← Chapters

အခန်း (၄၃၆-၄၃၈)

Vol. 30 Ch. 436-438

အခန်း (၄၃၆-၄၃၈)

Vol. 30 Ch. 436-438

အခန်း (၄၃၆) - ဖီးနစ် တောင်ကြား၊ အင်အားသုံး၍ ဖိနှိပ်ခြင်း (အပိုင်း - ၂)

~အပြာရင့်ရောင် ဝတ်ရုံရှည်ကို ဆင်မြန်းထားသည့် ထိုအမျိုးသမီးမှာ နုပျိုသော အသွင်အပြင် မရှိတော့ပေ။ သူမ၏ မျက်နှာထက်တွင် အချိန်ကာလ၏ ရက်စက်သော ခြေရာလက်ရာများ ထင်ဟပ်နေကာ၊ မျက်ဝန်းအစုံမှာ အနည်းငယ် နောက်ကျိနေပြီး နဖူးပြင်၌လည်း အရစ်အကြောင်းများ ပေါ်လွင်နေ၏။ သူမ၏ ဆံကေသာမှာ နက်မှောင် တောက်ပနေဆဲ ဖြစ်သော်ငြား၊ မျက်နှာသွင်ပြင်အရ အသက် (၄၀) သို့မဟုတ် (၅၀) အရွယ် လူလတ်ပိုင်း အမျိုးသမီး တစ်ဦးနှင့်သာ တူ၏။

သို့သော် သူမ၏ တကယ့် အသက်အရွယ် အစစ်အမှန်မှာ အနှစ် (၅၀၀) ကျော်လွန်နေပြီ ဖြစ်ကြောင်း အသေအချာပင် ဖြစ်သည်။

ဤအမျိုးသမီးမှာ အခြားသူမဟုတ်၊ ကောလာဟလများထဲတွင် ကျော်ကြားလှသော တာ့ယွဲ့ နန်းတော်၏ ဘိုးဘေးကြီးပင် ဖြစ်ပေတော့သည်။ သူမသည် ယခင် တာ့ယွဲ့ နန်းတော်သခင်၏ ကိုယ်လုပ်တော်ဟောင်း တစ်ဦးလည်း ဖြစ်ခဲ့ဖူး၏။

ထိုအမျိုးသမီး ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက်၊ ပလ္လင်ထက်တွင် ထိုင်နေရာမှ တာ့ယွဲ့ နန်းတော်သခင် နတ်မိမယ် ကုယွဲ့ အပါအဝင် တာအိုဆရာ လောင်ကျူး၊ တာအိုဆရာမ ချင်းချွမ်၊ တာအိုဆရာ ရှုဟိုင် နှင့် အခြားသော အကြီးအကဲများ အားလုံးသည် ရိုသေကျိုးနွံစွာဖြင့် အရိုအသေ ပေးလိုက်ကြသည်။

“ဘိုးဘေးကြီးကို ဂါရဝပြုပါတယ်ရှင်...”

အမျိုးသမီးကြီးက သူမ၏ လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ၊ မျက်မြင်မရသော စွမ်းအားတစ်ရပ်က လူအများကို မတ်တတ်ရပ်စေလိုက်လေ၏။

“ရပါတယ်ကွယ်... အခမ်းအနားတွေ လုပ်မနေပါနဲ့တော့...”

စီနီယာ ကုလန် သည် ထိုအမျိုးသမီးကို ကြည့်ကာ ပြုံးယောင်သန်းသွားပြီး ခေါင်းကို အသာအယာ ညိတ်ပြလိုက်သည်။

“တာအိုမိတ်ဆွေ လျူရွှီး... နေကောင်းတယ်မလား...”

တာ့ယွဲ့ နန်းတော် ဘိုးဘေးကြီး၏ နာမည်ရင်းမှာ လျူရွှီး မဟုတ်ပေ။ ယခင် တာ့ယွဲ့ နန်းတော်သခင် ပေးသနားခဲ့သော အမည်သာ ဖြစ်၏။ ထိုစဉ်က ထိုလူသားက ဤအမည်လေးမှာ လှပကြောင်း မှတ်ချက်ပြုခဲ့သဖြင့်၊ သူမသည် ထိုအမည်ကိုပင် မိမိ၏ တာအိုဘွဲ့အမည်အဖြစ် ခံယူကာ "နတ်မိမယ် လျူရွှီး" ဟု သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယနေ့ခေတ် ကာလတွင်မူ ထိုယခင် နန်းတော်သခင်ရော၊ ထိုလူသားပါ မြေမှုန့်အဖြစ်သို့ ကူးပြောင်း သွားခဲ့ကြတော့၏။ သူမ တစ်ယောက်တည်းသာ တာ့ယွဲ့ နန်းတော်ကြီးကို အထီးကျန်စွာ စောင့်ရှောက်ရင်း ကျန်ရစ်ခဲ့ရသည်။

နတ်မိမယ် လျူရွှီး သည် စီနီယာ ကုလန် ကို ကြည့်လိုက်၏။

“သွားကြတာပေါ့... လမ်းကျမှပဲ အပျက်အစီး နယ်မြေအကြောင်း ဆက်ပြောကြတာပေါ့...”

“ရွှီး... ရွှီး... ရွှီး…”

လေခွဲသံများနှင့်အတူ မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး နှစ်ပါး ဖြစ်သော လျူရွှီး နှင့် ကုလန် တို့၏ ဦးဆောင်မှုအောက်တွင် တာအိုဆရာမ ချင်းချွမ်၊ တာအိုဆရာ လောင်ကျူး၊ တာအိုဆရာ ရှုယွီ၊ တာအိုဆရာ ရှုဟိုင် တို့အပြင် စုယွီ နှင့် လော့ချန်ယွီ တို့ အားလုံး တာ့ယွဲ့ နန်းတော်ထဲမှ ထွက်ခွာလာခဲ့ကြသည်။ တာ့ယွဲ့ နန်းတော်သခင် နတ်မိမယ် ကုယွဲ့ ကမူ လိုက်ပါလာခြင်း မရှိပေ။ ဘိုးဘေးကြီး ကိုယ်တိုင် ထွက်ခွာသွားသည် ဖြစ်ရာ၊ သူမအနေဖြင့် နန်းတော်ကို ကျန်ရစ် စောင့်ရှောက်ရန် လိုအပ်သောကြောင့် ဖြစ်၏။

ထိုစဉ် စီနီယာ ကုလန် က.. လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ဧရာမ ယာဉ်ပျံကြီး တစ်စင်းသည် အားလုံး၏ ရှေ့မှောက်၌ ခမ်းနား ထည်ဝါစွာ ပေါ်ထွက်လာသည်။ အဆင့်မြင့် မှော်လက်နက် တစ်ခုနှင့် ညီမျှသော ထိုယာဉ်ပျံကြီး၏ အရှိန်အဝါကြောင့် စုယွီ နှင့် တာအိုဆရာ ရှုယွီ တို့ပင်လျှင် အနည်းငယ် အားကျငေးမော သွားရ၏။

'(ဟိုက်... ဒီယာဉ်ပျံကြီးက တယ်မိုက်ပါလား... ငါ့ဆီက ဟာတွေထက် အများကြီး အထာကျတာပဲ... အဆင့် (၄) အဆင့်နိမ့် အခင်းအကျင်းတောင် ပါသေးတယ်... တကယ် လန်းတယ်ကွာ...)'

အားလုံးသည် စီနီယာ ကုလန် ၏ နောက်သို့ လိုက်ပါကာ ယာဉ်ပျံပေါ်သို့ တက်ရောက်သွားကြ၏။ နောက်တစ်စက္ကန့်တွင်မူ ယာဉ်ပျံပေါ်ရှိ အခင်းအကျင်း၏ စွမ်းအင်များ ရုတ်ခြည်း တောက်ပလာပြီး လေထုကို ခွဲဟပ်ကာ ဖုန်းလော့ နယ်မြေရှိ ဖီးနစ် တောင်ကြား ဆီသို့ ပြိုင်ဘက်ကင်းသော အလျင်ဖြင့် ပြေးလွှား ပျံသန်းသွားတော့သည်။ ထိုအရှိန်အဟုန်မှာ စုယွီ လက်ထဲရှိ ယာဉ်ပျံထက် အဆပေါင်းများစွာ သာလွန် မြန်ဆန်နေသည်။

ယာဉ်ပျံကြီးပေါ်တွင် အားလုံးသည် ခြေချိတ်ထိုင်ကာ အနားယူနေကြ၏။ စီနီယာ ကုလန် က တာ့ယွဲ့ နန်းတော်၏ ဘိုးဘေးကြီး လျူရွှီး ကို ကြည့်ကာ မေးမြန်းလိုက်၏။

“တာအိုမိတ်ဆွေ လျူရွှီး... ကောင်းကင်ဖီးနစ် နန်းတော် အပျက်အစီးတွေနဲ့ ပတ်သက်ပြီး ဘာများ သိထားတာ ရှိလဲဟင်...”

