← Chapters

အခန်း (၃၂၁-၃၂၂)

Vol. 33 Ch. 321-322

အခန်း (၃၂၁-၃၂၂)

Vol. 33 Ch. 321-322

အပိုင်း (၃၂၁)

ကောင်းကင်ဝါးမြိုသားရဲ၏ ခန္ဓာကိုယ်အတွင်း၌ ကောင်းကင်တာအိုကျိန်စာဖြင့် ဖွဲ့စည်းထားသော သော့ခလောက် တစ်ခု ရှိနေပြီဖြစ်လေသည်။ ယခုအချိန်တွင် ယင်းကို သန့်စင်ရန် ကြိုးစားပါက ထိုကျိန်စာနှင့် တိုက်ရိုက် ရင်ဆိုင်ရမည် ဖြစ်ကာ စွန့်ပစ်လိုက်သော ပြဿနာတစ်ခုကို ပြန်လည် ကောက်ယူလိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။ ထို့အပြင် ကျုံးရှန် ယခုပိုင်ဆိုင်လိုက်သော ကောင်းကင်တာအိုခန္ဓာသည် စွမ်းအားအားလုံးကို တစ်သားတည်းအဖြစ်ပေါင်းစပ်ထားသော်လည်း ယခင်က နတ်ဘုရားစွမ်းရည်များကို ဆက်လက် အသုံးပြုနိုင်ဆဲ ဖြစ်သည်။

ထို့ကြောင့် သူ၏ အစွမ်းကို မြှင့်တင်ရန်အတွက် ကောင်းကင်ဝါးမြိုသားရဲ၏ မူလစွမ်းအင်ကို အလျင်စလို သန့်စင်ရန် မလိုအပ်သေးချေ။

သို့နှင့် ကောင်းကင်ဝါးမြိုသားရဲရုပ်တုကို သိမ်းဆည်းပြီးနောက် ကျုံးရှန်သည် တင်ပျဉ်ခွေ ထိုင်လိုက်သည်။ သူသည် ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများကို လည်ပတ်စေကာ ခန္ဓာကိုယ်၏ အခြေအနေကို အသေးစိတ် အာရုံခံကြည့်နေ၏။

ယခုအခါ သူသည် အချိန်မရွေး သူတော်စင်အဆင့် သို့ တက်လှမ်းနိုင်ပြီ ဖြစ်သည်။

....

မျှော်စင်အတွင်း၌ သာမက ငရဲမဟာကမ္ဘာတစ်ခုလုံးနှင့် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး တစ်ခုလုံးတွင်ပင် အစောပိုင်းက ထွက်ပေါ်ခဲ့သော အဆုံးမဲ့အလင်းတန်းကို မြင်တွေ့လိုက်ကြရလေသည်။ လူတိုင်းသည် စကားတစ်လုံးမျှ မဆိုဘဲ ငြိမ်သက်စွာ ရပ်တန့်နေကြကုန်၏။ အဆင့် ၃ အထွတ်အထိပ်တွင် ရှိသော အစစ်အမှန်နတ်ဘုရားများ ဖြစ်စေ၊ စကြာဝဠာကို ကျော်လွန်သွားသော လွတ်မြောက်ခြင်းအဆင့် သို့မဟုတ် ကောင်းကင်အရှင် အဆင့် ကျွမ်းကျင်သူများ ဖြစ်စေ သူတို့အားလုံး တိတ်ဆိတ်သွားကြသည်။

ယခုလေးတင် ထွက်ပေါ်ခဲ့သော ထိုအလင်းတန်းသည် ကမ္ဘာလောက အားလုံးကို ရောင်ပြန်ဟပ်သွားကာ မရေမတွက်နိုင်သော မဟာကမ္ဘာများနှင့် နယ်ပယ်အသီးသီးသို့ ဖြာထွက်သွားခဲ့ခြင်း ဖြစ်၏။ အထွတ်အထိပ် တည်ရှိမှု တစ်ခု မွေးဖွားလာပြီ ဖြစ်ကြောင်း သူတို့အားလုံး သိရှိလိုက်ကြပေသည်။ ထိုတည်ရှိမှုသည် ကောင်းကင်တာအိုပင်လျှင် တားဆီးနိုင်ခြင်း မရှိသော အရာ ဖြစ်ပြီး ယင်းသည် စစ်မှန်သော ကောင်းကင်တာအိုခန္ဓာ ဖြစ်ကာ မဟာကမ္ဘာအပေါင်း၏ အထက်တွင် တည်ရှိပြီး စစ်မှန်သော လွတ်မြောက်ခြင်းနှင့် ပြည့်စုံခြင်းကို ရရှိထားလေသည်။

ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ အလယ်ဗဟိုရှိ သူတော်စင်ကုန်းမြေတိုက်။

ဤနေရာသည် ယခင်က ရှန့်ကျိုးတိုက်ကြီးဖြစ်ခဲ့ပြီး ဝမ်ရှန့်တိုက်ကြီး၏ အလယ်ဗဟိုသို့ ကျရောက်လာပြီးနောက်တွင် သူတော်စင်ကုန်းမြေတိုက်အဖြစ် ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။ ယခင် ရှန့်ကျိုး၏ နယ်မြေကိုးဆယ့်ကိုးခုအနက် အများစုသည် သူတော်စင်ကုန်းမြေတိုက်အတွင်း၌ပင် ရှိနေကြသည်။ ယခုအချိန်တွင် မြေပြင်အနှံ့အပြားမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာနေပြီး ကောင်းကင်နှင့် မြေကြီး၏ ကံကြမ္မာ အခွင့်အလမ်းများသည် ရုတ်တရက် ကျဆင်းလာတော့သည်။

မဟာကမ္ဘာတစ်ခုလုံး၏ ကံကြမ္မာ အရှိန်အဝါအားလုံးနီးပါးသည် ဤနေရာသို့ စုစည်းလာနေခြင်း ဖြစ်သည်။

