← Chapters

အခန်း (၃၀၃-၃၀၄)

Vol. 19 Ch. 303-304

အခန်း (၃၀၃-၃၀၄)

Vol. 19 Ch. 303-304

အခန်း ၃၀၃ ။ ခြေလှမ်းတစ်လှမ်း နောက်ကျခြင်း

"နင့်ကို ကူညီရမယ် ဟုတ်လား" ယဲ့ယွင်က အေးစက်စက် ရယ်မောလိုက်သည်။ "ငါက ဘာအတွက်ကြောင့် နင့်ကို ကူညီရမှာလဲ"

"ချန်းချဲ့ လက်ထဲမှာ ဖန်းရှိုးရုန်ကို ပြုတ်ကျသွားစေနိုင်တဲ့ သက်သေတွေ ရှိနေလို့ပါ"

စူးရှီက မစဉ်းစားဘဲ ချက်ချင်း ဖြေကြားလိုက်သည်။

ယဲ့ယွင်သည် မျက်မှောင်ကြုတ်ကာ သူမကို ချက်ချင်း အဖြေမပေးသေးပေ။ ဆန်မုန့်တစ်လုပ်ကို အရင်စားလိုက်ပြီးမှ အေးအေးဆေးဆေး ပြောလိုက်သည်။

"နင့်မှာ သက်သေရှိတယ်လို့ ပြောပေမဲ့ အဲဒါက အစစ်လား အတုလားဆိုတာ ငါက ဘယ်လိုသိနိုင်မှာလဲ၊ နင့်ကို ဘယ်လို ယုံရမှာလဲ။”

"အကူအညီ တောင်းချင်တယ်ဆိုရင် ပါးစပ်နဲ့တင် ပြောနေလို့ မရဘူးလေ၊ တစ်ခုခုတော့ အစစ်အမှန် ပြနိုင်ရမှာပေါ့" ယဲ့ယွင်က မျက်ခုံးပင့်ကာ ဆိုသည်။

စူးကျယ်ယွီသည် တံတွေးတစ်ချက် မျိုချလိုက်သည်။ သူမ၏ မျက်ဝန်းများ တုန်လှုပ်နေသည်မှာ သူမ၏ နောက်ဆုံးဖဲချပ်ကို ထုတ်ပြရန် ဝံ့ဝံ့ရဲရဲ မရှိသေးကြောင်း ထင်ရှားလှသည်။ ယဲ့ယွင် ပြောသကဲ့သို့ပင် ယဲ့ယွင်က သူမကို မယုံရဲသလို သူမသည်လည်း ယဲ့ယွင်ကို အလွယ်တကူ မယုံရဲပေ။ အကြောင်းကတော့ ထိုကလေးနှင့် ပတ်သက်၍ သူမကိုယ်တိုင်လည်း သိလျက်နှင့် ကျူးလွန်ခဲ့သော အမှားများ ရှိနေသောကြောင့် ဖြစ်သည်။

စူးရှီ၏ တုံ့ဆိုင်းမှုကို မြင်သောအခါ ယဲ့ယွင်က ပြုံးလိုက်သည်။

"သိပ်ပြီး စိုးရိမ်မနေပါနဲ့၊ အခု နယ်စပ်မှာ စစ်ဖြစ်နေတယ်၊ နင့်ရဲ့ အစ်ကိုနဲ့ မျိုးနွယ်စုဝင်တွေက လျောင်လူမျိုးတွေကို ခုခံတိုက်ခိုက်နေကြတာလေ၊ ငါ နင့်ကို ဘာမှမလုပ်ပါဘူး၊ နင့်နောက်ကွယ်မှာ ကျားစခ် ဆိုတဲ့ မျိုးနွယ်စုရှိနေသရွေ့ အရှင်မင်းကြီးကလည်း နင့်ကို အလွယ်တကူ အပြစ်ပေးမှာ မဟုတ်ဘူး"

ဤစကားက စူးရှီကို အနည်းငယ် စိတ်သက်သာရာ ရစေသည်။ မှန်ပါသည်၊ သူမသည် မျက်နှာသာ မရတော့သည်မှာ မှန်သော်လည်း သူမ၏ မိသားစုနောက်ခံမှာ မဆိုးလှပေ။

သေချာ စဉ်းစားပြီးနောက် စူးကျယ်ယွီက လေးနက်သော အမူအရာဖြင့် စကားစလာသည်။

"ချန်းချဲ့ ကလေးရခဲ့တာက ဖန်းရှိုးရုန် ပေးခဲ့တဲ့ ဆေးလုံးတစ်လုံးကြောင့်ပါ၊ အဲဒီဆေးစားရင် သေချာပေါက် ကိုယ်ဝန်ရမယ်လို့ သူမက ပြောခဲ့တယ်၊ ချန်းချဲ့ကလည်း အားလုံးထက် သာချင်တာနဲ့ စားလိုက်မိတယ်၊ နောက်တော့ တကယ်လည်း ကိုယ်ဝန်ရခဲ့တာပါ"

ဤနေရာသို့ ရောက်သောအခါ စူးရှီ၏ အမူအရာ မှောင်ကျသွားပြီး လက်တစ်ဖက်က မိမိ၏ ဝမ်းဗိုက်ကို အလိုအလျောက် ပွတ်သပ်မိသွားသည်။

