အခန်း (၂၁၁-၂၁၂)
Vol. 22 Ch. 211-212
အခန်း (၂၁၁) - ဧရာမချော်ရည်ကြံ့ကြီးအား သတ်ဖြတ်ခြင်း (၂)
ရှေ့ဆုံးတွင်ရှိနေသည်မှာ အသက်ရှူကြပ်လောက်စဖွယ်ကောင်းအောင် ကြီးမားလွန်းသော သားရဲကြီးတစ်ကောင်ဖြစ်သည်။
၎င်းသည် အေးခဲနေသော ချော်ရည်တောင်ကုန်းလေးတစ်ခု ရွေ့လျားနေသကဲ့သို့ပင်။
၎င်း၏ ခန္ဓာကိုယ်ကို ထူထဲသော အနီရင့်ရောင် အခွံမာများဖြင့် ဖုံးအုပ်ထားပြီး အက်ကွဲကြောင်းများကြားတွင် အနီရောင်ဖျော့ဖျော့ အလင်းတန်းများက တဖျတ်ဖျတ် လင်းလက်နေသည်။
လေးလံသော ခြေလှမ်းတစ်လှမ်းချင်းစီက မြေပြင်ကို တုန်ခါသွားစေပြီး မီးလောင်ကျွမ်းနေသည့် နက်ရှိုင်းသော ခြေရာများကို ချန်ရစ်ခဲ့သည်။
ပြင်းထန်ကြမ်းတမ်းသော ဦးခေါင်းပေါ်တွင် ထူထဲပြီး လိမ်ကောက်နေသော ဦးချိုကြီးက ကောင်းကင်ထိ ထိုးတက်တော့မည့်အလား ရှိနေကာ ရင်တုန်ချင်စဖွယ် အပူရှိန်နှင့် သန့်စင်သော စွမ်းအားများကို ထုတ်လွှင့်နေသည်။
၎င်း၏နောက်တွင် ပုံစံအမျိုးမျိုးနှင့် အမျိုးအစားပေါင်းစုံပါဝင်သော သားရဲရာပေါင်းများစွာ ရှိနေသည်။
ခွေးအ၊ ကျား၊ ကျားသစ်၊ ဝက်ဝံ စသည်ဖြင့် သူတို့အားလုံး၏ မျက်လုံးများတွင် ရူးသွပ်မှုများနှင့် သတ်ဖြတ်လိုစိတ်များ ပြင်းထန်စွာ တောက်လောက်နေကြသည်။ သူတို့ ပေါင်းစပ်လိုက်သော ရိုင်းစိုင်းသည့် မိစ္ဆာအငွေ့အသက်များက ပတ်၀န်းကျင်လေထုကိုပင် ကောက်ကွေးသွားစေသည်။
“ဝေါင်းးးး”
ဧရာမချော်ရည်ကြံ့ကြီးသည် အောင်နိုင်လိုစိတ်များ အပြည့်ပါဝင်သည့် မိုးကြိုးသံကဲ့သို့ကျယ်လောင်သော ဟိန်းဟောက်သံကြီးကို ထုတ်လွှတ်လိုက်သေည်။
၎င်း၏ သွေးနီရောင်မျက်၀န်းများသည် ကြီးမားလွန်းသော အသက်စွမ်းအင်များ ထုတ်လွှင့်နေသည့် ဝံပုလွေအသိုက်၏ ဗဟိုချက်ရှိ တိုတမ်မိခင်သစ်ပင်နှင့် ၎င်းအောက်ရှိ အထင်ရှားဆုံးသော ငွေဖြူရောင်ပုံရိပ်ဖြစ်သည့် လင်းထျန်းလုံကို ချက်ချင်း စူးစိုက်ကြည့်လိုက်သည်။
ဟိန်းဟောက်သံနှင့်အတူ ကြီးမားလွန်းသော အုပ်စုကြီးသည် ကြာပွတ်ဖြင့် ရိုက်နှက်ခံလိုက်ရသကဲ့သို့ ပိုမိုရူးသွပ်စွာ အော်ဟစ်လိုက်ကြပြီး ဝံပုလွေအသိုက်ဆီသို့ ချီတက်မှုကို အရှိန်တင်လိုက်ကြသည်။
သတ်ဖြတ်ချင်စိတ်အငွေ့အသက်များက တိမ်တိုက်များကိုပင် ဆုတ်ဖြဲပစ်မတတ် ကောင်းကင်သို့ ထိုးတက်သွားသည်။
“ဒါပဲ၊ ဘုရင်အလယ်အလတ်အဆင့်...” ယင်းဖုန်း၏အသိစိတ်က တည်ငြိမ်စွာ ခွဲခြမ်းစိတ်ဖြာလျက် ထပ်မံရောက်ရှိလာသည်။
“သူ့ရဲ့ အခွံတွေမာကြောင့် ရုပ်ပိုင်းဆိုင်ရာ အကာအကွယ်က အရမ်းမြင့်မားတယ်၊ စွမ်းအင်ခုခံနိုင်စွမ်းကလည်း မဆိုးဘူး၊ သူ့ရဲ့ အဓိက စွမ်းအင်အရင်းအမြစ်က ဟိုဦးချိုရဲ့ အောက်ခြေမှာ စုစည်းနေတာ”
“အဲဒီကောင်ကို ငါ့ဆီသာလွှဲထားလိုက်” ထျန်းပင်း၏ တိုက်ပွဲဝင်လိုစိတ်များက မီးတောက်တစ်ခုကဲ့သို့ ဆူပွက်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။
သွားဖြဲပြကာ ပြုံးလိုက်ပြီး လင်းထျန်းလုံ၏ တိကျသောအမိန့်ကိုပင် မစောင့်တော့ဘဲ သူ၏ ရွှေရောင်ရင့်ရင့်ပုံရိပ်က အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ လေထုကို ဆုတ်ဖြဲသွားသည့်အလား ထွက်ခွာသွားသည်။
