← Chapters

မကောင်းဆိုးဝါး တည်းခိုခန်း ( ၂ )

Vol. 11 Ch. 161

မကောင်းဆိုးဝါး တည်းခိုခန်း ( ၂ )

Vol. 11 Ch. 161

ပထမမြောက်တောင်ထိပ်သို့ မကောင်းဆိုးဝါးအား ရောင်းချခဲ့သည်ဆိုသော အဘိုးအို၏ စကားကို ရွှီချင်း မယုံကြည်ပေ။

သို့သော်ငြား မကြာသေးခင်က ခံစားချက်သည် အလွန်စစ်မှန်ပြီး အသက်နှင့်ရင်း၍ မလှုပ်ရှားသင့်ကြောင်း သူ ခံစားလိုက်ရသည်။

သူက သတိကြီးသော စရိုက်ရှိပြီး မလှုပ်ရှားရန် ဆုံးဖြတ်ချက်ချလိုက်သည်။ ဤနေရာကို သူ အချိန်ယူ၍ စစ်ဆေးကြည့်ရဦးမည်။ အဘိုးအိုကို သူ လှမ်းကြည့်လိုက်ပြီး လူသတ်ချင်စိတ်ကို ထိန်းချုပ်၍ တည်ငြိမ်စွာ ပြောလိုက်သည်။

“ ကျုပ်ကို ဝိညာဉ်ကျောက်တုံးတွေ ပေး ”

ရွှီချင်း၏ လူသတ်ငွေ့များ ပျောက်ကွယ်သွားသည်ကို အဘိုးအို အာရုံခံမိလိုက်ပြီး အိတ်ထဲမှ ဝိညာဉ်လက်မှတ်သုံးစောင်ကို ကပျာကယာ ထုတ်လိုက်သည်။ ထိုဝိညာဉ်လက်မှတ်များက ဝိညာဉ်ကျောက်တုံးသုံးထောင် တန်ကြေးရှိပြီး ရွှီချင်းထံ ပစ်ပေးလိုက်သည်။ ရွှီချင်းက ဝိညာဉ်လက်မှတ်များကို ဖမ်းယူကာ စစ်ဆေးကြည့်လိုက်သည်။ ပြီးသည်နှင့် ရာဇဝတ်ကောင်အလောင်များ၏ ခေါင်းများကို ဖြတ်ယူကာ ထွက်သွားသည်။

အစမှအဆုံးတိုင်တောင် ရွှီချင်းက စကားနှစ်ခွန်းသာ ပြောသွားခဲ့သည်။

ထိုအချိန်၌ ရွှီချင်း၏ ထွက်ခွာသွားသောပုံရိပ်ကို ကြည့်လိုက်သည့်အသွင်ဖြင့် မြွေကြီးက ခေါင်းပြူထွက်လာကာ သူ့ကို တရွှီရွှီဖြင့် အော်ခေါ်လိုက်သည်။ ၎င်း၏အသံတွင် ပျော်ရွှင်သည့်အရိပ်အငွေ့များ ယှက်သန်းနေ၏။

ရွှီချင်းက နောက်လှည့်မကြည့်ဘဲ အဝေးသို့ တဖြည်းဖြည်း လျှောက်သွားသည်။

“ လှမ်းခေါ်မနေနဲ့ မျက်လုံးဖြူမြွေ၊ ငါတို့ဝိညာဉ်ကျောက်တုံးတွေအကုန်လုံး ပါသွားပြီကွ။ မင်းက ဘာမှတောင် မခံစားရတဲ့အပြင် သူ့ဘက်ကတောင် နေလိုက်သေးတယ်။ ခုနတုန်းက အဲဒီကလေးက ငါ့ကို တကယ်ကြီး သတ်ချင်နေတာကွ။ တည်းခိုခန်းတောင် နိုးလာတော့မလို့ သီသီလေးပဲ လိုတော့တယ် ”

အဘိုးအို၏ ရင်ထဲတွင် တနုံ့နုံ့ဖြစ်နေပြီး အဆိပ်ဖြေဆေးတစ်လုံးကို အလျင်အမြန် ထုတ်၍ သောက်လိုက်သည်။

“ ရွှီ ရွှီ ရွှီ ”

“ ငါက ဘာလို့ ဒီလိုဖြစ်သင့်ရမှာတုံးကွ ”

ထိုစကားကို ကြားသောအခါ အဘိုးအိုမှာ ပို၍ပင် မခံမရပ်နိုင်အောင် ဖြစ်နေရသည်။ သူက အင်္ကျီလက်ကို ခါယမ်းလိုက်ပြီး ဆေးတံကို ခပ်ပြင်းပြင်း ရှိုက်လိုက်သည်။ မကြာသေးခင်က သူ ခံစားခဲ့ရသည့် လူသတ်ငွေ့များကို တွေးမိကာ အနည်းငယ် တုန်လှုပ်သွားရသည်။

