အခန်း (၇၈၁-၇၈၃)
Vol. 53 Ch. 781-783
အခန်း (၇၈၁) - အကြီးမားဆုံး အကျိုးအမြတ်
~ချန်းရင် သည် အလွန်တရာ မာနကြီးသူ တစ်ဦး ဖြစ်သည်။ သားရဲ တစ်သောင်း ပေါင်းစည်းခြင်း ကျင့်စဉ် ကို သားရဲ တစ်ထောင် အဆင့်အထိ ကျင့်ကြံနိုင်ခဲ့ခြင်းဖြင့် သူသည် ပေါင်းစည်းခြင်း နယ်ပယ် အထွတ်အထိပ် အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်ဟု ယုံကြည်ထားခဲ့၏။ နောက်ထပ် သားရဲ တစ်ကောင်ကို ထပ်မံ ကျင့်ကြံနိုင်မည် ဆိုပါက သူသည် တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် သို့ ခြေချနိုင်မည် ဖြစ်သည်။
ကျယ်ပြန့်သော ကမ္ဘာ ကို ကာကွယ်ရန် ဟူသော ရည်ရွယ်ချက် တစ်ခုတည်းဖြင့် ချန်းရင် သည် စစ်မြေပြင်နယ်မြေ အတွင်းသို့ ပြတ်ပြတ်သားသား ဝင်ရောက်လာခဲ့ပြီး၊ ကျယ်ပြန့်သော ကမ္ဘာ အတွက် ပြိုင်ဘက်ကင်းသော စွမ်းဆောင်မှုများကို ပြုလုပ်ရန် အသင့်ပြင်ထားခဲ့၏။
သို့သော် မထင်မှတ်ထားလောက်အောင်ပင်၊ သူ၏ ရန်သူက မည်သူဖြစ်ကြောင်းကိုပင် မမြင်တွေ့လိုက်ရခင်မှာပင် ဓားချီ တစ်ချက်တည်းဖြင့် သတ်ဖြတ်ခံလိုက်ရတော့သည်။
သူတို့၏ ဝိညာဉ်အာရုံများ ငြိမ်းသက်သွားချိန်တွင် ချန်းရင် သည် သူ၏ ကျန်ရှိနေသေးသော ဝိညာဉ်စွမ်းအား အားလုံးကို စုစည်းကာ နောက်ဆုံး ထွက်သက်ဖြင့် ဟင်းလင်းပြင် ထဲတွင် တင်ပျဉ်ခွေ ထိုင်နေသော ခွမ်းရှန်းချင်း ထံသို့ သတိပေးချက် တစ်ခု ပေးပို့ရန်သာ အချိန်ရလိုက်တော့သည်။
သို့သော် သူ၏ ကျန်ရှိနေသေးသော ဝိညာဉ်အာရုံများမှာ ဟင်းလင်းပြင် ၏ ပိတ်ဆို့မှုကို ခံလိုက်ရပုံပေါ်ပြီး ခွမ်းရှန်းချင်း ထံသို့ လုံးဝ ရောက်ရှိနိုင်ခြင်း မရှိခဲ့ချေ။
ချန်းရင် သည် သူ၏ အလွန်တရာ ကြီးမားလှသော နာကြည်းမှုများဖြင့် အပြည့်အဝ လွှမ်းခြုံခံလိုက်ရပြီးနောက် မေ့လျော့ခြင်း လောကထဲသို့ လွင့်စင် ပျောက်ကွယ်သွားတော့သည်။
နင်ချီ က သူ၏ ရုပ်အလောင်းကို ဟင်းလင်းပြင် သိုလှောင်အိတ် ထဲတွင် သိမ်းဆည်းလိုက်သော်လည်း၊ သူ၏ မူလဝိညာဉ် အာရုံများကိုမူ အပြည့်အဝ မဖျက်ဆီးပစ်ခဲ့ချေ။
ဤကဲ့သို့သော ပါရမီရှင် များကို နင်ချီ က ယာယီ တံဆိပ်ခတ် ပိတ်လှောင်ထားပြီး နောက်မှ အေးအေးဆေးဆေး ဖြေရှင်းရန် ဆုံးဖြတ်ထား၏။ တတ်နိုင်သမျှ သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ပြီး၊ အကောင်းဆုံးကတော့ သူတို့ကို မိမိအတွက် အသုံးချနိုင်အောင် ကြိုးစားခြင်းပင်။
ချန်းရင် ကို ရှင်းလင်းပြီးနောက် နင်ချီ သည် အထက်ရှိ ခွမ်းရှန်းချင်း ကို တစ်ချက် လှမ်းကြည့်လိုက်၏။
ကံကောင်းလို့ သူက အခြားကမ္ဘာ ဟင်းလင်းပြင် ကို အသုံးပြုခဲ့၍ပင်။ ချန်းရင် နှင့် တိုက်ခိုက်ခဲ့စဉ်က စွမ်းအင် လှိုင်းဂယက်များ ထွက်ပေါ်လာခြင်းမှာ ရှောင်လွှဲ၍ မရနိုင်သော ကိစ္စတစ်ခု ဖြစ်၏။ အကယ်၍သာ အခြားကမ္ဘာ ဟင်းလင်းပြင် ၏ ကာကွယ်မှု မရှိခဲ့ပါက၊ ခွမ်းရှန်းချင်း သည် သေချာပေါက် သတိပြုမိသွားမည်သာ ဖြစ်သည်။
ချန်းရင် ကို ဖြေရှင်းသည့် လုပ်ငန်းစဉ် တစ်ခုလုံးမှာ မျက်တောင်အနည်းငယ် ခတ်ချိန်မျှသာ ကြာမြင့်ခဲ့၏။ နင်ချီ က အခြားကမ္ဘာ ဟင်းလင်းပြင် ကို အသာအယာ ရုပ်သိမ်းလိုက်ပြီး ခွမ်းရှန်းချင်း ၏ နောက်ကွယ်တွင် တိတ်ဆိတ်စွာ ပေါ်ထွက်လာတော့သည်။
သူ၏ အကြည့်များက အောက်ဘက်ရှိ စစ်ခုန်လန် နှင့် အခြားသူများဆီသို့ ဝေ့ကြည့်လိုက်ရာ၊ သူ၏ စိတ်ထဲတွင် အတွေးတစ်ခု လျှပ်တစ်ပြက် ဖြတ်ပြေးသွား၏။
'ထားလိုက်ပါတော့... သူတစ်ပါးရဲ့ လက်ကို ငှားပြီး အလုပ်လုပ်တာက ပိုကောင်းပါတယ်လေ'
