အခန်း (၁၅၂၃-၁၅၂၄)
Vol. 153 Ch. 1523-1524
အခန်း (၁၅၂၃) - အစ်ကိုကြီး မင်းကို လွမ်းနေတာကွ
တန့်လင်ရှောင်းသည် ဆဋ္ဌမမင်းသား ရောက်လာပါက ဖန့်ရှောင်ထျန်းနှင့် အမည်မသိ မသေမျိုးကို ပြင်းပြင်းထန်ထန် အပြစ်ပေးလိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။
သို့သော် တစ်ဖက်လူက စတင်စကားပြောသည်နှင့် မိမိ၏ ဖခင်ကိုပင် ပြစ်တင်ကြိမ်းမောင်းနေသည်ကို မြင်ရသောအခါ သူ၏ စိတ်ထဲ၌ မကောင်းသော နိမိတ်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာတော့သည်။
"မင်း မသိဘူး ဟုတ်လား သိဖို့လည်း မလိုတော့ဘူး၊ မင်းရဲ့ သားယုတ်ကို ခေါ်ပြီး ဒီကနေ လစ်တော့ "
ဆဋ္ဌမမင်းသားက ခပ်အေးအေးပင် ဆိုလိုက်သည်။
အစောပိုင်းက ဇရပ်အတွင်း၌ တရားဓမ္မ ဆွေးနွေးနေကြသည့် မျိုးနွယ်စုကြီးများမှ အကြီးအကဲများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး၊ ဟွမ်ဝူကျိကို ကြည့်သည့် အကြည့်များမှာလည်း ပို၍ သတိကြီးစွာဖြင့် လေးစားမှုများ ပါဝင်လာခဲ့သည်။
"ဆဋ္ဌမမင်းသား... ဒီတစ်ခေါက်က ကျွန်တော့်သားက အမှားလုပ်တာ မဟုတ်ပါဘူး၊ သိသိသာသာကြီး သူကပဲ..."
လူလတ်ပိုင်းအမျိုးသား မှာ လူပုံအလယ်တွင် တန့်မျိုးနွယ်၏ ဂုဏ်သိက္ခာရော၊ မိမိ၏ မျက်နှာပါ အရှက်ရသွားသည်ကို မကျေနပ်နိုင်ဘဲ စကားဖြတ်ပြောရန် ကြိုးစားလိုက်သည်။
"ရှောင်ထျန်း၊ ရှောင်ပန်း... မင်းတို့နှစ်ယောက် ဘာမှ ထိတ်လန့်သွားတာမျိုး မရှိဘူးမလား "
ဆဋ္ဌမမင်းသားက လူလတ်ပိုင်းအမျိုးသားကို ဆက်လက် အရေးမစိုက်တော့ဘဲ၊ ဖန့်မောင်နှမကိုမူ အလွန်ပင် ဖော်ရွေပျူငှာစွာ နှုတ်ဆက်လိုက်သည်။
ဘေးလူများမှာ ထိုစကားကို ကြားလိုက်ရသည်နှင့် စိတ်ထဲမှ ဒုတ် ခနဲ ဖြစ်သွားကြသည်။
တန့်လင်ရှောင်းမှာမူ မယုံကြည်နိုင်အောင် ဖြစ်နေရသည်။
ဒါဆိုရင်... ဒီနှစ်ယောက်ကို ဆဋ္ဌမမင်းသားက ကြိုတင် သဘောကျထားလို့ ယနေ့မှာ မင်းသားရဲ့ သဘောထားက ဒီလောက်အထိ ထူးဆန်းနေတာလား။
"မ... မရှိပါဘူး..."
ဖန့်ရှောင်ထျန်းမှာလည်း ဝေခွဲမရ ဖြစ်နေသည်။
သူသည် ရှေ့မှ ပုဂ္ဂိုလ်ကို တစ်ခါမှ မမြင်ဖူးသော်လည်း၊ ထိုသူ၏ သဘောထားမှာ အဘယ်ကြောင့် ဤမျှအထိ ထူးဆန်းနေရသနည်း။
"ရှောင်ဝူ... မင်းက ရှောင်ထျန်းကို ချစ်တယ်ဆိုရင် ငါတို့ လူကြီးတွေဘက်က ထောက်ခံပါတယ်။ ရှောင်ထျန်းကသာ ခေါင်းညိတ်မယ်ဆိုရင် လက်ထပ်ပွဲကို ချက်ချင်း ပြင်ဆင်ပေးလို့ ရတယ်"
ဆဋ္ဌမမင်းသားက ရှန့်ဝူကို လှည့်ပြောလိုက်ပြန်သည်။
ရှန့်ဝူမှာ အလွန်အံ့အားသင့်သွားသည်။
သူမသည် မိသားစုဘက်မှ ဤလက်ထပ်ပွဲကို ကန့်ကွက်လိမ့်မည်ဟု ထင်ထားခဲ့သော်လည်း၊ မိသားစု၏ သဘောထားမှာ ဤကဲ့သို့ ဖြစ်နေလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။
"ဒါက..."
