← Chapters

အခန်း (၁၁၇-၁၁၈)

Vol. 12 Ch. 117-118

အခန်း (၁၁၇-၁၁၈)

Vol. 12 Ch. 117-118

အခန်း (၁၁၇) ရှေးဟောင်း ဗာမီလီယန်ငှက်ဥ.. အင်မော်တယ်မဟာမိတ်အဖွဲ့... ချိန်းဆိုထားသော နေ့ရက်

ဤအခိုက်အတန့်တွင် စနစ်၏ အသံက ရုတ်တရက် နောက်တစ်ကြိမ် ပဲ့တင်ထပ်လာပေ၏။

"ကောင်းကင်ကံကြမ္မာ ဇာတ်လိုက်မင်းသမီး မုချင်းလီက ယခုအချိန်မှာ လက်ခံသူကို သူ့ရဲ့ အမြင့်ဆုံးသော စိတ်ဝိညာဉ် ယုံကြည်မှုအဖြစ် သတ်မှတ်ထားပြီး လက်ခံသူထံ သူ့ရဲ့ အရာအားလုံးကို တက်တက်ကြွကြွပေးအပ်ရန် ဆန္ဒရှိနေတာကို ထောက်လှမ်းတွေ့ရှိရပါတယ်..."

"လက်ခံသူက အထူးဆုလာဘ် တစ်ခုကို အောင်မြင်စွာ ဖြစ်ပေါ်စေပြီးတော့ ရှေးဟောင်း ဗာမီလီယန်ငှက်ဥတစ်လုံးကို ရရှိသွားတာကြောင့် ဂုဏ်ယူပါတယ်..."

စနစ်၏ ကြေညာချက်ကို ကြားလိုက်ရသောအခါ ခုံးဝူတောက်၏စိတ်နှလုံးသားအတွင်း၌ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

"အထူးဆုလာဘ်..."

သူသည် ယခင်က နေလ နတ်ဘုရား အင်ပါယာ ၏ နန်းမွေခံမင်းသမီး ရှားချူလီကိုလည်း အောင်မြင်စွာ ယဉ်ပါးအောင် သွေးဆောင်နိုင်ခဲ့သည် မဟုတ်လော....

မည်သည်ကြောင့် ထိုအချိန်က ဤအထူးဆုလာဘ်ကို မဖြစ်ပေါ်စေခဲ့သနည်း...

ခုံးဝူတောက် တွေးနေသည်ကို စနစ်က ခံစားမိပုံရသည်။

စနစ်၏ အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာပေ၏။

"လက်ခံသူ... အရင်က ဒီစနစ်လေးမှာ နောက်တစ်ကြိမ် အဆင့်မြှင့်တင်ဖို့ လုံလောက်တဲ့ ရန်ပုံငွေ မရှိခဲ့ပါဘူး... ဒါပေမယ့် လက်ခံသူက မုချင်းလီကို အောင်မြင်စွာ ယဉ်ပါးအောင် သွေးဆောင်နိုင်ခဲ့ပြီးနောက်မှာ စနစ်ကို ထပ်ပြီးအဆင့်မြှင့်တင်နိုင်ဖို့ လုံလောက်တဲ့ ရန်ပုံငွေတွေ စုဆောင်းနိုင်ခဲ့ပါတယ်..."

"ဒါ့ပြင်... ဒီလို ဆုလာဘ်မျိုး ဖြစ်ပေါ်လာဖို့အတွက် အခြေအနေတွေလည်း ရှိပါတယ်... လက်ခံသူအပေါ် မုချင်းလီရဲ့ လက်ရှိသစ္စာရှိမှု က သတ်မှတ်ထားတဲ့ ကန့်သတ်ချက်ထက် အများကြီး ကျော်လွန်နေတယ်..."

"ဒါကြောင့် စနစ်က အဲ့ဒါကို အထူးဆုလာဘ် တစ်ခုအဖြစ် အလိုအလျောက် ပြောင်းလဲပေးလိုက်တာပါ..."

စနစ်က ရှင်းပြနေစဉ် ထိုအသံမှာ အနည်းငယ် ကျိုးနွံနေပုံပင်ရသည်။

အသုံးမကျဟု ခုံးဝူတောက်က စနစ်ကို နောက်တစ်ကြိမ် ထပ်မံ၍ဆဲဆိုပြီး ယခက်ကတည်းက မည်သည်ကြောင့် အဆင့်မမြှင့်တင်ခဲ့သနည်းဟု မေးမည်ကို စနစ်က ကြောက်ရွံ့နေခြင်းပင်။

"အော်... ဒီလိုကိုး..."

ခုံးဝူတောက်က နားလည်သဘောပေါက်သွားပြီး သူ၏နှုတ်ခမ်းများပေါ်တွင် ခပ်ဖျော့ဖျော့အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ရှေးဟောင်း ဗာမီလီယန်ငှက်သည် ရှေးဟောင်းခေတ်မှ နတ်ဘုရားသားရဲတစ်ကောင်ပင်။

ထိုနတ်ဘုရားငှက်ကို ရွှေကျီးကန် နှင့် သေမျိုးကင်းလွတ် ဖီးနစ်ငှက်တို့နှင့်အတူ ကြီးမြတ်သော မီးတောက် နတ်ဘုရားသားရဲ သုံးကောင်ထဲမှ တစ်ကောင်အဖြစ်လည်း လူသိများကျော်ကြာသည်။

အကယ်၍ သူသာ ထိုဥကို အောင်မြင်စွာ သားဖောက်နိုင်မည်ဆိုပါက သူသည် နောက်ထပ် စီးတော်ယာဉ် တစ်ကောင်ကို ရရှိပေမည်။

"မင်း ကောင်းကောင်း လုပ်ခဲ့တယ်... မင်းက တော်တော်လေး စဉ်းစားဉာဏ် ရှိတာပဲ..."

"လက်ခံသူရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်... စနစ်က ဆက်ပြီး အဆင့်မြှင့်တင်ဖို့ ကြိုးစားသွားပါ့မယ်..."

စနစ်က ဝမ်းသာအားရ အော်ဟစ်လိုက်၏။

ဤသည်မှာ စနစ်၏ လက်ခံသူက စနစ်ကို ချီးကျူးခဲ့သည့် ဒုတိယအကြိမ်ပင်။

အချိန်များ လျှင်မြန်စွာ ကုန်ဆုံးသွားသည်။

မကြာမီမှာပင် ခုံးဝူတောက် ပြောခဲ့သော နေ့ရက် နတ်ဘုရားသားတော်ယန်ရန် သူ၏ တံခါးဝတွင် ဒူးထောက်ရမည့် နေ့ရက်သို့ ရောက်ရှိလာခဲ့သည်။

ဤသုံးရက်တာ ကာလအတွင်းသာမက...

