အခန်း (၄၄၅-၄၄၇)
Vol. 30 Ch. 445-447
အခန်း (၄၄၅) - အပျက်အစီးနယ်မြေသို့ ဝင်ရောက်ခြင်း၊ အခွင့်အရေး (အပိုင်း - ၅)
~“နှမြောစရာကြီးဗျာ။ အထဲဝင်ဖို့ဆိုတာ အခင်းအကျင်းကြီးကို အရင်ဖောက်ရမှာ။ ပြီးရင် အထဲက ကျန်နေတဲ့ ၀င်္ကပါတွေနဲ့ တားမြစ်ချက်တွေကိုပါ ရှင်းထုတ်ပစ်ရဦးမှာဆိုတော့... တကယ်ကို သောက်ရမ်း ခက်ခဲတဲ့ ကိစ္စကြီးပဲ”
တာအိုမိတ်ဆွေ မာရှီချင်း ၏ စကားများကို ကြားလိုက်ရသောအခါ စုယွီ ၏ ရင်ထဲတွင် တဒိတ်ဒိတ် ခုန်လှုပ်သွားခဲ့၏။
'ဟင်... အလယ်ဗဟိုက လုံခြုံတယ် ဟုတ်လား။ ပြီးတော့ ရှေးဟောင်း ကောင်းကင်ဖီးနစ် သွေးမျိုးဆက် ပါဝင်နေတဲ့ စတုတ္ထအဆင့် အထွတ်အထိပ် မိစ္ဆာသားရဲကြီးရဲ့ အရိုးစုကြီးတဲ့လား။ သေစမ်း... ငါ့လောဘတွေတောင် ထကြွလာပြီ။ သွားရည်ကျစရာကြီးပါလား။'
ထိုအကြောင်းကို တွေးမိလိုက်သည်နှင့် စုယွီ သည် ရုတ်တရက် အလွန်အမင်း ဆွဲဆောင်ဖြားယောင်းခြင်း ခံလိုက်ရတော့သည်။
'ထိုက်ရွှီ ဆိုတဲ့ ငှက်ကောင်က ဒီနှစ်တွေထဲ လော့ယွဲ့ မဟာမိတ်အဖွဲ့ ရဲ့ လျှို့ဝှက်ဂူ နယ်မြေ ထဲမှာ အေးဆေး ကျင့်ကြံနေလိုက်တာ... အခုဆို ဒုတိယအဆင့် အဆင့်မြင့် ကိုတောင် ရောက်နေပြီ။ ဒါပေမယ့် တတိယအဆင့် ကို တက်ဖို့က သူ့အတွက် ထင်သလောက် မလွယ်လှဘူး။ တကယ်လို့များ... အဲဒီ အရိုးစုကြီးကိုသာ သူ့အတွက် အသုံးချလိုက်ရင်... ဘာတွေများ ဖြစ်လာမလဲ။'
စုယွီ သည် တိတ်တဆိတ် စဉ်းစားခန်း ဝင်နေမိ၏။
ထိုက်ရွှီ ဆိုသည်မှာ ယခင်က ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ၏ ခရမ်းရောင်အလင်း နန်းတော် မှ သူ ဖမ်းဆီးရမိခဲ့သော ကြက်နှင့်တူသလို ငှက်နှင့်လည်းတူသော ထူးဆန်းသည့် သတ္တဝါလေးပင် ဖြစ်သည်။ သူ၏ လေ့လာစူးစမ်းမှုများအရ ထိုက်ရွှီ ၏ ကိုယ်တွင်း၌လည်း ကောင်းကင်ဖီးနစ် ၏ သွေးမျိုးဆက် အငွေ့အသက် ခပ်ဖျော့ဖျော့ ပါဝင်နေကြောင်း သိထားခဲ့ရ၏။
သို့သော်လည်း မျိုးဆက်ပေါင်းများစွာ ဆင်းသက်လာခဲ့သော ကောင်းကင်မိုးကြိုး ကြွက် များနှင့် အလားတူပင်၊ ထို အလွန်တရာ အားနည်းဖျော့တော့လှသော သွေးကြောမှာ ကြီးမားသော အကျိုးသက်ရောက်မှု တစ်စုံတစ်ရာမျှ မပေးစွမ်းနိုင်ခဲ့ချေ။ အကယ်၍သာ ၎င်း၏ သွေးကြောကို တဖြည်းဖြည်း ပြောင်းလဲကာ အားကောင်းလာစေမည် ဆိုပါက၊ ထိုသတ္တဝါလေး၏ အလားအလာသည် အတိုင်းအဆမဲ့ ဖြစ်လာနိုင်သည်။
(၁) နာရီခန့် ကြာမြင့်ပြီးနောက်၊
တာ့ယွဲ့ နန်းတော် သို့ သွားရောက်ကာ အရှင်သခင်ကြီး ကုလန် တို့နှင့် တွေ့ဆုံပြီး မြေကမ္ဘာအင်မော်တယ် နယ်မြေ သို့ မထွက်ခွာမီ၊ ဤနေရာရှိ ကိစ္စရပ်များကို အရင်ဆုံး ဖြေရှင်းရန် လိုအပ်နေသေးသဖြင့် စုယွီ နှင့် လော့ချန်ယွီ တို့သည် ယာဉ်ပျံပေါ်မှ ဆင်းသက်လာခဲ့ကြ၏။
စုယွီ က လော့ချန်ယွီ အား လှမ်း၍ အသိပေးလိုက်၏။
“အစ်မ အရင်ဆုံး ယွင်ကျန်းဂိုဏ်း ကို ပြန်နှင့်လိုက်ပါ။ ကျွန်တော် ဆေးလုံးမျှော်စင် တောင်တန်း ဘက်ကို ခဏ ပြန်သွားလိုက်ဦးမယ်။ ပြီးမှ ယွင်ကျန်းဂိုဏ်း ကို လိုက်လာပြီး အစ်မနဲ့ လာတွေ့ပါ့မယ်”
လော့ချန်ယွီ က ခေါင်းအသာညိတ်ပြကာ တိုတိုပြတ်ပြတ် ခွန်းတုံ့ပြန်လိုက်၏။
“အင်း... ပြီးရောလေ”
ထို့နောက် သူတို့နှစ်ဦးသည် လမ်းခွဲခဲ့ကြတော့သည်။
သို့သော်လည်း လမ်းခွဲပြီးသွားချိန်တွင်တော့၊ စုယွီ သည် ခေတ္တမျှ တွန့်ဆုတ် တွေဝေသွားခဲ့ပြီးနောက် သွားကို ကျိတ်ကာ ဖီးနစ် အင်မော်တယ် တောင်ကြား တည်ရှိရာ အရပ်ဆီသို့ ရုတ်တရက် လှည့်ထွက်သွားခဲ့၏။
'လုပ်ရမှာပဲကွာ။ ဒီလောက်တောင် မျက်စိကျစရာ ကောင်းနေတဲ့ အခွင့်အရေးကို လက်လွှတ်ခံလိုက်ရင် တစ်သက်လုံး နောင်တရနေမှာ။ စွန့်စားကြည့်တာပေါ့လေ။'
သူ၏ ရှေ့မှောက်ရှိ ဟင်းလင်းပြင် နယ်မြေတွင် အားလှိုင်းလေးများ ထွက်ပေါ်လာပြီးနောက်၊ စုယွီ က ခြေတစ်လှမ်း လှမ်းဝင်လိုက်သည်နှင့် သူ၏ လူရိပ်မှာ မျက်စိတစ်မှိတ်အတွင်း လုံးဝ ပျောက်ကွယ်သွားခဲ့တော့သည်။
(၁၅) မိနစ်ခန့် ကြာမြင့်ပြီးနောက်၊
ဖီးနစ် အင်မော်တယ် တောင်ကြား ၏ လူသူကင်းမဲ့သော တောအုပ်ငယ် တစ်ခုအတွင်း၌ စုယွီ ၏ လူရိပ်သည် တိတ်ဆိတ်စွာ ထွက်ပေါ်လာခဲ့ပြီး၊ သူသည် သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွ ရှူထုတ်လိုက်၏။ ယွင်ကျန်းဂိုဏ်း အနီးမှနေ၍ ဟင်းလင်းပြင် စွမ်းအားများကို ထိန်းချုပ်ကာ ဤနေရာအထိ လာရောက်ရခြင်းက သူ၏ မန္တန်စွမ်းအား (၈၀) ရာခိုင်နှုန်းခန့်ကို ကုန်ခမ်းသွားစေခဲ့သည်။
'ဟူး... တော်တော်လေး ပင်ပန်းတာပဲ။ မန္တန်စွမ်းအားတွေ တော်တော် ကုန်သွားတယ်။ ဒါပေမယ့် ဟင်းလင်းပြင် စွမ်းအားကတော့ တကယ် အသုံးဝင်တာ အမှန်ပဲ။'
သူသည် မန္တန်စွမ်းအားများကို ဓာတ်ကြီးငါးပါး ကျင့်စဉ် မှတစ်ဆင့် ပြန်လည် ဖြည့်တင်းရန်အတွက် တတိယအဆင့် အဆင့်မြင့် ဝိညာဉ်အရည် (၁၀) စက်ကို တိတ်တဆိတ် မျိုချလိုက်၏။ ဤနေရာ၌ တတိယအဆင့် အဆင့်မြင့် ဝိညာဉ်အရည် အစက် (၃၀) နီးပါးခန့်ကို အပြည့်အဝ သန့်စင်နိုင်ရန်အတွက် နာရီဝက်နီးပါးခန့် အချိန်ယူခဲ့ရသည်။
ထိုအခါမှသာ စုယွီ ၏ မန္တန်စွမ်းအားများသည် အပြည့်အဝ ပြန်လည် ပြည့်ဖြိုးသွားခဲ့တော့သည်။
သူသည် ဖီးနစ် အင်မော်တယ် တောင်ကြား ၏ ဝင်ပေါက်ဆီသို့ တစ်ချက် လှမ်းကြည့်လိုက်ပြီး မသိမသာ ရေရွတ်လိုက်၏။
“ဟက်... ဂိုဏ်းဝင်ပေါက် မဟာ၀င်္ကပါ ကြီးကိုတောင် ဖွင့်ထားကြပါလား။ ကြည့်ရတာ ဒီလူတွေ အပြင်ကို လုံးဝ မထွက်ရဲကြတော့ဘူး ထင်တယ်”
'ဒါ ပိုတောင် ကောင်းသေးတယ်။ ငါ့ကို လာနှောင့်ယှက်မယ့်ကောင် တစ်ကောင်မှ မရှိတော့ဘူးပေါ့။ အေးဆေးပဲ။'
“ဝှီး...”
