← Chapters

အခန်း (၁၅၁၁-၁၅၁၂)

Vol. 152 Ch. 1511-1512

အခန်း (၁၅၁၁-၁၅၁၂)

Vol. 152 Ch. 1511-1512

အခန်း (၁၅၁၁) - ထိုဘဝတွင် သူမသည် ဝိညာဉ်ဗုဒ္ဓ ဖြစ်လာလိမ့်မည်

"ဗုဒ္ဓလမ်းစဉ်ရဲ့ လမ်းစဉ်သဲလွန်စလား"

ရွှေချင်းဟယ်သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဖြည်းညှင်းစွာ ခေါင်းညိတ်ပြသည်။

"မူလကတော့ တရားဓမ္မဆိုတာ အလွယ်တကူ မသင်ကြားအပ်ဘူး။ ဒါပေမဲ့ အခုအချိန်အခါက အရင်နဲ့ မတူတော့ဘူးဆိုတော့... သေချာနားထောင်ထား၊ ငါ တစ်ခါပဲ ပြောမယ်"

နာရီဝက်ခန့် ကြာပြီးနောက်တွင် ဖန့်ချန်သည် ရွှေချင်းဟယ် ပြောပြသော ဗုဒ္ဓလမ်းစဉ် လမ်းစဉ်သဲလွန်စများကို မှတ်ဉာဏ်ထဲ၌ အသေအချာ မှတ်သားပြီးစီးသွားခဲ့ပြီ ဖြစ်သည်။

ယခင်က စီနီယာအစ်ကို ပီထု ထံမှ ရရှိခဲ့သော စစ်မှန်သောမသေမျိုး လမ်းစဉ်တွင် ကိုးဆင့်မြောက် အဆင့် ကင်းမဲ့နေခဲ့သည်။

ယခုမူ ဟွာကျိသ်ုက် ဝိညာဉ်မယ်တော် ထံမှ အဆင့် ၁ မှ အဆင့် ကိုး အထိ ပြည့်စုံသော ဗုဒ္ဓလမ်းစဉ် လမ်းစဉ်သဲလွန်စကို ရရှိခဲ့ပြီ ဖြစ်သည်။

တစ်ဆင့်ချင်းစီအတွက် လိုအပ်သော မသေမျိုးဆေးဝါးများ၊ ၎င်းတို့၏ ဆေးဖက်ဝင် အာနိသင်များနှင့် ပေါက်ရောက်ရာ ဒေသများကိုပါ အသေးစိတ် သိရှိခဲ့ရသည်။

"လမ်းစဉ်ကို သင်ကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဝိညာဉ်မယ်တော်"

ဖန့်ချန်က ရိုသေစွာ ဂါရဝပြုလိုက်သည်။

ရွှေချင်းဟယ်က တည်ငြိမ်စွာပင်

"အားနာနေဖို့ မလိုပါဘူး။ မင်းကို လမ်းစဉ် သင်ပေးလိုက်ပေမဲ့ တချို့ မသေမျိုးဆေးဝါးတွေက ရှာရခက်နေနိုင်ပြီ။ လမ်းစဉ်ကို သိရုံနဲ့ ဒီလမ်းကို အလွယ်တကူ လျှောက်လှမ်းနိုင်မယ်လို့ မထင်လိုက်နဲ့။ ဗုဒ္ဓလမ်းစဉ်ဟာ မသေမျိုးလမ်းစဉ်နဲ့ မတူဘူး၊ သူက လွတ်မြောက်ခြင်း နဲ့ အတားအဆီးမဲ့ခြင်း ကို ရှာဖွေတာ။ အနှစ်သာရကိုတော့ ကျင့်ကြံသူကိုယ်တိုင်ပဲ သိလိမ့်မယ်"

"ကျွန်တော်မျိုး နားလည်ပါပြီ"

ဖန့်ချန်က ခေါင်းညိတ်လိုက်သည်။

သူကိုယ်တိုင် ထိုလမ်းစဉ်ကို လျှောက်လှမ်းရန် ရည်ရွယ်ချက်မရှိသော်လည်း၊ ဤဗုဒ္ဓလမ်းစဉ်သည် သူ့အတွက် အလွန်ကြီးမားသော အကူအညီ ဖြစ်လာမည်မှာ သေချာသည်။

၎င်းမှာ ထိုနေရာသို့ သူလာရောက်ခဲ့ရာတွင် ရရှိခဲ့သော အကြီးမားဆုံးသော ဝှက်ဖဲ ပင် ဖြစ်သည်။

သို့သော် ယခု သူ၏ အဆင့်အတန်းအရ မိမိကိုယ်ပိုင် အစွမ်းဖြင့် ဤဝှက်ဖဲကို အသုံးချရန် မဖြစ်နိုင်သေးပေ။

ယခင်က ဝမ်ချုံစန်းသည် ထိုက်ယီမသေမျိုး လမ်းစဉ်ကို ပိုင်ဆိုင်ထားရုံ၊ ၎င်းမှာလည်း မပြည့်စုံသေးရုံနှင့်ပင် အလွန်တရာ သနားစရာကောင်းလောက်အောင် အတိုက်ခိုက်ခံခဲ့ရသည် မဟုတ်ပါလား။

ထို့ကြောင့် သူသည် ဤဝှက်ဖဲကို ကျွယ်မင်နန်းတော်မှတစ်ဆင့် အကောင်အထည်ဖော်ရန် ဆုံးဖြတ်လိုက်သည်။

ထ်ုလမ်းစဉ်သည် အဆင့် ၉ မသေမျိုး ပုဂ္ဂိုလ်ကြီးများ၏ လက်ထဲသို့ ရောက်ရှိမှသာ အကြီးမားဆုံးသော အကျိုးကျေးဇူးကို ရရှိစေမည်ဖြစ်သည်။

"တခြားကိစ္စ မရှိတော့ရင် ငါ မင်းတို့ကို အပြင်ကို အရင်ပို့ပေးမယ်"

