← Chapters

အခန်း (၄၀၇)

Vol. 37 Ch. 407

အခန်း (၄၀၇)

Vol. 37 Ch. 407

📝အပိုင်း - ၄၀၇

ဘာသာပြန် - Na Gar🐉

"ဖျတ်.."

ချန်ဆန်းရှီသည် သေတ္တာကို ပိတ်လိုက်ပြီး "ဒီလိုဆိုမှတော့ အရင်ဆုံး ဒီနေရာကနေ ထွက်ကြစို့၊ ပြီးမှ အေးအေးဆေးဆေး ဆွေးနွေးကြတာပေါ့" ဟု ပြတ်သားစွာ ဆိုလိုက်သည်။

"ဒီဓားက..."

ချောင်ဖန်၏ မျက်လုံးများထဲတွင် တောင့်တမှုများ ပြည့်နှက်နေသည်။ "ကျွန်တော် ဒါကို ဆွဲထုတ်ကြည့်လို့ ရမလား"

"ဝှစ်.."

သူတို့ ဆွေးနွေးနေစဉ်မှာပင်။

နဂါးချောက်နက်ဓား၏ တုန်ခါမှုမှာ ရပ်တန့်မသွားသည့်အပြင် ပိုမိုပြင်းထန်လာခဲ့သည်။ ရုပ်ဝတ္ထုတစ်ခုထက် အသက်ရှိနေသည့် သတ္တဝါတစ်ကောင်အလား ခံစားလာရသည်။

ချန်ဆန်းရှီ၏ ရင်ဘတ်ထဲရှိ ဝိညာဉ်ပုတီးစေ့ကလည်း တုံ့ပြန်လာခဲ့သည်။

သို့သော် အရင်အတိုင်းပင်။

ချန်ဆန်းရှီသည် ထိုဓားကို ထိန်းချုပ်ရန် ကြိုးစားတိုင်း ဤဓားသည် အခြားလူတစ်ဦးနှင့် ဆက်နွှယ်နေကြောင်း သူ ခံစားနေရသည်။

အဲ့ဒီလူက ချောင်ဖန် မဟုတ်ဘူး။

ချန်ဆန်းရှီသာ အရှိန်အဝါကြည့်ရှု့ခြင်းမရှိခဲ့လျှင် ချောင်မိသားစုဝင်တစ်ဦးကို ဤဓားကို ထိခိုက်ခွင့် ပေးခဲ့မည် မဟုတ်ပေ။ အန္တရာယ်က ကြီးလွန်းလှသည် မဟုတ်ပါလား။ ဤဓားသာ အိမ်ထဲမှ ထွက်လာပါက မည်မျှ အစွမ်းထက်မည်ကို မည်သူမှ မသိနိုင်ပေ။

သို့သော် ယခုမူ သူ သေချာသွားပြီ ဖြစ်သည်။

နဂါးချောက်နက်ဓား နှင့် ဆက်နွှယ်နေသူမှာ သေချာပေါက် ချောင်ဖန် မဟုတ်ပေ။

"မင်း စမ်းကြည့်လိုက်လေ"

မိန်းမစိုးအိုကြီးက ထိုသို့ပြောလိုက်သော်လည်း သူ၏ ဝိညာဉ်စွမ်းအင်များကို တိတ်တဆိတ် လှည့်ပတ်လိုက်ပြီး ရှေ့ကလူကို အချိန်မရွေး တိုက်ခိုက်ရန် ပြင်ဆင်ထားလိုက်သည်။

ခွင့်ပြုချက် ရရှိပြီးနောက် ချောင်ဖန်သည် ကျောက်စင်မြင့်ပေါ်သို့ ခုန်တက်လိုက်သည်။ အသက်ကို ပြင်းပြင်းရှူကာ လက်နှစ်ဖက်ဖြင့် ဓားရိုးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီး သူ၏ သွေးချီအားလုံးကို အသုံးပြုလိုက်သည်။ သူ၏ သွေးကြောများမှာ ဖောင်းတက်လာသော်လည်း နဂါးချောက်နက်ဓား ကို ဆံချည်မျှင်တစ်မျှပင် လှုပ်အောင် မလုပ်နိုင်ခဲ့ပေ။ ထူးဆန်းသော တွန်းကန်အားတစ်ခုကြောင့် သူသည် နောက်သို့ လွင့်ထွက်သွားခဲ့ရသည်။