သူတစ်ယောက်တည်း ရဲတင်းစွာဖြင့် ဒေါသထွက်နေသော မိစ္ဆာသားရဲစစ်သည် ရာပေါင်းများစွာရှိရာသို့ ပြေးဝင်သွားတော့သည်။
ထျန်းပင်းသည် ဝံပုလွေအသိုက်၏ နယ်နိမိတ်ကို ကျော်လွန်ပြီး စစ်မြေပြင်သို့ ခြေချလိုက်သည့် အခိုက်အတန့်မှာပင် သူ၏သွေးမျိုးဆက်နှင့် ဝိညာဉ်အနက်ရှိုင်းဆုံးနေရာမှ မြစ်ဖျားခံလာသော၊ သက်ရှိအားလုံးကို ကျော်လွန်သည့် ဘုရင်တစ်ပါး၏ ဖိအားတစ်ခုက လင်းထျန်းလုံထံမှ ပေါက်ကွဲထွက်လာသည်။
၎င်းသည် မည်သည့်စွမ်းရည်မျှမဟုတ်ဘဲ အဆင့် ၃၂ နှင်းဝံပုလွေဘုရင်တစ်ပါးအနေဖြင့် မရေမတွက်နိုင်သော တိုက်ပွဲများမှတဆင့် သွန်းလုပ်ထားသည့် မျက်မြင်မရသော ဖိအားနယ်မြေတစ်ခုပင် ဖြစ်သည်။
သူသည် ‘မိုးပြာနက်နဲရေခဲ ဝံပုလွေသွေးမျိုးဆက်’ နှင့် ‘ထာဝရတိုက်ပွဲဝိညာဉ်’ ကို ပိုင်ဆိုင်ထားသူ မဟုတ်လော။
ဤဖိအားသည် စွမ်းအင်မုန်တိုင်းတစ်ခုအလား စစ်မြေပြင်ကို တိုက်ခတ်သွား၏။
ရူးသွပ်စွာ ချီတက်လာသော မိစ္ဆာစစ်သည်များ၏ရင်ထဲတွင် အေးစက်မှုတစ်ခုကို ခံစားလိုက်ရပြီး မမြင်ရသော ရေခဲလက်သည်းကြီးတစ်ခုဖြင့် ဖမ်းဆုပ်ခြင်းကို ခံလိုက်ရသကဲ့သို့ သူတို့၏ အရှိန်များ အလိုအလျောက် ရပ်တန့်သွားကြသည်။
မျက်လုံးများထဲတွင် ရူးသွပ်မှုအစား ပင်ကိုအသိစိတ်ကြောင့်ဖြစ်သော အကြောက်တရားများဝင်ရောက်လာပြီး သူတို့၏တပ်ဖွဲ့ပုံစံမှာ ချက်ချင်း ဖရိုဖရဲဖြစ်သွားသည်။
၎င်းနှင့် လုံးဝဆန့်ကျင်ဘက်အနေဖြင့် တစ်ဦးတည်းချီတက်လာသော ထျန်းပင်းအပါအဝင် နှင်းဝံပုလွေအားလုံးမှာ သူတို့၏ သွေးမျိုးဆက်များထဲမှ ပေါ်ထွက်လာသော စွမ်းအားလှိုင်းများကို ခံစားလိုက်ကြရသည်။
သူတို့၏ တိုက်ပွဲဝင်လိုစိတ်၊ အမြန်နှုန်းနှင့် ခွန်အားတို့သည် ရုတ်တရက်တိုးတက်လာပြီး ဝံပုလွေမျက်ဝန်းများထဲမှ အလင်းရောင်များသည်လည်း ပိုမိုအေးစက်ထက်ရှလာသည်။
တစ်ဖက်က အားနည်းသွားပြီး တစ်ဖက်က အားကောင်းလာသည်ဖြစ်ရာ စွမ်းအားကွာခြားချက်က ချက်ချင်းပင် ရှင်းရှင်းလင်းလင်း ပေါ်ထွက်လာလေသည်။
“အာဝူးးး”
ကိုယ်တွင်း၌ ပြည့်လျှံလာသော စွမ်းအားများကို ခံစားလိုက်ရသည့် ထျန်းပင်းသည် ပိုမိုလွတ်လပ်သော ဟိန်းဟောက်သံကို ထုတ်လွှတ်လိုက်ပြီး သူ၏အမြန်နှုန်းမှာလည်း ထပ်မံတိုးတက်လာသည်။
သူသည် အဖြူရောင်တောက်ပနေသော၊ တားဆီး၍မရသည့် ဓားသွားတစ်ခုအလား မိစ္ဆာအုပ်စုကြီးအတွင်း နက်ရှိုင်းစွာ ထိုးဝင်သွားသည်။
ထာဝရဗာဂျရာခန္ဓာက သူ့အား တိုက်ခိုက်မှုအများစုကို လျစ်လျူရှုထားနိုင်စေသည်။
သူ လက်သည်းတစ်ချက် ဝှေ့ယမ်းလိုက်တိုင်း ရန်သူဘက်မှ သားရဲများ၏ ခြေလက်အင်္ဂါများ လွင့်စင်သွားပြီး သူ၏အစွယ်များဖြင့် ကိုက်ဖြတ်လိုက်တိုင်း ခိုင်မာသော သားရေများနှင့် ချပ်ဝတ်တန်ဆာများစွာမှာ အလွယ်တကူ ဆုတ်ပြဲသွားလေသည်။
သူ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် မိစ္ဆာစစ်သည်များသည် ရိတ်သိမ်းခံရသောဂျုံပင်များအလား လဲကျသွားကာ ထျန်ပင်းက ဆူပွက်နေသော ဒီရေလှိုင်းများကြားတွင် သေမင်းတမန်လမ်းကြောင်းတစ်ခုကို ဖောက်လုပ်လိုက်သည်။
