အခန်း (၃၂၃၆-၃၂၄၀)
Vol. 141 Ch. 3236-3240
အပိုင်း (၃၂၃၆)
ဘာသာပြန်သူ_တိမ်တိုက်
မြေပြင်ပေါ်တွင် လဲနေကြသည့် အာကာယံကောင်းကင်ဂိုဏ်း၏ ဧကရာဇ်အဆင့်ပညာရှင်များအားလုံး မင်သက်ကုန်ကြလေသည်။ အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်လွန်းလှသည့်အတွက်ကြောင့် မျက်လုံးများ ကျွတ်ထွက်လုမတတ် ပြူးကျယ်နေခဲ့သည်။ (ငါတို့ဂိုဏ်းချုပ် တစ်ချက်တောင်မခံနိုင်တာလား…)
အလားတူပင် မီးနဂါးနန်းတော်မှလူများသည်လည်း ကြောင်နေကြလေသည်။ လက်ရှိ သူတို့ရှေ့ရှိမြင်ကွင်းမှာ အလွန်ကိုမှ မယုံကြည်နိုင်စရာကောင်းနေသည်ဟု သူတို့စိတ်ထဲ ခံစားနေခဲ့ရသည်။ (မီချီက ဧကရာဇ်တတိယအဆင့်ပညာရှင်တစ်ဦးပဲကို ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အားနည်းနေရတာလဲ…)
မွန်းစတားဘုရင်သုံးပါးသည်လည်း တစ်ဦးနှင့်တစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြလေသည်။ သူတို့သည်လည်း အနည်းငယ်ထိတ်လန့်နေမိသည်။ ရန်ကိုင် ယခင်ကထက် အများကြီးပိုမိုအားကောင်းလာမှန်း သိထားသည့်တိုင် ဤမျှအားကောင်းလိမ့်မည်ဟုတော့ မထင်ထားခဲ့ပေ။ လူအိုကြီးတောက်မှာလည်း စိုးရိမ်တကြီးဖြင့် တံတွေးတစ်လုပ်မျိုချလိုက်ရင်းမှ သူ့လက်ထဲရှိအရက်ဘူးကို မော့ချလိုက်လေသည်။
မီချီမှာတော့ မြေပြင်ထဲသို့ ကျွံဝင်သွားပြီးသည့်နောက် သူ့ခေါင်းတစ်ခုလုံး လုံးဝကို မူးဝေသွားသလို ခံစားလိုက်ရလေသည်။ အတန်ကြာသွားသည့်အခါမှသာလျှင် သူ့ခေါင်း အနည်းငယ်ပြန်လည်ကြည်လင်လာခဲ့ပြီး ဗလောင်ဆူနေသည့် သူ့ရင်တစ်ခုလုံးကို တတ်နိုင်သမျှ ထိန်းချုပ်၍ အပေါ်သို့ မော့ကြည့်လိုက်ရာ ရန်ကိုင်မှ သူ့ရှေ့တည့်တည့်တွင် ဝဲနေကြောင်း တွေ့လိုက်ရလေသည်။
ရန်ကိုင်သည် မီချီရှေ့တွင် ဝဲနေရင်းမှ မီချီ၏လှံကို သူ့လက်ထဲ၌ ဆော့ကစား၍ မီချီရှေ့တည့်တည့်သို့ ထိုးချလိုက်လေ၏။
“ညှာတာပေးပါ…” မီချီက ထအော်လေသည်။ “နန်းတော်သခင်ရန်… ကျေးဇူးပြုပြီး ကျုပ်အသက်ကို ချမ်းသာပေးပါ…”
ယခုအချိန်သို့ ရောက်လာပြီ ဖြစ်သည့်အတွက်ကြောင့် အသက်ရှင်ဖို့ရာမှာ အရေးအကြီးဆုံး ဖြစ်လာခဲ့လေပြီ။ သူ့ဂုဏ်သတင်းကိုလည်း လုံးဝ ဂရုမစိုက်နိုင်တော့။ သူ့အသက်ကိုသာ ဆုံးရှုံးလိုက်ရမည်ဆိုလျှင် ဂုဏ်သတင်းမှာ ဘာများအရေးပါဦးမည်နည်း။ လှံထိပ်ဖျားသည် မီချီ၏ပါးကို ဖြတ်ကျော်၍ သူ့ဆံပင်စများကို ဖြတ်တောက်သွားခဲ့လေသည်။ မီချီကိုယ်တိုင်မှာတော့ သေမင်းခံတွင်းမှ ပွတ်ကာသီကာလေး လွတ်မြောက်လာခဲ့ရသည့်အပေါ် ရင်တုန်ပန်းတုန် ဖြစ်နေခဲ့လေသည်။ ကြောက်ရွံ့မှုကြောင့် သေးထွက်လုမတတ်ပင် ဖြစ်သွားခဲ့ရသည်။
“ကျွတ် ကျွတ်…” ရန်ကိုင်က အထင်အမြင်တသေးဖြင့် နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် လှံကို သူ့ခြေထောက်ဘေးနားတွင် စိုက်ချ၍ အော်မေးလိုက်လေသည်။ “ဘယ်သူဆက်တိုက်ချင်သေးလဲ…”
ယခုနေမှတော့ မည်သူကများ ရန်ကိုင်အား သွားရောက်တိုက်ခိုက်ရဲပါဦးမည်နည်း။ အာကာယံကောင်းကင်ဂိုဏ်းမှ ဧကရာဇ်အဆင့်ပညာရှင်အားလုံး မွန်းစတားဘုရင်များကြောင့် မြေပြင်ပေါ်တွင် လဲနေကုန်ကြလေပြီ။ ယင်ဖေးနှင့်တိုက်ခိုက်ခဲ့ကြသည့် ဧကရာဇ်အဆင့်ပညာရှင်များဆိုလျှင် လက်သည်းရာများနှင့် သွေးသံတရဲရဲဖြစ်နေသလို သူတို့၏ကျင့်ကြံခြင်းမှာလည်း ချိတ်ပိတ်ထားခြင်း ခံရသည့်အတွက်ကြောင့် ဒဏ်ရာများကို ပြန်လည်ကုစားနိုင်ခြင်း မရှိကြချေ။ ရှဲ့ဝူဝေနှင့် တိုက်ခိုက်ခဲ့ကြသည့် ဧကရာဇ်အဆင့်ပညာရှင်များဆိုလျှင်လည်း ခန္ဓာကိုယ်ထက် အစိမ်းရောင်အရည်ကြည်ဖုများ ပေါက်နေကြကုန်လေ၏။ အသားအရေမှာလည်း ဖြူဖတ်ဖြူလျော်နှင့် အစိမ်းဖျော့ရောင်တောက်နေလေရာ အဆိပ်မိထားသည်မှာ အသိသာကြီးပင်။ ယခု အာကာယံကောင်းကင်ဂိုဏ်း၏ ဧကရာဇ်အဆင့်ပညာရှင်အားလုံး ဘာဆိုဘာမျှ မလုပ်နိုင်တော့လေရာ မည်သူကများ ရန်ကိုင်အား ယှဉ်ပြိုင်တိုက်ခိုက်နိုင်ပါဦးမည်နည်း။ ထို့အပြင် တိုက်ပွဲစသည်မှာ ဆယ့်ငါးမိနစ်ကျော်လေးသာ ရှိပေသေးသည်။
“နန်းတော်သခင်ရန်… ကျေးဇူးပြုပြီး ကျုပ်တို့အသက်ကို ချမ်းသာပေးပါ…” တာအိုသခင်အဆင့်တွင် ရှိနေသော ကျင့်ကြံသူအားလုံး တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်ချကာ ကြောက်လန့်တကြားဖြင့် အော်ဟစ်အသနားခံလိုက်ကြလေသည်။
မီချီ၏မျက်လုံးများမှာတော့ မှိန်ကျနေခဲ့လေသည်။ သူ့အား ကျောပေးထားသည့်လူကိုကြည့်ရင်း ထိုလူဘေးနား၌ရှိနေသော လှံအား လှမ်းကြည့်လိုက်သည်။ သူ့စိတ်ထဲ အလစ်ချောင်းတိုက်ခိုက်ချင်စိတ်များ ဖြစ်ပေါ်လာခဲ့ပါသော်ငြား ထိုသို့လုပ်ရဲသည့်သတ္တိ ရှိမနေခဲ့ပေ။ ရန်ကိုင် သူ့အား ယခုကဲ့သို့ ကျောပေးထားသည်မှာလည်း တမင်သက်သက်သာဖြစ်သည်ဟု သူ့စိတ်ထဲ ခံစားနေခဲ့ရလေသည်။
ရန်ကိုင်သည် လူအုပ်ကြီးကိုဝေ့ကြည့်လျက် အေးစက်စက်လေသံဖြင့် ပြောပြလိုက်လေသည်။ “ခင်ဗျားတို့ အသက်ရှင်မလား မရှင်ဘူးလားဆိုတာကတော့ ခင်ဗျားတို့ဂိုဏ်းချုပ် ဘယ်လိုဆုံးဖြတ်လဲဆိုတဲ့အပေါ်မှာ မူတည်လိမ့်မယ်…”
မီချီသည် ရင်ဘတ်ကို လက်တစ်ဖက်ဖြင့် ဖိရင်းမှ ခက်ခက်ခဲခဲဖြင့် ကုန်းထလာခဲ့သည်။ ထို့နောက်တွင် သူ့လက်အောက်ငယ်သားများဘက်သို့ လှည့်ကြည့်လိုက်ရာ အကုန်လုံးမှာ အသက်ရှင်လိုသည့်အကြည့်များဖြင့် သူ့အား ကြည့်နေကြောင်း တွေ့လိုက်ရလေသည်။ ယခုနေမှတော့ မီချီလည်း ဘာပြောနိုင်ပါဦးမည်နည်း။ သူသည် ရန်သူထက်မှ ပိုအားမကောင်းလေပဲ။ (အညံ့ခံဖို့ပဲ ရှိတော့တာပေါ့…)
ယခုတိုက်ပွဲတွင် အကုန်လုံးမှာ ဒဏ်ရာဆိုးဆိုးရွားရွား ရသွားခဲ့ပါသော်ငြား မည်သူမှ မသေဆုံးခဲ့ပေ။ ရန်ကိုင်ဘက်မှလူများသည် သူတို့လက်စကို အတော်လေးထိန်းခဲ့သည်ဟု ပြော၍ရပေသည်။ မီချီသည် သက်ပြင်းအမောကြီးချလိုက်ရင်းမှ ဦးညွှတ်၍ လက်သီးဆုပ်ကာ ပြောလိုက်လေသည်။ “အာကာယံကောင်းကင်ဂိုဏ်း နန်းတော်သခင်ရန်လက်အောက်ကို ခိုဝင်ဖို့ ဆန္ဒရှိပါတယ်… ကျေးဇူးပြုပြီး ကျုပ်တို့အသက်ကို ချမ်းသာပေးပါ နန်းတော်သခင်ရန်…”
ရန်ကိုင်သည် မီချီအား စောင်းကြည့်၍ မျက်နှာသေအမူအယာဖြင့် ပြောလိုက်သည်။ “ဒီကိစ္စက အရမ်းအရေးကြီးတဲ့ကိစ္စနော် ဂိုဏ်းချုပ်မီ… ခင်ဗျား စဉ်းစားချင်သေးရင် သေသေချာချာ စဉ်းစားလို့ရသေးတယ်… ကျုပ် အလျင်မလိုသေးဘူး… ခင်ဗျား ကျုပ်လက်အောက်ကို လိုလိုလားလားနဲ့ ခိုဝင်ချင်တယ်ဆိုရင်တော့ တစ်မျိုးပေါ့… မဝင်ချင်ဘူးဆိုရင်လည်း ခင်ဗျားကိုယ်ခင်ဗျား အရမ်းတွန်းအားပေးနေစရာမလိုဘူး… တော်ကြာ ကျုပ်က အနိုင်ကျင့်ပါတယ်ဆိုပြီးတော့ သတင်းတွေပြန့်နေဦးမယ်…”
(ငါ့အသက်က မင်းလက်ထဲ ရောက်နေပြီကို ငါက ဘာကိုစဉ်းစားနေရဦးမှာလဲ…) မီချီ စိတ်ထဲမှနေ၍ ကြိတ်ကာ ကျိန်ဆဲလေသည်။ (တကယ်ကို အရှက်မရှိတဲ့ကောင်… ငါတို့ဘက်က ဘာမှပြန်မလုပ်နိုင်တာကို ငါက ဘာတွေဆက်ပြီးတော့ စဉ်းစားနေရဦးမှာလဲ… ဒါလည်း မင်းလိုချင်တာပဲမဟုတ်ဘူးလား… အခု မင်းလိုချင်တာကို ရနေပြီကို ဘာတွေအိုက်တင်ခံနေချင်သေးတာလဲ… ငါတို့ကိုသာ မြန်မြန် အဆိပ်ဖြေဆေးတွေ ပေးစမ်းပါ…)
သူ့စိတ်ထဲ ထိုကဲ့သို့ အတွန့်တက်နေလင့်ကစား မီချီမှာတော့ သူ့အတွေးများကို မျက်နှာထက် မပေါ်စေရဲခဲ့ဘဲ အလျင်အမြန်သာ ပြန်ပြောလိုက်လေသည်။ “နန်းတော်သခင်ရန်ရဲ့ခွန်အားကို မမြင်နိုင်ခဲ့မိတဲ့ ကျုပ်တို့အာကာယံကောင်းကင်ဂိုဏ်းကို ကျေးဇူးပြုပြီးတော့ ခွင့်လွှတ်ပေးပါ နန်းတော်သခင်ရန်… အခုကနေစပြီးတော့ အာကာယံကောင်းကင်ဂိုဏ်းက နန်းတော်သခင်ရန်လက်အောက်ကို အပြည့်အဝ ခိုဝင်ပါ့မယ်…”
ရန်ကိုင်က မျက်မှောင်လေးကျုံ့လျက် ပြန်ပြောလိုက်လေသည်။ “ဂိုဏ်းချုပ်မီ… ခင်ဗျားက ဂိုဏ်းချုပ်တစ်ယောက်ဆိုတော့ ကိုယ့်စကားကိုယ်တည်တဲ့လူ ဖြစ်မယ်ဆိုတာ ကျုပ်ယုံပြီးသား… ဒီတော့ ခင်ဗျားပြောတာကို ကျုပ်ယုံတယ်… ခင်ဗျားရဲ့ဆန္ဒကို ကျုပ် လက်ခံတယ်…”
ထိုစကားကိုကြားသော် မီချီ၏မျက်နှာကြီး မဲ့သွားခဲ့လေသည်။ ယခုမှသာလျှင် သူ့ရှေ့ရှိလူ မည်မျှအရှက်မဲ့ကြောင်းကို သဘောပေါက်သွားတော့သည်။ (ငါ့ကိုပဲ တမင်တကာ အတင်း လက်မလျှော့ လျှော့အောင် လာလုပ်နေပြီးတော့ အခု ငါလက်လျှော့လိုက်တော့ ဘာတဲ့… ငါကပဲ သူ့လက်အောက်ကို ခိုဝင်ချင်တာလေး ဘာလေးနဲ့ တကယ်ကို အရှက်မရှိတဲ့ကောင်…)
သို့သော်ငြား မီချီစိတ်ထဲ နားမလည်နိုင်သည့် အချက်တစ်ချက်တော့ ရှိပေသည်။ (ငါတို့အာကာယံကောင်းကင်ဂိုဏ်းက ထက်ကောင်းကင်နန်းတော်ကို ဒီလောက်ရန်စထားတာလည်းမဟုတ်ပါဘူး… ဘာဖြစ်လို့ ငါတို့ကိုမှ လာပြီး တိုက်ခိုက်ရတာလဲ… ငါ သူ့အပေါ် အကြွေးတင်နေတယ်ဆိုရင်တောင် အကြွေးကို နှစ်တိုင်း ပြန်ပြီးတော့ပေးနေတာပဲဟာကို… ဘာဖြစ်လို့ ငါတို့ကို လာတိုက်ခိုက်ရတာလဲ… ထက်ကောင်းကင်နန်းတော် ဘယ်လောက်အားကောင်းလဲဆိုတာကို ပြချင်နေတာလား… )
သူ့စိတ်ထဲ ထိုကဲ့သို့သော သံသယများ ရှိနေလင့်ကစား မီချီသည် ပြုံး၍သာ ပြန်ပြောလိုက်လေသည်။ “ကျေးဇူးအများကြီးတင်ပါတယ် နန်းတော်သခင်ရန်…”
ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “စကားနဲ့ပြောလို့ကတော့ သိပ်အသုံးဝင်မှာမဟုတ်ဘူး… နန်းတော်သခင်မီ… လက်တွေ့ပြပေး…”
ထိုစကားကြောင့် မီချီ အံ့အားသင့်သွားခဲ့ပြီး သတိထား၍ ပြန်မေးလိုက်လေသည်။ “နန်းတော်သခင်ရန်က ဘယ်လိုလက်တွေ့ပြစေချင်တာလဲ…” (ငါ့ကိုယ်ငါ ဒီလောက်ထိတောင် နှိမ့်ချပြီးသွားပြီလေ… သူ ဘာဖြစ်လို့ ငါ့အပေါ် ဒီလောက်ထိတောင် ရန်လိုနေရသေးတာလဲ…) မီချီစိတ်ထဲ တွေးလိုက်လေသည်။ (မတန်မတရားတွေ လာပြီးတောင်းဆိုမယ်ဆိုရင်တော့ ငါ သေသေချာချာ စဉ်းစားဖို့လိုသွားပြီ…)
ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “ကျုပ်လုပ်ခိုင်းချင်တာက… နန်းတော်သခင်မီ… ခင်ဗျား အခုကနေစပြီးတော့ ဒီအနီးအနားတစ်ဝိုက်မှာရှိနေတဲ့ ခင်ဗျားတို့လက်အောက်ကမြို့တွေနဲ့ လက်အောက်ခံဂိုဏ်းတွေအကုန်လုံး ထက်ကောင်းကင်နန်းတော်ရဲ့ လက်အောက်ငယ်သားတွေ ဖြစ်သွားပြီဆိုတဲ့ အမိန့်ကို ရေးခိုင်းချင်တာ…”
“ဟမ်…” ထိုစကားကိုကြားသော် မီချီစိတ်ထဲ ဆတ်ခနဲ ခေါင်းမော့လာခဲ့လေသည်။ ယနေ့အဖြစ်အပျက်သည်ပင်လျှင် သူ့အတွက် အလွန်ကိုမှ အရှက်ရဖွယ် ကောင်းနေလေပြီ။ သို့သော်ငြား ယနေ့အဖြစ်အပျက်ကို မြင်သွားသည့်လူမှာ အာကာယံကောင်းကင်ဂိုဏ်းမှ လူများသာ ဖြစ်ကြသည်။ ယနေ့အဖြစ်အပျက် သတင်းပြန့်သွားခဲ့မည်ဆိုလျှင်ပင် အာကာယံကောင်းကင်ဂိုဏ်းမှလူများ နှုတ်ပိတ်နေမည်ဆိုပါက အခြားသူများ ဘာဆိုဘာမှတတ်နိုင်ကြလိမ့်မည်မဟုတ်ပေ။ သို့သော်ငြား သူတို့သည်သာ ထိုကဲ့သို့အမိန့်မျိုးကို ထုတ်ပြန်လိုက်မည်ဆိုလျှင်တော့ လုံးဝကို မတူကွဲပြားသည့် ကိစ္စရပ်တစ်ခု ဖြစ်သွားခဲ့လေပြီ။
အာကာယံကောင်းကင်ဂိုဏ်း၏လက်အောက်တွင် မြို့ပေါင်းများစွာနှင့် ဂိုဏ်းပေါင်းများစွာ ရှိကြပေသည်။ ယနေ့အကြောင်းကိုသာ သူတို့ဘာသာ သွား၍ ထုတ်ပြလိုက်မည်ဆိုပါက ယနေ့အဖြစ်အပျက်သည် တစ်ခဏလေးအတွင်းမှာပင် မြောက်ဘက်နယ်မြေတစ်ခုလုံးအနှံ့ ပြန့်သွားပေလိမ့်မည်။
(သူက ငါတို့အာကာယံကောင်းကင်ဂိုဏ်းကို ဒီလောက်ထိ အရှက်ခွဲချင်နေတာလား… မြောက်ဘက်နယ်မြေရဲ့ ထိပ်တန်းဂိုဏ်းကြီးတစ်ဂိုဏ်းက လက်အောက်ခံဂိုဏ်းတစ်ဂိုဏ်း ဖြစ်သွားတယ်ဆိုတဲ့အကြောင်းကို ငါက ဘယ်လိုလုပ်ပြီး ထုတ်ပြောရမှာလဲ…)
“ဟမ်…” ရန်ကိုင်၏အမူအယာ အေးစက်သွားခဲ့လေသည်။ “ဂိုဏ်းချုပ်မီကိုကြည့်ရတာ တုံ့ဆိုင်းနေတဲ့ပုံပဲနော်… ဒါဆို ခုနတုန်းက ဂိုဏ်းချုပ်မီပြောသွားတာ ဒီအတိုင်း လျှာရိုးမရှိ လျှောက်ပြောတဲ့စကားတွေလား…”
“မဟုတ်ပါဘူး… ဘယ်လိုလုပ်ပြီး ဟုတ်ရမှာလဲ…” မီချီက သူ့လက်ကို အလျင်စလိုဝှေ့ယမ်း၍ “ဒါပေမယ့် ဒီကိစ္စက…”
မီချီ သူ့စကားအား ဆုံးအောင်မပြောနိုင်သေးခင်မှာပင် ရန်ကိုင်သည် ကောင်းကင်ပေါ်သို့မော့ကြည့်၍ ထူးမခြားနားဟန်ဖြင့် ပြောလိုက်သည်။ “ဂိုဏ်းချုပ်မီက တကယ်ကို မပြတ်သားတာပဲ… အဲ့လိုလူမျိုးက ဂိုဏ်းတစ်ဂိုဏ်းကို ဦးဆောင်ဖို့မသင့်ဘူး… ကြည့်ရတာ ဂိုဏ်းချုပ်ရာထူးကို အခြားတစ်ယောက်ဆီ တာဝန်ပေးမှ ရမယ်နဲ့တူတယ်…”
(သူ ဘာပြောချင်နေတာလဲ… ငါ့ကို ဂိုဏ်းချုပ်ရာထူးကနေ ဆင်းခိုင်းချင်နေတာလား…) အခြားတစ်ဦးသာဆိုလျှင်တော့ မီချီ အရေးစိုက်လိမ့်မည်မဟုတ်ပါသော်ငြား ယခုစကားကို ပြောနေသည့်လူမှာ ရန်ကိုင်ဖြစ်လေသည်။ သူ့အသက်မှာ ရန်ကိုင်၏လက်ထဲသို့ ရောက်နေပြီဖြစ်လေရာ ရန်ကိုင်သည်သာ နောက်ထပ်ဂိုဏ်းချုပ်တစ်ဦးကို တင်မြှောက်လိုပါက သူ့စိတ်ရှိတိုင်း အချိန်မရွေး လုပ်ပစ်နိုင်ပေသည်။
ထိုအချက်ကို စဉ်းစားမိလိုက်သည့်အခိုက် မီချီ ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ပြီး ဘာမှဆက်တွေးနေရဲခြင်းမရှိတော့ဘဲ အံကိုတင်းတင်းကြိတ်ကာ ပြောလိုက်လေသည်။ “ကျုပ်လုပ်ပါ့မယ်… ကျုပ် ရေးပါ့မယ်…”
ရန်ကိုင်က ပြောလိုက်သည်။ “ကျုပ် ခင်ဗျားကို တွန်းအားပေးနေတာမဟုတ်ဘူးနော်… ကျုပ် ခင်ဗျားကို တွန်းအားပေးနေလည်း အပိုပဲ…”