"ဒါပေမဲ့ နောက်ပိုင်းမှာ ချန်းချဲ့ ဗိုက်ထဲက ကလေးက ကောင်းကောင်းမွန်မွန် ရှိနေပါလျက်နဲ့ ရုတ်တရက်ကြီး အသက်မရှင်နိုင်တော့ဘူးလို့ အပြောခံရတယ်၊ သမားတော်ကတော့ ဆေးလုံးကြောင့် မဟုတ်ဘူးလို့ ပြောပေမဲ့ အဲဒီ သမားတော်ဟူက ယောင်မိသားစုရဲ့ လူလေ၊ ချန်းချဲ့ သူမကို မယုံဘူး၊ ဒါပေမဲ့ အဲဒီအချိန်မှာ ကလေးကို ဘယ်လိုမှ ထိန်းမထားနိုင်တော့ဘူး... ဒါကြောင့်... ဒါကြောင့် ချန်းချဲ့ ယောင်ရှန်းရဲ့ စကားကို နားထောင်ပြီး ယိရွှင်ရုန်ကို ပူးပေါင်း လုပ်ကြံဖို့ ကြိုးစားခဲ့တာပါ"

ခဏမျှ ရပ်ပြီးမှ တိုးညှင်းသော လေသံဖြင့် ဆက်ပြောသည်။ "တကယ်တော့ အစက ရှိုးရီကို ကြံစည်ဖို့ လုပ်ခဲ့တာပါ၊ ဒါပေမဲ့ အပေါက်ရှာမရတာနဲ့ တခြားလူကို ပြောင်းလိုက်ရတာ၊ ဒါပေမဲ့လည်း မအောင်မြင်ခဲ့ပါဘူး"

ဤအချက်အလက်များကို ယဲ့ယွင်သည် အစကတည်းက အကြမ်းဖျင်း ခန့်မှန်းထားပြီးသား ဖြစ်သဖြင့် စူးရှီ၏ စကားမှာ ထိုခန့်မှန်းချက်ကို အတည်ပြုပေးရုံသာ ရှိပြီး ထူးခြားသော သက်ရောက်မှု မရှိလှပေ။ ဆိုရလျှင် ဤသည်မှာ ပါးစပ်ပြောသက်သက်သာ ဖြစ်နေပြီး သက်သေအထောက်အထား မခိုင်လုံလှပေ။ ထို့ပြင် ထိုစဉ်က အရှင်မင်းကြီးသည် ယောင်ရှန်းနှင့် ပတ်သက်သည်ကို မသိဘဲ မနေနိုင်ပေ၊ သိသဖြင့်လည်း နှစ်ယောက်စလုံးကို ပြိုင်တူ အပြစ်ပေးခဲ့ခြင်း မဟုတ်ပါလား။

ယဲ့ယွင် ဘာမှမပြောသဖြင့် စူးရှီ စိတ်ပူလာသည်။

"ချန်းချဲ့ ပြောတာ တစ်လုံးမှ မုသားမပါပါဘူး၊ ရှိုးရီ ချန်းချဲ့ကို ယုံပေးပါ!"

"ငါကတော့ နင့်ကို ယုံပါတယ်၊ ဒါပေမဲ့ သက်သေပြစရာ တစ်ခုမှ မရှိဘဲနဲ့ အရှင်မင်းကြီးရှေ့မှာ ငါက ပါးစပ်နဲ့တင် သွားပြောရမှာလား" ယဲ့ယွင်က တတ်နိုင်သမျှ လုပ်ပေးချင်သယောင် ဟန်ဆောင်ကာ ပြောလိုက်သည်။

စူးကျယ်ယွီ ခနစဉ်းစားပြီးနောက် မတ်တတ်ရပ်လိုက်သည်။ "ချန်းချဲ့ဆီမှာ ဆေးလုံး တစ်လုံး ကျန်သေးတယ်၊ အဲဒီတုန်းက မစွမ်းမှာ စိုးလို့ဆိုပြီး ယောင်ရှန်းက နှစ်လုံး ပေးခဲ့တာ၊ ခဏနေရင် ချန်းချဲ့ လူလွှတ်ပြီး ရှိုးရုန်ဆီ ပို့ပေးလိုက်ပါ့မယ်"

"ဒါဆိုရင်လည်း အရင်ပြန်နှင့်တော့လေ" ဟု ယဲ့ယွင်က ဆိုသည်။

စူးရှီက ဂါရဝပြုပြီး ထွက်ခွာသွားသည်။

.....

သူမ ထွက်သွားသည်နှင့် ဟွေယွဲ့က အနားတိုးလာသည်။ "ရှိုးရီ တကယ်ပဲ သူမကို ကူညီမှာလား? ကျွန်တော်မျိုးမ ကြည့်ရသလောက်တော့ သူမကလည်း လူကောင်းတစ်ယောက်တော့ မဟုတ်ဘူး"

ယဲ့ယွင်က ပြုံးလိုက်သည်။ "ငါ သူ့ကို ကူညီမယ်လို့ ကတိမပေးခဲ့ပါဘူး၊ ဒါပေမဲ့ ယောင်ရှန်းက မြွေဆိုးတစ်ကောင်ပဲ၊ သူမရဲ့ အသက်ချက်ကို ဖြည်းဖြည်းချင်း ဆုပ်ကိုင်ထားနိုင်တာက ဘေးကင်းဖို့အတွက် ကြိုတင်ပြင်ဆင်ထားတာ တစ်မျိုးပဲလေ"

ဆေးလုံးတစ်လုံးနှင့် စူးရှီ၏ စကားအချို့နှင့်တင် ယောင်ရှန်းကို ဖြုတ်ချနိုင်မည်ဟု ယဲ့ယွင် မယူဆပေ။ ယခု စစ်ပွဲက အရေးကြီးနေသဖြင့် အရှင်မင်းကြီးက နန်းတွင်းကိစ္စများကို ဂရုမစိုက်နိုင်သေးသလို၊ ဂရုစိုက်နိုင်သည့်တိုင် ဤမျှ ရှုပ်ထွေးသော ကိစ္စများကို မည်သို့ ဆုံးဖြတ်မည်မှာ မသေချာပေ။

သို့သော် ယဲ့ယွင်သည် တစ်နေကုန် စောင့်သော်လည်း စူးရှီဆီက လူရောက်မလာပေ။ စူးရှီ နောင်တရသွားခြင်း သို့မဟုတ် ပစ္စည်းရှာမတွေ့ခြင်း ဖြစ်နိုင်သည်ဟု တွေးကာ ဤကိစ္စကို ခဏ မေ့ထားလိုက်သည်။

....

