← Chapters

ညသန်းခေါင်ကြီးရောက်လာတဲ့သူက ဘယ်လိုလုပ် လူကောင်းဖြစ်မှာလဲ

Vol. 24 Ch. 238

ညသန်းခေါင်ကြီးရောက်လာတဲ့သူက ဘယ်လိုလုပ် လူကောင်းဖြစ်မှာလဲ

Vol. 24 Ch. 238

လင်းကျန်းမြို့တစ်မြို့လုံးကို ညအမှောင်ထုက ကြီးစိုးထားသည်။ ညနက်နေသော်လည်း မြို့ထဲမှ ကျင့်ကြံသူများသည် နိုးကြားနေကြသေးသည်။

နဂါးမင်းပွဲတော်၌ ဖြစ်ခဲ့သော ဖြစ်ရပ်များက လူတိုင်း၏စိတ်ထဲမှ မထွက်သွားသေးပေ။ လူများက အဖြူရောင်ဝတ်စုံနှင့်သူကို ဝမ်တောက်ကျောင်းတော်မှ မည်သူလဲဟု သိချင်နေကြ၏။ သို့သော် တစ်ညလုံး ဆွေးနွေးခဲ့ကြသော်လည်း သဲလွန်စမရပေ။

မည်သို့ပင်ဆိုစေကာမူ ဝမ်တောက်ကျောင်းတော်၌ ကွန်းဖြူရှပ်လမ်းစဉ်ကို လျှေက်လှမ်းသည့် ကျင့်ကြံသူများမရှိပေ။ စကားတစ်ခွန်းတည်းဖြင့် ဥပဒေသကို ဖော်ထုတ်ပြီး ရန်သူကို အနိုင်ယူခြင်းသည် ကွန်းဖြူရှပ်လမ်းစဉ် ကျင့်ကြံသူများ၏ လက္ခဏာပေ။

နီဗားနားရှင်သန်ခြင်းအဆင့်ကို လွယ်ကူစွာ သတ်ဖြတ်နိုင်ခြင်းက ထိုသူသည် အနိမ့်ဆုံး သူတော်စင်တစ်ပိုင်းအဆင့် ဖြစ်ရပေမည်။

တည်းခိုးခန်းတစ်ခု၏ သီးခြားခြံဝင်းလေး၌ ပုံမှန်မဟုတ်စွာ လေပြင်းတစ်သုတ် တိုက်ခတ်သွား၏။ အိပ်မက်ကောင်းနေသော ချန်ကျင်းကျင်းသည် ပြုံးရွှင်စွာ အိပ်စက်နေ၏။

ကျင့်ကြံနေသော အကြီးအကဲပင်းနှင့် ရွှေတောင်ပံလင်းယုန်ဘုရင်တို့ မျက်လုံးပွင့်လာပြီး သူတို့ နတ်ဘုရားအာရုံဖြင့် ခြံဝင်းကို စစ်ဆေးလိုက်သည်။ ကုတင်ပေါ်တွင် လဲလျောင်းနေသော ချူဖုန်းသည် အပြင်ဘက်မှ လှုပ်ရှားမှုများကို အာရုံခံမိသဖြင့် ထထိုင်လိုက်သည်။

မကြာမီ တံခါးအပြင်ဘက်မှ အိုမင်းနေသော အသံတစ်သံ ထွက်လာ၏။

“ ပိုင်လုံ ကျေးဇူးရှင်ကို တွေ့ဆုံခွင့်တောင်းပါတယ်။ ညနက်ကြီးမှ လာပြီး နှောင့်ယှက်ရတဲ့အတွက် တောင်းပန်ပါတယ်”

ထိုအသံကို ကြားသော် ချူဖုန်း ဇဝေဇဝါဖြစ်သွား၏။ သူ အနားက ဆီမီးအိမ်ကို လှမ်းပုတ်လိုက်သည်။ ထိုအခါ ရှောင်ဟော့က နားလည်သွားပြီး တစ်ခန်းလုံးကို နေ့အလား လင်းထိန်သွားစေသည်။

“ဝင်ခဲ့”

သူ့စကားအဆုံဂတွင် ဖြူဖျော့နေသော ရေနဂါးတစ်ကောင် တံခါးရှေ့တွင်‌ ပေါ်လာသည်။ ပို၍ တိတိကျကျဆိုရလျှင် ရေနဂါး၏ဝိညာဉ်ဖြစ်၏။