မီချီက ပြန်ပြောလိုက်သည်။ “ကျုပ်တကယ်လုပ်ချင်တာပါ နန်းတော်သခင်ရန်… ကျေးဇူးပြုပြီး နားလည်ပေးပါ…”
“အဲ့လိုဆိုမှတော့ ခင်ဗျား အခု တစ်ခါတည်းရေးလိုက်ပါလား… ကျုပ်လည်း တစ်ချက်ကြည့်ရအောင်လို့လေ…” ရန်ကိုင်က သူ့မေးစေ့ကိုပွတ်၍ ပြောလိုက်လေသည်။
မီချီလည်း ကျောက်စိမ်းပြားတစ်ခုကို ချက်ချင်းထုတ်၍ ထိုထဲသို့ ကောင်းကင်စိတ်အာရုံကို ထည့်သွင်းကာ ရေးပြလိုက်လေသည်။
ရန်ကိုင်သည် ဒဏ်ရာရနေသော အာကာယံကောင်းကင်ဂိုဏ်းမှ ဧကရာဇ်အဆင့်ပညာရှင်များကို မေးငေါ့ပြလျက် ပြောလိုက်လေသည်။ “သူတို့ကို သွားကုပေးလိုက်တော့…”
ယင်ဖေးသည် အာကာယံကောင်းကင်ဂိုဏ်းမှ ဧကရာဇ်အဆင့်ပညာရှင်များရှေ့တွင် ချက်ချင်းပေါ်လာပြီး ထိုလူများ၏ကျင့်ကြံခြင်းအား ချိတ်ပိတ်ထားသည်ကို ဖြည်ပေးလိုက်လေသည်။ ရှဲ့ဝူဝေသည်လည်း သူ့ပါးစပ်ကိုဟ၍ ဧကရာဇ်အဆင့်ပညာရှင်များဆီမှ အဆိပ်များကို ပြန်လည်စုပ်ယူလိုက်လေသည်။
ချိတ်စည်းနှင့် အဆိပ် ပြေသွားသည့်နောက်တွင် ဧကရာဇ်အဆင့်ပညာရှင်များသည် ကုသရေးဆေးလုံးအသီးသီးကို ထုတ်သောက်၍ ဒဏ်ရာများကို အလျင်စလို ကုစားကြတော့လေသည်။
မကြာခင်တွင် မီချီ ရေးလို့ပြီးသွားခဲ့ပြီး ကျောက်စိမ်းပြားကို ရန်ကိုင်လက်ထဲသို့ ထည့်ပေးလာခဲ့လေသည်။ “နန်းတော်သခင်ရန်… ကျေးဇူးပြုပြီး တစ်ချက်ကြည့်ကြည့်ပါဦး…”
ရန်ကိုင်လည်း ကျောက်စိမ်းပြားကို စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် မျက်မှောင်ကျုံ့၍ ကျောက်စိမ်းပြားကို မီချီဆီသို့ ပြန်ပစ်ပေးကာ “အာကာယံကောင်းကင်ဂိုဏ်းက မြောက်ဘက်နယ်မြေရဲ့ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းပဲ… ခင်ဗျားဂိုဏ်းကို ဘာဖြစ်လို့ ဒီလောက်တောင် နှိမ့်ချထားရတာလဲ… အခြားသူတွေ ခင်ဗျားကို အထင်သေးကုန်မှာပေါ့…”
ထိုစကားကိုကြားသော် မီချီမှာ ရယ်ရခက် ငိုရခက် ဖြစ်သွားခဲ့လေသည်။ (ငါနဲ့ ငါ့လူတွေရဲ့အသက်က မင်းလက်ထဲကိုရောက်နေတာ… ငါ့ကိုယ်ငါမနှိမ့်ချလို့ ဘယ်လိုလုပ်ပြီးဖြစ်မှာလဲ… ဟူး… တကယ်ကို စိတ်ညစ်ဖို့ကောင်းလိုက်တဲ့ကောင်ကွာ… အဲ့ဒါနဲ့များ သူ့ဘာသာသူရေးလိုက်ပါလား… ဘာဖြစ်လို့ ငါ့ကို အလုပ်ရှုပ်ခံပြီး လာရေးခိုင်းနေရတာလဲ… ဆိုးရွားလိုက်တဲ့ ငါ့ဘဝပါလားကွာ… ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်တာတောင် သူများခိုင်းသမျှ တောက်တိုမယ်ရကိစ္စတွေကို အကုန်လိုက်လုပ်ပေးနေရတယ်…)
ခဏအကြာ၌ နောက်ထပ်အမိန့်ပြန်တမ်းတစ်ခုကို ရေးလို့ပြီးသွားခဲ့လေပြီ။ ထိုအရာကို စစ်ဆေးကြည့်လိုက်ပြီးသည့်နောက် ရန်ကိုင်က ခေါင်းညိတ်၍ “ဒီလိုမှပေါ့… ဒါကိုကူးပြီးတော့…” ထိုသို့ပြောနေရင်းမှ ရန်ကိုင်သည် ဒဏ်ရာများကို ကုသနေသော အာကာယံကောင်းကင်ဂိုဏ်းမှ အကြီးအကဲများနှင့် ကာကွယ်သူများကို လှမ်း၍ကြည့်လိုက်သည်။ ထို့နောက် ထိုလူများ၏အရေအတွက်ကို ရေတွက်ကြည့်၍ ဆက်ပြောလိုက်လေသည်။ “ဒါကို ရှစ်စုံကူးလိုက်…”
မီချီမှာလည်း ဘာမျှပြန်မပြောရဲခဲ့ပဲ ပြောသည့်အတိုင်း နောက်ထပ်ရှစ်စုံ ထပ်ကူးရေးပေးလိုက်လေသည်။
ရန်ကိုင်က ထပ်ပြောလိုက်သည်။ “ခင်ဗျားတို့ဂိုဏ်းက ဧကရာဇ်အဆင့်ပညာရှင်တစ်ယောက်ကို ပြန်တမ်းတစ်ခုစီကိုင်ပြီးတော့ အရပ်မျက်နှာတစ်ခုစီသွားရမယ်… ပြီးတော့ ခင်ဗျားတို့လက်အောက်မှာရှိနေတဲ့ အင်အားစုတွေအကုန်လုံးကို အခုချိန်ကနေစပြီးတော့ အာကာယံကောင်းကင်ဂိုဏ်းက ထက်ကောင်းကင်နန်းတော်လက်အောက်ဆီ ခိုဝင်သွားပြီဆိုတဲ့အကြောင်းကို ပြောရမယ်… ပြီးရင် အဲ့အကြောင်းကို မြောက်ဘက်နယ်မြေတစ်ခုလုံးသိအောင် လုပ်ပေးရမှာနော်…”
ထိုစကားကိုကြားသော် အာကာယံကောင်းကင်ဂိုဏ်းမှ အကြီးအကဲများအားလုံး မျက်လုံးအပြူးသားဖြင့် ရန်ကိုင်အား စိုက်ကြည့်လာကြလေသည်။ အလားတူပင် မီချီ၏မျက်နှာထက် အမျိုးမျိုးသော စိတ်ခံစားချက်များ ဖြတ်ပြေးသွားခဲ့လေသည်။ သူ့မျက်နှာထက် ယူကျုံးမရဖြစ်မှု၊ နာကြည်းမှု၊ ရန်လိုမှုတို့ ရှိနေခဲ့သည်။ မူလကမူ ဤပြန်တမ်းအား ရေးပေးရမည်ဆိုလျှင် ယနေ့ သူတို့အာကာယံကောင်းကင်ဂိုဏ်း ကြုံခဲ့ရသည့်အဖြစ်အပျက် သတင်းပြန့်သွားဖို့ရာ အချိန်ယူရဦးမည်ဟု ထင်ခဲ့သည်။ သို့သော်ငြား ရန်ကိုင်သည် သူတို့အာကာယံကောင်းကင်ဂိုဏ်းမှ အကြီးအကဲတစ်ဦးချင်းစီအား အာကာယံကောင်းကင်ဂိုဏ်းသည် ထက်ကောင်းကင်နန်းတော်ဆီသို့ ခိုဝင်သွားပြီဟူသော သတင်းကို လျှောက်ဖြန့်ခိုင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။
(ဒီကောင်က ငါတို့အာကာယံကောင်းကင်ဂိုဏ်းတစ်ခုလုံးရဲ့ ဂုဏ်သိက္ခာနဲ့ဂုဏ်သတင်းကို ရစရာမရှိအောင် ဖျက်ဆီးပစ်နေတာပဲ… ဒီလိုသာဖြစ်ပြီးသွားရင် အာကာယံကောင်းကင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်တဲ့ငါက မြောက်ဘက်နယ်မြေမှာ ဘယ်မျက်နှာနဲ့ လူရှေ့သူရှေ့ ထွက်ရဦးမှာလဲ… ငါတို့အာကာယံကောင်းကင်ဂိုဏ်းကလည်း မြောက်ဘက်နယ်မြေတစ်ခုလုံးရဲ့ လှောင်ပြောင်စရာ ဖြစ်သွားမှာပေါ့ကွ…)
စစ်သည်တော်တစ်ဦးအတွက် အရှက်ခွဲခံရကာ အသက်ရှင်ရခြင်းထက် သေလိုက်ခြင်းက ပို၍မြတ်သည်ဟု ပြောလေ့ရှိကြပေသည်။ လက်ရှိအချိန်တွင် မီချီစိတ်ထဲ ရန်ကိုင်နှင့် သူသေကိုယ်သေ တိုက်ခိုက်ချင်စိတ်များပင် ဖြစ်ပေါ်လာခဲ့ရသည်။ ရန်ကိုင်မှ သူ့အား တမင်သက်သက်ကို အရှက်ခွဲနေသည်ဟု သူ့စိတ်ထဲ ခံစားနေရလေသည်။ သို့သော်ငြား ရန်ကိုင်၏ အေးစက်စက်အကြည့်နှင့် အကြည့်ချင်းဆုံလိုက်မိသည့်အခိုက် မီချီတစ်ကိုယ်လုံး ကြောက်ရွံ့မှုကြောင့် တုန်တုန်ရီရီ ဖြစ်သွားခဲ့သည်။ သူသည်သာ ရန်ကိုင်အား ထတိုက်ခိုက်မည်ဆိုလျှင် ရန်ကိုင် သူ့အပေါ် လုံးဝ ညှာတာပေးလိမ့်မည်မဟုတ်ဟု မီချီစိတ်ထဲ ခံစားနေခဲ့ရလေသည်။ ထို့အတွက်ကြောင့် လက်သီးကို တင်းတင်းဆုပ်ထားမိလိုက်ပါသော်ငြား အဆုံးတွင်တော့ ဒေါသကို ရှေ့တန်းတင်၍ မလှုပ်ရှားခဲ့ပေ။ သူ့ကိုယ်သူသာ ပြန်လည်၍ နှစ်သိမ့်ပေးလိုက်လေ၏။ (ဘယ်လိုပဲဖြစ်ဖြစ် သေတာထက်တော့ အသက်ရှင်နေတာက ပိုပြီးကောင်းပါတယ်… အရှက်ခွဲခံရတယ်ဆိုရင်ရော ဘာဖြစ်လဲ…)
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၂၃၇)
ဘာသာပြန်သူ_တိမ်တိုက်
မီချီသည် တင်းတင်းဆုပ်ထားသည့်လက်သီးကို ဖြည်းဖြည်းချင်းဖြေလျှော့လျက် ပြန်ပြောလိုက်လေသည်။ “ကောင်းပါပြီ…”
“ဒီကိစ္စက အရေးကြီးတယ်… မြန်မြန်သွားကြပေတော့…” ရန်ကိုင်က ထပ်ပြောလိုက်လေသည်။
မီချီ ကူကယ်ရာမဲ့နေခဲ့လေသည်။ သူရေးထားသောပြန်တမ်းများကို အကြီးအကဲများဆီသို့ လှမ်းပစ်၍ အမိန့်ပေးလိုက်လေသည်။ “နန်းတော်သခင်ရန်ပြောတာကို ကြားလိုက်တယ်မလား… သွားပေတော့…”
ထို့နောက်တွင် သူ့ဘဝ၌ ဘာမှလုပ်စရာမရှိတော့သည့် ပုံစံမျိုးဖြင့် သူ့လက်ကို ဝှေ့ယမ်းပြလိုက်သည်။
ဒဏ်ရာများမှ ပြန်လည်သက်သာလာခြင်း မရှိသေးသော အကြီးအကဲများမှာ တစ်ဦးကိုတစ်ဦး ကြောင်တောင်တောင်ဖြင့် ကြည့်လိုက်ကြသည်။ သူတို့၏မျက်လုံးများထဲ ဝမ်းနည်းမှု၊ ဒေါသတရားတို့ကို အတိုင်းသား မြင်တွေ့နေခဲ့ရသည်။ သို့သော်ငြား သူတို့ရင်ထဲ မကျေမနပ်ဖြစ်နေသည့်တိုင် သူတို့လုပ်နိုင်သည့်အရာ ဘာမျှရှိမနေခဲ့ပေ။ သူတို့အားလုံးမှာ ရန်သူ၏ပြိုင်ဘက် မဖြစ်နိုင်ခဲ့။ ဂိုဏ်းချုပ်သည်ပင်လျှင် ဦးညွှတ်နေရလေရာ သူတို့သည်လည်း ပြောသည့်အတိုင်း လုပ်ရုံသာ ရှိတော့လေသည်။
အကြီးအကဲများသည် ကျောက်စိမ်းပြားများကို သယ်၍ အရပ်တစ်မျက်နှာတစ်ခုစီဆီသို့ ချက်ချင်းထွက်သွားခဲ့ကြလေသည်။ လက်ရှိအချိန်တွင် သူတို့မှာ ဒဏ်ရာရထားကြပါသော်ငြား ထိုဒဏ်ရာများမှာ ဆိုးဆိုးရွားရွားမဟုတ်လှ။ သွားရင်းနှင့်မှ ထိုဒဏ်ရာများကို တဖြည်းဖြည်းပြန်ကုသွား၍ ရပေသည်။ ယခုအခါမှသာလျှင်လည်း မွန်းစတားဘုရင်နှစ်ပါး ဘာကြောင့် သူတို့အား ဒဏ်ရာရအောင်သာလုပ်ခဲ့ပြီး မသတ်ခဲ့သလဲဆိုသည်ကို နားလည်သွားကြတော့သည်။ မွန်းစတားဘုရင်များသည် ဤအခိုက်အတန့်အတွက် သူတို့အား လက်တိုလက်တောင်း ခိုင်းနိုင်စေရန် အသက်ရှင်လျက် ထားထားခြင်း ဖြစ်လေသည်။
လက်ရှိအဖြစ်အပျက်တစ်ခုလုံးသည် ကြိုတင်စီစဉ်ထားသည့်ကိစ္စသာ ဖြစ်လေသည်။ အာကာယံကောင်းကင်ဂိုဏ်း၏ ဧကရာဇ်အဆင့်ပညာရှင်အားလုံးသည်သာ သေသွားခဲ့လျှင် မီချီ ထက်ကောင်းကင်နန်းတော်အား အညံ့ခံလိုက်ကြောင်းကို မည်သူက ကြေညာပါတော့မည်နည်း။ အခြားတစ်ယောက်ကကြေညာသည်ထက် အာကာယံကောင်းကင်ဂိုဏ်း၏ ကာကွယ်သူများနှင့် အကြီးအကဲများက ကြေညာခြင်းသည် ပို၍ ယုံကြည်ရပေသည်။
ထိုအကြောင်းကြောင့် အာကာယံကောင်းကင်ဂိုဏ်း ထက်ကောင်းကင်နန်းတော်လက်အောက်သို့ အညံ့ခံလိုက်သည့်သတင်းသည် တောမီးပမာ တစ်ခဏလေးအတွင်း ပျံ့နှံ့သွားပေတော့မည်။ ထိုအကြောင်းကိုတွေးရင်းမှ မီချီမှာ ကြိတ်၍သာ သက်ပြင်းချနေတော့လေသည်။ လက်ရှိအဖြစ်အပျက်ကြောင့် သူ့မျက်နှာမှာ နှစ်ပေါင်းများစွာ ပိုမိုအိုစာသွားသလို ဖြစ်သွားခဲ့လေသည်။
“မင်းတို့အားလုံး ထပေတော့… ဒူးထောက်မနေကြတော့နဲ့… ငါတို့ အခုချိန်ကစနေပြီးတော့ တစ်မိသားစုတည်းဖြစ်သွားပြီ…” ရန်ကိုင်သည် ဒူးထောက်နေသည့် အာကာယံကောင်းကင်ဂိုဏ်းမှ တပည့်များကို ကြည့်ရင်းမှ လှမ်းပြောလိုက်သည်။
အကုန်လုံးမှာ မလှုပ်ရှားရဲကြသေးဘဲ မီချီကို လှမ်း၍ကြည့်လိုက်ကြလေသည်။ ထိုအခါ မီချီက ထအော်လေ၏။ “မင်းတို့ နားပင်းနေတာလား… နန်းတော်သခင်ရန်ပြောနေတာကို မကြားဘူးလား… မင်းတို့ ဒူးထောက်ချင်နေတယ်ဆိုရင်လည်း သေတဲ့ထိသာ ထောက်နေလိုက်ပေတော့… ထကို ထမနေတော့နဲ့…”
(ဆန်ကုန်မြေလေးကောင်တွေ… ငါတို့အာကာယံကောင်းကင်ဂိုဏ်းက ဒီလောက်သွေးကြောင်တဲ့လူတွေကို ဘယ်လိုလုပ်ပြီး ပျိုးထောင်ပေးမိလိုက်တာလဲမသိဘူး… ရန်သူကို မနိုင်ရင်လည်း မနိုင်ဘူးပေါ့… ဒါပေမယ့် ဟိုက စကားလေးနည်းနည်းပါးပါးပြောလိုက်ရုံနဲ့ ဒူးထောက်ရလောက်တဲ့ထိ ကြောက်နေကြတာလား…)
မီချီ၏အော်ပြောသံကို ကြားပြီးသည့်နောက် အကုန်လုံး ကမန်းကတန်း ထရပ်လာကြလေသည်။
မီချီက အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေ၏။ “အခုကနေစပြီးတော့ မင်းတို့ ငါ့အမိန့်ကို မနာခံရင် မနာခံလို့ရမယ်… နန်းတော်သခင်ရန်ရဲ့အမိန့်ကိုတော့ မနာခံလို့ မရဘူးနော်…”
“နားလည်ပါတယ်…” အကုန်လုံးမှာ စိတ်မပါလက်မပါလေသံများဖြင့် ပြန်ဖြေလိုက်ကြလေသည်။
မီချီက အားတင်းပြုံးလျက် “နန်းတော်သခင်ရန် အခြားပြောစရာရှိသေးလား…”
ရန်ကိုင်က ဘာမျှပြောစရာမရှိတော့ကြောင်း လက်ဝှေ့ယမ်းပြလိုက်သည်။ ထို့နောက် လူအိုကြီးတောက်ဘက်သို့လှည့်၍ “ဆရာ… စိတ်ထဲမထားဘူးဆိုရင် အထဲသွားပြီးတော့ ရေနွေးကြမ်းသောက်ကြရအောင်လေ…”
ထိုစကားကိုကြားသော် မီချီ ရန်ကိုင်အား မျက်စောင်းထိုးလိုက်လေသည်။ (ငါ့အာကာယံကောင်းကင်ဂိုဏ်းကိုများ သူ့နေရာလိုလို ဘာလိုလိုနဲ့ လာသုံးနေသေးတယ်…) ထိုသို့ပင်ဖြစ်လင့်ကစား မီချီမှာ ဘာမှတော့ သွားမပြောရဲခဲ့ပေ။ ရန်ကိုင်အား အညံ့ခံလိုက်ပြီဖြစ်လေရာ အာကာယံကောင်းကင်ဂိုဏ်းသည် ရန်ကိုင်၏ ပိုင်နယ်နယ်မြေတစ်စိတ်တစ်ပိုင်း ဖြစ်သွားခဲ့လေသည်။
လူအိုကြီးတောက်သည် တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ခေါင်းညိတ်လိုက်လေ၏။ “ကောင်းပြီလေ…”
လူအိုကြီးမှာ လျို့ယန်နှင့် ကျို့ဖုန်း မည်ကဲ့သို့ပတ်သက်သလဲဆိုသည်ကို အမှန်တကယ် သိချင်နေလေသည်။
“ကြွပါဦး…” ရန်ကိုင်က လူအိုကြီးတောက်အား အရင်ဝင်ရန် အချက်ပြလိုက်သည်။ လူအိုကြီးတောက်လည်း ငြင်းမနေခဲ့ဘဲ ရှေ့မှ ဦးဆောင်ဝင်သွားလေ၏။ ထို့နောက် ရန်ကိုင်က လိုက်ဝင်သွားခဲ့ပြီး မွန်းစတားဘုရင်သုံးပါးကမူ သူတို့နောက်မှ လိုက်လာကြလေသည်။ မီချီကမူ လီကျောက်နှင့် စကားပြောလိုသည့်အတွက်ကြောင့် နောက်ဆုံးမှာသာ ကျန်ရစ်ခဲ့သည်။
လီကျောက်မှာ စေတနာဖြင့် မီချီအား အညံ့ခံရန် ပြောခဲ့သည်။ သို့သော်ငြား မီချီကမူ ခေါင်းမာနေခဲ့ပြီး လူအိုကြီးတောက်ကိုသာ ဖိတ်ခေါ်လိုက်မည်ဆိုလျှင် ရန်ကိုင်တို့အား ပြန်လှန်တွန်းလှန်နိုင်လိမ့်မည်ဟု ယုံကြည်နေခဲ့သည်။ ထိုအကြောင်းကြောင့်ပင်လျှင် ယခုကဲ့သို့အဖြစ်ဆိုးမျိုးနှင့် ကြုံခဲ့ရခြင်း ဖြစ်လေသည်။ ထိုအချင်းအရာကိုမြင်ပြီးသည့်နောက် သက်ပြင်းချလိုက်ပြီး နှစ်သိမ့်ပေးလိုဟန်ဖြင့် မီချီ၏ပုခုံးကို ပုတ်ပေးလိုက်သည်။
တစ်ချိန်တည်းတွင် မီချီမှ လီကျောက်အား ကောင်းကင်စိတ်အာရုံဖြင့် လှမ်း၍ပြောလိုက်လေသည်။ “ရောင်းရင်းလီ… မင်းနဲ့ငါ ရင်းနှီးလာတာ နည်းတော့တာမဟုတ်ဘူး… ငါ့ကိုအမှန်အတိုင်းပြော… နန်းတော်သခင်ရန် ဘာဖြစ်လို့ ငါတို့အာကာယံကောင်းကင်ဂိုဏ်းကို တမင်သက်သက် အရှက်ခွဲနေရတာလဲ… ငါ သူ့ကို ဘယ်တုန်းက ရန်စလိုက်လို့လဲ… သူ့ကိုတင်နေတဲ့အကြွေးတွေကိုလည်း ငါ နှစ်တိုင်းပြန်ပေးနေတာပဲ… ဘာဖြစ်လို့ ငါတို့အပေါ် ဒီလိုလုပ်ရတာလဲ…”
လီကျောက်ကမူ ခေါင်းမော့၍သာ တွေးလိုက်လေသည်။ (အခုမှတော့ အဲ့အကြောင်းကို တွေးနေလို့လည်း ဘာထူးဦးမှာလဲ… အရင်တစ်ကြိမ် ငါလာပြောတုန်းက မင်းပဲ ငါ့ကို မောင်းထုတ်ပစ်ခဲ့တာလေ…)
