အခန်း (၁၇၅၉-၁၇၆၁)
Vol. 118 Ch. 1759-1761
အခန်း(၁၇၅၉) ပွဲချင်းပြီး သုတ်သင်မှု
လေးက ပို၍ ကြောက်ဖို့ကောင်းလေလေ ချူးယွင်ဖန်းက ၎င်းကို မှန်းမိသောအခါ ၎င်းတို့ ပိုထိတ်လန့်တကြားဖြစ်လေလေဖြစ်နေသည်။
ချူးယွင်ဖန်းက ဤမြှားကို အလွန်လွယ်ကူစွာဖမ်းနိုင်ခဲ့သည်ကိုကြည့်ခြင်းဖြင့် အများခန့်မှန်းထားသလောက် သူ၏ ခွန်အားက မရိုးရှင်းကြောင်းကို သက်သေပြနေသည်။ တကယ်တမ်းတွင် ၎င်းသည် သူတို့ ခန့်မှန်းထားသည်ထက် များစွာသာလွန်လှသည်။ ချူးယွင်ဖန်းက တင်းမျိုးနွယ်စုအပါအဝင် မျိုးနွယ်စုကြီးများကို အမြစ်ပြတ်သုတ်သင်ခဲ့သော်လည်း အမှန်တကယ်တွင် သူသည် အလွန်ဆုံး ဒြပ်မဲ့ကျွမ်းကျင်အဆင့်တွင်သာ ရှိနေသည်။ ထို့ကြောင့် အားလုံးက မိမိတို့နှင့် အများအစားကွာခြားမည်မဟုတ်ဟု ထင်မြင်ကြသည့်အပြင် သူ့ကိုလည်း သတ်နိုင်မည်ဟု တွေးထားကြခြင်းဖြစ်သည်။
မည်သို့ပင်ဖြစ်စေကာမူ ချူးယွင်ဖန်း ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ ထိပ်တန်းတပည့်တစ်ဦးဖြစ်လာ၍ ဤနေရာ၌ တာဝန်ကျနေခြင်းဖြစ်သည်။ ကြယ်ကြွေကောင်းကင်ဂိုဏ်းမှ ထိပ်တန်းတပည့်များအကြောင်း လူတိုင်း အနည်းငယ်သိကြသည်။ သို့သော သူသည်မူ ဒြပ်မဲ့ကျွမ်းကျင်အဆင့်သာ ဖြစ်သည်။ သူက အစွမ်းထက်ကောင်းထွက်နိုင်သော်လည်း ပြိုင်ဘက်ကင်းတော့မဟုတ်နိုင်ပေ။
သို့သော် ယခုအခြေအနေအရ ၎င်းတို့ မျှော်လင့်ထားသကဲ့သို့ ဖြစ်မလာခဲ့သည့်အပြင် လုံးဝကွာခြားနေခဲ့သည်။ ချူးယွင်ဖန်းက ၎င်းတို့ ခန့်မှန်းထားသည်ထက် နှစ်ဆကျော် ပိုမိုသန်မာနေသည်။
“သားရဲဆိုတာမျိုးက အမြဲ သားရဲတွေပဲကွ” ချူးယွင်ဖန်းက အေးစက်စွာရယ်မောလိုက်ပြီးနောက် ရှေ့သို့ခြေလှမ်းအနည်းငယ်လှမ်းကာ မြှားကို ပြန်လည် ပစ်လိုက်သည်။
ဝှစ်ရှ်!
မြှားက ရောက်ရှိလာစဥ်ကထက် မြန်ဆန်သော အမြန်နှုန်းဖြင့် နောက်သို့ပြန်ထွက်သွားကာ ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခု ဖန်တီးဖြစ်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်း၌ ကောင်းကင်ယံတွင် မြှားအလင်း ဆယ်စင်းအဖြစ်သို့ ကွဲသွားသည်။
ဝှစ်ရှ်
ဝှစ်ရှ်
ဝှစ်ရှ်
မြားအလင်းဖြတ်သွားသည့်နေရာတစ်လျှောက်ရှိ ကျွမ်းကျင်သူ ဆယ်ဦးသည် မြေပြင်ပေါ်၌ သံမှိုဖြင့် ရိုက်ခံထားရသကဲ့သို့ ချက်ချင်း ထိုးစိုက်သေဆုံးကုန်သည်။ ထို့နောက် ကျန်ရှိနေသော ဂိုဏ်းလက်ကျန်များနှင့် သွေးနတ်ဆိုးများကို ချူးယွင်ဖန်းက ချက်ချင်းပင် သတ်ဖြတ်ခဲ့သည်။
"ဒုတပ်မှူးချုပ်က အင်အားကြီးတယ်!" တစ်ယောက်က အော်လိုက်သောအခါ တပ်သားများဩ စိတ်ဓာတ်က စိတ်ဓာတ်တက်ကြွလာသည်။
၎င်းတို့ ထိတ်လန့်နေသော အချိန်တွင် ထွက်ပေါ်လာသော ချူးယွင်ဖန်းသည် မိုးခေါင်ရေရှားနေစဥ် ကျဆင်းလာသော နှင်းစက်တစ်စက်နှယ်ဖြစ်ခဲ့သည်။
လူတိုင်း၏ စိတ်ဓာတ်များ ပြန်လည် မြင့်တက်လာပြီးနောက် ယုံကြည်မှုများလည်း သိသိသာ သာ မြင့်တက်လာသည်။ ဆန့်ကျင်ဘက်အနေဖြင့် မူလက မှိန်ဖျော့နေသော စစ်ရေးစွမ်းအင်ကြောင့် ဖြစ်ပေါ်လာသည့် မှားယွင်းသော ပုံရိပ်သည်လည်း ချက်ချင်း ပြန်လည်ခိုင်မာလာသည်။
စိတ်ဓာတ်တွေ မြင့်တက်လာပြီး ယုံကြည်မှုတွေလည်း သိသိသာသာ မြင့်တက်လာပါတယ်။ စစ်ရေးစွမ်းအင်ကြောင့် ဖြစ်ပေါ်လာသည့် စစ်သား ပုံရိပ်ယောင်ကြီးသည်လည်း တပ်စခန်း၏ စစ်ရေးစိတ်ဓာတ်နှင့် နီးကပ်စွာ သက်ဆိုင်နေသည်။ တပ်စခန်း၏ စိတ်ဓာတ်က မြင့်မားလေလေ ပုံရိပ်ယောင်က ပို၍ အစွမ်းထက်လေလေဖြစ်သည်။ ဤသို့ဖြင့် မူလက ချုပ်နှောင်ခံထားရသော သွေးနီရောင်သံကြိုးများမှ လွတ်မြောက်လာခဲ့သည်။