ယနေ့တွင် ကောင်းကင်ဘုံ တာအိုနယ်မြေသည် ပုံမှန်မဟုတ်ဘဲ တိတ်ဆိတ်ငြိမ်သက်သော ကာလတစ်ခုသို့ ရောက်ရှိနေပေ၏။

လူတိုင်း၏အကြည့်များသည် အသင်္ချေသူတော်စင်မြို့၏ အစွန်အဖျားဆီသို့ စုစည်းနေကြသည်။

ယနေ့တွင် ဤနေရာ၌ နတ်ဘုရားသားတော် နှစ်ပါးကြားမှ အဆုံးစွန်သော ထိပ်တိုက်တွေ့ဆုံမှုကို မျက်မြင်တွေ့ရှိရပေမည်။

ကောင်းကင်ဘုံ တာအိုနယ်မြေရှိ နယ်စပ်မြို့ တစ်မြို့၌....

စည်ကားနေသော လက်ဖက်ရည်ဆိုင်တွင် ဆူညံသော အသံများဖြင့် ပြည့်နှက်နေပေ၏။

"မင်းတို့ ကြားပြီးကြပြီလား... တခြားတာအိုနယ်မြေတွေက ထိပ်တန်းပါရမီရှင်နှစ်ယောက်ဖြစ်တဲ့ နတ်ဘုရားသားတော်ယန်ရန်နဲ့ နတ်ဘုရားသားတော်ခုံးဝူတောက်တို့က ဒီနေ့ အသင်္ချေသူတော်စင်မြို့ရဲ့ အစွန်အဖျားမှာ ကြီးမားတဲ့ ထိပ်တိုက်တွေ့ဆုံမှုတစ်ခု ရှိမယ်လို့ ငါ ကြားတယ်..."

"နတ်ဘုရားသားတော်တွေလား... ဒီလို ဘွဲ့မျိုး ရနိုင်တဲ့သူတွေက သူတို့ရဲ့ သက်ဆိုင်ရာ ထိပ်တန်း တာအိုအမွေအနှစ်မြေတွေရဲ့ ထိပ်တန်း ပါရမီရှင် တွေ ဖြစ်ရမယ် မဟုတ်လား... ဒီလို ပုဂ္ဂိုလ်တွေက ဘယ်လောက်တောင် စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ထိပ်တိုက်တွေ့ဆုံမှုမျိုး လုပ်ကြမလဲ မသိဘူး..."

"ဟူး... ငါတို့ရဲ့ ပေယန်မြို့က အသင်္ချေသူတော်စင်မြို့နဲ့ အရမ်း ဝေးလွန်းနေတာ တကယ့်ကို နှမြောစရာပဲ... မဟုတ်ရင် ဒီထိပ်တန်း ပါရမီရှင် နှစ်ယောက်ရဲ့ ခမ်းနားတဲ့တိုက်ပွဲကို ငါလည်း မျက်မြင်ကိုယ်တွေ့ ကြည့်ချင်မိတယ်..."

"တခြားသူတွေ ပြောတာတော့ နတ်ဘုရားသားတော်ခုံးဝူတောက်ရဲ့ စွမ်းအားက ထူးကဲတယ်တဲ့... သူက အသက်တစ်ရှိုက်စာအချိန်မှာ ရာနဲ့ချီတဲ့ တာအိုနန်းတော်နယ်ပယ် ကျင့်ကြံသူတွေကို ဖိနှိပ်ခဲ့ဖူးတယ်... ဒါကြောင့် ဒီတိုက်ပွဲကို သူ နိုင်ဖို့ များတယ်..."

"မဖြစ်နိုင်တာ... နတ်ဘုရားသားတော်ယန်ရန်ကလည်း မယုံနိုင်လောက်အောင် အားကောင်းတယ်လို့ ငါ ကြားထားတယ်... မကြာသေးခင်ကမှ သူက အကန့်အသတ်မဲ့ မီးနယ်မြေမှာ ကြီးမားတဲ့ အခွင့်အရေးတစ်ခု ရခဲ့ပြီးတော့ သူ့ရဲ့စွမ်းအားက ပိုပြီးတိုးတက်လာတယ်လေ... ဘယ်သူက ပိုပြီးသန်မာအားကောင်းလဲ ဆိုတာ မသိနိုင်သေးဘူး..."

"........."

သို့ရာတွင် ဆွေးနွေးသံများဖြင့် ပြည့်နှက်နေသော စည်ကားသည့် လက်ဖက်ရည်ဆိုင် အတွင်း၌....

အဝေးဆုံး ထောင့်တစ်နေရာတွင် ထိုင်နေသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကမူ အလွန်တိတ်ဆိတ်နေကြ၏။

အမျိုးသားက လက်ဖက်ရည်ကို အေးအေးဆေးဆေး သောက်နေပေသည်။

အခါအားလျော်စွာ သူသည် ပတ်ဝန်းကျင်ရှိ ဆွေးနွေးမှုများအပေါ် မထီမဲ့မြင်ပြုသည့် အရိပ်အယောင်တစ်ခု ပြသတတ်သည်။

ထိုအမျိုးသားနှင့် အမျိုးသမီးမှာ ရုပ်ဖျက်ထားသော တုန်လှုပ်ချောက်ချား အင်မော်တယ်နှင့် မဟာနက်နဲသိမ်မွေ့ သူတော်စင်နန်းတော် အရှင်သခင်၏ မြေးမလေးဖြစ်သော လီချိုးလွမ် တို့ပင်။

"အစ်ကို ရှောင်ယောင်... နတ်ဘုရားသားတော်ခုံးဝူတောက်နဲ့ နတ်ဘုရားသားတော်ယန်ရန်တို့ကြားမှာ ဘယ်သူ နိုင်မယ်လို့ ထင်လဲ..."

လီချိုးလွမ်က ရုတ်တရက် ပြောဆိုသည်။

"သူတို့ နှစ်ယောက်လုံးက အရမ်းအစွမ်းထက်တယ်လို့ ကျွန်မ ကြားတယ်..."

ဤစကားကို ကြားသောအခါ တုန်လှုပ်ချောက်ချား အင်မော်တယ်က သူ၏ လက်ဖက်ရည်ပန်းကန်ကို စားပွဲပေါ်သို့ ချလိုက်သည်။

သူသည် ခုံးဝူတောက်ကို အလွန်မုန်းတီးပြီး အရှင်လတ်လတ် အရေခွံခွာချင်နေသော်လည်း...

