← Chapters

အခန်း (၂၁၇-၂၁၈)

Vol. 22 Ch. 217-218

အခန်း (၂၁၇-၂၁၈)

Vol. 22 Ch. 217-218

အခန်း (၂၁၇) - ‌ဝိညာဉ်နက်တောင်ကြော၏ လျှို့ဝှက်အန္တရာယ်၊ တိုးတက်လာသော မျိုးဆက်သစ်များ (၃)

သွေးမိစ္ဆာက အသက်ကို အောင့်ထားပြီး မျက်လုံးများထဲတွင် ရက်စက်မှုများနှင့် လိုလားတောင့်တမှုများ တောက်လောင်နေကာ ရှေ့မလှမ်းမကမ်းရှိ ကျောက်ပုံကြီးတစ်ခုကို စူးစိုက်ကြည့်နေသည်။

သူ၏နောက်တွင် ဂရုတစိုက် ရွေးချယ်ထားပြီး အနည်းဆုံး စုပေါင်းအမဲလိုက်ပွဲ သုံးကြိမ် ပါဝင်ဖူးကာ လက်သည်းများနှင့် အစွယ်များတွင် သွေးစွန်းဖူးသည့် အရွယ်ရောက်ကာစ နှင်းဝံပုလွေ ဆယ်ကောင်သည်လည်း ကျောက်ဆစ်ရုပ်များကဲ့သို့ ချုံခိုနေကြပြီး မျက်လုံးများက ထက်မြက်နေကာ ခေါင်းဆောင်၏အမိန့်ကို စောင့်ဆိုင်းနေကြသည်။

သူတို့၏ သားကောင်မှာ ပေါ့ပေါ့ဆဆ ကင်းလှည့်နေသော “အကျင့်ပျက် ခွေးအလူသား” ငါးကောင် ဖြစ်သည်။

ဤလူသားပုံစံ သတ္တဝါများသည် ကုန်းကုန်းကွကွ ခန္ဓာကိုယ်များ ရှိကြပြီး ညစ်ပတ်စုတ်ပြတ်နေသော သားရေချပ်ဝတ်များကို ဝတ်ဆင်ထားကာ ရိုင်းစိုင်းသော အရိုးတုတ်များကို ကိုင်ဆောင်ထားသည်။

ခန္ဓာကိုယ်မှလည်း မူးမေးချင်ဖွယ်ကောင်းသော အနံ့ဆိုးများကို ထုတ်လွှင့်နေကြသည်။

“အဖွဲ့တစ်၊ ဘယ်ဘက်တောင်ပံ၊ အသံနည်းနည်းပေးလိုက်။ အဖွဲ့နှစ်၊ ညာဘက်တောင်ပံ၊ မိစ္ဆာသားရဲငယ်လေး အော်သံလို လုပ်ပေး။ အဖွဲ့သုံး၊ ငါ့နောက်ကိုလိုက်၊ တိုက်ခိုက်ဖို့ ပြင်ထား”

သွေးမိစ္ဆာ၏ သြရှရှနှင့် အလွန်ရှင်းလင်းသော အတွေးလှိုင်းသည် သိမ်မွေ့သော ကွန်ရက်တစ်ခုအဖြစ် ဖြစ်ပေါ်လာပြီး အဖွဲ့ဝင်တိုင်း၏ စိတ်ထဲသို့ တိကျစွာ ဝင်ရောက်သွားသည်။

ဝံပုလွေများက အမိန့်များကို ချက်ချင်း အကောင်အထည်ဖော်လိုက်သည်။ ဘယ်ဘက်ရှိ ခြောက်သွေ့နေသော မြက်ပင်များမှ တရှဲရှဲ မြည်သံသဲ့သဲ့ ထွက်ပေါ်လာပြီး ညာဘက်မှ ကြွက်ကဲ့သို့ “ကျီကျီ” မြည်သံ အချို့ ထွက်ပေါ်လာသည်။

ဤရုတ်တရက် လှုပ်ရှားမှုများက ခွေးအလူသား ငါးကောင်ကို ချက်ချင်း သတိထားမိသွားစေပြီး သူတို့သည် နားမလည်နိုင်စွာဖြင့် ရပ်တန့်သွားကြကာ ဝါကျင့်ကျင့် အစွယ်များကို ဖြီးပြရင် အသံလာရာကို စုံစမ်းရန် သတိထားကာ ရှေးတိုးလာကြသည်။

ခွေးအလူသား တစ်ကောင်သည် အဖွဲ့ကို ကျောခိုင်းကာ ညာဘက်သို့ လှည့်ကြည့်လိုက်သည့် အချိန်တွင် -

သွေးမိစ္ဆာ လှုပ်ရှားလာခဲ့လေသည်။

၎င်း၏ ခန္ဓာကိုယ်သည် အဆုံးစွန်အထိ ဖိသိပ်ထားပြီး ရုတ်တရက် လွှတ်ချလိုက်သော စပရိန်တစ်ခုကဲ့သို့ပင်။

အနီနှင့်အဖြူ အရိပ်လေးမှာ မြန်ဆန်လွန်းလှသဖြင့် အရိပ်ပင် ကျန်ခဲ့လုနီးပါး ဖြစ်နေသည်။

သွေးမိစ္ဆာတိုက်ပွဲဝင်ခန္ဓာမှ ပေးစွမ်းသော ပေါက်ကွဲနိုင်စွမ်းသည် ဤအခိုက်အတန့်တွင် သူ၏အသုံး၀င်ပုံကို အပြည့်အဝ ပြသနေသည်။

သန်မာသော နောက်ခြေထောက်များဖြင့် မြေကြီးကို တွန်းကန်လိုက်ရာ သူ ပုန်းအောင်းနေခဲ့သော အေးခဲနေသည့် မြေပြင်မှာ အနည်းငယ် အက်ကွဲသွားသည်။

သူ၏ ပစ်မှတ်မှာ ထင်ရှားလှသည်၊ တစ်ကောင်တည်း ခွဲထွက်နေသော ထိုခွေးအလူသားပင် ဖြစ်သည်။

ထက်ရှသော ဝံပုလွေလက်သည်းများက သေစေနိုင်လောက်သော အေးစက်သည့် အလင်းတန်းတစ်ခုကို လေထဲတွင် ကုတ်ခြစ်ရေးဆွဲလိုက်ပြီး လေကို ဆုတ်ဖြဲသွားသော လေချွန်သံနှင့်အတူ ထိုခွေးအလူသား၏ အကာအကွယ်မဲ့‌နေသာ လည်ချောင်းကို တိကျစွာ ဖြတ်တောက်သွားသည်။

