← Chapters

အခန်း (၅၂၇-၅၂၈)

Vol. 53 Ch. 527-528

အခန်း (၅၂၇-၅၂၈)

Vol. 53 Ch. 527-528

အခန်း (၅၂၇) - ကောင်းကင်ဘုံမှ နတ်ဘုရားများ ပျောက်ကွယ်သွားခြင်း ၊ ရွှေရောင်ကင်ရှာ ခေါင်းဆောင်း ၊ ကိုယ်ပွားအတတ် ၊ ဒီလောက်ထိတော့ တိုက်ဆိုင်မှာမဟုတ်ဘူးမလား

"ဟေ..." သက်လတ်ပိုင်း တာအိုဆရာမှာ ကြောင်အသွားပြီးနောက် သူ၏မျက်ဝန်းထဲ၌ မယုံကြည်နိုင်စွမ်းသော အရိပ်အယောင်များ ပေါ်လာတော့သည်။

"မိတ်ဆွေက... ကျုပ်ကို နောက်နေတာတော့ မဟုတ်ပါဘူးနော် "

တာအိုဆရာသည် လီယန်ချူကို အလေးအနက် စိုက်ကြည့်နေမိသည်။

"တကယ်ပြောတာပါ။ ကျုပ် မြေစောင့်နတ်အချို့ကိုတော့ တွေ့ဖူးပါတယ်၊ ဒါပေမဲ့ အားလုံးက ပုန်းလျှိုးကွယ်လျှိုး နေနေကြတာ။ ပြောရရင် အခုခေတ်မှာ ငရဲပြည်တို့၊ နတ်နန်းတက်တာ တို့ဆိုတဲ့ နတ်ဘုရားပြယုဂ်တွေ မရှိတော့ဘူး။ အားလုံးက ဒဏ္ဍာရီပုံပြင်တွေအဖြစ်ပဲ ကျန်တော့တာ "

"ကျုပ်ကြားဖူးတာကတော့... အခုခေတ်ဟာ ဒဏ္ဍာရီတွေ ပြတ်တောက်ပြီး မဟာတာအိုတရားတွေ ကွယ်ပျောက်နေတဲ့ခေတ်တဲ့"

လီယန်ချူက ဆိုသည်။

"မဖြစ်နိုင်တာ ကျုပ် မြို့စောင့်နတ်မင်း ဖြစ်လာပြီးတဲ့နောက်မှာ ကျင့်စဉ်အဆင့်က မြေနတ်ဝိဇ္ဇာ အဆင့်ကို မရောက်သေးပေမဲ့၊ လက်ထဲမှာ အမိန့်တော်အာဏာ ရှိနေသလို ကုသိုလ်တရားတွေလည်း ခန္ဓာမှာ ကိန်းဝပ်နေတာ။ ဒါကြောင့် ကျုပ်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က မြေနတ်ဝိဇ္ဇာနဲ့ ယှဉ်နိုင်တယ် "

"မြေနတ်ဝိဇ္ဇာရဲ့ အထက်မှာ နတ်ဝိဇ္ဇာ တွေ ရှိသေးတယ်ဆိုတာ မိတ်ဆွေသိမှာပါ "

"ယမမင်း ၁၀ ပါး ဆိုတာကလည်း မဟာတန်ခိုးရှင် ဝိညာဉ်နတ်ဘုရားတွေပဲ။ သူတို့က ဘာလို့ ပျောက်ကွယ်သွားရမှာလဲ။ ထိုက်ရှန်းဖူကျွင်း နဲ့ ဗောဓိသတ် ဘုရားလောင်းတို့ဆိုတာ ပြောနေစရာတောင် မလိုဘူး "

"ပြီးတော့ ကောင်းကင်ဘုံက နတ်ဘုရားတွေ၊ ဘုရားတွေ အားလုံးကရော... ဘယ်လိုလုပ်ပြီး ပျောက်ကွယ်သွားနိုင်မှာလဲ "

ကျားချွမ်းဖန်းမှာ လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေရသည်။ သူ့အတွက်မူ ဤသည်မှာ လုံးဝ ဖြစ်နိုင်ချေမရှိသော ကိစ္စရပ်ပင်။

"အတိအကျကိုတော့ ကျုပ်လည်း မသိဘူး။ အဲဒီတုန်းက ဘာတွေဖြစ်ခဲ့သလဲဆိုတာ ကျုပ်လည်း နားမလည်နိုင်ဘူး"

လီယန်ချူက လေးနက်စွာ ပြောလိုက်သည်။

သူသည် ကျားချွမ်းဖန်းကို နတ်ဘုရားနယ်မြေ များ ပျက်စီးသွားပုံနှင့် မိစ္ဆာများ ကျူးကျော်ဝင်ရောက်လာကာ ကျင့်စဉ်မျိုးဆက်များ ပြတ်တောက်ကုန်ပုံတို့ကို ပြောပြလိုက်သည်။

ကျားချွမ်းဖန်းသည် ထိုစကားကို ကြားသောအခါ ခဏမျှ စဉ်းစားပြီးမှ လေးနက်စွာ ဆိုသည်။

"နတ်ဘုရားနယ်မြေတွေ အကုန်လုံး ပျက်စီးကုန်တယ် ဟုတ်လား... နတ်ဘုရားနယ်မြေထဲကို အတင်းအဓမ္မ ထိုးဖောက်ဝင်ရောက်နိုင်လောက်တဲ့ အစွမ်းထက်တဲ့ မိစ္ဆာဆိုတာ ဒီလောကမှာ လုံးဝ မရှိနိုင်ဘူး။ အဲဒီနေရာတွေက ဝိညာဉ်စွမ်းအင်တွေ အလွန်ပြည့်ဝတဲ့ လျှို့ဝှက်နယ်မြေတွေလေ။ ပြီးတော့ နတ်နန်းတော် ကလည်း ဒီအတိုင်း ငြိမ်ကြည့်နေမှာ မဟုတ်ဘူး "

