← Chapters

မြေအောက်ကမ္ဘာလမ်းထက်က ငရဲပန်း

Vol. 24 Ch. 240

မြေအောက်ကမ္ဘာလမ်းထက်က ငရဲပန်း

Vol. 24 Ch. 240

“ဒါ... ဒါက မြေအောက်ကမ္ဘာကို သွားတဲ့လမ်းလား”

ထိုစကားကို ကြားလိုက်ရချိန်တွင် ပိုင်လုံ ဗီဇအရ နောက်သို့ ခြေတစ်လှမ်းခွဲခန့် ဆုတ်လိုက်မိသည်။

သူ ဝိညာဉ်သက်သက်မျှသာ ဖြစ်ရာ အကယ်၍ မြေအောက်ကမ္ဘာလမ်းပေါ်သို့ ခြေချမိပါက လူ့လောကသို့ မည်သည့်အခါမျှ ပြန်မလာနိုင်တော့ပေ။

အကြောင်းရင်းမရှိဘဲ ဤနေရာတွင် ပျောက်ကွယ်သွားလိုစိတ် သူ၌မရှိပါ။ သူ့နောက်လိုက်များမှာ အပြင်လောကတွင် ရှိနေသေးပြီး သူတို့၏ ယုံကြည်ကိုးကွယ်မှုနှင့် ဆုတောင်းမေတ္တာများ အားကောင်းနေသရွေ့ ရုပ်ခန္ဓာကို ပြန်လည်တည်ဆောက်ရန် အခွင့်အရေး ရှိနေသေးသည်။

ဘေးနားမှ လိပ်နက် သူ့ကို လှောင်ပြောင်လိုက်၏။

"တကယ်ကြီး နောက်ဆုတ်လိုက်တာလား"

“....”

ပိုင်လုံက လက်မှိုင်ချသည့်အမူအရာဖြင့် ပြောသည်။ “တာအိုရောင်းရင်း... ကျုပ်က သေမှာကြောက်လို့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒီနေရာက ကျုပ်လို ရုပ်ခန္ဓာမဲ့နေတဲ့ ဝိညာဉ်တစ်ခုအတွက် နေစရာနေရာမှ မဟုတ်တာ”

ချူဖုန်း အစကတည်းက ဘာမှမပြောခဲ့ပေ။ ထိုအစား သူသည် ကမ္ဘာပျက်မျက်ဝန်းကို တိတ်တဆိတ် အသက်သွင်းလိုက်ပြီး မြေအောက်ကမ္ဘာလမ်း၏ စစ်မှန်သော သဘာဝကို မြင်နိုင်ရန် ကြိုးစားလိုက်သည်။

စိတ်မကောင်းစရာမှာ စစ်မှန်နတ်ဘုရားချန်ရစ်ခဲ့သည့် နတ်ဘုရားဥပဒေသများအောက်တွင် ကမ္ဘာပျက်မျက်ဝန်းပင်လျှင် အကန့်အသတ် ရှိနေခဲ့၏။

သူမြင်ရသည်မှာ ရှေ့တွင် အဆုံးမရှိ ဆန့်တန်းနေသော လမ်းတစ်ခုသာ။

သူ မျက်မှောင်အသာ ကြုတ်လိုက်ပြီး စိတ်ဝင်တစား ရေရွတ်လိုက်သည်။ "စိတ်ဝင်စားဖို့ ကောင်းသားပဲ။ တကယ် စဉ်းစားတွေးခေါ်ရမဲ့အရာနဲ့ မတွေ့ရတာတောင် ကြာပြီ"

ပိုင်လုံ ဂရုတစိုက် မေးလိုက်သည်။

"အရှင်... အရှင်က ဒီမြေအောက်ကမ္ဘာလမ်းကို ဖျက်ဆီးပစ်နိုင်မလား"

ချူဖုန်းက ပြုံးလိုက်သည်။

"အကယ်၍ စစ်မှန်နတ်ဘုရားသာ အသက်ရှိနေသေးရင် ကျုပ် ချက်ချင်း ပြန်လှည့်သွားမှာပဲ။ ဒါပေမဲ့ အခု သူက ဒီလောကမှာ မရှိတော့ဘဲ နတ်ဘုရားဥပဒေသ အကြွင်းအကျန်တွေပဲ ရှိတော့တာဆိုတော့ အစွမ်းကုန် ကြိုးစားရင် ဒါကို ဖျက်ဆီးနိုင်လိမ့်မယ်"