ဘေးလူများမှာ စိတ်ထဲမှ အသက်ကို ပြင်းပြင်းရှူလိုက်ကြသည်။
ယခုအခါတွင်မူ ဆဋ္ဌမမင်းသား မည်သည့်ဘက်၌ ရှိနေသည်ကို သူတို့ အတည်ပြုနိုင်ခဲ့ပြီ ဖြစ်သည်။
လူအတော်များများက လူလတ်ပိုင်းအမျိုးသားနှင့် တန့်လင်ရှောင်းတို့ သားအဖကို သနားစဖွယ် အကြည့်များဖြင့် ကြည့်လိုက်ကြတော့သည်။
လူလတ်ပိုင်းအမျိုးသားမှာမူ စိတ်လွင့်နေပြီး ဦးနှောက်မှာ ဗလာဖြစ်နေကာ အဖြစ်အပျက်များ၏ အချိတ်အဆက်ကို မစဉ်းစားနိုင်ဘဲ ဖြစ်နေသည်။
ဟွမ်ဝူကျိ တစ်ဦးတည်းသာ အကြောင်းရင်းကို သိနေပြီး ဆဋ္ဌမမင်းသားကို ပြုံးစစဖြင့် ကြည့်နေသည်။
ထိုအခါမှ ဆဋ္ဌမမင်းသားက ဟွမ်ဝူကျိဘက်သို့ လှည့်ကာ လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။
"ဟွမ်မိတ်ဆွေ... ငါတို့တွေ စိတ်ချင်း ဆက်သွယ်နေတာ ကြာပါပြီ၊ ဒီနေ့မှပဲ လူချင်း တွေ့ရတော့တယ်"
"အရင်က ကျွန်တော်မျိုးက ရုတ်တရက်ကြီး သွားရောက်နှောင့်ယှက်မိမှာ စိုးရိမ်လို့ မိတ်ဆွေတို့ဆီကို လာရောက် ဂါရဝမပြုဖြစ်ခဲ့တာပါ"
ထိုအချိန်တွင် အဆင့် ၅ ဝတ်ဖြူတော်အကြီးအကဲကလည်း ပြုံးလျက် ဆိုသည်။
"အတိအကျပါပဲ"
ထိုနေရာရှိ ဝတ်ဖြူတော်များနှင့် လူလတ်ပိုင်းအမျိုးသားတို့မှာ အံ့ဩသွားကြသည်။
တစ်ဦးက ဆဋ္ဌမမင်းသား၊ တစ်ဦးက ဝတ်ဖြူတော်အဖွဲ့၏ အကြီးအကဲ။ သူတို့နှစ်ဦးလုံးက ရှေ့မှ ပုဂ္ဂိုလ်အပေါ် ဘာကြောင့် ဤမျှအထိ ယဉ်ကျေးပျူငှာနေကြသနည်း။
တစ်ဖက်လူက နန်းတော်ထဲမှာ လက်ရဲဇက်ရဲ လုပ်ခဲ့တာတောင် ဖမ်းဆီးခြင်း မပြုသည့်အပြင်၊ သဘောထားကပါ ပုံမှန်မဟုတ်နေပေ။
"ပုံမှန်မဟုတ်တဲ့ နောက်ကွယ်မှာ အကြောင်းရင်း တစ်ခုခု ရှိရမယ်"
လူအတော်များများက တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး စိတ်ထဲမှ တွေးနေမိကြသည်။
လူလတ်ပိုင်းအမျိုးသားသည် တစ်ခုခု မကောင်းတော့သည်ကို ရုတ်တရက် ခံစားလိုက်ရပြီး ပါးစပ်ဟကာ စကားပြောရန် ပြင်လိုက်စဉ်မှာပင်၊ ကောင်းကင်ယံ၌ မည်းမှောင်သော တိမ်တိုက်တစ်ခု ရုတ်တရက် လွင့်မျောလာသည်။
တာ့ရှန့်မြို့တော်၏ ခုခံရေး အစီရင်စုများမှာ တစ်ပြိုင်နက်တည်း ပွင့်လာကြပြီး ထိုတိမ်တိုက်မည်းကြီးကို ပစ်မှတ်ထားလိုက်ကြသည်။
"ဒါက..."
နဂါးနက်လှေကြီးသည် ကောင်းကင်ယံ၌ ခမ်းနားထာ်ဝါစွာ တည်ရှိနေသည်။
လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ကျော်က ထိုမသေမျိုးလှေကြီး မြို့တော်ထဲသို့ ဝင်ရောက်လာသည့် ပုံရိပ်ကို အသက်ကြီးပိုင်း ကျင့်ကြံသူ အတော်များများက ပြန်လည် မြင်ယောင်သွားကြသည်။
ဆဋ္ဌမမင်းသားနှင့် အဆင့် ၅ ဝတ်ဖြူတော်အကြီးအကဲတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြရာ၊ သူတို့၏ မျက်နှာထားများမှာ အလွန်ပင် လေးနက်သွားကြသည်။
"ငါ သွားပြီး တတိယဘိုးဘေး ကို သွားပင့်လိုက်မယ်"
အဆင့် ၅ ဝတ်ဖြူတော်အကြီးအကဲက စကားတစ်ခွန်း ချန်ထားခဲ့ကာ လျင်မြန်စွာ ထွက်ခွာသွားတော့သည်။
တတိယဘိုးဘေး
အားလုံး ထိတ်လန့်သွားကြသည်။
မည်ကဲ့သို့သော ပုဂ္ဂိုလ်ကြီး ရောက်လာ၍ ထိုတတိယဘိုးဘေးကို သွားပင့်ရသနည်း။
တတိယဘိုးဘေးမှာ သက်တမ်းကုန်ဆုံးခါနီးပြီဟု ကောလာဟလများ ထွက်နေသော်လည်း၊ သူသည် မအိုမင်းသေးသော အဆင့် ၆ မသေမျိုး တစ်ဦး ဖြစ်ရာ ဤလောက၏ ထိပ်တန်းပုဂ္ဂိုလ်များထဲမှ တစ်ဦး ဖြစ်သည်။
တာ့ရှန့်မြို့တော်ရှိ မည်သည့် မျိုးနွယ်စုကြီးမဆို အဆင့် ၆ မသေမျိုး ရှေ့မှောက်တွင် ဖုန်မှုန့်မျှသာ ဖြစ်ပြီး၊ ထိုအထဲတွင် တန့်မျိုးနွယ်လည်း ပါဝင်သည်။
လူလတ်ပိုင်းအမျိုးသားသည် ခုနက ဇရပ်ထဲတွင် ပြောခဲ့သော မသေမျိုးလှေ ဖြစ်ရပ်ကို ရုတ်တရက် သတိရသွားသည်။
"အစ်ကိုကြီး... ငါတို့ အရင်က ဒီလှေကြီးကို မြင်ဖူးတယ်နော်"
ဖန့်ရှောင်ပန်းက အံ့ဩစွာ ပြောလိုက်သည်။
ဖန့်ရှောင်ထျန်း၏ မျက်ဝန်းများမှာ အလွန်ပင် စိတ်လှုပ်ရှားနေပုံ ရသည်။
