← Chapters

အခန်း (၆၇၉-၆၈၀)

Vol. 68 Ch. 679-680

အခန်း (၆၇၉-၆၈၀)

Vol. 68 Ch. 679-680

အခန်း (၆၇၉) လေးစားမှု ကင်းမဲ့ခြင်း

​ထို့ပြင် လူအများစုသည် သစ္စာဖောက်၏သားဟု နာမည်ကျော်နေသော သူ၏စကားထက် လူအုပ်ကြီး၏ စကားကိုသာ ပို၍ ယုံကြည်ကြမည်မှာ အထင်အရှားပင် ဖြစ်သည်။

​"မင်းလို ကောင်စုတ်ကများ၊ ဒီစာမေးပွဲကို ဒီလောက်တောင် ပေါ့ပေါ့တန်တန် သဘောထားရဲတယ်ပေါ့လေ။ မင်းအဖေက ငါတို့နိုင်ငံကို သစ္စာဖောက်ပြီး နာမည်ဖျက်ခဲ့တာတောင် မင်းကို ဒီစာမေးပွဲမှာ ပါဝင်ခွင့်ပေးထားတာကို နတ်ဘုရားတွေကိုပဲ ကျေးဇူးတင်နေရမယ့်အစား... အခုတော့ မင်းက ငါ့ကိုရော ငါတို့ရဲ့ ရွေးချယ်ရေး လုပ်ငန်းစဉ်ကိုပါ လှောင်ပြောင်ရဲတယ်လား" မုဝမ်က လုံချန်းကို ဆူပူကြိမ်းမောင်းလိုက်သည်။

​လုံချန်းသည် အကြီးအကဲများ ရှိရာဘက်သို့ တစ်ချက် ဝေ့ကြည့်လိုက်ပြီး တစ်စုံတစ်ယောက်က ဝင်ရောက် ပြောဆိုခြင်း ရှိ မရှိ အကဲခတ်လိုက်သည်။ အမှန်တကယ် မည်သူပြောလိုက်သည်နှင့် သူ့ကို မတရား စွပ်စွဲနေသည်ကို အကြီးအကဲများ သိရှိမည်မှာ ထင်ရှားသော်လည်း သူ မျှော်လင့်ထားသည့်အတိုင်းပင် အကြီးအကဲများသည် ဘာမှမဖြစ်သကဲ့သို့ အေးဆေးစွာ ထိုင်နေကြပြီး မည်သည့်စကားမျှ ဝင်မပြောကြပေ။

​ငွေရောင်ဝိညာဉ်ကောလိပ်မှ အမျိုးသမီး အကြီးအကဲ တစ်ဦးသာ ဗာမီလီယံနှင့် တိုးတိုးတိတ်တိတ် စကားပြောနေသည်ကို တွေ့ရသည်။

​"ဆရာကြီး ဗာမီလီယံ... ဟိုကောင်လေးက သစ္စာဖောက်ရဲ့သားလို့ အခေါ်ခံနေရတာ။ သူက တကယ်ပဲ အဲဒီလူရဲ့ သားလား။ လူတိုင်း ပြောနေကြတဲ့ လုံချန်းဆိုတာ သူပဲလား" အကြီးအကဲ လီယာက ဗာမီလီယံကို မေးလိုက်သည်။

​"ဟုတ်တယ်။ သူက နတ်ဆိုးရဲ့ သားပဲ" ဗာမီလီယံက ခပ်အေးအေးပင် ပြန်ဖြေသည်။

​"ဪ... စိတ်ဝင်စားစရာပဲ။ အရင်က နတ်ဆိုးနဲ့ တွေ့ဖူးတာ ကျွန်မ မှတ်မိသေးတယ်။ အဲဒီလူကလည်း ရှင့်လိုပဲ တည်ကြည်လွန်းတယ်။ အမျိုးသား တော်တော်များများက ကျွန်မကိုဆိုရင် ရမ္မက်မျက်လုံးတွေနဲ့ပဲ ကြည့်ကြတာ။ အဲဒီလို မကြည့်တဲ့သူတွေကျပြန်တော့လည်း ကျွန်မအပေါ် စိတ်ဝင်စားတဲ့ ပုံစံမျိုး ရှိကြတယ်။ ကျွန်မကို ကြည့်တဲ့အခါမှာ ဘာမသန့်ရှင်းတဲ့ စိတ်မှမရှိဘဲ ကြည့်တဲ့သူဆိုလို့ အရင်က နှစ်ယောက်ပဲ တွေ့ဖူးသေးတယ်" အကြီးအကဲ လီယာက ပြုံးလျက် ပြောလိုက်သည်။

