အခန်း (၃၉၈)
Vol. 37 Ch. 398
📝အပိုင်း - ၃၉၈
ဘာသာပြန် - Na Gar🐉
ချန်ဆန်းရှီသည် သူ၏ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ရှားလိုက်သည်။
"အော်မီထော်ဖော်"
ဝတ်စုံနက်ဝတ် ဘုန်းကြီးသည် လက်ဝါးချင်း ကပ်လိုက်ပြီး "သူရဲကောင်းကျန်း ရဲ့ ခရမ်းရောင်ချီက အတော်လေး ထူးခြားတယ်လို့ အိမ်ရှေ့စံက မိန့်ကြားဖူးပါတယ်။ အခု သူရဲကောင်းကျန်းက ဘယ်အဆင့်ကို ရောက်နေပြီလဲဆိုတာ သိပါရစေ။ ငါကိုယ်တိုင်လည်း ကျင့်ကြံရာမှာ အပိတ်အဆို့တစ်ခု ကြုံနေရလို့ လမ်းညွှန်မှုလေး ပေးနိုင်မလား" ဟု မေးလိုက်သည်။
ချန်ဆန်းရှီသည် ခါးက ဓားရိုးကို ကိုင်ထားရင်း ဘေးတိုက် တစ်ချက် ကြည့်လိုက်သော်လည်း စကားတစ်ခွန်းမှ မပြောပေ။
ဒါကို မြင်တော့။
ဘုန်းကြီးက ပြုံးလျက် ပြန်တောင်းပန်သည်။ "ငါ စည်းကမ်းဖောက်မိသွားပြီ။ ကျင့်ကြံသူ အချင်းချင်း အခုလို စပ်စုတာမျိုး မလုပ်သင့်ပါဘူး၊ ခွင့်လွှတ်ပါ"
ချန်ဆန်းရှီက နှာခေါင်းရှုံ့လိုက်ပြီးနောက် ခန်းမထဲမှ ထွက်ခွာကာ ညမှောင်ထဲမှာတင် ပျောက်ကွယ်သွားခဲ့သည်။
တစ်ဖက်လူက သူ့ကို စမ်းသပ်နေမှန်း သူ ကောင်းကောင်း သိသည်။
ဒီလို အခြေအနေမျိုးမှာ စကားများများပြောလေ အမှားပါလေ ဖြစ်တတ်သည်။
ဘာမှ မပြောဘဲ နေခြင်းကသာ အမှန်ကန်ဆုံး ရွေးချယ်မှုပင်။
သူတို့က ကျန်းလိုင်ဇီ ကို ဘာကြောင့် ဒီလောက် အရေးကြီးတဲ့ ကိစ္စထဲ ဆွဲသွင်းထားရသလဲဆိုတဲ့ အကြောင်းပြချက်ကတော့ ရှင်းလင်းလှသည်။
အိမ်ရှေ့စံဘက်တော်သားတွေနဲ့ အမွှေးတိုင် နတ်ဘုရားဂိုဏ်းက လူတွေရဲ့ အမြင်မှာ ကျန်းလိုင်ဇီဟာ သူတို့ရဲ့ လျှို့ဝှက်ချက်တွေကို သိသွားပြီးသား ဖြစ်သည်။
ဒါ့အပြင် သူဟာ အစွမ်းဘယ်လောက်ရှိမှန်း မသိရတဲ့ ပညာရှင်တစ်ယောက်လည်း ဖြစ်နေသည်။
ဒီလို အခြေအနေမျိုးမှာ သူတို့ လုပ်နိုင်တာက သူ့ကို မိမိတို့ဘက်ပါအောင် သိမ်းသွင်းထားဖို့ပဲ ဖြစ်သည်။ သူက တကယ် ကူညီသည်ဖြစ်စေ၊ မကူညီသည်ဖြစ်စေ တခြားဘက်ကို မကူးသွားဖို့နဲ့ လျှို့ဝှက်ချက်တွေ မပေါက်ကြားဖို့က သူတို့အတွက် အရေးကြီးဆုံး ဖြစ်သည်။
