← Chapters

အခန်း (၄၀၁)

Vol. 37 Ch. 401

အခန်း (၄၀၁)

Vol. 37 Ch. 401

📝အပိုင်း -၄၀၁

ဘာသာပြန် - Na Gar🐉

"မင်း ပါးစပ်ကသာဟလိုက် ငါ ဘာကိုမဆို သဘောတူပေးနိုင်တယ်"

"ကျွန်တော်မျိုး သေသေချာချာတော့ မစဉ်းစားရသေးပါဘူး"

ချန်ဆန်းရှီက ပြန်ဖြေလိုက်သည်။

အဖိုးတန်ဆေးဝါးတွေ၊ ရာထူးဂုဏ်ထူးတွေနဲ့ ရွှေငွေတွေကတော့ ဧကရာဇ်က သေချာပေါက် ချီးမြှင့်မှာပါ။ တကယ်လို့ သူ တခြားစိတ်ဝင်စားတာ ရှိတယ်ဆိုရင်တော့ ဧကရာဇ် ကျင့်ကြံနေတဲ့ မသေမျိုး အတတ်ပညာ ပဲ ဖြစ်လိမ့်မည်။

"ကောင်းပြီလေ၊ ဒါဆိုရင်တော့ ငါပဲ မင်းအတွက် ဆုံးဖြတ်ပေးရတော့မှာပေါ့"

လုံချင်ဧကရာဇ်က မျက်လုံးမှိတ်လိုက်ရင်း "ဒီနေ့က ဘုရင်နဲ့ အမတ်ကြားမှာ ရင်ဖွင့်တိုင်ပင်တဲ့နေ့လို့ပဲ သတ်မှတ်လိုက်ကြရအောင်။ မင်း လျန်ကျိုး ကို ပြန်ရောက်တဲ့အခါ မင်းရဲ့ဆရာနဲ့အတူ မြက်ခင်းပြင်က လူရိုင်းတွေကို အမြစ်ပြတ်အောင် တိုက်ထုတ်ဖို့ ကြိုးစားအားထုတ်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်" ဟု ဆိုသည်။

"အမိန့်တော်အတိုင်းပါ ခင်ဗျာ"

ချန်ဆန်းရှီက ဂါရဝပြုပြီး ထွက်ခွာလာခဲ့သည်။

သူ ရွှေရောင်နန်းဆောင်ကနေ ထွက်လာတဲ့အချိန်မှာ အပြင်မှာ တော်တော်လေး မှောင်နေပြီ ဖြစ်သည်။ ကင်းစောင့်တာဝန်တွေကို တခြားသူတွေနဲ့ လွှဲပြောင်းပြီးနောက် လှံရှည်ကို ကိုင်ကာ သူ့နေအိမ်ကို ပြန်လာခဲ့ရာ တံခါးဝတွင် စောင့်နေသော မိန်းမစိုးတစ်ယောက်ကို တွေ့လိုက်ရသည်။

"အို... ဗိုလ်ချုပ်ချန်"

ထိုမိန်းမစိုးက ဖော်ရွေသော အပြုံးဖြင့် "ပြီးခဲ့တဲ့အကြိမ် ယွမ်ရှို့ဆောင် မှာတုန်းက ခင်ဗျား ပေးဖို့ကျန်နေတဲ့ ငွေတွေ မပေးရသေးဘူးလေ" ဟု ဆိုလာသည်။

"ငွေ ဟုတ်လား"

ဒါဟာ မသေမျိုးရှာဖွေရေးမျှော်စင် က လူတွေ သူ့ကို တွေ့ချင်နေတာမှန်း ချန်ဆန်းရှီ ချက်ချင်း ရိပ်မိလိုက်သည်။

သူ အပေါ်ထပ်ကို ရောက်သွားတဲ့အခါမှာတော့။

လျောင်ရှီကျုံး သို့မဟုတ် မိန်းမစိုးအိုကြီးနဲ့ တွေ့ဆုံခဲ့သည်။

"ဗိုလ်ချုပ်ချန်"

မိန်းမစိုးအိုကြီးက ပြုံးရွှင်စွာ နှုတ်ဆက်သည် "ဒီနေ့တော့ ခင်ဗျားအတွက် သတင်းကောင်းတစ်ခု ယူလာပေးတာပါ"

"ဪ... ဘာများလဲ"

ချန်ဆန်းရှီက စပ်စုကြည့်လိုက်သည် "ဒါက..."

