← Chapters

အခန်း (၄၀၀)

Vol. 37 Ch. 400

အခန်း (၄၀၀)

Vol. 37 Ch. 400

📝အပိုင်း - ၄၀၀

ဘာသာပြန် - Na Gar🐉

ချောင်ဖန်ဆီကနေ လိမ်ညာယူထားတဲ့ ကျောက်စိမ်းဆွဲပြားရှိနေရင်တော့ ရှေ့လာမယ့် ပရမ်းပတာအခြေအနေတွေကို ရင်ဆိုင်ဖို့ ပြဿနာမရှိနိုင်တော့ဘူး။

ဒီကျောက်စိမ်းဆွဲပြားအကြောင်း ပြောရရင်...

တခြားလူတွေလက်ထဲမှာဆိုရင်တော့ ဒါဟာ ထင်သလောက် အသုံးမဝင်လှပေ။

ဘာလို့လဲဆိုတော့။

ဒီကျောက်စိမ်းဆွဲပြားဟာ ကိုယ့်ရဲ့စွမ်းအားကို သိုလှောင်ထားပြီး ပြန်ထုတ်သုံးရတာမျိုးပဲလေ။ အလွန်ဆုံးရှိလှ အပိုဘက်ထရီအစုတ်လေးတစ်ခုလိုပါပဲ၊ အပိုပစ္စည်းသက်သက်လို့တောင် ပြောလို့ရတယ်။

ဒါကြောင့်လည်း ဒါကို ချောင်ဖန်ဆီ အလွယ်တကူ ပေးခဲ့ကြတာဖြစ်သလို၊ ချောင်ဖန်ကလည်း ကျန်းလိုင်ဇီ ဆီကို အလွယ်တကူ ပေးအပ်ခဲ့တာပေါ့။

ဒါပေမဲ့။

ချန်ဆန်းရှီမှာက မသေမျိုးရတနာ ဆန်းကြယ်မီးတောက် ရှိနေတာလေ။

သူဟာ မသေမျိုးလမ်းစဉ်ရဲ့ ကျင့်ကြံခြင်းအဆင့်တွေကို သေသေချာချာ မသိသေးပေမဲ့ ဒီမီးတောက်ရဲ့စွမ်းအားဟာ ဓားချီမန္တန် ထက် အဆပေါင်းများစွာ သာလွန်ပြီး သာမန်ကျင့်ကြံသူတွေတောင် တောင့်ခံနိုင်မှာမဟုတ်ဘူးဆိုတာ သူ ခံစားမိတယ်။

ဒါဟာ တကယ့်ကို သေမင်းတမန်လက်နက်ပဲ။

နှမြောစရာကောင်းတာတစ်ခုကတော့ ဒါကို တစ်ကြိမ်ပဲ သုံးလို့ရတာပါပဲ။

ဒါပေမဲ့လည်း ဒါဟာ အလကားရခဲ့တဲ့ ဆုလာဒ်ပဲလေ။ ဒါကိုသုံးပြီး ရေကန်နက်ထဲက မသေမျိုး အခွင့်အလမ်း နဲ့ လဲလှယ်နိုင်မယ်ဆိုရင် တန်တာထက်တောင် ပိုပါသေးတယ်။

နောက်ထပ် နှစ်ရက်ဆိုရင်တော့ အပြောင်းအလဲကြီး စတင်တော့မယ်။

သူက ကျင့်ကြံဖို့ အနားယူနေတယ်ဆိုပေမဲ့ အချိန်အများစုကို ညဘက်မှာပဲ သုံးတာပါ။ နေ့ဘက်မှာတော့ ချန်ဆန်းရှီက ဇီဝေတောင်ပေါ်မှာ ကင်းလှည့်တာနဲ့ပဲ အချိန်ကုန်ဆုံးလေ့ရှိသည်။ အရုဏ်တက်ချိန်မှာ သူဟာ အိပ်မနေတော့ဘဲ လှံရှည်ကို ကိုင်ပြီး အပြင်ကို ထွက်လာခဲ့တယ်။