သို့သော် အမှန်တရားကို ပြောရမည်ဆိုလျှင် ခုံးဝူတောက်သည် သူ တစ်ကြိမ်တစ်ခါမှ မမြင်ဖူးသော အစွမ်းထက်ဆုံး ပါရမီရှင် ဖြစ်ပြီး ချွင်းချက်မရှိပေ။

ခုံးဝူတောက်၏စွမ်းအားသည် သူ၏စိတ်ကူးယဥ်တွေးတောနိုင်မှုထက်ပင် ကျော်လွန်နေပေ၏။

သူ ပြန်လည်မွေးဖွားလာပြီးနောက်တွင်ပင်....

ထိုကဲ့သို့ မွန်းစတားမျိုး လောကကြီးတွင် မည်သို့ တည်ရှိနေနိုင်သနည်းဆိုသည်ကို နားလည်ရန် သူ ခက်ခဲနေခဲ့သည်။

သူသည် ပြန်လည်နိုးထလာသောခေတ်တွင် ပြန်လည်မွေးဖွားလာခဲ့ခြင်း ဖြစ်ပေ၏။

ဒဏ္ဍာရီလာ မဟာထောင်ချီ တောက်ပသောခေတ်တွင် မဟုတ်ချေ။

"ခုနစ်အချိုးသုံးပဲ..."

"ခုံးဝူတောက်က ခုနစ်.....နတ်ဘုရားသားတော် ယန်ရန်က သုံး..."

သို့သော် ထို့နောက်တွင် တုန်လှုပ်ချောက်ချား အင်မော်တယ်၏ လေသံက နောက်တစ်ကြိမ် ပြောင်းလဲသွားပေ၏။

"ဒါပေမယ့် ငါသာ ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ်ကို အဆင့်ချိုးဖျက်ဝင်ရောက်သွားရင်...အဲ့ဒီကောင် နှစ်ယောက်လုံးကို ငါ လွယ်လွယ်ကူကူ ဖိနှိပ်နိုင်တယ်..."

ခုံးဝူတောက်ကို အသိအမှတ်ပြုပြီးနောက် တုန်လှုပ်ချောက်ချား အင်မော်တယ်၏ သူ့ကိုယ်သူ အလွန်အမင်း ချီးမွမ်းသည့် လုပ်ရပ်က လီချိုးလွမ်၏ နှုတ်ခမ်းများကို အနည်းငယ် တွန့်ကွေးသွားစေခဲ့သည်။

သို့သော် အမှန်တရားကို ပြောရမည်ဆိုလျှင် သူသည် ထိုကဲ့သို့သော စကားများကို ပြောရန် အရည်အချင်း အမှန်တကယ်ကို ရှိနေသည်။

မည်သို့ပင်ဆိုစေကာမူ ဤဆယ်ရက်ကျော် ကာလအတွင်း၌ပင်...

ရှောင်ယောင်သည် ဟင်းလင်းပြင်သန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ဦးအဖြစ်မှ တာအိုနန်းတော်နယ်ပယ် အဆင့်တစ်သို့ တိုက်ရိုက် အဆင့်ချိုးဖျက်သွားခဲ့သည် မဟုတ်လော...

ထိုကဲ့သို့သော အဆင့်ချိုးဖောက်မှု အရှိန်အဟုန်သည် ကောင်းကင်ဘုံ တာအိုနယ်မြေ တစ်ခုလုံးကို ကြည့်မည်ဆိုလျှင်...

မဟုတ်သေး... ကောင်းကင်ဘုံများနှင့်အသင်္ချေနယ်မြေများအားလုံးတွင်ပင် အလွန်အမင်း မြန်ဆန်သည်ဟု သတ်မှတ်ရန် လုံလောက်သည်။

ထို့ထက်ပို၍ မယုံနိုင်စရာကောင်းသည်မှာ သူ၏ အဆင့်ချိုးဖျက်မှုက အလွန်မြန်ဆန်နေသော်လည်း သူ၏နယ်ပယ်သည် တည်ငြိမ်စွာနှင့် ဖြည်းဖြည်းချင်း တိုးတက်နေသော ကျင့်ကြံသူများထက် ပို၍တည်ငြိမ်နေခြင်းပင်။

သူမ၏အဘိုးဖြစ်သော မဟာနက်နဲသိမ်မွေ့ သူတော်စင်နန်းတော်၏ အရှင်သခင်ပင်လျှင်....

တုန်လှုပ်ချောက်ချား အင်မော်တယ် သည် ပြိုင်ဘက်ကင်း မဟာကျွမ်းကျင်သူတစ်ဦး၏ လူဝင်စား ဖြစ်နေနိုင်သလောဟု တစ်ကြိမ်က သံသယဝင်ခဲ့ဖူးသည်။

မည်သို့ပင်ဆိုစေကာမူ သူ လုပ်ခဲ့သမျှ အရာအားလုံးသည် အလွန်အမင်း တုန်လှုပ်ချောက်ချားဖွယ် ကောင်းလွန်းသည် မဟုတ်လော...

"ချိုးလွမ်... မင်း ငါ့ကို မယုံဘဲ မနေပါနဲ့..."

တုန်လှုပ်ချောက်ချား အင်မော်တယ်က ယုံကြည်မှုရှိစွာဖြင့် ပြောဆိုလိုက်၏။

"ငါပြောခဲ့တာတွေ အားလုံးက အမှန်ပဲဆိုတာ နောက်ကျရင် မင်း သိလာလိမ့်မယ်..."

ယခုတစ်ကြိမ်တွင် ဤနယ်စပ်မြို့သို့ သူ လာရောက်ရသည့် ရည်ရွယ်ချက်မှာ သူ၏ ယခင်ဘဝက ဖုံးကွယ်ထားခဲ့သော အင်အားစုများကို ရှာဖွေရန်ဖြစ်သည်။

ကောင်းကင်ဘုံ တာအိုနယ်မြေသည် သူ၏ မွေးရပ်မြေပင်။

ကောင်းကင်ဘုံများနှင့်အသင်္ချေနယ်မြေများ တွင် ကောင်းကင်ဘုံ ဧကရာဇ် ရာထူးကို သူ ရရှိခဲ့ကတည်းက....