သူသည် အခက်အခဲနှင့် ပြန်ထလာရင်း "လူကြီးမင်းတို့... မရဘူးဗျာ၊ ကျွန်တော် ဒီဓားကို ဆွဲမထုတ်နိုင်ဘူး" ဟု ဆိုသည်။

"ငါ စမ်းကြည့်မယ်"

မိန်းမစိုးအိုကြီးသည် မိမိ၏ ကျောပြင်ကို သူတစ်ပါးအား ပြထားရသဖြင့် အနည်းငယ် စိုးရိမ်နေသော်လည်း ကြီးမားသော လောဘဇောကြောင့် ရှေ့သို့ တက်လှမ်းလာခဲ့သည်။

ဘယ်သူမဆို မြင်နိုင်ပါသည်။

နဂါးချောက်နက်ဓား ၏ တန်ဖိုးမှာ သေတ္တာထဲက ပစ္စည်းများထက် မနည်းနိုင်ပေ။

ဝိညာဉ်စွမ်းအင်များ တိုးဝှေ့လာခဲ့သည်။

ချန်ဆန်းရှီသည် တစ်ဖက်လူ မည်သည့်လျှို့ဝှက်ပညာကို သုံးလိုက်သည်ကို မမြင်ရပေ။

မည်သို့ပင်ဆိုစေ။

အပြင်းအထန် ကြိုးစားပြီးနောက် မိန်းမစိုးအိုကြီးမှာ ဒဏ်ရာရလုနီးပါး ဖြစ်သွားခဲ့ရသည်။

သူ နောက်ဆုတ်လိုက်ရသည်။

"မိတ်ဆွေရော"

မိန်းမစိုးအိုကြီးက စုံစမ်းလိုက်သည် "စမ်းကြည့်ချင်သေးလား"

"မစမ်းတော့ဘူး"

သူ့ရဲ့ အရှိန်အဝါကြည့်ရှု့ခြင်းအရဆိုရင် သူလည်း မထိန်းချုပ်နိုင်မှန်း ချန်ဆန်းရှီ သိနေသည်။

သေတ္တာထဲက ပစ္စည်းတွေကို ရလိုက်တာကတင် အလုပ်တစ်ခု အောင်မြင်သွားသလိုပါပဲ။

ဒါပေမဲ့ ဒီဓားကတော့...

ရုတ်တရက်။

သူ တစ်ခုခုကို တွေးမိသွားသည်။ လတ်တလော ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို ဆက်စပ်ကြည့်လိုက်ပြီး ပိုမို လှုပ်ခတ်လာသော နဂါးချောက်နက်ဓား ကို ကြည့်ရင်း သူ အားလုံးကို နားလည်သွားခဲ့သည်။

"မကောင်းတော့ဘူး"

"ပြေးကြ"

ချန်ဆန်းရှီက အကျယ်ကြီး အော်ဟစ်လိုက်သည်။

"မိတ်ဆွေ... ဒီပစ္စည်းကို ဘယ်သူ သိမ်းထားမှာလဲ"

မိန်းမစိုးအိုကြီးက မျက်လုံးကို မှေးကြည့်လိုက်သည်။

"သူရဲကောင်းကျန်း ပဲ သိမ်းထားလိုက်ပါ"

ချောင်ဖန်က အကြံပြုလိုက်သည်။

"သူက သိမ်းထားဖို့ အသင့်တော်ဆုံးပဲ"

သူတို့အတွက်တော့။

ကျန်းလိုင်ဇီ က ကြားလူတစ်ယောက်ဖြစ်သလို နောက်ကွယ်မှာလည်း ဘာအင်အားမှ မရှိတဲ့သူလေ။

"ကောင်းပြီလေ"