“ အဲဒီကလေးရဲ့ခန္ဓာကိုယ်က လူသတ်ငွေ့တွေက ပိုတောင် အားကောင်းလာသေးတယ်။ ပင်လယ်ဖွတ်ကျွန်းမှာ ဘာတွေဖြစ်ခဲ့လဲ မသိဘူး။ ငါ စုံစမ်းကြည့်ရမယ် ”

ရွှီချင်းက တိတ်ဆိတ်စွာ ရှေ့ဆက်နေပြီး တည်းခိုခန်း၌ အဖြစ်အပျက်က သူ့ခေါင်းထဲ ပေါ်လာသည်။ ဤလောကကြီးထဲရှိ ထူးဆန်းအံ့သြဖွယ်ရာများကြောင့် အဘိုးအို၏ ပြောစကားက အမှန်လား၊ အမှားလားဆိုသည်ကို သူ ဝေခွဲရခက်နေသည်။ သို့သော်လည်း တည်းခိုခန်းမှ ထုတ်လွှတ်နေသည့် အန္တရာယ်အငွေ့အသက်များက အလွန် စစ်မှန်နေခဲ့သည်။

ရွှီချင်းက အဝေးသို့ ရောက်သွားပြီးနောက် ပန်းချွမ်လမ်းကို ပြန်ကြည့်လိုက်သည်။ ခဏအကြာ သူ အကြည့်လွှဲလိုက်ပြီး လူသတ်ငွေ့များကို အပြည့်အဝ ထိန်းချုပ်လိုက်သည်။

မှော်လှေက ယခုတိုင်အောင် မပြီးစီးသေးသည့်အတွက်ကြောင့် လူဆိုးထိန်းဌာနသို့ သွားရန် ရွှီချင်း ဆုံးဖြတ်ချက်ချလိုက်သည်။ သူ ထွက်ခွာခွင့်ကို ရပ်နားချင်ပြီး ဌာနတွင် တစ်ညလုံး နေရန် စီစဉ်ထားသည်။ လူဆိုးထိန်းဌာနထဲ၌ အလုပ်စရန် ထွက်သွားတော့မည်ဖြစ်သော ခေါင်းဆောင်ကို သူ မြင်လိုက်သည်။

ခေါင်းဆောင်က ပန်သီးတစ်လုံးကို စားနေရင်း အပြင်ဘက်သို့ ထွက်လာသည်။ ရွှီချင်းနှင့် သူ့လက်ထဲရှိ ခေါင်းသုံးလုံးကို ခေါင်းဆောင် မြင်သောအခါ မျက်လုံးများ မှေးသွားပြီး ပန်းသီးတစ်လုံးပစ်ပေးကာ ပြုံး၍ ပြောလိုက်သည်။

“ မင်းက သိပ်အလုပ်ကြိုးစားနေတာပဲ။ ပြန်ရောက်ရောက်ချင်း ရာဇဝတ်ောင်တွေကိုတောင် သွားဖမ်းလိုက်သေးတယ်။ ဒီတစ်ခေါက် ခရီးက ဘယ်လောက်ပွခဲ့တုံး ”

ရွှီချင်းက ပန်းသီးကို ဖမ်းလိုက်ပြီး ဝိညာဉ်ကျောက်တုံးတစ်ရာ တန်ကြေးရှိသော ဝိညာဉ်လက်မှတ်တစ်စောင်ကို ထုတ်၍ ခေါင်းဆောင်ထံ ပစ်ပေးလိုက်သည်။

“ မဆိုးဘူး ”

“ အနောက်ဘက်ကျောက်တန်းကျွန်းစုနားက ကျွန်းလေးတစ်ကျွန်းမှာ လူတွေအများကြီး သေတယ်လို့ ငါ ကြားတယ်။ အဲဒီကိုတော့ မင်း မသွားခဲ့ဘူးမလား ”

ခေါင်းဆောင်က ဝိညာဉ်လက်မှတ်ကို အားရဝမ်းသာ ယူလိုက်ပြီး ဘေးရှိ ကျောက်ကုလားထိုင်ပေါ်တွင် ထိုင်၍ စိတ်ဝင်တစား မေးမြန်းလိုက်သည်။

ရွှီချင်းက ခေါင်းဆောင်ကို လှမ်းကြည့်လိုက်ပြီး ခေါင်းယမ်းပြလိုက်သည်။

ခေါင်းဆောင်က ပန်းသီးကို ဆက်စားနေရင်း ပြုံးလိုက်သည်။ ထိုအကြောင်းကို သူ ဆက်မပြောတော့ဘဲ တမင်တကာ အံ့အားသင့်နေဟန်ဖြင့် ပြောလိုက်သည်။