ကောင်းကင်ဘုံ တာအိုနယ်မြေ၌ သူ၏နာမည်ဂုဏ်သတင်းသည်လည်း အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့သည်။

သက်ရှိများအားလုံး၏စွမ်းအားကို ပို၍ကောင်းမွန်စွာ စုဆောင်းရန်နှင့် ကောင်းကင်ဘုံ တာအိုနယ်မြေ ကို ထိန်းချုပ်ရန်အတွက်.....

သူတော်စင်နန်းတော်အပြင် ပထမဆုံး ထိပ်တန်း အင်အားစုဖြစ်သော ရှောင်ယောင် မဟာမိတ်အဖွဲ့ ကိုလည်း သူ တည်ထောင်ခဲ့သည်။

ကောင်းကင်ဘုံ တာအိုနယ်မြေ ၏ အထူး ဥပဒေသဖိနှိပ်မှုအောက်တွင် ရှိနေသဖြင့် ရှောင်ယောင် မဟာမိတ်အဖွဲ့ ရှိ အားအကောင်းဆုံး ပုဂ္ဂိုလ်မှာ ခြေလှမ်းတစ်ဝက် သူတော်စင်နယ်ပယ်တွင်သာ ရှိပေသည်။

သို့သော် ထိုအင်အားစုတွင် ခြေလှမ်းတစ်ဝက် သူတော်စင်နယ်ပယ် ဝါရင့်ကျွမ်းကျင်သူများ ဆယ်နှင့်ချီပြီး ရှိနေပေ၏။

သူတို့ကို ဤနေရာတွင် အောင်မြင်စွာ စုစည်းနိုင်သရွေ့...

သူသည် ရှေးဟောင်းမဟာတာအို အမှတ်အသား၏ သဲလွန်စများကို ပို၍ကောင်းမွန်စွာ ရှာဖွေနိုင်ရုံသာမက....

ရှောင်ယောင် မဟာမိတ်အဖွဲ့နှင့် ကောင်းကင်တာအို၏ အကူအညီဖြင့်...

ခုံးဝူတောက်ကို မဆိုထားနှင့် ကောင်းကင်ဘုံ တာအိုနယ်မြေသို့ ဆင်းသက်လာသော တခြား ပါရမီရှင်များအားလုံး သူ၏ခြေထောက်အောက်တွင် ဒူးထောက်ရပေမည်။

"ဟား ဟား ဟား... အခုလောလောဆယ်တော့ ဆက်ပြီးမြူးတူးနေကြဦးပေါ့..."

"မကြာခင် မင်းတို့ရဲ့ နေ့ရက်ကောင်းတွေ ပြီးဆုံးသွားတော့မယ်..."

မကြာမီမှာပင် တုန်လှုပ်ချောက်ချား အင်မော်တယ်နှင့် လီချိုးလွမ်တို့သည် လူအုပ်ထဲတွင် ပျောက်ကွယ်သွားကြ၏။

အသင်္ချေသူတော်စင်မြို့၏ အစွန်အဖျား၌....

ပုံရိပ်များသည် ပင်လယ်ပြင်ကဲ့သို့ လှိုင်းထကာ လှုပ်ရှားနေကြ၏။

ယနေ့ အဖြစ်အပျက်များကို သိရှိထားကြသော မရေမတွက်နိုင်သည့် ကျင့်ကြံသူများသည် ဤနေရာတွင် စုဝေးနေကြလေပြီ။

နတ်ဘုရားသားတော်နှစ်ပါး ထိပ်တိုက်တွေ့ဆုံမည့် ကြီးမားသော သတင်းကြီးကို...လွတ်သွားသော မည်သူမဆို ဘဝရှစ်ဆက်စာမျှ သေချာပေါက် နောင်တရပေလိမ့်မည်...

ဝုန်း... ဝုန်း... ဝုန်း...

ထိုအချိန်မှာပင် အလွန်ကျယ်လောင်သော တုန်ခါသံများက မိုးကုတ်စက်ဝိုင်းဆီမှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"သူတို့ ရောက်လာပြီ... သူတို့ ရောက်လာပြီ..."

ကျင့်ကြံသူတစ်ဦး၏ အံ့အားသင့်စွာ အော်ဟစ်သံ ထွက်ပေါ်လာသည်နှင့်အမျှ မရေမတွက်နိုင်သော အကြည့်များသည် ထိုနေရာသို့ ရောက်ရှိသွားကြ၏။

ကြီးမားကျယ်ပြန့်သော မီးစွမ်းအားများဖြင့် ပြည့်နှက်နေသည့် မီးတောက်အလင်းတန်းတချို့သည် တိမ်ပင်လယ်ကို ဆုတ်ဖြဲကာ မိုးကုတ်စက်ဝိုင်းဆီမှ အလျင်အမြန် ချဉ်းကပ်လာသည်ကို သူတို့ မြင်လိုက်ရသည်။

မီးတောက် အလင်းတန်းများ ဖြတ်သန်းသွားသော နေရာတိုင်းတွင်....

အဆုံးမဲ့ မီးဝိညာဉ် ဥပဒေသ အက္ခရာများသည် ဆူပွက်နေပြီး ကောင်းကင်ယံ၏ ထိုအစိတ်အပိုင်းကို ကြက်သွေးရောင်အဖြစ် လောင်ကျွမ်းသွားစေသည်။

အခန်း (၁၁၈) ဧကရာဇ်သားတော်ကို တိုက်ခိုက်မှု တစ်ချက်တည်းဖြင့် လွင့်စင်သွားစေပြီး ဖိအားအရှိန်အဝါကလည်း အသုံးမဝင်ဘူး

ကျီ...

ဤအခိုက်အတန့်တွင် လောကကြီးကို တုန်ခါသွားစေသော အော်ဟစ်သံတစ်သံ မိုးကုတ်စက်ဝိုင်းဆီမှ ပဲ့တင်ထပ်လာခဲ့သည်။

ဧရာမ ပုံရိပ်ယောင် ရွှေကျီးကန်းတစ်ကောင်သည် ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ ကြက်သွေးရောင် အလင်းတန်းများနှင့်အတူ ပေါက်ကွဲထွက်လာခဲ့သည်။

တဝုန်းဝုန်းထနေသော မီးတောက်များသည် မိုးကောင်းကင်ယံသို့ ထိုးတက်သွားပေ၏။

ထိုမီးတောက်များ ဒေါသတကြီး ဖြာထွက်လာသည်နှင့်အမျှ ကောင်းကင်ယံကို ဖုံးကွယ်သွားစေမည့် ဧရာမ နေမင်းမီးတောက်တန်းကြီး တချို့အဖြစ် အသွင်ပြောင်းသွားတော့သည်။

