အခန်း (၁၁၇-၁၁၈)
Vol. 12 Ch. 117-118
အခန်း (၁၁၇)မှန်ထဲကပန်း၊ ရေထဲကလရဲ့ ဆယ်နှစ်၊ အဝေးကရေက အနီးက ရေငတ်တာကို မပြေစေနိုင်ဘူး
တန်းစီနေသော ကျင့်ကြံသူများသည် ဤစကားကို ကြားသောအခါ အားလုံး ဝမ်းသာသွားကြသည်။
"တောင်သခင်လင်းရီကို ကျေးဇူးတင်ပါတယ်..."
ကျင့်ကြံသူများက အလျင်အမြန် ဦးညွှတ်လိုက်ကြ၏။
"ဆူးလီ ... ဒီတာအိုမိတ်ဆွေတွေကို ဧည့်ဂေဟာမှာ နားဖို့ တစ်ယောက်ယောက်ကို ခေါ်သွားခိုင်းလိုက်..."
လင်းရီက ညွှန်ကြားလိုက်သည်နှင့် ဆူးလီသည် အထွေထွေရေးရာခန်းမမှ တပည့်များကို ကျင့်ကြံသူများအား ဧည့်ဂေဟာဆီသို့ ခေါ်ဆောင်သွားရန် စီစဉ်ပေးလိုက်သည်။
လင်းရီသည် ယစ်မူးအင်မော်တယ်အိမ်တော် အတွင်းသို့ ဝင်ရောက်သွားခဲ့၏။
ယစ်မူး အင်မော်တယ်အိမ်တော်သည် သာမန်ဝိုင်ဆိုင်တစ်ခု ဖြစ်သော်လည်း ၎င်း၏ အတွင်းပိုင်းမှာ ကိုယ်ပိုင် ဟင်းလင်းပြင် တစ်ခုဖြစ်ပြီး တိမ်တိုက်များကို မျက်နှာမူနေသော သမင် စင်မြင့်များနှင့် ကြည်လင်ပြီး စီးဆင်းနေသော ရေများရှိလေသည်။
၎င်းသည် ကျင့်ကြံသူ သောင်းချီကို ဝိုင်သောက်ရန်နှင့် တာအိုမေးမြန်းခြင်း ပြုလုပ်ရန် လုံလောက်အောင် ကျယ်ဝန်းလှပေသည်။
သို့သော် ၎င်းကတောင် မလုံလောက်သေးချေ။
လုံးဝကို မလုံလောက်သေးပေ။
ဝိုင်တောင်၏ နာမည် ပျံ့နှံ့သွားပြီးနောက် ဝိုင်တောင် သို့ ဝိုင်လာရှာသူ မည်မျှပင် ရှိပါသနည်း။ လူတစ်သောင်းကျော်ပင် ရှိသည်။
ယစ်မူးအင်မော်တယ် အိမ်တော်အတွင်း၌ ကုလားထိုင် တစ်လုံးမျှပင် လွတ်မနေတော့ချေ။
ကျင့်ကြံသူ အများအပြားမှာ လက်ရန်းဘေးတွင် ထိုင်နေကြသည် သို့မဟုတ် တိုင်များကို မှီနေကြသည်။
မြေပြင်ပေါ်တွင် ထိုင်နေသူများမှာမူ မရေမတွက်နိုင်အောင်ပင် ရှိလေသည်။
"တောင်သခင်..."
"ယစ်မူး အင်မော်တယ် အိမ်တော် ဖွင့်ဖွင့်ချင်း လူတွေ ပြည့်သွားတာပဲ..."
"လက်နက်တောင်က ကျွန်တော်တို့အတွက် အလျင်အမြန် တိုးချဲ့ပေးပြီးပြီ..."
"ဒါပေမဲ့ အဲဒါက မလုံလောက်သေးဘူး..."
"ပထမအချက်က ကျွန်တော်တို့ဆီမှာ ဝိုင် အလုံအလောက် တကယ် မရှိတော့တာပဲ..."
"ဒုတိယအချက်က ဝိညာဉ်ကုန်းမြေ ဒေသငါးခုလုံးက ကျင့်ကြံသူတွေက ဝိုင်လာရှာကြလို့... လူအရေအတွက်က အရမ်းများလွန်းတယ်..."
"တတိယအချက်က ငါတို့ဝိုင်တောင်က တပည့်တွေက အရမ်းကို နည်းပါးနေပြီး အလုပ်တွေကို မနိုင်တော့ဘူး..."
"တောင်တစ်ရာကနေ တပည့်တစ်စုကို ပြောင်းရွှေ့လာပြီးတာတောင် လူအင်အားက မလုံလောက်သေးဘူး..."
ဆူးလီက လင်းရီ၏ ဘေးမှ လိုက်ပါလာရင်း အကူအညီမဲ့စွာဖြင့် ပြောလိုက်၏။
"ဒီကိစ္စက မင်းတို့ရဲ့ အမှား မဟုတ်ပါဘူး..."
"ဒါက ငါတို့ဝိုင်တောင်က အခုမှ စတည်ထောင်တာဆိုတော့ သူ့ရဲ့ အခြေခံအုတ်မြစ်က နည်းနည်း အားနည်းနေသေးလို့ပါ..."
"ပြီးတော့ ဝိုင်တောင်က ဝိုင်က ဒီလောက် ကျင့်ကြံသူ အများကြီးကို ဆွဲဆောင်နိုင်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး..."
လင်းရီက ခေါင်းခါယမ်းကာ သူ့ကို နှစ်သိမ့်ပေးလိုက်လးသည်။
ဝိုင်မလုံလောက်မှု။
ယခု လင်းရီ ပြန်ရောက်လာပြီဖြစ်ရာ ၎င်းကို အလွယ်တကူ ဖြေရှင်းနိုင်ပြီ ဖြစ်၏။
ဝိုင်လာရှာသူ များလွန်းခြင်းနှင့် ပတ်သက်၍မူ ဧည့်ဂေဟာများကို ယာယီ ဖြည့်ထားခြင်းဖြင့် အနည်းငယ် ဖြေရှင်းနိုင်ပေလိမ့်မည်။
လူအင်အား ပြဿနာမှာလည်း ရိုးရှင်းလှပေသည်။
စောင့်ဆိုင်းလိုက်ရုံပင်။
သေခြင်းရှင်ခြင်းတံခါး းမှ တပည့်များ ဝိုင်တောင်သို့ ရောက်ရှိလာသည်နှင့် လူအင်အား ပြဿနာမှာ သဘာဝကျကျပင် ပြေလည်သွားမည် ဖြစ်၏။
"ဒီလိုလုပ်..."
