← Chapters

စစ်မှန်နတ်ဘုရား၏ အိတ်ဆောင် ကမ္ဘာ

Vol. 24 Ch. 239

စစ်မှန်နတ်ဘုရား၏ အိတ်ဆောင် ကမ္ဘာ

Vol. 24 Ch. 239

ချူဖုန်းနှင့် ပိုင်လုံတို့ နေရာရွှေ့ပြောင်းခြင်း အစီအရင်ထဲ ဝင်ရောက်သွားကြသည်။

သူတို့ အမြင်အာရုံများ မှောင်မိုက်သွားပြီး နောက်တစ်ခဏတွင် ပိန်းပိတ်အောင် နက်မှောင်သည့် အိတ်ဆောင် ကမ္ဘာတစ်ခု အတွင်းသို့ ရောက်ရှိသွားကြ၏။

လေထုထဲတွင် သေဆုံးခြင်း၊ တိတ်ဆိတ်ငြိမ်သက်ခြင်းနှင့် အသက်ရှူကြပ်စေသော အမှောင်ထု၏ အအေးဓာတ်တို့ ပြည့်နှက်နေသည်။

“ မင်းအလှည့်ပဲ လိပ်နက် “

ချူဖုန်း ပြောလိုက်သည်နှင့် သူ့သိုလှောင်လက်စွပ် လင်းလက်သွားပြီး လိပ်နက်ထွက်ပေါ်လာကာ အမှောင်ထုကို နေ့ခင်းဘက်အလား ချက်ချင်း ထိန်လင်းသွားစေသည်။ အပူချိန်ကလည်း သိသိသာသာ မြင့်တက်လာ၏။

အနီးနားတွင် ရပ်နေသော ပိုင်လုံ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသော်လည်း နောက်ဆုံးတွင် တိတ်ဆိတ်စွာသာ နေလိုက်သည်။

လိပ်နက် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုပြီး မေးလိုက်သည်။ “ ဆရာ... ဒီနေရာက ရွှမ်ထျန်းတိုက်ကြီး နဲ့ မတူဘူး “

ချူဖုန်းက ပြန်ဖြေလိုက်၏။ “ မင်းပြောတာ မှန်တယ်။ ဒါက ရွှမ်ထျန်းတိုက်ကြီး မဟုတ်ဘူး။ ဒါက အထူး အိတ်ဆောင် ကမ္ဘာတစ်ခုပဲ “

သူ စကားပြောနေစဉ် ချူဖုန်း၏ နတ်ဘုရားအာရုံက လီဒါဇင်ပေါင်းများစွာ အထိ ဖြန့်ကြက်သွားသည်။

သူ ပို ဝေးဝေးရောက်အောင် ဖြန့်ကြက်ရန် ကြိုးစားလိုက်သော်လည်း ဤနယ်မြေ အတွင်းရှိ စည်းမျဉ်း ဥပဒေ စွမ်းအား တစ်ခုခုက သူ့ကို ကန့်သတ်ထားကြောင်း လျင်မြန်စွာ တွေ့လိုက်၏။

စစ်မှန်နတ်ဘုရား တစ်ပါး ဆိုသည့်အတိုင်း သေဆုံးသွားသည်မှာ ကြာမြင့်နေပြီ ဖြစ်သော်လည်း ချန်ရစ်ခဲ့သော နတ်ဘုရားစွမ်းအားက သူ့လို သူတော်စင်တစ်ပိုင်း ကို ဖိနှိပ်ထားနိုင်ဆဲပင်။

‘ငါ လုံလောက်အောင် မသန်မာသေးဘူးထင်တယ်။ တပည့်တွေကို ပိုပြီး ကြိုးစားခိုင်းရမယ်’

ခြေလှမ်း ရာဂဏန်းခန့် လျှောက်ပြီးနောက် အဖွဲ့သည် ကြီးမားမြင့်မားသော နတ်ဘုရားကျောင်းတော်တစ်ခုသို့ ရောက်ရှိလာကြသည်။

အချိန်ကာလသည် အဆောက်အအုံကို ပျက်စီးယိုယွင်းစေ၏။ ၎င်းက အချိန်မရွေး ပြိုကျတော့မည့်အလား မတည်မငြိမ် ဖြစ်နေပုံပင်။

