← Chapters

အခန်း (၅၂၃-၅၂၄)

Vol. 53 Ch. 523-524

အခန်း (၅၂၃-၅၂၄)

Vol. 53 Ch. 523-524

အခန်း (၅၂၃) - ထိုက်ရှန်းတောင် ပြိုလဲပြီ ၊ အရင်ခေတ်က ဓား ၊ အစွမ်းကိုယ်စီ ပြိုင်ကြခြင်း ၊ ငါ့ရဲ့ တာအိုစိတ်ဓာတ်ကို ဖျက်ဆီးချင်တာလား

ထို ထိုက်ရှန်းဖူကျွင်း တံဆိပ်တော် သည် အောက်လမ်းမိစ္ဆာနှင့် အမိုက်မှောင် အရာဝတ္ထုများအပေါ် အထူးတလည် နှိမ်နင်းနိုင်စွမ်း ရှိသည်။ ချူကျန်းနဂါးနန်းတော်ရှိ လျှို့ဝှက်ဂူအတွင်းမှ မည်သို့မျှ ဖျက်ဆီး၍မရနိုင်သော မိစ္ဆာဆိုးများကိုပင် ဤတံဆိပ်တော်က နှိမ်နင်းထားနိုင်ခဲ့သည်မဟုတ်ပါလား။

ရှေးဟောင်းဟန်ဖြင့် ခန့်ညားလှသော တံဆိပ်တော်ကြီးတစ်ခုသည် လီယန်ချူ၏ လက်ဖဝါးအတွင်းမှ ကြွတက်လာသည်။

ထည်ဝါလှသည် ရှေးကျလှသည်

လျှို့ဝှက်ဆန်းကြယ်သော ထိုလူသေကောင်မှာ ရုတ်တရက် ရပ်တန့်သွား၏။ ၎င်း၏ မျက်လုံးများထဲတွင် တုံ့ဆိုင်းနေသော အရိပ်အယောင်များ ပေါ်လာပြီး ဤထိုက်ရှန်းဖူကျွင်း တံဆိပ်တော်ကို စိုက်ကြည့်နေသည်။

"အလုပ်ဖြစ်ပြီ"

လီယန်ချူ၏ မျက်လုံးများ ဝင်းခနဲ ဖြစ်သွားသည်။

သူသည် တံဆိပ်တော်ကို နှိုးဆော်ကာ ခန့်ညားထည်ဝါလှသော စွမ်းအားလှိုင်းတစ်ခုကို ပစ်လွှတ်လိုက်သည်။ တာအိုဝတ်ရုံဝတ် ဇွန်ဘီမှာ လွင့်ထွက်သွားသော်လည်း၊ မကြာမီမှာပင် ယိမ်းယိုင်လျက် ပြန်လည် ထရပ်နိုင်ခဲ့ပြန်သည်။ ၎င်း၏ မျက်လုံးများထဲတွင် နားမလည်နိုင်သည့် အရိပ်အယောင်များ ပြည့်နှက်နေ၏။

"ဒီအချိန်မှာ သူ့ကို ရိုက်ရမှာ မဟုတ်ဘူးလား"

လီယန်ချူ မျက်မှောင်ကြုတ်သွားသည်။

တံဆိပ်တော်၏ အရှိန်အဝါကြောင့် တာအိုဝတ်ရုံဝတ် လူသေကောင်မှာ ကြိုတင်ခန့်မှန်းမရသော ပြောင်းလဲမှုတချို့ ဖြစ်ပေါ်လာပုံရသည်။ ထိုလူသေကောင်သည် တံဆိပ်တော်ကို စိုက်ကြည့်ရင်း ဖြည်းညှင်းစွာ ဒူးထောက်ချလိုက်တော့သည်။

လီယန်ချူ "................."

တာအိုဝတ်ရုံဝတ် လူသေကောင်၏ မျက်နှာတွင် အလွန်အမင်း ရိုသေလေးစားသည့် အရိပ်အယောင်များ ပေါ်နေ၏ "တကယ့်ကို ထိုက်ရှန်းဖူကျွင်း တံဆိပ်တော်ပဲ" ဟု လီယန်ချူ ကျေနပ်နေစဉ်မှာပင်။

လူသေကောင်သည် ခေါင်းကို ရုတ်တရက် မော့လိုက်သည်။

၎င်း၏ မျက်လုံးအစုံမှ တောက်ပသော အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး တံဆိပ်တော်၏ ထိန်းချုပ်မှုကို တိုက်ရိုက် ချိုးဖျက်ကာ လီယန်ချူ၏ ရှေ့မှောက်သို့ ရောက်ရှိလာတော့သည်။

"ထိုက်ရှန်းတောင်က ပြိုလဲပြီ... နတ်မင်းကြီး လည်း ပျောက်ကွယ်သွားပြီ... မင်းရဲ့ ဒီတံဆိပ်တော်က ငါ့ကို ( အရာရှိမင်းကို) ဘာမှလုပ်လို့မရဘူး"

လျှို့ဝှက်ဆန်းကြယ်သော လူသေကောင်က အက်ရှရှအသံဖြင့် ပြောဆိုလိုက်သည်။

သူ၏စကားမှာ ထူးဆန်းသော ခံစားချက်ကို ပေးစွမ်းနေသည်။

အဓိပ္ပာယ်မှာ "အရင်မင်းဆက်က ဓားနဲ့ အခုမင်းဆက်က အရာရှိကို လာခုတ်ချင်တာလား" ဟု မေးနေသကဲ့သို့ပင်။

လီယန်ချူ မျက်မှောင်ကြုတ်သွားမိသည်။

တံဆိပ်တော်က ရန်သူကို မနှိမ်နင်းနိုင်၍ မဟုတ်ချေ။ အကယ်၍ ဤတံဆိပ်တော်ကသာ အရာရာကို အနိုင်ယူနိုင်ပါက နောင်တွင် မည်သည့်မိစ္ဆာနှင့်တွေ့တွေ့ ၎င်းကိုသာ ထုတ်ပြလိုက်ရုံရှိပေလိမ့်မည်။ ဤတံဆိပ်တော်အတွင်း၌ သူကိုယ်တိုင်ပင် အပြည့်အဝ မချုပ်ကိုင်နိုင်သေးသည့် လျှို့ဝှက်ချက်များ ရှိနေသေးသည်။