စုယွီ၊ လော့ချန်ယွီ နှင့် အခြားသူများ အားလုံး၏ အာရုံသည်လည်း နတ်မိမယ် လျူရွှီး ထံသို့ စုပြုံ ကျရောက်သွားကြသည်။ နတ်မိမယ် လျူရွှီး က ခေတ္တမျှ စဉ်းစားခန်း ဝင်နေပြီးနောက် နှုတ်ခမ်းကို ဖွင့်ဟလိုက်၏။

“အဲဒီနေရာက ရှေးဟောင်းခေတ် နောက်ဆုံး တိုက်ပွဲတုန်းက ကောင်းကင်ဖီးနစ် နန်းတော် ဆုတ်ခွာသွားတဲ့ နေရာလို့ ငါတော့ သံသယရှိတယ်... အဲဒီမှာ နေရာရွှေ့ပြောင်းတဲ့ အခင်းအကျင်းတစ်ခု ရှိနေလောက်တယ်... အခုဖြစ်ပေါ်နေတဲ့ ကောင်းကင်ဖီးနစ် ဖြစ်စဉ်ကြီး ဆိုတာကလည်း ဖီးနစ် မျိုးဆက်ပါတဲ့ စီးတော်ယာဉ် သားရဲ တစ်ကောင်ကောင်၊ ဒါမှမဟုတ် သားရဲထိန်းကျောင်းသူ တစ်ယောက်ယောက်ရဲ့ အကြွင်းအကျန်၊ ဒါမှမဟုတ်ရင်လည်း ကောင်းကင်ဖီးနစ် နန်းတော်ရဲ့ ရတနာ တစ်ခုခုကနေ ထွက်ပေါ်လာတာ ဖြစ်နိုင်တယ်... ရတနာတွေ ရှိသလို အန္တရာယ်တွေလည်း အများကြီးပဲ... တကယ်လို့ အဲ့ဒီ နေရာက ရှေးခေတ် ကောင်းကင်ဖီးနစ် နန်းတော်ရဲ့ နောက်ဆုံး ခံတပ်သာ ဆိုရင်... ပျက်စီးနေတဲ့ ၀င်္ကပါတွေ၊ တားမြစ်နယ်မြေတွေ အများကြီး ရှိနေမှာ အသေအချာပဲ... ခြေတစ်လှမ်း မှားတာနဲ့ အသက်ပျောက်သွားနိုင်တယ်...”

စီနီယာ ကုလန် သည် အံ့ဩဟန်ဖြင့် မျက်မှောင် အနည်းငယ် ကုတ်သွားသည်။

“ရှေးဟောင်း ကောင်းကင်ဖီးနစ် နန်းတော်က ချန်ရစ်ခဲ့တဲ့ နေရာရွှေ့ပြောင်းတဲ့ ၀င်္ကပါ ဟုတ်လား...”

သူမ ခေတ္တမျှ တွေဝေသွား၏။

ဤသို့ ဆိုလျှင် ထိုနေရာသည် အလွယ်တကူ ဝင်ရောက် ဖောက်ထွင်းနိုင်မည့် နေရာမျိုး မဟုတ်တော့ပေ။ မူလဝိညာဉ် အဆင့် အရှင်သခင်ကြီးများ ဖြစ်ကြသည့်တိုင်၊ ထိုရှေးဟောင်း ပျက်စီးနေသော အခင်းအကျင်းများနှင့် တားမြစ်ချက်များကို ရင်ဆိုင်ရမည် ဆိုလျှင် ချင့်ချိန်ရမည်သာ ဖြစ်သည်။ အနည်းငယ် ပေါ့ဆမိသည်နှင့် ထို၀င်္ကပါများအောက်တွင် အသက်စတေး ရနိုင်၏။

“ဒီလို ဆိုမှတော့... အဲဒီ အင်အားစု သုံးခုလည်း.. အပျက်အစီး နယ်မြေကို အလွယ်တကူ ဝင်လုနိုင်မှာ မဟုတ်ဘူး... ငါတို့ အခု..သွားရင်တောင် သူတို့ သိပ်များများစားစား ယူနိုင်ရသေးမှာ မဟုတ်ဘူး... အချိန်တန်လို့ ဘာရတနာမှ မရခဲ့ရင်တောင်... အဲဒီ ပါရမီရှင် ကလေးနှစ်ယောက်ကို ကယ်လာနိုင်ရင် တန်နေပါပြီ...”

သူမသည် ဤခရီးကို ထွက်လာခဲ့ခြင်းမှာ ကောင်းကင်ဖီးနစ် ဖြစ်စဉ်ကြီးကို စိတ်ဝင်စား၍ တစ်ကြောင်း၊ တာအိုဆရာမ ချင်းချွမ် ပြောပြထားသော အခြား ပါရမီရှင် နှစ်ယောက်ကြောင့် တစ်ကြောင်း ဖြစ်၏။ ယခု သူမ တွေ့ဆုံခဲ့ရသော စုယွီ နှင့် လော့ချန်ယွီ တို့မှာ ရွှေအမြုတေ အဆင့် ပါရမီရှင်များ ဖြစ်ကြပြီး မယုံနိုင်လောက်အောင် ထူးချွန်ကြသည်။ အကယ်၍ ကျန်ရှိနေသော ထိုကလေး နှစ်ယောက်သည်လည်း ရွှေအမြုတေ အဆင့် ပါရမီရှင်များသာ ဖြစ်နေခဲ့မည်ဆိုလျှင်၊ သူမ၏ ဤခရီးစဉ်သည် ပါရမီရှင် လေးယောက်တိတိကို တစ်ပါတည်း ရရှိမည့် အလွန်တန်သော ခရီးစဉ်ကြီး ဖြစ်လာမည် မဟုတ်ပါလော။ အမှန်တကယ်ပင် ကြီးမားလှသော ရိတ်သိမ်းမှုကြီး ဖြစ်ပေလိမ့်မည်။

စုယွီ၊ လော့ချန်ယွီ၊ တာအိုဆရာ ရှုယွီ နှင့် အခြားသူများ အားလုံးသည် စီနီယာ ကုလန် နှင့် နတ်မိမယ် လျူရွှီး တို့၏ စကားဝိုင်းကို ဝင်ရောက် စွက်ဖက်ခြင်း မရှိဘဲ တိတ်ဆိတ်စွာ နားထောင်နေကြ၏။ အမှန်တကယ်တော့ ဖီးနစ် တောင်ကြား ရှိ အပျက်အစီးများကို စုယွီ တစ်ယောက် လုံးဝ သွားမပတ်သက်ချင်ပေ။

'(အေးလေ... အန္တရာယ်များတဲ့ ကိစ္စတွေကို ငါမှ မလုပ်ချင်တာ... ဒါပေမယ့် အခုက မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး နှစ်ယောက်တောင် ပါလာတယ်ဆိုတော့ အခြေအနေက ပြောင်းသွားပြီ... တစ်ယောက်က တာ့ချန် ကျင့်ကြံခြင်း လောကရဲ့ ဗဟိုချက်မက တုရှန်း နန်းတော် ကဆိုတော့ ဘာအန္တရာယ်မှ ရှိလောက်မှာ မဟုတ်ဘူး... စီနီယာ ကုလန် ကြီးသာ အဲဒီကို ရောက်သွားရင် သူမရဲ့ အရှိန်အဝါနဲ့ဆို ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ နဲ့ သွေးဖီးနစ် အင်မော်တယ် ဂိုဏ်း က လူတွေ ဘာများ အာခံရဲဦးမှာလဲ... တွေးတောင် မတွေးရဲလောက်ဘူး... ဒီလိုဆိုတော့ တာအိုမိတ်ဆွေ မာ ကို ကယ်ဖို့ဆိုတာ လွယ်လွယ်လေးပဲ... သူ အသက်ရှင်နေသရွေ့ပေါ့... တကယ်လို့ တာအိုမိတ်ဆွေ မာ သာ တစ်ခုခု ဖြစ်သွားခဲ့ရင်တော့... ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ရယ်၊ သွေးဖီးနစ် အင်မော်တယ် ဂိုဏ်း ရယ်၊ ကိုးဝိညာဉ် မိစ္ဆာ နန်းတော် က လူတွေ ရယ်... မင်းတို့အားလုံး ဝိညာဉ်ခန္ဓာ ပိုင်ရှင်တစ်ယောက်ရဲ့ ဒေါသကို ခံဖို့သာ ပြင်ထားကြပေတော့ကွာ...)'

