← Chapters

အခန်း (၁၇၆၂-၁၇၆၄)

Vol. 118 Ch. 1762-1764

အခန်း (၁၇၆၂-၁၇၆၄)

Vol. 118 Ch. 1762-1764

အခန်း(၁၇၆၂) လူ-နတ်ဆိုးသတ်ကွင်း ပင်းယောင်မြို့

"ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ထားကြပါ။ ဆယ်ရက်အတွင်းမှာ သတ်ကွင်းကို အမြန်သွားကြမယ်"

ချူးယွင်ဖန်း၏ အမိန့်ဖြင့် တပ်စခန်းတစ်ခုလုံး ပြင်ဆင်မှုများ စတင်ခဲ့သည်။

ထိုသတင်းက ပေါင်းထိုင်တစ်ခွင်လုံး၌ ပျံ့နှံ့သွားခဲ့သည်။ လူအများက ထိုအကြောင်းကို ပြောဆိုနေကြသည်။ ထိုကိစ္စကို နားလည်နိုင်သူလည်း အမြောက်အမြားရှိသည်။ ချူးယွင်ဖန်းအတွက် မည်သူက ဒုက္ခပေးနေသည်ကိုမသိသော်လ်း ပေါင်းထိုင်တပ်စခန်းကဲ့သို့ တတိယတန်းစားတပ်များကို ရှေ့တန်းသို့ပြောင်းရွှေ့လိုက်ပြီဖြစ်သည်ကိုမူ ၎င်းတို့သိကြသဖြင့် တစ်ခုခုဖြစ်နေသည်က ထင်ရှားသည်။

နတ်ဆိုးများ နယ်စပ်ကို ကျူးကျော်ဝင်ရောက်လာခြင်းက အဆင်ပြေသေးသော်လည်း ယခုမူ တရှက ဒေသခံစစ်တပ်တစ်တပ်ကို စုစည်းချင်နေခြင်းဖြစ်သည်။ ထိုသို့သော တတိယတန်းစားတပ်မျိုးသည် တရှတပ်မတော်၌ စစ်ရိက္ခာသယ်ယူပို့ဆောင်ရန် အရည်အချင်းပင်မရှိပေ။

သို့သော်လည်း ၎င်းတို့သည် သီးသန့်ဆွေးနွေးရန်သာ ရဲရင့်ကြ၍ ပေါ့ပေါ့တန်တန်မပြောရဲကြပေ။ ချူးယွင်ဖန်းက အဓိက အင်အားစုအားလုံးကို အမြစ်ပြတ်ဖယ်ရှားကာ လူများစွာရှေ့၌ စကြဝဠာအဆင့်ရှိသူတစ်ဦးကို သတ်ခဲ့သည်ဖြစ်၍ ၎င်းတို့က ချူးယွင်ဖန်းကို မည်သို့ ပြဿနာရှာဝံ့ကြမည်နည်း။

ဆယ်ရက်တာသည် ရှုပ်ထွေးမှုများကြားတွင် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

ဆယ်ရက်အကြာတွင် အေးစိမ့်သောလေနှင့် နွေဦးရာသီအစောပိုင်းတွင် ပေါင်းထိုင်ရှိ ခုခံကာကွယ်သူများသည် လူသား-နတ်ဆိုးတိုက်ပွဲသို့ ခရီးစတင်ခဲ့ကြသည်။ တစ်ရက်နှင့်တစ်ည ချီတက်ပြီးနောက် ပေါင်းထိုင်မြို့ တပ်စခန်းသည် လူသား-နတ်ဆိုးတိုက်ပွဲ၏ နယ်နိမိတ်နှင့် နီးကပ်လာခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်း ပေါင်းထိုင်ကဲ့သို့ နယ်စပ်မြို့ငယ်လေးနှင့် လုံးဝကွာခြားသည်။ မြို့များသည် ဝေးလံလှသည့်အပြင် မိုးကုတ်စက်ဝိုင်း၏ အနက်ရှိုင်းဆုံးနေရာ၌ ရှိသေနည်။ ထိုနေရာက လူသားနတ်ဆိုးတိုက်ပွဲတစ်ခုလုံး အမှန်တကယ်ပေါက်ကွဲခဲ့သည့်နေရာဖြစ်သည်။

အနောက်ဘက်အစွန်ဆုံးတွင် နတ်ဆိုးဒေသရှိ တောင်တစ်သိန်းခန့်ရှိသည်။ တောင်တစ်သိန်းတွင် မရေမတွက်နိုင်သော အဆိပ်ရှိသော အင်းဆက်ပိုးမွှားများနှင့် ရွှံ့နွံများရှိကာ လူသားတပ်၏ ချီတက်မှုကို ပိတ်ပင်ထားသည်။ နှစ်ပေါင်းများစွာ သိမ်းပိုက်ပြီးနောက်တွင် ၎င်းတို့သည် တောင်တစ်သိန်း၏ အစွန်းအထိသာ သိမ်းပိုက်နိုင်ခဲ့သည်။

စစ်မှန်သော နတ်ဆိုးများသည် တောင်တစ်သိန်း၏ အနက်ရှိုင်းဆုံးအောက်ခြေတွင်ရှိကြသည်။ ယင်းက နတ်ဆိုးများ၏ နိဗ္ဗာန်ဘုံဖြစ်ကာ လူသားများနေနိုင်သော နေရာမဟုတ်ပေ။ ထိုနေရာ၌ ကြောက်မက်ဖွယ် နတ်ဆိုးများ မည်မျှ များပြားသည်ကို ခန့်မှန်းရန်မဖြစ်နိုင်ပေ။

ချူးယွင်ဖန်းသည် ပေါင်းထိုင်ရှိ ကင်းသမားများနောက်သို့ လိုက်သွားခဲ့သည်။ အဝေးမှကြည့်လျှင် အလွန်တိတ်ဆိတ်ကာ ရှေးကျသောအငွေ့အသက်တချို့ကို သူမြင်လိုက်ရသည်။ တောင်တစ်သိန်းသည် ချောင်းမြောင်းနေသော ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်နှင့် တူသည်။ ၎င်းက လူတို့အား မိမိတို့ကို အချိန်မရွေး ခုန်အုပ်နိုင်သည်ဟု အထင်မှားစေသည်။

ယင်းက ချူးယွင်ဖန်းကို ကြယ်ကြွေကောင်းကင်ဂိုဏ်းမှ ရေးသားထားသော “ကမ္ဘာ”စာအုပ်ထဲမှ တောင်တစ်သိန်းနှင့်ပတ်သက်သည့် အချက်အလက်များကို သတိရစေသည်။ တောင်တစ်သိန်းတည်ရှိခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်ဟု ကောလဟာလများထွက်နေသည်။

