← Chapters

အခန်း (၃၂၅-၃၂၆)

Vol. 33 Ch. 325-326

အခန်း (၃၂၅-၃၂၆)

Vol. 33 Ch. 325-326

အခန်း ၃၂၅ - သဘောတူညီချက် ရရှိခြင်းနှင့် လီဟော်ဒယ်အိုးကြီး၏ ပြောင်းလဲမှုများ

"ဒယ်အိုးကြီးလား"

ဝေ့ရှန်ဟိုင်သည် ဦးစွာ ကြောင်အမ်းအမ်းဖြစ်သွားပြီးနောက် အံ့သြတကြီးဖြင့် မေးမြန်းလေသည်။

"ကျုပ်အိမ်က ဒယ်အိုးကြီး ထပ်ပြီး ကြီးလာတာကို သခင်လေးလု ဘယ်လို သိတာလဲ"

"ထင်တဲ့အတိုင်းပဲ"

လုချင်းကား အံ့သြခြင်းအလျဉ်းမရှိပေ။

ချန်းကျိုးဒေသသို့ သူ စတင်ပြန်လည်ရောက်ရှိချိန်၌ ချန်းကျိုး၏ ဝိညာဉ်စွမ်းအင် သိပ်သည်းဆသည် ကျုံးကျိုးနှင့် ယှဉ်လျှင် ကွာခြားမှုရှိနေသေးသော်လည်း သိသိသာသာ တိုးပွားလာသည်ကို သူ သတိပြုမိခဲ့သည်။ သူတို့ စတင်ထွက်ခွာချိန်နှင့် နှိုင်းယှဉ်ပါက ဆယ်ဆခန့် တိုးတက်လာခဲ့ခြင်း ဖြစ်သည်။ မကြာမြင့်မီ အချိန်ကာလတစ်ခု၌ ချန်းကျိုးသည် လက်ရှိ ကျုံးကျိုးကို ယှဉ်ပြိုင်နိုင်စွမ်း ရှိလာလိမ့်မည်ဟုပင် သူ ယုံကြည်ထားလေသည်။

"ဝိညာဉ်စွမ်းအင် ပြန်နိုးထလာတဲ့ အရှိန်အဟုန်က မကြာသေးခင်က တဖြည်းဖြည်း မြန်ဆန်လာတာကို ခင်ဗျားလည်း ခံစားမိမယ်လို့ ကျွန်တော် ယုံကြည်တယ်" လုချင်းက ဆိုသည်။

"ဝိညာဉ်စွမ်းအင်လား။ မကြာသေးခင်က ကောင်းကင်နဲ့ မြေကြီးကြားမှာ ပေါ်လာတဲ့ အဲဒီထူးဆန်းတဲ့ စွမ်းအင်ကို ပြောတာလား"

ဝေ့ရှန်ဟိုင်က ခေါင်းညိတ်ထောက်ခံလိုက်၏။

"အင်း၊ မင်း ထွက်သွားပြီး မကြာခင်မှာပဲ အဲဒီထူးဆန်းတဲ့ စွမ်းအင်က စပြီးပြင်းထန်လာတယ်လေ၊ ကျိုးလီရွာ အပြင်ဘက်က တောင်တန်းတွေမှာတောင် ပုံမှန်မဟုတ်တဲ့ ပြောင်းလဲမှုတချို့ ဖြစ်စေခဲ့တယ်"

"တောင်တန်းတွေက ပြောင်းလဲသွားတယ်ဆိုတော့ ကျိုးလီရွာ..."

ထိုသတင်းစကားကို ကြားသိလိုက်ရသောအခါ လုချင်း၏ မျက်နှာထက်၌ စိုးရိမ်ပူပန်မှုတို့ ကြီးစိုးသွားတော့သည်။ သမားတော်ကြီး၏ မျက်နှာပေါ်တွင်လည်း စိုးရိမ်သော အရိပ်အယောင်များ ယှက်သန်းလာလေ၏။

"သခင်လေး စိတ်ပူစရာ မလိုပါဘူး၊ ကျိုးလီရွာက အရာအားလုံး ကောင်းမွန်နေပါသေးတယ်။ ကျုပ် တောင်တန်းတွေရဲ့ ပြောင်းလဲမှုကို အာရုံခံမိပြီး မတော်တဆမှုတွေ မဖြစ်အောင် တားဆီးဖို့ အဲဒီမှာပဲ တရားမှတ်နေခဲ့တာပါ"

ဝေ့ရှန်ဟိုင်က ပြုံးရွှင်စွာဖြင့် ပြောကြားလိုက်သည်။

လုချင်းသည် နောက်ဆုံးတွင် သက်ပြင်းချနိုင်တော့သည်။

"ချန်ပေ့က တကယ်ကို စဉ်းစားတွေးခေါ်တတ်တာပဲ။ ရွာက လူတိုင်းကို ကိုယ်စားပြုပြီး ကာကွယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ"

"သခင်လေးက သဘောကောင်းလွန်းနေပါပြီဗျာ။ မင်းနဲ့ သမားတော်ချန်က ကျုပ်တို့ဝေ့မိသားစုကို ကူညီပေးခဲ့တဲ့ ကျေးဇူးတရားနဲ့ ယှဉ်ရင် ဒီကိစ္စသေးသေးလေးက ဘာမှမဟုတ်ပါဘူးကွာ"

ဝေ့ရှန်ဟိုင်က ခေါင်းခါယမ်းလိုက်၏။

"ဒါနဲ့ သခင်လေးက ဝိညာဉ်စွမ်းအင်အကြောင်း ပြောလိုက်တယ်နော်..."

"ချန်ပေ့ ပြောတာ မှန်ပါတယ်။ ကျွန်တော်တို့ ဝိညာဉ်စွမ်းအင်လို့ ခေါ်တာက ခင်ဗျားပြောတဲ့ ကောင်းကင်နဲ့ မြေကြီး ပြောင်းလဲပြီးနောက်ပိုင်း ပေါ်ထွက်လာတဲ့ ထူးဆန်းတဲ့ စွမ်းအင်ပါပဲဗျ။ သူ့ရဲ့ မူလအစတွေက ကျယ်ပြန့်တယ်လေ..."

ထို့နောက် လုချင်းက ဝိညာဉ်စွမ်းအင်နှင့် ရှေးဟောင်း မသေမျိုးကျင့်ကြံခြင်းခေတ်ကာလအကြောင်း အချက်အလက်များကို အကျဉ်းချုပ် ရှင်းလင်းပြောပြလိုက်လေသည်။ ဝေ့ရှန်ဟိုင်ခင်မျာ တုန်လှုပ်ချောက်ချားစွာဖြင့် တိတ်ဆိတ်ငြိမ်သက်၍ နားထောင်နေမိသည်။

"ဝိညာဉ်စွမ်းအင် ပြန်ပြီးနိုးထလာတာ၊ မသေမျိုးကျင့်ကြံခြင်းလမ်းစဉ်က လောကမှာ ပြန်ပြီးပေါ်ပေါက်လာတာ.. ဒါဆိုရင် ဒီလောကမှာ မသေမျိုးကျင့်ကြံခြင်းလမ်းစဉ်က တကယ် ရှိခဲ့တာပေါ့"

အချိန်အတန်ကြာ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက်၌ ဝေ့ရှန်ဟိုင် ရေရွတ်လိုက်မိသည်။ မကြာသေးမီက ကောင်းကင်နှင့် မြေကြီးအကြား၌ ပေါ်ပေါက်လာသော ထိုထူးဆန်းသည့် စွမ်းအင်ကို သန့်စင်ရန် သူ ကြိုးစားခဲ့သော်လည်း ဝင်ပေါက်မရှာနိုင် ဖြစ်ခဲ့ရသည်မှာ အံ့သြဖွယ်ရာ မဟုတ်တော့ချေ။ ၎င်းသည် ရှေးခေတ် ကျင့်ကြံသူများသာ သန့်စင်နိုင်စွမ်းရှိသော ဝိညာဉ်စွမ်းအင် ဖြစ်နေသောကြောင့်ပင်တည်း။

"ဟုတ်တယ် ချန်ပေ့၊ ဟိုးအရင်တုန်းက ခင်ဗျား ရခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ဒယ်အိုးလေးက တကယ်တော့ လွန်ခဲ့တဲ့ မသေမျိုးကျင့်ကြံခြင်းခေတ်က ကျန်ရစ်ခဲ့တဲ့ ရတနာတစ်ခု ဖြစ်လောက်တယ်ဗျ။ အဲဒါက ပျက်စီးနေခဲ့တာမို့သာ အစပိုင်းမှာ သာမန်ကာလျှံကာနဲ့ မထင်မရှား ဖြစ်နေခဲ့တာလေ။ မကြာသေးခင်ကမှ တဖြည်းဖြည်း ကြီးထွားလာရတဲ့ အကြောင်းရင်းကတော့ ဝိညာဉ်စွမ်းအင် ပြန်ပြီးနိုးထလာလို့ပါဗျ။ အဲ့တာကြောင့် ဝိညာဉ်စွမ်းအင် အာဟာရကို ရပြီးတော့ ဖြည်းဖြည်းချင်း ပြန်ကောင်းလာနေတာလေ"

လုချင်းက ရှင်းပြလိုက်သည်။

"ဪ... သိပြီ"

ဝေ့ရှန်ဟိုင် ရုတ်ချည်း သဘောပေါက်သွားလေ၏။ ဒဏ္ဍာရီလာ မသေမျိုးရတနာတစ်ပါးသာလျှင် ထိုသို့သော အံ့ဖွယ်စွမ်းရည်များကို ပိုင်ဆိုင်နိုင်ပေလိမ့်မည်။

"ဒါပေမဲ့ ချန်ပေ့၊ အဲဒီဒယ်အိုး ပြန်ပြီးကောင်းမွန်လာတာက ခင်ဗျားရဲ့ ဝေ့မိသားစုအတွက် ကောင်းတဲ့ကိစ္စ ဖြစ်ချင်မှ ဖြစ်မှာဗျ"

လုချင်းက ဆက်လက် ပြောကြားလိုက်၏။

"ဟေ... ဘာကို ဆိုလိုတာလဲ"

ဝေ့ရှန်ဟိုင် နားမလည်နိုင် ဖြစ်သွားရသည်။

"ဘာလို့လဲဆိုတော့ ရတနာတွေမှာ ဝိညာဉ်တွေ ရှိတယ်၊ ပြီးတော့ အဲဒီဒယ်အိုးက အရမ်းထူးခြားတယ်။ အရွယ်အစားကို စိတ်တိုင်းကျ ပြောင်းလဲနိုင်ပြီး မသေမျိုးကျင့်ကြံခြင်းခေတ်မှာတောင် အရမ်းရှားပါးတဲ့ ဝိညာဉ်လက်နက်တစ်ခု ဖြစ်ခဲ့လောက်တယ်။ ရတနာရဲ့ စွမ်းအားကို ထိန်းချုပ်နိုင်တဲ့ ဝိညာဉ်တစ်ခု အဲဒီထဲမှာ ရှိတယ်။ အခု ဝိညာဉ်က အပြည့်အဝ ပြန်မကောင်းသေးပေမယ့် သူ့စွမ်းအား အပြည့်အဝ ပြန်ရလာတာနဲ့ ချုပ်နှောင်ခံထားရတာကို လိုလားမှာ မဟုတ်တော့ဘူး။ အဲဒီလို ဝိညာဉ်လက်နက်မျိုးရဲ့ အန္တရာယ်ကြောင့် ဝေ့အိမ်တော်တင်မကဘူး ခရိုင်တစ်ခုလုံးကိုတောင် ကပ်ဘေးသင့်စေနိုင်တယ်ဗျ"