ထိုကိစ္စရပ်များအပေါ် ကျားချွမ်းဖန်း လက်ခံရန် အလွန်ခက်ခဲနေသည်။ ထိုသူများမှာ မြေနတ်ဝိဇ္ဇာတွေ၊ နတ်ဘုရားတွေ မဟုတ်ပါလား။

"အကယ်၍... အဲဒီအချိန်တုန်းက နတ်နန်းတော် ကိုယ်တိုင်ကလည်း ဒီဘေးအန္တရာယ်ထဲမှာ ပါဝင်နေခဲ့ရင်ရော "

လီယန်ချူက အေးစက်စွာ ပြောလိုက်သည်။

ကျားချွမ်းဖန်းမှာ မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။ ထိုခေတ်ကာလမှ ကျင့်ကြံသူများတွင် ကိုယ်ပိုင်အတွေးအခေါ် ကန့်သတ်ချက်များ ရှိကြသည်။ သူတို့ တစ်သက်လုံး ကျင့်ကြံနေသည်မှာ ဘေးဒဏ်ကို ကျော်လွှားပြီး မြေနတ်ဝိဇ္ဇာ ဖြစ်လာရန်သာ ဖြစ်သည်။

သို့သော် ယခုအခါတွင်မူ ထိုမြေနတ်ဝိဇ္ဇာများ အားလုံး ကျဆုံးကုန်ပြီဖြစ်ကြောင်း၊ နတ်ဘုရားနယ်မြေများပင် မိစ္ဆာများလက်ချက်ဖြင့် ပျက်စီးကာ မျိုးဆက်များ ပြတ်တောက်ကုန်ပြီဖြစ်ကြောင်း ရုတ်တရက် ကြားလိုက်ရသည်။

ထိုမျှမက၊ ကောင်းကင်ဘုံရှိ နတ်ဘုရားများနှင့် ဘုရားများ အားလုံးမှာလည်း တစ်ခါမျှ မရှိခဲ့ဖူးသကဲ့သို့ ပျောက်ကွယ်သွားခဲ့ကြပြီ။ ဤသည်ကို သူ မည်သို့ လက်ခံနိုင်ပါမည်နည်း။

သူ၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ခါလာပြီး၊ သူ၏ ကမ္ဘာအမြင် မှာ ကြီးမားသော ရိုက်ခတ်မှုကို ခံလိုက်ရသည်။ သူ၏ ပုံရိပ်မှာလည်း တဖြည်းဖြည်း ကြည်လင်လာကာ ပျောက်ကွယ်လုနီးပါး ဖြစ်လာ၏။

လီယန်ချူ မျက်မှောင်ကြုတ်သွားကာ

"ဦးလေးကျား... အဆင်ပြေရဲ့လား"

ကျားချွမ်းဖန်းက အသက်ကို ပြင်းပြင်းရှူလိုက်ရင်း

"မိတ်ဆွေရဲ့ စကားတွေက ကျုပ်အတွက် တကယ်ကို ယုံရခက်လွန်းလှတယ်။ ကျုပ်က ဒီရွှေခေါင်းဆောင်းထဲမှာ အစီရင်တွေ ချထားခဲ့ပြီး အသိစိတ်တစ်စလေး ချန်ထားခဲ့တာပါ။ အမှတ်မထင် လုပ်ခဲ့တာပေမဲ့ ဒီလို သတင်းမျိုးကို ကြားလိုက်ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး "

ထိုကျားချွမ်းဖန်းမှာ သူကိုယ်တိုင် မဟုတ်သလို၊ ကိုယ်ပွား သို့မဟုတ် ဝိညာဉ်ကြွင်းကျန်ရစ်မှုလည်း မဟုတ်ပေ။

အတိအကျ ပြောရလျှင် ၎င်းမှာ အသိစိတ်တစ်စ သာ ဖြစ်သည်။ ကွန်ပျူတာ ပရိုဂရမ်တစ်ခုကဲ့သို့ ကိုယ်ပိုင် ဆုံးဖြတ်ချက်အချို့ ရှိသော်လည်း၊ မကြာမီ ပျောက်ကွယ်သွားတော့မည် ဖြစ်သည်။

ကျားချွမ်းဖန်းမှာ စိတ်ပျက်အားလျော့သွားဟန်ရှိပြီး ထိုအသိစိတ်မှာလည်း တဖြည်းဖြည်း မှေးမှိန်လာသည်။

လီယန်ချူက ရုတ်တရက် ပြောလိုက်သည်။

"ဦးလေးကျား... ခင်ဗျားက ဒီအသိစိတ်ကို ရွှေခေါင်းဆောင်းထဲမှာ ချန်ထားခဲ့ပြီး အစီရင်တွေကို အားစိုက်ပြီး ခင်းကျင်းခဲ့တာဆိုတော့... ဒါက အမှတ်မထင် လုပ်ခဲ့တာထက် ပိုလိမ့်မယ် ထင်တယ်ဗျ။"

ကျားချွမ်းဖန်းက ခေါင်းမော့လာကာ

"မိတ်ဆွေက ငယ်သေးပေမဲ့ ဦးနှောက်ကတော့ တကယ်ကို ရှင်းလင်းတာပဲ။ နောင်တစ်ချိန်မှာ အလားအလာ အလွန်ကြီးမားမယ့်သူပဲ..."

"မှန်ပါတယ်။ ကျုပ် ခန္ဓာပျက်စီးသွားခဲ့ပေမဲ့ ရတနာတစ်ခုတော့ ချန်ထားခဲ့တယ်။ အဲဒါက ကင်ရှာ ခေါင်းဆောင်း လို့ ခေါ်ပြီး ကိုယ်ဖျောက်နိုင်စွမ်း ရှိတယ်။ အစကတော့ မိတ်ဆွေကောင်းတွေနဲ့ ဆုံရင် လက်ဆောင်ပေးဖို့ ရည်ရွယ်ခဲ့တာပါ။ ဒါပေမဲ့ အခုတော့ ကောင်းကင်နတ်ဘုရားတွေတောင် အကုန်ဒုက္ခရောက်ကုန်ပြီဆိုမှတော့... ရတနာတစ်ခု ကျန်ခဲ့တာကရော ဘာထူးမှာလဲ "