နက်ရှိုင်းသော သစ္စာတရား နယ်မြေ၊ ဖူယောင် နယ်မြေ နှင့် လန်ယာ နယ်မြေ တို့၏ စစ်တပ်ကြီးများ အားလုံးက သူ၏ အမိန့်များကို နာခံကြ၏။ ဤနေရာမှာ ဝိညာဉ်ကမ္ဘာ နှစ်ခုလုံး၏ ဆန္ဒတော်တွေ လွှမ်းမိုး၍ မရသော နေရာ ဖြစ်သော်ငြားလည်း၊ အကယ်၍ သူတို့ကသာ စစ်ခုန်လန် နှင့် အခြားသူများကို သတ်ဖြတ်ခဲ့မည် ဆိုပါက၊ မလွှဲမရှောင်သာ အတင်းအဖျင်း ပြောစရာ အချက်အလက်များ ကျန်ရစ်ခဲ့မည်သာ ဖြစ်၏။
မည်သို့ပင်ဆိုစေ ဖူယောင် နယ်မြေ မှ စစ်တပ်ကြီးမှာ... လန်ယာ နယ်မြေ စစ်တပ်ကြီးနှင့် နက်ရှိုင်းသော သစ္စာတရား နယ်မြေ စစ်တပ်ကြီး ကဲ့သို့ သူ့အပေါ် အပြည့်အဝ သစ္စာခံထားကြသည် မဟုတ်ချေ။
ဤအချက်ကို သဘောပေါက်သွားသည်နှင့် တစ်ပြိုင်နက်၊ နင်ချီ သည် ချန်းရင် ကို လုပ်ခဲ့သကဲ့သို့ ခွမ်းရှန်းချင်း အပေါ် ထပ်တူ မလုပ်ဆောင်တော့ချေ။
သူက သူ၏ တည်နေရာကို တိတ်ဆိတ်စွာ ရွှေ့ပြောင်းလိုက်ပြီး နောက်ထပ် နတ်ဘုရား စွမ်းရည် တစ်ခုကို ချက်ချင်း အသက်သွင်းလိုက်တော့သည်။
“ဟင်းလင်းပြင် တည်နေရာ ရွှေ့ပြောင်းခြင်း နည်းစနစ်”
ခွမ်းရှန်းချင်း သည် နင်ချီ.. ပေါ်လာမည့် အချိန်ကို စိတ်ရှည် လက်ရှည် စောင့်ဆိုင်းရင်း ဟင်းလင်းပြင် ထဲတွင် တင်ပျဉ်ခွေ ထိုင်နေဆဲ ဖြစ်၏။
သူက အောက်ဘက်သို့ အမှတ်တမဲ့ ငုံ့ကြည့်လိုက်ရာ... ရုတ်တရက် အလွန်တရာ အံ့အားသင့်သွားတော့သည်။
ချီခယ်ချင်း ဘယ်ရောက်သွားတာလဲ။
ထိုမျှမကသေးဘဲ... ချီခယ်ချင်း ၏ စစ်တပ်ကြီး တစ်ခုလုံးမှာ မျက်တောင်တစ်ခတ် အတွင်း သူ၏ အမြင်အာရုံထဲမှ ပျောက်ကွယ်သွားသည်ကို ခွမ်းရှန်းချင်း မြင်တွေ့လိုက်ရပြီး၊ ဤ ဆုံမှတ် တွင် ဖြစ်တည်နေသော ဆုံမှတ်ပုလဲ မှာလည်း အတူတကွ ပျောက်ကွယ်သွားပြီ ဖြစ်၏။
“နင်ချီ ရောက်နေပြီလား”
ခွမ်းရှန်းချင်း ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး၊ ယခင်ကတည်းက ဖြန့်ကျက်ထားသော သူ၏ ဝိညာဉ်အာရုံကို ပိုမို စေ့စပ် သေချာစွာ စူးစမ်းလိုက်သော်လည်း... မည်သည့်အရာကိုမျှ လုံးဝ မတွေ့ရချေ။
သူသည် ဤရလဒ်ကို လုံးဝ လက်မခံနိုင်အောင် ဖြစ်နေရ၏။
သူက ချန်းရင် ပုန်းအောင်းနေသော နေရာဆီသို့ ချက်ချင်း အသံလွှင့်ကာ ဆက်သွယ်လိုက်၏။
“ညီအစ်ကို ချန်းရင်... နင်ချီ ရောက်နေပြီ”
သို့သော် မည်သည့် တုံ့ပြန်မှုမျှ ပြန်လည် မရရှိခဲ့ချေ။
“ညီအစ်ကို ချန်းရင်...”
ခွမ်းရှန်းချင်း က ချန်းရင် ကို အကြိမ်ကြိမ် ဆက်သွယ်ရန် ကြိုးစားသော်လည်း လုံးဝ ဆက်သွယ်၍ မရခဲ့သဖြင့် သူ အလွန်တရာ ထိတ်လန့်သွားတော့သည်။
အောက်ဘက်ရှိ စစ်ခုန်လန် နှင့် အခြားသူများကလည်း ပုံမှန်မဟုတ်သော အခြေအနေကို သတိပြုမိသွားကြပြီး လူအုပ်ကြီးမှာ ချက်ချင်းပင် ဂနာမငြိမ် ဖြစ်လာကြတော့သည်။
စစ်ခုန်လန် က ခေါင်းကို မော့ကာ “စီနီယာ” ဟု လှမ်းခေါ်ရန် ပြင်လိုက်စဉ်မှာပင်... သူ၏ အသံမှာ ပျောက်ကွယ်သွားသကဲ့သို့ မည်သည့် အသံမျှ ထွက်ပေါ်မလာတော့သည်ကို ရုတ်တရက် သတိပြုမိလိုက်၏။
သူက အသံလွှင့် ဆက်သွယ်ရန် ကြိုးစားကြည့်သော်လည်း သူ၏ ဝိညာဉ်အာရုံကို လုံးဝ ဖြန့်ကျက်၍ မရနိုင်တော့ချေ။ စစ်ခုန်လန် ၏ ကျောရိုး တစ်လျှောက်မှနေ၍ အအေးဓာတ်ကြီး တစ်ခု စိမ့်တက်သွားပြီး တစ္ဆေသရဲ တစ်ကောင် ဝင်ပူးခံလိုက်ရသည့်အလား သူ၏ တစ်ကိုယ်လုံး အေးစက်သွားတော့သည်။
နင်ချီ သည် ခွမ်းရှန်းချင်း နှင့် မျက်နှာချင်းဆိုင်တွင် ရုတ်တရက် ပေါ်ထွက်လာပြီး သူ၏ လက်ထဲတွင် ဆုံမှတ်ပုလဲ တစ်ခုကို ကိုင်ဆောင်ထား၏။
သူက တည်ငြိမ်စွာ ဆိုလိုက်၏။
“မင်းက ခွမ်းရှန်းချင်း ဖြစ်ရမယ်။ ထပ်ရှာမနေနဲ့တော့... ငါက ချန်းရင် ကို ရှင်းပြီးသွားပြီ။ ပြီးတော့ ချီခယ်ချင်း နဲ့ တခြားသူတွေကိုလည်း ငါက တခြားနေရာကို ရွှေ့ပြောင်းပေးလိုက်ပြီ”
ခွမ်းရှန်းချင်း သည် ဟင်းလင်းပြင် ထဲမှ ထွက်လာသော အဖြူရောင် ဝတ်ရုံနှင့် လူငယ်လေးကို မြင်လိုက်ရသောအခါ... သူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး ရင်တွင်း၌ ဖြစ်ပေါ်နေသော ထိတ်လန့်မှုများကို အတင်းအကျပ် ဖိနှိပ်ကာ မေးလိုက်၏။