"ငါ မကြာသေးခင်က ဝိုင် တော်တော်များများ ဖော်စပ်ထားတယ်..."
"အကယ်၍ မင်း ဒါကို ဖြန့်ဝေပေးလိုက်ရင် ကြီးကြီးမားမား ပြဿနာ မရှိနိုင်တော့ပါဘူး..."
လင်းရီသည် သူ၏ အသိစိတ်ပင်လယ် ၏ နက်ရှိုင်းသော နေရာရှိ ခရမ်းရွှေရောင် ဘူးသီးခြောက်အတွင်းမှ ဆူးလီအတွက် ဝိုင်ထုတ်ပေးပြီးနောက် လက်နက်တောင် ဆီသို့ တိုက်ရိုက် ထွက်ခွာသွားခဲ့သည်။
"တောင်သခင်လင်းရီ... အချိန်ကိုက် ရောက်လာတာပဲ..."
လင်းရီ လက်နက်တောင်သို့ ရောက်ရှိသည်နှင့် လက်နက်တောင် မှ တပည့်များကို တောင်အောက်သို့ ခေါ်ဆောင်သွားရန် ပြင်ဆင်နေသော ကျူးထျန်နှင့် ဆုံတွေ့လိုက်ရ၏။
"တောင်သခင်ကျူး..."
"လင်းရီက အချိန်ကိုက် ရောက်လာပုံရတယ်..."
လင်းရီက အပြုံးဖြင့် ပြောလိုက်သည်။
"အမှန်ပဲ..."
"ယစ်မူး အင်မော်တယ် အိမ်တော် းရဲ့ စီးပွားရေးက အရမ်းကောင်းနေတယ်..."
"ငါတို့ တာလော့က အဆင့်လွန် အင်မော်တယ်ဂိုဏ်း ဖြစ်တဲ့အတွက် ဧည့်ဝတ်ကျေပွန်ခြင်းတာအိုကို ထိန်းသိမ်းထားရမယ်လေ..."
"ဒါကြောင့် ဒီဆရာသခင်က တောင်ခြေက မြေနေရာကို ရှင်းလင်းပြီး ဝိုင်မြို့တော် တစ်ခု တည်ဆောက်ဖို့ လူတွေကို ခေါ်သွားမလို့ စီစဉ်နေတာ..."
"တောင်သခင်လင်းရီ... ဘယ်လိုထင်လဲ..."
ကျူးထျန်က မေးလိုက်၏။
"အရမ်း ကောင်းတာပေါ့... လင်းရီ ဒီကိုလာတာကလည်း ဒီကိစ္စကို တောင်သခင်ကျူးနဲ့ ဆွေးနွေးဖို့ပါပဲ..."
လင်းရီက ခေါင်းညိတ်လိုက်သည်။
"ဒါပေမဲ့ တောင်သခင်လင်းရီ... ဝိုင်မြို့တော်တစ်ခု တည်ဆောက်တာက ယာယီ ဖြေရှင်းချက်သာဖြစ်ပြီး ရေရှည်အတွက်တော့ မဟုတ်ဘူး..."
"အခု ဝိုင်တောင်ရဲ့ နာမည်က အခုမှ ပျံ့နှံ့သွားရုံပဲ ရှိသေးတာတောင် လူတွေ ပြည့်လျှံနေပြီ... အနာဂတ်မှာ ဝိုင်လာရှာတဲ့သူတွေ ပိုများလာဖို့ပဲ ရှိတယ်..."
"ငါတို့ တာလော့ တောင်တစ်ရာဆိုတာ နောက်ဆုံးတော့ ကျင့်ကြံခြင်း နေရာတစ်ခုဖြစ်ပြီး ငါတို့ရဲ့ တပည့်တွေက ကျင့်ကြံခြင်းကိုပဲ အဓိကထား အာရုံစိုက်သင့်တယ်..."
"ငါတို့က စီးပွားရေး လမ်းစဉ်ကို လိုက်နေတာ မဟုတ်ဘူးလေ..."
"ဒါကြောင့် တောင်သခင်လင်းရီ... ဝိုင်တောင်ရဲ့ နာမည်နဲ့ ဒေသအသီးသီးမှာ ဝိုင်ဆိုင်တွေ တည်ဆောက်ဖို့ကိုလည်း မင်း စဉ်းစားသင့်တယ်..."
"အာရုံလွှဲတာက အရေးကြီးတဲ့ကိစ္စပဲ..."
ကျူးထျန်က သတိပေးလိုက်၏။
တာလော့ တောင်တစ်ရာတွင် ၎င်း၏ ကိုယ်ပိုင် စည်းစိမ်ရှာသည့် နည်းလမ်းများ အသီးသီး ရှိကြသည်။
လက်နက်တောင်သည် သဘာဝကျကျပင် လက်နက် သန့်စင်ခြင်းကို အဓိကထားလေသည်။
လက်နက်တောင်တွင် ဒေသငါးခုလုံး၌ သူ၏ ကိုယ်ပိုင် လက်နက် သန့်စင်ခြင်း အလုပ်ရုံများ ရှိ၏။
လက်နက်တောင်သည် သူတို့ သန့်စင်ထားသော လက်နက်များကို ဒေသငါးခုသို့ ပုံမှန် ပို့ဆောင်ပေးရန်သာ လိုအပ်လေသည်။
ဤသည်က လက်နက်လာရှာသူများကို လက်နက်တောင်တွင် စုပြုံနေစေမည် မဟုတ်ကြောင်း သဘာဝကျကျပင် သေချာစေလေသည်။
ဆေးလုံးတောင်သည်လည်း ထိုနည်းတူပင် ဖြစ်၏။
သို့သော် လက်နက်တောင်နှင့် ဆေးလုံးတောင်တို့တွင် ဒေသငါးခုလုံး၌ ဆိုင်ခွဲများ ဖြန့်ကျက်ထားနိုင်ခြင်းမှာ ကျင့်ကြံသူ မျိုးဆက်များစွာ အတူတကွ လုပ်ဆောင်ခဲ့ကြခြင်း၏ ရလဒ် ပင် ဖြစ်လေသည်။
ဝိုင်တောင်ကတော့ ကွာခြားပါတယ်!