“ခွပ်”

ခွေးအလူသား၏ ခန္ဓာကိုယ်ကြီးမှာ ရုတ်တရက် တောင့်တင်းသွားပြီး မျက်လုံးများ ပြူးထွက်လာသည်။

၎င်းသည် လည်ချောင်းကို လက်များဖြင့် ဖိထားသော်လည်း အချည်းနှီးသာဖြစ်ကာ လက်ချောင်းများကြားမှ စမ်းရေပမာ ပန်းထွက်နေသော သွေးများကိုမူ မတားဆီးနိုင်ခဲ့ပေ။

ထိတ်လန့်ခြင်းနှင့် မယုံကြည်နိုင်ခြင်းများ ပြည့်နှက်နေသော မျက်နှာဖြင့် ရှေ့သို့ လေးလံစွာ မလဲကျခင် ညည်းတွားသံတိုတိုလေးတစ်ခုသာ ထုတ်လွှတ်လိုက်နိုင်တော့သည်။

ခြေလက်များ အနည်းငယ် တုန်ယင်သွားပြီးနောက် ငြိမ်သက်သွားတော့သည်။

“ဆုတ်မယ်”

တစ်ချက်တည်းနှင့် အသေသတ်ပြီးနောက် ချက်ချင်းပျောက်ကွယ်သွားသည်။ သွေးမိစ္ဆာသည် ချက်ချင်း ပြန်ဆုတ်လာကာ အလောင်းကိုပင် ဒုတိယအကြိမ် ပြန်မကြည့်တော့ပေ။

ဟိန်းဟောက်သံတိုးတိုးနှင့်အတူ တစ္ဆေများကဲ့သို့ ပေါ်လာပြီး ပျောက်ကွယ်သွားကြသော အဖွဲ့ဝင်များကို ဦးဆောင်ကာ ရှုပ်ထွေးပြီး ကြမ်းတမ်းသော ကျောက်ဆောင်မြေပြင်ထဲသို့ လျင်မြန်စွာ ပြန်လည်ပုန်းအောင်းနေလေသည်။

လုပ်ငန်းစဉ်တစ်ခုလုံးမှာ သန့်ရှင်းသပ်ရက်ပြီး ထိရောက်ကာ အသက်သုံးခါရှူချိန်ထက်ပင် မကြာလိုက်ပေ။

ကျန်ခွေးအလူသား လေးကောင်မှာ တစ်ခုခု မှားယွင်းနေကြောင်း သတိထားမိပြီး သူတို့၏ အရိုးတုတ်များကို ကိုင်ဆောင်ကာ ဟိန်းဟောက်ရင်း ပြန်ပြေးလာချိန်တွင်မူ နွေးထွေးနေဆဲဖြစ်သော သူတို့အဖော်၏ အလောင်းနှင့် မြေကြီးထဲသို့ လျင်မြန်စွာ စိမ့်ဝင်နေသော အနီရင့်ရောင် သွေးအိုင်လေးတစ်ခုသာ ကျန်ရှိနေတော့သည်။

တိုက်ခိုက်သူ၏ အရိပ်ကိုပင် သူတို့ မမြင်လိုက်ရပေ။

ဟာလာဟင်းလင်းဖြစ်နေသော ချိုင့်ဝှမ်းကို ကြည့်ကာ အချည်းနှီး ဒေါသတကြီး ဟိန်းဟောက်သံများသာ ထုတ်လွှတ်နိုင်ပြီး သူတို့၏ရင်ထဲရှိ အကြောက်တရားများကို အကျိုးမဲ့စွာ တိုးပွားစေရုံသာ ရှိတော့သည်။

ဤသည်မှာ သွေးမိစ္ဆာအဖွဲ့၏ သုံးရက်တာ စမ်းသပ်မှုတာဝန်အတွက် သေးငယ်သော အစပြုမှုမျှသာ ဖြစ်သည်။

နောက်ထပ် နှစ်ရက်ကျော်ကာလအတွင်း သူတို့သည် ဤ “တိုက်ပြီးပြေး၊ အဆက်မပြတ် အနှောင့်အယှက်ပေး” ဆိုသည့် နည်းဗျူဟာကို အကျွမ်းကျင်ဆုံး အသုံးပြုခဲ့ကြသည်။

တစ်ခါတစ်ရံ အပြင်ထွက်လာအောင် လှည့်စားခြင်း၊ တစ်ခါတစ်ရံ ညသန်းခေါင်တွင် ဝင်ရောက်တိုက်ခိုက်ခြင်း၊ တစ်ခါတစ်ရံ မြေပြင်အနေအထားကို အသုံးပြုကာ အုပ်စုငယ်လေးများကို ခွဲထုတ်ပြီး သတ်ဖြတ်ခြင်း...

သူတို့သည် အပါးနပ်ဆုံးသော အမဲလိုက်သမားများနှင့် အနှောင့်အယှက်အပေးနိုင်ဆုံးသော တစ္ဆေများကဲ့သို့ ဤခွေးအလူသားအုပ်စု၏ စွမ်းအင်၊ ရုပ်ပိုင်းဆိုင်ရာခွန်အားနှင့် အရေးအကြီးဆုံးဖြစ်သော စိတ်ဓာတ်တို့ကို အဆက်မပြတ် ကျဆင်းအောင် လုပ်ဆောင်နေကျသည်။

တစ်ချိန်တည်းမှာပင် သူတို့သည် ခွေးအလူသား အသိုက်အပြင်ဘက်ရှိ တပ်ဖွဲ့ဖြန့်ကျက်မှု၊ ကင်းလှည့်သည့် လမ်းကြောင်းများနှင့် ကင်းလှည့်အဆိုင်းပြောင်းသည့် အချိန်များ။

