူ့အား ပြဿနာလာမရှာလျှင်ပင် အတော်လေးကိုမှ ကောင်းနေပြီဟု ပြော၍ ရလေရာ နဂါးကလန်အနေဖြင့် ကျုချင်းအား မည်ကဲ့သို့များ အထက်ကောင်းကင်နန်းတော်ဆီသို့ စေလွှတ်နိုင်ပါမည်နည်း။ ရန်ကိုင်အနေဖြင့် ကျုချင်းအား ဤနေရာသို့ ခေါ်လာလိုပါက သူ့တွင် နဂါးကလန်တစ်ခုလုံးကို ဖိနှိပ်နိုင်သည့် ခွန်အားရှိနေသည့်အခါမှသာလျှင် အဆင်ပြေပေလိမ့်မည်။
ရန်ကိုင်မှာ သပ်သပ်ရပ်ရပ် ဝတ်စားပြီးသည့်နောက် အထက်ကောင်းကင်တောင်ဆီမှ လမ်းလျှောက်ထွက်လာခဲ့လေသည်။ ထိုအခါ အပြင်ဘက်တွင် ရပ်စောင့်နေသည့် ဟွာချင်းစီကို တွေ့လိုက်ရလေ၏။ ရန်ကိုင်ကို မြင်သည်နှင့် ဟွာချင်းစီက မကျေမနပ်ဖြင့် ညည်းတွားလိုက်လေသည်။ "ဂိုဏ်းမှာ မရှိတုန်းကတော့ မတွေ့ရတာက ကိစ္စမရှိပါဘူး၊ အခု ဂိုဏ်းမှာ ရှိနေတဲ့အခါမှာလည်း ဘာဖြစ်လို့ တစ်ခါတစ်ခါတွေ့ရဖို့က ဒီလောက်တောင်ခက်နေရတာလဲ"
"ဘာဖြစ်လို့လဲ" ရန်ကိုင်က မေးလိုက်သည်။
"ကြည့်ကြည့်လိုက်" ဟွာချင်းစီသည် ရန်ကိုင်အား ကျောက်စိမ်းပြားတစ်ပြားကို ပေးလိုက်လေ၏။
ရန်ကိုင်မှာ ကျောက်စိမ်းပြားကို ယူ၍ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီးသည့်နောက် ရုတ်တရက် အံကြိတ်ကာ ပြန်ပြောလိုက်လေသည်။ "ဒီကောင်တွေ ဘာဖြစ်လို့ ဒီလောက်တောင် အထွန့်တက်နေကြတာလဲ"
ဟွာချင်းစီက ပြန်၍ ပြောလိုက်လေသည်။ "သွားဖို့နေရာမှ မရှိကြတာ၊ မီးနဂါးနန်းတော်က ရောက်လာတဲ့ ဆရာတွေကလည်း တစ်ခါမှကို နားရတယ်လို့ မရှိဘူး၊ တောက်လျှောက်ကို အမြဲတမ်းအလုပ်ရှုပ်နေတာ၊ ကျင့်ကြံဖို့ဆိုရင်လည်း အချိန်ကိုမရှိတော့ဘူး"
"သူတို့ ဘာဖြစ်လို့ နားဖို့အချိန်တောင် မရှိရတာလဲ" ရန်ကိုင် ကြောင်သွားလေသည်။
ဟွာချင်းစီသည် ရန်ကိုင်အား စောင့်ကြည့်လျက် ပြန်ပြောလိုက်သည်။ "ငါကိုယ်တိုင် လိုက်ပြပေးမယ် ကိုယ်ကိုယ်တိုင်ကြည့်ကြည့်လိုက်၊ အဲဒီအခါကျရင် သိသွားလိမ့်မယ်"
ပြောနေရင်းမှ ဟွာချင်းစီသည် ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး ရန်ကိုင်အား အနီးအနားရှိ တောင်တစ်လုံးဆီသို့ ခေါ်သွားခဲ့လေသည်။ ထိုတောင်မှာတော့ အရိပ်ကြယ်မှ ကျင့်ကြံသူများ နေနေကြသည့် တောင်တစ်လုံးဖြစ်ပြီး ထိုတောင်ပေါ်တွင် ကျင့်ကြံသူပေါင်း အယောက်တစ်ထောင်ခန့်ရှိပေသည်။ လက်ရှိအချိန်တွင်တော့ တောင်ပေါ်တွင် ရှိနေသော နန်းတော်ကြီးတစ်လုံးအရှေ့၌ လူတန်းရှည်ကြီးတစ်ခု ရှိနေခဲ့လေသည်။ ထိုနန်းတော်အရှေ့တွင် တန်းစီနေသည့် လူအရေအတွက်မှာ အနည်းဆုံး အယောက်နှစ်ရာခန့် ရှိသည်။ တစ်ခဏကြာပြီးသည့်နောက်တွင် ကျင့်ကြံသူတစ်ဦးသည် နန်းတော်ထဲမှ ပျော်ရွှင်နေသည့် အမူအရာဖြင့် ထွက်လာခဲ့ပြီး တန်းစီနေသည့် ကျင့်ကြံသူတစ်ဦးမှာ နန်းတော်ထဲသို့ ထပ်မံ၍ ဝင်သွားလေသည်။ ထိုနည်းဖြင့် ထပ်တလဲလဲကို သံသရာလည်နေလေ၏။
ထိုမြင်ကွင်းကို ကြည့်ရင်း ရန်ကိုင်၏ မျက်နှာကြီး မဲ့သွားခဲ့ပြီး မေးလိုက်လေသည်။ "အဲဒါ သူတို့ရဲ့ဆရာနေနေတဲ့နေရာ မဟုတ်ဘူးလား"
"အင်း၊ ဟုတ်တယ်" ဟွာချင်းစီက ပြန်ရှင်းပြလိုက်သည်။ "နန်းတော်သခင် ခေါ်လာတဲ့ ကျင့်ကြံသူတွေက အခုမှရောက်တာဆိုတော့ ဒီကြယ်စီရင်စုကြီးနဲ့ သိပ်ပြီးတော့ အသားမကျသေးဘူးလေ၊ ဒါကြောင့် ကျင့်ကြံတဲ့နေရာမှာ ပြဿနာတွေနဲ့ ကြုံရလေ့ရှိတာ အဆန်းတော့ မဟုတ်ဘူး၊ သူတို့ ပြဿနာတစ်ခုခု ကြုံလိုက်တိုင်း ဒီနေရာဆီလာပြီးတော့ အကူအညီရှာကြတယ်၊ ဒါပေမဲ့ ဆရာက တစ်ယောက်ပဲရှိတာ၊ အခု နန်းတော်အပြင်ဘက်ကိုလည်း ကြည့်ကြည့်လိုက်ဦး၊ ဒီလိုပုံစံနဲ့ အဲဒီဆရာတွေ ဘယ်လိုလုပ်ပြီး နားရတော့မှာလဲ၊ ဒါတောင် လူတစ်ထောင်ပဲ ရှိသေးတဲ့တောင်မလို့ အဲဒီထက်လူပိုများတဲ့ တောင်တွေမှာဆိုရင် ပိုတောင်ဆိုးသေးတယ်၊ လူရာဂဏန်းလောက်ပဲရှိတဲ့ တောင်ကဆရာတွေသာ နည်းနည်းပါးပါး နားခွင့်ရတာ၊ ဒါပေမဲ့ အဲဒီဆရာတွေတောင် တော်တော်လေး အလုပ်များသေးတယ်၊ အချို့ဆရာတွေဆိုရင် သူတို့ဒီမှာဆက်ပြီးတော့ မနေနိုင်တော့လို့ အပြစ်ပေးခံရမယ်ဆိုရင်လည်း အပြစ်ပေးပါ၊ မီးနဂါးနန်းတော်ဆီပဲ ပြန်ချင်လို့ နန်းတော်သခင်ဆီကို ဆက်သွယ်ပေးပါဆိုပြီးတော့တောင် လာပြောနေကြတယ်"
"သူတို့ကို လျစ်လျူရှုထားလိုက်"
ဟွာချင်းစီက ပြန်ပြောလိုက်သည်။ "အဲဒီလိုမျိုးလုပ်ဖို့တော့ ကြိုးစားတာပဲ ဒါပေမဲ့ အဲဒီလိုပုံစံမျိုးနဲ့ ဒီကတပည့်တွေကို ဘယ်လိုလုပ်ပြီး သင်ပေးနိုင်မှာလဲ၊ သူတို့သာ ကောင်းကောင်းမသင်ပေးရင် တပည့်တွေရဲ့အနာဂတ်အပေါ် ထိခိုက်သွားနိုင်တယ်နော်၊ နန်းတော်သခင် ဒီအတိုင်းပဲ ဆက်ကြည့်နေတော့မှာလား"
"အင်း ကျုပ်တစ်ခုခုတော့ စီစဉ်ပြီးသွားပြီ"
ဟွာချင်းစီက ပြန်ပြောလိုက်သည်။ "ရေခဲနှလုံးသားတောင်ကြားနဲ့ နန်းတော်သခင် တော်တော်လေးရင်းနှီးတာပဲဟာ၊ သူတို့ဆီကသွား အကူအညီတောင်းလို့မရဘူးလား"
"ရေခဲနှလုံးသားတောင်ကြားကိုတော့ စဉ်းစားမနေနဲ့၊ သူတို့တပည့်တွေအကုန်လုံးက ရေခဲဓာတ်ကျင့်စဉ်နဲ့ သိုင်းပညာတွေကိုပဲ ကျင့်ကြံကြတာ ပြီးရင် သူတို့ကျင့်ကြံတဲ့ပုံစံက သာမန်လူတွေကျင့်ကြံတဲ့ပုံစံနဲ့ တူတာမဟုတ်ဘူး၊ ဒီတော့ ဒီကလူတွေကိုသင်ပေးဖို့ အဆင်ပြေမှာမဟုတ်ဘူး"
"အဲဒါဆို ဘာလုပ်ကြမလဲ"
"ကျုပ်မှာ အစီအစဉ်ရှိပြီးသား" ရန်ကိုင်က ပြန်ပြောလိုက်သည်။ "ဒါပေမဲ့ ဆရာတွေထပ်မရောက်လာသေးခင် ဒီကလူတွေကို နည်းနည်းပါးပါး ထိန်းထားဖို့တော့ လိုလိမ့်မယ်၊ ဘယ်လိုပဲဖြစ်ဖြစ် သူတို့စိတ်အဆင်ပြေသွားအောင် လခလေး ဘာလေးတွေ ပေးကြည့်ပေါ့၊ သူတို့ကို ဒီပုံစံအတိုင်းကြီး လုပ်ခိုင်းလို့မဖြစ်တော့ဘူး"
"ကျွန်မလည်း စဉ်းတော့စဉ်းစားမိတယ်၊ အခုပဲ နန်းတော်သခင်ကို အဲဒီအကြောင်း လာပြောဖို့လုပ်နေတာ"
"ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ခင်ဗျားဘာသာ ခင်ဗျားပဲ စဉ်းစားလိုက်တော့၊ ခင်ဗျားတစ်ယောက်တည်း စဉ်းစားလို့မရဘူးဆိုရင် မန်နေဂျာပိတင်နဲ့ သွားပြီးတော့ တိုင်ပင်ကြည့်လိုက်၊ ဘယ်လောက်ပေးမလဲဆိုတာတော့ ကျုပ်ဆီလာပြီး အစီရင်ခံတင်ပြနေစရာမလိုဘူး"
"ကောင်းပြီ ကောင်းပြီ" ဟွာချင်းစီ ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်လေသည်။ ရန်ကိုင်ကဲ့သို့သော နန်းတော်သခင်မျိုး သူမတစ်ခါမျှ မတွေ့ဖူးပေ။ ရန်ကိုင်သည် အထက်ကောင်းကင်နန်းတော်၏ အလုပ်ကိစ္စများနှင့်ပတ်သက်၍ အလုပ်ရှုပ်မနေရလျှင် အလွန်ကိုမှ ပျော်နေသည့်အလား သူ၏ တာဝန်အရပ်ရပ်အားလုံးကို သူမလက်ထဲသို့သာ ပုံချထားခဲ့လေသည်။
ဟွာချင်းစီနှင့် လူခွဲပြီးသည့်နောက် ရန်ကိုင်သည် ဆေးလုံးတောင်ဆီသို့သွားကာ ကျိယင်နှင့် သွားတွေ့လေသည်။ ထို့နောက် သူနှင့်အတူပါလာသော ပစ္စည်းအများကြီးကို ထုတ်ပေးလိုက်လေ၏။ တစ်ခဏအကြာ၌ ရန်ကိုင်သည် ဟင်းလင်းပြင်အစီအရင် အရှေ့တွင် ပြန်ပေါ်လာခဲ့သည်။
"နန်းတော်သခင်" ဟင်းလင်းပြင်အစီအရင်နားတွင် တင်ပျဉ်ခွေထိုင်နေသော ပိယန်ယုချင်းသည် ရန်ကိုင်အား အလျင်စလိုလာနှုတ်ဆက်လိုက်လေ၏။
ရန်ကိုင်ကမူ လုပ်လက်စအလုပ်ကိုသာ ပြန်သွားလုပ်နေရန် လက်ဝှေ့ယမ်းကာ အချက်ပြလိုက်ပြီးသည့်နောက် သူ့ဘာသာသူ ဟင်းလင်းပြင်အစီအရင်ဆီသို့ လျှောက်သွားပြီး အစီအရင်ကိုအသက်သွင်းကာ ပျောက်ကွယ်သွားခဲ့လေသည်။