“ အုတ်အောင်သောင်းတင်း ဖြစ်သွားတဲ့ကိစ္စတစ်ခုကို ငါ မင်းကို ပြောပြရဦးမယ်ကွ။ မင်း ထွက်သွားတော့ ဒီမှာ ကိစ္စအကြီးကြီး ဖြစ်သွားတာပဲဟေ့။ အဲဒီကိစ္စကြောင့် မြို့ထဲက ဂိုဏ်းသားတွေကြား ဆူညံပွက်လောရိုက်သွားတာပဲ။ အဲဒါက ဆိုးဆိုးဝါးဝါး သေသွားတဲ့ကိစ္စတစ်ခုကွ ”

ထို့နောက် ခေါင်းဆောင်က ရွှီချင်း၏အမေးကို စောင့်နေကြည့်အလား ရွှီချင်းကို ကြည့်လိုက်သည်။

ရွှီချင်းသည်လည်း ခေါင်းဆောင်ကို ကြည့်လိုက်သည့်တိုင်အောင် စကားတစ်ခွန်း မဆိုပေ။

အချိန်အတော်ကြာပြီးနောက် ခေါင်းဆောင် သက်ပြင်းချလိုက်သည်။

“ ရွှီချင်း၊ တခြားလူတွေ မင်းကို ဒီလိုလေသံနဲ့ပြောရင် မင်းပုံစံက သိချင်စိတ်ပြင်းပြနေသလိုမျိုး ဖြစ်နေရမယ်။ အဲဒါမှ တစ်ဖက်လူလဲ ကို့ရို့ကားယားမဖြစ်သွားဘဲ ဆက်ပြောလို့ရမှာ။ ဒါ ယဉ်ကျေးမှုပဲ ”

ရွှီချင်းသည် အတွေးနက်သွားရပြီး မျက်နှာပေါ်တွင် သိချင်စိတ်ပြင်းပြနေသည့်အမူအရာတစ်ခု ပေါ်လာသည်။

ထိုအခါမှသာ ခေါင်းဆောင် စိတ်ကျေနပ်သွားပြီး ဘေးဘီဝဲယာကိုကြည့်၍ ခပ်တိုးတိုးပြောလိုက်သည်။

“ တိဌာနခွဲအမှတ်သုံးအသင်းခေါင်းဆောင်ဆိုတဲ့ အဲဒီငါးကို လူတစ်ယောက်က သတ်သွားတာကွ ”

“ လူဆိုးထိန်းဌာနက အဲဒီကိစ္စကို ကိုင်တွယ်နေတာ။ ဒါပေမဲ့ အဲဒီကောင်က လူသားမဟုတ်တဲ့ မျိုးနွယ်ကဆိုတော့လဲ အပေါ်ယံလောက်ပဲ စစ်ဆေးတာကွ။ အဲဒီကောင်မှာ တာအိုအစောင့်အရှောင်တွေနဲ့ သူအစ်မနှစ်ယောက်လည်း ရှိတယ်။ သူတို့ကတော့ အရူးတွေလို နေရာတိုင်းမှာ လူသတ်သမားကို ရှာနေတာပဲ ”

“ ဒီလောကကြီးက သိပ်ပရမ်းပတာနိုင်တာပဲ။ ငါတို့မဟာမိတ်အဖွဲ့က သခင်လေးတစ်ယောက်က ဘယ်လိုလုပ် ဒီလိုကြီး သေသွားရတာပါလိမ့်။ ဒါ မဖြစ်သင့်ဘူးမလား။ အာ … ထားပါတော့။ ငါ ညကင်းလှည့်တာဝန် သွားရဦးမယ် ”

ခေါင်းဆောင်က မတ်တတ်ရပ်၍ သူ့အဝတ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ဆွဲဆန့်လိုက်ပြီး အဝေးသို့ လျှောက်သွားသည်။ သို့သော်လည်း ရွှီချင်းကို သူ ဖြတ်လျှောက်လာသည့်အခါ ခပ်တိုးတိုး ပြောလိုက်၏။

“ ရေသူမမျိုးနွယ်နဲ့ ချီရွဲှ့ထုံဂိုဏ်းက မဟာမိတ်တွေဖြစ်နေတော့ ဂိုဏ်းက သူတို့ကို ရှာခွင့်ပေးထားတာ။ ငါ ကြားတာတော့ ရေသူမမျိုးနွယ်မှာ အဲဒီအစ်မနှစ်ယောက်ကို လူူသတ်သမားရဲ့ ခြေရာလက်ရာတွေကို အာရုံခံနိုင်စေမယ့် မန္တန်တစ်ခုရှိတယ်တဲ့။ သူတို့ ရှာနေတာ တစ်လကျော်ကြာနေပြီ။ အဲဒီငါးနဲ့ ပတ်သက်တဲ့လူတိုင်းကို စစ်ဆေးနေကြတာ။ သိပ်မကြာခင် လူသတ်သမားကို သူတို့ တွေ့လောက်မယ် ”