​"ဟုတ်လား၊ အဲဒီ နှစ်ယောက်က ဘယ်သူတွေလဲ" ဗာမီလီယံက အနည်းငယ် ပြုံးရင်း မေးလိုက်သည်။

​"တစ်ယောက်က နတ်ဆိုးပေါ့၊ နောက်တစ်ယောက်ကတော့ ရှင်ပဲ။ ဒါပေမဲ့ ဒီနေ့မှာတော့ အဲဒီလိုပဲ သန့်ရှင်းတဲ့ မျက်လုံးအစုံ ရှိတဲ့သူကို ကျွန်မ ထပ်တွေ့လိုက်ရသလိုပဲ။ ဒီလူက ဘယ်သူလဲလို့ ကျွန်မ တွေးနေတာ... နတ်ဆိုးရဲ့ သား ဖြစ်နေတာကိုး။ ကြည့်ရတာ သူက အဲဒီလူနဲ့ စရိုက်ချင်း တူပုံရတယ်" အကြီးအကဲ လီယာက သူမ၏ နှုတ်ခမ်းကို လျှာဖြင့် သပ်ရင်း ရေရွတ်လိုက်သည်။

​"စရိုက်ချင်း တူတယ်ဆိုတာက... အခွင့်အရေး ရရင် သူလည်း ငါတို့ကို သစ္စာဖောက်လိမ့်မယ်လို့ ဆိုလိုတာလား" ဗာမီလီယံက စိတ်ဝင်တစား ပြုံးလျက် မေးလိုက်သည်။

​"ဟက်... ဖြစ်နိုင်တာပေါ့။ သူက သူ့အဖေလိုပဲ ဖြစ်နိုင်သလို ကွဲပြားတာလည်း ဖြစ်နိုင်ပါတယ်။ သားဖြစ်သူက အဖေနဲ့ တူရမယ်လို့တော့ မသတ်မှတ်ထားဘူးလေ။ သူသာ နတ်ဆိုးလို ပါရမီပါပြီး ကောင်းမွန်တဲ့ သွန်သင်မှု ရမယ်ဆိုရင် ကျွန်မတို့နိုင်ငံအတွက် အသုံးဝင်တဲ့ လူတစ်ယောက် ဖြစ်လာနိုင်တယ်။ ရှင်က ဖီးနစ်အဖွဲ့အစည်းရဲ့ ခေါင်းဆောင်ပဲလေ။ သူက နောင်တစ်ချိန်မှာ အဖွဲ့ဝင် ဖြစ်လာနိုင်တဲ့သူပဲ။ သူ့ကို မျက်စိဒေါက်ထောက် ကြည့်ထားလိုက်ပါဦး" အကြီးအကဲ လီယာက ရယ်မောရင်း ပြောလိုက်သည်။

​"သူ့ကို ဖီးနစ်အဖွဲ့ထဲကို ဘယ်တော့မှ ပေးမဝင်ဘူး။ အတိတ်မှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေ ရှိထားတာလေ" ဗာမီလီယံက ခေါင်းခါရင်း ပြောလိုက်သည်။

​"ဟုတ်ပါတယ်။ အဲဒါ မှန်ကန်တဲ့ ရွေးချယ်မှုပါပဲ။ သူ့ကို ဘာလို့ ဖီးနစ်အဖွဲ့ထဲ ပေးဝင်ရမှာလဲ။ အဲဒါက ကျွန်အတို့ရဲ့ အဓိက ခံစစ်တိုင်ကြီးလေ။ ကျွန်မတို့နိုင်ငံအနေနဲ့ အမှားဟောင်းကို ထပ်မလုပ်သင့်သလို သားဖြစ်သူဆီကနေ နောက်ထပ် သစ္စာဖောက်မှုကို မခံနိုင်ဘူး။ နတ်ဆိုးရဲ့ သွေးထဲမှာ သစ္စာရှိမှုဆိုတာ မရှိခဲ့ဘူး။ သူ့သားကလည်း အဲဒီသွေးပဲလေ။ ဒါကြောင့် သူ့မှာလည်း သစ္စာ ရှိမှာမဟုတ်တာကတော့ အသေအချာပဲ" မိုးကြိုးဝိညာဉ်ကောလိပ်မှ အကြီးအကဲ ကုက ဗာမီလီယံ၏ စကားကို ကြားကာ ကြားဖြတ် ပြောဆိုလိုက်သည်။