မိန်းမစိုးအိုကြီးက မငြင်းတော့ပေ။

"မိတ်ဆွေ... ယူလိုက်ပါ"

ချန်ဆန်းရှီသည် သေတ္တာကို ကောက်ယူလိုက်သည်။

သူတို့ သုံးဦးသည် အမြန်ဆုံး အရှိန်ဖြင့် ဂူထဲမှ ထွက်ခွာလာပြီး ရေပေါ်သို့ ပြန်တက်လာခဲ့ကြသည်။

ကမ်းစပ်တွင်။

စိုးရိမ်တကြီး စောင့်ဆိုင်းနေသော အဖွဲ့နှစ်ဖွဲ့မှာ သူတို့ ပြန်လာသည်ကို တွေ့လိုက်ရတော့သည်။

"ဘယ်လိုလဲ"

ဆွေချုံယီ က မေးလိုက်သည် "ဘိုးဘေးကြီးရဲ့ ရတနာကို ရခဲ့ပြီလား"

"အင်း"

ချောင်ဖန်က ခေါင်းငြိမ့်ပြလိုက်သည်။

"မိတ်ဆွေကျန်း"

မိန်းမစိုးလျောင်က ခေါ်လိုက်သည် "အခု ပစ္စည်းလည်း ရပြီဆိုတော့ ကတိအတိုင်း ဒီနေရာမှာတင် ခွဲကြတာပေါ့"

ချန်ဆန်းရှီက ခေါင်းငြိမ့်လိုက်သည်။

သို့သော် တစ်ချိန်တည်းမှာပင်။

မသေမျိုးရှာဖွေရေးမျှော်စင် က လူတွေ တစ်ယောက်နဲ့တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြတာကို သူ သတိထားမိလိုက်သည်။ ထို့နောက် တစ်စုံတစ်ယောက်၏ ခန္ဓာကိုယ်ထဲတွင် ဝိညာဉ်စွမ်းအင်များ စတင် လည်ပတ်လာခဲ့သည်။

ချက်ချင်းပင်။

ချန်ဆန်းရှီ၏ ရင်ထဲတွင် အေးစက်သွားခဲ့ပြီးနောက် ပြောမပြတတ်သော ဒေါသများက ခန္ဓာကိုယ်ထဲမှာ လောင်မြိုက်လာသည်။

သူကတော့ တကယ် ခွဲဝေပေးဖို့ ရည်ရွယ်ခဲ့တာပါ။

ဒါပေမဲ့ ဒီလူတွေကတော့ သေချာပေါက် အဲ့ဒီလို ရည်ရွယ်ချက် မရှိကြဘူး။

"ဗုန်း—"

ဓားချီမန္တန်ပေါက်ကွဲထွက်သွားသည်။

မသေမျိုးရှာဖွေရေးမျှော်စင် က လူတွေ လက်ဦးမှုမယူနိုင်ခင်မှာတင် သူတို့ကို တိုက်ခိုက်ဖို့ ပြင်နေတဲ့လူကို နေရာတင် သတ်ပစ်လိုက်သည်။

"မိတ်ဆွေ.. ဒါ ဘာအဓိပ္ပာယ်လဲ"

မိန်းမစိုးလျောင်က ပြန် စွပ်စွဲလိုက်သည်။

"မင်းက တကယ်ပဲ လူသတ်ပြီး ပစ္စည်းလုချင်နေတာပေါ့လေ"

စကားပြောနေစဉ်မှာပင် သူ၏လက်များက လက်ကွက်ဖော်ရန် မနားခဲ့ပေ။ ချက်ချင်းပင် ရေခဲဓားသွားလှိုင်းတစ်ခုက ဖြတ်တောက်ဝင်ရောက်လာသည်။