တောင်ဘက်နယ်မြေထဲရှိ ဓားတောင်၏ နောက်ဘက်ခြမ်းထဲရှိ တောင်ကြားနေရာ၌ ရန်ကိုင် ပြန်ပေါ်လာခဲ့လေသည်။ ဘေးပတ်ဝန်းကျင်အား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်ပြီးသည့်နောက် မည်သူမျှ မရှိမှန်း အတည်ပြုပြီးသော် ဓားတောင်ဆီသို့ ပျံသန်းသွားလေသည်။
ရန်ကိုင်သည် နေမင်းပြာကျောင်းတော်၏ အဆင့်မြင့်အကြီးအကဲတစ်ဦးဖြစ်ကာ ဓားတောင်သည် သူနေသည့်နေရာဖြစ်ပေသည်။ ထိုအပြင် ဤဓားတောင်မှာ အခြားသော တောင်များနှင့် ဝေးကွာသည့် နေရာတွင် ရှိနေသည့်အတွက်ကြောင့် ဤနေရာရှိ ဟင်းလင်းပြင်အစီအရင်ကို ဖုံးကွယ်ထားဖို့ရာ ပိုမိုလွယ်ကူလေ၏။
ဓားတောင်ဆီသို့ ပျံသန်းလာပြီးသည့်နောက်တွင် ရန်ကိုင်သည် အကြီးအကဲတံဆိပ်ပြားကို ထုတ်၍ ဓားတောင်ပတ်လည်ရှိ အကာအကွယ်အစီအရင်ကို ဖွင့်ကာ အထဲသို့ ဝင်သွားလိုက်လေသည်။
ဤတစ်ကြိမ်တွင် မိန်းမငယ်လေးနှစ်ဦးသည် ရေကန်အရှေ့တွင်ရပ်၍ ငါးစာကျွေးနေခဲ့လေသည်။ ငါးစာများကို အပြိုင်လုနေကြသည့် ငါးလေးများကို ကြည့်ရင်း မိန်းကလေးနှစ်ဦးစလုံး တခစ်ခစ် ရယ်မောနေခဲ့ကြသည်။
ထိုမြင်ကွင်းကို ကြည့်ရင်း ရန်ကိုင် ကြောင်သွားခဲ့လေသည်။ ထို့နောက် ဘေးပတ်ဝန်းကျင်ကို သေသေချာချာ လှည့်ပတ်စစ်ဆေးကြည့်လေသည်။ သူနေရာမှားနေခြင်း မဟုတ်မှန်း အတည်ပြုလိုက်သော် ရန်ကိုင် စိတ်ထဲမှနေ၍ တွေးလိုက်လေ၏။ [ဒါက ဓားတောင်ပါ၊ ငါ့မှာ ဘယ်တုန်းကများ အစေခံမလေးနှစ်ယောက် ရှိသွားရတာလဲ]
ကောင်မလေးနှစ်ဦးစလုံး၏ ကျင့်ကြံခြင်းမှာ မြင့်မားလှခြင်း မရှိ။ ရန်ကိုင် ထိုနှစ်ဦးအနားသို့ ကပ်လာသည့် အခါမှသာလျှင် ကောင်မလေးနှစ်ဦးမှာလည်း ဤနေရာ၌ အခြားလူတစ်ဦးရှိနေသည်ကို သတိထားမိသွားခဲ့ပြီး အထိတ်တလန့်ဖြင့် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ဘယ်ဘက်၌ ရှိနေသည့် အမျိုးသမီးက ကြောက်လန့်တကြားဖြင့် ထခုန်၍ အော်ပြောလိုက်လေသည်။ "ရှင်ဘယ်သူလဲ"
ရန်ကိုင်က ရယ်မောလျက် ထိုကောင်မလေးနှစ်ဦးကိုကြည့်ရင်း ပြန်မေးလိုက်သည်။ "နင်တို့တွေက ဘယ်သူလဲ"
"ကျွန်မတို့က နေမင်းပြာကျောင်းတော်ရဲ့ တပည့်တွေပဲ၊ ရှင်ကဘယ်သူလဲ" အနီရောင်ဝတ်ရုံဝတ် မိန်းကလေးက ရန်ကိုင်အား သတိထားကာ ကြည့်၍ မေးလိုက်သည်။
အနီရောင်ဝတ်ရုံဝတ် မိန်းကလေးမှာ ထိတ်လန့်တုန်လှုပ်နေချိန် အခြားတစ်ဖက်တွင် ရှိနေသော အစိမ်းရောင်ဝတ်ရုံဝတ် အမျိုးသမီးကမူ ရန်ကိုင်အား ကြည့်ရင်း အတွေးနက်နေလေ၏။ မကြာမီ တစ်ခုခုအား သိသွားသည့်အလား သူမ သူငယ်ချင်း၏ အင်္ကျီလက်စကို ဆွဲကိုင်၍ သတိပေးလိုက်ပြီးသည့်နောက် ကျော့ရှင်းစွာ ဦးညွှတ်လိုက်လေသည်။
"မင်္ဂလာပါ အကြီးအကဲရန်"
[အကြီးအကဲရန်] အနီရောင်ဝတ်ရုံဝတ် အမျိုးသမီး ထိတ်လန့်သွားခဲ့လေသည်။ နေမင်းပြာကျောင်းတော်ထဲတွင် မျိုးရိုးနာမည်ရန်နှင့် အကြီးအကဲတစ်ဦးသာရှိပေသည်။ ထိုအတွက်ကြောင့် သူမ၏ ဟန်အမူအရာကို ပြန်ထိန်း၍ ချက်ချင်းပဲ ဦးညွှတ်နှုတ်ဆက်လိုက်လေ၏။
"ထပေတော့" ရန်ကိုင်က သူ့လက်ကို ဝှေ့ယမ်း၍ နှစ်ဦးအား မတ်တတ်ပြန်ရပ်ရန် ပြောလိုက်သည်။ "နင်တို့ ဘာလို့ဒီကို ရောက်နေရတာလဲ"
အစိမ်းရောင်ဝတ်ရုံဝတ် မိန်းကလေးက ပြန်ပြောလိုက်လေသည်။ "အကြီးအကဲကောင်းက ကျွန်မတို့ကို တာဝန်ပေးထားလို့ပါ၊ အကြီးအကဲရန်က ဒီနေရာမှာ တစ်နှစ်ပတ်လုံး နေနေတာမဟုတ်လို့ ကျွန်မတို့ကို ဒီမှာနေပြီးတော့ ဒီနေရာကို ထိန်းသိမ်းထားခိုင်းတာပါ"
"စီနီယာအစ်မကောင်းလား" ရန်ကိုင် ခေါင်းတညိတ်ညိတ်ဖြစ်သွားလေသည်။ "အဲဒီလိုကိုး"
အစိမ်းရောင်ဝတ်ရုံဝတ် ကောင်မလေးက ဆက်၍ ပြောလိုက်သည်။ "ကျွန်မတို့ ဓားတောင်ပေါ်က ဘာကိုမှ မထိပါဘူး၊ အကုန်လုံးကို ဒီအတိုင်းပဲထားထားတာပါ၊ ကျွန်မတို့လုပ်တာဆိုလို့ ဒီကနန်းတော်ကို သန့်ရှင်းပြီးတော့ ငါးစာကျွေးတာပဲရှိတာပါ၊ ကျေးဇူးပြုပြီး နားလည်ပေးပါ အကြီးအကဲရန်"
ရန်ကိုင်က ပြုံး၍... "အာ၊ စိတ်ပူမနေနဲ့ အခုလိုမျိုး ကူညီပြီး သန့်ရှင်းပေးထားတဲ့အတွက် မင်းတို့နှစ်ယောက်စလုံးကို ကျေးဇူးပဲ"
ရန်ကိုင်၏ ချီးကျူးစကားကြောင့် ကောင်မလေးနှစ်ဦးစလုံး အတော်လေးပျော်သွားခဲ့ကြသည်။ သူမတို့ အရှေ့တွင် ရှိနေသည့် လူမှာ နေမင်းပြာကျောင်းတော်၏ အကြီးအကဲတစ်ဦးဖြစ်သည်။ ထိုအပြင် ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးလည်း ဖြစ်နေပေသေးသည်။ သူတို့အကြားရှိ ကျင့်ကြံခြင်းအဆင့် ကွာဟချက်နှင့် အဆင့်အတန်း ကွာဟချက်မှာ မိုးနှင့်မြေပမာ ကြီးမားလွန်းလှသည်။ သို့ပင်ဖြစ်လင့်ကစား သူမတို့ အရှေ့တွင် ရှိနေသည့် ဤလူမှာတော့ သူမတို့အပေါ် အလွန်ကိုမှ ဖော်ရွေနေသည့်အတွက်ကြောင့် မိန်းကလေးနှစ်ဦးစလုံးမှာ အတော်လေးကိုမှ ဝမ်းသာနေခဲ့လေ၏။
နှစ်ဦးသား အသိပြန်ဝင်လာချိန် ရန်ကိုင်မှာ ခန်းမထဲသို့ ဝင်သွားနှင့်နေလေပြီ။
"ဒီတော့ အဲဒီတစ်ယောက်က အကြီးအကဲရန်ကိုး" အနီရောင်ဝတ်ရုံဝတ် မိန်းကလေးသည် ပျောက်ကွယ်သွားပြီဖြစ်သော ရန်ကိုင်၏ ကျောပြင်အား လေးစားတကြီးဖြင့် ကြည့်၍... "သူကြည့်ရတာ တော်တော်လေးငယ်တဲ့ပုံပဲ"
အစိမ်းရောင်ဝတ်ရုံဝတ် ကောင်မလေးက ပြန်ပြောလိုက်သည်။ "ငါကြားတာတော့ အကြီးအကဲတွေထဲမှာ အကြီးအကဲရန်က အငယ်ဆုံးပဲတဲ့၊ သူကျင့်ကြံတာ နှစ်တစ်ရာလောက်ပဲ ရှိသေးတာတဲ့"
"တကယ်ကြီးလား" အနီရောင်ဝတ်ရုံဝတ် ကောင်မလေး ကြောင်သွားခဲ့လေသည်။ သူမတို့၏ ကျင့်ကြံခြင်းမှာ သိပ်မမြင့်သေးပါသော်ငြား ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး ဖြစ်လာဖို့ရာ မည်မျှခက်ခဲကြောင်းကို သိထားကြပေသည်။ ထိုအဆင့်သို့ နှစ်တစ်ရာတည်းနှင့် ရောက်သည်ဆိုသည်မှာ အမှန်တကယ်ကိုမှ မယုံကြည်နိုင်ဖွယ်ရာကောင်းလှပေသည်။
"အကြီးအကဲရန်က အဆင့်နိမ့်ကြယ်စီရင်စုက လာခဲ့တာလို့ပြောကြတယ်" အစိမ်းရောင်ဝတ်ရုံဝတ် ကောင်မလေးက ပြောလိုက်သည်။ ထိုသို့ပြောပြီးသည့်နောက် အလန့်တကြား ထအော်လေ၏။
"ဘာဖြစ်လို့လဲ"
"အကြီးအကဲရန် ပြန်လာတာနဲ့ သူ့ကိုလာပြောဖို့ အကြီးအကဲကောင်း ငါ့ကိုပြောထားတယ်၊ ငါမေ့ခါနီးပဲ" ပြောနေရင်းမှ ကောင်မလေးသည် ဆက်သွယ်ရေးမှော်ရတနာကို အလျင်စလို ထုတ်လိုက်လေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၂၂၄)
ဘာသာပြန်သူ_တိမ်တိုက်
ခန်းမထဲသို့ ဝင်လာပြီးသည့်နောက် ရန်ကိုင်သည် လျှောက်ပတ်ကြည့်လိုက်ရာ နန်းတော်တစ်ခုလုံးမှာ သပ်သပ်ရပ်ရပ်ဖြစ်နေကြောင်း တွေ့လိုက်ရသည်။ စားပွဲခုံတစ်လုံးဆီသို့ လျှောက်သွားပြီး စားပွဲခုံကို လက်ဖြင့် သပ်ကြည့်လိုက်ရာ မည်သည့်ဖုန်မှ ရှိမနေကြောင်း တွေ့လိုက်ရ၏။ ကြည့်ရသလောက် ကောင်မလေးနှစ်ဦးသည် ဤနေရာအား သေသေချာချာကို ရှင်းလင်းသန့်ရှင်းထားသည့်ပုံပင်။ ရန်ကိုင်သည် တွေ့သည့်ထိုင်ခုံတစ်လုံးပေါ်တွင် သွားထိုင်နေပြီးသည့်နောက် သေသေချာချာ ထိုင်စဉ်းစားနေလိုက်သည်။ ရန်ကိုင် ခေါင်းပြန်မော့လာချိန်တွင်တော့ ကောင်မလေးနှစ်ဦး အထဲသို့ ဝင်လာပြီး ရန်ကိုင်အား ဦးညွှတ်နှုတ်ဆက်လိုက်ကြလေ၏။