“ အားလုံးကလည်း စောင့်ကြည့်နေကြတာ။ ဒီကိစ္စကလည်း အတော်လေး ထူးဆန်းနေတာလေ ”

ခေါင်းဆောင်က ရွှီချင်းကို ပြုံး၍ ကြည့်လိုက်ပြီး နောက်ထပ်စကားမဆိုတော့ဘဲ လူဆိုးထိန်းဌာနမှ ထွက်သွားသည်။

ရွှီချင်းသည် မတ်တတ်ရပ်နေလျက် တွေးတောနေသည်။

အချိန်အတော်ကြာပြီးနောက် သူ့မျက်လုံးများထဲ အေးစက်စက်ဝင်းလက်သွားသည်။ သူက လှည့်ထွက်သွားပြီး ရာဇဝတ်ကောင်သုံးကောင်၏ ခေါင်းများကို ဆုကြေးငွေများဖြင့် လဲလှယ်လိုက်သည်။ ထို့နောက် လူဆိုးထိန်းဌာနတွင် တစ်ညလုံး တရားထိုင်နေလိုက်သည်။

နောက်တစ်နေ့ မနက်ခင်း၌ ရွှီချင်းသည် လူဆိုးထိန်းဌာနမှ ထွက်လာခဲ့ပြီး ပုံမှန်အတိုင်း လမ်းများပေါ် လျှောက်သွားလိုက်သည်။ ပီးထျန်ဟူလုရောင်းသည့် ဆိုင်များကို ဖြတ်လာသည့်အခါ သူ တစ်ချောင်း ဝယ်လိုက်ပြီး ကိုက်စားလိုက်သည်။ ထို့နောက် လမ်းကြားလေးထဲ သူ လျှောက်လာပြီး ရပ်လိုက်သည်။

မကြာမီ သူ့နောက်မှ အမျိုးသမီးတစ်ယောက် အလျင်အမြန် ရောက်ချလာပြီး ဒူးထောက်လိုက်သည်။

“ သခင်လေး ”

ထိုအမျိုးသမီး၌ လှပကြော့ရှင်းသော ရုပ်ဆင်းသွင်ပြင်ရှိပြီး အလွန် စွဲဆောင်မှုရှိသည်။ ယခင်က ထိုအမျိုးသမီးက သူ၏သတင်းပေးသမား ဖြစ်ခဲ့၏။ နောက်ပိုင်းတွင် သတင်းမလိုအပ်သည့်အတွက်ကြောင့်သာ ထိုအမျိုးသမီးကို သူ မခေါ်ခဲ့ခြင်း ဖြစ်သည်။

“ အခုတလော ဘာကိစ္စတွေ ဖြစ်သွားသေးလဲ ”

ရွှီချင်းက လှည့်၍ သူ့ရှေ့ရှိ အမျိုးသမီးကို တည်ငြိမ်စွာ မေးမြန်းလိုက်သည်။

ရွှီချင်း၏ အသီးချိုချိုများကို ကြည့်၍ အမျိုးသမီး၏ ရင်ထဲ တုန်ရီသွားရသည်။ သို့သော်လည်း မကြာခင် မျက်လုံးများက ရူးသွပ်သည့်အလား ဖြစ်သွားပြန်သည်။

“ အခုတလော လူတွေ အများဆုံး ပြောနေကြတဲ့ ကိစ္စနှစ်ခု ရှိပါတယ်။ တစ်ခုက နှစ်သုံးဆယ်မှာ တစ်ကြိမ်ကျင်းပတဲ့ သတ္တမမြောက်တောင်ထိပ်ဂိုဏ်းတွင်းပြိုင်ပွဲက တဖြည်းဖြည်း နီးကပ်လာနေတဲ့ သတင်းပါ။ သတ္တမမြောက်တောင်ထိပ်ပြိုင်ပွဲ ကျင်းပလိုက်တိုင်း သွေးမုန်တိုင်းတစ်ခု ပေါ်လာတတ်ပါတယ်။ နောက်ဆုံးတစ်ခေါက် ပြိုင်ပွဲအတွက် ရွေးခဲ့တဲ့နေရာက ရေသူမမျိုးနွယ်ရဲ့ ကျွန်းလို့ ပြောကြပါတယ်။ အဲဒီကျွန်းတစ်ကျွန်းလုံး သွေးတွေဖုံးလွှမ်းသွားပြီးတော့ နောက်ကျ ရေသူမမျိုးနွယ်က ချီရွှဲ့ထုံဂိုဏ်းနဲ့ မဟာမိတ်ဖြစ်လာခဲ့တာတဲ့ ”

All Chapters