ထိုနေမင်းမီးတောက်တန်းတိုင်းတွင် မယုံနိုင်လောက်အောင် လောင်ကျွမ်းစေတတ်သော အပူချိန်များဖြင့် ပြည့်နှက်နေသည်။

အဝေးတွင်ရှိသော ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများပင်လျှင် သူတို့အပေါ် ရိုက်ခတ်လာသော အပူလှိုင်းများကို ခံစားလိုက်ကြရ၏။

ထိုအပူရှိန်က သူတို့၏ မျက်လုံးများကို ကျိန်းစပ်သွားစေခဲ့သည်။

ထို့ပြင် သူတို့ကို ချွေးများ ပြိုက်ပြိုက်ကျလာစေကာ ပါးစပ်များ ခြောက်သွေ့သွားစေသည်။

ပုံရိပ်ယောင် ရွှေကျီးကန်းသည် အသင်္ချေသူတော်စင်မြို့နှင့် ဆံခြည်တစ်မျှင်စာ အကွာအဝေးသို့ ရောက်ရှိလာချိန်တွင်....

ရွှေကျီးကန်းသည် အလျင်အမြန် ကျုံ့ဝင်သွားပြီး ဖရိုဖရဲဖြစ်ကာ တိုက်ခတ်လာသော အပူလှိုင်းများကြားတွင် လူသားပုံစံအဖြစ် အသွင်ပြောင်းသွားတော့သည်။

နတ်ဘုရားသားတော် ယန်ရန်သည် ကောင်းကင်ယံတွင် လက်နောက်ပစ်ပြီး မတ်တတ်ရပ်နေသည်။

သူ၏ကြက်သွေးရောင် ဆံပင်များသည် လေထဲတွင် လူးလွန့်နေပေ၏။

သူ၏နံဘေးပတ်လည်တွင် လှည့်ပတ်နေသော နတ်ဘုရားမီးတောက် ဥပဒေသအက္ခရာများ သည် သူ၏ပုံရိပ်ကို လင်းထိန်စေပြီး သူ့ကို ပို၍ပင် တောက်ပလာကာ လူအများသည် သူ့အား တိုက်ရိုက်ကြည့်ရှုရန် မဖြစ်နိုင်တော့ချေ။

သူသည် သူ၏ချီစွမ်းအားကို တမင်သက်သက် မထုတ်လွှတ်ခဲ့လျှင်ပင်....

ကြီးမားကျယ်ပြန့်သော ဧရာမ နတ်ဆိုးစွမ်းအား ဖိအားတစ်ရပ်က အသင်္ချေသူတော်စင်မြို့၏ အစွန်အဖျားတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။

နတ်ဘုရားဘုရင်နယ်ပယ်နှင့် ခြေလှမ်းတစ်ဝက် သူတော်စင်နယ်ပယ် ကျွမ်းကျင်သူများပင်လျှင် ကြီးမားသော ဖိနှိပ်ခံရမှုအရှိန်အဝါကို ခံစားလိုက်ရသည်။

"ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် အဆင့်ငါး..." ကျင့်ကြံသူတစ်ဦးက အံ့အားတသင့်ရေရွတ်လိုက်ပြီး သူ၏နဖူးပေါ်တွင် ချွေးစေးများ စို့လာခဲ့သည်။

မယုံနိုင်စရာပင်...

တစ်ဖက်လူ၏ နယ်ပယ်သည် အမှန်တကယ်ပင် ဤမျှထိ သန်မာအားကောင်းနေသလော...

သူတို့၏နားလည်မှုအရ လက်ရှိ မျိုးဆက်သစ် လူငယ်များ ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် အဆင့်နှစ်သို့ ရောက်ရှိခြင်းကပင် ကောင်းကင်ဘုံကို အာခံနိုင်စွမ်း ရှိသည်ဟု သတ်မှတ်ရန် လုံလောက်သည်။

သို့သော် နတ်ဘုရားသားတော် ယန်ရန်သည် ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် အဆင့်ငါးသို့ ရောက်ရှိနေလေပြီ။

ခုံးဝူတောက်၏ နယ်ပယ်အတိအကျကိုမူ သူတို့ အာရုံမခံနိုင်ကြချေ။

လူအများစု၏အမြင်အရ ခုံးဝူတောက်တွင် သူ၏ နယ်ပယ်ကို ခန့်မှန်းရန် ခက်ခဲစေသည့် လျှို့ဝှက်ချီဖုံးကွယ်ခြင်း မှော်ရတနာတစ်ခု ရှိနေရပေမည်။

သူ၏ကျင့်ကြံခြင်းနယ်ပယ်သည် နတ်ဘုရားသားတော်ယန်ရန်နှင့် တန်းတူအဆင့်တွင် ရှိနေနိုင်သည်။

"ဒါပေမယ့် ဒါနဲ့ပတ်သက်ပြီး နတ်ဘုရားသားတော်ယန်ရန်က ရောက်နေပြီလေ... ဘာလို့ နတ်ဘုရားသားတော် ခုံးဝူတောက်နဲ့ အခြားသူတွေက အခုထိ ပေါ်မလာသေးတာလဲ..."

လူအုပ်ထဲမှ တစ်စုံတစ်ယောက်က တီးတိုးပြောဆိုလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ သတင်းကို ယခင်က ထုတ်ပြန်ခဲ့သူမှာ ခုံးဝူတောက် ဖြစ်သည် မဟုတ်လော...

နတ်ဘုရားသားတော်ယန်ရန်သည် သုံးရက်အတွင်း အသင်္ချေသူတော်စင်မြို့သို့ ရောက်ရှိလာရမည်ဟု ပြောဆိုခဲ့သည်။

ယခုအခါ ခုံးဝူတောက် ထွက်ပေါ်မလာသေးသောကြောင့် သူ့ထံတွင် နောက်ထပ်အကြံအစည်များ ရှိနေသလောဟု လူအများက သံသယဝင်နေကြ၏။

ခုံးဝူတောက်တို့လူစု ထွက်ပေါ်မလာသည်ကို မြင်တွေ့ချိန်၌....

နတ်ဘုရားသားတော် ယန်ရန်သည် မျက်မှောင်အနည်းငယ်ကြုတ်ပြီး သူ၏နံဘေးရှိ ဧကရာဇ်သားတော်ကို အတစ်ချက်ကြည့်လိုက်သည်။

ထိုဧကရာဇ်သားတော်သည် ချက်ချင်းနားလည်သွားပေ၏။

သူက ရှေ့သို့ထွက်လိုက်ပြီး သူ၏အသံက ခေါင်းလောင်းသံကဲ့သို့ ပဲ့တင်ထပ်သွားတော့သည်။

"ခုံးဝူတောက်... ငါတို့ နတ်ဘုရားသားတော် ယန်ရန် က ကတိပေးထားတဲ့အတိုင်း ရောက်လာပြီ..."

