အခန်း (၁၃၂-၁၃၄)
Vol. 10 Ch. 132-134
အပိုင်း(၁၃၂) သူက သူ့ဇနီးကို မလိုချင်တော့ဘူးလား
မုန့်ချင်ကျိုးက ရွှေနန်းတော်သို့ ဦးတည်သော လမ်းမထက်တွင် လျှောက်လှမ်းလာသည်။ နန်းတွင်း အပျိုတော်တစ်ဦးက ရှေ့မှဦးဆောင်ပြီး စုချင်ချိုးက နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာသည်။
ယခုအချိန်အထိ စုချင်ချိုး ခုနက ပြောခဲ့သော စကားများမှာ မုန့်ချင်ကျိုး၏ အာရုံထဲ ပဲ့တင်ထပ်နေဆဲ ဖြစ်သည်။ ထို့နောက် ဧကရီ နန်းတက်ကတည်းက လုပ်ဆောင်ခဲ့သမျှသော အောင်မြင်မှုများကို သူ ပြန်လည်စဉ်းစားမိသည်။
ကျင့်ကြံသူများနှင့် သာမန်လူတန်းစားကြားက အတားအဆီးများကို ဖျက်ဆီးပြီး၊ ကောင်းကင်နှင့် မြေကြီးမှ ရရှိသော ထူးခြားသည့် စွမ်းအားများကို ပြည်သူများ၏ အကျိုးအတွက် အသုံးချစေသည်။ နှစ်ပေါင်းများစွာ စစ်ဖြစ်နေပြီး တိုင်းပြည်ဘဏ္ဍာတိုက် အားနည်းနေချိန်မှာပင် ပြည်သူများအပေါ် အခွန်အတုတ်များ တိုးမြှင့်ခြင်း သို့မဟုတ် အမြတ်ထုတ်ခြင်း လုံးဝမပြုလုပ်ခဲ့။
အရင်းအမြစ် မရှိလျှင်... တခြားတိုင်းပြည်များမှ သွားလုသည်။
လူအင်အား မရှိလျှင်... ရန်သူ့တိုင်းပြည်ကို ဖျက်ဆီးပြီး ထိုစစ်တပ်များကို မိမိလက်အောက်ခံ အရန်တပ်များအဖြစ် သိမ်းသွင်းသည်။
ထို့ကြောင့် ပြည်သူများ၏ ပျော်ရွှင်မှုမှာ အလွန် မြင့်မားလှသည်။ ဧကရီ၏ မောက်မာရက်စက်မှုမှာ တခြားသော တိုင်းတစ်ပါးများယ အပေါ်၌သာ ဖြစ်ပြီး မိမိ၏ မဟာကျင်းပြည်သူများအပေါ်တွင်မူ သနားညှာတာသော အုပ်ချုပ်မှုဖြင့် လွှမ်းခြုံပေးထားသည်။
"သခင်လေး... သခင်လေးက ဧကရီအပေါ် အမြဲတမ်း အမြင်မကြည်ခဲ့ဘူး မဟုတ်လား။ ဘာလို့ အခုမှ ဒီလောက် ရက်ရက်ရောရော လှူဒါန်းလိုက်ရတာလဲ။" စုချင်ချိုး၏ လှပသော မျက်ဝန်းလေးများ ဝင်းလက်လျက် တိုးတိုးလေး မေးလိုက်သည်။
မုန့်ချင်ကျိုးက နေရောင်ခြည်ကို ခံစားရင်း မော့ကြည့်ကာ အေးအေးဆေးဆေး ပြန်ပြောသည်။
"အရင်က ဧကရီအပေါ် ငါ့ရဲ့ အမြင်တွေက တစ်ဖက်စောင်းနင်း ဖြစ်နေခဲ့တာပါ။ အမှားတွေလည်း အများကြီး ပါခဲ့မှာ။ အခု ပြန်ကြည့်တဲ့အခါမှာတော့ သူ့အပေါ် လေးစားမှုတွေ အများကြီး ရှိလာတယ်။ သူက ကမ္ဘာကြီးကို ပြောင်းလဲနိုင်တဲ့ တကယ့် အုပ်ချုပ်သူစစ်စစ်ပဲ…"
"ငါ တစ်ခါက ဖတ်ဖူးတဲ့ စာအုပ်ထဲမှာ တိုင်းပြည်(၆)ခုကို သိမ်းပိုက်ခဲ့တဲ့ ဧကရာဇ်ကြီးတစ်ပါးအကြောင်း ပါဖူးတယ်။ ဧကရီနဲ့ အဲဒီမင်းကြီးမှာ တူညီတဲ့ အချက်တွေ အများကြီး ရှိတယ်။"
စုချင်ချိုး၏ မျက်လုံးများ ပိုမိုတောက်ပလာပြီး စိတ်လှုပ်ရှားစွာဖြင့် ဆက်မေးပြန်သည်။
"ဒါဆိုရင် ဧကရီက ရက်စက်လွန်းတယ်လို့ သခင်လေး မထင်ဘူးလား။ သူ့လက်ထဲမှာ အသက်ပေါင်းများစွာ သေဆုံးခဲ့ပြီး တိုင်းပြည်တွေအများကြီး ပျက်စီးခဲ့ရတာလေ။"
မုန့်ချင်ကျိုးက ပြုံးလျက် ခေါင်းခါပြသည်။ "ငါတော့ အဲဒီလို မထင်ပါဘူး။ တိုင်းပြည်တွေကြားက စစ်ပွဲသမိုင်းဟာ နှစ်ပေါင်းထောင်ချီ ကြာမြင့်နေပြီ။ ဒါဟာ ကုရခက်တဲ့ အကျိတ်ကြီးလိုပဲ။ ပြင်းထန်တဲ့ နည်းလမ်းတွေ မသုံးဘဲနဲ့တော့ ဒီရောဂါရဲ့ အရင်းအမြစ်ကို ဘယ်လိုလုပ် အမြစ်ပြတ်အောင် လုပ်နိုင်မှာလဲ။"
ထိုစကားကို ကြားသောအခါ စုချင်ချိုးက လက်သီးလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ စိတ်လှုပ်ရှားစွာ ဝှေ့ယမ်းလိုက်သည်။
အိုး... ဟုတ်ပြီ။
သခင်လေးက နောက်ဆုံးတော့ ဧကရီကို ကာလသားရောဂါလို ရှောင်မနေတော့ဘူး။ အရှင်မရဲ့ ဒုက္ခတွေ နောက်ဆုံးတော့ ပြီးဆုံးတော့မှာပဲ။ တကယ်ကို ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတာ။
"လူကြီးမင်း... အရှင်မက ရွှေနန်းတော်ထဲမှာ စောင့်နေပါတယ်။ ကျွန်မကတော့ ဒီအထိပဲ လိုက်ပို့ပေးလို့ ရမှာပါ။" နန်းတွင်းအပျိုတော်က ဦးညွှတ်နှုတ်ဆက်ပြီး ဘေးသို့ ဆုတ်ခွာသွားသည်။
မုန့်ချင်ကျိုးက အဖြူရောင်လက်ကိုင်တုတ်ကို နဂါးပတ်လမ်း အုတ်ချပ်များပေါ်တွင် ထောက်ကာ ကြည်လင်ပြတ်သားသော အသံနှင့်အတူ တည်ငြိမ်သော ခြေလှမ်းများဖြင့် ရွှေနန်းတော်ထဲသို့ ဝင်လာခဲ့သည်။
နန်းတော်၏ ဝဲယာတွင် စောင့်ဆိုင်းနေသော အရာရှိကြီးများမှာ ထိုရင်းနှီးနေသော ပုဂ္ဂိုလ်ကြီး နန်းတော်သို့ ပြန်လည်ရောက်ရှိလာသည်ကို မြင်သောအခါ အသံတိတ် လှည့်ကြည့်ကြသည်။
ယခုတစ်ခေါက်တွင်မူ သူက အရာရှိဝတ်စုံကို ဝတ်ဆင်မထားတော့ဘဲ၊ မဟာကျင်း၏ လက်အောက်ခံ အဖြစ်လည်း မဟုတ်တော့ဘဲ... ဧကရီကို လာရောက်တွေ့ဆုံသည့် ဧည့်သည်တော်တစ်ဦး အဖြစ်သာ ရောက်လာခြင်းဖြစ်သည်။
ရွာဆောက်လုပ်ရေးတွင် မပါဝင်ခဲ့သည့် အချို့သော အမတ်များမှာ ဤမြင်ကွင်းကို ကြည့်ရင်း မျက်ရည်ပင် ဝဲလာကြသည်။