သူ၏ ခန္ဓာကိုယ်သည် လျင်မြန်စွာ လှုပ်ရှားသွားပြီး အပျက်အစီး နယ်မြေဆီသို့ တိုက်ရိုက် ပျံသန်းသွားတော့သည်။ သွေးရောင် မြူခိုးများ ဖုံးလွှမ်းနေသော နယ်စပ် အစွန်းသို့ ရောက်ရှိသွားသော အခါမှသာ သူသည် ခြေလှမ်းများကို ရပ်တန့်လိုက်၏။
စုယွီ သည် သူ၏ ရှေ့မှောက်ရှိ အပျက်အစီး နယ်မြေကြီးကို စူးစိုက်ကြည့်လိုက်ပြီး သူ၏ မျက်မှောင်များ အနည်းငယ် ကြုံ့ဝင်သွားသည်။ သူ၏ အမြင်တွင်တော့ ဤရှေ့မှ နေရာကြီးသည် လျှို့ဝှက်နယ်မြေ တစ်ခုဟု ခေါ်ဆိုရမည်ထက်၊ ဧရာမ အခင်းအကျင်း ကြီးတစ်ခုဟု တင်စားရသည်က ပို၍ မှန်ကန်နေမည် ဖြစ်၏။
'ဒီနေရာကြီးက သောက်ရမ်းကို အန္တရာယ်များမယ့် ပုံစံကြီးပဲ။ လျှို့ဝှက်နယ်မြေ ဆိုတာထက် သတ်ကွင်း အခင်းအကျင်းကြီးနဲ့ ပိုတူနေတယ်။'
အကယ်၍များ ကြုံတွေ့လာနိုင်သော မမျှော်လင့်ထားသည့် အန္တရာယ်များကို တွေးတောမိသွားပြီးနောက်၊ စုယွီ သည် မိမိ၏ အသက်ကို ကယ်တင်နိုင်မည့် အရာအားလုံးကို ကြိုတင် ပြင်ဆင်ထားလိုက်တော့သည်။ သူသည် တတိယအဆင့် ကာကွယ်ရေး အဆောင်လက်ဖွဲ့ ဆယ်ဂဏန်းခန့်၊ သိုလှောင်ရေး လက်စွပ် အသွင်ရှိသော မှော်ရတနာများ၊ အဆင့်မြင့်ဆုံး မှော်လက်နက် ကာကွယ်ရေး သံချပ်ကာ နှင့် လူများကို ဖုံးကွယ် ဖျောက်ဖျက်ပေးနိုင်သော ဝိညာဉ်သန့်စင်အိုး တို့ကို အသင့်အနေအထား ပြင်ဆင်လိုက်၏။
'ဒီလိုဆိုရင်တော့ အတော်လေး စိတ်ချရသွားပြီ။ အထဲက အခင်းအကျင်း အကြွင်းအကျန်တွေ၊ တားမြစ်ချက်တွေက ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ... တာအိုမိတ်ဆွေ မာ ခန့်မှန်းချက်က လွဲချော်သွားပြီး အထဲရောက်မှ အန္တရာယ်တွေနဲ့ ပက်ပင်းတိုးရင်တောင်မှ... ဟင်းလင်းပြင် စွမ်းအားကို သုံးပြီး ထွက်ပြေးဖို့ အချိန်လေးတော့ ရလောက်ပါသေးတယ်။'
“စမ်းကြည့်လိုက်တာပေါ့လေ”
“ဝုန်း...”
စုယွီ သည် ဓာတ်ကြီးငါးပါး မန္တန်စွမ်းအားများကို လည်ပတ်စေလိုက်ရာ၊ မျက်စိတစ်မှိတ် အတွင်းမှာပင် သူ၏ ရှေ့ရှိ ဟင်းလင်းပြင် နယ်မြေတွင် အားလှိုင်းများ ထွက်ပေါ်လာတော့သည်။ ချီမြစ် ဂိုဏ်းခွဲ ၏ လျှို့ဝှက်နယ်မြေ အတွင်း၌ ဟင်းလင်းပြင် စွမ်းအားကို ထိန်းချုပ်ရသည်ထက်၊ ဤနေရာတွင် ထိန်းချုပ်ရသည်မှာ များစွာ ပိုမို လွယ်ကူ ချောမွေ့နေကြောင်းကို သူ တွေ့ရှိလိုက်ရ၏။
စုယွီ သည် ဟင်းလင်းပြင် စွမ်းအားကို အသုံးချကာ ထိုအားလှိုင်းများ အတွင်းသို့ အလွယ်တကူပင် လှမ်းဝင်သွားတော့သည်။
သူ၏ မျက်စိရှေ့မှ မြင်ကွင်းများ ပြောင်းလဲသွားပြီးနောက်၊ စုယွီ သည် ခြေနှစ်ဖက်ဖြင့် မြေပြင်ပေါ်သို့ အခိုင်အမာ ရပ်တည်လျက် ထွက်ပေါ်လာခဲ့၏။ သူ၏ မျက်နှာအမူအရာမှာ အလွန် လေးနက်တည်ငြိမ်နေပြီး ပတ်ဝန်းကျင်ကို အကဲခတ်နေခဲ့၏။
သူ၏ အမြင်အာရုံထဲတွင်တော့ သွေးရောင်များဖြင့် နီရဲနေသော လောကကြီး တစ်ခုကို မြင်တွေ့လိုက်ရ၏။ ပတ်ဝန်းကျင် တစ်ခွင်လုံးတွင် ညှီစော်နံလှသော သွေးနံ့များနှင့် မကောင်းဆိုးဝါး ချီ များ ပြည့်နှက်နေပြီး၊ ငရဲပြည် တစ်ခုအလား ကြောက်မက်ဖွယ် ကောင်းလှသည်။ အတိတ်ကာလများက ဤနေရာတွင် သက်ရှိ မည်မျှပင် သေဆုံးခဲ့ရသည်ကို မှန်းဆ၍ပင် မရနိုင်လောက်အောင် ဆိုးရွားလှ၏။
မြေပြင်ပေါ်တွင်တော့ မရေမတွက်နိုင်အောင် များပြားလှသော အရိုးစုများ ပြန့်ကျဲနေပြီး၊ အရိုးပင်လယ်ကြီး တစ်ခုနှင့်ပင် တူနေတော့သည်။ ထိုအရိုးစုများကို သေချာစွာ ကြည့်ရှုလိုက်သောအခါ၊ ဤနေရာတွင် သေဆုံးခဲ့ရသူ အများစုမှာ မိစ္ဆာသားရဲများ ဖြစ်ကြောင်း သူ တွေ့ရှိလိုက်ရ၏။
'ဟင်... ဘာလို့ မိစ္ဆာသားရဲ တွေချည်းပဲ သေနေရတာလဲ။ ဒီမှာ ဘာတွေများ ဖြစ်ခဲ့တာပါလိမ့်။ ထူးဆန်းလိုက်တာ။'
ယခု သူ ရောက်ရှိနေသော နေရာမှာ အတော်အတန် ကြီးမားကျယ်ဝန်းလှသော ယဇ်ပလ္လင်ကြီး တစ်ခုပေါ်တွင် ဖြစ်သည်။ ထို ယဇ်ပလ္လင်ကြီးကို မည်သည့် ကိစ္စများအတွက် အသုံးပြုခဲ့သည်ကိုတော့ သူ လုံးဝ မသိရှိခဲ့ချေ။
မည်သို့ပင်ဖြစ်စေ၊ သူ ဤနေရာသို့ ရောက်လာခြင်းက မည်သည့် မလိုလားအပ်သော မတော်တဆမှုများကိုမျှ မဖြစ်ပေါ်လာစေခဲ့ပေ။ ပတ်ဝန်းကျင် တစ်ခွင်လုံးတွင် ဖုံးလွှမ်းနေသော သွေးရောင် မြူခိုးများ ပင်လျှင် ယဇ်ပလ္လင် ၏ အပြင်ဘက်တွင်သာ ပိတ်ဆို့ဟန့်တားခြင်း ခံထားရပြီး၊ သူ့အပေါ်သို့ တစ်စုံတစ်ရာမျှ သက်ရောက်မှု မရှိခဲ့ချေ။
'တော်သေးတာပေါ့။ တာအိုမိတ်ဆွေ မာ တွက်ထားတာ အတော်လေး မှန်သွားတယ်။ လုံခြုံရေးကတော့ စိတ်ချရပါသေးတယ်။'
စုယွီ ၏ စိတ်ထဲတွင် အနည်းငယ် နေမထိထိုင်မသာ ဖြစ်စေခဲ့သည့် တစ်ခုတည်းသော အရာမှာ ယဇ်ပလ္လင်ပေါ်တွင် ရှိနေသော ငှက်နှင့်တူသည့် ဧရာမ အရိုးစုကြီး တစ်ခုပင် ဖြစ်သည်။ ထိုအရိုးစုကြီးမှာ အရှည် (၂၀) မှ (၃၀) ပေခန့်အထိ ရှိပြီး၊ နီရဲရဲ အရောင်အဆင်း ရှိနေခဲ့၏။ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်ငြားလည်း၊ ၎င်း၏ အရိုးစုကြီးမှာ အချိန်ကာလ၏ ရိုက်ခတ်မှုများကို အံတုကာ မားမားမတ်မတ် ရပ်တည်နေဆဲပင် ဖြစ်သည်။
ထိုအရိုးစုကြီးထံမှနေ၍ စိတ်ကူးဖြင့်ပင် မှန်းဆ၍ မရနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းလှသည့် အရှိန်အဝါကြီး တစ်ခုသည် ပတ်ဝန်းကျင် တစ်ခွင်လုံးသို့ ပျံ့နှံ့နေခဲ့သည်။ ထိုအရှိန်အဝါ၏ အစွမ်းထက်မှုမှာ မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး များ ဖြစ်ကြသော အရှင်သခင်ကြီး ကုလန် နှင့် တာ့ယွဲ့ နန်းတော် ၏ ရှေးဟောင်း ဘိုးဘေးကြီး နတ်မိမယ် လျူရွှီး တို့ထက် လုံးဝ မနိမ့်ကျခဲ့ချေ။ မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ သေဆုံးခဲ့ပြီးသည့်တိုင်အောင် ဤမျှလောက် အရှိန်အဝါ ကြီးမားနေဆဲပင် ဖြစ်၏။