အလယ်ပိုင်းသူတော်စင်ကုန်းမြေတိုက်ကြီးအတွင်း၌ နှစ်ပေါင်းများစွာ အိပ်ပျော်နေခဲ့သော အခွင့်အလမ်းများစွာသည် စတင် နိုးထလာပြီး လောကအတွင်းသို့ ပေါ်ထွက်လာကြလေသည်။ လယ်သမားတစ်ဦးသည် လယ်ထွန်ရင်းနှင့်ပင် သူတော်စင်လက်နက် တစ်ခု သို့မဟုတ် နတ်ဘုရားအဆင့် ရတနာတစ်ခုကို တူးဖော်ရရှိနိုင်သည့် အခြေအနေမျိုး ဖြစ်နေ၏။ အမျိုးမျိုးသော အမွေအနှစ်နယ်မြေများသည်လည်း အဆက်မပြတ် ပေါ်ထွက်လာပြီး အလယ်ပိုင်းသူတော်စင်ကုန်းမြေတိုက်ကြီးတစ်ခုလုံး၏ အတွင်းပိုင်း၌ နှလုံးသားတစ်ခု နိုးထလာနေသကဲ့သို့ ထင်ရပေသည်။

အကန့်အသတ်မဲ့ကမ္ဘာမှ လာကြသော မိစ္ဆာအိုကြီးများစွာသည် သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ ဖုန်မှုန့်များကို ခါချလိုက်ကြသည်။ ထိုအခါ အဆင့် ၃ အထွတ်အထိပ် အရှိန်အဝါများ၊ ကောင်းကင်အရှင် အဆင့်များနှင့် ထာဝရ အဆင့် ကျွမ်းကျင်သူများ၏ အရှိန်အဝါများသည် ကောင်းကင်သို့ ထိုးတက်သွားလေသည်။ ဤသည်မှာ အလယ်ပိုင်းသူတော်စင်ကုန်းမြေတိုက်ကြီးရှိ မိစ္ဆာအိုကြီးများ နောက်ဆုံးတွင် လောကထဲသို့ ထွက်ပေါ်လာပြီ ဖြစ်ကြောင်း ပြသခြင်းပင် ဖြစ်သည်။

ကျောင်းဆောင်တစ်ခုအတွင်း၌ ထိုင်နေသော တာအိုဘုန်းကြီးတစ်ပါးသည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်သည်။ ယခုတစ်ကြိမ်တွင် သူသည် မတ်တတ်ရပ်လိုက်ကာ သူ၏ အကြည့်များသည် ဟင်းလင်းပြင် အလွှာများကို ဖြတ်ကျော်၍ ဝမ်ရှန့်တိုက်ကြီးနှင့် ငရဲကမ္ဘာ ဆုံစည်းရာ နေရာသို့ ကျရောက်သွားသည်။

"နောက်ဆုံးတော့..."

"နှစ်ပေါင်း သိန်းသန်းချီအောင် ကြာပြီးတဲ့နောက်မှာ အံ့ဖွယ်တစ်ခု ထပ်ပေါ်လာပြီပဲ"

"ဒီတစ်ကြိမ်တော့... ဘယ်လိုနည်းနဲ့မှ လွဲချော်လို့မဖြစ်တော့ဘူး"

သူ၏ အသံသည် အလွန်အိုမင်းရင့်ရော်နေကာ မရေမတွက်နိုင်သော လောကဓံမုန်တိုင်းအသွယ်သွယ်ကို ဖြတ်သန်းလာခဲ့သကဲ့သို့ဖြစ်သည်။

ထို့နောက် သူ၏ခန္ဓာကိုယ်သည် ကျောင်းဆောင်အတွင်းမှပျောက်ကွယ်သွားကာ အလယ်ပိုင်းသူတော်စင်ကုန်းမြေတိုက်ကြီး၏ကောင်းကင်ထက်၌ အလွန် အစွမ်းထက်သော အရှိန်အဝါတစ်ခု ထိုးတက်သွားလေတော့သည်။

တောင်ပိုင်း နန်ယန်စီရင်စု။

မြောက်ပိုင်း ဓားကုန်းမြေတိုက်။

ယခုအခါ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ သည် ထိုနယ်မြေနှစ်ခုလုံးကို အပြည့်အဝ သိမ်းပိုက်ထားပြီး ဖြစ်ကာ မိမိတို့၏အင်အားစုကို အခိုင်အမာ တည်ဆောက်ထားပြီး ဖြစ်၏။ မြောက်ပိုင်းနယ်စပ်ရှိ လူရိုင်းနယ်မြေ၏ အပြင်ဘက်တွင် နယ်မြေတစ်ခုနီးပါးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ လူရိုင်းမျိုးနွယ်စု အများအပြားကို စစ်သုံ့ပန်းများအဖြစ်ဖမ်းဆီးခဲ့ပြီး နယ်မြေသစ်များ တည်ဆောက်ခဲ့ကြသည်။ထိုလူရိုင်းနယ်မြေနေရာများမှ များပြားလှသော အရင်းအမြစ်များကို ရရှိခဲ့ပြီး ကျွမ်းကျင်သူ အမြောက်အမြားကိုလည်း လေ့ကျင့်ပေးနိုင်ခဲ့ကာ ဂိုဏ်း၏ အင်အားကို အရှိန်အဟုန်ဖြင့် တိုးတက်လာစေခဲ့သည်။

ထို့အပြင် သူတော်စင်အဆင့် မိစ္ဆာသားရဲ တစ်သိန်းကျော်နှင့် နတ်ဘုရားအဆင့် မိစ္ဆာသားရဲ ဆယ်ဂဏန်းခန့် ရှိနေသဖြင့် ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ ထိပ်တန်း ဂိုဏ်းကြီး ၇၂ ဂိုဏ်းအနက် ထိပ်သီးဂိုဏ်း ၁၀ ခုအတွင်းသို့ ရောက်ရှိနေပြီဖြစ်သည်။ အကယ်၍ အခြားဂိုဏ်းများတွင် အစစ်အမှန်နတ်ဘုရား အဆင့်များ၊ ကောင်းကင်အရှင်အဆင့် မိစ္ဆာအိုကြီးများနှင့် အခြားသော မဟာတာအိုအဆင့် ရတနာများ၊ မဟာကမ္ဘာငယ်လေးများသာ မရှိခဲ့ပါက ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေသည် နံပါတ် ၁ နေရာတွင်ပင် တည်ရှိနေနိုင်ပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် သူတော်စင်အဆင့် မိစ္ဆာ တစ်သိန်းကျော်နှင့် နတ်ဘုရားအဆင့် မိစ္ဆာ ဆယ်ဂဏန်းတို့သည် ကြယ်တာရာ ၂၈ ပါး မိစ္ဆာအစီရင်နှင့် ပေါင်းစပ်လိုက်ပါက အစစ်အမှန်နတ်ဘုရားကိုပင် ဖိနှိပ်ထားနိုင်ပြီး ကောင်းကင်အရှင်အဆင့် ကျွမ်းကျင်သူများပင်လျှင် တိုက်ရိုက် ရင်ဆိုင်ရန် မဝံ့ရဲကြချေ။