"ငါ အဲ့သားရဲကို ကိုင်တွယ်ပြီးရင် ကျန်တာကို မင်းလက်ထဲအပ်ထားခဲ့မယ်။ သူတို့အကုန်လုံးကို သတ်ပစ်လိုက်။ ဘယ်ကောင်မှ အရှင်မထားနဲ့”
မှန်သည်။ ချူးယွင်ဖန်းက ကိုယ်တိုင် ကျူးကျော်လာသူများကို သတ်နိုင်သော်လည်း ထိုသို့မလုပ်ခဲ့ပေ။ ၎င်းတို့ကို တပ်သားများလေ့ကျင့်စရာအဖြစ် ချန်ထားခဲ့ချင်ခြင်းဖြစ်သည်။ လေနှင့်မိုးဓာတ်ကို မခံရဘဲ ဖန်လုံအိမ်ထဲ၌ ကြီးလာပါက ဖန်လုံအိမ်ထဲမှ ပန်းတစ်ပွင့်ဘဝသာဖြစ်ပေလိမ့်မည်။
သူက ဤသို့ပြောနေစဥ် ချူးယွင်ဖန်းက သွေးနတ်ဆိုးဂိုဏ်းချုပ်ရှေ့သို့ လျက်တစ်ပြက်အတွင်း ထွက်ပေါ်လာသည်။ သူက ပုံရိပ်ယောင်တပ်သားကို ချည်နှောင်ထားခဲ့သော သံကြိုးများကို ပေါ့ပေါ့ပါးပါးဆွဲယူ၍ အပိုင်းပိုင်း ချေမွှပစ်လိုက်သည်။
"မင်းအလှည့်ပဲ။ ပြောစမ်း၊ မင်းဘယ်လိုသေချင်လဲ"
သွေးနတ်ဆိုးခေါင်းဆောင်က ဒေါသထွက်နေသည်။ ချူးယွင်ဖန်းက သူ့ကို အထင်သေးနေသည့်ပုံစံကိုကြည့်ကာ ရင်ထဲမှ ဒေါသများ ချက်ချင်းပေါက်ကွဲထွက်လာသည်။
"မင်းကများ… မင်း ငါ့မြားကို ဖမ်းမိရုံနဲ့ ငါနဲ့ အဆင့်တူမယ်မထင်နဲ့။ ဒြပ်မဲ့ကျွမ်းကျင်အဆင့်က ဒြပ်မဲ့ကျွမ်းကျင်အဆင့်ပဲ။ အခု ဒြပ်မဲ့ကျွမ်းကျင်အဆင့်နဲ့ စကြဝဠာအဆင့်ကြားကွာခြားချက်ကို ငါပြောပြပေးမယ်”
သွေးနတ်ဆိုးခေါင်းဆော်က နောက်ဆုံးတွင် စတင်တိုက်ခိုက်ရတော့သည်။ သွေးစွမ်းအင်များအားလုံး ကောင်းကင်တစ်ခွင်၌ ပျံနှံ့သွားပြီးနောက် နောက်ဆုံးတွင် ကောင်းကင်ယံအပြည် ကြီးမားသော သွေးနီရောင်ပုံရိပ်တစ်ခုအဖြစ်စုစည်းလာခဲ့သည်။ ၎င်းသည် သွေးနီရောင်လက်ဖဝါးတစ်ခုအဖြစ် စုစည်းပြီး ချူးယွင်ဖန်းကို ဖုံးလွှမ်းသွားခဲ့သည်။ ဤတိုက်ခိုက်မှုသည် ထိပ်တန်းသိုင်းပညာတစ်မျိုးဖြစ်ကာ ချူးယွင်ဖန်းကို ရှောင်တိမ်းရန် နေရာမပေးသလောက် နီးနီးပင် ဖြစ်စေသည်။
ချူးယွင်ဖန်းသည် သွေးနီရောင်လက်ကို ရိုက်ချခွင့်ပြုလိုက်ကာ ငြိမ်နေလိုက်သည်။ တုန်ခါမှုနှင့် ဖျက်ဆီးမှုအသံများကို သူ့ပတ်ပတ်လည်တွင် နေရာတိုင်းတွင် ကြားနေရသည်။ ထိုအသံမှာ လက်ဖဝါးရိုက်ချသံဖြစ်ပြီး နေရာတစ်ခုလုံး ပြိုကျလုနီးပါးဖြစ်သွားသည်။ လေထုက စုတ်ဖြဲခံရသကဲ့သို့ အပိုင်းပိုင်းကြေမွသွားသည်။
ဤအချိန်တွင် ချူးယွင်ဖန်းက လက်ကိုဝှေ့ယမ်းလိုက်သောအခါ သူ့လက်ဖဝါးပေါ်တွင် ဓားအလင်းအဖြစ် ပြောင်းလဲသွားသော ဓားတစ်ချောင်း ပေါ်လာသည်။ ဤဓားအလင်းကို ခရမ်းရောင်လျှပ်စီးကြောင်းများက ဝန်းရံထားသည်။ ဓားကိုဝှေ့ယမ်းလိုက်သည်နှင့် သွေးနီရောင်လက်လည်း ပြတ်တောက်သွားသည်။
ဘမ်း
သွေးနီရောင်လက်က မြေပြင်ပေါ်သို့ ပြုတ်ကျ၍ ကောင်းကင်ကို ပြည့်စေသည့် သွေးစွမ်းအင်အဖြစ် ပျံ့နှံ့သွားသည်။
"ဘာ..." သွေးနတ်ဆိုးခေါင်းဆောင်က ချက်ချင်းသတိထားလိုက်သည်။
ချူးယွင်ဖန်း၏ဓားမှ သူ့အား အသက်အန္တရာယ်ဖြစ်စေနိုင်သော စွမ်းအားကို သူခံစားမိသည်။
"မိုးကြိုးခရမ်းဓား ခုနှစ်စင်း!" ချူးယွင်ဖန်းက အော်လိုက်သည်။
တစ်ချိန်တည်းမှာပင်၊ ချူးယွင်ဖန်း၏နောက်ကွယ်တွင် ဓားခြောက်ချောင်းပေါ်လာပြီး သူ့လက်ထဲတွင် ဓားကိုင်ဆောင်ထားသော ဓားမှ အစတည်၍ ဓားအစီအရင်တစ်ခု ဖွဲ့စည်းလိုက်သည်။
သွေးနတ်ဆိုးခေါင်းဆောင်သည် ဓားအလင်းတွင်ပါရှိသော မိုးကြိုးစွမ်းအင်က သူ့ကို တားဆီးနေသည်ဟု ခံစားနိုင်သည်။