ဤအရိုးစုကြီးကို ကြည့်ခြင်းအားဖြင့်၊ ၎င်းသည် ရှေးဟောင်းခေတ် ကာလများက မည်မျှလောက် ပြိုင်ဘက်ကင်းစွာ ခမ်းနားကြီးကျယ်ခဲ့မည်ကို စုယွီ တစ်ယောက် ခပ်ရေးရေးမျှ မှန်းဆကြည့်နိုင်ခဲ့သည်။ ဤသတ္တဝါကြီးသည် ယုံမှားသံသယဖြစ်ဖွယ် မရှိဘဲ၊ ကောင်းကင်ယံကို စိုးမိုးခဲ့သော ကောင်းကင် မိစ္ဆာသားရဲ များ၏ အရှင်သခင်ကြီး တစ်ပါး အသေအချာပင် ဖြစ်၏။
'ကြောက်စရာ ကောင်းလိုက်တဲ့ အကောင်ကြီး။ အသက်ရှင်နေတုန်းကဆိုရင် ဘယ်လောက်တောင် သောင်းကျန်းခဲ့မလဲ မသိဘူး။ တကယ့်ကို မိုးပျံ မိစ္ဆာတွေရဲ့ ဘုရင်ကြီးပဲ။'
ထိုအရိုးစုကြီးကို စူးစိုက်ကြည့်ရင်း စုယွီ သည် အသက်ရှူရန်ပင် မေ့လျော့သွားခဲ့ပြီး သူ၏ သူငယ်အိမ်များသည် ပြင်းထန်စွာ ကျုံ့ဝင်သွားသည်။ သူ၏ ကောင်းကင်ဖီးနစ် နိဗ္ဗာန် ကျင့်စဉ် ၏ ထက်မြက်လှသော အာရုံခံစားမှုအောက်တွင်၊ ဤအရိုးစုကြီးထံမှ ထွက်ပေါ်နေသော ကောင်းကင်ဖီးနစ် ၏ သွေးမျိုးဆက် အရှိန်အဝါမှာ ထိုက်ရွှီ ငှက်သတ္တဝါလေးထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါထက် များစွာ ပိုမို ပြင်းထန်နေကြောင်းကို သူ အမှန်တကယ်ပင် ခံစားသိရှိလိုက်ရသည်။
သူသည် အလွန်အမင်း အံ့အားသင့် တုန်လှုပ်သွားခဲ့ပြီး မိမိဘာသာ တီးတိုး ရေရွတ်လိုက်မိ၏။
“ဒါ... ဒါက တကယ်ပဲ... ကောင်းကင်ဖီးနစ် သွေးမျိုးဆက် အကြွင်းအကျန်တွေ ပါဝင်နေတဲ့ မိစ္ဆာသားရဲ အရိုးစုကြီး ဖြစ်နေတာလား”
သူသည် ထိုအရိုးစုကြီးကို အနီးကပ် သေချာစွာ စစ်ဆေးကြည့်လိုက်သော်လည်း၊ မည်သည့် ဒဏ်ရာဒဏ်ချက်များ သို့မဟုတ် ပြတ်ရှရာများကိုမျှ မတွေ့ရှိခဲ့ရပေ။ ဤမျှလောက် ဧရာမ သတ္တဝါကြီး တစ်ကောင်သည် ဤနေရာတွင် အဘယ်ကြောင့် ကျဆုံးခဲ့ရသနည်း ဆိုသည်မှာ ခန့်မှန်းရ ခက်ခဲလှသည်။
'ဒဏ်ရာ တစ်ချက်မှ မရှိဘဲ ဘယ်လိုလုပ် သေသွားရတာလဲ။ ထူးဆန်းလိုက်တာ... အဆိပ်သင့်တာများလား။ ဘာပဲဖြစ်ဖြစ်လေ... ကိုယ့်ကိစ္စမှ မဟုတ်တာ။'
'ထားလိုက်တော့ကွာ။ အရင်ဆုံး သိမ်းထားလိုက်တာ အကောင်းဆုံးပဲ။ နောက်မှ အေးဆေး စဉ်းစားတော့မယ်။ လောလောဆယ် ရတာ ယူထားမှ။'
စုယွီ သည် ရွှေပုစဉ်း နည်းစနစ် ကို လည်ပတ်စေလိုက်ပြီး၊ သူ၏ အားကောင်းလှသော ဝိညာဉ်စွမ်းအားများဖြင့် သူ၏ ရှေ့မှောက်ရှိ ကြောက်မက်ဖွယ်ကောင်းသော ငှက်မိစ္ဆာ အရိုးစုကြီးကို ဆွဲယူကာ၊ ချင်းယွဲ့ လက်စွပ် အတွင်းသို့ သိမ်းဆည်းလိုက်တော့သည်။
ထို မိစ္ဆာသားရဲ အရိုးစုကြီး ပျောက်ကွယ်သွားသည့် အခိုက်အတန့်မှာပင်၊ ၎င်းထံမှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ် အရှိန်အဝါကြီးမှာလည်း ချက်ချင်းပင် လုံးဝ ပျောက်ကွယ်သွားခဲ့တော့သည်။
ထိုအခါ... နောက်တစ်စက္ကန့်တွင်တော့၊
မူလက ယဇ်ပလ္လင် အပြင်ဘက်တွင် ပိတ်ဆို့ဟန့်တားခြင်း ခံထားရသော သွေးရောင် မြူခိုးများသည် အလွန်တရာ မြန်ဆန်လှသော အရှိန်အဟုန်ဖြင့် ယဇ်ပလ္လင် အတွင်းသို့ အလုအယက် ပြည့်နှက် ဝင်ရောက်လာသည်ကို စုယွီ တစ်ယောက် မြင်တွေ့လိုက်ရတော့သည်။
'ဟိုက်... သွားပြီ... အရိုးစုကြီးက ဒီမြူခိုးတွေကို တားထားတာကိုး။ ငါလည်း မသိဘဲ အရိုးစုကို ကောက်သိမ်းလိုက်တော့ မြူခိုးတွေ ဝင်လာပြီပေါ့။ လစ်မှ လစ်မှ…’
wunzinnosp
အခန်း (၄၄၆) - အပျက်အစီးနယ်မြေသို့ ဝင်ရောက်ခြင်း၊ အခွင့်အရေး (အပိုင်း - ၆)
~သွေးရောင်မြူခိုးများ အလုအယက် ပြည့်နှက် ဝင်ရောက်လာသည်ကို မြင်လိုက်ရသောအခါ၊ စုယွီ ၏ မျက်နှာအမူအရာသည် ရုတ်တရက် အကြီးအကျယ် ပြောင်းလဲသွားတော့သည်။
“ဝုန်း”
မည်သည့် တွေဝေ တုံ့ဆိုင်းမှုမျှ မရှိတော့ဘဲ၊ စုယွီ သည် ဟင်းလင်းပြင် စွမ်းအားများကို ချက်ချင်းပင် လည်ပတ်စေလိုက်ပြီး၊ ဤ အပျက်အစီး နယ်မြေ ထဲမှနေ၍ မျက်စိတစ်မှိတ် အတွင်းမှာပင် တိုက်ရိုက် ထွက်ပြေး လွတ်မြောက်သွားတော့သည်။ မည်သည့် နောင်တ၊ မည်သည့် နှမြောတသမှုမျှ သူ၏ စိတ်ထဲတွင် မရှိခဲ့ချေ။
'အမလေး... မြန်မြန် လစ်မှ... ဒီမြူခိုးတွေမိလို့ကတော့ အရိုးတောင် ရှာတွေ့မှာ မဟုတ်ဘူး... ရတနာရတာနဲ့ အသက်နဲ့ ဘယ်ဟာ အရေးကြီးလဲ... လစ်ပြီဟေ့'
ဤ အပျက်အစီး နယ်မြေ အတွင်း၌ အခြားသော အခွင့်အရေးများစွာ ရှိနေနိုင်သေးသည် မှန်သော်လည်း၊ သူသည် လောဘကြီးသူ တစ်ယောက် မဟုတ်ခဲ့ပေ။ ရသင့်ရထိုက်သည်ကို ရပြီးလျှင် ကျေနပ်တတ်သူ ဖြစ်၏။
မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင်။
စုယွီ ၏ လူရိပ်သည် ဖီးနစ် အင်မော်တယ် တောင်ကြား ၏ အပြင်ဘက်သို့ လုံခြုံစွာ ရောက်ရှိလာခဲ့တော့၏။ သူသည် ချက်ချင်းပင် မိမိ၏ အရှိန်အဝါကို ဖုံးကွယ်ပေးသော အဆောင်လက်ဖွဲ့ တစ်ခု၊ ကိုယ်ပျောက် အဆောင်လက်ဖွဲ့ တစ်ခု နှင့် ခရမ်းရောင် လမင်း အဆောင်လက်ဖွဲ့ တစ်ခုတို့ကို မိမိကိုယ်ပေါ်သို့ ကပ်လိုက်ပြီးနောက်၊ တာ့ယွဲ့ နယ်မြေ တည်ရှိရာ အရပ်ဆီသို့ အပြင်းအထန် ပျံသန်း ထွက်ပြေးတော့သည်။
ဖီးနစ် အင်မော်တယ် တောင်ကြား မှ ခပ်လှမ်းလှမ်းသို့ ရောက်ရှိသွားသော အခါမှသာ၊ စုယွီ သည် ဟင်းလင်းပြင် စွမ်းအားများကို ထပ်မံ အသုံးပြုကာ မိုင်ထောင်ချီ ကွာဝေးသော နေရာဆီသို့ ခြေလှမ်း တစ်လှမ်းတည်းဖြင့် ကူးဖြတ်သွားတော့သည်။
ဟင်းလင်းပြင် စွမ်းအားများကို အကြိမ်ကြိမ် အဖန်ဖန် အသုံးပြုပြီးနောက်၊ သူ၏ မန္တန်စွမ်းအား (၈၀) မှ (၉၀) ရာခိုင်နှုန်းခန့် ကုန်ခမ်းသွားချိန်တွင်တော့၊ စုယွီ သည် ဆေးလုံးမျှော်စင် တောင်တန်း သို့ အောင်မြင်စွာ ပြန်လည် ရောက်ရှိလာခဲ့တော့၏။
သူသည် ယွီချန်ချင်း၊ စုချီ နှင့် စုရွေ့အန်း တို့ကို ချက်ချင်း အခေါ်လွှတ်လိုက်ပြီး၊ သူ တာ့ချန် အင်မော်တယ် လောက ၏ ဗဟိုချက်မ ဒေသဆီသို့ သွားရောက် ကျင့်ကြံမည့် အစီအစဉ်ကို ပြောပြလိုက်၏။