မာထျန်းလင် ၏ ပါရမီမှာ အမှန်တကယ်ပင် ကြောက်ခမန်းလိလိ ကောင်းမွန်လှသည်။ ဝိညာဉ်ခန္ဓာ ဆိုသည်မှာ ကျင့်ကြံသူ သန်းတစ်ထောင်တွင် တစ်ယောက်သာ ပါရှိနိုင်သော ဖြစ်တည်မှုမျိုး ဖြစ်၏။ လွန်ခဲ့သော နှစ်အနည်းငယ်ကပင် မာထျန်းလင် ၏ ကျင့်ကြံခြင်းမှာ အခြေခံတည်ဆောက်ခြင်း အဆင့် (၉) သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။ စုယွီ ကသာ သူမ၏ တာအို အခြေခံကို ပိုမို ခိုင်မာ နက်ရှိုင်းစေရန် ရည်ရွယ်၍ အဆင့်တက်ခြင်းကို တမင်တကာ ဖိနှိပ် တားဆီးထားခဲ့ခြင်း ဖြစ်သည်။ တာအို အခြေခံသည် ထပ်မံ၍ တိုးတက်ရန် မဖြစ်နိုင်တော့သည့် အဆုံးစွန် အခြေအနေသို့ ရောက်ရှိမှသာ ရွှေအမြုတေ အဆင့် သို့ ချိုးဖျက် ဝင်ရောက်ရန် သူက လမ်းညွှန်ထားခဲ့၏။

'(ငါ အရင်ဆုံး တာ့ချန် ကျင့်ကြံခြင်း လောက ကို သွားပြီး တုရှန်း နန်းတော် က ဘယ်လိုမျိုးလဲ ဆိုတာ လေ့လာကြည့်ရမယ်... အခြေအနေ ကောင်းတယ်၊ နေလို့ထိုင်လို့ အဆင်ပြေတယ် ဆိုရင်တော့... ထျန်းလင်လေး နဲ့ ခယ်အာ ကိုပါ တစ်ခါတည်း ခေါ်လာပြီး အခြေချပစ်လိုက်တော့မယ်... အဲဒါ အကောင်းဆုံးပဲ...)’

wunzinnosp

အခန်း (၄၃၇) - ဖီးနစ် တောင်ကြား၊ အင်အားသုံး၍ ဖိနှိပ်ခြင်း (အပိုင်း - ၃)

~'ဒါပေမယ့် ထျန်းလင်လေးရဲ့ ဝိညာဉ်ခန္ဓာက နည်းနည်းတော့ ပြဿနာပဲ... တာအိုမိတ်ဆွေ မာ ပြောတာသာ အမှန်ဆိုရင်... ထျန်းလင်လေးရဲ့ ဟွိုင်ယင်း ဝိညာဉ်ခန္ဓာက သိုင်းလောကက သောက်ကျင့်ယုတ်တဲ့ လူတွေ အတွက် သိပ်ကို ဆွဲဆောင်မှု ရှိနေတာ... နှစ်ကိုယ်တူ ကျင့်ကြံဖို့ အကောင်းဆုံး အသုံးချခံ ပစ္စည်းလေး ဖြစ်နေတာကိုး...'

'သူ.. မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး ဖြစ်လာပြီး ဒီဝိညာဉ်ခန္ဓာရဲ့ စွမ်းအားကို အပြည့်အဝ မထိန်းချုပ်နိုင်သေးသရွေ့တော့... အန္တရာယ်က လည်ပင်းနား ကပ်နေဦးမှာပဲ...'

'ဟူး... ခေါင်းကိုက်လိုက်တာကွာ...'

စုယွီ၏ ခေါင်းထဲတွင် အနည်းငယ် ရှုပ်ထွေးသွား၏။ လက်ရှိ အခြေအနေအရ မာထျန်းလင် ကို သူကိုယ်တိုင် ဆက်လက် စောင့်ရှောက်ထားခြင်းကသာ အကောင်းဆုံး ဖြစ်ပေမည်။ သူမကို တာ့ချန် ကျင့်ကြံခြင်း လောက ၏ ဗဟိုချက်မဒေသသို့ ခေါ်သွားရေး ကိစ္စကို သေချာပေါက် အချိန်ယူ စဉ်းစားရပေတော့မည်။

သူမအတွက် လုံးဝ စိတ်ချယုံကြည်ရပြီး လုံခြုံမှုပေးနိုင်မည့် ဂူစံအိမ် ၊ သို့မဟုတ် လျှို့ဝှက်နယ်မြေ တစ်ခုခု မတွေ့မချင်း၊ သူမကို တာ့ယွဲ့ နယ်မြေ ၌ပင် ဆက်လက် ကျင့်ကြံစေခြင်းက ပို၍ ဘေးကင်းပေလိမ့်မည်။

မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး တစ်ပါး မဖြစ်လာသေးသရွေ့ မြေကမ္ဘာအင်မော်တယ် နယ်မြေ သို့ ဝင်ရောက်ရန် လုံးဝ မစဉ်းစားသင့်ပေ။

'ဒီလိုဆိုမှတော့... ငါ အရင်ဆုံး တာ့ချန် ကျင့်ကြံခြင်း လောက ရဲ့ ဗဟိုချက်ဆီကို တစ်ယောက်တည်း သွားလိုက်တာ အကောင်းဆုံးပဲ...'

'အဲဒီမှာ အခြေချဖို့ နေရာကောင်း တစ်ခုရှာပြီးမှ... ဒီကလေးတွေကို ပြန်လာခေါ်တော့မယ်...'

'အဲဒီအချိန်မတိုင်ခင် သူတို့တွေ တာ့ယွဲ့ နယ်မြေ ထဲက လော့ယွဲ့ မဟာမိတ်အဖွဲ့ လျှို့ဝှက်ဂူ နယ်မြေ ထဲမှာပဲ ဆက်ပြီး ကျင့်ကြံနေလို့ ရတာပဲလေ...'

'ပြီးတော့ လျှို့ဝှက်နယ်မြေထဲက မိစ္ဆာသားရဲ အုပ်စု နှစ်ခုရယ်၊ ဝိညာဉ်ဆေးပင်တွေရယ်ကိုလည်း သူတို့ကို ဆက်ပြီး စောင့်ရှောက်ခိုင်းထားလို့ ရသေးတယ်...'

“ရွှီး…”

ယာဉ်ပျံကြီးသည် စိတ်ကူးဖြင့်ပင် မှန်းဆ၍ မရနိုင်လောက်အောင် လျင်မြန်သော အရှိန်အဟုန်ဖြင့် ဖုန်းလော့ နယ်မြေ ဆီသို့ လေထုကို ခွဲဟပ်ကာ ပျံသန်းသွား၏။ သို့သော် ဖီးနစ် တောင်ကြား ၏ တည်နေရာမှာ တောင်ဘက်သို့ အနည်းငယ် ယွန်းနေသဖြင့်၊ ယာဉ်ပျံကြီးသည် အရှေ့တောင်ဘက် အရပ်ဆီသို့ ဦးတည်သွားလေသည်။

အကယ်၍ ဤခရီးကိုသာ စုယွီ ၏ လက်ထဲရှိ တတိယအဆင့် အဆင့်နိမ့် ယာဉ်ပျံဖြင့် လာရမည်ဆိုလျှင် ဖီးနစ် တောင်ကြား သို့ ရောက်ရှိရန် အနည်းဆုံး ဆယ်ရက်ခန့် ကြာမြင့်ပေလိမ့်မည်။

သို့သော် စီနီယာ ကုလန် ၏ ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြန်ဆန်လှသော ယာဉ်ပျံကြီး၏ စွမ်းအားကြောင့်၊ အားလုံးသည် အချိန် သုံးနာရီမျှ အတွင်းမှာပင် ဖုန်းလော့ နယ်မြေ ထဲသို့ ချင်းနင်း ဝင်ရောက်လာနိုင်ခဲ့ကြ၏။

ပိုးစာပင် နယ်မြေ ၏ နယ်စပ် တစ်နေရာ၌...