"ဒုတိယဝန်ကြီး မြို့တော်ကို ပြန်လာတာကို ကြိုဆိုပါတယ်။" အခွန်ဝန်ကြီးက အသံကျယ်ကျယ်ဖြင့် အော်ဟစ်ကာ ၉၀ဒီဂရီ တိတိ ဦးညွှတ်၍ ဂါရဝပြုလိုက်သည်။
တခြားသော အရာရှိများကလည်း မည်သူကမျှ အမိန့်မပေးဘဲ တညီတညွတ်တည်း ဦးညွှတ်ကြကာ ဆိုကြသည်။ "ဒုတိယဝန်ကြီး မြို့တော်ကို ပြန်လာတာကို ကြိုဆိုပါတယ်။"
မုန့်ချင်ကျိုး ခေတ္တမျှ ရပ်တန့်သွားပြီး ရွှေနန်းတော်တံခါးဝတွင် ရပ်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
"လူကြီးမင်းတို့။ ကျုပ် ရာထူးကနေ နုတ်ထွက်ခဲ့ပြီးပြီမို့ ဒုတိယဝန်ကြီး မဟုတ်တော့ပါဘူး။ ကျေးဇူးပြုပြီး ထကြပါ…"
အမှန်စင်စစ် မုန့်ချင်ကျိုးသည် မုန့်ချင်းဟူသော နာမည်က မဟာကျင်အတွက် မည်မျှ အရေးပါသည်ကို ရှင်းရှင်းလင်းလင်း မသိခဲ့ပေ။ ထိုလူများ ခံစားနေရသော ပြင်းထန်သည့် စိတ်လှုပ်ရှားမှုများကိုလည်း သူ နားမလည်ခဲ့ချေ။
သူက ဤလူများသည် သူ့ကို မြို့တော်မှာ ဆက်နေစေချင်ပြီး ရာထူးပြန်လက်ခံအောင် တမင်တကာ လုပ်နေကြသည်ဟုသာ အထင်မှားနေခဲ့သည်။
အတိုချုပ်ပြောရလျှင်... အတင်းအကျပ် တိုက်တွန်းခြင်းပင်။
အရာရှိများအားလုံး ပြန်လည် မတ်တပ်ရပ်လိုက်သော်လည်း သူတို့၏ မျက်လုံးများမှာ မုန့်ချင်ကျိုးထံမှ မခွာကြပေ။
"အချိန်နဲ့နေရာလွတ် ဓားသူတော်စင်... မင်း ဒီတစ်ခေါက် မြို့တော်ကို ဘာကိစ္စနဲ့ လာတာလဲဆိုတာ ငါ သိပ်သိချင်နေတယ်။"
အဝေးဆီမှ ကြည်လင်အေးစက်သော အသံတစ်ခု ရွှေနန်းတော်အတွင်း ပဲ့တင်ထပ်လာ၏။
ဤအသံမှာ ပလ္လင်ပေါ်က ဧကရီ၏ အသံဖြစ်ကြောင်း မုန့်ချင်ကျိုး သိသည်။ အရင်က သူသည် သူ့ကို ဝန်ကြီးမုန့်ဟု ချိုသာစွာ ခေါ်ခဲ့သော်လည်း ယခုမူ ဓားသူတော်စင် ဟု အဝေးမှ လူတစ်ယောက်လို ခေါ်ဆိုနေခြင်းဖြစ်သည်။
သူတို့နှစ်ဦးမှာ သူစိမ်းများကဲ့သို့ အေးစက်နေကြသည်။
"ကျုပ်..." မုန့်ချင်ကျိုး စကားပြောရန် ပြင်လိုက်စဉ်မှာပင် မျက်မှောင်ကြုတ်သွားပြီး မိမိကိုယ်မိမိ ထောင်ချောက်ထဲ ရောက်နေပြီဖြစ်ကြောင်း သတိထားမိလိုက်သည်။
နေပါဦး... မင်းပဲ ငါ့ကို အမိန့်တော်နဲ့ နန်းတော်ထဲ ဆင့်ခေါ်ခဲ့တာ မဟုတ်လား။
မုန့်ချင်ကျိုးက ဧကရီနှင့်တွေ့ပြီး ဧကရာဇ်အဆင့် ကုသဆေးကို တောင်းခံရန် အစီအစဉ်ရှိသော်လည်း သူ မထွက်ခွာမီမှာပင် နန်းတွင်းအပျိုတော်က အမိန့်တော်နှင့်အတူ သူ့ကို လာခေါ်သွားခဲ့ခြင်း ဖြစ်သည်။
"ဘာလဲ... ပြောရခက်နေလို့လား။" ဧကရီက မေးစေ့ကို လက်တစ်ဖက်ဖြင့် ထောက်ကာ ဦးရစ်သရဖူနှင့် နီမြန်းသော ကန့်လန့်ကာရိပ်အောက်တွင် မျက်ဝန်းများကို ဖုံးကွယ်ထားရင်း ပျင်းရိစွာ မေးလိုက်သည်။
မုန့်ချင်ကျိုးက ရှေ့သို့ တစ်လှမ်းချင်း လှမ်းလာပြီး နန်းတော်အလယ်ဗဟိုသို့ ရောက်သောအခါ မောက်မာခြင်းလည်းမရှိ၊ နှိမ့်ချခြင်းလည်းမရှိဘဲ ပြောလိုက်သည်။
"ကျုပ်ကိစ္စက သိပ်မလောပါဘူး။ နောက်မှ ပြောလည်း ရပါတယ်။ ဒါပေမဲ့ ဧကရီရဲ့လူတွေက ကျုပ်ကို အရင်ဖိတ်ခေါ်ခဲ့တာဆိုတော့ ပိုပြီး အရေးကြီးတဲ့ ကိစ္စရှိနေလို့ ဖြစ်ရမယ်။ အဲဒါကို အရင်ပြောကြရင် မကောင်းဘူးလား။"
ဧကရီက လက်တစ်ဖက်ဖြင့် ပါးကိုထောက်ကာ ကျန်လက်တစ်ဖက်ဖြင့် ဝိုင်ခွက်ကို ပွတ်သပ်နေသည်။
"အဟက်... စိတ်ဝင်စားစရာပဲ။"
"ရာထူးက နုတ်ထွက်ပြီးတဲ့တော့ ဓားသူတော်စင်က တော်တော်လေး မောက်မာလာတာပဲ။ ငါနဲ့တောင် အပေးအယူ လုပ်ချင်နေသေးတယ်။"
ဧကရီက ခေါင်းကို အသာမော့ကာ ခွက်ထဲမှ ဝိုင်ကို တစ်ငုံတည်း သောက်ချလိုက်သည်။ သူ၏ အသံတွင် လှောင်ပြောင်မှုနှင့် ရွဲ့စောင်းမှုများ ပါဝင်နေသည်။
ဧကရီတစ်ပါး နန်းတော်ထဲတွင် အလွန်အကျွံ သောက်စားခြင်းမှာ တစ်ခါမျှ မရှိခဲ့ဖူးပေ။ သို့သော် အရာရှိတစ်ဦးတစ်ယောက်မျှ ကန့်ကွက်ခြင်းမပြုဘဲ မမြင်ချင်ယောင်ဆောင်နေကြသည်။
မုန့်ချင်ကျိုးက ပြုံးရုံသာ ပြုံးနေလိုက်သည်။
နှစ်ဖက်စလုံးတွင် တောင်းဆိုချက်များ ရှိနေကြသည်။ ထိုကဲ့သို့ အခြေအနေမျိုးတွင် မည်သူက အရင်စပြောသလဲဆိုသည်က အရေးကြီးသည်။ အရင်စပြောသူက အရှုံးပေးရသလို ဖြစ်သွားတတ်ပြီး တဖက်လူ၏ တောင်းဆိုမှုများကို လိုက်လျောရတတ်သည်။
"ရာထူးက ထွက်ခဲ့ပြီးပြီပဲ။ ခင်ဗျား လစာမပေးမှာကို ကြောက်နေမယ် ထင်လို့လား။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရမှာပေါ့။ အခွင့်ကောင်း အယူမခံနိုင်ဘူး။" မုန့်ချင်ကျိုးက စိတ်ထဲမှ ကျိတ်ပြောလိုက်သည်။
ဧကရီ၏ ရဲရဲနီသော နှုတ်ခမ်းလွှာများ အသာအယာ ကွေးညွှတ်သွားပြီး တည်ငြိမ်စွာ ပြောသည်။
"ငါ မှတ်မိသလောက်ဆိုရင် ဓားသူတော်စင်မှာ ဧကရာဇ်ရဲ့ အပျိုတော်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဇနီးတစ်ယောက် ရှိတယ်မလား။ သူ အပြင်းဖျားနာနေပြီး လူ့လောကမှာ နေဖို့ သိပ်မကျန်တော့ဘူးလို့ ကြားမိတယ်…"