သူ မှတ်မိသည်မှာ အသေအချာပင်။ ထိုစဉ်က သူသည် ဤလှေကြီးပေါ်တွင် အစ်ကိုကြီးကို မြင်တွေ့ခဲ့ရသည်။
"ကဲ သွားရအောင်... အောက်ကို ဆင်းပြီး သွားကြည့်ရအောင်၊ အောက်မှာ တစ်ခုခု အဖုအထစ် ဖြစ်နေပုံရတယ်"
ဖန့်ချန်သည် နဂါးနက်လှေပေါ်မှနေ၍ အောက်ခြေ အခြေအနေအားလုံးကို အသေအချာ မြင်တွေ့နေရသည်။
သူသည် ကျိကန်း နှင့် အခြားသူများကို ခေါ်ဆောင်၍ လှေပေါ်မှ ဆင်းလာရာ၊ မျက်စိတစ်မှိတ်အတွင်းမှာပင် လူအားလုံး၏ ရှေ့မှောက်သို့ ရောက်ရှိလာသည်။
ဖန့်မောင်နှမနှစ်ယောက်မှာ ဤရင်းနှီးသော မျက်နှာကို မြင်လိုက်ရသည်နှင့် အလွန်ပင် ဝမ်းသာသွားကြသည်။
"အစ်ကိုကြီး "
နှစ်ယောက်သား စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။
အစ်ကိုကြီး
ထိုခဏတွင် လူလတ်ပိုင်းအမျိုးသားသည် မိမိ၏ သွေးတိုးတက်လာသလို ခံစားလိုက်ရပြီး ခေါင်းထဲမှ အုန်းခနဲ မြည်သွားတော့သည်။
တန့်လင်ရှောင်းမှာမူ ပါးစပ်အဟောင်းသားနှင့် မှင်တက်နေမိသည်။
တစ်ဖက်လူမှာ တကယ်ပဲ အစ်ကိုကြီး ရှိနေသည့်အပြင်၊ ထိုသူ၏ နောက်ခံမှာ ကြောက်မက်ဖွယ်ကောင်းလှသည်ကို သူ လုံးဝ မထင်ထားခဲ့ပေ။
"ဒါက ရှောင်ထျန်းအစ်ကို့ရဲ့ အစ်ကိုကြီးလား ရုပ်ချင်း နည်းနည်းဆင်သလိုပဲ၊ ရှောင်ထျန်းအစ်ကို ဒီလောက်အထိ စိတ်လှုပ်ရှားနေတာ ငါ တစ်ခါမှ မမြင်ဖူးဘူး..."
ရှန့်ဝူသည် ထိုပုံရိပ်ကို ငေးကြည့်နေမိသည်။
"ဖန့်ရှောင်ထျန်း မောင်နှမမှာ... တကယ်ပဲ အစ်ကိုကြီး တစ်ယောက် ရှိတာပဲ..."
အားလုံးက တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
သူတို့ သတိမထားမိသည်မှာ ဆဋ္ဌမမင်းသား၏ မျက်နှာထားမှာ ယခုအခါ အလွန်ပင် နှိမ့်ချသွားပြီး၊ မျက်နှာတွင် ပေါ်နေသော အပြုံးမှာပင် ဖားယားလိုသည့် အရိပ်အယောင်များ ပါဝင်နေသည်။
လူလတ်ပိုင်းအမျိုးသားနှင့် မြို့တော်မှ ပုဂ္ဂိုလ်ကြီးများသည် ဖန့်ချန်၏ ကျင့်ကြံမှုကို မမြင်နိုင်ကြသော်လည်း၊ ဖန့်ချန်၏ ဘေးတွင် ရပ်နေသော ကျိကန်းထံမှ ထွက်ပေါ်နေသည့် မမြင်ရသော ဖိအားမှာ တာ့ရှန့်အင်ပါယာမှ ဘိုးဘေးကြီးများနှင့် မခြားနားကြောင်း သူတို့ ခံစားလိုက်ရသည်။
အဆင့် ၆ မသေမျိုး
ဒါဟာ အဆင့် ၆ မသေမျိုးကြီးလား
"ဘယ်လိုဖြစ်ပြီး အဆင့် ၆ မသေမျိုး ဖြစ်နေရတာလဲ..."
လူလတ်ပိုင်းအမျိုးသား၏ ကိုယ်လုံးမှာ မသိမသာ ယိုင်သွားတော့သည်။
"မင်းတို့တွေ ကြီးလာကြပြီပဲ"
ဖန့်ချန်က သက်ပြင်းချလျက် ဆိုသည်
"ငါ လက်ရှိကိစ္စတွေကို အပြီးသတ်ပြီးတာနဲ့ ချက်ချင်း လာခဲ့တာ။ မင်းတို့ ပစ္စည်းပစ္စယတွေ သိမ်းဆည်းပြီးတာနဲ့ ငါနဲ့အတူ လိုက်ခဲ့ကြတော့"
"ဟုတ်ကဲ့ "
မောင်နှမနှစ်ယောက်လုံး အလုအယက် ခေါင်းညိတ်လိုက်ကြသည်။
ဤနေရာတွင် သူတို့အတွက် တွယ်တာစရာ သိပ်မရှိတော့ပေ။
သူတို့သည် ဖန့်ချန်၏ ဘေးတွင် လိုက်ပါ၍ မိဘများကို အမြန်ဆုံး တွေ့ဆုံလိုကြပြီ ဖြစ်သည်။
"စီနီယာဖန့်... ခုနက အထင်လွဲမှုလေး အနည်းငယ် ဖြစ်သွားပါတယ်။ စီနီယာကို ရယ်စရာ ဖြစ်သွားစေမိပြီ"
ဆဋ္ဌမမင်းသားက ချက်ချင်း ရှေ့တိုးကာ လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။
ဖန့်ရှောင်ပန်းက ထိုအခြေအနေကို မြင်သောအခါ ဖန့်ချန်ကို ချက်ချင်းပင် တိုင်တန်းတော့သည်။
ခုနက တန့်လင်ရှောင်းနှင့် သူ၏ ဖခင်တို့ ပြုမူခဲ့ပုံများကို အသေးစိတ် တစ်လုံးမကျန် ပြန်ပြောပြလိုက်သည်။
လူလတ်ပိုင်းအမျိုးသား၏ မျက်နှာမှာ ပို၍ပင် ထိတ်လန့်တုန်လှုပ်လာခဲ့ပြီး၊ တန့်လင်ရှောင်းမှာမူ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ က မသေမျိုးလှေပိုင်ရှင်နှင့် ဖန့်မောင်နှမတို့၏ ပတ်သက်မှုကို ရိပ်မိသွားခဲ့ပြီ ဖြစ်သည်။
သူ့စိတ်ထဲတွင် နောင်တရလွန်းသဖြင့် ဒေါသပင် ထွက်မိသည်။
တစ်ဖက်လူတွင် ဤမျှအထိ နောက်ခံကြီးမားနေသည်ကို ဘာကြောင့် ဖုံးကွယ်ထားရသနည်း။
"မကောင်းတော့ဘူး..."