ချူးယွင်ဖန်းကို ပို၍အံ့အားသင့်စေသည်မှာ ဆေးဧကရာဇ်၏ မှတ်ဉာဏ်တွင် အလားတူမှတ်တမ်းများကို တွေ့ရှိခဲ့ခြင်းပင်ဖြစ်သည်။ သို့သော် ဆေးဧကရာဇ်ခေတ်သည် ရှေးဟောင်းကာလဖြစ်၍ တောင်တစ်သိန်းသည် ထိုရှေးဟောင်းကာလကတည်းကပင် ပို၍ကြာကြာရှိခဲ့ပုံရသည်။ အကယ်၍ ထိုသို့ဖြစ်ခဲ့ပါက တောင်တစ်သိန်းသည် အမှန်တကယ်ထူးခြားသည်။

ချူးယွင်ဖန်းသည် ဤအာရုံပျံ့လွင့်စေသော အတွေးများကို ချက်ချင်းပင် သူ့စိတ်မှ ထုတ်ပစ်လိုက်ပြီး အပေါ်သို့ ပျံသန်းသွားသည်။ သူ့မျက်လုံးများကို ဖွင့်လိုက်သောအခါ အဝေးမှ ကောင်းကင်ယံတွင် မရေမတွက်နိုင်သော ရောင်ဝါများ ဖြတ်သန်းနေသည်ကို မြင်လိုက်ရသည်။ မရေမတွက်နိုင်သော နတ်ဆိုးများနှင့် လူသားများ၏ အနှစ်သာရ၊ ချီစွမ်းအင်နှင့် ဝိညာဉ်များသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ထောက်တိုင်များကဲ့သို့ ကောင်းကင်ယံသို့ ထိုးဖောက်ဝင်ရောက်နေသည်။

ဤအငွေ့အသက်များသည် အလွန်သိပ်သည်းကာ အဆုံးအစမရှိပေ။ အဝေးမှကြည့်လျှင် ၎င်းတို့သည် တိုက်ပွဲကွင်းတစ်ခုလုံးတွင် လေနှင့် မိုးတိမ်များကို နှိုးဆွပေးခဲ့သည်။ ချူးယွင်ဖန်းပင် အံ့အားသင့်သွားသည်။ သူသည် ပြည်ထောင်စုမှ လာခြင်းဖြစ်သည်။ ယင်းကို သိခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သော်လည်း

တရှ၏ ရေခဲတောင်ထိပ်ဖျားကိုသာ မြင်တွေ့ခဲ့ရသည်။

"ဒီလောက်ကြောက်စရာကောင်းတဲ့ အင်အားနဲ့ဆိုရင် အဲ့မှာတပ်စွဲထားတဲ့ ကျပန်းတပ်မတော်တိုင်းဟာ ပြည်ထောင်စုတစ်ခုလုံးကို ပျံ့သွားနိုင်တယ်"

ချူးယွင်ဖန်းပင် ဤလက်ရွေးစင်တပ်များကို ထည့်မတွက်ဘဲ သူဦးဆောင်သော ပေါင်းထိုင်၏ တပ်သားများကပင် ပြည်ထောင်စုကို ၎င်းတို့ဘာသာ ဖျက်ဆီးပစ်ရန် လုံလောက်ကြောင်း ဝန်ခံရသည်။ ပြည်ထောင်စု၌ နျူကလီးယားဗုံးများရှိသော်လည်း အသုံးမဝင်ပေ။ ရွှေအမတေပြီးပြည့်စုံခြင်းအဆင့်များစွာသာမက ၎င်းတို့အနက် ဒြပ်မဲ့အဆင့်များရှိနေသည်ကို ထည့်တွက်ရမည်ဖြစ်ကာ ပြည်ထောင်စု၏ နျူကလီးယားဗုံးများပင် ဒြပ်မဲ့များကို ထိခိုက်စေနိုင်ခြင်းမရှိပေ။ ပေါက်ကွဲအားများစွာရှိသော နျူကလီးယားဗုံးမဟုတ်ပါက ၎င်းတို့တုံ့ပြန်နိုင်ခြင်းမပြုမီ တစ်ချက်တည်းဖြင့် သတ်ပစ်နိုင်သည်။

သို့သော်လည်း ချူးယွင်ဖန်းက နျူကလီးယားဗုံးသည် စကြဝဠာနှင့်ပတ်သက်လာလျှင် ၎င်း၏အာနိသင် ဆုံးရှုံးသွားလိမ့်မည်ဟု ခန့်မှန်းခဲ့သည်။ ဤစကြဝဠာများအတွက် မည်သည့်ခြိမ်းခြောက်မှုမျှ မဖြစ်နိုင်ဟု ယူဆခဲ့သည်။

အဝေးတွင် ချူးယွင်ဖန်းသည် တောင်တန်းများအလယ်တွင် တည်ရှိနေသော ဧရာမမြို့တစ်မြို့ကို မြင်လိုက်ရသည်။ ထိုမြို့သည် တောင်တန်းတစ်သိန်းရှိ တရှ၏ ရုံးချုပ်ဖြစ်သည်။ ထိုမြို့သည် ပင်းယောင်မြို့ဖြစ်၍ လူသန်းပေါင်းများစွာ နေထိုင်နိုင်သော ဧရာမမြို့တစ်မြို့ဖြစ်သည်။

မရေမတွက်နိုင်သော ကျွမ်းကျင်သူများ ထိုနေရာတွင် တပ်စွဲထားကာ အစွမ်းထက်သော အငွေ့အသက်များက ကောင်းကင်ကို ဖုံးလွှမ်းထားသည်။ မည်သည့် ထောက်လှမ်းရေးနည်းလမ်းများမဆို ဤရောင်ဝါ၏ အကာအကွယ်အောက်တွင် အသုံးမဝင်ပေ။ နတ်ဘုရားစိတ်ပညာကဲ့သို့သော

ထောက်လှမ်းနည်းလမ်းများသည် မရေမတွက်နိုင်သော ကျွမ်းကျင်သူများ၏ အစွမ်းထက်သော သွေးအနှစ်များက ၎င်းတို့ချဉ်းကပ်လာသည်နှင့် အငွေ့ပျံသွားလိမ့်မည်။