"ထူးမြတ်လှတဲ့ အချိန်နဲ့နေရာလွတ် ဓားသူတော်စင်ကို ဒီလောက်အထိ ပူပန်အောင် လုပ်နိုင်တာဆိုလို့ ဒီတစ်ချက်ပဲ ရှိမှာပါ။"
"ငါ ပြောတာ မှန်ရဲ့လား။"
မုန့်ချင်ကျိုး မျက်ခုံးပင့်သွားပြီး အနည်းငယ် အံ့သြသွားသည်။
သူက တကယ်ပဲ မှန်အောင် ခန့်မှန်းနိုင်တာလား။ ဧကရီက တကယ်ကို ထူးခြားတဲ့သူပဲ။ သူ့ရဲ့ အကဲခတ်နိုင်စွမ်းနဲ့ဆိုရင် သူလျှိုလုပ်ရင်တောင် အောင်မြင်မှာ သေချာတယ်။
"မှန်ပါတယ်။ ဧကရီဆီမှာ ဧကရာဇ်အဆင့် ကုသဆေး ရှိတယ်လို့ သိရပါတယ်။ အဲဒါအတွက် ထိုက်တန်တဲ့ တန်ဖိုးကို ပေးဖို့ အသင့်ပါပဲ…" မုန့်ချင်ကျိုးက တည်ငြိမ်စွာ ပြောလိုက်သည်။
ဧကရီက ပြုံးပြီး ပြောသည်။ "ငါ အဲဒီဆေးကို ပေးနိုင်တယ်။ ဒါပေမဲ့ တောင်းဆိုချက် တစ်ခုတော့ ရှိတယ်…"
"ပြောပါ…"
ဧကရီက နီမြန်းသော ဆံနွယ်တစ်စကို လက်ချောင်းလေးများဖြင့် ပွတ်သပ်ရင်း ပြောလိုက်သည်။ "ငါ့အတွက် ကိုယ်ရံတော် တစ်ယောက် လိုအပ်နေတယ်။ မင်း (၃)နှစ်ပဲ တာဝန်ထမ်းဆောင်ပေးရမယ်။ အဲဒီနောက်မှာတော့ မင်း ဆက်နေချင်နေ၊ ထွက်သွားချင် ထွက်သွားလို့ရတယ်။"
"ခွင့်ပြုပါဦး…"
မုန့်ချင်ကျိုးက နောက်ထပ် စကားတစ်လုံးမျှ မပြောဘဲ လှည့်ထွက်သွားတော့သည်။
ဤမြင်ကွင်းကြောင့် စုချင်ချိုး လုံးဝ မှင်တက်သွားသည်။ သူက မုန့်ချင်ကျိုးနောက် အမြန်ပြေးလိုက်ကာ ဝတ်ရုံလက်ကို ဆွဲထားပြီး မေးလိုက်ဩ်။ "သခင်လေး။ သခင်လေးက မမလေးရဲ့ အသက်ကို ဂရုမစိုက်တော့ဘူးလား။"
တုန်းဖန်လျူလီကိုယ်တိုင်လည်း လန့်သွားပြီး ဟန်မပျက်အောင် မနည်းထိန်းထားလိုက်ရသည်။
ဒါ ဘာဖြစ်တာလဲ။
သူက သူ့ဇနီးကို မလိုချင်တော့ဘူးလား။
"ဒါ ဧကရာဇ်အဆင့် ကုသဆေး တစ်မျိုးတည်းပါ။ ငါ့မှာ ရနိုင်မယ့် နည်းလမ်း ရှိတယ်။ နည်းနည်းတော့ အလုပ်ရှုပ်တာပေါ့။" မုန့်ချင်ကျိုးက ပြုံးလျက် စုချင်ချိုး၏ ဆံပင်ကို ပွတ်သပ်ပေးလိုက်သည်။
"ငါ့ဘဝမှာ တစ်ဖက်သတ် အခွင့်ကောင်း အယူခံရတာကို အမုန်းဆုံးပဲ။ သူက ဘယ်သူပဲဖြစ်ဖြစ် အပေးအယူ လုပ်စရာ မလိုဘူး။"
အဆိုးဆုံးဆိုရင် ကောင်းကင်ပြည်နယ်ကို ခရီးတစ်ခေါက် သွားလိုက်ရုံပဲ။ ငါ့ရဲ့ အချိန်နဲ့နေရာလွတ် အတတ်နဲ့ဆိုရင် သွားပြန် သုံးလေးရက်ပဲ ကြာမှာ။ ကျိမိသားစုရဲ့ ဘဏ္ဍာတိုက်ကို သွားခိုးတာက ဧကရီဆီမှာ ကျွန်ခံပြီး (၃)နှစ်လုံး အလုပ်အကျွေးပြုနေရတာထက် ပိုကောင်းသေးတယ်။
မုန့်ချင်ကျိုးက နောက်ပြောင်နေခြင်း မဟုတ်မှန်း သိလိုက်ရာ စုချင်ချိုး အသည်းအသန်လှည့်ကြည့်ကာ ဧကရီကို မျက်စိမှိတ်ပြပြီး အချက်ပေးလိုက်သည်။
အရှင်မ... အမြန်တောင်းပန်ပါတော့။ ကျွန်မ သူ့ကို မတားနိုင်တော့ဘူး။
"နေဦး…" ဧကရီက အလျင်အမြန် လှမ်းခေါ်လိုက်သည်။
…
အပိုင်း(၁၃၃) မီးနဲ့ကစားရင် လောင်တတ်တယ်
"ဘာကိစ္စလဲ။" မုန့်ချင်ကျိုး ရပ်တန့်ကာ လှည့်ကြည့်လိုက်သည်။
တုန်းဖန်လျူလီ လည်ချောင်းတစ်ချက်ရှင်းကာ ခေတ္တမျှ တွေဝေသွားပြီးမှ တည်ငြိမ်စွာ ပြောလိုက်သည်။
"ငါတို့ အရင်က မင်းနဲ့ကျွန် ဆက်ဆံရေးကို ထောက်ထားပြီး အလျှော့ပေးမယ်။ ငါ့ရဲ့ ကိုယ်ရံတော်အဖြစ် တစ်နှစ်ပဲ တာဝန်ထမ်းဆောင်ပါ။ ဘယ်လိုလဲ။"
ထိုစကားကို ကြားသောအခါ မုန့်ချင်ကျိုး၏ နှုတ်ခမ်းများ အသာအယာ ကွေးညွှတ်သွား၏။
သူ ခန့်မှန်းထားသည်မှာ မှန်နေသည်။ မဟာကျင်း၏ စစ်ရေးအခြေအနေမှာ စိုးရိမ်ရနေပြီး သူတို့က မုန့်ချင်ကျိုး၏ အကူအညီကို အသည်းအသန် လိုအပ်နေခြင်းပင်။
ထို့ကြောင့် မုန့်ချင်ကျိုးက စုချင်ချိုးကို မိမိတွင် ဧကရာဇ်အဆင့် ကုသဆေး ရနိုင်သော တခြားနည်းလမ်းများ ရှိကြောင်း၊ သူက မည်သူ့ကိုမျှ ကြောက်စရာမလိုကြောင်း တမင်တကာ ပြောခဲ့ခြင်းဖြစ်သည်။ ဤသို့လုပ်ခြင်းဖြင့် ဧကရီကို ပျာယာခတ်သွားစေပြီ အပေးအယူလုပ်နိုင်စွမ်းကို မြှင့်တင်လိုက်ခြင်းပင်။
"ကျုပ် မဟာကျင်းမှာ ယဉ်ကျေးမှုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ်ကတည်းက ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးသား။ ကျုပ်က တခြားသူရဲ့ အရိပ်အောက်မှာ မနေချင်တော့ဘူး။ ကျန်ရှိတဲ့ ဘဝသက်တမ်း တစ်လျှောက်လုံးကို ဇနီးသည်နဲ့အတူ အေးအေးဆေးဆေးပဲ ဖြတ်သန်းချင်တယ်လို့။"
"ဧကရီရဲ့ အခု တောင်းဆိုချက်က အရမ်းကို ပြင်းထန်လွန်းပါတယ်။ ဒါက ကျုပ်ကို ဇနီးသည်နဲ့ ခွဲခွာခိုင်းပြီး တခြားစီ နေခိုင်းသလို ဖြစ်နေတယ်။ သဘောမတူနိုင်ပါဘူး။"
မုန့်ချင်ကျိုးက စကားကို ရပ်တန့်ကာ တိတ်ဆိတ်သွားသည်။
အပေးအယူလုပ်ရာတွင် အတိုးအဆုတ်ကို ကျွမ်းကျင်စွာ အသုံးချတတ်ရပြီး တစ်ဖက်လူအတွက်လည်း လှုပ်ရှားစရာ နေရာလွတ် ချန်ထားပေးရသည်။
တုန်းဖန်လျူလီက အဓိပ္ပာယ်ပါပါ ပြုံးလိုက်သည်။ သူ၏ လှပသော မျက်ဝန်းများမှာ အောက်တွင် ရှိနေသော လူငယ်လေးကို ကြည့်ရင်း ကြယ်ပမာ လင်းလက်နေသည်။
