← Chapters

ကျင်းကျင်း၊ ဒါက မင်းရဲ့ ပထမဆုံး သင်ခန်းစာပဲ

Vol. 24 Ch. 237

ကျင်းကျင်း၊ ဒါက မင်းရဲ့ ပထမဆုံး သင်ခန်းစာပဲ

Vol. 24 Ch. 237

နဂါးမင်းကျောင်းတော်ရှေ့ရှိ ရင်ပြင်ထက်ဝယ်

အားလုံး၏ အကြည့်များမှာ မိသားစုသုံးယောက်အပေါ်၌သာ စုပြုံကျရောက်နေသည်။

အမျိုးသမီးမှာ ဝတ်ရုံဖြူကို ဆင်မြန်းထားပြီး မျက်နှာကို ပုဝါပါးဖြင့် ဖုံးအုပ်ထားကာ တင့်တယ်လျက် အေးစက်ခက်ထန်သော အသွင်ရှိသည်။

အမျိုးသားမှာမူ ဖုန်အန်း [ရှေးဟောင်းတရုတ်ရာဇဝင်မှ အချောဆုံးဟု တင်စားရသော အမျိုးသား] ထက်ပင် ပိုမိုခန့်ညားပြီး သေသပ်ကျနကာ တည်ငြိမ်လှသည်။

သူ့ရင်ခွင်ထဲတွင် အသက်တစ်ဆယ့်တစ်၊ တစ်ဆယ့်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို ပွေ့ချီထား၏။

မိန်းကလေးမှာ သူမ ရင်ဆိုင်နေရသော အန္တရာယ်ကို သတိပြုမိပုံမပေါ်ချေ။ သူမ၏ တောက်ပသော မျက်လုံးများမှာ ကောင်းကင်ယံရှိ ဦးချိုတစ်ချောင်းရေနဂါးနတ်ဆိုးဘုရင် ကို စိုးရိမ်ကြောက်လန့်ခြင်းမရှိဘဲ တည်ငြိမ်စွာ ကြည့်နေသည်။

အနီးနားတွင် ရပ်နေသော လူအုပ်ကြီးမှာမူ ထိုအမျိုးသား၏ စကားကို ကြားသည်နှင့် ပြဿနာထဲ ပါဝင်ပတ်သက်မိမည်ကို စိုးရိမ်သဖြင့် အမြန်ဆုတ်ခွာသွားကြတော့၏။

“မင်းလား”

ရေနဂါး၏ မီးအိမ်ကြီးများအလား ဧရာမမျက်လုံးကြီးများသည် ရှေ့မှအမျိုးသားအပေါ်သို့ စိုက်ကြည့်လိုက်သည်။

“ဟုတ်တယ်။ ငါပဲ”

ချူဖုန်း တောက်ပပြီး ပေါ့ပေါ့ပါးပါး အပြုံးမျိုးဖြင့် ပြုံးပြလိုက်၏။

ထို့နောက်တွင် သူ နဂါးကြီးကို လုံးဝ လျစ်လျူရှုလိုက်ပြီး ရင်ခွင်ထဲမှ မိန်းကလေးဘက်သို့ လှည့်ကာ

“ကျင်းကျင်း၊ ငါ မင်းကို ဘာလို့ ကျင့်စဉ်တွေ တစ်ခုမှ မသင်ပေးသေးတာလဲဆိုတာ သိလား”

ချန်ကျင်းကျင်းက ခေါင်းခါပြပြီးမှ ပြန်၍ ခေါင်းညိတ်ပြသည်။

“သမီးကို စိုးရိမ်လို့လား ဆရာ”

ချူဖုန်းက တဟားဟား ရယ်မောလိုက်၏။ “မဟုတ်ပါဘူး။ မင်း ဘာကို လိုချင်မှန်း ကိုယ့်ကိုယ်ကိုယ် မသိသေးလို့ မသင်ပေးတာပါ။ ငါက မင်းကို တခြားကလေးတွေလိုပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘာပူပန်မှုမှမရှိတဲ့ ကလေးဘဝမျိုး ပိုင်ဆိုင်စေချင်ရုံသက်သက်ပါ”

ချန်ကျင်းကျင်း၏ မျက်လုံးလေးများ ဝင်းလက်သွားသည်။

“တကယ်လားဟင်”

