ရှုပ်ထွေးသွားသော ယဇ်ပူဇော်ပွဲ
Vol. 24 Ch. 236
“ဒီကလေးမကတော့ လျှောက်ပြောနေပြန်ပြီ”
ချူဖုန်း လက်တစ်ဖက်ကို အားလပ်အောင်လုပ်ပြီး ချန်ကျင်းကျင်း၏ ကျစ်ဆံမြီးလေးကို ခပ်ဖွဖွလေး ဆွဲလိုက်သည်။ သူ့လေသံတွင် အကူအညီမဲ့မှုများ ရောပါနေ၏။
ထိုစကားကို ကြားလိုက်ရသောအခါ ပင်းယန်၏ မျက်နှာအမူအရာမှာ ဘာမှမဖြစ်သည့်အလား ထုံးစံအတိုင်း အေးစက်ခက်ထန်သော ပုံစံသို့ ပြန်လည်ပြောင်းလဲသွားသည်။
ချန်ကျင်းကျင်းက သူမ ဘာမှားပြောမိမှန်း နားမလည်နိုင်ဘဲ ချူဖုန်းကို သနားစဖွယ် မျက်နှာလေးဖြင့် ကြည့်နေ၏။
သို့သော် ကလေးသဘာဝ ဝမ်းနည်းမှုဆိုသည်မှာ ခဏတာမျှသာ။ ချူဖုန်းက တန်ဟူလူတစ်ချောင်းဖြင့် ချော့လိုက်ရုံနှင့် သူမမှာ ချက်ချင်း ပြန်လည်ရွှင်လန်းသွားတော့သည်။
နာရီဝက်ခန့် ကြာပြီးနောက်၊
သူတို့ သုံးဦးသား လင်းကျန်းမြို့ပြင်ရှိ နဂါးမင်းကျောင်းတော်သို့ ရောက်ရှိလာကြသည်။
ထိုနေရာတွင် လူအုပ်ကြီးမှာ ပြည့်နှက်နေပြီး အလွန်ပင် စည်ကားသိုက်မြိုက်လှ၏။
လင်းကျန်းမြို့မှ မြို့သူမြို့သားများနှင့် ကျင့်ကြံသူ အများစုမှာ ဤနေရာတွင် စုဝေးနေကြသည်။
“ဆရာ၊ သမီး ဘာမှမမြင်ရဘူး”
ချန်ကျင်းကျင်းသည် အဝေးကို လှမ်းမြင်ရရန် ခြေဖျားထောက်၍ ကြိုးစားနေသည်။
ချူဖုန်းက သူမကို အသာအယာ ချီမလိုက်ပြီး ပြုံးလျက် မေးလိုက်သည်။ “အခု မြင်ရပြီလား”
“မြင်ရပြီ”
ချန်ကျင်းကျင်းက ခေါင်းညိတ်ရင်း သူမ၏ လက်ကလေးနှစ်ဖက်ဖြင့် ဆရာသခင်၏ လည်ပင်းကို ဖက်ထားလိုက်သည်။
သူတို့နှစ်ဦး၏ ရင်းနှီးမှုမှာ သားအဖအရင်းအချာကဲ့သို့ပင်။
လင်းကျန်းမြို့စားမင်း ရောက်ရှိလာသည်နှင့် နဂါးမင်းပွဲတော်ကို တရားဝင် စတင်လိုက်သည်။ ခမ်းနားထည်ဝါသော အခမ်းအနားများစွာ ပြီးဆုံးသွားပြီးနောက် နောက်ဆုံးတွင် တိရစ္ဆာန်များဖြင့် ယဇ်ပူဇော်ရန် အချိန်ရောက်လာတော့၏။
သန်မာသော အမျိုးသားများစွား သည် သတ်ဖြတ်ပြီးသား နွား၊ သိုးနှင့် ဝက် ဟူသော သားကောင်သုံးမျိုး ကို ထမ်းလာကြပြီး လင်းမြစ်ထဲသို့ ပစ်ချလိုက်ကြသည်။
ဗွမ်း
သားကောင်များ ရေထဲသို့ ကျသွားသည်နှင့် ရေလှိုင်းများ အထက်သို့ လွင့်စင်သွားသည်။