သူ့ကို ပို၍ စိတ်ဝင်စားသွားစေသည်မှာ ထိုလူသေကောင်က စကားပြောတတ်ရုံသာမက မိမိကိုယ်မိမိ အရာရှိမင်း ဟု သုံးနှုန်းသွားခြင်းပင်။

လီယန်ချူ၏ ကိုယ်ပေါ်မှ တာအိုအစီရင်ဝတ်စုံသည် လူသေကောင်၏ ကြမ်းတမ်းလှသော တိုက်ခိုက်မှုကို ထပ်မံကာကွယ်လိုက်ပြန်သည်။ ထက်မြက်လှသော အရှိန်အဝါများ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားရာ ကောင်းကင်နှင့် မြေကြီးကို ပိုင်းဖြတ်လိုက်သကဲ့သို့ ရှိနေသည်။

တောင်ကြား၏ တစ်ဝက်ခန့်မှာ အပိုင်းပိုင်းပြတ်ကာ မြေတွင်းနက်ကြီးများ ပေါ်လာပြီး ပျက်စီးသွားတော့သည်။

"မင်းက ဘယ်နေရာက အရာရှိလဲ"

လီယန်ချူ မေးလိုက်သည်။

သူ တကယ်ကို စိတ်ဝင်စားသွားမိသည်။

သို့သော် နှမြောစရာကောင်းသည်မှာ ထိုလူသေကောင်သည် စကားပြောရန် စိတ်ပါဝင်စားပုံ မရတော့ချေ။ ၎င်း၏ လက်ချောင်းငါးချောင်းကြားတွင် ထက်မြက်လှသော အရှိန်အဝါများ ဝဲလှည့်လာပြီး နောက်ဆုံးတွင် ဝိညာဉ်ခေါင်းဖြတ်ဓား ကြီးတစ်ခု ဖြစ်ပေါ်လာသည်။

ထိုဓားကြီးမှာ အရှည် မီတာ ၄၀ ခန့်ရှိပြီး ဓားကျောမှာ ထူကာ ဓားသွားမှာ ပါးလျလှသည်။ သတ်ဖြတ်လိုသော အငွေ့အသက်များမှာ အလွန်ပင် ပြင်းထန်လှသည်။

ချလွန်း

လူသေကောင်က လက်ကို ဝှေ့ယမ်းလိုက်သည်နှင့်အမျှ ထိုမီတာ ၄၀ ရှည်သော ဓားကြီးမှာ ပြင်းထန်စွာ ခုတ်ချလိုက်တော့သည်။

"ဒါက တကယ့်ကို မီတာ ၄၀ ရှည်တဲ့ ဓားကြီးပဲ..."

လီယန်ချူ၏ နှုတ်ခမ်းများ တွန့်သွားကာ၊ ကျန့်ကျောင်းဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လျက် တိုက်ရိုက် ပြန်လည်ခုတ်ချလိုက်သည်။ သူ၏ ကျောဘက်တွင်လည်း မြင့်မားလှသော ပုံရိပ်ကြီးနှစ်ခု ပေါ်လာပြီး သူနှင့် တူညီသော လှုပ်ရှားမှုကို ပြုလုပ်လိုက်ကြသည်။

ဒိုင်း ဝုန်း

ဓားအလင်းနှစ်ခု ထိပ်တိုက်တွေ့ကာ အဆက်မပြတ် ပေါက်ကွဲနေပြီး၊ ထက်မြက်လှသော အရှိန်အဝါများက တောင်ကြားအတွင်းရှိ အရာရာကို ပိုင်းဖြတ်နေတော့သည်။ တောင်ကြား၏ တစ်ဝက်ကျော်မှာ ပြိုလဲသွားပြီဖြစ်ရာ ယခုအခါ ၎င်းမှာ တောင်ကြားမဟုတ်တော့ဘဲ အပျက်အစီးပုံကြီးအဖြစ် ပြောင်းလဲသွားသည်။ စောစောက မီးချီလင်၏ သွေးများကြောင့် ဖြစ်ပေါ်လာသော သက်စောင့်အားများမှာလည်း လုံးဝ ပျက်စီးသွားခဲ့ပြီဖြစ်သည်။

လီယန်ချူ၏ ဝတ်ရုံမှာ လေထဲ၌ တဖျတ်ဖျတ် လွင့်နေပြီး၊ သူ၏ မျက်နှာမှာ အေးစက်တည်ငြိမ်လျက် မျက်လုံးများထဲတွင် တိုက်ခိုက်လိုစိတ်များ ဆူပွက်နေသည်။ တာအိုဝတ်ရုံဝတ် လူသေကောင်မှာမူ မည်သည့်ခံစားချက်မျှ မရှိဘဲ တည်ငြိမ်နေဆဲပင်။

အကယ်၍ လီယန်ချူသာ ထိုနေရာသို့ ရောက်မလာခဲ့ပါက၊ ဤလူသေကောင်သည် ပိုင်ကျီမိစ္ဆာနိုင်ငံ ရှိ မိစ္ဆာအားလုံးကို သတ်ဖြတ်ကာ ၎င်းတို့၏ အသားနှင့် သွေးကို ဝါးမြိုလိမ့်မည်မှာ သေချာသည်။

ထို ကျောင်းတော်သား ဟန်ပန်နှင့် မီးချီလင်မိစ္ဆာဘုရင်ပင်လျှင် ဤလူသေကောင်၏ ဝါးမြိုခြင်းကို ခံရမည့် ဘေးမှ လွတ်မည်မဟုတ်ချေ။

သို့သော် သူသည် သည်းခံကာ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။

လီယန်ချူ၏ စိတ်ထဲ၌ အတွေးများ အလျင်အမြန် လည်ပတ်နေသည်။ ဤလူသေကောင်သည် အလွန်မြင့်မားသော အသိဉာဏ် ရှိနေသည်။ အပြင်ပန်း မြင်ရသကဲ့သို့ ထုံထိုင်းနေသည့် ကောင်မျိုး မဟုတ်ချေ။