“သက်ရှိထင်ရှားရှိသမျှထဲမှာ အားအကောင်းဆုံးက သူတော်စင်တစ်ပိုင်း လို့ ပြောရမှာပဲ”

ပိုင်လုံက အခွင့်အရေးကို လက်မလွှတ်ဘဲ မြှောက်ပင့်လိုက်၏။

လိပ်နက်က မျက်လုံးပြူးပြလိုက်သည်။ ‘ဒါက မင်းလို ဝိညာဉ်အကြွင်းအကျန်နဲ့ ဘာဆိုင်လို့လဲ။

ဒီလိုကိစ္စမျိုးကို ငါ လိပ်နက်ကပဲ ကိုင်တွယ်ရမှာ မဟုတ်ဘူးလား’

ချူဖုန်း သူတို့ကို ဂရုမစိုက်တော့ဘဲ တင်ပျဉ်ခွေထိုင်ကာ ဗုဒ္ဓကျမ်းစာတစ်ပုဒ်ကို စတင်ရွတ်ဆိုလေသည်။

“ပညာပါရမီကို အလွန်နက်ရှိုင်းစွာ ကျင့်ကြံအားထုတ်တော်မူသော အဝလောကိတေသွာရ ဗောဓိသတ်သည်

ခန္ဓာငါးပါးလုံး ဆိတ်သုဉ်းသည်ဟု သိမြင်တော်မူသဖြင့်၊ ဆင်းရဲဒုက္ခ ခပ်သိမ်းတို့မှ လွန်မြောက်တော်မူ၏။

သာရိပုတ္တရာ... ရုပ်သည် ဆိတ်သုဉ်းခြင်းနှင့် မခြား၊ ဆိတ်သုဉ်းခြင်းသည်လည်း ရုပ်နှင့် မခြား...”

စာလုံးတစ်လုံးချင်းစီကို ပြောရန် သူ့အင်အားအားလုံးကို အသုံးပြုနေရသကဲ့သို့ ဖြည်းညင်းစွာ ဖတ်ကြားနေ၏။

သို့သော် စကားလုံးတစ်လုံးချင်းစီတိုင်းတွင် မှေးမှိန်သော ဗုဒ္ဓရောင်ခြည် ရွှေရောင်အလင်းတန်းများ ပျံ့နှံ့သွားပြီး၊ သေခြင်းတရားများ လွှမ်းမိုးနေသော ဤနယ်မြေအတွင်းသို့ နူးညံ့သည့် သက်စောင့်အားကို ဆောင်ကြဉ်းလာပေးသည်။

အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားသည်။

ချူဖုန်း၏ ရွတ်ဖတ်သံအောက်တွင် မြေအောက်ကမ္ဘာလမ်းသည် သိသိသာသာ စတင်ပြောင်းလဲလာခဲ့သည်။

ချူဖုန်း နောက်ဆုံးဂါထာကို အဆုံးသတ်လိုက်သည့်အချိန်တွင် မြေအောက်ကမ္ဘာလမ်းသည် လုံးဝ ကွယ်ပျောက်သွားခဲ့ပြီဖြစ်၏။

ထိုနေရာတွင် ခြောက်သွေ့နေသော ရင်ပြင်တစ်ခု အစားထိုးရောက်ရှိလာသည်။

ထိုဗလာနယ်မြေ၏ အလယ်ဗဟိုတွင် အလွန်လှပပြီး ထူးဆန်းသော ပန်းတစ်ပွင့်သည် အပြည့်အဝ ဖူးပွင့်လာသည်။

အကြောင်းရင်းကို မသိရသော်လည်း ပိုင်လုံသည် ထိုပန်းကို မြင်လိုက်ရသည့် ခဏ၌ပင် သူ့ဝိညာဉ်သည် တုန်လှုပ်စပြုလာသည်။ ထိုပန်းက သူ့ကို ဆွဲငင်ပြီး ခေါ်ဆောင်သွားရန် ကြိုးစားနေသကဲ့သို့ပင်။

“အရှင်... အဲ့ဒီပန်းက တစ်ခုခု မှားနေတယ်”

ချူဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။ "ထူးဆန်းတာ ဘာမှမရှိပါဘူး။ ငါ ထင်တာမမှားရင် ဒါက မြေအောက်ကမ္ဘာက ပန်းတစ်ပွင့်ပဲ ကြက်သွေးရောင်ပင့်ကူပန်းပေါ့၊ သေမင်းမြစ် ရဲ့ တစ်ဖက်ကမ်းမှာ ပွင့်တတ်တယ်လို့ ပြောကြတယ်။ သူက သေဆုံးသွားသူတွေကို ကိုယ်စားပြုတယ်။ မင်းရဲ့ဝိညာဉ်က မပျောက်ကွယ်သေးဘူးဆိုပေမဲ့ အဲ့အရာက မင်းရဲ့ သဘာဝရန်သူပဲ"

လိပ်နက်က မျက်တောင်ခတ်ရင်း မေးလိုက်သည်။

"ဆရာ... ဒါဆိုရင် ဝိညာဉ်က ရှေ့ဆက်သွားလို့ မရတော့ဘူးပေါ့ ဟုတ်လား"

“အဲ့လိုတော့ မဟုတ်ပါဘူး” ချူဖုန်းက ပြန်ဖြေသည်။ "ငါသာ ကြက်သွေးရောင်ပင့်ကူပန်းကို ခူးလိုက်မယ်ဆိုရင် သူ ငါတို့ကို ရှေ့ဆက်ပြီး လမ်းပြပေးနိုင်မှာပါ"

သူ စကားအဆုံးတွင် ထိုပန်းဆီသို့ ခြေလှမ်းလိုက်သည်။

ခြေတစ်လှမ်း လှမ်းတိုင်း သူ့ပတ်ဝန်းကျင်ရှိ သက်စောင့်အားများ အားနည်းလာသည်ကို ခံစားရ၏။ အကယ်၍ ဤအတိုင်း ဆက်သွားပါက ပန်း၏ စုပ်ယူမှုကို ခံရပြီး ရှေ့သို့ မရောက်နိုင်ဘဲ ဖြစ်သွားနိုင်သည်။

သူ ရပ်လိုက်သည်။ မျက်နှာတွင် စဉ်းစားနေသည့် အမူအရာ ပေါ်လာ၏။

သူသည် သောင်းပြောင်းပညာရပ်ဌာန ရှိ ရှေးဟောင်းမှတ်တမ်းများတွင် ကြက်သွေးရောင်ပင့်ကူပန်းအကြောင်း ဖတ်ခဲ့ဖူးသော်လည်း မည်သို့ ခူးယူရမည်ကို မည်သည့်မှတ်တမ်းတွင်မျှ အသေးစိတ် မဖော်ပြထားပေ။

နာရီဝက်ခန့် စဉ်းစားပြီးနောက်တွင်လည်း သူသည် အဖြေကို ရှာမတွေ့သေး။

စဉ်းစားခြင်းဖြင့် မဖြေရှင်းနိုင်လျှင် အင်အားသုံးရုံသာ ရှိတော့၏။

သူ၏ သိုလှောင်လက်စွပ်ထဲမှ ဓားကို ထုတ်လိုက်သည်။

ချွင်

ချူဖုန်းသည် ဓားကို ဆွဲထုတ်လိုက်ပြီး ပန်း၏ ပင်စည်ကို ပေါ့ပေါ့ပါးပါးပင် ခုတ်ချလိုက်သည်။

ချွင်

ဓားအရှိန်အဝါသည် ပန်းကို မထိမီမှာပင် မမြင်ရသော အဟန့်အတားတစ်ခုကြောင့် တားဆီးခြင်း ခံလိုက်ရ၏။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

လိပ်နက် မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။

သူ့စိတ်ထဲတွင် ချူဖုန်းသည် မဖြစ်နိုင်သောအရာများကို ဖြစ်အောင်လုပ်ဆောင်နိုင်သူပင်။

သို့သော် ယခု ပန်းတစ်ပွင့်တည်းက သူ့လမ်းကို ပိတ်ဆို့ထားသည်။

“စိတ်ဝင်စားဖို့ ကောင်းသား”

ချူဖုန်းက အံ့ဩသည့်အမူအရာ မပြပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ၏ စိတ်လှုပ်ရှားမှုက ပို၍ တိုးလာခဲ့၏။

