← Chapters

အခန်း (၁၅၁၇-၁၅၁၈)

Vol. 152 Ch. 1517-1518

အခန်း (၁၅၁၇-၁၅၁၈)

Vol. 152 Ch. 1517-1518

အခန်း (၁၅၁၇) - သဘောတူညီမှု ရရှိခြင်း

ဖန့်ချန်နှင့် ကြာနီနတ်မိမယ်တို့သည် ချန်အင်းရွှယ်တို့အုပ်စုကို ရှာမတွေ့ခဲ့ကြပေ။

သို့သော် ရှဲ့အာမန်ကိုယ်တိုင် ရောက်ရှိလာပြီး အမာခံတပည့်အားလုံးကို စုစည်းကာ တစ်ပါတည်း လူ့လောကသို့ ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။

"ဟိုဘက်က ပုဂ္ဂိုလ်က နောက်ခံထူးခြားတယ်၊ ဒါကြောင့် ငါ စည်းကမ်းတစ်ခု ထုတ်မယ်။ နောက်နောင် ဒီတာ့လေယင်း နယ်မြေမှာ ယင်လောကထဲ ဆင်းချင်ရင် ခွင့်ပြုချက်တောင်းရမယ်။ ခွင့်ပြုချက်မရဘဲ သဘောအလျောက် ဆင်းတဲ့သူကို ပြင်းပြင်းထန်ထန် အပြစ်ပေးမယ်"

ရှဲ့အာမန်က လူအုပ်ကို ဝေ့ကြည့်ရင်း တည်ငြိမ်စွာ ဆိုသည်။

"ကျွန်မ မကျေနပ်ဘူး"

ချန်အင်းရွှယ်က အေးစက်စွာ ရယ်မောရင်း ပြောလိုက်သည်။

"ဒီတာ့လေယင်းမှာ ယင်လောကဆင်းဖို့ ဘာလို့ ခွင့်ပြုချက်တောင်းနေရမှာလဲ အဲ့ဒီနေရာက တခြားယင်လောကတွေနဲ့ ဘာထူးခြားနေလို့လဲ။ ကျွန်မတို့က ကလေးတွေမဟုတ်ဘူးနော်၊ အောက်မှာ ဟိုပုဂ္ဂိုလ်ကို သွားစော်ကားမိမှာ စိုးလို့လား "

"ပတ်သက်နေတဲ့ ကိစ္စတွေက နည်းနည်းကျယ်ပြန့်တယ်၊ ဒါကြောင့် နင်တို့ကို ယင်လောကထဲ ပေးမဆင်းတာက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ။ ခုနတင် ငါသတင်းရတယ်၊ ထိုက်ရွှီ ပျောက်ဆုံးသွားပြီတဲ့"

ရှဲ့အာမန်က အေးဆေးစွာ ပြောလိုက်သည်။

ထိုက်ရွှီ လား

အားလုံးက ရုတ်တရက် သတိဝင်လာကြပြီး လီရှမ်းဇီ ကို မသိမသာ လှမ်းကြည့်လိုက်ကြသည်။

လီရှမ်းဇီ ဆွံ့အသွားပြီး မျက်နှာထားက အနည်းငယ် ထူးဆန်းသွားသည်။

"စီနီယာအစ်မကြီး... ထိုက်ရွှီမသေမျိုး ပျောက်ဆုံးသွားပြီလို့ ပြောတာလား ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ၊ သူက အဆင့် ၇ ရှေးဟောင်းမသေမျိုး လေ။ အခု ဒီတာ့လေယင်းပေါ်မှာ သူ့ကို ခြိမ်းခြောက်နိုင်တာ ဘာရှိလို့လဲ..."

စကားပြောရင်း လီရှမ်းဇီ ရုတ်တရက် ရပ်တန့်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။

"ဒီနေရာက မရဏလမ်း ရုတ်တရက် ပွင့်သွားတာနဲ့ ပတ်သက်နေတာလား "

"ငါလည်း မသိဘူး၊ ဒါပေမဲ့ ရှေးဟောင်းမသေမျိုး တစ်ပါးက ဒီလိုမျိုး အကြောင်းမဲ့ ပျောက်ဆုံးသွားတယ်ဆိုတာ ဘယ်လောက် အန္တရာယ်ကြီးမလဲဆိုတာ နင်တို့ တွေးကြည့်ရုံနဲ့ သိနိုင်ပါတယ်။ ကံကောင်းတာက ငါရေတွက်ကြည့်သလောက် ဒီတစ်ခေါက် အမာခံတပည့်တွေကတော့ စုံစုံလင်လင် ရှိနေကြတယ်။ အရင်တုန်းက ဝူရှန့်ငရဲ မှာတုန်းကလို တစ်ဖက်သတ် အကွက်ဆင်ခံရတာမျိုး မဟုတ်လို့ တော်သေးတာပေါ့"

ရှဲ့အာမန်က ဆက်ပြောသည်။

"ဂိုဏ်းချုပ်နဲ့ အဖွဲ့အသီးသီးက ရလဒ်တစ်ခု ထွက်လာတဲ့အထိ နင်တို့ ငြိမ်ငြိမ်လေး နေကြပါ။ ယင်လောကထဲ ထပ်မသွားကြနဲ့တော့။ နင်တို့ လက်အောက်ကလူတွေကိုလည်း သေချာ ထိန်းထား၊ သူတို့ သဘောအလျောက် သွားခဲ့ရင် နင်တို့ကိုပါ ပူးတွဲ အပြစ်ပေးမယ်"

"ထိုက်ရွှီမသေမျိုး တောင် ပျောက်သွားတယ် ဟုတ်လား ထူးဆန်းလိုက်တာ..."