ဇီဝေတောင်ဟာ တင်းကြပ်စွာ စောင့်ကြပ်ခံထားရတယ်။

ခြေလှမ်းအနည်းငယ်တိုင်းမှာ ကင်းလှည့်နေတဲ့ လက်နက်ကိုင်စစ်သည်တွေကို တွေ့နိုင်တယ်။

အရင်က ပျောက်ကွယ်သွားတဲ့ လီဂုန်း ကိုတော့ ဘယ်နေရာမှာမှ ရှာမတွေ့တော့ဘူး။

အိမ်ရှေ့စံကတော့ အကျယ်ချုပ် ကျနေဆဲပဲ။

ချင်မင်းသားနဲ့ ချီမင်းသားတို့ကတော့ အိမ်ရှေ့စံကို အပြစ်ရှာတဲ့ အစီရင်ခံစာတွေ တဖွဲဖွဲ ပို့နေကြတုန်းပဲ။ မင်းသားခြောက်ရဲ့ ပုန်ကန်မှုဟာ အိမ်ရှေ့စံရဲ့ လုပ်ကြံဖန်တီးမှုသက်သက်သာဖြစ်ကြောင်းနဲ့ အိမ်ရှေ့စံကို ရာထူးကနေ ဖယ်ရှားသင့်ကြောင်းတွေပေါ့။

"ဗိုလ်ချုပ်ချန်..."

မိန်းမစိုးလေးတစ်ယောက်ဟာ အသံတိတ် ပေါ်လာပြီး "အရှင်မင်းမြတ်က ဗိုလ်ချုပ်ကို တွေ့ဖို့ ခေါ်ခိုင်းလိုက်ပါတယ်" လို့ ဆိုလာတယ်။

"ကျွန်တော့်ကိုလား"

ချန်ဆန်းရှီက ပြန်ပြောလိုက်တယ် "ကောင်းပါပြီ... လမ်းပြပေးပါဦး"

ရွှေရောင်နန်းဆောင်အတွင်းမှာ။

လုံချင်ဧကရာဇ်ဟာ ဖျာတစ်ချပ်ပေါ်မှာ တင်ပလ္လင်ခွေ ထိုင်နေတယ်။

"ကျွန်တော်မျိုး အရှင်မင်းမြတ်ကို ဂါရဝပြုပါတယ်"

"အခမ်းအနားတွေ ထားလိုက်ပါတော့"

လုံချင်ဧကရာဇ်က စကားဖြတ်ပြောလိုက်တယ် "ထိုင်စမ်းပါ"

"ကျေးဇူးတင်လှပါတယ် အရှင်မင်းမြတ်"

ချန်ဆန်းရှီက ဦးညွှတ်လိုက်တယ်။

"မင်း မကြောက်ဘူးလား"

လုံချင်ဧကရာဇ်က ထပ်မေးတယ် "အဲ့ဒီနေ့က ငါ့ကို လုပ်ကြံတဲ့သူတွေဟာ နက်နဲပုံရိပ်အဆင့် အထက်က ပညာရှင်တွေချည်းပဲ။ မင်းက သူတို့ရှေ့မှာ ပိတ်ရပ်ပြီး ကာကွယ်ခဲ့တာဆိုတော့ သေရမှာကို မကြောက်ဘူးလား"

"အမှန်အတိုင်း ပြောရရင်တော့..."

ချန်ဆန်းရှီက ဖြေတယ် "အခြေအနေက ရုတ်တရက်ကြီး ဖြစ်သွားတာဆိုတော့ သူတို့ရဲ့ အဆင့်တွေကို ကျွန်တော်မျိုး မသိခဲ့ပါဘူး။ ကျွန်တော်မျိုး သိတာကတော့ ဝေါယာဉ်တော်ကို ကာကွယ်ဖို့ဟာ စစ်ဘက်အရာရှိတစ်ယောက်ရဲ့ တာဝန်ပဲ ဆိုတာပါပဲ"

"ကောင်းတယ်"