မှန်ပေသည်... လူကို မျှားခေါ်ရန် အကွက်ဆင်နိုင်သည့် လက်မည်းကြီးတစ်ဦးသည် အသိဉာဏ်မဲ့သော ခန္ဓာကိုယ်တစ်ခု မည်သို့ ဖြစ်နိုင်ပါမည်နည်း။ ၎င်းက မိမိကိုယ်မိမိ အရာရှိမင်း ဟု သုံးနှုန်းနေသည်ဆိုလျှင် မည်သည့်နေရာမှ အရာရှိ ဖြစ်နေသနည်း။

"ဒီလူက အသက်ရှင်စဉ်က ဘယ်လိုတည်ရှိမှုမျိုး ဖြစ်ခဲ့တာလဲ"

ဝုန်း... ဝုန်း

လူသေကောင်က လက်ဖဝါးကို မြေပြင်ပေါ်သို့ ဖိချလိုက်ရာ၊ မြေပြင်မှာ အက်ကွဲကြောင်းကြီး ဖြစ်သွားသည်။ လီယန်ချူက ကိုယ်ကို လှုပ်ရှားကာ ထိုပြင်းထန်လှသော စွမ်းအားလှိုင်းကို ရှောင်တိမ်းလိုက်သော်လည်း၊ မြေပြင်ပေါ်မှ ကျောက်စရစ်များဖြင့် ဖွဲ့စည်းထားသော ကြောက်မက်ဖွယ် မြေနဂါး အများအပြား ထွက်ပေါ်လာသည်။

၎င်းတို့သည် အစွမ်းထက်လှသော အစီရင် တစ်ခုကို ဖွဲ့စည်းကာ လီယန်ချူကို အတွင်း၌ ပိတ်ဆို့လိုက်တော့သည်။

လီယန်ချူသည် သူ၏ ခန္ဓာကိုယ်မှာ အဆပေါင်း ဆယ်ဂဏန်း၊ ရာဂဏန်းမက လေးလံလာသကဲ့သို့ ခံစားလိုက်ရပြီး၊ ကလီစာများအားလုံးမှာ ဖိညှစ်ခံလိုက်ရသည်။ သူ၏ ကြံ့ခိုင်လှသော ကိုယ်ထည်ကြောင့်သာ တောင့်ခံနိုင်ခြင်းဖြစ်ပြီး၊ သာမန်ကျင့်ကြံသူဆိုပါက ဤထူးဆန်းသော စွမ်းအားအောက်၌ အရိုးများ ကြေမွကာ သေဆုံးသွားပေလိမ့်မည်။

"ဆွဲငင်အား လား ဒီကောင်က ဆွဲငင်အားကိုပါ ထိန်းချုပ်နိုင်တာလား"

လီယန်ချူ၏ နှုတ်ခမ်းများ တုန်သွားသည်။

ဤဆွဲငင်အား၏ အကြောက်စရာအကောင်းဆုံးအချက်မှာ ခန္ဓာကိုယ်အပြင်ဘက် ဖိအားသာမက၊ ကလီစာများနှင့် သွေးကြောများအပေါ်ရှိ ဖိအားပင် ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် သူသည် ယခုအခါ အရိုးအသားပြောင်းလဲ ထားပြီးဖြစ်ကာ ခန္ဓာကိုယ်မှာ တတိယအဆင့်နှင့် ယှဉ်နိုင်နေပြီဖြစ်သည်။

ဝုန်း

သူသည် မြေနဂါးများဖြင့် ဖွဲ့စည်းထားသော အစီရင်ကို တိုက်ရိုက် တိုက်ခွဲလိုက်သည်။ မြေပြင်ပေါ်သို့ ပြန်လည် ကျဆင်းချိန်တွင်မူ ရွှံ့နွံအိုင်ထဲသို့ ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။

ကြည့်လိုက်သည့်အခါ

ပတ်ဝန်းကျင်တစ်ခုလုံးမှာ အမှန်တကယ်ပင် ရွှံ့နွံအိုင်ကြီး အဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။

ဤသည်မှာ သာမန်ရွှံ့နွံမဟုတ်ဘဲ လီယန်ချူ၏ ခန္ဓာကိုယ်စွမ်းအားကို ပျော့ပျောင်းသွားစေသည့် ထူးဆန်းသော စွမ်းအားတစ်ခု ပါဝင်နေသည်။ သူ၏ ခြေထောက်များမှာ ရွှံ့ထဲသို့ နစ်ဝင်သွားခဲ့သည်။

လျှို့ဝှက်ဆန်းကြယ်သော လူသေကောင်က လက်ကို ဓားကဲ့သို့ ဝှေ့ယမ်းကာ ထပ်မံ ခုတ်ချလိုက်ပြန်သည်။

မီတာ ၄၀ ရှည်သော ဝိညာဉ်ခေါင်းဖြတ်ဓားကြီး ပြန်လည် ပေါ်လာပြန်ပြီ။

လီယန်ချူမှာ အတင်းအဓမ္မ ခုခံရန်သာ ရွေးချယ်စရာ ရှိတော့သည်။

သို့သော် သူသည် ထိုဓားကြီး၏ ပြင်းထန်လှသော စွမ်းအားကြောင့် ရွှံ့နွံအိုင်ထဲသို့ ပို၍ နက်ရှိုင်းစွာ နစ်ဝင်သွားရသည်။ ၎င်းမှာ တကယ့်ကို ရုန်းမထွက်နိုင်သည့် အခြေအနေပင်။

လီယန်ချူ ရွှံ့ထဲတွင် နစ်နေစဉ်မှာပင် လူသေကောင်က လက်ကို အနည်းငယ် ဆုပ်ကိုင်လိုက်ရာ မြေပြင်တစ်ခုလုံးမှာ မူလအတိုင်း ပြန်လည် တည်ငြိမ်သွားတော့သည်။

လီယန်ချူမှာမူ မြေကြီးထဲ၌ ပိတ်မိနေဆဲပင်

"တကယ့်ကို ထူးဆန်းတဲ့ အတတ်ပညာပဲ"