​အကြီးအကဲများကြားတွင် တိတ်တဆိတ် ဆွေးနွေးနေကြစဉ် လုံချန်းမှာတော့ ငြိမ်သက်စွာ ရပ်နေပြီး မုဝမ်၏ ဆူပူမှုကို နားထောင်နေသည်။

​"ကျွန်တော် ဘာမှ မပြောခဲ့ဘူး။ ကျွန်တော့်အသံက အဲဒီလိုမျိုး မဟုတ်ဘူး။ အဲဒါ ကျွန်တော် မဟုတ်ဘူးဆိုတာ ထင်ရှားပါတယ်" လုံချန်းက မုဝမ်၏ မျက်လုံးများကို စိုက်ကြည့်ရင်း နောက်ဆုံးတွင် တုံ့ပြန်လိုက်သည်။

​"မင်းက ငါ့ကို အရူးလို့ ထင်နေတာလား၊ ဒါမှမဟုတ် တခြားလူအားလုံးကိုပဲ အရူးလို့ ထင်နေတာလား။ တခြားလူတွေက လိမ်ပြောစရာ အကြောင်းမရှိဘူး။ အဲဒါ မင်းဆိုတာ သေချာတယ်။ တောင်းပန်လိုက်စမ်း၊ မင်းလုပ်ခဲ့တယ်ဆိုတာ ဝန်ခံလိုက်။ အဲဒါဆိုရင် မင်းကို ခွင့်လွှတ်ပေးမယ်" မုဝမ်က လုံချန်း၏ စကားကို မယုံကြည်ဘဲ ပြန်ပြောလိုက်သည်။

​လုံချန်းသည် တည်ငြိမ်အောင် ကြိုးစားနေသော်လည်း မုဝမ်၏ စွပ်စွဲသော လေသံကို ကြားရသောအခါ ဒေါသကို မထိန်းနိုင်တော့ပေ။ မုဝမ် ဘာလုပ်ရန် ကြိုးစားနေသည်ကို သူ သိသည်။ မုဝမ်ကို စတွေ့ကတည်းက သူ့မျက်နှာပေါ်ရှိ ထူးဆန်းသော အမူအရာကို သူ သတိထားမိခဲ့သည်။ မုဝမ်ကလည်း သူ့ကို မုန်းတီးနေသည်မှာ ထင်ရှားပြီး လုံချန်းအား စော်ကားရန် ဤအခြေအနေကို အသုံးချနေခြင်း ဖြစ်သည်။

​ထိုအခြင်းအရာကို မြင်သောအခါ လုံချန်းသည် သူ့ကိုယ်သူ ဆက်လက် ထိန်းချုပ်မထားတော့ပေ။

​"ဟက်... သူတို့မှာ လိမ်ပြောစရာ အကြောင်းမရှိဘူး ဟုတ်လား။ ကျွန်တော်က ဘယ်သူလဲဆိုတာ ခင်ဗျား တကယ်ပဲ မသိတာလား။ ကျွန်တော်က ဒီလူတွေ မုန်းနေတဲ့သူရဲ့ သားပဲ။ ကျွန်တော်က သူတို့ သေစေချင်ပေမဲ့ သတ်လို့မရတဲ့သူပဲ။ ကျွန်တော်က စာမေးပွဲ မစခင်ကတည်းက သူတို့တွေ အပြင်ထုတ်ဖို့ ဝိုင်းအော်နေကြတဲ့ လူပဲလေ။ အဲဒါတောင်မှ ခင်ဗျားက သူတို့ ကျွန်တော့်အပေါ် ဘာလို့ လိမ်ပြောရမလဲဆိုတဲ့ အကြောင်းပြချက်ကို မသိသေးဘူးဆိုရင်တော့... အမှန်တရား ဝိညာဉ်စစ်သည်တော် ကောလိပ်ရဲ့ သွန်သင်မှုတွေကို ကျွန်တော် တကယ်ပဲ အထင်ကြီးမိခဲ့တာပေါ့" သူသည် မုဝမ်ကို စကားနားမလည်သည့် ကလေးတစ်ယောက်အား ပြောဆိုနေသကဲ့သို့ ပြောလိုက်သည်။