ယွီချန်ချင်း ၏ နှလုံးသားလေးသည် တဒိတ်ဒိတ် ခုန်လှုပ်သွားခဲ့ပြီး၊ သူမက စုယွီ အား စိုးရိမ်တကြီးဖြင့် မေးလိုက်၏။
“မင်း... မင်း ထွက်သွားတော့မလို့လား”
စုယွီ သည် တည်ငြိမ်သော မျက်နှာထားဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ခွန်းတုံ့ပြန်လိုက်၏။
“တာ့ယွဲ့ နယ်မြေ က ကျင့်ကြံခြင်း အရင်းအမြစ်တွေက ရွှေအမြုတေ အဆင့် တွေအတွက်တော့ နည်းနည်း မလောက်မင ဖြစ်နေပြီ အစ်မ။ အခု တာ့ချန် အင်မော်တယ် လောက ရဲ့ အလယ်ဗဟိုကို သွားဖို့ အခွင့်အရေး ရတုန်းလေး... ကျွန်တော် သွားကြည့်ချင်လို့ပါ”
စုချီ ၏ မျက်နှာလေးပေါ်တွင် နှမြောတသမှုများ အပြည့်ဖြင့် သူမက မေးလာ၏။
“ဦးလေးယွီ... ဦးလေး ပြန်... ပြန်လာမှာ မဟုတ်လားဟင်”
စုယွီ က သူမအား နူးညံ့စွာ နှစ်သိမ့်လိုက်၏။
“ဒါပေါ့... ပြန်လာမှာပေါ့... အမြန်ဆုံး ဆိုရင်တော့ အနှစ် (၁၀) ဒါမှမဟုတ် (၂၀) လောက်ပေါ့။ အကြာဆုံးမှ အနှစ် (၃၀) ကနေ (၄၀) အတွင်းလောက်ပဲ ကြာမှာပါ... ဦးလေး သေချာပေါက် ပြန်လာခဲ့ပါ့မယ်”
စုရွေ့အန်း အား မိသားစု ကိစ္စအဝဝကို သေချာစွာ ဂရုစိုက်ရန် မှာကြားပြီးနောက်၊ စုယွီ သည် ယွီချန်ချင်း နှင့် စုချီ တို့ဘက်သို့ လှည့်ကာ တိုက်တွန်း ပြောဆိုလိုက်၏။
“ကျွန်တော် ထွက်သွားပြီးရင်... ခယ်အာ ရော ထျန်းလင် ရော... လော့ယွဲ့ မဟာမိတ်အဖွဲ့ ရဲ့ လျှို့ဝှက်ဂူ နယ်မြေ ထဲကို ဝင်ပြီး ကျင့်ကြံကြလိမ့်မယ်။ အစ်မတို့ရော... အဲဒီကို အတူတူ သွားကြမလား။ အဲဒီအထဲမှာ ကျင့်ကြံမယ် ဆိုရင်... အနည်းဆုံးတော့ ရွှေအမြုတေ အဆင့် ကို ချိုးဖျက် ဝင်ရောက်နိုင်မယ့် အခွင့်အရေးလေးတော့ ရနိုင်တာပေါ့။ ပြီးတော့ လူများများ ရှိနေတော့လည်း... အစ်မတို့ သိပ်ပြီး အထီးကျန် မဆန်ရတော့ဘူးပေါ့”
စုယွီ ၏ တိုက်တွန်းမှုကြောင့်၊ ယွီချန်ချင်း နှင့် စုချီ တို့ နှစ်ဦးစလုံးသည် လော့ယွဲ့ မဟာမိတ်အဖွဲ့ ၏ လျှို့ဝှက်ဂူ နယ်မြေ သို့ သွားရောက်ရန် ရွေးချယ်လိုက်ကြ၏။
ထို့နောက် စုယွီ သည် သူတို့ နှစ်ဦးကို ခေါ်ဆောင်ကာ၊ ယွင်ကျန်းဂိုဏ်း သို့ သွားရောက်ပြီး လော့ချန်ယွီ၊ ယွီခယ်အာ နှင့် အခြားသူများနှင့် သွားရောက် ပူးပေါင်းတော့သည်။
*
လဝက်ခန့် ကြာမြင့်ပြီးနောက်၊
တာ့ယွဲ့ တောင်တန်း ၏ အလယ်ဗဟို၊ လော့ယွဲ့ မဟာမိတ်အဖွဲ့ ၏ လျှို့ဝှက်ဂူ နယ်မြေ။
စုယွီ သည် ယွီခယ်အာ၊ မာထျန်းလင်၊ လော့ချန်ယွီ တို့နှင့်အတူ ဤနေရာသို့ ပြန်လည် ရောက်ရှိလာခဲ့တော့၏။ ဒါက လော့ချန်ယွီ အတွက် ပထမဆုံး အကြိမ် ရောက်ဖူးခြင်း ဖြစ်သဖြင့်၊ သူမသည် နေရာအနှံ့အပြားကို အလွန်အမင်း စိတ်ဝင်တစား လိုက်လံ ကြည့်ရှုနေခဲ့၏။
ချင်းယွဲ့ တောင်ထွတ် ပေါ်တွင်တော့။
လော့ချန်ယွီ သည် စုယွီ နှင့်အတူ လိုက်ပါသွားရင်း၊ ဤနေရာရှိ စုယွီ ၏ ဆေးဥယျာဉ်ငယ်လေးကို မြင်တွေ့ခဲ့ရသကဲ့သို့၊ ရေခဲကြေးခွံ ငါး များ ပြည့်နှက်နေသော ရေကန်ကြီးကိုလည်း မြင်တွေ့ခဲ့ရ၏။ ထို့အပြင် ဝိညာဉ် စာရယူခြင်း နည်းစနစ် ကို ကျင့်ကြံနေကြသော ရေခဲကြေးခွံ ငါး အချို့ကိုပင် တွေ့မြင်ခဲ့ရသေး၏။
သူမသည် မိစ္ဆာဘုရင်ကြီး ဖြစ်သော ကောင်းကင်မိုးကြိုး ကြွက်ဘုရင် နှင့် သူ၏ မိစ္ဆာအုပ်စုကြီးကိုလည်း တွေ့မြင်ခဲ့ရသည်။ စုယွီ က ထိုမိစ္ဆာအုပ်စုကြီးကို ဝိညာဉ်အရည်များ တိုက်ကျွေးကာ၊ ဝိညာဉ် ဆေးပင်များကိုလည်း ဝိညာဉ်အရည်များဖြင့် ရေလောင်းပေါင်းသင် နေပုံတို့ကိုလည်း အံ့သြဖွယ်ရာ မြင်တွေ့ခဲ့ရ၏။
ပထမဆုံး အကြိမ်အဖြစ်၊ လော့ချန်ယွီ ၏ ရင်ထဲတွင် စုယွီ ၏ လျှို့ဝှက်ချက် အချို့ကို ကိုယ်တိုင်ကိုယ်ကျ သိရှိခွင့် ရလိုက်သကဲ့သို့ ခံစားရကာ ဝမ်းသာပီတိ ဖြစ်သွားခဲ့၏။
ရုတ်တရက် လော့ချန်ယွီ က ဖွင့်ဟဝန်ခံလိုက်၏။
“တကယ်တော့လေ... ဒီလို နေရာမျိုးမှာ အေးအေးဆေးဆေး တံခါးပိတ် ကျင့်ကြံနေရတာလည်း သိပ်ကောင်းတာပဲနော်”
သို့သော် စုယွီ က ခေါင်းခါယမ်းကာ ပြန်လည် ချေပလိုက်၏။
“ပတ်ဝန်းကျင်ကတော့ မဆိုးပါဘူး... ဒါပေမယ့် အရင်းအမြစ်တွေက သိပ်ရှားပါးလွန်းတယ် အစ်မရဲ့။ ကျွန်တော် ကျင့်ကြံတာတွေ အောင်မြင်ပြီး ပြန်လာတဲ့ တစ်နေ့ကျရင်တော့... ဒီနေရာလေးမှာပဲ အေးအေးဆေးဆေး တံခါးပိတ် နေချင် နေဖြစ်မှာပါ”
အနာဂတ်မှာတဲ့လား။
လော့ချန်ယွီ ၏ နှလုံးသားထဲတွင် မလွှဲမရှောင်သာ မျှော်လင့်ချက်လေးများ ရှင်သန် ထွက်ပေါ်လာခဲ့တော့သည်။
လော့ယွဲ့ မဟာမိတ်အဖွဲ့ ၏ လျှို့ဝှက်ဂူ နယ်မြေ သို့ ပြန်ရောက်ပြီးနောက်၊ စုယွီ သည် မိစ္ဆာဘုရင်ကြီး ကောင်းကင်မိုးကြိုး ကြွက်ဘုရင်၊ မိစ္ဆာအုပ်စု၏ တစ်ဝက်ခန့် နှင့် ထိုက်ရွှီ သတ္တဝါလေးတို့ကို မိမိနှင့်အတူ ခေါ်ဆောင်သွားရန် ပြင်ဆင်လိုက်၏။ မြေကမ္ဘာ မီးလျှံ မျောက်ဝံ များ၊ အမွှေးနက် လင်းယုန် များ ကဲ့သို့သော အခြား ယဉ်ပါးပြီး မိစ္ဆာသားရဲ များကိုမူ ဤနေရာ၌ပင် ချန်ထားရစ်ခဲ့၏။
လွန်ခဲ့သော တစ်လကျော်ခန့်က၊ လော့ချင်းယာ သည် ရွှေအမြုတေ အဆင့် (၁) သို့ အောင်မြင်စွာ ချိုးဖျက် ဝင်ရောက်နိုင်ခဲ့၏။ ဤ ဝမ်းသာစရာ သတင်းလေးက စုယွီ ထွက်ခွာသွားရမည့် အချိန် နီးကပ်လာ၍ ဖြစ်ပေါ်နေသော ဝမ်းနည်းပူဆွေးမှုများကို အနည်းငယ်တော့ ပြေလျော့သွားစေခဲ့သည်။
မျက်ရည်စများဖြင့် ပြည့်နှက်နေသော မာထျန်းလင် ၏ မျက်နှာလေးမှာ တကယ်ကို သနားကရုဏာ သက်ဖွယ် ကောင်းလှသည်။ အထူးသဖြင့် သူမ၏ ဟွိုင်ယင်း ဝိညာဉ်ခန္ဓာ ၏ အကျိုးသက်ရောက်မှုများ ပိုမို ထင်ရှား ပေါ်လွင်လာပြီးနောက်၊ သူမ၏ အပြုံးလေး တစ်ချက်၊ မျက်မှောင်ကြုံ့မှုလေး တစ်ချက်ကပင် ကြည့်ရှုသူ၏ နှလုံးသား ကြိုးအင်များကို ဆွဲလှုပ်ကိုင်ခါနိုင်လောက်အောင် ဆွဲဆောင်မှု ရှိလွန်းနေသည်။