နောက်ထပ် ဓားချီမန္တန် တစ်ခုက ထိုတိုက်ကွက်နှင့် ထိပ်တိုက်တွေ့သွားပြီး တစ်ခုနှင့်တစ်ခု ပျယ်ပြယ်သွားသဖြင့် ဘယ်သူမှ ဒဏ်ရာမရခဲ့ပေ။

"ငါတို့က မင်းကို တကယ့် ပညာရှင်ကြီး ထင်နေတာ"

အသည်းအသန် ဖြစ်နေသည့် အချိန်တွင် မိန်းမစိုးလျောင်သည် မိန်းမစိုးလေသံကိုပင် မထိန်းနိုင်တော့ပေ။

"တကယ်တော့ ဘာမှ မဟုတ်ပါလား။ မြန်မြန်လုပ်ကြစမ်း၊ ချောင်ဖန်တို့အဖွဲ့နဲ့အတူ သူ့ကိုပါ အပြတ်ရှင်းလိုက်ကြ"

"မင်းတို့ မကောင်းတဲ့ အကြံတွေ ရှိနေမှန်း ငါ သိတာ ကြာလှပြီ"

ယွမ်ရှောင်ကျိ တို့အဖွဲ့၏ ခန္ဓာကိုယ်ပေါ်တွင် ခရမ်းရောင် ချပ်ဝတ်တန်ဆာများ ပေါ်ထွက်လာပြီး အားလုံး ရှေ့သို့ တိုးကာ တိုက်ခိုက်ကြတော့သည်။

"..."

ချောင်ဖန် ထိတ်လန့်သွားသည်။ သူသည် မဟာသွေးကြောအဆင့် သို့ပင် မရောက်သေးသဖြင့် ယခုကဲ့သို့ အခြေအနေမျိုးတွင် ဝင်ရောက် စွက်ဖက်နိုင်စွမ်း မရှိပေ။

"ဒုန်း..."

ချန်ဆန်းရှီသည် မြေကြီးကို ဆောင့်နင်းလိုက်ပြီး အနီးနားက ရုန်းရင်းဆန်ခတ် ဖြစ်နေသည့်ကြားထဲသို့ ဆုတ်ခွာရန် ပြင်လိုက်သည်။

ဒါကို မြင်တော့။

မိန်းမစိုးလျောင်သည် မသေမျိုးရှာဖွေရေးမျှော်စင် က လူလေးယောက်ကို ခေါ်ပြီး သူ့နောက်ကို လိုက်လံ တိုက်ခိုက်တော့သည်။

"ချွတ်—"

ဟဲမြောင်ဓား၏ အလင်းတန်း တစ်ချက် ဖြတ်သန်းသွားသည်။

မသေမျိုးရှာဖွေရေးမျှော်စင် က တပည့်တစ်ယောက်ကို အောင်အောင်မြင်မြင် သတ်ဖြတ်နိုင်ခဲ့သည်။

ဝိညာဉ်စွမ်းအင်ဆိုတာ တန်ဖိုးရှိလှသည်။

သေချာတာပေါ့၊ လူတိုင်းက မသေမျိုး အတတ်ပညာ ကို မကျင့်ကြံနိုင်ကြပေ။

သူ့နောက်ကို လိုက်နေတဲ့ လူငါးယောက်ထဲမှာ နှစ်ယောက်တည်းပဲ ဝိညာဉ်စွမ်းအင်တွေ ကြွယ်ဝနေတာ ဖြစ်သည်။ ကြည့်ရတာ သူတို့ဟာ မသေမျိုးရှာဖွေရေးမျှော်စင် ရဲ့ အထက်တန်းလွှာတွေ ဖြစ်ပုံရသည်။

"မကြောက်နဲ့"

မိန်းမစိုးလျောင်က သူ့အဖော်ကို ပြောလိုက်သည်။ "ဒီကောင်က ငါ့ရှေ့မှာ တိုက်ခိုက်တဲ့ လျှို့ဝှက်ပညာတစ်ခုတည်းကိုပဲ နှစ်ခါ သုံးပြခဲ့တာ။ သူ့မှာ တခြား အရည်အချင်း မရှိတော့ဘူး။ ငါတို့ နှစ်ယောက် ပေါင်းရင် သူ့ကို သေချာပေါက် သတ်နိုင်တယ်"