သို့သော်လည်း အခြေခံအုတ်မြစ် အားနည်းနေသေးခြင်းသည် ဝမ်းနည်းစရာပင် ဖြစ်ကာ အရေးကြုံလျှင် အားကိုးရမည့် အထွတ်အထိပ် အဆင့်ရှိ မိစ္ဆာအိုကြီးများ သို့မဟုတ် လွတ်မြောက်ခြင်းအဆင့် ရတနာများ၊ မဟာကမ္ဘာငယ်လေးများကဲ့သို့သော အခြေခံများ လိုအပ်နေသေးပေသည်။ ဤသည်မှာ အချိန်ကြာမြင့်စွာ စုဆောင်းလာခဲ့ရသော အခြေခံ အုတ်မြစ် ကွာခြားချက် ဖြစ်သည်။ ဓားကုန်းမြေတိုက်နှင့် နန်ယန်စီရင်စု ကြားတွင် ဖာဟိုင် တည်ဆောက်ထားသော တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ဖြင့် ဆက်သွယ်ထားကာ စဉ်ဆက်မပြတ် မွမ်းမံမှုများ ပြုလုပ်ပြီးနောက်တွင် နယ်မြေနှစ်ခုကြား ကူးသန်းရန် ကြာမြင့်ချိန်သည် တဖြည်းဖြည်း တိုတောင်းလာခဲ့ပြီဲဖြစ်သည်။

အစပိုင်းတွင် လပေါင်းများစွာ ကြာမြင့်ခဲ့သော်လည်း ယခုအခါ ရက်အနည်းငယ်သာ ကြာမြင့်တော့လေသည်။

နန်ယန်စီရင်စုသည် ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ၏ နောက်တန်းအခြေစိုက်စခန်း ဖြစ်သကဲ့သို့ ဓားကုန်းမြေတိုက်သည်လည်း စစ်မြေပြင် ရှေ့တန်းခံတပ် ဖြစ်ကာနယ်မြေတစ်ခုချင်းစီသည် မိမိတို့၏ သက်ဆိုင်ရာနယ်ပယ်အလျောက်တာဝန် ထမ်းဆောင်နေကြ၏။

ယခုအချိန်တွင် ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေအတွင်း၌ ဂိုဏ်း၏ ထိပ်တန်းကျွမ်းကျင်သူ ပေါင်းများစွာ စုဝေးနေကြကာ ကျူးကျီ ၊ ဝက်မည်းကြီး၊ ကျွမ်းလီ အစရှိသော ချင်းထျန်းတောင်ထိပ် မှ သက်ရှိများလည်း ပါဝင်ကြသည်။ ထို့အပြင် ရွေ့ဝူတီ၊ ကျုံးကျဲ အစရှိသော မျိုးဆက်သစ် ကျွမ်းကျင်သူများလည်း ရှိနေကြကာ ဂျင်ချူရှောင်နှင့် ဝမ်ရှောင်ယွီ တို့သည်လည်း များစွာ တိုးတက်လာခဲ့ကြပြီး ယခုအခါတွင် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်သော တည်ရှိမှုများ ဖြစ်နေကြပြီ ဖြစ်ပေသည်။

သို့ဖြစ်ရာ ရဲရင့်သော စစ်သည်တော်များ ၊ စစ်သူကြီးများဖြင့် ပြည့်နှက်နေသည့် ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ၏ အစွမ်းထက်မှုသည် အထင်အရှားပင် ဖြစ်၏။

သို့သော်လည်း ဖုံးကွယ်ထားသော အန္တရာယ်များသည်လည်း မနည်းလှဘဲ အင်အားစု အသီးသီးသည် သူတို့ကို ဝိုင်းရံစောင့်ကြည့်နေကြသည်။ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေသည် အရာအားလုံးကို ထိန်းချုပ်ပေးနိုင်မည့် အတုမဲ့ အစွမ်းထက် ကျွမ်းကျင်သူ တစ်ဦး ပေါ်ထွက်လာရန် အရေးတကြီးလိုအပ်နေသည်။ သို့သော်လည်း တိုတောင်းသော အချိန်အတွင်း၌ ထိုကိစ္စသည် မဖြစ်နိုင်သေးချေ။

အဘယ် ကြောင့်ဆိုသော် ကျုံးရှန်သည် ပြန်လာခြင်း မရှိသေးသောကြောင့်ဖြစ်သည်။

ဂိုဏ်းချုပ်ဖြစ်သော ကျုံးချီထျန်းသည် အစည်းအဝေးစားပွဲ၏ထိပ်ဆုံးတွင် ထိုင်နေပြီး ကျုံးချီမင်သည် သူ့၏ ဘေးတွင် ထိုင်နေလေသည်။ အေးစက်လှပသော မိန်းကလေးတစ်ဦးသည် သူတို့၏ ဘေးတွင် မတ်တတ်ရပ်နေပြီး ကြောက်မက်ဖွယ်ကောင်းသော လက်သီးစွပ်တစ်ခု ကိုဝတ်ဆင်ထားသည်။ ထိုမိန်းကလေးသည် အလွန်လှပသော်လည်း သူမ၏ အရှိန်အဝါအငွေ့အသက်သည် ကမ္ဘာလောကကို အုပ်ချုပ်နေသော ဘုရင်မတစ်ပါးကဲ့သို့ ရှိပေသည်။