တန့်လင်ခုန့်သည် နောက်ဆုံးတွင် သတိပြန်ဝင်လာပြီး၊ သူ၏ မျက်နှာမှာ ပျက်ယွင်းနေကာ စကားပြောရန် ပြင်သော်လည်း ဝေခွဲမရ ဖြစ်နေသည်။
ထိုအချိန်တွင်ပင် ရွှင်ပျသော ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။
"ဖန့်ညီလေး အစ်ကိုကြီး ဒီနေ့ မျက်တောင်တွေ တလှုပ်လှုပ် ဖြစ်နေတာ၊ တစ်ခုခု ဖြစ်တော့မယ်ဆိုတာ သိနေတာကွ။ မင်း နောက်ဆုံးတော့ ပြန်လာပြီပေါ့ အစ်ကိုကြီး မင်းကို လွမ်းနေတာကွ "
လေပြင်းတစ်ချက် ဝေ့ယမ်းသွားပြီးနောက်
တတိယဘိုးဘေး ရှန့်နင် သည် ဖန့်ချန်၏ ရှေ့မှောက်တွင် ရပ်နေပြီ ဖြစ်သည်။
(အရင်ကစိန့်နင် ပြန်ခဲ့ အခု ရှန့်နင်ပဲသုံးမယ်နော်)
"စီနီယာရှန့်... နှစ်ပေါင်း ၂၀၀ နီးပါး ကြာသွားပြီပဲ၊ နေကောင်းကျန်းမာရဲ့လား"
ဖန့်ချန်က ပြုံးလျက် ဆိုသည်။
"ကောင်းတယ်၊ ကောင်းတယ်... ငါ့ရဲ့ အရိုးအဆစ်တွေက သန်မာတုန်းပဲ၊ နောက်ထပ် နှစ်ပေါင်း တစ်ထောင်လောက်အထိ တိုက်ပွဲဝင်ဖို့ ပြဿနာမရှိသေးဘူး "
အဘိုးကြီးရှန့်က သူ၏ ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်သည်။
သူတို့နှစ်ဦးမှာ ဤမျှအထိ ရင်းနှီးကျွမ်းဝင်နေကြပြီး ညီအစ်ကိုများကဲ့သို့ စကားပြောနေကြသည်ကို မြင်ရသောအခါ၊ ဆဋ္ဌမမင်းသား ဘာကြောင့် ခုနကကဲ့သို့ ပြုမူခဲ့သည်ကို အားလုံး နားလည်သွားကြတော့သည်။
"ဒီတော့... ဖန့်မောင်နှမက တာ့ရှန့်အင်ပါယာမှာ နောက်ခံအရှိဆုံးသူတွေ ဖြစ်နေတာလား "
"တတိယဘိုးဘေးတောင် သူတို့အစ်ကိုနဲ့ ညီအစ်ကိုလို ပေါင်းနေတာဆိုရင် သူတို့မိဘတွေက..."
လူတိုင်း၏ စိတ်ထဲတွင် လှိုင်းလုံးကြီးများ ပုတ်ခတ်သွားသကဲ့သို့ ခံစားလိုက်ရပြီး၊ မောင်နှမနှစ်ယောက်ကို ကြည့်သည့် အကြည့်များမှာလည်း လေးစားကြောက်ရွံ့မှုများ ပါဝင်လာကာ ဘာမှ မလှုပ်ရဲတော့ပေ။
ဖန့်ချန်နှင့် ရှန့်နင်တို့ စကားပြောနေစဉ်တွင် ဆဋ္ဌမမင်းသားက တန့်လင်ရှောင်း၏ ကိစ္စကို အမြန် အကျဉ်းချုပ် တိုင်တန်းလိုက်သည်။
လူလတ်ပိုင်းအမျိုးသားမှာ ခြေထောက်များ ပျော့ခွေသွားပြီး ဖန့်ချန်နှင့် တတိယဘိုးဘေးတို့၏ ရှေ့မှောက်တွင် ရုတ်တရက် ဒူးထောက်လဲကျသွားကာ စိတ်ပျက်အားလျော့စွာဖြင့် လျှောက်တင်လိုက်သည်။
"ကျွန်တော်မျိုးက သားကို ကောင်းကောင်း မဆုံးမနိုင်လို့ သားက ဒီလို အမှားကြီး ကျူးလွန်မိတာပါ။ လူကြီးမင်းတို့ နှစ်ယောက်လုံး စိတ်ကြိုက် အပြစ်ပေးနိုင်ပါတယ်"
"တန့်လေး... မင်းကို ငါ အရင်ကတည်းက ပါးနပ်တဲ့သူလို့ ထင်ထားတာ၊ မင်းက ကလေးချင်း ကိစ္စကိုတောင် ကိုယ်တိုင် ထွက်ပြီး ဝင်ရှုပ်ရဲတယ်ပေါ့လေ"
အဘိုးကြီးရှန့်၏ အသံမှာ အေးစက်လှသည်။
လူလတ်ပိုင်းအမျိုးသားမှာ ထိုစကားကို ကြားရသောအခါ ရင်ထဲ၌ တုန်လှုပ်သွားပြီး မိမိ၏ မျိုးနွယ်စုတစ်ခုလုံး ပျက်စီးတော့မည်ကို ခံစားလိုက်ရသည်။
ချွေးစေးများမှာ စမ်းချောင်းသဖွယ် စီးကျလာပြီး တစ်ကိုယ်လုံးလည်း ရွှဲရွှဲစိုသွားတော့သည်။
အခန်း (၁၅၂၄) - နောင်ဆို မင်း ဝှီးချဲနဲ့ပဲ ထိုင်နေတော့
"သူတို့မှာ မိဘမဲ့တွေဆိုပဲ တစ်ကောင်ကြွက်တွေမို့ နိမိတ်မကောင်းဘူး ဟုတ်လား "
ဖန့်ချန်က တန့်လင်ရှောင်းကို ကြည့်ကာ ပြုံးလျက် မေးလိုက်သည်။
"ကျွန်တော်... ကျွန်တော်..."