ချန်အင်းရွှယ်သည် ဤတစ်ကြိမ်တွင်တော့ ထပ်မံ၍ ငြင်းဆန်ခြင်း မပြုတော့ဘဲ တစ်ကိုယ်တည်း ရေရွတ်နေတော့သည်။

ဝမ်ချုံစန်း ပျောက်ဆုံးသွားခြင်းသည် ယွမ်ချွဲ နှင့် ပတ်သက်နေမှန်း ဖန့်ချန် နားလည်ထားသည်။

ပုံမှန်အားဖြင့်ဆိုလျှင် အန္တရာယ်ရှိနိုင်စရာ မရှိပေ။

သို့မဟုတ်ပါက သူတို့နှစ်ဦး ထွက်ခွာသွားစဉ်က ဝမ်ချုံစန်း၏ ရုပ်ခန္ဓာကိုယ်ကို ကာကွယ်ရန် တားမြစ်အစီရင် တစ်ခု ချန်ထားခဲ့မည် မဟုတ်ပေ။

ငါးနှစ်ကြာပြီးနောက်၊ ကျွယ်မင်နန်းတော်နှင့် အဖွဲ့အသီးသီးတို့သည် ဆွေးနွေးပွဲ ပြီးဆုံးသွားကြသည်။

တာ့လေယင်းကို လုယူသည့် တိုက်ပွဲကို တရားဝင် ဖျက်သိမ်းလိုက်ပြီး လာမည့် နှစ်တစ်ထောင်အတွက် စောင့်ကြပ်ခွင့်ကို ကျွယ်မင်နန်းတော်က ရရှိသွားခဲ့သည်။

ယဲ့ချင်းချိုးနှင့် အခြားသူများ ထွက်ခွာသွားကြစဉ်က သူတို့၏ မျက်နှာထားများမှာ မကောင်းလှပေ။ သူတို့အနေဖြင့် အလဟဿ ခရီးထွက်ခဲ့ရသည်ဟု ခံစားနေရပုံပေါ်သည်။

"ပြန်ဖို့ ပြင်ကြစို့"

ကြာနီနတ်မိမယ်သည် အမာခံတပည့်များက မိမိတို့၏ နယ်မြေချဲ့ထွင်ရေးအဖွဲ့များကို စုစည်းနေသည်ကို ကြည့်ရင်း သက်ပြင်းတစ်ချက် ချလိုက်သည်။

"ဒီလို ခရီးတစ်ခု ထွက်လိုက်တာ နှစ်ပေါင်း ၂၀၀ နီးပါး ကုန်သွားပြီနော်"

"ငါတို့ရဲ့ ကျင့်ကြံမှုက လုံလောက်လို့ပေါ့... နှစ်ပေါင်း ၂၀၀ ဆိုတာ သာမန်လူသားတွေအတွက်တော့ စိတ်ကူးကြည့်လို့ မရနိုင်အောင် ရှည်လျားတဲ့ အချိန်ကာလကြီးပဲ"

ဖန့်ချန်က ပြုံးလျက် ဆိုသည်။

သူတို့နှစ်ဦး၏ နယ်မြေချဲ့ထွင်ရေးအဖွဲ့မှာ စုစည်းပြီးသားဖြစ်ပြီး အချိန်မရွေး ထွက်ခွာရန် အဆင်သင့် ဖြစ်နေပြီ။

ရှဲ့အာမန်၏ အမိန့်ကိုသာ စောင့်နေကြခြင်း ဖြစ်သည်။ အတူတူ လာခဲ့ကြသဖြင့် လမ်းခရီးတွင် အန္တရာယ်မဖြစ်စေရန် အတူတူပင် ပြန်ကြရမည်။

"စီနီယာအစ်မကြီး ပြောတာ ကြားတယ်၊ နင်က ကျွေ့ယွမ်ကြယ် ကို တစ်ခေါက် ထပ်သွားဦးမယ် ဆို "

ကြာနီနတ်မိမယ်က သိချင်စိတ်ဖြင့် မေးသည်

"ပြီးခဲ့တဲ့အကြိမ် ကျွေ့ယွမ်ကြယ်မှာ တစ်ခုခု ကျန်ခဲ့လို့လား "

"အဘိုးကြီးစိန့် က တော်တော် စိတ်ဝင်စားဖို့ ကောင်းတယ်လေ။ သူက နယ်မြေချဲ့ထွင်ရေးအဖွဲ့ထဲ ဝင်ချင်နေမှတော့ ငါလည်း သူ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်မယ်လို့ စဉ်းစားထားတာ"

ဖန့်ချန်က ပြုံးလျက် ဆိုသည်။

ကြာနီနတ်မိမယ် နားလည်သွားသည်။

တာ့ရှန့် အင်ပါယာရဲ့ တတိယမြောက် ဘိုးဘေးမှာ တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းသူပင်။

သို့သော် ထိုသူမှာ အသက်ကြီးလှပြီဖြစ်သဖြင့် တိုးတက်နိုင်စွမ်း မရှိတော့သည်မှာ သိသာလှသည်။

ထိုကဲ့သို့သော သူမျိုး ကျွယ်မင်နန်းတော်သို့ ဝင်ရောက်လာခြင်းသည် ဂိုဏ်း၏ အရင်းအမြစ်များကို ဖြုန်းတီးခြင်းသာ ဖြစ်လိမ့်မည်။

အဆင့် ၇ ရှေးဟောင်းမသေမျိုး ကျင့်ကြံမှု ဆိုသော်လည်း...