ဝိုင်တောင်သည် တည်ထောင်ခဲ့သည်မှာ နှစ်လသာ ရှိသေး၏။
သို့တိုင် ၎င်း၏ နာမည်ဂုဏ်သတင်းမှာ မွန်းတည့်နေမင်းကြီးကဲ့သို့ တောက်ပနေသည်။
ဒေသငါးခုလုံးမှ ကျင့်ကြံသူများ ဝိုင်လာရှာကြသဖြင့် သဘာဝကျကျပင် လူများ ပြည့်လျှံနေသော အခြေအနေသို့ ရောက်ရှိသွားခြင်းဖြစ်၏။
"တောင်သခင်ကျူး... ကျွန်တော် လူအင်အား မလုံလောက်ဘူးဗျ..."
လင်းရီက မျက်တောင်တဖျတ်ဖျတ် ခတ်ကာ ပြောလိုက်သည်။
"ကလိမ်ကကျစ် မလုပ်စမ်းပါနဲ့..."
"တောင်သခင်လင်းရီ... မင်းက တောင်သခင်ကျိုးရဲ့ လူတွေကို ခိုင်းစားတတ်တဲ့ အကျင့်ကို တကယ် သင်ယူထားတာပဲ..."
"သာမန် လူအင်အားလောက်ဆိုရင်တော့ ဒီအဘိုးကြီးက မင်းအတွက် ဖြေရှင်းပေးနိုင်ပါတယ်..."
"မင်းကို ဝိုင်ရောင်းဖို့ ကူညီပေးဖို့ ချီသံချပ်ကာတွေ တစ်စုလောက် စေလွှတ်ပေးလိုက်ရုံပါပဲ..."
"ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ မင်းရဲ့ ဝိုင်တောင်က ဒီလို လုပ်အားမျိုးကို လိုအပ်နေတာ မဟုတ်ဘူး..."
"မင်းရဲ့ ဝိုင်တောင် တကယ် လိုအပ်နေတာက စီးပွားရေး ပါရမီရှင် တစ်ယောက်ပဲ..."
"ဒီလို ပါရမီရှင်မျိုးက မင်းရဲ့ ဝိုင်တောင်မှာ နေနေသာသာ၊ တာလော့တောင်တစ်ရာမှာတောင် ပေါများနေတာ မဟုတ်ဘူး..."
ကျူးထျန်က သူ၏ လက်ကို ဝှေ့ယမ်းလိုက်၏။
စီးပွားရေး လမ်းစဉ် ။
ဝိညာဉ်ကုန်းမြေတွင် ၎င်းသည် သမားရိုးကျမဟုတ်သော လမ်းစဉ်များထဲတွင် အဆိုးရွားဆုံးပင် ဖြစ်လေသည်။
သင့်တင့်လျောက်ပတ်သော အရိုးတည်ဆောက်ပုံ ရှိသူတိုင်းသည် စီးပွားရေးမှတစ်ဆင့် တာအိုကို အောင်မြင်ရန် ရွေးချယ်မည် မဟုတ်ချေ။
သို့သော် ဝိညာဉ်ကုန်းမြေရှိ ဂိုဏ်း အားလုံးသည် သူတို့၏ လုပ်ငန်းလည်ပတ်မှုများကို ထိန်းသိမ်းရန်အတွက် ထိုကဲ့သို့သော ပါရမီရှင်များကို လိုအပ်လေသည်။
ဆေးလုံး တောင် နှင့် လက်နက်တောင် တို့မှာ ပြဿနာ မရှိချေ၊ အဘယ်ကြောင့်ဆိုသော် သူတို့၏ အခြေခံအုတ်မြစ်မှာ ထိုနေရာတွင် ရှိနေပြီး သူတို့တွင် ပြီးပြည့်စုံသော စနစ်တစ်ခု ရှိနှင့်ပြီး ဖြစ်သောကြောင့် ပင် ဖြစ်လေသည်။
အကယ်၍ ဝိုင်တောင်သည် ဤကဲ့သို့သော စနစ်တစ်ခုကို အချိန်တိုအတွင်း တည်ထောင်လိုပါက အခက်အခဲမှာ စိတ်ကူးကြည့်၍ပင် မရနိုင်ချေ။
"နောက်ဆုံးတော့ လူအင်အားက နည်းနည်း အားနည်းနေသေးတာပဲ..."
လင်းရီသည်လည်း ခေါင်းကိုက်လာခဲ့၏။
သေခြင်းရှင်ခြင်းတံခါး မှ တပည့်များ ရောက်ရှိလာလျှင်ပင် ဤပြဿနာကို ဖြေရှင်းနိုင်မည် မဟုတ်ချေ။
စီးပွားရေး ပါရမီရှင်များသည် ယေဘုယျအားဖြင့် ဂိုဏ်းအသီးသီးတွင် အဆင့်အတန်း မြင့်မားကြလေသည်။
သူတို့သည် ဓနနတ်ဘုရားများ ဖြစ်ကြ၏။
သို့သော် သူတို့ကို တကယ်တမ်း လုပ်ခိုင်းမည်ဆိုလျှင် ကျင့်ကြံသူ အနည်းငယ်သာ လိုလားကြပေသည်။
မည်သို့ပင်ဆိုစေကာမူ ကျင့်ကြံသူ များသည် အင်မော်တယ် အဖြစ်သို့ တက်လှမ်းခြင်းနှင့် လွတ်လပ်မှုကို ရှာဖွေကြလေသည်။
စီးပွားရေး လမ်းစဉ်သည် အချုပ်အနှောင် အများဆုံးဖြစ်ပြီး သေခြင်းရှင်ခြင်းတံခါးမှ တပည့်များ ၎င်းကို လုပ်နိုင်မည် မဟုတ်ချေ။
"ဒီလိုလုပ်..."
"ဒီဆရာသခင်က မင်းအတွက် ဝိုင်မြို့တော်တစ်ခု အရင် တည်ဆောက်ပေးမယ်..."
"ဒါ့အပြင်... ဝိုင်တောင် ရဲ့ စည်းစိမ်ရှာတဲ့ နည်းလမ်းကို လည်ပတ်နိုင်ဖို့အတွက် စီးပွားရေး ကျွမ်းကျင်တဲ့ သူတစ်စုကို မင်းဆီ ငါ ခွဲဝေပေးလိုက်မယ်..."
"ဒါပေမဲ့ ဒီလူတွေက အမြင်ကျဉ်းတယ်... သူတို့က ဝိုင်တောင်ရဲ့ စည်းစိမ်ရှာတဲ့ နည်းလမ်းကို လည်ပတ်အောင် ထိန်းသိမ်းထားနိုင်ပေမယ့် ကြီးမားတဲ့ မြင်ကွင်းကို ထည့်သွင်းစဉ်းစားဖို့တော့ ခက်ခဲလိမ့်မယ်..."