ကောင်းကင်မိုးကြိုး ကြွက် မိစ္ဆာအုပ်စု မှ တတိယအဆင့် ဝိညာဉ်ကျောက်စိမ်း သတ္တုကြောကို အပြည့်အဝ တူးဖော်ပြီးစီးသွားသောအခါ၊ စုယွီ သည် သူ၏ လက်ထဲသို့ ရောက်ရှိလာသော တတိယအဆင့် ဝိညာဉ်ကျောက်စိမ်း သတ္တုရိုင်းများ အားလုံးကို အပိုင်းအစငယ်လေးများ ဖြစ်အောင် ဖြတ်တောက် ပြုပြင်လိုက်၏။ ကုန်းယွဲ့ အင်မော်တယ် မြို့တော် အတွင်းသို့ ဝင်ရောက်ကာ ကောင်း မိသားစု အိမ်တော်ဆီသို့ လာခဲ့သည်။

ယခုအချိန်တွင် စုယွီ ၏ လက်ထဲ၌ တတိယအဆင့် ဝိညာဉ်ကျောက်စိမ်း ရွှေရည်အနှစ် အတိအကျ (၂၁) စက် ကျန်ရှိနေသေး၏။

မြေဆရာ လင်းရှူ အတွက်မူ တူးဖော်ရေး အလုပ်များ ပြီးစီးသွားပြီးနောက်၊ စုယွီ က ဝိညာဉ်ကျောက်စိမ်း ရွှေရည်အနှစ် တစ်စက်ကို ပေးအပ်ခဲ့၏။ သို့သော် သူမသည် ထွက်ခွာသွားရန် တွန့်ဆုတ်နေခဲ့ပြီး၊ စုယွီ ၏ နောက်မှ ကောင်း မိသားစု သို့ ကပ်ပါလာခဲ့သည်။

ကောင်း မိသားစု၏ ဘိုးဘေးကြီး ဖြစ်သော ကောင်းထန်၊ မိသားစု ခေါင်းဆောင် ကောင်းယွမ်ယွမ်၊ ကောင်းကျုံးရှန် နှင့် အခြားသော ကောင်း မိသားစု၏ အကြီးအကဲများ အားလုံး ထွက်၍ ကြိုဆိုခဲ့ကြ၏။

ညအချိန်သို့ ရောက်ရှိသောအခါ...

ကောင်း မိသားစု အိမ်တော်၏ အတွင်းပိုင်း အကျဆုံး ခြံဝင်း တစ်ခုထဲတွင်...

နတ်မိမယ်လေး တစ်ပါးကဲ့သို့ ဆွဲဆောင်မှု ရှိလှအောင် ပြင်ဆင် ဝတ်စားထားသော ကောင်းယွမ်ယွမ် ကို မြင်သောအခါ၊ တာအိုရုပ်သေး သည် မည်သည့် ခံစားချက်မျှ မပေါ်လွင်သော မျက်နှာထားဖြင့် မေးလိုက်သည်။

"နဂါးနက် ကုန်သွယ်ရေး အသင်း က မင်းတို့ကို အရင် ဆက်သွယ်လာပြီးတော့... ကုန်းယွဲ့ ကုန်သွယ်ရေး အသင်း နဲ့ ပူးပေါင်းချင်တယ်လို့ ကမ်းလှမ်းလာတာလား..."

ခရမ်းနုရောင် ပိုးသားပါးပါး ဂါဝန်လေးကို ဆင်မြန်းထားသည့် ကောင်းယွမ်ယွမ် သည် မယုံနိုင်လောက်အောင်ပင် ကျိုးနွံနာခံသည့် ဟန်ပန် ရှိနေ၏။ ညဉ့်ယံသည် တိတ်ဆိတ် ငြိမ်သက်နေကာ၊ အခန်းတွင်းရှိ တိရစ္ဆာန်အဆီဖြင့် ထွန်းညှိထားသော မီးခွက်ကလေးက တောက်ပစွာ လင်းလက်နေ၏။ ဖြူဖျော့ဖျော့ ဖယောင်းတိုင် မီးရောင်က သူမ၏ ခန္ဓာကိုယ်ပေါ်သို့ ဖြာကျနေချိန်တွင်တော့ သူမသည် အမှန်တကယ်ပင် ဆွဲဆောင်မှု ရှိလွန်းနေသည်။

သူမက နူးညံ့ချိုသာလှသော အသံလေးဖြင့် ပြန်လည် ဖြေကြားလိုက်၏။

"ဟုတ်ပါတယ် စီနီယာရှင်... ကျွန်မကို နဂါးနက် ကုန်သွယ်ရေး အသင်း ရဲ့ ဒုတိယ ဥက္ကဋ္ဌ တာအိုဆရာ ဟိုင်ဟူ ကိုယ်တိုင် ဆက်သွယ်လာတာပါ... သူက ကျွန်မတို့ရဲ့ လိုအပ်ချက်တွေကို အပြန်အလှန် ဆွေးနွေးလို့ ရတဲ့အပြင်... ပိုပြီး ကြီးမားတဲ့ ကုန်သွယ်ရေး အသင်းတွေ၊ အင်အားကြီး အဖွဲ့အစည်းတွေနဲ့ ပင်လယ်ပြင် နယ်မြေက အင်အားစုတွေနဲ့ပါ မိတ်ဆက်ပေးမယ်လို့ ပြောပါတယ်ရှင်..."

"သူတို့ရဲ့ အကူအညီနဲ့ဆိုရင် ကျွန်မတို့ ကုန်းယွဲ့ ကုန်သွယ်ရေး အသင်း က ပိုးစာပင် အင်မော်တယ် မြို့တော် မှာ အခိုင်အမာ ခြေကုပ်ယူနိုင်ပြီး အရှိန်အဟုန်နဲ့ တိုးတက်လာနိုင်မယ်လို့ ယုံကြည်ပါတယ်ရှင်..."

"အဲဒီအချိန်ကျရင် ကျွန်မတို့ ကုန်သွယ်ရေး အသင်း က စီနီယာ့ကို ပြန်လည် အလုပ်အကျွေး ပြုနိုင်မှာပါရှင်..."

တာအိုရုပ်သေး သည် ခေတ္တမျှ စဉ်းစားခန်း ဝင်သွား၏။ နဂါးနက် ကုန်သွယ်ရေး အသင်း ၏ လှုပ်ရှားမှု နောက်ကွယ်မှ ရည်ရွယ်ချက်မှာ အလွန် ရှင်းလင်းလှသည်။ သူတို့သည် သူနှင့် ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်လိုကြပြီး၊ သူ့ကို အလိုလိုက် အကြိုက်ဆောင်ရန် ကြိုးစားနေကြခြင်းပင်။

သို့သော် သူ့ လက်ရှိ ပုံပန်းသွင်ပြင်သည် ကောင်းကင် သိုင်းကျမ်း မျှော်စင် တံဆိပ်ပြား ကို ပိုင်ဆိုင်ထားသောကြောင့် အနည်းငယ်တော့ ထူးခြားနေသည်မှာ အမှန်ပင်။ ဤအထောက်အထားကို သူ ပေါ့ပေါ့ဆဆ အသုံးပြု၍ မရနိုင်သော်ငြားလည်း၊ နဂါးနက် ကုန်သွယ်ရေး အသင်း ကဲ့သို့သော အင်အားစုများကို ဟန့်တား ခြိမ်းခြောက်ရန်အတွက်တော့ လုံလောက်မှု ရှိသည်။

တာအိုရုပ်သေး သည် သူ ဆက်လက် လုပ်ဆောင်ရမည့် အစီအစဉ်များကို တွေးတောနေ၏။

'ငါ့ရဲ့ ခန္ဓာကိုယ် အစစ်က မြေကမ္ဘာအင်မော်တယ် နယ်မြေ က မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး ကုလန် နဲ့ မျှော်လင့်မထားဘဲ ဆုံတွေ့ခဲ့ရပြီးပြီ... အဲဒါက ငါ့ကို တာ့ချန် ကျင့်ကြံခြင်း လောက ရဲ့ ဗဟိုချက်ဆီ သွားဖို့ အခွင့်အရေး ပေးလိုက်တာပဲ... ဒီတော့ ပင်လယ်ပြင်ထဲမှာ ရွှေအမြုတေ အဆင့် အမွေအနှစ်ကို ဆက်ရှာနေဖို့ မလိုတော့ဘူးပေါ့...'

'ဒါပေမယ့် ဒီ ကောင်း မိသားစု လို ဒေသတွင်း အင်အားစုတွေကိုတော့ ဆက်ပြီး ထိန်းသိမ်းထားဖို့ လိုသေးတာပဲ... သူတို့ကို စွန့်လွှတ်ပစ်စရာ အကြောင်းမှ မရှိတာ...'