ရွှေချင်းဟယ်က ဆိုသည်။

"စီနီယာ... ကျွန်တော် အရင်က ပြောပြခဲ့တဲ့ ပုံပြင်လေးကို မှတ်မိသေးရဲ့လား "

ဖန့်ချန်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

"အော်... အဲ့ဒီပုံပြင်က ငါ့ကို လိမ်ပြောဖို့ လုပ်ထားတာ မဟုတ်ဘူးလား "

ရွှေချင်းဟယ်က ဖန့်ချန်ကို တစ်ချက် ဝေ့ကြည့်လိုက်သည်။

ဖန့်ချန်က အားနာဟန်ဖြင့် ပြုံးလျက်

"ဒီပုံပြင်က လုပ်ကြံဖန်တီးထားတာ မဟုတ်ပါဘူး။ ကျွန်တော် တကယ်ပဲ ချင်းဟယ် လို့ ဘွဲ့အမည်ရှိတဲ့ ဆရာလေးတစ်ပါးနဲ့ တွေ့ခဲ့ဖူးပါတယ်။ သူမဟာ အလင်းနဲ့အမှောင် (ယင်နဲ့ယန်) ကို ခွဲခြားမြင်နိုင်စွမ်း ရှိပါတယ်။ အဲ့ဒီ ချင်းဟယ်ဆရာလေးကြောင့်ပဲ ကျွန်တော်ဟာ လောကမှာ ဝိညာဉ်တွေ ရှိတယ်ဆိုတာကို သိခဲ့ရတာပါ"

"မွေးရာပါ ယင်ယန်မျက်စိ ပါလာတဲ့သူက အခုခေတ်မှာ မများတော့ဘူး။ ငါနဲ့လည်း ရုပ်ချင်းတူပြီး ဘွဲ့အမည်ကလည်း ချင်းဟယ်တဲ့လား..."

ရွှေချင်းဟယ်က စဉ်းစားဟန်ဖြင့်

"ငါ အရင်က ဝိညာဉ်နယ်မြေအဖြစ် ပြောင်းလဲသွားချိန်မှာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့ပုံရတယ်။ မှတ်ဉာဏ်တွေကတော့ မပြည့်စုံတော့ဘူး။ ဒါပေမဲ့ အမှားအယွင်း မရှိဘူးဆိုရင်... သူမဟာ ငါ့ရဲ့ ဝိညာဉ်အစိတ်အပိုင်းတစ်ခုက အတင်းအကျပ် လူဝင်စားထားတာ ဖြစ်နိုင်တယ်"

ဝိညာဉ်အစိတ်အပိုင်းတစ်ခုက လူဝင်စားထားတာ ဟုတ်လား။

ဖန့်ချန်၏ မျက်လုံးများ ဝင်းလက်သွားသည်။

တကယ်လို့သာ အဲ့ဒီအတိုင်းဆိုလျှင် ချင်းဟယ်ဆရာလေး ၏ နောက်ခံမှာ သူထက်ပင် ကြီးမားနေတော့မည်။

သူ၏ ဝှက်ဖဲမှန်သမျှမှာ ပြင်ပအင်အားစုများမှ ရရှိထားခြင်း ဖြစ်သော်လည်း၊ ချင်းဟယ်ဆရာလေး၏ အရင်ဘဝမှာမူ ယခုမြင်တွေ့နေရသည့် အဆင့် ၉ ဝိညာဉ်ဗုဒ္ဓ ၊ ဟွာကျိသိုက်ဝိညာဉ်မယ်တော်ပင် ဖြစ်နေနိုင်သည် မဟုတ်ပါလား။

"ဒီလိုလုပ်မယ်... မင်း သူမကို ဒီလမ်းစဉ်ထဲ ရောက်အောင် ကူညီပေးလိုက်ပါ။ ငါ မင်းကို သင်ပေးခဲ့တဲ့ ဗုဒ္ဓလမ်းစဉ်ကို သူမကို ပြန်ပြီး လက်ဆင့်ကမ်းပေးလိုက်။ တကယ်လို့ သူမဟာ ငါ့ရဲ့ ဝိညာဉ်အစိတ်အပိုင်းတစ်ခု လူဝင်စားတာသာ မှန်ခဲ့ရင်... ဒီဘဝမှာ သူမက ဝိညာဉ်ဗုဒ္ဓ ဖြစ်လာလိမ့်မယ်"

ရွှေချင်းဟယ်က ပြောပြီးနောက် ဖန့်ချန်ကို စကားပြောခွင့် မပေးတော့ဘဲ လက်အင်္ကျီကို ခါယမ်းလိုက်တော့သည်။

နောက်တစ်စက္ကန့်တွင် အားလုံးသည် မူလနေရာ၌ပင် နိုးထလာကြပြီး မျက်နှာများမှာ ဇဝေဇဝါ ဖြစ်နေကြသည်။

"ဘာဖြစ်တာလဲ "

ချန်အင်းရွှယ်က ရှဲ့အာမန်ကို မသိစိတ်ဖြင့် လှည့်ကြည့်လိုက်သည်။

"ကျွန်မတို့ ဗုဒ္ဓတိုင်းပြည်ထဲ ဝင်သွားတာ မဟုတ်လား၊ ဘယ်လိုဖြစ်လို့ ပြန်ထွက်လာတာလဲ "

"ဘာမှတောင် မလုပ်ရသေးဘူး... နှစ်ပေါင်းများစွာကို အလကား ဖြုန်းတီးလိုက်ရတာလား"

နံပါတ်လေးက ထူးဆန်းသော မျက်နှာထားဖြင့် ဆိုသည်။

နန်မင်ရုယွဲ့နှင့် လီရှမ်းဇီတို့မှာမူ ဗုဒ္ဓတိုင်းပြည်ထဲ ဝင်ရောက်ခဲ့ခြင်းကြောင့် တစ်စုံတစ်ရာသော ထိခိုက်မှု ရှိမရှိ အရင်စစ်ဆေးကြသည်။

ခန္ဓာကိုယ်ပေါ်တွင် ထူးခြားသော အမှတ်အသားများ မရှိသည်ကို အတည်ပြုပြီးမှ ရှဲ့အာမန်ကို လှည့်ကြည့်ကြသည်။

