← Chapters

အခန်း (၄၃၉-၄၄၁)

Vol. 30 Ch. 439-441

အခန်း (၄၃၉-၄၄၁)

Vol. 30 Ch. 439-441

အခန်း (၄၃၉) - ဖီးနစ် တောင်ကြား၊ အင်အားသုံး၍ ဖိနှိပ်ခြင်း (အပိုင်း - ၅)

~လွန်ခဲ့သော နှစ်များစွာက ဖုန်းလင် တောင်ကြားသည် သွေးဖီးနစ် အင်မော်တယ် ဂိုဏ်း၏ အမိန့်ကို နာခံကာ တာ့ယွဲ့ နယ်မြေ၏ နယ်နိမိတ်ကို ကျော်လွန်၍ ပိုင်ယွဲ့ အင်မော်တယ် မြို့တော်အား ဝင်ရောက်စီးနင်းခဲ့ဖူး၏။ သူတို့၏ ရည်ရွယ်ချက်မှာ နတ်မိမယ် ဖုန်းလင်ကို ဖမ်းဆီးခေါ်ဆောင်

သွားရန်ပင် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် နတ်မိမယ် ဖုန်းလင် ထုတ်ဖော်ပြသခဲ့သော ကောင်းကင်ဖီးနစ် နန်းတော်၏ အမွေအနှစ်များက သွေးဖီးနစ် အင်မော်တယ် ဂိုဏ်း အပါအဝင် သူတို့အားလုံး၏ လောဘကို ပြင်းပြင်းထန်ထန် ဆွပေးလိုက်သောကြောင့် ဖြစ်၏။ ပို၍ တိတိကျကျ ဆိုရလျှင် သူတို့သည် ထိုအမွေအနှစ်ထဲမှ အဖိုးတန် မှော်လက်နက် တစ်ခုကို အလွန်အမင်း သွားရည်ကျနေခဲ့ကြခြင်းပင် ဖြစ်၏။

ယခုအချိန်တွင်တော့...

အဆုံးအစမထင် ရှည်လျားလှသော တောင်တန်းကြီးများ၏ အနက်ရှိုင်းဆုံး နေရာရှိ တောင်ကြားကြီး တစ်ခုအတွင်းမှနေ၍ အင်မတန် ကြောက်မက်ဖွယ်ကောင်းလှသော အင်မော်တယ် စွမ်းအင် အရှိန်အဝါ တစ်ခုသည် ပတ်ဝန်းကျင် တစ်ခွင်လုံးသို့ ပျံ့နှံ့ ဖုံးလွှမ်းနေခဲ့သည်။ ဤရှေးကျပြီး ခေတ်ကာလများစွာကို ဖြတ်သန်းလာခဲ့ဟန်တူသော စွမ်းအင်ကြီးကို မိုင်ရာချီဝေးကွာသော နေရာမှ သက်ရှိမှန်သမျှ အထင်းသား ခံစားသိရှိနေကြရ၏။

ထိုအရှိန်အဝါကြီးသည် ဖုန်းလင် တောင်ကြားရှိ ကျင့်ကြံသူတိုင်း၏ ရင်ဘတ်ပေါ်သို့ ဧရာမ အင်မော်တယ် တောင်ကတုံးကြီး တစ်လုံး ဖိချထားသကဲ့သို့ လေးလံ မွန်းကျပ်နေစေခဲ့၏။ သူတို့၏ စိတ်အာရုံထဲတွင် တုန်လှုပ်ခြင်း၊ ကြောက်ရွံ့ခြင်းနှင့် စိုးရိမ်ပူပန်ခြင်းများသာ ပြည့်နှက်နေတော့သည်။

ဖုန်းလင် တောင်ကြား၏ အလယ်ဗဟို၊ မူလ တောင်ကြားဂိတ်တံခါးများ၏ အပြင်ဘက် တောင်ထွတ်အချို့တွင်တော့ အင်အားစု အသီးသီးက နေရာယူကာ ယာယီ စခန်းချနေကြ၏။

တောင်ကြားဂိတ်တံခါးနှင့် (၁၀) မိုင်ခန့် အကွာမှစ၍ တောင်ကြား တစ်ခုလုံး၏ အသွင်သဏ္ဌာန်သည် လုံးဝ ပြောင်းလဲသွားခဲ့တော့၏။ ထူထပ် ပိတ်မွန်းနေသော သွေးအငွေ့အသက်များက လေထုထဲတွင် အလွှာလိုက် အထပ်လိုက် ဖုံးလွှမ်းနေပြီး၊ အပင်များနှင့် သစ်ပင်များ အားလုံးမှာလည်း အသက်စွမ်းအင်များ စုပ်ယူခံလိုက်ရသည့်အလား ညှိုးရော် ခြောက်သွေ့နေကြ၏။

ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ စခန်းချရာ တောင်ထွတ်ပေါ်တွင်တော့ ချီမြစ် ဂိုဏ်းခွဲ ခေါင်းဆောင် သည် လေးနက်တည်ငြိမ်သော မျက်ဝန်းများဖြင့် အပျက်အစီး နယ်မြေကြီးကို စိုက်ကြည့်နေ၏။ အပျက်အစီး နယ်မြေ အပြင်ဘက်ရှိ အတားအဆီးကို ချိုးဖျက်ရန် (၁) နှစ်ကျော်တိုင်တိုင် ကြိုးစားခဲ့ကြသော်လည်း သူတို့သည် နယ်မြေထဲသို့ အမှန်တကယ် ခြေချနိုင်ခြင်း မရှိခဲ့ကြပေ။

အကြောင်းမူကား အပျက်အစီး နယ်မြေထဲတွင် ပြည့်နှက်နေသော သွေးအငွေ့အသက်များသည် ထိုနေရာသို့ ဝင်ရောက်လာသူ မှန်သမျှ၏ သက်တမ်းကို စုပ်ယူနိုင်စွမ်း ရှိသောကြောင့်ပင်။ မူလဝိညာဉ် အဆင့် အရှင်သခင်ကြီးများပင်လျှင် ထိုဘေးမှ ကင်းလွတ်နိုင်ခြင်း မရှိပေ။ နောက်ဆုံးတွင်တော့ အားလုံးသည် အရှက်တကွဲဖြင့် နောက်ဆုတ်ခဲ့ကြရပြီး အခွင့်ကောင်းကိုသာ စောင့်ဆိုင်းနေခဲ့ကြရ၏။

“ဝှစ်…”

မကြာမီမှာပင် ချီမြစ် ဂိုဏ်းခွဲ ခေါင်းဆောင် ၏ နောက်ကျောဘက်၌ လူရိပ်တစ်ခု ပေါ်လာ၏။ ထိုသူမှာ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ထံသို့ သစ္စာဖောက်ကာ ဘက်ပြောင်းခိုလှုံခဲ့ပြီး သူတို့၏ နယ်ရုပ်လေး တစ်ရုပ် ဖြစ်လာခဲ့သော ကုန်းစွန်းယီ ပင် ဖြစ်၏။

ကုန်းစွန်းယီ သည် ချီမြစ် ဂိုဏ်းခွဲ ခေါင်းဆောင် အနီးသို့ ချဉ်းကပ်လာပြီး အရိုအသေပေးလိုက်၏။

"ခေါင်းဆောင်ကြီး... ကျွန်တော် ရောက်ပါပြီခင်ဗျာ။"

ချီမြစ် ဂိုဏ်းခွဲ ခေါင်းဆောင် က သူ့ဘက်သို့ လှည့်ကြည့်လိုက်ပြီး အထက်စီးဆန်သော အေးစက်စက် လေသံဖြင့် မေးလိုက်၏။

"အခြေအနေ ဘယ်လိုလဲ ပြောစမ်း။"

ကုန်းစွန်းယီ က ခေါင်းခါယမ်းလိုက်၏။

"အဆင်မပြေသေးဘူး ခေါင်းဆောင်ကြီး။ အပျက်အစီး နယ်မြေထဲက အခင်းအကျင်းက ကောင်းကင်ဖီးနစ် သွေးပူဇော်ခြင်း မဟာ၀င်္ကပါ လို့ သိရပါတယ်ခင်ဗျာ။ သူ့ရဲ့ မူလ အပြည့်အဝ စွမ်းအားက မူလဝိညာဉ် အဆင့် အရှင်သခင်ကြီးတွေတောင် သန့်စင်နိုင်တဲ့ စတုတ္ထအဆင့် အဆင့်မြင့် မြေကမ္ဘာ သွေးကြော အခင်းအကျင်း တစ်ခု ဖြစ်လောက်တယ်။ အခု အဲဒီ ၀င်္ကပါကြီးက ပျက်စီးနေပြီ ဆိုပေမဲ့၊ သူ့ရဲ့ စွမ်းအားက စတုတ္ထအဆင့် အဆင့်နိမ့် မြေဆရာ အခင်းအကျင်း တစ်ခုထက် လုံးဝ မနိမ့်ကျဘူးခင်ဗျ။ ကျွန်တော်တို့ဆီက တတိယအဆင့် မြေဆရာ တွေနဲ့ အခင်းအကျင်း ပညာရှင် လေးတွေလောက်နဲ့တော့ ဒီ သွေးပူဇော်ခြင်း မဟာ၀င်္ကပါ ကြီးကို အချိန်တိုအတွင်း ချိုးဖျက်ဖို့ဆိုတာ ခဲယဉ်းလွန်းလှပါတယ် ခေါင်းဆောင်ကြီး။"