ထိုသို့ပင်တွေးနေလင့်ကစား လီကျောက်မှာ အနားပေါ် ဆားထပ်မဖြူးချင်သည့်အတွက်ကြောင့် ခါးသက်သက်အမူအယာဖြင့် ပြုံး၍သာ ပြန်ပြောလိုက်လေသည်။ “ရောင်းရင်းမီ… နန်းတော်သခင်ရန်က မင်းကို တမင်သက်သက် အရှက်ခွဲနေတယ်လို့ ထင်နေတာလား…”
“မဟုတ်လို့လား…” မီချီက ပြန်ပြောလိုက်သည်။ (တမင်သက်သက် အရှက်ခွဲချင်တာမဟုတ်လို့ရှိရင် ဘာဖြစ်လို့ ငါတို့ကို အခုလိုမျိုး လုပ်ခိုင်းရမှာလဲ…)
“မင်းတို့ကို တမင်သက်သက် အရှက်ခွဲနေတာမဟုတ်ဘူး…” လီကျောက်က ခေါင်းခါလိုက်သည်။
မီချီက ပြန်မေးလိုက်လေသည်။ “အဲ့ဒါဆို ဘာဖြစ်လို့ အခုလိုမျိုး လုပ်နေရတာလဲ…”
“သူ့ဂုဏ်သတင်းကို တည်ဆောက်ချင်လို့ပဲ…” လီကျောက်က ပြန်ပြောလိုက်သည်။
ထိုစကားကြောင့် မီချီ အံ့အားသင့်သွားခဲ့လေသည်။ “သူ့ဂုဏ်သတင်းကိုတည်ဆောက်ဖို့… ဘာလို့ တည်ဆောက်ချင်တာလဲ…”
ထက်ကောင်းကင်နန်းတော် ထွက်ပေါ်လာသည်မှာ မကြာသေးပါသော်ငြား မြောက်ဘက်နယ်မြေ၏ ထိပ်တန်းဂိုဏ်းများအနက် တစ်ဂိုဏ်းအပါအဝင် ဖြစ်နေပြီဟု ပြော၍ရပေသည်။ (ထက်ကောင်းကင်နန်းတော်က မြောက်ဘက်နယ်မြေရဲ့ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်း ဖြစ်နေပြီပဲကို… ဘာလို့ သူ့ဂုဏ်သတင်းကို ထပ်ပြီး တည်ဆောက်ချင်နေရသေးတာလဲ…)
လီကျောက်သည် တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ပြန်ပြောလိုက်လေသည်။ “နန်းတော်သခင်ရန်က မြောက်ဘက်နယ်မြေတစ်ခုလုံးကို စုစည်းပစ်ချင်တာ…”
ထိုကိစ္စမှာ အချိန်အကြာကြီး လျှို့ဝှက်ချက်အဖြစ် ရှိနေနိုင်တော့လိမ့်မည် မဟုတ်သည့်အတွက်ကြောင့် ယခုနေ မီချီအား ပြောပြော မပြောပြော ကိစ္စမရှိတော့ပေ။
လီကျောက်ပြောသည့်စကားကိုကြားသော် မီချီ အလွန်ကိုမှ ထိတ်လန့်သွားခဲ့ပြီး ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့လေသည်။ အတန်ကြာသည့်အခါမှသာလျှင် အသိပြန်ဝင်လာခဲ့ကာ အလန့်တကြားအမူအယာဖြင့် မေးလိုက်လေသည်။ “မြောက်ဘက်နယ်မြေတစ်ခုလုံးကို စုစည်းဖို့…”
အခြားသောနယ်မြေကြီးသုံးခုနှင့် မတူသည်မှာ မြောက်ဘက်နယ်မြေတစ်ခုလုံးကို စီမံကွပ်ကဲနေသည့် မဟာဧကရာဇ်ဂိုဏ်း မရှိပေ။ ဆေးလုံးတောင်ကြားသည် မဟာဆေးဧကရာဇ် နေထိုင်နေသည့်နေရာ ဖြစ်ပါသော်ငြား ဆေးလုံးတောင်ကြားမှာ မြောက်ဘက်နယ်မြေ၏ ကိစ္စများနှင့် ပတ်သက်လာသော် ဝင်ပါလေ့မရှိပေ။ ထိုအကြောင်းကြောင့် မြောက်ဘက်နယ်မြေတွင် ဦးဆောင်သူမရှိ ဖြစ်နေသည်ဟု ပြော၍ရပေသည်။ တောင်ဘက်နယ်မြေတွင် ကြယ်ဝိဉာဉ်နန်းတော်ရှိပြီး အနောက်ဘက်နယ်မြေတွင် အရိပ်သတ်ဖြတ်သူနန်းတော်ရှိကာ အရှေ့ဘက်နယ်မြေတွင်မူ ရှုယဉ်သာဝိဉာဉ်နန်းတော်ရှိပေသည်။
ရန်ကိုင်သည် ဤကဲ့သို့သော အစီအစဉ်မျိုးကို တွေးရဲလိမ့်မည်ဟု မီချီ လုံးဝ မထင်ထားခဲ့ပေ။ ထို့အတွက်ကြောင့် ပြန်၍မေးလိုက်လေ၏။ “သူ အခုလိုလုပ်မယ်ဆိုရင် လူထုတစ်ခုလုံးရဲ့ ဘုံရန်သူဖြစ်လာမှာကို မကြောက်ဘူးလား…”
လီကျောက်က ပြန်ပြောလိုက်လေသည်။ “အဲ့ဒါကြောင့်ပဲ သူ့ဂုဏ်သတင်းကို တည်ဆောက်ချင်နေတာလေ…”
မီချီမှာ အရူးမဟုတ်ပေ။ သူသည် အနည်းငယ် သွေးကြောင်လိမ့်မည်ဖြစ်ပါသော်ငြား ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးတော့ ဖြစ်နေဆဲ။ သူ့လက်ရှိရာထူးကို ရထားဖို့ရာအတွက်နှင့် အာကာယံကောင်းကင်ဂိုဏ်းတစ်ခုလုံးကို ထိန်းချုပ်ဖို့ရာ အားကောင်းရုံသာလျှင်မဟုတ် သေချာစဉ်းစားတတ်ရန်လည်း လိုအပ်ပေသေးသည်။ ယခင်က ရန်ကိုင် သူ့ဂုဏ်သတင်းအား ဘာကြောင့် တည်ဆောက်ချင်နေရသလဲဆိုသည်ကို မသိခဲ့ပါသော်ငြား ယခု လီကျောက်ရှင်းပြသည်ကို ကြားပြီးသည့်နောက် နားလည်သွားခဲ့လေပြီ။
ရှင်းရှင်းပြောရသော် အာကာယံကောင်းကင်ဂိုဏ်းသည် မြောက်ဘက်နယ်မြေ၏ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်း ဖြစ်လေသည်။ ထိုသို့ဖြစ်လေရာ အာကာယံကောင်းကင်ဂိုဏ်းသည်ပင်လျှင် ထက်ကောင်းကင်နန်းတော်၏ အနိုင်ယူခြင်း ခံလိုက်ရမည်ဆိုပါက အခြားမည်သည့်အင်အားစုကများ ထက်ကောင်းကင်နန်းတော်ကို ပြန်လည် ယှဉ်ပြိုင်တိုက်ခိုက်နိုင်ပါဦးမည်နည်း။
ထိုအကြောင်းသည်သာ သတင်းပျံ့သွားခဲ့မည်ဆိုလျှင် မည်သူကမှ ထက်ကောင်းကင်နန်းတော်အား ခုခံရဲကြတော့လိမ့်မည်မဟုတ်ပေ။
ရုတ်တရက်ဆိုသလို မီချီမှာ ရယ်ရခက် ငိုရခက် ဖြစ်သွားတော့လေသည်။ “အဲ့ဒါလေးအတွက်လား… အဲ့ဒါလေးအတွက်နဲ့ ငါတို့အာကာယံကောင်းကင်ဂိုဏ်းက ပစ်မှတ်ထားခံရတာပေါ့…”
လီကျောက်သည် မီချီ၏ပုခုံးကိုပုတ်၍ သက်ပြင်းချကာ ပြောလိုက်လေသည်။ “အကောင်းစိတ်သာမွေးထား… အနည်းဆုံးတော့ မင်း အသက်ရှင်နေသေးတယ်လေ…”
ရှင်းရှင်းပြောရသော် အာကာယံကောင်းကင်ဂိုဏ်းမှာ အမှန်တကယ်ကို ကံမကောင်းခဲ့ခြင်း ဖြစ်လေသည်။ မြောက်ဘက်နယ်မြေထဲရှိ ထိပ်တန်းဂိုဏ်းများအနက် ရေခဲနှလုံးသားတောင်ကြားနှင့် ရန်ကိုင်မှာ အလွန်ကိုမှ ရင်းနှီးကြသည်။ လီကျောက်နှင့်ရန်ကိုင်မှာလည်း အမျိုးမျိုးသောအတွေ့အကြုံများကြောင့် အတော်လေးကိုမှ ရင်းနှီးလာခဲ့လေရာ ရန်ကိုင်မှာ သူ့ဂုဏ်သတင်းအား တည်ဆောက်လိုပါက အာကာယံကောင်းကင်ဂိုဏ်းကို ပစ်မှတ်ထားဖို့သာ ရှိတော့လေသည်။ ထိုအကြောင်းကြောင့် မီချီမှာ ကံဆိုးလွန်းလှသည်ဟုသာ ပြော၍ရတော့လေသည်။
တကယ်တော့ အာကာယံကောင်းကင်ဂိုဏ်းသည် မြောက်ဘက်နယ်မြေ၏ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းပင် မဟုတ်ပေလော။ အခြားသောဂိုဏ်းတစ်ဂိုဏ်းဂိုဏ်းကို အနိုင်ယူလိုက်ခြင်းထက် အာကာယံကောင်းကင်ဂိုဏ်းကို အနိုင်ယူလိုက်ခြင်းသည် ပို၍ထိရောက်မှုရှိပေသည်။
မီချီ သက်ပြင်းအမောကြီးချလိုက်သည်။ ယခုမှတော့ သူ့အနေဖြင့် ဘာမှ ထပ်ပြောနေလို့လည်း မထူးတော့ပေ။ မည်သို့ပင် ဖြစ်နေစေကာမူ ရန်ကိုင်မှ မြောက်ဘက်နယ်မြေတစ်ခုလုံးအား စုစည်းရန် စဉ်းစားထားကြောင်းကို ကြားသိရပြီးသည့်နောက် သူ့စိတ်ထဲ အနည်းငယ် နေရထိုင်ရ အဆင်ပြေလာခဲ့လေသည်။ အကြောင်းမှာ ရန်ကိုင်မှ သူ၏ အာကာယံကောင်းကင်ဂိုဏ်းကို တမင်သက်သက် အရှက်ခွဲနေခြင်းမဟုတ်မှန်း သိသွားသည့်အတွက်ကြောင့်ပင်။
မကြာမီ ရန်ကိုင်တို့အဖွဲ့ ခန်းမထဲသို့ ရောက်လာခဲ့လေသည်။ ဤနေရာရှိ ပိုင်ရှင်ဖြစ်သည်နှင့်အညီ မီချီမှာ ချက်ချင်း စတင်ပြင်ဆင်တော့လေသည်။ ယခင်စားသောက်ပွဲမှ အကြွင်းအကျန်များကို ရှင်းပစ်ရန် ပြောခဲ့ပြီး စားစရာအသစ်များဖြင့် အစားထိုးပြင်ဆင်ပေးခိုင်းလေသည်။ ထို့နောက် ကချေသည်များကို ကပြရန် ဖိတ်ခေါ်လိုက်လေသည်။ ထိုသို့ဖြင့် ခန်းမတစ်ခုလုံးမှာ တီးလုံးသံများ၊ ကခုန်မှုများဖြင့် တစ်ဖန်ပြန်လည် ပြည့်နှက်သွားတော့လေသည်။ လက်ရှိအချိန်တွင်တော့ ယခင်က မီချီထိုင်နေခဲ့သည့်နေရာတွင် ရန်ကိုင်ထိုင်နေခဲ့လေသည်။ ထို့အပြင် ဤနေရာ၌ မီချီမှလွဲ၍ အာကာယံကောင်းကင်ဂိုဏ်းမှ မည်သည့် ဧကရာဇ်အဆင့်ပညာရှင်မှ ရှိမနေခဲ့။ ထို့အစား မွန်းစတားဘုရင်သုံးပါးနှင့် မီးနဂါးနန်းတော်မှ ဧကရာဇ်အဆင့်ပညာရှင်များသာ ရှိနေကြလေသည်။
ရန်ကိုင်မှာ အရက်ခွက်ကိုမြှောက်၍ ဂုဏ်ပြုစကားဆိုလိုက်ရာ အကုန်လုံးမှာလည်း ခွက်အသီးသီးကိုမြှောက်ကာ ပါဝင်ဆင်နွှဲကြလေသည်။ သုံးလေးငါးခွက်လောက် သောက်ပြီးသည့်အခါမှသာလျှင် ရန်ကိုင်မှာ လူအိုကြီးတောက်နှင့် စ စကားပြောလေ၏။ အတန်ကြာအောင် စကားပြောပြီးသည့်နောက် တစ်ဦးနာမည်တစ်ဦး သိလာခဲ့ရသည်။ သို့သော်ငြား ရန်ကိုင်မှ ဤစားသောက်ပွဲကို ကျင်းပရသည့် အကြောင်းအရင်းမှာ လူအိုကြီးတောက်အား နဂါးကျွန်းအကြောင်းကို မေးမြန်းလိုသည့်အတွက်ကြောင့်သာ ဖြစ်လေသည်။
နဂါးကျွန်းပေါ်တွင် ပြဿနာရှာပြီးသည့်နောက်တွင် ရန်ကိုင်သည် နဂါးနန်းတော်မှတစ်ဆင့် အဆင့်နိမ့်ကြယ်စီရင်စုဆီသို့ ပြန်လာခဲ့လေသည်။ ထို့ကြောင့် နောက်ပိုင်း ဘာတွေဖြစ်ပျက်သွားသလဲဆိုသည်ကို မသိခဲ့ရပေ။ သားရဲသခင်မဟာဧကရာဇ် ဖုရွှမ်းအား ပြန်ခေါ်သွားနိုင်ခဲ့လေသလား၊ ကျုချင်းရော အပြစ်ပေးခံခဲ့ရလေသလား ရန်ကိုင်မသိခဲ့ပေ။
သို့သော်ငြား လူအိုကြီးတောက်မှာလည်း ထိုကိစ္စနှင့်ပတ်သက်၍ ဘာမှမသိခဲ့။ လူအိုကြီးတောက်သည် ရှားပါးသားရဲများကို ရှာရန်အတွက် မြောက်ဘက်နယ်မြေသို့ ရောက်နေသည်မှာ အတန်ကြာနေခဲ့လေပြီ။ ယခုဆိုလျှင် ဆယ်နှစ်ကျော်လောက်ပင် ရှိနေခဲ့လေပြီ။ သားရဲသခင်မဟာဧကရာဇ်မှ သူ့လူများကိုခေါ်၍ နဂါးကျွန်းအား ကျူးကျော်ခဲ့သည့်အကြောင်းကိုပင်လျှင် လူအိုကြီးတောက်မသိ။
လူအိုကြီးတောက်မှာ ဘာမှမပြောသည့်အတွက်ကြောင့် ရန်ကိုင်လည်း ထိုအကြောင်းကို ဆက်မေးမနေတော့ပေ။ သားရဲသခင်မဟာဧကရာဇ် ဖုရွှမ်းအား ခေါ်သွားနိုင်နိုင် မနိုင်နိုင် ကျုချင်းကတော့ အပြစ်ပေးမခံရလောက်ပေ။ တကယ်တော့ ကျုချင်းမှာ အဆင့်ကိုးနဂါးတစ်ကောင်ပင် မဟုတ်လေလော။ သူမ၏သွေးမျိုးဆက်သန့်စင်နှုန်းကို ကြည့်ရသလောက် ကျုချင်းမှာ နဂါးကျွန်း၏ အကြီးအကဲတစ်ဦး ဖြစ်လာဖို့ရာ လုံလောက်ပေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် သူမအား ဆိုးဆိုးရွားရွားအပြစ်တော့ မပေးလောက်ပေ။
လက်ရှိ ကျုချင်း၏အဖြစ်မှာ ဖုရွှမ်း၏အဖြစ်နှင့် တူနေပေသည်။ နှစ်ယောက်စလုံးမှာ လူသားနှင့်ပေါင်းဖက်ချင်ကြသည်။ နဂါးကျွန်းသည်သာ သူတို့အား တကယ်ကြီး အပြစ်ပေးမည်ဆိုပါက ဖုရွှမ်းသည်လည်း အပြစ်ဒဏ်မှ လွတ်လိမ့်မည်မဟုတ်ပေ။ ထိုသို့သာ အပြစ်ပေးခံရမည်ဆိုလျှင်တော့ သားရဲသခင်မဟာဧကရာဇ် ဤအတိုင်း ရပ်ကြည့်နေလိမ့်မည်မဟုတ်။ ဖုရွှမ်းကိုပင်လျှင် အပြစ်မပေးလေရာ နဂါးကျွန်းမှာ ကျုချင်းကိုလည်း အပြစ်မပေးလောက်ပေ။
လူအိုကြီးတောက်မှာမူ လျို့ယန်အကြောင်းကို အတော်လေး သိချင်နေခဲ့လေသည်။ ထို့အတွက်ကြောင့် ဝေ့ပတ်ပြောရင်းမှ လျို့ယန်နှင့် ကျိုဖုန်း မည်ကဲ့သို့ပတ်သက်သလဲဆိုသည်ကို မေးမြန်းကြည့်ရန် ကြိုးစားခဲ့သည်။ သို့သော်ငြား ရန်ကိုင်မှ သူ့မေးခွန်းအား ထပ်တလဲလဲကို ပြောင်းလွှဲဖြေနေပြီးသည့်နောက်တွင် လူအိုကြီးတောက်မှာ ထိုအကြောင်းကို ထပ်၍ မမေးတော့ပေ။ နောက်ဆုံးတွင်တော့ နှစ်ဦးစလုံး သူတို့သိချင်နေသည့်အကြောင်းအရာများကို သိခွင့်မရခဲ့သဖြင့် သူတို့စကားပြောခဲ့သည်မှာ အလဟဿသာ ဖြစ်သွားခဲ့ရလေသည်။
ညနေသို့ရောက်၍ စားသောက်ပွဲပြီးသွားသည့်အခါတွင်တော့ လူအိုကြီးတောက် ပြန်ထွက်သွားခဲ့လေသည်။ ရန်ကိုင်သည် လျို့ယန်ကိုခေါ်၍ လူအိုကြီးတောက်အား လိုက်ပို့ပေးလေ၏။ ထို့နောက်တွင် ရန်ကိုင်သည် မီချီကိုခေါ်ကာ ဟင်းလင်းပြင်အစီအရင်တစ်ခုကို ခင်းကျင်းရန်အတွက် အာကာယံကောင်းကင်ဂိုဏ်း၌ သင့်တော်သည့်နေရာတစ်ခုကို လိုက်ရှာလေသည်။
အစပိုင်းတွင် မီချီမှာ ရန်ကိုင် ဘာလုပ်ချင်နေလို့ လုပ်ချင်နေမှန်းမသိ။ နောက်ဆုံး လီကျောက်နှင့် ကောင်းကင်စိတ်အာရုံမှတစ်ဆင့် စကားပြောပြီးသည့်အခါမှသာလျှင် အကြောင်းအရင်းမှန်ကို သိသွားခဲ့ပြီး သူ့စိတ်ထဲ ခါးသက်သက်အမူအယာဖြင့် ထအော်တော့လေသည်။
(ဂိုဏ်းနှစ်ဂိုဏ်းကို ချိတ်ဆက်ပေးမယ့် ဟင်းလင်းပြင်အစီအရင်ပါ ရှိနေပြီဆိုတော့ ငါတို့အာကာယံကောင်းကင်ဂိုဏ်း ထက်ကောင်းကင်နန်းတော်လက်အောက်ကနေ လုံးဝ လွတ်နိုင်တော့မှာ မဟုတ်လောက်တော့ဘူး…)
နောက်တစ်နေ့တွင် ရန်ကိုင်သည် သူ့လူများကိုခေါ်၍ ထက်ကောင်းကင်နန်းတော်ဆီသို့ ပြန်သွားလေသည်။ ယခုတစ်ကြိမ်တွင်တော့ မီချီသည်ပါ ရန်ကိုင်နောက်သို့ လိုက်လာခဲ့သည်။ ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် ရန်ကိုင် ပထမဦးဆုံး လုပ်သည့်အရာမှာ လူတိုင်းကို ဆင့်ခေါ်လိုက်ခြင်းပင်။ ရန်ကိုင်ခေါ်လိုက်သည့်လူများမှာတော့ တာအိုသခင်အဆင့်နှင့် အထက် ပညာရှင်များချည်းသာ ဖြစ်ကြသည်။ ထိုအကြောင်းကြောင့် လူများများစားစား မရှိလှ။ လီကျောက်နှင့် မီချီတို့သည်လည်း ထိုလူများထဲ ပါဝင်နေကြလေသည်။ အတော်များများမှာ တစ်ဦးကိုတစ်ဦး ဇဝေဇဝါအမူအယာများဖြင့် ကြည့်နေကြသည်။ လီကျောက်ရှိနေသည့်ကိစ္စကိုတော့ သူတို့ဂရုမစိုက်။ တကယ်တော့ လီကျောက်သည် ရန်ကိုင်နှင့် အတော်လေးကိုမှ ရင်းနှီးသည်မဟုတ်ပေလော။ သို့သော်ငြား မီချီဟုခေါ်သည့်လူမှာ ဘာကြောင့် ဤတွေ့ဆုံပွဲသို့ ရောက်နေရလေသနည်း။
ဟွာချင်းစီသည်ပင်လျှင် ဇဝေဇဝါဖြစ်နေကာ မကြာမကြာဆိုသလို မီချီအား လှမ်းလှမ်း၍ ကြည့်နေမိသည်။ သူမ ထိုကဲ့သို့ ကြည့်လိုက်တိုင်း မီချီမှ ပြန်ပြန်၍ ပြုံးပြနေသည့်အတွက်ကြောင့် ဟွာချင်းစီမှာ ပို၍ပင် နားမလည်နိုင် ဖြစ်ရလေသည်။
လူစုံသွားသည့်နောက်တွင် ရန်ကိုင်သည် လိုရင်းကို တန်းပြောလိုက်သည်။ “ဂိုဏ်းချုပ်မီက ထက်ကောင်းကင်နန်းတော်လက်အောက်ကို အညံ့ခံမယ်လို့ ဆုံးဖြတ်ပြီးသွားပြီ… ဒါကြောင့် အခုချိန်ကနေစပြီးတော့ အာကာယံကောင်းကင်ဂိုဏ်းက ငါတို့ထက်ကောင်းကင်နန်းတော်ရဲ့ လက်အောက်ခံဂိုဏ်းတစ်ဂိုဏ်း ဖြစ်သွားပြီ…”
ထိုစကားကိုကြားသော် လူတိုင်းထိတ်လန့်သွားခဲ့ပြီး သူတို့များ နားကြားမှားသွားသလားဟုပင် ထင်မိကြလေသည်။ အားလုံးထဲ၌ မွန်းစတားဘုရင်သုံးပါးသည်သာ တည်တည်ငြိမ်ငြိမ်ဖြင့် ရှိနေလေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၂၃၈)