သူမ၏ ကိုယ်နေဟန်ထားနှင့် ရုပ်ဆင်းသွင်ပြင်မှာ အရွယ်ရောက်လာသည်နှင့်အမျှ လုံးဝ ပြီးပြည့်စုံစွာ ပွင့်လန်းလာခဲ့တော့၏။
သူမ၏ မျက်ဝန်းလေးများမှာ တောက်ပသော ဆွဲဆောင်မှုများဖြင့် ပြည့်လျှံနေပြီး၊ အစိမ်းနုရောင် ပိုးသားပါးပါး ဂါဝန်လေးကို ဆင်မြန်းထား၏။ သူမ၏ အလှတရားမှာ နူးညံ့သိမ်မွေ့ပြီး ကျိုးပဲ့လွယ်မယောင် ထင်ရကာ၊ သူမ၏ လက်ချောင်းလေးများမှာ အခွံနွှာခါစ ကြက်သွန်မြိတ်လေးများအလား သွယ်လျလှပနေသည်။ သူမ၏ နှုတ်ခမ်းလေးများမှာလည်း ရွှန်းစို နီမြန်းနေလေ၏။
သူမ၏ ဆွဲဆောင်မှုမှာ အရိုးအဆစ်ကင်းမဲ့သည့်အလား နူးညံ့ ပျော့ပျောင်းနေပြီး၊ မျက်စိကျိန်းမတတ် လှပလွန်းသော အလှတရား၏ နယ်ပယ်ထဲသို့ ကျူးကျော် ဝင်ရောက်နေခဲ့တော့၏။
ဤ ဟွိုင်ယင်း ဝိညာဉ်ခန္ဓာ ၏ ဆွဲဆောင်မှု အရှိန်အဝါမှာ စုယွီ တွေးထင်ထားခဲ့သည်ထက်ပင် များစွာ ပိုမို ကြောက်မက်ဖွယ် ကောင်းကာ အံ့မခန်း ဖြစ်နေခဲ့သည်။ မျက်ရည်လေးများ ဝဲကာ လှပလွန်းနေသော ဤအချိန်လေးတွင် ဆိုလျှင်တော့ ပြောဖွယ်ရာပင် မရှိတော့ချေ။ စုယွီ ၏ နှလုံးသားကိုပင် တုန်ခါသွားစေခဲ့၏။
မာထျန်းလင် က ဝမ်းနည်းပူဆွေးမှုများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် စုယွီ ကို ကြည့်ကာ ပြောလိုက်သည်။
“ဦးလေး... ဦးလေးက အနည်းဆုံး နောက် အနှစ် (၂၀)၊ (၃၀) လောက် နေမှ သွားမယ် ဆို... အခု ဘာလို့...”
စုယွီ သည် ရွှေပုစဉ်း နည်းစနစ် ကို ချက်ချင်း လည်ပတ်စေလိုက်ပြီး သူ၏ ရင်ထဲတွင် ရုတ်တရက် ပေါ်ပေါက်လာသော ဆန္ဒများကို ဖိနှိပ် ချုပ်တည်းလိုက်ရ၏။
'ဟူး... ဒီကလေးမလေးရဲ့ ဆွဲဆောင်မှုက တကယ်ကို ကြောက်စရာ ကောင်းတာပဲ။ စိတ်ကို မနည်း ထိန်းနေရတယ်။ ငါ့လို တည်ငြိမ်တဲ့ကောင်တောင် ယိုင်သွားမလို ဖြစ်သွားတယ်။'
သူသည် မာထျန်းလင် ကို ခေတ္တမျှ စိုက်ကြည့်နေပြီးနောက် ညင်သာစွာ ပြန်ပြောလိုက်၏။
“ငါ အခုလို စောစော သွားလိုက်တော့... ပိုစောစော ပြန်ရောက်လာနိုင်တာပေါ့”
“တကယ်လို့ မင်းသာ ဒီမှာ အေးအေးဆေးဆေး တံခါးပိတ် ကျင့်ကြံနေမယ် ဆိုရင်... တံခါးပိတ် ကျင့်ကြံတာကနေ မင်း ပြန်ထွက်လာမယ့် အချိန်ကျရင် ငါ ပြန်ရောက်နေလောက်ပြီ”
မာထျန်းလင် အား နူးညံ့စွာ နှစ်သိမ့်မှာကြားပြီးနောက်၊ သူမ၏ နောင် ကျင့်ကြံရေး ခရီးစဉ်အတွက် သတိထားရမည့် အချက်များကို သေချာစွာ ရှင်းပြလိုက်၏။ သူ ချန်ထားခဲ့သော ရှေးဟောင်း သိုင်းကျမ်းများကို များများ ဖတ်ရှုရန်နှင့်၊ သူမ၏ ဝိညာဉ်ခန္ဓာ ၏ အလားအလာများကို အပြည့်အဝ ဖော်ထုတ်နိုင်ရန် ကြိုးစားရန်၊ အချိန်တိုအတွင်း အဆင့်တက်မြန်စေရန်အတွက် ရွှေအမြုတေ အဆင့် ကို အလောတကြီး မချိုးဖျက်ရန် အထူး မှာကြားခဲ့သည်။
သုံးရက် ကြာပြီးနောက်၊
စုယွီ သည် ဟင်းလင်းပြင် စွမ်းအားများကို လည်ပတ်စေကာ လော့ယွဲ့ မဟာမိတ်အဖွဲ့ ၏ လျှို့ဝှက်ဂူ နယ်မြေ ထဲမှနေ၍ ထွက်ခွာသွားခဲ့တော့သည်။
တာ့ယွဲ့ တောင်တန်း မှ ထွက်ခွာလာပြီးနောက်၊ စုယွီ သည် သူ၏ ယာဉ်ပျံကို ထုတ်ယူကာ လော့ချန်ယွီ နှင့်အတူ တာ့ယွဲ့ နန်းတော် ဆီသို့ ဦးတည် ပျံသန်းသွားတော့သည်။
လော့ချန်ယွီ က သူ့ကို ကြည့်ကာ မေးလိုက်၏။
“ဟို ကလေးမလေးက... တာအိုမိတ်ဆွေ မာ ရဲ့ မိသားစုဝင်လား”
စုယွီ က ခေါင်းညိတ်ပြလိုက်ပြီး ခွန်းတုံ့ပြန်လိုက်၏။
“ဟုတ်တယ် အစ်မ... အရင်တုန်းက တာအိုမိတ်ဆွေ မာ က သူ့ကို တပည့်အဖြစ် လက်ခံပေးဖို့ ကျွန်တော့်ကို တောင်းဆိုခဲ့ဖူးတယ်။ ဒါပေမယ့် တာ့ယွဲ့ နယ်မြေ ကနေ ကျွန်တော် ထွက်သွားတော့မယ့် ကိစ္စကို တွေးမိတော့... ကျွန်တော် လက်မခံခဲ့ဘူး”
လော့ချန်ယွီ ၏ အကြည့်များမှာ အနည်းငယ် နက်ရှိုင်းသွားပြီး၊ သူမက ခပ်ဖွဖွ ရယ်မောရင်း ပြောလိုက်၏။
“တာအိုမိတ်ဆွေ မာ ကတော့ တကယ်ကို ကံကောင်းတာပဲနော်... ဒီလို ပါရမီရှင် မျိုးဆက်လေး တစ်ယောက် ရထားတာ”
စုယွီ သည် ခေတ္တမျှ စဉ်းစားခန်း ဝင်သွားပြီးနောက် ရှင်းပြလိုက်၏။
“တကယ်တော့လေ... သူ့ရဲ့ အထူး ခန္ဓာကိုယ် ဖွဲ့စည်းပုံက အင်အားကြီးတဲ့ ကျင့်ကြံသူတွေရဲ့ မကောင်းတဲ့ အကြံအစည်တွေကို အလွယ်တကူ ဆွဲဆောင်နိုင်တာမျိုးသာ မဟုတ်ဘူးဆိုရင်... သူ့ကို မြေကမ္ဘာအင်မော်တယ် နယ်မြေ အထိ ကျွန်တော် ခေါ်သွားပြီး ကျင့်ကြံခိုင်းမိလောက်တယ်”
“သူ့ရဲ့ ပါရမီမျိုးနဲ့ ဆိုရင်တော့ မြေကမ္ဘာအင်မော်တယ် နယ်မြေ က လုံးဝ ငြင်းဆန်မှာ မဟုတ်ဘူးလေ”
“ဒါပေမယ့် အဲဒါက အရမ်း အန္တရာယ်များတယ်။ မြေကမ္ဘာအင်မော်တယ် နယ်မြေ ရဲ့ အင်အားစုတွေ အကြောင်းကို ကျွန်တော်တို့ ကောင်းကောင်း မသိသေးဘူးလေ။ အဲဒီတော့ သွားပြီး စွန့်စားလို့ မဖြစ်သေးဘူး”
“ဒါကြောင့်မို့လို့ သေချာ စဉ်းစားပြီးတဲ့နောက်မှာ... သူ့ကို လော့ယွဲ့ မဟာမိတ်အဖွဲ့ ရဲ့ လျှို့ဝှက်ဂူ နယ်မြေ ထဲမှာပဲ ကျန်ခဲ့ပြီး ကျင့်ကြံခိုင်းဖို့ ဆုံးဖြတ်လိုက်တာပါ”
“နောင်တစ်ချိန်... ဟိုဘက်မှာ ကျွန်တော် အခြေတကျ ဖြစ်သွားပြီး၊ လုံခြုံတဲ့ နေရာတစ်ခု ရသွားပြီ ဆိုရင်တော့... သူတို့ကို ပြန်လာခေါ်မှာပါ”
လော့ချန်ယွီ သည် မည်သည့်စကားမျှ ထပ်မံ မဆိုတော့သော်ငြားလည်း၊ သူမ၏ မျက်နှာပေါ်ရှိ ခပ်ဖျော့ဖျော့ အပြုံးလေးက သူမ၏ စိတ်အခြေအနေ ကောင်းမွန်နေကြောင်းကို သက်သေပြနေခဲ့သည်။
တာ့ယွဲ့ တောင်တန်း သည် တာ့ယွဲ့ နန်းတော် နှင့် သိပ်မဝေးလှပေ။
မကြာမီမှာပင်၊
စုယွီ နှင့် လော့ချန်ယွီ တို့သည် တာ့ယွဲ့ နန်းတော် သို့ ရောက်ရှိလာခဲ့ကြပြီး အရှင်သခင်ကြီး ကုလန် နှင့် အခြားသူများနှင့် သွားရောက် ပူးပေါင်းလိုက်ကြတော့၏။
...