"ငါ့ကို ဘာကြည့်နေကြတာလဲ နံပါတ်ကိုးကိုပဲ မေးကြလေ"

ရှဲ့အာမန်က ဖန့်ချန်ကို ကြည့်လိုက်သည်။

"ဟုတ်သားပဲ... ခုနက နံပါတ်ကိုးပဲ သွားပြီး စကားပြောခဲ့တာလေ"

ချန်အင်းရွှယ်က ဖန့်ချန်ကို မေးလိုက်သည်

"နင်က အဲ့ဒီလူကို စိတ်ဆိုးအောင် လုပ်လိုက်လို့ ငါတို့ကို မောင်းထုတ်လိုက်တာလား "

"သူမက ဝိညာဉ်နယ်မြေကို ဖျက်သိမ်းဖို့ ရည်ရွယ်ထားတယ်၊ ဒါကြောင့် ကျွန်တော်တို့ကို ကြိုတင်ပြီး ပို့ဆောင်ပေးလိုက်တာပါ။ မဟုတ်ရင် ကျွန်တော်တို့ အဲ့ဒီထဲမှာတင် ပိတ်မိနေပြီး ထိခိုက်မှုတွေ ရှိလာနိုင်လို့ပါ"

ဖန့်ချန်က ဆိုသည်။

သူသည် ခေတ္တမျှ စကားရပ်ကာ

"ဗုဒ္ဓလမ်းစဉ်ရဲ့ လမ်းစဉ်သဲလွန်စ... ရခဲ့ပါပြီ"

"ဗုဒ္ဓလမ်းစဉ် လမ်းစဉ်သဲလွန်စကို ရခဲ့တယ် ဟုတ်လား "

"တကယ်လား ပြည့်စုံရဲ့လား "

"နင်ကလည်း ဘာတွေ တွေးနေတာလဲ၊ ဘယ်လိုလုပ်ပြီး ပြည့်စုံတဲ့ ဗုဒ္ဓလမ်းစဉ် လမ်းစဉ်သဲလွန်စကို ပေးမှာလဲ"

တစ်စုံတစ်ယောက်က မယုံကြည်နိုင်စွာဖြင့် လှောင်ပြောင်လိုက်သည်။

လောကတွင် မသေမျိုးလမ်းစဉ်များစွာ ရှိသော်လည်း၊ အချို့သော ကျင့်ကြံသူများသည် လမ်းစဉ်အချို့ကို လေ့လာဖူးပြီး မသေမျိုးဆေးဝါးအချို့ကို သိရှိကြသော်လည်း၊ ပြည့်စုံသော လမ်းစဉ်တစ်ခုလုံးကို ပိုင်ဆိုင်ထားသူမှာ နယ်မြေကိုးခု အတွင်း၌ လက်ချိုးရေတွက်၍ ရနိုင်လောက်အောင်ပင် နည်းပါးလှသည်။

"ဒီဗုဒ္ဓလမ်းစဉ်ရဲ့ အမည်က ရှန့်ထျန်းယင်ဖော် ( ကောင်းကင်အောင် ဝိညာဉ်ဗုဒ္ဓ) တဲ့၊ အဆင့် ၁ ကနေ အဆင့် ၈ အထိ ပါပါတယ်"

ဖန့်ချန်က ပြောလိုက်သည်။

"အဆင့် ၁ ကနေ အဆင့် ၈ အထိ..."

ချန်အင်းရွှယ်မှာ တစ်ခဏအတွင်း စကားပင် ဆွံ့အသွားတော့သည်။

"နံပါတ်ကိုး... မင်းတော့ ဒီတစ်ခါ တကယ်ပဲ ကံထူးပြီ၊ အောင်မြင်မှုကတော့ အကြီးကြီးပဲ "

နံပါတ်လေးက အသက်ကို ပြင်းပြင်းရှူကာ ဝမ်းသာအားရ ဖြစ်သွားသည်။

သူတို့အားလုံးသည် ဗုဒ္ဓတိုင်းပြည်သို့ အတူတူ သွားခဲ့ကြခြင်း ဖြစ်သဖြင့် ဖန့်ချန်က အဓိက အောင်မြင်မှုမှတ်တမ်းကို ရရှိမည် ဖြစ်သော်လည်း၊ သူတို့မှာလည်း အနည်းငယ်စီ ရရှိကြမည် မဟုတ်ပါလား။

"ဒါဟာ တာ့လေးယင်း ရဲ့ တကယ့်တန်ဖိုးပဲ။ အဆင့် ၁ ကနေ အဆင့် ၈ အထိ ဗုဒ္ဓလမ်းစဉ် လမ်းစဉ်သဲလွန်စဆိုတာ ရှေးဟောင်းတားမြစ်နယ်မြေတစ်ခုထက်တောင် တန်ဖိုးအများကြီး ပိုရှိတယ်။ အစီရင်ဗဟိုချက် နည်းနည်းပါးပါးနဲ့ ယှဉ်လို့ရတာမျိုး မဟုတ်ဘူး"

နန်မင်ရုယွဲ့က ပြုံးလျက် ဆိုသည်။

"ဒီတစ်ခါ တာ့လေးယင်းကို အခြားသူတွေကို လက်လွှတ်လိုက်ရရင်တောင် ငါတို့ကတော့ မြတ်လှပြီ"

"ကျွယ်မင်နန်းတော်မှာ နောက်ထပ် မသေမျိုးလမ်းစဉ်တစ်ခု တိုးလာတာဆိုတော့ နောင်ကျရင် ရွေးချယ်စရာတွေ ပိုများလာတာပေါ့"

အမြဲတမ်း စကားနည်းသော နံပါတ်ခုနစ်က ဖြည်းဖြည်းချင်း ပြောလိုက်သည်။

သူမ၏ မျက်ဝန်းများထဲတွင် အပြုံးရိပ်များ ပါဝင်နေပြီး ဖန့်ချန်ကို ကျေနပ်အားရစွာ ခေါင်းညိတ်ပြလိုက်သည်။