ထိုစကားကို ကြားသောအခါ ချီမြစ် ဂိုဏ်းခွဲ ခေါင်းဆောင် သည် သက်ပြင်းတစ်ချက် ခပ်ဖွဖွ ချလိုက်ပြီး သူ၏ နားထင်ကို လက်ဖြင့် ဖိနှိပ်လိုက်၏။

'သောက်ကျိုးနည်း ပြဿနာတွေကွာ... တကယ်ပါပဲ။ ငါ့များ ဘာမဲပေါက်ထားလို့ ဒီလို အကျိုးအမြတ်မရှိ၊ သောက်ရမ်း ပင်ပန်းတဲ့ အလုပ်ကြီးက ငါ့ခေါင်းပေါ် လာကျရတာလဲ။ ကျန်တဲ့ လူတွေ ကျတော့ လစ်ကုန်ပြီ။ အပျက်အစီး နယ်မြေထဲက အခင်းအကျင်းကြီးကို မြင်တာနဲ့တင် ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ရဲ့ ဥက္ကဋ္ဌကြီးရယ်၊ တခြား ဂိုဏ်းခွဲ (၁၇) ခုက ခေါင်းဆောင်တွေရယ်က ဖင်လန်အောင် ပြေးကုန်ကြတာ။ ငါ့ကျတော့မှ ဂိုဏ်းခွဲရဲ့ ရတနာတိုက်ကြီး အလစ်သုတ်ခံရ၊ အခြေခံအုတ်မြစ်တွေ ပျက်စီးပြီး သူများမျက်နှာ ကြည့်နေရတဲ့ ဘဝရောက်နေလို့သာ၊ အခုလို နေရာမှာ အစောင့်ကျန်ရစ်ခဲ့ပြီး ဒီ သောက်ကျိုးနည်း အခင်းအကျင်းကြီးကို ဖျက်ဖို့ တာဝန်ယူနေရတာ။ ငြင်းလို့မှ မရတာကိုး... တောက်... သောက်ရမ်းကို အချိုးမပြေတဲ့ ဘဝကြီးကွာ။'

ချီမြစ် ဂိုဏ်းခွဲ ခေါင်းဆောင် က လက်ကို ဝှေ့ယမ်းကာ စကားလမ်းကြောင်း လွှဲလိုက်၏။

"ထားလိုက်တော့။ ဒါနဲ့ ကင်းထောက်ဖို့ လွှတ်လိုက်တဲ့ လူတွေ ဆီက ဘာသတင်းရလဲ။"

ကုန်းစွန်းယီ က အစီရင်ခံ၏။

"အခြေအနေ မကောင်းလှဘူး ခေါင်းဆောင်ကြီး။ ကောင်းကင်ဖီးနစ် သွေးပူဇော်ခြင်း မဟာ၀င်္ကပါ အပြင် တခြား ပျက်စီးနေတဲ့ အခင်းအကျင်း အသေးလေးတွေနဲ့ ကျန်ရစ်နေတဲ့ တားမြစ်ချက်တွေ အများကြီး ရှိနေသေးတယ်။ ဒီနေ့ ဝင်သွားတဲ့ တစ်ကိုယ်တော် ကျင့်ကြံသူ (၁၀) ယောက်မှာ (၉) ယောက်က အဲဒီ အခင်းအကျင်း အကြွင်းအကျန်တွေကြားမှာတင် အသေသတ်ခံလိုက်ရတယ်။ အသက်ရှင်ကျန်ရစ်တဲ့ တစ်ယောက်က ဝင်သွားတုန်းက အသက် (၇၀) အရွယ်ပဲ ရှိသေးတာ၊ ပြန်ထွက်လာတော့ သက်တမ်း ကုန်ခါနီး အဘိုးကြီး ရုပ်ပေါက်နေပြီ ခင်ဗျ။"

"အထဲမှာ သူမြင်ခဲ့ရတာက သွေးတွေနဲ့ နီရဲနေတဲ့ တောင်ကြားတွေရယ်၊ နေရာအနှံ့ ပြန့်ကျဲနေတဲ့ အရိုးစုတွေရယ်ပဲတဲ့။ အနက်ရှိုင်းဆုံး နေရာမှာတော့ ဧရာမ အရိုးစုကြီး တစ်ခု ရှိနေတယ်လို့ ဆိုပါတယ်။ အခု ကျွန်တော်တို့ ခံစားနေရတဲ့ ဒီကြောက်စရာကောင်းတဲ့ အရှိန်အဝါကြီးက အဲဒီ ဧရာမ အရိုးစုကြီးဆီကနေ ထွက်ပေါ်နေတာ ဖြစ်ဖို့ များပါတယ် ခေါင်းဆောင်ကြီး။"

ချီမြစ် ဂိုဏ်းခွဲ ခေါင်းဆောင် ၏ မျက်မှောင်များ ထပ်မံ၍ စုကြုံ့သွားပြန်၏။

'လခွီးပဲ... ခဏလေး ဝင်သွားတာကို ချီစုစည်းခြင်း အဆင့် လူတွေ (၁၀) ယောက်မှာ (၉) ယောက်တောင် သေတယ်။ ကျန်တဲ့ တစ်ယောက်ကလည်း သေမလောက် ဖြစ်ပြီး ပြန်ထွက်လာတယ်။ တကယ် ကျက်သရေမရှိတဲ့ နေရာကြီးကွာ။ အထဲမှာ ဘာတွေရှိနေနေ ဂရုစိုက်စရာ မလိုပါဘူး။ ငါတို့မှ ဝင်လို့မရတာ။ အထဲက ရတနာတွေကို သွားယူဖို့ဆိုတာ အရင်ဆုံး ဒီ၀င်္ကပါ တစ်ခုချင်းစီကို ဖျက်၊ တားမြစ်ချက်တွေကို ရှင်းပစ်နိုင်မှ ရမှာလေ။ ပြောရတာသာ လွယ်တာ... လုပ်ရတာတော့ သွေးအန်မတတ်ပဲ။'

ကြိတ်၍ ညည်းညူရင်း သူက ကုန်းစွန်းယီ အား လှမ်းမေးလိုက်၏။

"ဖုန်းလော့ နယ်မြေ က လူတွေ နဲ့ ကိုးဝိညာဉ် မိစ္ဆာ နန်းတော် က လူတွေ ရော ဘာတွေ ထူးခြားမှု ရှိသေးလဲ။"

"ဘာမှကို မထူးခြားသေးတာပါ ခေါင်းဆောင်ကြီး။"

"အေး... ဒါဆိုလည်း သွားတော့။"

ချီမြစ် ဂိုဏ်းခွဲ ခေါင်းဆောင် က လက်ဝှေ့ယမ်းကာ နှင်လွှတ်လိုက်၏။ ကုန်းစွန်းယီ ထွက်ခွာသွားပြီးနောက်၊ သူသည် အပျက်အစီး နယ်မြေဆီသို့ လှမ်းကြည့်ရင်း ထပ်မံ၍ သက်ပြင်းချလိုက်ပြန်၏။

လက်ရှိတွင် သူတို့ အတင်းအကျပ် ဖိအားပေး၍ ဝင်ရောက်ခိုင်းခဲ့သော ကျင့်ကြံသူများမှလွဲ၍၊ မိမိသဘောဖြင့် ဝင်ရောက်သွားပြီး ပြန်မထွက်လာသူ အနည်းငယ်မျှသာ ရှိ၏။ တစ်ယောက်မှာ တာ့ယွဲ့ နယ်မြေ မှ ရုပ်ရည်ချောမောလှသော နတ်မိမယ် ဖုန်းလင် ဖြစ်၏။ ကျန်သူများမှာမူ ကိုးဝိညာဉ် မိစ္ဆာ နန်းတော် ၏ အစောင့်အကြပ်များ ပေါ့ဆနေခိုက် အတင်းအဓမ္မ ထိုးဖောက်ဝင်ရောက်သွားခဲ့သော ကိုးဝိညာဉ် မိစ္ဆာ တောင်တန်း မှ နာမည်ကျော် 'လျှို့ဝှက်ဆန်းကြယ် မိစ္ဆာဘုရင်' နှင့် အပေါင်းအပါ အနည်းငယ်တို့ပင် ဖြစ်သည်။

'ငါထင်တာတော့... အဲဒီလူတွေ အကုန်လုံး အရိုးဆွေးနေလောက်ပြီ။ ဒီလို ကောင်းကင်ဖီးနစ် သွေးပူဇော်ခြင်း မဟာ၀င်္ကပါ ကြီးထဲမှာ (၁) နှစ်ကျော်လောက် အသက်ရှင်နေနိုင်မယ့်ကောင် ဘယ်သူရှိမှာလဲ။ ပြာတောင် ကျန်မှာ မဟုတ်ဘူး။ ဒါပေမယ့်... ပြဿနာက အဲဒီ ၀င်္ကပါကြီးကို မဖျက်နိုင်ရင် ငါတို့လည်း ဝင်လို့မရဘူး ဖြစ်နေတာပဲ။ အခု တိုးတက်မှု အခြေအနေအရဆိုရင်... စတုတ္ထအဆင့် မြေဆရာ ဒါမှမဟုတ် စတုတ္ထအဆင့် အခင်းအကျင်း ပညာရှင် တစ်ယောက်ယောက် လာမကူပေးသရွေ့... ဒီ၀င်္ကပါကြီး ပျက်ဖို့ဆိုတာ အနည်းဆုံး အနှစ် (၁၀) လောက်တော့ အချိန်ယူရဦးမှာပဲ။'

ထိုစဉ်...