စုယွီ နှင့် သူ၏ အဖွဲ့သားများ တာ့ယွဲ့ နယ်မြေ မှ ထွက်ခွာကာ တာ့ချန် အင်မော်တယ် လောက ၏ ဗဟိုချက်မ ဒေသဆီသို့ သွားရောက်ရန် ပြင်ဆင်နေကြချိန်တွင်၊
ဖုန်းလော့ နယ်မြေ၊ ဖီးနစ် အင်မော်တယ် တောင်ကြားဝယ်၊
“ဝှစ်... ဝှစ်”
ဖီးနစ် အင်မော်တယ် တောင်ကြား သို့ လူရိပ်နှစ်ခု ဆက်တိုက် ဆင်းသက်လာခဲ့ကြ၏။ သူတို့သည် အချင်းချင်း တစ်ချက် အကဲခတ် ကြည့်ရှုလိုက်ကြပြီးနောက်၊ သူတို့၏ အကြည့်များသည် အောက်ဘက်ရှိ သွေးရောင် မြူခိုးများ ဖုံးလွှမ်းနေသော အပျက်အစီး နယ်မြေဆီသို့ ကျရောက်သွားကြသည်။ သူတို့၏ မျက်မှောင်များမှာ အနည်းငယ် ကြုံ့ဝင်သွားကြ၏။
အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင်၊ ထို အပျက်အစီး နယ်မြေ အတွင်း၌ ပြည့်နှက်နေခဲ့သော ခမ်းနားကြီးကျယ်လှသည့် အင်မော်တယ် အရှိန်အဝါကြီးမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သောကြောင့်ပင်။
ဒါက သူတို့ နှစ်ဦးစလုံး အတွက်တော့ လုံးဝ သတင်းကောင်း မဟုတ်ခဲ့ပေ။
မီးတောက်ရောင် ဆံပင်များဖြင့် ကြွက်သားအမြှောင်းမြှောင်း ထနေသော လူသန်ကြီး သည် သူ၏ မျက်နှာချင်းဆိုင်ရှိ လူကို မကျေမနပ် စိုက်ကြည့်လိုက်သည်။
ထိုသူမှာ သပ်ရပ် သေသပ်စွာ ဝတ်စားဆင်ယင်ထားသော ပညာတတ် ပုဂ္ဂိုလ် တစ်ဦး၏ အသွင်အပြင် ရှိသော်ငြားလည်း၊ မိမိ အမုန်းဆုံး ဖြစ်သော ကြောင်သူတော် ကြွက်သူခိုး အယောင်ဆောင် လူကြီးလူကောင်း များနှင့် အလွန် တူနေခဲ့သည်။ သူက မျက်မှောင်ကြုံ့ကာ မေးလိုက်၏။
“ထိုက်ရွှီ ... တာ့ယွဲ့ နန်းတော် ထဲမှာ ဟို အဘွားကြီး လျူရွှီး ကလွဲရင် မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး နောက်တစ်ယောက် ဘယ်သူ ရှိနေသေးလို့လဲ”
wunzinnosp
အခန်း (၄၄၇) - သွေးကြော အဆင့်မြှင့်တင်ခြင်း၊ မြေကမ္ဘာအင်မော်တယ် နယ်မြေ (အပိုင်း - ၁)
~အသားအရည် ဖြူဝင်းနေသော ထိုလူကြီးမှာ အခြားသူမဟုတ်၊ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ၏ ဥက္ကဋ္ဌကြီး ပင် ဖြစ်၏။ သူနှင့် မီးတောက်ရောင် ဆံပင်များဖြင့် လူသန်ကြီး တို့သည် ကောင်းကင်ယံတွင် ရပ်တန့်နေကြပြီး၊ အောက်ဘက်ရှိ မကောင်းဆိုးဝါး သွေးရောင် မြူခိုးများ ဖုံးလွှမ်းနေသော အပျက်အစီး နယ်မြေကြီးကို ငုံ့ကြည့်နေကြ၏။
ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ဥက္ကဋ္ဌကြီး သည် ခမ်းနားထည်ဝါလှသော အနီရောင် ဝတ်ရုံရှည်ကြီးကို ဆင်မြန်းထားပြီး၊ သူ၏ မျက်နှာသွင်ပြင်မှာ လူငယ်လေး တစ်ဦးကဲ့သို့ နုပျို ချောမောလှသည်။ သို့သော် သူ၏ ကိုယ်တွင်းမှ ထွက်ပေါ်နေသော အရှိန်အဝါကတော့ အဆုံးအစမရှိသော တွင်းနက်ကြီး တစ်ခုအလား ကြောက်မက်ဖွယ် ကောင်းလွန်းလှပြီး၊ သူသည် ကောင်းကင်ထက်၌ မားမားမတ်မတ် ရပ်တည်နေခဲ့၏။
သူ၏ ဘေးတွင်တော့ မီးတောက်ရောင် ဆံပင်များဖြင့် လူသန်ကြီး သည် လောကတစ်ခြမ်းကို စိုးမိုးအုပ်ချုပ်ထားသော ကောင်းကင်ဘုံမှ အရှင်သခင်ကြီး တစ်ပါးအလား ခန့်ညား ထည်ဝါလွန်းလှပြီး၊ သူ၏ အင်မော်တယ် အရှိန်အဝါများကလည်း အဆုံးအစမရှိ ပျံ့နှံ့နေခဲ့၏။
ဥက္ကဋ္ဌကြီး ထိုက်ရွှီ ၏ မျက်နှာပေါ်တွင် မည်သည့် လှုပ်ရှားမှုမျှ မရှိဘဲ တည်ငြိမ်နေခဲ့၏။ သူက ဆံပင်နီ လူသန်ကြီး ဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်ပြီး အေးစက်စက် လေသံဖြင့် ရှင်းပြလိုက်၏။
“အဲဒီလူက တာ့ယွဲ့ နန်းတော် က လူ မဟုတ်ဘူးကွ။ တာ့ချန် ကျင့်ကြံခြင်း လောက ရဲ့ ဗဟိုချက်မ ဒေသမှာ ရှိတဲ့ ထိပ်တန်း အင်မော်တယ် ဂိုဏ်းကြီး တစ်ခုဖြစ်တဲ့ မြေကမ္ဘာအင်မော်တယ် နယ်မြေ က လူပဲ”
“သူ့နာမည်က အရှင်သခင်ကြီး ကုလန် လို့ ခေါ်တယ်။ မြေကမ္ဘာအင်မော်တယ် နယ်မြေ က မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး ၊ အကြီးအကဲ တစ်ယောက်ပဲ”
“သူ အခု တာ့ယွဲ့ နယ်မြေ ကို လာရတဲ့ အကြောင်းရင်းက... တာ့ယွဲ့ နန်းတော် က တာအိုဆရာမ ချင်းချွမ် ဆိုတဲ့ မိန်းမကို သူတို့ မြေကမ္ဘာအင်မော်တယ် နယ်မြေ မှာ လာပြီး ကျင့်ကြံဖို့ ခေါ်သွားမလို့ပဲ”
“အဲဒီ လမ်းကြုံမှာ... တာ့ယွဲ့ နယ်မြေ ထဲက ပါရမီရှင် လူငယ် တချို့ကိုပါ သူနဲ့ အတူတူ ခေါ်သွားလိုက်တာကွ”
ထိုစကားများကို ကြားလိုက်ရသောအခါ၊ ဆံပင်နီ လူသန်ကြီး ၏ သူငယ်အိမ်များသည် ရုတ်တရက် ပြင်းထန်စွာ ကျုံ့ဝင်သွားတော့သည်။
'ဘာ... ဒီကောင်က ဒီလောက်တောင် အသေးစိတ် သိနေတာလား။ တာ့ယွဲ့ နန်းတော် ထဲအထိ သူလျှိုတွေ လွှတ်ထားတာများလား။ သေစမ်း... ငါ့ရဲ့ သွေးဖီးနစ် အင်မော်တယ် ဂိုဏ်း ထဲမှာရော... သူ့လူတွေ ရှိနေမလား။ ဒီကောင်က တကယ် ကြောက်စရာကောင်းတဲ့ ကောင်ပဲ။'
သူသည် ဥက္ကဋ္ဌကြီး ထိုက်ရွှီ အား သံသယ မျက်လုံးများဖြင့် စူးရဲစွာ စိုက်ကြည့်နေမိ၏။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက်၊
ဆံပင်နီ လူသန်ကြီး သည် ဥက္ကဋ္ဌကြီး ထိုက်ရွှီ ပြောသွားသော စကားများကို ပြန်လည် တွေးတောနေမိပြီး၊ သူ၏ ရင်ထဲတွင် မလုံခြုံမှုများ ကြီးထွားလာကာ မျက်မှောင်များ ပို၍ ကြုံ့ဝင်လာခဲ့သည်။
'ဒုက္ခပါပဲကွာ... တာ့ယွဲ့ နန်းတော် လူတွေ က တာ့ချန် ကျင့်ကြံခြင်း လောက ရဲ့ ဗဟိုချက်မ ဒေသက ထိပ်တန်း အင်မော်တယ် ဂိုဏ်းကြီး ဖြစ်တဲ့ မြေကမ္ဘာအင်မော်တယ် နယ်မြေ နဲ့ သွားပြီး ပေါင်းမိသွားတယ်တဲ့လား။'
'ပြီးတော့ တာ့ယွဲ့ နယ်မြေ ထဲက ပါရမီရှင် ကလေးတွေကိုတောင် မြေကမ္ဘာအင်မော်တယ် နယ်မြေ ဆီ ပို့ပြီး ကျင့်ကြံခိုင်းလိုက်သေးတယ်။'
ထို တာ့ယွဲ့ နယ်မြေ မှ ပါရမီရှင် လူငယ်များသည် မူလကတည်းက အလွန်တရာ ထူးချွန်ပြောင်မြောက်လှသူများ ဖြစ်ကြသည်။ သူတို့ အားလုံးသည် ရွှေအမြုတေ အဆင့် သို့ ချိုးဖျက် ဝင်ရောက်နိုင်ပြီး မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး များ ဖြစ်လာနိုင်သည့် အလားအလာများ အပြည့်အဝ ရှိနေသူများပင် ဖြစ်၏။
အကယ်၍ သူတို့သာ တာ့ယွဲ့ နယ်မြေ ၌ပင် ဆက်လက် ကျင့်ကြံနေမည် ဆိုပါက၊ မည်သူက ရွှေအမြုတေ အဆင့် သို့ တက်လှမ်းနိုင်ပြီး မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး များ ဖြစ်လာမည် ဆိုသည်မှာ မသေချာလှပေ။ မည်သို့ပင်ဆိုစေကာမူ သူတို့အားလုံး အသက်ရှည်ရှည် နေရမည်ဟု အာမခံချက် မရှိချေ။