ဘာသာပြန်သူ_တိမ်တိုက်
လူပေါင်းများစွာ သူ့အား ကြည့်လာကြသည်ကို မြင်သော် မီချီသည် ချက်ချင်းပဲ ရင်ဘတ်တစ်ဖက်ပေါ် လက်တင်၍ ဦးညွှတ်ကာ ပြောလိုက်လေသည်။ "နန်းတော်သခင်ရန်ရဲ့ ပြိုင်ဘက်ကင်းတဲ့ နည်းလမ်းတွေကို မြင်ပြီးတော့ ကျုပ်တကယ်ကို အံ့ဩမှင်တက်သွားမိလို့ပါ၊ ဒါကြောင့် အာကာယံကောင်းကင်ဂိုဏ်းက နန်းတော်သခင်ရန်ကိုင် လက်အောက်ကို လိုလိုလားလားနဲ့ အညံ့ခံလိုက်တာပါ၊ အခုချိန်ကနေစပြီးတော့ အာကာယံကောင်းကင်ဂိုဏ်းကလည်း ထက်ကောင်းကင်နန်းတော်ကို သစ္စာစောင့်သိသွားပါမယ်လို့ ကတိပြုပါတယ်"
မီချီ ပြောသည်မှာ မှန်မှန်မမှန်မှန် သူပြောသွားသည့် စကားအသုံးအနှုန်းမှာ အတော်လေးကိုမှ သင့်တော်လှသည့်အတွက်ကြောင့် ထက်ကောင်းကင်နန်းတော်တွင် ရှိနေကြသော လူများမှာ မီချီအပေါ် အတော်လေး အမြင်ကြည်သွားကြလေသည်။
လီကျောက်မှာတော့ ထိုမြင်ကွင်းကို ကြည့်ရင်း နှုတ်ခမ်းကြီးမဲ့နေခဲ့လေသည်။ မီချီသည် ဤမျှ စကားပြောကောင်းသည့် လူတစ်ဦးဖြစ်လိမ့်မည်ဟု သူတကယ်ကို မထင်ထားခဲ့ပေ။ မီချီနှင့် သိခဲ့သည့် နှစ်များအတောအတွင်း မီချီ၌ ဤကဲ့သို့သော ပုံစံမျိုးရှိသည့်အကြောင်းကို လီကျောက် လုံးဝ မသိခဲ့ရပေ။ ရန်ကိုင်မှ သူ့အား အညံ့ခံရန် ပြောစဉ်ကပင်လျှင် မီချီမှာ ခေါင်းမာမာနှင့် ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်ခဲ့သည်။ သို့သော်ငြား ယခုအချိန်တွင်မူ သူ့ကံတရားကို လက်ခံလိုက်သည့်ပမာ။ ဤကဲ့သို့သော အခွင့်အရေးမျိုးသည် ကောင်းကင်မှ သူ့အား အခွင့်အရေးတစ်ခုဖြစ်သည့်အလား။ စကားပြောကောင်းရုံသာလျှင် မဟုတ်။ သူ၏ ကိုယ်ဟန်နေအမူအထားနှင့် အပြုအမူတို့မှာလည်း အလွန်ကိုမှ ပနံသင့်လှသည်။ လီကျောက်မှာ မီချီ၏ အခြေအနေအပေါ် ပြောင်းလဲနိုင်စွမ်းအပေါ် အံ့အားလေးစားမိပါသော်ငြား လက် ရှိမီချီ၏ ပုံစံနှင့် ပတ်သက်၍ အနည်းငယ်တော့ မျက်မှောင်ကြုတ်မိပေသည်။
မီးနဂါးနန်းတော်နှင့် အာကာယံကောင်းကင်ဂိုဏ်းတို့မှာ ခွန်အားအတူတူလောက်သာ ရှိကြသည်။ ရန်ကိုင်နှင့် အမျိုးမျိုးသော သေရေးရှင်ရေး အခက်အခဲများကို အတူတကွ ဖြတ်ကျော်ခဲ့ခြင်းမရှိလျှင် ယခု အာကာယံကောင်းကင်ဂိုဏ်း ကြုံနေရသည့်အရာသည် မီးနဂါးနန်းတော် ကြုံနေရမည့်အရာ ဖြစ်လိမ့်မည်မှန်း လီကျောက် သေချာပေသည်။ သူနှင့် ရန်ကိုင်မှာ အတော်လေးကိုမှ ရင်းနှီးလာခဲ့သည့်အတွက်ကြောင့် ရန်ကိုင်မှာ မီးနဂါးနန်းတော်အား မတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပေသည်။ သို့ပင်ဖြစ်လင့်ကစား မီးနဂါးနန်းတော်မှာ အာကာယံကောင်းကင်ဂိုဏ်းနှင့် သိပ်မကွာလှဘဲ ထက်ကောင်းကင်နန်းတော်၏ လက်အောက်ခံ ဂိုဏ်းတစ်ဂိုဏ်းသာ ဖြစ်နေပေသေးသည်။ တရားဝင် ကြေညာထားခြင်းနှင့် မကြေညာထားခြင်းသာ ရှိပေသည်။
"ဂိုဏ်းချုပ်မီ ပြောတာကို မင်းတို့ကြားတယ်နော်၊ ကဲ အခုကနေစပြီးတော့ တစ်ယောက်ကိုတစ်ယောက် ကောင်းကောင်းမွန်မွန် ဆက်ဆံကြပေတော့" ရန်ကိုင်က သူ့လက်ကို ဝှေ့ယမ်း၍ ပြောလိုက်သည်။
ဟွာချင်းစီသည် ပြုံး၍ အရှေ့သို့ တစ်လှမ်းတိုးကာ သူမကိုယ်သူမ မိတ်ဆက်လိုက်လေသည်။ "ထက်ကောင်းကင်နန်းတော်ရဲ့ မန်နေဂျာမှူး၊ ဟွာချင်းစီ၊ ဂိုဏ်းချုပ်မီကို နှုတ်ဆက်ပါတယ်"
"မန်နေဂျာမှူး အရမ်းယဉ်ကျေးလွန်းနေပါပြီ" မီချီက ပြန်ပြောလိုက်လေသည်။ [မန်နေဂျာမှူးဆိုတာ ဘယ်လို ရာထူးကြီးမျိုးလဲ၊ ငါတစ်ခါမှ မကြားဖူးပါလား၊ ဒါပေမဲ့ လူတိုင်းရဲ့အရှေ့မှာ ရပ်ပြီးတော့ ကိုယ့်ကိုယ်ကိုယ် အရင်ဆုံးလာမိတ်ဆက်တာ၊ မွန်းစတားဘုရင်သုံးပါးကတောင် သူ့ထက် နိမ့်တဲ့နေရာမှာ နေနေတာဆိုတော့ ကြည့်ရတာ ဒီအမျိုးသမီးက ရန်ကိုင်အတွက် တော်တော်လေး အရေးကြီးတဲ့ပုံပဲ၊ ငါသူ့ကို သွားရန်မစမိရင် ကောင်းလိမ့်မယ်၊ မဟုတ်ရင် ငါ့ကိုလာပြီးတော့ အခက်တွေ့အောင်လုပ်နေမလား ဘယ်သူမှ မပြောတတ်ဘူး]
မီချီ စိတ်ထဲ မယုံသင်္ကာတော့ ဖြစ်နေမိပေသေးသည်။ [ဒီအမျိုးသမီးက ရန်ကိုင်ရဲ့ တရားမဝင်မိန်းမများ ဖြစ်နေမလား၊ မဟုတ်ရင် ဧကရာဇ်ပထမအဆင့်နဲ့ ဘယ်လိုလုပ်ပြီး ဒီလောက်မြင့်တဲ့ ရာထူးကို ရထားနိုင်မှာလဲ]
ဟွာချင်းစီမှာတော့ မီချီ စိတ်ထဲ ဘာတွေတွေးနေလို့ တွေးနေမှန်းမသိခဲ့။ သိသာသိခဲ့လျှင်တော့ မီချီနှင့် ချက်ချင်း သူသေကိုယ်သေ တိုက်ခိုက်နေလောက်ပေပြီ။ ကျော့ရှင်းစွာ ပြုံးရင်းမှ သူမဘေးတွင် ရပ်နေသည့် လူကို ညွှန်ပြ၍ မိတ်ဆက်ပေးလိုက်လေသည်။ "ဒါကတော့ မွန်းစတားဘုရင် ရှီလဲ့၊ ရှင်သူ့ကို တွေ့ဖူးတယ်မလား ဂိုဏ်းချုပ်မီ"
မီချီက ပြုံး၍ ပြန်နှုတ်ဆက်လိုက်လေသည်။ [ဘယ်လိုလုပ်ပြီး မတွေ့ဖူးရမှာလဲ၊ အခုလေးတင် အဲဒီကောင် ငါ့ဂိုဏ်းမှာလာပြီး သောင်းကျန်းသွားတာလေ]
ရှီလဲ့က အစွယ်တကားကားနှင့် ပြန်၍ ပြုံးဖြီးပြလိုက်သည်။
ဟွာချင်းစီက ဆက်၍ပြောလိုက်သည်။ "ဒါက မွန်းစတားဘုရင် ယင်ဖေး"
ယင်ဖေးက ခေါင်းညိတ်ပြလိုက်သည်။
"ဒါက"
မီချီသည် ပြုံးမြဲပြုံးရင်းမှ တစ်ယောက်ချင်းစီကို လိုက်လံနှုတ်ဆက်နေခဲ့လေသည်။ ထိုလူများ၏ ကျင့်ကြံခြင်း မြင့်မြင့်နိမ့်နိမ့် မီချီမှာတော့ သူ့ကိုယ်သူ နိမ့်ကျနေသည်ဟုသာ ခံစားနေရသည်။ တကယ်တော့ ထိုကဲ့သို့ ခံစားမိသည်မှာလည်း အဆန်းတော့ မဟုတ်။ တကယ်တော့ သူ၏ အာကာယံကောင်းကင်ဂိုဏ်း ထက်ကောင်းကင်နန်းတော် လက်အောက်သို့ အညံ့ခံလိုက်သည် မဟုတ်ပေလော။ ထိုလူများသည် ထက်ကောင်းကင်နန်းတော်၏ အမာခံထောက်တိုင်ကြီးများ ဖြစ်ကြလေရာ မီချီအနေဖြင့် သူ့ကိုယ်သူ ထိုလူများလောက် အရေးမပါသည်ဟု ခံစားရသည်မှာ အဆန်းတော့ မဟုတ်ပေ။
ဤနေရာတွင် ရှဲ့ဝူဝေ၊ ယီဟန်၊ နန်မန်တကျွင်းနှင့် ဟို့ယုတို့အပါအဝင် ဧကရာဇ်အဆင့်ပညာရှင်များစွာ ရှိနေခဲ့သည်။ ချင်းကျောက်ယန်၊ ချီယွဲ့၊ အိုင်းအောင်၊ ကွေ့ဇူ၊ ကွေ့ချန်းယွင်၊ ရွမ်ပိတင်နှင့် အခြားသူများတို့မှာတော့ တာအိုသခင်အဆင့် ပညာရှင်များဖြစ်ကြလေသည်။ တစ်ယောက်ချင်းစီကို လိုက်လံနှုတ်ဆက်လိုက်လေရာ မီချီ နှုတ်ဆက်ရမည့် လူများမှာ အတော်လေးကိုမှ များပြားနေခဲ့လေသည်။
မီချီမှာ နန်မန်တကျွင်းအကြောင်းကို ကြားဖူးပေသည်။ သို့သော်ငြား ဤနာမည်ကျော် ဧကရာဇ်အဆင့်အစီအရင်ပညာရှင် ထက်ကောင်းကင်နန်းတော်၌ အလုပ်လုပ်နေကြောင်းကို ယခုမှသာလျှင် ပထမဦးဆုံးအကြိမ် သိလိုက်ရခြင်း ဖြစ်လေရာ မီချီမှာ အနည်းငယ်တော့ အံ့အားသင့်မိသွားခဲ့သည်။ တကယ်တော့ နန်မန်တကျွင်းသည် မြောက်ဘက်နယ်မြေ၌ အတော်လေးကိုမှ နာမည်ကျော်ကြားသည့် လူတစ်ဦးပင် မဟုတ်ပေလော။ နန်မန်တကျွင်းသည် မဟာဆေးဧကရာဇ်၏ တပည့်များနှင့် မယှဉ်နိုင်ပါသော်ငြား ဧကရာဇ်အဆင့်အစီအရင်ပညာရှင်တစ်ဦးတော့ ဖြစ်နေဆဲ။ နန်မန်တကျွင်းအား သူတို့၏ ဂိုဏ်းထဲသို့ ဖိတ်ခေါ်ချင်ကြသည့် လူပေါင်းများစွာ ရှိကြပေသည်။ မီချီ ကိုယ်တိုင်သည်လည်း နန်မန်တကျွင်းကို ဖိတ်ခေါ်ခဲ့ဖူးသည်။ သို့သော်ငြား နန်မန်တကျွင်းကမူ ဂရုမစိုက်ခဲ့ပေ။
သာမန် ဧကရာဇ်ပထမအဆင့် ပညာရှင်တစ်ဦးသာဆိုလျှင်တော့ သူ့အား ယခုကဲ့သို့ လာလုပ်ပြသည့်အတွက် မီချီမှ သင်ခန်းစာကောင်းကောင်း ပေးလိုက်ပေပြီ။ သို့သော်ငြား နန်မန်တကျွင်းကိုမူ ထိုကဲ့သို့ သွားလုပ်၍ မရ။ နန်မန်တကျွင်းသည် ဧကရာဇ်အဆင့် အစီအရင်ပညာရှင်တစ်ဦးလည်း ဖြစ်နေသေးသည် မဟုတ်ပေလော။ နန်မန်တကျွင်းသည်သာ သူ့အပေါ် ဒေါသထွက်၍ မြောက်ဘက်နယ်မြေထဲရှိ အခြားသော ဂိုဏ်းများကို မက်လုံးပေးကာ အာကာယံကောင်းကင်ဂိုဏ်းကို ပြဿနာရှာခိုင်းလာမည်ဆိုလျှင် သူ အရှက်ရသွားရနိုင်ပေသည်။ အာကာယံကောင်းကင်ဂိုဏ်းမှာ အားကောင်းလှပါသော်ငြား မြောက်ဘက်နယ်မြေတစ်ခုလုံး၏ ဘုံရန်သူတော့ မဖြစ်နိုင်ပေ။
ဟို့ယုသည်ပါ ဧကရာဇ်အဆင့် ပန်းပဲပညာရှင်တစ်ဦး ဖြစ်နေကြောင်းကို ကြားသိလိုက်ရချိန်တွင်တော့ မီချီ၏ မျက်လုံးများမှာ ကျွတ်ထွက်လုမတတ် ပြူးကျယ်သွားကုန်တော့လေသည်။ [ထက်ကောင်းကင်နန်းတော်မှာ ဘယ်လိုလုပ်ပြီး ဒီလိုလူမျိုးတွေ ရှိနေရတာလဲ၊ နန်မန်တကျွင်းနဲ့တင် မလုံလောက်နိုင်သေးဘူး၊ ဧကရာဇ်အဆင့် ပန်းပဲပညာရှင်တစ်ဦးပါ ထပ်ရှိနေသေးတယ်ဆိုတော့ ရန်ကိုင် ဒီလူတွေအကုန်လုံးကို ဘယ်ကနေသွားခေါ်လာတာလဲ]
မွန်းစတားဘုရင်သုံးပါး၊ ဧကရာဇ်အဆင့်အစီအရင်ပညာရှင်နှင့် ဧကရာဇ်အဆင့်ပန်းပဲပညာရှင်။ ထိုလူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းသည် အလွန်ကိုမှ မြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင်ထားကြပေသည်။ ကြယ်တာရာအစုအဝေးထဲရှိ မည်သည့်ဂိုဏ်းမဆို ထိုလူများကို လိုချင်ကြလိမ့်မည်မှာ မလွဲမသွေပင်။ သို့သော်ငြား ထိုလူအားလုံးသည် တစ်နေရာတည်း၌ လာရောက် စုဝေးနေခဲ့ကြသေးပေသည်။
ထက်ကောင်းကင်နန်းတော်အား အညံ့ခံလိုက်သည်မှာ ဆိုးရွားသည့် ကိစ္စတစ်ခု မဟုတ်ဟု မီချီ ရုတ်တရက် ခံစားလာရတော့လေသည်။ ထက်ကောင်းကင်နန်းတော်၏ အုတ်မြစ်သည် အာကာယံကောင်းကင်ဂိုဏ်းထက် အဆပေါင်းများစွာ ပိုမိုနက်ရှိုင်းနေသည် မဟုတ်ပေလော။ ထိုအတွက်ကြောင့် ထက်ကောင်းကင်နန်းတော်၏ လက်အောက်ခံ ဂိုဏ်းတစ်ဂိုဏ်း ဖြစ်လာရခြင်းမှာ ဆိုးတော့လည်း မဆိုးလှပေ။ နောက်နောင် သူ့အနေဖြင့် နန်မန်တကျွင်းနှင့် ဟို့ယုအပေါ်ပင် အားကိုးကောင်း အားကိုးလာရနိုင်ပေသည်။ မကောင်းသည့်အချက်ဆို၍ သူ့မာနတရား ထိခိုက်သွားရခြင်းသာ ရှိပေသည်။
ဟွာချင်းစီ နောက်ပြောလာသည့်စကားမှာ မီချီကို ပို၍ပင် ကြောင်သွားစေခဲ့လေသည်။ "တကယ်တော့ ကျွန်မတို့မှာ ဧကရာဇ်အဆင့် ဆေးပညာရှင်တစ်ယောက်လည်း ရှိနေသေးတယ်၊ ဒါပေမဲ့ အခုလောလောဆယ် သူက ဆေးလုံးတွေ ဖော်စပ်နေတာမလို့ ထွက်လာဖို့ မအားသေးဘူး၊ ဒါကြောင့် ကျေးဇူးပြုပြီးတော့ စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ် ဂိုဏ်းချုပ်မီ"
"ဧ… ဧကရာဇ်အဆင့် ဆေးပညာရှင်" မီချီ သူ့လျှာသူ ပြန်ကိုက်လုမတတ် ဖြစ်သွားခဲ့လေသည်။
ဟွာချင်းစီက ပြုံး၍ ပြန်ပြောလိုက်သည်။ "ရှင်းရှင်းပြောရရင် အဲဒီဧကရာဇ်အဆင့် ဆေးပညာရှင်ကို ဂိုဏ်းချုပ်မီ သိပါတယ်"
"ကျုပ်သိတယ်" မီချီ အံ့အားသင့်သွားခဲ့လေသည်။ ထို့နောက် သူ့ခေါင်းထဲ လူတစ်ဦးအား စဉ်းစားမိသွားခဲ့လေသည်။ သို့သော်ငြား ထိုလူ ဖြစ်လိမ့်မည်ဟုတော့ သူ မယုံကြည်ချင်ပေ။
ဟွာချင်းစီက ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။ "ဟုတ်တယ်၊ ဂိုဏ်းချုပ်မီ တွေးနေတဲ့လူပဲ၊ ဆေးဝိဇ္ဇာကျိယင်ကို ဂိုဏ်းချုပ်မီ သိတယ်မလား"
မီချီ တံတွေးတစ်လုတ် မျိုချမိလိုက်သည်။ ဟွာချင်းစီ ပြောသည့်စကားကို ကြားပြီးသည့်နောက် မီချီ၏ ပထမဦးဆုံး တုံ့ပြန်မှုမှာ ဟွာချင်းစီအား မေးမြန်းလိုသည့် အကြည့်ဖြင့် ပြန်ကြည့်လာခြင်းသာ ဖြစ်လေသည်။ ဟွာချင်းစီ ပြောနေသည်မှာ အမှန် ဟုတ်မဟုတ် သူတကယ်ကို သိချင်မိပေသည်။
[ကျိယင်၊ မဟာဆေးဧကရာဇ်ရဲ့ ငါးယောက်မြောက်တပည့်က ထက်ကောင်းကင်နန်းတော်ထဲကို ဝင်လိုက်တာလား] မီချီမှာ ရုတ်တရက် လွန်ခဲ့သော နှစ်များစွာက အဖြစ်အပျက်တစ်ခုကို ပြန်သတိရသွားခဲ့လေသည်။ ထိုစဉ်က ထက်ကောင်းကင်နန်းတော်ဆီသို့ ရောက်လာပြီးသည့်နောက် ရန်ကိုင်နှင့် အလောင်းအစားလုပ်ခဲ့သည့်လူမှာ သူနှင့် လီကျောက်သာလျှင် မဟုတ်။ ဆေးဝိဇ္ဇာကျိယင်လည်း ပါပေသည်။ [ဆေးဝိဇ္ဇာကျိယင်လည်း ရန်ကိုင်နဲ့ အလောင်းအစား လုပ်ခဲ့သေးတာပဲ]
မီချီ သေသေချာချာ စဉ်းစားကြည့်ခဲ့ပေသည်။ ကျိယင်မှာ ထိုအလောင်းအစားအား ရှုံးသွားခဲ့လိမ့်မည် ဖြစ်ပါသော်ငြား သူကိုယ်တိုင်သည် မဟာဆေးဧကရာဇ်၏ တပည့်တစ်ဦးဖြစ်သည့်အတွက်ကြောင့် သူရှုံးနိမ့်ကြောင်း ငြင်းဆိုခဲ့မည်ဆိုလျှင်ပင် ရန်ကိုင်အနေဖြင့် သူ့အား ဘာမျှ လုပ်ရဲလိမ့်မည် မဟုတ်ပေ။ သို့သော်ငြား ကြည့်ရသလောက် ကျိယင်မှာ ထက်ကောင်းကင်နန်းတော်၌ တကယ်ကြီးနေခဲ့သည့်ပုံပင်။
[ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆေးလုံးတောင်ကြားက ဘာမှဝင်မကန့်ကွက်ဘူးလား၊ မဟာဆေးဧကရာဇ်ကရော ဘာမှဝင်မပြောဘူးလား] မီချီမှာတော့ သူ့ခေါင်းတစ်ခုလုံး ချာချာလည်ထွက်တော့မလို ခံစားနေခဲ့ရလေသည်။ [ဂိုဏ်းလေး တစ်ဂိုဏ်းထဲမှာ ဧကရာဇ်အဆင့်အစီအရင်ပညာရှင်၊ ဧကရာဇ်အဆင့်ပန်းပဲပညာရှင်နဲ့ ဧကရာဇ်အဆင့်ဆေးပညာရှင်တွေ ရှိနေတယ်၊ တစ်ယောက်ချင်းစီတိုင်းကလည်း ထိပ်တန်းပညာရှင်တွေချည်းပဲ၊ ပြီးတော့ မွန်းစတားဘုရင်သုံးပါးကလည်း ဒီနေရာကို ကာကွယ်ပေးနေသေးတယ်၊ ဒီဂိုဏ်း ဘာတွေဖြစ်နေတာလဲ၊ မဟာဧကရာဇ်ဂိုဏ်းတစ်ဂိုဏ်းတောင် ဒီလိုလူမျိုးတွေ မရှိပါဘူး]