'နောင်တစ်ချိန်ကျရင် ငါ ပင်လယ်ပြင်ဘက်ကိုပါ ခြေဆန့်ချင် ဆန့်ဖြစ်ဦးမှာကိုး...'

ထိုသို့ ခေတ္တမျှ စဉ်းစားပြီးနောက် တာအိုရုပ်သေး က တီးတိုး ရေရွတ်လိုက်၏။

'အခုကစပြီး ကောင်း မိသားစု ရဲ့ တိုးတက်မှုကို နောက်ကွယ်ကနေ တိတ်တဆိတ် ထောက်ပံ့ပေးတာက ငါ့ရဲ့ နောက်တစ်လှမ်းပဲ...'

'ဒါ့အပြင် ရုပ်သေးဝိညာဉ်ရဲ့ ကျင့်ကြံခြင်းကိုလည်း မြှင့်တင်ရဦးမယ်... လောလောဆယ် ဒီဝိညာဉ်က ရွှေအမြုတေ အဆင့် (၈) ကိုပဲ ရောက်သေးတာ... ပြီးတော့ ငါ့ရဲ့ အနီရောင် ရုပ်သေး ကိုယ်ထည်ကြီးကို အပြည့်အဝ ပြန်လည် ပြုပြင်ဖို့အတွက် စတုတ္ထအဆင့် ပစ္စည်းတွေလည်း လိုက်စုရဦးမယ်...'

'တကယ်လို့သာ အဲဒီ ရုပ်သေးကို အပြည့်အဝ ပြန်ပြုပြင်နိုင်ပြီး စတုတ္ထအဆင့် အဆင့်မြင့် ရုပ်သေးကိုယ်ထည်ကြီး ရလာပြီဆိုရင်တော့... ငါ ပိုးစာပင် နယ်မြေ ထဲမှာ အခိုင်အမာ ခြေကုပ်ယူနိုင်ပြီပေါ့... ငါ့လက်အောက်ခံတွေရဲ့ အင်အားကိုလည်း ချဲ့ထွင်လို့ ရသွားပြီ...'

'အဲဒီကျမှ ပင်လယ်ပြင်ဘက်ကို ဆက်လက်ချဲ့ထွင်ပြီး ပိုကောင်းတဲ့ အခွင့်အရေးတွေ ရှာလို့ရမှာ...'

စဉ်းစားခန်း ဝင်ပြီးနောက်၊ တာအိုရုပ်သေး သည် သူ၏ မြေးအရွယ်ခန့်သာ ရှိသေးသော အသက် (၄၀) ဝန်းကျင် ကောင်းယွမ်ယွမ် ကို ကြည့်ကာ ပြောလိုက်၏။

"အခုကစပြီး မင်း.. ငါ့အတွက် ပစ္စည်းတချို့ကို ကူရှာပေးရမယ်..."

ထိုစကားကို ကြားသောအခါ ကောင်းယွမ်ယွမ် ၏ မျက်ဝန်းလေးများ တောက်ပသွား၏။

"ပြောပါ စီနီယာရှင်... စီနီယာ့အတွက် အသေအချာ ရှာပေးပါ့မယ်ရှင်..."

သူ လိုအပ်သော ပစ္စည်းစာရင်းကို ကောင်းယွမ်ယွမ် အား ပြောပြပြီးနောက်၊ တာအိုရုပ်သေး က သူမကို ထွက်ခွာခွင့် ပြုလိုက်သည်။ ထိုအခါ ကောင်းယွမ်ယွမ် သည် တာအိုရုပ်သေး ကို အလွန် ထူးဆန်းသော အကြည့်ဖြင့် ကြည့်သွားခဲ့လေ၏။

အမှန်တကယ်တော့၊ သူမသည် သူမ၏ ရုပ်ရည်သွင်ပြင်နှင့် ဆွဲဆောင်မှုအပေါ် အလွန် ယုံကြည်မှု ရှိသူ ဖြစ်သည်။ ထို့အပြင် သူမကိုယ်သူမလည်း ပေးဆပ်ရန် အသင့်ရှိကာ လိုလိုလားလားပင် ရှိနေခဲ့သည် မဟုတ်ပါလော။ သို့ဆိုလျှင် သူက အဘယ်ကြောင့် သူမကို အနားယူရန် အလုပ်အကျွေး ပြုခွင့် မပေးခဲ့ရသနည်း။

"အချိန် မတန်သေးဘူးလေကွာ... မင်းကိုယ်မင်း အရင်ဆုံး ဂရုစိုက်ပြီး ကျင့်ကြံထားပါဦး... မဟုတ်ရင် ငါ့အရှိန်ကို မင်းခံနိုင်မှာ မဟုတ်ဘူး..."

သူမ အပြင်သို့ လှမ်းထွက်သွားခါနီးတွင် တာအိုရုပ်သေး ၏ အသံက သူမ၏ စိတ်အာရုံထဲ၌ ပဲ့တင်ထပ်သွား၏။ ထိုစကားကြောင့် ကောင်းယွမ်ယွမ် တစ်ယောက် ပြန်လည် စိတ်လှုပ်ရှားသွားပြီး၊ သူမ၏ ခန္ဓာကိုယ်လေးသည်လည်း ခွန်အားများဖြင့် ပြည့်လျှံသွားတော့သည်။

တာအိုရုပ်သေး သည် သူမ၏ အကြည့်ကို အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားမိသဖြင့် မဲ့ပြုံးတစ်ချက် ပြုံးလိုက်၏။

'ဒီကောင်မလေးက ငါ့ရဲ့ ယောက်ျားပီသမှုကို သံသယ ဝင်နေတာလား... ဒါမှမဟုတ် ငါ့ခန္ဓာကိုယ်ကြီးက မစွမ်းဆောင်နိုင်တော့ဘူးလို့ ထင်နေတာလား...'

သူမသည် သူ့ကို အရယူနိုင်ရန်အတွက် တစ်ကိုယ်လုံး ယားယံနေသည်မှာ အသေအချာပင်။

'ကောင်းယွမ်ယွမ်... ဒီမိန်းမရဲ့ ပါရမီက မဆိုးပါဘူး... သေချာလေးသာ ပြုစုပျိုးထောင်ပေးမယ် ဆိုရင်... ရွှေအမြုတေ အဆင့် ကို အဆင့် ချိုးဖြတ်နိုင်မယ့် အခွင့်အရေး အများကြီး ရှိတယ်... နောင်တစ်ချိန်ကျရင် ရွှေအမြုတေ အဆင့် (၉) အထိ ရောက်ဖို့ဆိုတာလည်း မဖြစ်နိုင်တဲ့ ကိစ္စမှ မဟုတ်တာ…’

wunzinnosp

အခန်း (၄၃၈) - ဖီးနစ် တောင်ကြား၊ အင်အားသုံး၍ ဖိနှိပ်ခြင်း (အပိုင်း - ၄)

~'ဒီမိန်းမက အကျင့်စရိုက်လည်း ရှိတယ်၊ အရည်အချင်းလည်း ရှိတယ်၊ ပါရမီလည်း မဆိုးဘူး။ အရေးအကြီးဆုံးက ခိုင်းရတာ လွယ်တယ်။ စကား နားထောင်တယ်။ ဒီတော့ မြေတောင်မြှောက်ပေးဖို့ တန်သေးတာပေါ့။'

'ဒီလို မိန်းမမျိုးက အနည်းဆုံးတော့ သာမန် အသုံးချခံ ပစ္စည်းသက်သက်လောက်တော့ မကဘူးပေါ့လေ။ အသုံးတည့်ဦးမှာပဲ။'

ထို့နောက်တွင်မူ တာအိုရုပ်သေးသည် ကုန်းယွဲ့ ကုန်သွယ်ရေး အသင်း၏ လက်ရှိ အခြေအနေကို စတင်၍ သုံးသပ်ခန်း ဝင်တော့သည်။