"တောင်သခင်လင်းရီ... မင်း အနေနဲ့ အလုံးစုံ အခြေအနေကို ကြီးကြပ်ဖို့အတွက် ကျယ်ပြန့်တဲ့ အမြင်နဲ့ ကြီးမားတဲ့ သတ္တိရှိတဲ့ သူတစ်ယောက်ကို အမြန်ရှာဖို့ လိုအပ်နေတုန်းပဲ..."
ကျူးထျန်က သတိပေးလိုက်၏။
ဝိုင်တောင်၏ဝိုင်မှာ ဝိညာဉ်ကုန်းမြေ တစ်ခုလုံးတွင် ကျော်ကြားလှပေသည်။
တာဝန်ခံသူသည် ကျယ်ပြန့်သော အမြင်နှင့် ကြီးမားသော သတ္တိ ရှိရမည်ဖြစ်ပြီး ဒေသငါးခု၏ ကျယ်ပြောလှသော ဧရိယာကို ညှိနှိုင်းဆောင်ရွက်နိုင်စွမ်း ရှိရမည် ဖြစ်၏။
အရည်အချင်းပြည့်မီရန်အတွက် သူတို့သည် စီးပွားရေးတွင် ပြိုင်ဘက်ကင်းသော ပါရမီရှင် တစ်ဦး ဖြစ်ရပေမည်။
ထိုသို့သော ပါရမီရှင်မျိုးသည် သူ၏ လက်နက်တောင် တွင် မရှိသည်ကို အသာထား၊ ရှိနေလျှင်ပင် သူတို့ကို သွားခွင့်ပြုရန်မှာ မဖြစ်နိုင်ချေ။
"ဒီလို လူမျိုးကိုတော့ ဒီမျိုးဆက်သစ် တကယ်ပဲ တစ်ယောက်ကို သိတယ်..."
လေပြေထဲတွင် ယိမ်းနွဲ့နေသော မိုးမခပင်ကဲ့သို့ ပျော့ပျောင်းသော ပုံရိပ်တစ်ခုသည် လင်းရီ၏ စိတ်ထဲတွင် ထွက်ပေါ်လာခဲ့၏။
သခင်မလျိုကျောက်!
ရီကွမ်အဖွဲ့ ၏ မဟာအိမ်တော်ထိန်းကြီး။
ပြီးတော့ လက်ရှိ ရီကွမ်အဖွဲ့ ရဲ့ အရှင်သခင်လည်း ဖြစ်၏။
ရီကွမ်အဖွဲ့ ကို စတင်တည်ထောင်စဉ်က လူငါးယောက်သာ ရှိခဲ့လေသည်။
လင်းရီက အရှင်သခင် ဖြစ်သော်လည်း သူ၏ ကိုယ်ရည်ကိုယ်သွေးကြောင့် သူသည် ဝင်ရောက်မစွက်ဖက်သော သူဌေးတစ်ဦးအဖြစ် တိုက်ရိုက် ပြောင်းလဲသွားခဲ့၏။
အဖွဲ့အတွင်းရှိ အထွေထွေ ကိစ္စရပ်များ အားလုံးကို အခြေခံအားဖြင့် သခင်မလျိုကျောက်ကသာ ကိုင်တွယ်ဖြေရှင်းခဲ့လေသည်။
နောက်ပိုင်းတွင် ရီကွမ်အဖွဲ့ သည် လူငါးယောက်မှနေ၍ နှစ်အနည်းငယ်အတွင်း ချွင်ယန် သိုင်းလောကတွင် ထိပ်တန်း အင်အားစုတစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်းမှာ သိုင်းလောက ၏ ဂန္ထဝင် တစ်ဦးအနေဖြင့် လင်းရီ၏ စွမ်းအားနှင့် ခွဲခြား၍မရသလို သခင်မလျိုကျောက် ၏ ပင်ပန်းကြီးစွာ စီမံခန့်ခွဲမှုနှင့်လည်း ခွဲခြား၍မရနိုင်ချေ။
အကယ်၍ လင်းရီ၏ နှလုံးသားထဲတွင် ဤစွမ်းရည်ရှိသူတစ်ဦး ရှိမည်ဆိုလျှင် ၎င်းမှာ သေချာပေါက် သခင်မ လျိုကျောက်ပင် ဖြစ်ရပေမည်။
"ဘယ်သူလဲ..."
ကျူးထျန် မျက်ခုံးပင့်လိုက်၏။
"သခင်မလျိုကျောက်..."
လင်းရီက ပြောလိုက်သည်။
"ဘယ်ဂိုဏ်းက တပည့်လဲ..."
"သူမကို ဖိတ်ခေါ်နိုင်မယ်လို့ မင်း ယုံကြည်ချက် ရှိရဲ့လား..."
ကျူးထျန်က အလျင်အမြန် မေးလိုက်၏။
"ဝိညာဉ်ကုန်းမြေက မဟုတ်ဘူးဗျ..."
လင်းရီက ခေါင်းခါယမ်းလိုက်သည်။
"သူမက သေမျိုးကမ္ဘာက လူလား..."
ကျူးထျန် အံ့အားသင့်သွားခဲ့၏။
"ဟုတ်တယ်..."
"အကယ်၍ သခင်မလျိုကျောက်သာ ဒီမှာ ရှိနေရင် ဝိုင်တောင် ရဲ့ လည်ပတ်မှုက သေချာပေါက် ပြီးပြည့်စုံသွားမှာပဲ... ပြီးတော့ ဒီမျိုးဆက်သစ်က သုံးနှစ်အတွင်း ဝိုင်တောင် ရဲ့ စည်းစိမ်ရှာတဲ့ စနစ်က လမ်းကြောင်းမှန်ပေါ် ရောက်သွားပြီး ဆေးလုံး တောင် နဲ့ လက်နက်တောင် တို့ထက် မနိမ့်ကျတဲ့ အဆင့်တစ်ခုကို ရောက်ရှိသွားနိုင်မယ်လို့တောင် ယုံကြည်ချက် ရှိတယ်..."
"နှမြောစရာ ကောင်းတာက မှန်ထဲကပန်း၊ ရေထဲကလ ရဲ့ ဆယ်နှစ်ဆိုတာ ချက်ချင်း ကြုံတွေ့နေရတဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် အရမ်း ဝေးလွန်းနေတယ်..."