​ထိုနေရာရှိ လူတိုင်းနီးပါးမှာ လုံချန်းက ကြီးမြတ်သော ကောလိပ်သုံးခုမှ တစ်ခုဖြစ်သည့် အမှန်တရယး ကောလိပ်၏ ဝိညာဉ်စစ်သည်တော်ကို ထိုသို့ ပြောဆိုလိုက်သည်အား မြင်သောအခါ အံ့အားသင့်သွားကြသည်။ သူသည် အမှန်တရား ကောလိပ်၏ သွန်သင်မှုများကိုပင် စော်ကားလိုက်ခြင်း ဖြစ်သည်။ လုံချန်း ထိုသို့ လုပ်ရဲလိမ့်မည်ဟု မည်သူမျှ မယုံနိုင်အောင် ဖြစ်နေကြသည်။

​"ဟားဟား... ဒီကောင်လေးကို ငါ သဘောကျလာပြီ။ အမှန်တရား ကောလိပ်ကို လှောင်ပြောင်ဖို့ တော်တော်လေး သတ္တိရှိတာပဲ။ အမှန်တရား ကောလိပ်က အဲလောက်ကြီး မကောင်းဘူးဆိုတာ ငါတို့အားလုံး သိတာပဲလေ။ ဟား... နင်တို့ ကောလိပ်က စီနီယာအဖွဲ့ဝင်တစ်ယောက်ဟာ သာမန်လူတစ်ယောက်ရဲ့ စကားစစ်ထိုးပွဲမှာ အရေးနိမ့်နေတာ မြင်ရတာ တကယ့်ကို ရယ်စရာကောင်းတယ်" ငွေရောင်ဝိညာဉ်ကောလိပ်မှ အကြီးအကဲ လီယာက အမှန်တရား ကောလိပ်မှ အကြီးအကဲများကို လှမ်းကြည့်ရင်း ပြောလိုက်သည်။

​အမှန်တရား ကောလိပ်မှ အကြီးအကဲမင်ကမူ ထိုကိစ္စကို အလေးမထားသကဲ့သို့ တည်ငြိမ်နေပြီး ပြုံးပင် ပြုံးနေပုံရသည်။ အခြားတစ်ဖက်တွင်မူ အကြီးအကဲမူမှာ ဒေါသထွက်နေပုံရသော်လည်း မည်သည့်စကားမျှ မပြောဘဲ ကြားဝင် မစွက်ဖက်ပေ။

​ဗာမီလီယံကလည်း ဘာမှ မပြောပေ။ သူသည် လုံချန်းကို စိတ်ဝင်တစားဖြင့်သာ ကြည့်နေသည်။

​'နတ်ဆိုးကလည်း ဒီလိုပဲ ရိုင်းစိုင်းခက်ထန်ပြီး အာဏာရှိသူတွေနဲ့ သူ့ရှေ့မှာ ဘယ်သူရှိနေလဲဆိုတာကို ဂရုမစိုက်ခဲ့ဘူး။ ကြည့်ရတာ ဒီလို ရိုင်းစိုင်းတဲ့ စိတ်ဓာတ်ကပဲ သူ့ကို ရန်သူတွေတောင် နာမည်ကြားတာနဲ့ ကြောက်ရလောက်တဲ့အထိ မြင့်မားတဲ့ အောင်မြင်မှုတွေဆီ ပို့ဆောင်ပေးခဲ့တာ ထင်တယ်' ဗာမီလီယံက အတိတ်ကို ပြန်လည် အောက်မေ့ရင်း ရေရွတ်လိုက်သည်။

​"ဟက်... အာဏာရှိသူတွေအပေါ် ဒီလို ရိုသေမှု ကင်းမဲ့တာဟာ အဲဒီလူက သူ့နိုင်ငံနဲ့ ဘုရင်ကို ဂရုမစိုက်ဘူးဆိုတဲ့ ပထမဆုံး သတိပေးချက် ဖြစ်သင့်တာ။ သူသာ ဘုရင့်အာဏာကို ဂရုစိုက်ခဲ့ရင် နိုင်ငံကို သစ္စာဖောက်မှာ မဟုတ်ဘူး။ အဖေတူ သားပဲပေါ့။ အဖေက အာဏာရှိသူတွေကို မရိုသေခဲ့သလို၊ အခု သားဖြစ်သူကလည်း မရိုသေပြန်ဘူး" အမှန်တရား ကောလိပ်မှ အကြီးအကဲမူက စိတ်ပျက်လက်ပျက် လေသံဖြင့် ပြောလိုက်သည်။