ဤသည်ကို မြင်လိုက်ရသောအခါ လင်းကျန်းမြို့စားမင်းသည် ကောင်းမွန်သော အရက်များကို မြစ်ထဲသို့ လောင်းချလိုက်ရင်း ကြေညာလိုက်၏။
“ယဇ်ပူဇော်ခြင်း အခမ်းအနား ပြီးမြောက်ပါပြီ။ တူရိယာတွေ တီးခတ်ပြီး ကခုန်ကြတော့”
သူ့စကားဆုံးသည်နှင့် ပျော်ရွှင်ဖွယ် တေးဂီတသံများ ထွက်ပေါ်လာ၏။ ကချေသည် အဖွဲ့ကြီးတစ်ခုသည် ကျောင်းတော်ရှေ့ရှိ ရင်ပြင်ထဲသို့ ဝင်ရောက်လာပြီး ကပြဖျော်ဖြေကြတော့သည်။
လူအုပ်ကြီးထံမှ လက်ခုပ်သံများနှင့် အားပေးသံများ ဟိန်းထွက်လာ၏။ ချန်ကျင်းကျင်းမှာ ဤကဲ့သို့ စည်ကားသော မြင်ကွင်းမျိုး တစ်ခါမျှ မမြင်ဖူးသဖြင့် စိတ်လှုပ်ရှားလွန်း၍ ခုန်ပေါက်နေတော့သည်။
နဂါးမင်းကျောင်းတော်တစ်ခုလုံး ပျော်ပွဲရွှင်ပွဲ ရေပြင်ကြီးအလား ဖြစ်နေစဉ် အေးဆေးငြိမ်သက်နေသော လင်းမြစ်သည် ရုတ်တရက် ဆူပွက်လာ၏။
ဗွမ်း
အသံကျယ်ကြီးနှင့်အတူ အမြင့် ပေတစ်ရာကျော် ရှိသော ဧရာမ ရေလှိုင်းကြီးတစ်ခုသည် မြစ်ထဲမှ ထိုးတက်လာပြီး နဂါးမင်းကျောင်းတော်ဆီသို့ ဦးတည်ဝင်ရောက်လာသည်။
ထိုရုတ်တရက်ဆန်သည့် အခြေအနေကြောင့် လူအားလုံး ထိတ်လန့်သွားကြ၏။
လင်းကျန်းမြို့စားမင်းသည် သူ့ ခါးမှ ဓားရှည်ကို ချက်ချင်း ဆွဲထုတ်လိုက်ပြီး ထိုရေလှိုင်းကြီးဆီသို့ ခုတ်ပိုင်းလိုက်သည်။
ချွင်
ပေပေါင်းများစွာ ရှည်လျားသော ဓားအရှိန်အဝါ တစ်ခုသည် ရေလှိုင်းကြီးဆီသို့ ပျံသန်းသွား၏။
သို့သော် ထိုဓားအရှိန်အဝါသည် ရေပြင်နှင့် မထိတွေ့မီ မြစ်အတွင်းမှ အေးစက်သော နှာခေါင်းရှုံ့သံတစ်ချက် ထွက်ပေါ်လာသည်။
“ဟမ့်”
ထိုရိုးရှင်းလှသော နှာခေါင်းရှုံ့သံတစ်ချက်ကပင် ဓားအရှိန်အဝါကို တစစီ ပျက်စီးသွားစေသည်။
မြင့်မားလှသော ရေလှိုင်းကြီး အရှိန်အဟုန်ဖြင့် ကျဆင်းလာသည်ကို အားလုံးက အားကိုးရာမဲ့စွာ ကြည့်နေကြရသည်။
ထိုအရေးကြီးသော အချိန်တွင် ချူဖုန်းဘေး၌ ရပ်နေသော ပင်းယန်က လက်ညှိုးဖြင့် ခပ်သာသာလေး ညွှန်ပြလိုက်ရာ ထိုရေလှိုင်းကြီးမှာ ချက်ချင်းပင် ဧရာမ ရေခဲပန်းပုကြီးတစ်ခုအဖြစ် အေးခဲသွားပြီး နဂါးမင်းကျောင်းတော်၏ အထက် ကောင်းကင်ယံတွင် တွဲလောင်းကြီး ဖြစ်နေတော့၏။
ဟူးးး...