“ဒါနဲ့ ဒီမှာ လူအိုကြီးတစ်ဦး မရှိဘူးလား… အခု အဲ့လူအိုကြီး ဘယ်ရောက်သွားတာလဲ…” ရန်ကိုင်က ကောင်မလေးနှစ်ဦးကို ကြည့်၍ မေးလိုက်သည်။
ရန်ကိုင်ပြောနေသည့်လူအိုကြီးမှာ ထျန်းယန်သာ ဖြစ်လေသည်။ ယခင်က ရန်ကိုင်သည် ခန္ဓာဖြစ်တည်အသီးကိုသုံး၍ ထျန်းယန်အတွက် ခန္ဓာကိုယ်တစ်ခု ဖန်တီးပေးခဲ့လေသည်။ ထျန်းယန် အပြင်သို့ရောက်လာပြီးသည့် သူ့တွင် အားကိုးစရာ မဟာဧကရာဇ်တစ်ပါး ရလာလိမ့်မည်ဟု ထင်ထားခဲ့ပါသော်ငြား မှန်းချက်နှင့် နှမ်းထွက်မှာ မကိုက်ခဲ့ပေ။ ထျန်းယန်သည် ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲ၌ မဟာဧကရာဇ်တစ်ပါး ဖြစ်ခဲ့ပါသော်ငြား အပြင်လောကကြီးဆီသို့ ရောက်လာပြီးသည့်နောက်တွင် အစမှ အကုန်ပြန်စခဲ့ရသည်။ ကောင်းကင်လမ်းစဉ်ကို လှည့်စားဖို့ရာ မဖြစ်နိုင်သည့်အတွက်ကြောင့် ထျန်းယန်မှာ ဟိုးအောက်ခြေမှနေ၍ အသစ်တဖန် ပြန်စရတော့လေသည်။
ထိုစဉ်ကတော့ ဘာကြောင့် ထိုကဲ့သို့ ဖြစ်ရသလဲဆိုသည်ကို ရန်ကိုင် နားမလည်ခဲ့။ သို့သော်ငြား ယန်ယန်နှင့် စကားပြောပြီးသည့်နောက် ဘာကြောင့် ထိုကဲ့သို့ ဖြစ်ရသလဲဆိုသည်ကို နားလည်သွားတော့သည်။ လောကကြီးတစ်ခုလုံးသည် ထျန်းယန်၏တည်ရှိမှုကို လက်မခံနိုင်တော့သော ပြည့်နေပြီဖြစ်သည့် ပုလင်းတစ်လုံးပမာ ဖြစ်နေပြီဖြစ်သည့်အတွက်ကြောင့်ပင်။ ထိုအကြောင်းကြောင့်ပင်လျှင် ထျန်းယန်မှာ အသစ်တစ်ဖန် ပြန်စရတော့လေသည်။ ဝမ်ကျိရှန်းမှာတော့ ထျန်းယန်အတွက် နေစရာတစ်ခု စီစဉ်ပေးမည်ဟု ပြောခဲ့ပါသော်ငြား ထျန်းယန်ကမူ ဓါးတောင်တွင်သာနေမည်ဟု ပြန်ပြောခဲ့လေသည်။
ထို့နောက်တွင် ရန်ကိုင်သည် ရေခဲနယ်မြေထဲသို့ ကျုလဲ့နှင့်အတူ ထွက်သွားခဲ့ပြီး ထိုမှတစ်ဆင့် ဒွိလောကကမ္ဘာကြီးထဲသို့ ရောက်သွားခဲ့ကာ အနောက်ဘက်နယ်မြေသို့ ပြန်ရောက်လာခဲ့ရသည်။ ထိုနေရာသို့ ရောက်ပြီးသည့်နောက် နဂါးကျွန်းပေါ်သို့ ဝင်သွားခဲ့ကာ ထိုမှတစ်ဆင့် ဟုန်းလော့ကြယ်စီရင်စုကြီးဆီသို့ ပြန်သွားခဲ့လေသည်။ ဆယ်နှစ်ကျော်ဟူသော ကာလမှာ မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့ခြင်း ဖြစ်လေသည်။ ဤနေရာသို့ ပြန်ရောက်လာပြီးသည့်နောက်တွင် ရန်ကိုင်မှာ ထျန်းယန်အား မည်သည့်နေရာတွင်မှ မတွေ့ရတော့ဘဲ ထိုအစား ကောင်မလေးနှစ်ဦးကိုသာ တွေ့ခဲ့ရသည်။ ထို့အတွက်ကြောင့် မယုံသင်္ကာဖြင့် မေးလိုက်မိခြင်း ဖြစ်လေသည်။
“စီနီယာ ခရီးထွက်သွားတယ်…” အသံတစ်သံ အပြင်ဘက်ဆီမှ ထွက်ပေါ်လာခဲ့သည်။
ရန်ကိုင်လည်း အသံကြားရာဆီသို့ လှမ်းကြည့်လိုက်ရာ ကျော့ရှင်းလှသည့်ဝတ်ရုံကို ဝတ်ဆင်လျက် ဆံပင်ကို ထုံးနှောင်ထားသော အမျိုးသမီးတစ်ဦးကို လှမ်း၍ တွေ့လိုက်ရသည်။
ရန်ကိုင်မှာ ချက်ချင်းပဲ ထိုင်ရာမှ ထရပ်၍ လက်သီးဆုပ်ကာ ပြုံး၍ နှုတ်ဆက်လိုက်လေသည်။ “စီနီယာအစ်မကောင်း… မတွေ့ရတာ ကြာသွားပြီနော်… အရင်အတိုင်း လှနေတုန်းပါပဲလား…”
ကောင်းရွှယ်ထင်း ဤနေရာ၌ မြန်မြန်ပေါ်လာသည့်အပေါ် ရန်ကိုင် အနည်းငယ်မျှပင် အံ့အားသင့်မနေခဲ့ပေ။ ထိုကောင်မလေးနှစ်ဦးကို ကောင်းရွှယ်ထင်းမှ ဤနေရာ၌ ခန့်ထားရခြင်းမှာ ရန်ကိုင်၏နေရာကို သန့်ရှင်းရေးလုပ်ပေးရန်အတွက် ဖြစ်သလို ရန်ကိုင်ပြန်လာပါက သူမအား အကြောင်းကြားနိုင်ရန်အတွက်လည်း ဖြစ်ရပေလိမ့်မည်။ ထို့အတွက်ကြောင့် သူပြန်ရောက်လာသည်နှင့်တစ်ပြိုင်နက် ကောင်မလေးနှစ်ဦးမှာ ကောင်းရွှယ်ထင်းအား ချက်ချင်းလှမ်း၍ အကြောင်းကြားခဲ့ရပေလိမ့်မည်။
“ရွှမ်…” ကောင်းရွှယ်ထင်းသည် ချက်ချင်းပဲ ဓါးကို ဓါးအိမ်ထဲမှဆွဲ၍ ရန်ကိုင်၏ပုခုံးပေါ် သူမဓါးကိုတင်လျက် အေးစက်စက်အမူအယာဖြင့် ပြုံးကာ ပြောလိုက်လေသည်။ “ငါ့ကိုပြော… နင် ဘယ်လိုသေချင်လဲ…”
ထိုအချင်းအရာကိုမြင်လိုက်သော် ကောင်မလေးနှစ်ဦး အလန့်တကြား ထအော်တော့လေသည်။ ရန်ကိုင်ကိုမြင်သည်နှင့်တစ်ပြိုင်နက် ကောင်းရွှယ်ထင်း ယခုကဲ့သို့ စိတ်လွတ်သွားမည်ဟု သူမတို့ တကယ်ကို မထင်ထားခဲ့ကြပေ။ (အကြီးအကဲရန်ကိုတွေ့တာနဲ့ အကြီးအကဲကောင်းက ဘာဖြစ်လို့ ဓါးထုတ်ပြီးတော့ ဓါးနဲ့ချိန်ထားရတာလဲ… အကြီးအကဲနှစ်ဦးကြားမှာ ရန်ငြိုးတွေများ ရှိနေတာလား…)
ဤကိစ္စကို အခြားသောအကြီးအကဲများအား သွားတင်ပြလျှင် ကောင်းမလားဟုပင် ကောင်မလေးနှစ်ဦး စဉ်းစားမိလိုက်ကြသည်။ သို့သော်ငြား နှစ်ဦးစလုံးမှာ ကျင့်ကြံခြင်းအဆင့် နိမ့်ကြသလို အဆင့်အတန်းလည်း နိမ့်ကျသည့်အတွက်ကြောင့် အခြားသောအကြီးအကဲများကို ဆက်သွယ်နိုင်ဖို့ရာ အဆင်မပြေလှပေ။
ရန်ကိုင်မျက်နှာထက်ရှိ အပြုံးမှာလည်း တောင့်တင်းသွားခဲ့ပြီး တံတွေးတစ်လုပ်မျိုချရင်းမှ လက်နှစ်ချောင်းကိုသုံး၍ သူ့ပုခုံးပေါ်ရှိဓါးကို အသာအယာတွန်းဖယ်ကာ ပြန်မေးလိုက်လေသည်။ “စီနီယာအစ်မကောင်း… ဘာလုပ်နေတာလဲ…”
“နင် ဘယ်လိုလုပ်ပြီး အရှက်မရှိပြန်လာရဲတာလဲ…” ကောင်းရွှယ်ထင်းက အေးစက်စက်လေသံဖြင့် ပြောလိုက်လေသည်။
ရန်ကိုင်၏မျက်နှာ မဆိုစလောက်ကလေး မဲ့သွားခဲ့လေ၏။ “စီနီယာအစ်မကောင်း ဘာပြောချင်တာလဲ… ကျုပ် နားမလည်ဘူး…”
“နင် ဘာလို့ သေသင့်လဲဆိုတာကို သိချင်နေတယ်ပေါ့…” ကောင်းရွှယ်ထင်းသည် ရန်ကိုင်အား ထူးမခြားနားဟန်ဖြင့် ကြည့်လျက် “ကောင်းပြီလေ… ငါလည်း ပြောပြရသေးတာပေါ့… ငါနင့်ကို အရင်မေးလိုက်မယ်… နင်က နေမင်းပြာကျောင်းတော်ရဲ့ အကြီးအကဲ ဟုတ်လား မဟုတ်ဘူးလား…”
“ဟုတ်တယ်လေ…” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် အလန့်တကြားဖြင့် “ဘာလဲ… ကျုပ်ကို နေမင်းပြာကျောင်းတော်ထဲက ကန်ထုတ်လိုက်တာလား…”
“အကြီးအကဲတစ်ယောက်ဆိုရင် ဆယ်နှစ်ကျော်ကြာသွားတာတောင် နင် ဘာဖြစ်လို့ တစ်ခါမှ ပေါ်မလာရတာလဲ…”
“ဆယ်နှစ်ကျော်လေးပဲဟာကို… အဲ့လောက်ကြာတာမှမဟုတ်တာ…” ရန်ကိုင်သည် ခေါင်းကိုပွတ်ရင်းမှ “ပြီးတော့ ကျုပ်က အဆင့်နိမ့်ဧည့်အကြီးအကဲတစ်ဦးပဲလေ… ကျောင်းတော်ထဲမှာ ကျုပ်ရှိရှိ မရှိရှိ ဘာမှ သိပ်ပြီး ထူးခြားသွားတာမှမဟုတ်တာ…”
“အဆင့်မြင့်ဧည့်အကြီးအကဲကလည်း အကြီးအကဲတစ်ဦးပဲ… ကျောင်းတော်က နင့်ကို အကြီးအကဲရာထူးပေးလိုက်တာနဲ့ ချက်ချင်းကို ထွက်ပြေးသွားလိုက်တာ ပေါ်တောင်မလာတော့ဘူး… ကျောင်းတော်ကို နင့်မျက်လုံးထဲမှာရော ထည့်ထားသေးရဲ့လား…”
“မထားဘူး…” ရန်ကိုင်က ခေါင်းခါပြလိုက်သည်။
ရန်ကိုင်၏အဖြေကြောင့် ကောင်းရွှယ်ထင်း အံ့အားသင့်သွားခဲ့လေသည်။ ရန်ကိုင် ဤကဲ့သို့ ပြန်ဖြေလာလိမ့်မည်ဟု သူမ တကယ်ကို မထင်ထားခဲ့။ ထို့အတွက်ကြောင့် စိတ်ပျက်ပျက်ဖြင့် သူမ၏ဓါးကို ပြန်သိမ်းလိုက်လေ၏။
ရန်ကိုင်က ပြုံး၍ ထပ်ပြောလိုက်လေ၏။ “ကျောင်းတော်ကို ကျုပ်စိတ်ထဲမှာပဲ ထည့်ထားတာ…”
ပြောနေရင်းမှ ရန်ကိုင်သည် သူ့ရင်ဘတ်ကိုပင် ပုတ်ပြလိုက်ပေသေးသည်။
ကောင်းရွှယ်ထင်းသည် ရန်ကိုင်အား စူးရဲစွာစိုက်ကြည့်၍ “အပိုစကားတွေ လာပြောမနေတော့နဲ့… နင် ငါ့ကို အကြောင်းပြချက်ကောင်းကောင်းပေးရင်ပေး… မပေးရင် နင့်ရာထူးကို ပြန်ရုတ်သိမ်းဖို့ ငါ ကျောင်းသခင်ကို သွားပြောမှာ… နင်ပြောတဲ့အတိုင်းပဲ… နင်ရှိရှိမရှိရှိ ကျောင်းတော်က ဘာမှသိပ်ပြီးထူးခြားသွားတာမှမဟုတ်တာ… ဟုတ်တယ်မလား….”