​သူသည် စင်မြင့်ပေါ်မှ ဆင်းပြီး သူ၏ ဝိညာဉ်စစ်သည်တော် ကောလိပ်ကို လှောင်ပြောင်နေသော လုံချန်းကို ရိုက်နှက်ချင်သော်လည်း အခြား အကြီးအကဲများ ရှေ့တွင် ထိုသို့ လုပ်ဆောင်ခြင်းမှာ သူ့အတွက် အရှက်ရစရာသာ ဖြစ်မည် ဖြစ်သောကြောင့် မလုပ်ဆောင်ဘဲ အောင့်အီးနေရတော့သည်။

အခန်း (၆၈၀) ကျင့်ကြံခြင်း၏ လျှို့ဝှက်ချက်

​မုဝမ်သည် လုံချန်း၏ လှောင်ပြောင်မှုကို ခံလိုက်ရသည်။ သူသည် လုံချန်းကို အမှိုက်ထက်ပင် နိမ့်ကျသူ၊ သူ မုန်းတီးသော သစ္စာဖောက်၏ သားအဖြစ်သာ သတ်မှတ်ထားသူ ဖြစ်သည်။ ထို့ပြင် သူသည် လှောင်ပြောင်ခံရရုံသာမကဘဲ အမှန်တရား ကောလိပ်တစ်ခုလုံး၏ ဂုဏ်သိက္ခာကို ကျဆင်းစေသူအဖြစ်ပါ အပြစ်တင်ခြင်း ခံလိုက်ရသည်။

​ထိုစကားကို လုံချန်း ပြောလိုက်ခြင်း မဟုတ်သည်ကို သူ သိသည်။ အကြီးအကဲများလည်း သိသည်ကို သူ နားလည်သည်။ သို့သော် သူသည် ဤအခြေအနေကို အသုံးချ၍ လုံချန်းကို သင်ခန်းစာပေးရန် ကြိုးစားခဲ့ခြင်း ဖြစ်သော်လည်း အဆုံးသတ်တွင် သူကိုယ်တိုင်သာ အရှက်ရသွားခဲ့ရသည်။

​သူ၏ မျက်နှာမှာ ဒေါသကြောင့် နီမြန်းလာပြီး လုံချန်းကို စိုက်ကြည့်လိုက်သည်။

​"မင်း.. မင်းက ကိုယ်ကိုယ်ကို ဘာကောင်လို့ ထင်နေတာလဲ။ ငါ့ကို လှောင်ပြောင်ရဲလောက်အောင် သတ္တိကောင်းနေတာလား" မုဝမ်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

​"ကျွန်တော် ခင်ဗျားကို မလှောင်ပြောင်ပါဘူး" လုံချန်းက ဘာမှမသိသည့်ပုံစံဖြင့် လက်ကို အပြစ်ကင်းစင်စွာ မြှောက်ပြလိုက်သည်။

​လုံချန်း၏ ထိုအမူအရာကြောင့် မုဝမ်မှာ ပို၍ပင် ဒေါသထွက်သွားသော်လည်း တစ်ဖက်တွင်မူ ဝမ်းသာသွားမိသည်။ အကြောင်းမှာ လုံချန်းသည် သူ၏ အပြစ်ပေးမှုကို ကြောက်ရွံ့နေသည်ဟု သူ ထင်လိုက်သောကြောင့် ဖြစ်သည်။

​လုံချန်းကို မည်သို့ ကိုင်တွယ်ရမည်နည်းဟု သူ စဉ်းစားနေစဉ်မှာပင် လုံချန်း၏ ဆက်ပြောလိုက်သော စကားကို ကြားလိုက်ရသည်။

​"အဲဒီအစား... အမှန်တရား ကောလိပ်ရဲ့ ဝိညာဉ်စစ်သည်တော်လို့ ကိုယ့်ကိုယ်ကိုယ် ကြေညာထားပြီးတော့... အပြစ်မရှိတဲ့သူနဲ့ သူ့ကို နှာဘူးလို့ ခေါ်လိုက်တဲ့ သူကိုတောင် ခွဲခြားမသိတဲ့ လူတစ်ယောက်ကိုပဲ ကျွန်တော် လှောင်ပြောင်ခဲ့တာပါ။ အဲဒီလူက ခင်ဗျားတော့ မဟုတ်ပါဘူးနော်" လုံချန်းက ပြုံးလျက် ပြောလိုက်သည်။