သူ ဧကရီရဲ့ ကိုယ်ရံတော် မလုပ်ချင်တာ သူ့ဇနီးကို ခွဲမသွားနိုင်လို့ပဲ။
၎င်းကို တွေးမိသော် တုန်းဖန်လျူလီက နှုတ်ခမ်းစူကာ ပြောလိုက်သည်။ "ဟွန့်... ဒါဆိုရင်လည်း ခဏခဏ အမိန့်တော်တွေကို ပြင်ခိုင်းနေတဲ့ မင်းကို ငါ ခွင့်လွှတ်ပေးလိုက်မယ်။"
"ဒါဆိုရင် နည်းနည်းထပ်လျှော့ပေးမယ်... (၆)လရော ဘယ်လိုလဲ။" ဧကရီက မေးလိုက်သည်။
"မရပါဘူး။" မုန့်ချင်ကျိုးက ပြတ်သားစွာ ငြင်းဆိုလိုက်ပြီး အချိန်မရွေး ထွက်သွားတော့မည့်ပုံစံမျိုး ဖမ်းလိုက်သည်။
၎င်းက ဧကရီကို ပူပန်စေသလို စိတ်လည်း တိုစေသည်။ သူက ဒေါသတကြီးဖြင့် ပလ္လင်ပေါ်မှ ခေါင်းအုံးကို ကောက်ယူကာ သူ့ကို ရိုက်နှက်ချင်စိတ်ကို မနည်းအောင့်ထားလိုက်ရသည်။
အသုံးမကျတဲ့ ငါးပိကောင်။ မသာကောင်။ ငတုံးကောင်…
သူက မုန့်ချင်ကျိုးကို လက်ခုပ်ထဲ ထားနိုင်လိမ့်မည် ထင်ထားခဲ့သော်လည်း ယခုမူ ဝါရင့်မုဆိုးတစ်ဦးက အားနည်းချက်ကို အတိအကျ ဆုပ်ကိုင်ထားသလိုမျိုး ပြန်လည် အသာစီး ရယူခြင်း ခံလိုက်ရသည်။
"လူယုတ်မာလေး... မင်း တစ်ခုခု အမှားလုပ်မိမှာ စိုးလို့သာ ငါက ဂရုစိုက်နေရတာ။ တစ်ကမ္ဘာလုံးမှာ ငါ့ကို ဒီလို ခြိမ်းခြောက်ရဲတဲ့သူ တစ်ယောက်မှ မရှိဘူး…"
တုန်းဖန်လျူလီက လက်(၃)ချောင်း ထောင်ပြလိုက်သည်။ သူ၏ အသံမှာ အလွန်အမင်း စိတ်ပျက်နေသဖြင့် တုန်ရင်နေသည်။
"ထပ်ပြီး တစ်ဝက်လျှော့ပေးမယ်... (၃)လ။"
မုန့်ချင်ကျိုး မျက်မှောင်ကြုတ်သွားပြီး အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။ "ဘာလို့ ကျုပ်ကိုပဲ ကိုယ်ရံတော်အဖြစ် ခေါ်ချင်နေရတာလဲ။"
တုန်းဖန်လျူလီ အတန်ကြာ စဉ်းစားပြီးမှ ပြောသည်။ "စစ်ပွဲကြီးက စတော့မယ်။ ငါကိုယ်တိုင် စစ်မြေပြင်ကို သွားဖို့ ပြင်ဆင်နေတယ်။ ဒါကြောင့် လုပ်ကြံသတ်ဖြတ်ခံရမယ့် အန္တရာယ်က ရှောင်လွှဲလို့ မရဘူး။ တိုင်းပြည်ရဲ့ မဏ္ဍိုင် ချင်းဖုန်းဟော်ကလည်း တံခါးပိတ်ကျင့်ကြံနေတယ်။ တစ်တိုင်းပြည်လုံးမှာ ငါ့ကို ကာကွယ်ပေးနိုင်တဲ့ အရည်အချင်းရှိတာ မင်းတစ်ယောက်ပဲ ရှိတယ်…"
မူးမတ်အရာရှိများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့၏ မျက်နှာ အမူအရာများမှာ အလွန်ပင် စိတ်ဝင်စားဖို့ ကောင်းလှသည်။
ဧကရာဇ်နှင့် ဧကရီတို့ အပေးအယူ လုပ်နေကြသည်။ မည်သူကမျှ အလျှော့မပေးလိုကြသော်လည်း နောက်ဆုံးတွင် ဧကရာဇ်က အနိုင်ရသွားပုံရသည်။
အခြေအနေမှန်ကို မသိသော အချို့သော အရာရှိများက မုန့်ချင်ကျိုးကို အကြံပေးကြသည်။
"ဓားသူတော်စင်... ဧကရာဇ်အဆင့် ကုသဆေးဆိုတာ အရမ်းကို အဖိုးတန်ပါတယ်။ အရှင်မက အရင်က သံယောဇဉ်ကို ထောက်ထားပြီး (၃)လပဲ တာဝန်ထမ်းဆောင်ဖို့ အလျှော့ပေးထားတာပဲ။ခင်ဗျား ဘာလို့ အရှင်မကို အဲဒီလောက်အထိ အကျပ်ကိုင်နေရတာလဲ။"
မုန့်ချင်ကျိုးက ဖြည်းဖြည်းချင်း ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ဧကရီကိုယ်တိုင် စစ်ချီတာက မြောက်ဘက် မဟာမိတ်ကို နှိမ်နင်းဖို့ ဖြစ်ရမယ်။ ကောင်းပါပြီ... ဒီစစ်ပွဲကြီး ပြီးဆုံးတဲ့အထိ ကျုပ် ကိုယ်ရံတော်အဖြစ် တာဝန်ယူပေးပါ့မယ်။"
ထိုစကားကို ကြားသောအခါ တုန်းဖန်လျူလီ၏ မျက်နှာ ဝမ်းသာအားရ ဖြစ်သွားပြီး စိတ်လှုပ်ရှားလျက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
"ဒါပေမဲ့... ဧကရာဇ်အဆင့် ကုသဆေးကိုတော့ အခုချက်ချင်း ပေးရမယ်။" မုန့်ချင်ကျိုးက ဆိုသည်။
ဒီစစ်ပွဲက ဘယ်လောက်ကြာမယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ လျူလီရဲ့ အသက်က တစ်လ၊ နှစ်လလောက်ပဲ ကျန်တော့တာ။ တကယ်လို့ စစ်ပွဲက ကြာသွားရင် ငါ တစ်သက်လုံး နောင်တရနေမှာ။
တုန်းဖန်လျူလီ ခေတ္တမျှ တိတ်ဆိတ်သွားသည်။ သူ၏ မျက်နှာမှာ တည်ငြိမ်နေသော်လည်း အနည်းငယ် မကျေနပ်သည့်ပုံစံ ဖမ်းထားသည်။
သို့သော် တကယ်တမ်းတော့ သူက ရင်ထဲတွင် ထိတ်လန့်နေပြန်သည်။ သို့သော် ဟန်မပျက်အောင် ထိန်းကာ ပြောလိုက်သည်။ "အဲဒီဆေးကို... ငါ လူလွှတ်ပြီး ပေးလိုက်ပြီ။ မင်းရဲ့ ဇနီးဆီကို ရောက်နေလောက်ပြီ။ အခုဆိုရင် ဒဏ်ရာတွေတောင် သက်သာနေလောက်ပါပြီ။"
"ဟုတ်လား။"
မုန့်ချင်ကျိုး အကြာကြီး တိတ်ဆိတ်သွားပြီးမှ နောက်ဆုံးတွင် အလျှော့ပေးလိုက်သည်။ "ဒါဆိုရင် ကျုပ် အိမ်ကိုပြန်ပြီး ဇနီးသည်ရဲ့ အခြေအနေကို အရင်ကြည့်ဦးမယ်။ သူ တကယ် သက်သာသွားပြီဆိုမှ ပြန်လာခဲ့ပါ့မယ်…"
"မင်းက ငါ့ကို မယုံတာလား။" တုန်းဖန်လျူလီ၏ အပြုံးများ တန့်သွားပြီး စိတ်ဆိုးချင်ယောင် ဆောင်လိုက်သည်။
ရောဂါကတော့ တကယ်ရှိတာပါ။ ငါပြောတဲ့ စကားတိုင်းကလည်း အမှန်တွေပဲ။
ဒါပေမဲ့ ဒီရောဂါက ဆေးသောက်လို့ ပျောက်တာ မဟုတ်ဘူး။ ကောင်းကင်ထောက်တိုင်နယ်ပယ် ရောက်မှပဲ ဝိညာဉ်နဲ့ ကျင့်စဉ် အဆင့်တူသွားပြီး သက်သာသွားမှာ။