ရန်ကိုင်အား ရှုံးနိမ့်သွားခဲ့ရသည်မှာ လုံးဝကို စိတ်ညစ်ရမည့် ကိစ္စတစ်ခု မဟုတ်သလို မီချီ ရုတ်တရက် ခံစားလာရတော့သည်။ ဤမျှ အားကောင်းလှသော ဂိုဏ်းတစ်ဂိုဏ်းကို သူ့အနေဖြင့် ပြန်မတိုက်ခိုက်နိုင်သည်မှာ အဆန်းတော့ မဟုတ်ပေ။ မီချီ ထိုကဲ့သို့ ငေးကြောင်ကြောင်ဖြစ်နေစဉ်မှာပင် စင်မြင့်အထက်၌ ရှိနေသော ရန်ကိုင်က ပြောလိုက်လေ၏။ "ငါတို့အခု ထက်ကောင်းကင်နန်းတော်ထဲမှာ တပည့်တွေက အများကြီးပဲ၊ ငါတို့ ဂိုဒေါင်ထဲမှာ သိုလှောင်ထားတဲ့ ပစ္စည်းတွေ ရှိတယ်ဆိုပေမဲ့ အဲဒါတွေကိုချည်းပဲ ဒိုင်ခံ ထိုင်သုံးနေလို့ မဖြစ်ဘူး၊ ရေရှည်နည်းလမ်းတစ်ခုကို စဉ်းစားဖို့လိုလာပြီ၊ အရင်က ရမ္မက်လျှာဂိုဏ်းရဲ့ လက်အောက်ခံမြို့တွေ အကုန်လုံးကို မန်နေဂျာဟွာက ထိန်းချုပ်ပြီးသွားပြီ၊ ဒီတော့ အဲဒီမြို့တွေဆီကနေ နှစ်စဉ် ဆက်ကြေး နည်းနည်းပါးပါး ရလိမ့်မယ်၊ ကျုပ်တို့ဘာသာကျုပ်တို့ စီးပွားရေးလုပ်လို့လည်း ရတယ်၊ ဒါပေမဲ့ စီးပွားရေးလုပ်မယ်ဆိုရင်တောင် ရေပုံးထဲက ရေတစ်စက်စာလောက်ပဲ ရှိနေမှာ၊ ထက်ကောင်းကင်နန်းတော်ရဲ့ တပည့်အရေအတွက်က ရမ္မက်လျှာဂိုဏ်းရဲ့ တပည့်အရေအတွက်ထက် အဆ နှစ်ဆယ် သုံးဆယ်လောက် ပိုများတယ်၊ ဒီတော့ ဒီတပည့်တွေအကုန်လုံးကို တောက်လျှောက် ကျွေးမွေးထားနိုင်ဖို့အတွက် ရမ္မက်လျှာဂိုဏ်း ပိုင်ဆိုင်ခဲ့တဲ့ နယ်မြေတွေထက် အဆ နှစ်ဆယ် သုံးဆယ်လောက် ပိုများတဲ့ နယ်မြေတွေကို လိုအပ်လာပြီ၊ ကျုပ် ခင်ဗျားတို့ကို ဒီနေ့ခေါ်လိုက်ရတဲ့ အကြောင်းအရင်းက ကျုပ် မြောက်ဘက်နယ်မြေတစ်ခုလုံးကို ပေါင်းစည်းချင်လို့ပဲ၊ မြောက်ဘက်နယ်မြေမှာ ရှိနေတဲ့ မြို့ကြီးတွေ ဂိုဏ်းတွေသာ ထက်ကောင်းကင်နန်းတော်ကို နှစ်စဉ်ဆက်ကြေး ပေးနေမယ်ဆိုရင် ကျုပ်တို့ ထက်ကောင်းကင်နန်းတော်မှာ ကျင့်ကြံရေးအရင်းအမြစ်တွေ ပြတ်တောက်သွားမဲ့ ကိစ္စမျိုးကို စိတ်ပူစရာမလိုတော့ဘူး၊ ခင်ဗျားတို့ ဘယ်လိုထင်ကြလဲ"
ရန်ကိုင်သည် လူအုပ်ကြီးကို ဝေ့ကြည့်၍ မေးလိုက်လေသည်။ မွန်းစတားဘုရင်သုံးပါးမှာတော့ ထူးမခြားနားဟန်ဖြင့်သာ ရှိနေကြသည်။ သူတို့၏ တာဝန်မှာ တိုက်ခိုက်ဖို့သာဖြစ်ပြီး ယခုကဲ့သို့သော ကိစ္စများကို ခေါင်းရှုပ်ခံ စဉ်းစားဖို့ရာ မဟုတ်ပေ။ သူတို့၌ ကျင့်ကြံရေးအရင်းအမြစ်များ မရှိတော့လျှင်ပင် ရှေးဟောင်းတောအုပ်ကြီးထဲသို့ ပြန်သွားနေနိုင်ပေသည်။
ဟွာချင်းစီနှင့် အခြားသူများမှာတော့ ရန်ကိုင်၏ စကားကို ကြားပြီးသည့်နောက် အံ့အားသင့်သွားကြလေသည်။ [ရန်ကိုင် ဘယ်တုန်းကများ ဒီလိုအစီအစဉ်တွေကို စဉ်းစားလိုက်တာလဲ]
ထက်ကောင်းကင်နန်းတော်မှာ လက်ရှိအချိန်တွင် တိုးတက်ဆဲကာလ၌ ရှိနေသေးသည့်အတွက်ကြောင့် တွေ့ကရာလူများကို ရန်သူ သွားလုပ်နေ၍ မဖြစ်ပေ။ သို့သော်ငြား ယခုနေသာ သေသေချာချာ ကြိုးစားလိုက်မည်ဆိုလျှင်တော့ နောက်နှစ်ရာဂဏန်းအတွင်း မြောက်ဘက်နယ်မြေတစ်ခုလုံးကို ကျိန်းသေ သိမ်းပိုက်နိုင်ပေလိမ့်မည်။
သို့သော်ငြား ရန်ကိုင်၏ ပုံစံကို ကြည့်ရသလောက် ယခုကိစ္စနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်ချပြီးသည့်ပုံပင်။ ထိုအတွက်ကြောင့် သူမသာ သွားပြောနေ၍လည်း ဘာမျှ အသုံးမဝင်တော့။ သို့ပင်ဖြစ်လင့်ကစား ဟွာချင်းစီ စိတ်ထဲတော့ စိတ်ပူနေမိလေသည်။ သူမတို့သည်သာ မြောက်ဘက်နယ်မြေတစ်ခုလုံးကို ပေါင်းစည်းရန် ကြိုးစားမည်ဆိုလျှင် ဘီလီယံနှင့်ချီသော ကျင့်ကြံသူများ၏ ဆန့်ကျင်မှုနှင့် ကြုံတွေ့ရပေလိမ့်မည်။ မည်သူကများ မိမိကိုယ်တိုင် ခက်ခက်ခဲခဲဖြင့် ရှာထားရသော အကျိုးအမြတ်များကို အခြားသူများအား ခွဲဝေပေးချင်ပါမည်နည်း။
ထိုအပြင် မြောက်ဘက်နယ်မြေတစ်ခုလုံးကို သိမ်းပိုက်နိုင်ဖို့ရာ လူအင်အားများစွာ လိုအပ်ပေလိမ့်မည်။ အသစ်ရောက်ရှိလာကြသော တပည့်များမှာ ကြယ်တာရာအစုအဝေးနှင့် အသားကျအောင် လုပ်နေကြဆဲဖြစ်သလို သူတို့၏ ကျင့်ကြံခြင်းမှာလည်း မြင့်မားသေးခြင်း မရှိ။ ထိုအတွက်ကြောင့် တိုက်ပွဲတွင် ဘာမျှအသုံးဝင်လိမ့်မည် မဟုတ်။
သို့ပင်ဖြစ်လင့်ကစား ရန်ကိုင်ကမူ သူမ စိတ်ပူနေသည့် အရာများကို မတွေးမိသည့်အလား လူအုပ်ကြီးကို ဝေ့ကြည့်လိုက်ပြီးသည့်နောက် ပြောလိုက်လေသည်။ "ကဲ ဘယ်သူမှ မကန့်ကွက်တော့ဘူးဆိုရင် ခင်ဗျားတို့အားလုံး ထောက်ခံတယ်လို့ ကျုပ် ယူဆလိုက်တော့မယ်"
ထိုစကားကို ကြားသော် လူတိုင်း၏ မျက်နှာ မဲ့သွားကုန်ကြလေသည်။ [အခုမှ ကန့်ကွက်တော့ရော ဘာထူးတော့မှာလဲ၊ ထက်ကောင်းကင်နန်းတော်မှာ မင်းပဲ ဆုံးဖြတ်ခွင့်ရှိတာလေ]
ရန်ကိုင်သည် ပုံမှန်အားဖြင့် ထက်ကောင်းကင်နန်းတော်၏ အရေးကိစ္စများကို စိတ်ဝင်စားလေ့ မရှိပါသော်ငြား သူ၏ စကားလုံးတိုင်းမှာ မည်သူမျှ လွန်ဆန်၍ မရသည့် အမိန့်များသဖွယ် ဖြစ်ပေသည်။
ရန်ကိုင်က ဆက်၍ ပြောလိုက်သည်။ "ခင်ဗျားတို့ ဘာကိုစိတ်ပူနေလဲ ကျုပ်သိတယ်၊ လူအင်အား မလုံလောက်တဲ့ကိစ္စမလား၊ ဒါပေမဲ့ အဲဒီကိစ္စအတွက် စိတ်ပူမနေနဲ့၊ ရောင်းရင်းလီနဲ့ ဂိုဏ်းချုပ်မီတို့ ထက်ကောင်းကင်နန်းတော်ကို ကူညီပေးကြလိမ့်မယ်၊ ကျုပ်တို့သုံးဦးသာ အတူပူးပေါင်းလိုက်မယ်ဆိုရင် မြောက်ဘက်နယ်မြေထဲက ဘယ်သူကများ ကျုပ်တို့ကို လာပြီးတားရဲဦးမှာလဲ"
လီကျောက်နှင့် မီချီတို့မှာ တစ်ပြိုင်တည်း ဦးညွှတ်လိုက်ကြလေသည်။ "ကျုပ်တို့ နန်းတော်သခင်ရန်ရဲ့ အမိန့်ကို နာခံပါ့မယ်"
မီချီမှာ ယခုကဲ့သို့ ဖြစ်လာမည်မှန်း ကြိုတင်မျှော်မှန်းထားပြီး ဖြစ်သည့်အတွက်ကြောင့် ဘာမျှ သိပ်၍ ကိစ္စမရှိပေ။ သို့သော်ငြား မီချီမှာတော့ စိတ်ထဲမှ ကြိတ်ကာ ညည်းတွားနေခဲ့လေသည်။ [ငါတို့ အာကာယံကောင်းကင်ဂိုဏ်းက သူခိုးဂိုဏ်းထဲကို ဝင်မိသွားပြီ]
ရန်ကိုင်သည် ဆက်ကြေးကောက်နိုင်ရန်အတွက် မြောက်ဘက်နယ်မြေတစ်ခုလုံးရှိ မြို့များကို သူ့လက်အောက်သို့ သိမ်းသွင်းချင်နေခဲ့သည်။ သို့သော်ငြား မြောက်ဘက်နယ်မြေတစ်ခုလုံးကို သိမ်းပိုက်နိုင်ဖို့ရာ ထက်ကောင်းကင်နန်းတော်၌ လူအင်အား အလုံအလောက် ရှိမနေခဲ့။ ထိုအတွက်ကြောင့် အဓိကတာဝန်ကို မီးနဂါးနန်းတော်နှင့် အာကာယံကောင်းကင်ဂိုဏ်းတို့မှ ဦးစီးဦးဆောင် လုပ်ဆောင်ရပေလိမ့်မည်။
ထိုသို့ဖြစ်လာသည့်အခါတွင် မြောက်ဘက်နယ်မြေမှ လူများ အငြိုးထားမည့် လူများမှာ ဂိုဏ်းနှစ်ဂိုဏ်းမှ ကျင့်ကြံသူများသာ ဖြစ်သွားကြပေလိမ့်မည်။ ထက်ကောင်းကင်နန်းတော်မှာတော့ အနောက်ဘက်တွင်သာ နေ၍ အကျိုးအမြတ်များကို အေးအေးဆေးဆေး ထိုင်ရိတ်သိမ်းနေပေလိမ့်မည်။ [ခံတော့ ငါတို့က ခံရတယ်၊ ရတော့ သူကပဲရတယ်]
ရှင်းရှင်းပြောရသော် ယခုကိစ္စတွင် ထက်ကောင်းကင်နန်းတော်အနေဖြင့် ဘာမျှ အားစိုက်စရာမလိုပေ။ ကြီးကြပ်ကွပ်ကဲရန်အတွက် လူအချို့ လွှတ်ပေးထားရုံဖြင့်ပင်လျှင် အဆင်ပြေသွားပေလိမ့်မည်။
ရန်ကိုင်မှာ မီချီ၏ အမူအရာကို အကဲခတ်နေခဲ့လေရာ မီချီ စိတ်ထဲ ဘာတွေးနေသလဲဆိုသည်ကို မသိဘဲ ဘယ်နေပါမည်နည်း။ သို့သော်ငြား အလုပ်ရှုပ်ခံတော့ ရှင်းပြမနေခဲ့ပေ။ ရန်ကိုင်မှာ အကျိုးအမြတ်အားလုံးကို သူတစ်ကိုယ်တည်း မောက်မာစွာ သိမ်းရန် စဉ်းစားထားခြင်း မဟုတ်။ မီးနဂါးနန်းတော်နှင့် အာကာယံကောင်းကင်ဂိုဏ်းတို့မှာလည်း ကူညီပေးမည်ဖြစ်သည့်အတွက်ကြောင့် ထိုဂိုဏ်းနှစ်ဂိုဏ်းကိုလည်း သင့်သလောက် ဆုပြန်ချပေးမည်။ ရန်ကိုင်မှာ ထိုဂိုဏ်းနှစ်ဂိုဏ်းအား အလကား အလုပ်လုပ်ခိုင်းရန် စဉ်းစားထားခြင်း မဟုတ်။ ရလာသည့် အကျိုးအမြတ်များအနက် အနည်းငယ်ကိုတော့ ထိုဂိုဏ်းနှစ်ဂိုဏ်းအား ပြန်လည်ခွဲဝေပေးပေမည်။ သို့သော်ငြား မည်မျှ ခွဲဝေပေးမလဲဆိုသည်မှာတော့ သူ့စိတ်အခြေအနေပေါ်တွင် မူတည်၏။
ဟွာချင်းစီသည် တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ပြန်မေးလိုက်လေသည်။ "နန်းတော်သခင်၊ ကျွန်မ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရေခဲနှလုံးသားတောင်ကြားကို အကြောင်းကြားဖို့ရော လိုသေးလား"
မြောက်ဘက်နယ်မြေ၏ ထိပ်တန်းဂိုဏ်း လေးဂိုဏ်း၌ သုံးဂိုဏ်းမှာ အတူတကွ ပူးပေါင်းသွားခဲ့ပြီဖြစ်ပြီး ရေခဲနှလုံးသားတောင်ကြား တစ်ခုတည်းသည်သာ လက်ရှိ အခြေအနေအကြောင်းကို မသိဘဲ ကျန်ရစ်ခဲ့သည်။ ရန်ကိုင်နှင့် ရေခဲနှလုံးသားတောင်ကြားသည်သာ မသိမရင်းနှီးလျှင် ကိစ္စမရှိပါသော်ငြား တကယ့်ပြဿနာမှာ ရန်ကိုင်သည် ရေခဲနှလုံးသားတောင်ကြားနှင့် အလွန်ကိုမှ ရင်းနှီးနေခြင်းပင်။ ထိုအတွက်ကြောင့် ယခုကဲ့သို့သော အကျိုးအမြတ်ရမည့် အခွင့်အရေးမျိုးကို ရေခဲနှလုံးသားတောင်ကြားအား ပေးမသိခြင်းမှာ ကောင်းသည့် ကိစ္စတစ်ရပ်တော့ မဟုတ်ပေ။
ထိုစကားကို ကြားသော် ရန်ကိုင်၏ အမူအရာ အနည်းငယ်မဲ့သွားခဲ့လေသည်။ "ရေခဲနှလုံးသားတောင်ကြားကိုတော့ စဉ်းစားထားပါတယ်၊ ဒါပေမဲ့ သူတို့ ဘယ်လိုတွေးမလဲတော့ မပြောတတ်သေးဘူး"
ရေခဲနှလုံးသားတောင်ကြားမှ လူများသည် ရေခဲဓာတ်ကျင့်စဉ်များကိုသာ ကျင့်ကြံကြပြီး ယခုကဲ့သို့သော ပွေလီပွေရှုပ်ကိစ္စမျိုးတွင် ပါဝင်ပတ်သက်လိုစိတ် သိပ်မရှိကြပေ။ ထိုအကြောင်းကြောင့် ရန်ကိုင်မှာ လူထုတစ်ခုလုံး၏ ဘုံရန်သူ ဖြစ်လာမည့် ကိစ္စရပ်မျိုးကို ရေခဲနှလုံးသားတောင်ကြားအား သွားမပြောနိုင်ခဲ့ခြင်း ဖြစ်လေသည်။ ထိုအကြောင်းကို သွားပြောလိုက်၍ ပင်းယင်ကပါ သူ့အား ဆူပူကြိမ်းမောင်းနေလျှင် မည်ကဲ့သို့ လုပ်မည်နည်း။ သို့ပင်ဖြစ်နေစေကာမူ ရေခဲနှလုံးသားတောင်ကြား၌ စုယန် ရှိနေသည့်အတွက်ကြောင့် ရန်ကိုင်မှာ ရလာသည့် အကျိုးအမြတ်များကို ရေခဲနှလုံးသားတောင်ကြားဆီသို့ ခွဲဝေပေးရန်တော့ စဉ်းစားထားပြီးသားပင်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၂၃၉)
ဘာသာပြန်သူ_တိမ်တိုက်
ဟွာချင်းစီက ယဲ့ယဲ့လေးပြုံးလျက် “နန်းတော်သခင်ရန် စိတ်ပူလွန်းနေပြီ… ရေခဲနှလုံးသားတောင်ကြားက ဒီလိုအခွင့်အရေးကောင်းကို ငြင်းမှာမဟုတ်ဘူး…”
ရန်ကိုင်က ပြန်မေးလိုက်လေသည်။ “ဘာဖြစ်လို့လဲ…”
ဟွာချင်းစီက ရှင်းပြလိုက်လေသည်။ “စီနီယာပင်းယွင်ပျောက်နေတုန်း ရေခဲနှလုံးသားတောင်ကြားက ရမ္မက်ရှာဂိုဏ်းဖိနှိပ်တာကို တောက်လျှောက်ခံခဲ့ရတာ… အဲ့အချိန်အတွင်းမှာ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေရော မြို့တွေတော်တော်များများရော လက်လွှတ်လိုက်ရတယ်… အခုဆိုရင် အများဆုံးမှ တစ်မြို့နှစ်မြို့လောက်ပဲ ရှိတော့မယ်နဲ့တူတယ်… ဒါကြောင့် အခု ရေခဲနှလုံးသားတောင်ကြားရဲ့ အဓိကဝင်ငွေက အဲ့အပြင်ဘက်ကနေ လာနေတာမဟုတ်ဘဲနဲ့ သူတို့တောင်ကြားထဲမှာ စိုက်ပျိုးထားတဲ့ ဆေးပင်တွေကို ရောင်းလို့ရတာကနေ လာနေတာ… ပြီးတော့ ဒီတစ်လောအတွင်း ရေခဲနှလုံးသားတောင်ကြားက တပည့် တော်တော်လေးလက်ခံထားသေးတယ်… ဒီတော့ သူတို့အခြေအနေက တော်တော်လေးကို ကြပ်တည်းနေမှာ… အဲ့လိုဖြစ်နေတာဆိုတော့ ဒီလိုအခွင့်အရေးမျိုးကို သူတို့ လုံးဝ လက်လွတ်ခံမှာမဟုတ်ဘူး…”
ရန်ကိုင်က သူ့မေးစေ့ကိုပွတ်၍ စဉ်းစားနေရင်းမှ ပြောလိုက်လေသည်။ “အဲ့လိုသာဆိုရင် သူတို့ကို အစီအစဉ်ထဲ တစ်ခါတည်း ပေါင်းထည့်လို့ရတယ်…”
ရန်ကိုင်မှာ ရေခဲနှလုံးသားတောင်ကြားအကြောင်းကို ဟွာချင်းစီလောက် မသိပေ။ ဟွာချင်းစီမှ ယခုကဲ့သို့ ပြောလာလေရာ တကယ်ဖြစ်သည့်အတွက်ကြောင့်သာလျှင် ဖြစ်ရပေလိမ့်မည်။ ရန်ကိုင်သည်သာ ရေခဲနှလုံးသားတောင်ကြားကို သူ့အစီအစဉ်ထဲ ဆွဲထည့်လိုက်မည်ဆိုလျှင် မြောက်ဘက်နယ်မြေ၏ ထိပ်တန်းဂိုဏ်းလေးဂိုဏ်း အတူတကွ ပူးပေါင်းလှုပ်ရှားနေခြင်းဖြစ်သည်ဟု ပြော၍ရသွားလေပြီ။ ထိုသို့ဖြစ်လာသည့်အခါ မည်သူကများ သူတို့အား တားရဲပါဦးမည်နည်း။
တစ်ခဏအကြာ၌ ရန်ကိုင်က ဆုံးဖြတ်ချက်ချလိုက်၏။ “သူတို့ကိုပါထည့်လိုက်…”
ဟွာချင်းစီက ပြောလိုက်သည်။ “ဒီကိစ္စက အလျင်လိုနေတာဆိုတော့ ကျွန်မ တစ်ယောက်ယောက်ကို ချက်ချင်း သွားဖိတ်ခေါ်ခိုင်းလိုက်မယ်…”
ရန်ကိုင်လည်း ခေါင်းညိတ်ပြလိုက်ရာ ဟွာချင်းစီလည်း ချက်ချင်း ခန်းမထဲမှ ထွက်သွားခဲ့လေသည်။ တစ်နာရီခန့်ကြာပြီးသည့်နောက် ဟွာချင်းစီသည် အမျိုးသမီးတစ်ဦးနှင့်အတူ ခန်းမထဲသို့ ဝင်လာခဲ့လေသည်။
ဟွာချင်းစီနှင့် ပါလာသည့်လူကို မြင်ပြီးသည့်နောက် ရန်ကိုင်၏မျက်နှာကြီး သုန်မှုန်သွားခဲ့ပြီး ဟွာချင်းစီအား မကျေမနပ်ဖြင့် ကြည့်လိုက်လေသည်။ တကယ်တော့ ဟွာချင်းစီခေါ်လာသည့်လူမှာ ကျိယောင်မှလွဲ၍ အခြားမှမဟုတ်လေပဲ။ ယခင်တစ်ကြိမ်အဖြစ်အပျက် ပြီးသည့်နောက်တွင် ရန်ကိုင်မှာ ကျိယောင်နှင့်တွေ့ဖို့ရာ အနည်းငယ် လန့်နေမိလေသည်။
သူနှင့် ကျိယောင်ကြားရှိ တွေ့ဆုံမှုမှာ အလွန်ကိုမှ ရင်ဖိုစိတ်လှုပ်ရှားဖွယ်ကောင်းသည်ဟု ခံစားရပါသော်ငြား တစ်ချိန်တည်းတွင်လည်း စုယန်နှင့် အခြားသူများကို သစ္စာဖောက်နေသည်ဟု သူ့စိတ်ထဲ ခံစားနေရလေသည်။ ထို့အတွက်ကြောင့် ထိုကိစ္စနှင့်ပတ်သက်၍ ရန်ကိုင်ရင်ထဲ အလွန်ကိုမှ ဒွိဟဖြစ်မိလှသည်။ အရေးအကြီးဆုံးအချက်မှာ ယခုအချိန်ထိတိုင် ကျိယောင် ဘာကြံလို့ ကြံနေမှန်းကို ရန်ကိုင် မစဉ်းစားတတ်သေးခြင်းပင်။
အစမှ အဆုံးအထိ ကျိယောင်မှာ ထိုကိစ္စနှင့်ပတ်သက်၍ သူ့အား ဘာမှ မပြောခဲ့ပေ။ သူ့အား သူ့စိတ်ရှိသလို လုပ်ခွင့်ပေးထားခဲ့သည်။ သို့သော်ငြား တစ်ချိန်တည်းတွင် တစ်ခုသော အကန့်အသတ်ကို လုံးဝ ကျော်ခွင့်မပေးပေ။ ထို့အတွက်ကြောင့် ရန်ကိုင်မှာ သူ၏ ချက်ကောင်းမှ ဆုပ်ကိုင်ခံထားရသည်ဟု ခံစားနေခဲ့ရလေသည်။ ထိုအကြောင်းကြောင့် ယခု ဟွာချင်းစီမှ ကျိယောင်အား ခေါ်လာသည်ကို မြင်သည့်အခါ သူ့စိတ်အခြေအနေ မည်ကဲ့သို့ရှိနေမလဲဆိုသည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။