တန့်လင်ရှောင်းမှာ တစ်ခွန်းမှ ပြန်မပြောနိုင်ဘဲ ထစ်ငေါ့နေတော့သည်။ သူ၏ ရင်ထဲတွင် ကြောက်ရွံ့တုန်လှုပ်မှုများသာ ပြည့်နှက်နေ၏။
"ဖန့်... ဖန့်မိတ်ဆွေ၊ အခွင့်အရေးလေး တစ်ခုလောက်..."
လေထုက အေးစက်တင်းမာနေစဉ်မှာပင် တန့်လင်ခုန့်က နောက်ဆုံး၌ စကားစလိုက်ပြီး ဖန့်ရှောင်ထျန်းကို အကူအညီတောင်းခံသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
"မင်းရဲ့ မျက်နှာကို ထောက်ထားလို့သာ စီနီယာဟွမ်ရဲ့ ဓားချက်အောက်မှာ အသတ်မခံရတာပါ"
ဖန့်ရှောင်ထျန်းက ပြုံးလိုက်ပြီး
"ဒါပေမဲ့ သူက ကျွန်တော့်ရဲ့ မိသားစုဂုဏ်သိက္ခာကို စော်ကားခဲ့တာကတော့ အမှန်တရားပဲ။ ဒါကြောင့် သူ့ရဲ့ လက်တစ်ဖက်ကို ထပ်ဖြတ်လိုက်မယ်၊ ဒါဆိုရင် ဒီကိစ္စ ပြီးပြတ်ပြီလို့ ဆိုရမလား "
ပြောပြီးသည်နှင့် ဖန့်ရှောင်ထျန်းက ဖန့်ချန်ဘက်သို့ လှည့်ကာ ခွင့်ပြုချက်တောင်းသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
"မင်းကိုယ်တိုင် ဆုံးဖြတ်တာက အကောင်းဆုံးပါပဲ"
ဖန့်ချန်က ခေါင်းညိတ်ကာ ပြုံးပြလိုက်သည်။
လက်တစ်ဖက် ထပ်ဖြတ်မယ် ဟုတ်လား
လူလတ်ပိုင်းအမျိုးသားနှင့် တန့်လင်ရှောင်းတို့မှာ စိတ်ထဲမှ သက်ပြင်းချနိုင်သွားကြသည်။ အသက်ကိုသာ ကယ်တင်နိုင်မည်ဆိုလျှင် ဤမျှအပြစ်ပေးခံရခြင်းမှာ ဘာမှမဟုတ်ပေ။
တန့်လင်ခုန့်မှာလည်း ကျေးဇူးတင်ရှိသည့် မျက်နှာထားဖြင့် လက်အုပ်ချီကာ ပြောလိုက်သည်။
"ဖန့်မိတ်ဆွေကို ကျေးဇူးအများကြီး တင်ပါတယ်"
ဖန့်ရှောင်ထျန်းက ခေါင်းညိတ်ပြလိုက်ပြီး တန့်လင်ရှောင်း၏ ရှေ့သို့ လျှောက်သွားကာ ဓားကို ဝှေ့ယမ်း၍ တစ်ချက်တည်း ခုတ်ချလိုက်ရာ သူ၏ ညာဘက်လက်မောင်းမှာ ပုခုံးရင်းမှ ပြတ်တောက်သွားတော့သည်။
"ဖန့်ညီလေးက တကယ်ကို စိတ်ထားနူးညံ့တာပဲ၊ မင်းတို့တွေ ဖန့်ညီလေးကို ကျေးဇူးမတင်ကြသေးဘူးလား "
အဘိုးကြီးရှန့် က လူလတ်ပိုင်းအမျိုးသားကို တစ်ချက် စောင်းကြည့်လိုက်သည်။
လူလတ်ပိုင်းအမျိုးသားသည် ချက်ချင်းပင် တန့်လင်ရှောင်းကို ခေါ်ကာ ဦးတိုက်ကျေးဇူးတင်ကြပြီး စိတ်ထဲမှလည်း အကြီးအကျယ် သက်ပြင်းချနိုင်သွားသည်။
"ဒါဆိုရင်လည်း ဒီလိုလုပ်ကြတာပေါ့"
ဖန့်ချန်က လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ သစ်သားစွမ်းအင် များမှာ ဖြည်းညင်းစွာ စုစည်းလာပြီး ဝှီးချဲ တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
"စီနီယာဟွမ်က သူ့ရဲ့ ခြေထောက်နှစ်ဖက်ကို ဖြတ်လိုက်ပြီဆိုတော့၊ ငါကပဲ သူ့ကို ဝှီးချဲတစ်ခု လက်ဆောင်ပေးလိုက်တော့မယ်"
အချို့သူများက ရှေ့မှ ဤပုဂ္ဂိုလ်ကြီးမှာ စကားပြောရ ဆိုရ အလွန်လွယ်ကူပြီး တန့်လင်ရှောင်းကို ဝှီးချဲပင် လက်ဆောင်ပေးသေးသည်ဟု ထင်မှတ်လိုက်ကြသည်။
သို့သော် ဆဋ္ဌမမင်းသားနှင့် အခြားသူများမှာမူ ထိုအထဲမှ အဓိပ္ပာယ်အချို့ကို ရိပ်မိသွားကြပြီး ရင်ထဲ၌ တုန်လှုပ်သွားကြသည်။
ဤဝှီးချဲ၏ အဓိပ္ပာယ်မှာ မသေးလှပေ။
"နောင်ဆို... မင်း ဝှီးချဲနဲ့ပဲ ထိုင်နေတော့"
ဖန့်ချန်က တန့်လင်ရှောင်းကို ကြည့်ကာ ပြုံးလျက် ဆိုသည်။
"ဝှီးချဲ..."