ချူဖုန်းက သူမ နှာခေါင်းလေးကို အသာအယာ တို့ထိလိုက်ရင်း ပြော၏။

“တကယ်ပေါ့။ ငါက လေးစားစရာကောင်းတဲ့ ဆရာတစ်ယောက်ပဲ၊ မင်းလို ကလေးမလေးကို ဘာလို့ လိမ်ရမှာလဲ။ ဒီနေ့ ငါ ဒီကို လာတာက ပွဲကြည့်ဖို့သက်သက်ပဲ။ အခြေအနေတွေက ဒီလိုဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး၊ ဒါကြောင့် မင်းအတွက် ပထမဆုံး ဘဝသင်ခန်းစာတစ်ခု ပေးရတော့မယ်”

“ဘာသင်ခန်းစာလဲဟင်”

ချန်ကျင်းကျင်း ချက်ချင်းပင် ငြိမ်သက်စွာ ထိုင်လိုက်ပြီး သူမ မျက်လုံးဝိုင်းလေးများမှာ စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်နေ၏။

“ဖြောင့်မတ်ခြင်းရဲ့ အဓိပ္ပာယ်”

ချူဖုန်းက ခဏမျှ တန့်သွားပြီးနောက် ဆက်ပြောသည်။

“ကြီးမြတ်တဲ့ ဖြောင့်မတ်ခြင်းနဲ့ သေးငယ်တဲ့ ဖြောင့်မတ်ခြင်းဆိုတာ ရှိတယ်။ ကြီးမြတ်တဲ့ ဖြောင့်မတ်ခြင်းဆိုတာ မင်းအတွက် အလှမ်းဝေးလွန်းသေးတယ်။ ငါကိုယ်တိုင်တောင် အဲဒါကို လက်ကိုင်ထားပါတယ်လို့ မပြောနိုင်ဘူး။ ငါလုပ်နိုင်တာက ငါ့နှလုံးသားထဲက သေးငယ်တဲ့ ဖြောင့်မတ်ခြင်းနောက်ကို လိုက်ဖို့ပဲ”

သူ ကျယ်လောင်စွာ မပြောသော်လည်း စကားလုံးတိုင်းမှာ လူတိုင်း၏ နားထဲတွင် ရှင်းလင်းစွာ ကြားနေရသည်။ ၎င်းက လူတို့၏ စိတ်ဝိညာဉ်ကို တုန်လှုပ်သွားစေ၏။

လူအုပ်ကြီးတစ်ခုလုံး တစ်ခဏခန့် အတွေးကိုယ်စီဖြင့် ငြိမ်သက်သွားကြသည်။

ချန်ကျင်းကျင်းက မေးသည်။

“ဆရာရဲ့ သေးငယ်တဲ့ ဖြောင့်မတ်ခြင်းက ဘာလဲဟင်”

ချူဖုန်းက ပြုံးလိုက်သည်။

“ငါ့ရဲ့ သေးငယ်တဲ့ ဖြောင့်မတ်ခြင်းဆိုတာ ကိုယ့်ကိုယ်ကိုယ် နောင်တရအောင် လုပ်တာပဲ။ ဒီနေ့ ငါ ဝင်ပါတာက ကရုဏာစိတ်ရှိလို့ မဟုတ်ဘူး။ ဒါက အနောက်တောင်ဘက် ဒေသအတွက်ပဲ။ ဒါကို မှတ်ထားပါ၊ နောင်တစ်ချိန်မှာ မင်း တစ်ခုခုလုပ်တော့မယ်ဆိုရင် မင်းလုပ်တာ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ မင်းနှလုံးသားမှာ နောင်တကင်းရဲ့လားဆိုတာပဲ မေးပါ။ မင်းကိုယ်မင်း အပြစ်မရှိဘူးလို့ ခံစားရရင် တစ်ကမ္ဘာလုံး သွေးပင်လယ်ဝေသွားလည်း ဂရုစိုက်နေဖို့ မလိုဘူး”

သူ စကားဆုံးသည်နှင့် လူအုပ်ကြီးမှာ အတွေးထဲမှ ရုတ်တရက် နိုးထလာကြသည်။

အားလုံးက ချူဖုန်းကို မယုံနိုင်သလို စိုက်ကြည့်နေကြပြီး တူညီသော အတွေးတစ်ခု ဝင်နေကြ၏။

‘ဘယ်လို ဆရာမျိုးက သူ့တပည့်ကို ဒီလို သင်ပေးရတာလဲ’

ချန်ကျင်းကျင်း၏ မျက်လုံးများတွင်မူ ချူဖုန်းအပေါ် ကြည်ညိုလေးစားမှုများ ပို၍ တိုးလာသည်။