သူမသည် ငြိမ်သက်စွာ ရပ်နေရုံမျှဖြင့်ပင် ပတ်ဝန်းကျင်၌ သူတော်စင်များ၏ တရားဓမ္မသံများ မှိန်ဖျော့စွာ ထွက်ပေါ်နေသကဲ့သို့ ခံစားရစေကာ လူတို့ကို ဉာဏ်အလင်း ပွင့်စေသည်။

ယခုဆိုလျှင် ကျုံးရှန် ထွက်ခွာသွားသည်မှာ ၁၀ စုနှစ် တစ်ခုကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ အေးစက်သော မိန်းမပျိုလေးသည် ကြီးပြင်းလာသည့် ကျုံးထျန်းယွဲ့ ပင် ဖြစ်လေသည်။

ယခုအခါတွင် ဝမ်ရှန့်ကုန်းမြေတိုက်ကြီး၏ အခြေအနေသည် မျိုးနွယ်ခြားများ၏ လှုပ်ရှားမှုများနှင့်အတူ ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်နေသကဲ့သို့ပျက်စီးသွားသော ဂိုဏ်းများ၊ နတ်ဘုရားအင်ပါယာများ၊ အခွင့်ကောင်းရှာဖွေနေသော အင်အားစုများဖြင့် ရှုပ်ထွေးနေသည်။ဘေးဒုက္ခကျရောက်လာလျှင် အခွင့်အလမ်းကောင်းများတွဲပါလာသည်ဟူသောဆိုရိုးနှင့်အညီဖြစ်နေ၏။

ကျုံးချီထျန်းနှင့် ကျုံးချီမင်တို့ နှစ်ဦးသည် သူတော်စင်အဆင့် ၆ သို့ ရောက်ရှိနေကြကာ ကျူးကျီ၊ ဝက်မည်းကြီး၊ ပန်းဆွဲယုန်ငယ် အစရှိသော ချင်းထျန်းတောင်ထိပ်မှ သက်ရှိများသည် နတ်ဘုရားအဆင့် သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ တိုတောင်းလှသော ၁၀ စုနှစ် တစ်ခုကျော်အတွင်း၌ သူတို့၏ တိုးတက်မှုသည် ယခင် နှစ်ပေါင်း သောင်းချီ ကျင့်ကြံခဲ့ရသည်ထက်ပင် ပိုမို မြန်ဆန်နေသည်။

"အားလုံးပဲ... ခုနက ငရဲမဟာကမ္ဘာကနေ ထွက်ပေါ်လာပြီး ကမ္ဘာအနှံ့ကို လွှမ်းခြုံသွားတဲ့ အဆုံးမဲ့နတ်ဘုရားအလင်းတန်းက တကယ်ကို ထိတ်လန့်ဖို့ ကောင်းလွန်းတယ်"

"ဓားကုန်းမြေတိုက်တောင်မှ ဒီအလင်းတန်းကြောင့် ကမ္ဘာ့ကံကြမ္မာ အရှိန်အဝါတွေကို လက်ခံရရှိနေပြီး ရှေးဟောင်း အခွင့်အလမ်းတွေနဲ့ အမွေအနှစ်တွေ အမြောက်အမြား ထွက်ပေါ်လာနေပြီ"

"မင်းတို့ ဒီကိစ္စကို ဘယ်လိုမြင်ကြလဲ"

ကျုံးချီထျန်းသည် တည်ကြည်လေးနက်သော လေသံဖြင့် မေးလိုက်သည်။

ကျုံးရှန် မရှိသည့်အချိန်တွင် သူသည် ဂိုဏ်းချုပ်တစ်ဦးအနေဖြင့် အမြင့်ဆုံး အာဏာကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။

''ဒီကိစ္စက သခင်နဲ့ ပတ်သက်နေဖို့ များတယ်''

''သခင်က ငရဲပြည်ကို သွားတာ မဟုတ်လား''

ကျွမ်းလီသည် ရုတ်တရက် စကားဆိုလိုက်သည်။

''ဒါ ဆရာပဲ ဖြစ်ရမယ်''

''ကျွန်တော့်မှာ အာရုံတစ်ခု ရှိတယ်... မကြာခင်မှာ ဆရာက ဝမ်ရှန့်တိုက်ကြီးကို ပြန်လာပြီး ကျွန်တော်တို့ကို ဦးဆောင်လိမ့်မယ်''

ရွေ့ဝူတီသည် ရှေ့သို့ တစ်လှမ်း တက်လိုက်ကာ ရဲရင့်စွာ ပြောလိုက်၏။

သူ၏ ဘေးတွင် ဓားနှစ်လက်လွယ်ထားကာ ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေသော မိန်းကလေးတစ်ဦး ရှိနေသည်။

ကျွမ်းလီနှင့် ရွေ့ဝူတီ၏ စကားကို ကြားသောအခါ ထိုနေရာရှိ ကျွမ်းကျင်သူ အားလုံးသည် စိတ်လှုပ်ရှားစွာဖြင့် ဆူညံသွားကြလေတော့သည်။

အပိုင်း (၃၂၂)

ယခုအချိန်တွင် ဤနေရာ၌ စုဝေးနေကြသူများထဲ၌ မူလထျန်းဂိုဏ်းမြင့်မြတ်နယ်မြေမှ အကြီးအကဲဟောင်းများ နှင့် ထူးချွန်သော မျိုးဆက်သစ် နောက်လိုက် အနည်းငယ်သာ ပါဝင်လေသည်။ လူအများစုသည် ချင်းထျန်းတောင်ထိပ်မှဆင်းသက်လာကြသူများသာ ဖြစ်ကြ၏။

ကျုံးရှန်သည် သက်ရှိအပေါင်းကို တောင်ပေါ်မှ ဆင်းရန် အမိန့်ပေးခဲ့သည့် အချိန်မှစ၍ ချင်းထျန်းတောင်ထိပ်မှ ထိုသူများသည်လည်း ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပေါင်းစည်းသွားခဲ့ကြလေသည်။ ထိုသည်မှာ ကျုံးရှန် ဖြစ်သဖြင့် မည်သည့် မိစ္ဆာသူတော်စင် သို့မဟုတ် မိစ္ဆာသားရဲနတ်ဘုရားမျှ ဖီဆန်ခြင်း မရှိကြချေ။