သစ်ပင်အိမ်လေးထဲတွင် ပြတင်းပေါက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသော ရှောင်လန်မှာတော့ မျက်တောင်မခတ်တမ်း ကြည့်နေရင်း ပါးစပ်လေး အနည်းငယ် ဟ သွားသည်။
“ဦးလေးထျန်းပင်းက... အရမ်းသန်မာတာပဲ၊ သူတစ်ယောက်တည်းနဲ့ အကုန်လုံးကို တိုက်နေတယ်”
ရှောင်ယင်းကလည်း အုပ်စုကြားရှိ ပြိုင်ဘက်ကင်း ရွှေရင့်ရောင်ပုံရိပ်ကို စူးစိုက်ကြည့်နေရင်း ပြင်းထန်စွာ ခေါင်းညိတ်လိုက်ပြီး တိုးညှင်းစွာ ပြောလိုက်သည်။
“အင်း... ပြီးတော့ သူက တိုက်လေတိုက်လေ ပိုသန်မာလာပုံပဲ”
“ရှောင်လန်၊ ဒီတိုက်ခိုက်ရေးပုံစံက…..၊ တိုက်ပွဲတွေနဲ့အတူ ပိုပိုသန်မာလာပြီး ဒဏ်ရာတွေက စွမ်းရည်တွေကို နှိုးဆွပေးတယ်ဆိုတာ တိုက်ပွဲအတွက် မွေးဖွားလာတဲ့ ဒဏ္ဍာရီလာ ရှေးဟောင်းစစ်သားရဲတွေနဲ့ တစ်ထေရာတည်းပဲ”
“နင်ပြောတာ အတိအကျပဲ၊ ဝံပုလွေဖေဖေကလည်း ဒီအတိုင်းရပ်နေရုံနဲ့ ရန်သူတွေကို တုန်လှုပ်သွားစေပြီး ငါတို့ရဲ့စိတ်ဓာတ်တွေကို မြှင့်တင်ပေးနိုင်တယ်... ဒီလို လွှမ်းမိုးနိုင်စွမ်းမျိုးက တကယ့်ကို အံ့မခန်းပဲ”
မိမိ၏အုပ်စုကြီးမှာ ဝံပုလွေတစ်ကောင်တည်း၏ တားဆီးဖြိုခွဲခြင်းအား ခံနေရသည်ကို မြင်တွေ့လိုက်ရသော ဧရာမချော်ရည်ကြံ့ကြီးသည် အလွန်တရာ ဒေါသထွက်သွားကာ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
၎င်း၏ ကြီးမားလွန်းသော ခေါင်းကြီးမှာ ရုတ်တရက် အခြားတစ်ဖက်သို့ လှည့်သွားပြီး တိုတောင်း၍ တိုးညှင်းသော အသံတစ်ခု ပြုလုပ်လိုက်သည်။
အမိန့်ကို လက်ခံရရှိပြီးနောက် လေးမီတာကျော်ရှိပြီး သေးငယ်သော ခံတပ်တစ်ခုကဲ့သို့ ပုံစံဖြင့် သားရဲကြီးတစ်ကောင် ရှေ့သို့ ထွက်လာသည်။
၎င်းသည် ဧရာမဝက်ဝံကြီးတစ်ကောင်နှင့် တူသော်လည်း ခန္ဓာကိုယ်ကို ထက်ရှသော ကျောက်တုံးမြောက်မြားစွာဖြင့် ပြုလုပ်ထားသည့်အလား ထူထဲသော အမွေးများဖြင့် ဖုံးအုပ်ထားသည်။
၎င်း၏ ရှေ့လက်ဖဝါးများမှာ ထူးထဲကြီးမားပြီး မဟူရာကျောက်ဖြင့် ပြုလုပ်ထားသော လှံတိုများကဲ့သို့ လက်သည်းများ ရှိသည်။
၎င်းသည် ကြောက်မက်ဖွယ်ကောင်းသော အကာအကွယ်နှင့် ကြီးမားလွန်းသော ခွန်အားကြောင့် ကျော်ကြားသည့် ကျောက်သားချပ်ဝတ်အာဏာရှင်ပင် ဖြစ်သည်။
“ဂါးးး ဝေါင်း…”
ကျောက်သားချပ်ဝတ်အာဏာရှင်က ခြိမ်းခြောက်ဟိန်းဟောက်လိုက်ပြီး ကျောက်တုံးကြီးများကိုပင် ချေမွပစ်နိုင်လောက်သည့် လက်ဝါးကြီးကို ဝှေ့ယမ်းကာ မိစ္ဆာသားရဲအုပ်စုကြားတွင် ဖျက်ဆီးမှုများ ပြုလုပ်နေသော ထျန်းပင်းထံသို့ အရှိန်အဟုန်ဖြ အပြည့်ဖြင့် ပြေးဝင်သွားတော့သည်။
တစ်ချိန်တည်းမှာပင် အနီးအနားရှိ ခွန်အားကြီးမားမှုကြောင့် နာမည်ကြီးသော အခြားမိစ္ဆာသားရဲကောင် အချို့သည်လည်း ဦးတည်ချက်ပြောင်းကာ မောက်မာသော ဤကျူးကျော်သူကို ဝန်းရံသတ်ဖြတ်ရန် သူတို့၏ ခေါင်းဆောင်နှင့် ပူးပေါင်းလိုက်ကြသည်။
ဒုန်း... ဒုန်း... ဒုန်း...