လုချင်းသည် ချဲ့ကားပြောဆိုနေခြင်း မဟုတ်ပေ။ ရှေးဟောင်း ဝိညာဉ်လက်နက်များသည် အလွန် မာန်မာနကြီးမားကြပြီး အခြားသူများကို အလွယ်တကူ အရှုံးပေးလေ့ မရှိကြချေ။ လွန်ခဲ့သည့် မသေမျိုးကျင့်ကြံခြင်းခေတ်ကာလမှာပင် ဝိညာဉ်လက်နက်တစ်ခု၏ အသိအမှတ်ပြုမှုကို ရရှိနိုင်သူမှာ အလွန်ရှားပါးလှ၏။

လီဟော်ဒယ်အိုးကြီးထဲမှ ဝိညာဉ်သာ အပြည့်အဝ နိုးထလာပြီး ပြန်လည်ကောင်းမွန်လာပါက ထွက်ပြေးရန် ကြိုးစားမည်မှာ မြေကြီးလက်ခတ်မလွဲပင်။ ထိုအချိန်ရောက်လျှင် ၎င်း၏ စွမ်းအင်အနည်းငယ် ယိုစိမ့်ထွက်လာသည်နှင့် ဝေ့အိမ်တော်နှင့် ချန်းခရိုင်ရှိ လူများကို ကပ်ဘေးသင့်စေနိုင်လေ၏။

ဤသည်မှာ ကပ်ရောဂါဘူးသီးခြောက်နှင့် ကြုံတွေ့ပြီးနောက်မှ လုချင်း သဘောပေါက်လာခဲ့သော စိုးရိမ်ပူပန်မှုတစ်ခုပင်။ လီဟော်ဒယ်အိုးကြီးသည် မိစ္ဆာ ဝိညာဉ်လက်နက် မဟုတ်သော်လည်း ၎င်း၏ သက်တမ်းနှင့် စိတ်နေသဘောထားအရ သာမန်လူသားများကို များစွာ ဂရုစိုက်လိမ့်မည် မဟုတ်ချေ။

"ဒီလောက်တောင် လေးနက်တာလား။ ဒါဆို ငါတို့ ဘာလုပ်သင့်လဲ"

ဝေ့ရှန်ဟိုင် ထိတ်လန့်သွားပြီး အလျင်အမြန် မေးမြန်းလိုက်၏။ လုချင်းအနေဖြင့် သူ့ကို လိမ်လည်လှည့်ဖြားရန် မလိုအပ်သဖြင့် လိမ်ပြောနေသည်ဟု သူ မထင်မှတ်ပေ။

"အဲဒီလို အခြေအနေမျိုးကို ရှောင်ရှားဖို့ နည်းလမ်းနှစ်ခု ရှိတယ်။ ပထမတစ်ခုက ဒယ်အိုးကို မြေအောက်ခန်းထဲကနေ ရွှေ့ထုတ်လိုက်တာ"

"အဲဒါက မဖြစ်နိုင်ဘူးလို့ ထင်တယ်"

ဝေ့ရှန်ဟိုင် ခါးသီးစွာ ပြုံးလိုက်မိသည်။

"မကြာသေးခင် ရက်ပိုင်းအတွင်း ဝိညာဉ်စွမ်းအင် တိုးလာတာနဲ့အမျှ ဒယ်အိုးက အရင်ကထက် အဆများစွာ ကြီးထွားလာတာကို သခင်လေး သိချင်မှ သိမယ်။ အခုဆိုရင် မြေအောက်ခန်းကို သွားတဲ့ လမ်းကြောင်းထက် အများကြီး ပိုကြီးနေပြီ။ သူ့လက်ရှိ အလေးချိန်က အရမ်းများလွန်းလို့ ကျုပ်တောင် မနည်းရွှေ့ရတယ် ဆိုတော့ တခြားသူဆို ပြောမနေနဲ့တော့။ ကျုပ်တို့ အတူတူ မ နိုင်ရင်တောင် အပြင်ထုတ်လို့ ရမှာ မဟုတ်ဘူး"

"ဒါဆို ဒုတိယနည်းလမ်းက တစ်ခုတည်းသော ရွေးချယ်စရာပဲ"

လုချင်း ခေါင်းညိတ်လိုက်ပြီး အံ့သြပုံမရပေ။

"သူ့ကို သန့်စင်လိုက်ပါဗျ။ ဒယ်အိုးကို သန့်စင်ပြီး သခင်ကို အသိအမှတ်ပြုစေသရွေ့တော့ ထိန်းချုပ်မှုကနေ လွတ်သွားမှာ မဟုတ်တော့ဘူး"

"သန့်စင်ရမယ် ဟုတ်လား။ ဒါပေမဲ့ ရှေးဟောင်းရတနာတစ်ခုအနေနဲ့ သန့်စင်ဖို့ အရမ်းခက်ခဲမှာက သေချာပေါက်ပဲမလား"

ဝေ့ရှန်ဟိုင်သည် ဒယ်အိုး၏ လျှို့ဝှက်ချက်များကို ရှာဖွေရန် နှစ်များစွာအတွင်း မရေမတွက်နိုင်သော နည်းလမ်းများကို ကြိုးစားအားထုတ်ခဲ့ဖူးသည်။ သို့သော် ရလဒ်များမှာ သဲထဲရေသွန်သကဲ့သို့ အချည်းနှီး နီးပါးသာ ဖြစ်ခဲ့ရပါ၏။ ထို့အပြင် ဒယ်အိုးသည် မြေအောက်ခန်းအတွင်းမှ မီးဓာတ်သဘာဝ စွမ်းအင်ကို စုပ်ယူပြီး ပြောင်းလဲသွားချိန်မှစ၍ သူ၏ ဝိညာဉ်စွမ်းအားသည်လည်း ဒယ်အိုးအတွင်းသို့ မဝင်ရောက်နိုင်တော့ချေ။

မကြာသေးမီက ဝိညာဉ်စွမ်းအင် ပြန်လည်နိုးထလာပြီး ဒယ်အိုး ထပ်မံ ကျယ်ပြန့်လာသောအခါ၌ သူ၏ ဝိညာဉ်စွမ်းအားသည် ဒယ်အိုးအနီးသို့ပင် ကပ်မသွားရဲတော့ပေ။ သို့မဟုတ်ပါက မီးလောင်ကျွမ်းခံရပြီး သူ၏ စိတ်ဝိညာဉ်ကို ပြင်းထန်စွာ ထိခိုက်စေမည့် အန္တရာယ် ရှိနေလေသည်။

"ဟုတ်တယ်၊ ဒယ်အိုးက သူ့စွမ်းအားတချို့ ပြန်ရနေပြီလေ။ သူ့ကို သန့်စင်ဖို့ဆိုတာ သာမန်လူတွေ လုပ်နိုင်တဲ့ ကိစ္စမဟုတ်ဘူး။ အရမ်းအားကောင်းတဲ့ ဝိညာဉ်စွမ်းအား ရှိရမယ်၊ ပြီးတော့ ယဉ်ပါးလာအောင် ဖြည်းဖြည်းနဲ့ မှန်မှန် ချဉ်းကပ်တဲ့ သန့်စင်နည်းလမ်းကို သိထားရမယ်"

လုချင်းက ဖြည်းညှင်းစွာ ရှင်းပြလိုက်၏။

ဝေ့ရှန်ဟိုင် တွေးတောမိပြီး ကျောချမ်းသွားရသည်။ မကြာသေးမီက ဒယ်အိုး ပြောင်းလဲသွားကြောင်း အိမ်တော်မှ သတင်းရရှိသဖြင့် သူ တစ်ခေါက် ပြန်လာခဲ့ဖူးသည်။ ရလဒ်မှာမူ ဒယ်အိုးနှင့် ထိတွေ့လိုက်ရုံမျှဖြင့် သူ၏ ဝိညာဉ်စွမ်းအား မီးလောင်ကျွမ်းခံလိုက်ရပါ၏။ ပြန်လည်ကောင်းမွန်ရန် အနားယူပြီး ကုသရသည်မှာ ရက်အတော်ကြာခဲ့လေသည်။

ယခု လုချင်းက ဒယ်အိုးကို ဖြည်းဖြည်းချင်း သန့်စင်ရန် သူ၏ ဝိညာဉ်စွမ်းအားကို အသုံးပြုရမည်ဟု ပြောဆိုလာသောအခါ၌ သူ မစွမ်းဆောင်နိုင်မှန်း ဝေ့ရှန်ဟိုင် ချက်ချင်းပင် သိလိုက်ပါ၏။ သူ၏ ယခင်အတွေ့အကြုံအရ အတင်းအဓမ္မ သန့်စင်ပါက ၁၅ မိနစ်အတွင်း သူ၏ ဝိညာဉ်စွမ်းအား လောင်ကျွမ်းသွားပြီး သေဆုံးသွားလိမ့်မည်ပင်။

"သခင်လေး၊ ကျုပ် ဒယ်အိုးကို သန့်စင်ဖို့ စွမ်းအားမရှိမှာကို စိုးရိမ်မိတယ်"

ထို့ကြောင့် ဝေ့ရှန်ဟိုင်က ချက်ချင်းပင် ခေါင်းခါယမ်းလိုက်လေ၏။

"အဲဒါက ချန်ပေ့နဲ့ ဆွေးနွေးချင်တဲ့ ကိစ္စပါဗျ"

ကောင်းကျိုးဆိုးပြစ်များကို ရှင်းပြပြီးနောက် လုချင်း တဲ့တိုးပင် ပြောလိုက်တော့၏။

"ဝေ့ချန်ပေ့၊ ကျွန်တော် ခင်ဗျားနဲ့ သဘောတူညီချက်တစ်ခု လုပ်ချင်ပါတယ်။"

"ဒယ်အိုးကိစ္စလား"

ဝေ့ရှန်ဟိုင်လည်း ရုတ်ချည်းပင် နားလည်သဘောပေါက်သွား၏။

"ဟုတ်ပါတယ်ဗျ။ ရိုးရိုးသားသား ပြောရရင် ဒယ်အိုးကို ကျွန်တော်ကိုယ်တိုင် သန့်စင်ဖို့ ကြိုးစားချင်ပါတယ်။ ဒါပေမဲ့ သဘောတူညီချက်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ကျွန်တော် လျော်ကြေးပေးဖို့ ဆန္ဒရှိပါတယ်။ ခင်ဗျား သဘောတူရင်..."