(ငါ့စကားနဲ့ ငါ့ကို ပြန်သုံးနေတာလား…) ရန်ကိုင် ဆွံ့အသွားတော့လေသည်။ သို့တိုင် ပြုံး၍ ပြန်ပြောလိုက်လေ၏။ “စီနီယာအစ်မကောင်း သိတဲ့အတိုင်းပဲလေ… မြောက်ဘက်နယ်မြေထဲမှာ ကျုပ်တည်ထောင်ထားတဲ့ ထက်ကောင်းကင်နန်းတော်ဆိုတဲ့ ဂိုဏ်းတစ်ဂိုဏ်း ရှိနေသေးတယ်လေ… အဲ့မှာ လုပ်စရာကိစ္စတွေက အများကြီးပဲ… ပြီးတော့ မြောက်ဘက်နယ်မြေနဲ့ တောင်ဘက်နယ်မြေက ဒီလောက်တောင်လှမ်းတာ… တစ်နေရာနဲ့တစ်နေရာ လာဖို့က ဒီလောက်လွယ်တာမဟုတ်ဘူး… တစ်ခါတစ်ခါလာဖို့အရေး နှစ်နဲ့ချီပြီး အချိန်ယူရတယ်… ဒီတော့ ဆယ်နှစ်လောက်မှ တစ်ခေါက်ပြန်လာတာ အဲ့လောက်ကြီးလည်း ကိစ္စမရှိပါဘူး…”
ကောင်းရွှယ်ထင်းက ပြန်၍ပြောလိုက်လေသည်။ “ငါနင့်ကို ဟိုးတစ်ခါတည်းက ပြောထားပြီးသားလေ… နင့်ဘာသာနင် မြောက်ဘက်နယ်မြေမှာ ထက်ကောင်းကင်နန်းတော်ကို သွားပြီး တည်ထောင်နေစရာမလိုဘူး… ဒီကျောင်းတော်မှာပဲ အခြေချလိုက်… အင်အားစုတစ်ခုဆိုတာ လူတစ်ယောက်တည်း ထောက်ပံ့ပေးထားလို့ရတဲ့ အရာမျိုးမဟုတ်ဘူး…” ထိုသို့ပင် ပြန်ပြောနေလင့်ကစား ကောင်းရွှယ်ထင်း၏လေသံမှာတော့ ယခင်ကနှင့်စာလျှင် အတော်လေးကိုမှ ပျော့ပျောင်းသွားခဲ့လေသည်။
ရန်ကိုင်ကိုယ်တိုင်သည်ပင်လျှင် အင်အားစုတစ်ခုအား လူတစ်ဦးတည်းဖြင့် ထောက်ပံ့ပေးမထားနိုင်ကြောင်း သိပေသည်။ ယခင်ကသာဆိုလျှင်တော့ သူ့အနေဖြင့် ထက်ကောင်းကင်နန်းတော်အား လက်လျှော့လိုက်၍ ရပေသေး၏။ သို့သော်ငြား ဟုန်းလော့ကြယ်စီရင်စုမှ လူတစ်သိန်းကျော်ကို ခေါ်လာပြီးသည့်နောက် ထက်ကောင်းကင်နန်းတော်အား မည်ကဲ့သို့များ လက်လွှတ်လိုက်၍ ရပါတော့မည်နည်း။ ထိုလူများကို ဤနေရာသို့ ခေါ်လာမိပြီ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်အနေဖြင့် သူလုပ်သည့်အရာအတွက် ကျိန်းသေ တာဝန်ယူရပေလိမ့်မည်။
ရန်ကိုင်သည် စိတ်လှုပ်ရှားစွာဖြင့် ရပ်ကြည့်နေသော ကောင်မလေးနှစ်ဦးကို လှမ်း၍ အချက်ပြလိုက်လေသည်။ တစ်ချိန်တည်းတွင်လည်း ကောင်းကင်စိတ်အာရုံဖြင့် လှမ်း၍ ပြောလိုက်သေး၏။ ထို့နောက် ခေါင်းညိတ်၍ ကောင်းရွှယ်ထင်အားကြည့်ကာ ဦးညွှတ်လိုက်လေသည်။ “စီနီယာအစ်မ စိတ်ကိုလျှော့ပါဦး… လာ လာ လာ အရင်ထိုင်လိုက်… ပြီးတော့မှ စကားပြောကြတာပေါ့….”
ကောင်းရွှယ်ထင်းသည် ဘေးပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးသည့်နောက် ထိုင်ခုံတစ်ခုံ ယူထိုင်လိုက်လေသည်။ အရောင်တလက်လက်တောက်နေသော သူမ၏ဓါးရှည်ကိုလည်း ပြန်သိမ်းလိုက်လေ၏။ ထိုအခါမှသာလျှင် ရန်ကိုင် စိတ်သက်သာရာ ရနိုင်တော့သည်။
မကြာမီ ကောင်မလေးနှစ်ဦးသည် ရေနွေးကြမ်းတစ်အိုးကို သယ်၍ ရောက်လာခဲ့လေသည်။
“စီနီယာအစ်မ… ရေနွေးကြမ်းလေး သောက်လိုက်ပါဦး… ဒီနေရာက နည်းနည်းလေး အကြမ်းထည်ဆန်တယ်ဆိုပေမယ့် ကျုပ်မှာလည်း စီနီယာအစ်မကို တိုက်စရာ ဘာမှရှိမနေဘူး…”
ကောင်းရွှယ်ထင်းသည် ရန်ကိုင်အား စောင်းကြည့်လျက် “နင် ဓါးတောင်ကို အထင်သေးနေတာလား… ဒီနေရာကို နင်ကိုယ်တိုင်ရွေးထားတာ… နင် ဒီနေရာကို မကြိုက်ဘူးဆိုရင် ငါ့နေရာမှာ လာနေလိုက်… ငါ့မှာ နေရာလွတ်တွေ အများကြီးပဲ ရှိသေးတယ်…”
“အာ… အဲ့ဒါ ဘယ်လိုလုပ်ပြီး သင့်တော်ပါ့မလဲ…” ရန်ကိုင်မှာ လျှာရှည်လွန်းလှသည့်သူ့ပါးစပ်ကို ပြန်ရိုက်ချင်စိတ်များပင် ပေါက်သွားရသည်။ ထို့အတွက်ကြောင့် ချက်ချင်းပဲ ခေါင်းစဉ်ပြောင်းလိုက်လေ၏။ “စီနီယာထျန်းယန် ခရီးထွက်သွားတယ်လို့ စီနီယာအစ်မပြောတယ်နော်… အဲ့ဒါ ဘာကိုပြောတာလဲ စီနီယာအစ်မ…”
“ငါပြောတဲ့အတိုင်းပဲလေ…”
ရန်ကိုင် ကြောင်သွားခဲ့လေသည်။ “စီနီယာထျန်းယန်ကို ကာကွယ်ပေးဖို့ ကျောင်းတော်က တစ်ယောက်ယောက် လွှတ်ပေးလိုက်သေးလား… စီနီယာထျန်းယန်ဘာသာ အပြင်မှာလျှောက်သွားမယ်ဆိုရင် နည်းနည်း အန္တရာယ်များနိုင်တယ်လေ…”
ရန်ကိုင်မှာ အတော်လေးကို စိတ်ပူနေမိလေသည်။ ထျန်းယန်သည် ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲ၌ မဟာဧကရာဇ်တစ်ပါး ဖြစ်ခဲ့ပါသော်ငြား သူ၏ခန္ဓာကိုယ်ကို ရရှိသွားပြီးသည့်နောက်တွင် အစမှ အကုန်ပြန်စရလေသည်။ ယခုမှ ဆယ်နှစ်ကျော်သာ ကြာသေးသည့်အတွက်ကြောင့် သူ့ကျင့်ကြံခြင်းမှာ ထိုမျှ မြင့်လိမ့်ဦးမည်မဟုတ်။ ကြယ်တာရာအစုအဝေးသည် ကြယ်စီရင်စုကြီးကဲ့သို့မဟုတ်။ ဤနေရာတွင် ပညာရှင်ပေါင်းများစွာသည် နေရာအနှံ့တွင် ရှိနေကြလေသည်။ ထျန်းယန်သည်သာ မကောင်းသည့်လူများနှင့် သွားတွေ့မည်ဆိုပါက ဒုက္ခလှလှနှင့် တွေ့သွားရနိုင်သည်။ မဟာဧကရာဇ်တစ်ပါးသည်သာ တန်ခိုးရှင်အဆင့်တွင် ရှိနေသော ကျင့်ကြံသူတစ်ဦး၏ သတ်ဖြတ်ခြင်း ခံလိုက်ရမည်ဆိုလျှင် ဤလောကကြီး၏ အရယ်ရဆုံးသော ပျက်လုံးတစ်ခု ဖြစ်သွားနိုင်ပေသည်။
“စီနီယာကိုယ်တိုင်က သွားချင်နေတာကို ဘယ်သူက တားနိုင်မှာလဲ… အန္တရာယ်ကိစ္စနဲ့ပတ်သက်ပြီးတော့ နင် စိတ်ပူနေစရာမလိုဘူး… လွန်ခဲ့တဲ့သုံးနှစ်တုန်းက စီနီယာ ဒီနေရာကနေထွက်သွားတုန်းက သူ့ကျင့်ကြံခြင်းအဆင့်က သူတော်စင်အဆင့်ကိုရောက်နေပြီ…”
“ဘယ်လို…” ရန်ကိုင် လုံးဝကို အံ့အားသင့်သွားခဲ့လေသည်။ သူများ နားကြားမှားသွားလေသလားဟုပင် ထင်မိသွားရသည်။
သိုင်းတာအိုခရီးလမ်းတွင် သူတော်စင်အဆင့်သည် စဦးဒြပ်စင်အဆင့်၊ ချီပြောင်းလဲခြင်းအဆင့်၊ ချီသန့်စင်ခြင်းအဆင့်၊ အစစ်အမှန်ချီအဆင့်၊ အင်မော်တယ်တက်လှမ်းခြင်းအဆင့်နှင့် မသေမျိုးအဆင့်တို့ ပြီးသည့်နောက် လာသည့် ခုနှစ်မြောက်အဆင့် ဖြစ်ပေသည်။ ထို့အပြင် မသေမျိုးအဆင့်သို့မရောက်မီ စဦးဒြပ်စင်အဆင့်မှ အင်မော်တက်လှမ်းခြင်းအဆင့်ထိ အဆင့်တစ်ဆင့်ချင်းစီတိုင်း အဆင့်ငယ်လေးကိုးဆင့်တိတိ ရှိခဲ့သည်။ မသေမျိုးအဆင့်မှစ၍နောက်ပိုင်းမှသာလျှင် အဆင့်ကြီးတစ်ဆင့်၌ အဆင့်သုံးဆင့် ထပ်ကွဲသွားခဲ့ခြင်း ဖြစ်ပေသည်။ ထိုအဆင့်သို့ ရောက်ပြီးသည့်နောက် အဆင့်တစ်ဆင့်ကို တက်ဖို့ရာမှာ အလွန်ကိုမှ ကြာသွားတော့သည်။ ရန်ကိုင်သည်ပင်လျှင် ထိုအဆင့်များကို ဖြတ်ကျော်နိုင်ရန်အတွက် နှစ်သုံးဆယ်မှ လေးဆယ်လောက်အထိ အချိန်ယူခဲ့ရသည်။
သို့သော်ငြား ထျန်းယန် သူ့ခန္ဓာကိုယ်ကို ဖန်တီးထားသည်မှာ မည်မျှများ ကြာသေးလို့ပါနည်း။ လွန်ခဲ့သောသုံးနှစ်ကတည်းက သူတော်စင်အဆင့်သို့ ရောက်နေသည်ကို ကြည့်လျှင် ထျန်းယန် သူတော်စင်အဆင့်သို့ ရောက်သည်မှာ ဆယ်နှစ်ပင် မပြည့်တတ်သေးပေ။ ယခု နောက်ထပ်သုံးနှစ်ကြာသွားပြီဖြစ်လေရာ သူ့ကျင့်ကြံခြင်းမှာ ယခင်ကထက် ပိုမိုမြင့်မားနေရပေလိမ့်မည်။