"ဒါဆို မင်းမှာ ဒီလိုနည်းပညာရှိတာပဲ။ မင်းဒီလောက် မာနကြီးတာ အံ့သြစရာတော့ မရှိဘူး!" သွေးနတ်ဆိုးခေါင်းဆောင်က နှာခေါင်းရှုံ့လိုက်သည်။
သူ့ခန္ဓာကိုယ်ထဲက နတ်ဆိုးစွမ်းအင်များ တစ်ဖန်ပြန်လည်စုစည်းလာပြီး သူ့ခေါင်းပေါ်တွင် သွေးနီရောင်ချိုတစ်ခု ဖြစ်ပေါ်လာသည်။ ထိုသွေးနီရောင်ချို၏ အထောက်အပံ့နှင့် သူ၏ရောင်ဝါသည်လည်း ပို၍ အစွမ်းထက်လာသည်။
သူက ချူးယွင်ဖန်းဆီသို့ အပြေးအလွှားသွား၍ ထပ်မံပါးရိုက်လိုက်သည်။ ကြောက်မက်ဖွယ်ကြောင်းသော သွေးစွမ်းအင်က ချူးယွင်ဖန်းကို ထိမှန်သွားသောအခါ သွေးပင်လယ်ကြီးတစ်ခုကဲ့သို့ ဖြစ်ပေါ်လာသည်။
"မင်းက ဘာမှ မဟုတ်ဘူး။"
ထိုထိတ်လန့်ဖွယ်မြင်ကွင်းက ချူးယွင်ဖန်းမျက်လုံးထဲတွင် မည်သို့မျှ ကြောက်စရာမကောင်းနေပေ။ သူက လက်သီးတစ်ချက် ထိုးသွင်းလိုက်သည်။
“အံ့ဖွယ်လက်သီးရှစ်ချက်”
ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်ရှစ်ခုသည် လက်သီးဆုပ်အားထဲသို့ စုစည်းသွားပြီး ချက်ချင်းပင် ပေါက်ကွဲထွက်သွားသည်။
ဘမ်း
မြေကြီးတစ်ခုလုံးကို တုန်ခါသွားစေသည့် တိုက်မိသံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် လူတိုင်းကို အံ့အားသင့်စေသော မြင်ကွင်းတစ်ခုဖြစ်ပေါ်လာ၏။ ချူးယွင်ဖန်း၏ လက်သီးချက်ကြောင့် သွေးနတ်ဆိုးခေါင်းဆောင်၏ လက်တစ်ဖက် ပေါက်ကွဲကာ အငွေ့ပျံသွားသည်။
"မဖြစ်နိုင်ဘူး" သွေးနတ်ဆိုးခေါင်းဆောင်က အော်ဟစ်၍ နောက်ဆုတ်သွားသည်။ သူ၏ အပြည့်အဝစွမ်းအားရှိသော တိုက်ခိုက်မှုသည် ချူးယွင်ဖန်း၏ လက်သီးကို မတားဆီးနိုင်ခဲ့ပေ။
"အားနည်းတယ်။ သားရဲဆိုတာ အမြဲတမ်း သားရဲပဲ။"
ချူးယွင်ဖန်းက ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ သူ့နောက်မှ ဓားခုနစ်ချောင်း ထွက်ပေါ်လာကာ ဓားအလင်းရောင်တစ်ခုအဖြစ် စုဝေးသွားပြီး ထိုအလင်းရောင်က တစ်ဖက်သို့ ပျံ့နှံ့သွားသည်။
ဝှစ်
သွေးနတ်ဆိုးခေါင်းဆောင်သည် ရင်ဘတ်ကို ထိုးဖောက်ဝင်ရောက်သွားသည်နှင့် ကျယ်လောင်သော အော်သံလည်း ထွက်ပေါ်လာသည်။
သူ၏ ခြေလက်များနှင့် ခေါင်းသည် တစ်ချိန်တည်း၌ အပိုင်းပိုင်းဖြတ်ခံလိုက်ရကာ ဤသို့ဖြင့်ပင်
ချက်ချင်းသေဆုံးသွား၏။
အခန်း(၁၇၆၀) တစ်မြို့လုံးလက်နက်ချပြီ
ကမ္ဘာမြေကို တုန်လှုပ်စေသော တိုက်ပွဲတစ်ခု မရှိပေ။ စကြဝဠာအဆင့်တွင် ဖြစ်ပွားသော တိုက်ပွဲတစ်ခုအတွက် ဤသည်ကို ချက်ချင်းသတ်ဖြတ်ခြင်းဟုသာ ဖော်ပြနိုင်သည်။ ၎င်းသည် လူအများ တွေးထင်ထားသည်နှင့် လုံးဝကွာခြားသည်။ ချူးယွင်ဖန်းသည် သွေးနတ်ဆိုးများ၏ ခေါင်းဆောင်ကို သိုင်းကွက်အနည်းငယ်ဖြင့် သတ်ပစ်ခဲ့သည်။
တပ်သားများအတွက် ထိုသို့သော ရိုးရှင်းသော သုတ်သင်မှုသည် စိတ်ဓာတ်ကိုမြင့်တက်လာစေသည်။ ယင်းက တပ်မတော်၏ ရဲစွမ်းသတ္တိဖြစ်ကာ တပ်မှူးတစ်ဦးက ပိို၍ အင်အားကြီးမားလေလေ တပ်မတော်က ပိုစည်းလုံးလေလေဖြစ်သည်။ အင်အားကြီးမားသော ဗိုလ်ချုပ်တစ်ယောက်ရှိခြင်းက မည်သို့ အသုံးဝင်သည်ကို တတိယတန်းတပ်များဖြစ်သည့် ၎င်းတို့ထက် မည်သူမျှ ပိုနားမလည်ကြပေ။
၎င်းတို့အတွက် တပ်မှူးက မည်သူဖြစ်ကြောင်းအရေးမကြီးပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့က အနိမ့်ဆုံးအဆင့်တွင်ရှိနေသောကြောင့်ပင်ဖြစ်သည်။ ထိုတပ်မှူးတိုင်းက ဒေသတစ်ခုကို စောင့်ကြပ်ရသည့်အတွေ့အကြုံ ရွှေအတွေ့အကြုံတစ်ခုအဖြစ်သဘောထားကြသည်။