လင်းရီက ခေါင်းခါယမ်းကာ ပြုံးလိုက်လေသည်။
"အမြဲတမ်းတော့ မဟုတ်ပါဘူး..."
ကျူးထျန်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး လင်းရီကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်၏။
အခန်း (၁၁၈) ပုတောင်
"တောင်သခင်ကျူးမှာ နည်းလမ်း ရှိလို့လား..."
လင်းရီ၏ နှလုံးသားထဲတွင် ဝမ်းသာသွားခဲ့၏။
"တောင်သခင်လင်းရီ..."
"မင်းက တစ်ခုပဲ သိပြီး နောက်တစ်ခုကို မသိဘူးပဲ..."
"မှန်ထဲကပန်း၊ ရေထဲကလဟာ ဆယ်နှစ်ကို တစ်ကြိမ် ပွင့်တာ မှန်ပေမယ့် ငါတို့က သေမျိုးကမ္ဘာအကြောင်း ဘာမှ မသိဘူးဆိုရင် သေမျိုးကမ္ဘာက တပည့်တွေကို အချိန်တိုလေးအတွင်းမှာ ဘယ်လိုလုပ် ပြန်ခေါ်လာနိုင်မှာလဲ..."
ကျထျန်က အပြုံးဖြင့် ပြောလိုက်သည်။
"ဆရာကျိုးက ဒီကိစ္စကို ပြောပြဖူးပါတယ်..."
ကျိုးယွင်က ဤကိစ္စကို ယခင်က ပြောပြဖူးပြီး ယခု ပြန်စဉ်းစားကြည့်သောအခါ မှန်ထဲကပန်း၊ ရေထဲကလသည် မပွင့်သေးဘဲ သေမျိုးကမ္ဘာ နှင့် ဝိညာဉ်ကုန်မြေတို့ ဆက်သွယ်၍ မရနိုင်သေးသော်လည်း ဆက်သွယ်ရန် နည်းလမ်းတော့ သေချာပေါက် ရှိရမည် ဖြစ်၏။
"ဝိညာဉ်ကုန်းမြေက ကျယ်ပြောပြီး သူ့ရဲ့ နယ်နိမိတ်တွေကို မသိနိုင်ဘူး..."
"ပင်လယ်လေးစင်းရဲ့ အလွန်မှာ ဘာတွေ ရှိနေလဲဆိုတာကိုလည်း ငါတို့ မသိဘူး..."
"ဒါပေမဲ့ သေမျိုးကမ္ဘာက ဘယ်လောက် ကြီးမားလဲဆိုတာကိုတော့ ငါတို့ အတိအကျ သိပါတယ်..."
"သေမျိုးကမ္ဘာမှာ အင်ပါယာမင်းဆက် သုံးရာ့နှစ်ဆယ့်ခုနစ်ခုရှိပြီး ချွင်ယန်မင်းဆက်က အဲဒီထဲက တစ်ခုပါပဲ..."
"အဲ့ဒီအင်ပါယာမင်းဆက် သုံးရာ့နှစ်ဆယ့်ခုနစ်ခုမှာ ငါတို့ တာလော့အင်မော်တယ်ဂိုဏ်းရဲ့ နယ်ခြားရေးရာခန်းမက တပည့်တွေ တပ်စွဲထားတယ်..."
"ပထမအချက်က ငါတို့သေမျိုးကမ္ဘာက သတင်းတွေကို အမြဲ သိရှိနေနိုင်တယ်..."
"ဒါ့အပြင် သက်တမ်း နည်းနည်းပဲ ကျန်တော့တဲ့ ကျင့်ကြံသူ တချို့ မှန်ထဲကပန်း၊ ရေထဲကလ ကနေတစ်ဆင့် သေမျိုးကမ္ဘာကို ပြန်ရောက်ပြီးနောက်မှာ မကောင်းမှုတွေ မလုပ်နိုင်အောင်လည်း တားဆီးဖို့ပဲ..."
"တစ်ခါတုန်းက နတ်ဆိုးလမ်းစဉ်ထဲ ရောက်သွားတဲ့ ကျင့်ကြံသူတစ်ယောက်က သေမျိုးကမ္ဘာမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု တစ်ခုကို လုပ်လုနီးပါး ဖြစ်ခဲ့ဖူးတယ်..."
"ကံကောင်းလို့ တာလော့တပည့် တစ်ယောက်က အဲဒါကို ကြိုတင် သိရှိခဲ့လို့ ဒီကိစ္စကို အစပျိုးကတည်းက တားဆီးနိုင်ခဲ့တာ..."
ကျူးထျန်က လေးနက်စွာ ပြောလိုက်လေသည်။
ဤစကားကို ကြားသောအခါ လင်းရီသည် စိတ်ခံစားမှုများဖြင့် ပြည့်နှက်သွားခဲ့၏။
တာလော့အင်မော်တယ်ဂိုဏ်း သည် အဆင့်လွန် အင်မော်တယ်ဂိုဏ်း တစ်ခု ဖြစ်သော်လည်း သေမျိုးကမ္ဘာမှ သက်ရှိများကို အမြဲတမ်း လေးစားမှု ရှိခဲ့လေသည်။
"တပ်စွဲဖို့အတွက် သေမျိုးကမ္ဘာထဲကို ဝင်ရောက်သွားတဲ့ နယ်ခြားရေးရာ ခန်းမ က တပည့်တွေဟာ ဆယ်နှစ်တစ်ကြိမ် အလှည့်ကျ တာဝန်ယူကြရတာပါ..."
"နောက်တစ်ခါ မှန်ထဲကပန်း၊ ရေထဲကလ ပွင့်တဲ့အခါ သူတို့ ပြန်လာကြလိမ့်မယ်..."
"အဲ့ဒီနယ်ခြားရေးရာခန်းမက တပည့်တွေ ပြန်ရောက်လာပြီးတဲ့နောက်မှာ သူတို့က သေမျိုးကမ္ဘာ နဲ့ ဆက်သွယ်ဖို့နဲ့ သေမျိုးကမ္ဘာက သတင်းအချက်အလက်တွေကို စုစည်းဖို့ တာဝန်ယူရပါတယ်..."
"ဒါကြောင့် သေမျိုးကမ္ဘာနဲ့ ဆက်သွယ်ဖို့အတွက် ကျောက်စိမ်းစာလိပ် တွေကို သူတို့ သဘာဝကျကျ ပိုင်ဆိုင်ထားကြတာပေါ့..."