သေသေချာချာစဉ်းစားကြည့်လိုက်သော် ထိုသို့ဖြစ်သည်မှာလည်း အဆန်းမဟုတ်ကြောင်း ရန်ကိုင် သတိထားမိသွားခဲ့သည်။ ထျန်းယန်သည် သာမန်ကျင့်ကြံသူတစ်ဦးမှ မဟုတ်လေပဲ။ သူသည် စွမ်းအင်ကျင့်ကြံရာတွင် မဟာဧကရာဇ်တစ်ပါး ဖြစ်ခဲ့ဖူးသူတစ်ဦးဖြစ်လေရာ သူကျင့်ကြံသည့်နှုန်းမှာ သာမန်လူများထက် အဆပေါင်းများစွာ ပိုမိုမြန်ဆန်နေသည်မှာ အဆန်းတော့မဟုတ်ပေ။ သာမန်ကျင့်ကြံသူများသာဆိုလျှင် အဆင့်တစ်ဆို့သည့် အတားအဆီးများနှင့် ကြုံရလိမ့်မည်ဖြစ်ပါသော်ငြား ထျန်းယန်ကမူ ထိုသို့ကြုံရလိမ့်မည်မဟုတ်။
“စီနီယာရဲ့ကျင့်ကြံခြင်းက သိပ်မမြင့်ဘူးဆိုပေမယ့် သူအားသာတဲ့နေရာက ဘယ်နေရာလဲဆိုတာကိုလည်း မမေ့နဲ့ဦး… ဒီတော့ အပြင်မှာ သူ့ဘာသာသူ တစ်ယောက်တည်း လျှောက်ပတ်သွားမယ်ဆိုရင်တောင် ဘာအန္တရာယ်နဲ့မှ တွေ့ရလောက်မှာမဟုတ်ဘူး…”
ရန်ကိုင်က ခေါင်းညိတ်လိုက်လေသည်။ ထျန်းယန်သည် ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲတွင် နာမ်ဝိဉာဉ်အဖြစ် မွေးဖွားလာသူတစ်ဦး ဖြစ်သည့်အလျောက် စိတ်စွမ်းအင်ကို အသုံးချရာတွင် အလွန်ကိုမှ ကျွမ်းကျင်လှပေသည်။ စိတ်စွမ်းအင်နှင့်ပတ်သက်လာသော် ရှုယဉ်သာမဟာဧကရာဇ်သည်ပင်လျှင် ထျန်းယန်၏ပြိုင်ဘက် မဖြစ်နိုင်ပေ။
ထျန်းယန်၏ ရုပ်ပိုင်းဆိုင်ရာကျင့်ကြံခြင်းမှာ သိပ်မမြင့်လှပါသော်ငြား သူ့တွင် အမျိုးမျိုးသော ဝိဉာဉ်ပညာရပ်များ ရှိနေပေသည်။ ထိုပညာရပ်များကိုသာ ထုတ်သုံးလိုက်မည်ဆိုလျှင် သူ့ထက် အဆင့်အများကြီးပိုမြင့်သည့် ကျင့်ကြံသူများကိုပင်လျှင် တိုက်ခိုက်နိုင်ပေလိမ့်မည်။
“စီနီယာက တကယ်ကို သတ္တိရှိတာပဲ…” ရန်ကိုင် ရယ်မောလိုက်လေသည်။
ကောင်းရွှယ်ထင်းက ပြန်ရှင်းပြလိုက်သည်။ “စီနီယာက အပြင်လောကကြီးအကြောင်းကို ဘာမှသိတာမှမဟုတ်တာ… ဒီတော့ ဒီတိုင်း ထိုင်ပြီးတော့ပဲ ကျင့်ကြံချင်ပါ့မလဲ… ပြီးတော့ ဒီလောကကြီးကို လျှောက်ပတ်ကြည့်တာလည်း သူ့အတွက် အကျိုးရှိတယ်လေ…” ထိုနေရာသို့အရောက်တွင် ကောင်းရွှယ်ထင်း၏လေသံ ရုတ်ချည်း အေးစက်သွားခဲ့လေသည်။ “နင်ကရော… နင် ဘာတွေလုပ်နေခဲ့တာလဲ…”
(ဘာဖြစ်လို့ ငါ့ဘက် ပြန်လှည့်လာတာလဲ…) ရန်ကိုင် ဆွံ့အသွားတော့လေသည်။ သို့တိုင် ချက်ချင်းပဲ ပြန်ပြောလိုက်သည်။ “ဒီတိုင်းပဲ အိမ်မှာပဲထိုင်နေတာထက် လောကကြီးတစ်ခွင် လျှောက်ပတ်ပြီး ခြေဆန့်တာက အများကြီးပိုကောင်းတယ်လေ… ဟဲ ဟဲ…”
“နင့်ပါးစပ်ကိုပိတ်ထား…” ကောင်းရွှယ်ထင်းက ထအော်လေသည်။
ရန်ကိုင်လည်း ပါးစပ်ကိုပိတ်ကာ ချက်ချင်း ခါးကို မတ်မတ်ထား၍ ထိုင်လိုက်လေသည်။
“ခစ် ခစ်…” ထိုအချင်းအရာကိုမြင်သော် ကောင်မလေးနှစ်ဦးစလုံး ထရယ်တော့လေသည်။ သို့သော်ငြား ရန်ကိုင်မှ သူမတို့အား စူးရဲစွာ စိုက်ကြည့်နေသည်ကို မြင်လိုက်သည့်အခိုက် ကောင်မလေးနှစ်ဦးစလုံး ချက်ချင်း ခေါင်းငုံ့သွားခဲ့လေ၏။
“အဲ့ဒါတွေ ထုတ်ပေး…” ကောင်းရွှယ်ထင်းက သူမလက်ကို ဆန့်ထုတ်လိုက်သည်။
ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ဘာတွေလဲ…”
ကောင်းရွှယ်ထင်းက လှောင်ပြုံးပြုံးလျက် “မသိချင်ယောင်ဆောင်မနေနဲ့… နင် ငါတို့ကျောင်းတော်ကနေ ဆေးပင်တွေအများကြီး ယူသွားတာကို မေ့နေတာလား… ဟမ်… နင့်ကိုပေးထားတဲ့တာဝန်ကို မမှတ်မိတော့တာလား…”
“အော်… အဲ့ဒါကိုပြောတာလား…” ယခုမှသာလျှင် ရန်ကိုင်လည်း အခြေအနေကို နားလည်သွားခဲ့ပြီး ယုံကြည်ချက်အပြည့်ဖြင့် ပြန်ပြောလိုက်လေသည်။ “ဒါက စီနီယာအစ်မ ကျုပ်ကိုပေးထားတဲ့တာဝန်ပဲကို… ဘယ်လိုလုပ်ပြီး မေ့ရမှာလဲ… ဒီမှာ ကျုပ်ပြီးသွားပြီ… ကြည့်ကြည့်လိုက်…”
ထိုသို့ပြောပြီးသည့်နောက် သိုလှောင်လက်စွပ်တစ်ကွင်းကိုထုတ်၍ ကောင်းရွှယ်ထင်းဆီသို့ ပေးလိုက်လေသည်။ သိုလှောင်လက်စွပ်ထဲရှိ ပစ္စည်းများကို ကောင်းရွှယ်ထင်းမှ စစ်ဆေးနေစဉ် ရန်ကိုင်က ရှင်းပြလိုက်လေသည်။ “ကျုပ် မြောက်ဘက်နယ်မြေမှာကြာနေတာ ဒီကိစ္စတွေကြောင့်ပဲ… ပြီးတော့ နည်းနည်းပါးပါး တံခါးပိတ်ကျင့်စဉ်ဝင်နေလိုက်တာလည်းပါတယ်…”
“အများကြီးပဲ…” ကောင်းရွှယ်ထင်း၏မျက်လုံးထဲ အံ့အားသင့်ရိပ်တို့ ဖြတ်ပြေးသွားခဲ့လေသည်။ သိုလှောင်လက်စွပ်ထဲ ရန်ကိုင် ကျိယင်ထံမှ ရရှိလာခဲ့သော ဧကရာဇ်အဆင့်ဆေးလုံးများဖြင့်သာ ပြည့်နေခဲ့လေသည်။
ဤနေရာမှ ထွက်လာခဲ့စဉ်က ရန်ကိုင်သည် သူနှင့်အတူ ဆေးပင်များစွာကို ယူသွားခဲ့ပေသည်။ ထိုတာဝန်မှာ ကျောင်းတော်မှ သူ့အား ပေးထားသည့် တာဝန်လည်း ဖြစ်ပေသည်။ တာဝန်မှာတော့ အခြားမဟုတ် ဧကရာဇ်အဆင့်ဆေးလုံးများကို ဖော်စပ်ပေးရန်သာ ဖြစ်လေသည်။ ထိုအကြောင်းကြောင့် ရန်ကိုင်မှာ ဤနေရာသို့ ပြန်လာသည့်အခါတွင် သူနှင့်အတူ ဧကရာဇ်အဆင့်ဆေးလုံးများကို ယူလာရန် မမေ့ခဲ့ပေ။ ယခု ကောင်းရွှယ်ထင်း၏ တုံ့ပြန်ပုံကို ကြည့်ရသလောက် ဤစိန်ခေါ်မှုကို အောင်မြင်စွာ ကျော်ဖြတ်သွားနိုင်သည့်ပုံပင်။
“ဒီလောက်ဆေးလုံးအများကြီးကို ဖော်စပ်ပြီးတာတောင် နင့်မှာ ကျင့်ကြံဖို့ ခွန်အားရှိနေသေးတယ်ပေါ့…” ကောင်းရွှယ်ထင်းသည် ရန်ကိုင်အား အံ့အားသင့်တကြီးဖြင့် ကြည့်လိုက်လေသည်။ ဤဆေးလုံးများကို သန့်စင်ထားသူမှာ ရန်ကိုင်ဖြစ်သည်ဟု သူမထင်နေခဲ့ခြင်း ဖြစ်လေသည်။ ရန်ကိုင်အား ကြည့်နေရင်းမှ ကောင်းရွှယ်ထင်း၏အမူအယာ ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး ရန်ကိုင်အား သေသေချာချာကို ထပ်မံစိုက်ကြည့်လိုက်လေသည်။ ထို့နောက် မယုံသင်္ကာဖြင့် “နင့်ကျင့်ကြံခြင်းက…”
ရန်ကိုင်က အဓိပ္ပာယ်ပါပါပြုံးလျက် “စီနီယာအစ်မကောင်းက တကယ်ကို အမြင်စူးရှတာပဲ… စီနီယာအစ်မကောင်းဆီကနေ ဘာကိုမှ ဖုံးကွယ်မထားနိုင်ဘူး…” ထို့နောက် ရန်ကိုင်မှာ သူ၏ဧကရာဇ်ချီကို လှည့်ပတ်၍ သူ့ကျင့်ကြံခြင်းအဆင့်ကို ထုတ်ပြလိုက်လေသည်။
ကောင်းရွှယ်ထင်းမှာ ချက်ချင်းဆိုသလို ထိတ်လန့်သွားတော့လေ၏။ (ဧကရာဇ်ဒုတိယအဆင့်… ဒီကောင် တကယ်ကြီး ဧကရာဇ်ဒုတိယအဆင့်ကို ရောက်နေတာလား… ဘယ်လိုလုပ်ပြီး ဒီလောက်တောင် မြန်ရတာလဲ…)
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၂၂၅)
ဘာသာပြန်သူ_တိမ်တိုက်