‘ဆရာက တကယ်ကို ထူးခြားတာပဲ။ နောက်ကျရင် ဆရာပြောတာကိုပဲ အမြဲ နားထောင်တော့မယ်။’

“ဟမ့်”

ဒေါသတကြီး ဟိန်းဟောက်သံကြောင့် လူတိုင်း လက်တွေ့ဘဝသို့ ပြန်လည်ရောက်ရှိလာကြသည်။ ထိုအခါမှသာ နတ်ဆိုးဘုရင်အဆင့်ရှိသော ရေနဂါးကြီးနှင့် မျက်နှာချင်းဆိုင် ရပ်နေရဆဲဖြစ်ကြောင်း သတိရသွားကြတော့၏။

ဦးချိုတစ်ချောင်းပါ ရေနဂါး၏ မျက်လုံးများသည် ဒေါသကြောင့် သွေးချင်းချင်းနီနေသည်။ သူ ချူဖုန်းကို ထိုနေရာတွင်ပင် တစ်စစီ ဆွဲဖြဲပစ်ချင်သည့်အလား ပြင်းထန်သော နတ်ဆိုးအရှိန်အဝါများကို ထုတ်လွှတ်နေသည်။

“မင်းက ငါ့ကို လျစ်လျူရှုရဲတယ်ပေါ့၊ ကောင်လေး”

ချူဖုန်း ခပ်ဖွဖွ ပြုံးလိုက်သည်။

“မင်းမှာ ဦးနှောက်တော့ ရှိသားပဲ။ ဒါပေမဲ့… အများကြီးတော့ မဟုတ်ဘူးပေါ့”

“ငါ မင်းကို သတ်မယ်”

ရေနဂါးကြီး ဟိန်းဟောက်လိုက်ပြီး သူ့ဧရာမပါးစပ်ကြီးကို ဟလိုက်သည်။

ပြင်းထန်လှသော နတ်ဆိုးလေပြင်းကြီးသည် ပါးစပ်ထဲမှ ထွက်ပေါ်လာပြီး ထိုသုံးဦးထံသို့ တဟုန်ထိုး ပြေးဝင်သွား၏။

ဒုက္ခပဲ။

ဘေးမှ ကြည့်နေသူများသည် နတ်ဆိုးလေပြင်း၏ ကြောက်မက်ဖွယ် အင်အားကို ခံစားလိုက်ရပြီး မသိစိတ်ဖြင့် အသက်ရှူအောင့်ထားလိုက်ကြသည်။

ဤအမျိုးသားသည် မည်မျှပင် အစွမ်းထက်ပါစေ၊ ဤကဲ့သို့ နတ်ဆိုးဘုရင်တစ်ပါး၏ အလစ်အငိုက် ဒေါသကို ခံနိုင်ရည်ရှိရန် မဖြစ်နိုင်ချေ။

“ပျက်စီးစမ်း”

ချူဖုန်း စကားတစ်ခွန်းကိုသာ ပြောလိုက်သည်။

နတ်ဆိုးလေပြင်းကြီးမှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့၏။

အပ်ကျသံပင် ကြားနိုင်လောက်အောင် တစ်ဖန် ပြန်လည်တိတ်ဆိတ်သွားပြန်သည်။

အားလုံး ချူဖုန်းကို အံ့အားသင့်တကြီးဖြင့် ဆွံ့အလျက် စိုက်ကြည့်နေကြ၏။

သို့သော် ရေနဂါးကိုယ်တိုင်ထက် ပို၍ မှင်တက်သွားသူ မရှိချေ။ ထိုတိုက်ကွက်မှာ အင်အားအပြည့်ဖြင့် တိုက်ခိုက်မှုဖြစ်သော်လည်း ဤလူသားက စကားတစ်ခွန်းတည်းဖြင့် ဖြိုခွင်းလိုက်ခြင်းပင်။

ရှင်းပြချက်တစ်ခုသာ ရှိ၏။

ဤလူသားသည် သူတော်စင်တစ်ပိုင်း ဖြစ်ရပေမည်။

ပြေးမှဖြစ်မယ်။

လင်းကျန်းမြို့တွင် ဆက်နေရန် အကြောင်းမရှိတော့ချေ။ သူ လွတ်အောင် ပြေးရမည်။

ဦးချိုတစ်ချောင်းပါ ရေနဂါးကြီးသည် တွန့်ဆုတ်မနေဘဲ လှည့်ကာ မြစ်ထဲသို့ ထွက်ပြေးလေတော့၏။