"ဒါဆိုရင်တော့ ကောင်းပြီပေါ့၊ ဒီလို လမ်းစဉ်တစ်ခုကို ရထားရင် နန်းတော်သခင်က ဟိုလူတွေဆီကနေ ကောင်းတဲ့အရာတွေ အများကြီး ပြန်လဲယူလို့ ရလိမ့်မယ်။ ငါတို့ ပျောက်ဆုံးနေတာ ကြာပြီဖြစ်တဲ့ ထိုက်ဟောင် နတ်မှန်ပြောင်း ကိုတောင် ကျွယ်မင်ယင်လောကဆီ ပြန်ယူလာနိုင်ကောင်း ပါရဲ့"

ရှဲ့အာမန်က ရယ်မောရင်း ဆိုသည်။

"ဟင် "

ချန်အင်းရွှယ်က မျက်မှောင်ကြုတ်လျက်

"ဒီလမ်းစဉ်ကို တခြားသူတွေနဲ့ လဲလှယ်မှာလား ဘာလို့ ကိုယ့်ဘာသာ သိမ်းမထားတာလဲ..."

"ဟုတ်ပါတယ်၊ ဒါက မသေမျိုးလမ်းစဉ်တစ်ခုပဲလေ"

လီရှမ်းဇီကလည်း ခေါင်းညိတ်ထောက်ခံသည်။

"ပြင်ပက ဘာနဲ့ပဲ လဲလဲ၊ ကျွန်တော်တို့ဘက်က နစ်နာမှာပဲ"

"နည်းနည်းပါးပါး မနစ်နာဘဲနဲ့ ကျွယ်မင်နန်းတော်က ဘက်ပေါင်းစုံက ဝိုင်းတိုက်တာကို ခံနိုင်ရည် ရှိပါ့မလား "

ရှဲ့အာမန်က နှာမှုတ်ကာ

"ထမင်းတစ်အိုးလုံးကို တစ်ယောက်တည်း စားဖို့ မကြံနဲ့၊ ဗိုက်ပေါက်သေသွားလိမ့်မယ်"

အားလုံးသည် အသေအချာ ပြန်လည်စဉ်းစားကြည့်ရာ ၎င်းမှာ မှန်ကန်သော အချက်ဖြစ်သဖြင့် ဘာမျှ ထပ်မပြောကြတော့ပေ။

"နောက်လာမယ့် နယ်မြေလုပွဲကို ခေတ္တရပ်ထားမယ်။ အားလုံး အနားယူကြ၊ ဒီကိစ္စကို ငါ နန်းတော်သခင်နဲ့ ကိုယ်တိုင် ဆက်သွယ်ရမယ်။ သုံးရက်နေရင် ပြန်ဆုံကြမယ်"

ရှဲ့အာမန်က အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့ပါ"

နောက်ထပ် သုံးရက်အတွင်း ဖန့်ချန်သည် ရှဲ့အာမန်၏ အနားတွင်သာ နေရသည်။

သူမ၏ သတ်မှတ်ချက်အရ ဖန့်ချန်သည် သူမ၏ အမြင်အာရုံပြင်ပသို့ ထွက်ခွာခွင့် မရှိပေ။

သုံးရက်ကြာပြီးနောက် အမာခံတပည့်များ အားလုံး စုစည်းရောက်ရှိလာကြသည်။

အမာခံတပည့် တစ်ဦးချင်းစီ၏ စိတ်ဓာတ်နှင့် အားအင်များမှာ အထွတ်အထိပ်သို့ ရောက်ရှိနေကြ၏။ အချို့သော အမာခံတပည့်များမှာ အခြေအနေကို မသိကြသော်လည်း၊ ရှဲ့အာမန်က နန်းတော်သခင်နှင့် ဆက်သွယ်တော့မည်ကို သိရသောအခါ အံ့အားသင့်သွားကြသည်။

"ကျွယ်မင်နန်းတော်ဘက်က ဘာတွေ လုပ်နေတာလဲ"

"ရှဲ့အာမန်က ဘာလှည့်ကွက်တွေ ထပ်သုံးဦးမှာလဲ"

အခြားသူများက အဝေးမှ လှမ်းကြည့်ကာ သံသယစိတ်များ ဖြစ်ပေါ်နေကြသည်။

နဂါးနက်လှေများ တစ်စင်းနှင့်တစ်စင်း ချိတ်ဆက်ကာ မသေမျိုးစွမ်းအင်များ စဉ်ဆက်မပြတ် စီးဆင်းနေသည်ကို မြင်သောအခါမှ သူတို့ သဘောပေါက်သွားကြသည်။

"သူတို့က ကျွယ်မင်နန်းတော်က ဟိုပုဂ္ဂိုလ်နဲ့ ဆက်သွယ်ဖို့ ကြိုးစားနေတာလား "

"ဘာကိစ္စ ရှိလို့လဲ ပြီးခဲ့တဲ့ အချိန်တွေတုန်းက ရှဲ့အာမန်တို့ လျှို့ဝှက်ချက်တွေ များနေတာ၊ အဲ့ဒီ ဗုဒ္ဓတိုင်းပြည်နဲ့ ပတ်သက်နေတာလား "

ကျွယ်မင်နန်းတော်ဘက်တွင် ရှဲ့အာမန်၏ နဂါးနက်လှေကို ဗဟိုပြုကာ နဂါးနက်လှေ ဒါဇင်ပေါင်းများစွာနှင့် သောင်းနှင့်ချီသော ရှေ့ပြေးတပ်ဖွဲ့ လှေငယ်များ ပေါင်းစပ်လျက် ထူးခြားသော အစီရင်တစ်ခုကို တည်ဆောက်လိုက်ကြသည်။

'ကြည့်ရတာ...တည်နေရာ ကူးပြောင်းအစီရင် နဲ့ နည်းနည်း ဆင်တူနေသလိုပဲ၊ ဒါက...'