ဟွာချင်းစီမှာ ရန်ကိုင်၏အမူအယာ တစ်မျိုးတစ်မည် ပြောင်းလဲသွားသည်ကို သတိထားမိလိုက်သော် ရန်ကိုင်အား မေးခွန်းထုတ်လိုက်သည့်အကြည့်ဖြင့် လှမ်း၍ ကြည့်လိုက်လေသည်။ သို့သော်ငြား ယခုအချိန်သည် ထိုကိစ္စအကြောင်း ပြောနေရမည့်အချိန် မဟုတ်သည့်အတွက် ချက်ချင်းပဲ လက်သီးဆုပ်၍ ဦးညွှတ်လိုက်လေသည်။ “နန်းတော်သခင်… အကြီးအကဲကျိ ဒီကိုရောက်နေပါပြီ…”
ရန်ကိုင်က အားတင်းပြုံးလျက် “ဂျူနီယာညီမယောင်…”
ကျိယောင်မှာမူ ပုံမှန်မျက်နှာထားဖြင့်သာ ပြန်၍နှုတ်ဆက်လိုက်လေသည်။ “စီနီယာအစ်ကိုရန်…”
ရန်ကိုင်က အသာအယာချောင်းဟန့်လျက် “ဂျူနီယာညီမယောင်… ငါ နင့်ကို အခုလိုမျိုး ဖိတ်ခေါ်လိုက်တာ အရေးကြီးတဲ့ကိစ္စတစ်ခုအကြောင်း ဆွေးနွေးချင်လို့… မန်နေဂျာမှူးကတော့ စီနီယာပင်းယွင်ကို ဒီကိစ္စနဲ့ပတ်သက်ပြီး အကြောင်းကြားပြီးသွားလောက်ပြီ… ဒါပေမယ့် စီနီယာ ဘယ်လိုထင်သေးလဲဆိုတာကိုတော့ မပြောတတ်သေးလို့…” ရန်ကိုင်အနေဖြင့် သူ့အစီအစဉ်ထဲ ရေခဲနှလုံးသားတောင်ကြားအား ပါဝင်စေလိုပါက ပင်းယွင်မှာ အခရာကျပေသည်။
ကျိယောင်က ချက်ချင်းပဲ ပြန်ပြောလိုက်သည်။ “ဆရာက ပြောလိုက်ပါတယ်… ရေခဲနှလုံးသားတောင်ကြား ကပ်ဘေးကနေ လွတ်လာနိုင်ခဲ့တာ စီနီယာအစ်ကိုရဲ့ ကျေးဇူးကြောင့်ဆိုတော့ အခု စီနီယာအစ်ကို အကူအညီလိုနေတဲ့အချိန် ရေခဲနှလုံးသားတောင်ကြားက တတ်စွမ်းသလောက် ကူညီပေးမယ်ဆိုပြီးတော့ ပြောခိုင်းလိုက်ပါတယ်… စီနီယာအစ်ကို တစ်ခုခုအကူအညီလိုတာမျိုးရှိရင် ရေခဲနှလုံးသားတောင်ကြားက လုံးဝ ငြင်းနေမှာမဟုတ်ပါဘူး…”
ရန်ကိုင်မျက်လုံးထဲ အကြည့်တစ်ချက် ဖြတ်ပြေးသွားခဲ့လေသည်။ ထို့နောက် ပြုံး၍ “ကောင်းပြီလေ… အဲ့လိုဆိုမှတော့လည်း အခုကိစ္စနဲ့ပတ်သက်ပြီးတော့ ဂျူနီယာညီမယောင်တို့ကို ဒုက္ခပေးရဦးမှာပေါ့…” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် လူအုပ်ကြီးကိုဝေ့ကြည့်၍ ဆက်ပြောလိုက်လေသည်။ “လူစုံနေပြီဆိုမှတော့ ဘယ်လိုလုပ်မလဲဆိုတာကို စပြီးတော့ ဆွေးနွေးကြတာပေါ့… ဒီကိစ္စကို မြန်မြန်အကောင်အထည်ဖော်မှ အဆင်ပြေမှာ…”
လုပ်ရန် ဆုံးဖြတ်ပြီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် ဆက်၍ နှောင့်နှေးနေစရာမလိုတော့ပေ။ မည်သို့ပင် ဖြစ်နေစေကာမူ မြောက်ဘက်နယ်မြေ၏ ထိပ်တန်းဂိုဏ်းလေးဂိုဏ်းစလုံး အတူတကွ ပူးပေါင်းထားခြင်းဖြစ်လေရာ မြောက်ဘက်နယ်မြေထဲ၌ သူတို့အား ခုခံနိုင်သည့်လူဆို၍ မရှိတော့ပေ။ ထိုအကြောင်းကြောင့် မည်သည့် လှည့်ကွက်၊ အကြံအစည်ကိုမှ လုပ်နေစရာမလို။ သတ္တိရှိရှိဖြင့် ရှေ့ဆက်သွားရုံသာ လိုတော့ပေသည်။
မကြာခင် အစီအစဉ်တစ်ခုကို စဉ်းစားလို့ပြီးသွားခဲ့သည်။ ဂိုဏ်းလေးဂိုဏ်းစလုံး တစ်ပြိုင်နက် လှုပ်ရှားပေမည်။ ထက်ကောင်းကင်နန်းတော်သည် အလယ်တွင်နေ၍ မြောက်ဘက်နယ်မြေတစ်ခုလုံးအား အုပ်ချုပ်မည့်အကြောင်းကို ကြေညာပေမည်။ မြောက်ဘက်နယ်မြေထဲတွင်ရှိနေသော ဂိုဏ်းတိုင်းမြို့တိုင်းသည် တစ်နှစ်လျှင် ဆက်ကြေးအချို့ကို ထက်ကောင်းကင်နန်းတော်ဆီ ပေးရပေလိမ့်မည်။
ဆွေးနွေးပြီးသွားသည့်နောက်တွင် ကျိယောင်၊ လီကျောက်နှင့် မီချီတို့ သုံးဦးစလုံး သူတို့၏ဂိုဏ်းအသီးသီးဆီသို့ ပြန်သွားခဲ့ကြလေသည်။
နောက်တစ်နေ့တွင်မူ ထက်ကောင်းကင်နန်းတော်၏ ဂိုဏ်းကာကွယ်ရေးအစီအရင်ရှေ့၌ လူပေါင်းများစွာ လာရောက်စုဝေးကြလေသည်။ ထိုလူများထဲ အေးစက်စက်မျက်နှာထားဖြင့် အတော်လေးကိုမှ ချောမောလှပသည့် အမျိုးသမီးတစ်ဖွဲ့ ပါဝင်နေခဲ့လေသည်။ ထိုအမျိုးသမီးအဖွဲ့မှာတော့ ရေခဲနှလုံးသားတောင်ကြားမှ လူများမှလွဲ၍ အခြားမဟုတ်ကြပေ။
ညာဘက်တွင်ရှိနေသည့်လူများမှာမူ မီးနဂါးနန်းတော်မှဖြစ်ကြပြီး နောက်ဘက်ခြမ်းတွင်ရှိနေသည့်လူများမှာ အာကာယံကောင်းကင်ဂိုဏ်းမှ ဖြစ်ကြပေသည်။
ဂိုဏ်းတစ်ဂိုဏ်းချင်းစီတိုင်းသည် အဖွဲ့သားတစ်ထောင်ကျော်ကို စေလွှတ်ခဲ့လေသည်။ ထို့အတွက်ကြောင့် ဤနေရာ၌ စုစုပေါင်း လူသုံးထောင်ကျော် စုဝေးနေသည်ဟု ပြော၍ရသည်။ ဤပမာဏမှာ သိပ်မများလှပါသော်ငြား ဤလူများထဲ ပညာရှင်ပေါင်းများစွာ ပါဝင်နေကြလေသည်။ ဧကရာဇ်အဆင့်နှင့် တာအိုသခင်အဆင့်ပညာရှင်များကို နေရာအနှံ့ တွေ့နေရပြီး ထိုလူများထဲ အားအနည်းဆုံးမှာ တန်ခိုးရှင်ဘုရင်အဆင့်များ ဖြစ်ကြသည်။
ထက်ကောင်းကင်နန်းတော်မှာမူ အလယ်တွင် ရှိနေခဲ့ပြီး သူတို့အဖွဲ့ကို မွန်းစတားဘုရင်သုံးပါးမှ ဦးဆောင်နေခဲ့လေသည်။ ရီဟန်နှင့် တာအိုသခင်အဆင့်ပညာရှင်များမှာလည်း ဤအဖွဲ့ထဲ ပါဝင်နေကြသည်။ သို့သော်ငြား အနောက်ဘက်တွင်ရပ်နေသည့်လူအများစုမှာ တန်ခိုးရှင်ဘုရင်အဆင့်များသာ ဖြစ်ကြသည့်အတွက်ကြောင့် ကျန်သုံးဂိုဏ်းနှင့်ယှဉ်လိုက်သော် ဘာမှမပြောပလောက်တော့ပေ။
လက်ရှိ ထက်ကောင်းကင်နန်းတော်၏ ခွန်အားမျှခြေမှာ ကြယ်စီရင်စုမှရောက်လာသည့်လူများကြောင့် ပျက်စီးသွားခဲ့ရခြင်း ဖြစ်လေသည်။ ထိုတပည့်များမှာ သိပ်၍ အားကောင်းခြင်းမရှိသည့်အတွက်ကြောင့် ထက်ကောင်းကင်နန်းတော်၏ လူများထဲ အားကောင်းသည့်လူများသည် အလွန်တရာကိုမှ အားကောင်းကြပြီး အားနည်းသည့်လူများမှာတော့ အလွန်တရာကိုမှ အားနည်းနေကြလေသည်။
ဟွာချင်းစီသည် လီကျောက်၊ မီချီနှင့် ကျိယောင်တို့ကို ခေါ်လိုက်ပြီး မြေပုံတစ်ခုကို ထုတ်ပြလိုက်သည်။ မြေပုံပေါ်တွင် မြောက်မြားလှစွာသော အနီစက်များ ရှိနေကြပြီး ထိုအနီစက်တစ်စက်ချင်းစီတိုင်းသည် မြို့တစ်မြို့ သို့မဟုတ် ဂိုဏ်းတစ်ဂိုဏ်း သို့မဟုတ် ကလန်တစ်ခုကို ကိုယ်စားပြုပေသည်။
အကျဉ်းချုပ်ဆွေးနွေးပြီးသည့်နောက်တွင် ထောင်နှင့်ချီသောလူများသည် ရှစ်ဦးလျှင် တစ်ဖွဲ့စီ အဖွဲ့ခွဲ၍ ဘက်ပေါင်းစုံသို့ ချီတက်သွားကုန်ကြလေသည်။ ထိုလူရှစ်ဦးထဲ ဂိုဏ်းတစ်ဂိုဏ်းစီမှ လူနှစ်ဦးကျစီ ပါဝင်ကြပြီး အဖွဲ့တိုင်းကို တာအိုသခင်အဆင့် သို့မဟုတ် ထို့ထက်ပိုမြင့်သည့် ပညာရှင်တစ်ဦးက ဦးဆောင်ထားလေသည်။ ရန်ကိုင်မှာတော့ ထိုအဖွဲ့များ ဘာလုပ်ရမလဲဆိုသည်ကို ရှင်းပြထားပြီးသားပင်။ တစ်ဖက်လူသည်သာ အခြေအနေကို သိပြီး လက်လျှော့လိုက်မည်ဆိုလျှင် အကောင်းဆုံးပင်။ လက်မလျှော့ဘဲ ခုခံနေမည်ဆိုလျှင်တော့ ထိုရှစ်ဦးဖြင့် တစ်ဖက်အဖွဲ့အား အနိုင်ယူနိုင်လျှင်ယူ မယူနိုင်ပါက ထက်ကောင်းကင်နန်းတော်ဆီသို့ ပြန်လာကာ အစီအရင်ခံ တင်ပြရပေလိမ့်မည်။ ထို့နောက်တွင် ဆန့်ကျင်နေသည့်လူများဆီသို့ ပညာရှင်များစေလွှတ်ကာ အညံ့ခံလာအောင် လုပ်ပေလိမ့်မည်။ တကယ်တော့ ထိပ်တန်းဂိုဏ်းလေးဂိုဏ်းမှ ဧကရာဇ်အဆင့်ပညာရှင်များသည် ဟန်ပြသက်သက်သာလျှင် မဟုတ်ကြသည် မဟုတ်ပေလော။
ထိုသို့ပင်ဖြစ်လင့်ကစား တာအိုသခင်အဆင့်ပညာရှင်များ ဦးဆောင်နေသည့် အဖွဲ့များကိုမူ ကိုင်တွယ်ရအဆင်ပြေမည့် နေရာများဆီသို့သာ စေလွှတ်ခဲ့ပြီး ပြဿနာများမည့် နေရာများကိုမူ ဧကရာဇ်အဆင့်ပညာရှင်များမှ ဦးဆောင်သော အဖွဲ့များကို စေလွှတ်ခဲ့လေသည်။
ရန်ကိုင်ကိုယ်တိုင်ကလည်း အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်၍ မြောက်ဘက်နယ်မြေထဲရှိ အားကောင်းလှသည့် အင်အားစုများ၏ ဌာနချုပ်များဆီသို့ ဦးတည်သွားလေ၏။
ငါးရက်ကြာပြီးသည့်နောက်တွင် တောင်စွယ်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သူ ဟွာယုသည် တောင်စွယ်ဂိုဏ်းဌာနချုပ် အဓိကခန်းမရှေ့တွင် ရှိနေခဲ့လေသည်။ လက်ရှိအချိန်တွင်တော့ တဖြည်းဖြည်း ပျောက်ကွယ်သွားသည့် ရန်ကိုင်တို့အဖွဲ့သားများကို ကြည့်ရင်းမှ ဦးညွှတ်ကာ လက်သီးဆုပ်ထားခဲ့သည်။ ရန်ကိုင်တို့အဖွဲ့ သူ့ရှေ့မှ အပြီးတိုင်ပျောက်ကွယ်သွားသည့်အခါမှသာလျှင် စိတ်ညစ်နေသည့်အမူအယာဖြင့် သက်ပြင်းအမောကြီး ချလိုက်လေသည်။
တောင်စွယ်ဂိုဏ်း၏ ဒုဂိုဏ်းချုပ်ဖြစ်သော ချန်တဟိုင်သည် ဟွာယုဆီသို့ လျှောက်လာပြီး ဒေါမာန်တကြီးဖြင့် “ဂိုဏ်းချုပ်… ကျုပ်တို့ တကယ်ကြီး ထက်ကောင်းကင်နန်းတော်ကို နှစ်တိုင်း ကျုပ်တို့တစ်နှစ်စာဝင်ငွေရဲ့ သုံးဆယ်ရာခိုင်နှုန်းကို ပေးတော့မှာလား…”
“ဟုတ်တယ်… အဲ့ကောင်နဲ့ စကားနည်းနည်းပြောလိုက်ရုံနဲ့ ဘာဖြစ်လို့ ကျုပ်တို့အရင်းအမြစ်ရဲ့ သုံးဆယ်ရာခိုင်နှုန်းကို ပေးပစ်ရမှာလဲ… အဲ့ဒါဆို အခြားသူတွေ ကျုပ်တို့တောင်စွယ်ဂိုဏ်းကို ဘယ်လိုထင်ကြတော့မလဲ…” အကြီးအကဲတစ်ဦးကလည်း အံကြိတ်၍ ထအော်လေသည်။
ဟွာယုက ဝမ်းနည်းနေသည့်အမူအယာဖြင့် “အဲ့ဒါဆို ငါတို့ ဘာလုပ်သင့်တယ်လို့ ထင်လဲ…”
“ဂိုဏ်းချုပ်သာ ဆန္ဒရှိမယ်ဆိုရင် ကျုပ် လူအချို့ခေါ်သွားပြီးတော့ အဲ့ကောင်တွေကို လမ်းတစ်ဝက်မှာ ဖြတ်တိုက်မယ်… ပြီးရင် ကျောက်စိမ်းပြားကို ပြန်ယူလာခဲ့မယ်… လူသေတွေက ဘာမှပြန်ပြောနိုင်မှာမဟုတ်တော့ဘူး… ပြီးတော့ အခုလိုမျိုးလုပ်လိုက်တာ တောင်စွယ်ဂိုဏ်းဆိုတာလည်း ဘယ်သူမှ သိကြမှာမဟုတ်ဘူး…”
“ဟုတ်တယ်… ဒီကောင်ရဲ့လုပ်ရပ်က လူတိုင်းရဲ့ဘုံရန်သူဖြစ်အောင် လုပ်နေတာ… အခုချိန်လောက်ဆို မြောက်ဘက်နယ်မြေထဲမှာ သူ့ကိုသတ်ချင်နေတဲ့လူတွေ နည်းမှာမဟုတ်တော့ဘူး… သူသာသေသွားမယ်ဆိုရင် သူ့ကိုသတ်လိုက်တာ ဘယ်သူလဲဆိုတာကို ဘယ်သူမှ ပြောနိုင်ကြမှာမဟုတ်ဘူး…”
“မင်းတို့…” ဟွာယုသည် အကြီးအကဲနှင့် ကာကွယ်သူများကိုကြည့်၍ ခေါင်းခါကာ သက်ပြင်းချ၍ ပြန်ပြောလိုက်လေသည်။ “မင်းတို့ထဲက ဘယ်သူမှ သူ့ပြိုင်ဘက်မဟုတ်ဘူးကွ…”
အစောပိုင်းက စကားပြောလိုက်သည့်အကြီးအကဲက ပြန်ပြောလိုက်လေသည်။ “စမ်းတောင်မစမ်းကြည့်ရသေးဘဲနဲ့ ဘယ်လိုလုပ်ပြီးသိမှာလဲ… သူက ဧကရာဇ်ဒုတိယအဆင့်ပဲ ရှိသေးတာကို… ကျုပ်တို့အကုန်လုံးသာ အတူပူးပေါင်းပြီး တိုက်ခိုက်မယ်ဆိုရင်…”
“ငါကိုယ်တိုင်စမ်းကြည့်ပြီးသွားပြီ… မင်းတို့ စမ်းကြည့်နေစရာမလိုတော့ဘူး…” ဟွာယုက ဝမ်းနည်းနေသည့်အမူအယာဖြင့် ပြန်ပြောလိုက်သည်။
“ဂိုဏ်းချုပ် စမ်းကြည့်ပြီးသွားပြီလား…” ကာကွယ်သူနှင့် အကြီးအကဲများအားလုံး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြလေသည်။ ယခုအခါမှသာလျှင် ဟွာယုသည် ရန်ကိုင်အား ဘာကြောင့် သူသီးသန့်နေသည့် အခန်းထဲသို့ ခေါ်သွားသလဲဆိုသည်ကို နားလည်သွားခဲ့သည်။ ထိုသို့လုပ်သည်မှာ ရန်ကိုင်၏ခွန်အားကို စမ်းသပ်လိုသည့်အတွက်ကြောင့်ပင် ဖြစ်လေသကိုး။
“ဂိုဏ်းချုပ်စမ်းကြည့်တာ ဘယ်လိုနေလဲ…” လူတိုင်းမှာ ဟွာယုအား မျှော်လင့်တကြီးဖြင့် ကြည့်လာခဲ့သည်။
“ငါ သူ့ပြိုင်ဘက် လုံးဝမဖြစ်နိုင်ခဲ့ဘူး…” ဟွာယု ခါးသက်သက်အမူအယာဖြင့် ပြောလိုက်လေသည်။
အစောပိုင်းက စကားပြောလိုက်သည့်အကြီးအကဲက ပြန်မေးလိုက်လေသည်။ “ဂိုဏ်းချုပ်… ဘာဖြစ်လို့ ကိုယ့်ကိုယ်ကို ဒီလောက်တောင် နှိမ့်ချလွန်းနေရတာလဲ… ဂိုဏ်းချုပ်လည်း ဧကရာဇ်ဒုတိယအဆင့်… သူလည်း ဧကရာဇ်ဒုတိယအဆင့်ပဲဟာကို… ဒီလောက်တော့ ကွာစရာအကြောင်းတော့ မရှိဘူးလေ… ဟုတ်တယ်မလား…”
ဟွာယုက ပြန်ပြောလိုက်သည်။ “ငါတို့ကျင့်ကြံခြင်းက အဆင့်တူနေလို့ ငါ သူတောင်းဆိုတာကို အလွယ်တကူ သဘောတူလိုက်တာလေ… သူ ငါ့ကို ဆယ်ကြိမ်တိုက်ခွင့်ပေးတယ်… အဲ့လိုတိုက်ခိုက်တဲ့အချိန်အတွင်းမှာ သူက ဘာမှပြန်မလုပ်ဘူး… ဒီတိုင်းပဲရပ်နေတာ… ဒါပေမယ့် ငါဘယ်လိုတိုက်တိုက် သူ့ခန္ဓာကိုယ်ပေါ်က အဝတ်စကိုတောင် ထိအောင်မလုပ်နိုင်ဘူး… အဲ့ဒါကို ဘယ်လိုလုပ်ပြီး သူ့ကိုတိုက်ခိုက်ရတော့မှာလဲ…”
“ဘယ်လို…” ထိုစကားကိုကြားသော် လူတိုင်း ထိတ်လန့်သွားကုန်ကြလေ၏။ အချို့ဆိုလျှင် သူတို့များ နားကြားမှားသွားလေသလားဟုပင် တွေးမိကုန်ကြလေသည်။
(ဧကရာဇ်ဒုတိယအဆင့်ချင်း အတူတူပဲကို… ဟိုဘက်က ဘာမှမလုပ်ပဲ ရပ်နေတာကိုတောင် ဂိုဏ်းချုပ်က ဘယ်လိုလုပ်ပြီး အဲ့ရန်ကိုင်ကို ထိအောင် မတိုက်ခိုက်နိုင်ရတာလဲ… ရန်ကိုင်က ဂိုဏ်းချုပ်ရဲ့တိုက်ခိုက်မှုတွေအကုန်လုံးကို ဧကရာဇ်ချီသက်သက်နဲ့ ခုခံသွားတာလား…)
“သူကိုယ်တိုင်ကတော့ ငါ့ကို တိုက်ကွက်တစ်ကွက်ပဲသုံးပြီး အနိုင်ယူသွားတာ…” ထိုသို့ပြောပြီးသည့်နောက်တွင် ဟွာယုက သက်ပြင်းချ၍ ဆက်ပြောလိုက်လေသည်။ “အဲ့လိုလူမျိုးကို ငါတို့တောင်စွယ်ဂိုဏ်းက ဘယ်လိုလုပ်ပြီး တိုက်ခိုက်နိုင်မှာလဲ… ငါသာ သူပြောတဲ့အတိုင်း လုပ်မပေးလိုက်လို့ရှိရင် ငါတို့တောင်စွယ်ဂိုဏ်းတစ်ခုလုံး ပျက်စီးသွားရနိုင်တယ်…”
“သူလုပ်ရဲလား…” ချန်တဟိုင်က ထအော်လေသည်။
ဟွာယုသည် ချန်တဟိုင်ကိုကြည့်၍ “လုပ်ရဲတယ်ဆိုတာတော့ သေချာတယ်… အခုလောလောဆယ် မြောက်ဘက်နယ်မြေရဲ့ ထိပ်တန်းဂိုဏ်းလေးဂိုဏ်းစလုံး အတူပူးပေါင်းထားတာ… သူတို့သာ တကယ်လှုပ်ရှားမယ်ဆိုရင် ငါတို့တောင်စွယ်ဂိုဏ်းက သူတို့ကို ခုခံနိုင်မှာလား… အာကာယံကောင်းကင်ဂိုဏ်းတောင် ထက်ကောင်းကင်နန်းတော်ဆီ အညံ့ခံသွားတယ်လို့ ငါကြားလိုက်သေးတယ်… အစကတော့ ဒီအတိုင်းလျှောက်ပြောတယ်မှတ်နေတာ… ကြည့်ရတာတော့ အမှန်ဖြစ်နေတဲ့ပုံပဲ…”