ချီမြစ် ဂိုဏ်းခွဲ ခေါင်းဆောင် ၏ မျက်နှာအမူအရာသည် ရုတ်တရက် ပြင်းထန်စွာ ပြောင်းလဲသွားပြီး၊ တာ့ယွဲ့ နယ်မြေ တည်ရှိရာ အရပ်ဆီသို့ လျင်မြန်စွာ လှည့်ကြည့်လိုက်၏။

'ဟိုက်... ဒီအရှိန်အဝါက... မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး ပါလား။'

ချီမြစ် ဂိုဏ်းခွဲ ခေါင်းဆောင် ၏ နှလုံးသားသည် ပြင်းထန်စွာ တုန်လှုပ်သွားခဲ့သော်လည်း၊ သူသည် နေရာမှ တစ်လှမ်းမျှ ရွေ့လျားခြင်း မရှိခဲ့ပေ။ အရှိန်အဝါ လာရာအရပ်ဆီသို့သာ တွေဝေစွာ စိုက်ကြည့်နေမိ၏။

အကြောင်းမူကား သူသည် ရွှေအမြုတေ အဆင့် (၉) တွင် ရှိနေသော အရှင်သခင် တစ်ပါး ဖြစ်လင့်ကစား၊ မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး တစ်ပါး၏ လက်အောက်မှ လွတ်မြောက်အောင် ပြေးနိုင်စွမ်း လုံးဝ မရှိသောကြောင့်ပင် ဖြစ်၏။

“ဝှစ်... ဝှစ်... ဝှစ်…”

ပတ်ဝန်းကျင်ရှိ တောင်ထွတ် အသီးသီးဆီမှ အားကောင်းလှသော ရွှေအမြုတေ အဆင့် ကျင့်ကြံသူများ၏ အရှိန်အဝါများသည်လည်း ရုတ်တရက် ပေါက်ကွဲ ထွက်ပေါ်လာကြ၏။ ၎င်းတို့အနက်မှ အချို့သော အရှိန်အဝါများမှာ ပြင်းထန်လှသော မိစ္ဆာချီများ ရောယှက်နေပြီး၊ ကောင်းကင်ယံ တစ်ခုလုံးကို သွေးရောင်လွှမ်းသွားစေခဲ့တော့သည်။

wunzinnosp

အခန်း (၄၄၀) - ဖီးနစ် တောင်ကြား၊ အင်အားသုံး၍ ဖိနှိပ်ခြင်း (အပိုင်း - ၆)

~ထိုနေရာရှိ ရွှေအမြုတေ အဆင့် ကျင့်ကြံသူ တစ်စုလုံးသည် တာ့ယွဲ့ နယ်မြေ တည်ရှိရာ အရပ်ဆီသို့ လေးနက်တည်ငြိမ်သော မျက်နှာအမူအရာများဖြင့် လှမ်းမျှော်ကြည့်ရှုနေကြ၏။

'ဘယ်လူတွေ များ ရောက်လာမှာပါလိမ့်... ရင်တိတ်စရာကြီးပါလား။'

“ဝှစ်…”

အချိန် အနည်းငယ် ကြာပြီးနောက်တွင်တော့၊ ကောင်းကင်ယံထံမှ စူးရှကျယ်လောင်လှသော လေခွဲသံကြီး တစ်ခု ထွက်ပေါ်လာကာ လူတိုင်း၏ နားစည်များကို ကွဲအက်မတတ် ရိုက်ခတ်သွားတော့သည်။

မကြာမီမှာပင်၊ ရွှေအမြုတေ အဆင့် ကျင့်ကြံသူများ၏ မျက်စိရှေ့မှောက်တွင် ဧရာမ အရိပ်ကြီးတစ်ခု လျင်မြန်စွာ ဖြတ်ပြေးသွားလေ၏။ အတိုင်းအတာ ကြီးမားလှသော ယာဉ်ပျံကြီး တစ်စင်းသည် ဖီးနစ် အင်မော်တယ် တောင်ကြား ၏ အထက် ကောင်းကင်ယံမှနေ၍ ဆင်းသက်လာခဲ့သည်။

ထိုယာဉ်ပျံကြီးထံမှ ထွက်ပေါ်နေသော စတုတ္ထအဆင့် အဆင့်နိမ့် အခင်းအကျင်း၏ အရှိန်အဝါကြောင့် အောက်ဘက်ရှိ ရွှေအမြုတေ အဆင့် ကျင့်ကြံသူ အားလုံး၏ မျက်နှာအမူအရာများသည် သိသိသာသာ ပြောင်းလဲသွားကြ၏။

ချီမြစ် ဂိုဏ်းခွဲ ခေါင်းဆောင် ၏ သူငယ်အိမ်များ ရုတ်တရက် ကျုံ့ဝင်သွား၏။

'ဟိုက်... ဒီလူတွေ က ဘယ်လိုလုပ် ဒီလောက် မိုက်တဲ့ ပစ္စည်းကြီး ရသွားတာလဲ။ သောက်ရမ်းတွေ အထာကျနေပါလား။'

“စတုတ္ထအဆင့် အဆင့်နိမ့် အခင်းအကျင်း တပ်ဆင်ထားတဲ့ ယာဉ်ပျံကြီးပါလား။ တာ့ယွဲ့ နန်းတော် မှာ ဒီလိုမျိုး တန်ဖိုးကြီး ယာဉ်ပျံ ရှိနေတာလား”

“ဝှစ်... ဝှစ်... ဝှစ်…”

အားလုံးက တိတ်ဆိတ်စွာ အာရုံစိုက် ကြည့်ရှုနေကြစဉ်မှာပင်၊ ယာဉ်ပျံကြီးထဲမှ လူရိပ်အချို့ ထွက်ပေါ်လာကာ ကောင်းကင်ယံတွင် ရပ်တန့် နေရာယူလိုက်ကြ၏။ ထို့နောက် ဖီးနစ် အင်မော်တယ် တောင်ကြား အတွင်းရှိ လူအားလုံးကို အထက်စီးမှနေ၍ ငုံ့ကြည့်လိုက်ကြသည်။

စုယွီ နှင့် လော့ချန်ယွီ တို့သည်လည်း ယာဉ်ပျံပေါ်မှ အစဉ်လိုက် ထွက်ပေါ်လာကြပြီး မြေပြင်ပေါ်သို့ ငုံ့ကြည့်လိုက်ကြ၏။

မကြာမီမှာပင် စုယွီ နှင့် လော့ချန်ယွီ တို့၏ အကြည့်များသည် ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ စခန်းချရာ တောင်ထွတ်ပေါ်သို့ ကျရောက်သွား၏။ ချီမြစ် ဂိုဏ်းခွဲ ခေါင်းဆောင် နှင့် ကုန်းစွန်းယီ တို့၏ အရှိန်အဝါများကို သူတို့ ချက်ချင်းပင် အာရုံခံမိလိုက်ကြ၏။

စုယွီ သည် ကုန်းစွန်းယီ အား စူးစိုက်ကြည့်လိုက်ပြီး သူ၏ မျက်မှောင်များ အနည်းငယ် ကြုံ့ဝင်သွားသည်။

“ကုန်းစွန်းယီ ... တိုက်ဆိုင်လိုက်တာကွာ။ မင်းလည်း ဒီမှာ ရောက်နေတာကိုး”

တာ့ယွဲ့ နန်းတော် မှ နတ်မိမယ် လျူရွှီး နှင့် အရှင်သခင်ကြီး ကုလန် တို့ ယာဉ်ပျံထဲမှ ထွက်ပေါ်လာသောအခါတွင်မူ၊ ထို မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး နှစ်ပါး၏ ကြီးမားလှသော အရှိန်အဝါကြောင့် အောက်ဘက်ရှိ ကျင့်ကြံသူ အားလုံး၏ ဦးရေပြားများ ထုံကျင်သွားကြတော့သည်။

'သွားပြီ... မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး တွေပါလား။ အဲဒါလည်း နှစ်ယောက်တောင်... ငါတို့တော့ အရိုးတောင် ရှာတွေ့ပါ့မလား မသိဘူး။'

နတ်မိမယ် လျူရွှီး ၏ အကြည့်များက အေးစက် လျစ်လျူရှုမှုများဖြင့် ပြည့်နှက်နေ၏။ လူအုပ်ကြီးကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက်၊ သူမ၏ အကြည့်များသည် ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ နှင့် ဖုန်းလော့ နယ်မြေ မှ ကျင့်ကြံသူများကို ကျော်လွန်ကာ၊ ကိုးဝိညာဉ် မိစ္ဆာ တောင်တန်း မှ မိစ္ဆာ ကျင့်ကြံသူများ အပေါ်သို့ နောက်ဆုံးတွင် ကျရောက်သွား၏။

ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ နှင့် ဖုန်းလော့ နယ်မြေ မှ ကလေးပေါက်စများကို အနိုင်ကျင့် ဗိုလ်ကျရခြင်းကို သူမ အဆင့်အတန်းအရ အလွန် အောက်တန်းကျသည်ဟု ယူဆကာ ရွံရှာ၏။

သို့သော် မိစ္ဆာ ကျင့်ကြံသူများ အတွက်ကတော့...