လေးလံသောခြေသံများက စစ်စည်များတီးခတ်နေသကဲ့သို့ စည်းချက်ညီညီ ထွက်ပေါ်လာသည်။
သံမဏိများပင် ပြားချပ်သွားနိုင်လောက်အောင် အားကောင်းသော ဤဝိုင်းရံမှုကို ရင်ဆိုင်ရချိန်တွင် ထျန်းပင်းမှာ နောက်ဆုတ်မသွားသည့်အပြင် သူ၏မျက်လုံးများထဲရှိ တိုက်ပွဲဝင်လိုစိတ်များက ပို၍ပင် ရူးသွပ်တောက်လောင်လာသည်။
သူသည် ခြေလက်များဖြင့် ရုတ်တရက် မြေကြီးကို တွန်းကန်လိုက်ရာ ခြေထောက်အောက်ရှိ အေးခဲနေသော မြေပြင်မှာ ပေါက်ကွဲသွားလေ၏။
သူ၏ ပုံရိပ်သည် ရှေ့သို့တိုးသွားကာ ကျောက်သားချပ်ဝတ်အာဏာရှင်ထံသို့ သွားဖြီးရင်း ပြေးဝင်သွားတော့သည်။
ပြင်းထန်သော တိုက်မိမှုမတိုင်မီ အခိုက်အတန့်လေးတွင် ထျန်းပင်း၏ ခန္ဓာကိုယ်ပတ်လည်ရှိ အငွေ့အသက်များသည် မီးတောင်ပေါက်ကွဲသကဲ့သို့ ရုတ်တရက် ဆူပွက်လာခဲ့သည်။
သူ၏ နှင်းမုန်တိုင်းတိုက်ပွဲဝိညာဉ် စွမ်းရည်မှ ‘ရှေ့သို့ချီတက်ခြင်း’ ဝိသေသလက္ခဏာက အသက်ဝင်လာလေသည်။
ဆုံးရှုံးသွားသော အသက်စွမ်းအင်အနည်းငယ်သည် ပိုမိုရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်ရေးစွမ်းအားနှင့် ခံစစ်စွမ်းအားများအဖြစ် ချက်ချင်း ပြောင်းလဲသွားသည်။
ရေခဲများနှင့် ရွှေရောင်ရင့်ရင့် အလင်းတန်းများ ဖုံးလွှမ်းနေသော သူ၏လက်သည်းများသည် တစ်ဘက်မှ ရန်သူများဆီသို့ တိုး၀င်သွားတော့သည်။
လက်သည်များသည် နားကွဲမတတ် စူးရှလွန်းသောအသံနှင့်အတူ ကျောက်သားခံတပ်တစ်ခုကဲ့သို့ ခိုင်ခံ့လွန်းသော ဧရာမလက်ဝါးကြီးနှင့် ထိတ်တိုက်တွေ့ဆုံသွားသည်။
ရွှစ်... ဝုန်း…
ခိုင်ခံ့သော အကာအကွယ်တစ်ခုကို အတင်းအဓမ္မ ဆုတ်ဖြဲလိုက်သည့်အလား ထက်ရှသော အသံတစ်ခုက ပထမဆုံး ထွက်ပေါ်လာပြီး ချက်ချင်းပင် အရိုးများကြေမွသွားသည့် သွားကျိန်းဖွယ်အသံက တစ်ဆက်တည်း ထွက်ပေါ်လာသည်။
လေးလံသော ဒူးလေးမြားများကိုပင် ခံနိုင်ရည်ရှိသည့် ကျောက်သားချပ်ဝတ် အာဏာရှင်၏ ကျောက်တုံးကဲ့သို့သော သားရေနှင့် တောင့်တင်းသော အရိုးများသည်….
‘ရူးသွပ်ခြင်း စွမ်းအားနှင့် ထာဝရဗာဂျရာခန္ဓာ၏ အထောက်အပံ့ဖြင့် ထျန်းပင်း၏ လက်သည်းချက်အောက်တွင် ပုပ်ဟောင်းနေသော သစ်သားများကဲ့သို့ အလွယ်တကူ ဆုတ်ဖြဲခံလိုက်ရပြီး ကြေမွသွားသည်။
၎င်းထံမှ နာကျင်နေသော စူးရှလွန်းသည့် အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။
၎င်း၏ ကြီးမားလွန်းသော ခန္ဓာကိုယ်ကြီးသည် ပြင်းထန်သော စွမ်းအားတစ်ခုကြောင့် နောက်သို့ လွင့်စင်သွားက ဧရာမလက်ဖဝါးကြီးမှာလည်း တွန့်လိမ်ကောက်ကွေးသွားပြီး လုံးဝပျက်စီးသွားလေသည်။
ထျန်းပင်းသည် တစ်ခဏမျှပင် ရပ်တန့်မနေဘဲ တန်ပြန်အားကို အသုံးပြု၍ သူ၏ခန္ဓာကိုယ်ကို လေဆင်နှာမောင်းတစ်ခုကဲ့သို့ လှည့်ပတ်လိုက်သည်။