"ဟုတ်ပါတယ်"

မိန်းမစိုးအိုကြီးက အတည်ပြုပေးသည် "ငါတို့ ဘိုးဘေးကြီးရဲ့ ရတနာတွေအကြောင်း သဲလွန်စ ရထားပြီ။ နောက်ရက်အနည်းငယ်အတွင်းမှာ အဲ့ဒါတွေကို သွားယူဖို့ ပြင်ဆင်နေတာ။ ဗိုလ်ချုပ်ချန် စိတ်ဝင်စားတယ်ဆိုရင် ငါတို့နဲ့အတူ လိုက်ခဲ့လို့ ရပါတယ်"

"ဒီလောက် အလွယ်တကူ ရှာတွေ့သွားတာလား"

ချန်ဆန်းရှီက မေးလိုက်သည် "ကျွန်တော့်က ဘာလုပ်ပေးဖို့ လိုလို့လဲ"

"ဗိုလ်ချုပ်ချန်က ဝိုင်းကူပေးရုံပါပဲ"

မိန်းမစိုးအိုကြီးက ဆိုသည် "မသေမျိုး အခွင့်အလမ်းတွေကို ရရှိတဲ့အခါ မသေမျိုးရှာဖွေရေးမျှော်စင်က ခင်ဗျားကိုလည်း ခွဲဝေပေးဖို့ အသင့်ပါပဲ"

"ဒါဆိုရင်တော့ ကျေးဇူးတင်ပါတယ်ဗျာ"

ချန်ဆန်းရှီက ပါးစပ်ကသာ ပြောလိုက်သော်လည်း ရင်ထဲမှာတော့ စဉ်းစားနေမိသည်။

မသေမျိုးရှာဖွေရေးမျှော်စင်က ဒီလောက်အထိ ဖော်ရွေနေတာလား။

သူတို့က သဲလွန်စတွေကို အလကားပေးရုံတင်မကဘဲ ရတနာတွေကိုပါ အလကား ခွဲပေးမယ်ပေါ့။

လောကကြီးမှာ ဒီလောက်အထိ လွယ်ကူတဲ့ကိစ္စ ဘယ်ရှိမလဲ။

သူသည် နံရံပေါ်က ပန်းချီကားတစ်ချပ်ကို ခိုးကြည့်လိုက်ပြီးနောက် အခြေအနေကို ရိပ်မိသွားသည်။ အပေါ်ယံမှာတော့ သဘောတူဟန်ပြပြီးနောက် ထွက်ခွာလာခဲ့သည်။ ဘေးနားက အခန်းငယ်တစ်ခုနားက ဖြတ်သွားတဲ့အချိန်မှာတော့ သူ့ရဲ့ ယူဆချက်က မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

မမှားဘူး။

သူတို့ စကားပြောနေတဲ့ အခန်းရဲ့ ဘေးခန်းမှာ တစ်ယောက်ယောက်က ခိုးနားထောင်နေတာပဲ။

နံရံကို ဖြတ်ကျော်ပြီး ချန်ဆန်းရှီဟာ ရင်းနှီးနေတဲ့ အရှိန်အဝါနှစ်ခု ရောယှက်နေတာကို မြင်လိုက်ရသည်။

ဝိညာဉ်စွမ်းအင်နဲ့ သိုင်းပညာ ကျင့်ကြံမှုတွေဟာ အဲ့ဒီလူနဲ့ တစ်ထပ်တည်းကျနေတာပဲ။

မင်းသားဆယ့်နှစ် ချောင်ကျိီပင် ဖြစ်သည်။

"ကြည့်ရတာ သူက မသေမျိုးရှာဖွေရေးမျှော်စင်က လူပဲ"

"ဒါဆိုရင်တော့ အားလုံး ရှင်းသွားပြီ"

ဒါဆိုရင် ချောင်ကျိီဟာ ဘယ်လိုနည်းနဲ့ ကျင့်ကြံမှုတွေကို ရရှိခဲ့သလဲ၊ ပြီးတော့ လီဂုန်း ကို သူ့အမိန့်နာခံအောင် ဘယ်လို လုပ်ခဲ့သလဲဆိုတာ ရှင်းရှင်းလင်းလင်း သိနိုင်ပြီဖြစ်သည်။

အပေါ်ယံကြည့်လျှင်။

နန်းတွင်းမှာ ချောင်ကျိီရဲ့ အကြီးမားဆုံး အားကိုးရာက သူ့မိခင်ဘက်က မိသားစုနဲ့ စစ်နတ်ဘုရားဖြစ်တဲ့ ဦးလေး ကျန်းဆွန်းရွှီစိမ့် ပဲ ဖြစ်သည်။ ဒါပေမဲ့ အဲ့ဒီလောက်နဲ့တော့ အဲ့ဒီနေ့က လုပ်ကြံမှုကို စီစဉ်နိုင်မှာ မဟုတ်ပေ။

မုန်ချူကျီတို့လို လူတွေရဲ့ မျက်စိရှေ့ကနေ လီဂုန်း ကို ခေါ်ထုတ်သွားနိုင်ဖို့၊ လုပ်ကြံဖို့ ကြိုးစားဖို့နဲ့ စစ်နတ်ဘုရားတွေကြားထဲကနေ ကယ်ထုတ်နိုင်ဖို့ဆိုတာ မသေမျိုးရှာဖွေရေးမျှော်စင်ပဲ လုပ်နိုင်တာ ဖြစ်သည်။

ကြည့်ရတာ...