​"မင်း... အခုချက်ချင်း ဒီကနေ ထွက်သွားစမ်း။ မင်းက အရှက်မရှိတဲ့လူပဲ။ မင်းက လူကြီးမိဘတွေကို မရိုသေဘူး။ မင်းကို ဒီစာမေးပွဲမှာ ပါဝင်ခွင့် မပြုနိုင်ဘူး" မုဝမ်က လုံချန်းကို ပြောလိုက်သည်။

​လုံချန်းသည် ထိုစကားကို ကြားသော်လည်း စိတ်မကောင်း မဖြစ်မိပေ။ သူသည် ဝိညာဉ်စစ်သည်တော် ကောလိပ်များကို သိရှိလို၍သာ ဝင်ရောက်ရန် ကြိုးစားခြင်း ဖြစ်သော်လည်း သူ ဘာမှမလုပ်ဘဲနှင့်တော့ အလျှော့ပေး တောင်းပန်မည် မဟုတ်ပေ။ ကျင့်ကြံသူများသည်လည်း ဝိညာဉ်စစ်သည်တော်များကဲ့သို့ပင် အင်အားကြီးမားနိုင်သည်ဟု သူ ယုံကြည်ထားသည်။

​ဤကမ္ဘာသည် ဝိညာဉ်စစ်သည်တော်များကိုသာ ပို၍ ဦးစားပေးသော ကမ္ဘာဖြစ်ပြီး အချိန်ကြာမြင့်စွာ ပိတ်ဆို့ခံထားရသော ကမ္ဘာဖြစ်သောကြောင့် ဤနေရာရှိ ကျင့်ကြံခြင်း ပညာရပ်များသည် ကြမ်းတမ်းပြီး အရည်အသွေး နိမ့်ကျနေခြင်း ဖြစ်နိုင်သည်။ ယနေ့ သူ မြင်တွေ့ခဲ့ရသည့် အခြေအနေများအပေါ်တွင် ထိုသို့သာ သူ ကောက်ချက်ချလိုက်သည်။

​စာမေးပွဲသို့ လာစဉ်က လုံချန်းသည် ဤပွဲ၏ ကင်းစောင့်များကို မြင်တွေ့ခဲ့ရသည်။ သူတို့မှာ ကျင့်ကြံသူများ ဖြစ်ကြသည်။ ဤကဲ့သို့ အရေးကြီးသော စာမေးပွဲတွင် ကင်းစောင့်နေရသဖြင့် သူတို့သည် ဤကမ္ဘာရှိ ကျင့်ကြံသူများထဲတွင် အဆင့်အတန်းတစ်ခု ရှိမည့်သူများ ဖြစ်မည်မှာ သေချာသော်လည်း သူတို့၏ ကျင့်ကြံမှု အခြေအနေမှာ မတည်မငြိမ် ဖြစ်နေသည်ကို လုံချန်း သတိထားမိသည်။ သူတို့၏ ကျင့်ကြံခြင်း ပညာရပ်များမှာ အနိမ့်ဆုံး အဆင့်တွင်သာ ရှိနေပြီး မပြည့်စုံကြောင်း ထင်ရှားနေသည်။

​အရင်က သူ သတိထားမိခဲ့သော်လည်း တစ်ညလုံး ကျင့်ကြံပြီးနောက် ကျင့်ကြံသူတစ်ဦး ဖြစ်လာသောအခါတွင်မူ ထိုအချက်ကို ပို၍ ရှင်းလင်းစွာ မြင်တွေ့နိုင်ခဲ့သည်။ သူ၏ အမြင်အရ သူတို့ကမ္ဘာမှ ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့် ၅ ရှိသော ကျင့်ကြံသူတစ်ဦးသည် ဤကမ္ဘာမှ အထွတ်အထိပ် ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ရှိသူကို အလွယ်တကူ အနိုင်ယူနိုင်လိမ့်မည် ဖြစ်သည်။

​ဤကမ္ဘာရှိ ကျင့်ကြံသူများ အဘယ်ကြောင့် အဆင့်အတန်း နိမ့်ကျနေရသနည်းဆိုသည်ကို သူ နားလည်သွားခဲ့သည်။ အကယ်၍ သူတို့သာ သူတို့ကမ္ဘာမှ ကျင့်ကြံသူများကဲ့သို့ အင်အားရှိခဲ့လျှင် အခြေအနေမှာ ကွဲပြားသွားနိုင်သည်ဟု သူ ခံစားရသည်။ ထိုအချက်ကို သိရှိပြီးနောက် လုံချန်းသည် ဝိညာဉ်စစ်သည်တော် မဖြစ်လာခဲ့လျှင်ပင် သူ၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်မည်ဟု နားလည်သွားခဲ့သည်။