"မင်းက ဘာလို့ အခုထိ ပေါ်မလာသေးတာလဲ... မင်းက ကြောက်ရွံနေပြီးတော့ နောက်ဆုံးမိနစ်ကျမှ ထွက်ပြေးဖို့ အစီအစဉ် ရှိနေလို့လား..."

သို့သော် သူ၏စကားသံများ ကျဆင်းသွားသည့် အချိန်အခိုက်အတန့်မှာပင်။

အေးစက်ပြီး ခက်ထန်တင်းမာနေသော ဆူပူကြိမ်းမောင်းသံတစ်သံက ရုတ်တရက် ပဲ့တင်ထပ်လာသည်။

"ဟမ့်... သာမန်ငှက်ကတုံးကောင်တစ်ကောင်က ငါတို့ရဲ့ နတ်ဘုရားသားတော်ခုံးဝူတောက်ကို ဒီလောက်ထိ ရိုင်းစိုင်းရဲတယ်ပေါ့လေ..."

ဝုန်း...

အဆုံးမဲ့ ဖျက်ဆီးခြင်း စွမ်းအားများ ပါဝင်သော ကောင်းကင်ဘုံကို အာခံနိုင်သည့် နတ်ဘုရားအလင်းတန်းတစ်တန်းသည် အသင်္ချေသူတော်စင်မြို့မှ ပျံ့လွင့်လာပေ၏။

ထိုအလင်းတန်းသည် အဆုံးမဲ့ ဟင်းလင်းပြင်ကို ချက်ချင်း ထိုးဖောက်သွားပြီး စကားပြောဆိုခဲ့သော ရွှေကျီးကန်းနတ်ဘုရားတောင် မှ ဧကရာဇ်သားတော်ထံသို့ ပြင်းထန်စွာ ရိုက်ခတ်သွားတော့သည်။

နတ်ဘုရားသားတော်ယန်ရန်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။

ဤရုတ်တရက် တိုက်ခိုက်မှုကို သူ သတိပြုမိသည်။

ထိုတိုက်ခိုက်မှုသည် အချိန်လေဟာနယ် တားမြစ်နယ်မြေမှ ဖြစ်ပြီး သူ့ကို တိုက်ရိုက်သတိပေးချက်တစ်ခု ပေးရန် ရည်ရွယ်ခြင်းပင်။

သို့သော် ထိုဧကရာဇ်သားတော်၏စွမ်းအားသည် ကျင်းယန်ထက် အနည်းငယ်သာလွန်ပြီး ခွန်အားသည် သာလွန်ထူးကဲကာ သူ၏ညာလက်ရုံးဖြစ်သည်။

နတ်ဘုရားသား​တော်ယန်ရန်၏အမြင်အရ ဤတိုက်ခိုက်မှုကို ဖျက်ဆီးပစ်ရန်မှာ ပြဿနာကြီးတစ်ခု မဖြစ်သင့်သဖြင့် သူက ဝင်ရောက်စွက်ဖက်ရန် မစီစဉ်ခဲ့ချေ။

ရွှေကျီးကန်းနတ်ဘုရားတောင်မှ ထို ဧကရာဇ်သားတော်ကလည်း ဤအရာကို သေချာပေါက် တွေးတောမိပြီး သူ၏ပိုင်နက်နယ်မြေကို ချက်ချင်းအသက်သွင်းလိုက်၏။

ဝုန်း...

လောင်ကျွမ်းစေတတ်သည့် အလင်းတန်းများကို သယ်ဆောင်လာသော ကျယ်ပြန့်သည့် နတ်ဆိုးစွမ်းအားသည် သူ၏ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး သူ၏နောက်တွင် ပုံရိပ်ယောင် ရွှေကျီးကန်းတစ်ကောင်ကို ဖြစ်ပေါ်လာစေခဲ့သည်။

"ဒီလို သေးငယ်တဲ့ လှည့်ကွက်လေးက ဝါရင့်ကျွမ်းကျင်သူတစ်ယောက်ရဲ့ရှေ့မှာ ကြွားဝါရဲတယ်ပေါ့လေ..."

"ငါ့ရဲ့ လက်တစ်ဖက်တည်းနဲ့..."

သို့သော် ထိုဧကရာဇ်သားတော်သည် သူ၏ မောက်မာသော စကားများကို အဆုံးမသတ်နိုင်မီမှာပင်....

ဝုန်း...

ကြက်သွေးရောင် မီးတောက် နတ်ဘုရားအလင်းတန်းသည် သူ့ကို ပြင်းထန်စွာ ရိုက်ခတ်သွားခဲ့သည်။

တဝုန်းဝုန်းထနေသော ဥပဒေသမုန်တိုင်းသည် ကြယ်တစ်စင်း ပေါက်ကွဲသွားသည့်အလားပင်။

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားလှိုင်းလုံးက ဧကရာဇ်သားတော်၏ ပုံရိပ်ကို ချက်ချင်းလွှမ်းခြုံသွားပေ၏။

သို့သော် ထိုဧကရာဇ်သားတော်သည်လည်း သာမန်လူမဟုတ်ကြောင်း သိသာထင်ရှားသည်။

သူ၏နောက်ရှိ ပုံရိပ်ယောင် ရွှေကျီးကန်းသည် နတ်ဘုရားမီးတောက်များ ချက်ချင်းပေါက်ကွဲထွက်လာပြီး ဖျက်ဆီးခြင်းမုန်တိုင်းနှင့် တိုက်ခိုက်မိသွားသည်။

နတ်ဘုရားသားတော် ယန်ရန်က လှောင်ပြောင်ရန် ရည်ရွယ်ပြီး "ဒီလောက်ပဲလား" ဟူသော အပြုံးတစ်ခုကို ပြသလိုက်ချိန်မှာပင်....