“မင်းက နင်ချီ လား”
နင်ချီ က ပြန်ဖြေလိုက်၏။
“ကြည့်ရတာ စစ်ခုန်လန် က မင်းကို အရာအားလုံး ပြောပြပြီးသွားပြီ ထင်တယ်”
အောက်ဘက်ရှိ စစ်ခုန်လန် နှင့် အခြားသူများမှာ နင်ချီ ပေါ်လာသည်ကို မြင်လိုက်ရသောအခါ ထိန်းမရအောင် တုန်ယင်လာကြတော့သည်။
ပြီးပြီ... ငါတို့တော့ ပြီးပြီပဲ။
နင်ချီ က ဘာကြောင့် ဤမျှအထိ ကြောက်စရာ ကောင်းလာရသနည်း။
သူတို့ လုံးဝ နားမလည်နိုင်အောင် ဖြစ်နေကြရ၏။
သူသည် မီးလျှံငှက် အင်မော်တယ်ဂိုဏ်း နှင့် တိုက်ခိုက်ရန်အတွက် ကြီးမားလှသော စစ်တပ်ကြီး တစ်ခုကို ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ခဲ့သေးသည် မဟုတ်ပါလော။
သူတို့ နောက်ဆုံး တွေ့ဆုံခဲ့သည်မှာ အချိန်သိပ်မကြာသေးသော်ငြားလည်း၊ ယခုအခါ နင်ချီ သည် နတ်ဘုရား လေပြေ နယ်မြေ ၏ အရှင်သခင် ခွမ်းရှန်းချင်း ၏ မျက်စိအောက်မှာပင်... ချီခယ်ချင်း နှင့် အခြားသူများကို အလွယ်တကူ နေရာရွှေ့ပြောင်းပေးနိုင်ခဲ့ပြီး သူတို့ကိုသာ ချန်ရစ်ခဲ့ပြီ ဖြစ်၏။
ထို့အပြင် သားရဲတစ်ရာ နယ်မြေ ၏ အရှင်သခင် ချန်းရင် ကိုပါ အပြတ်ရှင်းပြီးသွားပြီဟု နင်ချီ က ဆိုနေသေးသည်။ နင်ချီ က ဤအရာအားလုံးကို မည်သို့မည်ပုံ စွမ်းဆောင်နိုင်ခဲ့သနည်း ဆိုသည်ကို သူတို့ လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေကြရတော့သည်။
စစ်ခုန်လန် နှင့် စီမာဖေး တို့၏ မျက်လုံးများထဲတွင် မျှော်လင့်ချက် ကင်းမဲ့မှုများဖြင့် ပြည့်နှက်နေ၏။ ယခုအခါ သူတို့သည် တန်ဖိုး မရှိတော့သဖြင့် ပျက်စီးခြင်း ကလွဲ၍ အခြား စောင့်ကြိုနေမည့် အရာ မရှိတော့ချေ။
သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ ခွမ်းရှန်းချင်း က နင်ချီ ကို အချိန်အတိုင်းအတာ တစ်ခုအထိ နှောင့်နှေးအောင် လုပ်ထားနိုင်ရန်သာ ဖြစ်သည်။ အကယ်၍ သူတို့အပေါ် ဖိနှိပ်ထားသော အရှိန်အဝါများသာ ရုပ်သိမ်းသွားမည် ဆိုပါက... သူတို့သည် ထွက်ပြေး လွတ်မြောက်နိုင်ရန် ကြိုးစားနိုင်ဦးမည် မဟုတ်ပါလော။
စစ်ခုန်လန် ထိုသို့ တွေးနေစဉ်မှာပင် အထက်ရှိ ထိုလူ နှစ်ဦး စကားစမြည် ပြောဆိုနေကြသည်ကို ရုတ်တရက် ကြားလိုက်ရသည်။
ခွမ်းရှန်းချင်း က မယုံကြည်နိုင်သေးသည့်အလား မေးလိုက်၏။
“မင်းက တကယ်ပဲ ညီအစ်ကို ချန်းရင် ကို အအအအအ”
သူကိုယ်တိုင်ပင် ချန်းရင် ၏ ကိုယ်ယောင်ဖျောက် နည်းစနစ် များကို ဖောက်ထွင်း မမြင်နိုင်ခဲ့ချေ။ အကယ်၍သာ ချန်းရင် ပုန်းအောင်းနေသော နေရာကို သူ မသိထားခဲ့ဘူး ဆိုပါက သူ့ကို လုံးဝ ရှာတွေ့နိုင်မည် မဟုတ်ချေ။
သို့သော် နင်ချီ ကမူ ချန်းရင် ကို ရှင်းလင်းပြီးပြီ ဆိုတော့... ဤအချက်က သူ့ကို အလွန်တရာ တုန်လှုပ်သွားစေသည်မှာ သေချာလှ၏။
နင်ချီ က ပြန်ဖြေလိုက်သည်။
“သတ်လိုက်တယ် ဆိုတဲ့ စကားလုံးက သိပ်တော့ မမှန်သေးဘူး။ ငါက သူ့အတွက် နောက်ဆုံး ထွက်သက်လေး တစ်ချက်တော့ ချန်ထားပေးခဲ့ပါသေးတယ်”
သူက အခြား မည်သူမျှ မရှိသည့်အလား အောက်ဘက်ရှိ စစ်ခုန်လန် ကို ငုံ့ကြည့်လိုက်ပြီးနောက် ဆက်ပြောလိုက်၏။
“မင်းတို့ အရေအတွက် ဘယ်လောက် ရှိလဲ... ပြီးတော့ ချန်းရင် က အနီးအနားမှာ ပုန်းနေတယ် ဆိုတာကိုပါ ငါက ဘယ်လိုလုပ် သိနေတာလဲ ဆိုတာကို မင်း သေချာပေါက် သိချင်နေမှာပေါ့”
ခွမ်းရှန်းချင်း က ဤအချက်ကို အမှန်တကယ်ပင် နားလည်ချင်နေခဲ့၏။
မည်သို့ပင်ဆိုစေ ချီခယ်ချင်း နှင့် အခြားသူများ ရောက်လာချိန်တွင် ချန်းရင် မှာ ကိုယ်ယောင်ဖျောက်ပြီး ပုန်းအောင်းနေခဲ့ပြီ ဖြစ်ကာ လုံးဝ ကိုယ်ထင်ပြခဲ့ခြင်း မရှိချေ။
စစ်ခုန်လန် နှင့် သူ၏ အဖွဲ့သာလျှင် ချန်းရင် ကို မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။
နင်ချီ က ရယ်လိုက်ပြီး...