တကယ်လို့ မုန့်ချင်ကျိုးက အခုချက်ချင်း အိမ်ပြန်ပြီး သွေးခုန်နှုန်း စမ်းကြည့်လိုက်မယ်ဆိုရင် ဒီလိမ်လည်မှုက ချက်ချင်း ပေါ်သွားလိမ့်မယ်။
အဲဒီအချိန်ကျရင် မုန့်ချင်ကျိုးက ဧကရီ သူ့ကို လိမ်ညာခဲ့တယ်လို့ ထင်သွားလိမ့်မယ်။ သူ့ရဲ့ ပုံရိပ်ကို ပြန်လည် တည်ဆောက်ဖို့ ကြိုးစားနေတဲ့ အစီအစဉ်တွေ ပျက်စီးသွားရုံတင်မကဘဲ ပိုပြီးတော့တောင် ဆိုးရွားသွားနိုင်တယ်။
၎င်းက တုန်းဖန်လျူလီ အလိုချင်ဆုံး အကျိုးဆက် မဟုတ်ပေ။
"ကျုပ်အတွက် အသွားအပြန် မိနစ်အနည်းငယ်ပဲ ကြာမှာပါ။ ဘာကိုမှ နှောင့်နှေးစေမှာ မဟုတ်ပါဘူး။" မုန့်ချင်ကျိုးက ခေါင်းခါကာ ပြောသည်။
တုန်းဖန်လျူလီက ပူပြင်းလှသော အိုးပူထဲမှ ပုရွက်ဆိတ်တစ်ကောင်လို ပူပန်နေရလေပြီ။ သူက ပလ္လင်ပေါ်မှာ မည်သို့မှ ငြိမ်ငြိမ်မထိုင်နိုင်တော့ပေ။ ချွေးများလည်း ပြန်နေပြီး အနားတွင် ကျန်းစန်းဟိုင် မရှိသည်ကို နောင်တရနေမိသည်။ အကြံပေးမည့်သူ တစ်ယောက်မှ မရှိပေ။
ဘေးနားတွင် ရှိနေသော စုချင်ချိုးက ဝိုင်းဝန်း ဖြောင်းဖျပေးသည်။
"သခင်လေး... အရှင်မက မမလေးရဲ့ ရောဂါကို ကုဖို့အတွက် ဧကရာဇ်အဆင့် ဆေးတွေကို ရှာနေတာ ကြာပါပြီ။ သူ သခင်လေးကို ဘယ်တော့မှ လိမ်မှာ မဟုတ်ဘူး။ ဒါကြောင့် စိတ်အေးအေးထားပါ။"
"ဧကရီက ငါ့ကို လိမ်မယ်လို့ ထင်လို့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဆေးက ရောဂါနဲ့ တည့်မတည့်ဆိုတာ ကိုယ်တိုင် မြင်တွေ့မှ စိတ်ချနိုင်မှာမို့လို့ပါ။" မုန့်ချင်ကျိုးက တည်ငြိမ်စွာ ပြောသည်။
ပြောပြီးသည်နှင့် သူ လှည့်ထွက်ရန် ပြင်လိုက်သည်။
မထွက်ခွာမီ မုန့်ချင်ကျိုးက စုချင်ချိုးကို လှည့်မေးသည်။ "ဒါနဲ့ ပစ္စုပ္ပန်ရွာက ဘယ်ဘက်မှာလဲ။ လမ်းညွှန်ပေးနိုင်မလား။"
စုချင်ချိုးက ခေါင်းကို ကုပ်ကာ ဘေးဘီကို အခက်တွေ့စွာ ကြည့်လိုက်ပြီးမှ ဧကရီကို အသနားခံသော မျက်လုံးလေးများဖြင့် ကြည့်လိုက်သည်။
အရှင်မ... အမြန် နည်းလမ်းတစ်ခု စဉ်းစားပါဦး။
"အဟမ်း..." ဧကရီ၏ ဦးနှောက်ထဲတွင် အတွေးတစ်ခု ဖျတ်ခနဲ ပေါ်လာပြီး အပေးအယူ တစ်ခု လုပ်လိုက်သည်။
"တကယ်တော့... မင်းရဲ့ ဇနီးကို ငါ မြို့တော်ကို ခေါ်လာခဲ့ပြီးပြီ။ အခု သူ ငါ့ရဲ့ နန်းဆောင်ထဲမှာ ရှိနေတယ်။ ငါ မင်းကို တမင် ဖုံးကွယ်ထားတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကုသမှု ခံယူနေစဉ်အတွင်းမှာ သူက အဆင့်မြင့် ကျင့်စဉ်တစ်ခုကို လေ့ကျင့်ဖို့အတွက် ရေကန်ထဲမှာ အဝတ်အစား မပါဘဲ စိမ်နေရမှာ။ ဒါက (၃)လလောက် ကြာလိမ့်မယ်။ မင်း အဲဒီကို သွားဖို့က အဆင်မပြေလောက်ဘူး ထင်တယ်။"
မုန့်ချင်ကျိုး လန့်သွားသည်။
(၃)လတောင် စိမ်ရမယ်။ ကိုယ်တွေ ဖောင်းကားကုန်မှာ မဟုတ်ဘူးလား။
"ကျေးဇူးပြုပြီး အရှင်မ... ကျွန်တော့်ကို အဲဒီကို ခေါ်သွားပေးပါ…" မုန့်ချင်ကျိုးက ဇွဲမလျှော့ပေ။ တခြားကိစ္စများတွင် သူ ပေါ့ပေါ့တန်တန် နေချင်နေလိမ့်မည်။ သို့သော် သူ့ဇနီးနှင့် ပတ်သက်လာလျှင် သူ လုံးဝ ပေါ့ဆမည် မဟုတ်ပေ။
ဘာပဲဖြစ်ဖြစ်... ဒါက ဒီလောကမှာ သူ့ရဲ့ တစ်ခုတည်းသော အားနည်းချက်ပဲလေ။
"သူက အဝတ်အစား လုံးဝ မပါဘူးနော်။ မင်းက အဲဒီကို သွားမှာလား။" တုန်းဖန်လျူလီ၏ အသံမှာ အနည်းငယ် တုန်ရင်နေပြီး ထိတ်လန့်မှုကို မနည်းဖုံးကွယ်ထားရသည်။
မုန့်ချင်ကျိုးက ခေါင်းကို စောင်းကာ ဇဝေဇဝါဖြင့် ပြောသည်။ "ဘာလို့ မသွားရမှာလဲ။ ကျုပ်တို့က လင်မယားတွေပဲလေ။ ပြီးတော့ ကျုပ်က မျက်စိမမြင်တာပဲ။ သွားပြီး အခြေအနေကို စစ်ဆေးရုံပါ။"
တုန်းဖန်လျူလီက နဖူးကို လက်ဖြင့် အုပ်ကာ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
အကြာကြီး တိတ်ဆိတ်နေပြီးမှ နောက်ဆုံးတွင် သူက ပြန်ပြောလိုက်သည်။ "ငါ... ခွင့်ပြုတယ်။ နန်းတွင်းအပျိုတော် တစ်ယောက်က မင်းကို ခေါ်သွားပေးလိမ့်မယ်။"
"မနှောင့်နှေးပါနဲ့တော့။ အခုပဲ တစ်ယောက်ယောက်ကို လွှတ်ပြီး ခေါ်သွားခိုင်းပါ…" မုန့်ချင်ကျိုးက ဆိုသည်။
တုန်းဖန်လျူလီက ပင်ပန်းနွမ်းနယ်စွာဖြင့် လက်ကို ဝှေ့ယမ်းကာ ပြောသည်။ "တစ်ယောက်ယောက်... မုန့်ချင်းကို ဇာမဏီဆောင်ဆီ ခေါ်သွားလိုက်ပါ။"
ဇာမဏီဆောင် ဆိုသည်မှာ အပြင်ပန်းအားဖြင့် ဧကရီ၏အိပ်ဆောင်ပင်။
"ကောင်းပါပြီ။" မုန့်ချင်ကျိုးက လက်ယှက်ကာ နှုတ်ဆက်လိုက်သည်။
နန်းတွင်းအပျိုတော်က မုန့်ချင်ကျိုးကို ဇာမဏီဆောင်ဘက်သို့ ခေါ်သွားသည်ကို ကြည့်ရင်း တုန်းဖန်လျူလီက ဝတ်စုံကို မကာ အသည်းအသန် လက်ဝှေ့ယမ်းပြီး အမိန့်ပေးလိုက်သည်။
"ညီလာခံ သိမ်းစေ။"
"စုချင်ချိုး။ ငါ့အတွက် အဝတ်အစားတွေ အမြန်ရှာပေးပြီး ဇာမဏီဆောင်ကို အခုချက်ချင်း လိုက်ခဲ့…"
...