ဖန့်ချန်သည် ဝိညာဉ်ခန္ဓာပြင်ပသို့ ထွက်ခွာလျက် အထက်ကောင်းကင်မှနေ၍ ထိုမြင်ကွင်းကို ကြည့်ကာ မျက်ဝန်းထဲတွင် အံ့အားသင့်ရိပ်များ ဖြတ်ပြေးသွားတော့သည်။

အခန်း (၁၅၁၂) - စီနီယာအစ်မကြီးကို မင်းအတွက် အပြစ်ခံခိုင်းလိုက်ပါ

အတိုင်းအဆမရှိသော မသေမျိုးစွမ်းအင်များမှာ အရူးအမူး စီးဝင်လာကြပြီး တားဆီး၍မရသော စွမ်းအားကြီးမားမှုများမှာ တစ်သားတည်း ဖြစ်သွားကြကာ နောက်ဆုံးတွင် ရှဲ့အာမန်ရှိရာ နဂါးနက်လှေဆီသို့ စုပုံသွားတော့သည်။

ထိုစွမ်းအားစုမှာ အဆင့် ၈ အဆင့်ထက်ပင် များစွာ သာလွန်နေပြီ ဖြစ်သည်။

ဟင်းလင်းပြင် အက်ကြောင်းတစ်ခုမှာ ထိုစွမ်းအားဖြင့် ဆွဲဖြဲခံနေရသကဲ့သို့ တဖြည်းဖြည်း ပွင့်ဟလာနေ၏။

ဖန့်ချန်၏ အာရုံစိုက်မှုမှာ ရုတ်တရက် အခြားသူများထံသို့ ရောက်ရှိသွားသည်။

သူ၏ မျက်ဝန်းအစုံမှာ လျှပ်စီးကဲ့သို့ ထက်မြက်စွာဖြင့် အခင်းအကျင်းထဲရှိ ကျင့်ကြံသူ တစ်ဦးချင်းစီကို ဝေ့ကြည့်လိုက်သည်။

သူ၏ အာရုံမှာ ကြာနီနတ်မိမယ်နှင့် ကျိထျန်းကျွင်း တို့ထံတွင် ရှိနေ၏။ အရင်ဘဝ မှတ်ဉာဏ်များ နိုးထနေကြသည့် ထို မိစ္ဆာ များသည် ကျွယ်မင်နန်းတော်မှ အဆင့် ၉ မသေမျိုး ပုဂ္ဂိုလ်ကြီး ရောက်ရှိလာတော့မည့် အခြေအနေတွင် မည်သို့ တုံ့ပြန်ကြမည်ကို သူ မြင်လိုလှသည်။

အချို့သောသူများ၏ မျက်နှာထားမှာ အနည်းငယ် ထူးဆန်းနေသည်ကို သူ သတိထားမိလိုက်သည်။

ထိုသူတို့မှာ အရင်ဘဝ မှတ်ဉာဏ် နိုးထသူများလား သို့မဟုတ် အခြားအင်အားစုများမှ လွှတ်လိုက်သည့် သူလျှိုများလားဆိုသည်ကိုတော့ သူ မသေချာပေ။

သေချာသည့် အချက်တစ်ခုမှာ ကျွယ်မင်နန်းတော်တွင် ကြာနီနတ်မိမယ် အပြင် အခြားသော အမာခံတပည့်များထဲ၌လည်း ထိုကဲ့သို့သော တည်ရှိမှုများ ရှိနေနိုင်ခြင်းပင်။

'ရုလိုင်ဘုရားကျောင်းက ရှောက်ကွမ်းယင်ဟာ ထိုက်ဟောင်နတ်မှန်ပြောင်း သတင်းနဲ့ စီနီယာအစ်မကြီးကို မျှားခေါ်နိုင်ခဲ့တယ်။ တကယ်လို့ သူ့ရဲ့ ရည်ရွယ်ချက်က ဝမ်ချုံစန်း ဖြစ်နေမယ်ဆိုရင်... ဒီသတင်းကို ပေးလိုက်တဲ့ အတွင်းလူဟာလည်း သူတို့နဲ့ တစ်ဖွဲ့တည်း ဖြစ်ဖို့ များတယ်။'

'ဒါပေမဲ့ အဲ့ဒီလူဟာ ဒုတိယစီနီယာအစ်ကို ဖြစ်နေမလားဆိုတာတော့ အတည်မပြုနိုင်သေးဘူး။'

ဖန့်ချန် စိတ်ထဲတွင် တိတ်တဆိတ် တွေးတောနေမိသည်။

သူသည် ချန်အင်းရွှယ်တို့နှင့် အချိန်အတန်ကြာ ထိတွေ့ခဲ့ဖူးသော်လည်း သူတို့ထံမှ သဲလွန်စ များများစားစား မတွေ့ရပေ။

ဒုတိယမြောက် စီနီယာအစ်ကိုနှင့်မူ တစ်ကြိမ်သာ တွေ့ဖူးသဖြင့် သေချာ မသိရသေးပေ။

ထိုစဉ်မှာပင် မတည်မငြိမ် ဖြစ်နေသော ဟင်းလင်းပြင် အက်ကြောင်းမှာ အဆုံးမရှိသော မသေမျိုးစွမ်းအင်များကြောင့် တဖြည်းဖြည်း ငြိမ်သက်သွားသည်။

အက်ကြောင်းအတွင်းမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

လူတိုင်း၏ အမြင်အာရုံမှာ ဝေဝါးသွားကြပြီး ထိုပုံရိပ်ကို မြင်နေရသော်လည်း အာရုံစိုက်၍ မရဘဲ အမြဲတမ်း ဝေဝါးနေသော မြင်ကွင်းကိုသာ မြင်တွေ့နေရတော့သည်။

"ကျွယ်မင်နန်းတော် သခင်..."