“ဒါတွေ အားလုံးက စစ်ခုန်လန် ကျေးဇူးကြောင့်ပါပဲ။ သူက မင်းကို အပေါ်ယံ အညံ့ခံပြပြီး ငါ့အကြောင်း သတင်းမှား တချို့ကို ပေးခဲ့ပေမဲ့... တိတ်တဆိတ် ကတော့ သူက ငါ့ကို အရာအားလုံး ပြောပြခဲ့တာလေ။ ဘာဖြစ်လို့လဲ ဆိုတော့ ငါက သူ့ကို မှော်ရတနာ တစ်ခု ပေးထားလို့ပေါ့”
wunzinnosp
အခန်း (၇၈၂) - သူတော်စင် ဘိုးဘေးကြီး ၏ လေနတ်ဘုရား ပန်းချီကား
~ချီခယ်ချင်း ၏ မျက်စိရှေ့တွင် တစ်ခဏမျှ ဝေဝါးသွားပြီးနောက် သူမ၏ အမြင်အာရုံများ ပြန်လည် ကြည်လင်လာသောအခါ... ရင်းနှီးကျွမ်းဝင်နေသော လူတစ်ယောက်၏ ဘေးတွင် ရောက်ရှိနေကြောင်း တွေ့လိုက်ရ၏။
သူမက ဘေးရှိ ဓားဘိုးဘေးကြီး ကို အလွန်တရာ အံ့အားသင့် မှင်သက်စွာဖြင့် ငေးကြည့်နေပြီးနောက် လွှတ်ခနဲ အော်ဟစ် လိုက်သည်။
“ကျန့်ကျင်းကျွယ်”
ဓားဘိုးဘေးကြီး မှာလည်း ချီခယ်ချင်း တစ်ယောက် ဟင်းလင်းပြင် ထဲမှ ရုတ်တရက် ပြုတ်ကျလာသည်ကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားရ၏။
သို့သော် သူတို့သည် နင်ချီ နှင့်အတူ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပြီး၊ နင်ချီ က ချီခယ်ချင်း ကို သူတို့ ရှိရာဆီသို့ တိတ်ဆိတ်စွာ တည်နေရာ ရွှေ့ပြောင်း ပေးလိုက်ခြင်း ဖြစ်ကြောင်း သိရှိထားသဖြင့် လူတိုင်းမှာ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှု ရှိပြီးသား ဖြစ်သည်။
“ချီခယ်ချင်း... မင်း အဆင်ပြေရဲ့လား”
ချီခယ်ချင်း က ခေါင်းကို ခါယမ်းလိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် အံ့အားသင့် ဝမ်းသာသွားသော အမူအရာများ ထွက်ပေါ်လာတော့သည်။
“အရှင်သခင် နင် က ငါ့ကို ကယ်လိုက်တာလား”
ဤမေးခွန်းက ကိုယ့်ကိုယ်ကိုယ် ပြန်မေးနေသကဲ့သို့ ဖြစ်နေသော်ငြားလည်း၊ ၎င်းက ချီခယ်ချင်း ၏ ဝမ်းသာ ပီတိ ဖြစ်နေမှုများကို ကိုယ်စားပြုနေ၏။
ဓားဘိုးဘေးကြီး က သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်၏။
ထိုနှစ်ဦး ဘာမှ ထပ်မပြောနိုင်သေးခင်မှာပင်... ရုတ်တရက် ချီခယ်ချင်း ၏ ပတ်လည်ရှိ ဟင်းလင်းပြင် ထဲမှ လူရိပ်များက အိုးထဲသို့ ပြုတ်ကျလာသော ဖက်ထုပ်များအလား ဆက်တိုက် ပြုတ်ကျလာပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် ကြီးမားလှသော စစ်တပ်ကြီး တစ်ခုအဖြစ် ပြန်လည် စုစည်းသွားတော့သည်။
ဖူယောင် နယ်မြေ မှ အဖွဲ့ဝင်များသည် သူတို့ကိုယ်သူတို့ အသက်ဘေးမှ လွတ်မြောက်လာပြီး ခွမ်းရှန်းချင်း ၏ လက်ထဲမှ လွတ်မြောက်လာနိုင်ခဲ့သည့်အတွက် အလွန်တရာ ဝမ်းသာ ပျော်ရွှင်သွားကြ၏။
ကံကောင်းထောက်မစွာဖြင့် နင်ချီ သည် သူတို့ကို တည်နေရာ မရွှေ့ပြောင်းခင်မှာပင်... ဖူယောင် နယ်မြေ စစ်တပ်ကြီး အပေါ်သို့… ကိုယ်ယောင်ဖျောက် အခင်းအကျင်း တစ်ခုကို ကြိုတင် လွှမ်းခြုံပေးထားခဲ့သည်။
ထို့အပြင် သူတို့သည် အလွန်တရာ သတိထားကြပြီး မည်သည့် အသံမျှ မထွက်ပေါ်စေရန် ထိန်းချုပ်ထားနိုင်ခဲ့သဖြင့်၊ ယေဘုယျအားဖြင့် ဤမျှ ကြီးမားသော ဆူပူအုံကြွမှုမျိုး မဖြစ်ပေါ်ခဲ့ချေ။
လန်ယာ နယ်မြေ မှ အဖွဲ့ဝင်များမှာမူ နင်ချီ က ဖူယောင် နယ်မြေ မှ ကျင့်ကြံသူ အများအပြားကို ဤမျှ အချိန်တိုလေး အတွင်း ကယ်တင်နိုင်ခဲ့သည်ကို မြင်တွေ့လိုက်ရသောအခါ အလွန်တရာ အံ့အားသင့် မှင်သက်သွားကြတော့၏။
ဓားဘိုးဘေးကြီး က ဆိုလိုက်သည်။
“လောလောဆယ် အသက်ဘေးကနေ လွတ်မြောက်လာတဲ့အတွက် ဂုဏ်ယူပါတယ်။ ဒါပေမဲ့ အန္တရာယ်ကင်းအောင်လို့ ကျေးဇူးပြုပြီး ကိုယ်ယောင်ဖျောက်ပြီးပဲ ဆက်နေပေးကြပါ”
ချီခယ်ချင်း ၏ မျက်နှာထားမှာ တည်ကြည် လေးနက်သွားပြီး ချက်ချင်းပင် အမိန့်ပေးလိုက်၏။
“ကြားကြတယ် မဟုတ်လား”
ဖူယောင် နယ်မြေ မှ လူတိုင်းက သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်ကြသည်။
ခဏအကြာတွင် လူတိုင်းက နေရာတစ်ခုကို လှမ်းကြည့်လိုက်ကြ၏။
ထိုနေရာတွင် အဖြူရောင် ဝတ်ရုံကို ဆင်မြန်းထားသော နင်ချီ သည် သူတို့ကို ကျောခိုင်းထားပြီး နတ်ဘုရား လေပြေ နယ်မြေ ၏ အရှင်သခင် ခွမ်းရှန်းချင်း နှင့် စကားပြောနေသည်ကို တွေ့လိုက်ရသည်။
...