ချူဖုန်းက ထပ်မံ၍ တိုက်ခိုက်ခြင်း မပြုတော့ဘဲ ဘေးမှ ချန်ကျင်းကျင်းကို လှည့်မေးလိုက်သည်။

“ကျင်းကျင်း၊ မင်းကိုယ်တိုင် အဲဒီ ရေနဂါးကြီးကို သတ်ချင်လား”

“သမီး သတ်လို့ရလား”

ချန်ကျင်းကျင်း ကလေးတစ်ယောက် ကစားစရာအသစ် တွေ့ရှိသွားသကဲ့သို့ မျှော်လင့်တကြီး မေးလိုက်သည်။

“ရတာပေါ့”

ပြောပြောဆိုဆိုနှင့် ချူဖုန်းက သူ့လက်ညှိုးကို သုံးကာ သူမ၏ လက်ဖဝါးပေါ်တွင် ‘ခုတ်ပိုင်း’ ဟူသော စာလုံးကို ရေးဆွဲလိုက်သည်။

“မင်းရဲ့ လက်ကို မြစ်ဘက်ကို ညွှန်ပြီးတော့ ဒီစာလုံးကို အော်လိုက်ရုံပဲ”

“ဟုတ်ကဲ့”

ချန်ကျင်းကျင်းက ခေါင်းညိတ်ပြီး မြစ်ရှိရာသို့ လက်ကို မြှောက်ကာ အော်ဟစ်လိုက်သည်။

“ခုတ်ပိုင်းစမ်း”

သူမ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် တောက်ပသော စာလုံးကြီးတစ်လုံး သူမ လက်ဖဝါးမှ ထွက်ပေါ်လာပြီး ဓားအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ မြစ်လယ်ခေါင်သို့ ပျံသန်းသွားတော့သည်။

ချွင်

ဓားချက်တစ်ချက်တည်းဖြင့်ပင် ရေလှိုင်းကြီးများ အရပ်မျက်နှာအနှံ့သို့ ထိုးတက်သွားတော့သည်။

အားလုံးက မြစ်ပြင်ကို လှည့်ကြည့်လိုက်သောအခါ လှိုင်းတံပိုးများကြားတွင် ဧရာမ ရေနဂါးကြီး၏ ဦးခေါင်းနှင့် ခန္ဓာကိုယ် တခြားစီ ဖြစ်နေသည်ကို မြင်လိုက်ရ၏၊၊ ဝိညာဉ်မှာလည်း လုံးဝဥဿုံ ပျက်စီးသွားသည်။

“ဝါး”

ချန်ကျင်းကျင်း စိတ်လှုပ်ရှားစွာ အောင်ပွဲခံလိုက်၏။

“ဆရာ၊ တကယ်ကြီး ဖြစ်သွားတာပဲ”

“ဒါပေါ့။ ငါ့ရဲ့ ကျင်းကျင်းက အတော်ဆုံးပဲ”

ချူဖုန်းက ရယ်မောလိုက်ပြီးနောက် မှင်တက်နေသော လူအုပ်ကြီးဘက်သို့ လှည့်ကာ ပြောသည်။

“ဘာလို့ ဒီအတိုင်း ရပ်နေကြတာလဲ။ တေးဂီတတွေ ဆက်တီးကြလေ ဆက်ကကြ”

အားလုံး: “……”

လင်းကျန်းမြို့စားမင်းသည် ပထမဆုံး သတိပြန်ဝင်လာသူ ဖြစ်သည်။ သူ ကောင်းကင်ယံမှ အော်ပြောလိုက်သည်။

“မင်းတို့အားလုံး ဘာလုပ်နေကြတာလဲ ဒီစီနီယာ ပြောတာကို မကြားကြဘူးလား”

“ဟုတ်ကဲ့၊ ဟုတ်ကဲ့”

ခဏအကြာတွင် တေးဂီတသံများ ပြန်လည်ထွက်ပေါ်လာပြီး ကချေသည်များမှာလည်း မူလအတိုင်း ပြန်လည် ကပြဖျော်ဖြေကြတော့သည်။

မြို့စားမင်းသည် မြေပြင်သို့ ဆင်းသက်လာပြီး ချူဖုန်းကို ရိုသေစွာ ဦးညွှတ်လိုက်၏။ “ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ။ စီနီယာသာ မရှိရင် လင်းကျန်းမြို့ကတော့ အန္တရာယ်ကြီးနဲ့ ရင်ဆိုင်ရမှာပါ။ စီနီယာကို ဂုဏ်ပြုတဲ့အနေနဲ့ ကျောင်းတော်တစ်ခု တည်ဆောက်နိုင်ဖို့အတွက် စီနီယာရဲ့ အမည်ကို သိခွင့်ပြုပါဦး”