သူသည် လက်သည်းများကို ဝှေ့ယမ်းလိုက်ပြီး ခြုံခိုတိုက်ခိုက်ရန် ကြိုးစားနေသည့် အခြားမိစ္ဆာသားရဲကောင် နှစ်ကောင်၏ ဝမ်းဗိုက်များကို ချက်ချင်း ဖောက်ထုတ်ပစ်လိုက်သည်။
အခန်း (၂၁၂) - ဧရာမချော်ရည်ကြံ့ကြီးအား သတ်ဖြတ်ခြင်း (၃)
သူ၏လက်သည်းများမှ ပူလောင်နေသော သွေးများကို ခါချလိုက်ပြီး စစ်မြေပြင်တွင် သခင်အစစ်အမှန်မှာ မည်သူဖြစ်ကြောင်း ကြေညာနေသကဲ့သို့ ပိုမိုကျယ်လောင်ပြီး မထီမဲ့မြင်ပြုသော ဟိန်းဟောက်သံကို ထုတ်လွှတ်လိုက်သည်။
တိုက်ပွဲအခြေအနေကို တည်ငြိမ်စွာ စောင့်ကြည့်နေခဲ့သော ဧရာမချော်ရည်ကြံ့ကြီးသည် ရုတ်တရက် ၎င်း၏ သွေးနီရောင် မျက်၀န်းများကို အပ်ပေါက်အရွယ်အစားလောက်အထိ ကျုံ့လိုက်သည်။
“ကျောက်သားချပ်ဝတ်အာဏာရှင်က... တစ်ချက်တည်းနဲ့ ဒုက္ခိတဖြစ်သွားတာလား”
“ဒီနှင်းဝံပုလွေက ဘယ်လိုမိစ္ဆာမျိုးလဲ”
ဧရာမချော်ရည်ကြံ့ကြီး၏ အံ့သြမှုနှင့် ဒေါသများသည် ၎င်း၏ ရင်ဘတ်ထဲတွင် မီးတောက်များကဲ့သို့ လောင်ကျွမ်းလာသည်။
ကျောက်သားချပ်ဝတ်အာဏာရှင် တစ်ချက်တည်းဖြင့် ဒုက္ခိတဖြစ်သွားခြင်းက ကြံကြီး၏ ရက်စက်ကြမ်းကြုတ်မှုကို လုံးဝ လောင်ကျွမ်းသွားစေသည်။
၎င်း၏ သွေးနီရောင် မျက်၀န်းများမှာ ထျန်းပင်းထံသို့ စူးစိုက်ကျရောက်သွားသည်။
နှာခေါင်းမှ ပူပြင်းသော ကန့်ငွေ့များကို မှုတ်ထုတ်လိုက်ပြီး ရှေ့ခွာများဖြင့် မြေကြီးကို ရက်စက်စွာ ကုတ်ခြစ်လိုက်ရာ ခြေထောက်အောက်ရှိ မြေပြင်တစ်ခုလုံး အက်ကွဲသွားတော့သည်။
ကြံကြီး၏ ကြီးမားလွန်းသော ခန္ဓာကိုယ်ကြီးသည် ထိန်းချုပ်၍မရသော တောင်ကြီးတစ်လုံးပမာ အရှိန်အဟုန်ပြင်းစွာဖြင့် ရွေ့လျားလာတော့သည်။
“ဂါးးး”
ဒီတစ်ကြိမ်တွင်မူ ကြံကြီးသည် လက်အောက်ငယ်သားများကို အမိန့်မပေးတော့ဘဲ ကိုယ်တိုင်ကိုယ်ကျ စတင်တိုက်ခိုက်လာပြီဖြစ်သည်။
၎င်း၏ ပစ်မှတ်မှာ ထျန်းပင်းပင်ဖြစ်သည်။
ကြံကြီး၏ လိမ်ကောက်နေသော ဦးချိုကြီးသည် မြေကမ္ဘာချော်ရည်နှလုံးသားဖြင့် သွန်းလုပ်ထားသည့် ဧရာမလှံကြီးတစ်ခုကို တပ်ဆင်ထားသည့်အလား မျက်စိကျိန်းမတတ် ပြင်းထန်သော အနီရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာသည်။
လေထုမှာ ကောက်ကွေးသွားပြီး ကြံကြီး ဖြတ်သန်းသွားရာ မြေပြင်တစ်လျှောက် မည်းနက်လောင်ကျွမ်းသွားသည်။
၎င်းက ဤမိစ္ဆာနှင်းဝံပုလွေကို ချေမှုန်းရန်၊ လောင်ကျွမ်းပြာကျသွားစေရန် အခိုင်အမာ ဆုံးဖြတ်ထားသည်။
“ထျန်းပင်း၊ နောက်ဆုတ်လိုက်”
လင်းထျန်းလုံ၏ အသိစိတ်က ထျန်းပင်းဆီသို့ ချက်ချင်း ရောက်ရှိလာသည်။
သို့သော်လည်း သတ်ဖြတ်ခြင်းတွင် လုံးဝ နှစ်သက်ပျော်မွေ့နေသော ထျန်းပင်းသည် အဖျက်စွမ်းအားကောင်းလွန်းသော အငွေ့အသက်များနှင့်အတူ သူ့ထံ ပြေးဝင်လာသော ဧရာမသားရဲကြီးကို လှည့်ကြည့်ရုံသာ ကြည့်လိုက်သည်။