နေ့လည်က ကြမ်းကြုတ်သည့် နတ်ဆိုးအရှိန်အဝါကို ထုတ်လွှတ်နေသည့် နတ်ဆိုးနှင့်မတူဘဲ ဤဝိညာဉ်က ကြင်နာသနားတတ်သည့် မြင့်မြတ်သည့် သဘောသဘာဝတို့ကို သယ်ဆောင်ထားသည်။

“ကျေးဇူးတင်ပါတယ် အရှင်”

ပိုင်လုံ ချူဖုန်းကို လေးစားစွာ ဦးညွှတ်လိုက်၏။

ထိုအခါ ချူဖုန်း မေးလိုက်သည်။ “မင်းက လင်းကျန်းနဂါးဘုရင်လား”

ပိုင်လုံ ခေါင်းအသာ ညိတ်သည်။ “ကျွန်တော် နဂါးဘုရင်ဆိုတဲ့ ဘွဲ့နာမည်ကို မခံရဲပါဘူး။ ကျွန်တော်က သာမန်ရေနဂါးတစ်ကောင်သက်သက်ပါ။ မြို့စားအဆင့်တောင် မရောက်သေးပါဘူး။ မဟုတ်ရင် ကျွန်တော် အဲ့နတ်ဆိုးရဲ့ အနိုင်ယူတာ ခံရမှာ မဟုတ်သလို ကျွန်တော့်ဝိညာဉ်လည်း အကျဉ်းချခံရမှာ မဟုတ်ဘူး”

“အဲဒီနတ်ဆိုးကိုသာ အရှင်မသတ်ပေးရင် ကျွန်‌တော် သုံးနှစ်အတွင်းသေမှာပါ”

ချူဖုန်း တည်ငြိမ်စွာ ပြောသည်။ “ဒါဆိုမင်းက ငါ့ကို ကျေးဇူးဆပ်ဖို့ လာတာပေါ့”

“ဟုတ်ပါတယ်”

ပိုင်လုံ ဆက်ပြောသည်။ “အရှင်က စွမ်းအားကြီးတယ်ဆိုတာ သိပါတယ်။ သာမန်လက်ဆောင်တွေက အရှင်နဲ့ မထိုက်တန်ပါဘူး။ အဲဒါကြောင့် လင်းကျန်းမြစ်အောက်က ရေနတ်ဘုရားနန်းတော်ဆီ လိုက်ခဲ့ပေးပါလား။ အဲဒီမှာ စစ်မှန်နတ်ဘုရားတစ်ပါးချန်ထားခဲ့တဲ့ အမွေအနှစ် ရှိတယ်။ အထဲက ရတနာတစ်ခုကြောင့် ကျွန်တော် ရေနဂါးတစ်ကောင်ဖြစ်လာခဲ့တာလေ”

“အိုး”

ချူဖုန်း ချက်ချင်းစိတ်ဝင်စားသွားသည်။ “ဟုတ်လား။ သွားကြည့်ရတာပေါ့”

“ကျေးဇူးပြုပြီး ဒီဘက်ကြွပါ”

ပိုင်လုံ ဖိတ်ခေါ်သည့်ဟန်ပြလိုက်၏။ ချူဖုန်း သူ့နောက်မှ လိုက်သွားတော့သည်။

သူ အခန်းထဲမှ ထွက်သည်နှင့် အကြီးအကဲပင်း၊ ရွှေတောင်ပံလင်းယုန်ဘုရင်တို့နှင့် ဆုံမိသည်။ ရွှေတောင်ပံလင်းယုန်ဘုရင်ကို မြင်သောအခါ ရေနဂါး၏ဝိညာဉ်မှာ တုန်ယင်သွားတော့၏။ တစ်ဖက်က သူ့ကို မခြိမ်းခြောက်နေသော်လည်း သွေးမျိုးဆက်အရ ဖိအားကို မတွန်းလှန်နိုင်ပေ။

“သခင်လေး” အကြီးအကဲပင်း ပိုင်လုံကို ကြည့်လျက် ပြောသည်။ “ဒီရေနဂါးရဲ့ ဇာစ်မြစ်က မရှင်းလင်းဘူး။ သူ့ကို အယုံမလွယ်ပါနဲ့”

ရွှေတောင်ပံလင်းယုန်ဘုရင် ပြောလိုက်သည်။ “ခယ်မလေး ပြောတာမှန်တယ်။ ညသန်းခေါင်ကြီး သူများအခန်းကို လာခေါက်တာ ဘယ်လိုလုပ် လူကောင်းဖြစ်နိုင်မှာလဲ”

ပိုင်လုံ “....”