ထိုမြင်ကွင်းကို မြင်လိုက်ရမှ လူအုပ်ကြီးမှာ အသက်ဝဝ ရှူနိုင်ကြတော့သည်။
လင်းကျန်းမြို့စားမင်းသည် အမြန်ရှေ့သို့ တက်လိုက်ပြီး မြစ်ရှိရာသို့ ဦးညွှတ်လိုက်၏။
“လေးစားအပ်ပါသော နဂါးမင်းကြီး၊ ယခုနှစ် ယဇ်ပူဇော်ပွဲမှာ ကျွန်တော်မျိုးတို့ ဘာများ အမှားအယွင်း လုပ်မိလို့ အမျက်ထွက်ရတာပါလဲ ကျွန်တော်မျိုးတို့ ပြင်ဆင်နိုင်အောင် ကျေးဇူးပြု၍ မိန့်ကြားတော်မူပါ”
“ဟမ့်”
မြစ်ထဲမှ အေးစက်သော နှာခေါင်းရှုံ့သံ ထပ်မံထွက်ပေါ်လာပြန်သည်။
“မင်းက ငါ့ကို မေးဝံ့သေးတယ်ပေါ့။ မင်းတို့ ငါ့ကို ပူဇော်တဲ့ အရာတွေက အင်မတန်မှ အောက်တန်းကျလွန်းတယ်။ မင်းတို့က ငါ့ကို ဟာသလုပ်နေတာလား”
ထိုစကားကို ကြားလိုက်ရသောအခါ ရှိသမျှ ကျင့်ကြံသူအားလုံးမှာ ဆွံ့အကုန်ကြသည်။
ယခုနှစ် ယဇ်ပူဇော်ပွဲတွင် ဘာများ မှားသွားသလဲဆိုသည်ကို အချင်းချင်း တီးတိုး မေးမြန်းနေကြတော့၏။
လင်းကျန်းမြို့စားမင်းသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ ယနေ့ နဂါးမင်း၏ အသံမှာ တစ်မျိုးကြီး ဖြစ်နေသည်ဟု သူ ခံစားနေရသည်။ သို့သော် အခြေအနေမှာ သူ ထိန်းချုပ်နိုင်သည့်အဆင့် မဟုတ်သဖြင့် သူက ဆက်ပြောလိုက်သည်။
“နဂါးမင်းကြီး စိတ်ကျေနပ်စေဖို့ ဘယ်လို အပူဇော်ခံမျိုး လိုအပ်ပါသလဲ ကျွန်တော်မျိုး ချက်ချင်း ပြင်ဆင်ခိုင်းပါ့မယ်။ အရှင်စိတ်ကျေနပ်မှု အပြည့်အဝ ရစေရပါ့မယ်”
ရင်းနှီးနေသော အသံမှာ မြစ်အတွင်းမှ ထပ်မံ ထွက်ပေါ်လာ၏။
“မင်းက အလိုက်သိတတ်တဲ့သူဆိုတော့ ခုနက ကျင့်ကြံသူတစ်ယောက် ငါ့ကို လာတားတာကို လျစ်လျူရှုပေးလိုက်မယ်။ ဒါပေမဲ့ ဒီနှစ် ယဇ်ပူဇော်ပွဲအတွက် ပမာဏကို နှစ်ဆ တိုးပေးရမယ်”
“ဒါပေါ့၊ အမိန့်အတိုင်းပါ”
မြို့စားမင်းသည် အနည်းငယ်မျှပင် မကျေမနပ် ဖြစ်ခြင်း မရှိသလို၊ ခုနက ဝင်ရောက်တားဆီးခဲ့သည့် ကျင့်ကြံသူကိုလည်း အပြစ်မဆိုချေ။
အကယ်၍ ထိုသူသာ ဝင်မတားခဲ့လျှင် ယနေ့ လင်းကျန်းမြို့မှ လူသောင်းပေါင်းများစွာ အသက်ဆုံးရှုံးရနိုင်ပေသည်။
“သေချာနားထောင်။ ဒီနှစ် လင်းကျန်းမြို့ကနေ အပျိုစင် မိန်းကလေးတစ်ရာနဲ့ လူပျိုယောက်ျားလေးတစ်ရာ စုစုပေါင်း နှစ်ရာကို ယဇ်ပူဇော်ရမယ်။ နောင်ကိုလည်း နှစ်စဉ် တစ်ရာစီ ပူဇော်ရမယ်။ မင်းတို့ကို အချိန် သုံးနာရီ ပေးမယ် အမြန်ပြင်ဆင်ကြ။ အဲဒီအချိန်ထိ မရောက်လာရင်တော့ လင်းကျန်းမြို့တစ်ခုလုံးကို ရေနစ်အောင် ငါ လုပ်ပစ်မယ်”