ထို့အပြင် ဝိညာဉ်စမ်းချောင်းငယ် မြစ်လက်တက်၏ တိကျသော တည်နေရာနှင့် အစောင့်အင်အားတို့ကိုပါ မြေပုံဆွဲ မှတ်တမ်းတင်နိုင်ခဲ့ကြသည်။

ဝံပုလွေအသိုက်၏ ဗဟိုချက်တွင် ဝိသေသလက္ခဏာရပ်များ ပေးအပ်ခြင်း ပြီးဆုံးသွားသော လင်းထျန်းလုံသည် အရှေ့တောင်ဘက်ရှိ အလယ်အလတ် စိတ်ချင်းဆက်သွယ်ခြင်း ကွန်ရက်မှတစ်ဆင့် သွေးမိစ္ဆာနှင့် သူ၏ အဖွဲ့ထံမှ စိတ်ခံစားမှု အပိုင်းအစများကို ခပ်ရေးရေး ဖမ်းယူရရှိခဲ့သည်။

အာရုံစူးစိုက်မှုအပြည့်ဖြင့် အေးစက်သော သတ်ဖြတ်လိုစိတ်၊

နည်းဗျူဟာများကို အောင်မြင်စွာ အကောင်အထည်ဖော်ပြီးနောက် ခေတ္တမျှ စိတ်လှုပ်ရှားမှုနှင့်ကျေနပ်မှု၊

ရန်သူများစွာနှင့် ရင်ဆိုင်ရချိန်တွင် ကြောက်ရွံ့ခြင်းမရှိဘဲ ပို၍အားကောင်းလာသော ရက်စက်ကြမ်းကြုတ်မှုနှင့်

“အမဲလိုက်ခြင်း” အပေါ် တဖြည်းဖြည်း နားလည်လာပြီး ကျွမ်းကျင်လာမှု၊

သူ့ကိုယ်ပိုင် မျက်လုံးများဖြင့် မြင်တွေ့နေရသကဲ့သို့ တိကျသော ပုံရိပ်များကို မမြင်ရသော်လည်း ဤသန့်စင်ပြီး ပြင်းထန်သော စိတ်ခံစားမှု အတက်အကျများသည် စမ်းသပ်မှုအတွင်း တိုးတက်မှုအပေါ် ရှင်းရှင်းလင်းလင်း ဆုံးဖြတ်ချက်ချရန် သူ၏အတွက် လုံလောက်နေပြီဖြစ်သည်။

“သတ်ဖြတ်ရာမှာ ပြတ်သားတယ်၊ ဘယ်အချိန် ရှေ့တိုးပြီး ဘယ်အချိန် နောက်ဆုတ်ရမလဲဆိုတာ သိတယ်... သူတို့ရဲ့ စိတ်ဓာတ်တွေက သေချာသွန်းလောင်းခံလိုက်ရပြီပဲ”

လင်းထျန်းလုံက တိတ်ဆိတ်စွာ အကဲဖြတ်လိုက်သည်။ ကိုယ်တိုင်ကိုယ်ကျ မီးဖိုထဲသို့ ထည့်သွင်းပေးခဲ့သော ဤ ရက်စက်ထက်ရှသည့် ဓားသွားအတွက် သူသည် ပထမဆုံးအကြိမ်အဖြစ် အသိအမှတ်ပြုသော အရိပ်အယောင်လေးကို ပြသလိုက်သည်။

အဝေးရှိ မိုးကုတ်စက်ဝိုင်းတွင် ဝိညာဉ်နက်တောင်ကြော၏ အရိပ်မှာ ဝပ်နေသော ဧရာမသားရဲကြီးတစ်ကောင်ကဲ့သို့ ထင်ဟပ်နေဆဲဖြစ်ပြီး အန္တရာယ်ရှိသော ဖိအားများကို ထုတ်လွှင့်နေသည်။

သို့သော် ဝံပုလွေအသိုက်တွင် ယခုအခါ ပိုမိုစွမ်းအားကြီးမားသော ဘုရင်တစ်ပါး၊ ခိုင်ခံ့လာသော ခံစစ်အင်အားများနှင့်... သွေးနှင့် မီးတောက်များကြားတွင် လျင်မြန်စွာ ကြီးထွားလာပြီး သူ၏တန်ဖိုးကို သက်သေပြရန် တိုက်ပွဲများ ဆာလောင်မွတ်သိပ်နေသော အစွယ်တစ်စုံ ရှိနေပြီဖြစ်သည်။

……..

လင်းထျန်းလုံသည် မိခင်သစ်ပင်အောက်မှနေ၍ သွေးမိစ္ဆာအဖွဲ့၏ ထက်မြက်သော စိတ်ခံစားမှုလှိုင်းများကို အာရုံခံသိရှိကာ ကနဦး အသိအမှတ်ပြုမှုပေးလိုက်ချိန်မှာပင်....

ဝံပုလွေအသိုက်၏ အရှေ့တောင်ဘက်ရှိ သစ်တောအုပ်ထဲတွင် အနီနှင့်အဖြူ ရောယှက်နေသော ပုံရိပ်တစ်ခုသည် အံ့မခန်းအမြန်နှုန်းဖြင့် ရွေ့လျားနေပြီး ၎င်း၏နောက်တွင် သွက်လက်သော ဝံပုလွေအရိပ်ဆယ်ခုက ကပ်ပါလာသည်။

သူတို့သည် အသစ်ချမှတ်ထားသော ကင်းလှည့်လမ်းကြောင်းများကို တိကျစွာ ရှောင်ကွင်းကာ ထက်မြက်သော မြားတစ်စင်းအလား ဝံပုလွေအသိုက်၏ ဗဟိုချက်ဆီသို့ ထိုးဖောက်ဝင်ရောက်လာကြသည်။

ထိုသူများမှာ သွေးမိစ္ဆာနှင့် သူ၏အဖွဲ့ဝင်ဆယ်ဦးပင် ဖြစ်သည်။

သူတို့သည် သတ်မှတ်ထားသော သုံးရက်တာ သတ်မှတ်ရက်ထက် တစ်ရက်နီးပါး စော၍ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။ ယခုအခိုက်အတန့်တွင် သွေးမိစ္ဆာမှာ ထွက်ခွာသွားစဉ်ကနှင့် လုံးဝကွာခြားနေပြီဖြစ်၏။