ဤကဲ့သို့ ကျင့်ကြံမှုမျိုးကို ကျွယ်မင်နန်းတော်က အရေးတယူ မလုပ်လှပေ။

ထိုအမာခံတပည့်များ၏ တိုက်ခိုက်နိုင်စွမ်းကို ကြည့်လျှင်ပင် သက်တမ်းကုန်ခါနီးနေသည့် အဆင့် ၇ ရှေးဟောင်းမသေမျိုးထက် မနိမ့်လှသည်မှာ အသေအချာပင်။

ကြာနီနတ်မိမယ်က ဖန့်ချန်ကို စေတနာဖြင့် သတိပေးလိုက်သည်။

"ဖန့်မိတ်ဆွေ... အဲ့ဒီ အဘိုးကြီးစိန့် က တိုးတက်ဖို့ အလားအလာ မရှိတော့ဘူး။ သူ့ကို မွေးထားဖို့ မသေမျိုးကျောက်တုံး တွေ အများကြီး ကုန်လိမ့်မယ်၊ သူ့ဆီကနေ ရမယ့် အကျိုးကျေးဇူးကလည်း သိပ်မရှိလှဘူး။ ရှင့်ရဲ့ အစီရင်မသေမျိုးအတတ် နဲ့ဆိုရင် သူ့ကို အလွယ်တကူတောင် အနိုင်ယူနိုင်မှာပဲကို"

"အစီရင် မသေမျိုးအတတ်က ဘယ်လိုပဲဖြစ်ဖြစ် နည်းနည်းတော့ လက်ဝင်တယ်လေ။ နယ်မြေချဲ့ထွင်ရေးအဖွဲ့က နောက်က မလိုက်ပါလာရင် အစီရင်ကို အသုံးချလို့ မရဘူး။ ငါသွားလေရာရာ သူတို့ကို အမြဲ ခေါ်သွားလို့မှ မဖြစ်တာ"

ဖန့်ချန်က အနီးအနားရှိ မသေမျိုးလှေ တစ်ထောင်ကျော်ကို ဝေ့ကြည့်ရင်း ပြုံးလိုက်သည်။

"ဒီလို စွမ်းအားမျိုးက ထူးခြားတဲ့ အခြေအနေတွေမှာပဲ သုံးလို့ရတာ။ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ရတယ်၊ အဲ့ဒါက လွတ်လပ်မှု သိပ်မရှိလှဘူး"

"ငါတို့က အမာခံတပည့်တွေပဲလေ၊ ထူးခြားတဲ့ အခြေအနေ မဟုတ်ရင် ကိုယ့်ကိုယ်ကိုယ် ဘေးဒုက္ခထဲ သွားမနှစ်သင့်ဘူး..."

ကြာနီနတ်မိမယ်က တိုးတိုးလေး ရေရွတ်သည်။

ကျွယ်မင်နန်းတော်၏ အမာခံတပည့်များမှာ လိုချင်သည့် အရင်းအမြစ်မှန်သမျှကို အလွယ်တကူ ရနိုင်သဖြင့် သာမန်ကျင့်ကြံသူများကဲ့သို့ နေရာအနှံ့ လှည့်လည်စွန့်စားနေရန် မလိုအပ်သည်မှာ အမှန်ပင်။

"ဘယ်လိုပဲဖြစ်ဖြစ် မတော်တဆမှုတွေကတော့ ရှိနိုင်တာပဲ။ အဆင့် ၇ ရှေးဟောင်းမသေမျိုး တစ်ယောက် ရှိနေမယ်ဆိုရင် အနည်းဆုံးတော့ အသက်လုပြေးရတဲ့ အချိန်မျိုးမှာ နဂါးနက်လှေ ရဲ့ စွမ်းအင်က ပြတ်တောက်သွားမှာ မဟုတ်ဘူး"

ဖန့်ချန်က ပြုံးလိုက်သည်

"မီယွီ နဲ့ ကျိကန်း တို့မှာလည်း သူတို့လုပ်စရာ ကိစ္စတွေ ရှိကြတာပဲ။ ကျွယ်မင်နန်းတော်ကို ပြန်ရောက်ရင် သူတို့က ငါ့အနားမှာ အမြဲ ရှိနေနိုင်မှာ မဟုတ်ဘူး။ အဘိုးကြီးစိန့်ကတော့ မတူဘူးလေ။ ကျွယ်မင်နန်းတော်ကို ရောက်ရင် သူက ဘယ်သူ့မှ မသိတော့ ငါ့အနားမှာပဲ နေပြီး ငါ့လုံခြုံရေးကို စောင့်ရှောက်ပေးရုံပဲပေါ့"

"ဒါလည်း ဟုတ်တာပါပဲ"

ကြာနီနတ်မိမယ်က ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။ လုံလောက်တဲ့ မသေမျိုးကျောက်တုံးတွေ ရှိနေသရွေ့ အဆင့် ၆ မသေမျိုး တစ်ယောက်ကို အစောင့်အရှောက်အဖြစ် ထားတာကလည်း မဆိုးလှပေ။

"အားလုံး အဆင်သင့် ဖြစ်ပြီလား ဖြစ်ရင် ငါတို့ ခရီးစမယ်"

ရှဲ့အာမန်၏ အသံသည် လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။

နာရီဝက်ခန့်အကြာတွင် နဂါးနက်လှေအသီးသီးတို့သည် ကောင်းကင်ယံ၌ နဂါးများ ကခုန်နေသကဲ့သို့ တာ့လေယင်းထဲမှ ပျံထွက်သွားကြသည်။

စောင့်ကြပ်ရန် ကျန်ရစ်ခဲ့သည့် အမာခံတပည့် အချို့က သူတို့ထွက်ခွာသွားသည်ကို လိုက်လံပို့ဆောင်ကြသည်။ တစ်ချိန်က စည်ကားခဲ့သော နေရာသည် ရုတ်တရက် ခြောက်ကပ်သွားတော့သည်။

"စီနီယာအစ်မကြီးတို့ ထွက်သွားကြပြီ။ ဒီတစ်ခေါက် ငါ့ကို ဒီမှာ စောင့်ခိုင်းထားတာ ကောင်းပါတယ်၊ ဒီအချိန်မှာ အဲ့ဒီ မသေမျိုးအတတ်ကို သေချာ ကျင့်ကြံထားရမယ်။ နောက်တစ်ခါ ပြန်တွေ့တဲ့အခါ သူတို့တွေ ငါ့ကို နံပါတ် ၁၀ စီနီယာ လို့ ခေါ်စေရမယ်"