ဒါကြောင့် ဒါဟာ ယုံကြည်မှုကြောင့် မဟုတ်ပေ။
ဒါမှမဟုတ် ယုံကြည်မှုဆိုတာ သူတို့အတွက် မလိုတော့ခြင်းပင်။
တကယ်လို့ ကျန်းလိုင်ဇီကသာ လျှို့ဝှက်ချက်တွေကို ပေါက်ကြားစေချင်ရင် သူတို့တွေ အစကတည်းက သေကုန်ကြပြီ မဟုတ်ပါလား။
"အစီအစဉ် စဖို့ နောက်ထပ် ၇ ရက်ပဲ လိုတော့တယ်"
ချန်ဆန်းရှီသည် အနားယူရန် ပြန်လာခဲ့သည်။
ဒီ ၇ ရက်အတွင်းမှာ။
သူသည် ဓားချီမန္တန်ကို ကျွမ်းကျင်အောင် လေ့ကျင့်ရန် ရည်မှန်းထားသည်။
ဒါ့အပြင် သူ၏ သိုင်းပညာ အဆင့်အတန်းကိုလည်း မဟာသွေးကြောအဆင့် ရဲ့ ပြီးပြည့်စုံခြင်း ရောက်အောင် မြှင့်တင်သွားမည် ဖြစ်သည်။
ပရမ်းပတာ ဖြစ်နေတဲ့ အချိန်မှာ ကိုယ့်ရဲ့ ခွန်အား တစ်ဆင့်တက်လေ အသက်ရှင်ဖို့ အခွင့်အရေး ပိုများလေပဲ ဖြစ်သည်။
...
"လှံပညာက တကယ့်ကို ပြောင်မြောက်တာပဲ"
နောက်တစ်နေ့တွင်။
ချန်ဆန်းရှီသည် ဖန်ချင်းယွမ်၏ အိမ်ဝင်းထဲတွင် ဝိညာဉ်ဖျက်လှံ ဖြင့် လေ့ကျင့်နေစဉ် ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာသည်။ တောင်ကြီးတစ်လုံးကဲ့သို့ ခိုင်ခံ့လှသော စီနီယာအစ်ကိုကြီးသည် လက်တစ်ဖက်တွင် အရက်အိုး၊ နောက်လက်တစ်ဖက်တွင် စားစရာများကို ကိုင်ဆောင်ကာ ခြံထဲသို့ လမ်းလျှောက်ဝင်လာခဲ့သည်။
"မတွေ့တာ တစ်နှစ်ခွဲလောက် ရှိပြီ၊ ညီလေးက အခုတော့ မဟာသွေးကြောအဆင့် ရဲ့ပြီးပြည့်စုံခြင်းကို ရောက်တော့မှာပဲ"
လူကျိီက သက်ပြင်းချရင်း ဆိုသည်။ "မကြာခင် ညီလေးကနက်နဲပုံရိပ်
အဆင့် ကို တက်လှမ်းနိုင်တော့မှာပဲ။ လျန်ကျိုး ကို ပြန်ရောက်တဲ့အခါ ညီလေးလည်း တပ်မှူးကြီး တစ်ယောက် ဖြစ်လာတော့မယ်။ နောင်တစ်ချိန် စစ်မြေပြင်မှာ ငါတို့ ညီအစ်ကိုတွေ ရင်ဘောင်တန်းနိုင်ကြတော့မှာပေါ့"
"ကျွန်တော်က အစ်ကိုကြီးဆီက အများကြီးသင်ယူရဦးမှာပါ"
ချန်ဆန်းရှီက လှံကို မြေကြီးထဲ စိုက်လိုက်ရင်း "အစ်ကိုကြီးက ကျွန်တော့်ကို လာတွေ့မယ်လို့ ပြောထားပေမဲ့ ဘာလို့ အသံတိတ်ကြီး ရောက်လာတာလဲ" ဟု မေးလိုက်သည်။