နတ်မိမယ် လျူရွှီး ၏ အေးစက်စက် အသံသည် ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ နှင့် ဖုန်းလော့ နယ်မြေ မှ လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်သွား၏။

“မင်းတို့ကို အသက်ရှင်ဖို့ အခွင့်အရေး တစ်ခု ငါပေးမယ်။ ဒီမှာရှိတဲ့ မိစ္ဆာ ကျင့်ကြံသူ တွေကို အကုန်လုံး သတ်ပစ်လိုက်စမ်း။ ဒါဆိုရင် ငါ မင်းတို့ကို အသက်ချမ်းသာ ပေးမယ်”

ချီမြစ် ဂိုဏ်းခွဲ ခေါင်းဆောင် နှင့် အခြားသူများ၏ မျက်နှာများသည် ရုတ်တရက် အကြီးအကျယ် ပြောင်းလဲသွားကြ၏။ ကိုးဝိညာဉ် မိစ္ဆာ တောင်တန်း မှ မိစ္ဆာ ကျင့်ကြံသူများကမူ စကားတစ်ခွန်းမျှပင် မဆိုတော့ဘဲ သွေး ထွက်ပြေးခြင်း နည်းစနစ် ကို အသုံးပြုကာ အဝေးသို့ ချက်ချင်း ထွက်ပြေးကြတော့သည်။

'သေစမ်း... ဒီအဘွားကြီးတွေကတော့ တကယ့် သေမင်းတွေပဲ။ နေလို့ကတော့ ပြာဖြစ်တော့မှာ။ လစ်မှ လစ်မှ...'

ထိုအချိန်မှာပင် နတ်မိမယ် လျူရွှီး ၏ အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်ပြီး ချီမြစ် ဂိုဏ်းခွဲ ခေါင်းဆောင် နှင့် အခြားသူများ၏ နားထဲသို့ ရိုက်ခတ်သွား၏။

“မိစ္ဆာ ကျင့်ကြံသူ တစ်ယောက် လွတ်သွားတာနဲ့... မင်းတို့ထဲက တစ်ယောက်ရဲ့ အသက်ကို ငါ နှုတ်ယူမယ်”

သူမ၏ စကားဆုံးသည်နှင့် ချီမြစ် ဂိုဏ်းခွဲ ခေါင်းဆောင် ထံမှ ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာ၏။

“ချကြကွာ။ ကိုးဝိညာဉ် မိစ္ဆာ တောင်တန်း က မိစ္ဆာလူတွေ ကို တစ်ယောက်မှ အလွတ်မပေးနဲ့”

သူသည် ကိုယ်တိုင် ဦးဆောင်၍ ကိုးဝိညာဉ် မိစ္ဆာ နန်းတော် မှ ရွှေအမြုတေ အဆင့် (၉) ၌ရှိသော အစွမ်းထက် မိစ္ဆာဘုရင် တစ်ပါးထံသို့ ပြေးဝင် တိုက်ခိုက်တော့သည်။ သူ၏ လှုပ်ရှားမှု အမြန်နှုန်းကို မြှင့်တင်ရန် လျှို့ဝှက်နည်းစနစ် တစ်ခုကိုပင် အသုံးပြုလိုက်ပြီး၊ ထို ရွှေအမြုတေ အဆင့် (၉) မိစ္ဆာဘုရင်ကြီးကို အသေအလဲ ပိတ်ဆို့ဟန့်တားလေ၏။

မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး တစ်ပါး၏ နှုတ်မှ ထွက်လာသော စကားကို သူ လုံးဝ သံသယ မဝင်ဝံ့ပေ။

'ဒီအဘွားကြီး ပြောတာ တကယ် လုပ်မှာ အသေအချာပဲ။ မိစ္ဆာကောင် တစ်ကောင် လွတ်သွားရင် ငါတို့တော့ အသေဆိုးနဲ့ သေရတော့မှာ။ သောက်ကျိုးနည်း... ကိုယ့်လူချင်း ပြန်ချခိုင်းနေတာကိုး။ လုပ်ရတော့မှာပဲ။'

နတ်မိမယ် လျူရွှီး ၏ ဖိနှိပ်မှုအောက်တွင် ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ နှင့် ဖုန်းလော့ နယ်မြေ မှ ကျင့်ကြံသူများ အားလုံးသည် ရွေးချယ်စရာ မရှိတော့ဘဲ စတင် လှုပ်ရှားရတော့သည်။ ကိုးဝိညာဉ် မိစ္ဆာ တောင်တန်း မှ မိစ္ဆာ ကျင့်ကြံသူများ ဖီးနစ် အင်မော်တယ် တောင်ကြား ထဲမှ ထွက်ပြေး လွတ်မြောက်မသွားစေရန် သူတို့သည် နည်းလမ်းအမျိုးမျိုးကို အသုံးပြု၍ ပိတ်ဆို့ဟန့်တားကြတော့သည်။

အထက်ကောင်းကင်ယံမှ တာအိုဆရာမ ချင်းချွမ်၊ တာအိုဆရာ ရှုဟိုင်၊ စုယွီ နှင့် လော့ချန်ယွီ တို့သည် အောက်ဘက်ရှိ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့၊ ဖုန်းလော့ နယ်မြေ နှင့် ကိုးဝိညာဉ် မိစ္ဆာ တောင်တန်း မှ လူများ အချင်းချင်း ခွေးကိုက်ဝက်ကိုက် ဖြစ်နေကြသည်ကို ကြည့်ရှုနေကြ၏။ သူတို့၏ ရင်ထဲတွင် အတိုင်းမသိသော သက်သာရာရမှု တစ်ခုကို ခံစားလိုက်ကြရသည်။

လွန်ခဲ့သော အချိန်မကြာမီကမှ ဤအင်အားစုကြီး သုံးခုသည် ပူးပေါင်းကာ တာ့ယွဲ့ နယ်မြေ မှ ကျင့်ကြံသူများကို မျိုးဖြုတ်ပစ်ရန် အစွန်းဆုံးအထိ တွန်းပို့ခဲ့ကြသည် မဟုတ်ပါလော။ အကယ်၍သာ သူတို့ဘက်တွင် လျှို့ဝှက်ဖဲချပ် အနည်းငယ် မရှိခဲ့ပါက၊ တာ့ယွဲ့ နယ်မြေ သို့ အသက်ရှင်လျက် ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့မည်လား ဆိုသည်မှာ မသေချာလှပေ။

ယခုမူ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ နှင့် ဖုန်းလော့ နယ်မြေ မှ လူများသည် ကိုးဝိညာဉ် မိစ္ဆာ တောင်တန်း မှ မိစ္ဆာ ကျင့်ကြံသူများကို မဖြစ်မနေ လိုက်လံ သတ်ဖြတ်နေရတော့သည်။ နေရာအနှံ့အပြားတွင် တိုက်ပွဲများ ပေါက်ကွဲထွက်ပေါ်နေပြီး၊ နှစ်ဖက်စလုံးတွင် အသေအပျောက်များ ဆက်တိုက် ဖြစ်ပေါ်နေကာ၊ အော်ဟစ် ညည်းတွားသံများက တောင်ကြား တစ်ခုလုံးတွင် ပဲ့တင်ထပ်နေ၏။ ဤမြင်ကွင်းကို ကြည့်ရင်း တာအိုဆရာမ ချင်းချွမ်၊ လော့ချန်ယွီ နှင့် အခြားသူများ၏ ရင်ထဲတွင် လန်းဆန်းတက်ကြွသွားကြလေတော့

သည်။

'အမလေး... ကြည့်ရတာ အရသာ ရှိလိုက်တာကွာ။ အရင်တုန်းက ငါတို့ကို ဝိုင်းပြီး အနိုင်ကျင့်ခဲ့တဲ့ လူတွေ အခုတော့ အချင်းချင်း ပြန်ကိုက်နေကြပြီ။ အလှည့်ကျ မနွဲ့စတမ်းပဲ။ သူများကို ဖိနှိပ်ရတဲ့ အရသာက တော်တော် မိုက်တာပဲကိုး။'

အရှင်သခင်ကြီး ကုလန် သည် ဝင်ရောက်စွက်ဖက်ခြင်း မပြုဘဲ ဤမြင်ကွင်းကိုသာ ငြိမ်သက်စွာ ကြည့်နေ၏။ သူမ၏ အမြင်တွင်မူ ထို မိစ္ဆာ ကျင့်ကြံသူ တစ်စုမှာ မဖြစ်စလောက် အောက်ခြေသိမ်း ကောင်လေးများသာ ဖြစ်၏။ သူတို့ကို နှိမ်နင်းရန်မှာ သူမအတွက် မျက်တောင်တစ်ခတ်စာ အချိန်မျှသာ လိုအပ်သည်။