ထိုစကားကို ကြားလိုက်ရသည်နှင့် အားလုံး၏ မျက်နှာများမှာ ချက်ချင်း ပျက်ယွင်းသွားကြဝောာ့၏။
ကလေးများကို ယဇ်ပူဇော်ခြင်း။ ဤအရာသည် လူအများစု ဘယ်သောအခါမှ လက်မခံနိုင်သော ကိစ္စပင်။
လင်းကျန်းမြို့စားမင်း၏ မျက်နှာမှာ အလွန်ပင် ညှိုးငယ်သွားသည်။ သူ အံကြိတ်လိုက်ပြီး ပြောလိုက်သည်။
“နဂါးမင်းကြီး၊ ဒါက ကျွန်တော်တို့ သဘောတူထားတဲ့အတိုင်း မဟုတ်ဘူးနော်။ အရင်က သဘောတူညီချက်အရ လင်းကျန်းမြို့က အမွှေးနံ့သာတွေနဲ့ ဆုတောင်းမှုတွေပဲ ပူဇော်ရမှာဖြစ်ပြီး၊ အရှင်မင်းကြီးက ရာသီဥတု ကောင်းမွန်အောင်နဲ့ အေးချမ်းအောင် စောင့်ရှောက်ပေးရမှာ မဟုတ်လား”
နဂါးမင်း ပြန်ဖြေလိုက်သည်။
“အဲဒါက အရင်ကလေ၊ အခုက အခုပဲ။ ငါ့ရဲ့ သည်းခံနိုင်စွမ်းက အကန့်အသတ် ရှိတယ်။ ငါ့ကို လာပြီး စမ်းသပ်မနေနဲ့၊ မဟုတ်ရင် မင်းကို အရက်နဲ့ မြည်းလိုက်မယ်။ ငါ့ကို ဘယ်လို ဝတ်ပြုရမလဲဆိုတာ သိတဲ့ နောက်ထပ် ကျင့်ကြံသူတစ်ယောက်ကို မြို့စားသစ်အဖြစ် ခန့်လိုက်မယ်”
“ကျွန်တော်မျိုး ဒါကို မလိုက်နာနိုင်ဘူး။ ကျွန်တော်မျိုးအပေါ် မကျေနပ်ရင် အရေးယူနိုင်ပါတယ်။ ဒါပေမဲ့ လင်းကျန်းမြို့သားတွေဟာ လူ့ကျင့်ဝတ်နဲ့ ဆန့်ကျင်တဲ့ ဒီလို လုပ်ရပ်မျိုးကို ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူးလို့ ကျွန်တော်မျိုး ယုံကြည်ပါတယ်”
ပြောပြောဆိုဆိုနှင့် မြို့စားမင်းသည် စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့်၏ အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ သူ့ လက်ထဲမှ ဓားရှည်မှာလည်း တောက်ပလာပြီး သူသည် ဂုဏ်သိက္ခာရှိစွာ သေဆုံးရန် ပြင်ဆင်ထားကြောင်း အမူအရာက သက်သေပြနေ၏။
“ကောင်းပြီ... အရမ်းကောင်းတယ်။ လူသား ကျင့်ကြံသူရဲ့ အသားကို မစားရတာ ကြာပြီ။ မင်းကတော့ အမြည်းကောင်းကောင်းလေး ဖြစ်မှာပဲ”
ထိုစကားများ ဆုံးသည်နှင့် လင်းမြစ်အတွင်းမှ နတ်ဆိုးအရှိန်အဝါများ လှိုင်းထလာပြီး လင်းကျန်းမြို့တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။
ထိုအရှိန်အဝါ၏ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ခံစားလိုက်ရသောအခါ မြို့စားမင်း၏ မျက်နှာ ပြာနှမ်းသွား၏။ သူ အော်ဟစ်လိုက်သည်။
“မင်းက လင်းကျန်း နဂါးမင်း အစစ်မဟုတ်ဘူး”
“ခီးခီးခီး...”