မူးမတ်အရာရှိများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ကြောင်တောင်တောင် ဖြစ်ကျန်ခဲ့ကြသည်။ အခြေအနေမှန်ကို မသိသူများမှာတော့ လုံးဝကို ဇဝေဇဝါ ဖြစ်နေကြသည်။
ပစ္စုပ္ပန်ရွာကလာသော အရာရှိအချို့မှာမူ ထိတ်လန့်သွားကြပြီး ကြောက်စရာကောင်းသော ကိစ္စတစ်ခု ဖြစ်တော့မည်ဆိုသည်ကို သတိထားမိလိုက်ကြသည်။
ဝန်ထမ်းရေးရာဝန်ကြီးမှာမူ ပါးစပ်အဟောင်းသားနှင့် စကားပင် မပြောနိုင်တော့ပေ။
"အရှင်မ အရှင်မက... မုန့်ကတော်အနေနဲ့ ဟန်ဆောင်ပြီး ဓားနတ်ဘုရားနဲ့ အဝတ်မပါဘဲ တွေ့မှာလား"
ဘုရားရေ…
ဒါ ဘာတွေ ဖြစ်ကုန်တာလဲ။ ပညာရှိပြီး ထက်မြက်လှတဲ့ ဧကရီက ဘယ်လိုဖြစ်ပြီး မီးနဲ့ကစားရင်း ကိုယ့်ကိုယ်ကိုယ် ပြန်လောင်အောင် လုပ်မိရတာလဲ။ သူကိုယ်တိုင် တူးခဲ့တဲ့ ကျင်းထဲမှာ ကိုယ်တိုင် ပြန်ကျတော့မှာပဲ။
…
အပိုင်း(၁၃၄) လှပသော အခိုက်အတန့်လေးတစ်ခု
ဇာမဏီဆောင်။
ဤနေရာ၏အမည်မှာ ကောင်းကင်ယံ၌ ဇာမဏီငှက် တွန်ကျူးခြင်းနှင့် ဧကရာဇ်က လောကကြီးကို အုပ်စိုးခြင်းဟူသော မင်္ဂလာရှိသည့် အဓိပ္ပာယ်ကို ဆောင်သည်။ သို့သော်လည်း ဧကရီ နန်းတက်ခဲ့သည့် (၃)နှစ်တာကာလအတွင်း ဤအဆောင်တွင် တစ်ခါမျှ လာရောက်နေထိုင်ခြင်း မရှိခဲ့ပေ။
ပထမ (၂)နှစ်ခွဲခန့်တွင် သူက စာကြည့်ဆောင်၊ ရွှေနန်းတော်နှင့် ဟန်လင်းကျောင်းတော်တို့ ကြားတွင်သာ အချိန်ကုန်ဆုံးခဲ့ပြီး ရှေးမင်းဆက်၏ စနစ်ဆိုးများကို ပြုပြင်ပြောင်းလဲရန်နှင့် နယ်စပ်ဒေသများကို စုစည်းရန် မနားမနေ ကြိုးပမ်းခဲ့သည်။ အိမ်ထောင်ပြုပြီး နောက်တွင်လည်း ထိုက်ကျိနန်းဆောင်သို့သာ နေ့စဉ် သွားလာနေခဲ့သဖြင့် ဤအဆောင်မှာ အမည်ခံ သက်သက်သာ ဖြစ်နေခဲ့သည်။
"လျူလီက ဘယ်တုန်းက နန်းတော်ထဲ ရောက်သွားတာလဲ။ ဘာလို့ ငါ့ကို မပြောတာလဲ။ ငါ ထွက်သွားပြီးမှ သူ့ကို ခေါ်လာတာလား။"
"အဲဒီတုန်းက ငါက ဧကရီနဲ့တောင် အပေးအယူ မလုပ်ရသေးဘူး မဟုတ်လား။ သူက ဘယ်လိုတောင် ယုံကြည်မှု ရှိနေရတာလဲ။ ငါသာ သူ့အခြေအနေတွေကို သဘောမတူရင် ဘယ်လိုလုပ်မလဲ။"
မုန့်ချင်ကျိုးက လမ်းလျှောက်ရင်း သံသယများစွာဖြင့် တစ်ကိုယ်တည်း ရေရွတ်နေမိသည်။
စုချင်ချိုးမှာမူ နဖူးက ချွေးစေးများကို သုတ်ကာ စိတ်ထဲမှ တိတ်တဆိတ် ညည်းတွားနေမိသည်။
အရှင်မက ဘာလို့ ငါ့ကိုပါ ခေါ်လာရတာလဲ။ အခု အခြေအနေက "ကျားမြီးဆွဲနေရသလို" ကျောစိမ့်စရာ ကောင်းတယ်။ စကားတစ်ခွန်း မှားပြောမိမှာကို စိုးရိမ်ပြီး အချိန်တိုင်း ထိတ်လန့်နေရတာ။
သူက အရှင်မ၏ လိမ်ညာမှုများကို ဖုံးကွယ်ပေးရန် ဟိုပြေးဒီပြေး လုပ်နေရသည်။ စောစောကပင် သခင်လေးကို အိမ်သာသွားဦးမည်ဟု လိမ်ညာခဲ့ပြီး အမှန်တကယ်မှာမူ ဧကရီကို အဝတ်အစားလဲရန် ကူညီပေးခြင်းနှင့် ဇာမဏီဆောင်တွင် ဇာတ်ကွက်ဆင်ပေးခြင်းတို့ကို အပြေးအလွှား လုပ်ဆောင် ပေးခဲ့ရခြင်း ဖြစ်သည်။
ဝူတျဲကို အရမ်းအားကျတာပဲ... သူက ဘာမှလုပ်စရာ မလိုဘဲ အေးအေးဆေးဆေးနဲ့ လစာထုတ် နေကြတာလေ...
"အရှင်မက မမလေးမှာ ရောဂါအခံ ရှိနေတာကို သိပြီးသားဖြစ်မှာပါ။ ဒါကြောင့် သခင်လေး မြို့တော်ကို လာတာက ဒီကိစ္စအတွက်ပဲဆိုတာ သူ ခန့်မှန်းမိလို့ အခုလို ယုံကြည်မှု ရှိနေတာနေမယ်။" စုချင်ချိုးက ဝင်ပြောလိုက်သည်။
"အဲဒါလည်း ဟုတ်နိုင်တာပဲ။"
ထိုစဉ် ရှေ့မှ ဦးဆောင်လာသော နန်းတွင်းအပျိုတော်က လှည့်ကြည့်ကာ အေးစက်စွာ ပြောသည်။ "လူကြီးမင်းတို့... ဇာမဏီဆောင်ကို ရောက်ပါပြီ။ ကိုယ့်အိမ်လိုပဲ သဘောထားပါ။"
မုန့်ချင်ကျိုးက ခေါင်းညိတ်ပြကာ အပျိုတော်များကို ကျော်ဖြတ်၍ အဆောင်ထဲသို့ လှမ်းဝင်ရန် ပြင်လိုက်သည်။
ရုတ်တရက်...