၎င်း မျက်နှာပြင်ပေါ်တွင် ထွင်းထုထားသော စာသားများမှာ ဖတ်မရနိုင်လောက်အောင် ပျက်စီးနေသည်။ ဤကျောင်းတော်၏ မူလ နာမည်မှာ မည်သို့ပင် ဖြစ်စေကာမူ ပျောက်ကွယ်သွားခဲ့ပါ၏။

ချူဖုန်း အပြင်ဘက်တွင် ရပ်လိုက်ပြီး ပိုင်လုံဘက်သို့ လှည့်ကာ မေးလိုက်သည်။” ဒီနေရာကို ဝင်ဖို့ စည်းမျဉ်းတွေများ ရှိသေးလား “

ပိုင်လုံ ခေါင်းယမ်းလိုက်သည်။ “ မရှိပါဘူး အရှင်။ ကျောင်းတော်မှာ အတွင်းခန်းမ ဆယ့်သုံးခု ရှိပါတယ်။ တစ်ခုချင်းစီမှာ မတူညီတဲ့ ရတနာတွေ ပါဝင်ပြီး နက်နက်ရှိုင်းရှိုင်း ဝင်သွားလေ ဝင်ရောက်ဖို့ ပိုခက်ခဲလေပါပဲ။ ကျွန်တော်က စတုတ္ထမြောက် ခန်းမ အထိပဲ ရောက်ဖူးပါတယ် “

လိပ်နက် မျက်ခုံးပင့်လိုက်သည်။ “ မင်းက စတုတ္ထမြောက် ခန်းမထက် ကျော်ပြီး မသွားဖူးဘူးဆိုရင် ဆယ့်သုံးခု ရှိတယ်ဆိုတာကို ဘယ်လိုလုပ် သိတာလဲ “

ပိုင်လုံ ရှင်းပြသည်။ “ ကျွန်တော် ပထမဆုံး ခန်းမမှာ မြေပုံတစ်ခုကို ရှာတွေ့ခဲ့ဖူးတယ်။ အဲဒီမှာ ကျောင်းတော် တစ်ခုလုံးရဲ့ ဖွဲ့စည်းပုံ အပြည့်အစုံ ပါတယ်။ အဲဒါကြောင့် ကျွန်တော် သိတာပါ။ ဒါပေမဲ့ မြေပုံက ကျွန်တော့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်နဲ့အတူ ပျက်စီးသွားခဲ့ပြီ။ မဟုတ်ရင် ခင်ဗျားကို ပြလို့ရပါတယ် “

“ ကိစ္စမရှိပါဘူး “ ချူဖုန်းက ပြောလိုက်သည်။ “ ဒီနေရာကို တည်ဆောက်ခဲ့တဲ့ စစ်မှန်နတ်ဘုရားက ကျဆုံးသွားခဲ့ပြီ ဆိုရင် ကျောင်းတော်က ကျုပ်ကို တားဆီးနိုင်မှာ မဟုတ်ပါဘူး “

သူ ပထမဆုံး ခန်းမထဲသို့ ဝင်ရောက်သွားသည်။ အထဲတွင် လုံးဝအလွတ်ကြီးပေ။

ပိုင်လုံ အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။ ဤခန်းမထဲရှိ အရာအားလုံးကို သူ လုယက်သွားခဲ့ပြီး ဖြစ်သည်။

အဖွဲ့သည် လွယ်ကူစွာ ဖြတ်သန်းသွားကြပြီး မည်သည့် ခုခံမှုမျှ မရှိဘဲ စတုတ္ထမြောက် ခန်းမသို့ ရောက်သွားကြ၏။

ယခင် ခန်းမများနှင့် မတူစွာ ဤခန်းမတွင် ကန့်သတ် ချိတ်စည်းများဖြင့် ပြည့်နှက်နေသည်။ ဟိုတစ်စ ဒီတစ်စတွင် မဖွင့်ရသေးသော ရတနာ သေတ္တာများ ကျန်ရှိနေသေးသည်။

ပိုင်လုံ ပြောလိုက်သည်။ “ ဒီခန်းမ လေးခုက သေမင်းတမန် စွမ်းအင်တွေနဲ့ ပြည့်နှက်နေတယ်။ ကျန်တဲ့ သေတ္တာတွေ အားလုံးမှာ တစ္ဆေတွေနဲ့ သက်ဆိုင်တဲ့ ပစ္စည်းတွေပဲ ပါတယ်။ ဒါကြောင့် ကျန်တာတွေကို ကျွန်တော် မဖွင့်ခဲ့တာပါ “