လက်ရှိတွင် ကုန်းယွဲ့ ကုန်သွယ်ရေး အသင်းသည် ဝိညာဉ်ဆန်၊ သတ္တုရိုင်းများ၊ ဝိညာဉ်ဆေးပင်များ စသည့် အမျိုးမျိုးသော ကုန်ကြမ်းပစ္စည်းများကို အဓိကထား၍ ထောက်ပံ့ရောင်းချနေခြင်း ဖြစ်၏။ ဤပစ္စည်းများသည် ပင်လယ်ပြင် နယ်မြေများအတွင်းရှိ အင်အားစုများအကြားတွင် အလွန် ရှားပါးသော အရင်းအမြစ်များ ဖြစ်သည်။ ပိုးစာပင် နယ်မြေမှ ၎င်းတို့ကို ဝယ်ယူခြင်းဖြင့် ကြီးမားလှသော အမြတ်အစွန်းကို ရရှိနိုင်ပေ၏။ ဒါက ပင်လယ်ပြင် နယ်မြေရှိ အင်အားစု အသီးသီးနှင့် ပိုးစာပင် နယ်မြေရှိ ကုန်သွယ်ရေး အသင်းများအကြား အဓိကထား လုပ်ဆောင်နေကြသော အရောင်းအဝယ် ကိစ္စကြီး တစ်ရပ်ပင် ဖြစ်သည်။

'ဒီပစ္စည်းတွေက ပင်လယ်ပြင်မှာဆို ရွှေလို ရှားတာ။ ပိုးစာပင် နယ်မြေကနေ သယ်ပြီး ရောင်းရင် အမြတ်က အဆမတန်ပဲ။ ပင်လယ်ပြင်က လူတွေ နဲ့ ဒီက ကုန်သည်တွေ အဓိက လုပ်စားနေတာ ဒါပဲလေ။'

'ဒါပေမယ့် အခု ကုန်းယွဲ့ ကုန်သွယ်ရေး အသင်း အခြေအနေက ကြွက်စုတ်လေးလိုပဲ။ သေးသေးမွှားမွှားလေးလေ။ ဒီလို အလုပ်ကြီးအကိုင်ကြီးတွေ လုပ်ဖို့ အရည်အချင်းမှ မရှိသေးတာ။'

သို့သော်လည်း ယုံမှားသံသယဖြစ်ဖွယ် မရှိသည်မှာ ကုန်းယွဲ့ ကုန်သွယ်ရေး အသင်းသည် လက်ရှိတွင် သေးငယ်ပြီး အရေးမပါသော အဖွဲ့လေးတစ်ခုသာ ဖြစ်နေခြင်းပင်။ ထိုကဲ့သို့ ကြီးကျယ်သော အရောင်းအဝယ် ကိစ္စမျိုးကို ဝင်ရောက်လုပ်ကိုင်ရန် အရည်အချင်း မပြည့်မီသေးသည်မှာ အလွန် ရှင်းလင်းလှသည်။ ထို့ကြောင့် လက်ရှိ ကုန်းယွဲ့ ကုန်သွယ်ရေး အသင်း၏ အဓိက အရောင်းအဝယ် လုပ်ငန်းများမှာ ပိုးစာပင် အင်မော်တယ် မြို့တော်အတွင်းရှိ ပိုမိုကြီးမားသော ကုန်သွယ်ရေး အသင်းကြီးများနှင့်သာ ဖြစ်ပြီး၊ ထိုအသင်းကြီးများက ကုန်းယွဲ့ ကုန်သွယ်ရေး အသင်းထံမှ ကုန်ပစ္စည်းများကို ပြန်လည် ဝယ်ယူကြခြင်း ဖြစ်၏။ ဤအရောင်းအဝယ်များမှ ရရှိသော အမြတ်အစွန်းမှာ အလွန်တရာ နည်းပါးလှ၏။ ဝမ်းစာရှာရန်ပင် အနိုင်နိုင် ဖြစ်နေရသည်။

'အခုတော့ သူတို့လုပ်နေရတာက ပိုးစာပင် အင်မော်တယ် မြို့တော်ထဲက တခြား အသင်းကြီးတွေကို ပစ္စည်းပြန်သွင်းနေရတဲ့ အဆင့်ပဲ ရှိသေးတယ်။ အမြတ်ကတော့ မပြောနဲ့... သွားကြားထိုးစရာတောင် မကျန်ဘူး။ တစ်နေ့စာ တစ်နေ့ လောက်ရုံလေးပဲ ရှိတာ။'

ခေတ္တမျှ စဉ်းစားခန်း ဝင်ပြီးနောက်၊ တာအိုရုပ်သေးသည် မြေအောက်ခန်းဆီသို့ ပြန်သွားကာ အခင်းအကျင်း ၀င်္ကပါ အမျိုးမျိုးကို သက်ဝင်လှုပ်ရှားစေလိုက်၏။ ထို့နောက် ကောင်းယွမ်ယွမ် ပြင်ဆင်ပေးထားသော အဆောင်လက်ဖွဲ့ ရေးဆွဲရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် စုတ်တံများကို ထုတ်ယူလိုက်သည်။

'အဆောင်လက်ဖွဲ့ အရင် ဆွဲကြည့်ရမယ်။ တကယ်လို့များ အဆင်ပြေသွားရင်တော့ နောင်ကျ ကုန်းယွဲ့ ကုန်သွယ်ရေး အသင်းကို ပိုးစာပင် အင်မော်တယ် မြို့တော်ကနေ ကုန်ကြမ်းတွေပဲ ဝယ်ခိုင်းတော့မယ်။ ပြီးရင် အဆောင်လက်ဖွဲ့ ပညာရှင်တွေကို အများကြီး ခေါ်ခိုင်းပြီး အဆောင်ရောင်းတဲ့ လုပ်ငန်းဘက်ကို လုံးဝ ပြောင်းပစ်လိုက်မယ်။'

'ပင်လယ်ပြင် နယ်မြေတွေက အမြဲတမ်း ပြဿနာ တက်နေတာလေ။ ပင်လယ်မိစ္ဆာ သားရဲတွေ၊ ပင်လယ် မျိုးနွယ်စုတွေက ကျွန်းပေါ်က အင်အားစုတွေကို ခဏခဏ လာတိုက်နေကြတာ။ ဆိုတော့ သူတို့ဆီမှာ အဆောင်လက်ဖွဲ့က သောက်ရမ်း အလိုရှိနေမှာ သေချာတယ်။'

'ဒီ အဆောင်လက်ဖွဲ့ လုပ်ငန်းက တကယ် စဉ်းစားစရာပဲ။ စီးပွားဖြစ်မယ့် ကိန်းရှိတယ်။ ပြဿနာ တစ်ခုပဲ ရှိတယ်။ အဆောင်လက်ဖွဲ့ ပညာရှင်တွေကို လိုက်ရှာဖို့က ထင်သလောက် မလွယ်ဘူး။ ဒီလူတွေ က ရှားရှားပါးပါးလေးတွေလေ။'

ခေတ္တမျှ တွေးတောပြီးနောက်တွင်တော့ တာအိုရုပ်သေးသည် စိတ်ကို စုစည်းကာ သူ၏ ကျင့်စဉ်ကို လည်ပတ်စေလိုက်ပြီး စိတ်အာရုံကို ငြိမ်းချမ်းတည်ငြိမ်သွားစေရန် ပြုလုပ်လိုက်၏။ သူသည် လက်ထဲတွင် ပထမအဆင့် အဆင့်မြင့် စုတ်တံ တစ်ချောင်းကို ကိုင်ဆောင်ထားသည်။ ထို့အပြင် ပထမအဆင့် အဆင့်နိမ့် အဆောင်စက္ကူ နှင့် အဆောင်မှင် အပါအဝင် အခြားသော လိုအပ်သည့် ပစ္စည်းများကိုပါ ပြင်ဆင်ထား၏။ စိတ်အာရုံကို ခေတ္တမျှ တည်ငြိမ်အောင် ထားပြီးနောက်၊ တာအိုရုပ်သေးသည် စတင်၍ ရေးဆွဲတော့သည်။

အချိန် ခဏလေးအတွင်းမှာပင်၊ ပထမအဆင့် အဆင့်နိမ့် အမြန်နှုန်း မြှင့်တင်ရေး အဆောင်လက်ဖွဲ့ တစ်ခုသည် တာအိုရုပ်သေး၏ လက်အောက်တွင် ပီပြင်စွာ ထွက်ပေါ်လာခဲ့၏။ တာအိုရုပ်သေးသည် စုတ်တံကို ချထားလိုက်ပြီးနောက် ထို အမြန်နှုန်း မြှင့်တင်ရေး အဆောင်လက်ဖွဲ့ကို ကောက်ယူကာ သက်ဝင်လှုပ်ရှားစေလိုက်၏။

"ဝုန်း..."