‘ငါက လူတောင် မဟုတ်ဘူး။ ဝိညာဉ်ကွ။ တကယ်လို့ နေ့ခင်းကြီးလာလိုက်ရင် ကလေးတွေ လန့်သေသွားမှာဆိုးလို့’

ချူဖုန်း ရယ်မောလိုက်သည်။ “ကောင်းပါပြီ။ ကျုပ်ကို စိတ်ပူမနေနဲ့။ ဒီလောကကြီးမှာ သူတော်စင်အဆင့်ကလွဲရင် ဘယ်သူမှ မတားနိုင်ပါဘူး”

သူ့အသံက တည်ငြိမ်သော်လည်း ပိုင်လုံ နားထဲတွင် မိုးခြိမ်းသံအလားပင်။ ဤလောကကြီး၌ ထိုသို့ ရဲဝံ့စွာ ပြောဆိုရဲမည့်သူ မည်မျှ ရှိမည်နည်း။

ပိုင်လုံ နောက်တစ်ကြိမ် ဦးညွှတ်လိုက်သည်။ “အရှင့်ရဲ့ နာမည်ကို မေးခွင့်ပြုပါ”

ချူဖုန်း ခပ်ဖွဖွ ပြောလိုက်၏။ “ ဝမ်‌တောက်ကျောင်းတော်က ချူဖုန်း”

ပိုင်လုံ အသက်ပြင်းပြင်းရှူလိုက်မိသည်။ “သူတော်စင်တစ်ပိုင်းချူ ဖြစ်နေတာကိုး။ နတ်ဆိုးနဂါးကို တစ်ချက်တည်းနဲ့ သတ်နိုင်တာ မအံ့ဩတော့ပါဘူး။ ကျွန်တော် လေးစားအားကျမိပါတယ်”

ချူဖုန်း ဖြတ်ပြောလိုက်သည်။ “တော်ပြီ။ သွားကြစို့”

“ဟုတ်ကဲ့ပါ အရှင်”

ထိုသို့ပြောပြီးနောက် ပိုင်လုံသည် ချူဖုန်းကို ဦးဆောင်ကာ သွားတော့သည်။ ပုံရိပ်နှစ်ခုသည် အမှောင်ထုထဲသို့ တိုးဝင်ပျောက်ကွယ်သွားတော့၏။

အကြီးအကဲပင်းနှင့် ရွှေတောင်ပံလင်းယုန်ဘုရင်တို့ အကြည့်ချင်းဖလှယ်ကာ မိမိအခန်းသို့ ပြန်ပြီး ကျင့်ကြံကြတော့သည်။

ခဏအကြာတွင်...

ချူဖုန်းသည် ပိုင်လုံနှင့်အတူ မြစ်ကမ်းဘေးသို့ ရောက်ရှိလာတော့၏။ ထို့နောက် ပိုင်လုံ လက်ယမ်းပြလိုက်သည့်အခါ လင်းကျင်းမြစ်ရေများသည် ဘေးနှစ်ဖက်သို့ ကွဲထွက်သွားတော့၏။ ထို့နောက် ကျောက်သားလမ်းလေးတစ်ခု ပေါ်လာသည်။