လုံချင်ဧကရာဇ်က စိတ်လှုပ်ရှားစွာ မှတ်ချက်ပေးတယ် "မင်းဟာ သစ္စာရှိတဲ့ အမတ်တစ်ယောက်ပဲ။ ငယ်စဉ်တုန်းက ဆွန်ဒူရှန် နဲ့ အတော်လေး တူတာပဲ။ အဲ့ဒီနှစ်ကလည်း လုပ်ကြံသူတစ်ယောက်ကြောင့်ပဲ... ဆွန်ဒူရှန်သာ ငါ့ကိုယ်စား အတိုက်မခံပေးခဲ့ရင် ငါဟာ မြေကြီးအောက် ရောက်နေတာ ကြာလှပြီ"

"ကဲ... ဆွေးနွေးကြရအောင်။"

"ဒီလုပ်ကြံသူတွေကို ဘယ်သူ စေလွှတ်လိုက်တယ်လို့ မင်း ထင်သလဲ"

"အရှင်မင်းမြတ်..."

ချန်ဆန်းရှီက ရှောင်လွှဲပြီး ပြောလိုက်တယ် "ကျွန်တော်မျိုး တကယ်ပဲ မသိပါဘူး။ တကယ်လို့ ခန့်မှန်းရမယ်ဆိုရင်တော့ သံသယဖြစ်စရာ လူတွေက အများကြီးပါပဲ"

"လူ့နှလုံးသားဟာ တကယ့်ကို နက်နဲလွန်းပါတယ်"

လုံချင်ဧကရာဇ်က ထပ်ပြီး ဖိအားမပေးတော့ဘဲ နန်းတော်အပြင်ဘက်က တောင်တန်းအလှကို လှမ်းကြည့်လိုက်တယ် "ငါ့ဘဝမှာ လူပေါင်းများစွာကို တွေ့ခဲ့ဖူးတယ်၊ ကိစ္စပေါင်းများစွာကို ကိုင်တွယ်ခဲ့ဖူးတယ်။ ဒါပေမဲ့ လူတွေ ဘာလို့ ပြောင်းလဲသွားကြသလဲဆိုတာကိုတော့ ငါ အခုထိ နားမလည်နိုင်သေးဘူး။ ငါက ဘယ်သူ့အပေါ်မှာမှ မမှားခဲ့ပါဘူး၊ ဒါပေမဲ့ သူတို့က ဘယ်တော့မှ မရောင့်ရဲနိုင်ဘဲ ငါ့ကို အမြဲတမ်း ဆန့်ကျင်နေကြတယ်၊ ငါ့ကို အမြဲတမ်း ဖိအားပေးနေကြတယ်..."

"..."

ချန်ဆန်းရှီ ဘာပြန်ပြောရမှန်း မသိတော့ဘူး။

ဧကရာဇ်အိုကြီးက ဘာလို့ သူ့ကို ဒီလိုမျိုး စိတ်ကူးယဉ်ဆန်တဲ့ စကားတွေ ပြောနေရတာလဲဆိုတာ သူ စဉ်းစားမရဘူး။

"နှစ်ပေါင်း ခုနစ်ဆယ် ကြာသွားခဲ့ပြီ"

လုံချင်ဧကရာဇ်ရဲ့ အသံဟာ ရုတ်တရက် အိုမင်းသွားသလို ခံစားရတယ် "လွန်ခဲ့တဲ့ ခုနစ်ဆယ်က ငါ နန်းတက်စတုန်းက နန်းတွင်းထဲမှာ အာဏာမက်တဲ့ အမတ်တွေရှိသလို အပြင်မှာလည်း ကြောက်စရာကောင်းတဲ့ ရန်သူတွေ ရှိနေခဲ့တယ်။ ငါ့ဘေးမှာတော့ ဆွန်ဒူရှန်ရယ်၊ ငါ့ရဲ့ မင်းသားနန်းတော်ကနေ ပါလာတဲ့ ညီအစ်ကို တစ်လက်တစ်ဆုပ်စာရယ်ပဲ ရှိခဲ့တာ။ ဒါရှန် နိုင်ငံဟာ အချိန်မရွေး ပြိုလဲသွားနိုင်တဲ့ အခြေအနေမှာ ရှိနေခဲ့တယ်"