ကျားချွမ်းဖန်းမှာ စိတ်ကုန်သွားဟန် ရှိနေသည်။

"ဟာ... ဦးလေးကျားကလည်း မလုပ်ပါနဲ့။ ခင်ဗျားရဲ့ ခန္ဓာဟောင်းက ဓားမတိုး လက်နက်မတိုးတဲ့အပြင် ဓာတ်ကြီးငါးပါး အတတ်တွေကိုလည်း ကျွမ်းကျင်တာ။ ကျုပ် သူ့ကို သတ်ဖို့ တော်တော် အားစိုက်လိုက်ရတာဗျ။ ဒါကြောင့် ကျုပ်ကို ရတနာတစ်ခု လက်ဆောင်ပေးတာကလည်း မဆိုးပါဘူး "

ဟု လီယန်ချူက ဆိုသည်။

ဒဏ္ဍာရီများ ပြတ်တောက်ကုန်သည်မှာ သူနှင့် အနည်းငယ် ဝေးကွာနေသော်လည်း၊ အစွမ်းထက်သော ရတနာနှင့် လျှို့ဝှက်ကျင့်စဉ်များမှာမူ လက်ရှိ သူဆုပ်ကိုင်နိုင်သည့် အရာများ မဟုတ်ပါလား။

ကျားချွမ်းဖန်းမှာ ခဏမျှ ကြောင်အသွားပြီးမှ ပြုံးလျက် ပြောလိုက်သည်။

"မိတ်ဆွေ ပြောတာလည်း ဟုတ်တာပါပဲ။ ဒီရွှေခေါင်းဆောင်းက မူရင်း ကင်ရှာခေါင်းဆောင်းရဲ့ အတု ပါ၊ ဒါပေမဲ့ မူရင်းရဲ့ အရှိန်အဝါ အနည်းငယ် ပါဝင်နေတယ်။ မိတ်ဆွေ အနေနဲ့ ယန့်ရှန်းမြို့စောင့်နတ်မင်းကျောင်း ကို သွားပြီး မူရင်း ကင်ရှာခေါင်းဆောင်းကို ယူနိုင်ပါတယ်"

ထိုသို့ ပြောပြီးနောက်၊ သူသည် သူ၏ဦးခေါင်းပေါ်မှ ထိုရွှေခေါင်းဆောင်းကို ချွတ်ကာ လီယန်ချူထံသို့ ကမ်းပေးလိုက်သည်။

"........." လီယန်ချူ

နှစ်ပေါင်း တစ်ထောင်ကျော်သွားပြီပဲ၊ ခင်ဗျားရဲ့ မြို့စောင့်နတ်မင်းကျောင်းက ဘယ်နားရောက်သွားမှန်း ဘယ်သူသိမှာလဲ။ ပြီးတော့ အဲဒီ ယန့်ရှန်း ဆိုတာကရော ဘယ်မှာလဲကွ။

ကျားချွမ်းဖန်းက လီယန်ချူ၏ စိတ်ထဲကို ရိပ်မိဟန်ဖြင့် ပြုံးကာ ပြောလိုက်သည်။

"ဒီအတုလေး လက်ထဲမှာ ရှိနေရင်တော့ မိတ်ဆွေနဲ့ ကျုပ်က ကံကြမ္မာဆက်နွယ်မှု ရှိသွားပါပြီ။ မကြာခင်မှာ ထူးခြားတဲ့ ညွှန်ပြမှုတွေ ရှိလာလိမ့်မယ်၊ မလောပါနဲ့ဦး"

လီယန်ချူက ပြုံးလိုက်ကာ

"ကောင်းပါပြီ"

ကျားချွမ်းဖန်း၏ ပုံရိပ်မှာ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်လုနီးပါး ဖြစ်လာသော်လည်း၊ သူကတော့ အေးအေးဆေးဆေးပင် ရှိနေဆဲဖြစ်သည်။

"ဒီနေ့ မိတ်ဆွေနဲ့ ဆုံရတာ ကံထူးတာပဲ။ ကျုပ်ဆီမှာ ကိုယ်ပွားအတတ် တစ်ခုရှိတယ်။ ဒါက ကျုံးနန်တောင်မှာ သင်ယူခဲ့တာပါ။ မိတ်ဆွေ စိတ်ဝင်စားရဲ့လား "

ကျားချွမ်းဖန်းက အေးဆေးစွာ မေးလိုက်သည်။

ကိုယ်ပွားအတတ် လီယန်ချူ၏ မျက်လုံးများ ဝင်းလက်သွားသည်။

"ဦးလေးကျား... ဒါဆိုရင်တော့ ကျေးဇူးတင်လှပါတယ်ဗျာ"

ကျားချွမ်းဖန်းက သူ၏လက်ညှိုးကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်ရာ၊ အလင်းစက်တစ်ခု ထွက်ပေါ်လာပြီး လီယန်ချူ၏ လက်ထဲသို့ ကျရောက်သွားသည်။

လီယန်ချူ ခံစားကြည့်လိုက်ရာ ၎င်းမှာ တကယ့်ကို ထူးခြားလှသော ကိုယ်ပွားအတတ် တစ်ခုပင် ဖြစ်သည် သူ၏ ဟွမ်ထင်တာအိုကျမ်း ထဲတွင် တာအိုအတတ်များစွာ ပါရှိသော်လည်း၊ ဤကဲ့သို့သော ကိုယ်ပွားအတတ်မျိုးကိုမူ မှတ်တမ်းတင်ထားခြင်း မရှိပေ။

လီယန်ချူသည် ကျားချွမ်းဖန်းကို လက်အုပ်ချီ နှုတ်ဆက်လိုက်ကာ

"ကျေးဇူးတင်ပါတယ် "

ကျားချွမ်းဖန်းက ပြုံးလျက်

"မိတ်ဆွေနဲ့ ကျုပ်က တွေ့တွေ့ချင်း ခင်မင်သွားတာဆိုတော့ ဒီလိုကိစ္စလေးတွေက ကျေးဇူးတင်နေဖို့ မလိုပါဘူး "