“ဓားတစ်သောင်းတို့အပြန်” ချူဖုန်းသည် သူ့အင်အားအားလုံးကို အသုံးပြုကာ ကြက်သွေးရောင်ပင့်ကူးပန်း ရိုးတံဆီသို့ ဓားကို တစ်ဖန် ပြန်လည် ဝှေ့ယမ်းလိုက်သည်။

ခဏချင်းတွင် ဓားသွားပေါင်း ထောင်ချီသည် ကမ္ဘာငယ်လေးအတွင်း ပြည့်နှက်သွားပြီး နားကွဲမတတ် အသံကြီးနှင့်အတူ ဧရာမ ဓားကြီးတစ်လက်အဖြစ် စုစည်းသွားသည်။

ချွင်

ဓားကျရောက်လာသည်နှင့်အမျှ ကြက်သွေးရောင်ပင့်ကူပန်းသည် မြေပြင်ပေါ်သို့ ညင်သာစွာ ကျဆင်းသွား၏။

ထိုအခြင်းအရာကို မြင်လိုက်ရသဖြင့် ချူဖုန်း လက်ကို ဆန့်ထုတ်ကာ ထိုလှပပြီး ထူးဆန်းသော ပန်းကို ဖမ်းယူလိုက်သည်။

သူ ခူးယူပြီးသား ဖြစ်နေသော်လည်း ပန်းပေါ်တွင် ကျန်ရှိနေသော ပြင်းထန်လှသည့် သေခြင်းတရားနှင့် ပြင်းထန်ယင်ဥပဒေသ တို့ကို ခံစားနေရဆဲပင်။

"ဒီပန်းက အသိဉာဏ် မရသေးလို့ တော်သေးတာပေါ့။ တကယ်လို့ အသိဉာဏ် ရှိနေခဲ့ရင် ငါလည်း ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး"

သူ တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် ကြက်သွေးရောင်ပင့်ကူပန်းကို သေတ္တာတစ်ခုထဲ ထည့်ကာ သိုလှောင်လက်စွပ်ထဲတွင် တံဆိပ်ခတ် သိမ်းဆည်းလိုက်တော့သည်။

“သွားကြစို့”

“ဟုတ်ကဲ့ပါ အရှင်”

ပိုင်လုံ ပြန်ထူးလိုက်ပြီး ချူဖုန်း၏ ဘေးနားသို့ အမြန်ကပ်လိုက်သည်။

ယခုအချိန်တွင် သူသည် ဘေးဒုက္ခကြီးတစ်ခုမှ လွတ်မြောက်လာသကဲ့သို့ ခံစားနေရ၏။ ပဉ္စမမြောက် ခန်းမအတွင်းရှိ ရတနာများကို နောက်ဆုံးတွင် မြင်တွေ့ရတော့မည် ဖြစ်သောကြောင့် သူ့စိတ်ထဲတွင် စိတ်လှုပ်ရှားမှုများ လှိုင်းထနေသလိုပင်။

အဖွဲ့သားများသည် ရင်ပြင်ကို နောက်တွင် ထားခဲ့ကာ စတုတ္ထမြောက် ခန်းမ၏ ထွက်ပေါက်မှတစ်ဆင့် ပဉ္စမမြောက် ခန်းမဆီသို့ ဆက်လက် လျှောက်လှမ်းခဲ့ကြသည်။

ခဏအကြာတွင် သူတို့သည် ပဉ္စမမြောက် ခန်းမ၏ အဝင်ဝသို့ ရောက်ရှိလာ၏။

အတွင်းသို့ ခြေမချမီမှာပင် ချူဖုန်း အထဲမှ ပြင်းထန်သော အရှိန်အဝါတစ်ခုကို အာရုံရလိုက်သည်။ ထိုအရှိန်အဝါ ပိုင်ရှင်သည် ယခင်ကျောင်းအုပ်ကြီးထက် မနိမ့်ကျပေ။

ဖိအားကို ခံစားလိုက်ရသဖြင့် သူ ရေရွတ်လိုက်သည်။ "ဒီခန်းမမှာ သူတော်စင်အဆင့် အစောင့်အကြပ် ရှိနေတာလား"

ထိုစကားကို ကြားလိုက်ရသဖြင့် ပိုင်လုံ အလိုအလျှောက်ပင် တုန်လှုပ်သွားပြီး တွေဝေစွာ မေးလိုက်သည်။