ကျူးထျန်က အပြုံးဖြင့် ပြောလိုက်သည်။
"ဒါဆို အဲဒီလူတွေက ဘယ်မှာလဲ..."
လင်းရီက အလျင်အမြန် မေးလိုက်၏။
"ဝိုင်တောင်ကလွဲရင် တောင်တစ်ရာလုံးမှာ အဲဒီလူတွေ ရှိပါတယ်..."
"အခု လက်ရှိ တာဝန်ယူထားတဲ့ အလှည့်ကျ ဒုခန်းမဆောင်မှူးက ပုတောင်မှာ ရှိလောက်တယ်..."
"တောင်သခင်လင်းရီ... မင်း ပုတောင်ကို သွားပြီး ဝမ်ရှန်းကန်ကို ရှာလို့ ရတယ်... သူ စီစဉ်ပေးပါလိမ့်မယ်..."
ကျူးထျန်က ပြောလိုက်သည်။
"ဒါဆို ဒီမျိုးဆက်သစ် ပုတောင်ကို အခုချက်ချင်း သွားလိုက်ပါ့မယ်..."
ဤစကားကို ကြားသောအခါ လင်းရီသည် အနည်းငယ် စိတ်မရှည် ဖြစ်နေပြီ ဖြစ်၏။
"တောင်သခင်လင်းရီလည်း စိုးရိမ်တတ်တာပဲကိုး..."
ကျူးထျန်သည် လင်းရီ ထွက်ခွာသွားသည်ကို ကြည့်ကာ အနည်းငယ် ပြုံးလိုက်ပြီးနောက် ဝိုင်တာအို မြို့တော်ကို တည်ဆောက်ရန် လက်နက်တောင် မှ တပည့်များကို ဝိုင်တောင် သို့ ခေါ်ဆောင်သွားခဲ့သည်။
ပုတောင်။
ဤသည်မှာ လင်းရီ၏ ပထမဆုံးအကြိမ် ရောက်ရှိလာခြင်း ဖြစ်၏။
သူသည် ယခင်က ၎င်းကို အဝေးမှသာ တစ်ချက် ကြည့်ဖူးပြီး ပုတောင်သည် သူ၏ ခြေထောက်လေးချောင်း ကောင်းကင်သို့ ညွှန်ပြနေသော မှောက်ခုံ ဖြစ်နေသည့် လိပ်ကြီးတစ်ကောင်နှင့် တူသည်ဟု ခံစားခဲ့ရလေသည်။
သို့သော် ပုတောင်သို့ အမှန်တကယ် ဝင်ရောက်သွားသောအခါ ၎င်း၏ ထူးခြားမှုကို လင်းရီ တွေ့ရှိလိုက်ရ၏။
ပုတောင်၏ အထက်တွင် အဆုံးမရှိသော ကောင်းကင်တာအို များ ပါဝင်နေပုံရသည့် နှိုးဆော်သံပေးနိုင်လောက်အောင် ကြီးမားသော သံလိုက်အိမ်မြှောင်တစ်ခု ဖြည်းညင်းစွာ လည်ပတ်နေသည်။
"တောင်သခင်လင်းရီကို နှုတ်ဆက်ပါတယ်..."
လမ်းတစ်လျှောက်တွင် ပုတောင် မှ တပည့်များသည် လင်းရီကို မြင်သောအခါ အားလုံးက ဦးညွှတ် နှုတ်ဆက်ကြလေသည်။
ဤပုတောင်မှ တပည့်များ၏ အရှိန်အဝါမှာ တကယ်ကို ထူးခြားလှပေသည်။
သူတို့ တစ်ဦးချင်းစီမှာ နက်နဲပြီး လျှို့ဝှက်ဆန်းကြယ်ကာ အနည်းငယ် ထူးဆန်းနေကြ၏။
အထူးဆန်းဆုံးအရာမှာ ပုတောင် မှ တပည့်များ၏ အိမ်မွေးတိရစ္ဆာန်များ ပင် ဖြစ်လေသည်။
သူတို့တိုင်းလိုလိုက လိပ်တစ်ကောင်ကို ဆွဲခေါ်လာကြသည်။
သူတို့၏ ခါးတွင် ဒင်္ဂါးပြား ကြိုးများကို ချည်နှောင်ထားသဖြင့် သူတို့မှာ အလွန် ထူးဆန်းနေပုံ ရလေသည်။
လင်းရီသည် ကြောင်များနှင့် ခွေးများကို လမ်းလျှောက်ထွက်သူ အများအပြားကို မြင်ဖူးသော်လည်း လိပ်တစ်ကောင်ကို လမ်းလျှောက်ထွက်သူ တစ်ယောက်ကို မြင်တွေ့ရသည်မှာ ဤသည်က ပထမဆုံးအကြိမ် ပင် ဖြစ်၏။
ထို့အပြင် ပုတောင်သည် ဗေဒင်ဟောခြင်း တာအိုကို အဓိကထားလေသည်။
ဗေဒင်တာအို။
၎င်းသည် ဗေဒင်ဟောရန်အတွက် လိပ်ခွံများကို မီးရှို့ခြင်းကို ရည်ညွှန်းသည်။
၎င်းသည် မီးရှို့ထားသော လိပ်တစ်ကောင်၏ ပုံသဏ္ဍာန်နှင့် တူပေသည်။
၎င်းသည် လိပ်ခွံများနှင့် သေချာပေါက် မခွဲခြားနိုင်သော်လည်း သူတို့နှင့် ဤကဲ့သို့ ခံစားချက်များ မွေးမြူထားမည်ဆိုလျှင် အချိန်ကျလာသောအခါ အမှန်တကယ် လုပ်ရက်နိုင်ပါမည်လော။
"ပုတောင်က တပည့်လျိုဝမ်က တောင်သခင်လင်းရီကို နှုတ်ဆက်ပါတယ်..."
လင်းရီ တောင်ပေါ်သို့ တက်လာပြီး မကြာမီမှာပင် လင်းရီ လာမည်ကို ကြိုသိနေသကဲ့သို့ ပုတောင် မှ တပည့်တစ်ဦးက သူ့ကို လာရောက် ကြိုဆိုကာ ဦးညွှတ် နှုတ်ဆက်လိုက်လေသည်။
"နှုတ်ဆက်ပါတယ် တာအိုမိတ်ဆွေလျို..."
လင်းရီက ပြန်လည် ဦးညွှတ်လိုက်၏။
“တောင်သခင်လင်းရီက တောင်သခင်ကို လာတွေ့တာ မဟုတ်လား..."