တကယ်တမ်းတွင်တရှသို့ပင် မဝင်ချင်ကြဘဲ သိုင်းလမ်းစဥ် အထွတ် ရွှေရောင်အတွေ့အကြုံတစ်ခုအဖြစ် သဘောထားခဲ့ကြသည်။ တကယ်တမ်းတွင် တရှထဲသို့ပင် မဝင်ချင်ကြဘဲ သိုင်းလမ်းစဥ်အထွတ်အထိပ်သို့သာ လေ့ကျင့်ချင်သူ အမြောက်အမြားရှိသည်။ ထိုသူများသည် နေရာအမျိုးမျိုး၌ တပ်စွဲထားသည့် တပ်စခန်းများကို ဂရုမစိုက်ကြပေ။ နေ့တိုင်း စည်းကမ်းအတိုင်း လေ့ကျင့်နိုင်သူ အများအပြားမရှိပေ။
စစ်တပ်မိသားစုများမှ ဆင်းသက်လာသူများမှအပ ၎င်းတို့၏ ကျင့်ကြံရေးအတွက် အရင်းအမြစ်အမျိုးမျိုးကို လုယူခဲ့သော ချူးယွင်ဖန်းကဲ့သို လူများကို ထည့်ပြောရန် မလိုတော့ပေ။ ထိုအကြောင်းကြောင့်ပင် ၎င်းတို့က လအနည်းငယ်အတွင်း ပြန်လည်ရောက်လာကြခြင်းဖြစ်သည်။
ဤအချိန်တွင် အားလုံး၏ စိတ်ဓာတ်များ မြင့်တက်လာခဲ့သည်။ ချူးယွင်ဖန်း၏ အနာဂတ်သည် အကန့်အသတ်မရှိဟု တွေးကြည့်နိုင်သည်။ ချူးယွင်ဖန်း ဂရုတစိုက် ကျင့်ကြံခဲ့သော အုတ်မြစ်အနေဖြင့် သူတို့၏ အနာဂတ်သည်လည်း အကန့်အသတ်မရှိပေ။ အမှန်တကယ်တွင် သူသည် အနာဂတ်တွင် ချမ်းသာကြွယ်ဝမှုကိုပင် ရရှိ၍ တရှ၏ အုပ်ချုပ်သူတစ်ဦးဖြစ်လာနိုင်သည်။
၎င်းတို့၏ စိတ်ဓာတ်များမြင့်တက်လာပြီးနောက် တပ်တစ်ခုလုံးက ပို၍ ကြောက်စရာကောင်းလာခဲ့သည်။
ဤသို့ဖြင့် ယခုတင် တိုက်ခိုက်ခြင်းခံနေရကြရာမှ ပြန်လည်၍ စတင် သုတ်သင်သတ်ဖြတ်ကြတော့သည်။
တစ်ဖက်တွင်မူ တိုက်ခိုက်နေသော ကျွမ်းကျင်သူများသည် အူများပေါက်ထွက်တော့မည့်အလား ခံစားလိုက်ကြရသည်။ သွေးနတ်ဆိုးခေါင်းဆောင်၏ ပံ့ပိုးမှုမပါဘဲ ချူးယွင်ဖန်းကို တိုက်ခိုက်ရန် နည်းလမ်းမရှိပေ။
ချူးယွင်ဖန်းသည် လေထဲတွင် အမြင့်၌ ပျံသန်း၍ နတ်ဘုရားတစ်ပါးကဲ့သို့ ၎င်းတို့ကို ငုံ့ကြည့်နေခဲ့ရာ ရှေးဟောင်းနတ်သားရဲတစ်ကောင်က သတ်တော့မည့်အလား စိုက်ကြည့်နေသကဲ့သို့ပင်ဖြစ်သည်။ ထိုသူများသည် အမျိုးမျိုးသော အဖွဲ့များဖြစ်၍ အားလုံးက အရပ်လေးမျက်နှာမှ စုဝေးလာကြသည်။ သွေးနတ်ဆိုးခေါင်းဆော် သေဆုံးသွားသည်နှင့် ၎င်းတို့က အရပ်လေးမျက်နှာလုံးဆီသို့ထွက်ပြေးကြသည်။ သို့သော် ၎င်းတို့ မည်သို့လွတ်မြောက်နိုင်ကြမည်နည်း။ တပ်သား ငါးရာက လေထဲသို့ ပျံတက်၍ ကြီးမားသော စစ်တပ်ကြီးတစ်ခု ဖွဲ့စည်းကာ ၎င်းတို့ကို ဝိုင်းရံထားလိုက်ကြသည်။
အားလုံးက ယခင်က တပ်စခန်းကို ဝင်တိုက်ခဲ့သည်ဟု ပြောခဲ့သော်လည်း ယခုအခြေအနေက အားလုံးပြောင်းပြန်ဖြစ်သွားသည်။ ၎င်းတို့ကို တပ်စခန်းက ဝိုင်းထားသည်။ စကြဝဠာအဆင့်မပါဘဲ စစ်စခန်းထဲသို့ အောင်မြင်စွာဝင်တိုက်ရန် အခွင့်အရေးမရှိပေ။ မည်သို့ပင်ဖြစ်စေကာမူ တပ်စခန်းသည် ရှည်လျားသော ကျင့်ကြံမှုကာလတစ်ခုကို ဖြတ်သန်းခဲ့ရကာ ပြန်လည်မွေးဖွားလာခဲ့ပြီဖြစ်သည်။ ၎င်းတို့သည် ယခင်ကနှင့်လုံးဝ ကွာခြားသွားပေပြီ။
မကြာခင်၌ပင် ထိုပညာရှင်များသည် တပ်စခန်း၏တိုက်ခိုက်မှုကို ခံကြရသည်။ တချို့ဆိုလျှင် ထိတ်လန့်တုန်လှုပ်သွားကြကာ ထွက်ပြေးချင်ကြသော်လည်း ပေါင်းထိုင်တပ်စခန်းကို မကျော်ဖြတ်နိုင်ကြပေ။ အချို့က စိတ်ဓာတ်မာကျော၍ တန်ပြန်တိုက်ခိုက်ချင်ကြလျှင်ပင် တပ်စုဖွဲ့ထားသော စစ်သားများကို မည်သို့မျှ မထိခိုက်စေနိုင်ကြပေ။
သာမန် ရွှေအမတေပြီးပြည့်စုံအဆင့်များသာဆိုလျှင် ဤပညာရှင်များနှင့်ရင်ဆိုင်ရသောအခါ ချက်ချင်းသေဆုံးသွားနိုင်သော်လည်း ယခုမူ ၎င်းတို့ ချက်ချင်းပင် သေဆုံးသွားချင်လာလုနီးနီးဖြစ်လာသည်။