ချူဖုန်း စကားမပြောပေ။ သူ တိတ်ဆိတ်စွာ လိုက်သွားသည်။

သူတို့သွားပြီးနောက် မြစ်ရေသည် ပြန်လည်းပေါင်းစည်းသွားပြီး မူလအတိုင်း ဖြစ်သွားတော့၏။ ခြေလှမ်းရာဂဏန်ခန့် လျှောက်သွားပြီနောက် သူတို့ မြစ်နက်ပိုင်းထဲမှ နန်းတော်တစ်ခုထံသို့ ရောက်ရှိလာသည်။ နန်းတော်အပြင်ဘက်တွင် တောက်ပနေသည့် အလင်းတစ်ခု ထွက်ပေါ်နေသည်။ ပိုင်လုံ ရှေ့တစ်လှမ်းတက်လိုက်ပြီး လက်ချိတ်စည်းတစ်ခုကို ပြုလုပ်လိုက်၏။ ထို့အါ ခုခံရေးအစီအရင်တစ်ခု အသက်ဝင်လာသည်။ အလင်းဂိတ်တံခါးတစ်ခုပေါ်လာပြီး နန်းတော်တံခါးကြီးတစ်ခု ဖြည်းညင်းစွာ ပွင့်လာ၏။

“သူတော်စင်တစ်ပိုင်းချူ၊ ဒါက ရေနတ်ဘုရားနန်းတော်ပါ။ ကျေးဇူးပြုပြီး အထဲဝင်ပါ”

“ဒီလမ်းအတိုင်းပါ”

ချူဖုန်း နောက်က လိုက်လာသည်။ သူ ဝင်လိုက်သည့်အခိုက် စိတ်ဝိညာဉ်စွမ်းအင်များသည် သူ့မျက်နှာသို့ လာရောက် ထိခတ်လာ၏။ ဝမ်တောက်ကျောင်းတော်၏ စိတ်ဝိညာဉ်စွမ်းအင်ကဲ့သို့ မသန့်စင်သော်ငြား ရှားပါသည့်စွမ်းအင်များပင်။

သို့သော် ခမ်းနားထည်ဝါသော်လည်း တစ်ခုခုက လစ်ဟာနေသည်။ လှုပ်ရှားသက်ဝင်မှုမရှိပေ။ ကြွက်တစ်ကောင် ကြောင်တစ်မြီးပင် မရှိချေ။

“ မင်း ဒီမှာ တစ်ယောက်တည်းနေတာလား”

ပိုင်လုံ အနေရခက်စွာ ပြုံးလိုက်သည်။ “မဟုတ်ပါဘူး”

“အရင်က ဒီနန်းတော်မှာ ပုစွန်စစ်သား‌ထောင်ချီနဲ့ ငါးစစ်သူကြီး ရာချီ ရှိတယ်။ ဒါပေမဲ့ ချိုတစ်ချောင်းနဂါးနဲ့ တိုက်ခိုက်ပြီးတော့ လက်ရွေးစင်တပ်သားအများစုက သေသွားကြပါတယ်”

“ကျန်တဲ့သူတွေကတော့ ထွက်ပြေးသွားကြပါတယ်။ အဲဒီအချိန်ကစပြီး ကျွန်တော် တစ်ယောက်တည်း ဖြစ်နေတော့တာပါ”

“နားလည်ပြီ” ချူဖုန်း ပတ်ဝန်းကျင်ကို ဝေ့ဝဲ ကြည့်လိုက်၏။ “ဒါဆို အဲဒီနတ်ဆိုးက ဘယ်ကရောက်လာတာလဲ။ ဘာလို့ ရောက်လာတာလဲ”

ပိုင်လုံ လေသံက နိမ့်ဆင်းသွားသည်။ “အဲဒီဦးချိုတစ်ချောင်းနဂါးက နတ်ဆိုးတစ်သောင်းတောင်တန်းကပါ။ သူက နတ်ဆိုးမြို့စားတွေထဲက တစ်ယောက်ပဲ။ ကင်းခြေများဘုရင်နဲ့ သွေးသောက်ညီအစ်ကိုတွေထဲက တစ်ယောက်ပါ”

သူ ခဏရပ်ပြီး ဆက်ပြောသည်။ “ကင်းခြေများဘုရင်က သူတော်စင်တစ်ပိုင်းအဆင့်ကို တက်တော့မယ်လို့ ကြားထားတယ်။ အဆင့်တက်ဖို့ဆိုရင် သန့်စင်တဲ့ နတ်ဆိုးအရှိန်အဝါလိုတယ်။ နတ်ဆိုးအရှိန်အဝါသန့်စင်ဖို့ဆိုရင် အမွှေးတိုင်တွေ လိုအပ်တယ်”