လေစွမ်းအင် အငွေ့အသက် ခပ်ဖျော့ဖျော့ တစ်ခုသည် သူ၏ အပေါ်သို့ လွှမ်းခြုံကျရောက်လာသည်။ တာအိုရုပ်သေး၏ လက်ရှိ စွမ်းအားဖြင့် ရေးဆွဲထားသော ပထမအဆင့် အဆင့်နိမ့် အမြန်နှုန်း မြှင့်တင်ရေး အဆောင်လက်ဖွဲ့သည် သာမန် အဆောင်လက်ဖွဲ့ ပညာရှင် တစ်ဦး ရေးဆွဲသည့် ပထမအဆင့် အလယ်အလတ်တန်းစား အဆောင်လက်ဖွဲ့နှင့်ပင် အစွမ်းချင်း ညီမျှနေသည်။ တာအိုရုပ်သေး၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့၏။

"အောင်မြင်သွားပြီပဲ။"

'ဟ... တကယ်ကြီး ဆွဲလို့ ရနေတာပါလား။ အမိုက်စားပဲ။ ဒီပုံတိုင်းဆို ဆေးဖော်တာတို့၊ ရုပ်သေး ဖန်တီးတာတို့လည်း ပြဿနာ မရှိနိုင်ဘူး။ အခင်းအကျင်း ၀င်္ကပါ တွေ တည်ဆောက်တာလည်း ရလောက်တယ်။ ငါက တော်တော် စွမ်းနေတာပဲ။'

'ဒီလိုဆိုတော့လည်း ဒီရုပ်သေးကိုယ်ကြီးနဲ့ ပိုးစာပင် နယ်မြေ ထဲမှာ လုပ်စားစရာ လမ်းကြောင်းတွေ အများကြီး ပွင့်သွားပြီပေါ့။'

ဤသို့ဖြင့်၊ ဤတာအိုရုပ်သေးအတွက် ပိုးစာပင် နယ်မြေတွင် အခွင့်အရေးများစွာ ရှိနေတော့မည် ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ၊ ပိုးစာပင် နယ်မြေသည် ကျင့်ကြံခြင်း အရင်းအမြစ်များ ပေါများကြွယ်ဝသော နေရာတစ်ခု ဖြစ်၏။ သူ၏ လက်ထဲတွင်လည်း တတိယအဆင့် ဝိညာဉ်ကျောက်စိမ်း အပုံလိုက်ကြီး ကျန်ရှိနေသေးသည်။ အများစုမှာ အဆင့်နိမ့်များ ဖြစ်ကြပြီး၊ အလယ်အလတ်တန်းစား အနည်းငယ်နှင့် အဆင့်မြင့် အနည်းငယ်မျှသာ ပါဝင်သော်ငြားလည်း ထိုအရာများသည် တန်ဖိုးကြီးမားလှသည်။

သို့သော် အလွန်တရာ ရှားပါးလှသော တတိယအဆင့် အဆင့်မြင့် ဝိညာဉ်ကျောက်စိမ်းကိုပင် အဆောင်လက်ဖွဲ့ ပစ္စည်း ထောင်ပေါင်းများစွာ ပြုလုပ်ရန်အတွက် အနည်းဆုံး အသုံးပြုနိုင်ပေသေးသည်။ ဤပစ္စည်းကိရိယာများဖြင့်၊ သူသည် တတိယအဆင့် အဆောင်လက်ဖွဲ့ အမွေအနှစ်ထဲမှ အဆောင်တစ်ခုချင်းစီ၏ ကျွမ်းကျင်မှု အဆင့်ကို အတော်အတန် မြင့်မားသော အခြေအနေအထိ ရောက်ရှိအောင် သွေးတိုးစမ်း လေ့ကျင့်နိုင်မည် ဖြစ်၏။

ထို့နောက်တွင်မူ ပိုးစာပင် နယ်မြေ၏ ကုန်ကြမ်း အရင်းအမြစ်များကို အမှီသဟဲ ပြု၍ သူ၏ တတိယအဆင့် ဆေးပညာ၊ အဆောင်လက်ဖွဲ့ ပညာ၊ ရုပ်သေး ပညာ နှင့် အခင်းအကျင်း ပညာရပ်များ၏ ကျွမ်းကျင်မှုများသည် စိတ်ကူးဖြင့်ပင် မှန်းဆ၍ မရနိုင်လောက်သော အမြန်နှုန်းဖြင့် ပြီးပြည့်စုံသည့် အခြေအနေသို့ တိုးတက်လာမည်မှာ အသေအချာပင် ဖြစ်တော့သည်။

'ပိုးစာပင် နယ်မြေ က ပစ္စည်းတွေနဲ့သာဆိုရင်တော့ ငါ့ရဲ့ တတိယအဆင့် ပညာရပ်တွေ အကုန်လုံးက ဒုံးပျံစီးသလို တက်လာတော့မှာပဲ။ တွေးကြည့်ရုံနဲ့တင် သွားရည်ကျစရာ ကောင်းနေပြီ။'

တစ်ညတာ အချိန်အတွင်းမှာပင်၊ တာအိုရုပ်သေးသည် အဆောင်လက်ဖွဲ့များ ရေးဆွဲနိုင်ခြေ ရှိမရှိကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့၏။ သူသည် မူလ ခန္ဓာကိုယ်အစစ် မဟုတ်ဘဲ ရုပ်သေးကိုယ်ထည်သာ ဖြစ်နေသောကြောင့် တတိယအဆင့် အလယ်အလတ်တန်းစား အဆောင်လက်ဖွဲ့များ ရေးဆွဲရာတွင် တည်ငြိမ်မှု အပိုင်း၌ အနည်းငယ် အားနည်းချက် ရှိနေခဲ့သည်။

'ဒါပေမယ့် တတိယအဆင့် အလယ်အလတ်ပိုင်း အဆောင်တွေ ဆွဲတဲ့နေရာမှာတော့ နည်းနည်း ကတုန်ကယင် ဖြစ်နေတယ်။ ငါ့ကိုယ်က ရုပ်သေးကိုယ်ကြီး ဖြစ်နေတာကိုး။ ကိုယ်အစစ်မှ မဟုတ်တာ။ တည်ငြိမ်မှုက သိပ်မရှိဘူး ဖြစ်နေတယ်။'

'ထားပါ... နည်းနည်း ထပ်လေ့ကျင့်လိုက်ရင်တော့ အဆင့်နိမ့်နဲ့ အလယ်အလတ်တန်းစားတွေလောက်ကတော့ ဘာပြဿနာမှ မရှိဘဲ အေးဆေး ဆွဲလို့ ရသွားမှာပါ။'

သို့သော်ငြားလည်း အနည်းငယ် ထပ်မံ လေ့ကျင့်လိုက်မည် ဆိုပါက တတိယအဆင့် အဆင့်နိမ့်နှင့် အလယ်အလတ်တန်းစား အဆောင်လက်ဖွဲ့များကို ပြဿနာမရှိဘဲ လွယ်ကူချောမွေ့စွာ ရေးဆွဲနိုင်မည်ဟု သူ ခံစားမိ၏။ သို့ဖြစ်ပေရာ ကုန်းယွဲ့ ကုန်သွယ်ရေး အသင်းအား အဆောင်လက်ဖွဲ့ အရောင်းအဝယ် ပြုလုပ်သည့် စီးပွားရေး လုပ်ငန်းတစ်ခု အဖြစ်သို့ အသွင်ပြောင်းလဲမည့် အစီအစဉ်ကို စတင် အကောင်အထည် ဖော်နိုင်ပြီ ဖြစ်သည်။

'ကဲ... ကုန်းယွဲ့ ကုန်သွယ်ရေး အသင်းကို အဆောင်လက်ဖွဲ့ ပွဲရုံ လုပ်ပစ်မယ့် အစီအစဉ် စလို့ ရပြီဟေ့။'

ချက်ချင်းပင် တာအိုရုပ်သေးသည် ကောင်းယွမ်ယွမ်ကို အခေါ်လွှတ်လိုက်ပြီး၊ အဆောင်လက်ဖွဲ့ ပညာရှင် အမြောက်အမြားကို သွားရောက် ရှာဖွေ စုဆောင်းရန် အမိန့်ပေးလိုက်တော့သည်။ ကောင်းယွမ်ယွမ် တစ်ယောက် မယုံနိုင်လောက်အောင်ပင် အံ့ဩတုန်လှုပ်သွားကာ၊ သူမ၏ ပါးစပ်လေးကို အုပ်ထားရင်း အာမေဍိတ်သံဖြင့် မေးလိုက်၏။

"စီနီယာရှင်... စီနီယာက အဆောင်လက်ဖွဲ့ ပညာရှင် တစ်ယောက်လည်း ဟုတ်နေတာလားဟင်။"