မည်သူက ရွှေအမြုတေ အဆင့် သို့ ချိုးဖျက် ဝင်ရောက်နိုင်မည့် အခွင့်အရေးကို ရရှိမည်နည်း။ ဤအရာအတွက်လည်း ပြင်းထန်သော ပြိုင်ဆိုင်မှုများ လိုအပ်ပေသေးသည်။
အဘယ်ကြောင့်ဆိုသော် ဤ ကျင့်ကြံခြင်း လောက ဒေသတွင် အခင်းအကျင်း အရင်းအမြစ်များမှာ အလွန်တရာ ရှားပါးလွန်းလှသောကြောင့် ဖြစ်၏။ သူတို့၏ သွေးဖီးနစ် အင်မော်တယ် ဂိုဏ်း အတွက်ပင်လျှင်၊ ရွှေအမြုတေ အဆင့် သို့ အောင်မြင်စွာ တက်လှမ်းနိုင်ရန် လိုအပ်သော အရင်းအမြစ်များကို ပြည့်စုံအောင် ရှာဖွေ စုဆောင်းနိုင်မည်ဟု အာမမခံနိုင်ပေ။
ယခုမူ ထို တာ့ယွဲ့ နယ်မြေ မှ ပါရမီရှင် လူငယ်များသည် တာ့ချန် ကျင့်ကြံခြင်း လောက ၏ ဗဟိုချက်မ ဒေသရှိ ထိပ်တန်း အင်မော်တယ် ဂိုဏ်းကြီးတွင် သွားရောက် ကျင့်ကြံကြတော့မည် ဖြစ်သည်။
'ငါတို့က နောက်ကွယ်ကနေ တိတ်တဆိတ် သွားပြီး နှောင့်ယှက်ချင်ရင်တောင်... ဘယ်က စပြီး လုပ်ရမှန်းတောင် သိမှာ မဟုတ်တော့ဘူး။ တကယ် ခေါင်းကိုက်စရာပဲ။'
တာ့ချန် ကျင့်ကြံခြင်း လောက ဗဟိုချက်မ ဒေသ၏ ပေါများ ကြွယ်ဝလှသော အရင်းအမြစ်များကြောင့်၊ ထို တာ့ယွဲ့ နယ်မြေ မှ ပါရမီရှင် လူငယ်များ အနေဖြင့် ရွှေအမြုတေ အဆင့် သို့ ချိုးဖျက် ဝင်ရောက်နိုင်မည့် အခွင့်အရေးမှာ သိသိသာသာ ကြီးမားသွားမည်မှာ အသေအချာပင်။
အကယ်၍ သူတို့သာ ကျင့်ကြံခြင်း အောင်မြင်ပြီး ပြန်လည် ရောက်ရှိလာပါက၊ တာ့ယွဲ့ နန်းတော် တွင် မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး တစ်ပါး၊ နှစ်ပါးခန့် ထပ်မံ တိုးပွားလာမည် ဆိုလျှင်...
ထိုအချိန်ကျလျှင် တာ့ယွဲ့ နယ်မြေ ကို မည်သူကများ တားဆီး ဟန့်တားနိုင်တော့မည်နည်း။
တာအိုသခင် သွေးဖီးနစ် သည် ဥက္ကဋ္ဌကြီး ထိုက်ရွှီ အား လှမ်းကြည့်လိုက်ပြီး မေးလိုက်၏။
“မင်း ကြည့်ရတာ ဒီကိစ္စကို သိပ်ပြီး ပူပန်နေပုံ မရဘူးနော်... တာအိုမိတ်ဆွေ ထိုက်ရွှီ... မင်းဆီမှာ တန်ပြန် ဖြေရှင်းဖို့ နည်းလမ်း တစ်ခုခုများ ရှိနေလို့လား”
ဥက္ကဋ္ဌကြီး ထိုက်ရွှီ သည် တည်ငြိမ်စွာ ခေါင်းခါယမ်းလိုက်ပြီး ပြန်လည် ဖြေကြားလိုက်သည်။
“သူတို့က မြေကမ္ဘာအင်မော်တယ် နယ်မြေ နဲ့တောင် မဟာမိတ် ဖွဲ့သွားပြီဆိုတော့... ငါက ဘာသွားလုပ်လို့ ရမှာလဲကွ”
“ငါ လုပ်နိုင်တာက သူတို့ အားလုံး တာ့ချန် ကျင့်ကြံခြင်း လောက ရဲ့ အလယ်ဗဟိုမှာ အောင်မြင်မှု မရဘဲ၊ တစ်ယောက်မှ အသက်ရှင်လျက် ပြန်မလာနိုင်ပါစေနဲ့ လို့ တိတ်တဆိတ် ဆုတောင်းပေးဖို့ပဲ ရှိတာပေါ့။ ဘာပဲဖြစ်ဖြစ်လေ... ဒီနေရာက အေးချမ်းမှုနဲ့ ယှဉ်လိုက်ရင်... ဟိုဘက်မှာ အသက်ရှင်ကျန်ရစ်ဖို့ ဆိုတာ သိပ်လွယ်တဲ့ ကိစ္စမှ မဟုတ်တာ”
“အင်မော်တယ် ဂိုဏ်း အင်အားစု အသီးသီး ကြားမှာ ပေါ်ပေါ်ထင်ထင်ရော၊ တိတ်တဆိတ်ရော အပြင်းအထန် တိုက်ခိုက်နေကြတဲ့အပြင်... ပြဿနာ ရှာနေတဲ့ ကြောက်စရာကောင်းတဲ့ မိစ္ဆာ မျိုးနွယ်စု တွေလည်း အများကြီး ရှိသေးတယ်”
“မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး တစ်ပါးဆိုရင်တောင် အဲဒီနေရာမှာ အသက်အန္တရာယ်နဲ့ ကြုံရနိုင်တာပဲ”
“ရွှေအမြုတေ အဆင့် ပဲ ရှိသေးတဲ့ အောက်ခြေသိမ်း ကောင်လေး တစ်သိုက်က... အဲဒီနေရာမှာ သွားပြီး အခြေချဖို့နဲ့ ရွှေအမြုတေ အဆင့် ကို ချိုးဖျက် ဝင်ရောက်နိုင်မယ့် အခွင့်အရေးကို သွားရှာဖို့ ဆိုတာက... ပါးစပ်က ပြောသလောက် လွယ်မနေဘူးကွ”
'အေးလေ... အဲဒီလူတွေ အကုန်လုံး ဟိုမှာတင် သေပါစေလို့ပဲ ဆုတောင်းရတော့မှာပေါ့။ ဟိုမှာက ဘီလူးတွေ ကြားထဲ ရောက်သွားသလို ဖြစ်နေမှာ။'
ထိုစကားများကို ပြောပြီးသည့်တိုင်အောင်၊ ဥက္ကဋ္ဌကြီး ထိုက်ရွှီ ၏ မျက်နှာပေါ်တွင် မည်သည့် ပြောင်းလဲမှုမျှ မရှိခဲ့ချေ။ သူသည် အောက်ဘက်ရှိ အပျက်အစီး နယ်မြေကြီးကို အေးစက်စက် စိုက်ကြည့်လိုက်ပြီး ဆက်ပြောလိုက်၏။
“အပျက်အစီး နယ်မြေ ထဲက အင်မော်တယ် အရှိန်အဝါကြီး လုံးဝ ပျောက်သွားပြီကွ။ ငါ ထင်တာတော့ အဲဒီအထဲက မိစ္ဆာသားရဲ အရိုးစုကြီး အခိုးခံလိုက်ရပြီ ထင်တယ်”
သူ ခန့်မှန်းထားသည့် အတိုင်းပင် ဖြစ်ခဲ့သည်။
ဥက္ကဋ္ဌကြီး ထိုက်ရွှီ နှင့် တာအိုသခင် သွေးဖီးနစ် ဟူသော မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး နှစ်ပါး၏ ကြီးကြပ် ကွပ်ကဲမှု အောက်တွင်၊ အင်အားစု နှစ်ခုစလုံးမှ ကျင့်ကြံသူများသည် ဖီးနစ် အင်မော်တယ် တောင်ကြား သို့ ပြန်လည် ရောက်ရှိလာခဲ့ကြ၏။ ထို့နောက် သူတို့သည် တစ်ကိုယ်တော် ကျင့်ကြံသူ များ ဖြစ်ကြသော ချီစုစည်းခြင်း အဆင့် ကျင့်ကြံသူများကို ဖမ်းဆီး ခေါ်ဆောင်လာပြီး အပျက်အစီး နယ်မြေ အတွင်းသို့ စေလွှတ်ကာ စူးစမ်း ရှာဖွေခိုင်းခဲ့ကြသည်။
နောက်ဆုံးတွင်တော့၊ လူ ဆယ်ဂဏန်းကျော် အနက် နှစ်ယောက်သာ အသက်ရှင်လျက် ပြန်လည် ထွက်ပေါ်လာခဲ့၏။ ထိုနှစ်ယောက်စလုံးက အပျက်အစီး နယ်မြေ၏ အလယ်ဗဟိုတွင် မည်သည့် ဧရာမ မိစ္ဆာသားရဲ အရိုးစုကြီးကိုမျှ မတွေ့မြင်ခဲ့ရကြောင်း ထွက်ဆိုခဲ့ကြသည်။
သူတို့ မြင်တွေ့ခဲ့ရသည်မှာ နေရာအနှံ့ ပြန့်ကျဲနေသော သေဆုံးနေသည့် အလောင်းကောင်များသာ ဖြစ်၏။
ဤသတင်းကို ကြားသိပြီးနောက်၊ ဥက္ကဋ္ဌကြီး ထိုက်ရွှီ သည် နေရာမှ ထွက်ခွာသွားခဲ့သည်။ သူ မထွက်ခွာမီ၊ အပျက်အစီး နယ်မြေ၏ အခင်းအကျင်း နှင့် တားမြစ်ချက် များကို ဆက်လက် ဖြိုခွဲရန်နှင့်၊ ကျန်ရှိနေသေးသော အခွင့်အရေးများနှင့် ရတနာများကို ဆက်လက် ရှာဖွေရန် ချီမြစ် ဂိုဏ်းခွဲ ခေါင်းဆောင် အား အမိန့်ပေးခဲ့၏။
'ဒီကောင် ထိုက်ရွှီ ကတော့ တကယ်ကို သံသယ ဖြစ်စရာပဲ။'
တာအိုသခင် သွေးဖီးနစ် သည် ထွက်ခွာသွားသော ဥက္ကဋ္ဌကြီး ထိုက်ရွှီ ၏ ကျောပြင်ကို လှမ်းကြည့်လိုက်ရာ၊ သူ၏ မျက်ဝန်းများထဲတွင် နက်နဲသော အဓိပ္ပာယ်များ ပြည့်နှက်နေပြီး သူ၏ မျက်မှောင်များလည်း တွေးတောနေဟန်ဖြင့် ကြုံ့ဝင်သွား၏။
“ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ တဲ့လား...”