ချူဖုန်း တည်ငြိမ်စွာ နားထောင်ပြီး အနီးနားရှိ ချိတ်စည်းတစ်ခုကို ပေါ့ပေါ့ပါးပါး ဖျက်ဆီးကာ သေတ္တာ တစ်လုံးကို ဖွင့်လိုက်သည်။

အထဲတွင် တစ္ဆေ မြူခိုးများဖြင့် ဖုံးလွှမ်းနေသော ကျောက်စိမ်းပြား တစ်ခု ရှိနေ၏။

သူ ၎င်းကို နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်လိုက်သည်။

မြေအောက်ကျမ်းစာ: သူတော်စင်အဆင့် နည်းစနစ် တစ်ခု ဖြစ်သည်။

သူ တစ်ချက်မျှ အကြမ်းဖျင်း ဖတ်ကြည့်ပြီးနောက် သိုလှောင်လက်စွပ်ထဲသို့ ပစ်ထည့်လိုက်ကာ ကမ္ဘာပျက်မျက်လုံး ကို အသက်သွင်းလိုက်သည်။

ဤခန်းမထဲရှိ ချိတ်ပိတ်ထားသော အရာတိုင်းသည် သိပ်သည်းသော တစ္ဆေ အရှိန်အဝါများဖြင့် ဖုံးလွှမ်းနေ၏။နေရာကို မြင်လိုက်ရုံဖြင့် သူ့စူးစမ်းလိုစိတ်ကို မှေးမှိန်သွားစေသည်။

သို့သော် သူ အကြည့်လွှဲရန် ပြင်လိုက်စဉ် ထူးခြားသော ချိတ်စည်းတစ်ခုက သူ့မျက်လုံးကို ဖမ်းစားသွားသည်။

တစ္ဆေ အရှိန်အဝါများ ကြားတွင် ၎င်းက အရိုးထဲထိ စိမ့်ဝင်သွားစေသော ပြင်းထန်သည့် အအေးဓာတ် တစ်ခုကို ထုတ်လွှတ်နေ၏။

ချူဖုန်း၏ စိတ်ဝင်စားမှုက နိုးကြားလာသည်။ သူ လက်တစ်ချက် ဝှေ့ယမ်းကာ ချိတ်စည်းကို ဖျက်ဆီးလိုက်သည်။

ရေခဲများဖြင့် ဖုံးလွှမ်းနေသော ပုလင်းတစ်လုံး မြေပြင်ပေါ်သို့ ပြုတ်ကျလာ၏။

သူ လက်လှမ်းကာ ၎င်းကို ဆုပ်ကိုင်လိုက်သည်။ ချက်ချင်းပင် သူ့လက်ဖဝါးပေါ်တွင် နှင်းခဲလွှာ တစ်ခု ဖြစ်ပေါ်လာသည်။

သူ ပုလင်းကို နတ်ဘုရားအာရုံဖြင့် ကြည့်လိုက်သည့်အခါ အံ့အားသင့်စရာ တစ်ခုကို သတိပြုမိသွား၏။

မျက်နှာပြင်ပေါ်တွင် သိသာထင်ရှားသည့် အက်ကွဲကြောင်း တစ်ခု ရှိနေသည်။

ထို့အပြင် ၎င်းက သာမန် သေတ္တာတစ်ခု မဟုတ်ပေ။ ထိပ်တန်းအဆင့် စိတ်ဝိညာဉ် လက်နက် တစ်ခု ဖြစ်၏။

အကယ်၍ ၎င်းက အက်ကွဲနေသည်ဆိုလျှင် အတွင်းရှိ ပစ္စည်းသည် ထူးခြားပေသည်။

ချူဖုန်း အဖုံးကို ဖွင့်လိုက်၏။

နောက်တစ်စက္ကန့်တွင် ပုလင်းထဲမှ အပြာနှင့် အစိမ်းရောင် ရောစပ်နေသော မီးတောက် တစ်ခု လွင့်မျော ထွက်ပေါ်လာသည်။

စတုတ္ထမြောက် ခန်းမ တစ်ခုလုံးသည် နှင်းခဲများဖြင့် ချက်ချင်း ဖုံးလွှမ်းသွားတော့သည်။

လိပ်နက်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ “မြေအောက်ရေခဲ မီးတောက်ပဲ “