လုချင်းက သူ၏ဝတ်ရုံအတွင်းသို့ လက်နှိုက်လိုက်ပြီး ပြန်ထုတ်လိုက်သောအခါ ကျောက်စိမ်းပုလင်းတစ်လုံးနှင့် ကျောက်စိမ်းပြားတစ်ချပ်ကို ကိုင်ဆောင်ထားသည်ကို တွေ့လိုက်ရ၏။

"ဝေ့ချန်ပေ့၊ ဒီပစ္စည်းနှစ်ခုက မကြာသေးခင်က ကျုံးကျိုး ခရီးစဉ်မှာ ကျွန်တော် ရရှိခဲ့တာပါဗျ။ ကျောက်စိမ်းပုလင်းထဲမှာ ကမ္ဘာ့မူလအစ ချီစွမ်းအင်တစ်မျှင် ပါဝင်ပါတယ်ဗျ။ ဒါက မြင့်မြတ်သောတောင်တော်မှာ တာအိုစည်းချက် ကိုးချက် ပဲ့တင်ထပ်ပြီး ကောင်းကင်နဲ့ မြေကြီးရဲ့ နိယာမတွေ ပထမဆုံး တည်ဆောက်ချိန်မှာ ကျရောက်လာတဲ့ ကြီးမားတဲ့ အခွင့်အရေးပါ။ ဒီကမ္ဘာ့မူလအစ ချီစွမ်းအင်က စကြဝဠာကို ပြန်ပြီးဖန်တီးပေးတဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ ဖန်ဆင်းရှင်စွမ်းအားကို အသုံးချနိုင်ပါတယ်ဗျ။

အရည်အချင်း အရှိဆုံး သာမန်လူတစ်ယောက်တောင် ဒါကို ခန္ဓာကိုယ်ထဲ ပေါင်းစပ်လိုက်ရင် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်၊ ကျင့်ကြံခြင်း ပါရမီရှင်တစ်ယောက်အဖြစ် ပြောင်းလဲသွားနိုင်ပါတယ်ဗျ။ ကျောက်စိမ်းပြားထဲမှာကတော့ ပြီးပြည့်စုံတဲ့ မသေမျိုးကျင့်စဉ်တစ်ခု ပါဝင်ပါတယ်။ အမြင့်ဆုံးအဆင့်ကတော့ ရွှေအမြုတေအဆင့်ကိုတောင် ရောက်စေတယ်လေ။ သန္ဓေသားဝိညာဉ်အဆင့်ကိုတောင် တက်လှမ်းလို့ရနိုင်ပါတယ်ဗျ။ ကျွန်တော် ဒီပစ္စည်းနှစ်ခုကို အဲဒီဒယ်အိုးနဲ့ လဲလှယ်ချင်ပါတယ်"

"ကမ္ဘာ့မူလအစ ချီစွမ်းအင်၊ မသေမျိုးကျင့်စဉ်..."

လုချင်းက ပစ္စည်းများကို ဖော်ပြပြီးသောအခါ၌ ဝေ့ရှန်ဟိုင်ခင်မျာ ကြောင်အမ်းအမ်း ဖြစ်သွားရသည်။ ဤပစ္စည်းနှစ်ခုစလုံးသည် သူ့အတွက် စိတ်ကူးပင် မယဉ်နိုင်လောက်သော ရတနာများ ဖြစ်နေလေ၏။ ကမ္ဘာ့မူလအစ ချီစွမ်းအင် ဆိုသည်မှာ နာမည်ကြားရုံမျှဖြင့် ယုံကြည်နိုင်ဖွယ်ရာမရှိသော အခွင့်အရေးနှင့် ရတနာတစ်ပါး ဖြစ်ကြောင်း ထင်ရှားနေပြီပင်။

မသေမျိုးကျင့်စဉ်ကမူ ဝေ့ရှန်ဟိုင်၏ နှလုံးခုန်သံကို မြန်ဆန်သွားစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် လုချင်း၏ အစောပိုင်းစကားများအရ ကောင်းကင်နှင့် မြေကြီး ပြောင်းလဲမှုများက ဝိညာဉ်စွမ်းအင်ကို ပြန်လည်နိုးထစေပြီး မသေမျိုးလမ်းစဉ်က မကြာမီ ပြန်လည်ပေါ်ထွန်းလာတော့မည် ဖြစ်သောကြောင့်ပင်။ သူသာ မသေမျိုးကျင့်စဉ် တစ်ခု ရရှိပြီး မသေမျိုးကျင့်ကြံခြင်း လမ်းစဉ်ပေါ် လျှောက်လှမ်းနိုင်ပါက မသေမျိုး မဖြစ်လျှင်တောင် အနည်းဆုံးတော့ သူ၏ သက်တမ်းကို များစွာ တိုးချဲ့နိုင်ပြီး နောက်ထပ် ရာစုနှစ်အနည်းငယ် လွတ်လပ်စွာ နေထိုင်နိုင်ပေလိမ့်မည်။

ဤဖြစ်နိုင်ချေများကို တွေးတောမိပြီးနောက်၌ ဝေ့ရှန်ဟိုင်၏ အသက်ရှူသံများ မြန်ဆန်လာတော့၏။ သူ အတော်အတန် ပြန်လည်တည်ငြိမ်လာသည်အထိ လုချင်းလက်ထဲမှ ပစ္စည်းများကို အချိန်အကြာကြီး ငေးမောကြည့်ရှုနေမိလေသည်။

"သခင်လေးလု၊ မင်း တကယ်ပဲ ကျုပ်ကို ငြင်းပယ်လို့မရတဲ့ ဆွဲဆောင်မှုတစ်ခုနဲ့ ကမ်းလှမ်းလိုက်တာပဲ"

ခါးသီးသော အပြုံးဖြင့် သူ ပြောလိုက်လေ၏။

"ဒါဆိုရင် ချန်ပေ့၊ သဘောတူညီချက်ကို လက်ခံလားဗျ"

လုချင်းက ပြုံးရွှင်စွာ မေးမြန်းလိုက်သည်။

"လက်ခံပါတယ်၊ လက်ခံပါတယ်ကွာ"

ဝေ့ရှန်ဟိုင်ကလည်း တုံ့ဆိုင်းနေခြင်း မရှိဘဲ ခေါင်းညိတ်လိုက်၏။

"ကျုပ် အဲဒီဒယ်အိုးကို ရထားတာ ရာစုနှစ်တစ်ခုနီးပါး ရှိပြီ၊ ဒါပေမဲ့ သူ့လျှို့ဝှက်ချက်တွေကို ဘယ်တော့မှ မဖော်ထုတ်နိုင်ခဲ့ဘူး။ နှစ်တွေကြာလာတာနဲ့အမျှ ကျုပ်တို့ ကျင့်ကြံခြင်းကို အထောက်အကူပြုတဲ့ ဒယ်အိုးပေါ်က ထူးဆန်းတဲ့ အရှိန်အဝါကလွဲရင် တခြားအကျိုးကျေးဇူး သိပ်မရခဲ့ပါဘူး။ အဲဒီလိုဖြစ်နေမှတော့ ကြီးမားတဲ့ အခွင့်အရေးနှစ်ခုနဲ့ လဲလှယ်တာက သဘာဝကျကျပဲ ကောင်းမွန်တဲ့ သဘောတူညီချက်ပါကွာ"

ပို၍ အရေးကြီးသည်မှာ ပြီးခဲ့သည့်အကြိမ် ဒယ်အိုးကြောင့် သူ၏ ဝိညာဉ်စွမ်းအား မီးလောင်ကျွမ်းခံလိုက်ရချိန်မှစ၍ ဝေ့ရှန်ဟိုင်သည် ဒယ်အိုးအတွင်း၌ ဖုံးကွယ်နေသော အန္တရာယ်ကို ခံစားနေခဲ့ရပါ၏။ ဒယ်အိုးသည် ကောင်းကင်နှင့် မြေကြီး၏ ဓာတ်သဘာဝစွမ်းအင်ကို အများအပြား စုပ်ယူထားပြီး တကယ်လို့များ ပေါက်ကွဲထွက်သွားခဲ့ပါက ကြောက်မက်ဖွယ်ကောင်းသော အကျိုးဆက်များကို သူ စိတ်ကူးကြည့်၍ပင် မရနိုင်ချေ။ သို့သော် လုချင်းသာ ဒီကိစ္စကို ဖြေရှင်းနိုင်ပါက ဝေ့မိသားစုအတွက် ကြီးမားသော အကျိုးကျေးဇူး ဖြစ်ထွန်းစေလိမ့်မည်ဟု သူ အပြည့်အဝ ယုံကြည်ထားလေသည်။

"ဒါဆိုရင် ချန်ပေ့၊ ဒီပစ္စည်းနှစ်ခုက ခင်ဗျားအပိုင်ပါ"

လုချင်း ပြုံးလိုက်ပြီး ပစ္စည်းများကို ဝေ့ရှန်ဟိုင်ထံ ပေးအပ်လိုက်လေ၏။

ဝေ့ရှန်ဟိုင်က စစ်ဆေးကြည့်ရှုခြင်း မပြုဘဲ လက်ခံလိုက်ပြီး "သခင်လေးလု၊ ကျုပ်နောက် လိုက်ခဲ့ပါ။ ရိုးရိုးသားသား ပြောရရင် ဒီရက်ပိုင်း ဒယ်အိုးဆီက ထွက်လာတဲ့ စွမ်းအားက ကျုပ်အတွက်တောင် ထိတ်လန့်စရာ ဖြစ်နေတယ်လေ။ ဒီဖုံးကွယ်နေတဲ့ အန္တရာယ်ကို အမြန်ဆုံး ဖြေရှင်းနိုင်ရင် ကျုပ်လည်း နောက်ဆုံးတော့ စိတ်အေးရပြီပေါ့"

"ပစ္စည်းတွေကို အရင် မစစ်ဆေးဘူးလား ချန်ပေ့"

လုချင်း မျက်ခုံးပင့်လိုက်၏။

"ဟားဟား... မင်းကတော့ နောက်နေတာ ဖြစ်ရမယ် သခင်လေးလုရယ်။ ကျုပ်အသက်နဲ့ ဝေ့မိသားစုတစ်ခုလုံးရဲ့ အသက်တွေကို မင်းနဲ့ သမားတော်ကြီးချန်က ကယ်ခဲ့တာလေ။ တကယ်တော့ ကျုပ်တို့ဝေ့မိသားစုအပေါ် မင်းတို့ ကူညီပေးခဲ့တဲ့ ကျေးဇူးတရားကို ထည့်စဉ်းစားရင် လျော်ကြေးမပါဘဲနဲ့တောင် ဒယ်အိုးကို ယူသွားသင့်တာ။ ဒီပစ္စည်းနှစ်ခုကို လက်ခံလိုက်တာက ကျုပ် လောဘကြီးပြီး အရှက်မရှိရာတောင် ကျနေပါပြီကွာ"