နင်ချီ က ရယ်လိုက်ပြီး ဆိုလိုက်၏။
“ဒါတွေ အားလုံးက စစ်ခုန်လန် ကျေးဇူးကြောင့်ပါပဲ။ သူက မင်းကို အပေါ်ယံ အညံ့ခံပြပြီး ငါ့အကြောင်း သတင်းမှား တချို့ကို ပေးခဲ့ပေမဲ့... တိတ်တဆိတ် ကတော့ သူက ငါ့ကို အရာအားလုံး ပြောပြခဲ့တာလေ။ ဘာဖြစ်လို့လဲ ဆိုတော့ ငါက သူ့ကို မှော်ရတနာ တစ်ခု ပေးထားလို့ပေါ့”
အောက်ဘက်ရှိ စစ်ခုန်လန် မှာလည်း နင်ချီ ၏ စကားများကို ကြားလိုက်ရသည်။
စစ်ခုန်လန် မှာ ရူးသွပ်သွားလုမတတ် ဖြစ်သွားတော့သည်။ သူက နင်ချီ ကို ဘယ်တုန်းက တိတ်တဆိတ် သတင်းတွေ ပေးခဲ့လို့လဲ။ သူက နင်ချီ ဆီက မှော်ရတနာ ကို ဘယ်တုန်းကများ လက်ခံရယူခဲ့လို့လဲ။
နင်ချီ ၏ စကားများက သူ့ကို ယခင်က တစ်ခါမှ မကြုံဖူးသော ကြောက်ရွံ့ ထိတ်လန့်မှုများထဲသို့ တွန်းပို့လိုက်ပြီး၊ နင်ချီ က သူ့ကို ထောင်ချောက်ဆင်နေပြီဟု ချက်ချင်း ခံစားလိုက်ရတော့သည်။
စစ်ခုန်လန် သည် အသည်းအသန် ရုန်းကန်နေပြီး တီကောင် တစ်ကောင်အလား လူးလွန့်နေသော်ငြားလည်း၊ မည်သည့် အသံမျှ ထွက်ပေါ်၍ မရနိုင်သလို သတင်းအချက်အလက် တစ်ခုမျှလည်း ပေးပို့နိုင်ခြင်း မရှိခဲ့ချေ။
ထိုစကားကို ကြားလိုက်ရသောအခါ ခွမ်းရှန်းချင်း ၏ မျက်နှာမှာ အလွန်တရာ အုံ့မှိုင်းသွားတော့သည်။
နင်ချီ က ဤနေရာ၏ အခြေအနေ အားလုံးကို ဘာကြောင့် ကြိုတင် သိရှိနေသနည်း ဆိုသည်ကို သူ နားလည် သဘောပေါက်သွားပုံ ရ၏။
သူသည် နင်ချီ နှင့် အမှန်တကယ်ပင် တွေ့ဆုံခွင့် ရခဲ့သော်ငြားလည်း၊ အခြေအနေ အားလုံးမှာ သူ မျှော်မှန်းထားသည်နှင့် လုံးဝ ကွဲပြားခြားနားနေခဲ့ပြီပင်။
ခွမ်းရှန်းချင်း ၏ အစီအစဉ်မှာ အမှောင်ထဲတွင် ပုန်းအောင်းနေသော ချန်းရင် နှင့် ပူးပေါင်းကာ နင်ချီ ကို ဖမ်းဆီးရန် ဖြစ်သည်။ ထို့နောက် နင်ချီ ကို သံလိုက် အိမ်မြှောင် ဖန်တီးသည့် နည်းလမ်းများကို ဖွင့်ဟ ပြောဆိုလာစေရန် အတင်းအကျပ် ဖိအားပေးကာ၊ နောက်ဆုံးတွင် ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် ထံသို့ လွှဲပြောင်းပေးအပ်ပြီး ကြီးမားလှသော ဆုလာဘ်များကို ရယူရန်ပင်။
သို့သော် လက်တွေ့တွင်မူ နင်ချီ သည် ချန်းရင် ကို ရှင်းလင်းခဲ့ရုံသာမက ချီခယ်ချင်း နှင့် အခြားသူများကိုပါ ကယ်တင်သွားခဲ့ပြီး၊ ခွမ်းရှန်းချင်း ကို လုံးလုံးလျားလျား အကြပ်ရိုက်သွားစေခဲ့ပြီ ဖြစ်၏။
သေချာသည်မှာ... ခွမ်းရှန်းချင်း သည် နင်ချီ ၏ စကားများကို အပြည့်အဝ ယုံကြည်မည် မဟုတ်သော်ငြားလည်း၊ ကျန်ရစ်နေသော လူများအကြားတွင် နင်ချီ ၏ သူလျှိုများ သေချာပေါက် ပါဝင်နေလိမ့်မည် ဆိုသည်ကိုမူ သူ အခိုင်အမာ ယုံကြည်ထားသည်။
ရုတ်တရက် နင်ချီ က သူ၏ ညာလက်ကို အောက်သို့ ဖိချလိုက်ရာ၊ စစ်ခုန်လန် ဦးဆောင်သော စိမ်းပြာ နက်ရှိုင်း အင်မော်တယ်ဂိုဏ်း စစ်တပ်ကြီးထဲမှ လူအနည်းငယ်မှာ နောက်ထပ် ပျောက်ကွယ်သွားကြပြန်သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ခွမ်းရှန်းချင်း ၏ မျက်နှာထားမှာ နောက်တစ်ကြိမ် ထပ်မံ ပြောင်းလဲသွားတော့သည်။
အရင်တုန်းက ကိစ္စတွေကို ထားလိုက်ပါတော့... အခု နင်ချီ က ငါ့ မျက်စိရှေ့မှာတင် လူတွေကို ထပ်ကယ်နေတာကတော့ တကယ့်ကို မာနထောင်လွှားလွန်းရာ ကျနေပြီ။
သူ၏ ရင်တွင်း၌ ဒေါသများ တဟုန်ထိုး မြင့်တက်လာပြီး၊ ယခင်က နင်ချီ ကြောင့် ဖြစ်ပေါ်ခဲ့သော ကြောက်ရွံ့မှုများ အားလုံးကို အပြည့်အဝ ဖိနှိပ်ပစ်လိုက်တော့သည်။
နင်ချီ က သူ၏ လက်ကို နောက်တစ်ကြိမ် မြှောက်လိုက်ပြီး လူများကို ဆက်လက် ကယ်တင်ရန် ဟန်ပြင်လိုက်၏။
ခွမ်းရှန်းချင်း က ပြင်းထန်သော အားလှိုင်း တစ်ခုကို ထုတ်လွှတ်လိုက်ပြီး အရင်ဆုံး စတင် တိုက်ခိုက်လိုက်တော့သည်။
အောက်ဘက်ရှိ ဟင်းလင်းပြင် ထဲတွင်... ပေအနည်းငယ်ခန့် ရှည်လျားပြီး တစ်ပေခန့် ကျယ်ဝန်းသော အရောင်ဖျော့ဖျော့ လေဓားသွား ရာပေါင်းများစွာ ရုတ်တရက် ဖွဲ့တည်လာ၏။
ထို လေဓားသွား များ ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက်၊ အောက်ဘက်ရှိ ဟင်းလင်းပြင် တစ်ခုလုံးမှာ ငါးအကြေးခွံများအလား အလွန်တရာ သိပ်သည်း ထူထပ်စွာ ပြည့်နှက်သွားတော့သည်။