ထိုမြင်ကွင်းကို မြင်သောအခါ ပေါင်းထိုင်ရှိ ကျန်ရှိသော ကြားနေတပ်ဖွဲ့များလည်း အံ့အားသင့်သွားကြသည်။ ယနေ့တိုက်ပွဲအပြီးတွင် ယခုမှစ၍ ပေါင်းထိုင်က ချူးယွင်ဖန်း၏ နယ်မြေဖြစ်လာမည်ကို မည်သို့ နားမလည်ဘဲ နေကြလိမ့်မည်နည်း။
အခြေအနေကို ပြောင်းလဲပစ်ရန် အခွင့်အရေးမရှိခဲ့ပေ။ ၎င်းတို့အားလုံးပူးပေါင်းကြလျှင်ပင် ချူးယွင်ဖန်း၏ လက်တစ်ချောင်းကိုပင် ခုခံနိုင်မည်မဟုတ်ပေ။ ယခုမှစ၍ ချူးယွင်ဖန်း၏ ပေါင်းထိုင်မှ စကားများသည် ဧကရာဇ်အမိန့်နှင့် ညီမျှသည်။ လူအများက ယင်းက အလွန် ရယ်စရာကောင်းသည်ဟု ထင်ကြသည်။ ပေါင်းထိုင်ကဲ့သို့ နယ်စပ်မြို့ငယ်လေးတွင် စကြဝဠာအဆင့်နတ်ဘုရားတပါးပေါ်လာသည်က မယုံနိုင်စရာကောင်းလှသည်ဖြစ်ကာ တရှ၌ပင် ထိုအဆင့်ရှိသူကို ကျွမ်းကျင်သူဟု သတ်မှတ်နိုင်သည်။ ၎င်းတို့က မည်သည့်စစ်တပ်၌မဆို ဗိုလ်ချုပ်ကြီးဖြစ်နိုင်သည်။
သို့သော် သူတို့ မည်သို့ပင်ထင်ထင်၊ နောက်ဆုံးရလဒ်ကို ပြောင်းလဲ၍မရပေ။ ၁၅ မိနစ်အကြာတွင် စစ်စခန်းကို တိုက်ခိုက်ခဲ့သော ရာပေါင်းများစွာသော ကျွမ်းကျင်သူများ အားလုံး သေဆုံးသွားကြသည်။ တပ်စခန်းမှ တပ်ဖွဲ့ဝင်အချို့ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သော်လည်း မည်သူမျှ သေဆုံးခြင်း မရှိပေ။ တပ်မတော်က ၎င်းတို့ကို ကောင်းစွာ ကာကွယ်ပေးခဲ့သည်။
ချူးယွင်ဖန်းသည် သူ့ရှေ့တွင် ဒူးထောက်နေသော တပ်ရင်းတပ်ဖွဲ့ကို ကျေနပ်စွာ ကြည့်လိုက်သည်။ ဤသွေးထွက်သံယိုတိုက်ပွဲအပြီးတွင် ဤတပ်ရင်းတပ်ဖွဲ့ကို ထိပ်တန်းအဆင့်နီးပါးဟု ယူဆနိုင်သည်။ စစ်မှန်သော ထိပ်တန်းအဆင့်ဖြစ်လိုပါက ခွန်အားကြီးမားရုံသာမကပါ။ အနိုင်ယူ၍မရသော ရန်သူအင်အားကြီးနှင့် ရင်ဆိုင်ရသည့်အခါတွင်ပင် ဓားများကို ဆွဲထုတ်နိုင်သော စိတ်ဓာတ်ရှိရမည်။ မဟုတ်ပါက ၎င်းတို့ကို ထိပ်တန်းအဆင့်ဟု မသတ်မှတ်နိုင်ပေ။
ဤတိုက်ပွဲအပြီးတွင် မြို့၏တပ်စခန်းတွင် ထိပ်တန်းစစ်သားအချို့ရှိနေသည့် လက္ခဏာများရှိခဲ့သည်။ ဤသည်မှာ ချူးယွင်ဖန်း၏ အခြေခံအစီအစဉ်ဖြစ်သည်။ အချိန်တန်သောအခါ သူသည် ပေါင်တိုင်း၏ကာကွယ်ရေးကို တိုးချဲ့သရွေ့ ၎င်းသည် ကြီးမားသောတပ်မတော်တစ်ခုဖြစ်လာလိမ့်မည်။
"စစ်မြေပြင်ကို သန့်ရှင်းရေးလုပ်ပြီး စခန်းကိုပြန်ပြီး လေ့ကျင့်မှုကို ဆက်လုပ်ပါ။"
ချူးယွင်ဖန်း၏ အမိန့်အောက်တွင် တပ်ဖွဲ့များသည် အဖွဲ့ငယ်များဖြင့် စစ်မြေပြင်ကို သန့်ရှင်းရေးလုပ်ကြသည်။ ဤကျွမ်းကျင်သူများ၏ အလောင်းများသည် သဘာဝအတိုင်း အဖိုးတန်အရင်းအမြစ်များဖြစ်သည်။ သို့သော် လက်ရှိချူးယွင်ဖန်းက စကြဝဠာအဆင့် နတ်ဆိုးခေါင်းဆောင်များကိုသာ ကြည့်၍ ၎င်းကို တောင်မြစ်ပန်းချီကားထဲသို့ဆွဲယူ၍ ဗြဟ္မာသစ်ပင်ကို ရေလောင်းလိုက်သည်။ ။ ကျန်အရာများကို ကိုင်တွယ်ဖြေရှင်းရန်၊ ပေါင်းထိုင်၏ တပ်စခန်း၏ အင်အားကို ခိုင်မာစေရန်အတွက် ယုချူးယွင်ထံ လွှဲပြောင်းပေးခဲ့သည်။
ချူးယွင်ဖန်းသည် တောင်မြစ်ပန်းချီကားတွင် ဆေးဖက်ဝင်အပင်တောင်ပေါ်၌ ဗြဟ္မာသစ်ပင်က ပိုမိုခမ်းနားထည်ဝါစွာ ကြီးထွားလာသည်ကို မြင်တွေ့ခဲ့ရသည်။ အကိုင်းအခက်များပေါ်တွင် ဗြဟ္မာသစ်သီးသည်လည်း ရင့်မှည့်နေသည်။ ဤဗြဟ္မာသစ်သီး ရင့်မှည့်သောအခါ ချူးယွင်ဖန်း၏ ကျင့်ကြံမှုက ကျိန်းသေ တိုးတက်လာလိမ့်မည်။
ဤတိုက်ပွဲ၏ရလဒ်သည် အံ့သြဖွယ်ကောင်းသောအမြန်နှုန်းဖြင့် ပေါင်းထိုင်တစ်ခွင်သို့