ဝေ့ရှန်ဟိုင်က အနည်းငယ် ရှက်ရွံ့စွာဖြင့် ပြန်လည်ဖြေကြားလိုက်၏။

"အဲဒီလောက် မရိုးရှင်းပါဘူးဗျ။ ရှေးဟောင်းရတနာတွေက ရဖို့ကခက်တယ်လေ။ အပြန်အလှန် တစ်ခုခု မပေးဘဲ ဒယ်အိုးကို ယူလိုက်ရင် ကျွန်တော်လည်း စိတ်သန့်မှာ မဟုတ်ဘူး"

လုချင်း ခေါင်းခါယမ်းလိုက်၏။ လီဟော်ဒယ်အိုးကြီးက တကယ်တမ်း မည်မျှ အဖိုးတန်ကြောင်းကို သူတစ်ဦးတည်းသာ သိရှိသည်။ အဆင့်မြင့် ဝိညာဉ်လက်နက်တစ်ခု ဖြစ်ရုံသာမက ရှေးဟောင်း လီဟော်ဂိုဏ်း၏ အမွေအနှစ် အများအပြားလည်း ပါဝင်နေလေသည်။ သူ၏ လက်ရှိ အောင်မြင်မှုများ၏ ထက်ဝက်ခန့်သည် လီဟော်ဒယ်အိုးကြီးထံမှ ရရှိခဲ့သော အမွေအနှစ်ကြောင့်ဟု ပြောဆိုလျှင် ချဲ့ကားရာ ရောက်မည် မဟုတ်ပေ။ ထို့ကြောင့် ခံစားချက်အရရော အကြောင်းပြချက်အရပါ ဝေ့မိသားစုသည် လျော်ကြေးရသင့်ကြောင်း လုချင်း ခံစားမိလေ၏။

၁၅ မိနစ် ကြာမြင့်ပြီးနောက်တွင် လုချင်းနှင့် သမားတော်ကြီးသည် ဝေ့ရှန်ဟိုင်၏ နောက်သို့ လိုက်ပါလာကာ ဝေ့အိမ်တော်၏ မြေအောက်ခန်းသို့ ဝင်ရောက်လာကြတော့သည်။ ဤမြေအောက်ခန်းသို့ ပြန်လည်ရောက်ရှိချိန်၌ လုချင်းနှင့် သမားတော်ကြီးသည် သိသာထင်ရှားသော ပြောင်းလဲမှုများကို သတိပြုမိကြလေ၏။

အပူချိန်မှာ ပြီးခဲ့သည့်အကြိမ် သူတို့ ရောက်ရှိခဲ့စဉ်ကထက် ပိုမို ပူပြင်းလာရုံသာမက အတွင်းပိုင်းရှိ မီးဓာတ်သဘာဝ စွမ်းအင်ကလည်း ပိုမို၍ ပြင်းထန်လာသည်။ အထူးသဖြင့် ၇ ဆ၊ ၈ ဆခန့် ပိုမိုကြီးမားလာပြီး အခန်းမျက်နှာကြက်နှင့် ထိလုနီးပါး ဖြစ်နေသော လီဟော်ဒယ်အိုးကြီးကြောင့်ပင်။

"သခင်လေးလု၊ သမားတော်ကြီးချန်... ဒယ်အိုးရဲ့ ပြင်းထန်တဲ့ ပြောင်းလဲမှုတွေကို မင်းတို့ မြင်နိုင်ပါတယ်။ မင်းတို့သာ ပြန်မရောက်လာရင် ကြီးမားတဲ့ ကပ်ဘေးတစ်ခုတောင် ဖြစ်သွားနိုင်တယ်လေ"

ဒယ်အိုး၏ စွမ်းအားကို အာရုံခံမိပြီး အနည်းငယ် ကြောက်ရွံ့နေသော ဝေ့ရှန်ဟိုင်က ပြောလိုက်၏။ သူ နောက်ဆုံး ထွက်ခွာသွားပြီးကတည်းက ဒယ်အိုးသည် သိသိသာသာ ပိုမိုကြီးမားလာပြီး ၎င်း၏ အရှိန်အဝါကလည်း ပိုမို၍ပင် ကြောက်မက်ဖွယ် ကောင်းလာခဲ့လေသည်။

"စိတ်ပူစရာ မလိုပါဘူး၊ ကျွန်တော် သူ့ကို သန့်စင်ဖို့ ကြိုးစားကြည့်ပါ့မယ်"

လုချင်းလည်း လီဟော်ဒယ်အိုးကြီး၏ ပြောင်းလဲမှုများကြောင့် အံ့သြသွားရသည်။ ဤမီးဓာတ်သဘာဝ အခန်းအတွင်း၌ ဒယ်အိုး ပြန်လည်ကောင်းမွန်လာမှုမှာ သူ မျှော်လင့်ထားသည်ထက် ပိုမို မြန်ဆန်နေပုံရပါ၏။ သူ ချက်ချင်းပင် တင်ပလ္လင်ခွေထိုင်လိုက်ပြီး စိတ်ကို စုစည်းလိုက်သည်။ နောက်တစ်ခဏတွင်တော့ သူ၏ ဝိညာဉ်စွမ်းအားက မျက်ခုံးနှစ်ခုကြားမှ ထွက်ပေါ်လာပြီး လီဟော်ဒယ်အိုးကြီးဆီသို့ ဦးတည်သွားလေတော့သည်။

လုချင်းထံမှ ထွက်ပေါ်လာသော ဝိညာဉ်စွမ်းအားကို အာရုံခံမိသောအခါ၌ ဝေ့ရှန်ဟိုင်လည်း တုန်လှုပ်သွားရသည်။ လုချင်း၏ ဝိညာဉ်စွမ်းအားက ယုံကြည်နိုင်စရာမရှိလောက်အောင် အားကောင်းလှပါ၏။ သူနှင့် နှိုင်းယှဉ်လိုက်လျှင် ဝေ့ရှန်ဟိုင်၏ ဝိညာဉ်စွမ်းအားမှာ ရေကန်ကြီးဘေးမှ ရေစည်ပိုင်းလေးပမာသာ ဖြစ်နေပြီး လုံးဝ ယှဉ်ပြိုင်နိုင်ခြင်း မရှိပေ။

"သခင်လေးလုက ဒယ်အိုးကို သန့်စင်ဖို့ ယုံကြည်ချက်ရှိနေတာ အံ့သြစရာ မဟုတ်တော့ဘူး။ သူ့ဝိညာဉ်စွမ်းအားက ဒီလောက်တောင် အားကောင်းတာ... သူက မွေးရာပါနယ်ပယ်ထဲကို အခုမှ ဝင်ရောက်တာကကော တကယ်ပဲလား"

ဝေ့ရှန်ဟိုင်မှာ အဆုံးမဲ့ အံ့သြမှုများနှင့်သာ ပြည့်နှက်နေမိရှာ၏။

တစ်ချိန်တည်းမှာပင် လုချင်း ဒယ်အိုးကို သန့်စင်နိုင်စွမ်းအပေါ် သူ၏ ယုံကြည်မှု သိသိသာသာ တိုးပွားလာတော့သည်။ လုချင်းလောက် အားကောင်းသူပင် ဒယ်အိုးကို မသန့်စင်နိုင်လျှင် အခြား မည်သူမျှ စွမ်းဆောင်နိုင်မည် မဟုတ်ဟု တွေးတောမိပါ၏။

သို့သော် ဝေ့ရှန်ဟိုင် မမျှော်လင့်ထားသည်မှာ သူ မျှော်လင့်ချက်ကြီးကြီး ထားရှိသော လုချင်းသည် အခက်အခဲတချို့နှင့် ကြုံတွေ့နေရခြင်းပင်။

မျက်ခုံးနှစ်ခုကြားမှ သူ၏ ဝိညာဉ်စွမ်းအား ထွက်ပေါ်လာသည်နှင့် လုချင်းသည် သူ၏ ရင်ထဲမှ အပူလှိုင်းတစ်ခုကို ခံစားလိုက်ရသည်။ အခန်းအတွင်းရှိ သိပ်သည်းသော မီးဓာတ်သဘာဝ စွမ်းအင်သည် သူ၏ ဝိညာဉ်စွမ်းအားကို လောင်ကျွမ်းပစ်ချင်နေပုံရ၏။

အထူးသဖြင့် လီဟော်ဒယ်အိုးကြီးမှ ထွက်ပေါ်နေသော မီးစွမ်းအားသည် သူ၏ ဝိညာဉ်စွမ်းအားကို လုံးဝ ပြာချပစ်ချင်နေသကဲ့သို့ ရှိနေလေသည်။

ကံကောင်းသည်မှာ လုချင်း မိုးကြိုးအတိဒုက္ခကို ဖြတ်ကျော်ခဲ့စဉ်က သူ၏ ဝိညာဉ်စွမ်းအားသည် ယင်ဓာတ်မှ ယန်ဓာတ်သို့ အရည်အသွေး ပြောင်းလဲသွားပြီး ယန်အဆင့်သို့ ရောက်ရှိခဲ့ခြင်းပင်။ ဤအပူချိန်က သူ၏ ဝိညာဉ်စွမ်းအားကို ထိခိုက်မှုကြီးကြီးမားမား မဖြစ်စေနိုင်ပါချေ။ ထို့ပြင် သူက အတွေးများကို လှည့်ပတ်ပြီး လီဟော်ဂိုဏ်းမှ လက်ဆင့်ကမ်းလာခဲ့သည့် ထူးခြားသော သန့်စင်နည်းလမ်းကို အသုံးပြုလိုက်သည့်အခါ၌ လီဟော်ဒယ်အိုးကြီး၏ ကနဦး ခုခံမှု ပျောက်ကွယ်သွားပြီး သူ၏ ဝိညာဉ်စွမ်းအားကလည်း အလွယ်တကူပင် ထိုးဖောက်ဝင်ရောက်သွားနိုင်ခဲ့တော့လေသည်။

သို့သော် လုချင်း စိတ်သက်သာရာ ရလုနီးပါးအချိန်၊ သူ၏ ဝိညာဉ်စွမ်းအား ဒယ်အိုးထဲ ဝင်ရောက်သွားရုံ ရှိသေးချိန်တွင် ခမ်းနားထည်ဝါသော အသံတစ်ခုက သူ၏ စိတ်ထဲ၌ မိုးချုန်းသံကဲ့သို့ မြည်ဟီးလာလေတော့၏။

"ငါ့ပိုင်နက်ထဲကို ဘယ်သူကများ ကျူးကျော်လာရဲတာလဲကွ..."

...