လီယန်ချူ အသက်ကို ပြင်းပြင်းရှူလိုက်သည်။

တာအိုဝတ်ရုံဝတ် လူသေကောင်မှာ တကယ့်ကို အောက်လမ်းအတတ်ပညာရှင် အစစ်ပင် သာမန် ဟန်ပြအဆင့် မဟုတ်ချေ ထို့ပြင် အတတ်ပညာမျိုးစုံကို အလွန်ပင် ကျွမ်းကျင်စွာ အသုံးပြုနိုင်စွမ်း ရှိသည်။

လီယန်ချူ၏ ကိုယ်ပေါ်မှ ပြင်းထန်လှသော သွေးအဆီအနှစ်များမှာ ဟုန်းဟုန်းတောက်နေသော မီးဖိုကြီးကဲ့သို့ ထွက်ပေါ်လာပြီး၊ နောက်တစ်စက္ကန့်တွင် သူသည် ချုပ်နှောင်မှုများကို ဖျက်ဆီးကာ အပြင်သို့ ခုန်ထွက်လိုက်သည်။

တောက်ပသော အနီရောင်အလင်းတန်းများက သူ့ကို လွှမ်းခြုံထားရာ၊ သူသည် လူ့လောကသို့ ဆင်းသက်လာသော နေမင်းတစ်စင်းအလား ထင်မှတ်ရသည်။ သို့သော်လည်း လီယန်ချူမှာ ရုတ်တရက် ကြောင်အမ်းသွားခဲ့ရသည်။

ပတ်ဝန်းကျင်ရှိ အရာအားလုံး ပျောက်ကွယ်သွားပြီး၊ သူသည် လုံးဝ မှောင်မည်းနေသော ဟင်းလင်းပြင်တစ်ခုအတွင်းသို့ ရောက်ရှိနေသည်။ ကောင်းကင်ယံ၌ တောက်ပသော အလင်းတန်း နှစ်ခု ချိတ်ဆွဲထားသည်ကို မြင်လိုက်ရ၏။

လီယန်ချူ သေချာစိုက်ကြည့်လိုက်သောအခါ... ၎င်းမှာ မျက်လုံးအစုံ ဖြစ်နေသည်။

ထိုမျက်လုံးအစုံမှာ တည်ငြိမ်လွန်းကာ၊ ထုံထိုင်းပြီး အေးစက်နေသည်။ လူသားတို့၏ မည်သည့်ခံစားချက်မျှ ပါဝင်ခြင်း မရှိဘဲ သူ့ကို စိုက်ကြည့်နေခြင်း ဖြစ်သည်။

ခဏချင်းမှာပင်...

လီယန်ချူနှင့် မသက်ဆိုင်သော မှတ်ဉာဏ်ပေါင်းများစွာသည် သူ၏အတွင်းသို့ တိုက်ရိုက် စီးဝင်လာတော့သည်။

ဒီရေလှိုင်းကြီးများကဲ့သို့ ပြင်းထန်လှသည်

ဆည်ပြိုကျသကဲ့သို့ အဟုန်ပြင်းလှသည်

ထိုမှတ်ဉာဏ်များထဲတွင် အမတ်မင်းများ၊ လမ်းဘေးဈေးသည်များ၊ အမျိုးသားများနှင့် အမျိုးသမီးများ ပါဝင်နေသည်။ ကြွယ်ဝလှသော သူဌေးကြီးများ ရှိသကဲ့သို့၊ ဘာမှမရှိသော သူဖုန်းစားများလည်း ပါဝင်သည်။ ထိုမှတ်ဉာဏ်များမှာ အလွန်ပင် စစ်မှန်ကာ ကြည်လင်ပြတ်သားလှသည်။

လူ့လောက၏ ဒုက္ခအရပ်ရပ်မှာ လီယန်ချူ၏ ရှေ့မှောက်၌ ပေါ်လာတော့သည်။

ဘေးဒုက္ခများ၊ ရောဂါဝေဒနာများ၊ စစ်မက်ဘေးများနှင့် များစွာသော စိတ်မချမ်းမြေ့ဖွယ် မှတ်ဉာဏ်များက သူ၏ဦးနှောက်ထဲသို့ တိုးဝင်နေသည်။

"ငါ့ရဲ့ တာအိုစိတ်ဓာတ်ကို ဖျက်ဆီးချင်တာလား "

လီယန်ချူ၏ အသံမှာ မိုးကြိုးပစ်သကဲ့သို့ ဟိန်းထွက်သွားသည်။

သူ၏ကိုယ်ပေါ်မှ သန့်စင်သော နတ်ဘုရားအရှိန်အဝါ များ ထွက်ပေါ်လာပြီး၊ တစ်ကိုယ်လုံး ရွှေရောင်အလင်းများ တောက်ပသွားတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ထိုအမှောင်ထုကြီးကို ထိုးဖောက် ဖျက်ဆီးလိုက်တော့သည်။

အခန်း (၅၂၄) - ဝမ်လင်ကွမ်း နတ်မင်းကြီး၏ နတ်ဘုရားစွမ်းအား ၊ မိုကြိုးငါးပါးအဆောင်ကို အစွမ်းမြင့်ခြင်း ၊ ကုသိုလ်မှတ် နှစ်သိန်း ၊ အတူတူ သေကြမလား

ရွှေရောင်ဝတ်စုံဝတ် နတ်မင်းကြီးတစ်ပါး၏ ပုံရိပ်သည် ဖြည်းညှင်းစွာ ထွက်ပေါ်လာပြီး၊ သန့်စင်သော နတ်ဘုရားအရှိန်အဝါများက ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။

လီယန်ချူသည် လင်ကွမ်းဖိတ်ခေါ်အဆောင် ကို အသုံးပြုကာ ဝမ်လင်ကွမ်း နတ်မင်းကြီး၏ နတ်ဘုရားစွမ်းအားကို ငှားယူလိုက်ခြင်း ဖြစ်သည်။ ၎င်းက မူလကပင် တတိယအဆင့်နှင့် နီးစပ်နေသော သူ၏ခန္ဓာကိုယ်အစွမ်းကို တစ်ခဏအတွင်းမှာပင် အဆမတန် အစွမ်းထက်လာစေခဲ့သည်။

သူ၏ မျက်ဝန်းအစုံတွင် အေးစက်လှသော နတ်ဘုရားအလင်းတန်းများ လင်းလက်နေပြီး၊ လက်ထဲတွင် ရွှေရောင်တုတ် ကို ကိုင်ဆောင်လျက်