သူတို့နှစ်ဦးသည် လျှို့ဝှက်ပညာများကို တစ်ပြိုင်နက် ထုတ်ဖော်လိုက်ကြသည်။ တစ်ယောက်က ရေခဲဓားသွားများကို သုံးပြီး၊ နောက်တစ်ယောက်ကတော့ လက်ကွက်ဖော်ကာ သူ၏ လက်များမှ သံကြိုးနှစ်ချောင်းကို ထွက်ပေါ်လာစေသည်။ ခြေလှမ်း ဒါဇင်ပေါင်းများစွာ ဝေးကွာနေသော ချန်ဆန်းရှီဆီသို့ ဦးတည်လိုက်သဖြင့် သူ လွတ်မြောက်ရန် လမ်းမရှိတော့ပေ။

အရင်တုန်းက ချန်ဆန်းရှီ ကူညီပေးခဲ့တုန်းက မိန်းမစိုးရဲ့ အသက်ကိုတောင် ကယ်ခဲ့ဖူးသည်။ ဒါပေမဲ့ တစ်ဖက်လူကတော့ အဲ့ဒါကို သူ့ရဲ့ စွမ်းအားကို စမ်းသပ်မှုအဖြစ်ပဲ မှတ်ယူခဲ့တာ ဖြစ်သည်။

"ထားလိုက်တော့"

"မင်းတို့ကို နည်းနည်းလေး ယုံကြည်ခဲ့မိတာ ငါ့အမှားပဲ"

ရန်သူတွေ အနားမရောက်ခင်မှာပင်။

သူ့ရှေ့တွင် ကျောက်စိမ်းဆွဲပြား တစ်ခု ပေါ်ထွက်လာပြီး ပြင်းထန်သော အနီရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။ ညအမှောင်ထဲတွင် အရည်ပျော်နေသော သံရည်ခဲတစ်ခုအလား ဖြစ်နေပြီးနောက် နဂါးခေါင်းပုံသဏ္ဌာန် ကြက်သွေးရောင် မီးတောက်များအဖြစ် ပေါက်ကွဲထွက်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် မီးလုံးများစွာကို မှုတ်ထုတ်လိုက်တော့သည်။

"ဘာ"

မိန်းမစိုးလျောင်သည် အကြီးအကျယ် ထိတ်လန့်တုန်လှုပ်သွားသည်။

သူတို့၏ လျှို့ဝှက်ပညာများမှာ ထိုမီးလုံးများနှင့် ထိတွေ့လိုက်ရုံဖြင့် ပြာအဖြစ် ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်။

ထို့နောက် ထိုမီးလုံးများသည် တားဆီး၍မရသော အရှိန်အဟုန်၊ မျက်စိဖြင့်ပင် မလိုက်နိုင်သော မြန်နှုန်းတို့ဖြင့် သူတို့ရှေ့သို့ ရောက်ရှိလာခဲ့သည်။

"ဗုန်း... ဗုန်း... ဗုန်း—"

မသေမျိုးရှာဖွေရေးမျှော်စင် မှ အထက်တန်းလွှာနှစ်ဦးမှာ ထို ဆန်းကြယ်မီးတောက်နှင့် ထိတွေ့လိုက်ရသည်နှင့် တစ်ပြိုင်နက် လောင်စာခြောက်များအလား လောင်ကျွမ်းသွားတော့သည်။ အသက်ရှူရုံမျှ အချိန်အတွင်းမှာပင် ပြာအဖြစ် ပြောင်းလဲသွားပြီးနောက် ညလေပြည်နှင့်အတူ မြေကြီးနှင့် သစ်ပင်များကြားထဲသို့ လွင့်ပါး ပျောက်ကွယ်သွားကြတော့သည်။

All Chapters