သူ၏ ခန္ဓာကိုယ်ထဲတွင် စိမ့်ဝင်နေသော သွေးနီရောင် သတ်ဖြတ်ချင်စိတ် အငွေ့အသက်များသည် ပိုမိုသိပ်သည်းလာပြီး သူ၏ လှုပ်ရှားမှုတိုင်းတွင် သွေးဖြင့် ဆေးကြောခြင်းခံရပြီးနောက် ရရှိလာသော တည်ငြိမ်မှုများ ပါဝင်နေသည်။

သွေးမိစ္စာက ထူးဆန်းသော အပင်တစ်ပင်ကို ကိုက်ချီထားသည်။

ထိုအပင်၏ ပင်စည်မှာ ပတ္တမြားကဲ့သို့ နီရဲနေကာ ဖောက်ထွင်းမြင်နိုင်သော်လည်း အရွက်များမှာမူ နှင်းခဲများအလား ဖြူဖွေးနေကာ သန့်စင်သော သွေးစွမ်းအင်များနှင့် အေးစက်စက် အငွေ့အသက်များ ရောယှက်နေသည့် စွမ်းအင်လှိုင်းများ ထုတ်လွှင့်နေသည်။

၎င်းနောက်မှ လိုက်ပါလာသော အရွယ်ရောက်ကာစ နှင်းဝံပုလွေဆယ်ကောင်မှာ ဒဏ်ရာအနည်းငယ်စီနှင့် ပင်ပန်းနွမ်းနယ်မှုများ ရှိနေပြီး အမွေးများတွင် ဖုန်မှုန့်များနှင့် သွေးခြောက်များ ပေကျံနေသော်လည်း အားလုံး၏ အကြည့်များမှာ စူးရှနေကြသည်။

သူတို့၏ အငွေ့အသက်များသည် ထွက်ခွာသွားစဉ်ကထက် ပိုမိုသန့်စင်လာပြီး ခြေလှမ်းများမှာလည်း တည်ငြိမ်နေကာ ကလေးဆန်မှုအချို့ ကင်းစင်သွားပြီး စစ်မှန်သော စစ်သည်များ၏ ပုံပန်းသဏ္ဍာန်ကို ပိုင်ဆိုင်နေပြီဖြစ်သည်။

“ဘုရင်ကြီး” သွေးမိစ္ဆာသည် လင်းထျန်းလုံရှေ့တွင် မှောက်လျက်သား ခစားလိုက်ပြီး အပင်ကို ချထားကာ ရှင်းလင်းတည်ငြိမ်သော အတွေးလှိုင်းတစ်ခု ပေးပို့လိုက်သည်။

“တာဝန် ပြီးဆုံးပါပြီ၊ ချိုင့်ဝှမ်းမှာရှိတဲ့ အကျင့်ပျက် ခွေးအလူသားအသိုက်မှာ ခွေးအလူသား စုစုပေါင်း သုံးဆယ့်လေးကောင် ရှိပါတယ်၊ အဲဒီအထဲမှာ ခြေလှမ်း၀က်ထူးချွန်အဆင့် ငါးကောင်နဲ့ ထူးချွန်အဆင့် ခေါင်းဆောင်တစ်ကောင် ပါဝင်ပါတယ်”

“သူတို့ သိမ်းပိုက်ထားတဲ့ ဝိညာဉ်စမ်းချောင်း မြစ်လက်တက်က ချိုင့်ဝှမ်းရဲ့အနောက်ဘက် အက်ကွဲကြောင်းအောက်မှာ ရှိပြီး နေ့စဉ် ခြေလှမ်း၀က်ထူးချွန်အဆင့် နှစ်ကောင်နဲ့ သာမန် ခွေးအလူသား ခြောက်ကောင်က စောင့်ကြပ်နေပါတယ်”

“ဒါက သူတို့ရဲ့ ကင်းလှည့်လမ်းကြောင်းနဲ့ အဆိုင်းပြောင်းတဲ့ အချိန်ဇယားပါ...”

သွေးမိစ္ဆာက သုံးရက်တာကာလအတွင်း စဉ်ဆက်မပြတ် အနှောင့်အယှက်ပေးခြင်း၊ လုပ်ကြံတိုက်ခိုက်ခြင်းနှင့် စောင့်ကြည့်ခြင်းတို့မှတဆင့် စုဆောင်းရရှိခဲ့သော အသေးစိတ်အချက်အလက်များကို ခိုင်မာစွာ အမျိုးအစားခွဲခြားကာ သူ၏ အတွေးလှိုင်းမှတဆင့် တင်ပြလိုက်သည်။

သတင်းပို့ပြီးနောက် အပြန်ခရီးတွင် ကြုံတွေ့ခဲ့ရသော ကြားဖြတ်ဇာတ်လမ်းလေးတစ်ခုကိုပါ ပြောပြလိုက်သေးသည်။

“အပြန်လမ်းမှာ အသေးစားတိုက်ပွဲမြေပြင်တစ်ခုကို ဖြတ်သွားခဲ့ပါတယ်၊ အဲဒီမှာ ဒီအရာကို ရှာတွေ့ခဲ့တာပါ”

“အဲဒီအချိန်က ‘အရိုးတိုက်စားကြွက်’ အချို့နဲ့ ‘ကျောက်သားအရေပြား တောဝက်’ တစ်ကောင်တို့က ဒီအရာအတွက် လုနေကြတာပါ”

“သူတို့အချင်းချင်း အစွမ်းကုန်တိုက်ခိုက်ပြီး ဒဏ်ရာရနေချိန်မှာ ကျွန်တော် အခွင့်ကောင်းယူပြီး ရုတ်တရက် ဝင်တိုက်လိုက်တယ်၊ သူတို့ကို ရှင်းလင်းပစ်ပြီး ဒါကို ယူလာခဲ့တာပါ”

“ဒီအရာက... ကျွန်တော့်အတွက် အရမ်းအသုံးဝင်မယ်လို့ ခံစားရတယ်”

သူသည် တိုက်ပွဲလုပ်ငန်းစဉ်ကို ချဲ့ကားမပြောသော်လည်း စကားအနည်းငယ်ဖြင့် ပြတ်သားအောင်မြင်သော ချုံခိုတိုက်ခိုက်မှုနှင့် ရိတ်သိမ်းမှုတစ်ခုကို ပုံဖော်ပြလိုက်သည်။