နောက်တစ်စက္ကန့်တွင် တာအိုဝတ်ရုံဝတ် လျှို့ဝှက်ဆန်းကြယ်သော လူသေကောင်၏ ရှေ့မှောက်သို့ ရောက်ရှိသွားသည်။

သူသည် ရွှေရောင်တုတ်ဖြင့် လူသေကောင်၏ ကိုယ်ထည်ကို အားကုန် လွှဲရိုက်လိုက်သည်။

ဝုန်း

ကြီးမားလှသော စွမ်းအားလှိုင်းကြီးတစ်ခုမှာ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားတော့သည်။

လျှို့ဝှက်ဆန်းကြယ်သော ထိုလူသေကောင်မှာမူ ၎င်း၏ စိန်စစ်စစ်ကဲ့သို့ မာကျောလှသော ခန္ဓာကိုယ်ဖြင့် တိုက်ရိုက် တောင့်ခံထားနိုင်ရုံသာမက တန်ပြန်တွန်းကန်အား ကိုပင် ထုတ်လွှတ်လိုက်သေးသည်။

"ရွှေကြိမ်လုံးကို ကိုင်စွဲကာ လောကကို လှည့်လည်သည်၊ ရွှေဝတ်စုံကို ဆင်မြန်းကာ တန်ခိုးပြသည် "

"အမိန့်တော်အတိုင်း အမြန်ဆုံး အကောင်အထည်ဖော်စေ "

လီယန်ချူ၏ အသံမှာ မိုးကြိုးပစ်သကဲ့သို့ ဟိန်းထွက်သွားသည်။

ပြင်းထန်လှသော သန့်စင်သည့် နတ်ဘုရားစွမ်းအားများမှာ မီးတောင်ပေါက်ကွဲသကဲ့သို့ ထွက်ပေါ်လာပြီး၊ သူ၏ ရွှေရောင်တုတ်နုတ်မှာ ထိုလူသေကောင်၏ ကိုယ်ပေါ်သို့ ထပ်မံ ကျရောက်သွားပြန်သည်။

ဒေါင်

ကောင်းကင်နှင့် မြေကြီးအကြား၌ မဟာခေါင်းလောင်းကြီးကို ထုရိုက်လိုက်သကဲ့သို့သော အသံကြီး ထပ်မံထွက်ပေါ်လာပြန်သည်။

ဤလူသေကောင်၏ ကိုယ်ထည်မှာ အမှန်တကယ်ပင် ဖျက်ဆီး၍မရနိုင်သော ကိုယ်ထည် ဖြစ်နေသည်။ ၎င်းက လက်ဟန်မန္တန်တစ်ခုကို အသာအယာ ဖော်လိုက်ရာ၊ မြေပြင်ပေါ်မှ မရေမတွက်နိုင်သော နွယ်ပင်များမှာ ကြောက်မက်ဖွယ်ကောင်းလှသော သတ္တဝါများအလား လီယန်ချူကို ဝိုင်းအုံ တိုက်ခိုက်လာကြသည်။

လီယန်ချူက လက်ထဲရှိ ရွှေရောင်တုတ်ကို ဝှေ့ယမ်းကာ နွယ်ပင်များကို ရိုက်ချေလိုက်သော်လည်း၊ ချက်ချင်းပင် ထက်မြက်လှသော သစ်သားတိုင်ချွန် အမြောက်အမြား မြေကြီးထဲမှ ထိုးထွက်လာပြန်သည်။

အလွန်ပင် လျင်မြန်ကာ အဆိပ်အတောက် ပြင်းလှသည်။

လီယန်ချူသည် နတ်ဘုရားခြေလှမ်း အတတ်ကို အသုံးပြုကာ၊ ရွှေရောင်နတ်မင်းကြီး၏ ပုံရိပ်ဖြင့် လူသေကောင်၏ နောက်ကျောဘက်သို့ ရုတ်တရက် ရောက်ရှိသွားပြီး၊ ထိုလျှို့ဝှက်ဆန်းကြယ်သော လူသေကောင်၏ ဦးခေါင်းကို အားကုန် ရိုက်ချလိုက်သည်။ လူသေကောင်မှာ ယိမ်းယိုင်သွားသော်လည်း မကြာမီပင် ပြန်လည် တည်ငြိမ်သွားခဲ့သည်။ သို့သော် နောက်တစ်စက္ကန့်တွင် လီယန်ချူ၏ ပုံရိပ်မှာ ထပ်မံ ပျောက်ကွယ်သွားပြန်ပြီး၊ အခြားတစ်ဖက်မှနေ၍ လူသေကောင်ကို အပြင်းအထန် ရိုက်နှက်နေတော့သည်။

တစ်ချိန်တည်းမှာပင် ရှစ်ခွင်မှန်မှ နတ်အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်သကဲ့သို့၊ မြေခွဲပုတီးစေ့ ကလည်း လူသေကောင်၏ ကိုယ်ထည်ကို ပြင်းထန်စွာ ထိမှန်သွားသည်။

ဝုန်း... ဝုန်း... ဝုန်း

လူသေကောင်၏ ဘေးပတ်လည်တွင် ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားများ ပေါက်ကွဲနေသည်။

၎င်းက ဘာမှပင် မတုံ့ပြန်နိုင်သေးမီမှာပင်

ရှေးဟောင်းတံဆိပ်တော်ကြီးတစ်ခု ပေါ်လာပြီး၊ လေထဲ၌ တစ်စတစ်စ ကြီးမားလာတော့သည်။

တောက်ပလှသော နတ်မီးလျှံများမှာ တာအိုဝတ်ရုံဝတ် လျှို့ဝှက်ဆန်းကြယ်သော လူသေကောင်ကို ချက်ချင်းပင် ဝါးမြိုပစ်လိုက်သည်။

သို့သော် ရုတ်တရက်

မြေဝါရောင် နဂါးကြီးတစ်ကောင် မြေကြီးထဲမှ ထိုးထွက်လာပြီး၊ လျှို့ဝှက်ဆန်းကြယ်သော လူသေကောင်မှာ ထိုနဂါးကို စီးနင်းလျက် လီယန်ချူရှိရာသို့ ပြင်းထန်သော အရှိန်အဝါဖြင့် ပြေးဝင်တိုက်ခိုက်လာတော့သည်။