ဆယ်နှစ်ကြာပြီးသည့်နောက် ပြန်တွေ့သည့် အချိန်၌ ရန်ကိုင်သည် သူမကဲ့သို့ပင် ဧကရာဇ်ဒုတိယအဆင့်သို့ ရောက်နေခဲ့လေပြီ။ ကောင်းရွှယ်ထင်းမှာ အမှန်တကယ်ကို မယုံနိုင်ပေ။ သို့သော်ငြား အမှန်တရားမှာ သူမ အရှေ့တည့်တည့်တွင် ရှိနေခြင်းဖြစ်သည့်အတွက်ကြောင့် မယုံချင်လည်း ယုံရပေလိမ့်မည်။ [ဒါပေမဲ့ သူ့ကျင့်ကြံနှုန်းက အရမ်းမြန်လွန်းမနေဘူးလား]
ရန်ကိုင်အား ပထမဦးဆုံး စတွေ့စဉ်က အချိန်ကို ကောင်းရွှယ်ထင်း မှတ်မိပေသေးသည်။ ဥတုလေးမျိုးနယ်မြေပွင့်ကာနီးတွင် ရန်ကိုင်သည် သူဖုန်းစားတံဆိပ်ပြားကို ကိုင်၍ နေမင်းပြာကျောင်းတော်ဆီသို့ ရောက်လာခဲ့လေသည်။ ထိုစဉ်က ရန်ကိုင်သည် တာအိုသခင်ပထမအဆင့်သာ ရှိပေသေးသည်။ နှစ်ပေါင်းများစွာကြာသွားပြီး ကြယ်ပျက်ပင်လယ်ထဲမှ ပြန်ထွက်လာချိန်တွင်တော့ ရန်ကိုင်မှာ ဧကရာဇ်အဆင့်သို့ ရောက်နေခဲ့လေ၏။ ယခုနှစ်အနည်းငယ် ထပ်ကြာသွားပြီးသည့်နောက်တွင် ရန်ကိုင်သည် နောက်တစ်ဆင့်သို့ ထပ်မံ ချိုးဖျက်ဝင်ရောက်သွားခဲ့သည်။
ကောင်းရွှယ်ထင်းသည်လည်း ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်သည့်အတွက်ကြောင့် ဤအဆင့်သို့ ရောက်ဖို့ရာ မည်မျှ ခက်ခဲကြောင်းကို သိထားပေသည်။ နေမင်းပြာကျောင်းတော်ထဲတွင် ဧကရာဇ်အဆင့်ပညာရှင်များစွာ ရှိနေကြပါသော်ငြား အများစုမှာ ဧကရာဇ်ပထမအဆင့်များသာ ဖြစ်ကြပေသည်။ ဒုတိယအဆင့်ဆို၍ သုံးဦးသာ ရှိကြပြီး သူမအပါအဝင် ဒုကျောင်းသခင်ချိုရန်နှင့် ကောင်းကင်တက်လမ်းခြင်းကြေးမုံအား စောင့်ကြည့်နေသော အဘွားယုတို့သာ ဖြစ်ကြသည်။
တက်သစ်စ ကြယ်ပွင့်တစ်ပွင့်ဖြစ်သော ရန်ကိုင်ကမူ သူမတို့နောက်သို့ အမီလိုက်နိုင်ခဲ့လေသည်။ လက်ရှိအခြေအနေကို ကြည့်ရသလောက် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ရန်ကိုင်သည် သူမတို့အား ကျိန်းသေ ကျော်တက်သွားပေလိမ့်မည်။
ရန်ကိုင်နှင့် အဆင့်တူလောက်တွင် စခဲ့သော ရှရှန်း၊ ရှောင်ပိုင်ရီနှင့် မုရုန်ရှောင်ရှောင်တို့မှာမူ ဧကရာဇ်ပထမအဆင့် ကျင့်ကြံခြင်းကို တည်ငြိမ်သွားအောင် လုပ်ပြီးရုံသာ ရှိကြပေသေးသည်။ သူတို့အဖို့ ဧကရာဇ်ဒုတိယအဆင့်သို့ ရောက်ဖို့ရာမှာ မည်မျှ ကြာမလဲဆိုသည် မည်သူမျှ မပြောနိုင်ကြပေ။ ရန်ကိုင်နှင့် ယှဉ်လိုက်သော် ထိုပါရမီရှင်ဟုခေါ်သည့် လူအားလုံးမှာ သာမန်ရွက်ကြမ်းရေကျိုများသာ ဖြစ်သွားကုန်ကြလေသည်။
ရန်ကိုင်ကို ကြည့်နေရင်းမှ ကောင်းရွှယ်ထင်း၏ စိတ်ထဲ ရွက်ဟောင်းကြွေ ရွက်သစ်ဝေဟူသော စကားတစ်ခွန်းကို ပြန်သတိရသွားခဲ့သည်။ လက်ရှိ သူမ အရှေ့တွင် ပြုံးကာရပ်နေသည့် လူငယ်လေးသည် အရှိန်အဟုန်ဖြင့် ထွက်လာနေသော ရွက်သစ်ကလေးတစ်ရွက်သာ ဖြစ်လေသည်။ သို့သော်ငြား တစ်နေ့နေ့ တစ်ချိန်ချိန်တွင်တော့ ဤရွက်သစ်ကလေးသည် ကြယ်တာရာအစုအဝေးတစ်ခုလုံးကို လွှမ်းခြုံနိုင်လောက်သည့်အထိ ထွက်ပေါ်လာပေလိမ့်မည်။
"မဆိုးဘူးဘဲ" ကောင်းရွှယ်ထင်းက ထူးမခြားနားဟန်ဖြင့် ချီးကျူးလိုက်သည်။ သို့သော်ငြား သူမ စိတ်ထဲတွင်တော့ အခြားတစ်မျိုးကို ကြိတ်ကာ တွေးနေလေသည်။ [တကယ်ကို မြန်လိုက်တာ၊ သူဘယ်လိုတွေတောင် ကျင့်ကြံနေတာလဲ]
"စီနီယာအစ်မကောင်း၊ ဒီပစ္စည်းတွေနဲ့ဆို ကျုပ် အကြီးအကဲအကျိုးဆောင်မှတ် ဘယ်လောက်လောက်ရနိုင်မလဲ" ရန်ကိုင်က မေးလိုက်လေသည်။
"ဧကရာဇ်အဆင့်ဆေးလုံးတွေက ရဖို့မလွယ်ဘူး၊ ဒီဧကရာဇ်အဆင့်ဆေးလုံးတွေ အကုန်လုံးကို အကြီးအကဲအကျိုးဆောင်မှတ်အဖြစ် ပြောင်းလိုက်မယ်ဆိုရင်တော့ နင်ရမှာတော့ နည်းတာမဟုတ်ဘူး၊ ဒါပေမဲ့ ဘယ်လောက်ရမလဲဆိုတာတော့ ငါလည်းမပြောတတ်ဘူး၊ ဒီကိစ္စကို တာဝန်ယူနေတာက စီနီယာအစ်ကိုချိုဆိုတော့ နင် သူ့ကိုသွားမေးမှ ရလိမ့်မယ်"
"အဲဒါဆို သူ့ဆီသွားကြမယ်လေ" ရန်ကိုင် ထရပ်လိုက်သည်။
"နင်ဘာတွေ ဒီလောက်တောင် အလျင်လိုနေတာလဲ" ကောင်းရွှယ်ထင်းသည် ရန်ကိုင်အား မယုံသင်္ကာဖြင့် ကြည့်လိုက်သည်။
ရန်ကိုင်က အမြန် ပြန်ပြောလိုက်လေ၏။ "အလျင်လိုတာတော့ မဟုတ်ပါဘူး၊ ဒါ ကျုပ်အခုမှ ပထမဦးဆုံးအကြိမ်အဖြစ် နေမင်းပြာကျောင်းတော်အတွက် အကျိုးဆောင်ပေးတာလေ၊ ဒီတော့ ကျောင်းတော်အတွက် ကျုပ်ဘယ်လောက်အထိ အကျိုးဆောင်ပေးနိုင်လဲဆိုတာကို သိချင်တာပေါ့"
"ကောင်းပြီ၊ ငါနင်နဲ့ လိုက်ပြီးတော့ စီနီယာအစ်ကိုချိုနဲ့ တွေ့မယ်၊ သူဘယ်လောက်ပေးမလဲ ကြည့်ကြတာပေါ့" ကောင်းရွှယ်ထင်းလည်း ထရပ်လိုက်လေသည်။
"စီနီယာအစ်မ ရှေ့ကနေသွားလေ" ရန်ကိုင်က အချက်ပြပေးလိုက်လေသည်။
နန်းတော်ဝင်ပေါက်ဆီသို့ လျှောက်လာပြီးသည့်နောက် ကောင်းရွှယ်ထင်းသည် ရုတ်တရက် ကောက်ရပ်လိုက်ပြီး ရန်ကိုင်ဘက်သို့ မယုံသင်္ကာဖြစ်နေသည့် အကြည့်ဖြင့် ပြန်လှည့်ကြည့်လာခဲ့လေသည်။
"စီနီယာအစ်မ ဘာဖြစ်လို့ ကျုပ်ကို အဲဒီလိုမျိုးကြည့်နေတာလဲ၊ ကျုပ်မျက်နှာမှာ တစ်ခုခုပေနေလို့လား" ရန်ကိုင်က ပြန်မေးလိုက်သည်။
"တစ်ခုခုမဟုတ်သေးဘူး" ကောင်းရွှယ်ထင်းက ဖြည်းဖြည်းချင်း ခေါင်းခါလျက်... "ငါ့ကိုအမှန်တိုင်းပြော နင်ဘယ်လိုပြန်လာတာလဲ"
"ဘာကို ဘယ်လိုပြန်လာတာလဲ၊ ကျုပ်ဒီအတိုင်းပဲ ပြန်လာတာလေ" ရန်ကိုင်ကမူ မျက်နှာတည်ဖြင့်သာ လိမ်ညာပြောဆိုလိုက်လေသည်။
"နင်ဒီအတိုင်းပဲ ပြန်လာတာဆိုရင် ဘာဖြစ်လို့ တပည့်တွေက ဘာမှပြန်ပြီးတော့ မတင်ပြတာလဲ၊ ပြီးတော့ နင်အပြင်ကနေလာမယ်ဆိုရင် ငါနေတဲ့ ခရမ်းဝါးတောင်ကို အရင်ဖြတ်လာရမှာ၊ ငါဘာဖြစ်လို့ ဘာမှသတိမထားမိရတာလဲ"
ရန်ကိုင်က ချက်ချင်းပဲ ပြန်ပြောလိုက်လေသည်။ "ကျုပ်က လေဟာနယ်တာအိုမှာ ကျွမ်းကျင်တယ်လေ၊ ဒီတော့ နည်းနည်းပါးပါး တည်နေရာခုန်ကူးလိုက်ရင် ဒီနေရာကို ရောက်လာတာပေါ့၊ အဲဒါကြောင့်ပဲ စီနီယာအစ်မ ကျုပ်ကို သတိမထားမိတာ"
"အဲဒီလိုလား" ကောင်းရွှယ်ထင်းသည် ရန်ကိုင်အား ယုံလည်းမယုံ မယုံသင်္ကာလည်း မဖြစ်သည့် အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။ သို့ပင်ဖြစ်လင့်ကစား ထိုအကြောင်းကို ဆက်မေးမနေတော့ဘဲ သူမဘာသာသူမ ကောင်းကင်ပေါ်သို့ ပျံတက်သွားလေ၏။
ကောင်းရွှယ်ထင်း၏ ကျောပြင်ကို ကြည့်ရင်း ရန်ကိုင်သည် သူ့မေးစေ့ကိုပွတ်၍ တွေးလိုက်လေသည်။ [ငါတစ်နေရာရာမှာများ အမှားလုပ်မိသွားတာလား]
ရန်ကိုင်ကမူ သူအမှားတစ်ခုခု လုပ်မိသည်ဟု မထင်။ ထိုကြောင့် ထိုအကြောင်းကို ခေါင်းခြောက်ခံ စဉ်းစားမနေတော့ဘဲ ကောင်းရွှယ်ထင်း နောက်သို့ လိုက်သွားခဲ့လေသည်။ သို့သော်ငြား ကောင်းရွှယ်ထင်းသည် ပျံသန်းနေရင်းမှ ရုတ်တရက် အခြားတစ်ဖက်ဆီသို့ ကွေ့ပျံသန်းသွားသည်ကို ရန်ကိုင် အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရသည်။