ကျိရှန့် က ကောင်းကင်ကို မော့ကြည့်ရင်း ပြုံးလျက် ဆိုသည်။

ကျိထျန်းကျွင်း သည် လက်သီးကို တင်းတင်းဆုပ်လိုက်၊ ပြန်လွှတ်လိုက်ဖြင့် ရှိနေသည်။

သူသည် ဤတစ်ကြိမ်တွင် ကျိရှန့်နှင့်အတူ တာ့လေယင်း၌ စောင့်ကြပ်ရန် ကျန်ရစ်ခဲ့ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ကြာနီနတ်မိမယ်နှင့် ဖန့်ချန်တို့ ကြယ်တာရာ ကောင်းကင်ယံထဲ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း၊ သူ၏ စောင့်ကြည့်မှု မရှိဘဲ ဤမင်းသမီးလေးနှင့် ထိုကောင်သည် မည်သည့်အဆင့်အထိ တိုးတက်သွားမည်ကို သူ စိတ်ကူးပင် မယဉ်ဝံ့တော့ပေ။

"ကျိအမာခံတပည့်... တာ့လေယင်းမှာ ရုတ်တရက် ယင်လောကဆင်းလို့ ရသွားတာကို ဘယ်လိုမြင်လဲ"

ကျိထျန်းကျွင်းက သာမန်ကာလျှံကာကဲ့သို့ မေးလိုက်သည်။

"ဘယ်လိုမြင်ရမှာလဲ၊ ဟိုပုဂ္ဂိုလ်နဲ့ ပတ်သက်နေမှာ သေချာပါတယ်။ ဒါပေမဲ့ ငါက ဒီလမ်းစဉ်မှာ နှံ့စပ်မှု မရှိတော့ သဲလွန်စတွေကို မမြင်နိုင်ဘူး။ ရှေးဟောင်းမသေမျိုးတွေလောက်မှ တစ်ခုခု သိနိုင်လိမ့်မယ်"

ကျိရှန့်က ပေါ့ပေါ့ပါးပါးပင် ပြန်ပြောသည်။

ကျိထျန်းကျွင်း၏ မျက်နှာထားက လေးနက်နေသည်။

သူက အဖြစ်မှန်ကို သိထားသူဖြစ်သဖြင့် ဤနေရာတွင် ရုတ်တရက် ယင်လောကဆင်း၍ ရသွားခြင်းက ဘာကို ဆိုလိုသည်ကို ကောင်းကောင်း နားလည်သည်။

ကျိရှန့် ထွက်သွားပြီးနောက်၊ ကျိထျန်းကျွင်းသည် ဟိုဟိုဒီဒီ လျှောက်သွားနေဟန် ပြသော်လည်း နေရာတစ်ခုတွင် အကြာကြီး ရပ်နေခဲ့သည်။

"ငါတို့ရဲ့ ဘိုးဘေးတွေက အထက်နယ်မြေသုံးခုကို ပိတ်ဆို့ထားပြီးသား။ အခု တာ့လေယင်းမှာ ယင်လောကဆင်းလို့ ရသွားတယ်ဆိုတာ အဲ့ဒီလူစုတွေ နောက်ထပ် ကစားကွက်တစ်ခု ခင်းလိုက်ပြန်ပြီဆိုတာကို ပြနေတာပဲ"

ပုံရိပ်တစ်ခုသည် ကျိထျန်းကျွင်း၏ နောက်ကွယ်တွင် ပေါ်လာပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"ဒီကစားကွက်က မပြီးသေးဘူး။ သူတို့ ဘယ်နည်းလမ်းပဲ သုံးသုံး၊ တားမြစ်ထားတဲ့ အတတ်ပညာ ကို တစ်ခါတည်း မဖြေဖျက်နိုင်သရွေ့ ငါတို့ဘက်က အသာစီးရနေတုန်းပဲ"

ကျိထျန်းကျွင်းက နောက်သို့ လှည့်မကြည့်ဘဲ ပြောပြီးမှ သက်ပြင်းတစ်ချက် ချလိုက်သည်။

"မင်းသမီးလေးက တစ်ခုခု မှားနေပုံပဲ၊ ဖန့်အမာခံတပည့်နဲ့ အရမ်း နီးစပ်လွန်းနေတယ်"

"မိန်းကလေးပဲလေ၊ စိတ်ကူးစိတ်သန်းက ငါတို့နဲ့ တူမှာ မဟုတ်ဘူး။ ဒါက ကိစ္စမရှိပါဘူး၊ ဖန့်အမာခံတပည့်ကလည်း ငါတို့လူ ဖြစ်လာဖို့ ရာခိုင်နှုန်း တော်တော်များပါတယ်"

ထိုသူက ပြုံးလျက် ဆိုသည်။

သူတို့နှစ်ဦးနှင့် မနီးမဝေးတွင် ဝိညာဉ်ပုံရိပ်တစ်ခုက လက်နောက်ပစ်လျက် ရပ်နေသည်။

ဖန့်ချန်သည် ကျိထျန်းကျွင်းနှင့် စကားပြောနေသည့် ထိုကျင့်ကြံသူကို ကြည့်ရင်း ရင်းနှီးနေသကဲ့သို့ ခံစားရသည်။

ထိုသူမှာ အမာခံတပည့် တစ်ဦးဦး၏ နယ်မြေချဲ့ထွင်ရေးအဖွဲ့ဝင် ဖြစ်ပုံရပေသည်။

အခန်း (၁၅၁၈) - စမ်းသပ်ရာမြေ

ဖန့်ချန်သည် ထိုနေရာ၌ ကင်းစောင့်ရန် ကျန်ရစ်ခဲ့သော အမာခံတပည့်များထဲတွင် ကျိထျန်းကျွင်းကဲ့သို့ မိစ္ဆာသန္ဓေသားကို ချိုးဖျက်နိုင်သူ အနည်းငယ်ရှိလိမ့်မည်ဟု ထင်မှတ်ခဲ့သည်။