"နှမြောစရာပဲ၊ ခင်ဗျားက ပျောက်ကွယ်သွားတော့မှာဆိုတော့... မဟုတ်ရင် ကျုပ် ခင်ဗျားကို အရက်တိုက်ဦးမှာ"

လီယန်ချူက ရယ်မောကာ ပြောလိုက်သည်။

ကျားချွမ်းဖန်းသည်လည်း ပြုံးပြလိုက်ရင်း၊ သူ၏ပုံရိပ်မှာ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။ ခရမ်းရောင် အရှိန်အဝါများလည်း လွင့်ပြယ်သွား၏။

လောကကြီးတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။

လီယန်ချူသည် သူ၏ဓားကို ထောက်ကာ ငြိမ်သက်စွာ ရပ်နေရင်း၊ မျက်ဝန်းထဲတွင် အတွေးများစွာ ပေါ်လာသည်။ ဤကျားချွမ်းဖန်းနှင့် စကားပြောရာမှ ရရှိလိုက်သော သတင်းအချက်အလက်များမှာ အလွန်ပင် ရှုပ်ထွေးလွန်းလှသည်။ တွေးကြည့်လေလေ၊ ကြောက်စရာကောင်းလေလေပင်။

သို့သော်လည်း... လီယန်ချူသည် ဝေးလံသော အရပ်သို့ လှမ်းကြည့်ကာ တိုးတိုးလေးရေရွတ်လိုက်သည်။

"ဦးလေးကျား... ခင်ဗျား တကယ်ပဲ သေသွားပြီလား"

ယန့်ရှန်းမြို့စောင့်နတ်မင်း တစ်ပါး၊ ပထမအဆင့် ကျင့်ကြံသူကြီး တစ်ဦးက ဘေးဒဏ်ခံယူရင်း ရှုံးနိမ့်သွားကာ ခန္ဓာစွန့်ခွာခဲ့သည်... သူ ချန်ထားခဲ့သော ခန္ဓာဟောင်းပင်လျှင် ဤမျှ အစွမ်းထက်နေပါက ကျားချွမ်းဖန်း ဆိုသည့် ပုဂ္ဂိုလ်မှာ အလွန်မရိုးရှင်းကြောင်း လီယန်ချူ ရိပ်မိနေသည်။

မည်သို့ပင်ဖြစ်စေ၊ ဤကိုယ်ပွားအတတ်မှာ တကယ့်ကို ဆန်းကြယ်လှသော ပညာရပ် ဖြစ်သလို၊ ရွှေခေါင်းဆောင်းအတွင်း၌လည်း ဆန်းကြယ်သော အရှိန်အဝါ တစ်ခု ကိန်းဝပ်နေကာ တစ်စုံတစ်ခုကို ညွှန်ပြနေသကဲ့သို့ ခံစားရသည်။

"အရင်ဆုံး ဒီကိုယ်ပွားအတတ်ကို ကျင့်ကြည့်ရမယ်၊ ပြီးမှ စာအုပ်စာတမ်းတွေ ပြန်ရှာကြည့်ရမယ်။ ဒါမှမဟုတ် လူတွေကို စုံစမ်းကြည့်ရမယ်... ဒီယန့်ရှန်းမြို့က ဘယ်မှာလဲ၊ မဟာရှခေတ်က ဆောက်ခဲ့တဲ့ မြို့စောင့်နတ်မင်းကျောင်းကရော ရှိသေးလားဆိုတာပေါ့ "

လီယန်ချူသည် ထိုတောင်ကြားထဲမှ ထွက်ခွာလာခဲ့သည်။ တောင်ကြားထဲတွင်မူ သန့်စင်သည့် မိုးကြိုးဓာတ် အရှိန်အဝါများ ကျန်ရစ်နေကာ အားလုံးမှာ ပျက်စီးနေပြီ ဖြစ်သည်။

သို့သော် ယုတ်ညံ့သည့် အငွေ့အသက်နှင့် မိစ္ဆာဓာတ်များမူ လုံးဝမကျန်တော့ဘဲ သန့်ရှင်းသွားခဲ့သည်။ အကယ်၍ မိုးကြိုးကျင့်စဉ် ကျင့်ကြံသူတစ်ဦးသာ ထိုနေရာသို့ ရောက်လာပါက၊ ဤနေရာကို မြင့်မြတ်သောနေရာအဖြစ် အံ့အားသင့်စွာ သတ်မှတ်ကြပေလိမ့်မည်။

မကြာမီပင်၊ လီယန်ချူသည် လင်ရှီးဘုန်းကြီးကျောင်းမှ ဘုန်းကြီးများကို ရှာတွေ့ခဲ့သည်။ သို့သော် မျက်လုံးများ ပြူးကြောင်နေကာ ဘာမှမသိတော့ဘဲ ဟောင်လောင်ဖြစ်နေသော ဘုန်းကြီးအိုများကို တွေ့လိုက်ရသောအခါ သူ မျက်မှောင်ကြုတ်သွားမိသည်။

"ခဏလေးအတွင်းမှာပဲ... ဘာလို့ အားလုံးက လူမွဲတွေလို ဖြစ်ကုန်ကြတာလဲ "

သူသည် ဟွေ့ကျိန်း ဘုန်းကြီးကို ဘာဖြစ်သလဲဟု မေးမြန်းကြည့်လိုက်သည်။ ဟွေ့ကျိန်းဘုန်းကြီးက စောစောက မိုးကြိုးပစ်ချမှု၏ ကြောက်မက်ဖွယ်ကောင်းပုံကို ပြောပြလာသည်။

"စောစောက ကောင်းကင်ဘုံက အာဏာစက် ကျရောက်လာသလိုပဲ၊ မိုးကြိုးကြီးတွေ ဝုန်းကနဲ ပစ်ချလိုက်တာ... အဲဒီအရှိန်အဝါက တကယ့်ကို ကမ္ဘာပျက်မတတ်ပဲ "