“ကျွန်တော်တို့ ဝင်သွားသင့်သေးရဲ့လား"

ချူဖုန်းက ပြုံးလိုက်သည်။

"ဒီခန်းမမှာ သူတော်စင်တစ်ပါး စောင့်နေတယ်ဆိုရင်တောင် သေပြီးသား သူတော်စင်တစ်ပါးပဲ ဖြစ်မှာပါ။ တကယ်လို့ သူသာ အသက်ရှင်နေသေးရင် မင်း အခုလောက်ဆို သေနေတာ ကြာလှပြီ"

ပိုင်လုံ ခေါင်းညိတ်လိုက်သည်။ "မှန်ပါတယ်... ဒါပေမဲ့ ဒီသူတော်စင်က တစ်ချိန်တုန်းက ဘယ်လို သတ္တဝါမျိုး ဖြစ်ခဲ့မလဲဆိုတာတော့ ကျွန်တော် တကယ် သိချင်မိတယ်"

“ဝင်ပြီးတော့ပဲ ကြည့်ကြတာပေါ့”

ထိုသို့ ပြောပြီးနောက် ချူဖုန်း ခန်းမတံခါးအတွင်းသို့ ပထမဆုံး ဝင်သွားခဲ့ပြီး ပိုင်လုံနှင့် လိပ်နက်တို့က သူ့နောက်မှ ကပ်လိုက်လာကြ၏။

ခန်းမအတွင်းသို့ ဝင်လိုက်သည်နှင့် ချူဖုန်းအပါအဝင် လူတိုင်းသည် ထိုနေရာမှာတင် ကြောင်အသွားသည်။

ခန်းမ၏ အလယ်ဗဟိုတွင် မီတာပေါင်းများစွာ မြင့်မားသော ဧရာမ အရိုးစုကြီးတစ်ခု မတ်တပ်ရပ်နေသည်။

သေဆုံးသွားခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ထိုအရိုးများမှ ထွက်ပေါ်နေသော သူတော်စင်အဆင့် ဖိအားမှာ အလွန်ပင် ပြင်းထန်လှသဖြင့် ဒူးထောက် ကိုးကွယ်လိုစိတ်ကို ဖြစ်ပေါ်စေသည်။

ပိုင်လုံသည် ထိုအရိုးစုကြီးကို စိုက်ကြည့်ရင်း အသက်ရှူမှားသွား၏။ “ချီလင်... ဒီခန်းမရဲ့ အစောင့်အကြပ်က တကယ်ပဲ သူတော်စင်အဆင့်ရှိတဲ့ ချီလင်တစ်ကောင်ပဲ”

“နှမြောစရာပဲ”

ချူဖုန်းသည် သူ့ဘဝနှစ်ခုစလုံးတွင် ချီလင်နှင့် တစ်ခါမျှ မတွေ့ဖူးခဲ့ပေ။

သူသည် ကျန်ရှိနေသော သူတော်စင်အရှိန်အဝါ ထွက်ပေါ်ရာ အရင်းအမြစ်ကို စတင် ရှာဖွေလိုက်သည်။ နောက်ဆုံးတွင် ချီလင်၏ ဦးခေါင်းခွံအတွင်း၌ အရောင်မှိန်ပြီး အသက်မဲ့နေသော သားရဲအမြူတေတစ်ခုကို ရှာတွေ့ခဲ့၏။

၎င်းသည် သူတို့ အစောပိုင်းက ခံစားခဲ့ရသော ပြင်းထန်သည့် ဖိအားများ၏ အရင်းအမြစ်ပင်။

တွေဝေမနေဘဲ ချူဖုန်းသည် ချီလင်၏ ဦးခေါင်းဆီသို့ တိုက်ရိုက် ပျံတက်သွားသည်။

ထို့နောက် သူသည် လူကြီးတစ်ယောက်၏ ဦးခေါင်းခန့် ကြီးမားသော ထိုသားရဲအမြူတေကို လှမ်းဖမ်းလိုက်တော့၏။

သူ့လက်သည် အမြူတေနှင့် ထိတွေ့လိုက်ရုံရှိသေး ခန်းမတစ်ခုလုံးတွင် ရုတ်တရက် ပြောင်းလဲမှုကြီးတစ်ခု ဖြစ်ပေါ်သွားတော့သည်။

All Chapters