သို့သော် ယခုကြည့်ရသည်မှာ အမာခံတပည့်များထဲတွင် ထိုသန္ဓေသားကို ချိုးဖျက်နိုင်သူ များများစားစား ရှိပုံမရပေ။

သို့သော် တစ်ဖက်လူက အလွန်အမင်း စေ့စပ်သေချာလွန်းသဖြင့် ထိုကဲ့သို့ ဘေးကင်းသော ပတ်ဝန်းကျင်မျိုးမှာပင် ကျိထျန်းကျွင်းတို့နှင့် လူလုံးထွက်ပြပြီး ဆက်သွယ်ရန် အစီအစဉ်မရှိခြင်းလည်း ဖြစ်နိုင်သည်။

အကြောင်းမူကား ရုလိုင်ကျောင်းတော်သည်လည်း စိတ်ဝိညာဥ်နယ်မြေ ၏ ထိပ်တန်းအင်အားစုများထဲမှ တစ်ခုဖြစ်ပြီး၊ ပြီးခဲ့သည့် နယ်မြေလုယူတိုက်ပွဲတွင် မိစ္ဆာဝင်ပူး နိုင်သော ပုဂ္ဂိုလ်အချို့ ပေါ်ထွက်လာခဲ့ဖူးသည်။

၎င်းတို့ထဲတွင် ရုလိုင်ကျောင်းတော်၏ ဗုဒ္ဓသားတော် ရှောက်ကွမ်းယင် လည်း ပါဝင်ပြီး သူ၏အဆင့်အတန်းမှာ ရှဲ့အာမန်နှင့် တူညီသည်။

သူသည် မိစ္ဆာဝင်ပူးပြီးနောက် ရှဲ့အာမန်နှင့်ပင် အကြိတ်အနယ် ယှဉ်ပြိုင်နိုင်စွမ်းရှိရာ သူ၏လက်နက်ကိရိယာနှင့် အစွမ်းမှာ မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းကြောင်း သိသာလှသည်။

ထိုနည်းတူစွာပင် ကျွယ်မင်နန်းတော်ဘက်၌လည်း ကြာနီနတ်မိမယ်အပြင် သူတို့လူမျိုးဖြစ်သည့် အရေးပါသော အမာခံတပည့်များစွာ ရှိနေဦးမည်မှာ အသေအချာပင်။

ယခုအခါ သံသယစာရင်း၏ ထိပ်ဆုံးတွင် ရှိနေသူမှာ ဒုတိယစီနီယာအစ်ကိုကြီး ဖြစ်သည်။

ရှဲ့အာမန်မှာမူ သံသယစာရင်းမှ ဖယ်ထုတ်ထားနိုင်သော်လည်း ချန်အင်းရွှယ်နှင့် ကျန်ရှိသူများမှာမူ သံသယရှိနေဆဲပင် ဖြစ်သည်။

"ကျိထျန်းကျွင်း... မင်းက အဆင့် ၃ ရောက်နေပြီ ဖြစ်ပေမဲ့ မသေမျိုးဆေးပင် မသောက်ရသေးဘူးပဲ၊ ဘယ်မသေမျိုးလမ်းစဉ်ကို လျှောက်ဖို့ စဉ်းစားထားလဲ"

"ငါအရင်က အညစ်ကြေးကင်းစင်တဲ့မသေမျိုး လမ်းစဉ်ကို လျှောက်ဖို့ စိတ်ကူးခဲ့တာ၊ အဲ့ဒီလမ်းစဉ်က ငါတို့ရဲ့ မူလကျင့်ကြံပုံနဲ့ တော်တော်လေး ကိုက်ညီတယ်လေ။ ဒါပေမဲ့ လိုအပ်တဲ့ အခြေအနေတွေ မပြည့်စုံလို့ မဖြစ်ခဲ့ဘူး။ အခုတော့ တောက်ပသောလောကမသေမျိုးလမ်းစဉ်ကို စမ်းကြည့်ဖို့ပဲ ရှိတော့တယ်၊ အဆင့် ၄ မသေမျိုးဆေးပင်ကို စောင့်နေတုန်းပဲ"

"ဒါဆိုရင်တော့ ကြိုတင်ပြီး ဂုဏ်ပြုလိုက်ပါတယ်"

တစ်ဖက်လူက လက်အုပ်ချီ နှုတ်ဆက်ကာ လှည့်ထွက်သွားသည်။

ကျိထျန်းကျွင်းသည် ထိုနေရာ၌ ခဏမျှ စဉ်းစားနေပြီးနောက် ရုတ်တရက် တိုးတိုးလေး ရေရွတ်လိုက်သည်။

"အောက်နယ်မြေခြောက်ခုက စမ်းသပ်ရာမြေတွေထဲမှာ ဘယ်တော့မှ ရလဒ်တွေ ထွက်လာမလဲ မသိဘူး... တကယ်လို့ ဒီဘဝမှာ ငါတို့မျိုးနွယ်စု ဒီလောကကို စိုးမိုးတာကို မမြင်ခဲ့ရဘူးဆိုရင် နောက်မျိုးဆက်တွေကိုပဲ ကြိုးစားခိုင်းရတော့မှာပေါ့..."