“ပြီးခဲ့တဲ့ နှစ်တွေတုန်းက ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ က ပင်လယ်ပြင်ဘက်ကို လူတွေ အများကြီး စေလွှတ်ခဲ့တယ် လို့ ငါ ကြားဖူးတယ်။ နိုင်ငံခြား ပင်လယ်ပြင် အင်အားစု တချို့ဆီကနေ အင်မော်တယ် လမ်းစဉ် ရဲ့ အစစ်အမှန် သွန်သင်ချက်တွေကို သွားရှာခိုင်းတာတဲ့”
“ဒီကောင် ထိုက်ရွှီ ကလည်း ပင်လယ်ပြင်က ထိပ်တန်း အင်အားစု ကြီး တစ်ခုခုနဲ့ သွားပေါင်းထားတာများလား”
“အဲဒါကြောင့်မို့လို့ သူက တာ့ယွဲ့ နယ်မြေ က လူတွေ ရဲ့ လှုပ်ရှားမှုတွေကို သိပြီးတာတောင် ဒီလောက် တည်ငြိမ်နေတာလား”
ဤအကြောင်းကို တွေးမိသောအခါ တာအိုသခင် သွေးဖီးနစ် တစ်ယောက် ဂနာမငြိမ် ဖြစ်လာခဲ့ပြီး၊ အချိန်တိုလေး အတွင်းမှာပင် သူ၏ မျက်နှာအမူအရာသည် အကြိမ်ကြိမ် ပြောင်းလဲသွားခဲ့၏။
အသေအချာ စဉ်းစား သုံးသပ်ပြီးနောက်တွင်တော့၊ သူသည်လည်း ဖုန်းလော့ နယ်မြေ အတွက် ထွက်ပေါက် တစ်ခုကို ကြိုတင် စီစဉ်ထားရန် ဆုံးဖြတ်ချက် ချလိုက်တော့သည်။
“ဒါ မင်းတို့ လုပ်တဲ့ အလုပ်ပဲ... မင်းတို့ အကုန်လုံးက အပြိုင်အဆိုင် လုပ်ချင်နေကြမှတော့... ဘယ်သူက အပေါ်စီး ရမလဲ ဆိုတာ ကြည့်ကြသေးတာပေါ့ကွာ”
တာအိုသခင် သွေးဖီးနစ် ၏ မျက်ဝန်းများထဲတွင် စူးရှသော အလင်းတန်း တစ်ခု ဝင်းလက်သွား၏။ သူသည် ပြတ်သားသော ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်လိုက်တော့၏။ လွန်ခဲ့သော နှစ်ပေါင်းများစွာက၊ သူ မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး တစ်ပါး ဖြစ်လာခဲ့စဉ် အချိန်က၊ သူသည် အလည်အပတ် ရောက်ရှိလာသော အလွန် အစွမ်းထက်သည့် အရှင်သခင်ကြီး တစ်ပါးနှင့် ဆုံတွေ့ခဲ့ဖူး၏။
ထိုပုဂ္ဂိုလ်က သူ့ထံတွင် တံဆိပ်ပြား တစ်ခုကို ချန်ထားရစ်ခဲ့ပြီး၊ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် သူသည် ပိုမို များပြားသော အရင်းအမြစ်များကို ရှာဖွေလိုပါက ဤတံဆိပ်ပြားမှ တစ်ဆင့် သူ့ကို ဆက်သွယ်နိုင်ကြောင်း ပြောကြားခဲ့ဖူးသည်။
ထိုပုဂ္ဂိုလ်သည် စိမ်းပြာရောင် ငရဲ အင်မော်တယ် နန်းတော် ဟု ခေါ်ဆိုသော မှောင်မိုက် အင်အားစု ကြီး တစ်ခုမှ လာရောက်သူ ဖြစ်၏။
စိမ်းပြာရောင် ငရဲ အင်မော်တယ် နန်းတော် သည် တာ့ချန် ကျင့်ကြံခြင်း လောက ၏ အင်မော်တယ် ဂိုဏ်း အင်အားစုများထဲတွင် မပါဝင်သကဲ့သို့၊ ပင်လယ်ပြင်ရှိ အင်မော်တယ် ဂိုဏ်း အင်အားစုများထဲတွင်လည်း မပါဝင်ခဲ့ပေ။
၎င်းအစား ထိုအဖွဲ့အစည်းသည် လူသား မျိုးနွယ်စု နှင့် မိစ္ဆာ မျိုးနွယ်စု နှစ်ခုစလုံး ကြားတွင် ခြေဆန့်ထားသော အလွန် အစွမ်းထက်သည့် မှောင်မိုက် အင်အားစု ကြီး တစ်ခု ဖြစ်၏။
ထိုအဖွဲ့အစည်း အတွင်းရှိ လူများကို သွားရောက် ရန်စ ကစားရန် လုံးဝ မသင့်တော်ပေ။
စိမ်းပြာရောင် ငရဲ အင်မော်တယ် နန်းတော် သို့ ဝင်ရောက်ပြီးသည်နှင့် တစ်ပြိုင်နက်၊ မင်းသည် မင်း၏ လွတ်လပ်ခွင့်ကို ဆုံးရှုံးရမည် ဖြစ်ပြီး သူတို့၏ နယ်ရုပ်လေး တစ်ရုပ် အဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်သည်။
တိုက်ပွဲတွင် သေဆုံးသွားခြင်းမှလွဲ၍၊ စိမ်းပြာရောင် ငရဲ အင်မော်တယ် နန်းတော် မှ ထွက်ခွာနိုင်ရန် အခြား မည်သည့် နည်းလမ်းမျှ မရှိတော့ချေ။
ထို့ကြောင့် ယခင်က၊ တာအိုသခင် သွေးဖီးနစ် သည် စိမ်းပြာရောင် ငရဲ အင်မော်တယ် နန်းတော် သို့ ဝင်ရောက်ရန် တစ်ကြိမ်တစ်ခါမျှပင် မစဉ်းစားခဲ့ဖူးပေ။
သို့သော် ယခုအခါတွင်မူ၊ တာ့ယွဲ့ နန်းတော် သည် တာ့ချန် ကျင့်ကြံခြင်း လောက ၏ ဗဟိုချက်မ ဒေသမှ ကြီးမားသော အင်မော်တယ် ဂိုဏ်းကြီး တစ်ခု ဖြစ်သည့် မြေကမ္ဘာအင်မော်တယ် နယ်မြေ နှင့် မဟာမိတ် ဖွဲ့လိုက်ကြောင်းနှင့်၊ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ သည်လည်း ပင်လယ်ပြင်ရှိ ထိပ်တန်း အင်အားစုကြီး တစ်ခုနှင့် သွားရောက် ပူးပေါင်းထားနိုင်ကြောင်းကို သိရှိလိုက်ရသောအခါ၊ တာအိုသခင် သွေးဖီးနစ် ၏ ရင်ထဲတွင် အလွန်တရာ အရေးပေါ် အခြေအနေ တစ်ရပ်သို့ ဆိုက်ရောက်နေပြီဟု မလွှဲမရှောင်သာ ခံစားလိုက်ရတော့သည်။
'ငါ ဒီအတိုင်း ငုတ်တုတ်ထိုင် စောင့်နေလို့တော့ မဖြစ်တော့ဘူး။ တခြားလူတွေ အကုန်လုံးက ကိုယ့်လမ်း ကိုယ်ဖောက်ကုန်ကြပြီ။ ငါလည်း ငါ့အတွက် အသက်ကယ်ပေါက် တစ်ခုတော့ ကြိုရှာထားမှ ဖြစ်မယ်။ မဟုတ်ရင် သူတို့ ခြေဖဝါးအောက် ရောက်သွားလိမ့်မယ်။’