ပျံ့နှံ့သွားခဲ့သည်။ ခဏတာအတွင်း လူတိုင်းသည် စကားလုံးများပျောက်ဆုံးသွားကြသည်။ ဘောင်တိုင်းသည် စကြဝဠာအဆင့်ရှိသူကို သတ်နိုင်သည့် တပ်မှူးတစ်ဦးကို မမြင်ဖူးသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည်။
တစ်ချိန်က မငြိမ်မသက်ဖြစ်နေခဲ့သော ပေါင်းထိုင်မြို့၏ အခြေအနေသည် တစ်ညတည်းတွင်ပင် ပျောက်ကွယ်သွားခဲ့သည်။ ချူးယွင်ဖန်းကို ဆန့်ကျင်သူများ ပျောက်ကွယ်သွားသကဲ့သို့ပင်ဖြစ်ကာ ဩဇာကြီးမားသော ချူးယွင်ဖန်းသည် ပေါင်းထိုင်တစ်မြို့လုံးကို တစ်ညတည်းဖြင့် ထိန်းချုပ်ထားခဲ့သည်။
သို့သော်လည်း ဤအချိန်တွင် စစ်ဝန်ကြီးဌာနမှ တပ်စခန်းသို့ လွှဲပြောင်းရေးအမိန့်တစ်ခု ပို့လိုက်၏။
အခန်း(၁၇၆၁) စစ်မြေပြင်မှာတောင် ငါက အတားအဆီးမရှိ ရွေ့လျားနိုင်တယ်
တပ်စခန်း၏ ဒုတပ်မှူးချုပ်ရုံးခန်း၌ ချူးယွင်ဖန်းသည် စစ်ဝန်ကြီးဌာနမှ လွှဲပြောင်းရေးအမိန့်ကို ကိုင်ဆောင်ကာ ထိုင်ခုံတစ်လုံးပေါ်တွင် ထိုင်နေသည်။ စစ်ဝန်ကြီးဌာနမှ သံတမန်ကို ပြန်လွှတ်လိုက်ပြီးနောက် မျက်လုံးများတွင် စူးရှသောအလင်းဖြင့်တောက်ပနေသည်။
ယုချူးယွင်၏ မျက်နှာထက်တွင် ဒေါသအငွေ့အသက်များ သိသိသာသာ ထင်ဟပ်နေသည်။
“စစ်ဝန်ကြီးဌာနက ခေါင်းလာနောက်နေတာပဲ။ တတိယတန်းတပ်တွေကို နတ်ဆိုးတွေ ရှင်းလင်းရေးမှာ ပါဝင်ခွင့်ပေးတာ ဘယ်သူကြားဖူးမှာလဲ။ ဒါ သူတို့ကို သေတွင်းပို့လိုက်တာမဟုတ်ဘူးလား"
ဤလွှဲပြောင်းမှုအမိန့်သည် နတ်ဆိုးများကို နှိမ်နင်းရာတွင် ပါဝင်ရန် ပေါင်းထိုင်၏ အစောင့်များကို စည်းရုံးရန်ဖြစ်သောကြောင့် ချူးယွင်ဖန်း၏ အမူအရာသည် အေးစက်နေသည်။ ပတ်ဝန်းကျင်ရှိရန်သူများ ပိုမို သန်မာလာခြင်းမှ ကာကွယ်ရန် တရှသည် တစ်ခါတစ်ရံ၌ ထိုသို့သော “သန့်ရှင်းရေးလုပ်ငန်း”ကို လုပ်ဆောင်လေ့ရှိသည်။
အထူးသဖြင့် လူသားမျိုးနွယ်၏ အကြီးမားဆုံးရန်သူဖြစ်သော နတ်ဆိုးများကို ဆန့်ကျင်ရာတွင် ၎င်းသည် ပို၍ပင်အရေးကြီးသည်။
သုံးနှစ်တစ်ကြိမ် နွေဦးရာသီ စစ်ဆင်ရေးတစ်ခု ရှိလိမ့်မည်။ စစ်သားတစ်သန်းသည် နတ်ဆိုးဒေသသို့ ဝင်ရောက်လာလိမ့်မည်ဖြစ်ကာ မည်သည့်နေရာသို့မဆို ကျူးကျော်ဝင်ရောက်သွားသည်နှင့် နတ်ဆိုးမျိုးနွယ်စုအားလုံးကို အမြစ်ပြတ်ဖယ်ရှားပစ်လိမ့်မည်။ နတ်ဆိုးတပ်ဖွဲ့တစ်ခုနှင့် ရင်ဆိုင်ရပါက ၎င်းတို့ကို ဖယ်ရှားပစ်လိမ့်မည်။ ၎င်းသည် ကြီးမားသော စစ်ဆင်ရေးတစ်ခုဖြစ်သည်။ ဟူမျိုးနွယ်စု၊ လူရိုင်းမျိုးနွယ်စုနှင့် အခြားနယ်ခြားမျိုးနွယ်မှုများနှင့် ပြဿနာဖြစ်ပွားခြင်းမှ ကာကွယ်ရန် စည်းရုံး၍မရသော တပ်အနည်းငယ်မှလွဲ၍ တရှ၏ လက်ရွေးစင်တပ်အားလုံးကို စည်းရုံးရမည်ဖြစ်သည်။ ဤအချက်မှ တရှသည် တဝေထက် အဆပေါင်းများစွာ ပိုမိုအားကောင်းကြောင်း တွေ့မြင်နိုင်သည်။
ထိုအချိန်က တဝေ၌ အဆုံးမဲ့နတ်ဆိုးနယ်မြေကိုရင်ဆိုင်ရန် နည်းလမ်းမရှိခဲ့ပေ။ ၎င်းတို့အားလုံးက ခုခံတိုက်ခိုက်ရုံသာ တတ်နိုင်ကြသည်။ အများဆုံးအနေဖြင့် လူသားများ၏ ခွန်အားကို စည်းရုံး၍သာခုခံနိုင်သည်။ သို့သော် တရှကမူ လက်စားချေ၍ အင်အားကြီးသော စစ်ဆင်ရေးတစ်ခုကို စတင်နိုင်သည်။
အထူးသဖြင့် အနည်းဆုံး ရွှေအမတေအဆင့်ကျွမ်းကျင်သူများပါရှိသည့် စစ်တပ်တစ်သန်းသည် အရင်းအမြစ် များစွာကို အလွန်အပြင်းအထန်သုံးစွဲလိမ့်မည်။ အရင်းအမြစ်များ အလွန်ကြွယ်ဝသော ပြည်ထောင်စုပင်လျှင် ထိုသို့သော တပ်မတော်ကို စုစည်းနိုင်မည်မဟုတ်ပေ။ လူတစ်သိန်းကို စုစည်းလိုက်လျှင် ပြည်ထောင်စုတစ်ခုလုံး ဒေဝါလီခံရလိမ့်မည်ဟု ခန့်မှန်းနိုင်သည်။