မမျှော်လင့်ဘဲ နောက်တစ်နေ့ မနက်တွင် သတင်းဆိုးတစ်ခု ရောက်လာသည်။ စူးကျယ်ယွီသည် မနက်စောစောတွင် လှေကားထစ်ပေါ်၌ ချော်လဲကာ နောက်စေ့နှင့် ဆောင့်မိသဖြင့် သတိလစ်သွားသည်ဟူသော သတင်းပင်။

ဤကဲ့သို့ ဖြစ်ပျက်သွားသဖြင့် မိဖုရားခေါင်ကြီးသည် အားလုံးကို ဂါရဝပြုရန် မလိုတော့ကြောင်း သတင်းလွှတ်လိုက်ပြီး သူမကိုယ်တိုင် ဖေးဟုန်ဆောင်သို့ သွားရောက်ကြည့်ရှုခဲ့သည်။

အခြားသူများက မတော်တဆဟု ထင်နိုင်သော်လည်း ယဲ့ယွင်ကမူ ဤသည်မှာ ကွယ်ရာတွင် တစ်ခုခု ရှိနေကြောင်း ချက်ချင်း သိလိုက်သည်။ ထို့ကြောင့် လုကျီကို သတင်းသွားစုံစမ်းခိုင်းလိုက်သည်။

.....

တစ်နာရီခွဲခန့် ကြာပြီးနောက် လုကျီ ပြန်ရောက်လာပြီး အခြေအနေကို ပြောပြသည်။

"ဖေးဟုန်ဆောင်က လူတွေ ပြောတာတော့ မနေ့က စူးကျယ်ယွီ နေ့လည်စာ စားပြီးကတည်းက နေမကောင်းဖြစ်ပြီး ဝမ်းလျှောနေတာတဲ့၊ သမားတော် ပင့်ကြည့်တော့ အအေးမိတာလို့ ပြောပြီး ဆေးသောက်ပြီး အိပ်ပျော်သွားတယ်၊ ဒီနေ့ မနက် နိုးလာတော့လည်း စိတ်မကြည်မလင်ဖြစ်နေပြီး လမ်းလျှောက်တာ သတိမထားမိဘဲ ချော်လဲသွားတာတဲ့"

ဟွေယွဲ့က မျက်မှောင်ကြုတ်လိုက်သည်။ "ကျွန်တော်မျိုးမ ထင်တာတော့ တစ်ခုခု ထူးဆန်းနေသလိုပဲ၊ ရှိုးရီ... ကျွန်တော်မျိုးမတို့..."

"ငါတို့ ဘာမှလုပ်စရာ မလိုဘူး" ယဲ့ယွင်က မျက်လုံးမှေးကာ ဆိုသည်။ "မနေ့က စူးကျယ်ယွီက စတုတ္ထမင်းသားလေးအတွက် လက်ဆောင်လာပေးတာ၊ ကျောက်ချွန်းနန်းဆောင်က ဘာကိုမှ သူမ မစားသောက်ခဲ့ဘူး၊ ငါတို့လည်း ဘာမှ မကြားခဲ့ဘူး"

"မှန်လှပါ၊ ကျွန်တော်မျိုးမတို့ နှုတ်လုံပါ့မယ်" ဟု ဟွေယွဲ့နှင့် နန်ကျစ်တို့က ပြိုင်တူ ဦးညွှတ်သည်။

မနေ့က အခန်းထဲတွင် ယဲ့ယွင်နှင့် သူမ၏ အစေခံနှစ်ဦးသာရှိပြီး စူးရှီ၏ အစေခံမလေးကိုပင် အထဲ ပေးမဝင်ခဲ့ပေ။ ယခု စူးရှီ ရုတ်တရက် အန္တရာယ်ဖြစ်ရသည်မှာ သူမဘေးက လူတစ်ယောက်ယောက်က သစ္စာဖောက်ခြင်း ဖြစ်ရမည်။ နောက်စေ့နှင့် ဆောင့်မိခြင်းမှာ အသက်အန္တရာယ် စိုးရိမ်ရသည့် ဒဏ်ရာဖြစ်ရာ တစ်စုံတစ်ယောက်က စူးကျယ်ယွီကို အသက်မရှင်စေချင်ခြင်း ဖြစ်သည်မှာ သေချာလှသည်။

ထိုသူမှာ မည်သူဖြစ်မည်ကို တွေးကြည့်စရာပင် မလိုပေ။

ယဲ့ယွင် ခေါင်းငုံ့ကာ စဉ်းစားနေမိသည်။

ဤတစ်ကြိမ်တွင်လည်းသူမသည် ခြေလှမ်းတစ်လှမ်း နောက်ကျသွားခဲ့သည်။ လက်ရှိ အခြေအနေအရ စူးကျယ်ယွီသည် အသက်ရှင်ရန် မျှော်လင့်ချက်မရှိသလောက်ပင်။ စူးရှီ ထိုစကားများကို ပြောစဉ်ကလည်း အခြားသက်သေ မရှိပေ။ အကယ်၍ သူမက အခု ရှေ့ထွက်ပြောလျှင် ယောင်ရှန်းက သူမကို ပြန်လည် စွပ်စွဲလာနိုင်ပါသည်။ စူးရှီကို သတ်ဝံ့သူမှာ ထိုဆေးလုံးကိုလည်း အသေအချာ ရှင်းလင်းထားမည်သာဖြစ်သည်။

သက်သေမရှိ၊ အထောက်အထားမရှိဘဲ ဤတစ်ကြိမ်တွင်မူ စူးရှီ၏ အသက်ဆုံးရှုံးသွားသည်ကို လက်ပိုက်ကြည့်နေရုံသာ တတ်နိုင်တော့သည်။

ယဲ့ယွင် မျက်လုံးမှိတ်ကာ အသက်ပြင်းပြင်း ရှူလိုက်သည်။ ယောင်ရှန်းသည် သူမ ထင်ထားသည်ထက် ပိုမို ပါးနပ်ပြီး ရက်စက်ကြောင်း သူမ သဘောပေါက်လိုက်သည်။ သို့သော်လည်း ယောင်ရှန်း၏ အားနည်းချက်အချို့ကို သူမ ဆုပ်ကိုင်ထားနိုင်ပြီ ဖြစ်ရာ ခန သည်းခံ စောင့်ဆိုင်းပြီး သက်သေများ ပိုစုမိသည့်အခါမှ တစ်ချက်တည်းနှင့် အသေသတ်ရမည်။

.....