"ငါပဲ ပြုပြင်ပြောင်းလဲမှုတွေလုပ်ပြီး ဒီအပုပ်အစပ်တွေကို ဖယ်ရှားခဲ့တာ"

"ငါပဲ စစ်သည်တွေကို စုစည်းပြီး ဗိုလ်ချုပ်တွေကို ပျိုးထောင်ခဲ့တာ၊ အရပ်မျက်နှာအားလုံးကို ငြိမ်ဝပ်ပိပြားအောင် လုပ်ခဲ့တာ"

"ငါပဲ အခြေအနေတွေကို ပြောင်းလဲပစ်ခဲ့ပြီး လုံချင်ခေတ်ဦး ဆိုတဲ့ ရွှေခေတ်ကြီးကို ဖန်တီးခဲ့တာ"

"နှစ်ပေါင်း သုံးဆယ်တိုင်တိုင် ပင်ပင်ပန်းပန်း ကြိုးစားခဲ့လို့ တည်ငြိမ်တဲ့ တိုင်းပြည်ကြီးကို ရလာခဲ့တာ"

"ဒါကြောင့်လည်း ငါက ပြင်းထန်တဲ့ ရောဂါဝေဒနာကို ခံစားခဲ့ရတယ်။ နန်းတွင်းသမားတော်က ငါ့ရဲ့ သွေးခုန်နှုန်းကို စစ်ဆေးပြီးနောက် မိဖုရားခေါင်ကြီးကို တိတ်တဆိတ် ပြောခဲ့တယ်... ငါ့မှာ အသက်ရှင်ဖို့ နောက်ထပ် နှစ်နှစ်ပဲ ကျန်တော့တယ်တဲ့"

"အဲ့ဒီအချိန်ကျမှ ငါ သဘောပေါက်သွားတယ်"

"ငါ့ရဲ့ အသက်က တဖြည်းဖြည်း ကုန်ဆုံးနေပြီဆိုတာကိုပေါ့..."

"ငါကိုယ်တိုင် လက်နဲ့ ဖန်တီးခဲ့တဲ့ အေးချမ်းသာယာတဲ့ ခေတ်ကြီးကို ငါ သေသေချာချာတောင် မခံစားရသေးဘူး၊ သူ့ရဲ့ အလှအပတွေကိုလည်း အပြည့်အဝ မမြင်ရသေးဘူး။"

"ရောဂါကို ကုသဖို့အတွက် ငါကမသေမျိုးလမ်းစဉ်ကို ရှာဖွေဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိခဲ့ဘူး၊ ဒါကြောင့်လည်း ခဏခဏ အနားယူ ကျင့်ကြံနေရတာပေါ့"

"ငါက အသက်ရှင်ချင်ရုံတင်မကဘူး၊ ချောင်မိသားစု ရဲ့ တိုင်းပြည်ကို ဆက်ပြီး ကာကွယ်ချင်ခဲ့တာပါ။ ဒါဟာ တကယ်ပဲ မှားယွင်းနေလို့လား"

လွန်ခဲ့တဲ့ ခုနစ်ဆယ်က ဒါရှန် မင်းဆက်ဟာ အခုထက် ပိုပြီး ပရမ်းပတာ ဖြစ်နေခဲ့တာပါ။

တိုင်းပြည် ပျက်လုနီးပါး အခြေအနေကို ရောက်နေခဲ့တာ။

လုံချင်ဧကရာဇ် နန်းတက်ပြီးမှသာ ဆုတ်ယုတ်မှုတွေကို ပြောင်းလဲနိုင်ခဲ့ပြီး နှစ်ပေါင်းနှစ်ဆယ်လောက် ကြာတဲ့အထိ စည်ပင်ဝပြောတဲ့ ခေတ်ကို တည်ဆောက်နိုင်ခဲ့တာ ဖြစ်တယ်။