ပိုင်လုံ အော်ဟစ်လိုက်သည်။ “ ကောင်းကင်မီးတောက် တစ်ခုပါလား “

ချူဖုန်း ပြုံးလိုက်သည်။ “ စိတ်ဝင်စားစရာပဲ။ ဒီလို မမျှော်လင့်ထားတဲ့ အကျိုးအမြတ်မျိုး ရလိမ့်မယ်လို့ မထင်ထားဘူး “

မြေအောက်ရေခဲ မီးတောက်သည် လိပ်နက်ထံသို့ ပစ်ဝင်သွားပြီး ပြင်းထန်သော တိုက်ပွဲတစ်ခုကို ဆင်နွှဲတော့သည်။

ဒိုင်း

မီးတောက်နှစ်ခု တိုက်မိသွားသည့် နေရာတိုင်းတွင် ပတ်ဝန်းကျင်မှာ လုံးဝ ပျက်စီးယိုယွင်းသွားတော့သည်။

ပိုင်လုံ မှင်တက်စွာ ရပ်နေပြီး ချိတ်စည်းကို သူ ဘယ်တုန်းကမှ မဖွင့်ခဲ့မိသည့်အတွက် စိတ်သက်သာရာ ရသွား၏။ အကယ်၍ သူ မြေအောက်ရေခဲ မီးတောက်ကို တစ်ယောက်တည်း ရင်ဆိုင်ခဲ့ရပါက အနိုင်ရခဲ့လျှင် သနားစရာကောင်းသော အောင်ပွဲတစ်ခုသာ ဖြစ်လာပေမည်။

ထိုအချိန်တွင် ချူဖုန်း ဝိုင်တစ်အိုးနှင့်အတူ ထိုင်လိုက်ပြီး လိပ်နက်နှင့် မြေအောက်ရေခဲ မီးတောက်တို့ တိုက်ခိုက်နေကြသည်ကို တည်ငြိမ်စွာ စောင့်ကြည့်နေသည်။

ခဏအကြာတွင် လိပ်နက် အရင်ဆုံး ယိမ်းယိုင်လာပြီး သူ့ခန္ဓာကိုယ် ပတ်လည်ရှိ မီးတောက်များက စတင် မှေးမှိန်လာသည်။

ဂုဏ်သိက္ခာကို ထည့်သွင်းစဉ်းစားရန် အချိန်မရှိတော့သဖြင့် သူ အော်ဟစ်လိုက်သည်။ “ သခင်... ကျွန်တော့်ကို ကူညီပါဦး “

ချူဖုန်း၏ နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးတက်သွားသည်။ သူ စကားတစ်ခွန်းတည်းကိုသာ ပြောလိုက်သည်။ “ ချိတ်ပိတ်စမ်း “

သူ့ပါးစပ်မှ စကားလုံး ထွက်သွားသည့် အခိုက်အတန့်တွင် ချိတ်ပိတ်ရန်အတွက် ဧရာမ စာလုံးကြီး တစ်လုံး ကျဆင်းလာပြီး မြေအောက်ရေခဲ မီးတောက်ပေါ်သို့ ကျရောက်သွား၏။

တစ်ချိန်က မာနကြီးခဲ့သော မီးတောက်သည် မြေပြင်ပေါ်သို့ ချက်ချင်း ဖိချခံလိုက်ရသည်။ သူ နှစ်ကြိမ်ခန့် ခုန်ပေါက်သွားပြီးနောက် မလှုပ်မယှက် ဖြစ်သွားတော့၏။

လိပ်နက်သည် ဝမ်းသာအားရဖြင့် လင်းလက်သွားပြီး သူ့ထံသို့ ပစ်ဝင်သွားသည်။

သို့သော် သူ ထိတွေ့နိုင်ရန် ပြင်လိုက်စဉ် ချိတ်စည်းမှ ရွှေရောင်အလင်းတန်း တစ်ခုထွက်လာပြီး လိပ်နက်ကို အနောက်သို့ လွင့်စင်သွားစေ၏။

လုံးဝ စိတ်ပျက်သွားပုံရသော လိပ်နက်သည် ချူဖုန်းဘက်သို့ လှည့်ကာ မေးလိုက်၏။ “သခင် ဘာလို့ ကျွန်တော့်ကို စုပ်ယူခွင့် မပေးတာလဲ “

ချူဖုန်း ပြုံးလိုက်သည်။ “ မှတ်ထား။ အခုကစပြီး ငါ မပေးရင် မင်း မယူရဘူး “

၎င်းကို ကြားသောအခါ လ်ိပ်နက် ချက်ချင်း ပါးစပ်ကို ပိတ်လိုက်ပြီး နောက်ထပ် စကားတစ်ခွန်းမှ မပြောတော့ပေ။