ထင်သည့်အတိုင်းပင် ညနေစောင်းတွင် ဖေးဟုန်ဆောင်မှ သတင်းထွက်လာသည်။ စူးကျယ်ယွီသည် ကုသ၍ မရတော့ဘဲ ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။ နောက်စေ့ ဒဏ်ရာဖြစ်သည့်အပြင် သွေးထွက်လွန်းသဖြင့် ယခုခေတ် ဆေးပညာအရ ဘာမှမတတ်နိုင်ခဲ့ပေ။

မိဖုရားခေါင်ကြီးက အသေးစိတ် စစ်ဆေးခဲ့သော်လည်း မည်သည့် သဲလွန်စမှ ရှာမတွေ့ခဲ့သဖြင့် နောက်ဆုံးတွင် မတော်တဆအဖြစ်သာ သတ်မှတ်လိုက်ရတော့သည်။

ယခုကဲ့သို့ စစ်ဖြစ်နေချိန်တွင် ကျားစခ်မျိုးနွယ်စု၏ စိတ်ဓာတ်ကို ထိန်းသိမ်းရန်အတွက် နင်ချန်သည် အမိန့်နှစ်စောင်ကို ချက်ချင်း ထုတ်ပြန်လိုက်သည်။ ပထမတစ်စောင်မှာ စူးကျယ်ယွီကို ယွီဖေးအဖြစ် ဘွဲ့တိုးမြှင့်ပေးအပ်ခြင်း ဖြစ်ပြီး၊ ဒုတိယတစ်စောင်မှာ ကျားစခ် တတိယမင်းသား အန်းဟယ်ကျင်း၏ ညီမအရင်း ချီမုကောကို မင်းသမီးဘွဲ့ အပ်နှင်းခြင်း ဖြစ်သည်။

ယနေ့မှစ၍ နန်းတော်တွင် ဝေးလံသော ကျားစခ်ဒေသမှ လာခဲ့သည့် စူးဒီယာ ဟူသော မင်းသမီးလေး မရှိတော့ဘဲ မတော်တဆ သေဆုံးသွားသည့် ယွီဖေးသာလျှင် ရှိတော့သည်။ ကံကောင်းသည်မှာ သူမတွင် အင်အားရှိသော မိသားစု ရှိနေသဖြင့် သူမ၏ အသုဘမှာ မစုတ်ပြတ်လှပေ။ သုံးရက်တိုင်တိုင် ထားရှိပြီးမှ နန်းပြင်သို့ သယ်ထုတ်ကာ ကိုယ်လုပ်တော် ဂူသင်္ချိုင်းသို့ ပို့ဆောင်ခဲ့သည်။

ရုတ်တရက် လူတစ်ယောက် သေဆုံးသွားခဲ့ရသဖြင့် နန်းတွင်းမှာ ခနမျှ ငြိမ်သက်သွားခဲ့သည်။

အချိန်များ ကုန်ဆုံးသွားရာ ကိုးလပိုင်းသို့ ရောက်ရှိလာသည်။ ၁၀လပိုင်းကျော်ပြီးနောက် စစ်ရေးမှာ တဖြည်းဖြည်း အသာစီး ရလာသည်။ မြောက်ဘက်ဒေသ ရာသီဥတုမှာ အေးမြလာသဖြင့် လျောင်လူမျိုးများမှာ အကြာကြီး မတိုက်ခိုက်နိုင်တော့ဘဲ ရိက္ခာလည်း နန်ချီလောက် မပေါများသဖြင့် တဖြည်းဖြည်း စစ်ရှိန် လျော့ကျလာသည်။

ဤသည်မှာ တန်ပြန်တိုက်စစ်ဆင်ရန် အကောင်းဆုံး အခွင့်အရေးပင်။ သို့သော် တစ်ချိန်တည်းမှာပင် လျောင်လူမျိုးများသည်လည်း အင်အားများကို တစ်နေရာတည်းတွင် စုစည်းကာ အပြင်းအထန် တိုက်ခိုက်ရန် ပြင်ဆင်နေကြသည်။

မမျှော်လင့်ဘဲ စစ်သူကြီးများထဲတွင် အသက်အကြီးဆုံးဖြစ်သည့် စစ်သူကြီးရှန်းနှင့် ရှူးဖေး၏ ဖခင်ရှိရာ ချင်းချန်းနယ်စပ်မှာ ပစ်မှတ် ဖြစ်လာခဲ့သည်။ ယဲ့ကျယ်မှာ ဒဏ်ရာရထားသဖြင့် ခရီးဝေး မသွားနိုင်ရာ ဟိုဖျင်ပေသည် စစ်ကူအဖြစ် ချင်းချန်းနယ်စပ်သို့ သွားရန် အမိန့်ရရှိခဲ့ပြီး ယဲ့ကျယ်တစ်ယောက်တည်းသာ ပေလင်နယ်စပ်ကို စောင့်ကြပ်ရန် ကျန်ရစ်ခဲ့တော့သည်။