ဤသိုင်းပညာ ကျွမ်းကျင်သူများအပြင်၊ မြို့တွင် တစ်နှစ်ပတ်လုံး တပ်စွဲထားသော စစ်သား ၂၀၀,၀၀၀ ရှိသည်။ ဤစစ်သား ၂၀၀,၀၀၀ သည် များပြားသည်ဟု မထင်ရသော်လည်း ၎င်းတို့အနက် အားအနည်းဆုံးမှာ ဒြပ်မဲ့အဆင့် အထက်တွင် ရှိနေပါက ဤစစ်သား ၂၀၀,၀၀၀ သည် အလွန်ကြောက်စရာကောင်းလိမ့်မည်။ ဧကရာဇ်အစောင့်များမှလွဲ၍ ဤသည်မှာ တရှ၏ အကြောက်စရာအကောင်းဆုံးတပ်များထဲမှ တစ်ခုဖြစ်သည်။ ဤစစ်သား ၂၀၀,၀၀၀ သည် သန်းပေါင်းများစွာသော တပ်တစ်တပ်နှင့် နှိုင်းယှဉ်နိုင်သည်။ သာမန်နတ်ဆိုးတပ်များကို သတ်ဖြတ်ခြင်းသည် ဖရဲသီးနှင့် ဟင်းသီးဟင်းရွက်များကို လှီးဖြတ်ခြင်းကဲ့သို့ပင် ကြောက်စရာကောင်းသည်။ ပြင်ပကမ္ဘာတွင် ပါရမီရှင်များ သို့မဟုတ် ဒေသတစ်ခု၏ အဓိကအချက်များအဖြစ် သတ်မှတ်ခံရသော ဒြပ်မဲ့များသည် ဤနေရာတွင် သာမန်စစ်သားများသာ ဖြစ်သည်။

ဤနေရာသို့မလာခင် များစွာလေ့လာခဲ့သော်လည်း တကယ်တမ်း မြင်လိုက်ရသောအခါ

အံ့သြမှင်သက်သွားခဲ့သည်။ ထိုတပ်တစ်ခုတည်းဖြင့် နတ်ဆိုးများ၏ တန်ပြန်တိုက်ခိုက်မှုများကို ရပ်တန့်နိုင်၍ တောင်တစ်သိန်းရှိ နတ်ဆိုးများ၏ စွမ်းအားကို ခိုင်ခိုင်မာမာ တားဆီးနိုင်ခြင်းဖြစ်သည်။ မဟုတ်ပါက တရှ၏အဓိကနယ်မြေက မည်သို့ ငြိမ်းချမ်းကာ ကြွယ်ဝချမ်းသာနေမည်နည်း။

၎င်းတို့က နတ်ဆိုးများတမျှ စွမ်းအားမကြီးလျှင်ပင် နတ်ဆိုးနတ်ဘုရားဂိုဏ်းကဲ့သို့ မကောင်းဆိုးဝါးနတ်ဆိုးများကို တရှအား ထိုးဖောက်ဝင်ရောက်နိုင်ရန် ပျိုးထောင်နိုင်ခဲ့သည်။ ၎င်းတို့၏

စစ်တပ်များက ပင်းယောင်ခံတပ်ကို ဖောက်ထွက်နိုင်ခဲ့ခြင်းမျိုးမဟုတ်ပေ။

ပင်းယောင်းမြို့၏ တည်နေရာကအကောင်းဆုံးဖြစ်သည်။ တောင်တစ်သိန်း၏ ထွက်ပေါက်၌ ခိုင်ခိုင်မာမာ ပိတ်ထားသည်။ ထိုနေရာသို့ရောက်ရန် အာဇာနည်များစွာက ၎င်းတို့၏ အသက်နှင့်သွေးများကို ပေးဆပ်ခဲ့ရသည်။ မရေမတွက်နိုင်အောင် များပြားလှသော ထိခိုက်ဒဏ်ရာရသူများသည် တိုက်ပွဲစည်းကို ထိုနေရာသို့ တွန်းပို့ခဲ့ကြသည်။ နတ်ဆိုးများနှင့် တပ်ဖွဲ့များကို သီးခြားခွဲထားသကဲ့သို့ပင်ဖြစ်၏။

မကြာမီတွင် ကင်းထောက်တာဝန်ရှိသူက တပ်သား၏အမည်ကို အတည်ပြုရန် ရှေ့သို့ထွက်လာခဲ့သည်။ ပေါင်တိုင်း၏တပ်သား၏အမည်ကို အတည်ပြုပြီးနောက် ဒေသခံတပ်တစ်တပ်ကို အဘယ်ကြောင့် ဤနေရာ၌ စုစည်းရမည်ကို အနည်းငယ် အံ့သြနေသော်လည်း သူသည် သတင်းပို့ရန် စခန်းသို့ အမြန်ပြန်လာခဲ့သည်။ ထို့နောက် မကြာမီ၌ တစ်စုံတစ်ယောက် ရောက်လာပြီး ချူးယွင်ဖန်းနှင့် အခြားသူများကို စစ်မြေပြင်ရှိ စစ်စခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။

အခန်း(၁၇၆၃) ကြံစည်မှု ဆက်လက်ဖြစ်ပွားခြင်း

တစ်နေရာတည်း၌ တပ်စွဲထားသော စစ်တပ်ကို ထည့်မတွက်လျှင်ပင် လူပေါင်းတစ်သောင်းအထက်ရှိ၍ တောင်တန်းများနှင့် မြေပြန့်များကိုဖုံးလွှမ်းထားသည်။ တရှက ဤတစ်ကြိမ်၌ အလွန် ရက်ရောသည်။ တောင်တစ်သိန်း၌ စုဝေးနေသော ထိပ်တန်းတစ်သားများကို ထိုက်တောင်အဖြစ်ပင် တင်စားနိုင်သည်။

စုဆောင်းထားသည့် တစ်ခုတည်းသော တပ်စခန်းအနေနှင့် ပေါင်းထိုင်တပ်သားများကို ၎င်းတို့၏တဲများတွင် ပိုမိုကောင်းမွန်စွာ ဆက်ဆံခဲ့ခြင်းမဟုတ်ပေ။ အခြေခံအားဖြင့် အရပ်သားစခန်းက ၎င်းတို့ဘေးတွင်ရှိသည်။

သို့သော် ချူးယွင်ဖန်းက ဂရုမစိုက်ပေ။ တပ်များကိုနေရာချပြီးနောက် တဲမှထွက်ခွာကာ ကောင်းကင်သို့ပျံတက်သွားသည်။ သူက စစ်မြေပြင်တစ်ခုလုံးကို ငုံ့ကြည့်လိုက်သည်။ ဤအချိန်၌ စစ်မြေပြင်တစ်ခုလုံးက မီးတောက်များနှင့်ပြည့်နှက်နေပြီဖြစ်ကာ အခြေအနေကလည်း ရှုပ်ထွေးနေသည်။