သူတို့အားလုံးသည် ကျုံးရှန်၏ လမ်းညွှန်မှုနှင့် သွန်သင်ဆုံးမမှုများကို ရရှိခဲ့ကြသူများ ဖြစ်ကြသည့်အလျောက် ကျုံးရှန်ကို သူတို့၏ ဝိညာဉ်ဘုရင်အဖြစ် အလေးအမြတ် ထားကြလေသည်။ အခြားသူများသည်လည်း ကျူးကျီ၊ ကာရီကြက်၊ ဝက်မည်းကြီး အစရှိသော သက်ရှိများကဲ့သို့ ကျုံးရှန်နှင့်အတူ ကြီးပြင်းလာခဲ့ကြသူများ ဖြစ်ကြသဖြင့် သူတို့သည် ကျုံးရှန်ကို သခင်အဖြစ်သာမက ဖခင်ကဲ့သို့ပင် သဘောထားကြကာ အလွန်နက်ရှိုင်းသော သံယောဇဉ်များ ရှိနေကြသည်။

ကျန်ရှိနေသော ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေရှိ ကျုံးရှန်၏နောက်မျိုးဆက်သစ်များဖြစ်သည့် ကျုံးချီထျန်းနှင့် ကျုံးချီမင်တို့သည် ပြောနေရန်ပင် မလိုတော့ချေ။ သူတို့သည် ဘိုးဘေး ကျုံးရှန်၏ အစွမ်းသတ္တိများကို ကိုယ်တိုင် မြင်တွေ့ခဲ့ရပြီး ဖြစ်သဖြင့် လွန်စွာကြည်ညိုလေးစားနေကြပြီ ဖြစ်ကာ ကျုံးကျဲနှင့် ကျုံးထျန်းယွဲ့ တို့ကဲ့သို့သော မျိုးဆက်သစ်များအတွက်မူ ဘိုးဘေး ကျုံးရှန်သည် သူတို့၏ ဘဝကို အသစ်တစ်ဖန် ဖန်တီးပေးခဲ့သော ကျေးဇူးရှင်ပင် ဖြစ်သည်။

သူတို့သည် အခွင့်အလမ်းသစ်များကို ရရှိခဲ့သဖြင့် ကံကြမ္မာ၏ သားတော်များ၊ ကံကြမ္မာ၏ သမီးတော်များနှင့်ပင် ရင်ပေါင်တန်း ယှဉ်ပြိုင်နိုင်စွမ်း ရှိလာကြပြီဖြစ်ကာ မိမိတို့နှင့် ထိုက်တန်သော အရာများကို ပြန်လည် တိုက်ခိုက်အရယူနိုင်ခဲ့ကြရုံသာမက အနှိုင်းမဲ့ ယုံကြည်ချက်များကို တည်ဆောက်နိုင်ခဲ့ကြကာ အဆင့်အတန်းမြင့်သော ကံကြမ္မာ အရှိန်အဝါများကို သိမ်းပိုက်နိုင်ခဲ့ကြသည်။ ယခုမျက်မှောက်ခေတ်ကာလ၏ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးတွင် အဓိက ဇာတ်လိုက်များ ဖြစ်လာနိုင်မည့် ကံကြမ္မာ အရင်းအမြစ်များကိုလည်း သူတို့ ပိုင်ဆိုင်ထားကြလေသည်။

ထို့ကြောင့် ကျုံးရှန်နှင့် ပတ်သက်၍ သူတို့တွင် ဖုံးကွယ်ထားသောမကောင်းသော စိတ်ထားများမရှိကြချေ။ သို့ဖြစ်ရာ ငရဲမဟာကမ္ဘာ၏ တစ်နေရာမှ ထွက်ပေါ်လာသော အဆုံးမဲ့အလင်းတန်းသည် မိမိတို့၏ ဘိုးဘေးနှင့် သက်ဆိုင်နိုင်ကြောင်း သိရှိလိုက်ရသောအခါ ထိုနေရာရှိ လူအားလုံးသည် အလွန်အမင်း စိတ်လှုပ်ရှားသွားကြရခြင်းဖြစ်သည်။

"ဘိုးဘေးကြီးရဲ့ အရှိန်အဝါက တကယ်ကို ခန့်ညားထည်ဝါလှပေတယ်...ဘိုးဘေး သက်တော်အနန္တ ရှည်ပါစေ..."

ကျုံးကျဲသည် ယခုအချိန်တွင် ပိရှီးကျောက်စာတိုင်ဖိနှိပ်ခြင်း နတ်ဘုရားချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားကာ လက်ထဲတွင် စစ်ဘုရင်လှံရှည်ကို ကိုင်ဆောင်ထားသည်။ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါသည် အလွန်အမင်း အစွမ်းထက်လှကာ ကမ္ဘာလောက၏ စွမ်းအားများပင် ကိန်းဝပ်နေသကဲ့သို့ ခံစားရစေ၏။

ဤသည်မှာ သူတော်စင်အဆင့် ၃ ဖြစ်သော စိတ်အာရုံဖန်တီးခြင်းနယ်ပယ်သို့ ရောက်ရှိသွားခြင်း၏ သင်္ကေတဖြစ်သည်။ ဟင်းလင်းပြင်ထဲမှ ကမ္ဘာလောက၏ စွမ်းအားများကို ထုတ်ယူကာ သူတော်စင်ဘုံကို ပေါင်းစပ်ဖန်တီးနိုင်ပြီ ဖြစ်သဖြင့် မြင့်မြတ်သောတံခါးမကြီးကို အပြည့်အဝ ဖွင့်လှစ်နိုင်သည့်အဆင့်သို့ရောက်ရှိနေပြီ ဖြစ်လေသည်။ ကျုံးကျဲ၏တိုးတက်မှုသည် တိုတောင်းလှသော ၁၀ စုနှစ် တစ်ခုကျော်အတွင်း၌သာ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