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -304

အခန်း ၃၀၄ ။ သစ္စာဖောက်များ

နေဝင်ရီတရောအချိန်၊ ဤနှစ်ရက်အတွင်း လျောင်စစ်တပ်၏ အဓိကအင်အားစုများ မရှိသဖြင့် အလျင်စလို တိုက်ခိုက်ခြင်းမပြုကြရာ ခဲခဲယဉ်းယဉ်း အနားယူခွင့် ရရှိနေသည်။

ယဲ့ကျယ်သည် မြို့ရိုးပေါ်တွင် ကင်းလှည့်ပြီးနောက် စစ်သူကြီးအိမ်တော်သို့ ပြန်ကာ အနားယူခဲ့သည်။

သူ အနားယူရန် ပြန်လာမည်ကို ကြိုတင်ခန့်မှန်းထားသဖြင့် ဇနီးဖြစ်သူ ယင်ရှီသည် ရေနွေးနှင့် ဟင်းလျာအပြည့်အစုံကို ပြင်ဆင်ထားပြီးသား ဖြစ်သည်။ ယဲ့ကျယ် ပြန်ရောက်သည်နှင့် သူမက သူ့ကို အရင်ဆုံး ရေချိုးရန် တိုက်တွန်းလေသည်။

စစ်စခန်းထဲတွင်မူ ဤမျှ ကောင်းမွန်သော အခြေအနေမျိုး မရှိပေ။ ယခုကဲ့သို့ ပူပြင်းသော ရာသီဥတုတွင် သံချပ်ကာဝတ်စုံကို ထူထူထဲထဲ ဝတ်ထားရသဖြင့် တစ်ကိုယ်လုံးမှ ထွက်နေသည့် အနံ့အသက်မှာ ပြောနေစရာပင် မလိုတော့ပေ။

ရေချိုးပြီး ထွက်လာသောအခါ ယဲ့ကျယ်သည် အပေါ်အင်္ကျီ မဝတ်ထားပေ။ သူ၏ ကိုယ်ပေါ်ရှိ ဒဏ်ရာအချို့မှာ လုံးဝ မကျက်သေးသဖြင့် ဆေးထည့်ရန် လိုအပ်နေသေးသည်။

"ရှင်ကတော့ အမြဲတမ်း ဒီလိုပဲ၊ ကျွန်မ ဘေးမှာမရှိရင် ဒဏ်ရာကို သေချာ ဂရုမစိုက်ဘူး၊ နေ့တိုင်းသာ ပုံမှန် ဆေးထည့်၊ ဆေးလိမ်းမယ်ဆိုရင် အခုလောက်ဆို ကျက်နေပြီ၊ ကြည့်ပါဦး... ညာဘက်ပုခုံးက ဒဏ်ရာက အခုထိ ပြန်ပွင့်နေတုန်းပဲ"

ယင်ရှီက စိတ်မကောင်းဖြစ်ကာ ဗြစ်တောက်ဗြစ်တောက် ပြောရင်း ဗီရိုထဲမှ အပြာရောင် ကြွေပုလင်းလေးတစ်လုံးကို ထုတ်ယူလိုက်သည်။

"ဒါလေး စမ်းကြည့်လိုက်ဦး၊ အမေက မြို့တော်ကနေ လူလွှတ်ပြီး ပို့ပေးလိုက်တာ၊ နန်းတော်ထဲက ညီမလေးက နန်းတွင်းသမားတော်တွေကို သီးသန့် ဖော်စပ်ခိုင်းထားတာတဲ့၊ အာနိသင် ပိုကောင်းတယ်လို့ ပြောတယ်"

နှစ်ယောက်တည်း ရှိချိန်တွင် ယဲ့ကျယ်သည် ယဲ့ယွင်ကို မင်ရှိုးရီဟု မခေါ်ဘဲ "ညီမလေး" ဟုသာ ခေါ်လေ့ရှိသည်။ ကြာလာသောအခါ ယင်ရှီကလည်း လိုက်ခေါ်လာခဲ့ရာ တစ်မိသားစုလုံးမှာ အမှန်တကယ်ပင် ရင်းနှီးချစ်ခင်ကြသည်။

"ဒီဆေးက တကယ်ပဲ လိမ်းရတာ ပိုသက်သာတယ်၊ အေးပြီး စပ်ဖျဉ်းဖျဉ်း မဖြစ်ဘူး၊ ကိုယ့်ရဲ့ ထိုက်ကျုံးဆေးက ကောင်းတော့ကောင်းပေမဲ့ လိမ်းလိုက်

ရင်တော့ အတော်ကို နာတာ"

"ရှင်က စစ်သူကြီးတစ်ယောက် ဖြစ်နေပြီးတော့ နာမှာ ကြောက်နေသေးတာလား။”

ယင်ရှီက သူ့ကို တစ်ချက်စောင်းကြည့်ကာ သန့်ရှင်းသော ပတ်တီးဖြူဖြင့် ကျွမ်းကျင်စွာ စည်းပေးလိုက်သည်။ ယဲ့ကျယ်သည် သူမ စိတ်မကောင်းဖြစ်ကာ စိတ်တိုနေသည်ကို သိသဖြင့် ပြုံးစိစိဖြင့် သူမ၏လက်ကို ဆွဲကာ တစ်ချက် နမ်းလိုက်သည်။

"မိန်းမကလည်း... စစ်သူကြီးဆိုရင် မနာတတ်တော့ဘူးလား။”

"သမီးလေး ရှိနေတာကို... ရှက်ဖို့ကောင်းလိုက်တာ!" ယင်ရှီ မျက်နှာနီသွားကာ လက်ကို ပြန်ဆွဲထုတ်လိုက်သည်။

ယဲ့ကျယ်က အခန်းအတွင်းရှိ ခုတင်ပုလေးပေါ် လှမ်းကြည့်လိုက်မှ တစ်နှစ်သားအရွယ်ရှိ မိမိ၏ သမီးလေးမှာ နှစ်ခြိုက်စွာ အိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။ စစ်ပွဲကြောင့် သမီးလေး၏ တစ်နှစ်ပြည့်မွေးနေ့ပွဲကိုတောင် မကျင်းပပေးနိုင်ခဲ့သဖြင့် သူ အလွန် အားနာမိသွားသည်။