တရှတပ်မတော်သည် နတ်ဆိုးမျိုးနွယ်စုအချို့ကို ဖယ်ရှားပစ်ရန်နှင့် နတ်ဆိုးများ ပုန်ကန်မှုစတင်နိုင်ခြေကို လျှော့ချရန်သာ ဤနေရာသို့ ရောက်ရှိနေကြောင်း နားလည်ခဲ့သည်။ ထို့ကြောင့် အလျင်စလို မချီတက်ခဲ့ကြသောကြောင့် တပ်မတော်၏ ချီတက်မှုအမြန်နှုန်းသည် မြန်ဆန်ခြင်းမရှိပေ။

စစ်မြေပြင်၌ ထိပ်တန်းတပ်များသည် တစ်ကောင်ပြီးတစ်ကောင်ကို သုတ်သင်ပစ်နေကြသည်။ ယှဉ်နိုင်စရာမရှိသော စွမ်းအားကြီး သားရဲများစွာက စစ်မြေပြင်၌ သောင်းကျန်းနေသော်လည်း ချူးယွင်ဖန်းကို အံ့သြသွားစေသည်မှာ ဤသားရဲများ၌ ၎င်းတို့၏ ကိုယ်ပိုင် ရှေ့တိုးနောက်ဆုတ်ချီတက်နည်းများရှိနေခြင်းဖြစ်၍ ၎င်းတို့ကလည်း စစ်တပ်တစ်တပ်အလားဖြစ်နေသည်။

သို့သော် ထိုသားရဲများသည် လူသားပုံစံမဟုတ်ပေ။

ထို သားရဲတပ်များ၏နောက်၌ လူသားပုံရှိသော နတ်ဆိုးများလည်းရှိသည်။ သို့သော် ၎င်းတို့သည် လှုပ်ရှားမှုတစ်စုံတစ်ရာ မပြုလုပ်ရသေးပေ။ ယခုအချိန်အထိ တရှ၏ ပညာရှင်များနှင့် နတ်ဆိုးများသည် တစ်ဦးကိုတစ်ဦး စမ်းသပ်နေကြသည်ဟုသာ ယူဆနိုင်သေးသည်။ တကယ့်တိုက်ပွဲ မပေါ်ပေါက်သေးပေ။

တစ်ချိန်တည်း၌ တရှစစ်တပ်စခန်း၏ အဓိကနေရာတွင်။

ငွေရောင်သံချပ်ကာဝတ်ဆင်ထားသော လီချန်းယွမ်သည် ထိုင်ခုံ၌ ထိုင်နေကာ သူ့အောက်တွင် လူအတော်များများ စုဝေးနေကြပြီးဖြစ်သည်။ ဤလူများသည်လည်း သံချပ်ကာဝတ်ဆင်ထားပြီး သူတို့တစ်ဦးစီတွင် ပြင်းထန်သော အငွေ့အသက်များ ရှိကြသည်။

"အရှင်သခင် ချူးယွင်ဖန်းက ပေါင်းထိုင်တပ်နဲ့အတူတူ ရောက်ရှိလာတဲ့အကြောင်း သတင်းရထားပါတယ်” ၎င်းတို့အနက် တစ်ဦးက ပြောသည်။

လီချန်းယွမ်က သူ့မေးစေ့ကို လက်တစ်ဖက်ဖြင့် ထောက်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် ထိုင်ခုံလက်ရန်းကို စည်းချက်ညီညီ ပုတ်လိုက်သည်။

"အဲ့ကောင် အသက်ရှင်နေသေးတယ်။ ဆိုလိုတာက ကုန်းစွန်းလျန် တကယ်ကျရှုံးသွားပြီပေါ့” တစ်စုံတစ်ယောက်က အံ့အားသင့်စွာ ပြောလိုက်သည်။

၎င်းတို့သတင်းကို ပထမဆုံးလက်ခံရရှိချိန်တွင် မယုံကြည်နိုင်လောက်အောင် ဖြစ်ခဲ့ရသည်။ ကုန်းစွန်းလျန်က

၎င်းတို့နှင့် မကြာသေးခင်ကမှ ပူးပေါင်းခဲ့သော်လည်း သူကမူ စစ်မှန်သော စကြဝဠာအဆင့်ရှိသူဖြစ်သည်။ ချူးယွင်ဖန်းက သူ့ကို မည်သို့ သတ်နိုင်မည်နည်း။ ၎င်းတို့ကို ထောက်ပံ့ပေးရန် ခိုင်မာသော

ဉာဏ်ရည်မရှိလျှင် ရယ်စရာကောင်းသည်ဟု လျစ်လျူရှု့ထားမိမည်ဖြစ်သည်။ ထို့ကြောင့် ချူးယွင်ဖန်း၏ အစွမ်းသတ္တိကို ကြည့်ကာ ၎င်းတို့ အံ့အားသင့်သွားကြသည်။

"ဒီခွေးကောင် ဘယ်လိုလုပ်လိုက်တာလဲ မသိဘူး။ အရှင်သခင် သံမဏိလှံအဖွဲ့ကို ကိုင်တွယ်ခွင့်ပေးပါ။ ချူးယွင်ဖန်းက ကျွန်တော်တို့ရဲ့ တပည့်တစ်ယောက်ကို သတ်ရဲတယ်၊ ဒါကြောင့် ကျွန်တော် သူ့သွေးကိုဖောက်ထုတ်ပစ်မယ်" သံချပ်ကာဝတ်ထားသော အသက်လတ်ပိုင်းလူတစ်ယောက်က သတ်ဖြတ်ချင်စိတ်နှင့် မျက်လုံးများတောက်ပနေလျက် ပြောလိုက်သည်။

ကုန်းဆွန်လျန်ကဲ့သို့ပင် ဤလူသည် သံမဏိလှံဂိုဏ်း၏ တပည့်တစ်ဦးဖြစ်ကာ ၎င်းတို့ကြား ကောင်းမွန်သောဆက်ဆံရေးရှိခဲ့သည်။ လီချန်းယွမ်နှင့်ပူးပေါင်းခဲ့သော ကုန်းဆွန်လျန်ပင် သူ့နှင့် ဆွေမျိုးတော်စပ်သည်။ ထိုသူ၏ အမြင်အရ ကုန်းစွန်းလျန်ကို ရိုးရှင်းသော မစ်ရှင်တစ်ခုအတွက်စေလွှတ်ခဲ့ခြင်းသာဖြစ်သော်လည်း ထိုမျှ ခက်ခဲခဲ့လိမ့်မည်ဟု မည်သူက ထင်ခဲ့မည်နည်း။