ဒီ ဇီဝေတောင် ဘိသိက်ခံပွဲမှာ။

အိမ်ရှေ့စံနဲ့ ချင်မင်းသားတို့က အသေအလဲ မတိုက်ချင်ကြရင်တောင် ဒီမင်းသားဆယ့်နှစ်ကတော့ အခြေအနေကို ပိုပြီး ကြီးထွားလာအောင် နောက်ကွယ်ကနေ မီးထိုးပေးဦးမှာ သေချာသည်။

ဒါပေမဲ့ ချောင်ကျိီနဲ့ မသေမျိုးရှာဖွေရေးမျှော်စင် ကြားမှာ ဘယ်လို ပတ်သက်မှုတွေ ရှိနေသလဲဆိုတာကတော့ မသိရသေးပေ။

မသေမျိုးရှာဖွေရေးမျှော်စင် ဆိုတာက...

မသေမျိုး သဲလွန်စတွေကိုပဲ ရှာဖွေပြီး လောကီရေးရာတွေမှာ မပါဝင်ဘူးဆိုတဲ့ စကားက ဘာဖြစ်သွားပြီလဲ။

ပြန်စဉ်းစားကြည့်ရင်တော့။

ဒီနေ့ခေတ်မှာ မသေမျိုး သဲလွန်စအားလုံးက ဧကရာဇ်ရဲ့ ဘေးနားမှာပဲ ပေါ်လာတာဆိုတော့ သူတို့လည်း မပါလို့ မရတော့တာ ဖြစ်နိုင်ပါသည်။

"ချောင်ကျိီက ငါ့ကို သွယ်ဝိုက်ပြီး ဆွဲသွင်းနေတာ၊ သူ ဘာလုပ်ဖို့ ကြံစည်နေတာလဲ"

"သူက တကယ်ပဲ ဒီ 'အစ်ကိုကြီး' ကို မသေမျိုး အခွင့်အလမ်းတွေ အလကား ပေးချင်နေတာလား"

ဒါဟာ ဖြစ်နိုင်သော်လည်း။

သေချာပေါက် ပေးဆပ်ရမယ့် တန်ဖိုးတော့ ရှိလိမ့်မည်။

ချန်ဆန်းရှီကတော့ ဒီထောင်ချောက်ထဲကို မဝင်ပေ။

ဒီလူတွေ ဘယ်လောက်ပဲ ကြံစည်ကြပါစေ၊ ပါဝင်ပတ်သက်နေတဲ့သူဟာ ကျန်းလိုင်ဇီပဲ ဖြစ်ရမည်၊ ချန်ဆန်းရှီ မဟုတ်ပေ။

...

"သခင်လေး"

မိန်းမစိုးအိုကြီးက ဘေးခန်းကို ရောက်လာပြီး "သခင်လေး မှာထားတဲ့အတိုင်း လုပ်ခဲ့ပြီးပါပြီ။ သူသာ လိုက်လာမယ်ဆိုရင်တော့ ကျွန်တော်တို့နဲ့ လှေတစ်စင်းတည်း စီးရမှာဖြစ်လို့ သခင်လေးနဲ့ မသေမျိုးရှာဖွေရေးမျှော်စင်ရဲ့ အမိန့်ကို မနာခံလို့ မရတော့ပါဘူး" ဟု လျှောက်တင်လိုက်သည်။

"ငါ့ရဲ့ 'အစ်ကိုကြီး' က အဲ့ဒီလောက်အထိ မအပါဘူး"

ချောင်ကျိီက စားလက်စ မုန့်တစ်ခုကို ကိုင်ထားရင်း "သူက အတော်လေးကို ပါးနပ်တဲ့သူဗျ" ဟု ဆိုသည်။

"ဪ..."