လူလတ်ပိုင်းအမျိုးသားမှာ ရုတ်တရက် သဘောပေါက်သွားပြီး မျက်နှာတွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာကာ တန့်လင်ရှောင်းကို ဝှီးချဲပေါ်သို့ ပွေ့ချလိုက်သည်။
"ဖန့်စီနီယာကို ကျေးဇူးတင်လိုက်ဦးလေ"
"ဖန့်စီနီယာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ"
တန့်လင်ရှောင်းက အတင်းအကြပ် ပြုံးလိုက်ရသည်။ ထိုအပြုံး၏ နောက်ကွယ်တွင်မူ အဆုံးမရှိသော ဝမ်းနည်းကြေကွဲမှုများ ရှိနေသည်။
တစ်ဖက်လူက သူ့ကို ဤဝှီးချဲပေးလိုက်ခြင်းမှာ အဓိပ္ပာယ် တစ်ခုတည်းသာ ရှိသည်။
သူသည် အခြားနည်းလမ်းများ အသုံးပြု၍ ခြေထောက်နှစ်ဖက်ကို ပြန်ဆက်၍ ရတော့မည်မဟုတ်သလို၊ လက်မောင်းကိုပင် ပြန်ဆက်၍ ရတော့မည်မဟုတ်ပေ။
နောင်တွင် မည်သည့်ပွဲလမ်းသဘင်သို့မဆို ဤဝှီးချဲဖြင့်သာ သွားလာရတော့မည်ဖြစ်သည်။
အကယ်၍ ဖောက်ဖျက်ခဲ့ပါက ထိုပုဂ္ဂိုလ်ကြီးကိုယ်တိုင် ထွက်လာရန်ပင် မလိုဘဲ ဝတ်ဖြူတော်အဖွဲ့က တန့်မျိုးနွယ်ကို အမြစ်ပြတ်အောင် ချေမှုန်းပေလိမ့်မည်။
"ငါ့အမြင်မှာတော့ နောင်ဆိုရင် မင်းတို့ တန့်မျိုးနွယ်ဟာ မျိုးနွယ်စုအရှင် အသစ်တစ်ယောက် လဲသင့်ပြီ၊ လူငယ်တွေကို နေရာပေးလိုက်စမ်းပါ၊ လူကြီးတွေက နေရာဖယ်မပေးဘဲ အညစ်အကြေးအိုးကြီးကို ဖက်တွယ်မနေပါနဲ့၊ လူငယ်တွေကို အခွင့်အရေး ပေးလိုက်ပါဦး"
အဘိုးကြီးရှန့်က ပြုံးလျက် ဆိုသည်။
လူတိုင်း အံ့ဩသွားကြသည်။
ဒါက တန့်မျိုးနွယ်ရဲ့ အရှင်သခင်ကို ရာထူးက ဖယ်ခိုင်းလိုက်တာလား သူတို့က လူလတ်ပိုင်းအမျိုးသားကို သနားစဖွယ် အကြည့်လေးဖြင့် ကြည့်လိုက်ကြသည်။
"ဟုတ်ကဲ့ပါ..."
လူလတ်ပိုင်းအမျိုးသားသည် ရင်ထဲမှ ဝမ်းနည်းမှုကို ဖိနှိပ်ထားကာ ခေါင်းညိတ်လိုက်ပြီးနောက် တန့်လင်ခုန့်ကို ကြည့်လိုက်သည်။
"လင်ခုန့်... နောင်ကျရင်..."
သူသည် လူအ မဟုတ်ပေ။
အဘိုးကြီးရှန့်က တန့်လင်ခုန့်ကို နေရာပေးရန် ရည်ရွယ်နေသည်ကို သူ သိသည်။
ထို့အပြင် ယနေ့ တန့်မျိုးနွယ်၏ အခြေအနေမှာ ဤမျှနှင့် ပြေလည်သွားရခြင်းမှာလည်း တန့်လင်ခုန့်က ကြားထဲမှ အဆင်ပြေအောင် လုပ်ဆောင်ပေးခဲ့သောကြောင့် ဖြစ်သည်။
"နေဦး"
ဟွမ်ဝူကျိက လူလတ်ပိုင်းအမျိုးသား၏ စကားကို ဖြတ်လိုက်ပြီး ဖန့်ချန်၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။
သို့သော် အဘိုးကြီးရှန့်နှင့် အနီးအနားရှိ ကျင့်ကြံသူများမှာမူ အသေအချာ ကြားလိုက်ရသည်။
"ဒီကောင်လေးရဲ့ ပါရမီက မဆိုးဘူး၊ ငါတို့နဲ့အတူ ခေါ်သွားလို့ရတယ်"
ဝှစ်
အကြည့်ပေါင်းများစွာမှာ တန့်လင်ခုန့်ထံသို့ တစ်ပြိုင်နက်တည်း ကျရောက်သွားကြသည်။
အားကျသူ၊ မနာလိုသူနှင့် တောင့်တသူများဖြင့် ပြည့်နှက်နေ၏။ ဤကဲ့သို့သော ပုဂ္ဂိုလ်ကြီး၏ မျက်စိကျခြင်းကို ခံရပြီး ခေါ်ဆောင်သွားခြင်း ခံရမည်ဆိုလျှင် သူ၏ အနာဂတ်မှာ တန့်မျိုးနွယ်တွင် နေရသည်ထက် အဆပေါင်းများစွာ ပို၍ ကောင်းမွန်နေမည် ဖြစ်သည်။
ဓားကျင့်ကြံသူ တစ်ယောက်ရဲ့ ပါရမီလား။
ဖန့်ချန်၏ အကြည့်မှာ တန့်လင်ခုန့်ထံသို့ ကျရောက်သွားသည်။
ဟွမ်ဝူကျိ၏ ဆိုလိုရင်းကို သူ သိသည်။
ဟွမ်ဝူကျိ ပြောသည့် ပါရမီဆိုသည်မှာ ဓားကျင့်ကြံသူနှင့် ပတ်သက်ရမည်ဖြစ်သည်။
သာမန်ကျင့်ကြံသူဆိုလျှင် သူ၏ မျက်စိထဲသို့ ဝင်လိမ့်မည် မဟုတ်ပေ။
တန့်လင်ခုန့်မှာမူ ရှေ့မှ ပုဂ္ဂိုလ်၏ မျက်လုံးများမှာ မီးခိုးရောင်သန်းနေပြီး မျက်မမြင်တစ်ဦးကဲ့သို့ ထင်ရသော်လည်း၊ မိမိ၏ တစ်ကိုယ်လုံးကို ထွင်းဖောက်မြင်နေရသကဲ့သို့ ခံစားလိုက်ရပြီး ကျောရိုးထဲမှ စိမ့်တက်သွားတော့သည်။
"ကောင်လေး... မင်းရဲ့ ပါရမီက မဆိုးဘူးလို့ ငါ ထင်တယ်၊ ငါတို့နဲ့အတူ လိုက်ခဲ့မလား"
ဟွမ်ဝူကျိက အေးဆေးစွာ ပြုံးလျက် မေးလိုက်သည်။
"လူကြီးမင်းတို့နဲ့အတူ... လိုက်ခဲ့ရမှာလား ဘယ်ကို သွားမှာလဲခင်ဗျာ..."