၎င်းတို့အမြင်၌ မပြောပလောက်သော ရိုးရှင်းသည့် မစ်ရှင်တစတ်ခုက ကုန်းစွန်းလျန်ကို အကြီးအကျယ်ရှုံးနိမ့်သွားစေခဲ့မည်ကို မည်သူ သိခဲ့မည်နည်း။

"မဟုတ်ဘူး၊ လီယွီ မင်းက တရှ စစ်တပ်မှာ မှတ်တမ်းတင်ခံထားရတာ။ တစ်ယောက်ယောက်က မင်းကိုမြင်ရင် ချက်ချင်း စွပ်စွဲလိမ့်မယ်၊ မြို့ဝန်ဟွမ်ထျန်း" တစ်စုံတစ်ယောက်က ချက်ချင်း ကန့်ကွက်လိုက်သည်။

"ငါကိုယ်တိုင်လုပ်စရာမလိုဘူး။ သံမဏိလှံအဖွဲ့မှာ လော့ကျောက်လို့ခေါ်တဲ့ သိုင်းသမားဦးလေးတစ်ယောက်ရှိတယ်။ သူက နှစ်ပေါင်းများစွာ သီးသန့်လေ့ကျင့်နေခဲ့လို့ လူတိုင်းက သူသေပြီလို့ ထင်နေကြတယ်။ သူအသက်ရှင်နေသေးတယ်ဆိုတာ ဘယ်သူမှမသိဘူး။ ငါသူ့ကို မက်ဆေ့ချ်ပို့ပြီးပြီ၊ သူလာနေပြီ။ ဦးလေးလော့ ကိုင်တွယ်လိုက်ရင် ဒီကောင် ထွက်ပြေးနိုင်မှာမဟုတ်ဘူး!" လီယွီက အံကြိတ်ကာပြောလိုက်သည်။

"စီနီယာ လော့ကျောက်က အသက်ရှင်နေတုန်းလား။ သူသေသွားပြီးလို့ ကောလဟာလတွေထွက်နေတာကြာပြီ” တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။

"စီနီယာ လော့က အတွေ့အကြုံရင့် စကြဝဠာအဆင့်ကျွမ်းကျင်သူတစ်ယောက်ပဲ။ ချူးယွင်ဖန်း ဒီတစ်ခါတော့ လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး!"

လူတိုင်းက လီချန်းယွမ်ကို ကြည့်လျက် ခေါင်းငုံ့ထားကြသည်။ အပြင်ဘက်တွင် ၎င်းတို့အားလုံးက အာဏာကြီးပုဂ္ဂိုလ်များဖြစ်ကြသော်လည်း လီချန်းယွမ်နှင့်ပတ်သက်၍မူ မလေးမစားမလုပ်ရဲကြပေ။

အချိန်အတော်ကြာပြီးနောက် လီချန်းယွမ် မျက်လုံးဖွင့်လိုက်သည်။

"လီယွီ ဒီကိစ္စကို မင်းဆီထားခဲ့မယ်။ နွေဦးရာသီ စစ်ဆင်ရေးမပြီးဆုံးခင် ချူးယွင်ဖန်းကို သေစေချင်တယ်။ အကြီးတန်းတပ်မှူးကြီးစီစဉ်တဲ့ စစ်ဆင်ရေးအစည်းအဝေးကို တက်ရောက်ဖို့ ပင်းယောင်ကို ငါသွားမယ်။ ဒါပေမယ့် ချူးယွင်ဖန်းကို အန္တရာယ်အရှိဆုံးနေရာကို တစ်ယောက်ယောက်ကို ရွှေ့ခိုင်းလိုက်မယ်။ သူ နတ်ဆိုးတွေရဲ့လက်ထဲမှာ သေသွားရင် အကောင်းဆုံးပဲ။"

"ငါသူ့ခေါင်းကိုလိုချင်တယ်၊ လီယွီ မင်းဦးလေး ဒီတာဝန်ကိုပြီးအောင်လုပ်နိုင်ရင် သူ့အသက်ကိုဆယ်နှစ်တိုးစေမယ့် အသက်ရှည်ဆေးတစ်လုံး ဆုချမယ်။ ငါ့ကိုစိတ်မပျက်စေနဲ့။"

လီချန်းယွမ်၏ စကားများကို ကြားလိုက်ရသောအခါ လူတိုင်း ပင့်သက်ရှိုက်လိုက်ကြသည်။ ၎င်းတို့က နေ့ရောညပါ လေ့ကျင့်သည့် ကျင့်ကြံသူများဖြစ်ကြသည်။ အစွမ်းထက်သော ခွန်အားရရှိရုံသာမက ၎င်းတို့၏ သက်တမ်းတိုးရန်ကလည်း ၎င်းတို့ကြိုးစားနေရသောအရာဖြစ်သည်။ သို့သော်

အချိန်က မလုံလောက်ကြောင်း ၎င်းတို့ မကြာခဏ ခံစားမိကြသည်။ ယင်းက ဆယ်နှစ်သက်တမ်းတိုးရုံသာဖြစ်၍ ၎င်းတို့၏ သက်တမ်းနှင့်ယှဥ်ပါက ရှည်သည်ဟု ယူဆ၍ မရသော်လည်း ထိုဆယ်နှစ်အတွင်း နောက်ထပ်‌အောင်မြင်မှုတစ်ခု ရနိုင်ကာ ၎င်းတို့၏ သက်တမ်းက သိသိသာသာ တိုးတက်လာလိမ့်မည်ဖြစ်သည်။ လူတိုင်း ကွယ်လွန်သွားပြီဟု ထင်နေကြသည့် လူအိုကြီးလော့ကျောက်ကို ထည့်ပြောရန်ပင်မလိုပေ။ ဆယ်နှစ်သက်တမ်းက သူ့ကို ရူးသွပ်သွားစေလောက်အောင် လုံလောက်သည်။

ပေါင်းထိုင်စခန်း၌ သတင်းပို့သူတစ်ဦးသည် စစ်မြင်းတစ်ကောင်ကိုစီး၍ ဝင်ရောက်လာခဲ့သည်။

"ပေါင်တိုင်းရဲ့ တပ်မှူးက ဘယ်မှာလဲ။"