“ဝီ…”
တုန်ခါသံများ ဆက်တိုက် ထွက်ပေါ်လာပြီး လေဓားသွား များက ပြိုင်တူ လှုပ်ရှားသွား၏။ မုန်တိုင်း လေပြင်းများမှာ ဓားများအလား ပြောင်းလဲသွားပြီး အောက်ဘက်တွင် ကျန်ရစ်နေသော စစ်ခုန်လန် နှင့် အခြားသူများကို မျက်စိတစ်မှိတ် အတွင်းမှာပင် အပိုင်းပိုင်း အစစ ပိုင်းဖြတ်ပစ်လိုက်တော့သည်။
နာကျင်စွာ အော်ဟစ်သံများက ဆက်တိုက် ထွက်ပေါ်လာ၏။
ထိုမျှနှင့် မပြီးသေးချေ။ သူ၏ ဒေါသများကို ဖြေဖျောက်ရန်အတွက် ခွမ်းရှန်းချင်း သည် နင်ချီ ၏ မျက်စိရှေ့မှာပင် လေဓားသွား များကို နောက်တစ်ကြိမ် ထပ်မံ ထိန်းချုပ်လိုက်ပြီး၊ အောက်ဘက်ရှိ ဟင်းလင်းပြင် ကို အပြန်အလှန် ပွတ်တိုက် ခုတ်ပိုင်းစေကာ ပြတ်တောက်နေသော ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံးကို ဖုန်မှုန့်များအဖြစ် ကြိတ်ချေပစ်လိုက်တော့သည်။
ထို တိုက်ခိုက်မှုများ ရပ်တန့်သွားချိန်တွင် မြေကြီးမှာ သုံးပေခန့် အနက်အထိ တူးဆွခံလိုက်ရပြီး၊ ၎င်း၏ အစွန်းများမှာ ရာသီဥတုဒဏ် ကြောင့် တိုက်စားခံရသည့်အလား ဖြစ်နေ၏။ စစ်ခုန်လန် နှင့် အခြားသူများသည် ဤနေရာတွင် တစ်ခါမှ မရှိခဲ့ဖူးသည့်အလား လုံးဝ ပျောက်ကွယ်သွားကြတော့သည်။
ခွမ်းရှန်းချင်း က အထက်ရှိ နင်ချီ ကို မော့ကြည့်လိုက်၏။
နင်ချီ က သူ့ကို အလွန်တရာ ထူးဆန်းသော အမူအရာဖြင့် စိုက်ကြည့်နေပြီး သူ၏ မျက်နှာပေါ်တွင် တစ်ဝက်တစ်ပျက် အပြုံးတစ်ခု ရှိနေသည်ကို သူ သတိပြုမိလိုက်၏။
နင်ချီ က ဆန့်ထုတ်ထားသော သူ၏ လက်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး အလွန်တရာ ကျေနပ် အားရသွားသလို ခံစားလိုက်ရ၏။
စစ်မြေပြင်နယ်မြေ ထဲသို့ ဝင်ရောက်လာသော စိမ်းပြာ နက်ရှိုင်း အင်မော်တယ်ဂိုဏ်း မှ လူတိုင်းနှင့် သူတို့၏ နောက်သို့ လိုက်ပါလာသော ဂိုဏ်းဝင်များ အားလုံးနှင့်အတူ စစ်ခုန်လန် လည်း နောက်ဆုံးတွင် သေဆုံးသွားခဲ့ပြီ ဖြစ်၏။
သူ ကိုယ်တိုင် သတ်လိုက်ခြင်း မဟုတ်သော်ငြားလည်း၊ သူ၏ အကြံအစည်ကြောင့် သေဆုံးသွားခဲ့ရခြင်းပင် ဖြစ်၏။
ယခုအခါ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က သိရှိသွားမည် ဆိုလျှင်တောင်မှ သူ့ကို အပြစ်တင်စရာ အကြောင်း လုံးဝ မရှိတော့ချေ။
စစ်တပ်ကြီး သုံးခုလုံးက နောက်ကွယ်မှနေ၍ ထိုသူများမှာ နင်ချီ ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရခြင်း မဟုတ်ဘဲ ခွမ်းရှန်းချင်း ၏ လက်ချက်ဖြင့် သေဆုံးသွားရခြင်း ဖြစ်ကြောင်းကို မျက်မြင်ကိုယ်တွေ့ သက်သေပြနိုင်ကြသည် မဟုတ်ပါလော။
wunzinnosp
အခန်း (၇၈၃) - သူတော်စင် ဘိုးဘေးကြီး ၏ လေနတ်ဘုရား ပန်းချီကား
~ခွမ်းရှန်းချင်း သည် နင်ချီ ၏ အမူအရာကို မြင်လိုက်ရသောအခါ တစ်ဖက်လူ၏ အသုံးချခြင်းကို ခံလိုက်ရပြီ ဖြစ်ကြောင်း ချက်ချင်း သဘောပေါက်သွားတော့သည်။
သို့သော် သူ လုံးဝ ဂရုမစိုက်ချေ။ မည်သို့ပင်ဆိုစေ သူသည် တောင်နှင့် ပင်လယ် ကမ္ဘာ မှ ကျင့်ကြံသူ များကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်ရာ၊ စစ်ခုန်လန် နှင့် အခြားသူများမှာ သူတို့အတွက် မည်သို့မျှ အသုံးမဝင်တော့ချေ။
“လာစမ်းပါ... ငါ မင်းကို စောင့်နေတာ ကြာလှပြီ။ အခု ငါတို့ နှစ်ယောက်တည်း ကျန်တော့တာ ဆိုတော့ ငါတို့ရဲ့ သက်ဆိုင်ရာ ဝိညာဉ်နယ်မြေ တွေအတွက် တိုက်ခိုက်ကြတာပေါ့”
ခွမ်းရှန်းချင်း က ဆိုလိုက်၏။
သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် နင်ချီ ကို တိုက်ခိုက်လိုက်တော့သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် စိမ်းပြာရောင် ပုံရိပ်ယောင် အများအပြားက ဟင်းလင်းပြင် ကို ဖြတ်သန်း တိုက်ခတ်သွား၏။ ၎င်းတို့ ဖြတ်သန်းသွားရာ လမ်းကြောင်း တစ်လျှောက်ရှိ ဟင်းလင်းပြင် ကြီးမှာ စက္ကူစများအလား အပိုင်းပိုင်း အစစ ဆွဲဖြဲခံလိုက်ရပြီး၊ အပိုင်းအစများမှာ ပုံသဏ္ဌာန်မဲ့ ပြန့်ကျဲသွားတော့သည်။
စိမ်းပြာရောင် ပုံရိပ်ယောင်များက နင်ချီ ကို အရပ်မျက်နှာ အသီးသီးမှ ဝန်းရံထားပြီး ဟင်းလင်းပြင် အတွင်း၌ ကြမ်းတမ်းသော လေပြင်းများ တိုက်ခတ်လာတော့သည်။ ၎င်းတို့သည် နင်ချီ ၏ အနီးသို့ပင် မရောက်ရှိသေးခင်မှာ အခြေအနေများ ထပ်မံ ပြောင်းလဲသွားပြန်သည်။