လက်တစ်ဖက်က မုန့်ချင်ကျိုး၏ ကော်လာကို လှမ်းဆွဲလိုက်သည်။ သူ ဇဝေဇဝါဖြင့် လှည့်ကြည့်ကာ မေးလိုက်သည်။ "ဘာကိစ္စ ရှိသေးလို့လဲ။"
နန်းတွင်းအပျိုတော်က စုတ်တံတစ်ချောင်းကို ထုတ်လိုက်သည်။ သူ၏ အမူအရာမှာ မောက်မာ အေးစက်နေ၏။
"မဟာကျင်းရဲ့ အရာရှိ မဟုတ်ဘဲ ဧကရီရဲ့ အိပ်ဆောင်ထဲကို ဝင်မယ့်သူမှန်သမျှ လက်မှတ်ထိုးရမယ်။"
မုန့်ချင်ကျိုး အံ့သြသွားသည်။ "ဒီလို စည်းကမ်း ရှိလို့လား။"
ငါ မဟာကျင်းမှာ ယဉ်ကျေးမှု ဒုတိယဝန်ကြီး လုပ်တုန်းက နန်းတွင်း စည်းမျဉ်းစည်းကမ်းတွေကို အလွတ်ရခဲ့တာပဲ၊။ဒီလို စည်းကမ်းမျိုး ရှိတာ မမှတ်မိပါဘူး။
"ဒါက နောက်ဆုံးထုတ်ပြန်ထားတဲ့ စည်းကမ်းသစ်တွေပါ။" ဟု အပျိုတော်က ဆိုသည်။
"ကောင်းပြီလေ... ဘယ်မှာ လက်မှတ်ထိုးရမလဲ။" မုန့်ချင်ကျိုးက စုတ်တံကို ယူကာ လေထဲတွင် ကိုင်ထားလိုက်သည်။
နန်းတွင်းအပျိုတော်၏ လှပသော မျက်ဝန်းများ ဝင်းလက်သွားသည်။ သူက ဝတ်စုံ၏ စကတ်ကို လက်နှစ်ဖက်ဖြင့် ဆန့်ထုတ်ကာ မုန့်ချင်ကျိုးရှေ့တွင် ဖြန့်ပေးလိုက်သည်။ "ကျွန်မရဲ့ စကတ်ပေါ်မှာပဲ ထိုးပေးပါ။"
မုန့်ချင်ကျိုး မျက်နှာ ပျက်သွားသည်။ "..."
ဒါက လက်မှတ်တောင်းတာ မဟုတ်လား။
ဒါနဲ့ပဲ... ဓားသူတော်စင် ပရိသတ်တစ်ယောက်နဲ့ တိုးရပြန်ပြီ။
မုန့်ချင်ကျိုးက အမြန် လက်မှတ်ထိုးပေးလိုက်ရာ နန်းတွင်းအပျိုတော်က ကျေနပ်အားရစွာဖြင့် လက်ဝှေ့ယမ်းကာ ပြောသည်။ "ရပြီ... ဝင်သွားတော့။"
နန်းတွင်းအပျိုတော်က မုန့်ချင်ကျိုး အဆောင်တံခါးကို တွန်းဖွင့်ဝင်သွားသည်ကို ကြည့်နေရင်း နောက်ဆုံးတွင် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ဘဲ စကတ်ပေါ်က ထက်မြက်ပြီး ဓားချက်များပမာ ပြတ်သားလှသော စာလုံးသုံးလုံးကို ပွတ်သပ်နေမိသည်။
"ငါ အိမ်ကို အမြန်ပြန်မှဖြစ်မယ်။ ဒီဝတ်စုံကို တစ်သက်လုံး သိမ်းထားဦးမှာ။"
...
ဇာမဏီဆောင်။
တုန်းဖန်လျူလီသည် နီမြန်းသော နဂါးဝတ်ရုံကို ချွတ်လိုက်ပြီး ပါးလွှာကာ အလင်းပေါက်သော ဇာဝတ်စုံလေးကို ဝတ်ဆင်ထားသည်။ သူ၏ လှပသော ခြေတံရှည်များကို အသားရောင် ပိုးခြေအိတ်များဖြင့် ဖုံးအုပ်ထားပြီး နီမြန်းသော ဆံနွယ်ရှည်များကို မြင့်မြင့်လေး စည်းနှောင်ထားသည်။ သူ၏ မျက်ဝန်းများမှာ အေးစက်၍ တည်ငြိမ်နေသော်လည်း လူ့လောကသို့ ဆင်းသက်လာသည့် အမျိုးသမီး ဓားသမားတစ်ဦးကဲ့သို့ ဆွဲဆောင်မှုရှိကာ ထူးခြားနေသည်။
ဗြန်း...
သူ၏ သွယ်လျသော ခြေတံရှည်များက ရေကန်ထဲသို့ လှမ်းဝင်လိုက်ရာ၊ ရေမျက်နှာပြင်ပေါ်တွင် အအေးငွေ့များ လွင့်ပျံနေသည်။ နုနယ်သော ခြေချောင်းလေးများမှာ အေးစက်မှုကြောင့် အနည်းငယ် ကွေးညွှတ်သွား။။
"ဒါက နေနဲ့လရဲ့ အဆီအနှစ်တွေ ပါဝင်တဲ့ ထာဝရအအေးကန်ပဲ။ ဒါ ဧကရာဇ်အဆင့် ရတနာတွေထဲက တစ်ခုပဲ။ ငါ ဒီရေကန်ရဲ့ အကူအညီနဲ့ပဲ လရောင်ထွန်းလင်းနယ်ပယ်ကို ကျော်ဖြတ်ပြီး မဟာကျင်းရဲ့ ပလ္လင်ကို သိမ်းပိုက်နိုင်ခဲ့တာ။"
"ဒါပေမဲ့ အကျိုးဆက်အနေနဲ့ ငါ့မှာ အအေးမိရောဂါ စွဲကပ်ခဲ့ရတယ်..."
"ဒီဧကရာဇ်အဆင့် အအေးကန်ကို အသုံးချပြီး ဟန်ဆောင်လိုက်ရင် ချင်ကျိုးက သံသယဝင်မှာ မဟုတ်ဘူး။ အင်း... မဟုတ်သေးဘူး။ ချင်ကျိုးမှာ ခန့်မှန်းလို့မရတဲ့ စွမ်းအားတွေ အများကြီးရှိတယ်။ သူ့ကို ရေကန်ထဲက ရေတွေကို ထိခွင့်ပေးလို့ မဖြစ်ဘူး။ မဟုတ်ရင် ငါ လိမ်ထားတာ ပေါ်သွားလိမ့်မယ်။"
တုန်းဖန်လျူလီက လှပသော ကိုယ်လုံးလေးကို ရေထဲသို့ ဖြည်းဖြည်းချင်း နစ်မြုပ်လိုက်သည်။ အေးစက်သော ရေများက သူ၏ ပခုံးအထက်အထိ ရောက်ရှိလာပြီး၊ ရေမျက်နှာပြင်ပေါ် ဝဲပျံနေသော ဆံနွယ်ရှည်များမှာ ပွင့်အာနေသော ပင့်ကူလီလီပန်းတစ်ပွင့်ကဲ့သို့ လှပဆွဲဆောင်နေသည်။
ဒေါက် ဒေါက် ဒေါက်...