ထိုစကားကိုကြားသော် လူတိုင်း တိတ်ဆိတ်သွားခဲ့ကြလေသည်။ သူတို့တစ်နှစ်စာဝင်ငွေ၏ သုံးဆယ်ရာခိုင်နှုန်းကို ထက်ကောင်းကင်နန်းတော်ဆီ နှစ်တိုင်း ပေးချေနေရမည့်အပေါ် မည်သူမျှ ပျော်ရွှင်နေခြင်း မရှိကြပေ။
အကုန်လုံးမှာတော့ ချောချောမွေ့မွေ့ဖြင့်သာ ရှိနေခဲ့လေသည်။ ရန်ကိုင်သည် မြောက်ဘက်နယ်မြေတစ်ခွင် လျှောက်ပတ်သွားလေသည်။ အာကာယံကောင်းကင်ဂိုဏ်းအား အနိုင်ယူထားသည်ဟူသော ဂုဏ်သတင်းကြောင့် ရန်ကိုင်အနေဖြင့် ဘာမှသိပ်လုပ်နေစရာမလိုခဲ့။ ဂိုဏ်းများ ကလန်များ အသီးသီးဆီမှ ကျောက်စိမ်းပြားများကို အလွယ်တကူ ရယူလာနိုင်ခဲ့ပြီး ထိုဂိုဏ်းများ ကလန်များဆီမှလည်း ၎င်းတို့၏ တစ်နှစ်စာဝင်ငွေထဲမှ သုံးဆယ်ရာခိုင်နှုန်းကို ထက်ကောင်းကင်နန်းတော်ဆီသို့ နှစ်စဉ်ပေးမည်ဟူသော ကတိသက်သေများကိုလည်း ရလာခဲ့လေသည်။ မည်သူမျှ ရန်ကိုင်အား ခုခံရဲခြင်း မရှိကြပေ။ အများဆုံးမှ ရန်ကိုင်၏အရည်အချင်းကို တောင်စွယ်ဂိုဏ်းမှ ဂိုဏ်းချုပ်ကဲ့သို့ စမ်းသပ်လိုသူများ ရှိကြရုံသာ။ သို့သော်ငြား အကြောင်းသိသွားပြီးသည့်နောက် အကုန်လုံး အလိုက်တသိနှင့် လက်လျှော့သွားကြလေသည်။
ရန်ကိုင်မှာ ကျောက်စိမ်းပြားများကိုသာလျှင် ရယူခဲ့ခြင်းမဟုတ်။ သင့်တော်သည့်နေရာတွေ့တိုင်း ဟင်းလင်းပြင်အစီအရင်များကိုလည်း ခင်းကျင်းသွားပေသေးသည်။ ထို့အတွက်ကြောင့် ကိုယ့်ကတိကိုယ် မတည်သူများ ရှိလာခဲ့လျှင် ထက်ကောင်းကင်နန်းတော်အနေဖြင့် ထိုလူများဆီသို့ လျင်မြန်စွာလာရောက်၍ သင်ခန်းစာပေးနိုင်ပေလိမ့်မည်။
မြောက်ဘက်နယ်မြေတစ်ခွင်တွင်ရှိနေကြသော ဂိုဏ်းများ မြို့များနှင့် ကလန်များသည် ၎င်းတို့၏တစ်နှစ်စာဝင်ငွေထဲမှ သုံးဆယ်ရာခိုင်နှုန်းကို ထက်ကောင်းကင်နန်းတော်ဆီသို့ နှစ်စဉ်ပေးမည်ဟု ကတိကဝတ် ပြုခဲ့ကြသည်။ အင်အားစုတစ်ခုချင်းစီမှ သုံးဆယ်ရာခိုင်နှုန်းမှာ သိပ်၍မပြောပလောက်ပါသော်ငြား မြောက်ဘက်နယ်မြေအနှံ့ရှိ အင်အားစုအားလုံး၏ သုံးဆယ်ရာခိုင်နှုန်းဆိုလျှင်တော့ အလွန်တရာကိုမှ များပြားသွားခဲ့လေပြီ။
ယခုကဲ့သို့ ဖြစ်လာခဲ့ပြီဖြစ်လေရာ ထက်ကောင်းကင်နန်းတော်အနေဖြင့် ဘာမှမလုပ်လျှင်ပင် မြောက်ဘက်နယ်မြေတစ်ခုလုံး၏ အကျိုးအမြတ်သုံးဆယ်ရာခိုင်နှုန်းကို အလကားထိုင်နေရင်း ရနေပေလိမ့်မည်။ ထို့အပြင် ရန်ကိုင်သည် သူ့လက်အောက်ခံအင်အားစုများ၏ အဆက်အသွယ်ကိုသုံး၍ မြောက်ဘက်နယ်မြေ၏ ဒေသထွက်ပစ္စည်းများကိုလည်း စုဆောင်းနိုင်ပေသေးသည်။ ထိုနည်းဖြင့် ရန်ကိုင်မှာ ထက်ကောင်းကင်နန်းတော်၏ စီးပွားရေးကို ပိုမိုတိုးတက်လာအောင် လုပ်ဆောင်နိုင်ပေတော့မည်။
ရက်နှစ်ဆယ်ကျော်ခန့် ခြေဆန့်သွားလာနေပြီးသည့်နောက်တွင် ဟင်းလင်းပြင်အစီအရင်မှတစ်ဆင့် ရန်ကိုင်သည် ထက်ကောင်းကင်နန်းတော်ဆီသို့ ပြန်လာခဲ့လေသည်။ အကုန်လုံး ဤမျှ ချောချောမွေ့မွေ့နှင့် ပြီးသွားခဲ့ရခြင်းမှာ အာကာယံကောင်းကင်ဂိုဏ်းသည် ထက်ကောင်းကင်နန်းတော်လက်အောက်သို့ အညံ့ခံသွားသည်ဟူသော သတင်းကြောင့်ပင် ဖြစ်လေသည်။ အာကာယံကောင်းကင်ဂိုဏ်းသည်ပင်လျှင် လက်လျှော့သွားခဲ့ရလေရာ အခြားသူများတွင် မည်ကဲ့သို့သောရွေးချယ်မှုများ ရှိနေပါဦးမည်နည်း။ အခြားသောအကြောင်းအရင်းမှာတော့ ထိပ်တန်းဂိုဏ်းလေးဂိုဏ်းစလုံး အတူတကွ ပူးပေါင်းထားသည်ဟူသော အချက်ကြောင့်ပင်။ ထိပ်တန်းဂိုဏ်းလေးဂိုဏ်းစလုံး အတူတကွ ပူးပေါင်းထားလေရာ မည်သူကများ သူတို့အား ခုခံနိုင်ပါဦးမည်နည်း။
ရန်ကိုင်

အပိုင်း (၃၂၄၀)
ဘာသာပြန်သူ_တိမ်တိုက်
မြောက်ဘက်နယ်မြေရှိ ကိစ္စများမှာ အနည်းနှင့် အများဆိုသလို အခြေကျသွားခဲ့လေပြီ။ လုပ်စရာကိစ္စအချို့ ရှိနေပါသော်ငြား ထိုကိစ္စများသည် ရန်ကိုင် ကိုယ်တိုင် ဝင်ပါရလောက်သည်အထိ အရေးမကြီးတော့ပေ။ ဟွာချင်းစီ ကိုယ်တိုင်က အစီအစဉ်တစ်ခုလုံးကို ကြီးကြပ်နေသလို အခြားသော ဂိုဏ်းသုံးဂိုဏ်းကလည်း ပူးပေါင်း ပါဝင်ပေးနေသည့်အတွက်ကြောင့် ထိုကိစ္စများကို ဖြေရှင်းဖို့ရာ သိပ်အချိန်ယူရလိမ့်မည် မဟုတ်ပေ။
အချိန်နီးနေပြီဖြစ်ကြောင်း သိလိုက်သော် ရန်ကိုင်သည် ဟွာချင်းစီကို အသိပေး၍ ပိယန်ယုချင်းနှင့်အတူ နေမင်းပြာကျောင်းတော်ဆီသို့ ဟင်းလင်းပြင်အစီအရင်မှတစ်ဆင့် ထွက်လာခဲ့သည်။ နေမင်းပြာကျောင်းတော်သို့ ရောက်သော် ဓားတောင်ဆီသို့ မသွားဘဲ ချိုရန် နေသည့် နေမင်းတောင်ဆီသို့သာ တန်း၍ ပျံသန်းသွားလိုက်လေသည်။
ဤသည်မှာ ပိယန်ယုချင်းအဖို့ နေမင်းပြာကျောင်းတော်ကို ပထမဦးဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်သည့်အတွက်ကြောင့် စိတ်ဝင်တစားနှင့် လိုက်ပတ်ကြည့်နေမိသည်။ နေမင်းပြာကျောင်းတော်နှင့် အထက်ကောင်းကင်နန်းတော်အား ယှဉ်ကြည့်လိုက်သည့်အခါတွင် နေမင်းပြာကျောင်းတော်၏ ကျင့်ကြံရေးပတ်ဝန်းကျင်မှာ အထက်ကောင်းကင်နန်းတော်ထက် နိမ့်ကျနေကြောင်း တွေ့ရှိလိုက်ရသည့်နောက် ပိယန်ယုချင်း စိတ်ထဲ ဂုဏ်ယူချင်သလိုဖြစ်သွားခဲ့လေသည်။
ပိယန်ယုချင်းမှာ တောင်ဘက်နယ်မြေအတွင်းရှိ ငှက်မွေးပြာဂိုဏ်းတွင် သူမ ဘဝ၏ အချိန်အများစုကို ကုန်ဆုံးခဲ့ခြင်းဖြစ်လေသည်။ ထိုဂိုဏ်းလေးမှာ အားနည်းပြီး သေးငယ်သည့် အင်အားစုလေး တစ်ခုမှလွဲ၍ ဘာမျှ မဟုတ်ပေ။ ထိုဂိုဏ်းထဲ၌ ဧကရာဇ်အဆင့်ပညာရှင် တစ်ဦးပင် မရှိ။ သို့သော်ငြား နေမင်းပြာကျောင်းတော်သည် တောင်ဘက်နယ်မြေ၏ ထိပ်တန်းဂိုဏ်းတစ်ခုဖြစ်ကာ ငှက်မွေးပြာဂိုဏ်းထက် အဆပေါင်းများစွာ ပိုမိုအားကောင်းပေသည်။ ထိုအတွက်ကြောင့် အမြဲတစေဆိုသလို နေမင်းပြာကျောင်းတော်အား အားကျခဲ့ရသည်။
သူမသည်သာ ငှက်မွေးပြာဂိုဏ်း၏ ကာကွယ်သူတစ်ဦးဖြစ်မည်ဆိုလျှင် နေမင်းပြာကျောင်းတော်ထဲသို့ ခြေချခွင့်ရလိမ့်မည် မဟုတ်ပေ။ သို့သော်ငြား သူမ၏ လက်ရှိ အဆင့်အတန်းမှာ အထက်ကောင်းကင်နန်းတော်၏ ဒုမန်နေဂျာ ဖြစ်သည့်အလျောက် နေမင်းပြာကျောင်းတော်ထဲသို့ ခြေချခွင့်ရလာတော့လေသည်။ နေမင်းပြာကျောင်းတော်အား အခြားသော ရှုထောင့်တစ်မျိုးဖြင့် ကြည့်ရင်းမှ သူမ စိတ်ထဲ မတူကွဲပြားသည့် ခံစားချက်တစ်မျိုးကို ရရှိလာခဲ့လေ၏။
သူမ အရှေ့မှ ဦးဆောင်သွားနေသည့် လူငယ်လေး၏ ကျောပြင်ကိုကြည့်ရင်း လူငယ်လေးနှင့် တွေ့ခဲ့ရသည့်အပေါ် ပိယန်ယုချင်း စိတ်ထဲ အလွန်ကိုမှ ဝမ်းသာမိသွားခဲ့သည်။ သူမသည်သာ ရန်ကိုင်နှင့် မတွေ့ခဲ့လျှင် ဧကရာဇ်အဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့လိမ့်မည် မဟုတ်ဘဲ စိတ်ဝိညာဉ်ရေကန်နန်းတော် အပြင်ဘက်တွင် အသတ်ခံခဲ့ရပေလိမ့်မည်။ သို့သော်ငြား ယခုမူ မသေသေးရုံမက အထက်ကောင်းကင်နန်းတော်ထဲ အလွန်ကိုမှ အဆင့်မြင့်သော ရာထူးတစ်ခုကိုပါ ရရှိထားခဲ့လေသည်။
ရန်ကိုင်တို့ ရောက်နေကြောင်း သိလိုက်ပြီးသည့်နောက် ချိုရန်သည် ထိုင်နေရာမှ ထ၍ ရန်ကိုင်နှင့် ပိယန်ယုချင်းတို့အား ခန်းမထဲ၌ လာတွေ့လေသည်။
ရန်ကိုင်မှ မိတ်ဆက်ပေးပြီးသည့်နောက် ပိယန်ယုချင်းသည် နိမ့်ကျခြင်းလည်းမရှိ မောက်မာခြင်းလည်း မရှိသည့် အမူအရာဖြင့် နှုတ်ဆက်လိုက်လေသည်။ "မင်္ဂလာပါ ဒုကျောင်းသခင်ချို"
ချိုရန်သည် နေမင်းပြာကျောင်းတော်၏ ဒုကျောင်းသခင်ဖြစ်ကြောင်းကို ပိယန်ယုချင်း ကြားခဲ့ဖူးပေသည်။ ထိုအတွက်ကြောင့် ချိုရန်မှာ တောင်ဘက်နယ်မြေထဲ အတော်လေးကိုမှ အာဏာရှိသည့် လူတစ်ဦးဖြစ်သည်ဟု ပြော၍ ရသည်။ ယခင်ကသာဆိုလျှင်တော့ ဤကဲ့သို့သော လူတစ်ဦးနှင့် တွေ့ရမည့်အပေါ် ပိယန်ယုချင်းအနေဖြင့် အလွန်ကိုမှ စိတ်လှုပ်ရှားစိုးရိမ်နေလိမ့်မည် ဖြစ်ပါသော်ငြား ယခုမူ ထိုကဲ့သို့ မဟုတ်တော့ပေ။ သူမသည် ယခင်ကကဲ့သို့ အားနည်းလှသည့် ကောင်မလေးတစ်ဦး မဟုတ်တော့။ အထက်ကောင်းကင်နန်းတော်ထဲ မွန်းစတားဘုရင်သုံးပါးနှင့်ပင်လျှင် နေ့စဉ်နှင့်အမျှ နေနေခဲ့ရလေရာ ဧကရာဇ်ဒုတိယအဆင့်ပညာရှင်တစ်ဦးသည် သူမအား ထိုမျှ များပြားလှသော ဖိအားမျိုးကို ပေးစွမ်းနိုင်ခြင်း မရှိတော့ပေ။
"ဒုမန်နေဂျာ" ချိုရန်က လက်သီးဆုပ်၍ ပြန်နှုတ်ဆက်လိုက်လေသည်။
ရန်ကိုင်က ပြောလိုက်လေ၏။ "ဘယ်လို ပူးပေါင်းမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ အသေးစိတ်ကို ဒုမန်နေဂျာနဲ့ ဆွေးနွေးလိုက်၊ စီနီယာအစ်ကို အခုကျုပ်သွားတော့မယ်"
ရန်ကိုင်အနေဖြင့် ပိယန်ယုချင်းအား ခေါ်လာရသည့် အဓိကအကြောင်းအရင်းမှာ အထက်ကောင်းကင်နန်းတော်နှင့် နေမင်းပြာကျောင်းတော်အကြား ကုန်သွယ်ရေးကို စတင်တည်ထောင်လိုသည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။ ကောင်းရွှယ်ထင်းမှာလည်း ထိုအကြောင်းကို ပြောခဲ့ဖူးသည်။ ထိုအတွက်ကြောင့် ရန်ကိုင်မှာ ကောင်းရွှယ်ထင်းမှ သူ၏ ချက်ကောင်းကို ကိုင်ကာ သူ့အပေါ် အမြတ်ထုတ်မည်ကို စိုးရိမ်သည့်အတွက်ကြောင့် သေသေချာချာစဉ်းစား၍ ပိယန်ယုချင်းကို ခေါ်လာခဲ့ခြင်း ဖြစ်လေသည်။ ဟွာချင်းစီမှာ မြောက်ဘက်နယ်မြေရှိ ကိစ္စများကို ကိုင်တွယ်နေရသဖြင့် မအားလပ်သေးလေရာ နေမင်းပြာကျောင်းတော်နှင့် ဆွေးနွေးရမည့် အတိုင်အပင်သည် ပိယန်ယုချင်း၏ ပခုံးပေါ်သို့ ရောက်လာခဲ့လေသည်။
ချိုရန် ကြောင်သွားခဲ့လေသည်။ "ဒါက ပေါ့သေးသေးကိစ္စ မဟုတ်ဘူးနော်၊ မင်းကိုယ်တိုင် မဆုံးဖြတ်တော့ဘူးလား ဂျူနီယာညီလေးရန်"
သူပြောချင်သည့် အဓိပ္ပာယ်မှာတော့ ရှင်းပေသည်။ ဒုတိယမန်နေဂျာသည် ရန်ကိုင် ကိုယ်စား ဤကိစ္စကို ဆွေးနွေးနိုင်မည်လား။ ဤကိစ္စသည် မြောက်များလှစွာသော အကျိုးအမြတ်များနှင့် ပတ်သက်နေပေသည်။ ထိုအတွက်ကြောင့် ဆွေးနွေးပွဲပြီးသွားခဲ့၍ ရန်ကိုင်မှ သူတို့၏ ဆုံးဖြတ်ချက်ကို သဘောမတူလျှင် မည်ကဲ့သို့လုပ်မည်နည်း။ ထိုသို့သာဆိုလျှင် ကသိကအောက် ဖြစ်ရပေလိမ့်မည်။ ရန်ကိုင် မည်မျှ စိတ်ထားသေးနုပ်ကြောင်းကို ချိုရန် သိပေသည်။
ရန်ကိုင်ကမူ သည်းလှိုက်အူလှိုက် အော်ရယ်မောရင်းမှ ပြန်၍ ပြောလိုက်သည်။ "စိတ်မပူနဲ့ စီနီယာအစ်ကိုချို၊ ဒီကိစ္စသာ ချောချောမွေ့မွေ့နဲ့ ပြီးသွားခဲ့မယ်ဆိုရင် ကျုပ် ဘာမှဝင်ပြောမှာ မဟုတ်ဘူး"
လတ်တလောအတွင်း မြောက်ဘက်နယ်မြေ၌ ဘာတွေ ဖြစ်နေသလဲဆိုသည်ကို ချိုရန် မည်ကဲ့သို့များ သိနိုင်ပါမည်နည်း။ နေမင်းပြာကျောင်းတော်နှင့် ပူးပေါင်းသည့် အချက်မှာ အထက်ကောင်းကင်နန်းတော်အတွက် ကောင်းမွန်သည့်။ ကိစ္စတစ်ရပ် ဖြစ်ပါသော်ငြား ထိုကိစ္စမှာ ရန်ကိုင် သိပ်၍ အလေးထားသည့် ကိစ္စတစ်ရပ်တော့ မဟုတ်ပေ။ ထိုအပြင် ရန်ကိုင်သည် တောင်ဘက်နယ်မြေထဲရှိ စီးပွားရေးအရ၌ နေမင်းပြာကျောင်းတော်ထက်ပင်လျှင် ပိုမိုကျယ်ပြန့်သော ခရမ်းကြယ်စဉ်ကုန်သွယ်ရေးအဖွဲ့အစည်းနှင့် အရောင်းအဝယ်လုပ်နေခြင်း ဖြစ်လေသည်။ ထိုအတွက်ကြောင့် နေမင်းပြာကျောင်းတော်နှင့် ကုန်သွယ်ရေးလုပ်သည်မှာ နေမင်းပြာကျောင်းတော်ထဲရှိ သူ၏ အဆင့်မြင့်အကြီးအကဲ ရာထူးကြောင့်သာလျှင် ဖြစ်ပေသည်။ ထိုသို့သာမဟုတ်ပါက ရန်ကိုင်အနေဖြင့် သူ၏ အကျိုးအမြတ်များ တစ်ဖက်ဆီသို့ ဤအတိုင်း ရောက်ရှိသွားမည်ကို မည်သည့်နည်းနှင့်မျှ ခွင့်ပြုလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် ရန်ကိုင်က ပိယန်ယုချင်းဘက်သို့ လှည့်၍ ပြောလိုက်လေသည်။ "ဒုမန်နေဂျာ၊ ဆွေးနွေးမယ်ဆိုရင် နည်းနည်းသင့်သင့်တင့်တင့်လေးလည်း ဆွေးနွေးပေးဦးနော်၊ ငါက နေမင်းပြာကျောင်းတော်ရဲ့ အကြီးအကဲတစ်ယောက်ဖြစ်နေတုန်းပဲ"
"ဟုတ်ကဲ့" ပိယန်ယုချင်းက တလေးတစားဖြင့် ပြန်ပြောလိုက်လေသည်။
ထိုစကားကို ကြားသော် ချိုရန်၏ မျက်နှာထက် ဝမ်းသာရိပ်တို့ ဖြစ်ပေါ်လာခဲ့လေသည်။ ရန်ကိုင်မှ သူ့အရှေ့တည့်တည့်တွင် ယခုကဲ့သို့သော စကားမျိုးကို ပြောခြင်းမှာ သူ့ကိုယ်သူ နေမင်းပြာကျောင်းတော်၏ အကြီးအကဲတစ်ဦးအဖြစ် မှတ်ယူထားသေးသည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။
ချက်ချင်းဆိုသလို ပိယန်ယုချင်းမှာ ချိုရန်နှင့် စတင် ဆွေးနွေးတိုင်ပင်တော့လေသည်။
ရန်ကိုင်ကမူ ကောင်းရွှယ်ထင်း နေသည့် ခရမ်းဝါးတောင်ဆီသို့သာ ဦးတည်သွားလိုက်သည်။ ကောင်းရွှယ်ထင်းနှင့် တွေ့ပြီးသည့်နောက် တောင်ဘက်နယ်မြေ၏ သိုင်းပညာရှင်စုဝေးပွဲအကြောင်းကို မေးမြန်းကြည့်လိုက်ရာ ထိုသိုင်းပညာရှင်စုဝေးပွဲဆီသို့ သွားရန် သုံးရက်ခန့်လိုသေးကြောင်း သိလိုက်ရလေသည်။ အချိန်အများကြီး ကျန်သေးသည့်အတွက်ကြောင့် ရန်ကိုင်သည် မုရုန်ရှောင်ရှောင်နှင့် ရှောင်ပိုင်ယီတို့ဆီ သွားကာ စကားစမြည်ပြောလေသည်။
မုရုန်ရှောင်ရှောင်မှာ အတော်လေးကိုမှ ဖော်ရွေသည့် လူတစ်ဦး ဖြစ်ပေသည်။ ရန်ကိုင်မှာ တာအိုသခင်အဆင့်တွင် ရှိစဉ်ကတည်းက သူမအား စသိခဲ့ခြင်း ဖြစ်လေသည်။ ထိုအကြောင်းကြောင့် နေမင်းပြာကျောင်းတော်၏ အကြီးအကဲများ ဖြစ်လာပြီးသည့်နောက်ပိုင်း အတွေ့အကြုံများကို တစ်ဦးနှင့်တစ်ဦး ပျော်ရွှင်စွာဖြင့် စမြုံ့ပြန် ပြောဆိုကြလေသည်။