အခန်း ၃၂၆ - လီဟော်ဒယ်အိုးကြီး၏ ဝိညာဉ်၊ ဝိညာဉ်ကတိသစ္စာနှင့် သဘောတူညီချက် သုံးရပ်

"ငါ့ပိုင်နက်ထဲကို ဘယ်သူကများ လာပြီးကျူးကျော်ရဲတာလဲကွ"

အာဏာစက်ပြင်းထန်လှသည့် အသံတစ်ခု ထွက်ပေါ်လာပြီးနောက် ဒယ်အိုးကြီး၏ အနက်ရှိုင်းဆုံးနေရာမှ ပြင်းထန်သော အပူလှိုင်းတစ်ခု လှိမ့်ဝင်လာကာ လုချင်း၏ ဝိညာဉ်ပုံရိပ်ကို လောင်ကျွမ်းပစ်ရန် ရည်ရွယ်ထားလေသည်။

"လီဟော်ဒယ်အိုးကြီးရဲ့ ဝိညာဉ်က ဒီအဆင့်ထိတောင် ပြန်ကောင်းလာပြီပဲ"

လုချင်း အနည်းငယ် အံ့သြသွားသော်လည်း တည်ငြိမ်နေဆဲပင် ဖြစ်သည်။ သူသည် စိတ်အာရုံတစ်ချက်လှုပ်ရှားလိုက်ရုံဖြင့် ထိုပြင်းထန်သော အပူလှိုင်းများကို လွယ်ကူစွာပင် ကွယ်ပျောက်သွားစေလိုက်၏။

"ဟမ်... မီးထိန်းချုပ်သိုင်းပါလား။ မင်းက ဘယ်သူလဲ ကောင်လေး။ လီဟော်ဂိုဏ်းရဲ့ မီးထိန်းချုပ်သိုင်းကို မင်းက ဘယ်လိုလုပ်ပြီး တတ်နေတာလဲ"

လုချင်းက ဒယ်အိုးကြီး၏ မီးတောက်ဖြင့် တိုက်ခိုက်မှုကို လွယ်ကူစွာ ဖြေရှင်းလိုက်သည်ကို မြင်သောအခါ ထိုအာဏာစက်ပြင်းသော အသံပိုင်ရှင်မှာ လွန်စွာ အံ့အားသင့်သွားလေ၏။ ပို၍ ထိတ်လန့်စရာကောင်းသည်မှာ လုချင်းအသုံးပြုလိုက်သည့် နည်းလမ်းသည် လီဟော်ဂိုဏ်း၏ လျှို့ဝှက် မီးထိန်းချုပ်သိုင်း ဖြစ်နေခြင်းပင်။

"လီဟော်ဂိုဏ်းရဲ့ ဆက်ခံသူ လုချင်းက ယန်ချန်‌ပေ့ကို ဂါရဝပြုပါတယ်"

လုချင်းက လေးလေးစားစားဖြင့် သူ့၏စိတ်အာရုံမှတစ်ဆင့် ဆက်သွယ်ပြောကြားလိုက်သည်။

"လီဟော်ဂိုဏ်းရဲ့ ဆက်ခံသူ ဟုတ်လား။ မင်းကိုယ်မင်း လီဟော်ဂိုဏ်းရဲ့ ဆက်ခံသူလို့ ပြောလိုက်တာလား"

ထိုအသံမှာ တုန်ရီသွားပြီးနောက်၌ လုချင်း၏ ရှေ့မှောက်တွင် ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာလေသည်။

ထိုပုံရိပ်သည် မီးတောက်များဖြင့် ဖွဲ့စည်းထားပြီး အရပ်ရှည်ကာ ခန့်ညားထည်ဝါသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးပုံစံ ဖြစ်၏။ သူ၏ နဖူးပေါ်တွင် ဦးချိုတစ်စုံလည်း ပါရှိလေသည်။

"ကောင်လေး... မင်းက လီဟော်ဂိုဏ်းရဲ့ ဆက်ခံသူလို့ ပြောတယ်နော်။ သက်သေပြစရာ တစ်ခုခုများ ရှိလား"

လူလတ်ပိုင်းအရွယ် အမျိုးသား၏ အကြည့်များက လုချင်းအပေါ် ကျရောက်လာရာ လုချင်း၏ ဝိညာဉ်ကို ထိုးဖောက်လောင်ကျွမ်းတော့မည့်အလား ပြင်းထန်သော အပူချိန်ကို ခံစားလိုက်ရသည်။ သို့သော် လုချင်းက စိတ်အာရုံတစ်ချက်ဖြင့်ပင် ထိုအပူရှိန်ကို ချက်ချင်း ဖယ်ရှားပစ်လိုက်ပါ၏။

ဤမြင်ကွင်းက လူလတ်ပိုင်းအရွယ် အမျိုးသားကို ပို၍သေချာသွားစေခဲ့သည်။ "ဒါက တကယ်ပဲ မီးထိန်းချုပ်သိုင်းပဲ။ ကောင်လေး... မင်း ဒီပညာရပ်ကို ဘယ်ကနေ ခိုးလာတာလဲ။ အမှန်အတိုင်း ပြောစမ်း"

စကားဆုံးသည်နှင့် သူ၏နောက်ကျောဘက်မှ အဆုံးအစမဲ့သော မီးတောက်များ ပေါက်ကွဲထွက်လာပြီး ကြီးမားသော စွမ်းအားဖြင့် လုချင်းကို ဖိနှိပ်လိုက်လေသည်။

သို့သော် လုချင်း၏ မျက်နှာထားကမူ ပြောင်းလဲသွားခြင်း မရှိပေ။ "ယန်ချန်ပေ့... ကျွန်တော့်ကို ပုံရိပ်ယောင်တွေနဲ့ ခြိမ်းခြောက်ဖို့ မလိုပါဘူး။ ကျွန်တော် ပြောတာတွေက အမှန်တရားတွေချည်းပါပဲ"

"အဓိပ္ပာယ်မရှိတာ... လီဟော်ဂိုဏ်း ပျက်စီးသွားတာဖြင့် နှစ်ပေါင်းသောင်းချီတောင် ကြာလှပြီ။ ဆက်ခံသူဆိုတာ ဘယ်လိုလုပ် ပြီး ရှိနေဦးမှာလဲ။ မင်း ဒီမီးထိန်းချုပ်သိုင်းကို တစ်နေရာရာကနေ ခိုးလာတာပဲ ဖြစ်ရမယ်။ အခုချက်ချင်း ပြောစမ်း... မပြောရင် ငါ့ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့နော်။ မင်းရဲ့ ဝိညာဉ်ရော ရုပ်ခန္ဓာကိုပါ တစ်ပါတည်း လောင်ကျွမ်းပစ်လိုက်မယ်"

လူလတ်ပိုင်းအရွယ် အမျိုးသားက ခြိမ်းခြောက်သည့် လေသံဖြင့် ပြောဆိုလိုက်သည်။

"မီးထိန်းချုပ်သိုင်းကို ခိုးယူလို့ ရကောင်းရနိုင်ပေမဲ့... ဒါကိုရော ခိုးလို့ရပါ့မလား"

လုချင်းက စိတ်အာရုံတစ်ချက် လွှတ်လိုက်ရာ ဝိညာဉ်စွမ်းအင်လှိုင်းတစ်ခုသည် ဒယ်အိုးကြီး၏ အတွင်းပိုင်းနေရာလပ်တစ်ခုလုံးသို့ ပျံ့နှံ့သွားတော့လေ၏။

နောက်တစ်ခဏတွင်တော့ လူလတ်ပိုင်းအရွယ် အမျိုးသား၏ နောက်ကျောဘက်မှ အဆုံးအစမဲ့သော မီးတောက်များသည် ချက်ချင်းပင် ကွယ်ပျောက်သွားပြီး မီးပွားလေးတစ်ပွင့်မျှပင် မကျန်တော့ပေ။

"လီဟော်ဒယ်အိုးကြီးရဲ့ ထိန်းချုပ်ခြင်း နည်းစနစ်ပါလား"

လူလတ်ပိုင်းအရွယ် အမျိုးသား၏ မျက်နှာထားကက ရုတ်ချည်း ပြောင်းလဲသွားလေသည်။

"မဖြစ်နိုင်ဘူး... မင်းက လီဟော်ဒယ်အိုးကြီးရဲ့ ထိန်းချုပ်ခြင်းနည်းစနစ်ကို ဘယ်လိုလုပ် သိနေတာလဲ"

"ကျွန်တော်က ယန်ချန်ပေ့ဆီကနေ သင်ယူခဲ့တာပါလို့ ပြောရင်ရော ချန်ပေ့ကကော ယုံမလား" လုချင်းက လျှို့ဝှက်ဆန်းကြယ်စွာ ပြန်ဖြေလိုက်သည်။

"ကောင်လေး... မင်း ငါ့ကို လာခြောက်နေတာလား" လူလတ်ပိုင်းအရွယ် အမျိုးသား၏ မျက်လုံးများတွင် အငြိုးအတေးများ တောက်ပလာသည်။ "လီဟော်ဒယ်အိုးကြီးရဲ့ ထိန်းချုပ်နည်း နည်းနည်းပါးပါး သိရုံနဲ့ ငါ့ကို လာမလှည့်စားနဲ့။ မမေ့နဲ့နော်... ဒီနေရာက ငါ့ကမ္ဘာပဲ"

စကားဆုံးသည်နှင့် ကွယ်ပျောက်သွားသော မီးတောက်များ ပြန်လည်ပေါ်လာပြီး ယခင်ကထက်ပင် ပိုမို ကြမ်းတမ်းလာလေသည်။

သို့သော် နောက်တစ်ခဏ၌ လုချင်း၏ ဝိညာဉ်စွမ်းအင်များ ဖြန့်ကျက်လိုက်သည်နှင့် မီးတောက်များမှာ နောက်တစ်ကြိမ် ထပ်မံ ပျောက်ကွယ်သွားပြန်၏။

ထို့အပြင် လူလတ်ပိုင်းအရွယ် အမျိုးသားသည် သူ့အား ချုပ်နှောင်ထားသည့် အားကောင်းသော စွမ်းအားတစ်ခုကို ခံစားလိုက်ရပြီး ဖိအားများကလည်း တစ်ရှိန်ထိုး တိုးလာလေသည်။

ထိုအခါ၌ လူလတ်ပိုင်းအရွယ် အမျိုးသား၏ မျက်နှာထားက တည်သွားလေ၏။ သူ၏ ရှေ့မှောက်ရှိ ကောင်လေးသည် ထိန်းချုပ်နည်းကို နည်းနည်းပါးပါး သိရုံတင်မဟုတ်ဘဲ လီဟော်ဒယ်အိုးကြီးကို ထိန်းချုပ်သည့် အပြည့်စုံဆုံ နည်းလမ်းကိုပါ တတ်မြောက်ထားမှန်း သူ နောက်ဆုံးတွင် သဘောပေါက်သွားလေတော့သည်။