ထို့ကြောင့် သူမ၏ အာရုံများကို သွေးမြူခိုးများ လွှမ်းခြုံ ဖုံးကွယ်ထားသော နေရာဆီသို့သာ စူးစိုက်ထားလိုက်၏။ သွေးမြူခိုးများ၏ အရှိန်အဝါကို အာရုံခံမိသောအခါ အရှင်သခင်ကြီး ကုလန် ၏ မျက်နှာအမူအရာသည် တဖြည်းဖြည်း လေးနက်တည်ငြိမ်လာခဲ့သည်။

သူမက မိမိဘာသာ တီးတိုး ရေရွတ်လိုက်၏။

“ရှေးဟောင်း ကောင်းကင်ဖီးနစ် နန်းတော် ရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ သတ်ဖြတ်ခြင်း ၀င်္ကပါ တွေထဲက တစ်ခုပဲ။ ကောင်းကင်ဖီးနစ် သွေးပူဇော်ခြင်း မဟာ၀င်္ကပါ လို့ ခေါ်တယ်။ ဒီအရှိန်အဝါက စတုတ္ထအဆင့် အခင်းအကျင်း တစ်ခုလောက် အစွမ်းထက်နေလောက်တယ်”

အရှင်သခင်ကြီး ကုလန်၏ နဖူးထက်တွင် အရေးအကြောင်းများ ပေါ်လာကာ မျက်မှောင်ကြုံ့သွား၏။ ဤအခင်းအကျင်းကြီး တည်ရှိနေသရွေ့၊ သူမအနေဖြင့် အထဲသို့ အတင်း ဖောက်ဝင်ရန် မဖြစ်နိုင်ပေ။ ဤ၀င်္ကပါကို ချိုးဖျက်နိုင်မှသာလျှင် ဝင်ရောက်နိုင်မည် ဖြစ်သည်။

'ဒီ၀င်္ကပါကြီးကို ဘယ်လိုများ ဖြေရှင်းရမလဲ။ ခေါင်းစားစရာပဲ။ ဒီအတိုင်းဆို ငါတောင် ဝင်လို့ရမှာ မဟုတ်ဘူး။'

အောက်ဘက်ရှိ တိုက်ပွဲမှာ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်၏။ စုယွီ နှင့် လော့ချန်ယွီ တို့သည် ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ စခန်းချရာ တောင်ထွတ်ဆီသို့ လျင်မြန်စွာ ပြေးဆင်းသွားကြသည်။ ထိုအရာကို မြင်သောအခါ တာအိုဆရာ ရှုယွီ နှင့် တာအိုဆရာ ရှုဟိုင် တို့သည်လည်း နောက်မှ လိုက်ပါသွားကြ၏။

“ဝှစ်... “

ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ နေရာယူထားသော တောင်၏ ခါးလယ်လောက်တွင် ကျောက်တုံး အကျဉ်းထောင် တစ်ခု ရှိနေ၏။ ထိုအထဲတွင် ဆံပင်အဖြူများ ဖုံးလွှမ်းနေပြီး မျက်ဝန်းများတွင်လည်း အရစ်အကြောင်းများ ထင်ဟပ်နေသော မာရှီချင်း တစ်ယောက် သူ၏ ကျင့်ကြံခြင်း စွမ်းအားများ ပိတ်လှောင်ခံထားရလျက် ရှိနေသည်။ သူ၏ ပခုံးနှစ်ဖက်စလုံးတွင် ပီပါ အရိုးဖောက် သံမှို နှစ်ချောင်း ရိုက်သွင်းခံထားရပြီး၊ သူ၏ အရှိန်အဝါမှာလည်း အလွန် အားနည်းနေခဲ့၏။ ဤမျှ ဆိုးရွားသော အခြေအနေသို့ ရောက်နေသည့်တိုင်အောင်၊ သူသည် သူ့ရှေ့ရှိ အခင်းအကျင်းကို ဆက်လက် လေ့လာနေဆဲပင် ဖြစ်သည်။

"ဒိုင်း..."

စုယွီ က ကျောက်တုံး အကျဉ်းထောင်ကို ရိုက်ခွဲဖွင့်လိုက်မှသာ မာရှီချင်း သည် ခေါင်းမော့ကာ သူ့ကို ကြည့်လာ၏။

သူ၏ အမြင်အာရုံများ အနည်းငယ် မှုန်ဝါးနေဟန်ဖြင့်၊ မာရှီချင်း သည် ခေတ္တမျှ စိုက်ကြည့်နေပြီးနောက် စုယွီ ကို အံ့အားသင့်စွာဖြင့် မေးလိုက်၏။

“တာအိုမိတ်ဆွေ စု လား”

စုယွီ သည် မျက်မှောင် အနည်းငယ် ကြုံ့သွား၏။

'ဟူး... တာအိုမိတ်ဆွေ မာ တော့ တော်တော် ခံလိုက်ရတာပဲ။ အထဲမှာလည်း နံစော်နေတာပဲ။ ရုပ်ကိုက သနားစရာကြီး ဖြစ်နေပြီ။'

အကျဉ်းထောင်အတွင်းမှ ဆိုးရွားသော အနံ့အသက်များကို ဖယ်ရှားရန် မန္တန်တစ်ခုကို အသုံးပြုလိုက်ပြီးနောက်၊ သူသည် မာရှီချင်း ၏ နောက်ကျောဘက်သို့ သွားရပ်လိုက်၏။ သူ၏ လက်တစ်ဖက်ကို မာရှီချင်း ၏ ပခုံးပေါ်သို့ တင်လိုက်ရာ၊ ဓာတ်ကြီးငါးပါး မန္တန်စွမ်းအား များသည် အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာကာ မာရှီချင်း ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားတော့သည်။

"ဝီ..."

"ဝှစ်..."

"ရွှမ်း..."

စုယွီ ၏ မန္တန်စွမ်းအား တွန်းကန်မှုအောက်တွင်၊ မာရှီချင်း ၏ ကျင့်ကြံခြင်းကို ပိတ်လှောင်ထားသော ပီပါ အရိုးဖောက် သံမှို နှစ်ချောင်းလုံးသည် ပြုတ်ထွက်လာခဲ့ပြီး၊ မာရှီချင်း ၏ ပခုံးဆီမှ သွေးများ ပန်းထွက်သွားတော့သည်။

သို့သော်လည်း နောက်တစ်စက္ကန့်တွင်ပင်၊ မာရှီချင်း ပခုံးပေါ်ရှိ ဒဏ်ရာများသည် မယုံနိုင်လောက်သော အမြန်နှုန်းဖြင့် မျက်မြင်ကိုယ်တွေ့ပင် ကျက်သွားခဲ့၏။

ထို့နောက် စုယွီ သည် တတိယအဆင့် အဆင့်မြင့် ဝိညာဉ်အရည် အစက်အနည်းငယ်ကို ထုတ်ယူကာ မာရှီချင်း အား ပေးလိုက်၏။ ၎င်းကို သောက်သုံး သန့်စင်ပြီး သူ၏ မန္တန်စွမ်းအားများ ပြန်လည် နာလန်ထူလာစေရန် ဖြစ်သည်။

အချိန် အနည်းငယ် ကြာပြီးနောက်တွင်တော့...

မာရှီချင်း ၏ အရှိန်အဝါသည် သုံးဆယ်ရာခိုင်နှုန်းခန့်အထိ ပြန်လည် ကောင်းမွန်လာခဲ့တော့၏။ သူသည် မြေပြင်ပေါ်မှ ဖြည်းညင်းစွာ ထရပ်လိုက်ပြီး၊ ယခုမှ ဝင်ရောက်လာကြသော စုယွီ၊ လော့ချန်ယွီ၊ တာအိုဆရာမ ချင်းချွမ်၊ တာအိုဆရာ ရှုယွီ နှင့် တာအိုဆရာ ရှုဟိုင် တို့ကို ကြည့်ကာ အနည်းငယ် ပြုံးပြလိုက်၏။ ထို့နောက် ခါးကို ညွှတ်ကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။

“ကျွန်တော့်ကို လာကယ်ပေးကြတဲ့အတွက် မိတ်ဆွေတို့ အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ”

စုယွီ သည် သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွ ချလိုက်၏။

“တာအိုမိတ်ဆွေ မာ အသက်ရှင်နေရင် တော်ပါပြီဗျာ။ တကယ်လို့များ ခင်ဗျား တစ်ခုခု ဖြစ်သွားခဲ့ရင်... ကျွန်တော် ထျန်းလင် ကို ဘယ်လို မျက်နှာပြရမှန်းတောင် သိမှာ မဟုတ်ဘူး”

ထိုစကားကို ကြားသောအခါ မာရှီချင်း ၏ မျက်နှာပေါ်တွင် အားနာနေဟန်များ ပေါ်လွင်သွားပြီး၊ စုယွီ အား ကပျာကယာ ထပ်မံ အရိုအသေပေးကာ ပြောလိုက်၏။