ချူးယွင်ဖန်းက ကောင်းကင်မှ ပျံဝဲလာသည်။

"တာဝန်အတွက် သတင်းပို့ပါတယ်"

"ဒါတွေက မင်းရဲ့စစ်ရေးအမိန့်တွေပဲ။ ပေါင်တိုင်းတပ်ကို စစ်တပ်ရဲ့အနောက်မြောက်ဘက်ကို ဦးဆောင်ပြီး ကင်းထောက်တွေအဖြစ် တာဝန်ထမ်းဆောင်ပါ။ အခြေအနေကို စုံစမ်းစစ်ဆေးပြီး မင်းရှာတွေ့တဲ့ နတ်ဆိုးတွေအားလုံးကို သတ်ပစ်ပါ။"

သတင်းပို့သူက အမိန့်ပြန်ကြားပြီးနောက် ချက်ချင်းပင် မြင်းကိုလှည့်ကာ အမိန့်များပေးပို့ရန် အခြားနေရာသို့ သွားလေသည်။

"ဒါက တကယ် လီချန်းယွမ်ရဲ့လက်နက်ပဲ။ သူက တတိယတန်းစားတပ်ဖွဲ့ကို ထောက်လှမ်းရေးအဖြစ် စေလွှတ်ဖို့ ရည်ရွယ်ထားတယ်။ သူက အများပိုင်ပစ္စည်းကို ကိုယ်ရေးကိုယ်တာအတွက် အသုံးပြုနေတာ။ သူ့ရည်ရွယ်ချက်တွေက တကယ် ဆိုးတာပဲ!" ယုချူးယွင်က ခက်ထန်စွာ ပြောလိုက်သည်။

လီချန်းယွမ်၏ ကောက်ကျစ်သော ရည်ရွယ်ချက်များကို လူတိုင်းသိကြကာ ပုံမှန်အားဖြင့် ကင်းထောက်များအဖြစ် ပြောင်းရွှေ့ခံရမည့်သူများသည် လက်ရွေးစင်များထဲမှ ဖြစ်ရမည်။ မဟုတ်ပါက ရန်သူကင်းထောက်များနှင့် ရင်ဆိုင်ရလျှင် ကျိန်းသေ ရှုံးနိမ့်ရလိမ့်မည်။

ထို့အပြင်၊ ကင်းထောက်များသည် တရှတပ်မတော်နှင့် ဝေးကွာသွားသဖြင့် မတော်တဆမှုများ ကြုံတွေ့ရလေ့ရှိသည်။ အချိန်တန်လျှင် မည်သို့ဖြစ်မည်ကို ခန့်မှန်းရန် ခက်ခဲသောကြောင့် ကင်းထောက်များသည် အကြီးမားဆုံး ဆုံးရှုံးမှုများကို ကြုံတွေ့ရလေ့ရှိသည်။

"အဆင်ပြေပါတယ်။ သူက ငါတို့ကို သေစေချင်ပေမယ့် သူ့ဆန္ဒအတိုင်း ငါတို့လုပ်မယ်လို့ မင်းထင်လား" ချူးယွင်ဖန်းက ပြောလိုက်သည်။

အခန်း(၁၇၆၃) စကြဝဠာအဆင့်ဟုတ်လား ငါသူ့ကို ရိုက်သတ်ပစ်မယ်

နွေဦးရာသီအစောပိုင်း၏ အေးစိမ့်သော လေပြေလေညှင်းများတိုက်ခတ်လာသည်နှင့်အမျှ ပေါင်းထိုင်တပ်စခန်းသည် စတင်၍ ထွက်ခွာခဲ့သည်။ ၎င်းက လူငါးရာဖြင့်သာ ဖွဲ့စည်းထားသော သေးငယ်သည့် လှုပ်ရှားမှုတစ်ခုဖြစ်ကာ အာရုံစိုက်ခံရမှု မရခဲ့ပေ။ မကြာခင်၌ပင် ၎င်းတို့က စစ်မြေပြင်ထဲသို့

ခြေလှမ်းလိုက်ကြသည်။ တိတိကျကျပြောရပါက ပင်းယောင်အနီးရှီ အဆုံးမဲ့စစ်စခန်းများမှတပါး တောင်တစ်သိန်းဆီသို့ ဦးတည်နေသော နေရာတစ်ခုလုံးသည် စစ်မြေပြင်ကဲ့သို့ဖြစ်သည်။

စစ်မြေပြင်တွင် မရေမတွက်နိုင်အေင် များပြားလှသော သားရဲများ သောင်းကျန်းနေကြသည်။ နေရာတိုင်းတွင် တောင်ငယ်ကဲ့သို့‌သော သားရဲများစွာရှိသည်။ ပေါင်းထိုင်တပ်က စစ်မြေပြင်သို့ ခြေချလိုက်သည်နှင့် ၎င်းတို့သည် ချက်ချင်းပင် သားရဲအချို့၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။

ခဏတာအတွင်း၌ပင် နတ်ဆိုးရာပေါင်းများစွာက ၎င်းတို့ကို ဝိုင်းရံထားခဲ့ကြသည်။ ထို နတ်ဆိုးရာပေါင်းများစွာအနက်မှ နှင်းတောင်ကျားသစ်များ၊ ခေါင်းသုံးလုံးပင့်ကူများနှင့် ကြယ်ကြွေကောင်းကင်၏ “ကမ္ဘာ” စာအုပ်၌ မှတ်တမ်းတင်ထားသော အခြားအစွမ်းထက် နတ်ဆိုးများ များစွာပါဝင်သည်။ သာမန်လူတစ်ဦးက ထိုအဆင့်ရှိသော နတ်ဆိုးတစ်ကောင်နှင့်ကြုံရပါက ၎င်းတို့အတွက် လမ်းပိတ်တစ်ခုကဲ့သိုပင်ဖြစ်ပေလိမ့်မည်။

"တပ်စုဖွဲ့ကြ!" ယုချူးယွင်က ကြုံးဝါး၍ ဝင်ရောက်တိုက်ခိုက်နေသော ဤသားရဲကြီးများကို ခုခံရန် ခံစစ်ပြင်လိုက်သည်။

“ကြယ်ကြွေကောင်းကင်ခံစစ်”