ထိုသို့မဟုတ်ပါက ဒယ်အိုးကြီး၏ ဝိညာဉ်ဖြစ်သော သူ့ကို ဒယ်အိုးကြီး၏ စွမ်းအားသုံးပြီး ပြန်လည် ချုပ်နှောင်ရန် မည်သို့မျှ မဖြစ်နိုင်ပေ။

သို့သော် မည်သို့ ဖြစ်နိုင်မည်နည်း။ လီဟော်ဒယ်အိုးကြီး၏ ထိန်းချုပ်နည်းသည် လီဟော်ဂိုဏ်း၏ အမြင့်ဆုံး လျှို့ဝှက်ချက်များအနက်မှ တစ်ခုပင်ဖြစ်သည်။ ဂိုဏ်းချုပ်နှင့် အကြီးအကဲ အနည်းငယ်မျှသာ သင်ယူခွင့် ရှိပါ၏။

ထို့ပြင် လွန်ခဲ့သော နှစ်ပေါင်းသောင်းချီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြီးတွင် လီဟော်ဂိုဏ်းသည် ပျက်စီးသွားခဲ့လေပြီပင်။ ထွက်ပြေးလွတ်မြောက်သွားသော တပည့်အချို့မှလွဲ၍ ကျန်သူအားလုံး သေဆုံးကုန်ကြပြီဖြစ်သည်။

ဂိုဏ်းချုပ်နှင့် အကြီးအကဲများပင်လျှင် ထိုတိုက်ပွဲ၌ ကျဆုံးခဲ့ကြခြင်းဖြစ်၏။

တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူမှာ လီဟော်ဒယ်အိုးကြီးကို ယူဆောင်၍ လျှို့ဝှက်နေရာတစ်ခုဆီသို့ ထွက်ပြေးသွားသော ဂိုဏ်းချုပ်လေးပင် ဖြစ်သည်။

သို့သော် နောက်ပိုင်း၌ ဂိုဏ်းချုပ်လေးသည်လည်း ထိုလျှို့ဝှက်နေရာ၌ပင် ကွယ်လွန်သွားခဲ့သောကြောင့် လီဟော်ဒယ်အိုးကြီး၏ ထိန်းချုပ်နည်းသည် လုံးဝ ပျောက်ဆုံးသွားခဲ့ပြီဟုပင် ဆိုရမည်ဖြစ်၏။

လူလတ်ပိုင်းအရွယ် အမျိုးသားသည် ဤအရာ မည်သို့ ဖြစ်နိုင်သည်ကို စဉ်းစား၍ မရနိုင်တော့သဖြင့် လုချင်းကို ပြန်ကြည့်လိုက်သည်။

"ကောင်လေး... ရပ်လိုက်တော့။ မင်းက လီဟော်ဂိုဏ်းရဲ့ ဆက်ခံသူဆိုတာ ငါယုံပါပြီ။ ဒီဒယ်အိုးကြီးထဲက စွမ်းအားတွေက သိပ်များတာ မဟုတ်ဘူး။ ဒါတွေက နှစ်တွေအကြာကြီး ငါကြိုးစား စုဆောင်းထားရတာ။ ဒီလိုမျိုး အလဟဿ အဖြစ်မခံနိုင်ဘူး"

လုချင်းက စိတ်အာရုံကို အနည်းငယ် လျှော့ချလိုက်ပြီး လူလတ်ပိုင်းအရွယ် အမျိုးသားအပေါ် သက်ရောက်နေသည့် ချုပ်နှောင်အားကို ဖြေလျှော့ပေးလိုက်၏။

"ကျွန်တော့်ကို ခွင့်လွှတ်ပါ ယန်ချန်ပေ့။ ချန်ပေ့က စိတ်လှုပ်ရှားလွန်းနေတော့ ကျွန်တော်လည်း မတတ်သာဘဲ ကန့်သတ်ချက်တွေကို အသက်သွင်းပြီး ချန်ပေ့ကို ပြစ်မှားမိသလို ဖြစ်သွားပါတယ်ဗျ"

လူလတ်ပိုင်းအရွယ် အမျိုးသား၏ မျက်လုံးထဲတွင် မကျေနပ်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ ဤသည်ကား ဒယ်အိုးဝိညာဉ် ဖြစ်ရခြင်း၏ ဝမ်းနည်းဖွယ်ရာပင် ဖြစ်ပေသည်။

လီဟော်ဂိုဏ်း၏ ရတနာတစ်ခုအနေဖြင့် ဒယ်အိုးကြီးကို ဖန်တီးစဉ်ကတည်းက လက်ဆင့်ကမ်းရာတွင် အပြည့်အဝ ထိန်းချုပ်နိုင်စေရန်အတွက် မရေမတွက်နိုင်သော ကန့်သတ်ချက်များကို ထည့်သွင်းထားခဲ့သည်။

သူသည် ဒယ်အိုးကြီး၏ ဝိညာဉ်ဖြစ်နေသော်လည်း ထိန်းချုပ်နည်း အပြည့်အစုံကို တတ်ကျွမ်းထားသူနှင့် ရင်ဆိုင်ရသောအခါ၌ တစ်ဖက်လူကို မည်သို့မျှ ဒုက္ခပေး၍ မရတော့ပေ။

ဤအချက်သည်ပင် လုချင်းအနေဖြင့် လီဟော်ဒယ်အိုးကြီးအား သန့်စင်ရဲသော အဓိက အကြောင်းရင်းပင် ဖြစ်လေသည်။ သန့်စင်ခြင်း မအောင်မြင်ခဲ့လျှင်တောင်မှ ဒယ်အိုးကြီး ပေါက်ကွဲမထွက်စေရန် သူ တားဆီးနိုင်မည်ဟု ယုံကြည်ချက် ရှိနေလေ၏။

"ကောင်လေး... ပြောစမ်း။ မင်း ဒီကိုလာတဲ့ ရည်ရွယ်ချက်က ဘာလဲ"

လူလတ်ပိုင်းအရွယ် အမျိုးသားသည် လေထဲတွင် ရပ်တန့်နေပြီး သူ၏ မျက်နှာထားမှာ ယခုအခါ တည်ငြိမ်သွားပြီပင်။

"သိရက်နဲ့ ဘာလို့ မေးနေတာလဲဗျာ။ ကျွန်တော် ဒီကို လာတာက လီဟော်ဒယ်အိုးကြီးကို ပြန်ထိန်းချုပ်ပြီး သန့်စင်ဖို့လေ" လုချင်းက အေးဆေးစွာ ပြန်ဖြေသည်။

"မင်းတစ်ယောက်တည်းနဲ့လား" လူလတ်ပိုင်းအရွယ် အမျိုးသားက မဲ့ပြုံး ပြုံးလိုက်၏။ "မင်းကို လျှော့တွက်တာတော့ မဟုတ်ဘူး ကောင်လေး။ ဒါပေမဲ့ မင်းက အခုမှ ‌အခြေတည်အဆင့်ပဲ ရှိသေးတာလေ။ ဝိညာဉ်လက်နက်တစ်ခုကို ထိန်းချုပ်နိုင်မယ်လို့ ထင်နေတာလား။ ရည်မှန်းချက်ကြီးလွန်းနေတယ်လို့ မင်းကိုယ်မင်း မထင်ဘူးလား"

"ချန်ပေ့ တစ်ခု နားလည်မှု လွဲနေပြီဗျ" လုချင်းက တစ်ဖက်လူ၏ လှောင်ပြောင်မှုကို ဂရုမစိုက်ဘဲ လေးနက်စွာ ပြန်ပြောလိုက်၏။ "ကျွန်တော်က အခြေတည်အဆင့် မဟုတ်ပါဘူးဗျ။ ချီသန့်စင်ခြင်းအဆင့်ပါ။ အခုလေးတင်မှ အဆင့်တက်ထားပြီး ချီသန့်စင်ခြင်းအဆင့်ရဲ့ စဦးပိုင်းကိုပဲ ရောက်ပါသေးတယ်"

"ချီသန့်စင်ခြင်းအဆင့် ဟုတ်လား။ မဖြစ်နိုင်တာ" လူလတ်ပိုင်းအရွယ် အမျိုးသားက အလန့်တကြား အော်ပြောလိုက်သည်။ "မင်းရဲ့ ဝိညာဉ်စွမ်းအားက ဒီလောက်သန်မာနေတာကို ဘယ်လိုလုပ် ချီသန့်စင်ခြင်းအဆင့် ဖြစ်နိုင်မှာလဲ"

"အဲဒါက ကျွန်တော်ကျင့်ကြံတဲ့ ကျင့်စဉ်က နည်းနည်း ထူးခြားနေလို့ပါ" လုချင်းက တည်ငြိမ်စွာပင် ဖြေလိုက်သည်။ "ပြီးတော့ မကြာသေးခင်ကမှ ကောင်းကင်ဘုံအတိဒုက္ခတစ်ခုကနေ ကံကောင်းထောက်မစွာနဲ့ အသက်ရှင်လွတ်မြောက်ခဲ့တယ်လေ။ ကျွန်တော့်ရဲ့ ဝိညာဉ်စွမ်းအားကို မိုးကြိုးအတိဒုက္ခတွေနဲ့ သန့်စင်ထားပြီး ယင်ဓာတ်ကနေ ယန်ဓာတ်အဖြစ် ပြောင်းလဲထားလို့ ကျွန်တော်နဲ့ ကျင့်ကြံခြင်းအဆင့်တူတဲ့ တခြားလူတွေထက် ပိုသန်မာနေတာပါဗျ"

"ကောင်းကင်ဘုံအတိဒုက္ခကနေ လွတ်မြောက်ခဲ့ပြီး ဝိညာဉ်စွမ်းအားကို မိုးကြိုးအတိဒုက္ခနဲ့ သန့်စင်ထားတယ် ဟုတ်လား" လူလတ်ပိုင်းအရွယ် အမျိုးသားခင်မျာ ထိတ်လန့်သွားရှာ၏။ "ကောင်လေး... မင်း နောက်နေတာလား။ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်လောက်နဲ့ အတိဒုက္ခတိမ်တိုက်တွေကို ဖိတ်ခေါ်ပြီး ကောင်းကင်ဘုံအတိဒုက္ခကို ကျော်ဖြတ်နိုင်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား"

လုချင်းက ပြန်မငြင်းဘဲ အသာအယာသာ ပြုံးပြလိုက်သည်။

သို့သော် သူ၏ ယုံကြည်မှုရှိသော အမူအရာက လူလတ်ပိုင်းအရွယ် အမျိုးသားကို ငြိမ်ကျသွားစေ‌လေ၏။ သူသည် လုချင်းကို သေချာ လေး စတင်အကဲခတ်ကြည့်လိုက်သည်။

ထပ်မံ အာရုံခံကြည့်လိုက်သောအခါ၌ လူလတ်ပိုင်းအရွယ် အမျိုးသား၏ မျက်နှာထားက ပို၍ လေးနက်လာတော့၏။