ပြောပြီးနောက် သူလည်း လှည့်ထွက်သွားတော့သည်။

"စမ်းသပ်ရာမြေ အများကြီး ဟုတ်လား "

ဖန့်ချန် စဉ်းစားဟန် ဖြစ်သွားသည်။

ထိုစကားတစ်ခွန်းက သတင်းအချက်အလက်များစွာကို ဖော်ပြနေသည်။

ဤ မိစ္ဆာ များသည် တစ်ခုခုသော အဖွဲ့အစည်းအောက်တွင် ရှိနေကြပြီး သတင်းအချက်အလက်များကို အပြန်အလှန် ဖလှယ်နိုင်ကြသည်မှာ သေချာသလောက် ရှိနေပြီ။

ထို့ပြင် အချို့သော ပုဂ္ဂိုလ်များသည် အောက်နယ်မြေခြောက်ခုတွင် ဝမ်ချုံစန်း လုပ်ဆောင်ခဲ့သော စမ်းသပ်မှုမျိုးနှင့် ဆင်တူသည်များကို လုပ်ဆောင်နေကြသည်။

သူတို့၏ ရည်ရွယ်ချက်မှာ မိစ္ဆာသန္ဓေသားကို ချိုးဖျက်ရန် ဖြစ်နိုင်သည်။

"ကြာနီနတ်မိမယ်၊ ကျိထျန်းကျွင်း၊ ရှောက်ကွမ်းယင်... သူတို့တွေ မိစ္ဆာသန္ဓေသားကို ချိုးဖျက်နိုင်တဲ့ နည်းလမ်းတွေက တစ်ယောက်နဲ့တစ်ယောက် မတူဘဲ ပုံတူကူးချလို့ မရတာ ဖြစ်နိုင်တယ်။ ဒါကြောင့် သူတို့က ဝမ်ချုံစန်း လက်ထဲက ပြောင်းပြန်မသေမျိုး မိစ္ဆာသန္ဓေသား ကို လိုချင်နေကြတာပဲ။ အဲ့ဒါက အခုချိန်မှာ အရိုးရှင်းဆုံးနဲ့ အမြန်ဆုံး နည်းလမ်း ဖြစ်လိမ့်မယ်။ ဒါပေမဲ့ အဲ့ဒီနည်းလမ်းက ဝမ်ချုံစန်း တစ်ယောက်တည်း လက်ထဲမှာပဲ ရှိနေတာ"

"ဒါဆို ဝမ်ချုံစန်းရဲ့ အဆင့်အတန်းက ကြာနီနတ်မိမယ်တို့ထက် အများကြီး ပိုမြင့်နေတာ ဖြစ်နိုင်တယ်"

"နောက်ပြီး အညစ်ကြေးကင်းစင်မသေမျိုး လမ်းစဉ်က သူတို့ဇာတိက ကျင့်ကြံပုံနဲ့ တူတယ်ဆိုပဲ ဒီအချက်ကိုတော့ သေချာလေ့လာထားရမယ်၊ ဒါဆိုရင် သူတို့ရဲ့ နည်းဗျူဟာတွေကို ပြန်ပြီး တွက်ချက်နိုင်လိမ့်မယ်"

ဖန့်ချန် ကောင်းကင်ကို မော့ကြည့်လိုက်ပြီး နောက်တစ်ခဏတွင် သူ၏ဝိညာဉ်သည် ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်သွားသည်။

ကြယ်တာရာ ကောင်းကင်ယံ၌ စောင့်ဆိုင်းနေသော အဖွဲ့ကြီးသည် တာ့လေယင်းနှင့် ဝေးရာသို့ ချက်ချင်းပင် စတင်ထွက်ခွာကြတော့သည်။

လမ်းခရီး ဆယ်စုနှစ်အနည်းငယ်အတွင်း ဖန့်ချန်သည် တုံ့ပြန်မှုအချို့ကို ထပ်မံရရှိခဲ့သည်။

သို့သော် ထိုတုံ့ပြန်မှုများထဲမှ အနည်းငယ်သာ ဖန့်ယိန့်ကွမ်း အစရှိသည့် ကိုယ်ပွားများထံမှ လာခြင်း ဖြစ်သည်။

အဓိက တုံ့ပြန်မှုမှာ ဖန့်ထျန်းဇွန် ထံမှ လာခြင်းဖြစ်ပြီး၊ သူသည် ဝိညာဉ်စွမ်းအား တစ်မျိုးကို သန့်စင်လိုက်တိုင်း သူ၏ကျင့်ကြံမှုမှာ တစ်ဟုန်ထိုး တိုးတက်လာပြီး ဖန့်ချန်ထံသို့ စီးဝင်လာသော စွမ်းအားများမှာလည်း ပိုမိုကြီးမားလာလေသည်။

မသေမျိုးလှေ၏ တိတ်ဆိတ်သော အခန်းငယ်အတွင်း တားမြစ်အစီရင်များစွာ ချထားသည်။

ဖန့်ချန်၏ ရှေ့မှောက်တွင် ဝေဝါးသော ကြယ်တာရာမြေပုံတစ်ခု ရှိနေပြီး နဂါးနက်လှေအစီရင်၏ တည်နေရာကို အချိန်မရွေး ကြည့်ရှုနိုင်သည်။

"ကျွေ့ယွမ်ကြယ်ကို ရောက်ဖို့ မဝေးတော့ဘူး။ ရှောင်ထျန်းနဲ့ ရှောင်ပန်းတို့ အခု ဘယ်လောက်အထိ ကျင့်ကြံမှု ရောက်နေပြီလဲ မသိဘူး။ အဘိုးကြီးစိန့်က အခြေအနေ နားလည်တဲ့သူဆိုတော့ သူစောင့်ရှောက်ပေးနေရင် သူတို့နှစ်ယောက်ရဲ့ ဘေးကင်းရေးကတော့ စိတ်ပူစရာ မလိုပါဘူး"

ဖန့်ချန်သည် မြေပုံကို စိုက်ကြည့်ရင်း စိတ်ထဲမှ ရေရွတ်နေမိသည်။

ဓားငယ်လေးမှာမူ အပြင်ထွက်၍ လေညှင်းခံနေပြီး ဝိညာဉ်ကလေးငယ်နှင့်အတူ ကစားနေသည်။

ဖန့်ချန်သည် အဆင့်မြင့် ဝိညာဉ်သားရဲ ဆက်သွယ်ခြင်း အမိန့်တော်စာ သည် နှစ်ဖက်သွား ဆက်သွယ်မှုမျိုး ဖြစ်နေသည်ကို တွေ့ရှိခဲ့သည်။