ဒါ့အပြင်။

ဒီသိုင်းပညာတွေ ကြီးစိုးတဲ့ ကမ္ဘာမှာ။

လုံချင်ဧကရာဇ်ဟာ စာပေပညာရှင်တစ်ယောက်သာ ဖြစ်တယ်၊ ဒါမှမဟုတ် သိုင်းပညာ အရည်အချင်း လုံးဝမရှိတဲ့သူလို့ ပြောလို့ရတယ်။ အဲ့ဒီတုန်းက နန်းတွင်းမှာ စစ်နတ်ဘုရား နှစ်ယောက်နဲ့ မျိုးဆက်သုံးဆက်တိုင်အောင် အမှုထမ်းခဲ့တဲ့ အမတ်ကြီးတွေ ရှိနေတာတောင် သူဟာ နှစ်အနည်းငယ်အတွင်းမှာပဲ နန်းတွင်းကို သန့်စင်နိုင်ခဲ့တာဟာ သူရဲ့ ထူးကဲလှတဲ့ နည်းဗျူဟာနဲ့ အရည်အချင်းကို ပြနေတာပဲ ဖြစ်တယ်။

ဒါပေမဲ့ သူ ကျင့်ကြံခြင်းနဲ့ မသေမျိုးလမ်းစဉ်ကို လိုက်စားပြီးတဲ့နောက်မှာတော့ အရာအားလုံးက ဆိုးရွားသွားခဲ့တယ်။

"အခုတော့ အရာအားလုံး တည်ငြိမ်သွားပါပြီ"

"ငါ နေ့ရောညပါ အနားယူ ကျင့်ကြံနေဖို့ မလိုတော့ဘူး။ ဒါပေမဲ့ အချိန်တွေက ပြောင်းလဲသွားသလို လူတွေကလည်း အများကြီး ပြောင်းလဲသွားကြပြီ"

"သူတို့တွေက ငါ့အတွက် သူစိမ်းတွေ ဖြစ်ကုန်ကြပြီ"

ဒီနေရာအရောက်မှာတော့။

လုံချင်ဧကရာဇ်ရဲ့ အိုမင်းမစွမ်းတဲ့ အရှိန်အဝါတွေဟာ ချက်ချင်း ပျောက်ကွယ်သွားပြီး ပြောမပြတတ်အောင် ခန့်ညားလှတဲ့ ဧကရာဇ်တစ်ပါးရဲ့ အရှိန်အဝါတွေ ပေါ်ထွက်လာခဲ့တယ်။

"ချန်ဆန်းရှီ... မင်းကော ပြောင်းလဲသွားမှာလား"

အသက်ရှူကျပ်လောက်တဲ့ မေးခွန်းထုတ်မှုအပြီးမှာတော့ သူရဲ့ အသံဟာ ပြန်ပြီး နူးညံ့သွားတယ် "တော်ပြီ... မင်း ပြန်ဖြေဖို့ မလိုပါဘူး၊ ငါ့ရဲ့ စိတ်ထဲမှာ အဖြေရှိပြီးသားပါ။ ကဲ... မင်းရဲ့ ဆုလာဘ်အကြောင်း ပြောကြရအောင်။"

"ဟုန်ကျဲ ကို လေးကြိမ်ဖြတ်ပြီး မင်ပြည်နယ်ကို ငြိမ်ဝပ်အောင် လုပ်ခဲ့တယ်၊ ဝတ်စုံဖြူဝတ် သူရဲကောင်းတစ်ယောက်တည်းနဲ့ လိုင်ပြည်နယ်ကို ကာကွယ်ဖို့ စစ်သည် ထောင်ပေါင်းများစွာကို ကျော်ဖြတ်ခဲ့တယ်၊ ဟူလောင်

တောင်ကြားမှာ စစ်သည် သုံးထောင်တည်းနဲ့ လူတစ်သိန်းကို ချိုးဖျက်ခဲ့တယ်။"

"ဒါတွေဟာ ကောင်းကင်ဘုံကတောင် အသိအမှတ်ပြုရမယ့် စစ်ရေးအောင်မြင်မှုတွေပဲ။"

"ပြောပါ... မင်း ဘာဆုလာဘ်ကို လိုချင်သလဲ"

All Chapters