ဟု ဟွေ့ကျိန်းဘုန်းကြီးက ထိတ်လန့်တုန်လှုပ်စွာ ဆိုသည်။

စောစောက မိုးကြိုးမှာ လီယန်ချူ၏ မိုးကြိုးငါးပါးအဆောင်မှ ထွက်ပေါ်လာခြင်း ဖြစ်သည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။ ထိုအရှိန်အဝါမှာ ရှေးဟောင်းကျမ်းစာများထဲတွင် မှတ်တမ်းတင်ထားသော ကောင်းကင်ဘေးဒဏ် နှင့် လုံးဝ တူညီနေသောကြောင့် ဖြစ်သည်။

လီယန်ချူကတော့ ပြုံးယုံသာ ပြုံးလိုက်ပြီး မိမိ၏ စွမ်းဆောင်ချက်ကို ဖုံးကွယ်ထားလိုက်သည်။

လင်ရှီးဘုန်းကြီးကျောင်းမှာ တစ်ဝက်ကျော် ပျက်စီးသွားပြီဖြစ်ရာ၊ ကျင်းပမည့် အခမ်းအနားကိုလည်း ဖျက်သိမ်းလိုက်ရသည်။ လီယန်ချူသည်လည်း ထိုနေရာ၌ ဆက်မနေတော့ပေ။ ဘုန်းကြီးကျောင်းတွင်လည်း ဖြေရှင်းစရာ ကိစ္စများစွာ ရှိနေသေးသည် မဟုတ်ပါလား။

သူသည် ဝေမြို့ သို့ အမြန်ပြန်လာခဲ့သည်။

မိမိ၏ ရင်းနှီးလှသော ပျက်စီးယိုယွင်းနေသည့် တာအိုကျောင်းကလေးကို မြင်လိုက်ရသောအခါမှ သူ မသိမသာ စိတ်အေးသွားရသည်။

သို့သော်လည်း... သူ ထိုင်လိုက်ချိန်မှာပင် သူ၏ရင်ခွင်ထဲရှိ ရွှေခေါင်းဆောင်းမှာ ရုတ်တရက် တုန်ခါလာပြီး အသံများ ထွက်ပေါ်လာတော့သည်။

လက်ထဲမှ လွတ်ထွက်သွားတော့မည့်အလား ဖြစ်နေ၏။

လီယန်ချူ အံ့အားသင့်သွားပြီး ထိုရွှေခေါင်းဆောင်း ဦးတည်နေသည့် ဘက်ကို ကြည့်လိုက်မိရာ...

သူ အသက်ကို ပြင်းပြင်းရှူလိုက်မိသည်။

"ဒီလောက်ထိတော့ တိုက်ဆိုင်မှာ မဟုတ်ဘူးမလား"

သူ မှတ်မိမမှားဘူးဆိုလျှင်... ထိုအရပ်မျက်နှာ၌ မြို့စောင့်နတ်မင်းကျောင်း တစ်ခု အမှန်တကယ် ရှိနေပါသည်။

အခန်း (၅၂၈) - ယန့်ရှန်း Vs ဝေမြို့ ၊ ကိုယ်ဖျောက်စွမ်းရည်ကို စမ်းသပ်ခြင်း ၊ မင်း ငါ့ကို မြင်နေတာလား

ချင်းယွန်းတာအိုကျောင်း

လီယန်ချူသည် ခြံဝင်းအတွင်းရှိ ခုံတန်းလျားပေါ်တွင် ထိုင်နေရင်း၊ လက်ထဲမှ ထည်ဝါခန့်ညားလှသော ရှေးဟောင်းခေါင်းဆောင်းတစ်ခုကို စိုက်ကြည့်ကာ အတွေးနက်နေမိသည်။

ထိုအရာသည် သူစောစောက ဝေမြို့ ရှိ မြို့စောင့်နတ်မင်းကျောင်းသို့ သွားရောက်ယူဆောင်ခဲ့သော ရှေးဟောင်းခေါင်းဆောင်း ဖြစ်သည်။ ထိုရွှေခေါင်းဆောင်းသည် ရွှေရောင်ကင်ရှာအလင်းတန်းများ ဖြာထွက်လာပြီးနောက် မြို့စောင့်နတ်မင်းကျောင်း၏ မြေအောက်ထဲမှ ဖြည်းညှင်းစွာ ပျံတက်လာကာ လီယန်ချူ၏ လက်ထဲသို့ ကျရောက်လာခဲ့ခြင်းဖြစ်သည်။

ဤသည်မှာ သူ့ကို အလွန်အံ့အားသင့်စေခဲ့သည်။

ကျောင်းသို့ ပြန်ရောက်သည်အထိ သူ၏ စိတ်လှုပ်ရှားမှုမှာ ငြိမ်သက်မသွားသေးချေ။

"ယန့်ရှန်း ဆိုတာ ဝေမြို့ ဖြစ်နေတာလား"

လီယန်ချူမှာ ဝေခွဲမရဖြစ်နေဆဲပင်။

ဝေမြို့ဆိုသည်မှာ သေးငယ်သော အရပ်ဒေသလေးတစ်ခုသာ ဖြစ်သည်။

မဟာရှခေတ်တုန်းက ပထမအဆင့် ကျင့်ကြံသူကြီးတစ်ဦးက ဝေမြို့ကဲ့သို့ နေရာမျိုးမှာ ဘာကြောင့် မြို့စောင့်နတ်မင်း လာလုပ်နေရသနည်း။ အနည်းဆုံးတော့ ပေဖုန်းခရိုင် ရဲ့ မြို့တော်လို အဆင့်မျိုးမှာပဲ ရှိသင့်သည် မဟုတ်ပါလား။

"ဒီကိစ္စက ဒီလောက်အလွယ်တကူ ပြေလည်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"

လီယန်ချူ စိတ်ထဲက ရေရွတ်လိုက်သည်။

မူလက သူကိုင်ထားသော ရွှေခေါင်းဆောင်းအတုမှာ ဝိညာဉ်အရှိန်အဝါများ လုံးဝကွယ်ပျောက်သွားပြီဖြစ်သဖြင့် သူသိမ်းဆည်းလိုက်ပြီ ဖြစ်သည်။

ယခု သူ၏လက်ထဲရှိ ကင်ရှာခေါင်းဆောင်း မှာမူ ဝိညာဉ်စွမ်းအားများ ထည့်သွင်းခြင်းမပြုရသေးသော်လည်း ဆန်းကြယ်သော အငွေ့အသက်များ ထွက်ပေါ်နေဆဲပင်။