​ဝိညာဉ်စစ်သည်တော်များနှင့် ပတ်သက်သော ဗဟုသုတများ ရယူရန်မှာလည်း လွယ်ကူလှသည်။ သူ လုပ်ဆောင်ရန်မှာ ဤကောလိပ်များမှ ဝိညာဉ်စစ်သည်တော်တစ်ဦးကို ပြန်ပေးဆွဲပြီး လျှို့ဝှက်ချက်များကို မေးမြန်းရန်သာ ရှိတော့သည်။

​သူ၏ ကျင့်ကြံမှု အဆင့်မြင့်လာပြီး ပညာရပ်များကို အသုံးပြုနိုင်သည့်အခါ မည်သည့် ဝိညာဉ်စစ်သည်တော်အား ပြန်ပေးဆွဲမည်နည်းဆိုသည်ကိုပင် သူ စိတ်ကူးထားပြီးဖြစ်သည်။

​မုဝမ်က သူ့ကို ထွက်သွားရန် ပြောသောအခါ လုံချန်းသည် ထွက်ခွာရန် ပြင်လိုက်သော်လည်း ရှုံးနိမ့်သူတစ်ဦးကဲ့သို့ မထွက်သွားချင်ပေ။ မထွက်ခွာမီ မုဝမ်ကို နောက်တစ်ကြိမ် လှောင်ပြောင်ရန် သူ ကြံစည်နေသဖြင့် ချက်ချင်း မထွက်သွားသေးဘဲ စောင့်နေခြင်း ဖြစ်သည်။

​သူသည် မုဝမ်ကို တစ်စုံတစ်ခု ပြောရန် ပါးစပ်ပြင်လိုက်စဉ်မှာပင် အခြားလူတစ်ဦး၏ အသံအား ကြားလိုက်ရသည်။

​"တော်တော့"

​ထိုအသံမှာ အသက်ကြီးသော လူတစ်ဦး၏ အသံ ဖြစ်သည်။ လုံချန်း ထိုအသံကို မှတ်မိသည်။ သူသည် သူ့ကို စာရင်းသွင်းရန် ကူညီပေးခဲ့သော အကြီးအကဲမင်ပင် ဖြစ်သည်။

​"သူက မင်းကို အစကတည်းက လှောင်ပြောင်ခဲ့တာ မဟုတ်ဘူးဆိုတာ ငါတို့ သိပါတယ်။ သူက မတရား စွပ်စွဲခံရတာပဲ။ အခုခေတ်မှာ ဘယ်သူ့ကိုမဆို မတရား စွပ်စွဲဖို့က လွယ်ကူလှသလို လူအများစုက ထောက်ခံပြောဆိုနေသရွေ့ အဲဒါကို လူတွေက ယုံကြည်ကြမှာပဲ။ ဒါက အထူးအဆန်း မဟုတ်တော့ပါဘူး" အကြီးအကဲမင်က ပြတ်သားသော လေသံဖြင့် ပြောလိုက်သည်။

​ဗာမီလီယံသည် အကြီးအကဲ မင်၏ စကားကို ကြားသောအခါ သူ မည်သည့်အချက်ကို ရည်ညွှန်းနေသည်ကို နားလည်သွားပြီး မပြုံးဘဲ မနေနိုင်ခဲ့ပေ။ အကြီးအကဲ မင်သည် လုံချန်းအား အကြောင်းပြကာ နတ်ဆိုးနှင့် ပတ်သက်၍ ဖြစ်ပျက်ခဲ့သည်များကို ရည်ရွယ်ပြောဆိုနေခြင်း ဖြစ်ကြောင်း သူ သိသည်။ သို့သော် သူသည် ဘာမှမပြောဘဲ ပြုံး၍သာ နေလိုက်သည်။