ရေကန်ထဲ၌ စစ်မှန်သော နဂါးတစ်ကောင်ကို မွေးမြူရန် မဖြစ်နိုင်ပေ။ ထိုအကြောင်းကြောင့်လည်း တရှတစ်ခုတတည်းကသာ ကျွမ်းကျင်သူများကို မွေးထုတ်ပေးနိုင်ခြင်းဖြစ်သည်။ တရှ၏ အစွမ်းထက်သော နိုင်ငံတော် အင်အားစုကို ထောက်ခံသည့် ကျွမ်းကျင်သူများ ကျွမ်းကျင်သူများ မရေမတွက်နိုင်လောက်အောင် များပြားသည်။ သို့သော် ချူးယွင်ဖန်း မြင်တွေ့ရသည်များကမူ သာမန်လူများမြင်ရသည်နှင့် သဘာဝအတိုင်း ကွာခြားသည်။ တရှက နတ်ဆိုးများကို ဖယ်ရှားရန် တပ်သား သန်းပေါင်းများစွာကို မကြာခဏ စုစည်းလေ့ရှိသော်လည်း ထိုသို့သူသေကိုယ်သေ တိုက်ခိုက်စေချင်ခြင်းမဟုတ်ပေ။ တရှသည် ၎င်းတို့၏တပ်များကို နတ်ဆိုးနယ်မြေသို့ဦးဆောင်ရခြင်း၏ ရည်ရွယ်ချက်မှာ နတ်ဆိုးများ၏ အင်အားကို အားနည်းစေချင်ရုံသာမက စစ်သားများကိုလည်း လေ့ကျင့်ပေးရန်ဖြစ်သည်။
ချူးယွင်ဖန်းအတွက် ယင်းကို နားလည်ခြင်းက မထူးဆန်းပေ။ သူက တစ်ချိန်က ပြည်ထောင်စု၏ ဗိုလ်ချုပ်ကြီးဖြစ်ခဲ့ဖူးသဖြင့် အထက်လူကြီးများ၏ အတွေးများကို သူနားလည်သည်။ ထိုမျှကြီးမားသော တပ်မတော်ကို စုစည်းရန် လိုအပ်သည့် အရင်းအမြစ်ပမာဏက အလွန်များပြားသည်။
ထိုသို့သောအခြေအနေမျိုးတွင် ၎င်းတို့က တည်ငြိမ်စွာ တိုက်ခိုက်ရမည်ဖြစ်ကာ အလျင်စလို ချီတက်၍ မရပေ။ ၎င်းတို့က နယ်မြေကို ရှင်းလင်းပြီးလျှင်ပင် ဆုတ်ခွာသွားတတ်ကြသည်။ တခြား မဟာဗျူဟာကျသော ရည်ရွယ်ချက်များမရှိပါက လူအင်အားနှင့် ငွေကြေးက အလဟဿဖြစ်သွားပေမည်။
သို့သော် ယေဘုယျအားဖြင့် သန့်ရှင်းရေးလုပ်ငန်းတွင် ပါဝင်ရန် အဆင့်မြင့်ဆုံး ပထမတန်းတပ်ဖွဲ့များကိုသာ စုစည်းမည်ဖြစ်သည်။ ဒုတိယတန်းတပ်ဖွဲ့များပင် အရန်တပ်ဖွဲ့များသာဖြစ်သည်။ ဒေသခံတပ်စခန်းတပ်ဖွဲ့များကို လုံးဝ စုစည်းလေ့မရှိပေ။
ထိုတပ်များသည် တစ်ဖက်၏ ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် လုံလောက်သည်ထက်ပိုသော်လည်း စစ်သားတစ်သန်းနှင့် တိုက်ပွဲဝင်ပါက ကိုယ့်သေတွင်းကိုယ်တူးသကဲ့သို့ဖြစ်နေပေလိမ့်မည်။ သာမန်တပ်သား သိန်းချီရှိနေလျှင်ပင် စကြဝဠာအဆင့်အနည်းငယ်က ၎င်းတို့ကို အလွယ်တကူ သတ်ပစ်နိုင်သည်။ ၎င်းတို့ တန်ပြန်တိုက်ခိုက်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့်ပင် စစ်ဝန်ကြီးဌာန လွှဲပြောင်းရေးအမိန့်က ထူးဆန်းနေကြောင်းထင်ရှားသည်။
သို့သော် ချူးယွင်ဖန်းသည် အံ့သြခြင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် သူ့တွင် ခိုင်လုံသောသက်သေအထောက်အထားမရှိလျှင်ပင် ၎င်းသည် လီချန်းယွမ်နှင့် အများဆုံးသက်ဆိုင်သည်ဟု ခန့်မှန်းနိုင်သောကြောင့်ဖြစ်သည်။ သူ့တွင် ရန်သူများစွာရှိသော်လည်း လီချန်းယွမ်မှတပါး စစ်ဝန်ကြီးဌာန၏ လွှဲပြောင်းရေးအမိန့်ကို လွှမ်းမိုးနိုင်သော အာဏာ မည်သူ၌ ရှိမည်နည်း။
"မဟုတ်ဘူး၊ ငါ စစ်ဝန်ကြီးဌာနကို စာရေးပြီး ဒီရယ်စရာကောင်းတဲ့ လွှဲပြောင်းရေးအမိန့်ကို ရုပ်သိမ်းပေးဖို့ တောင်းဆိုမယ်" ယုချူးယွင်က ဝမ်းနည်းစွာ ပြောလိုက်သည်။
လအနည်းငယ်ကြာပြီးနောက်၊ ကြယ်ကြွေကောင်းကင်ဂိုဏ်းမှ သူ့အား ထိပ်တန်းတပည့်အဖြစ် ရာထူးတိုးမြှင့်ပေးခဲ့သည်။ သူ၏တရားဝင်အဆင့်အတန်းမှာ ချူးယွင်ဖန်း၏နောက်တွင် ဒုတိယနေရာတွင် ရှိသည်။ စနစ်အရ ဒုတိယဒုတပ်မှူးချုပ်တစ်ဦးပင်လျှင် စစ်ဝန်ကြီးဌာနသို့ အသနားခံစာတင်သွင်းပိုင်ခွင့်ရှိသည်။
သို့သော်လည်း ချူးယွင်ဖန်းက လက်ပြလိုက်သည်။