လီယန်ချူသည် ကင်ရှာခေါင်းဆောင်းကို ဦးခေါင်းပေါ်တွင် ဆောင်းလိုက်ရာ၊ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ချက်ချင်းဆိုသလို ပျောက်ကွယ်သွားတော့သည်။

ကင်ရှာခေါင်းဆောင်းသည် လူကို ကိုယ်ဖျောက်ပေးနိုင်စွမ်း ရှိသည်။

လီယန်ချူ ဆောင်းလိုက်ပြီးနောက် သူ၏ပုံရိပ်မှာ တဖြည်းဖြည်းနှင့် လုံးဝကွယ်ပျောက်သွား၏။

သူ၏ လက်ချောင်းများကို သူကြည့်လိုက်သောအခါ အထင်သား မြင်နေရသေးသော်လည်း၊ ကြေးမှန်ရှေ့သို့ သွားကြည့်သောအခါတွင်မူ မှန်ထဲ၌ သူ၏ပုံရိပ် လုံးဝပေါ်မလာတော့ချေ။

"စိတ်ဝင်စားဖို့ ကောင်းသားပဲ"

လီယန်ချူ ပြုံးလိုက်ကာ တာအိုကျောင်းမှ ထွက်လာပြီး ထိုက်ဖင် တည်းခိုခန်း သို့ ရောက်လာခဲ့သည်။

လမ်းမပေါ်တွင်ရော တည်းခိုခန်းထဲမှာပါ လူအများအပြား ရှိနေကြသော်လည်း လီယန်ချူ သူတို့ဘေးနားမှ ဖြတ်လျှောက်သွားသည်ကို တစ်ယောက်မျှ သတိမပြုမိကြချေ။

ဤသည်မှာ သူ၏ ဝိညာဉ်ခန္ဓာ ခန္ဓာပြင်ပသို့ ထွက်ခွာနေချိန်နှင့် အနည်းငယ် တူညီလှသည်။

ဝိညာဉ်ခန္ဓာ ထွက်ခွာနေချိန်တွင် သာမန်လူသားများ၏ မျက်စိဖြင့် မမြင်နိုင်ချေ။ သို့သော် ယန်ဝိညာဉ် အဆင့်သို့ မရောက်သေးဘဲ နေ့ခင်းကြောင်တောင် ဝိညာဉ်ခန္ဓာ ထွက်ခြင်းမှာ အလွန်အန္တရာယ်ကြီးလှသည်။ တစ္ဆေဝိညာဉ်များ နေ့ခင်းဘက်တွင် ပုံမှန်အားဖြင့် မပေါ်လာရခြင်းနှင့် သဘောတရားချင်း တူညီပေသည်။

လီယန်ချူ တည်းခိုခန်းထဲ ရောက်လာချိန်တွင် စိတ်ထဲကနေ တစ်ခုခု စမ်းသပ်ချင်လာသည်။

ထိုအချိန်တွင် လျူကျွင်း က သူ့ဘက်သို့ မျက်နှာချင်းဆိုင် လျှောက်လာနေသည်။ လီယန်ချူက ခြေလှမ်းကို ရပ်လိုက်သော်လည်း လျူကျွင်းမှာမူ ဘာမှမသိဘဲ ရှေ့သို့ ဆက်လျှောက်လာရာ...

"ဝုန်း"

လီယန်ချူ၏ ကိုယ်ပေါ်သို့ တိုက်ရိုက်ဝင်တိုက်မိတော့သည်။

"အား... အမေ့"

သူမ နာကျင်စွာ အော်ဟစ်လိုက်ရသည်။

လီယန်ချူ၏ လက်ရှိခန္ဓာကိုယ်မှာ တတိယအဆင့် ကျင့်ကြံသူနှင့် ယှဉ်နိုင်လောက်အောင် ကြံ့ခိုင်လှသည်။ တစ်ကိုယ်လုံးရှိ ကြွက်သားများမှာလည်း အလွန်မာကျောလှရာ၊ လျူကျွင်း ဝင်တိုက်မိခြင်းမှာ နံရံကို တိုက်မိသကဲ့သို့ပင်။

သူမသည် သူမ၏ ဦးခေါင်းကို နာကျင်စွာ ပွတ်သပ်ရင်း ရှေ့တွင်ရှိသော ဟာလာဟင်းလင်းဖြစ်နေသည့် နေရာကို နားမလည်နိုင်စွာ ကြည့်နေမိသည်။

"ငါတော့ ကံဆိုးပြန်ပြီလား မသိဘူး"

လျူကျွင်း၏ မျက်နှာ ပျက်သွားကာ ဤပြဿနာကို ရုတ်တရက် တွေးမိသွားသည်။ သာမန်လူတစ်ယောက် လမ်းလျှောက်နေရင်း နံရံတိုက်မိသလို ခံစားရပြီး ပြိုလဲသွားသည်ဆိုလျှင် မည်သူမဆို ထူးဆန်းသည်ဟု ထင်ကြမည်သာ။

လျူကျွင်းသည် ခဏမျှ စဉ်းစားပြီးနောက် သူမ၏လက်ကို ရှေ့သို့ စမ်းတဝါးဝါး ဆန့်ထုတ်ကြည့်လိုက်သည်။

"ထူးဆန်းလိုက်တာ၊ ခုနက ဘာဖြစ်သွားတာလဲ"

သူမ ခေါင်းကို ကုတ်ရင်း အခြေအနေကို ဝေခွဲမရဖြစ်နေကာ ပြန်ထပြီး ရှေ့သို့ ဆက်လျှောက်သွားသည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ အလွန်သတိထားပြီး လျှောက်နေ၏။

သို့သော် သူမ စိတ်အေးသွားရသည်မှာ ယခုတစ်ကြိမ်တွင် ဘာမှမဖြစ်တော့ခြင်းပင်။ ဘာကြောင့်လဲဆိုသော် လီယန်ချူက ထိုကံဆိုးမလေးကို ရှောင်ပေးလိုက်သောကြောင့် ဖြစ်သည်။