“ကျွန်တော့်ကြောင့် တာအိုမိတ်ဆွေ စု စိတ်ပူသွားရတဲ့အတွက် တောင်းပန်ပါတယ်ဗျာ”

စုယွီ က သူ့ကို အလျင်အမြန် တားဆီးလိုက်သည်။

“အာဗျာ... တော်ပါတော့။ အဲဒီ အားနာစကားတွေ ပြောမနေပါနဲ့တော့”

မာရှီချင်း သည် မှော်လက်နက် ဝတ်ရုံသစ် တစ်စုံကို လဲလှယ် ဝတ်ဆင်ပြီးနောက်၊ သူတို့ အားလုံးသည် ကျောက်တုံး အကျဉ်းထောင်ထဲမှ ထွက်ခွာလာခဲ့ကြ၏။ မာရှီချင်း အား ကောင်းကင်ယံသို့ ခေါ်ဆောင်လာခဲ့ပြီး အရှင်သခင်ကြီး ကုလန် ၏ အနီးသို့ ရောက်ရှိလာခဲ့ကြသည်။

ထိုအချိန်တွင်တော့ မိစ္ဆာ ကျင့်ကြံသူ အများစုမှာ အသတ်ခံလိုက်ရတော့၏..။ တောင်ကြားအတွင်း၌ ရွှေအမြုတေ အဆင့် မိစ္ဆာ ကျင့်ကြံသူ (၅) ဦးသာ ကျန်ရှိတော့ပြီး၊ သူတို့သည် နောက်ဆုံးထွက်သက်တိုင်အောင် အသေအလဲ ခုခံနေကြဆဲပင်။

wunzinnosp

အခန်း (၄၄၁) - အပျက်အစီးနယ်မြေသို့ ဝင်ရောက်ခြင်း၊ အခွင့်အရေး (အပိုင်း - ၁)

~စုယွီ နှင့် လော့ချန်ယွီ တို့သည် မာရှီချင်း အား ကယ်တင်ပြီးနောက် ပြန်လည်ရောက်ရှိလာသည်ကို မြင်သောအခါ၊ တာ့ယွဲ့ နန်းတော် ၏ ရှေးဟောင်း ဘိုးဘေးကြီး နတ်မိမယ် လျူရွှီး ၏ မျက်နှာပေါ်တွင် အေးစက်စက် လျစ်လျူရှုမှုများသာ အထင်းသား ပေါ်လွင်နေခဲ့၏။ သူမသည် လှပသော ကျောက်စိမ်း လက်ညှိုးလေး တစ်ချောင်းကို ဆန့်ထုတ်လိုက်ပြီးနောက်၊ အဝေးတစ်နေရာတွင် နောက်ဆုံးထွက်သက်တိုင်အောင် အသေအလဲ ခုခံနေကြဆဲ ဖြစ်သော ရွှေအမြုတေ အဆင့် မိစ္ဆာ ကျင့်ကြံသူ များဆီသို့ ချိန်ရွယ်လိုက်လေ၏။

“ဝီ...”

ထိုခဏလေး အတွင်းမှာပင်၊ အချိန်ကာလ တစ်ခုလုံး ရုတ်တရက် ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားခဲ့သည်။ နတ်ဘုရား တစ်ပါးထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ရာ အရှိန်အဝါမျိုးကဲ့သို့ ပြိုင်ဘက်ကင်းသော ခမ်းနားကြီးကျယ်မှုကြီးသည် လောကတစ်ခုလုံး အပေါ်သို့ ဖိနှိပ် ကျဆင်းလာခဲ့တော့သည်။

နတ်မိမယ် လျူရွှီး ၏ ပစ်မှတ်မှာ သူတို့ မဟုတ်ခဲ့သော်ငြားလည်း၊ သူမ လက်ညှိုး ချိန်ရွယ်လိုက်သည့် အခိုက်အတန့်မှာပင် စုယွီ၊ လော့ချန်ယွီ နှင့် အခြားသူများ အားလုံး၏ ခန္ဓာကိုယ်များ တောင့်တင်းသွားကာ၊ မျက်နှာများမှာလည်း သွေးဆုတ်သွားသည်အထိ ဖြူရော်သွားခဲ့ကြရ၏။

အဆုံးအစမရှိသော သဘာဝ ဝိညာဉ်စွမ်းအင် များသည် တစ်နေရာတည်းသို့ စုပြုံ ဝင်ရောက်လာကြပြီး၊ ဖြူဖွေးတောက်ပကာ သန့်စင် မြင့်မြတ်လှသော ကျောက်စိမ်းဖြူ တံဆိပ်တုံး အချို့အဖြစ်သို့ ပုံဖော် ဖွဲ့တည်သွားကြ၏။

ရှေ့တန်း စစ်မျက်နှာပြင်တွင်တော့...

ကျန်ရစ်နေသေးသော ရွှေအမြုတေ အဆင့် မိစ္ဆာ ကျင့်ကြံသူ များကို ဝိုင်းဝန်း တိုက်ခိုက်နေဆဲ ဖြစ်သော ချီမြစ် ဂိုဏ်းခွဲ ခေါင်းဆောင် နှင့် ကုန်းစွန်းယီ အပါအဝင် ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ နှင့် ဖုန်းလော့ နယ်မြေ မှ ကျင့်ကြံသူ ဆယ်ဂဏန်းကျော်၏ မျက်နှာများသည် ချက်ချင်းပင် အကြီးအကျယ် ပြောင်းလဲသွားကြတော့သည်။

ကောင်းကင်ယံထက်တွင် ကျောက်စိမ်းဖြူ တံဆိပ်တုံးများ ပုံဖော် ဖွဲ့တည်လာသည်ကို မြင်လိုက်ရသောအခါ ချီမြစ် ဂိုဏ်းခွဲ ခေါင်းဆောင် သည် ကြောက်လန့်တကြား အော်ဟစ်လိုက်မိ၏။

“လမင်း နတ်ဘုရားမရဲ့ လက်ညှိုး ပါလား”

ထိုအရာမှာ တာ့ယွဲ့ နန်းတော် ၏ အမြင့်ဆုံး လျှို့ဝှက် မန္တန်စွမ်းရည် တစ်ခုပင် ဖြစ်၏။ ကောလာဟလများအရ နန်းတော်သခင်၊ ရှေးဟောင်း ဘိုးဘေးကြီး နှင့် နောက်ဆက်ခံမည့်သူ တို့သာလျှင် ဤမန္တန်ကို ကျင့်ကြံခွင့် ရှိသည်ဟု ဆိုကြသည်။ ချီမြစ် ဂိုဏ်းခွဲ ခေါင်းဆောင် ပင်လျှင် ဤမန္တန်အကြောင်းကို ကောလာဟလများအဖြစ်သာ ကြားဖူးခဲ့ပြီး၊ လက်တွေ့ မျက်မြင် ကိုယ်တွေ့ တစ်ကြိမ်တစ်ခါမျှ မကြုံဖူးခဲ့ပေ။

ယခုမူ သူ၏ ခေါင်းပေါ်တည့်တည့်တွင် ကျောက်စိမ်းဖြူ တံဆိပ်တုံးများ ဖွဲ့တည်လာသည်ကို မြင်လိုက်ရသောအခါ၊ ချီမြစ် ဂိုဏ်းခွဲ ခေါင်းဆောင် သည် ထိုမန္တန်အကြောင်းကို ရုတ်တရက် သတိရသွားကာ အလွန်အမင်း ကြောက်လန့် တုန်လှုပ်သွားတော့သည်။

“ဝုန်း...”

ချီမြစ် ဂိုဏ်းခွဲ ခေါင်းဆောင် နှင့် အခြားသူများ ပြန်လည် တုံ့ပြန်နိုင်ခြင်း မရှိသေးမီမှာပင်၊ အထက်ကောင်းကင်ယံမှ ကျောက်စိမ်းဖြူ တံဆိပ်တုံးများသည် အရှိန်အဟုန်ဖြင့် ပြုတ်ကျလာခဲ့တော့၏။

သူတို့၏ အမြင်အာရုံ တစ်ခုလုံးတွင် မျက်စိကျိန်းမတတ် စူးရှ တောက်ပလှသော အလင်းဖြူများဖြင့်သာ ပြည့်နှက်သွားတော့သည်။

ပြုတ်ကျလာသော ကျောက်စိမ်းဖြူ တံဆိပ်တုံးများ အောက်တွင်တော့ ချီမြစ် ဂိုဏ်းခွဲ ခေါင်းဆောင် နှင့် အခြားသူများ၏ နှလုံးသားများနှင့် ဝိညာဉ်များသည် ပြင်းထန်စွာ ရိုက်ခတ် လှုပ်ခါသွားကြ၏။ သူတို့၏ မှုန်ဝါးဝါး အမြင်အာရုံထဲတွင်၊ သူတို့၏ အထက် ကောင်းကင်ယံ၌ နတ်မိမယ် တစ်ပါး၏ ပုံရိပ်ယောင်တစ်ခု ပေါ်လာသကဲ့သို့ ထင်မြင်လိုက်ကြရ၏။ ထိုနတ်မိမယ်၏ အရှိန်အဝါမှာ တွင်းနက်ကြီး တစ်ခုကဲ့သို့ နက်ရှိုင်း ကျယ်ပြောလှပြီး၊ သူမ၏ ပုံရိပ်မှာလည်း တကယ့် အစစ်အမှန် မဟုတ်ဘဲ ဖမ်းဆုပ်၍ မရနိုင်လောက်အောင် လျှို့ဝှက် ဆန်းကြယ်နေသည်။ ထိုနတ်မိမယ်သည် သူမ၏ လက်ညှိုးကို သူတို့၏ ဝိညာဉ်များဆီသို့ တိုက်ရိုက် ချိန်ရွယ်လိုက်တော့သည်။