လင်းထျန်းလုံ၏ အကြည့်က အပင်ပေါ်သို့ ဖြတ်ပြေးသွားသည်။

အခန်း (၂၁၈) - ဝိညာဉ်နက်တောင်ကြောမှ လာရောက်ကျူးကျော်ခြင်း

[စနစ်အသိပေးချက်]။ ။ဝိညာဉ်ပစ္စည်း သွေးနှင်းသစ်ခွ (ခရမ်းရောင်) ကို ရှာဖွေတွေ့ရှိပါသည်။ သန့်စင်သော သွေးစွမ်းအင်များနှင့် ရေခဲသဘာဝများ ပါဝင်သည်။ ခန္ဓာကိုယ်ကို သန့်စင်ရန် ကူညီပေးနိုင်ပြီး သွေးသဘာဝနှင့် ရေခဲဓာတ် ပင်ကိုစွမ်းရည်များရှိသူများအတွက် အထူးထိရောက်မှု ရှိသည်။

“ကောင်းတယ်” လင်းထျန်းလုံ၏ အတွေးထဲတွင် တာဝန်ပြီးဆုံးမှုအတွက်သာမက ဤအဖွဲ့၏ တိုးတက်မှုနှင့် စွမ်းဆောင်ရည်အတွက်ပါ ချီးကျူးမှုများ ပါဝင်နေသည်။

“အဲဒီအရာကို မင်းကို ပေးတယ်၊ ကိုယ်တိုင်ပဲ စုပ်ယူလိုက်ပါ၊ မင်းတို့အားလုံး ကိုယ့်တန်ဖိုးကို သက်သေပြခဲ့ကြပြီ။ သွားပြီး အနားယူလိုက်ကြဦး၊ ပြီးရင် ရလာတာတွေကို တည်ငြိမ်အောင်လုပ်ဖို့ အသစ်ဆောက်ထားတဲ့ လေ့ကျင့်ရေးနယ်မြေကို သွားလို့ရပြီ”

သွေးမိစ္ဆာနှင့် သူ့နောက်ရှိ အဖွဲ့ဝင်ဆယ်ဦးစလုံး တစ်ပြိုင်နက်တည်း လေးနက်စွာ အရိုအသေပေးလိုက်ကြပြီး သူတို့၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုနှင့် ဂုဏ်ယူမှုများ လင်းလက်သွားသည်။

သွေးမိစ္ဆာသည် သွေးနှင်းသစ်ခွကို ဂရုတစိုက် ကိုက်ချီလိုက်ပြီး အဖွဲ့ကို ဦးဆောင်ကာ မိခင်သစ်ပင်၏ အလင်းရောင်နှင့် သိပ်သည်းသော ဝိညာဉ်စွမ်းအင်များ ဖုံးလွှမ်းနေသည့် နေရာသစ်ဆီသို့ ခေါင်းမော့ကာ ဆုတ်ခွာသွားတော့သည်။

“ဒီစမ်းသပ်မှုက တော်တော်လေးထိရောက်ပုံပဲ၊ ဒီအဖွဲ့က အနာဂတ်အတွက် အလားအလာကောင်းတွေ အများကြီးရှိတယ်”

ဤနယ်မြေကို လွှမ်းမိုးရုံသာမက သားရဲများအားလုံး၏ အထွတ်အထိပ်သို့ ရောက်အောင်သွားမည်ဟူသော ခိုင်မာသည့် ရည်မှန်းချက်က သူ့ကို ပိုမိုတွန်းအားပေးနေတော့သည်။

သွေးမိစ္ဆာအဖွဲ့ ထွက်ခွာသွားပြီးနောက် နေ့ဝက်ခန့်အကြာတွင် အနောက်မြောက်ဘက်ကို အရိပ်တစ်ခုကဲ့သို့ စောင့်ကြည့်နေသော ယင်းဖုန်းထံမှ ရှင်းလင်းတည်ငြိမ်သော စိတ်အာရုံဆက်သွယ်မှုတစ်ခု ရောက်ရှိလာသည်။

“ဘုရင်ကြီး၊ ဝိညာဉ်နက်တောင်ကြောဘက်က လှုပ်ရှားမှုရှိတယ်၊ အဖွဲ့ငယ်လေးတစ်ဖွဲ့ ချဉ်းကပ်လာနေပါတယ်။ အရေအတွက်က ငါးဆယ်လောက်ရှိပြီး လူမျိုးစုပေါင်းစုံ ပါဝင်တယ်”

အဓိကကတော့ ‘အရိပ်လက်သည်းကျားသစ်’ တွေနဲ့ ‘ကျောက်သားအကြေးခွံ အိမ်မြှောင်’ တွေပဲ၊ ‘အရိုးမိစ္ဆာဝံပုလွေ’ တစ်ကောင်က ဦးဆောင်လာတယ်”

‘သူ့ရဲ့ စွမ်းအင်လှိုင်းအရ... အဆင့် ၃၈ ပဲ၊ သူတို့ ချီတက်နေတဲ့ လမ်းကြောင်းက ရှင်းလင်းတယ်၊ ဘယ်ကိုမှမကွေ့ဘဲ ကျွန်တော်တို့ နယ်မြေထဲက အပြင်ဘက် ကာကွယ်ရေးမျဉ်းဆီကို တည့်တည့်လာနေတာ၊ သူတို့က အရမ်းမြန်တယ်၊ အမွှေးတိုင်တစ်တိုင်စာ အချိန်အတွင်း ရောက်လာနိုင်ခြေရှိတယ်”

“နောက်ဆုံးတော့ ထပ်ရောက်လာပြန်ပြီပေါ့လေ” လင်းထျန်းလုံ၏အကြည့်များ ထက်မြက်သွားပြီး သူ၏အတွေးများက ဝံပုလွေအသိုက်တစ်ခုလုံးဆီသို့ ချက်ချင်း ပြန့်နှံ့သွားသည်။

“ဒုတိယ အရေးပေါ်အစီအစဉ်အတိုင်း ပြင်ဆင်ထားကြ၊ ရန့်မြဲ့... အရှေ့ဘက် ရေခဲရေတံခွန် ကင်းစခန်းဘက်က အကာအကွယ်ကို တင်းကြပ်ထားပြီး သူတို့ကို အထဲဝင်ခိုင်းလိုက်”