သူ မတ်တတ်ရပ်ကာ အထဲဝင်၍ သမီးလေး၏ မျက်နှာကို အသာအယာ တို့ကြည့်လိုက်သည်။ အပြင်ပြန်ထွက်လာသောအခါ ယင်ရှီကို ပွေ့ဖက်လိုက်ပြီးပြောလိုက်သည်။

"မင်းလည်းပင်ပန်းနေပြီ၊ စစ်ပွဲပြီးရင် ကိုယ် မင်းတို့ သားအမိကို မြင်းစီးခေါ်သွားပေးမယ်"

"ကဲပါ... အမြန် ထမင်းစားတော့၊ စစ်စခန်းမှာ ပင်ပန်းနေမှာပဲ၊ အေးအေးဆေးဆေး ထိုင်စားရတဲ့အချိန်မှာ ဝအောင်စား၊ ဒါပေမဲ့ အရက်တော့ မသောက်ရဘူးနော်၊ ဒဏ်ရာက မကျက်သေးဘူး" ယင်ရှီက ပြုံးလျက် ပြောသည်။

ယဲ့ကျယ် ခေါင်းငြိမ့်ပြကာ ဇနီးမောင်နှံနှစ်ဦး ထမင်းစစားကြသည်။ သို့သော် ထမင်းစားနေသည်မှာ တစ်ဝက်ပင် မရှိသေးမီ အစေခံတစ်ဦး အလန့်တကြား ပြေးဝင်လာသည်။

"စစ်သူကြီး... မကောင်းတော့ဘူး! လျောင်စစ်တပ်က ရုတ်တရက် မြို့ကို အလုံးအရင်းနဲ့ လာတိုက်နေတယ်၊ စစ်သူကြီးလည်း မရှိ၊ စစ်သူကြီးယင်လည်း မရှိတော့ ဘယ်သူမှ ဆုံးဖြတ်ချက် မပေးနိုင်ဘဲ လျောင်လူမျိုးတွေက အသာစီးရတော့မယ့် အခြေအနေ ဖြစ်နေပြီ!"

"ကျွန်မအစ်ကိုလည်း ဒီနေ့ အိမ်ပြန်နားမယ် ထင်တယ်၊ ဘယ်လိုလုပ်မလဲ... ရှင် အမြန် စစ်စခန်းကို ပြန်သွားတော့၊ အိမ်ကို ဂရုမစိုက်နဲ့တော့" ယင်ရှီ စိုးရိမ်တကြီး ပြောရှာသည်။

ယဲ့ကျယ် မျက်မှောင်ကြုတ်ကာ အခန်းထဲသို့ အမြန်ဝင်ပြီး သံချပ်ကာဝတ်စုံကို ဝတ်ရင်း ထွက်လာသည်။ တံခါးဝသို့ ရောက်သောအခါ ဇနီးဖြစ်သူ၏ လက်ကို ဆွဲလိုက်ပြီး စိတ်မပူစေရန်မှာကြားခဲ့သည်။

"မင်း အစ်ကိုကြီးကို အပြစ်မတင်ပါနဲ့၊ သူ့အိသားစုဆီ ပြန်မသွားတာ ကြာပြီမို့ ကိုယ်ကိုယ်တိုင်ပဲ ဒီနေ့ ပြန်ခိုင်းလိုက်တာ"

"အို... ဒီလိုအချိန်ကြီးမှာ ကျွန်မက အဲဒါတွေကို ဂရုစိုက်နေဦးမှာလား? ရှင်သာ အမြန်သွားပါ၊ ဒဏ်ရာ ထပ်မရစေနဲ့ဦး၊ ကျွန်မ စောင့်နေမယ်" ယင်ရှီက သူ့ကို တွန်းလွှတ်လိုက်ပြီးခင်ပွန်းဖြစ်သူ ထွက်ခွာသွားသည်ကို သူမ ကြည့်နေမိသည်။

....

အခြားတစ်ဖက်တွင် ယဲ့ကျယ် မြင်းစီး၍ စစ်စခန်းသို့ ရောက်သောအခါ လျောင်စစ်တပ်မှာ မြို့တံခါးကို ချိုးဖျက်ရန် ကြိုးစားနေပြီဖြစ်သည်။ အခြေအနေမှာ အလွန်စိုးရိမ်ရသဖြင့် မြို့တော်မှ လိုက်ပါလာသော ပညာရှိ စစ်အကြံပေးများပင် မြို့ရိုးပေါ်သို့ တက်ကာ ကွပ်ကဲနေကြရသည်။

သူ ရောက်လာသည်ကို မြင်သောအခါ အားလုံး ဝမ်းသာသွားကြသည်။

ယဲ့ကျယ်သည် အခြေအနေကို တစ်ချက်ကြည့်ကာ မြို့ရိုးပေါ်မှနေ၍ မီးမြှားများဖြင့် ပစ်ခတ်ရန်နှင့် ဆီပူများလောင်းချရန် ချက်ချင်း အမိန့်ပေးလိုက်သည်။ ဤကဲ့သို့ မီးဖြင့် တိုက်ခိုက်ခြင်းမှာ ခဏတာသာ ခံသော်လည်း လျောင်စစ်တပ်ကို အလျှင်အမြန် နောက်ဆုတ်သွားစေနိုင်သည်။

ထင်သည့်အတိုင်းပင် လျောင်စစ်တပ်မှာ ရှေ့သို့ ဆက်မတိုးဝံ့တော့ပေ။ ဤအခွင့်အရေးကို အသုံးချ၍ ယဲ့ကျယ်သည် မြို့တံခါးကို ဖွင့်ခိုင်းကာ စစ်သည်များကို ဦးဆောင်၍ အပြင်သို့ ထွက်တိုက်လေတော့သည်။