"စီနီယာအစ်မကောင်း၊ လမ်းမှားနေတယ်နော်" ရန်ကိုင်က လှမ်းအော်ပြောလိုက်သည်။ ရန်ကိုင်သည် နေမင်းပြာကျောင်းတော်ထဲတွင် တစ်ခါတစ်ရံသာ နေလေ့ရှိပါသော်ငြား ချိုရန်နေသည့် ကျောက်စိမ်းတောင်သည် ထိုအရပ်တွင် မဟုတ်မှန်းတော့ သိနေပေသည်။ သို့သော်ငြား ကောင်းရွှယ်ထင်းကမူ ရန်ကိုင်အား လျစ်လျူရှု၍ တစ်ခုသော နေရာဆီသို့ ပျံသန်းသွားခဲ့ပြီး တောင်ကြားတစ်ခုတွင် ဆင်းလိုက်လေသည်။
သူမ ဆင်းလိုက်သည့် နေရာကို မြင်သော် ရန်ကိုင် ရင်တဒုန်းဒုန်းခုန်သွားခဲ့လေသည်။
ကောင်းရွှယ်ထင်းသည် တောင်ကြားထဲ၌ ရှိနေသော လိုဏ်ဂူထဲရှိ ဟင်းလင်းပြင်အစီအရင်တစ်ခု အရှေ့တွင် ရပ်နေခဲ့လေသည်။ ရန်ကိုင်သည် လိုဏ်ဂူထဲသို့ စိုးရိမ်တကြီးဝင်လာပြီး လှမ်းအော်ခေါ်လိုက်သည်။ သို့သော်ငြား မည်သည့် ပြန်ထူးသံမျှ မကြားရ။ ထိုအတွက်ကြောင့် အံကြိတ်ကာ အလန့်တကြားပုံစံမျိုးဖြင့် လုပ်လိုက်ရတော့သည်။ "အိုး ဘာကြီးလဲ၊ ဒီမှာအစီအရင်တစ်ခု ရှိနေတာလား"
ကောင်းရွှယ်ထင်းသည် ရန်ကိုင် ဘက်သို့ ပြန်လှည့်လာလျက်... "နင်မသိချင်ယောင်ဆောင်နေရဲတယ်ပေါ့"
ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ "စီနီယာအစ်မကောင်း ဘာကိုပြောနေတာလဲ၊ ကျုပ်က ဘာကို မသိချင်ယောင်ဆောင်ရမှာလဲ"
ကောင်းရွှယ်ထင်းက လှောင်ပြုံးပြုံးလျက်... "ဒီနေရာက ဓားတောင်ရဲ့ ကျောဘက်ခြမ်းပဲ၊ နင့်ပိုင်နက်ထဲမှာ ဘာတွေရှိနေလဲဆိုတာကို နင်မသိဘူးလို့ ပြောချင်နေတာလား"
ရန်ကိုင်က ပြန်ငြင်းလိုက်လေသည်။ "ကျုပ်ဒီအကြောင်းကို တကယ်မသိဘူး" ထို့နောက် ကောင်းရွှယ်ထင်းကို ကြည့်၍ ဆက်ပြောလိုက်သည်။ "စီနီယာအစ်မကောင်း ကျုပ်ကိုမယုံဘူးလား၊ ကျုပ်ဒီအကြောင်းကို တကယ်မသိတာ၊ စီနီယာအစ်မကောင်း သိတဲ့အတိုင်းပဲ ကျုပ်က ဒီမှာ သိပ်ပြီးနေလေ့ရှိတာ မဟုတ်ဘူးလေ၊ ဒီတော့ ဒီမှာဘာတွေဖြစ်နေလဲဆိုတာကို ဘယ်လိုလုပ်ပြီး သိမှာလဲ"
"နင်တကယ် မသိတာလား" ကောင်းရွှယ်ထင်းက ထပ်မေးလေသည်။
"ဟုတ်တယ် တကယ်မသိတာ" ရန်ကိုင်က မျက်နှာတည်ဖြင့် ပြန်ပြောလိုက်သည်။
ထိုအခါ ကောင်းရွှယ်ထင်းက ခေါင်းညိတ်လိုက်ပြီး ဟင်းလင်းပြင်အစီအရင်ကို ပြန်ကြည့်၍... "ဒါကိုကြည့်ရတာ ဟင်းလင်းပြင်အစီအရင်တစ်ခုနဲ့ တူတယ်၊ ပြီးတော့ ခင်းကျင်းထားတာလည်း အဲဒီလောက် မကြာသေးဘူး၊ ဘယ်သူလာခင်းကျင်းသွားတာလဲတော့ မသိဘူး၊ ဂျူနီယာမောင်လေး နင်ဒီမှာတစ်ချက်ရပ်ပြီး ငါ့ကိုစောင့်ကြည့်ထားပေး၊ ငါစစ်ဆေးကြည့်လိုက်ဦးမယ်"
"အင်းအင်း" ရန်ကိုင်မှာ ကောင်းရွှယ်ထင်းအား မည်သို့ ပြောလို့ပြောရမှန်း မသိသည့်အတွက်ကြောင့် ခေါင်းညိတ်ရုံသာ တတ်နိုင်လေသည်။ "ကောင်းပြီလေ၊ သတိထားဦးနော် စီနီယာအစ်မ"
ကောင်းရွှယ်ထင်းသည် အစီအရင်ဆီသို့ လျှောက်သွားပြီး အရင်းအမြစ်ကျောက်အချို့ကို ထုတ်ကာ အစီအရင်ပေါ်ရှိ မြောင်းငယ်လေးများထဲ ထည့်သွင်းလိုက်သည်။ ထို့နောက် ဧကရာဇ်ချီကို ထည့်သွင်း၍ အသက်သွင်းကြည့်လိုက်ရာ အစီအရင်မှာ ဘာဆိုဘာမျှ တုံ့ပြန်မလာခဲ့ပေ။
ရန်ကိုင်ကမူ အပြစ်မကင်းလိုစိတ်ဖြင့် ခေါင်းကိုသာ ငုံ့ထားခဲ့လေသည်။ ဤအစီအရင်မှာ ရန်ကိုင် ခင်းကျင်းထားသည့် အစီအရင်ဖြစ်သည့်အလျောက် သူ၏ ဖြတ်သန်းရေးတံဆိပ်ပြားကိုသာ မကိုင်စွဲထားလျှင် မည်သူမျှ ဤအစီအရင်အား အသက်သွင်းနိုင်လိမ့်မည် မဟုတ်ပေ။ ထိုအကြောင်းကြောင့် ကောင်းရွှယ်ထင်း ရုတ်တရက် မြောက်ဘက်နယ်မြေသို့ ရောက်သွားမည်ကို ရန်ကိုင် စိတ်မပူပေ။
အကြိမ်ကြိမ် ကြိုးစားနေသည့်တိုင် အစီအရင်အား အသက်မသွင်းနိုင်သည့်အတွက်ကြောင့် ကောင်းရွှယ်ထင်းမှာလည်း အစီအရင်ထဲမှ ပြန်ထွက်လာခဲ့ရလေသည်။
ထိုစဥ် ရန်ကိုင်က ပြောလိုက်လေသည်။ "ကြည့်ရတာ ဒီအစီအရင်က မသုံးတာကြာလို့ ပုံမှန်အတိုင်း အလုပ်မလုပ်နိုင်တော့တာနဲ့တူတယ်၊ အဲ့လိုဆိုရင်တော့ ဘာမှအသုံးမဝင်တော့ပါဘူး၊ ဒီအတိုင်းပဲ ထားလိုက်ကြရအောင် စီနီယာအစ်မ"
ကောင်းရွှယ်ထင်းက ခေါင်းခါလျက်... "ဒီအစီအရင်ကို အသက်သွင်းလို့ရတဲ့ အခြား ငါတို့မသိတဲ့ နည်းလမ်းတွေ ရှိရင်ရှိနေမှာ၊ ပြီးတော့ ဒီအစီအရင် ဘယ်နေရာကို ဦးတည်နေလဲဆိုတာကိုလည်း ငါတို့သိရသေးတာ မဟုတ်ဘူး၊ ဒီနေရာက ကျောင်းတော်ရဲ့အတွင်းပိုင်းမှာ ရှိနေတာ၊ ဒီတော့ ဒီလိုအစီအရင်မျိုးကို ဒီနေရာမှာ ဒီအတိုင်းထားပစ်ခဲ့လိုက်လို့မဖြစ်ဘူး၊ အခြားတစ်ယောက်ယောက်သာ ဒီအစီအရင်ကို သုံးပြီး ကျောင်းတော်ထဲ ခိုးဝင်လာခဲ့မယ်ဆိုရင် ငါတို့ အဲဒီလူရောက်လာတာကို ဘယ်သူမှ သတိထားမိမှာမဟုတ်ဘူး"
ရွှင်။
ကောင်းရွှယ်ထင်းသည် သူမ၏ ဓားကို ချက်ချင်းပဲ ဆွဲထုတ်၍ ဓားထဲသို့ ဧကရာဇ်ချီကို ထည့်သွင်းလိုက်လေသည်။
ထိုအချင်းအရာကိုမြင်သော် ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့ပြီး လှမ်းအော်ပြောလိုက်လေ၏ "စီနီယာအစ်မ ဘာလုပ်ချင်နေတာလဲ"
"ဘာလုပ်ရမှာလဲ၊ ဒါကိုဖျက်ဆီးပစ်ရမှာပေါ့၊ မဟုတ်ရင် တစ်ချိန်လုံး ရင်တထိတ်ထိတ်နဲ့ နေနေရမှာ" ပြောပြီးသည့်နောက် သူမသည် အစီအရင်အား ဓားဖြင့် ခုတ်ရန် လုပ်လိုက်လေသည်။
"နေပါဦး" ရန်ကိုင်က လှမ်းအော်ပြောလိုက်သည်။
ကောင်းရွှယ်ထင်းသည် ရန်ကိုင်ကို ကြည့်၍ မေးလိုက်လေ၏။ "ဘာဖြစ်လို့လဲ"
ရန်ကိုင်သည် ခေါင်းကို ကုတ်ရင်းမှ စိုးရိမ်တကြီးဖြင့်... "အဲဒီလိုကြီးလည်း မဆင်မခြင်မလုပ်ပါနဲ့ဦး စီနီယာအစ်မရဲ့၊ ဒါက ဟင်းလင်းပြင်အစီအရင်ကြီးလေ၊ ဒီအစီအရင် ဘယ်ကိုဦးတည်နေမှန်း မသိရသေးပေမဲ့ အခန့်မသင့်ရင် ရတနာပုံကြီး တစ်ခုခုကို ဦးတည်နေတာလည်း ဖြစ်သွားနိုင်တယ်၊ ကျုပ်တို့သာ ဒီအစီအရင်ကို ကမန်းကတန်းနဲ့ ဖျက်ဆီးလိုက်မယ်ဆိုရင် အဲဒီလိုအခွင့်အရေးမျိုးကို ဖျက်ဆီးပစ်လိုက်သလို ဖြစ်သွားမှာပေါ့"
"အဲဒါဆို ငါတို့ဘာလုပ်သင့်တယ်လို့ နင်ထင်လဲ"
ရန်ကိုင်သည် သူ့ရင်ဘတ်ပေါ် လက်တင်၍ ဦးညွှတ်ကာ ပြန်ပြောလိုက်လေသည်။ "ကျုပ်က သိပ်ပြီးတော့ ပါရမီအရမ်းမပါဘူးဆိုပေမဲ့ လေဟာနယ်တာအိုတော့ ကျွမ်းကျင်တယ်၊ စီနီယာအစ်မ ကျုပ်ကို ဒီအစီအရင်ကို လေ့လာခွင့်ပေးလိုက်ပါလား၊ ကံကောင်းရင်တော့ ကျုပ်ဒီကနေ တစ်ခုနှစ်ခုတော့ သိနိုင်တာပေါ့"
"နင်ဘယ်လောက်ကြာမှာလဲ"
"တစ်လ၊ နှစ်လလောက်ပေါ့"
"ဟမ်"