မိန်းမစိုးအိုကြီးက မေးသည် "သခင်လေး ဆိုလိုတာက သူ မလိုက်လာမှာကို စိုးရိမ်နေတာလား၊ ဒါဆိုရင် ဘာလုပ်ကြမလဲ"

"သူ လိုက်လာရင်တော့ ကောင်းတာပေါ့၊ မလိုက်လာရင်လည်း ထားလိုက်ပါ"

ချောင်ကျိီက မုန့်အကြွင်းအကျန်တွေကို ပါးစပ်ထဲ အကုန်ထည့်လိုက်ရင်း "ပြင်ဆင်ထားကြ။ တကယ်လို့ စတုထ္တအစ်ကိုတော်နဲ့ အဋ္ဌမအစ်ကိုတော်တို့က ဘာမှ မလှုပ်ရှားဘူးဆိုရင်လည်း သူတို့ကို နည်းနည်းလောက် မီးထိုးပေးလိုက်ကြ။ နှစ်တစ်ရာမှာ တစ်ကြိမ်ပဲရှိတဲ့ ဒီပွဲတော်ကြီးကတော့ သေချာပေါက် စည်ကားရမှာပေါ့" ဟု ဆိုသည်။

"သူတို့တွေ စပြီး တိုက်ခိုက်ကြတဲ့အချိန်ကျရင် ရေကန်နက်ထဲကို ချက်ချင်း ဆင်းပြီး လှုပ်ရှားကြမယ်"

"ဘိုးဘေးကြီးရဲ့ ရတနာတွေအတွက် အခွင့်အရေးက တစ်ကြိမ်ပဲ ရှိတာ၊ သေချာပေါက် အရယူရမယ်"

...

ချန်ဆန်းရှီသည် လက်တစ်ဖက်တွင် ဝိညဥ်ပုတီးစေ့ကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်ကတော့ လက်ကွက်တွေ ဖော်နေသည်။ သူ၏ ဝိညာဉ်အမြစ် ကို အသုံးပြုကာ ခရမ်းရောင်ချီတွေကို ခန္ဓာကိုယ်ထဲ သွင်းယူနေခြင်း ဖြစ်သည်။ သို့သော်လည်း ကျင့်စဉ်မရှိသေးသည့်အတွက် အဲ့ဒီစွမ်းအင်တွေကို ဒန်တျန် ထဲမှာ သိုလှောင်ထားလို့ မရပေ။ အဲ့ဒီအစား သူ့ရဲ့ သွေးကြောတွေထဲမှာ လည်ပတ်စေပြီးမှ လျို့ဝှက်အတတ်အဖြစ် ပြောင်းလဲလိုက်ရသည်။

"ဝှစ်—"

ခရမ်းရောင် ဓားငယ်လေးတစ်စင်းဟာ ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေသည်။

တစ်ကြိမ် ပြန်လည် ဖြစ်ပေါ်လာတိုင်းမှာ ထိုဓားငယ်ဟာ မျက်မြင်ကိုယ်တွေ့ ပိုမို ရှည်လျားပြီး သန်မာလာသည်။ အကြိမ်ပေါင်း ထောင်ချီမက ကြိုးစားပြီးနောက်၊ ပုတီးစေ့ထဲက ခရမ်းရောင်ချီတွေ အကုန်နီးပါး သုံးလိုက်ပြီးတဲ့နောက်မှာတော့။

နောက်ဆုံးမှာ သူ့ရှေ့က စာသားတွေ ပြောင်းလဲသွားခဲ့သည်။

[မန္တန် - ဓားချီမန္တန်(ကျွမ်းကျင်မှု့အဆင့်-ကန့်သတ်ချက်ကို ကျော်လွှားနိုင်သည်)]

[တိုးတက်မှု့ - ၀/၀]

[စွမ်းဆောင်ရည် - ကောင်းကင်မှ ဓားသွားများ]

[ကောင်းကင်မှ ဓားသွားများ - ဓားတွေကို ခန္ဓာကိုယ်ထဲမှာ သိုလှောင်ထားနိုင်ပြီး ထုတ်လွှတ်တိုက်ခိုက်နိုင်ခြင်း။]

ကောင်းကင်မှ ဓားသွားများ။

အခုအချိန်အထိ ဓားချီမန္တန်ရဲ့ အားနည်းချက်က တစ်ကြိမ်မှာ တစ်စင်းပဲ ပစ်ထုတ်နိုင်တာ ဖြစ်သည်။ ရန်သူအများအပြားကို ရင်ဆိုင်တဲ့အခါမှာတော့ အဆင်မပြေလှပေ။ ဒါပေမဲ့ ဒီ [ကောင်းကင်မှ ဓားသွားများ] ဆိုတဲ့ စွမ်းရည်နဲ့ဆိုရင်တော့ အဲ့ဒီအားနည်းချက်ကို ဖြည့်ဆည်းပေးနိုင်တော့မှာ ဖြစ်သည်။

All Chapters