ဝုန်း

မိုးကြိုးများ ပစ်ချလိုက်ပြီ

ကောင်းကင်နှင့် မြေကြီးမှာ လုံးဝ ဖြူဖွေးသွားကာ၊ ကောင်းကင်မိုးကြိုးတစ်ချက်သည် ထိုလူသေကောင်ကို တည့်တည့်ထိမှန်သွားသည်။ ပေါက်ကွဲမှုကြောင့် ပတ်ဝန်းကျင်၌ တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်သွားသော်လည်း၊ ၎င်း၏ အလျင်ကိုမူ အနည်းငယ်မျှပင် ဟန့်တားနိုင်ခြင်း မရှိခဲ့ချေ။

၎င်းက လက်သီးတစ်ချက် ထိုးထုတ်လိုက်ရာ၊ လီယန်ချူ၏ ရင်ဘတ်ကို အပြင်းအထန် ထိမှန်သွားပြီး ပြင်းထန်သော စွမ်းအားတစ်ခုမှာ အပြင်ဘက်သို့ ပေါက်ကွဲထွက်သွားသည်။ လီယန်ချူ၏ ကိုယ်ပေါ်ရှိ ရွှေရောင်ဝတ်စုံမှာ အဆောင်ဝတ်စုံမှ ပြောင်းလဲလာခြင်းဖြစ်ရာ၊ ထိုအခိုက်တွင် လျှို့ဝှက်ဆန်းကြယ်သော အစီရင်အမှတ်အသားများ ပေါ်လာပြီး ဤလက်သီးချက်ကို ခုခံလိုက်သည်။

ဒေါင်... ဒေါင်... ဒေါင်

နှစ်ဦးသားမှာ ကောင်းကင်ယံ၌ အသေအလဲ တိုက်ခိုက်နေကြပြီး၊ ထိတ်လန့်ဖွယ်ကောင်းသော နတ်အာဏာများကို အဆက်မပြတ် ထုတ်ဖော်နေကြသည်။ တောင်ကြားအတွင်း၌ ပြင်းထန်လှသော စွမ်းအားများ အဆက်မပြတ် ပေါက်ကွဲနေပြီး၊ မြေပြင်ပေါ်၌ အက်ကွဲကြောင်းများ ပြည့်နှက်ကာ၊ လွင့်စင်လာသော စွမ်းအားများကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးမှာ လုံးဝကို ပျက်စီးယိုယွင်းသွားတော့သည်။

"အစွမ်းမြင့်မယ်"

လီယန်ချူသည် သူ၏မှတ်ဉာဏ်ထဲရှိ မဟာတာအိုအသံကို တုပကာ၊ မိုးကြိုးငါးပါးအဆောင် ကို အစွမ်းမြင့်ရန် ရွေးချယ်လိုက်သည်။

မူလက သူသည် ထိုက်ရှန်းဖူကျွင်း တံဆိပ်တော် ကို သုံးရမလား၊ မိုးကြိုးငါးပါးအဆောင် ကို အစွမ်းမြင့်ရမလားဟု စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။ ယခုကြည့်ရသည်မှာ လူကြီးတစ်ယောက်အတွက် ရွေးချယ်စရာမရှိတော့ဘဲ (အကုန်သုံးရတော့မည်) ဖြစ်နေသည်။

ကုသိုလ်မှတ် ခုနစ်ထောင် ကုန်ဆုံးသွားသည်

လျှို့ဝှက်ဆန်းကြယ်သော လူသေကောင်မှာ လက်ချောင်းများကို ဓားကဲ့သို့ စုစည်းကာ၊ အလွန်ထက်မြက်သော အရှိန်အဝါတစ်ခုဖြင့် လီယန်ချူ၏ မျက်ခုံးအလယ်တည့်တည့်သို့ ထိုးစိုက်လိုက်သည်။ တကယ့်ကို သတ်ဖြတ်လိုစိတ် ပြင်းထန်လှသော ဓားကျင့်စဉ်ပင်။

လီယန်ချူက ဓားကို ဝှေ့ယမ်းခုတ်ချလိုက်ရာ၊ ကျန့်ကျောင်းဓားပေါ်မှ လျှို့ဝှက်ဆန်းကြယ်သော တုန်ခါမှုများ ပေါက်ကွဲထွက်လာပြီး ထိုထက်မြက်လှသော အရှိန်အဝါနှင့် ထိပ်တိုက်တွေ့ဆုံသွားသည်။

ဝုန်း

မရေမတွက်နိုင်သော ဓားသွားများ အရပ်မျက်နှာအနှံ့ လွင့်စင်သွားသကဲ့သို့ ဖြစ်ပေါ်လာပြီး၊ မြေပြင်ပေါ်တွင် လက်သီးဆုပ်ခန့်ရှိသော ကျင်းနက်လေးများစွာ အစီအရီ ပေါ်လာတော့သည်။

"အစွမ်းမြင့်မယ် "

ရှစ်ကြိမ်မြောက် အစွမ်းမြင့်ခြင်း

ကုသိုလ်မှတ် ရှစ်ထောင် ကုန်ဆုံးသွားသည်

လျှို့ဝှက်ဆန်းကြယ်သော လူသေကောင်က လက်ကို ဓားသဖွယ် စုစည်းလျက်၊ ကောင်းကင်သို့ တစ်ချက်ညွှန်ပြကာ အောက်သို့ အပြင်းအထန် ပြန်လည် ဝှေ့ယမ်းလိုက်သည်။ မရေမတွက်နိုင်သော ဓားချီနဂါး များ ပေါ်ထွက်လာပြီး လီယန်ချူကို တိုက်ရိုက် ဝိုင်းရံပိတ်ဆို့လိုက်တော့သည်။

တိ တိ တိ တိ

လီယန်ချူ၏ ကိုယ်ပေါ်မှ အဆောင်ဝတ်စုံမှာ နတ်အလင်းများ တောက်ပနေပြီး သူ၏ကိုယ်ထည်ကို ကာကွယ်ပေးထားသော်လည်း၊ ထိုဓားချီနဂါးများမှာ အသက်ရှူရကျပ်လောက်အောင်ပင် ပြင်းထန်လှသည်။ ထိုထူထပ်လှသော တိုက်ခိုက်မှုများကြောင့် လီယန်ချူမှာ နောက်သို့ တစ်လှမ်းချင်း ဆုတ်နေရတော့သည်။