သကောင့်သား၏ မှုန်ကုပ်ကုပ် အမူအရာကို မြင်သောအခါ ချူဖုန်းက ထပ်ပြောလိုက်သည်။ “ ကောင်းပြီ၊ကောင်းပြီ။ မတရား ခံရသလိုမျိုး ဟန်ဆောင်မနေနဲ့တော့။ မင်းရဲ့ ဆေးဖော်စပ်တဲ့ စွမ်းရည်တွေ တိုးတက်လာတာနဲ့ မင်းဆီ ပေးမှာပါ “

“ ကျေးဇူးတင်ပါတယ် ဆရာ “

လိပ်နက်သည် ပုံမှန် ရွှင်လန်းသော ပုံစံသို့ ချက်ချင်း ပြန်ရောက်သွား၏။

ချူဖုန်း မြေအောက်ရေခဲ မီးတောက်ကို စိတ်ဝိညာဉ် ပုလင်းထဲသို့ ပြန်ထည့်လိုက်ပြီး ချိတ်စည်းတစ်ခုဖြင့် အလွှာလိုက် ချိတ်ပိတ်လိုက်သည်။ ချက်ချင်းပင် ပုလင်းကို ဖုံးလွှမ်းနေသော နှင်းခဲများသည် သိသာစွာ အရည်ပျော်ကျသွားတော့သည်။

“ သွားကြစို့။ ရှေ့မှာ ဘာရှိလဲ ဆိုတာ ကြည့်ရအောင် “

“ ဟုတ်ကဲ့ပါ ခင်ဗျာ “

ပိုင်လုံ ပြန်လည် ဦးဆောင်သွားသည်။ လမ်းအနည်းငယ်လျှောက်သွားပြီးနောက် သူ တံခါးကြီး တစ်ချပ်ရှေ့တွင် ရပ်လိုက်ပြီး ချူဖုန်းဘက်သို့ လှည့်လိုက်သည်။

“ အရှင်... ဒီတံခါးရဲ့ အလွန်မှာ သေမင်းတမန် နယ်မြေ တစ်ခု ရှိပါတယ်။ အဲဒီမှာ ရေတွက်မရနိုင်တဲ့ နာကြည်းနေတဲ့ ဝိညာဉ်တွေနဲ့ ပြည့်နှက်နေတယ်။ သူတို့ကို သတ်လို့ မရဘူး၊ ပြီးတော့ ဒီနေရာကို ရောက်တိုင်း ကျွန်တော်က နောက်ပြန်လှည့်ဖို့ကလွဲပြီး တခြား ရွေးချယ်စရာ မရှိခဲ့ပါဘူး “

“သူတို့က မသေနိုင်တဲ့ အကောင်တွေ သက်သက်ပါပဲ “ လိပ်နက် ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။ “ ငါ ဒီမှာ ရှိနေမှတော့ သူတို့ အားလုံးကို ပြာဖြစ်သွားတဲ့အထိ တစ်ကောင်မကျန် မီးရှို့ပစ်လိုက်မယ် “

ပိုင်လုံ ခေါင်းညိတ်လိုက်ပြီး ချူဖုန်းကို တံခါးမှတစ်ဆင့် ဦးဆောင် ခေါ်သွားသည်။

“ ဒါကို မင်းက သေမင်းတမန် နယ်မြေ လို့ ခေါ်တာလား “

လိပ်နက် ရှေ့ရှိ တစ္ဆေပင်လယ်ကြီးကို စိုက်ကြည့်ကာ အသံထွက် ကျိန်ဆဲလုနီးပါး ဖြစ်သွား၏။

ပိုင်လုံ ဇဝေဇဝါ ဖြစ်သွားသည်။” မဟုတ်လို့လား “

“ မဟုတ်ဘူး။ ဒီနေရာက သေမင်းတမန် နယ်မြေ မဟုတ်ဘူး “

ချူဖုန်း မျက်စိကို မှေးကျဉ်းလိုက်ပြီး မေးစေ့ကို လက်ချောင်းများဖြင့် ပွတ်သပ်ကာ တွေးတောနေသည်။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် သူက နောက်ဆုံးတွင် ပြောလိုက်သည်။

“ ဒါက ဒဏ္ဍာရီလာ မြေအောက်ကမ္ဘာဆီ သွားတဲ့လမ်း ဖြစ်ရမယ် “

All Chapters