ဤနတ်ဘုရားဆန်လှသော လက်ညှိုး၏ စွမ်းအားသည် ချီမြစ် ဂိုဏ်းခွဲ ခေါင်းဆောင် နှင့် ထိုနေရာရှိ လူအားလုံး၏ နှလုံးသားများနှင့် စိတ်ဝိညာဉ်များကို အကြီးအကျယ် တုန်လှုပ်သွားစေခဲ့၏။

သူတို့၏ ခေါင်းထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံကြီး တစ်ခု မြည်ဟည်းသွားပြီးနောက်၊ ချီမြစ် ဂိုဏ်းခွဲ ခေါင်းဆောင် နှင့် သူ၏ အပေါင်းအပါများ အားလုံးသည် နေရာမှာပင် ကြက်သေ သေသွားကြတော့သည်။

'သွားပြီ... ငါတော့ သေပြီ ထင်တယ်။ ဘာမှကို မမြင်ရတော့ဘူး။ ခေါင်းထဲမှာလည်း ပေါက်ကွဲထွက်သွားသလိုပဲ။ အမလေး... ဒီအဘွားကြီးက တကယ် ရက်စက်တာပဲ။'

ကျောက်စိမ်းဖြူ တံဆိပ်တုံးများ ပြုတ်ကျလာသည့် အခိုက်အတန့်မှာပင်၊ ချီမြစ် ဂိုဏ်းခွဲ ခေါင်းဆောင် နှင့် အခြားသူများ ဝိုင်းဝန်း တိုက်ခိုက်နေသော ရွှေအမြုတေ အဆင့် မိစ္ဆာ ကျင့်ကြံသူ များ၏ ခန္ဓာကိုယ်များသည် ဖန်သားများကဲ့သို့ တောက်ပလာပြီး သူတို့၏ ကိုယ်တွင်းမှ အဖြူရောင် အလင်းတန်းများ ဖြာထွက်လာကြ၏။

နောက်တစ်စက္ကန့်တွင်တော့ သူတို့၏ ခန္ဓာကိုယ်များသည် ဖန်ခွက်ကို ရိုက်ခွဲလိုက်သကဲ့သို့ အပိုင်းပိုင်း အစစ ကွဲအက်သွားပြီး အောက်သို့ ကွာကျလာခဲ့တော့သည်။

မြေပြင်ပေါ်သို့ မကျရောက်မီမှာပင်၊ ထိုခန္ဓာကိုယ် အပိုင်းအစများသည် အဖြူရောင် ကြယ်တာရာ အလင်းစက်လေးများ အဖြစ်သို့ ပြောင်းလဲသွားကာ လေထုထဲတွင် လုံးဝ ပျောက်ကွယ်သွားကြတော့သည်။

ထိုအချိန်မှာပင် ကျောက်စိမ်းဖြူ တံဆိပ်တုံးများသည် မြေပြင်ပေါ်သို့ ကျရောက် ပေါက်ကွဲသွားလေ၏။

“ဝုန်း...”

မြေကမ္ဘာကြီး တစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားတော့သည်။

မြေပြင်သည် ချက်ချင်းပင် ကွဲအက်သွားပြီး မြေကြီး မြေသားများ အမြောက်အမြား လေထဲသို့ လွင့်စင် ထွက်သွားကြ၏။ ဖီးနစ် အင်မော်တယ် တောင်ကြား တစ်ခုလုံးသည် ပြင်းထန်စွာ တုန်ခါနေခဲ့ပြီး၊ ချီမြစ် ဂိုဏ်းခွဲ ခေါင်းဆောင် နှင့် အခြားသူများ သတိမဝင်လာမီမှာပင်၊ သူတို့၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသော အလွန် ကြီးမားလှသည့် အင်အားလှိုင်းလုံးကြီး တစ်ခုက သူတို့အပေါ်သို့ ရိုက်ခတ် ဖြတ်သန်းသွားတော့သည်။

“ဖွပ်...”

မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင်။

ချီမြစ် ဂိုဏ်းခွဲ ခေါင်းဆောင် အပါအဝင် ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ နှင့် ဖုန်းလော့ နယ်မြေ မှ ကျင့်ကြံသူ ဆယ်ဂဏန်းကျော်ခန့်သည် သွေးများ အန်ထုတ်လိုက်ကြရပြီး အဝေးသို့ လွင့်စင် ထွက်သွားကြတော့သည်။ သူတို့၏ မန္တန် ကာကွယ်ရေး အလွှာများ အားလုံး ကြေမွ ပျက်စီးသွားပြီး၊ သူတို့၏ ခန္ဓာကိုယ်များသည် ရိုင်းစိုင်းလှသော တောဆင်ရိုင်းကြီး တစ်ကောင်၏ ဝင်တိုက်ကာ နင်းချေခြင်းကို ခံလိုက်ရသကဲ့သို့ နာကျင်မှုများကို ခံစားလိုက်ကြရ၏။ သူတို့၏ နံရိုးများနှင့် လက်မောင်းရိုး အများအပြားမှာလည်း ကျိုးပဲ့ ကုန်ကြတော့သည်။

'အား... နာလိုက်တာကွာ။ အရိုးတွေ အကုန် ကျိုးကုန်ပြီ ထင်တယ်။ သေပါပြီ... မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး ရဲ့ အစွမ်းက တကယ်ကို ကြောက်စရာ ကောင်းတာပဲ။'

ကျန်ရစ်ခဲ့သော အင်အားအားလှိုင်းလေး တစ်ခုကပင် ရွှေအမြုတေ အဆင့် (၉) ၌ရှိသော ချီမြစ် ဂိုဏ်းခွဲ ခေါင်းဆောင် ကဲ့သို့သော သူကိုပင် မိုင်ဝက်ခန့် အကွာအဝေးအထိ လွင့်စင်သွားစေပြီး အပြင်းအထန် ဒဏ်ရာရသွားစေရန် လုံလောက်နေခဲ့သည်။

သူတို့သည် မြေပြင်ပေါ်သို့ဖြစ်စေ၊ သို့မဟုတ် မြေစာပုံ အသေးလေးများ အပေါ်သို့ဖြစ်စေ ပြုတ်ကျသွားကြ၏။

သစ်ပင် အမြောက်အမြားမှာလည်း ကျိုးပဲ့ပျက်စီးသွားပြီး သစ်သားမှုန့်များ အဖြစ်သို့ ပြောင်းလဲသွားကြ၏။ အင်အားလှိုင်းလုံးကြီးသည် အရပ်မျက်နှာ အားလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး၊ မျက်စိတစ်မှိတ် အတွင်းမှာပင် သစ်ပင်များ၊ ကျောက်တုံးကြီးများနှင့် မြေပြင်များ အားလုံးမှာလည်း ကြေမွ ပျက်စီးသွားကြတော့သည်။

အထက် ကောင်းကင်ယံတွင်တော့...

စုယွီ နှင့် အခြားသူများသည် ဤမြင်ကွင်းကို အသက်ရှူရန်ပင် မေ့လျော့နေလောက်အောင် တိတ်ဆိတ်စွာ ကြည့်ရှုနေကြ၏။ စုယွီ ၏ သူငယ်အိမ်များသည် ပြင်းထန်စွာ ကျုံ့ဝင်သွားပြီး၊ သူ၏ နှလုံးသားသည်လည်း တာ့ယွဲ့ နန်းတော် ၏ ရှေးဟောင်း ဘိုးဘေးကြီး နတ်မိမယ် လျူရွှီး ၏ လက်ညှိုး စွမ်းအားကြောင့် အကြီးအကျယ် တုန်လှုပ် ကြောက်ရွံ့သွားခဲ့၏။

'ဟိုက်... ဒါက မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး ရဲ့ စွမ်းအား စစ်စစ်ပဲ။ တကယ် ကြောက်စရာ ကောင်းလိုက်တာ။ တောင်ကြား တစ်ခုလုံး ပြာကျသွားတော့မလိုပဲ။ ငါတော့ တကယ်ကို လန့်သွားတာပဲ။'

အချိန် အတော်ကြာမှသာ စုယွီ သည် ထိုတုန်လှုပ်မှုထဲမှ တဖြည်းဖြည်း ရုန်းထွက်လာနိုင်ခဲ့ပြီး၊ သူ၏ ခေါင်းထဲတွင် အတွေးများက စမ်းရေပေါက်ကဲ့သို့ တသွင်သွင် စီးဆင်းလာခဲ့သည်။