“ထျန်းပင်း... မင်းလူတွေကို ပထမရေခဲတံတိုင်းနောက်မှာ စုစည်းထား”

"ယင်းဖုန်း... မင်းလူတွေကို ဖြန့်ခွဲထားပြီး သူတို့ ထွက်ပြေးနိုင်မယ့် လမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားလိုက်”

ဝံပုလွေများက အမိန့်များကို လျင်မြန်စွာ အကောင်အထည်ဖော်လိုက်သည်။

ဝံပုလွေအသိုက်၏ စစ်စက်ယန္တရားကြီးသည် နောက်တစ်ဖန် စတင်လည်ပတ်လာပြန်၏။

ပြီးခဲ့သည့်အကြိမ်ကကဲ့သို့ အလောတကြီး ရင်ဆိုင်ခဲ့ရခြင်းနှင့် မတူဘဲ ယခုအခါတွင် စည်းစနစ်တကျဖြစ်နေကာ တည်ငြိမ်မှုများ ရှိနေပြီဖြစ်သည်။

လင်းထျန်းလုံသည် မိခင်သစ်ပင်အောက်တွင် မတ်မတ်ရပ်နေပြီး ငွေပြာဘုရင်မျက်ဝန်းဖြင့် အနောက်မြောက်ဘက်သို့ ကြည့်နေသည်။

သူ၏ အမြင်အာရုံထဲတွင် ကြမ်းတမ်းပြီး သေမင်းတမန်အငွေ့အသက်များ ရောနှောနေသော စွမ်းအင်အစုအဝေးတစ်ခုသည် အဆိပ်လူးထားသော ဓားမြှောင်တစ်ခုကဲ့သို့ ဝံပုလွေအသိုက်၏ အလယ်တည့်တည့်ကို ထိုးဖောက်ဝင်ရောက်လာတော့မည့်အလား လျင်မြန်စွာ ရွေ့လျားလာသည်ကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။

“အရင်သင်ခန်းစာက မလုံလောက်သေးဘူးနဲ့တူတယ်” သူက စိတ်ထဲတွင် လှောင်ပြောင်လိုက်သည်။

“ဒီတစ်ခါ လွှတ်လိုက်တဲ့ကောင်ကတော့ နည်းနည်းစိတ်ဝင်စားစရာပဲ”

နံ့သာတိုင်တစ်တိုင်စာ အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားသည်။

အရိုးမိစ္ဆာဝံပုလွေဦးဆောင်သော အဖွဲ့သည် ဝံပုလွေအသိုက်၏ အစွန်အဖျားသို့ အရှိန်အဟုန်ပြင်းစွာ ကျူးကျော်ဝင်ရောက်လာပြီး ရေခဲတံတိုင်းများ၊ ဘန်ကာများနှင့် မိခင်သစ်ပင်၏ အမြစ်များဖြင့် တည်ဆောက်ထားသော ကာကွယ်ရေးမျဉ်းထဲသို့ ခြေချလိုက်ချိန်တွင် သူတို့ကို ကြိုဆိုနေသည်မှာ အချိန်ကြာမြင့်စွာကတည်းက အသင့်ပြင်ထားခဲ့သော မဟာနှင်းအစောင့်အရှောက်များပင်။

“ပစ်”

ကာကွယ်ရေးဆုံချက်တစ်ခုတွင် တပ်စွဲထားသော ရန့်မြဲ့၏ အေးစက်သည့် စိတ်အာရုံအမိန့်ပေးချက်တစ်ခုနှင့်အတူ အသစ်တည်ဆောက်ထားသော ရေခဲတံတိုင်းများမှ တစ္ဆေအပြာရောင် ရေခဲစူးချွန်များ ချက်ချင်း ပေါက်ကွဲထွက်ပေါ်လာသည်။

အရိုးထဲထိ စိမ့်ဝင်စေနိုင်သော အအေးဓာတ်များကို သယ်ဆောင်လျက် မိစ္ဆာသားရဲအဖွဲ့၏ ရှေ့တစ်ဝက်ကို ဖုံးလွှမ်းသွားသည်။

သို့သော်လည်း ရှေ့ဆုံးမှ အရိုးမိစ္ဆာဝံပုလွေမှာ သာမန် နှင်းဝံပုလွေထက် တစ်ဆပိုကြီးသည်။

၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် မီးခိုးဖြူရောင်များ လင်းလက်နေပြီး မျက်၀န်းများထဲတွင် တစ္ဆေစိမ်းရောင် ဝိညာဉ်မီးတောက်နှစ်ခု တောက်လောင်နေသည်။

ဤတိုက်ခိုက်မှုများကို ရင်ဆိုင်ရချိန်တွင် ၎င်းက ရှောင်တိမ်းခြင်းမရှိပေ။

“အာဝူး”

၎င်းက သေမင်းတမန်အငွေ့အသက်များဖြင့် ပြည့်နှက်နေသော သြရှရှ ဟိန်းဟောက်သံကြီးကို ထုတ်လွှတ်လိုက်ပြီး မရေမတွက်နိုင်သော အရိုးပြာများဖြင့် ဖွဲ့စည်းထားပုံရသည့် ပိုမိုထူထပ်သော မီးခိုးဖြူရောင် အရိုးချပ်ဝတ်အလွှာတစ်ခု သူ၏ ခန္ဓာကိုယ်ပေါ်တွင် ချက်ချင်းထွက်ပေါ်လာသည်။

“ဒေါင်... ဒေါင်... ဒေါင်”

ရေခဲစူးချွန်များသည် အရိုးချပ်ဝတ်ကို ထိမှန်ကာ စူးရှသော အသံများ ထွက်ပေါ်လာသည်။ အများစုမှာ လွင့်စင်၊ကြေမွသွားပြီး အဖြူရောင် အမှတ်အသားများနှင့် အက်ကွဲကြောင်းအနည်းငယ်ကိုသာ ချန်ရစ်နိုင်ခဲ့သည်။