သူက ဝိညာဉ်ကလေးငယ်ကို ဆင့်ခေါ်နိုင်သကဲ့သို့ ဝိညာဉ်ကလေးငယ်ကလည်း သူ၏ ခံစားချက်များကို ဖန့်ချန်ထံသို့ ပေးပို့နိုင်သည်။

ယခုတစ်ကြိမ်မှာ ဝိညာဉ်ကလေးငယ်က အပြင်ထွက်ကစားချင်သည့် စိတ်ဆန္ဒကို ပြင်းပြင်းထန်ထန် ပေးပို့လာသဖြင့် ဖန့်ချန်က အမိန့်တော်စာကို စမ်းသပ်ကြည့်ခြင်း ဖြစ်သည်။

အမှန်ပင်... သူ ဘယ်နေရာမှာပဲ ရှိရှိ၊ သူ အလိုရှိလျှင် ဝိညာဉ်ကလေးငယ်ကို အချိန်မရွေး ခေါ်ယူနိုင်သည်။

ထိုအချက်တွင်မူ ရှေးဟောင်းသစ်ပင်ကြီးသည် ဝိညာဉ်ကလေးငယ်နှင့် ယှဉ်၍မရပေ။

သစ်ပင်ကြီး၏ အသိဉာဏ်မှာ ဝေဝါးနေဆဲဖြစ်ပြီး ခံစားချက်မရှိဘဲ ဗီဇအတိုင်းသာ လှုပ်ရှားတတ်သည်။

ယခင်က ဖန့်ချန်နှင့် ဟွမ်ဝူကျိတို့ ယင်လောက မြို့တော်ထဲသို့ ဝင်ရောက်စဉ်ကလည်း သစ်ပင်ကြီးသည် ဗီဇအရ ဟွမ်ဝူကျိကို ဝါးမျိုရန် ကြိုးစားခဲ့ပြီး ငရဲမင်းဖြစ်သော ဖန့်ချန်ကိုမူ ဗီဇအရပင် ရှောင်ရှားခဲ့ခြင်း ဖြစ်သည်။

"အချိန်စေ့ပြီ၊ သူ ပြန်သွားသင့်ပြီ"

ဖန့်ချန်သည် ရုတ်တရက် မောပန်းသလို ခံစားလိုက်ရသည်။ အမိန့်တော်စာကို အချိန်အကြာကြီး ထိန်းသိမ်းထားရခြင်းကြောင့် ဖြစ်ဟန်တူသည်။

ဝိညာဉ်ကလေးငယ်မှာမူ မပြန်ချင်သေးသဖြင့် ဓားငယ်လေး၏ ကျောနောက်သို့ ပြေးပုန်းကာ ဖန့်ချန်ကို မျက်နှာပြောင် ပြလိုက်သည်။

"ဖန့်ချန်... သူက အရမ်းလိမ္မာတာပဲ၊ ငါနဲ့အတူနေပြီး အဖော်လုပ်ပေးဖို့ ဒီမှာပဲ ထားလို့မရဘူးလား "

ဓားငယ်လေးက သနားစဖွယ် မေးလိုက်သည်။

သူမသည် ပုံမှန်အားဖြင့် ဖန့်ချန်နှင့် စကားပြောရုံ သို့မဟုတ် မှန်လေးနှင့် စကားများရုံသာ တတ်နိုင်သည်။

သူမနှင့် အသိဉာဏ်အဆင့်အတန်း တူညီသော ကစားဖော်တစ်ယောက် ရခဲလှသဖြင့် ဤကဲ့သို့ ခွဲခွာရမည်ကို မလိုလားပေ။

"အမိန့်တော်စာကို ထိန်းသိမ်းထားဖို့ မသေမျိုးစွမ်းအင် လိုတယ်၊ ငါ့ရဲ့ မသေမျိုးစွမ်းအင်တွေ ကုန်ခါနီးနေပြီ။ နောက်တစ်ခါကျမှ သူ့ကို ထပ်ခေါ်ပေးမယ်လေ"

ဖန့်ချန်က ပြုံးလျက် ဆိုသည်။

"ဒါဆိုလည်း နောက်တစ်ခါပေါ့"

ဓားငယ်လေးသည် မခွဲချင်သော်လည်း အခြေအနေကို နားလည်သဖြင့် ဝိညာဉ်ကလေးငယ်ကို ပွေ့ချီကာ ဖန့်ချန်ထံသို့ ပေးလိုက်သည်။

"မင်း အမေဆီ အရင်ပြန်ဦး၊ နောက်ခါမှ ငါ ထပ်ခေါ်မယ်"

ဖန့်ချန်က ဝိညာဉ်ကလေးငယ်ကို ပြုံးပြလိုက်ရာ ၎င်းမှာ ယင်လောကသို့ ချက်ချင်း ပြန်လည်ရောက်ရှိသွားတော့သည်။

"ဖန့်မိတ်ဆွေ"

တံခါးအပြင်ဘက်မှ ကြာနီနတ်မိမယ်၏ အသံ ထွက်ပေါ်လာသည်။

ဓားငယ်လေးသည် ထိုအသံကို ကြားသည်နှင့် မူလပုံစံသို့ ပြန်ပြောင်းရန် ပြင်လိုက်သော်လည်း ဖန့်ချန်က လက်တစ်ချက် ဝေ့ယမ်းကာ တားလိုက်သည်။

"မလိုပါဘူး၊ အခု ငါက အစီရင် မသေမျိုးအတတ်ကို ပိုင်ဆိုင်ထားပြီး အမာခံတပည့်တွေထဲမှာလည်း အဆင့်အတန်း မနိမ့်တော့ဘူး။ ဝိညာဉ်လက်နက် တစ်ခု ရှိနေတာက သဘာဝကျပါတယ်။ နောက်ဆိုရင် မင်း ငါ့ခန္ဓာကိုယ်ထဲမှာ အမြဲ ပုန်းနေစရာ မလိုတော့ဘူး"