ယုချူးယွင်က ဦးဆောင်၍ မြေပြင်မှ ထရပ်လိုက်သည်။ သူ့လက်ထဲတွင် ဓားရှည်တစ်စင်းကိုကိုင်ထားလျက် ရှေ့သို့ပြေးထွက်သွားသည်။ ထို့နောက် ကောင်းကင်တွင် ဝိဉာဥ်တစ်ကောင်ကဲ့သို့ ထိပ်လန့်ဖွယကောင်းသော ပုံရိပ်ယောင် တစ်ခုကိုဖန်တီးလျက် သားရဲကို ထိုးသတ်လိုက်၏။ သူ၏ ကျင့်ကြံမှုက ချူးယွင်ဖန်းထက် များစွာနိမ့်ကျနေသော်လည်း ဒြပ်မဲ့ကျွမ်းကျင်အဆင့်ကို မည်သည့်နေရာ၌မဆို ကျွမ်းကျင်သူတစ်ဦးအဖြစ်သတ်မှတ်၍ ရသည်။

ချူးယွင်ဖန်းသည် တပ်စုအလယ်တွင် တိတ်ဆိတ်စွာထိုင်နေသည်။ သူသည် လက်ပိုက်ကာ သူ့ရှေ့က မြင်ကွင်းကို ကြည့်နေသည်။ ဤအဆင့်တိုက်ပွဲတွင် ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်ချက်မရှိပေ။ သူသည် ဤမွန်းစတားများကို အသုံးပြု၍ တပ်များကို လေ့ကျင့်ပေးလိုသည်။ ချူးယွင်ဖန်း၏ ဆေးများဖြင့် သူတို့၏ ခွန်အားကို မြှင့်တင်ခဲ့သော်လည်း ၎င်းတို့၏ တိုက်ခိုက်ရေးအတွေ့အကြုံမှာ လုံလောက်မှု မရှိသေးပေ။

ကံကောင်းထောက်မစွာပင်၊ ကနဦးထိတ်လန့်မှုအပြီးတွင် တပ်ဖွဲ့များသည် ငြိမ်သက်သွားခဲ့သည်။ ၎င်းတို့၏လေ့ကျင့်မှု၏အကျိုးသက်ရောက်မှုသည် ဤအချိန်တွင် သံသယဖြစ်စရာမလိုဘဲ ထင်ဟပ်နေသည်။ ချူယွင်ဖန်သည် တပ်ဖွဲ့များ၏စိတ်ဓာတ် မြင့်တက်လာသည်ကို ရှင်းရှင်းလင်းလင်းမြင်နိုင်သည်။ တဖြည်းဖြည်းချင်းဖြင့် တပ်သားပုံစံ တပ်မတော်ဝိဉာဥ် ဖြည်းဖြည်းချင်းပုံပေါ်လာသည်။ ဤသည်မှာ မူလတပ်စခန်းမှ ဖွဲ့စည်းထားသော တပ်မတော်ဝိဉာဥ်ဖြစ်သည်။

နတ်ဆိုးရာပေါင်းများစွာသည် လူ ၅၀၀ ရှိသော ပေါင်းထိုင်တပ်အတွက် အသက်အန္တရာယ်ရှိသော ခြိမ်းခြောက်မှုဖြစ်စေရန် လုံလောက်သည်။ ချူးယွင်ဖန်းသည် ဤမိစ္ဆာများကို ကြည့်၍ တိုက်ခိုက်လိုစိတ်ပင် မရှိပေ။ ၎င်းတို့ကို ဤတပ်များကို လေ့ကျင့်ရန်အတွက်သာ အသုံးပြုခဲ့ကြသည်။

"ဒီလူသားတပ်မတော်က ငါ့အပိုင်ပဲ!"

ရုတ်တရက် အဝေးမှ ကျယ်လောင်သော ကြုံးဝါးသံတစ်ခုထွက်ပေါ်လာကာ တောင်ကုန်းငယ်တစ်ခုတမျှ ကြီးမားသော ပုံရိပ်တစ်ခုပေါ်လာသည်။ ကျောက်တုံးများနှင့်လုပ်ထားသော နတ်ဆိုးတစ်ကောင် ခုန်ပေါက်ထွက်ပေါ်လာသည်။

ဘမ်း

ထိုကောင်ကြီးက လက်သီးတစ်ချက် ပစ်ထိုးလိုက်ရာ ဖွဲ့စည်းလက်စ တပ်မတော်ဝိဉာဥ်ကို ထိမှန်၍ အပိုင်းပိုင်းကွဲကြေသွားသည်။

စစ်သားအများအပြားက သွေးတစ်ပွက်အန်ထုတ်ကာ ဆုတ်ခွာသွားကြသည်။ တပ်စုတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။ ထို သားရဲများစွာ၏ စုပေါင်း ခြိမ်းခြောက်မှုသည် ဤကျောက်တစ်လုံးနတ်ဆိုး၏ ခြိမ်းခြောက်မှုတမျှ မပြင်းထန်ပေ။

"အို မဟုတ်ဘူး! ဒါက စကြဝဠာအဆင့်သားရဲပဲ!" ယုချူးယွင် အော်လိုက်သည်။

"သေပေတော့!"

ကျောက်နတ်ဆိုးက လူသားဘာသာစကားဖြင့် ပြောလိုက်ပြီး သူ့ခန္ဓာကိုယ်မှ အလွန်ပြင်းထန်သော အရှိန်အဝါတစ်ခု ထွက်ပေါ်လာကာ သူ ထပ်မံတိုက်ခိုက်လိုက်သည်။

သူ၏တိုက်ခိုက်မှုနှင့်ထပ်မံထိမှန်ပါက စစ်တပ်တစ်တပ်လုံးပျက်သုဥ်းသွားရပေလိမ့်မည်။ ထိုကျောက်နတ်ဆိုးက အလွန်သန်မာသဖြင့် သာမန်စကြဝဠာအဆင့်ထက်ပင် ပိုမို ကြောက်မက်ဖွယ်ကောင်းသည်။ ထို့အပြင် သူ့ခန္ဓာကိုယ်က ကျောက်တုံးများ ဖုံးလွှမ်းနေသဖြင့် ခုခံနိုင်စွမ်းလည်း ပြင်းလှသည်။

ဤအချိန်တွင် ချူးယွင်ဖန်းက ထို တိုက်ခိုက်မှုဆီသို့ တန်းသွားလိုက်ကာ ချက်ချင်းပင် သူသည် ကျောက်နတ်ဆိုးရှေ့တွင် ပေါ်လာပြီး လက်သီးတစ်ချက် ထိုးသွင်းလိုက်သည်။