တန့်လင်ခုန့်မှာ အနည်းငယ် ကြောင်သွားသည်။
"ဘယ်ကို သွားမလဲဆိုတာ မမေးနဲ့ဦး၊ ငါက မင်းကို တပည့်အဖြစ် လက်ခံချင်တာ၊ မင်း ဆန္ဒရှိတယ်ဆိုရင် ဒူးထောက်ပြီး ဦးတိုက်တော့"
ဟွမ်ဝူကျိက ခပ်အေးအေးပင် ဆိုလိုက်သည်။
လူလတ်ပိုင်းအမျိုးသားသည် ယခုအဖြစ်အပျက်ကြောင့် တန့်မျိုးနွယ်မှာ အခြားမျိုးနွယ်စုများ၏ ဝိုင်းဝန်းနှိပ်ကွပ်မှုကို ခံရတော့မည်ဟု ထင်ထားသော်လည်း၊ ယခုအခါ အခြေအနေမှာ ပြောင်းပြန် ဖြစ်သွားကာ သူ၏သား တန့်လင်ခုန့်မှာ ဤကဲ့သို့သော အခွင့်အရေးကြီးကို ရရှိလိုက်သည်လား။
သူသည် ချက်ချင်းပင် အသံလွှင့်ကာ
"လင်ခုန့် မြန်မြန် ဒူးထောက်ပြီး ဆရာတင်လိုက်စမ်း ဒါက မင်းအတွက် ကံကောင်းခြင်းပဲ၊ ငါတို့ တန့်မျိုးနွယ်အတွက်လည်း ကံကောင်းခြင်းပဲ "
တန့်လင်ခုန့်သည်လည်း လူအများ၏ အကြည့်မှာ အားကျခြင်းမှသည် မနာလိုခြင်းသို့ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသဖြင့် မိမိ မည်မျှကြီးမားသော အခွင့်အရေးနှင့် တွေ့ဆုံနေရသည်ကို သိလိုက်သည်။
သူသည် စကားအပိုမဆိုဘဲ ဒူးထောက်ကာ ကိုးကြိမ်တိုင်တိုင် ဦးတိုက်လိုက်တော့သည်။
သူ ပြန်ထလာပြီးနောက် ဟွမ်ဝူကျိက သူ့ကို ဘေးတွင် လိုက်ခဲ့ရန် ပြောလိုက်သည်။
ထို့နောက်တွင်မူ ဖန့်ချန်နှင့် အဘိုးကြီးရှန့်တို့နှင့်အတူ ထိုနေရာမှ ထွက်ခွာသွားကြတော့သည်။
တန့်လင်ခုန့်မှာ လိုက်ပါသွားစဉ်တွင်ပင် မယုံကြည်နိုင်အောင် ဖြစ်နေရပြီး ဦးနှောက်မှာ ဗလာဖြစ်နေကာ ဝေခွဲမရ ဖြစ်နေဆဲပင်။
"ဆဋ္ဌမမင်းသား... အဲ့ဒီပုဂ္ဂိုလ်က..."
လူလတ်ပိုင်းအမျိုးသားသည် ဖန့်ချန်တို့ လုံးဝ ထွက်ခွာသွားပြီးမှသာ စကားစရဲတော့သည်။
ဆဋ္ဌမမင်းသားသည် မူလက သူ့ကို အရေးမစိုက်လိုသော်လည်း၊ တန့်လင်ခုန့်သည် ဟွမ်ဝူကျိ၏ တပည့် ဖြစ်သွားပြီ ဖြစ်သဖြင့် တန့်မျိုးနွယ်သည်လည်း ကျွယ်မင်နန်းတော် မှ ဖန့်အမာခံ နှင့် ပက်သက်မှု အနည်းငယ် ရှိသွားပြီ ဖြစ်ကြောင်း စဉ်းစားမိကာ ပြုံးလျက် ဆိုလိုက်သည်။
"မင်းကတော့ ဒီတစ်ခေါက် ဘေးဒုက္ခထဲကနေ ကံကောင်းခြင်းကို ရှာတွေ့ခဲ့တာပဲ။ မင်း မွေးထားတဲ့ သားတွေထဲမှာ လူအလည်း ပါသလို၊ လူလည်လည်း ပါနေတာက ကံကောင်းတာပဲ"
တန့်လင်ရှောင်းမှာ မျက်နှာနီရဲလျက် ခေါင်းငုံ့ထားမိသည်။
"အဲ့ဒီ ဖန့်မိတ်ဆွေဆိုတာက ကျွယ်မင်နန်းတော်ရဲ့ အမာခံတပည့်ပဲ၊ အသေးစိတ်ကိုတော့ နောင်ကျရင် လင်ခုန့်ကိုပဲ မေးကြည့်လိုက်တော့။ ငါ မင်းကို တစ်ခုပဲ ပြောပြမယ်။ ကျွယ်မင်နန်းတော်ရဲ့ အမာခံတပည့် ဆိုတာ ကျင့်ကြံမှု အနိမ့်ဆုံးတောင် အဆင့် ၆ မသေမျိုး နဲ့ သရေကျအောင် တိုက်နိုင်တဲ့သူတွေပဲ။ သူတို့ထဲမှာ အဆင့် ၆ ထက် ကျော်လွန်တဲ့ စွမ်းရည်ရှိတဲ့သူတွေလည်း အများကြီး ရှိတယ်"
ဆဋ္ဌမမင်းသားက ခပ်အေးအေးပင် ဆက်ပြောသည်။
"ငါတို့ရဲ့ ကျွေ့ယွမ်ကြယ် ဆိုတာ သူတို့ မျက်လုံးထဲမှာ ပင်လယ်ကမ်းခြေက သဲပွင့်လေး တစ်ပွင့်လောက်ပဲ ရှိတာ။ သူတို့သာ ဆန္ဒရှိရင် မင်းနဲ့ ငါ အပါအဝင် ဒီက အရာအားလုံးကို လက်ဖျောက်တစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်နိုင်တယ်"
ရှူး...