နှစ်ဖက်စလုံး ရောထွေး သတ်ဖြတ်နေကြသည်။ ယနေ့ည လျောင်လူမျိုးများ လာရောက်ချောင်းမြောင်း တိုက်ခိုက်ခြင်းမှာ စစ်သူကြီးနှစ်ဦးစလုံး စခန်းတွင် မရှိကြောင်း သူလျှိုများထံမှ သတင်းရရှိထားသောကြောင့်ဖြစ်သည်။ ယခု ယဲ့ကျယ်ကိုယ်တိုင် ဦးဆောင်လာသဖြင့် သူတို့ ခုခံရန် ခက်ခဲသွားသည်။

မူလကပင် လျောင်စစ်တပ်မှာ ရှုံးပွဲများနေသလို အင်အားလည်း လျော့နည်းနေသဖြင့် စိတ်ဓာတ်မှာ အသာစီး မရတော့ပေ။ နန်ချီဘက်တွင်မူ စစ်အင်အား အလုံအလောက် ရှိနေသည်။ အခြေအနေ မဟန်တော့သည်ကို မြင်သောအခါ လျောင်လူမျိုးများ နောက်ဆုတ်တော့သည်။

ယခုမှာ ညအချိန်ဖြစ်သည့်အပြင် ယဲ့ကျယ်၏ ညာဘက်ပုခုံးမှာ ဒဏ်ရာရထားသဖြင့် ဘယ်လက်ဖြင့် ဓားကိုင်တိုက်ခိုက်ရာတွင် ညာလက်လောက် မသွက်လက်သောကြောင့် လိုက်လံတိုက်ခိုက်ရန် အစီအစဉ်မရှိပေ။

သို့သော် အားလုံး နောက်ဆုတ်ရန် ပြင်နေစဉ်မှာပင် တပ်ဖွဲ့အတွင်းမှ ထူးဆန်းသော အသံတစ်ချက် ထွက်ပေါ်လာသည်။ အားလုံး လှည့်ကြည့်လိုက်သောအခါ ယောင်ရွှီသည် မြင်းပေါ်မှ ပြုတ်ကျသွားသည်ကို တွေ့ရပြီး ရှေ့တန်းစစ်သည် တစ်ဦးသည် မြင်း၏ ခြေထောက်ကို ရုတ်တရက် ရိုက်နှက်ကာ လျောင်စစ်တပ် နောက်ဆုတ်သွားသည့် ဘက်သို့ အပြင်းနှင်သွားတော့သည်။

"သူ့ကို အမြန်ဖမ်းကြ! သူ ငါ့ဆီက မြေပုံကို ခိုးသွားပြီ၊ အဲဒီထဲမှာ ပေလင်နယ်စပ်ရဲ့ ခံစစ်အစီအမံတွေ ပါတယ်!" ဟု ယောင်ရွှီက အော်ဟစ်လေသည်။

သူသည် ရုန်းကန်ထကာ မြင်းပေါ်သို့ ပြန်တက်ရန် ကြိုးစားနေသည်။ ထိုအချိန်မှာပင် တပ်ဖွဲ့အတွင်းမှ လူနှစ်ဦးသည်လည်း မြင်းစီး၍ ထွက်ပြေးသွားကြရာ လူသုံးဦးမှာ လမ်းကြောင်း သုံးခုသို့ အသီးသီး ပြေးသွားကြတော့သည်။

ထိုအချိန်တွင် ရှိနေသော စစ်သည်များမှာ လှံနှင့် ဓားကိုင်ထားသော ခြေလျင်တပ်သားများသာ ဖြစ်ပြီး လေးသည်တော်များမရှိသဖြင့် ချက်ချင်း တုံ့ပြန်ရန် မမီဘဲ သူတို့ ထွက်ပြေးသွားသည်ကို ကြည့်နေရုံသာ ရှိတော့သည်။

ယဲ့ကျယ် မျက်မှောင်ကြုတ်ကာ အသံကျယ်ကျယ်ဖြင့် အမိန့်ပေးလိုက်သည်။ "စစ်တပ်ကို သုံးဖွဲ့ခွဲလိုက်၊ ငါနဲ့အတူ သစ္စာဖောက်တွေကို လိုက်ဖမ်းကြ!"

အမိန့်ပေးသည်နှင့် ရှေ့တန်းမှ မြင်းစီးစစ်သည်များ ချက်ချင်း လိုက်ပါသွားကြသည်။ ယောင်ရွှီသည်လည်း ကိုယ်ခံပညာရှိသူဖြစ်သဖြင့် သူ၏ အနီးကပ် ကိုယ်ရံတော် နှစ်ဦးကို ခေါ်ကာ ယဲ့ကျယ်၏ နောက်မှ လိုက်လာသည်။

မြင်းစီးတပ်သားမှာ မများလှဘဲ တစ်ဖွဲ့လျှင် ဆယ်ဂဏန်းခန့်သာ ရှိသည်။ လိုက်မီလုနီးနီး အချိန်တွင် ရှေ့မှ ထွက်ပြေးနေသည့် သစ္စာဖောက်သည် နောက်သို့ လှည့်ကြည့်ကာ ဇက်ကြိုးကို ဆွဲပြီး လက်တစ်ဖက်ကို နောက်မှ လိုက်လာသည့် ယဲ့ကျယ်တို့အဖွဲ့ထံသို့ ချိန်ရွယ်လိုက်သည်။

"သတိထား! သူ့လက်မောင်းမှာ ဒူးလေးမြှား တွေ ပါတယ်!" ယဲ့ကျယ်က အားလုံးကို ချက်ချင်း သတိပေးလိုက်သည်။