"အသုံးမဝင်ဘူး။ ဓားတောင်ကြီးဖြစ်စေ၊ မီးလျှံပင်လယ်ဖြစ်စေ ငါတို့သွားရမယ်။ မဟုတ်ရင် ငါတို့က စစ်အမိန့်ကို မနာခံရာရောက်လိမ့်မယ်။ စစ်အမိန့်ကို မနာခံတာရဲ့ ကျိုးဆက်တွေကို မင်းမသိဘူးလား"
ယုချူးယွင်၏ မျက်နှာအမူအရာက ရုတ်တရက် တောင့်တင်းသွားသည်။ မှန်သည်။ သူသည် စစ်အမိန့်များကို လွန်ဆန်ခြင်း၏ အကျိုးဆက်များအားသိသည်။ ချူးယွင်ဖန်းက ယခင်က အမိန့်များကို မနာခံရန် အကြောင်းပြချက်ကို သုံး၍ တပ်စခန်းထဲမှကြီးမားသော အုပ်စုအမျိုးမျိုး၏ ခြေသည်းများကို ရည်ရွယ်ချက်ရှိရှိ ဖြတ်တောက်ခဲ့ဖူးသည်။
စစ်အမိန့်များကို မနာခံခြင်းက သေဒဏ်ပင်ဖြစ်သည်။ တရှ၏ စစ်တပ်၌ ရာနှင့်ချီသော သေဒဏ်ပေးအမိန့်ဟူသည့် စည်းကမ်းပင်ရှိသည်။ တစ်နည်းအားဖြင့် စည်းမျဥ်းများ ရာနှင့်ချီ၍ ရှိသည်ဖြစ်ရာ တစ်ယောက်ယောက်က ချိုးဖောက်သည်နှင့် သေရလိမ့်မည်။
ဤသည်မှာ ချူးယွင်ဖန်း၏ သဘောထားကွဲလွဲသူများကို ရှင်းလင်းရန် နည်းလမ်းဖြစ်သော်လည်း ယခုအခါ လီချန်းယွမ်က အသုံးပြုနေပြီဖြစ်သည်။ ချူးယွင်ဖန်းသည် ကြီးမားသော ပံ့ပိုးကူညီမှုတစ်ခု ပြုလုပ်နိုင်ပြီး မြို့ဝန်ဘွဲ့ ချီးမြှင့်ခံရခြင်းမရှိပါက လီချန်းယွမ်၏ သေးငယ်သော လှည့်ကွက်များကို ခုခံနိုင်မည်မဟုတ်ပေ။
"ဒါ့အပြင်၊ လေနဲ့မိုးကို မခံစားရဘဲ သက်တံကို ဘယ်လိုမြင်နိုင်မလဲ။ ဒီအရာတွေကို မကြုံတွေ့ရဘဲနဲ့ တပ်စခန်းဟာ တကယ့်ထိပ်တန်းတပ်မတော်အဖြစ် ဘယ်အချိန်မှာ ကြီးထွားလာမှာလဲ။ ရှောင်လွှဲလို့မရတဲ့အတွက် သွားကြရအောင်" ချူးယွင်ဖန်းက ပြောသည်။
ချူးယွင်ဖန်းက မကြောက်ပေ။ ဤလွှဲပြောင်းအမိန့်သည် အလွန်ရုတ်တရက်ဆန်လှသော်လည်း သူ၏လက်ရှိခွန်အားဖြင့် လီချန်းယွမ်၏လှည့်ကွက်များကို မကြောက်ပေ။ သူသည် စကြဝဠာအဆင့်ကိုပင် သုတ်သင်နိုင်သည်။ ဤအဆင့်ရှိသော စစ်မြေပြင်တွင်ပင် သူသည် လွှမ်းမိုးနိုင်သည်။
သို့သော်လည်း သူသည် ဒြပ်မဲ့ကျွမ်းကျင်အဆင့်တွင်သာ ရှိနေသည်။ ထိုကဲ့သို့သော ကျင့်ကြံမှုသည် အလွန်ရှုပ်ထွေးလွန်းပေမည်။ သာမန် စကြဝဠာအဆင့်ရှိသူသာ သတိမထားပါက သူ့လက်ချက်ဖြင့် ချက်ချင်းသေဆုံးသွားနိုင်သည်။
"တပ်စခန်းက ပြန်လည်မွေးဖွားလာပြီ။ သူတို့က ပထမတန်းစား လက်ရွေးစင်တွေထက် အဆင့်မနိမ့်ဘူး ဘာကိုကြောက်စရာရှိလို့လဲ"
ချူးယွင်ဖန်းကဲ့သို့သော ဆရာသခင်တစ်ဦးက တပ်စခန်းကို ကြီးကြပ်ကွပ်ကဲနေသည်။ ထိပ်တန်းတပ်များပင် ထိုမျှလောက် အလွန်အကျွံ မဖြစ်နိုင်ပေ။ လူ ၅၀၀ ရှိသော ဤသေးငယ်သောတပ်တွင် စကြဝဠာအဆင့်နှင့် ဆင်တူသော ဆရာတစ်ဦးရှိသည်ဖြစ်ရာ ထိုသူက ၎င်းတို့ကို ကြီးကြပ်ကွပ်ကဲနေသည်။
"ဟုတ်တယ်။ သူတို့က ကျွန်တော်တို့ကို စစ်မြေပြင်ကို သွားစေချင်တဲ့အတွက် ဘာမှကြောက်စရာမရှိဘူး။ ဒီနေရာက ကျွန်တော်တို့ စစ်ရေးဂုဏ်ထူးဆောင်ဘွဲ့တွေ ရနိုင်တဲ့နေရာလို့ ထင်တယ်!" ယုချူးယွင်က ပြောရင်း စိတ်လှုပ်ရှားလာသည်။
"ဒါပေမယ့် ငါတို့ သတိထားရဦးမှာပါ။ ဒီအဆင့်ရှိတဲ့ စစ်မြေပြင်မှာ ငါတို့ရဲ့ ဦးစားပေးက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ပဲ" ချူးယွင်ဖန်းက ပြောလိုက်သည်။
သူက တပ်က ၎င်းတို့လိုချင်သလိုလုပ်နိုင်သည်ဟု တွေးရလောက်အောင် မာန်မတက်ပေ။ လူတစ်သန်းမျှပါဝင်သော တိုက်ပွဲတွင် စကြဝဠာအဆင့်များသည် ၎င်းတို့ကိုယ်၎င်းတို့ကာကွယ်ရန် လုံလောက်သည်။ ယင်းက နိုင်ငံတစ်နိုင်ငံကို ဖျက်ဆီးပစ်နိုင်သည့် စစ်မှန်သော စစ်ပွဲဖြစ်သည်။