တာအိုရုပ်သေးသည် ခေါင်းကို အသာအယာ ညိတ်ပြလိုက်ပြီးနောက် ပြန်ပြောလိုက်၏။

"အေး... ဟုတ်တယ်။ ဒါကြောင့် မင်းကို အဆောင်လက်ဖွဲ့ ပညာရှင်တွေ သွားရှာခိုင်းပြီး ကုန်သွယ်ရေး အသင်းကို အသွင်ပြောင်းခိုင်းတာပေါ့။"

ကောင်းယွမ်ယွမ်သည် သူ့အား အလွန်တရာ ဝမ်းသာရွှင်မြူးနေသော အမူအရာဖြင့် ကြည့်ကာ တီးတိုး လေသံလေးဖြင့် ပြောလာ၏။

"ဒါဆိုရင် စီနီယာရှင်... ကျွန်မ စီနီယာ့ဆီကနေ အဆောင်လက်ဖွဲ့ ပညာကို သင်ယူလို့ ရမလားဟင်။ ကျွန်မ အရင်ကလည်း နည်းနည်းပါးပါး လေ့ကျင့်ဖူးပါတယ်။ ဒါပေမယ့် အပြင်လောကမှာက အဆောင်လက်ဖွဲ့ ပညာရှင်တွေ အရမ်း ရှားပါးလွန်းလို့လေ... အဆောင်လက်ဖွဲ့ အမွေအနှစ် တွေဆိုရင် ပိုပြီးတော့တောင် တန်ဖိုးကြီးပါသေးတယ်ရှင်။ စီနီယာရှင်... ကျွန်မကို သင်ပေးပါနော်။ စီနီယာ ခိုင်းတာ မှန်သမျှ ကျွန်မ အကုန် လုပ်ပါ့မယ်ရှင်။"

'ဒီကောင်မလေးကတော့ တကယ်ပဲ အခွင့်အရေးဆိုတာနဲ့ လွတ်ကို မခံဘူး။ တကယ် ကြောက်စရာ ကောင်းတဲ့ မိန်းမ။ အခွင့်အရေး မြင်တာနဲ့ ဖားဖို့ကို အသင့်ပဲ။ ဘယ်နေရာကနေ ဖောက်ထွက်ရမလဲ ဆိုတာကို အမြဲတမ်း တွေးနေတာပဲ။ နေရာရဖို့ဆိုရင် ဘာမဆို လုပ်မယ့်ပုံစံမျိုး။ သောက်ကျင့်ကို မကောင်းဘူး။'

တာအိုရုပ်သေးသည် မည်သို့မျှ ပြန်လည် တုံ့ပြန်ခြင်း မပြုဘဲ ငြိမ်သက်နေလိုက်၏။

"..."

သူသည် သူမအား မကျေမနပ်ဖြစ်ဟန်ဖြင့် စိမ်းစိမ်းကြည့်လိုက်ပြီးနောက် ပြတ်သားကြမ်းတမ်းစွာ ကြိမ်းမောင်းလိုက်၏။

"မင်းကို ခိုင်းထားတာကို အရင်လုပ်စမ်းပါ။ အဲဒါကိုသာ သေချာ မလုပ်နိုင်ရင်... မင်း အရေခွံ ဆုတ်ခံရမယ်သာ မှတ်ထားလိုက်။"

'အခုမှ ခြေတစ်လှမ်းပဲ ရှိသေးတယ်။ ခေါင်းပေါ် လာတက်ချင်နေပြီ။ ပြတ်ပြတ်သားသား ကိုင်ထားမှ။'

ကောင်းယွမ်ယွမ်၏ ခန္ဓာကိုယ်လေးမှာ တဆတ်ဆတ် တုန်ရီသွားကာ မျက်နှာလေးမှာလည်း အနည်းငယ် ဖြူရော်သွား၏။ သူမသည် ကျိုးနွံစွာ ခေါင်းငုံ့လိုက်ပြီး တောင်းပန်စကား ဆိုလာ၏။

"စီနီယာရှင်... စိတ်အေးအေး ထားပါနော်။ ကျွန်မ... ကျွန်မ စီနီယာ့ အမိန့်အတိုင်း အကုန် လုပ်ပါ့မယ်ရှင်။"

'ဒီမိန်းမကို အခုလိုမျိုး တင်းတင်းကျပ်ကျပ် ကိုင်ထားမှ ရမှာ။ နည်းနည်းလေး အလိုလိုက်မိတာနဲ့ အမြီးထောင်ပြီး ရိုင်းစိုင်းလာမယ့် အမျိုး။ သေချာကို နှိမ်ထားရမယ်။'

ဤမိန်းမကို သေချာစွာ ထိန်းချုပ်ထားမှသာလျှင် သူ၏ လက်အောက်တွင် အခိုင်အမာ ခိုင်းစေနိုင်မည် ဖြစ်သည်။

နောက်ရက်များတွင်မူ ကောင်းယွမ်ယွမ်၏ အပြင်းအထန် ကြိုးပမ်းရှာဖွေမှုများကြောင့်၊ သူမသည် ပိုးစာပင် အင်မော်တယ် မြို့တော် အတွင်းသို့ပင် သွားရောက်ကာ အဆောင်လက်ဖွဲ့ ပညာရှင်များကို လိုက်လံ ရှာခဲ့ရ၏။ နောက်ဆုံးတွင်တော့ ကုန်းယွဲ့ ကုန်သွယ်ရေး အသင်းအတွက် အဆောင်လက်ဖွဲ့ ပညာရှင် (၆) ဦးကို မနည်းမနော စုဆောင်းနိုင်ခဲ့သည်။ ၎င်းတို့အထဲတွင် ဒုတိယအဆင့် ပညာရှင် (၂) ဦး ပါဝင်ပြီး၊ ကျန်သူများမှာ ပထမအဆင့် အဆင့်မြင့် ပညာရှင်များ ဖြစ်ကြ၏။

ဤသို့ စုဆောင်းနိုင်ခဲ့ခြင်းမှာလည်း ကောင်းယွမ်ယွမ်က ထိုသူတို့အား ကုန်းယွဲ့ ကုန်သွယ်ရေး အသင်းသို့ ဝင်ရောက်ပြီးပါက တတိယအဆင့် အဆောင်လက်ဖွဲ့ ပညာရှင် တစ်ဦး ကိုယ်တိုင် သင်ကြားပြသပေးမည်ဟု ကတိပေးခဲ့သောကြောင့်သာ ဖြစ်၏။ ထိုကတိစကားကြောင့်သာ ထိုသူတို့သည် အသင်းသို့ ဝင်ရောက်ရန် ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။

ကုန်းယွဲ့ ကုန်သွယ်ရေး အသင်း၏ အဆောင်လက်ဖွဲ့ လုပ်ငန်းများ လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိသွားသောအခါ၊ တာအိုရုပ်သေးသည် ကောင်းယွမ်ယွမ်ကို ထပ်မံ၍ ဒုက္ခမပေးတော့ဘဲ၊ သူမကို သူ့ထံတွင် လာရောက်ကာ အဆောင်လက်ဖွဲ့ ရေးဆွဲခြင်း ပညာရပ်များ သင်ယူခွင့် ပြုလိုက်တော့သည်။

နေ့စဉ်နေ့တိုင်း အဆောင်လက်ဖွဲ့များ ရေးဆွဲနေရင်းဖြင့်၊ တာအိုရုပ်သေးသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ရုပ်သေးဝိညာဉ်၏ စွမ်းအားများကိုပါ တစ်ပါတည်း မြှင့်တင်နေခဲ့၏။ သူ၏ ရည်မှန်းချက်မှာ ရွှေအမြုတေ အဆင့် (၉) သို့ အမြန်ဆုံး ချိုးဖျက် ဝင်ရောက်နိုင်ရန်ပင် ဖြစ်တော့သည်။

...

ဖုန်းလော့ နယ်မြေ။

ဖီးနစ် အင်မော်တယ် တောင်ကြား။

ဖီးနစ် အင်မော်တယ် တောင်ကြား ဟူသည်မှာ နေရာဒေသ တစ်ခု၏ အမည်နာမ ဖြစ်သကဲ့သို့၊ ဖုန်းလော့ နယ်မြေ အတွင်း၌ သွေးဖီးနစ် အင်မော်တယ် ဂိုဏ်း ပြီးလျှင် ဒုတိယ အင်အားအကြီးမားဆုံးသော အဖွဲ့အစည်းကြီး တစ်ခု၏ အမည်လည်း ဖြစ်သည်။

All Chapters