"ဒါမှမဟုတ် နှစ်နှစ်ဆယ်၊ နှစ်ငါးဆယ်လည်း ဖြစ်သွားနိုင်တယ်"
"ဟင်"
ရန်ကိုင်က ထပ်၍ ရှင်းပြလိုက်သည်။ "အတိအကျကြီးတော့ ပြောလို့မရဘူး၊ အတတ်နိုင်ဆုံး ကြိုးစားပေးမယ်လို့ပဲ ပြောလို့ရတယ်"
ကောင်းရွှယ်ထင်းက သူမ လက်ကို ဝှေ့ယမ်းလျက်... "အဲဒီလောက် အလုပ်ရှုပ်ခံနေစရာ မလိုဘူး၊ ဒီအတိုင်းပဲ ဖျက်ဆီးပစ်လိုက်ကြရအောင်၊ ဘေးဖယ်နေ ဂျူနီယာမောင်လေး၊ ဒီအစီအရင်ကိုကြည့်ရတာ တော်တော်အားကောင်းတဲ့ပုံပဲ၊ ငါနည်းနည်းအားစိုက်မှ ရလိမ့်မယ်"
"စီနီယာအစ်မ" ရန်ကိုင်မှာ နဖူးပေါ် လက်တင်ရင်းမှ ကျားကုတ်ကျားခဲ အမူအရာဖြင့် ပြောလိုက်လေသည်။ သူခမျာ ငိုချင်နေပါသော်ငြား မျက်ရည်များမှာ ကျမလာခဲ့။
"နင်ဘာပြောချင်သေးလို့လဲ" ကောင်းရွှယ်ထင်းသည် ရန်ကိုင်အား 'နင်နောက်ဆုံးပြောချင်တဲ့စကား ရှိသေးလား' ဟူသောအကြည့်မျိုးဖြင့် ကြည့်ကာ မေးလိုက်လေသည်။
ရန်ကိုင်က ခေါင်းငုံ့၍... "စီနီယာအစ်မကောင်း တစ်ခုခုသိထားတာလား"
ကောင်းရွှယ်ထင်းက လှောင်ပြုံးပြုံးလျက်... "နင်ငါ့ကို ဘာသိစေချင်လဲဆိုတဲ့အပေါ်မှာပဲ မူတည်မှာပေါ့"
"ဟူး" ရန်ကိုင် သက်ပြင်းချလိုက်လေသည်။ ဆက်၍ဖုံးကွယ်လို့ရတော့မည် မဟုတ်မှန်း သိလိုက်သည့်နောက်.... "စီနီယာအစ်မကောင်း ဘယ်လိုသိသွားတာလဲ"
ရန်ကိုင်မှာ ဤဟင်းလင်းပြင်အစီအရင်ကို သေသေချာချာကို ဖုံးကွယ်ထားခဲ့သည်။ ထိုအပြင် ဓားတောင်မှ အတော်လေးအာဏာရှိသည့် လူများသည်သာ လာနိုင်သည့် နေရာတစ်ခုဖြစ်သည်။ ဤဓားတောင်တစ်ခုလုံးကို ပိုက်စိပ်တိုက် လိုက်မရှာသရွေ့ ဤဟင်းလင်းပြင်အစီအရင်ကို ရှာတွေ့ဖို့ရာ မဖြစ်နိုင်ပေ။
ကောင်းရွှယ်ထင်းက ပြန်ပြောလိုက်လေသည်။ " နင်က ဒီမှာ ပေါ်ချင်တိုင်း ပေါ်လာလိုက်၊ ပြီးရင် ဗြုန်းစားကြီး သဲလွန်စမကျန် ပြန်ပျောက်သွားလိုက်လုပ်နေတာ၊ ဒီတော့ နင့်ပုံစံတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်သူက သံသယမဝင်ဘဲနေမှာလဲ၊ ပြီးတော့ ငါတို့ကျောင်းသခင်က အားအားယားယားဖြစ်နေတဲ့လူလေ၊ ဒီတော့ လွန်ခဲ့တဲ့ ဆယ်နှစ် နင်မရှိတုန်း ဒီဓားတောင်တစ်ခုလုံးကို ပိုက်စိပ်တိုက်လိုက်စူးစမ်းခဲ့တယ်၊ ဒီလိုအစီအရင်တစ်ခုလောက်က သူ့မြင်ကွင်းအောက်ကနေ ပုန်းကွယ်နေနိုင်မယ်လို့ နင်ထင်လို့လား၊ သူ့မှာ အစီအရင်တွေကို ထိန်းချုပ်နိုင်တဲ့ ပိုပြီး အဆင့်မြင့်တဲ့ကျောက်စိမ်းပြား ရှိပြီးသား၊ ဒီတော့ အခုငါ့ကို ပြောပေတော့၊ ဒီအစီအရင် ဘယ်ကိုဦးတည်နေတာလဲ"
ရန်ကိုင်က မျက်လွှာချ၍ ပြန်ပြောလိုက်လေသည်။ "မြောက်ဘက်နယ်မြေ"
"ထက်ကောင်းကင်နန်းတော်လား" ကောင်းရွှယ်ထင်း မျက်ခုံးပင့်သွားခဲ့သည်။
ရန်ကိုင် ခေါင်းညိတ်ပြလိုက်လေ၏။
"ထင်ထားတဲ့အတိုင်းပဲ ဒါက နယ်မြေခြားဟင်းလင်းပြင်အစီအရင် ဖြစ်နေတာကိုး" ကောင်းရွှယ်ထင်းက အေးစက်စက်အမူအရာဖြင့် နှာခေါင်းရှုံ့လျက်... "ဒါကို နင်ခင်းကျင်းထားတာလား"
ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်သည်။ "ဟုတ်တယ်"
"နင်ဘာတွေ ဒီလောက်တောင် ခိုးကြောင်ခိုးဝှက် လုပ်ချင်နေရတာလဲ"
"ခိုးကြောင်ခိုးဝှက် လုပ်နေတာ မဟုတ်ဘူး၊ စီနီယာအစ်မကောင်းတို့ကို ပြောပြလို့ရမဲ့ အချိန်ကောင်းကို စောင့်နေတာ" ရန်ကိုင်က ပြန်ပြောလိုက်သည်။
ပြောစရာမလိုအောင်ပင် ရန်ကိုင် ပြောသည့် စကားကို ကောင်းရွှယ်ထင်း ယုံလိမ့်မည် မဟုတ်ပေ။ သူမက ဤအစီအရင်အား ရှာတွေ့သွားခဲ့သည့်အတွက်ကြောင့်သာ မဟုတ်လျှင် ရန်ကိုင် ပြောသည့် အချိန်ကောင်းဆိုသည်မှာ မည်သည့်အခါမှ ရောက်လာခဲ့လိမ့်မည် မဟုတ်ပေ။ သို့ပင်ဖြစ်လင့်ကစား ရန်ကိုင် ဘာကြောင့်ဤကဲ့သို့လုပ်ရသလဲဆိုသည်ကိုတော့ ကောင်းရွှယ်ထင်း နားမလည်နိုင်ပေ။
"ငါဒီအစီအရင်ကို ဘာဖြစ်လို့ အသက်သွင်းလို့မရတာလဲ" ကောင်းရွှယ်ထင်းအဖို့ ဟင်းလင်းပြင်အစီအရင်ကို ယခုမှသာလျှင် ပထမဦးဆုံးအကြိမ် အသုံးပြုဖူးခြင်း မဟုတ်။ ရှင်းရှင်းပြောရသော် သူမနှင့် ဝမ်ကျိရှန်းတို့ နှစ်ဦးစလုံး ဤအစီအရင်ကို ရှာတွေ့စဉ်က ဤအစီအရင်ကို အသက်သွင်းရန် ကြိုးစားခဲ့ဖူးသည်။ သို့သော်ငြား မည်သို့မှ အသက်သွင်း၍ မရခဲ့ပေ။
"အဲဒီအစီအရင်ကို ကျုပ်ကိုယ်တိုင် သန့်စင်ထားတဲ့ တံဆိပ်ပြားတွေရှိမှပဲ အသက်သွင်းလို့ရမှာ" ရှာတွေ့သွားပြီဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်အနေဖြင့် ဘာမျှ ဖုံးကွယ်နေ၍ မရတော့ပေ။ နေမင်းပြာကျောင်းတော်သည် သူ့အပေါ် အမြဲတစေကောင်းခဲ့ပေသည်။ ရန်ကိုင်အနေဖြင့် ဟင်းလင်းပြင်အစီအရင်အကြောင်းကို ထုတ်မပြောရခြင်းမှာ ကောင်းရွှယ်ထင်းက သူ့အား လက်တိုလက်တောင်း ကောင်လေးတစ်ဦးသဖွယ် အသုံးပြုမည်ကို စိုးရိမ်သည့်အတွက်ကြောင့်သာ ဖြစ်လေသည်။
ရန်ကိုင် ဧကရာဇ်အဆင့် ဆေးပညာရှင်တစ်ဦးဖြစ်မှန်း နေမင်းပြာကျောင်းတော်မှ လူများ သိထားကြပြီးသားပင်။ နေမင်းပြာကျောင်းတော်သည် ရန်ကိုင်အား သူတို့အတွက် ဧကရာဇ်အဆင့်ဆေးလုံးများကို ဖော်စပ်ပေးစေလိုခြင်း ဖြစ်ပေသည်။ သို့သော်ငြား ရန်ကိုင်မှာ ဆေးပညာပေါ် အာရုံစိုက်နေရန် အချိန်မရှိ။ ဤအတွက်ကြောင့် ထက်ကောင်းကင်နန်းတော်တွင်သာ ပုန်းအောင်းနေခဲ့လေသည်။ ကံမကောင်းစွာဖြင့် ဟင်းလင်းပြင်အစီအရင်ကို ရှာတွေ့သွားသည့်အတွက်ကြောင့် ကောင်းရွှယ်ထင်းမှာ လိုအပ်လာလျှင် လိုအပ်လာသလို သူ့ဆီသို့ အချိန်မရွေး ရောက်လာပေနိုင်တော့မည်။
"ဘာတံဆိပ်ပြားလဲ ငါ့ကိုပြ"
"မပြလို့မရဘူးလား" ရန်ကိုင်သည် ကောင်းရွှယ်ထင်းအား ကြည့်လိုက်လေသည်။
ကောင်းရွှယ်ထင်းမှာတော့ နင်ပေးမလား၊ မပေးဘူးလားဟူသော မျက်နှာထားမျိုးဖြင့် သူမ လက်ကို ဆန့်ထုတ်ထားလိုက်လေသည်။ ထို့ကြောင့် ရန်ကိုင်လည်း ရွေးချယ်စရာမရှိတော့ဘဲ တံဆိပ်ပြားကို ထုတ်ပေးလိုက်ရသည်။ ရန်ကိုင်မှ ထုတ်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် ကောင်းရွှယ်ထင်းသည် တံဆိပ်ပြားကို ဆတ်ခနဲ ဖမ်းယူပြီး စတင် လေ့လာကြည့်တော့သည်။ ဤတံဆိပ်ပြားဆီမှ မည်သည့်ထူးဆန်းသည့် အရာကိုမျှ အာရုံမခံမိပါသော်ငြား တံဆိပ်ပြားဆီမှ သိမ်မွေ့သည့် လေဟာနယ်နိယာမစွမ်းအားတို့ ဖြာထွက်နေသည့်ပုံပင်။ ထို့နောက်တွင် ကောင်းရွှယ်ထင်းသည် တံဆိပ်ပြားကို သူမ၏ သိုလှောင်လက်စွပ်ထဲသို့ ထည့်သိမ်းလိုက်လေသည်။
ထိုအချင်းအရာကိုမြင်သော် ရန်ကိုင်၏ မျက်နှာကြီး မဲ့သွားခဲ့လေသည်။ သို့သော်ငြား ဘာမျှတော့ သွားမပြောရဲခဲ့ပေ။