သူ၏ လက်ထဲရှိ စစ်ဘုရင်လှံရှည်၏ အရှိန်အဝါသည်လည်း အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကာ ကျုံးကျဲသာ နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်သွားပါလျှင် စစ်ဘုရင်လှံရှည်သည်လည်း မဟာတာအိုအဆင့်သို့ တက်လှမ်းသွားပေမည်။ စစ်ဘုရင်လှံရှည်သည် စစ်ဘုရင်၏ နတ်ဘုရားလက်နက် ဖြစ်သည့်အားလျော်စွာ သာမန် ရတနာတစ်ခုကဲ့သို့ ရိုးရှင်းခြင်းမရှိ ချေ။

ယခုအချိန်တွင် ကျုံးကျဲသည် လှံရှည်ကို မြှောက်၍ အော်ဟစ်လိုက်သောအခါ ကျန်ရှိသော လူတိုင်းကလည်း လိုက်လံ အော်ဟစ်ကြလေသည်။

"ဘိုးဘေးကြီးရဲ့ အရှိန်အဝါက တကယ်ကို ခန့်ညားထည်ဝါလှပေတယ်...ဘိုးဘေး သက်တော်အနန္တ ရှည်ပါစေ..."

"ဘိုးဘေးကြီးရဲ့ အရှိန်အဝါက တကယ်ကို ခန့်ညားထည်ဝါလှပေတယ်...ဘိုးဘေး သက်တော်အနန္တ ရှည်ပါစေ..."

"ဘိုးဘေးကြီးရဲ့ အရှိန်အဝါက တကယ်ကို ခန့်ညားထည်ဝါလှပေတယ်...ဘိုးဘေး သက်တော်အနန္တ ရှည်ပါစေ..."

အဆုံးမဲ့အလင်းတန်း၏ အရှိန်အဝါအရ ဘိုးဘေး ကျုံးရှန်သာ ပြန်လာမည်ဆိုလျှင် မဟာကမ္ဘာများကို ကျော်လွန်သွားသော ကောင်းကင်အရှင် အဆင့် ကျွမ်းကျင်သူများပင်လျှင် တားဆီးနိုင်မည် မဟုတ်ချေ။ ထိုသို့ဖြစ်လာပါက ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ၏ အခြေခံ အုတ်မြစ်သည် ပြည့်စုံသွားမည် ဖြစ်ကာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်တွင် နံပါတ် ၁ ဖြစ်သည့် မဟာကမ္ဘာဂိုဏ်းနှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိလာပေလိမ့်မည်။

"ဘိုးဘေးက အချိန်မရွေး ပြန်လာနိုင်တဲ့အတွက် ငါတို့အားလုံး အသင့်ပြင်ထားရမယ်"

"ဝူတီ... ဒီနေ့ကစပြီး မင်းက မြောက်ပိုင်းဓားကုန်းမြေတိုက်မှာရှိတဲ့ ဝူတီတပ်ရင်းကို ပြန်ခေါ်လာခဲ့ပါ... ပြီးတော့ ဇီယာစီရင်စုကို စစ်ချီဖို့ ပြင်ဆင်ရမယ်... အဲဒီနေရာက အခုဆိုရင် ဟွမ်ရှားမျိုးနွယ်စုတွေရဲ့ လက်အောက်ကို လုံးဝ ကျရောက်နေပြီ"

"အခုကစပြီး အခြေအနေကို ပြောင်းလဲပစ်ရမယ်... ဘိုးဘေးပြန်လာတဲ့အချိန်မှာ လက်ဆောင်အနေနဲ့ ပေးနိုင်ဖို့အတွက် နယ်မြေတွေကို ပိုပြီး တိုက်ခိုက်သိမ်းပိုက်ရမယ်"

"နောက်ပြီးတော့ မိစ္ဆာသူတော်စင်စစ်တပ်ကို မြောက်ပိုင်းလူရိုင်းနယ်မြေကို စေလွှတ်လိုက်ပါ... နွားခေါင်းလူရိုင်းမျိုးနွယ်စုတွေကို တိုက်ခိုက်ပြီးတော့ သူတို့ရဲ့ နွားခေါင်းလူရိုင်းနတ်ဘုရားကို အရှင်ဖမ်းခဲ့ရမယ်"

ကျုံးချီထျန်းသည် ဂိုဏ်းချုပ်တစ်ဦးအနေဖြင့် အရပ်ရပ်မှ သတင်းအချက်အလက်များကို စုစည်းကာ ဆုံးဖြတ်ချက်အသစ်များကို ချက်ချင်း ချမှတ်လိုက်လေသည်။

ယခင်က ကာကွယ်ရေးကိုသာ အဓိကထားခဲ့သော အခြေအနေမှ ယခုအခါ ပြင်းထန်သော ထိုးစစ်ဆင်မှု အခြေအနေသို့ ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။ သူသည် ဘိုးဘေး ပြန်လာသောအခါ စိတ်ကျေနပ်စေမည့် ရလဒ်ကောင်းများကို တင်ပြလိုနေခြင်း ဖြစ်လေသည်။ သို့မှသာ ဘိုးဘေးကြီး၏ ကျေးဇူးတရားကို မစော်ကားရာ ရောက်မည် ဖြစ်သည်။

လူတိုင်းသည်လည်း သူ၏အမိန့်များကို နာခံ၍ ထွက်ခွာသွားကြလေသည်။ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေတစ်ခုလုံးသည် ကြီးမားသော အရှိန်အဟုန်ဖြင့်လည်ပတ်လာ သော စစ်ဘက်ဆိုင်ရာစက်ယန္တရားကြီးတစ်ခုအဖြစ် ပြောင်းလဲသွားလေတော့သည်။

...