ယဲ့ချင်းချိုးနှင့် အခြားသူများမှာ မျက်နှာထားများ အလွန် တည်ကြည်သွားကြပြီး မျက်ဝန်းထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်သွားသည်။

သူတို့သည် အဖွဲ့အစည်း တစ်ခုတည်းမှ မဟုတ်ကြသော်လည်း လောကတွင် အဆင့် ၉ မသေမျိုးမှာ လက်ချိုးရေတွက်၍ ရလောက်အောင်သာ ရှိသဖြင့် မည်သည့် အဆင့် ၉ နှင့်မဆို ရင်ဆိုင်ရလျှင် လုံလောက်သော ရိုသေမှုကို ပေးရမည်ဖြစ်သည်။

အကယ်၍ ထိပါးမိပါက ထိုသူက လက်တစ်ချက် ဝေ့ရုံဖြင့် သတ်ဖြတ်သွားလျှင်ပင် မည်သူမျှ တရားမျှတမှု ရှာပေးနိုင်မည် မဟုတ်ပေ။

ရှဲ့အာမန်သည် စိတ်လှုပ်ရှားစွာဖြင့် စွမ်းအားများကို ရုပ်သိမ်းလိုက်သည်။

ခေတ္တမျှသာ ရှိသေးသော်လည်း သူမ၏ နဖူးတွင် ချွေးစက်များ ထွက်နေ၏။

"ဒါက အရင်တုန်းက ရှောက်ကွမ်းယင်နဲ့ တိုက်ခိုက်ရတာထက်တောင် ပိုပင်ပန်းသေးတယ်"

သူမက ညည်းတွားလိုက်ပြီးနောက် ရောက်ရှိလာသူကို လက်အုပ်ချီ ဂါရဝပြုလိုက်သည်။

"နန်းတော်သခင်"

ဝေဝါးနေသော ပုံရိပ်မှာ လက်ကို သာသာယာယာ ဝေ့ယမ်းလိုက်ရာ သူမနှင့် ဖန့်ချန်၏ ပတ်ဝန်းကျင်တွင် အတားအဆီး အစီရင်တစ်ခု ကျရောက်သွားတော့သည်။

"ဒီတစ်ခေါက် တာ့လေးယင်းဆီကနေ ရှန့်ထျန်းယင်ဖော် လမ်းစဉ်ကို ရခဲ့တာဟာ အောင်မြင်မှု အကြီးကြီး တစ်ခုပဲ"

ဝေဝါးသော ပုံရိပ်၏ အသံမှာ အလွန် အေးဆေးငြိမ်သက်လှသည်။

"ဒီကိစ္စရဲ့ အောင်မြင်မှုက ကျွန်မနဲ့ နံပါတ်ကိုးပေါ်မှာပဲ ရှိတာပါ။ ကျန်တဲ့သူတွေကတော့ ပါဝင်ရုံ သက်သက်ဆိုတော့ သူတို့ကိုတော့ သင့်တော်သလိုပဲ ဆုလာဘ် ပေးလိုက်ရင် ရပါပြီ"

ရှဲ့အာမန်က ပြုံးလျက် ဆိုသည်

"ကျွန်မရဲ့ ပုတီးစေ့ မပါရင် ဗုဒ္ဓတိုင်းပြည်ထဲ ဝင်လို့ရမှာ မဟုတ်ဘူး။ နံပါတ်ကိုးသာ မပါရင် အဲ့ဒီ ထူးခြားသူက ကျွန်မတို့ကို ဂရုစိုက်မှာ မဟုတ်ဘူး။ သူက နံပါတ်ကိုးရဲ့ ဆရာနဲ့ ရင်းနှီးမှု ရှိနေလို့လေ။ သူသာ မကူညီရင် ကျွန်မတို့ ဗုဒ္ဓတိုင်းပြည်ထဲမှာ နှစ်ပေါင်းများစွာ ပိတ်မိနေပြီး ထွက်ပေါက် ရှာတွေ့မှာ မဟုတ်ဘူး"

ဝေဝါးသော ပုံရိပ်မှာ ထိုအချက်များကို ဂရုမစိုက်ဟန်ဖြင့် ခေါင်းညိတ်ပြကာ ဖန့်ချန်ဘက်သို့ လှည့်၍ ပြောလိုက်သည်။

"ရှန့်ထျန်းယင်ဖော် လမ်းစဉ်ကို ငါ့ဆီ အပ်နှံလိုက်ပါ။ မင်းအတွက် ဂုဏ်ထူးတွေ အများကြီး ရလိမ့်မယ်။ အဲ့ဒီအမှတ်တွေနဲ့ ကျွယ်မင်နန်းတော်ထဲက အရာအားလုံးကို လဲလှယ်လို့ ရတယ်။ မင်းရဲ့ နောက်ထပ် မသေမျိုးလမ်းစဉ်အတွက် ဆေးဝါးတွေလည်း ပါဝင်တယ်"

"အစီရင်ဗဟိုချက် ကိုတောင် လဲလို့ ရမှာလား "

ဖန့်ချန်က မေးလိုက်သည်။

"အစီရင်ဗဟိုချက် လား"

ဝေဝါးသော ပုံရိပ်မှာ ခေတ္တမျှ စဉ်းစားပြီးနောက် ခေါင်းခါပြလိုက်သည်။

"ဒီအရာရဲ့ တန်ဖိုးက အဆင့် ၈ မသေမျိုး လမ်းစဉ်ထက် အများကြီး ပိုမြင့်မားတယ်"

"ဟွာကျိသိုက် ဝိညာဉ်မယ်တော် စီနီယာ ပေးလိုက်တဲ့ မသေမျိုးလမ်းစဉ်က ပြည့်စုံပါတယ်။ အဆင့် ၁ ကနေ အဆင့် ၉ အထိ အကုန်ပါဝင်ပါတယ်။ ခုနကတော့ အခြေအနေအရ ပြောဖို့ မသင့်တော်သေးလို့ပါ"

ဖန့်ချန်က ဆိုလိုက်သည်။

"အဆင့် ၁ ကနေ ၉ အထိ အကုန်ပါတာလား "

ရှဲ့အာမန်မှာ အလွန်တရာ အံ့အားသင့်သွားပြီး မျက်နှာထားမှာ အလွန် တည်ကြည်သွားတော့သည်။

တကယ်လို့သာ အဆင့် ၉ လမ်းစဉ်အထိ ပါဝင်နေမယ်ဆိုရင် ကျွယ်မင်နန်းတော်မှာ နောက်ထပ် အဆင့် ၉ မသေမျိုး တစ်ပါး ပေါ်ထွက်လာဖို့ အခွင့်အရေး ရှိနေပြီ။