ပြဿနာတွေ အများကြီး ကြုံထားရရှာသူမို့ သူမကို ထပ်ပြီး မခြောက်လှန့်တော့ရန် ကြင်နာတတ်သော လီတာအိုဆရာက ဆုံးဖြတ်လိုက်သည်။

ထို့နောက် စိတ်ရင်းကောင်းလှသော လီတာအိုဆရာသည် ရှောင်ရန် ၏ ရှေ့သို့ ရောက်လာခဲ့ပြန်သည်။

ရှောင်ရန်မှာ ကိုယ်လုံးကိုယ်ပေါက် လှပသော်လည်း၊ ယခုအခါတွင်မူ ယောက်ျားလေးအသွင် ဆင်ယင်ထားသဖြင့် သန့်ပြန့်သော အစေခံလေးတစ်ယောက်နှင့်သာ တူနေ၏။ လီယန်ချူ သူမဘေးသို့ ရောက်လာသော်လည်း ထိုတာအိုဂိုဏ်းဝင် မိန်းကလေးမှာ ဘာမှရိပ်မိပုံမရချေ။

လီယန်ချူက သူ၏လက်ညှိုးကို ဆန့်ထုတ်ကာ သူမ၏ ဦးခေါင်းကို အသာလေး တောက်လိုက်သည်။

ရှောင်ရန်မှာ နာကျင်သွားသဖြင့် ရုတ်တရက် တုံ့ပြန်လိုက်သော်လည်း သူမ၏ဘေးတွင် မည်သူမျှ ရှိမနေချေ။

သူမ၏ မျက်နှာလေး တင်းမာသွားကာ

"ဘယ်သူလဲ"

သို့သော် ပတ်ဝန်းကျင်တွင် ထူးဆန်းသောလူ မတွေ့ရသလို၊ လေတိုးသံ ကိုလည်း ရှောင်ရန် မကြားရချေ။

သူမသည် လက်ညှိုးနှင့် လက်လယ်ကို ပူးကာ မျက်လုံးပေါ်သို့ အသာအယာ ပွတ်သပ်လိုက်သည်။

တည်းခိုခန်းတစ်ခုလုံးကို ဝေ့ဝဲကြည့်လိုက်သော်လည်း ဘာပြဿနာမျှ မတွေ့ရချေ။

"ထူးဆန်းလိုက်တာ... ခုနက တစ်ယောက်ယောက် ငါ့ခေါင်းကို လာတောက်သလို သိသိသာသာ ခံစားလိုက်ရတာ "

ရှောင်ရန် ကြောင်အသွားသည်။

သူမသည် တိုးတိုးလေး မန္တန်ရွတ်ဆိုကာ နက္ခခုနစ်လုံး နိယာမအတိုင်း ခြေလှမ်းများကို စတင်နင်းတော့သည်။

သူမ၏ အပြုအမူမှာ ဘေးလူများအမြင်တွင် ထူးဆန်းနေသော်လည်း၊ ဘယ်သူကမျှ ထိုအစေခံလေးကို ဂရုမစိုက်ကြချေ။ လူငယ်လေးမို့ ဆော့ကစားနေသည်ဟုသာ ထင်ကြသည်။

ရှောင်ရန်၏ ခန္ဓာကိုယ်ပေါ်တွင် မြင့်မြတ်သော အရှိန်အဝါတစ်ခု ပေါ်ထွက်လာပြီး သူမ စိတ်ထဲကနေ "အစစ်အမှန် ပေါ်စေသတည်း " ဟု အမိန့်ပေးလိုက်သည်။

သူမ၏ စိတ်အမိန့်နှင့်အတူ ဆန်းကြယ်သော အစီရင်တစ်ခုသည် သူမ၏ ခြေဖဝါးအောက်မှ ဖြာထွက်သွားကာ ထိုက်ဖင်တည်းခိုခန်း တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။

မီးဖိုချောင်ထဲမှ ယွမ်နျန်း က မသိမသာ ခေါင်းမော့ကြည့်လိုက်သလို၊ စာရင်းစာအုပ် ကြည့်နေသော ဆိုင်ရှင်မ ကလည်း ရှောင်ရန်ဘက်သို့ ခဏမျှ လှမ်းကြည့်လိုက်သည်။

သို့သော် ရှောင်ရန်မှာမူ ဘာမှမတွေ့ရှိရဘဲ၊ ထိုအစီရင်ထဲတွင်လည်း ထူးခြားသော အရှိန်အဝါကို မခံစားရချေ။

"ထူးဆန်းလှချေလား ခုနက တကယ်ပဲ ဘာဖြစ်သွားတာလဲ "

ရှောင်ရန် မျက်မှောင်ကြုတ်သွားတော့သည်။

ဤစမ်းသပ်မှု နှစ်ကြိမ်အရ၊ လီယန်ချူသည် ကင်ရှာခေါင်းဆောင်း၏ စွမ်းဆောင်ရည်ကို အသစ်တစ်ဖန် နားလည်သွားခဲ့သည်။

အနည်းဆုံးတော့ တာအိုဂိုဏ်းဝင် ရှောင်ရန်ပင်လျှင် သူရှိနေသည်ကို မသိနိုင်ချေ။

"ဒီပစ္စည်းက တကယ်ကို သုံးလို့ကောင်းတာပဲ။ ကင်ရှာခေါင်းဆောင်း ဆောင်းပြီး တစ်ဖက်လူနားကို သွားမယ်ဆိုရင်... ဒါက ကပ်သတ် ဖို့ အပိုင်ပဲပေါ့!"