စိမ်းပြာရောင် ပုံရိပ်ယောင်များမှာ ယခုအခါ ဝေဝါးသွားပြီး မျက်စိဖြင့် မမြင်နိုင်တော့ချေ။ သူမ၏ ပတ်လည်ရှိ လေပြင်းများက တဟုန်ထိုး တိုက်ခတ်လာပြီး ကြေမွနေသော ဟင်းလင်းပြင် များနှင့် ပေါင်းစပ်ကာ ကြောက်မက်ဖွယ်ကောင်းသော နဂါး လေဆင်နှာမောင်း ကြီးတစ်ခု အဖြစ် ဖွဲ့စည်းသွားတော့သည်။
ဤ တာအို နဂါး လေဆင်နှာမောင်း ကြီးသည် လေ သဘာဝ စည်းမျဉ်း များကို စုစည်းထားခြင်းဖြင့်သာ ဖန်တီးထားခြင်း မဟုတ်ဘဲ၊ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင် အပိုင်းအစများ အားလုံးကိုပါ ဝါးမြို သိမ်းပိုက်ထားခြင်း ဖြစ်၏။
မိုင်နှစ်ဆယ် အကွာအဝေးမှ တိုက်ပွဲကို စောင့်ကြည့်နေကြသော ကျင့်ကြံသူ စစ်တပ်ကြီး သုံးခုလုံးမှာ ကောင်းကင်ယံအထိ ထိုးတက်နေသော နဂါး လေဆင်နှာမောင်း ကြီးကို ကြည့်ရင်း မျက်လုံးများ ပြူးကျယ်သွားကြတော့သည်။
နယ်မြေအရှင်သခင် အဆင့်ရှိသော သူများ၏ တိုက်ပွဲများမှာ အမြဲတမ်း ဤမျှ ရင်ခုန်စရာ ကောင်းလွန်းလှသဖြင့် သူတို့ အနေဖြင့် လုံးဝ ဝင်ရောက် စွက်ဖက်နိုင်စွမ်း မရှိကြချေ။
အကယ်၍ သူတို့ ဝင်ရောက် စွက်ဖက်ချင်လျှင်တောင်မှ... ထို လေဆင်နှာမောင်း ကြီး အနီးသို့ မရောက်ခင်မှာပင် စုပ်ယူ ဝါးမြိုခံလိုက်ရမည်သာ ဖြစ်၏။
နဂါး လေဆင်နှာမောင်း ကြီးမှာ အပြာရောင်နှင့် အနက်ရောင်များ ရောယှက်နေပြီး၊ လေ သဘာဝ စည်းမျဉ်း ၏ အပြာရောင်နှင့် ဟင်းလင်းပြင် အပိုင်းအစများ၏ အနက်ရောင်တို့ ပေါင်းစပ်ထားခြင်း ဖြစ်သည်။
ခပ်လှမ်းလှမ်းမှ ကြည့်မည် ဆိုပါက ထို လေဆင်နှာမောင်း ကြီးမှာ မျဉ်းကြောင်းများ ပေါင်းစုံ စုစည်းထားခြင်းဖြင့် ဖွဲ့စည်းထားသကဲ့သို့ ဖြစ်နေပြီး၊ မျဉ်းကြောင်း တစ်ခုစီတိုင်းမှာ ဟင်းလင်းပြင် ကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိသော စွမ်းအားများကို ပိုင်ဆိုင်ထားကြ၏။
၎င်းကို ခြုံငုံကြည့်မည် ဆိုပါက၊ ခန္ဓာကိုယ် မတ်မတ် ရပ်နေပြီး ခေါင်းနှင့် အမြီးမှာ ကောင်းကင်နှင့် မြေကြီးကို ထိစပ်နေသော ကြောက်မက်ဖွယ်ကောင်းသည့် မိစ္ဆာ နဂါးကြီး တစ်ကောင်နှင့်ပင် တူနေသည်။
ထို လေဆင်နှာမောင်း ကြီး၏ ရှေ့တွင်တော့ သေးငယ်လှသော နင်ချီ မှာ ပင်လယ်ပြင်ထဲရှိ ကျောက်ဆောင် တစ်ခုအလား လွင့်မျောနေပြီး မုန်တိုင်း လေပြင်းများကို လုံးဝ ယိမ်းယိုင်ခြင်း မရှိဘဲ ရင်ဆိုင်နေ၏။
သူ၏ အဖြူရောင် ဝတ်ရုံမှာ လေပြင်းများအောက်တွင် တဖျပ်ဖျတ် လွင့်ဝဲနေပြီး၊ သူ၏ ဆံပင်များမှာလည်း နောက်ဘက်သို့ ရူးသွပ်စွာ လွင့်မျောနေကာ၊ သူသည် နဂါး လေဆင်နှာမောင်း ကြီး၏ ဝါးမြိုခြင်းကို ခံရတော့မည့်အလား ထင်မှတ်ရလေသည်။
“နဂါးက လေနတ်ဘုရား ကို ဝါးမြိုခြင်း”
ခွမ်းရှန်းချင်း ၏ ဟိန်းဟောက်သံကြီးက လေဆင်နှာမောင်း ကြီးထဲတွင် ပဲ့တင်ထပ်သွားပြီး နဂါး တစ်ကောင်၏ သီချင်းသံအလား နူးညံ့ သိမ်မွေ့လှ၏။
နောက်တစ်စက္ကန့်တွင် အပြာရင့်ရောင် လေဆင်နှာမောင်း ကြီးမှာ သေးငယ်လှသော နင်ချီ ဆီသို့ မျက်စိတစ်မှိတ် အတွင်း တဟုန်ထိုး ပြေးဝင်သွားတော့သည်။
နင်ချီ က အနည်းငယ်မျှပင် တုန်လှုပ် ယိမ်းယိုင်သွားခြင်း မရှိချေ။ လူတိုင်း မြင်တွေ့လိုက်ရသည်မှာ သူ၏ ပုံရိပ်မှာ လေဆင်နှာမောင်း ကြီး၏ အပိုင်းပိုင်း အစစ ဆွဲဖြဲခြင်းကို ခံလိုက်ရပြီး မည်သည့် ခြေရာလက်ရာမျှ မကျန်ရစ်တော့ခြင်းပင် ဖြစ်သည်။
စောင့်ကြည့်နေသူများ ရင်ထိတ်ပျာသွားကြပြီး အံ့အားသင့်စွာဖြင့် အော်ဟစ်လုမတတ် ဖြစ်သွားကြရ၏။
သို့သော် လည်ပတ်နေသော နဂါး လေဆင်နှာမောင်း ကြီး အတွင်းမှနေ၍ ခွမ်းရှန်းချင်း ၏ မယုံကြည်နိုင်သော အသံကြီး ရုတ်တရက် ထွက်ပေါ်လာတော့သည်။
“နင်ချီ... မင်းက လေ သဘာဝ စည်းမျဉ်း တွေကိုပါ သိနေတာလား”
အမှန်တကယ်တော့ နင်ချီ သည် သူ၏ ဆွဲဖြဲခြင်းကို ခံလိုက်ရခြင်း မဟုတ်ဘဲ၊ လေ သဘာဝ စည်းမျဉ်း များကို တက်ကြွစွာ ထုတ်လွှတ်ပြီး ထိုအထဲသို့ ပေါင်းစပ် ဝင်ရောက်သွားခြင်းသာ ဖြစ်၏။