သူ၏ကိုယ်ပေါ်၌ မီးပွားများ တဖြန်းဖြန်း လွင့်စင်နေကာ၊ နီရဲနေသော သံတုံးတစ်တုံးကို တူဖြင့် အဆက်မပြတ် ထုရိုက်ခံနေရသကဲ့သို့ပင်။

"အစွမ်းမြင့်မယ်"

ကိုးကြိမ်မြောက် အစွမ်းမြင့်ခြင်း

ကုသိုလ်မှတ် ကိုးထောင် ကုန်ဆုံးသွားသည်

"အစွမ်းမြင့်မယ်"

တစ်ဆယ်ကြိမ်မြောက် အစွမ်းမြင့်ခြင်း

ကုသိုလ်မှတ် တစ်သိန်း ကုန်ဆုံးသွားသည်

တောက်ပကာ ပြင်းထန်လှသော သန့်စင်သည့် မိုးကြိုးအရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး၊ ကောင်းကင်နှင့် မြေကြီးအကြား၌ ရုတ်တရက် မိုးကြိုးစွမ်းအားများ ပြည့်နှက်သွားတော့သည် တိမ်တိုက်များ၏ အထက်တွင် ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးကန်ကြီး တစ်ခု ပေါ်လာသကဲ့သို့ပင်။

ဤသည်မှာ ကုသိုလ်မှတ် တစ်သိန်းအဆင့်ရှိသော မိုးကြိုးငါးပါးအဆောင် ပင် ဖြစ်သည်။

လျှို့ဝှက်ဆန်းကြယ်သော ထိုလူသေကောင်၏ မျက်နှာမှာ နောက်ဆုံးတွင် အရောင်ပြောင်းသွားပြီး၊ သူ၏ တိုက်ခိုက်မှုများကို ရပ်တန့်လိုက်သည်။ သူသည် အလွန်အမင်း ပြင်းထန်လှသော သန့်စင်သည့် မိုးကြိုးကျင့်စဉ်၏ အရှိန်အဝါကို ခံစားလိုက်ရခြင်း ဖြစ်သည်။

သို့သော်လည်း သူသည် လီယန်ချူကို ကြည့်မနေဘဲ၊ ခေါင်းကို အနည်းငယ်မော့ကာ ကောင်းကင်ယံမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို စိုက်ကြည့်နေမိသည်။

"ကောင်းကင်ဘေးဒဏ် လား"

လူသေကောင်က ထပ်မံ ပြောဆိုလိုက်ပြန်သည်။ သူ၏ အသံမှာ သံချေးတက်နေသည့်အလား အလွန်ပင် အက်ရှကာ နားမခံသာအောင် ဖြစ်နေသည်။

လီယန်ချူမှာမူ အေးစက်သော မျက်နှာဖြင့် ထိုလူသေကောင်ကို ကြည့်နေသည်။ သူ၏ ရင်ဘတ်ထဲရှိ မိုးကြိုးငါးပါးအဆောင်မှာ ပူလောင်ပြင်းထန်လှသဖြင့် သူ၏ ခိုင်မာလှသော ဝိညာဉ်ပင်လျှင် တောင့်ခံရန် ခဲယဉ်းနေသည်။ အဆောင်ကို အစွမ်းမြင့်ခြင်းမှာ ရတနာလက်နက်များကို အစွမ်းမြင့်ခြင်းထက် ပို၍ ပြင်းထန်လှသည်။ အကြောင်းမှာ အဆောင်ဆိုသည်မှာ တစ်ခါသုံးပစ္စည်း အမျိုးအစား ဖြစ်သောကြောင့်ပင်။

ယခုအခါ ကုသိုလ်မှတ် တစ်သိန်းအဆင့်ရှိသော မိုးကြိုးငါးပါးအဆောင်မှာ လီယန်ချူ၏ လက်ထဲတွင် အစွမ်းအထက်ဆုံး ဝှက်ဖဲဖြစ်နေပြီ သို့သော် လီယန်ချူမှာမူ အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဘဲ ဆက်လက်၍ အစွမ်းမြင့်ရန် ရွေးချယ်လိုက်ပြန်သည်။

မဟာတာအို ကုသိုလ်မှတ်များ ကုန်ဆုံးသွားသည်နှင့်အမျှ၊ သူ၏လက်ထဲမှ မိုးကြိုးငါးပါးအဆောင်မှာ ပို၍ အစွမ်းထက်လာခဲ့သည်။

ကောင်းကင်ယံ၌ ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးတိမ်တိုက်များ ပေါ်လာကာ၊ ဝုန်းဒိုင်းကြဲလျက် မိုးကြိုးများမှာ တိမ်တိုက်များကြား၌ မနားတမ်း လက်နေတော့သည်။

ရှေးဟောင်း မိုးကြိုးကန်ကြီးသည် ဟင်းလင်းပြင်ထဲ၌ အမှန်တကယ် ပေါ်လာသကဲ့သို့ပင်။

ထိုမြင်ကွင်းကို မြင်လိုက်ရရုံဖြင့်ပင် မည်သူမဆို ထိတ်လန့်တုန်လှုပ်သွားကြမည်မှာ သေချာသည်။

ထိုအချိန်တွင် လျှို့ဝှက်ဆန်းကြယ်သော လူသေကောင်မှာ နောက်ဆုံး၌ ကြောက်ရွံ့သည့် အရိပ်အယောင်များ ပေါ်လာတော့သည်။

အကယ်၍ တစ်စုံတစ်ယောက်ကသာ ၎င်း၏ တာအိုဝတ်ရုံအောက်ရှိ ခန္ဓာကိုယ်ကို မြင်နိုင်ပါက၊ ၎င်း၏ ကိုယ်ပေါ်တွင် မိုးကြိုးမီးလျှံများ၏ အရှိန်အဝါများနှင့် မီးလောင်ကျွမ်းထားသော အမှတ်အသားများကို တွေ့ရပေလိမ့်မည်။ ၎င်းမှာ ယခင်က ကောင်းကင်ဘေးဒဏ်၏ ခုတ်ချက်ကို ခံထားရသည့် ပုံစံနှင့် အလွန်ပင် တူလှသည်။