“အဲ့တာကြောင့် သူက သွေးသောက်ညီအစ်ကိုခြောက်ယောက်ကို လွှတ်ပြီး အမွှေးတိုင်ရနိုင်မဲ့ နေရာတွေကို လိုက်လုနေတာ။ ကျွန်တော်က လင်းကျင်းမြစ်ကို စောင့်ရှောက်လာတာ ရာစုနှစ်ပေါင်းများစွာ ရှိပြီ။ အမွှေးတိုင်စွမ်းအားတွေကို အတော်လေးစုစည်းထားနိုင်ခဲ့တယ်။ အဲ့တော့ သူတို့က ကျွန်တော့်ကို လာရှာကြတာ”

“ထပ်ပြီးတော့ ကင်းခြေများဘုရင်ပဲလား”

ချူဖုန်း တီးတိုးရေရွတ်လိုက်သည်။ ထိုတုံ့ပြန်မှုက ပိုင်လုံ နှလုံးသားကို ခုန်လှုပ်သွားစေ၏။ သူ အလျင်အမြန် မေးလိုက်သည်။ “ကင်းခြေများဘုရင်က အရင်တုန်းက အရှင့်ကို စော်ကားဖူးလို့လား”

ချူဖုန်း ရယ်မောလိုက်၏။ “သူ့လို လူမျိုးက ငါ့ကို စော်ကားဖို့ အရည်အချင်း မပြည့်မှီဘူး။ ငါ သူ့ရဲ့ အသိဉာဏ်မဲ့နေတဲ့ လက်အောက်ငယ်သားတစ်ယောက်ကို တွေ့ဖူးတယ်လေ”

“ဟုတ်တာပေါ့”

ပိုင်လုံ အနည်းငယ် စိတ်ပျက်သွားသည်။ ချူဖုန်း ကင်းခြေများဘုရင်ကို တိုက်ခိုက်ပါစေဟု သူ မျှော်လင့်မိသည်။ သို့သော် ထိုကဲ့သို့ ပြောလိုက်ပါက မသင့်တော့ပေ။

ဦးချိုတစ်ချောင်းမြို့စားကို သတ်ဖြတ်ပေးခြင်းကပင် ကျေးဇူးကြွေးတစ်ခု ဖြစ်နေ၏။ လူနှင့် ဝိညာဉ်တို့ လွတ်နေသော ခြံဝင်းများစွာကို ဖြတ်လျှောက်သွားပြီး နောက်ဆုံးတွင် ဘုရားကျောင်းတစ်ခုသို့ ရောက်လာကြသည်။

ပိုင်လုံ ရပ်ပြီး ပြောလိုက်သည်။ “ကျွန်တော်တို့ ရောက်ပါပြီ။ ဒီနေရာကနေစပြီး ရှေးဟောင်းအပျက်အစီးတွေ စပြီ”

ချူဖုန်း ပြုံးလိုက်သည်။ “မင်းက ပူဇော်ပသရတာကို စိတ်ဝင်စားမယ်လို့ မထင်ထားဘူး”

ပိုင်လုံ လေးနက်စွာ ဖြေသည်။ “သေးငယ်တဲ့ ကျေးဇူးတစ်ခုကလည်း စမ်းရေတစ်ခုလို တသွင်သွင် ဆပ်ပေးဖို့လိုပါတယ်။ ကျွန်တော်က ကျွန်တော့်ရဲ့အမွေအနှစ်ကို ဒီမှာပဲ လက်ခံရခဲ့တာလေ”

“အမွေအနှစ်ကို ချန်ရစ်ခဲ့တဲ့သူက ကျွန်တော့်ရဲ့ ဆရာပဲ”

သူပြောနေရင်း ဘုရားကျောင်းတံခါးကို ဖွင့်လိုက်ပြီး သုံးကြိမ်ဦးညွှတ်လိုက်သည်။ ထို့နောက် လက်မြှောက်ကာ သင်္ကေတတစ်ခုကို ပြုလုပ်လိုက်၏။ “ပွင့်စမ်း”

အဝိုင်းပုံတံခါးပေါက်တစ်ခု ပွင့်လာပြီး ချူဖုန်း ရှေ့တည့်တည့်တွင် နေရာရွှေ့ပြောင်းခြင်း အစီအရင်တစ်ခု ပေါ်လာတော့သည်။

All Chapters