သူ၏ မျက်လုံးများတွင် အကြောက်တရား အရိပ်အယောင် လုံးဝမရှိဘဲ ပို၍ ရူးသွပ်သော စိတ်လှုပ်ရှားမှုများသာ လင်းလက်သွားသည်။
သူ၏လှုပ်ရှားမှုများကိုပင် တမင်သက်သက် နှေးကွေးစေလိုက်သည်။
သူ့ခန္ဓာကိုယ်ပတ်လည်ရှိ ရွှေရောင်ရင့်ရင့် အလင်းတန်းများနှင့် အေးစက်သောအငွေ့အသက်များ ရောယှက်ကာ မြင့်တက်လာလေသည်။
သူ၏ နှင်းမုန်တိုင်းတိုက်ပွဲဝိညာဉ်မှ တိုက်ပွဲရူးသွပ်ခြင်း ဝိသေသလက္ခဏာသည် ဒဏ်ရာများ၏ လှုံ့ဆော်မှုကြောင့် အမြင့်ဆုံးစွမ်းအားဖြင့် လည်ပတ်နေလေသည်။
ဘုရင် အထွတ်အထိပ်အဆင့် တည်ရှိမှုတစ်ခုထံမှ ဤဒေါသတကြီး တိုက်ခိုက်မှုကို သူ ထိပ်တိုက်ရင်ဆိုင်ရန် ရည်ရွယ်ထားသည်။
“မဟာနှင်းအစောင့်အရှောက်နဲ့ ရေပြာကြေးခွံအစောင့်အရှောက်တွေ၊ ငါ့နောက်ကို လိုက်ခဲ့... ဘေးဘက်တွေကို ထိန်းထားကြ” ထျန်းပင်းသည် ထိပ်တိုက်ရင်ဆိုင်ရန် ဆုံးဖြတ်ထားသော်လည်း သူ၏ ကွပ်ကဲမှုတာဝန်များကို မမေ့လျော့ဘဲ အမိန့်ပေး ဟိန်းဟောက်လိုက်သည်။
သူ၏နောက်တွင် အသင့်စောင့်နေကြသော မဟာနှင်းအစောင့်အရှောက်များနှင့် ရေပြာကြေးခွံအစောင့်အရှောက်များသည် ချက်ချင်းပင် တစ်ပြိုင်နက်တည်း ဟိန်းဟောက်လိုက်ကြသည်။
သူတို့သည် ရေခဲများနှင့် အကြေးခွံများ ဖုံးလွှမ်းနေသော ရွေ့လျားနိုင်သည့် တံတိုင်းတစ်ခုကို ဖွဲ့စည်းကာ တင်းကြပ်စွာ စုစည်းလိုက်ကြပြီး ကြံ့ကြီး၏ တိုက်ခိုက်မှုကြောင့် ဂနာမငြိမ်ဖြစ်ကာ ရှေ့တိုးရန် ကြိုးစားနေသော မိစ္ဆာသားရဲအုပ်စုကို ရဲရင့်စွာ ရင်ဆိုင်လိုက်ကြသည်။
ထို့နောက် ထျန်းပင်းအတွက် တစ်ဦးချင်းယှဉ်ပြိုင်နိုင်မည့် နေရာလွတ်တစ်ခုကို ဖန်တီးပေးလိုက်သည်။
ဤအရေးကြီးသော အချိန်တွင် ငွေပြာဘုရင်မျက်ဝန်းဖြင့် တည်ငြိမ်စွာ စောင့်ကြည့်နေခဲ့သော လင်းထျန်းလုံသည် နောက်ဆုံးတွင် အသေသတ်နိုင်မည့် ပြီးပြည့်စုံသော အခွင့်အရေးကို ဖမ်းဆုပ်လိုက်နိုင်ပြီဖြစ်သည်။
ဧရာမချော်ရည်ကြံ့ကြီးသည် သူ၏ စွမ်းအားအားလုံးကို ဦးချိုထဲသို့ စုစည်းထားသည်။
သူ၏ စွမ်းအင်ဗဟိုချက်သည် အောက်ခြေတွင် ပြင်းထန်စွာ လှုပ်ရှားနေပြီး သူ့အကာအကွယ်များ ခေတ္တမျှ လစ်ဟာသွားကာ ဟာကွက်တစ်ခုပေါ်လာသည်။
လင်းထျန်းလုံသည် အသံမထွက်ဘဲ ညာဘက်ရှေ့လက်ဖဝါးကိုသာ မြှောက်လိုက်သည်။
နက်နဲလွန်းသည့် ရေခဲစွမ်းအင်များနှင့် ဟင်းလင်းပြင်ကို ဆုတ်ဖြဲနိုင်သည့် စွမ်းအင်များကို စုစည်းထားသည့်အလား လင်းထျန်းလုံ၏ လက်သည်းထိပ်တွင် နက်ရှိုင်းသော အပြာရောင် အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ပတ်ဝန်းကျင်ရှိ အလင်းရောင်များသည် ထိုအေးစက်စက် အလင်းတန်းများကြောင့် ယိုင်နဲ့သွားကာ လေထုပင် အေးခဲသွားသကဲ့သို့ရှိလေသည်။
နက်နဲရေခဲကောင်းကင်ဆုတ်ဖြဲလက်သည်း။