"သိုင်းသမားတွေကြားမှာ စည်းကမ်းတွေ အများကြီး လိုလို့လား"
လူကျိီသည် စားစရာများကို ခြံအလယ်က ကျောက်သားစားပွဲပေါ်မှာ တင်
လိုက်ရင်း "ဒီအရက်က ဂန်းချီကို အားဖြည့်ပေးနိုင်သလို ဒီအသားကလည်း တောင်ပေါ်ကနေ ငါလာရင်းနဲ့ ဖမ်းလာတဲ့ ထူးခြားသားရဲသားပဲ။ စတုတ္ထညီလေးနဲ့ ဆဋ္ဌမညီလေးကိုပါ ခေါ်လိုက်ဦး၊ အားလုံး အတူတူ စားကြတာပေါ့" ဟု ဆိုသည်။
"ဪ... ဒါ စီနီယာ အစ်ကိုကြီး မဟုတ်လား"
ဝမ်ကျိီသည် ဖန်ချင်းယွမ်၏ ဝှီးချဲကို တွန်းရင်း ထွက်လာကာ "အစ်ကိုကြီးကတော့ ဒီနှစ်တွေမှာ တကယ့်ကို ခန့်ညားနေတာပဲ" ဟု ဆိုလိုက်သည်။
"ငါတို့က မင်း သေပြီလို့တောင် ထင်နေကြတာ"
လူကျိီက အရက်အိုးကို ဖွင့်ပြီး ခွက်တွေထဲ ထည့်လိုက်ရင်း "မင်းက ပုန်းနေခဲ့တာကိုး။ ကံကြမ္မာရဲ့ အလှည့်အပြောင်းကြောင့် ငါတို့ ညီလေးနဲ့အတူ လျန်ကျိုး ကို ပြန်လိုက်သွားရမယ်ဆိုတော့ ကံတရားဆိုတာ တကယ်ကို ပြောရခက်သားပဲ" ဟု ဆိုသည်။
"သေသွားတာနဲ့ ဘာမှ မထူးပါဘူး"
ဝမ်ကျိီက အရက်ကို မြည်းကြည့်လိုက်ရင်း "အစ်ကိုကြီး... ကျွန်တော့်ကို နှိပ်စက်နေတာလား။ ဒီအရက်က မဟာသွေးကြောအဆင့် အောက်က လူတွေ သောက်မိရင် သေနိုင်တယ်ဗျ" ဟု ဆိုသည်။
"မင်းအတွက် ငါ သီးသန့် ပြင်လာပါတယ်"
လူကျိီက နောက်ထပ် အိုးတစ်လုံးကို ထုတ်ပေးသည်။ "ဒါက ကိုယ်တွင်းအင်္ဂါတွေကို အားဖြည့်ပေးမယ့် ဆေးအရက်ပါ။ ဒါနဲ့ ပြောစမ်းပါဦး... ဒါက တကယ်ပဲ ကုလို့ မရတော့ဘူးလား"
"ကုလို့ မရတော့ပါဘူး"
ဝမ်ကျိိက ကြက်ပေါင်းတစ်ဖက်ကို ဆွဲဖဲ့လိုက်ရင်း "ဒီဘဝမှာတော့ ကျွန်တော့်ညီငယ်နောက်ကိုပဲ လိုက်ပြီး ရာစုမှူးလေး လုပ်ရလည်း မဆိုးပါဘူး" ဟု ဆိုသည်။
ညီအစ်ကိုတွေ အတူတူ စားသောက်လိုက်ကြသည်။ အရက် သုံးအိုးခန့် သောက်ပြီးနောက် ဇီဝေတောင်ပေါ်က ဝိုင်းရံလုပ်ကြံမှု အကြောင်းကို စတင် ပြောဆိုလာကြသည်။
"စတုတ္ထညီ"