လီယန်ချူ စိတ်ထဲက တွေးလိုက်သည်။

သူ၏ လက်ရှိ ကြံ့ခိုင်လှသော ခန္ဓာကိုယ်နှင့် သိုင်းပညာအစွမ်းအရ၊ အကယ်၍ ကိုယ်ဖျောက်ပြီး ကျင့်ကြံသူတစ်ဦး၏ ဘေးနားသို့ ရောက်သွားကာ ထိုသူ သတိမထားမိချိန်တွင် တိုက်ခိုက်မည်ဆိုပါက တစ်ချက်တည်းနှင့်ပင် အပြတ်ရှင်းနိုင်မည် ဖြစ်သည်။

သူသည် ရင်သားထွားထွားနှင့် ဆိုင်ရှင်မ ကို လှမ်းကြည့်လိုက်သည်။

ဆိုင်ရှင်မမှာ ပျင်းရိပျင်းတွဲဟန်ဖြင့် ထိုင်နေရင်း လက်ထဲတွင် စာရင်းစာအုပ်ကို လှန်လှောကြည့်နေ၏။ သူမဆီမှ ရင့်ကျက်ပြီး ဆွဲဆောင်မှုရှိသော အလှတရားများ ထွက်ပေါ်နေသည်။

လီယန်ချူ သူမအနားသို့ လျှောက်သွားကာ သူမ၏ လှပသော ပါးပြင်လေးကို အသာအယာ ဆိတ်ကြည့်ချင်လာသည်။

ဆိုင်ရှင်မက ကြည့်ရသည်မှာ ပိုပြီး အရသာရှိကာ မှည့်ဝင်းနေသော မက်မွန်သီးတစ်လုံးနှင့် တူလှသည်။

သို့သော်... ဆိုင်ရှင်မက သူ့ကို ရုတ်တရက် လှမ်းကြည့်လိုက်သည်။

"........." လီယန်ချူ

သူ၏ လက်မှာ လေထဲတွင်ပင် ရပ်တန့်သွားကာ မျက်နှာပေါ်တွင် အံ့အားသင့်သွားသော အရိပ်အယောင်များ ပေါ်လာသည်။

ထို့နောက် သူ၏လက်ကို ဆိုင်ရှင်မ၏ မျက်စိရှေ့တွင် ဟိုဟိုဒီဒီ ယမ်းပြလိုက်သော်လည်း၊ ဆိုင်ရှင်မက စိတ်ပျက်လက်ပျက်ဖြင့် သူ၏လက်ဝါးကို ဖယ်ထုတ်လိုက်သည်။

"ဟာ... သွားပြီ"

လီယန်ချူ ကြောင်အသွားသည်။

အစွမ်းထက်လှတဲ့ ရတနာတစ်ခုကို ရပြီ၊ နောက်ဆိုရင် ကိုယ်ဖျောက်ပြီး တစ်ခါတည်း အပြတ်ရှင်းလို့ ရပြီလို့ သူထင်ထားခဲ့တာဖြစ်သည်။

သို့သော် ဆိုင်ရှင်မက သူ့ကို မြင်နေရလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ချေ။

လီယန်ချူ မကျေနပ်သေး။

ရှောင်ရန်သည် ဒုတိယအဆင့် ကျင့်ကြံသူဖြစ်သလို ချန်နိုင်ငံ၏ မျိုးဆက်သစ် ပါရမီရှင်တစ်ဦးလည်း ဖြစ်သည်။

ထို့အပြင် ရှောင်ရန်သည် တာအိုမျက်စိ နှင့် နက္ခ ခုနစ်လုံး အစီရင်ကို သုံးသော်လည်း သူ့ကို မမြင်နိုင်ခဲ့ချေ။

ဒါဆို...ဆိုင်ရှင်မက ဘာလို့ မြင်နိုင်ရတာလဲ

လီယန်ချူ ဘယ်ဘက်သို့ ခြေတစ်လှမ်း ပြင်းပြင်းလှမ်းလိုက်သော်လည်း၊ ဆိုင်ရှင်မ၏ ကြည်လင်လှသော မျက်ဝန်းအစုံက သူ့ကို ဆက်ကြည့်နေဆဲပင်။

သူ ညာဘက်သို့ ထပ်တိုးကြည့်ပြန်တော့လည်း ဆိုင်ရှင်မ၏ အကြည့်က သူ့နောက်သို့ လိုက်လာပြန်သည်။

"........." လီယန်ချူ

ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်လာလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ချေ။

သူ မကျေနပ်သေးဘဲ ရှေ့သို့တိုးကာ ဆိုင်ရှင်မ၏ ခေါင်းကို တောက်ရန် ပြင်လိုက်စဉ်မှာပင်...

"ဆော့နေတုန်းလား... ဒီရွှေခေါင်းဆောင်းကို ဘယ်ကနေ ရလာတာလဲ "

ဆိုင်ရှင်မက စိတ်ပျက်လက်ပျက်ဖြင့် မေးလိုက်သည်။

လီယန်ချူ လက်လျှော့လိုက်ရတော့သည်။

ဆိုလိုသည်မှာ သူ၏ လှုပ်ရှားမှုအားလုံး (တည်းခိုခန်းထဲသို့ စတင်ဝင်ရောက်လာချိန်မှစ၍ သူလုပ်ခဲ့သမျှ အားလုံး) ကို ဆိုင်ရှင်မက မြင်နေရခြင်းပင်။

သူ ရုတ်တရက် ရှက်သလိုလို ဖြစ်သွားရသည်။

ဒါက... ငါ့ဘာသာငါ လူအ လို လုပ်နေသလို ဖြစ်မနေဘူးလား။

"မင်း ငါ့ကို ဘယ်လိုမြင်တာလဲ"

လီယန်ချူ သူမဘေးသို့ ကပ်ကာ တိုးတိုးလေး မေးလိုက်သည်။

"ခန့်မှန်းကြည့်လေ"

ဆိုင်ရှင်မက မျက်တောင်လေး ခတ်ပြရင်း လီယန်ချူကို ညှို့ဓာတ်ပြင်းလှသော မျက်စပစ်ပြလိုက်သည်။

ထိုဆွဲဆောင်မှုရှိလှသော အကြည့်မှာ ယောက်ျားသားတစ်ယောက်၏ အရိုးများကိုပင် အရည်ပျော်သွားစေနိုင်လောက်သည်။

"မင်းကတော့ တကယ်ပဲ... ငါ လက်မြှောက်ပါတယ်"

လီယန်ချူ သက်ပြင်းချရင်း ဆိုလိုက်တော့သည်။

All Chapters