ကောင်းကင်တက်လှမ်းခြင်းမျှော်စင်အတွင်း။

စတုတ္ထ အထပ်တစ်ထောင် ဟင်းလင်းပြင်ကမ္ဘာအတွင်းရှိ ထူးဆန်းသော မီးတောင်ဗဟိုချက်၌ ကျုံးရှန်သည် မူလနေရာတွင်ပင် တင်ပျဉ်ခွေ ထိုင်နေဆဲ ဖြစ်သည်။ သူသည် အသစ်စက်စက် ရရှိထားသော ခန္ဓာကိုယ်ကို အပြည့်အဝ ရင်းနှီးကျွမ်းဝင်သွားပြီ ဖြစ်၏။

ထိုခန္ဓာကိုယ်သည် စစ်မှန်သော မဟာတာအို၏ လမ်းစဉ်ပင် ဖြစ်သည်။

သူ၏ ယခင် ခန္ဓာကိုယ်သည် သန်မာသော်လည်း ယင်း၌ ကိန်းဝပ်နေသော စွမ်းအားများသည် ရှုပ်ထွေးလွန်းလှသည်။ ယခုအခါတွင်မူ အရာအားလုံးကို ဖျက်စီးပစ်ကာ အသစ်တစ်ဖန် ပြန်လည် ဖန်တီးလိုက်ခြင်း ဖြစ်လေသည်။ ပြန်လည်ဖန်တီးထားသော အရာများထဲ၌ စစ်မှန်သောအတ္တ အမှုန်အမွှားများလည်း ပါဝင်ကာ အမှုန်အမွှားပုံစံဖြင့် စွမ်းအားများကို သိမ်းဆည်းခြင်းသည် ထူးခြားသော နည်းလမ်းတစ်ခု ဖြစ်သော်လည်း ယခုအခါတွင်မူ ယင်းတို့ကို တစ်သားတည်း ဖြစ်အောင် ပြန်လည် ပေါင်းစပ်လိုက်ပြီ ဖြစ်ပေသည်။

ထိုအမှုန်အမွှားများ၏စုစုပေါင်း စွမ်းအားသည် လျော့နည်းသွားခြင်း မရှိဘဲ ပိုမို တိုးပွားလာခဲ့ကာ ယခင်က ရှိခဲ့သော မရေရာသည့် အန္တရာယ်များကိုလည်း ဖယ်ရှားနိုင်ခဲ့သည်။ ထို စစ်မှန်သောအတ္တအမှုန်အမွှားများအတွင်း၌ ရှိနေသော သူ၏နတ်ဘုရားအာရုံ စွမ်းအားများသည်လည်း မူလခန္ဓာကိုယ်သို့ ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်ကာ ကျုံးရှန်၏နတ်ဘုရားအာရုံသည်ပိုမိုအင်အားကြီးမားလာလေသည်။ ကောင်းကင်တာအိုခန္ဓာကိုယ်သည် လောကတွင် အစင်ကြယ်ဆုံးသော ခန္ဓာကိုယ်သာ ဖြစ်၏။

အကယ်၍ သာမန်လူတစ်ဦးသည် ကျုံးရှန်၏ အသားတစ်ဖဲ့ကို စားသုံးလိုက်ရုံမျှဖြင့် သာမန်လူဘဝမှ နိယာမနယ်ပယ် အဆင့် ၂၈ သို့ ချက်ချင်းရောက်ရှိသွားနိုင်ကာ နှစ်ပေါင်း ခုနစ်သောင်း၊ ရှစ်သောင်းခန့်အထိ အသက်ရှည်နိုင်မည် ဖြစ်သည်။ ကျုံးရှန်၏ ခန္ဓာကိုယ်သည် ထိုမျှအထိ အစွမ်းထက်လာခြင်းဖြစ်ကာ ကောင်းကင်တာအိုနှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး စင်ကြယ်ခြင်း၊ အကန့်အသတ်မဲ့ခြင်းနှင့် အတိုင်းအဆမဲ့အလားအလာများဖြင့်ပြည့်နှက်နေသည်။ ထိုကဲ့သို့အကျိုးကျေးဇူးများအားလုံးသည် ကျုံးရှန်သည် မိမိကိုယ်ကို သေခြင်းရှင်ခြင်းအခြေအနေသို့ တွန်းပို့ခဲ့ခြင်းကြောင့်သာ ဖြစ်သည်။

သူသည် အကြီးမားဆုံးသော ဘေးဒုက္ခကို ကျော်ဖြတ်ခဲ့ရသော်လည်း အကြီးမားဆုံးသော အခွင့်အလမ်းကိုလည်း ရရှိခဲ့လေသည်။

"ဟူး..."

''နှစ်ပေါင်း တစ်သန်းအတွင်းမှာ အခုလို စိတ်လက်ပေါ့ပါးလန်းဆန်းတာမျိုး တစ်ခါမှ မဖြစ်ဖူးဘူး''

ကျုံးရှန် ပြုံးလိုက်လျှင် သူ၏ ဖြူဖွေးသော သွားများပေါ်လာသည်။

သူသည် စိတ်ရင်းမှန်ဖြင့် ပြုံးလိုက်ခြင်းဖြစ်သည်။ ထို့နောက် သူသည် လည်ပင်းကို အနည်းငယ် လှုပ်ရှားလိုက်ပြီး ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များကို စတင် လှုပ်ရှားစေကာ သူတော်စင်အဆင့်သို့ဝင်ရောက်ရန်ကာဆီးထားသည့် နောက်ဆုံး အတားအဆီးနံရံကို တိုက်ခိုက်လိုက်သည်။ ထို အတားအဆီးနံရံကို ကျော်ဖြတ်နိုင်သည်နှင့် သူသည် သူတော်စင်အဆင့်သို့ ဝင်ရောက်ကာ သူတော်စင်တစ်ဦး ဖြစ်လာ ပေလိမ့်မည်။

မူလက ထို အတားအဆီးနံရံသည် ကျိန်စာများဖြင့် ခိုင်မာစွာ ပိတ်ဆို့ထားခြင်း ဖြစ်သော်လည်း ယခုအခါ ကျိန်စာများ မရှိတော့ချေ။ ကျုံးရှန်နှစ်ပေါင်းများစွာ စုဆောင်းထားသော စွမ်းအားများအတွက် ထို အတားအဆီးနံရံသည် စက္ကူပါးလေးကဲ့သို့ပင် ဖြစ်ကာ အလွယ်တကူပင် ဖောက်ထွက်သွားလေသည်။

"ဖောက်..."