လူကျိီ၏ အရက်ခွက်မှာ ဇလုံတစ်ခုကဲ့သို့ ကြီးမားသော်လည်း သူ၏ လက်ဝါးကြီးကြီးထဲတွင်တော့ ခွက်သေးလေးတစ်လုံးကဲ့သို့ ဖြစ်နေသည်။ သူသည် အရက်ကို တစ်ကျိုက်တည်းနှင့် ကုန်အောင် သောက်လိုက်ပြီးနောက် "မင်း ဘယ်လို ထင်လဲ" ဟု မေးလိုက်သည်။
"ကျွန်တော် ကဘယ်လိုထင်ရမှာလဲ၊ ဒီအတိုင်း ကြည့်နေရုံပေါ့"
ဖန်ချင်းယွမ်က အေးဆေးစွာ ဆိုသည်။ "ချောင်မိသားစုရဲ့ ရန်ပွဲက ကျွန်တော်တို့လို အစေခံတွေနဲ့ ဘာမှ မသက်ဆိုင်ပါဘူး"
"အင်း..."
လူကျိီစဉ်းစားနေမိသည်။ "စတုတ္ထညီ... မင်း တစ်ခါမှ မစဉ်းစားဖူးဘူးလား။ တကယ်လို့ ငါတို့က မှန်ကန်တဲ့လူကို ကူညီနိုင်ခဲ့ရင် လျန်ကျိုး ရဲ့ အကျပ်အတည်းတွေကို ဖြေရှင်းနိုင်မယ့်အပြင် မြို့တော်က လူတွေနဲ့လည်း အမြဲတမ်း ရင်ဆိုင်နေစရာ မလိုတော့ဘူးလေ"
"မင်းသာ မှားတဲ့ဘက်ကို ကူညီမိရင်တော့ သေဖို့ပဲ ရှိတာပေါ့"
ဖန်ချင်းယွမ်က ဖြည်းဖြည်းချင်း ဆိုသည်။ "မှန်တဲ့ဘက်ကို ကူညီနိုင်
ရင်တောင် ထူးချင်မှ ထူးမှာပါ"
"ငါကတော့ အဲ့ဒီလို မထင်ဘူး"
လူကျိီက ခွက်ကို ချလိုက်ပြီး ဆိုသည်။ "မှန်တဲ့ဘက်ကို ကူညီမိရင် ငါတို့မှာ တောင်းဆိုပိုင်ခွင့်တွေ ရှိလာမယ်၊ တောင်းဆိုပိုင်ခွင့် ရှိလာရင် ငါတို့ ပိုပြီး အစွမ်းထက်လာမယ်။ အဲ့ဒီကျရင် ငါတို့ရဲ့ ဆရာတူ ညီအစ်ကိုတွေအတွက် ပိုပြီး ကောင်းမွန်တဲ့ အခွင့်အရေးတွေ ရလာမှာပေါ့"
"အစ်ကိုကြီး ဘာလုပ်ဖို့ ကြံစည်နေတာလဲ"
ဝမ်ကျိီက သူ၏ စကားထဲက ဆိုလိုရင်းကို ရိပ်မိသွားသည်။ "အစ်ကိုကြီး... ကျွန်တော် အကြံပေးချင်တာကတော့ ဒီကိစ္စတွေထဲ မဆင်မခြင် သွားမပါပါနဲ့ဦး"
"ဟဲဟဲ... စိတ်မပူပါနဲ့၊ ငါ ဘာလုပ်နေလဲဆိုတာ ငါ သိပါတယ်။"
လူကျိီက ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။ "ငါသာ နန်းတွင်းမှာ ရှိနေရင် မင်းတို့ ဘယ်နေရာကိုပဲ သွားသွား၊ ကမ္ဘာ့အဆုံးအထိ သွားရင်တောင် အေးအေးဆေးဆေး အိပ်လို့ ရစေရမယ်။ ငါ လုပ်စရာ ကိစ္စလေးတွေ ရှိသေးလို့ ခွင့်ပြုဦး ညီငယ်တို့"
"ဒါကတော့..."