ဒါဟာ အင်အားစု အသီးသီးအတွက် လက်ရှိ ဟန်ချက်ညီမှုကို ပျက်ပြားစေမယ့် ကိစ္စဖြစ်သလို၊ ကျွယ်မင်နန်းတော် အတွက်တော့ အင်အားကို အဆပေါင်းများစွာ တိုးတက်စေမယ့် အရာပဲ။

"တကယ်လို့ အဆင့် ၉ အထိ ပါဝင်နေမယ်ဆိုရင်တော့ အစီရင်ဗဟိုချက်နဲ့ လဲလှယ်ဖို့ တကယ်ပဲ ထိုက်တန်ပါတယ်။ ဒါပေမဲ့..."

ဝေဝါးသော ပုံရိပ်က ဆက်ပြောသည်

"မင်းက အစီရင်ဗဟိုချက် နဲ့ လဲဖို့ ဆုံးဖြတ်လိုက်ရင်တော့ တခြား ဆုလာဘ်တွေ ငါ မပေးတော့ဘူး"

ခေတ္တမျှ ရပ်ကာ

"မင်းမှာ ဒီလမ်းစဉ် ရှိနေတယ်ဆိုတာကတော့ မကြာခင်မှာ ပြန့်နှံ့သွားလိမ့်မယ်။ မင်းဆီမှာ အဆင့် ၉ လမ်းစဉ်အထိ ရှိနေတာကို ဘယ်သူ့ကိုမှ မသိစေနဲ့။ မဟုတ်ရင် ငါကိုယ်တိုင်တောင် မင်းကို အပြည့်အဝ ကာကွယ်ပေးနိုင်ဖို့ ခက်လိမ့်မယ်။ လောကမှာ ဒီလမ်းစဉ်အတွက် အသက်ကို ရင်းပြီး မင်းကို ဒုက္ခပေးမယ့်သူတွေ အများကြီး ပေါ်လာလိမ့်မယ်"

"ကျွန်တော် နားလည်ပါပြီ"

ဖန့်ချန်က ခေါင်းညိတ်လိုက်သည်။

"နောက်ပြီး ဒီလမ်းစဉ်ကို မင်း ဘယ်လို အသုံးချမလဲဆိုတာနဲ့ ပတ်သက်ပြီး စည်းကမ်းချက် အချို့ ငါ သတ်မှတ်ပေးမယ်။ ဒီလမ်းစဉ်ကို မင်းအနေနဲ့ အများဆုံး သုံးယောက်ကိုပဲ လက်ဆင့်ကမ်းခွင့် ရှိမယ်။ မင်းက ငါ့ဆီကနေ အစီရင်ဗဟိုချက် ကို ယူလိုက်ပြီဆိုကတည်းက ဒီလမ်းစဉ်ဟာ မင်းတစ်ယောက်တည်း ပိုင်ဆိုင်တာ မဟုတ်တော့ဘူး။ မင်းမှာ ကန့်ကွက်စရာ ရှိသလား "

ဝေဝါးသော ပုံရိပ်က ဆက်မေးသည်။

ဖန့်ချန်မှာ ကန့်သတ်ချက် ရှိလာမည်ကို ကြိုတင်ခန့်မှန်းထားပြီးသား ဖြစ်သည်။

တစ်ဖက်လူက သုံးယောက်အထိ လက်ဆင့်ကမ်းခွင့် ပေးသည်မှာပင် မဆိုးလှဟု ယူဆသဖြင့် ကန့်ကွက်စရာ မရှိပေ။

"နန်းတော်သခင်... အဲ့ဒီ သုံးယောက်ဆိုတာက ဘာကို ဆိုလိုတာလဲဗျ "

ဖန့်ချန်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

"မင်း ကျင့်ကြံတဲ့ သက်တမ်းက မကြာသေးသလို၊ ကျွယ်မင်နန်းတော်ထဲ ရောက်တာလည်း မကြာသေးတော့ မသေမျိုးလမ်းစဉ်ရဲ့ နောက်ဆက်တွဲ ကိစ္စတွေကို သိဦးမှာ မဟုတ်ဘူး။ ပြည့်စုံတဲ့ လမ်းစဉ်တစ်ခုမှာ အဆင့် ၉ မသေမျိုးက တစ်ယောက်ပဲ ရှိနိုင်တယ်ဆိုတာ မင်းသိပြီးသားပါ "

"ဒါပေမဲ့ မင်းမသိတာက... ပြည့်စုံတဲ့ လမ်းစဉ်တစ်ခုမှာ အဆင့် ၈ မသေမျိုး အရေအတွက်ကိုလည်း ကန့်သတ်ထားရတယ်။ ခြောက်ယောက်ထက် ပိုလို့ မရဘူး "

ဝေဝါးသော ပုံရိပ်က ပြုံးလျက် ရှင်းပြသည်

"ငါ မင်းကို သုံးယောက်ခွင့်ပြုတယ်ဆိုတာ နေရာရဲ့ ထက်ဝက်ကို မင်းကို ပေးလိုက်တာပဲ။ ကျန်တဲ့ သုံးနေရာကိုတော့ ငါက အသွေးအသားနန်းတော်တို့နဲ့ လဲလှယ်ရင် လဲလှယ်မယ်၊ ဒါမှမဟုတ် ငါ့ဘာသာ သိမ်းထားမယ် "

"တကယ်လို့ ငါ့ဆီမှာ နေရာမလုံလောက်ရင် မင်းဆီကနေ ဂုဏ်ထူးမှတ်တွေနဲ့ ပြန်ဝယ်မယ်။ အတင်းအကျပ် ယူမှာ မဟုတ်ဘူး၊ အဲ့ဒီကျရင် ငါ မင်းနဲ့ ပြန်ညှိနှိုင်းမယ် "

"တခြား ဘာမေးစရာ ရှိသေးလဲ"