သူ၏ နှုတ်ခမ်းပေါ်ရှိ အပြုံးသည် မျက်စိဖြင့်မြင်နိုင်သောအရှိန်ဖြင့် အေးခဲတောင့်တင်းသွားတော့သည်။

ကျယ်လောင်သော "ဘန်း" ခနဲ အသံတစ်ခုကိုသာ ကြားလိုက်ရပေ၏။

စွမ်းအင်မုန်တိုင်း၏အလယ်ဗဟိုမှ အော်ဟစ်သံတစ်သံ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။

မျက်စိတစ်မှိတ်အတွင်း သူ၏ ညာလက်ရုံးအဖြစ် သူ သတ်မှတ်ထားသော ဧကရာဇ်သားတော်သည် သွေးများအန်ထုတ်လိုက်လာရသည်။

မိုးကောင်းကင်ယံတွင် ပြီးပြည့်စုံသော အကွေးပုံစံတစ်ခုကို ရေးဆွဲပြီးနောက် သူသည် ခွေးသေတစ်ကောင်အလား အဝေးသို့ ပြင်းထန်စွာ လွင့်ထွက်သွားတော့သည်။

"ဒါက..."

ရွှေကျီးကန်းနတ်ဘုရားတောင်မှ ပါရမီရှင် အများအပြား အံ့အားသင့်မှင်သက်သွားကြရုံသာမက...

စောင့်ကြည့်နေကြသော မရေမတွက်နိုင်သည့် ကျင့်ကြံသူများသည်လည်း ထိတ်လန့်တုန်လှုပ်မှုကြောင့် သူတို့၏စိတ်များ ဗလာဟင်းလင်းဖြစ်သွားကြသည်။

အစောပိုင်းက သူတို့ ကြားခဲ့ရသည့် အရာများအရ...

ရွှေကျီးကန်းနတ်ဘုရားတောင်မှ ထိုဧကရာဇ်သားတော်သည် ဤတိုက်ခိုက်မှုကို သူ၏လက်တစ်ဖက်တည်းဖြင့် ခံယူမည်ဟု ပြောဆိုရန် ကြိုးစားနေပုံရသည်။

သို့သော် မထင်မှတ်ဘဲ ကြွားဝါရန် သူ၏ ကြိုးစားမှုက ကျရှုံးသွားပြီး အစားထိုးအနေဖြင့် သူသည် နင်းခြေခြင်းခံလိုက်ရပေ၏။

သူသည် လူပုံအလယ်တွင် လေထဲမှ ပျံသန်းပြသည့် ပြဇာတ်ကို အမှန်တကယ် ကပြသွားသည်။

နတ်ဘုရားသားတော် ယန်ရန်၏ မျက်နှာအမူအယာမှာလည်း အကြိမ်ကြိမ် ပြောင်းလဲသွားခဲ့သည်။

ဤဧကရာဇ်သားတော်၏ နယ်ပယ်သည် ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် အဆင့်နှစ်သို့ ရောက်ရှိနေလေပြီ။ မည်သည်ကြောင့် သူသည် တစ်ဖက်လူ၏ တိုက်ခိုက်မှုတစ်ခုကိုမျှ တောင့်မခံနိုင်သနည်း။

ခုံးဝူတောက်နှင့် အတူပါလာသော ထိုဧကရာဇ်သမီးတော်သည် အမှန်တကယ်ပင် ဤမျှထိ သန်မာအားကောင်းနေသလော...

ဝှစ်...

အလင်းတန်းငါးခုသည် အသင်္ချေသူတော်စင်မြို့ မှ ပျံသန်းထွက်လာပြီး နတ်ဘုရားသားတော် ယန်ရန်တို့လူစုနှင့် မဝေးသော နေရာတွင် ဆင်းသက်လာခဲ့သည်။

သူတို့ကို လွှမ်းခြုံထားသော အလင်းရောင်များ ပျောက်ကွယ်သွားသည်နှင့်....

ခုံးဝူတောက်နှင့် အချိန်လေဟာနယ် တားမြစ်နယ်မြေ မှ ဧကရာဇ်သားတော်များနှင့် သမီးတော်များ၏ ပုံရိပ်များ ရုတ်တရက် ထွက်ပေါ်လာသည်။

နတ်ဘုရားသားတော် ယန်ရန်သည် ခုံးဝူတောက်ကို တစ်ကြိမ်တစ်ခါမှ မမြင်ဖူးသော်လည်း တစ်ချက်ကြည့်ရုံဖြင့် သူ၏အဆင့်အတန်းကို သိရှိသွားပေ၏။

တစ်ဖက်လူသည် ဧကရာဇ်သားတော်နှင့် သမီးတော် လေးပါး၏ အလယ်ဗဟိုတွင် မတ်တတ်ရပ်နေသည်။

သူသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ အဝတ်အစားများက လေထဲတွင် လူးလွန့်နေကာ ပန်းချီကားတစ်ချပ်မှ ထွက်လာသကဲ့သို့ ချောမောခန့်ညားနေသည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် မွေးရာပါ သာလွန်ထူးကဲသော အရှိန်အဝါတစ်ခု ထွက်ပေါ်နေသည်။

လူငယ်နတ်ဘုရားတစ်ပါးနှင့် တူညီနေသော သူသည် ယန်ရန်ကိုပင် မမြင်နိုင်သော ကြောက်ရွံ့ထိတ်လန့်မှု ခံစားချက်တစ်ခုကို ခံစားရစေပေ၏။

သို့ရာတွင် ပြင်းထန်သော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒတစ်ခုက နတ်ဘုရားသားတော် ယန်ရန်၏အာရုံစိုက်မှုကို ဆွဲဆောင်သွားခဲ့သည်။

ထို့ပြင် ဤမျှထိ သိပ်သည်းသော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒကို ထုတ်လွှတ်နေသူမှာ ခုံးဝူတောက်နှင့် အတူပါလာသော မုချင်းလီပင်။

သို့သော် နတ်ဘုရားသားတော် ယန်ရန်က ထိုအရာကို ပုရွက်ဆိတ်တစ်ကောင်၏ အသုံးမကျသော ဒေါသအဖြစ်သာ မှတ်ယူကာ မုချင်းလီကို လုံးလုံးလျားလျား လျစ်လျူရှုထားလိုက်၏။

နတ်ဘုရားသားတော်ယန်ရန်၏ မျက်လုံးများက အေးစက်တင်းမာနေသည်။

ရွှေကျီးကန်းနတ်ဘုရားတောင်မှ ပါရမီရှင် အများအပြားနှင့်အတူ သူသည် အဝေးမှနေ၍ ခုံးဝူတောက်နှင့်တခြားသူများကို မျက်နှာချင်းဆိုင်လိုက်သည်။

ခုံးဝူတောက် ထုတ်လွှတ်လိုက်သော ချီစွမ်းအင် က သူ့ကို အတော်လေး သတိထားမိစေသည်။

ထို့ပြင် ခုံးဝူတောက်၏နံဘေးရှိ ဧကရာဇ်သားတော်နှင့်ဧကရာဇ်သမီးတော်လေးပါး၏ နယ်ပယ်များနှင့် စွမ်းအားများကလည်း သာလွန်ထူးကဲနေသည်။

သို့သော် ကျင်းယွမ်နှင့်ကျင်းယန်တို့ အပြင်...