ငွေပြာဘုရင်မျက်ဝန်းဖြင့် စစ်ဆေးကြည့်လိုက်ရာ ၎င်း၏ အချက်အလက်များကို ချက်ချင်း မြင်လိုက်ရလေသည်။

[စနစ်အသိပေးချက်]။ ။

[မျိုးနွယ်စု: အရိုးမိစ္ဆာဝံပုလွေ (ဘုရင်သွေးမျိုးဆက်)]

[အဆင့်: အဆင့် ၃၈ (ပထမ ဘုရင် အထွတ်အထိပ်)]

[ပင်ကိုစွမ်းရည်များ: ထာဝရတိုက်ပွဲဝင်လိုစိတ် (ရွှေရောင် အဆင့်မြင့်)၊ အရိုးစုလက်နက် (ခရမ်းရောင် အဆင့်မြင့်)]

[ကျွမ်းကျင်မှုစွမ်းရည်များ: သေမင်းချီတက်ခြင်း (ခရမ်းရောင် အဆင့်မြင့်)၊ [ဝိညာဉ်ဆုတ်ဖြဲခြင်း (ခရမ်းရောင် အဆင့်မြင့်)၊ အရိုးစူးချွန်မှုတ်ထုတ်ခြင်း (ခရမ်းရောင် အဆင့်မြင့်)]

[အခြေအနေ: ဒဏ်ရာအနည်းငယ်ရရှိထား၊ ထာဝရတိုက်ပွဲဝင်လိုစိတ် ဝိသေသလက္ခဏာရပ် အသက်ဝင်နေပြီး တိုက်ခိုက်မှုနှင့် ကာကွယ်မှုစွမ်းအား အနည်းငယ် တိုးလာသည်။]

“ထင်တဲ့အတိုင်းပဲ၊ သူက ထာဝရတိုက်ပွဲဝင်လိုစိတ်ကို သယ်ဆောင်ထားပြီး အရိုးစုလက္ခဏာရပ်တွေနဲ့ ပေါင်းစပ်ထားတဲ့ အမျိုးအစားပဲ၊ ဒဏ်ရာများလေ တန်ပြန်တိုက်ခိုက်မှု ပိုအားကောင်းလေဆိုတော့... ရေရှည်တိုက်ပွဲတစ်ခု ဖြစ်ခွင့်ပေးလို့မဖြစ်ဘူး”

“တိုက်ပွဲကို မြန်မြန်အဆုံးသတ်ပေးပြီး၊ တစ်ချက်တည်းနဲ့ သူ့ရဲ့ စွမ်းအင်ဗဟိုချက်ကို ဖျက်ဆီးပစ်ရမယ်”

အရိုးစု မိစ္ဆာဝံပုလွေသည် ရေခဲစူးချွန်များကို အလွယ်တကူ ဖြတ်သန်းလာခဲ့၏။

၎င်းက ခြေလက်များကို အားယူလိုက်ပြီး ကြီးမားလွန်းသော အရိုးစုခန္ဓာကိုယ်ကြီးသည် ထိန်းချုပ်မရသော အရိုးရထားကြီးတစ်စင်းအလား မဆုတ်မနစ်သော အဟုန်ဖြင့် သေမင်းချီတက်ခြင်းကို စတင်အသက်သွင်းလိုက်ကာ အနီးဆုံးရှိ ရေခဲတံတိုင်းကို ပြင်းထန်စွာ ဝင်တိုက်လိုက်သည်။

တစ်ချိန်တည်းမှာပင် အစိမ်းရောင် မီးတောက်များ တောက်လောင်နေသည့် အရိုးလက်သည်းများကို ဝှေ့ယမ်းလိုက်ရာ အသက်ကိုပင် တိုက်စားနိုင်စွမ်းရှိပုံရသည့် သိပ်သည်းလွန်းသော အရိပ်စွမ်းအင်လက်သည်းရာကြီးက ပစ်လွှတ်ထွက်ပေါ်လာပြီး ရေခဲတံတိုင်းကို အရင်ဆုံး ထိမှန်သွားသည်။

“ဝုန်း”

မိခင်သစ်ပင်၏စွမ်းအားဖြင့် အားဖြည့်ထားကာ ခိုင်မာလွန်းသည့် ရေခဲများနှင့် ကျောက်တုံးများဖြင့် တည်ဆောက်ထားသော ထိုရေခဲတံတိုင်းသည် သေမင်းတမန်ဝင်တိုက်မှုနှင့် စွမ်းအင်တိုက်စားမှုအောက်တွင် ခံနိုင်ရည်မရှိတော့သည့်အလား၊ ဂျွတ်ခနဲ အသံတစ်သံ မြည်လာပြီး တစ်ဝက်ကျော်မှာ အပျက်အစီးများနှင့် ရေခဲစများအဖြစ် လွင့်စင်ကာ ချက်ချင်း ကြေမွသွားတော့သည်။

“ထျန်းပင်း၊ သူ့လက်အောက်ခံတွေကို ဖိနှိပ်ပြီး တိုက်ပွဲမြေပြင်ကို နှစ်ခြမ်းခွဲပစ်”

“ယင်းဖုန်း၊ ဆုတ်ပေါက်ကိုပိတ်ထား၊ တစ်ကောင်ကိုမှ အရှင်မထားနဲ့။”

လင်းထျန်းလုံ၏ အေးစက်သော အတွေးများသည် စစ်မြေပြင်တွင် အကြွင်းမဲ့ဥပဒေတစ်ခုကဲ့သို့ ဖြစ်သည်။

ဝံပုလွေအုပ်စု၏ အသိစိတ်ထဲတွင် သူ၏အသံ ပဲ့တင်ထပ်နေဆဲမှာပင် ငွေဖြူရောင်ပုံရိပ်သည် စစ်မြေပြင်အထက်တွင် တစ္ဆေတစ်ကောင်ကဲ့သို့ ပေါ်လာခဲ့ပြီဖြစ်သည်။

ဘုရင်အဆင့် ဖိအားသည် မမြင်ရသော တောင်ကြီးတစ်လုံးကဲ့သို့ ကျဆင်းလာရာ အရိုးမိစ္ဆာဝံပုလွေနောက်မှ ပြေးဝင်လာသော အရိပ်လက်သည်းကျားသစ်များ၊ ကျောက်သားအကြေးခွံ အိမ်မြှောင်များနှင့် အခြားမိစ္ဆာသားရဲများအားလုံး နေရာတွင်ပင် ရပ်တန့်သွားပြီး သူတို့၏မျက်လုံးများထဲတွင် အကြောက်တရားများဖြင့် ပြည့်နှက်သွားတော့သည်။