လျိုဝမ်က အပြုံးဖြင့် မေးလိုက်သည်။
"ငါ လာမယ်ဆိုတာ မင်း သိနေတာလား..."
လင်းရီက စပ်စုလိုစိတ်ဖြင့် မေးလိုက်၏။
"လျိုဝမ်က သဘာဝကျကျပဲ မသိပါဘူး..."
"ဒါပေမဲ့ တောင်သခင်က မနက်စောစော နိုးလာပြီး သူ့မျက်ခွံတွေ လှုပ်နေတယ်လို့ ညည်းတွားရင်း ဗေဒင်တွက်ကြည့်တော့ ဒီနေ့မှာ ဂုဏ်သရေရှိ ဧည့်သည် တစ်ယောက် ရောက်လာလိမ့်မယ်လို့ ပြောပြီး ကျွန်တော့်ကို ဒီမှာ စောင့်နေခိုင်းတာပါ..."
"ဂုဏ်သရေရှိ ဧည့်သည်က တောင်သခင်လင်းရီ ဖြစ်နေလိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး..."
လျိုဝမ်ကလည်း ပျော်ရွှင်စွာ ပြောလိုက်လေသည်။
ဤစကားကို ကြားသောအခါ လင်းရီမှာ အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားခဲ့၏။
ပုတောင်သည် တာလော့တောင်တစ်ရာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်နိုင်စွမ်း ရှိခြင်းမှာ အမှန်တကယ်ပင် ၎င်း၏ ထူးခြားသော အရည်အသွေးများ ရှိနေသောကြောင့် ပင် ဖြစ်လေသည်။
လျိုဝမ်သည် ဤအရာများကို ကျင့်သားရနေပြီဖြစ်ပြီး အပြုံးဖြင့် ဆက်ပြောလိုက်သည်။
"ဒီအချိန်ဆိုရင် တောင်သခင်က မြစ်ပုံကြမ်းထဲမှာ မျက်မမြင်အဘိုးအိုကို သင်ပေးနေလောက်ပြီ..."
"ကျေးဇူးပြုပြီး ကျွန်တော့်နောက်က လိုက်ခဲ့ပါ..."
မျက်မမြင်အဘိုးအို။
သူက တခြားသူ မဟုတ်ပါဘူး၊ လင်းရီနဲ့အတူ တာလော့ထဲကို ဝင်ရောက်လာပြီး နောက်ပိုင်းမှာ အရိုး စစ်ဆေးခြင်း စင်မြင့်မှာ အဋ္ဌမအဆင့် ရရှိခဲ့တဲ့ မျက်မမြင်အဘိုးအို လီချန်ဖုန်း ပဲ ဖြစ်လေသည်။
ချန်ဖုန်း။
အရမ်းကို ကျက်သရေရှိတဲ့ နာမည်တစ်ခုပါ။
သို့သော် တောင်သခင် ဝမ်ရှန်းကန်က လီချန်ဖုန်း၏ ကျင့်ကြံခြင်းမှာ ထိုကဲ့သို့သော ကျက်သရေရှိသည့် နာမည်တစ်ခုကို ခံယူရန် မလုံလောက်သေးဟု ခံစားခဲ့ရလေသည်။
သူ့ကို မျက်မမြင်အဘိုးအိုလို့ ခေါ်တာ ပိုကောင်းပါလိမ့်မယ်။
ပျိုးထောင်ရတာ ပိုလွယ်တယ်။
မျက်မမြင်အဘိုးအိုကမူ ၎င်းကို ဂရုမစိုက်ဘဲ အမြဲတမ်း ပျော်ရွှင်သော အပြုံးဖြင့်သာ တုံ့ပြန်လေ့ ရှိသည်။
"တာအိုမိတ်ဆွေ ... ကျေးဇူးပြုပြီး လမ်းပြပေးပါ..."
လင်းရီက ဦးညွှတ်လိုက်၏။
"တောင်သခင်လင်းရီ က ယဉ်ကျေးလွန်းနေပါပြီ၊ ကျေးဇူးပြုပြီး ကျွန်တော့်နောက်က လိုက်ခဲ့ပါ..."
လျိုဝမ် က အလျင်အမြန် ပြန်လည် ဦးညွှတ်လိုက်ပြီး လင်းရီအား မြစ်ပုံကြမ်း ရှိရာသို့ ခေါ်ဆောင်သွားခဲ့သည်။
လမ်းတစ်လျှောက်တွင် ပုတောင်မှ တပည့်များစွာသည် ဝိုင်တောင် တောင်သခင် ၏ အမူအကျင့်ကို မြင်တွေ့လိုသဖြင့် မနေနိုင်ဘဲ လိုက်ပါလာခဲ့ကြ၏။
ထို့ကြောင့် မသိစိတ်အရ လင်းရီ၏ အနောက်တွင် လူတစ်စု လိုက်ပါလာခဲ့လေသည်။
အကြောင်းရင်းမှာ ရိုးရှင်းလှပေသည်။
ကံကောင်းခြင်းတွေကို ယူဆောင်လာပေးသူအဖြစ် လင်းရီ၏ နာမည်ဂုဏ်သတင်းမှာ တောင်တစ်ရာ တစ်လျှောက်လုံး ပျံ့နှံ့နေပြီ ဖြစ်လေသည်။
သူတို့သည် သူ၏နောက်သို့ လိုက်ပါနေသရွေ့ အကျိုးအမြတ်များ ရရှိလိမ့်မည် ဖြစ်၏။
ချီတောင်၏ အထက်တွင်။
လင်းရီသည် သူ၏ ချီထိန်းချုပ်မှု မဟာပြီးပြည့်စုံခြင်း နှင့် ထင်ယောင်ထင်မှား တာအိုတို့ဖြင့် လက်နက်တောင်၏ အတိတ်က ဘိုးဘေးများကို ဝိုင်သောက်ရန် ဖိတ်ခေါ်ခဲ့၏။
သူတို့သည် ဝိုင်သောက်ရင်း တာအို အကြောင်းကို ဆွေးနွေးခဲ့ကြလေသည်။
ဤသည်က လက်နက်တောင်မှ တပည့်များအတွက် ကြီးမားသော ကံကောင်းမှုများကို ယူဆောင်လာပေးခဲ့ပြီး သူတို့ကို လျင်မြန်စွာ တိုးတက်စေခဲ့၏။