"တာအိုဆရာလေး... ငါ (အရာရှိမင်း) မင်းကို လျှော့တွက်မိသွားတယ်။ အခု မင်းမှာ ငါနဲ့ စကားပြောဖို့ အရည်အချင်း ရှိလာပြီ။ မင်းကို ရှေးဟောင်းလျှို့ဝှက်ချက်တွေကို ဖွင့်ဟပြပြီး လောကရဲ့ ချုပ်နှောင်မှုတွေကို ချိုးဖျက်ပေးနိုင်တယ်"

လူသေကောင်၏ အသံမှာ အက်ရှကာ နားမခံသာသော်လည်း၊ သူပြောသော စကားများမှာမူ အလွန်ပင် ဆွဲဆောင်မှု ရှိလှသည်။

မည်သည့် ကျင့်ကြံသူမျှ သူပြောမည့် လျှို့ဝှက်ချက်များကို ငြင်းပယ်နိုင်မည် မဟုတ်ချေ။ အထူးသဖြင့် ထိုလူ့လောကရှိ ကျင့်ကြံသူများအတွက်ပင်။

သို့သော်လည်း ယခုတစ်ကြိမ်တွင် ထိုလူသေကောင် တွက်ချက်မှု မှားယွင်းသွားခဲ့သည်။

"ဒါတွေ အားလုံးထက်... မင်းကို သတ်လိုက်ရတာက ပိုပြီး စိတ်ကျေနပ်စရာကောင်းမယ်လို့ ငါထင်တယ်"

လီယန်ချူက ခေါင်းခါလိုက်သည်။

အကယ်၍ အခြားတစ်ယောက်သာဆိုလျှင် ၎င်းနှင့် ဆွေးနွေးခြင်း၊ သို့မဟုတ် အရောင်းအဝယ် ပြုလုပ်ခြင်းများ ဖြစ်နိုင်သော်လည်း၊ လီယန်ချူမှာမူ ထိုသို့သော စိတ်ကူးမျိုး မရှိချေ ဤသူသည် သူ့ကို ထိုအခြေအနေအထိ တွန်းပို့နိုင်သည့် ပထမဆုံးသော တည်ရှိမှုဖြစ်ရာ၊ နောင်ရေးအတွက် အလွန်စိုးရိမ်ရသည့် ရန်သူကြီး ဖြစ်သည်။

"ဒီ သန့်စင်တဲ့ မိုးကြိုးရဲ့ အရှိန်အဝါက အရမ်းပြင်းထန်လွန်းတယ်၊ မင်းရဲ့ ကျင့်စဉ်အဆင့်နဲ့ မထိန်းချုပ်နိုင်ဘူး။ တစ်ခါလွှတ်လိုက်တာနဲ့ ငါနဲ့အတူ မင်းပါ အတူတူ သေသွားရလိမ့်မယ် "

လူသေကောင်က အပြတ်အသတ် ပြောဆိုလိုက်သည်။

ထိုစကားမှာ ခြိမ်းခြောက်ခြင်းသက်သက် မဟုတ်ချေ။

လီယန်ချူကိုယ်တိုင်ပင် ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးကန်ကြီးနှင့် အနီးကပ် ရှိနေသကဲ့သို့ ခံစားနေရပြီး၊ အနည်းငယ်မျှ မှားယွင်းသွားပါက သူကိုယ်တိုင်ပင် အပိုင်းပိုင်းပြတ်သွားနိုင်သည်ကို သိနေသည်။ နှစ်ဖက်လုံးက အရောင်းအဝယ်လုပ်ကာ တိုက်ပွဲကို ရပ်တန့်လိုက်ခြင်းမှာ အကောင်းဆုံး ရလဒ် ဖြစ်ပေလိမ့်မည်။

သို့သော်လည်း လီယန်ချူသည် ထိုလူသေကောင်၏ စကားများထဲမှ ကုသိုလ်မှတ် နှစ်သိန်းအဆင့်ရှိသော မိုးကြိုးငါးပါးအဆောင် အပေါ် ကြောက်ရွံ့နေသည်ကို ရိပ်မိလိုက်သည်။

သူက အေးစက်စွာ ပြုံးလိုက်ပြီး

"အတူတူ သေကြမလား"

"ဒါဆိုရင် ဘယ်သူ့အသက်က ပိုမာသလဲဆိုတာ စမ်းကြည့်ကြတာပေါ့ "

ချက်ချင်းပင် သူသည် ကုသိုလ်မှတ် နှစ်သိန်းအဆင့်ရှိသော မိုးကြိုးငါးပါးအဆောင်ကို နှိုးဆော်လိုက်တော့သည်။

"..........." လျှို့ဝှက်ဆန်းကြယ်သော လူသေကောင်

"မိုးကြိုးငါးပါးသန့်စင်ခြင်း၊ ကောင်းကင်နှင့် မြေကြီး၏ တရားဥပဒေတော် သတ် "

လီယန်ချူ၏ အသံမှာ မိုးကြိုးပစ်သကဲ့သို့ ဟိန်းထွက်သွားသည်။

ဝုန်း

မိုးကြိုးများ ပစ်ချလိုက်ပြီ

ကောင်းကင်နှင့် မြေကြီးမှာ လုံးဝ ဖြူဖွေးသွားတော့သည်။

နေရာအရပ်တိုင်း၌ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ပြည့်နှက်သွားကာ၊ သန့်စင်သည့် မိုးကြိုးစွမ်းအားများက ထိုတောင်ကြားတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။

လျှို့ဝှက်ဆန်းကြယ်သော ထိုလူသေကောင်၏ ခန္ဓာကိုယ်မှာ ခဏချင်းအတွင်းမှာပင် ဘာမှမရှိတော့ဘဲ ပျောက်ကွယ်သွားရကာ၊ ကောင်းကင်မိုးကြိုး၏ ဒဏ်ကြောင့် ပြာအဖြစ်သို့ပင် မကျန်တော့ဘဲ အငွေ့ပျံ သွားတော့သည်။

All Chapters