အမိန့်ရရှိပြီးနောက် အချိန်အတော်ကြာကတည်းက တိုး၀င်တိုက်ခိုက်ချင်နေသော ထျန်းပင်းသည် စိတ်လှုပ်ရှားစွာ ဟိန်းဟောက်လိုက်ပြီး သူ၏ လုပ်ကြံသတ်ဖြတ်သူများကို ဦးဆောင်ကာ ရွှေရောင်ရေလှိုင်းတစ်ခုအလား ဘေးဘက်မှ ရုတ်တရက် ဝင်ရောက်တိုက်ခိုက်လိုက်သည်။

သူတို့သည် ရန်သူ့တပ်ဖွဲ့ထဲသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားပြီး သာမန်မိစ္ဆာသားရဲများကို အရိုးမိစ္ဆာဝံပုလွေနှင့် ခွဲထုတ်လိုက်သည်။

ဘေးတွင်ပုန်းအောင်းနေခဲ့သော ယင်းဖုန်းနှင့် သူ၏ အမဲလိုက်သမားများသည် အရိပ်များထဲမှ သေမင်းတမန်များကဲ့သို့ ထွက်ပေါ်လာပြီး ရန်သူ၏ ထွက်ပြေးနိုင်သည့် လမ်းကြောင်းအားလုံးကို အသံတိတ် ဖြတ်တောက်ထားလိုက်သည်။

အရိပ်ဝိညာဉ်၏ စွမ်းအားက မမြင်ရသော လှောင်ချိုင့်တစ်ခုအဖြစ် ပြောင်းလဲသွားကာ ဤနေရာကို ယာယီခွဲထုတ်ထားလိုက်သည်။

အရိုးမိစ္ဆာဝံပုလွေသည် ရုတ်တရက် ခေါင်းမော့လိုက်ပြီး သူ၏ အစိမ်းရောင် မီးတောက်မျက်လုံးများက လေထဲရှိ လင်းထျန်းလုံအပေါ် စူးစိုက်သွားသည်။ အရိုးမိစ္ဆာဝံပုလွေသည် သေစေနိုင်သော ခြိမ်းခြောက်မှုတစ်ခုကို ခံစားလိုက်ရသည်။

ကာကွယ်ရေးမျဉ်းကို ဆက်လက်တိုက်ခိုက်မည့် အစီအစဉ်ကို စွန့်လွှတ်လိုက်ပြီး နောက်ခြေထောက်များဖြင့် မြေကြီးကို ရုတ်တရက် တွန်းကန်ကာ ကြီးမားလွန်းသော အရိုးစုခန္ဓာကိုယ်ကြီးက လေထဲသို့ ခုန်တက်သွားသည်။

သူသည် လေထဲတွင်ပင် ခွန်အားအားလုံးကို လက်သည်းထဲတွင် စုစည်းလိုက်သည်။

အစိမ်းရောင် မီးတောက်များ တောက်လောင်နေသည့် သူ၏ အရိုးလက်သည်းသည် ဝိညာဉ်ကို ဆုတ်ဖြဲနိုင်သည့် အေးစက်သော အငွေ့အသက်များဖြင့် လင်းထျန်းလုံထံသို့ တိုးဝင်သွားတော့သည်။

ဝိညာဉ်ဆုတ်ဖြဲခြင်း ဝိသေသလက္ခဏာရပ်။

သေမင်းစွမ်းအင်များ ပါဝင်သော ထိုအရိုးလက်သည်းက လင်းထျန်းလုံ၏ခန္ဓာကိုယ်ကို ထိလုနီးပါး ဖြစ်နေချိန်တွင် -

လင်းထျန်းလုံ၏ ရေခဲရောင် မျက်လုံးများထဲတွင် ရေခဲတောင်ဝင်ရိုးစွန်းမှ ရောင်ပြန်ဟပ်နေသော နေရောင်ခြည်အလား အေးစက်သော အလင်းရောင်တစ်ခု ရုတ်တရက် လက်သွားလေ၏။

သူသည် ညာဘက်ရှေ့လက်သည်းကို ပေါ့ပေါ့ပါးပါးမြှောက်လိုက်ရာ လက်သည်းထိပ်တွင် အလွန် ပြင်းထန်းလွန်းသော ရေခဲပြာရောင် အေးစက်စက် အလင်းတန်းလေးတစ်ခု ရုတ်တရက် စုစည်းလာပြီး ပတ်ဝန်းကျင် ဟင်းလင်းပြင်ပင် အနည်းငယ် ကောက်ကွေးသွားလေသည်။

နက်နဲရေခဲကောင်းကင်ဆုတ်ဖြဲလက်သည်း။

လင်းထျန်းလုံ၏တိုက်က်ကွက်က နောက်မှ စတင်သော်လည်း အရင်ရောက်သွားလေသည်။

ထိုရေခဲပြာရောင် လက်သည်းအရိပ်သည် ဟင်းလင်းပြင်အကွာအဝေးကို လျစ်လျူရှုကာ အရိုးမိစ္ဆာဝံပုလွေ၏ ရင်ဘတ်ရှေ့သို့ ချက်ချင်း ရောက်ရှိသွားပြီး ၎င်း၏ ခန္ဓာကိုယ်အတွင်း အဆုံးစွန် တောက်လောင်နေသည့် ဝိညာဉ်စွမ်းအင်ဗဟိုချက်ကို အကြွင်းမဲ့ တိကျစွာ ထိမှန်သွားတော့သည်။

ရှဲ...

နားကွဲမတတ် ပေါက်ကွဲသံမျိုး ထွက်မလာပဲ ပူလောင်နေသော အရိုးကို သုံညဒီဂရိအထိ အကြွင်းမဲ့အေးခဲနေသော ရေခဲရေထဲ ထည့်လိုက်သကဲ့သို့ သွားကျိန်းစဖွယ် တရှဲရှဲအသံများသာ ထွက်ပေါ်လာသည်။

All Chapters