ပူဖောင်းတစ်ခု ပေါက်ထွက်သွားသကဲ့သို့ ကြည်လင်ပီသသော အသံတစ်ခု သူ၏ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာသည်။ ခန္ဓာကိုယ်ရှိအတွင်းရှိအရာအားလုံးသည် တစ်သားတည်း ဖြစ်သွားကာ မည်သည့် ပိတ်ဆို့မှုမျှ မရှိတော့ဘဲ ဝိညာဉ်စွမ်းအင်များသည်လည်း ရွှေရောင်အဖြစ် ပြောင်းလဲသွား၏။ သူ၏ ခန္ဓာကိုယ်သည် စွမ်းအင်စုပ်ယူသည့် ဝဲဂယက်ကြီးတစ်ခုကဲ့သို့ ဖြစ်သွားကာ ကမ္ဘာလောကအတွင်းရှိ စွမ်းအားများကို ရူးသွပ်စွာ စုပ်ယူလေတော့သည်။

ကောင်းကင်တက်လှမ်းခြင်းမျှော်စင်သည်ပင်လျှင် အဆုံးမဲ့သော စွမ်းအင်စုပ်ယူမှုကို ရင်ဆိုင်ရသောအခါ မျှော်စင်ကို ဖွင့်ပေးလိုက်ရပြီး ပြင်ပမှ စွမ်းအင်များကို ဝင်ရောက်ခွင့် ပေးလိုက်ရသည်။ သို့မဟုတ်လျှင် ကျုံးရှန်သည် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ စွမ်းအားများကို တိုက်ရိုက် စုပ်ယူသွားပေလိမ့်မည်။

သက်ရှိအားလုံးသည် သူတော်စင်အဆင့်သို့ တက်လှမ်းချိန်တွင် ကမ္ဘာဦးမူလစွမ်းအင်များကို တစ်ကြိမ် စုပ်ယူခွင့် ရရှိကြလေသည်။ ထိုတစ်ကြိမ် စုပ်ယူလိုက်သော စွမ်းအင်များသည် ဝိညာဉ်စွမ်းအင်ကို ပိုမို အစွမ်းထက်သော သူတော်စင်စွမ်းအားများအဖြစ် ပြောင်းလဲပစ်ရန်အတွက် ဖြစ်သည်။ သို့သော်လည်း ကျုံးရှန်၏ စွမ်းအင်စုပ်ယူမှု အရှိန်အဝါသည် သာမန်သူတော်စင်အဆင့်တက်လှမ်းသူတစ်ဦးထက် အဆများစွာ ပိုမို ပြင်းထန်လှပေသည်။

သူ၏ စစ်မှန်သော အတ္တအမှုန်အမွှား ၈၁၀ သန်းသည်ပင်လျှင် နတ်ဘုရားအဆင့် ၁ ကျွမ်းကျင်သူ ၈၁၀သန်းနှင့် ညီမျှနေသည်ဖြစ်ပြီး သူ၏ အခြားသော စုဆောင်းမှုများကို ထည့်မတွက်လျှင်ပင် အလွန်များပြားသောပမာဏဖြစ်သည်။ ကျုံးရှန်၏ဝိညာဉ်စွမ်းအင်များကို သူတော်စင်စွမ်းအားအဖြစ် လုံးဝ ပြောင်းလဲပစ်ရန် လိုအပ်သော ကမ္ဘာလောက၏ စွမ်းအင်ပမာဏသည် မတွေးဝင့်စရာပင်ဖြစ်နေတော့သည်။

ထိုဖြစ်စဉ်ကို ကောင်းကင်တာအိုပင်လျှင် ဝင်ရောက် စွက်ဖက်နိုင်ခြင်း မရှိချေ။ ငရဲမဟာကမ္ဘာနှင့် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးတို့၏ ကောင်းကင်ထက်၌ ကြီးမားလှသော ဝဲဂယက်ကြီးများ ထွက်ပေါ်လာ လေသည်။ ကမ္ဘာငယ်လေးများ၊ အလယ်အလတ်ကမ္ဘာများနှင့် မဟာကမ္ဘာကြီးအတွင်းမှ ကမ္ဘာဦး မူလစွမ်းအင်များကို အတင်းအဓမ္မ စုပ်ယူနေခြင်း ဖြစ်သည်။

ထို့ပြင် ဟင်းလင်းပြင်ထဲမှ အမျိုးမျိုးသော စွမ်းအားများကို စုစည်းကာ ကမ္ဘာဦးမူလစွမ်းအင်များအဖြစ် သန့်စင်ယူနေလေသည်။ ထိုသည်မှာ ဝေလငါးကြီးတစ်ကောင် ရေများကို စုပ်ယူနေသကဲ့သို့ပင် ကမ္ဘာနှစ်ခုလုံးမှ စွမ်းအင်များကို ရူးသွပ်စွာ ဆွဲယူနေခြင်း ဖြစ်သည်။ မဟာကမ္ဘာနှစ်ခုလုံးရှိ သက်ရှိအားလုံးသည် သူတို့၏ မျက်စိရှေ့တွင်ဖြစ်ပေါ်နေသောမြင်ကွင်းကို မှင်တက်အံ့သြစွာကြည့်နေကြကာ ကျင့်ကြံခြင်း အဆင့်နိမ့်သူအချို့ဆိုလျှင် ကမ္ဘာပျက်ကပ် ဆိုက်ရောက်လာပြီဟုပင် ထင်မှတ်နေကြလေသည်။

သူတော်စင်အဆင့်နှင့် ထိုအဆင့်အထက် မိစ္ဆာအိုကြီးများသာလျှင် ထိုဖြစ်စဉ်သည် တစ်စုံတစ်ယောက်၏ သူတော်စင်အဆင့်သို့ တက်လှမ်းနေခြင်းဖြစ်ကာ ကမ္ဘာဦးမူလစွမ်းအင်များကို စုပ်ယူနေခြင်း ဖြစ်ကြောင်း သိရှိနိုင်ကြပေသည်။

All Chapters