သူ့ထံတွင် ဧကရာဇ်သားတော် သုံးပါး ဧကရာဇ်သမီးတော် သုံးပါးနှင့် ရွှေကျီးကန်းနတ်ဘုရားတောင်မှ ထိပ်တန်း ပါရမီရှင် နှစ်ဆယ့်ရှစ်ဦးခန့်လည်း ရှိနေသည်။

ထိုကဲ့သို့ လူစာရင်းဖြင့် တစ်ဖက်လူကို ဖိနှိပ်ရန် သူ အပြည့်အဝ ယုံကြည်မှု ရှိနေခဲ့ပေ၏။

"ခုံးဝူတောက်... မင်းက ကောလာဟလတွေထဲကထက် တကယ့်ကို ပိုပြီး မောက်မာတာပဲ..."

"ဒီလို အောက်တန်းကျတဲ့ သတ္တဝါလေးတစ်ကောင်အတွက် ငါ့ရဲ့ ရွှေကျီးကန်းနတ်ဘုရားတောင်ကို စော်ကားရဲတယ်... မင်းက ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ..."

နတ်ဘုရားသားတော်ယန်ရန် အော်ဟစ်လိုက်သည်နှင့် တဟုန်းဟုန်းထနေသော မီးတောက်များ ပျံ့နှံ့သွားပြီး လောင်ကျွမ်းစေတတ်သော အပူချိန်က ဟင်းလင်းပြင်ကို တွန့်လိမ်ကာ ဖရိုဖရဲ ဖြစ်သွားစေခဲ့သည်။

ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဖိအားအောက်တွင်....

စောင့်ကြည့်နေကြသော မရေမတွက်နိုင်သည့် ကျင့်ကြံသူများသည် တုန်ယင်သွားကြပြီး ကြောက်ရွံ့ရိုသေစွာဖြင့် အသက်ပြင်းပြင်းရှူသွင်းလိုက်ကြသည်။

ရွှေကျီးကန်းနတ်ဘုရားတောင်က မျှော်လင့်ချက် ကြီးကြီးမားမား ထားရှိသော မျိုးဆက်သစ် လူငယ် တည်ရှိမှုဖြစ်ရန် အမှန်တကယ်ကို ထိုက်တန်ပေ၏။

သူ၏ချီစွမ်းအားကို ထုတ်လွှတ်လိုက်ရုံမျှဖြင့် အလွန်ကြောက်မက်ဖွယ် ကောင်းလွန်းသဖြင့် သူတို့၏နတ်ဘုရားစိတ်ဝိညာဉ်များပင် မတုန်ယင်ဘဲ မနေနိုင်တော့ချေ။

သို့ရာတွင် ဤလွှမ်းခြုံလာသော ဖိအား၏ ရှေ့တည့်တည့်တွင် ရှိနေသော ခုံးဝူတောက်ကမူ လုံးလုံးလျားလျား သက်ရောက်မှု မရှိခဲ့ချေ။

သူသည် ရယ်ချင်စိတ်ပင် အနည်းငယ် ဖြစ်လာခဲ့ပေ၏။

သူ၏ကျင့်ကြံဆင့်နယ်ပယ်သည် နတ်ဘုရားဘုရင်နယ်ပယ်သို့ အဆင့်ချိုးဖျက်ဝင်ရောက်သွားရုံသာမက နတ်ဘုရားဘုရင် ဥပဒေသ ပုံရိပ်ယောင် ဆယ့်သုံးခုကိုလည်း စုစည်းထားနိုင်ခဲ့သည်။

ဤငှက်ကတုံးကောင်သည် မည်မျှပင် ကောင်းကင်ဘုံကို အာခံနိုင်စွမ်း ရှိစေကာမူ တစ်ဖက်လူ၏ချီစွမ်းအင်ဖိအားက သူ့အပေါ် မည်သည့် သက်ရောက်မှုမျှ မရှိချေ။

"ကိုယ့်သေတွင်း ကိုယ်တူးနေတာလား..."

ခုံးဝူတောက်က လှောင်ပြောင်လိုက်၏။

ခုံးကျန်ယွဲ့နှင့်တခြားသူများကို မလှုပ်ရှားရန် သူ အချက်ပြလိုက်ပြီးနောက်....

သူက သူ၏လက်များကို နောက်ပစ်ကာ အပန်းဖြေ ဥယျာဉ်တစ်ခုအတွင်း လမ်းလျှောက်နေသကဲ့သို့ သူသည် ဟင်းလင်းပြင်ကို ဖြတ်သန်း၍ လျှောက်လှမ်းသွားကာ နတ်ဘုရားသားတော်ယန်ရန်ထံသို့ တဖြည်းဖြည်း ချဉ်းကပ်သွားပေ၏။

"မင်းက ငါ့ကို ဘယ်လိုများ ကိုယ့်သေတွင်း ကိုယ်တူးအောင် လုပ်မလဲဆိုတာ ငါ ကြည့်ချင်သေးတယ်..."

"ဒီကောင်..."

နတ်ဘုရားသားတော် ယန်ရန်၏ စိတ်နှလုံးသားထဲတွင် ကြီးမားသော သတိပေးချက်တစ်ခုကို ခံစားလိုက်ရသည်။

တစ်ချိန်တည်းမှာပင် သူ၏နောက်တွင် လွင့်မျောနေသော တောက်ပသည့် နတ်ဘုရားအလင်းတန်းစက်ဝိုင်းသည် ပို၍ပင် ပြင်းထန်လာပေ၏။

ထို့နောက် အလွန်ကြောက်မက်ဖွယ်ကောင်းပြီး ကြီးမားကျယ်ပြန့်သော မီးတောက်လှိုင်းလုံးကြီးတစ်ခု ပေါက်ကွဲထွက်လာကာ ခုံးဝူတောက်ထံသို့ ပြင်းထန်စွာ ရိုက်ခတ်သွားတော့သည်။

သို့သော် နောက်ထပ်အချိန်တခဏတွင်..

သူ၏ လောကအမြင်တစ်ခုလုံးကို ကျွမ်းထိုးမှောက်ခုံဖြစ်လုနီးပါး ဖြစ်စေမည့် မြင်ကွင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

All Chapters