ရွှေအမြုတေ အဆင့် အရှင်သခင် တစ်ပါး၏ မန္တန်စွမ်းရည်နှင့် မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး တစ်ပါး၏ မန္တန်စွမ်းရည် ကြားတွင် မည်မျှလောက် ကွာခြားမှု ရှိသနည်း။

ရွှေအမြုတေ အဆင့် အရှင်သခင် တစ်ပါးသည် သူတို့၏ စွမ်းအားများနှင့် ဝိညာဉ်များကို ယခုမှ စတင် ပေါင်းစပ်ထားနိုင်ပြီး၊ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်များကို ယခုမှ စတင် ထိတွေ့ခွင့် ရရှိထားသူများသာ ဖြစ်၏။

အခြေခံတည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ တစ်ဦး အနေဖြင့် ရွှေအမြုတေ အဆင့် အရှင်သခင် တစ်ဦးနှင့် တိုက်ခိုက်ရခြင်းသည် ကောင်းကင်ကြီးကို အာခံ တိုက်ခိုက်နေရသကဲ့သို့ ခံစားရစေသည်။

သို့သော် ရွှေအမြုတေ အဆင့် နှင့် မူလဝိညာဉ် အဆင့် တို့ကို နှိုင်းယှဉ်မည် ဆိုပါက ထိုခံစားချက်က ပို၍ပင် ဆိုးရွား ပြင်းထန်လှပေသေးသည်။

ထိုအရာသည် လမ်းလျှောက်တတ်ကာစ၊ တုတ်ချောင်းလေး တစ်ချောင်းကို ကိုင်၍ ရိုက်တတ်ရုံမျှသာ ရှိသေးသော ကလေးငယ် တစ်ဦးက ဝံပုလွေစွယ် တင်းပုတ်ကြီး ကိုင်ဆောင်ထားသော ပေါင် (၄၀၀) ခန့် အလေးချိန်ရှိသည့် ဧရာမ လူသန်ကြီး တစ်ဦးကို သွားရောက် စိန်ခေါ် တိုက်ခိုက်နေသည်နှင့် အလားသဏ္ဌာန် တူလှသည်။

စွမ်းအား ကွာခြားမှုမှာ ပုရွက်ဆိတ် တစ်ကောင်နှင့် ဆင်ကြီး တစ်ကောင်ကို နှိုင်းယှဉ်နေသကဲ့သို့ စိတ်ကူးဖြင့်ပင် မှန်းဆ၍ မရနိုင်လောက်အောင် ကြီးမားလွန်းလှသည်။

ပိုးစုန်းကြူးလေး၏ အလင်းရောင်နှင့် လမင်းကြီး၏ အလင်းရောင် ကွာခြားသကဲ့သို့ပင်။

ရွှေအမြုတေ အဆင့် (၉) ၌ရှိသော ချီမြစ် ဂိုဏ်းခွဲ ခေါင်းဆောင် ပင်လျှင် မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး ၏ ရှေ့မှောက်တွင်မူ အနည်းငယ် ပိုကြီးသော အောက်ခြေသိမ်း ကောင်လေး တစ်ကောင်ထက် မပိုခဲ့ပေ။

ယခုလေးတင် နတ်မိမယ် လျူရွှီး ၏ လက်ညှိုးသည် ချီမြစ် ဂိုဏ်းခွဲ ခေါင်းဆောင် နှင့် အခြား ရွှေအမြုတေ အဆင့် (၉) ကျင့်ကြံသူ အနည်းငယ်ကို တိုက်ရိုက် ချိန်ရွယ်ထားခြင်း မဟုတ်ခဲ့သော်ငြားလည်း၊ လမင်း နတ်ဘုရားမရဲ့ လက်ညှိုး မန္တန်မှ ကျန်ရစ်ခဲ့သော အားလှိုင်း အကြွင်းအကျန်လေးကပင် သူတို့ကို အဝေးသို့ လွင့်စင်သွားစေပြီး အပြင်းအထန် ဒဏ်ရာရသွားစေခဲ့၏။

လမင်း နတ်ဘုရားမရဲ့ လက်ညှိုး မန္တန်အောက်သို့ တည့်တည့် ကျရောက်သွားခဲ့သော ရွှေအမြုတေ အဆင့် မိစ္ဆာ ကျင့်ကြံသူ များမှာမူ အော်ဟစ်ရန် အခွင့်အရေးပင် မရလိုက်ဘဲ၊ နောက်ဆုံး သေတမ်းစာပင် ချန်ထားရစ်ခဲ့နိုင်ခြင်း မရှိခဲ့ချေ။

သူတို့၏ ခန္ဓာကိုယ်များသည် ဖန်သားများကဲ့သို့ ကွဲအက် ကြေမွသွားပြီး ကောင်းကင်နှင့် မြေကြီးကြားတွင် ကြယ်တာရာ အလင်းစက်လေးများ အဖြစ် လွင့်မျော ပျောက်ကွယ်သွားခဲ့ကြ၏။

သူတို့၏ ဝိညာဉ်များသည်လည်း ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့ပြီး အလွန် ဆိုးရွားသော နိဂုံးနှင့် ရင်ဆိုင်ခဲ့ကြရတော့သည်။

ဤတိုက်ပွဲသည် နတ်မိမယ် လျူရွှီး ၏ လက်ညှိုး တစ်ချောင်းအောက်တွင် တိတ်ဆိတ်စွာပင် ပြီးဆုံးသွားခဲ့ပြီး၊ ကောင်းကင်နှင့် မြေကြီး တစ်ခုလုံးတွင် နားပင်းမတတ် တိတ်ဆိတ် ငြိမ်သက်ခြင်းများသာ လွှမ်းခြုံ ဖုံးအုပ်သွားခဲ့တော့သည်။

ကိုးဝိညာဉ် မိစ္ဆာ တောင်တန်း မှ မိစ္ဆာ ကျင့်ကြံသူများ အားလုံး အသတ်ခံလိုက်ရတော့၏..။

ဤအတွက် ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ နှင့် ဖုန်းလော့ နယ်မြေ မှ ကျင့်ကြံသူများသည်လည်း တန်ဖိုးတစ်ခုကိုတော့ ပေးဆပ်ခဲ့ရသည်။ အတုအယောင် အမြုတေ အဆင့် ကျင့်ကြံသူ (၃) ဦး၊ အခြေခံတည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ (၁၁) ဦး နှင့် ချီစုစည်းခြင်း အဆင့် ကျင့်ကြံသူ ဆယ်ဂဏန်းကျော်တို့ သေဆုံးသွားခဲ့ကြ၏။

ဤအသေအပျောက်များသည် မိစ္ဆာ ကျင့်ကြံသူများကို နောက်ဆုံးအချိန်အထိ အသေအလဲ လိုက်လံ သတ်ဖြတ်နေရချိန်တွင် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ကျန်ရှိနေသော သူများကိုမူ နတ်မိမယ် လျူရွှီး သည် ထပ်မံ သတ်ဖြတ်လိုသော ဆန္ဒ မရှိတော့ပေ။

အကြောင်းမူကား မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး တစ်ပါး ကိုယ်တိုင် စစ်မြေပြင်သို့ ထွက်ပေါ်လာသောအခါ အရာများစွာသည် ထိန်းချုပ်မှု အောက်မှ လွတ်ထွက်သွားနိုင်သောကြောင့် ဖြစ်၏။

ယနေ့ သူမအနေဖြင့် ချီမြစ် ဂိုဏ်းခွဲ ခေါင်းဆောင် နှင့် အခြား ကျင့်ကြံသူများကို သတ်ဖြတ်နိုင်သော်လည်း၊ မနက်ဖြန်တွင် ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ၏ ဥက္ကဋ္ဌကြီး နှင့် သွေးဖီးနစ် အင်မော်တယ် ဂိုဏ်း ၏ ရှေးဟောင်း ဘိုးဘေးကြီး တို့ကလည်း တာ့ယွဲ့ နန်းတော် မှ ရွှေအမြုတေ အဆင့် ကျင့်ကြံသူများကို ပြန်လည် ချောင်းမြောင်း တိုက်ခိုက်နိုင်သည် မဟုတ်ပါလော။

ထို့ကြောင့် ဤလက်ညှိုး မန္တန်ကို ထုတ်သုံးပြီးနောက်တွင်တော့ နတ်မိမယ် လျူရွှီး သည် ထပ်မံ လှုပ်ရှားခြင်း မပြုတော့ပေ။

“အဟွတ်...”

ချီမြစ် ဂိုဏ်းခွဲ ခေါင်းဆောင် နှင့် သူ၏ လူများသည် အချိန် အတော်ကြာမှသာ သတိပြန်လည် လာခဲ့ကြပြီး၊ မြေပြင်ပေါ်မှ တစ်ယောက်ပြီး တစ်ယောက် ထလာကြ၏။ သူတို့၏ မျက်နှာများမှာ စက္ကူချပ်လို ဖြူရော်နေကြပြီး၊ သူတို့၏ နှလုံးသားထဲတွင်တော့ နတ်မိမယ် လျူရွှီး ၏ ကြီးမားလှသော စွမ်းအားအပေါ် အဆုံးအစမရှိသော ကြောက်ရွံ့ တုန်လှုပ်မှုများက ဖိစီး လွှမ်းမိုးနေတော့သည်။

All Chapters