ရှောင်ပိုင်ယီကမူ မုရုန်ရှောင်ရှောင်ကဲ့သို့ ဖော်ရွေခြင်း မရှိ။ သူ့မျက်နှာအမူအရာမှာ ကျိယောင်ထက်ပင် ပို၍ အေးစက်နေသည်။ ရန်ကိုင်ကို တွေ့သည့်အခါတွင်လည်း မသိလျှင် ရန်ကိုင်သည် သူ့အပေါ် အကြွေးအများကြီး တင်ထားသည့်။ပုံစံမျိုးဖြင့် လုပ်ပြနေလေသည်။
ရှောင်ပိုင်ယီ၏ မျက်နှာထားနှင့် ပုံစံကို ကြည့်ရင်း ရန်ကိုင်မှာ ထရိုက်ချင်စိတ်များပင် သူ့စိတ်ထဲ ဖြစ်ပေါ်လာခဲ့ရသည်။ ကံမကောင်းစွာဖြင့် အိမ်ရှင်မှာ သူ့အား မကြိုဆိုချင်သည့်အတွက်ကြောင့် ရန်ကိုင်လည်း အလျင်စလို ပြန်၍ ထွက်ခွာလာခဲ့သည်။
လက်ကျန်အချိန်များကို ရန်ကိုင်သည် ဓားတောင်ပေါ်တွင် နေရင်းဖြင့်သာ ကုန်ဆုံးခဲ့လေသည်။ ထိုသို့ဖြင့် သုံးရက်ဟူသော ကာလမှာ မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။ နောက်တစ်နေ့ နေထွက်ချိန်သို့ ရောက်လာသော် လူပေါင်းများစွာသည် တစ်ခုသော တောင်ပေါ်၌ စုဝေးနေကြပြီး ထိုလူအုပ်ကြီး၏ ခေါင်းဆောင်မှာမူ သိသာထင်ရှားသည့် ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ဦး ဖြစ်နေခဲ့သည်။
ရန်ကိုင်လည်း ထိုနေရာဆီသို့ ပျံသန်းလိုက်ပြီး မကြာမီ တောင်ပေါ်သို့ ရောက်လာခဲ့လေသည်။ ခရမ်းရောင်ဝတ်ရုံဝတ်လူကို မြင်သော် ရန်ကိုင်မှာ ချက်ချင်းပဲ လက်သီးဆုပ်၍ နှုတ်ဆက်လိုက်လေ၏။ "မင်္ဂလာပါ ကျောင်းသခင်"
ခရမ်းရောင်ဝတ်ရုံဝတ်လူမှာ နေမင်းပြာကျောင်းတော်၏ ကျောင်းသခင်ဖြစ်သော ဝမ်ကျိရှန်းမှ လွဲ၍ အခြားမဟုတ်ပေ။ လက်ရှိအချိန်တွင် ဝမ်ကျိရှန်းသည် ယဲ့ယဲ့လေး ပြုံးရင်းမှ လက်နောက်ပစ်ကာ ရပ်နေခဲ့လေသည်။ ရန်ကိုင်၏ နှုတ်ဆက်သံကိုကြားသော် ရန်ကိုင်ဘက်သို့ လှည့်ကြည့်၍ ပြုံးကာ ခေါင်းညိတ်လိုက်လေ၏။ "အကြီးအကဲရန် မင်းတော်တယ်"
"ကျောင်းတော်ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို မျှဝေရမှာ ကျုပ်လုပ်သင့်တဲ့အရာပဲလေ" ရန်ကိုင်က အလေးအနက်အမူအရာဖြင့် ပြန်ပြောလိုက်သည်။ ရန်ကိုင်အနေဖြင့် ယခုကဲ့သို့ တလေးတစား ဆက်ဆံရပေလိမ့်မည်။ တကယ်တော့ သူသည် အထက်ကောင်းကင်နန်းတော်၏ နန်းတော်သခင် ဖြစ်သည့်တိုင် နေမင်းပြာကျောင်းတော်ထဲတွင်မူ အဆင့်မြင့်အကြီးအကဲတစ်ဦးသာလျှင် မဟုတ်ပေလော။
"ခဏစောင့်ဦး၊ ကောင်းရွှယ်ထင်း မရောက်သေးဘူး၊ ဟူး မိန်းမတွေက တကယ်ကို ပြဿနာများတာပဲ၊ တံခါးကနေ တစ်ခါထွက်ဖို့အရေး ကြာလိုက်ကြတာ"
ဝမ်ကျိရှန်းဘက်မှ ထိုစကား ထွက်လာသည်နှင့် တစ်ပြိုင်နက် လူပေါင်းများစွာသည် သူ့အား ဒေါမာန်တကြီးဖြင့် စိုက်ကြည့်လာကြလေသည်။ မကြာသေးခင်က ရောက်ရှိလာသည့် မုရုန်ရှောင်ရှောင်သည်ပင်လျှင် မျက်မှောင်ကြုတ်သွားခဲ့သည်။ ဝမ်ကျိရှန်းသည် ကောင်းရွှယ်ထင်းကိုသာ ပြောလိုက်ခြင်း မဟုတ်ဘဲ မိန်းမအားလုံးကို ဝါးရင်းတုတ်နှင့် ဝှေ့ရမ်းလိုက်သည့်အတွက်ကြောင့် ယခုကဲ့သို့ ရန်ဆောင်ခံနေရခြင်း ဖြစ်လေသည်။ အခြေအနေကို သဘောပေါက်လိုက်သော် ဝမ်ကျိရှန်းသည် သူ့မုတ်ဆိတ်မွေးကို လက်ဖြင့် ပွတ်သပ်ရင်းမှ ကောင်းကင်ပေါ်သို့ မော့၍ ပြောလိုက်လေ၏။ "ဒီနေ့ လေတော်တော်ထန်နေတာပဲ"
"အကြီးအကဲလော့၊ အကြီးအကဲရှောင်၊ အကြီးအကဲမူရုံ" ရန်ကိုင်သည် ရောက်ရှိနေသော ဧကရာဇ်အဆင့်ပညာရှင်များကို နှုတ်ဆက်လိုက်လေသည်။ ရှောင်ပိုင်ယီနှင့် မုရုန်ရှောင်ရှောင်တို့မှာတော့ ဘာမျှပြောစရာ မလိုတော့။ လော့ချန်မှာမူ အေးစက်စက်အမူအရာဖြင့် သက်လတ်ပိုင်းလူကြီးတစ်ဦး ဖြစ်ပေသည်။
လော့ချန်မှာ အေးစက်စက်မျက်နှာထားနှင့် စရိုက်ကို ပိုင်ဆိုင်ထားသည့်အတွက်ကြောင့် ရန်ကိုင်မှာ လော့ချန်နှင့် သိပ်၍ ရင်းနှီးခြင်းမရှိ။ ထိုအပြင် ရန်ကိုင်အနေဖြင့် နေမင်းပြာကျောင်းတော်ထဲ၌ ရှိနေသည်မှာလည်း ရှားပေသည်။ ထိုအကြောင်းကြောင့် နေမင်းပြာကျောင်းတော်၏ အခြားသော အကြီးအကဲများနှင့် သိပ်၍ အဆက်အသွယ် မရှိပေ။ ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်မှာ လော့ချန်အား နာမည်အရသာ သိထားပြီး တစ်ခါမျှ လူချင်းတွေ့ကာ စကားမပြောဖူးပေ။
အကြီးအကဲသုံးဦးမှာ ရန်ကိုင်အား ပြန်၍ နှုတ်ဆက်လိုက်ကြလေသည်။
"ဒါ သိုင်းပညာရှင်စုဝေးပွဲကိုသွားမဲ့ တပည့်တွေလား" ရန်ကိုင်သည် သူတို့အနောက်တွင် စနစ်တကျ ရပ်နေသော တပည့်များကို ဝေ့ကြည့်ကာ မေးလိုက်လေသည်။
တပည့်များက လက်သီးဆုပ်၍ ပြန်နှုတ်ဆက်လိုက်လေသည်။ "မင်္ဂလာပါ အကြီးအကဲရန်"
တပည့်များ၏ ကျင့်ကြံခြင်းမှာ အမျိုးမျိုးအစားစား ရှိနေခဲ့သည်။ အချို့သည် တာအိုသခင်အဆင့်တွင် ရှိနေပြီး အချို့မှာတော့ တန်ခိုးရှင်ဘုရင်အဆင့်တွင် ရှိနေကာ အချို့ဆိုလျှင် တန်ခိုးရှင်အဆင့်တွင် ရှိနေခဲ့သည်။ တောင်ဘက်နယ်မြေ၏ သိုင်းပညာရှင်စုဝေးပွဲမှာလည်း အမျိုးအစားအမျိုးမျိုး ရှိပေသည်။ တာအိုသခင်အဆင့်များသည် တာအိုသခင်အဆင့်ချင်း ပြိုင်ကြပြီး တန်ခိုးရှင်ဘုရင်အဆင့်များမှာတော့ တန်ခိုးရှင်ဘုရင်အဆင့်ချင်း ပြိုင်ကြကာ တန်ခိုးရှင်အဆင့်ဂျူနီယာများမှာမူ တန်ခိုးရှင်အဆင့်ဂျူနီယာအချင်းချင်း ပြိုင်ဆိုင်ကြပေသည်။ ထိုအကြောင်းကြောင့် ကျောင်းတော်သည် ထိုကျင့်ကြံခြင်း သုံးဆင့်တွင် ရှိနေသော အတော်ဆုံးတပည့်များကို ရွေးထုတ်ထားခဲ့ခြင်း ဖြစ်လေသည်။ အရှေ့ဆုံးတွင် ရပ်နေသည့် လူများမှာ တာအိုသခင်အဆင့်ကျင့်ကြံသူများ ဖြစ်ကြပြီး ထို့နောက်တွင်တော့ တန်ခိုးရှင်ဘုရင်အဆင့်နှင့် တန်ခိုးရှင်အဆင့်တို့ ရှိနေကြလေသည်။
ရန်ကိုင်က ပြုံး၍ ခေါင်းညိတ်ပြလိုက်လေသည်။ ထိုလူအုပ်ကြီးထဲ သူရင်းနှီးနေသည့် လူပေါင်းများစွာကို တွေ့လိုက်ရပေသည်။ ထိုလူများသည် ရန်ကိုင်နှင့်အတူ ဥတုလေးမျိုးနယ်မြေထဲသို့ ဝင်ခဲ့ကြသည့် ကျင့်ကြံသူများ ဖြစ်ကြပေသည်။ ကံမကောင်းစွာဖြင့် ရန်ကိုင်မှာ ထိုလူများနှင့် သိပ်၍မသိဘဲ ရင်းနှီးနေရုံသာ ရှိပေသည်။ ထိုလူများသည် ယခင်က တာအိုသခင်အဆင့်တွင် ရှိနေခဲ့သလို ယခုအချိန်အထိလည်း တာအိုသခင်အဆင့်တွင်သာ ရှိနေပေသေးသည်။ ဧကရာဇ်အဆင့်သို့ ဝင်ရောက်ဖို့ရာမှာ လွယ်ကူလှသည်မှ မဟုတ်လေဘဲ။ အများစုသည် တာအိုသခင်တတိယအဆင့်တွင်သာ တစ်ဘဝလုံး ရပ်တန့်သွားတတ်ကြပေသည်။
ရှရှန်း၊ ရှောင်ပိုင်ယီနှင့် မုရုန်ရှောင်ရှောင်တို့ ဧကရာဇ်အဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ကြခြင်းမှာ သူတို့၏ မြင့်မားလှသော ပါရမီနှင့် နားလည်နိုင်စွမ်းကြောင့် ဖြစ်ပေသည်။ ထိုအပြင် ဥတုလေးမျိုးနယ်မြေနှင့် ကျယ်ပြန့်ပင်လယ်ထဲ၌ သူတို့ ရရှိခဲ့သော အကျိုးအမြတ်များနှင့်လည်း သက်ဆိုင်လောက်ပေသည်။
လူအုပ်ကြီးကို ဝေ့ကြည့်လိုက်ရင်းမှ ရန်ကိုင်၏ အကြည့်သည် တစ်ခုသောနေရာတွင် ရပ်တန့်သွားခဲ့သည်။ ရန်ကိုင်၏ အကြည့်မှာ လူငယ်လေးတစ်ဦးဆီတွင် တစ်ခဏမျှ ရပ်တန့်နေခဲ့လေသည်။ အကြောင်းမှာ ထိုလူငယ်လေးသည် သူသိသည့်လူပင် ဖြစ်နေသည့်အတွက်ကြောင့်ပင်။ ထိုအပြင် တစ်ဖက်လူ၏ နာမည်ကိုပင် ရန်ကိုင် သိနေပေသေးသည်။ ထိုလူ၏ နာမည်မှာတော့ အခြားမဟုတ် ရွှယ့်ယီသာ ဖြစ်လေသည်။
ရန်ကိုင်မှ သူဖုန်းစား တံဆိပ်ပြားကို ကိုင်၍ ချင်းကျောက်ယန်နှင့်အတူ နေမင်းပြာကျောင်းတော်ဆီသို့ ရောက်လာပြီး ဥတုလေးမျိုးနယ်မြေထဲသို့ ဝင်ခွင့် တစ်နေရာကို တောင်းစဉ်က သူဖုန်းစားတံဆိပ်ပြားမှာ စစ်မှန်နေသည့်အတွက်ကြောင့် ကျောင်းတော်မှာ ရန်ကိုင်၏ ကမ်းလှမ်းချက်ကို ငြင်းဆိုနိုင်ခဲ့ခြင်း မရှိပေ။ သို့သော်ငြား ဥတုလေးမျိုးနယ်မြေအတွက် ဝင်ခွင့်နေရာများမှာ သတ်မှတ်ထားပြီး ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်ကိုသာ တစ်နေရာ ပေးလိုက်ရမည်ဆိုလျှင် သတ်မှတ်ထားသည့် နေရာများထဲမှ တစ်နေရာကို ဖယ်ထုတ်ရပေတော့မည်။ ကျောင်းတော်မှ ဖယ်ထုတ်လိုက်သည့် လူမှာတော့ အခြားမဟုတ်။ ရွှယ့်ယီသာဖြစ်လေသည်။ ထိုသတင်းကို ကြားလိုက်ချိန် ရွှယ့်ယီမှာ ထိုဆုံးဖြတ်ချက်နှင့် ပတ်သက်၍ လက်မခံဘဲ ရန်ကိုင်အား လာတိုက်ခိုက်ခဲ့သည်။ ကံမကောင်းစွာဖြင့် ရန်ကိုင်၏ ပြိုင်ဘက် မဟုတ်ခဲ့ပေ။
ထိုကိစ္စ ဖြစ်ပျက်သွားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီ ဖြစ်ပါသော်ငြား ရန်ကိုင်ကမူ ထိုကိစ္စကို သေသေချာချာ မှတ်မိနေပေသေးသည်။ ရန်ကိုင်နှင့် အကြည့်ချင်းစုံသွားသည့်အခိုက် ရွှယ့်ယီမှာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့သည်။ သူကြည့်ရသလောက် ရန်ကိုင်အား သွားပြဿနာရှာခဲ့သည့် အဖြစ်အပျက်ကို မှတ်မိသွားသည့်ပုံပင်။ ထိုစဉ်က သူတို့နှစ်ဦးစလုံးမှာ တာအိုသခင်အဆင့်တွင်သာ ရှိနေခဲ့ပါသော်ငြား ယခုအချိန်တွင်မူ ရန်ကိုင်သည် ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးဖြစ်ကာ ကျောင်းတော်၏ အကြီးအကဲတစ်ဦး ဖြစ်နေခဲ့လေပြီ။ ထိုအတွက်ကြောင့် ရန်ကိုင်အား ပြန်မြင်လိုက်သည့်အခိုက် သူ့စိတ်ထဲ အနည်းငယ်တော့ ဒွိဟ ဖြစ်မိသွားခဲ့သည်။
ရန်ကိုင်ကမူ ယဲ့ယဲ့လေး ပြုံးနေခဲ့လေသည်။ ရွှယ့်ယီမှာ သူ၏ လက်ကျန်နှစ်များအား အလဟဿ မဖြစ်စေခဲ့သည်မှာတော့ သိသာလှပေသည်။ ရန်ကိုင်အား လိုက်တိုက်ခိုက်ခဲ့စဉ်က ရွှယ့်ယီမှာ တာအိုသခင်ဒုတိယအဆင့်တွင် ရှိနေခဲ့ပါသော်ငြား ယခုအချိန်တွင်မူ တတိယအဆင့်သို့ ရောက်နေခဲ့လေပြီ။ ထိုအပြင် လက်ရှိအချိန်၌ ရွှယ့်ယီသည် ကျောင်းတော်မှ ရွေးချယ်ထားသည့် လက်ရွေးစင်များအနက် တစ်ဦးအပါအဝင် ဖြစ်နေလေသည်။
မကြာမီ ရန်ကိုင်သည် ရွှယ့်ယီဆီမှ သူ့အကြည့်ကို ပြန်သိမ်းယူသွားခဲ့လေသည်။ ရန်ကိုင် အကြည့်ရှောင်ဖယ်သွားသည့် အခါမှသာလျှင် ရွှယ့်ယီ ကြိတ်၍ သက်ပြင်းချလိုက်မိပေသည်။ ရန်ကိုင်သူ့အား လွန်ခဲ့သော နှစ်ပေါင်းများစွာက ဖြစ်ပျက်ခဲ့သည့် ကိစ္စတစ်ခုကြောင့် ပြဿနာလာရှာမည်ကို စိတ်ပူနေရသည်။ သူတို့၏ လက်ရှိအဆင့်အတန်းများနှင့် ကျင့်ကြံခြင်းမှာ အလွန်ကိုမှ ကွာခြားနေပြီ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်သည်သာ သူ့အား အကျပ်ရိုက်အောင် လုပ်လာခဲ့လျှင် သူ့အနေဖြင့် ပြန်လုပ်နိုင်သည့်အရာ ရှိလိမ့်မည် မဟုတ်ပေ။
ထိုစဉ် ခရမ်းဝါးတောင်ဆီမှ အလင်းတန်းတစ်ခု ပျံသန်းလာခဲ့ပြီး လူတိုင်း အရှေ့သို့ ရောက်လာခဲ့လေသည်။
ဝမ်ကျိရှန်း၏ မျက်လုံးများ တောက်ပသွားခဲ့ပြီး လှမ်းအော်ခေါ်လိုက်လေ၏။ "ကောင်းရွှယ်ထင်း၊ နင်ဒီနေ့ တကယ်ကိုလှနေပါလား၊ ဘာလဲ နင်လက်ထပ်တော့မလို့လား၊ အာ ကောင်းလိုက်တာ အဲ့ဒါဆိုရင်တော့ တကယ်ကို ဝမ်းသာစရာပဲ"
"ရှင့်ပါးစပ်ပေါက်ကြီးကို ပိတ်ထားလိုက်စမ်း" ကောင်းရွှယ်ထင်းသည် ဝမ်ကျိရှန်းအား စူးရဲစွာ စိုက်ကြည့်၍ အေးစက်စက် လေသံဖြင့် ပြန်အော်ပြောလိုက်လေသည်
။
ဝမ်ကျိရှန်းကမူ နာကျင်သွားသည့် အမူအရာဖြင့် ပြန်၍ အထွန့်တက်လိုက်လေ၏။ "အိုး၊ ငါ့ရဲ့ကောင်းရွှယ်ထင်းကလည်း ဘာဖြစ်လို့ အဲဒီလောက်တောင် ကြမ်းနေရတာလဲလို့၊ ကောင်းရွှယ်ထင်း နင်မိန်းမတစ်ယောက်လို ပျော့ပျော့ပျောင်းပျောင်းလေးနေနော်၊ မဟုတ်ရင် နင့်ကို ဘယ်သူမှ လက်ထပ်ရဲမှာမဟုတ်ဘူး၊ လက်ထပ်လို့မရရင် အဖော်မဲ့ အဘွားအိုကြီးတစ်ယောက်လို အရိုးဆွေးသွားရမှာ"
ကောင်းရွှယ်ထင်း၏ အကြည့်မှာ ယခင်ကထက် ပို၍ အေးစက်လာခဲ့လေသည်။ သူမ စိတ်ထဲ ဤအရှက်မရှိသည့် လူအား စိတ်ပေါက်ပေါက်နှင့် ရိုက်နှက်ပစ်ချင်စိတ်များလည်း ထွက်ပေါ်လာခဲ့ရသည်။ သို့တိုင် သူမကိုယ်သူမ အမြန်ပြန်ထိန်းလိုက်နိုင်လေ၏။ "အဲဒါ ရှင့်ကိစ္စမဟုတ်ဘူး"
ဤကဲ့သို့ လှပလှသော အမျိုးသမီးတစ်ဦးမှာ ဤနေရာသို့ ရောက်ရောက်ချင်း ယခုကဲ့သို့ ရုန့်ရင်းကြမ်းတမ်းသည့် စကားများအား ပြောဆိုနေရသည်ကို ကြည့်လျှင် သူမ စိတ်အခြေအနေ မည်ကဲ့သို့ ရှိနေမည်ဆိုသည့် အကြောင်းကို ခန့်မှန်းမိနိုင်ပေသည်။
တပည့်များကမူ မျက်နှာသေအမူအရာများဖြင့် မျက်လွှာချထားကြသည်။ လော့ချန်သည်လည်း ခေါင်းကို ငုံ့၍ မြေပြင်အား စိုက်ကြည့်နေခဲ့လေသည်။ ရှောင်ပိုင်ယီမှာမူ ကောင်းကင်ကြီးအား မော့ကြည့်နေပြီး မုရုန်ရှောင်ရှောင်မှာမူ သူမ၏ လက်ချောင်းလေးများကိုသာ ကြည့်နေခဲ့လေ၏။ ထိုစဉ် ရန်ကိုင်က မုရုန်ရှောင်ရှောင်အနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်လေသည်။
"ဂျူနီယာညီမ နင့်လက်ချောင်းလေးတွေက အရမ်းလှတာပဲနော်"
ထိုစကားကိုကြားသော် မုရုန်ရှောင်ရှောင် ရှက်သွေးဖြာသွားခဲ့ပြီး ဘာပြန်ပြောလို့ ပြောရမှန်းမသိ ဖြစ်သွားခဲ့လေသည်။ အကုန်လုံးမှာလည်း ရန်ကိုင်အား လှည့်ကြည့်လာကြလေသည်။ ထိုအတွက်ကြောင့် ရန်ကိုင်၏ မျက်နှာလေး ရှုံ့မဲ့သွားခဲ့လေ၏။
ကံကောင်းစွာဖြင့် ထိုစဉ် ကောင်းရွှယ်ထင်းက ရုတ်တရက် ကောက်ပြောလိုက်လေသည်။ "လူစုံပြီလား"
ရှောင်ပိုင်ယီက ခေါင်းညိတ်လိုက်လေသည်။ "လူစုံပါပြီ"
"အဲဒါဆိုသွားကြမယ်" ထိုသို့ပြောပြီးသည်နောက် ကောင်းရွှယ်ထင်းသည် အရှေ့မှ ဦးဆောင်ကာ ထွက်သွားလေ၏။
လူအုပ်ကြီးသည်လည်း ကောင်းရွှယ်ထင်း အနောက်မှ လိုက်သွားခဲ့ကြလေသည်။
ဝမ်ကျိရှန်းကမူ ကြောင်အမ်းအမ်းအမူအရာဖြင့် တစ်ဦးတည်းကျန်နေခဲ့လေသည်။ ထို့နောက် သူ မေးစေ့ကို ပွတ်၍ ရေရွတ်လိုက်လေ၏။ "ငါက ကျောင်းသခင်ပါ၊ ဘယ်လိုလုပ်ပြီးတော့”