သူ ထွက်သွားတာကို ကြည့်ပြီး ဝမ်ကျိီက ဂန်းချီ အားဖြည့်အရက်ကို တစ်ကျိုက် သောက်လိုက်ပြီး မျက်နှာ ပျက်သွားသည်။ "စတုတ္ထအစ်ကို... သူ ဘာကို ဆိုလိုတာလဲ။ အခုလို အချိန်မှာ ဝင်ပါဖို့ လုပ်နေတာ၊ သူက ပြဿနာတွေ တက်မှာ မကြောက်ဘူးလား"
"လွှတ်ထားလိုက်ပါ"
ဖန်ချင်းယွမ်က ပြတ်သားစွာ ဆိုသည်။ "အစ်ကိုကြီးက အကွက်တွေ အများကြီး ရှိတဲ့သူပဲ၊ သူ့ကို တားလို့ ရမှာ မဟုတ်ဘူး"
"ဟေး... ဒီအသားက တကယ်ကို ကောင်းတာပဲ"
ဝမ်ကျိီက ထိုအကြောင်းကို ဆက်မပြောတော့ဘဲ သားရဲသားကို အားရပါးရ စားတော့သည်။ "ကဲ... ဆန်းရှီ၊ ဒီအသားရဲ့ နှလုံးသားကို စားလိုက်စမ်း။ ဒါဆို နောက်နှစ်ရက်အတွင်း မင်း သေချာပေါက် အဆင့်တက်လိမ့်မယ်။ ကျန်တဲ့ အသားတွေကိုတော့ ငါပဲ စားတော့မယ်"
သူသည် စားစရာတွေကို ပိုက်ပြီး အိမ်ထဲကို ပြုံးစစနဲ့ ဝင်သွားတော့သည်။
"အစ်ကိုကြီး"
ချန်ဆန်းရှီက မေးလိုက်သည်။ "ကျွန်တော့်ကို ပြောပြစမ်းပါ။ တကယ်လို့ အိမ်ရှေ့စံကသာ ပုန်ကန်မယ်ဆိုရင် သူ အောင်မြင်ဖို့ အခွင့်အရေး ဘယ်လောက်ရှိသလဲ"
"ပြောဖို့ ခက်တယ်"
ဖန်ချင်းယွမ်က ဘာမှ မသိသလို နေသော်လည်း အခြေအနေကိုတော့ ရိပ်မိနေသည်။ "အိမ်ရှေ့စံရဲ့ နေရာဆိုတာ တက်ဖို့ပဲ ရှိပြီး ကျဖို့ မရှိဘူးလေ။ မနေ့က ဇီဝေတောင်ပေါ်မှာ ဖြစ်ပျက်ခဲ့တာတွေကို ကြည့်ရင် သူဟာ တကယ်ပဲ အသေခံ စောင့်နေမယ့်သူ မဟုတ်တာ သေချာတယ်။"
"ဒါပေမဲ့... ထပ်ခါတလဲလဲ စဉ်းစားကြည့်ရင် ဧကရာဇ်ကို ရင်ဆိုင်နိုင်တာဆိုလို့ မသေမျိုးရှာဖွေရေးမျှော်စင်၊ အမွှေးတိုင် နတ်ဘုရားဂိုဏ်း နဲ့ မိစ္စာဂိုဏ်း တွေပဲ ရှိတာ။"
"အိမ်ရှေ့စံရဲ့ နောက်ကွယ်မှာ ဘာတွေ ဖုံးကွယ်ထားသလဲဆိုတာကတော့ မသိရသေးဘူးပေါ့"