ထိုနက်ရှိုင်းသော အေးစက်စက် အပြာရောင်အလင်းတန်းသည် နေရာရွှေ့ပြောင်းလိုက်သည့်အလား ဟင်းလင်းပြင်ကို တိတ်တဆိတ် ဖြတ်သန်းသွားပြီး စွမ်းအားများ စုစည်းကာ ပူလောင်သော အနီရောင်အလင်းတန်းများ ထုတ်လွှင့်နေသည့် ချော်ရည်ဧရာမကြံ့ကြီး၏ ဦးချိုရှေ့သို့ တိကျစွာ ရောက်ရှိသွားသည်။
တိတိကျကျ ပြောရလျှင် ယင်းဖုန်း အရင်က ထောက်ပြခဲ့သော နေရာဖြစ်သည့် ဦးချိုအောက်ခြေရှိ စွမ်းအင်ဗဟိုချက်ဆီသို့ ရောက်ရှိသွားခြင်းဖြစ်သည်။
အေးစက်သော အလင်းတန်းတစ်ချက် လင်းလက်သွားသည့် အခိုက်အတန့်တွင် လင်းထျန်းလုံ၏ ငွေပြာဘုရင်မျက်ဝန်းသည် ပစ်မှတ်၏ အချက်အလက်များကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာပြီးပြီပဲ ဖြစ်သည်။
[စနစ်အသိပေးချက်]။ ။
မျိုးနွယ် - ဧရာမချော်ရည်ကြံ့ (ဘုရင်သွေးမျိုးဆက်)
အဆင့်: ၃၉ (ပထမ ဘုရင်အဆင့် အထွတ်အထိပ်)
ပင်ကိုစွမ်းရည်များ: [မြေကမ္ဘာနှလုံးသား (ရွှေရောင် အဆင့်မြင့်)၊ ရူးသွပ်တိုက်ပွဲဝိညာဉ် (ရွှေရောင် အဆင့်မြင့်)၊ ချော်ရည်အခွံမာ (ခရမ်းရောင် အဆင့်မြင့်)၊ ခွန်အားကြီးတိုတမ် (ခရမ်းရောင် - အဆင့်မြင့်)
ကျွမ်းကျင်မှုစွမ်းရည်များ: မြေကြောဖြတ်သန်းခြင်း (ရွှေရောင် အဆင့်မြင့်)၊ [မီးစွမ်းအင်ပေါက်ကွဲမှု (ခရမ်းရောင် အဆင့်မြင့်)၊ ဧရာမခြေလှမ်းတိုက်ကွက် (ခရမ်းရောင် အဆင့်မြင့်)၊ ရူးသွပ်ခွန်အားတိုက်ကွက် (ခရမ်းရောင် အဆင့်မြင့်)
[စနစ်အသိပေးချက်]။ ။အဓိက ပေါင်းစပ်ရေးဖော်မြူလာ အစိတ်အပိုင်းဖြစ်သော ရူးသွပ်တိုက်ပွဲဝိညာဉ် (ရွှေရောင် အဆင့်မြင့်) ကို ရှာဖွေတွေ့ရှိပါသည်။
ရှဲ….
နားကွဲမတတ် ပေါက်ကွဲသံမျိုး ထွက်ပေါ်မလာပဲ သံပူပြားတစ်ပြားကို အေးခဲနေသော ရေထဲသို့ ထည့်လိုက်သည့်အလား ရင်တုန်ဖွယ် တရှဲရှဲ အသံများသာ ထွက်ပေါ်လာသည်။
စွမ်းအင်အရင်းအမြစ် ပြတ်တောက်သွားသကဲ့သို့ ဧရာမချော်ရည်ကြံ့ကြီး၏ ဦးချိုပေါ်ရှိ တောက်လောင်နေသော အနီရောင်အလင်းတန်းသည် ရုတ်တရက် ငြိမ်ကျလေသည်။
ထိုဖျက်ဆီး၍မရသော ဦးချိုကြီးသည် အလင်းရောင်ကိုပင် အေးခဲသွားစေနိုင်သည့် နက်ရှိုင်းသော အပြာရောင် ရေခဲပုံဆောင်ခဲအလွှာများက အောက်ခြေမှစတင်ကာ ချက်ချင်း ဖုံးလွှမ်းသွားတော့သည်။
ထို့အပြင် ရေခဲပုံဆောင်ခဲများသည် အပေါ်သို့ သိသိသာသာ ပျံ့နှံ့လာ၏။
ပို၍အရေးကြီးသည်မှာ ဟင်းလင်းပြင်ကို ဆုတ်ဖြဲပစ်နိုင်သော စွမ်းအားများ ပါဝင်သည့် အေးစက်စက် စွမ်းအားတစ်ခုသည် မရေမတွက်နိုင်သော ဓားသွားငယ်လေးများအဖြစ် ပြောင်းလဲသွားသည်။
ထို့နောက် စွမ်းအင်လမ်းကြောင်းများအတိုင်း စီးဆင်းရင်း ချော်ရည်ဧရာမကြံ့ကြီး၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်းဝင်ရောက်သွားကာ ၎င်း၏ စွမ်းအားအရင်းအမြစ်ဖြစ်သော မြေကမ္ဘာနှလုံးသားဆီသို့ တိုက်ရိုက် ဦးတည်သွားတော့သည်။
“အာဝူး...”