လူလတ်ပိုင်းအမျိုးသားမှာ ကမ္ဘာပေါ်တွင် ဤမျှ အင်အားကြီးမားသော အဖွဲ့အစည်း ရှိလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။
သို့သော် ဆဋ္ဌမမင်းသားက ထိုကဲ့သို့သော ကိစ္စမျိုးတွင် ပုံကြီးချဲ့ ပြောလိမ့်မည်မဟုတ်ကြောင်း သူ ယုံကြည်သည်။
"ဒါက ကောင်းကင်ပြင်ပက အင်အားစု ဖြစ်ရမယ်၊ ဒါကြောင့်ပဲ..."
သူသည် မသိစိတ်ဖြင့် ကောင်းကင်ပြာကြီးကို မော့ကြည့်လိုက်မိသည်။
တာ့ရှန့်အင်ပါယာတွင် ဤနေရာမှ ထွက်ခွာနိုင်သည့် နည်းလမ်းများကို တော်ဝင်မျိုးနွယ်ကသာ ထိန်းချုပ်ထားသည်။
တန့်မျိုးနွယ်ကဲ့သို့ မိသားစုများမှာ ပြင်ပကမ္ဘာနှင့် ပတ်သက်၍ အကြားအမြင် အနည်းငယ်သာ ရှိကြပြီး သိပ်မသိကြပေ။
ခမ်းနားထည်ဝါလှသော နန်းတော်ကြီးအတွင်း၌ အဘိုးကြီးရှန့်က ဖန့်ချန်တို့ကို တခမ်းတနား ဧည့်ခံကျွေးမွေးရန် ပြင်လိုက်သော်လည်း ဖန့်ချန်က တားမြစ်လိုက်သည်။
"စီနီယာရှန့်... ကျွန်တော် ဒီမှာ အကြာကြီး နေမှာမဟုတ်ဘူး၊ ဒီကို လာတာကလည်း ဒီမောင်နှမ နှစ်ယောက်ကို ခေါ်သွားဖို့ပါ"
ဖန့်ချန်က ဖန့်ရှောင်ထျန်းနှင့် ဖန့်ရှောင်ပန်းကို ကြည့်ကာ ပြုံးလိုက်သည်။
"ဒါဆို... ငါရော..."
အဘိုးကြီးရှန့်က လက်နှစ်ဖက်ကို ပွတ်သပ်ရင်း မေးလိုက်သည်။
"စီနီယာ ဆန္ဒရှိရင်တော့ အတူတူ လိုက်ခဲ့လို့ ရပါတယ်။ ဒါပေမဲ့ ကျွန်တော့်နောက်ကို လိုက်ရုံနဲ့ မသေမျိုးစားရင်းဝင်ခွင့် ရမယ်လို့တော့ ကျွန်တော် ကတိမပေးနိုင်ဘူး။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျွန်တော်တို့ နံပါတ် ၉၇ ရှေးဟောင်းတားမြစ်နယ်မြေ မှာ တိုက်ပွဲဝင်တုန်းကတောင် အမာခံတပည့်တချို့ သေဆုံးခဲ့ကြသေးတယ်"
ဖန့်ချန်က ဆက်ပြောသည်
"ဒီမှာ နေမယ်ဆိုရင်တော့ အနည်းဆုံးတော့ အန္တရာယ် သိပ်မရှိနိုင်ဘူးပေါ့"
အမာခံတပည့်တွေတောင် သေဆုံးကုန်ကြသည် ဆိုလျှင် အပြင်စည်းကျင့်ကြံသူ များ၏ ဘေးကင်းရေးမှာ ပို၍ပင် စိုးရိမ်ရပေမည်။
ထိုအချက်ကို ရှင်းပြပြီးနောက် တစ်ဖက်လူက လိုက်လိုသေးသည် ဆိုပါက ခေါ်သွားမည် ဖြစ်သည်။
"ငါ လိုက်မှာပေါ့ ဒီမှာ နေရင်လည်း သေရမယ့်ရက်ကို စောင့်နေရတာနဲ့ အတူတူပဲ၊ ညီလေးနောက်ကို လိုက်ပြီး ပြင်ပကမ္ဘာကို တစ်ခေါက်လောက် သွားကြည့်လိုက်ရင် နောက်ထပ် ဘဝသစ်တစ်ခု ရနိုင်ကောင်းပါရဲ့ "
အဘိုးကြီးရှန့်က တွန့်ဆုတ်မနေဘဲ ဆုံးဖြတ်လိုက်သည်။
သူသည် ဤနေ့ရက်ကို စောင့်မျှော်နေသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သည်။
"ရှောင်ထျန်းအစ်ကိုလည်း သွားတော့မှာလား... သူ... သူ ဘယ်ကို သွားမှာလဲ၊ ဝေးလားဟင်..."
ဘေးမှ နားထောင်နေသော ရှန့်ဝူက နောက်ဆုံးတွင် မအောင့်နိုင်ဘဲ စကားပြောလိုက်တော့သည်။