လုချင်း၏ ဝိညာဉ်စွမ်းအားသည် တကယ်ပင် ထူးခြားနေကြောင်း သူ သိလိုက်ရသည်။ သန်မာပြီး ကြံ့ခိုင်ရုံသာမက ပုံမှန် ယင်ဓာတ်ပါသော ဝိညာဉ်စွမ်းအားမျိုး မဟုတ်ဘဲ ယန်စွမ်းအင်များ ပြည့်ဝနေသည်ပင်။

အရေးအကြီးဆုံးမှာတော့ လုချင်း၏ ဝိညာဉ်ထဲတွင် အတိဒုက္ခစွမ်းအင် အငွေ့အသက် အနည်းငယ်ကို သူ အာရုံခံမိလိုက်ခြင်းပင်။

လူလတ်ပိုင်းအရွယ် အမျိုးသားသည် အတိဒုက္ခစွမ်းအင်နှင့် မစိမ်းသက်ပေ။ လီဟော်ဂိုဏ်းက သူ့ကို စတင်ဖန်တီးစဉ်က သူသည်လည်း ကောင်းကင်ဘုံ အတိဒုက္ခကို ခံနိုင်ရည်ရှိခဲ့ပြီး အတိဒုက္ခကို ကျော်ဖြတ်ပြီးမှ မွေးဖွားလာခဲ့သူ ဖြစ်သည်။

ထို့ကြောင့် လုချင်း စောစောက ပြောဆိုခဲ့သော စကားများသည် အလိမ်အညာ မဟုတ်ပေ။ သူသည် တကယ်ပင် ကောင်းကင်ဘုံ အတိဒုက္ခကို ကြုံတွေ့ခဲ့ရပြီး အသက်ရှင် ကျန်ရစ်ခဲ့ခြင်း ဖြစ်၏။

လူလတ်ပိုင်းအရွယ် အမျိုးသားမှာ ဇဝေဇဝါ ဖြစ်လာသည်။

"ချန်ပေ့ သဘောပေါက်သွားပြီ ထင်တယ်" လုချင်းက အပြုံးပါးပါးလေးဖြင့် ပြောလိုက်၏။ "ကျွန်တော် ချန်ပေ့ကို မလိမ်ခဲ့ပါဘူးနော်"

"ကောင်းကင်နဲ့ မြေကြီးရဲ့ စည်းမျဉ်းတွေက အခုမှ စတင် ပုံဖော်ကာစပဲ ရှိသေးတယ်... ဒါကို မင်းက အတိဒုက္ခတိမ်တိုက်တွေကို ဖိတ်ခေါ်ပြီး ကောင်းကင်ဘုံ အတိဒုက္ခကို ကျော်ဖြတ်နိုင်ခဲ့ပြီပေါ့။ ကောင်လေး... မင်းက ခေတ်တစ်ခေတ်လုံးရဲ့ မူမမှန်မှုတွေကို နှိမ်နင်းဖို့ ကံပါလာတဲ့ ဒဏ္ဍာရီလာ ကံတရားရဲ့ သားတော်များလား"

လူလတ်ပိုင်းအရွယ် အမျိုးသားသည် လုချင်းကို အံ့သြတကြီး စိုက်ကြည့်နေသည်။

"ဘာ ကံတရားရဲ့ သားတော်လဲ။ ကျွန်တော် နားမလည်ပါဘူး" လုချင်းက ပြန်ပြောလိုက်သည်။ "ကျွန်တော် ချန်ပေ့ကို မေးချင်တာက... ကျွန်တော်နဲ့ ပူးပေါင်းပြီး လီဟော်ဒယ်အိုးကြီးရဲ့ ထိန်းချုပ်ခွင့်ကို လွှဲပေးဖို့ ဆန္ဒရှိလား။

ဒယ်အိုးဝိညာဉ် တစ်ကောင်အနေနဲ့ ဝိညာဉ်လက်နက်တစ်ခုက သူ့အလိုလို အဆင့်တက်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ ဆိုတာ ချန်ပေ့လည်း သိမှာပါ။ ဒီကျင့်ကြံခြင်းခေတ် ကုန်ဆုံးတဲ့အထိ စောင့်ရင်တောင် ဖြစ်လာဖို့ မလွယ်ပါဘူး။

ဒါပေမဲ့ ကျွန်တော့်အကူအညီသာ ပါရင် လီဟော်ဒယ်အိုးကြီးအနေနဲ့ နောင်တစ်ချိန်မှာ ထိပ်တန်း ဝိညာဉ်လက်နက်အဆင့်ကို တက်လှမ်းဖို့ဆိုတာ မခက်ခဲတော့ပါဘူး။ နောက်ထပ် ပိုပြောရရင် ချန်ပေ့ကို ချုပ်နှောင်မှုတွေကနေ လွတ်မြောက်စေပြီး လွတ်လပ်ခွင့် ပေးဖို့ဆိုတာလည်း မဖြစ်နိုင်တဲ့ကိစ္စ မဟုတ်ပါဘူး"

"ငါက ငြင်းမယ်ဆိုရင်ရော... မင်း ဘာလုပ်မလဲ" လူလတ်ပိုင်းအရွယ် အမျိုးသားက လုချင်းကို ကြည့်ရင်း မေးလိုက်သည်။

"ဒါဆိုရင်တော့ ကျွန်တော် ချန်ပေ့ကို ပြစ်မှားပြီး အတင်းအကျပ် သန့်စင်ရတော့မှာပဲ" လုချင်းက တုံ့ဆိုင်းခြင်းမရှိ ပြန်ဖြေလေသည်။

"မင်းလို ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူလေးက ငါ့ကို သန့်စင်နိုင်မယ် ထင်လို့လား"

"ချန်ပေ့ စမ်းကြည့်ချင်ရင် စမ်းကြည့်လို့ ရပါတယ်"

လူလတ်ပိုင်းအရွယ် အမျိုးသား တိတ်ဆိတ်သွားသည်။

စောစောကသာဆိုလျှင် လုချင်း၏ စကားများကို စိတ်ကူးယဉ်သက်သက်ဟု သတ်မှတ်ကာ သူ့အား ပြစ်မှားရဲသည့်အတွက် ချက်ချင်း မီးရှို့သတ်ပစ်လိုက်မည်မှာ အသေအချာပင် ဖြစ်သည်။

သို့သော် ယခုမူ လုချင်းလက်ထဲ၌ လီဟော်ဂိုဏ်း၏ ပြီးပြည့်စုံသော ထိန်းချုပ်နည်း ရှိနေသောကြောင့် သူ၏ ဝိညာဉ်စွမ်းအားကို မီးရှို့ပစ်ရန်မှာ မဖြစ်နိုင်တော့ပေ။ လုချင်းအား လီဟော်ဒယ်အိုးကြီးထဲမှ မောင်းထုတ်ရန်ပင် တော်တော်လေး ခက်ခဲပေလိမ့်မည်။

ပို၍အရေးကြီးသည်မှာ လုချင်း၏ ဝိညာဉ်စွမ်းအားသည် ကောင်းကင်ဘုံ အတိဒုက္ခဖြင့် သန့်စင်ထားသောကြောင့် ကြံ့ခိုင်ရုံသာမက၊ ယန်စွမ်းအင်များ ပြည့်ဝနေကာ မီးကိုလည်း ခံနိုင်ရည် ရှိနေခြင်းဖြစ်သည်။

လုချင်းသာ လီဟော်ဒယ်အိုးကြီးကို အတင်းအကျပ် သန့်စင်မည်ဆိုပါက လူလတ်ပိုင်းအရွယ် အမျိုးသားအနေဖြင့် တကယ်ပင် သတိထားရတော့မည်ဖြစ်၏။ သို့မဟုတ်ပါက လုချင်းသည် ဒယ်အိုးကြီး၏ ကန့်သတ်ချက် တစ်လွှာ နှစ်လွှာခန့်ကို သန့်စင်သွားနိုင်လျှင်တောင်မှ သူ တော်တော်လေး အထိနာသွားပေလိမ့်မည်။

ထို့ကြောင့် တိတိကျကျ ဆိုရလျှင် လုချင်း၏ စကားများသည် အနှစ်သာရမရှိသော ခြိမ်းခြောက်မှုများ မဟုတ်ပေ။ သူသည် တကယ်ပင် လီဟော်ဒယ်အိုးကြီးကို တဖြည်းဖြည်းချင်း သန့်စင်နိုင်စွမ်း ရှိနေခြင်းဖြစ်သည်။

သို့သော် လူလတ်ပိုင်းအရွယ် အမျိုးသားအနေဖြင့် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူလေးတစ်ဦး၏ ထိန်းချုပ်မှုကို ခံရမည်ဟူသောအချက်အား လက်ခံရန် ခက်ခဲနေပေသည်။

ဝိညာဉ်လက်နက်များတွင်လည်း ၎င်းတို့၏ မာနဆိုသည်မှာ ရှိကြစမြဲပင်ဖြစ်သည်။

ရှေးဟောင်း ကျင့်ကြံခြင်းခေတ်က သူ စတင်ဖြစ်တည်လာကတည်းက လီဟော်ဂိုဏ်း၏ ထိန်းချုပ်မှုအောက်တွင် အမြဲ ရှိခဲ့သည်။ သို့သော် ဂိုဏ်းအတွင်း၌ သူ၏ အဆင့်အတန်းသည် အလွန်မြင့်မားကာ လေးစားခံရသူဖြစ်သည်။

ဂိုဏ်းချုပ်နှင့် အကြီးအကဲ အနည်းငယ်မှလွဲ၍ ဂိုဏ်းတွင်းမှ မည်သူမျှ သူ့ကို စကားပြောခွင့် မရှိခဲ့ပေ။ ရွှေအမြုတေအဆင့်ရှိသော အဓိက တပည့်များနှင့် ဆက်ခံသူများပင်လျှင် သူ့အား လေးလေးစားစား ဆက်ဆံရပြီး အနည်းငယ်မျှပင် မပြစ်မှားရဲကြပေ။

ယခုမူ ချီသန့်စင်ခြင်းအဆင့် ကောင်လေးတစ်ဦး၏ ထိန်းချုပ်မှုကို ခံရမည်ဆိုခြင်းသည် လူလတ်ပိုင်းအရွယ် အမျိုးသားအတွက် လက်ခံရန် ခက်ခဲနေတော့သည်။

"ချန်ပေ့က သဘောမတူချင်တဲ့ပုံပဲ။ ဒါဆိုရင်လည်း ကျွန်တော့်ကို ရိုင်းတယ်လို့ မဆိုပါနဲ့တော့"

လူလတ်ပိုင်းအရွယ် အမျိုးသား၏ ဝေခွဲမရဖြစ်နေသော မျက်နှာထားကို မြင်သောအခါ လုချင်း ခေါင်းယမ်းလိုက်သည်။ သူသည် အနူးအညွတ်ရော ခြိမ်းခြောက်၍ပါ နှစ်မျိုးစလုံး ကြိုးစားကြည့်ပြီးလေပြီ။ တစ်ဖက်လူက လက်မခံလျှင်မူ အင်အားသုံးရန်သာ ရှိတော့သည်။