"တကယ်လား "

ဓားငယ်လေး ဝမ်းသာသွားသည်။

ဖန့်ချန်၏ အတည်ပြုချက်ကို ရရှိပြီးနောက် သူမသည် စိတ်လှုပ်ရှားစွာဖြင့် တံခါးကို အပြေးအလွှား သွားဖွင့်လိုက်သည်။

တံခါးအပြင်ဘက်တွင် တရားဝင် ဝတ်ရုံကို ဝတ်ဆင်ထားသော ဓားငယ်လေးကို မြင်လိုက်ရသည့် ကြာနီနတ်မိမယ်မှာ ဆွံ့အသွားသည်။

ပွပွချောင်ချောင် ဝတ်ရုံမှာပင် ဓားငယ်လေး၏ လှပကျော့ရှင်းသော ကိုယ်ဟန်ကို မဖုံးကွယ်နိုင်ပေ။

ထိုဝတ်ရုံမှာ ဖန့်ချန်၏ ဝတ်ရုံဖြစ်ကြောင်း သိသာလှသဖြင့် ကြာနီနတ်မိမယ်၏ မျက်နှာမှာ ရုတ်တရက် တည်တင်းသွားပြီး မေးလိုက်သည်။

"နင်က ဘယ်သူလဲ ဘာလို့ ဖန့်မိတ်ဆွေရဲ့ အခန်းထဲမှာ ရှိနေတာလဲ "

"အစ်မနီ... ကျွန်မက ရှောင်ချန်ပါ၊ ဖန့်ချန်ရဲ့ ဝိညာဉ်လက်နက်လေ"

ဓားငယ်လေးသည် ကြာနီနတ်မိမယ်နှင့် မစိမ်းပေ။

ဖန့်ချန် သိသမျှ လူများ၏ ၉၉ ရာခိုင်နှုန်းကို သူမလည်း သိရှိပြီးသား ဖြစ်သည်။

"ဝိညာဉ်လက်နက် ဟုတ်လား"

ကြာနီနတ်မိမယ်မှာ ဆွံ့အသွားပြီး အတန်ကြာအောင် ဘာပြန်ပြောရမှန်း မသိဖြစ်နေသည်။

ဤကဲ့သို့ လူသားအသွင် ဖန်ဆင်းနိုင်သည့် ဝိညာဉ်လက်နက်မျိုးကို သူမ တစ်ခါမျှ မမြင်ဖူးခဲ့ပေ။

လက်နက်များ လူသားအသွင် ပြောင်းလဲနိုင်ခြင်းမှာ မိစ္ဆာမျိုးနွယ်များထက်ပင် အဆပေါင်း သိန်းသန်းမက ခက်ခဲလှသည်။

"နီမိတ်ဆွေ... မိတ်ဆက်ပေးပါရစေ၊ သူ့နာမည်ပြောင်က ရှောင်ချန်၊ နာမည်ရင်းကတော့ ယွမ်သံလိုက် ဓာတ်ငါးပါး နတ်ဘုရားဓား ပါ"

ဖန့်ချန် လျှောက်လာရင်း ပြုံးလျက် ဆိုသည်။

"နေဦး... ယွမ်သံလိုက် ဓာတ်ငါးပါး နတ်ဘုရားဓား ဆိုတာ... လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကမှ ဝိညာဉ်လက်နက် အဆင့်စာရင်းထဲ ဝင်လာတဲ့ အဆင့် ၃၀၀ က လက်နက် မဟုတ်လား "

ကြာနီနတ်မိမယ် အံ့အားသင့်သွားသည်။

ထိုစဉ်က ဤလက်နက်သည် အဆင့်စာရင်းထဲသို့ စတင်ဝင်ရောက်လာချိန်တွင် အမာခံတပည့်များစွာ၏ ဆွေးနွေးငြင်းခုံမှုများကိုပင် ဖြစ်ပေါ်စေခဲ့သည်။

အကြောင်းမှာ လူ့လောက နယ်မြေကိုးခုလုံးတွင် ဝိညာဉ်လက်နက် အဆင့်စာရင်းမှာ ထိပ်တန်း အစွမ်းထက်ဆုံး အခု ၃၀၀ ကိုသာ စာရင်းသွင်းထားသောကြောင့် ဖြစ်သည်။

ကျွယ်မင်နန်းတော်၏ အမာခံတပည့် အများစုပင်လျှင် ထိပ်တန်း ၃၀၀ ဝင် ဝိညာဉ်လက်နက်ကို မပိုင်ဆိုင်နိုင်ကြပေ။

ဤလက်နက်များ၏ တန်ဖိုးမှာ တစ်နည်းအားဖြင့် နဂါးနက်လှေထက်ပင် ပိုမိုမြင့်မားနိုင်ပြီး အစီရင်ဗဟိုချက် နှင့် ပေါင်းစပ်တွက်ချက်မည်ဆိုလျှင်ပင် အဆင့်အတန်း တူညီနိုင်ပေသည်။

"ဒီဝိညာဉ်လက်နက်က ဖန့်မိတ်ဆွေဆီမှာ ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ အဆင့်စာရင်းဝင် ဝိညာဉ်လက်နက်တွေအားလုံးက လူသားအသွင် ပြောင်းနိုင်ကြတာလား "

ကြာနီနတ်မိမယ်၏ ရန်လိုသော အရိပ်အယောင်များ ပျောက်ကွယ်သွားပြီး စိတ်ဝင်တစားဖြင့် ဓားငယ်လေးကို ပတ်ပတ်လည် လှည့်ပတ်ကြည့်နေတော့သည်။

All Chapters