​"တကယ် လုပ်ခဲ့တဲ့လူက ဘယ်သူလဲဆိုတာ ငါတို့ အားလုံး သိကြပါတယ်။ အဲဒီလူလည်း သူ မှားသွားမှန်း သိလိမ့်မယ်လို့ ငါ ယုံကြည်ပါတယ်။ ဒီကိစ္စကို ရှည်ရှည်ဝေးဝေး လုပ်မနေပါနဲ့တော့။ ဖြစ်ခဲ့တာတွေကို မေ့လိုက်ပြီး စာမေးပွဲကိုပဲ ဆက်လုပ်ကြရအောင်" အကြီးအကဲမင်က ဆက်ပြောသည်။

​"ဟုတ်... ဟုတ်ကဲ့ပါ အကြီးအကဲမင်" မုဝမ်သည် နဖူးမှ ချွေးများကို သုတ်ရင်း ခေါင်းညိတ်လိုက်သည်။ လုံချန်းနှင့် စကားပြောနေစဉ်တွင် အကြီးအကဲများအားလုံး ငြိမ်နေသဖြင့် သူတို့လည်း လုံချန်းကို မုန်းတီးနေသည်ဟု သူ ထင်မှတ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် အကြီးအကဲမင်၏ စကားကို ကြားသောအခါတွင်မူ သူ ချွေးပြန်သွားခဲ့ရသည်။ အကြီးအကဲ မင်သည် သူ၏ လုပ်ရပ်အပေါ် စိတ်တိုင်းမကျဖြစ်နေသည်မှာ ထင်ရှားသည်။

​"ဒါဆို အဲဒီစကားကို မင်း အရင်ပြောခဲ့တာ မဟုတ်ဘူးပေါ့။ ငါ မှားသွားပုံရတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီနောက်ပိုင်း မင်း ငါ့ကို ပြန်ပြောတဲ့ ပုံစံကတော့ တပည့်ကောင်းတစ်ယောက် ပြောသင့်တဲ့ ပုံစံမဟုတ်ဘူး။ မင်းရဲ့ အပြုအမူနဲ့ စရိုက်ကို ပြင်ဆင်ဖို့ ကြိုးစားပါ၊ နောက်တစ်ခါ ထပ်မလုပ်နဲ့တော့။ မင်း ဒီမှာ ဆက်နေပြီး စာမေးပွဲမှာ ပါဝင်နိုင်ပါတယ်" မုဝမ်သည် လုံချန်းကို ကြည့်ကာ အောင့်သက်သက် အပြုံးဖြင့် ပြောလိုက်သည်။

​"ကဲ... ငါတို့ အချိန်တွေ အများကြီး ဖြုန်းခဲ့ပြီးပြီ။ အခု မြန်မြန်လုပ်ကြရအောင်။ နောက်တစ်ယောက်... ရှေ့ကို ထွက်လာခဲ့" သူက လူငယ်တစ်ဦးကို ညွှန်ပြကာ စမ်းသပ်မှုအတွက် ခေါ်လိုက်သည်။

​စမ်းသပ်မှုများ ဆက်လက် ပြုလုပ်နေစဉ်တွင် လူအများအပြားမှာ ကျရှုံးနေကြသည်။ အောင်မြင်မှုနှုန်းမှာ တကယ့်ကို နိမ့်ကျလှသည်။ လူပေါင်း တစ်ထောင်ကျော်ကို စမ်းသပ်ခဲ့သော်လည်း လူတစ်ရာခန့်သာ ဝိညာဉ်စစ်သည်တော် ဖြစ်လာနိုင်မည့် အလားအလာ ရှိနေသည်။

​လုံချန်းကိုမူ ယခုထက်တိုင် မစမ်းသပ်သေးပေ။ မုဝမ်သည် လုံချန်းကို စိတ်လှုပ်ရှားမှု ပိုရှိစေရန် တမင်တကာ နောက်ဆုံးမှ စမ်းသပ်ရန် ချန်ထားပုံရသည်။ လူတစ်ယောက်သည် တစ်စုံတစ်ခုကို စောင့်မျှော်နေရလေလေ ကျရှုံးသွားသောအခါ ခံစားချက်က ပို၍ ဆိုးရွားလေလေ ဖြစ်သည်။

​ယေဘုယျအားဖြင့် လူတစ်ဦး၏ မိဘနှစ်ပါးစလုံးမှာ ဝိညာဉ်စစ်သည်တော်များ ဖြစ်ကြလျှင် ထိုသူသည် ဝိညာဉ်စစ်သည်တော် ဖြစ်လာနိုင်မည့် အလားအလာ အလွန် မြင့်မားသည်ဟု ယူဆကြသည်။

All Chapters