ဧရာမချော်ရည်ကြံ့ကြီးသည် နာကျင်ထိတ်လန့်နေသော ဟိန်းဟောက်သံကြီးကို ထုတ်လွှတ်လိုက်သည်။
ပြေးဝင်လာသော ၎င်း၏ ခန္ဓာကိုယ်ကြီးသည် အရက်မူးနေသူကဲ့သို့ ပြင်းထန်စွာယိမ်းယိုင်သွားသည်။
ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသော အနီရင့်ရောင် အကြေးခွံများ၏ အလင်းရောင်သည် ချက်ချင်း မှေးမှိန်သွားပြီး အက်ကွဲကြောင်းများကြားရှိ ချော်ရည်အလင်းရောင်များမှာလည်း မတည်မငြိမ်ဖြစ်ကာ တဖျတ်ဖျတ် လင်းလာသည်။
သူ၏ စွမ်းအင်ဗဟိုချက်သည်လည်း ချက်ချင်း အေးခဲသွားပြီး ဆုတ်ဖြဲခံလိုက်ရသည်ကို ကြံကြီး ခံစားလိုက်ရသည်။
ထိုထူးဆန်းသော အအေးဓာတ်သည် ကြံကြီး၏ ခန္ဓာကိုယ်ထဲတွင် ရူးသွပ်စွာ သောင်းကျန်းနေဆဲဖြစ်ပြီး အသက်စွမ်းအင်များကို ဖျက်ဆီးနေသည်။ ကြံကြီးသည် ပြေးဝင်လာရာမှ ရုတ်တရက် ရပ်တန့်သွားတော့သည်။
ပြင်းထန်သော နာကျင်မှုနှင့် စွမ်းအားထိန်းချုပ်မှု ကင်းလွတ်သွားခြင်းကြောင့် ကြီးမားလွန်းသော ခန္ဓာကိုယ်ကြီးသည် နေရာတွင်ပင် ချာလည်ပတ်ရမ်းနေပြီး နောက်ဆုံးတွင် ရှေ့ဒူးများ ခွေကျသွားကာ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားလေသည်။
သူတို့၏ခေါင်းဆောင် ဒဏ်ရာရသွားသဖြင့် မိစ္ဆာသားရဲအုပ်စု၏ နောက်ဆုံးကျန်ရှိနေသော စိတ်ဓာတ်များမှာ လုံးဝ ပြိုလဲသွားတော့သည်။
ကျန်ရှိနေသော မိစ္ဆာသားရဲများသည် ကြောက်လန့်တကြား ဟိန်းဟောက်လိုက်ကြပြီး တိုက်ပွဲကို ဂရုမစိုက်နိုင်တော့ပေ။
သူတို့သည် ခေါင်းဖြတ်ခံရသော ယင်ကောင်များကဲ့သို့ တစ်ကောင်နှင့်တစ်ကောင် နင်းချေကာ အရပ်မျက်နှာအနှံ့သို့ ပြန့်ကျဲထွက်ပြေးကြတော့သည်။
“တိုက်ပွဲမြေပြင်ကို ရှင်းလင်းလိုက်၊ လက်နက်ချတဲ့ကောင်တွေကို ချမ်းသာပေးပြီး ခေါင်းမာမာနဲ့ ခုခံတဲ့ကောင်တွေကိုတော့ အညှာအတာမဲ့သတ်ပစ်”
လင်းထျန်းလုံ၏ အေးစက်စက် အသိစိတ်က ခံစစ်တိုက်ပွဲအတွင်း နောက်ဆုံးမျဉ်းတစ်ကြောင်းကို ဆွဲပေးလိုက်လေသည်။
ဝံပုလွေအုပ်စုကြီးသည် အောင်ပွဲခံဟိန်းဟောက်သံများ ထုတ်လွှတ်လိုက်ကြပြီး ထွက်ပြေးနေသော မိစ္ဆာသားရဲကောင်များကို စနစ်တကျ လိုက်လံဖမ်းဆီးကြတော့သည်။
သစ်ပင်အိမ်လေးထဲတွင် ရှောင်လန်နှင့် ရှောင်ယင်းတို့မှာ စိတ်လှုပ်ရှားမှုများအပြည့်ဖြင့် ကြည့်နေကြလေသည်။
“ဝါး... ဖေဖေ ကိုယ်တိုင် လှုပ်ရှားလိုက်ပြီ၊ ဖေဖေ၀င်လာတာနဲ့ ဟိုကောင်ကြီး ချက်ချင်းလဲကျသွားတာပဲ”
“ဟုတ်တယ်... ဖေဖေက အသန်မာဆုံးပဲ”
“ရှောင်လန်၊ နောက်ဆုံး တိုက်ကွက်က... ဟင်းလင်းပြင်စွမ်းအားတွေ ပါဝင်နေပြီး အရမ်းတိကျလွန်းတာကို တွေ့လိုက်လား”
“စွမ်းအင်ဗဟိုချက်ကို တိုက်ရိုက်တိုက်ခိုက်ပြီး တစ်ချက်တည်းနဲ့ အောင်ပွဲခံလိုက်တာပဲ... ဝံပုလွေဖေဖေရဲ့ စွမ်းအားက တကယ့်ကို မှန်းဆလို့မရအောင် နက်ရှိုင်းလွန်းတယ်”
တိုက်ပွဲ ပြီးဆုံးသွားပြီဖြစ်သည်။
လင်းထျန်းလုံသည် မိခင်သစ်ပင်၏ မြင့်မားသော သစ်ကိုင်းပေါ်မှ ဖြည်းညင်းစွာ ဆင်းသက်လာသည်။ စစ်သုံ့ပန်းပစ္စည်းများကို သိမ်းဆည်းရန် အချိန်ရောက်ပြီဖြစ်သည်။
ထိုဧရာမချော်ရည်ကြံ့ကြီး၏ ရူးသွပ်တိုက်ပွဲဝိညာဉ်သည် သူ လိုအပ်နေသော အရာပင်ဖြစ်သည်။
ထို့အပြင် ဤအောင်ပွဲနှင့်အတူ မိစ္ဆာသားရဲများကိုပါ လက်အောက်ခံအဖြစ် ရရှိနိုင်မည်ဖြစ်သဖြင့် ဝံပုလွေအသိုက်၏စွမ်းအားသည် အဆင့်အသစ်တစ်ခုသို့ နောက်တစ်ဖန် တက်လှမ်းနိုင်တော့မည်ဖြစ်သည်။
ဤနယ်မြေ၏ အရှင်သခင်အဖြစ် ရပ်တည်ရုံသာမက ကမ္ဘာအသစ်၏ အထွတ်အထိပ်အထိ ရောက်အောင် သွားမည်ဟူသော ခိုင်မာသည့် ရည်မှန်းချက်ကလည်း သူ၏ရင်ထဲတွင် တောက်လောင်လာနေသည်။
အဝေးဆီမှ ဝိညာဉ်နက်တောင်ကြော၏ အရိပ်သည်လည်း ပို၍ပင် ထူထပ်လာပုံရသည်။
သို့သော် ယခုအခိုက်အတန့်မှစ၍ ဝံပုလွေအသိုက်သည် မည်သည့်အရာကိုမျှ ကြောက်ရွံ့နေတော့မည် မဟုတ်ချေ။