ကောင်းကင်ကို အံတုနိုင်သော နားလည် သဘောပေါက်နိုင်စွမ်း ရှိသည့် နင်ချီ အနေဖြင့်၊ ခွမ်းရှန်းချင်း.. စတိုက်လိုက်သော အခိုက်အတန့်မှာပင် ခွမ်းရှန်းချင်း၏ နောက်ဆက်တွဲ တိုက်ခိုက်မှုများ အားလုံးကို စိတ်ထဲတွင် ချက်ချင်း ပုံဖော် တွက်ချက်လိုက်ပြီး ခွမ်းရှန်းချင်း ၏ နည်းလမ်း အားလုံးကို အပြည့်အဝ နားလည် သဘောပေါက်သွားခဲ့ခြင်း ဖြစ်သည်။
သို့သော် ခွမ်းရှန်းချင်း သည် နင်ချီ က လေ သဘာဝ စည်းမျဉ်း များကိုပါ အသုံးပြုနိုင်လိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့သည်မှာ သေချာလှ၏။ ထို့အပြင် လေ သဘာဝ တာအို အပေါ် နင်ချီ ၏ ကျွမ်းကျင် ပိုင်နိုင်မှုမှာ... လေ သဘာဝ တာအို ကို အထူးပြု ကျင့်ကြံထားသော သူနှင့်ပင် ရင်ပေါင်တန်း ယှဉ်ပြိုင်နိုင်လောက်အောင် အစွမ်းထက်နေသေးသည် မဟုတ်ပါလော။
ထို့နောက် လူတိုင်း မြင်တွေ့လိုက်ရသည်မှာ... ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးပစ်နိုင်လုမတတ် ဖြစ်နေသော အပြာရင့်ရောင် လေဆင်နှာမောင်း ကြီး အတွင်း၌ ရုတ်တရက် ပုန်ကန်မှု တစ်ခု ဖြစ်ပွားနေသည့်အလား ဖြစ်သွားတော့သည်။
မူလက ၎င်းသည် နာရီလက်တံ ပြောင်းပြန် လည်ပတ်နေခဲ့သော်လည်း၊ ယခုအခါ ထိုအထဲမှ ကြီးမားလှသော စွမ်းအားတစ်ခု ထွက်ပေါ်လာပုံ ရပြီး နာရီလက်တံ အတိုင်း ပြောင်းပြန် လည်ပတ်ရန် ရုတ်တရက် ကြိုးစားလာတော့သည်။
မာနထောင်လွှားလှသော ခွမ်းရှန်းချင်း မှာ သွေးပျက်ဖွယ် အော်ဟစ်လိုက်ရ၏။
“ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်ရတာလဲ”
နင်ချီ ၏ စွမ်းအားများ ဝင်ရောက်လာသည်နှင့်အမျှ၊ နင်ချီ ၏ လေ သဘာဝ တာအို အပေါ် ကျွမ်းကျင် ပိုင်နိုင်မှုမှာ သူ ယခင်က ထင်မှတ်ထားသလို သူ့နှင့် ရင်ပေါင်တန်းနိုင်ရုံသာ မဟုတ်ဘဲ၊ သူ့ထက် များစွာ သာလွန်နေကြောင်း ရုတ်တရက် သဘောပေါက်သွားတော့သည်။
ဤ ရုတ်တရက် ရှာဖွေ တွေ့ရှိမှုက ခွမ်းရှန်းချင်း ကို သူ၏ တည်ရှိမှု အပေါ်မှာပင် သံသယ ဝင်လာစေလောက်အောင် အလွန်တရာ တုန်လှုပ်သွားစေတော့၏။
လေဆင်နှာမောင်း ကြီးမှာ ရုတ်တရက် တုံ့ခနဲ ရပ်တန့်သွားပြီးနောက်၊ ဟင်းလင်းပြင် ထဲမှနေ၍ စုတ်ပြတ်သတ်နေသော ခန္ဓာကိုယ် တစ်ခု လွင့်စဉ် ထွက်လာတော့သည်။ ၎င်းမှာ ခွမ်းရှန်းချင်း ပင် ဖြစ်သည်။
သူသည် ကြယ်ငါး တစ်ကောင်အလား ကောင်းကင်ယံသို့ လွင့်ပျံသွားပြီး၊ သူ၏ ကိုယ်တွင်းရှိ စွမ်းအား အနည်းငယ်ကို အလွန် ခက်ခဲ ပင်ပန်းစွာဖြင့် စုစည်းကာ လေထဲတွင် ရပ်တန့်နိုင်ခဲ့၏။
ခွမ်းရှန်းချင်း ၏ အသက်ရှူသံများမှာ အလွန်တရာ ပြင်းထန်နေ၏။ သူ၏ အသွင်အပြင်မှာလည်း အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ သူ၏ ဝတ်ရုံများမှာ စုတ်ပြဲနေပြီး သူ၏ ဆံပင်များမှာလည်း အရောင် အသွေးစုံလင်စွာ ရှုပ်ပွနေတော့သည်။ သူက ပြန်လည် ပေါ်ထွက်လာသော နင်ချီ ကို မှင်သက်စွာ ငေးကြည့်နေပြီး သူ့ကို လက်ညှိုးထိုးကာ အချိန်အတော်ကြာမှ စကားတစ်ခွန်းကို ပြောထွက်လာတော့သည်။
“မင်း...”
စကားဆုံးသည်နှင့် တစ်ပြိုင်နက် သူက သွေးတစ်ပွက် အန်ချလိုက်ရာ သူ၏ ဝတ်ရုံများမှာ သွေးများဖြင့် ရဲရဲနီသွားတော့သည်။
နင်ချီ ၏ ခွန်အားမှာ သူ မျှော်မှန်းထားသည်ထက် များစွာ သာလွန်နေခဲ့ပြီ ဖြစ်၏။
သူက ခါးသီးစွာဖြင့် ပြုံးလိုက်ပြီး၊ နင်ချီ ကို အနိုင်ယူနိုင်လိမ့်မည်ဟု ယခင်က သူ တွေးထင်ထားခဲ့မိသည်မှာ မည်မျှအထိ ရယ်စရာ ကောင်းလိုက်သနည်း ဟု တွေးတောနေမိသည်။
ခွမ်းရှန်းချင်း သည် မွေးရာပါ မာနကြီးသူ တစ်ဦး ဖြစ်သည်။ လူတစ်ယောက်က မာနကြီးလေလေ... သူ အကျွမ်းကျင်ဆုံးသော နယ်ပယ်တွင် လုံးဝ ခုခံနိုင်စွမ်း မရှိဘဲ ရှုံးနိမ့်သွားသောအခါ သူ ခံစားရမည့် ထိုးနှက်ချက်မှာ ပိုမို ပြင်းထန်လေလေပင် ဖြစ်၏။
‘ငါတို့ နှစ်ဦးစလုံးက နယ်မြေအရှင်သခင် တွေ ဖြစ်ကြပါလျက်နဲ့... ဘာလို့ နင်ချီ ရဲ့ ခွန်အားက ငါထက် ဒီလောက်တောင် ပိုပြီး ကြီးမားနေရတာလဲ’
ခပ်လှမ်းလှမ်းမှ စောင့်ကြည့်နေသူများမှာလည်း သူတို့ မြင်တွေ့နေရသော မြင်ကွင်းကြောင့် အလွန်တရာ အံ့အားသင့် မှင်သက်သွားကြရသည်။