တံခါးခေါက်သံ ထွက်ပေါ်လာသည်။ ထိုအသံမှာ တုန်းဖန်လျူလီ၏ နှလုံးသားကို လာရောက် ထိမှန်သကဲ့သို့ ခံစားလိုက်ရပြီး သူ အနည်းငယ် တုန်ရင်သွားသည်။
"လျူလီ... အထဲမှာ မင်းရှိနေတာလား။" မုန့်ချင်ကျိုး၏ နူးညံ့သောအသံ ထွက်ပေါ်လာသည်။
တုန်းဖန်လျူလီက ထောင်ချောက်ထဲ ရောက်နေသော ယုန်ကလေးတစ်ကောင်လို ရင်တွေ ခုန်နေသည်။ သူက စိတ်ကို တည်ငြိမ်အောင် အသက်ပြင်းပြင်း အကြိမ်ကြိမ် ရှူလိုက်ပြီးမှ နောက်ဆုံးတွင် ခပ်တိုးတိုး ပြန်ထူးလိုက်သည်။ "အင်း..."
"ဒါဆို ကိုယ် ဝင်လာခဲ့မယ်နော်။ စိတ်ပူလို့ ကိုယ်တိုင်လာကြည့်တာပါ။"
ပြောပြီးသည်နှင့် ဇာမဏီဆောင်၏ တံခါးပွင့်သွားကာ နေရောင်ခြည်ကို ကျောပေးထားသော လူရိပ်တစ်ခု ပေါ်လာ၏။ နေရောင်ကြောင့် ကျလာသော အရိပ်ရှည်ကြီးမှာ တုန်းဖန်လျူလီ၏ လှပသော မျက်နှာလေးပေါ်သို့ ကျရောက်သွားသည်။
တောက် တောက် တောက်...
မုန့်ချင်ကျိုးက သူ၏ ဓားအသိကို အသုံးပြုကာ အခန်းထဲတွင် တုန်းဖန်လျူလီ ရှိနေသည့်နေရာကို ရှာဖွေလိုက်ပြီး တစ်လှမ်းချင်း လျှောက်လာခဲ့သည်။
"မလာနဲ့ဦး... ကျွန်မ ပြင်ဆင်လို့ မပြီးသေးဘူး..." တုန်းဖန်လျူလီ၏ မျက်နှာလေးမှာ သွေးရောင် လွှမ်းမောက်ကာ နီမြန်းနေသည်။ သူ၏ မျက်နှာတစ်ဝက်မှာ ရေထဲတွင် နစ်နေပြီး ရှက်သွေးဖြာနေသော မျက်ဝန်းများက မုန့်ချင်ကျိုးကို စိုက်ကြည့်နေ၏။
အမှန်စင်စစ် သူက ထိုကဲ့သို့ အခြေအနေမျိုးကို တစ်ခါမျှ မကြုံဖူးသေးသည့် အတွေ့အကြုံမရှိသော မိန်းကလေးတစ်ဦးသာ ဖြစ်သည်။
အဝတ်အစား လုံးဝ မပါသည် မဟုတ်သော်လည်း ယခု ဝတ်ထားသော ပုံစံမှာ အဝတ်မပါသည်ထက် ပိုဆိုးနေသည်။ ၎င်းမှာ...၎င်းမှာ ယဉ်ကျေးမှုကို စော်ကားနေသလိုပင်။
ဒါတွေ အားလုံးက စုချင်ချိုးကြောင့်ပဲ။ သူက အသည်းအသန် အတင်းလုပ်ခိုင်းပြီး ဒီဝတ်စုံကို ရှာပေးခဲ့တာ…
တုန်းဖန်လျူလီက စိတ်ထဲက ကြိတ်ဆဲနေမိသည်။
သူ တွေးနေတုန်းမှာပင် မုန့်ချင်ကျိုးက ရေကန်အနားသို့ ရောက်ရှိလာလေပြီ။ သူက ရေကန်ဘေးတွင် ထိုင်ချကာ ရေကို စမ်းကြည့်ရန် လက်လှမ်းလိုက်သည်။
"ချင်ကျိုး..."
ဗွမ်း...
တုန်းဖန်လျူလီ လန့်သွားပြီး ရေထဲကနေ ဝုန်းခနဲ မတ်တပ်ရပ်လိုက်သည်။
"ဘာဖြစ်လို့လဲ။" မုန့်ချင်ကျိုးက စိုးရိမ်တကြီး မေးလိုက်ပြီး သူ၏ လက်ကို အလိုအလျောက် ပြန်ရုပ်လိုက်သည်။
အင်း...
တုန်းဖန်လျူလီက သူ လုပ်လိုက်မိသည်ကို သတိထားမိသွားပြီး ရင်ဘတ်ကို လက်ဖြင့် အမြန်ဖုံးကာ ခေါင်းငုံ့ထားလိုက်သည်။ သူ မုန့်ချင်ကျိုးကို မော့ကြည့်ရင်း အရှက်သည်းလွန်းသဖြင့် ရေကန်ဘောင်နဲ့ ခေါင်းနဲ့သာ ဆောင့်သတ်လိုက်ချင်တော့သည်။
တိုင်းပြည်တစ်ခု၏ အုပ်ချုပ်သူ၊ လောကကြီးကို စည်းလုံးစေမည့် ဧကရီတစ်ပါး အနေနှင့် ထိုကဲ့သို့ အခြေအနေမျိုး ဖြစ်နေရခြငးမှာ တကယ့်ကို အရှက်ရစရာပင်...
"ကျွန်မ... ရှင့်ကို လွမ်းနေလို့ပါ။" တုန်းဖန်လျူလီ၏ ဦးနှောက်ထဲ အတွေးများ လည်ပတ်နေသော်လည်း သင့်တော်သော ဆင်ခြေတစ်ခု မစဉ်းစားမိပေ။ ထို့ကြောင့် သူက ဘာကိုမျှ ဂရုမစိုက်တော့ဘဲ မုန့်ချင်ကျိုး၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ သူ၏ခါးကို ဖက်ထားလိုက်တော့သည်။
"ဟေ့... ဒါ ဘာဖြစ်တာလဲ။" မုန့်ချင်ကျိုး လက်ကို ဖြန့်ထားရင်း ကြောင်အမ်းအမ်းဖြင့် ရပ်နေမိသည်။ သူ၏ရင်ခွင်ထဲမှ နွေးထွေးမှုနှင့် ရင်ဖိုစရာ နူးညံ့မှုကြောင့် သူ ချက်ချင်း တောင့်တင်းသွားသည်။
ပါးလွှာလှသော ဇာဝတ်စုံလေးကြောင့် တုန်းဖန်လျူလီ၏ လှပသော ခန္ဓာကိုယ် အလှတရားများကို မည်သည့် အတားအဆီးမျှ မရှိဘဲ အပြည့်အဝ ခံစားနေရသည်။
သူတို့နှစ်ဦးမှာ လင်မယားဟု အမြဲခေါ်ဆိုနေကြသော်လည်း အမှန်တကယ် လက်ထပ်ထိမ်းမြားခြင်း မပြုရသေးပေ။ ၎င်းမှာ မုန့်ချင်ကျိုးအတွက် ပထမဆုံး အတွေ့အကြုံပင်။
ဤကဲ့သို့ ရုတ်တရက် အခြေအနေမျိုးတွင် ဖြစ်ပေါ်လာခြင်းလည်း ဖြစ်၏။
"ခွဲနေရတာ နေ့တစ်ဝက်တောင် မရှိသေးဘူး။ မင်း ကိုယ့်ကို ဒီလောက်တောင် မခွဲနိုင်ဖြစ်နေတာလား။" မုန့်ချင်ကျိုး သတိပြန်ဝင်လာပြီး ပြုံးနေရင်း သူ၏ကျောပြင်ကို ပွတ်သပ်ပေးလိုက်သည်။
"အင်း... ဒါကြောင့်လည်း ဧကရီက သူ့လူတွေကို လွှတ်ပြီး ကျွန်မကို နန်းတော်ထဲ ခေါ်လာခိုင်းတာပေါ့။ ကျွန်မလည်း ရှင့်ဆီကို တန်းလာခဲ့တာ။ ရှင့်ကို... မြင်ချင်လို့။" တုန်းဖန်လျူလီက သူ၏ နီမြန်းသော နှုတ်ခမ်းလွှာများ စေ့ထားပြီး ဧကရီ၏ ဂုဏ်သိက္ခာကို ဂရုမစိုက်တော့ဘဲ လှပသော အခိုက်အတန့်လေး အထဲတွင်သာ နစ်မြုပ်နေချင်တော့သည်။
လှပသော မတော်တဆမှု တစ်ခုကြောင့် နှစ်ဦးစလုံး ပြင်ဆင်မထားမိခင်မှာပင် သူတို့၏ ဆက်ဆံရေးမှာ နောက်ထပ် ခြေတစ်လှမ်း တိုးသွားခဲ့လေပြီ။
…