စူးရှပြီး ကြောက်မက်ဖွယ်ကောင်းသော ရယ်သံကြီး မြစ်ထဲမှ ဟိန်းထွက်လာသည်။
“အခုမှ သိတာလား နောက်ကျသွားပြီ”
အသံနှင့်အတူ ရေဝဲတစ်ခုသည် မြစ်ထဲမှ ထိုးထွက်လာပြီး မြို့စားမင်းဆီသို့ တဟုန်ထိုး ပြေးဝင်လာသည်။
ဒါ ငါ့ရဲ့ နောက်ဆုံးအချိန်ပဲလား။
ထိုအတွေးသည် မြို့စားမင်း၏ ဦးနှောက်ထဲတွင် လျှပ်ခနဲ ပေါ်လာ၏။ သူ သေခြင်းတရားကို ရင်ဆိုင်ရန် မျက်လုံးများကို စုံမှိတ်ထားလိုက်သည်။
“နှိမ်နင်းစမ်း”
ခေါင်းလောင်းသံကြီးကဲ့သို့ ကျယ်လောင်လှသော အသံတစ်ခု လင်းကျန်းမြို့၏ ကောင်းကင်ယံတွင် ဟိန်းထွက်သွားသည်။
တစ်ခဏချင်းမှာပင် အသံအားလုံး တိတ်ဆိတ်သွား၏။ ရေဝဲကြီး ပျောက်ကွယ်သွားပြီး နတ်ဆိုးအရှိန်အဝါများလည်း လုံးဝ လွင့်စင်သွားတော့သည်။
မြို့စားမင်း မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်ရာ ပြန်လည်ငြိမ်သက်သွားသော မြစ်ပြင်ကို မြင်လိုက်ရသဖြင့် ဝမ်းသာအားရ ဖြစ်သွား၏။ သူ လူအုပ်ကြီးကို ကြည့်ရင်း လက်နှစ်ဖက်ကိုယှက်ကာ အော်ပြောလိုက်သည်။
“ဘယ်စီနီယာကများ ရောက်လာတာလဲ မသိပေမဲ့၊ လင်းကျန်းမြို့အတွက် ဒီနတ်ဆိုးကို နှိမ်နင်းပေးဖို့ ကျွန်တော်မျိုး တောင်းပန်အပ်ပါတယ်။ ဒီကြီးမားလှတဲ့ ကျေးဇူးတရားကို ကျွန်တော်တို့ ပြန်ဆပ်ပါ့မယ်”
သူ စကားမဆုံးသေးခင်မှာပင် မြစ်ထဲမှ နားကွဲမတတ် အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။
ဝုန်းးး
ခဏအကြာတွင် အလျား ပေတစ်ထောင်ကျော် ရှိသော ဧရာမ ဦးချိုတစ်ချောင်း ရေနဂါး ကြီးတစ်ကောင်သည် မြစ်ထဲမှ ထိုးထွက်လာပြီး ကောင်းကင်တွင် ဝဲပျံနေ၏။
သူ နဂါးမင်းကျောင်းတော်တစ်ဝိုက်ရှိ လူအုပ်ကြီးကို ဒေါသတကြီး ငုံ့ကြည့်ရင်း ဟိန်းဟောက်လိုက်၏။
“ဘယ်သူလဲ”
“ဘယ်သူက ငါ့ရဲ့ အစီအစဉ်ကို ဖျက်ဆီးရဲတာလဲ ထွက်လာပြီး အသေခံစမ်း”
တိတ်ဆိတ်ခြင်း။ လူအုပ်ကြီးတစ်ခုလုံး လုံးဝ တိတ်ဆိတ်သွားသည်။ မည်သူမျှ စကားတစ်ခွန်းပင် မဟရဲကြချေ။
အနီးဆုံးတွင် ရှိနေသော လင်းကျန်းမြို့စားမင်းမှာမူ တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်နေပြီး ထိန်းမနိုင်သိမ်းမရ တုန်ယင်နေသည်။ လင်းမြစ်ကို သိမ်းပိုက်ထားသူမှာ အမှန်တကယ်တော့ မြို့စားအဆင့် နတ်ဆိုးဘုရင် တစ်ကောင် ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ချေ။
သွားပြီ။ အားလုံး သွားပြီ။
ထိုအချိန်တွင် လူအုပ်ထဲမှ ပျင်းရိပျင်းတွဲ အသံတစ်သံ ထွက်ပေါ်လာသည် -
“ငါ့တပည့်လေးရဲ့ ပျော်ပွဲရွှင်ပွဲကို နှောင့်ယှက်နေတဲ့ ကောင်က ဘယ်လို သတ္တဝါများလဲလို့။ တကယ်တော့ အဆင့်နိမ့် ရေနဂါးလေးတစ်ကောင်ပဲကိုး။ ကဲ ပြောစမ်းပါဦး မင်း ဘယ်လို သေချင်လဲ”
ထိုစကားများ ထွက်ပေါ်လာသည်နှင့် လူတိုင်း၏ အကြည့်များသည် ထိုအသံရှင်ရှိရာဆီသို့ ရောက်သွားတော့၏။