"မင်း ငါ့ကို တိုက်ခိုက်ချင်လား?!" ကျောက်နတ်ဆိုးက ကြုံးဝါး၍ ထိုးလိုက်သည်။

ခဏတာအတွင်း၌ပင် သိုင်းပညာစွမ်းအင်များ ထွက်ပေါ်လာကာ မရေမတွက်နိုင်အောင် များပြားလှသည့် ကျောက်စွမ်းအင်များလည်း ထွက်ပေါ်လာသည်။ ကမ္ဘာကြီးတစ်ခုလုံးကို ကျောက်စွမ်းအင်ကမ္ဘာတစ်ခုအဖြစ်ပြောင်းလဲတော့မည့်အလားဖြစ်ပေသည်။

ထိုကျောက်သားရဲက လူသားတစ်ယောက်ထက် အဆင့်မနိမ့်သည်အထိ မြင့်မားသော ဉာဏ်ရည်ရှိသည်မှာ ထင်ရှားသည်။ သူ ပြုလုပ်ခဲ့သည့် တိုက်ခိုက်မှုများကလည်း မနိမ့်ကျပေ။ သူ၏တိုက်ခိုက်မှုများထဲ၌ နက်နဲသော သိုင်းပညာတစ်ခုပါဝင်နေသည်မှာ ထင်ရှား၏။

ဘမ်း

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ချူးယွင်ဖန်း၏ လက်သီးသည် သူ့ခန္ဓာကိုယ်နီးပါး ကြီးမားသော ကျောက်နတ်ဆိုး၏ လက်သီးနှင့် တိုက်မိသွားသည်။

ကျောက်နတ်ဆိုးလည်း လွင့်ထွက်သွားပေရာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက အရပ်မျက်နှာအားလုံးသို့ ပျံ့နှံ့သွားသည်။

တစ်ဖက်တွင်မူ ချူးယွင်ဖန်းက မလှုပ်မယှက်ဘဲ သူ့အပေါ်သို့ တုန်ခါမှုလှိုင်း တိုက်ခတ်သွားစေရန် ခွင့်ပြုလိုက်သည်။

"မဖြစ်နိုင်ဘူး!"

"ထူးခြားတဲ့ ခန္ဓာကိုယ်လား။ လူသားတွေကြားမှာ ထူးခြားတဲ့ ခန္ဓာကိုယ်တွေ ရှိတယ်လို့ ငါကြားဖူးတယ်။ ဒီစွမ်းရည်ရှိတဲ့သူတစ်ယောက်နဲ့ ကြုံတွေ့ရလိမ့်မယ်လို့ ငါဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး။ ဒါဆိုရင် ငါမင်းကို ဝါးမျိုပစ်မယ်။ မင်းက အရမ်းကောင်းတဲ့ အားဆေးတစ်ခွက် ဖြစ်လာလိမ့်မယ်!"

ကျောက်နတ်ဆိုး၏ ကြီးမားသော မျက်လုံးများသည် ရက်စက်ကြမ်းကြုတ်လှသည့်အရှိန်အဝါများဖြင့် တောက်ပလာသည်။ ကျယ်လောင်သော ကြုံးဝါးသံနှင့်အတူ သူက နောက်ထပ်တစ်ကြိမ်ထပ်မံတိုက်ခိုက်၍ ထိုးနှက်လိုက်သည်။ မရေမတွက်နိုင်အောင် များပြားလှသည့် ကျောက်စွမ်းအင်များသည် ကမ္ဘာကြီးကို ကျောက်စွမ်းအင်နယ်မြေအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားစေသည်

ခဏတာအတွင်း၌ တိုက်ပွဲတစ်ခုလုံးရပ်တန့်သွားသည့်အလားထင်ရသည်။

စစ်မြေပြင်မှ သားရဲများဖြစ်စေ၊ ပေါင်းထိုင်မှ စစ်သားများဖြစ်စေ၊ ၎င်းတို့အားလုံးက ကြောက်မက်ဖွယ်အရှိန်အဝါ၏ ဖိနှိပ်ခြင်းခံထားရကာ မလှုပ်ရှားနိုင်တော့ပေ။ ထိုအချိန်၌ စကြဝဠာအဆင့်ရှိ အစွမ်းသတ္တိကို နောက်ဆုံး၌ အပြည့်အဝ ထုတ်ဖော်ပြသနိုင်ခဲ့သည်။

"မင်းငါ့ကိုစားချင်နေတယ်ဟုတ်လား မင်းရဲ့သွားတွေက ထက်ရောထက်လို့လားကွ” ချူးယွင်ဖန်းက လှောင်ရယ်၍ လက်သီးတစ်ချက်ထိုးလိုက်သည်။

"အံ့ဖွယ် လက်သီးရှစ်ချက်!"

ချူးယွင်ဖန်း၏ လက်သီးထွက်လာသောအခိုက်၌ ကြောက်မက်ဖွယ်ကောင်းသော ဝိဉာဥ်ရှစ်ကောင်သည် လက်သီးစွမ်းအားထဲသို့ စုစည်းလာပြီး ဖိနှိပ်နိုင်စွမ်းပြင်းသည့် ဧရာမလက်သီးကို ချက်ချင်းပင် ရိုက်ခတ်သွားသည်။

နောက်ဖြစ်ပျက်ခဲ့သည့်အရာက လူတိုင်းကို အံ့အားသင့်စေခဲ့သည်။

ကျောက်နတ်ဆိုးသားရဲကြီး၏ လက်မောင်းတစ်ခုလုံးက နေရာ၌ပင် စုတ်ပြဲသွားကာ ကောင်းကင်အပြည့် ကျောက်တုံးများ ထွက်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်က သန်မာသည်ဟု အမြဲတစေ ထင်ခဲ့သည့် ကျောက်နတ်ဆိုးက နောက်ဆုံးတွင် သူ၏ ရန်သူနှင့်တွေ့ဆုံခဲ့ပြီပင်ဖြစ်သည်။

ချူးယွင်ဖန်းသည် သူ့လက်မောင်းတစ်ဖက်ကို တစ်ချက်တည်းဖြင့် ကျိုးသွားစေခဲ့သည်။

"မဖြစ်နိုင်ဘူး!" ကျောက်နတ်ဆိုးသည် နာကျင်စွာ မျက်နှာရှုံ့မဲ့သွားပြီး သူ့မျက်လုံးများတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ပေါ်လာသည်။

ထို့နောက် ချက်ချင်းပင် နတ်ဆိုးလေးပြင်းတစ်ချက်ကို နင်းလျက် အဝေးသို့ထွက်ပြေးသွားကာ ကောင်းကင်သို့ ပျံသန်းထွက်ပြေးခဲ့၏။

All Chapters