သို့သော်လည်း နောက်ကလူအချို့မှာ ရှောင်တိမ်းရန် မမီဘဲ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားကြသည်။ သစ္စာဖောက်၏ လက်မောင်းနှစ်ဖက်လုံးတွင် ဒူးလေးမြှားများ တပ်ဆင်ထားရာ တစ်ဖက်လျှင် ခြောက်စင်းစီဖြင့် စုစုပေါင်း ဆယ့်နှစ်စင်း ပါဝင်သည်။

ယဲ့ကျယ်တို့မှာ အနီးကပ်တိုက်ခိုက်ရသည့် လက်နက်များကိုသာ ကိုင်ထားသဖြင့် ခနမျှ အနားမကပ်နိုင်ဘဲ ဖြစ်နေသည်။ ခဏအတွင်းမှာပင် လိုက်လာသည့် လူ တစ်ဆယ့်နှစ်ဦးအနက် ရှစ်ဦးသာ ကျန်တော့သည်။

ယောင်ရွှီသည် ယဲ့ကျယ်၏ နောက်ဘက် ဘေးစောင်းတွင် မြင်းစီးလိုက်ပါလာပြီး လျှို့ဝှက်စွာဖြင့် နောက်သို့ လက်မှတ်တစ်ခု ပေးလိုက်သည်။ ရုတ်တရက် ယောင်ရွှီ၏ နောက်မှ လိုက်ပါလာသော ကိုယ်ရံတော် နှစ်ဦးသည်လည်း လက်မောင်းမှ ဒူးလေးမြှားများကို ထုတ်ဖော်လိုက်ပြီး ဘေးနားရှိ ရဲဘော်ရဲဘက်များကို ပစ်ခတ်တော့သည်။

ဘေးနားကလူက ဤသို့ လုပ်လိမ့်မည်ဟု မည်သူမျှ မထင်ထားသဖြင့် ကျန်ရှိသော လေးဦးအနက် နှစ်ဦးမှာ ချက်ချင်း ကျဆုံးသွားသည်။ ကျန်သည့် နှစ်ဦးမှာမူ အလန့်တကြား အော်ဟစ်ကြတော့သည်။

ထိုအချိန်မှာပင် ယောင်ရွှီ၏ ဒူးလေးမြှားသည် ယဲ့ကျယ်ကို တည့်တည့် ချိန်ရွယ်လိုက်သော်လည်း သူသည် ခြေလှမ်းတစ်လှမ်း နောက်ကျသွားခဲ့သည်။ ယဲ့ကျယ်သည် နောက်မှ အသံကို ကြားသည်နှင့် ကိုယ်ကို ဘေးသို့ ယိမ်းကာ ရှောင်လိုက်နိုင်ခြင်းကြောင့် ဖြစ်သည်။

"ယောင်အမတ်မင်း... ဒါ ဘာသဘောလဲ!"

"ဘာသဘောလဲ ဟုတ်လား? စစ်သူကြီးယဲ့က ရန်သူနဲ့ ပူးပေါင်းပြီး တိုင်းပြည်ကို သစ္စာဖောက်တယ်၊ လျောင်စစ်တပ်ဆီကို နယ်စပ်ခံစစ်မြေပုံ ပေးပို့ခိုင်းတယ်၊ ပြီးတော့ ငါ့ကိုလည်း သက်သေဖျောက်ဖို့ သတ်ဖို့ ကြိုးစားတယ်၊ ငါကတော့ သေချာပေါက် ပြန်လည် ခုခံရမှာပေါ့!"

ယောင်ရွှီက အေးစက်စက် ပြုံးလျက် သူ၏ ကိုယ်ရံတော်များကို လက်ပြလိုက်ရာ ရှေ့မှ ထွက်ပြေးနေသော သစ္စာဖောက်သည်လည်း လှည့်ပြန်လာကာ သူ့နောက်တွင် ရပ်လိုက်သည်။

အခြေအနေမှာ ယောင်ရွှီတို့ လေးဦးနှင့် ယဲ့ကျယ် အပါအဝင် မြင်းစီးစစ်သည် သုံးဦးတို့၏ အားပြိုင်မှု ဖြစ်သွားတော့သည်။

"ဘာစောင့်နေတာလဲ၊ ပုန်ကန်သူကို အရှင်ဖမ်းစမ်း၊ သူ့ခေါင်းကို ဖြတ်နိုင်တဲ့သူကို ဆုလာဘ် အကြီးအကျယ် ပေးမယ်!"

ယောင်ရွှီ၏ အမိန့်ပေးသံနှင့်အတူ နှစ်ဖက်စလုံး အပြင်းအထန် သတ်ဖြတ်ကြလေတော့သည်။

ယဲ့ကျယ်နှင့် စစ်သည်နှစ်ဦးမှာ လျောင်စစ်တပ်နှင့် တိုက်ပွဲအပြီးဖြစ်သဖြင့် လူရော မြင်းရော ပင်ပန်းနေကြပြီဖြစ်သည်။ သို့သော် ယောင်ရွှီနှင့် သူ၏ ကိုယ်ရံတော် သုံးဦးမှာမူ အင်အားကို စုဆောင်းထားခဲ့သလို တိုက်ပွဲတွင်လည်း ဒဏ်ရာမရခဲ့သဖြင့် အသာစီး ရနေသည်။

ထို့ကြောင့် ယဲ့ကျယ်သည် တိုက်ခိုက်နေစဉ်အတွင်း ထွက်ပြေးရန်သာ ပိုမို စဉ်းစားနေပြီး ရစ်ပတ်နေရန် အစီအစဉ်မရှိပေ။ သို့သော် တစ်ဖက်လူမှာလည်း သူ့ရည်ရွယ်ချက်ကို ရိပ်မိသဖြင့် လေးယောက်ဖြင့် ဝိုင်းရံထားကာ သူတို့ကိုထွက်ပြေးခွင့် မရအောင် ပိတ်ဆို့ထားတော့သည်။

***

All Chapters