ချူဖုန်းက ပြုံးလိုက်သည်။

“ဒီနေ့ ရေနဂါးကို သတ်လိုက်တာက ငါ့ရဲ့ တပည့်ပဲ။ တစ်စုံတစ်ယောက်ကို ဂုဏ်ပြုချင်တယ်ဆိုရင် သူ့ကိုပဲ မေးကြည့်လိုက်ပါ”

“……”

မြို့စားမင်းမှာ ဆွံ့အသွားရသည်။ ဤမျှ စွမ်းအားကြီးသော ပညာရှင်တစ်ဦးက လူအများ၏ ချီးမွမ်းမှုကိုပင် ငြင်းပယ်လိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ချေ။ ဤလူက ဘယ်သူများပါလိမ့်။

ချန်ကျင်းကျင်း: (p≧w≦q)

မြို့စားမင်းသည် ချက်ချင်းပင် စိတ်ကို ပြန်ထိန်းလိုက်ပြီး ချန်ကျင်းကျင်းဘက်သို့ လှည့်ကာ ရိုသေစွာ ဦးညွှတ်လိုက်သည်။

“မိန်းကလေးရဲ့ အမည်ကို သိပါရစေ”

ချန်ကျင်းကျင်း သူမ၏ မေးစေ့ကို ပင့်လိုက်ပြီး ယုံကြည်ချက်အပြည့်ဖြင့် ပြန်ဖြေလိုက်သည် - “ကျွန်မက ဝမ်တောက်ကျောင်းတော်က ချန်ကျင်းကျင်းပါ”

“ကျွန်တော် မှတ်ထားပါ့မယ်။ ရေနဂါးရဲ့ အလောင်းကို ကျွန်တော်ကိုယ်တိုင် သွားယူပြီး မကြာခင်မှာ မိန်းကလေးဆီ ဆက်သပါ့မယ်”

ပြောနေစဉ်မှာပင် မြို့စားမင်း စိတ်ထဲ၌ တွေးနေမိ၏။

‘ဝမ်တောက်ကျောင်းတော်က ချန်ကျင်းကျင်း… သူ့နောက်ကြောင်းက ဘာများဖြစ်မလဲ’

ခဏအကြာတွင် မြို့စားမင်းသည် သိုလှောင်အိတ် တစ်ခုကို လက်နှစ်ဖက်ဖြင့် ဆက်သလာသည်။

“မိန်းကလေး ကျင်းကျင်း၊ ဒါက ဦးချိုတစ်ချောင်းရေနဂါးရဲ့ အလောင်းပါ။ ကျေးဇူးပြုပြီး လက်ခံပေးပါ”

“ကျေးဇူးတင်ပါတယ်”

ချန်ကျင်းကျင်း အိတ်ကို ယူလိုက်ပြီးနောက် ချူဖုန်းဘက်သို့ လှည့်လိုက်သည်။

“ဆရာ၊ အိမ်ပြန်ကြရအောင်”

ခဏလေးအတွင်းမှာတင် သူမသည် လူတိုင်း၏ အာရုံစိုက်မှု ဗဟိုချက်မ ဖြစ်လာခဲ့သည်။ ၎င်းက သူမကို အနည်းငယ် စိတ်ရှုပ်ထွေးစေ၏။

“ကောင်းပြီလေ”

ချူဖုန်းသည် အကြီးအကဲပင်းနှင့် အကြည့်ချင်း ဖလှယ်လိုက်သည်။ ထို့နောက် သူတို့ သုံးဦးသား ထိုနေရာမှ ပျောက်ကွယ်သွားကြတော့၏။

မြို့စားမင်းမှာ ထိုနေရာတွင်ပင် တောင့်တောင့်ကြီး ကျန်ရစ်ခဲ့ပြီး သူမက ဘာကြောင့် သူမနာမည်ရှေ့တွင် “ဝမ်တောက်ကျောင်းတော် ” ဟု ထည့်ပြောသွားရသလဲဆိုသည်ကို စဉ်းစားနေမိသည်။

ထို့နောက် ရုတ်တရက် သူ သတိရသွားကာ အံ့အားသင့်တကြီး အော်ဟစ်လိုက်တော့သည်။

“ဝမ်တောက်ကျောင်းတော်က ချန်ကျင်းကျင်း သူမက ဝမ်တောက်ကျောင်းတော် က ပါရမီရှင်ပဲ”

All Chapters