လက်နက်တောင်၏ အထက်တွင်။
လင်းရီသည် ဓားရှစ်လက်ကို တစ်ပြိုင်နက်တည်း ပျံသန်းစေခဲ့ပြီး လက်နက် သန့်စင်ခြင်း ၏ မဟာပြီးပြည့်စုံခြင်း သို့ ရောက်ရှိကာ လက်နက် သန့်စင်ခြင်း ၏ တာအို ကို ကိုယ်တိုင် သန့်စင်ခြင်း အဖြစ် နားလည်သဘောပေါက်ခဲ့လေသည်။
ဘိုးဘေးချန်ဖျင်ဖန်၏ တာအိုသည် သက်ရှိအားလုံးကို အကျိုးပြုခဲ့ပြီး လက်နက်တောင်မှ တပည့်များ၏ တာအို ကိုလည်း လျင်မြန်စွာ တိုးတက်သွားစေခဲ့၏။
တောင်တစ်ရာ တစ်လျှောက်လုံး။
ကံကောင်းခြင်းတွေကို ယူဆောင်လာပေးသူအဖြစ် လင်းရီ၏ နာမည်ကို အသိအမှတ်မပြုသော တပည့်ဆိုသည်မှာ မရှိချေ။
သူ သွားလေရာ နေရာတိုင်းမှာ ထိုနေရာရှိ တပည့်များ ကြီးပွားတော့မည်ဟူသော အဓိပ္ပာယ်ပင် ဖြစ်လေသည်။
သူတို့ လိုက်ပါသွားသရွေ့ ကြီးမားသော ကံကောင်းမှုများ ရရှိလိမ့်မည် ဖြစ်၏။
လင်းရီ ပုတောင်သို့ တက်လာခြင်းက ပုတောင် ၏ အခွင့်အရေး ရောက်ရှိလာပြီဖြစ်ကြောင်း အဓိပ္ပာယ်ရပေသည်။
လင်းရီကမူ ၎င်းကို သဘာဝကျကျပင် ဂရုမစိုက်ခဲ့ချေ၊ သူတို့အားလုံး အတူတကွ လမ်းလျှောက်၍ ရနိုင်ပေသည်။
လမ်းတစ်လျှောက်တွင် လင်းရီသည် ပုတောင်မှ တပည့်အချို့က လိပ်တစ်ကောင်၏ ပတ်လည်တွင် စုရုံးကာ ၎င်း၏ အခွံပေါ်ရှိ ပုံစံများကို ကြည့်ရှုရင်း ထိုအထဲမှနေ၍ ကောင်းကင်တာအို ကို သိမြင်နိုင်သကဲ့သို့ ပြုလုပ်နေကြသည်ကို မြင်တွေ့ခဲ့ရ၏။
ထို့ထက်ပို၍ တပည့်အချို့က ကောင်းကင်ယံကို မော့ကြည့်ရင်း စက္ကူနှင့် စုတ်တံကို ကိုင်ဆောင်ထားကာ စက္ကူပေါ်ရှိ အစက်များမှာ ကြယ်မြေပုံတစ်ခုနှင့် တူနေလေသည်။
ဤသည်က တကယ်ကို လင်းရီ၏ အမြင်အာရုံများကို ကျယ်ပြန့်သွားစေခဲ့လေသည်။
ခဏအကြာတွင် လျိုဝမ်သည် လင်းရီအား ကြီးကျယ်ခမ်းနားသော ခန်းမကြီးတစ်ခု၏ ရှေ့သို့ ခေါ်ဆောင်သွားခဲ့၏။
မြစ်ပုံကြမ်း။
ခန်းမ၏ အထက်တွင် "မြစ်ပုံကြမ်း" ဟု ရေးထိုးထားသော ဆိုင်းဘုတ်တစ်ခု ရှိလေသည်။
"တောင်သခင်လင်းရီ... ဒါက မြစ်ပုံကြမ်းခန်းမပါ... ခန်းမထဲမှာ ကျွန်တော်တို့ ပုတောင်ရဲ့ ရတနာဖြစ်တဲ့ မြစ်ပုံကြမ်းကို ပူဇော်ထားပါတယ်..."
"တောင်သခင်က အထဲမှာ စောင့်နေပါပြီ၊ ဝင်သွားလို့ ရပါပြီ..."
လျိုဝမ်သည် လင်းရီအား ခန်းမရှေ့သို့ ခေါ်ဆောင်သွားပြီး ခန်းမတံခါးကို သူ့အတွက် တွန်းဖွင့်ပေးလိုက်လေသည်။
"တစ် နဲ့ ခြောက် က အနောက်ဘက်မှာ ရှိတယ်၊ အဲဒါက မြောက်ဘက်က ရန် နဲ့ ကွေ့ ရေ၊ လိပ်မည်း ကြယ်စုတန်း ကို ကိုယ်စားပြုတယ်... သုံး နဲ့ ရှစ် က ဘယ်ဘက်မှာ ရှိတယ်၊ အဲဒါက အရှေ့ဘက်က ကျား နဲ့ ရီ သစ်သား၊ နဂါးပြာ ကြယ်စုတန်း ကို ကိုယ်စားပြုတယ်... နှစ် နဲ့ ခုနစ် က အရှေ့ဘက်မှာ ရှိတယ်၊ အဲဒါက တောင်ဘက်က ပင် နဲ့ တင်း မီး၊ ငှက်နီ ကြယ်စုတန်း ကို ကိုယ်စားပြုတယ်... လေး နဲ့ ကိုး က ညာဘက်မှာ ရှိတယ်၊ အဲဒါက အနောက်ဘက်က ကန်း နဲ့ ရှင်း သတ္တု၊ ကျားဖြူ ကြယ်စုတန်း ကို ကိုယ်စားပြုတယ်... ငါး နဲ့ ဆယ် က အလယ်မှာ ရှိတယ်၊ အဲဒါက အလယ်ဗဟိုက ဝူ နဲ့ ကျီ မြေ၊ ချန် နဲ့ ခွန်း ရဲ့ တစ်ခုတည်းသော အမှတ် ကို ကိုယ်စားပြုတယ်..."
"ဒါက သင်္ကေတ လေးပါး ပါဝင်တဲ့ မဟာအဆုံးစွန် နဲ့ ချီ တစ်ခု ပါဝင်တဲ့ မဟာအဆုံးစွန် ကို ကိုယ်စားပြုတယ်..."
"မင်း နားလည်လား..."
လင်းရီ ခန်းမထဲသို့ ဝင်သွားသည်နှင့် တစ်ပြိုင်နက် ဝမ်ရှန်းကန်၏ အသံကို ကြားလိုက်ရလေသည်။