ဒယ်အိုးကြီးကို အတင်းအကျပ် သန့်စင်ရန် ဆန္ဒမရှိသော်လည်း ဒယ်အိုးဝိညာဉ်က ခုခံနေပါက လုပ်ငန်းစဉ်သည် အဆတစ်ထောင် ပို၍ပင်ပန်းမည်ကို သိထားသဖြင့် ဝိညာဉ်က မပူးပေါင်းလျှင်မူ သူ့အတွက် ရွေးချယ်စရာ မရှိတော့ပေ။

လုချင်း၏ စိတ်အာရုံ လှုပ်ရှားလိုက်သည်နှင့် သူ၏ ဝိညာဉ်စွမ်းအားများက ပတ်ဝန်းကျင် နေရာလပ်တစ်ခုလုံးသို့ စတင် ပျံ့နှံ့သွားလေသည်။ မကြာမီတွင် ပထမဆုံး ကန့်သတ်ချက်အလွှာကို ထိတွေ့မိပြီး အတင်းအကျပ် စတင် သန့်စင်တော့သည်။

လူလတ်ပိုင်းအရွယ် အမျိုးသားက အပြောင်းအလဲကို ချက်ချင်း အာရုံခံမိပြီး မျက်နှာပျက်သွားသည်။ နောက်ဆုံးတွင် သူ သက်ပြင်းချလိုက်ပြီး "ကောင်းပြီ... ရပ်လိုက်တော့။ ငါ သဘောတူတယ်"

လုချင်း၏ ဝိညာဉ်စွမ်းအား ချက်ချင်း ရပ်တန့်သွားသည်။

သူက လူလတ်ပိုင်းအရွယ် အမျိုးသား၏ မျက်နှာကို ကြည့်လိုက်ရာ နောက်ပြောင်နေခြင်း မဟုတ်ကြောင်း ခံစားမိသဖြင့် ဝိညာဉ်စွမ်းအားကို ဖြည်းညှင်းစွာ ပြန်ရုပ်သိမ်းပြီး နေရာမှာပင် စောင့်ဆိုင်းနေလိုက်သည်။

"ဒါပေမဲ့ ထိန်းချုပ်ခွင့် မလွှဲပေးခင်မှာ မင်းနဲ့ သဘောတူညီချက် သုံးခု လုပ်မယ်" လူလတ်ပိုင်းအရွယ် အမျိုးသားက လေးနက်စွာ ပြောလိုက်သည်။ "မင်း သဘောမတူရင် ငါ သေရင်သေပါစေ... မင်းရဲ့ သန့်စင်မှုကို အသေခံပြီး ခုခံမယ်။

ငါ့စကားကို ယုံ.. ငါသာ ခုခံနေရင် မင်းရဲ့ လက်ရှိ ကျင့်ကြံခြင်းအဆင့်နဲ့ လီဟော်ဒယ်အိုးကြီးကို အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ ဆယ်စုနှစ်တွေ၊ ရာစုနှစ်တွေ ကြာသွားလိမ့်မယ်"

"နားထောင်ကြည့်ရအောင်လေ" လုချင်းက တစ်ဖက်လူ၏ ခြိမ်းခြောက်မှုကို မမှုသကဲ့သို့ ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလိုက်သည်။

"ပထမအချက်... မင်း လီဟော်ဒယ်အိုးကြီးရဲ့ ကန့်သတ်ချက်တွေကို သန့်စင်လို့ ရပေမဲ့ ငါ့ရဲ့ ဝိညာဉ်ကို ကျွန်ပြုတာမျိုး၊ ရုပ်သေးရုပ်အဖြစ် ပြောင်းလဲတာမျိုး မလုပ်ပါဘူးလို့ မင်းရဲ့ ဝိညာဉ်နဲ့ ကျိန်ဆိုပေးရမယ်။ ဒါက အရေးအကြီးဆုံး အချက်ပဲ။ မင်း သဘောမတူရင်တော့ ဆက်ဆွေးနွေးစရာ အကြောင်းမရှိတော့ဘူး။ လီဟော်ဒယ်အိုးကြီးရဲ့ ထိန်းချုပ်ခွင့်ကို ပေးမယ့်အစား ငါ သေပဲသေလိုက်မယ်"

လူလတ်ပိုင်းအရွယ် အမျိုးသား၏ နောက်ဆုံးစကားများမှာ ပြတ်သားသော ဆုံးဖြတ်ချက်များ ပါဝင်နေပြီး လုချင်းသာ ငြင်းဆန်ခဲ့လျှင် အမှန်တကယ်ပင် အဆက်အသွယ် ဖြတ်တောက်တော့မည့်ပုံ ပေါက်နေလေ၏။

"ဒါက လွယ်ပါတယ်။ ချန်ပေ့ကို ကျွန်ပြုဖို့ ကျွန်တော့်မှာ စိတ်ကူးကိုမရှိပါဘူးဗျ။ ဘာပဲပြောပြော လီဟော်ဒယ်အိုးကြီးရဲ့ စွမ်းအားအပြည့်အဝ ရရှိဖို့က ချန်ပေ့ရဲ့ အကူအညီအပေါ် မူတည်နေတာပဲလေ"

လုချင်းက တုံ့ဆိုင်းခြင်းမရှိ သဘောတူလိုက်သည်။

လူလတ်ပိုင်းအရွယ် အမျိုးသား ပြောသည့် ကျွန်ပြုခြင်းဆိုသည်မှာ ကျင့်ကြံခြင်းလောကတွင် အသုံးများသော ထိန်းချုပ်နည်းတစ်ခု ဖြစ်သည်။

ရှေးဟောင်း ကျင့်ကြံခြင်းလောကတွင် ဂိုဏ်းအသီးသီးသည် ၎င်းတို့၏ ဝိညာဉ်လက်နက်များကို ထိန်းချုပ်ရန် နည်းလမ်းနှစ်မျိုးကို အသုံးပြုကြသည်။

ပထမနည်းလမ်းမှာ ဝိညာဉ်ကို လုံးဝ ကျွန်ပြုလိုက်ပြီး ထိန်းချုပ်သူ၏ အမိန့်ကို အပြည့်အဝ နာခံစေခြင်း ဖြစ်သည်။

ဒုတိယနည်းလမ်းမှာ ဝိညာဉ်ကို ကျွန်မပြုဘဲ ပူးပေါင်းဆောင်ရွက်မှုကို အခြေခံကာ ဝိညာဉ်နှင့် ထိန်းချုပ်သူတို့ ပူးတွဲ စီမံခန့်ခွဲခြင်း ဖြစ်သည်။

နည်းလမ်းနှစ်ခုစလုံးတွင် အားသာချက်နှင့် အားနည်းချက် ကိုယ်စီရှိကြသည်။

ပထမနည်းလမ်းက လက်နက်ကို အပြည့်အဝ ထိန်းချုပ်နိုင်စေသော်လည်း ဝိညာဉ်၏ တက်ကြွလှုပ်ရှားမှုကို များစွာ လျော့ကျစေသဖြင့် လက်နက်အဆင့်မြှင့်တင်ရန် အလွန် ခက်ခဲသွားစေသည်။

ဒုတိယနည်းလမ်းကတော့ ဝိညာဉ်၏ တက်ကြွလှုပ်ရှားမှုကို ထိန်းသိမ်းထားနိုင်ပြီး တိုက်ပွဲတွင် ဝိညာဉ်က လက်နက်ကို လွတ်လပ်စွာ ကိုင်တွယ်အသုံးပြုနိုင်သဖြင့် အင်အားတစ်ရပ် တိုးပွားစေပါ၏။ သို့သော် ဤနည်းလမ်းတွင် အန္တရာယ်ရှိသည်။

အကယ်၍ ဝိညာဉ်က သစ္စာဖောက်လျှင် သို့မဟုတ် အရေးကြီးသော အချိန်တွင် နောက်ကျောကို ဓားနှင့်ထိုးလျှင် ထိန်းချုပ်သူ သေဆုံးသည်အထိ ဖြစ်သွားနိုင်လေ၏။

ထို့ကြောင့် ရှေးဟောင်း ကျင့်ကြံခြင်းလောကတွင် ဝိညာဉ်လက်နက်ပိုင်ဆိုင်သော ဂိုဏ်းများနှင့် အစွမ်းထက်ပုဂ္ဂိုလ် အများစုသည် ဝိညာဉ်ကို လုံးဝ ကျွန်ပြုသည့် နည်းလမ်းကိုသာ ရွေးချယ်လေ့ရှိကြသည်။

ဝိညာဉ်ကို ကျွန်မပြုသူများပင်လျှင် သစ္စာဖောက်ခြင်းကို ကာကွယ်ရန် လက်နက်ပေါ်တွင် ကန့်သတ်ချက်မြောက်မြားစွာ ထားရှိလေ့ရှိသည်။

ထိန်းချုပ်သူနှင့် ဝိညာဉ်တို့ကြားတွင် လုံးဝ ယုံကြည်မှုနှင့် နက်ရှိုင်းသော သံယောဇဉ်ရှိမှသာ ဝိညာဉ်ကို ကန့်သတ်ချက်မရှိဘဲ လွတ်လပ်ခွင့် ပေးထားတတ်ကြသည်။

သိသာသည်မှာ ထိုကဲ့သို့သော အခြေအနေမျိုးသည် အလွန် ရှားပါးလှသည်။ နှစ်ပေါင်းသောင်းချီ ကြာမြင့်ခဲ့သော ရှေးဟောင်း ကျင့်ကြံခြင်းခေတ်တွင်ပင် ထိုကဲ့သို့ ဥပမာမျိုး တစ်ခုနှစ်ခုခန့်သာ ရှိခဲ့ပေ၏။

လီဟော်ဂိုဏ်းကမူ ဒယ်အိုးဝိညာဉ်ကို ကျွန်မပြုဘဲ ကန့်သတ်ချက်များဖြင့် ထိန်းချုပ်သည့် နည်းလမ်းကို ရွေးချယ်ခဲ့လေသည်။

လုချင်းက ဤအချက်ကို နားလည်သဖြင့် လူလတ်ပိုင်းအရွယ် အမျိုးသား၏ တောင်းဆိုမှုကို မအံ့သြဘဲ ချက်ချင်း သဘောတူလိုက်ခြင်း ဖြစ်သည်။

ထို့ပြင် လူလတ်ပိုင်းအရွယ် အမျိုးသား ပြောသကဲ့သို့ပင် တစ်ဖက်လူကသာ အသေခံ ခုခံနေလျှင် လုချင်း၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်ဖြင့် သူ့ကို ကျွန်ပြုပြီး သန့်စင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

ပထမအချက်ကို လုချင်း သဘောတူလိုက်သည်ကို မြင်သောအခါ လူလတ်ပိုင်းအရွယ် အမျိုးသား ပြုံးလိုက်သည်။

"ဒုတိယအချက်ကတော့..."

All Chapters