"မရှိတော့ပါဘူး"

ဖန့်ချန်က ခေါင်းခါပြလိုက်ပြီးနောက် ရှန့်ထျန်းယင်ဖော် လမ်းစဉ်၏ အသေးစိတ်များကို တစ်ခုချင်းစီ ပြောပြလိုက်တော့သည်။

အဆင့် ကိုးဆင့်၊ ဆေးဝါး ကိုးမျိုး။

ဝေဝါးသော ပုံရိပ်မှာ ရှဲ့အာမန်ကို မောင်းမထုတ်သဖြင့် သူမ ဘေးမှ နားထောင်နေသည်ကို ဂရုမစိုက်ကြောင်း ထင်ရှားသလို၊ ဖန့်ချန်ကလည်း ထိုအချက်ကို ဂရုမစိုက်ပေ။

ဤလမ်းစဉ်ကို သိသောသူ များလေလေ၊ သူ၏ ဒုက္ခမှာ နည်းလေလေ ဖြစ်မည် မဟုတ်ပါလား။

"ကဲ... ပြီးပြီ။ နောင်ကျရင် သတင်းတွေ ထွက်လာခဲ့ရင် စီနီယာအစ်မကြီးကို မင်းအတွက် အပြစ်ခံ (ပြဿနာကို တာဝန်ယူဖြေရှင်းပေးသူ) ခိုင်းလိုက်ပါ"

ဝေဝါးသော ပုံရိပ်က ရှဲ့အာမန်ကို ညွှန်ပြကာ

"မင်း မှတ်ထားရမှာက... မင်း သိတာ အဆင့် ၁ ကနေ ၈ ထိပဲ။ အဆင့် ၉ ကိုတော့ သူမက မေးထုတ်နိုင်ခဲ့တာလို့ ပြောလိုက်"

"ဟုတ်တယ်၊ အဆင့် ၉ လမ်းစဉ်ကို ကျွန်မက မေးထုတ်ခဲ့တာ၊ နင်နဲ့ မဆိုင်ဘူး"

ရှဲ့အာမန်က ရယ်မောရင်း ဆိုသည်။

"ကျေးဇူးတင်ပါတယ် စီနီယာအစ်မကြီး"

ဖန့်ချန်က လက်အုပ်ချီ ဂါရဝပြုလိုက်သည်။

"နန်းတော်သခင်... နောက်လာမယ့် နယ်မြေလုပွဲကိုတော့ တိုက်စရာ မလိုတော့ဘူး မဟုတ်လား "

ရှဲ့အာမန်က နန်းတော်သခင်ကို ကြည့်ကာ မေးလိုက်သည်။

"တိုက်စရာ မလိုတော့ဘူး။ ငါ သူတို့နဲ့ သွားစကားပြောလိုက်မယ်။ မင်းတို့ ဒီမှာ ဆက်နေချင်လည်း ရတယ်၊ ပြန်ချင်လည်း ရတယ်"

ဝေဝါးသော ပုံရိပ်က ခေါင်းညိတ်ပြပြီးနောက် အတားအဆီး အစီရင်ကို ရုပ်သိမ်းကာ နဂါးနက်လှေပေါ်မှ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

"နင် ဒီတစ်ခေါက် လုပ်တာ မှန်တယ်။ အဆင့် ၉ လမ်းစဉ်ကို လျှို့ဝှက်မထားခဲ့တာ ကောင်းတယ်။ တကယ်လို့ နင်သာ လိမ်ပြောခဲ့ရင် နန်းတော်သခင်က သူ့ဘာသာ သိသွားလိမ့်မယ်"

ရှဲ့အာမန်က ဖန့်ချန်ကို စိတ်ချင်းဆက်သွယ်ကာ ချီးကျူးလိုက်သည်။

ဖန့်ချန်က ပြုံးရုံသာ ပြုံးပြလိုက်သည်။

သူသည် အစကတည်းက လျှို့ဝှက်ထားရန် ရည်ရွယ်ချက် မရှိပေ။

အဆင့် ၉ မသေမျိုး၏ အစွမ်းထက်ပုံအရ တစ်ဖက်လူသာ သံသယရှိပါက ဝိညာဉ်ရှာဖွေခြင်း နည်းလမ်းကို သုံးလာနိုင်သည် မဟုတ်ပါလား။

လိမ်ညာနေမည့်အစား တိုက်ရိုက်ပြောပြပြီး ကျွယ်မင်နန်းတော်တွင် ပိုမိုကြီးမားသော အခွင့်အရေးများ ရယူခြင်းက ပို၍ ကောင်းမွန်လှပေသည်။

"နန်းတော်သခင် သွားပြီလား "

ချန်အင်းရွှယ်နှင့် အခြားသူများ ဝိုင်းလာကြသည်။

"သွားပြီ" ရှဲ့အာမန်က ခေါင်းညိတ်ပြသည်။

"ကျွန်မတို့ ဘယ်လောက် ဂုဏ်ထူးမှတ်တွေ ရမလဲဆိုတာ မပြောခဲ့ဘူးလား ကျွန်မက မသေမျိုးစာရင်းဝင်ခွင့် နဲ့ လဲဖို့ အမှတ် နည်းနည်းပဲ လိုတော့တာ"

ချန်အင်းရွှယ်က မေးသည်။

"ဘာပဲဖြစ်ဖြစ် ဒီတစ်ခေါက် နင်တို့ရမယ့် အမှတ်က နည်းမှာ မဟုတ်ဘူး"

ရှဲ့အာမန်က စိတ်မရှည်သလို လက်ကာပြလိုက်သည်။

"အားလုံး လူစုခွဲကြတော့၊ ပြန်ချင်တဲ့သူတွေလည်း ပြင်ဆင်စရာရှိတာ ပြင်ဆင်ကြ"

လူတိုင်း စိတ်ထဲတွင် ရှင်းလင်းသွားကြသည်။

ကြည့်ရတာ နောက်ထပ် နယ်မြေလုပွဲကိုတော့ တိုက်စရာ မလိုတော့သည်မှာ သေချာသွားပြီ။

All Chapters