အခန်း (၁၇၆၅-၁၇၆၇)
Vol. 118 Ch. 1765-1767
အခန်း(၁၇၆၅) ကျောက်နတ်ဆိုးကို သုတ်သင်ခြင်း
"မင်း ဘယ်မှ မသွားရဘူး" ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။
ချူးယွင်ဖန်းသည် မိုးကြိုးတစ်ချက်ကို တက်နင်း၍ မျက်စိတစ်မှိတ်အတွင်း ကျောက်နတ်ဆိုးကို အမှီလိုက်နိုင်ခဲ့သည်။ ကျောက်နတ်ဆိုးသည် မြန်ဆန်သည်။ စကြဝဠာအဆင့်ရှိ နတ်ဆိုးတစ်ကောင်အနေဖြင့် သူ၏အမြန်နှုန်းသည် သဘာဝအတိုင်း နှေးကွေးခြင်းမရှိပေ။ သို့သော် ချူးယွင်ဖန်း၏အမြန်နှုန်းသည် ပို၍ပင်မြန်ဆန်သည်။ ခဏတာအတွင်း သူသည် ဤစကြဝဠာကျောက်နတ်ဆိုးကို ဖမ်းမိပြီးဖြစ်သည်။
ချူးယွင်ဖန်း သူ့နောက်သို့လိုက်လာသည်ကိုမြင်သောအခါ ကျောက်နတ်ဆိုးက အော်လိုက်၏။
"မင်းကံကို အတင်းမယုံနဲ့လူသား”
"ငါက ကံကိုယုံတယ်ဟုတ်လား" ချူးယွင်ဖန်းက လှောင်ပြောင်လိုက်သည်။ သူ့အတွက် ဤကျောက်နတ်ဆိုးကို ကိုင်တွယ်ဖြေရှင်းခြင်းသည် အလွန်အကျွံဖိအားပေးလုပ်ဆောင်နေခြင်းပင်မဟုတ်ပေ။
ကျောက်နတ်ဆိုးက အကြိမ်ကြိမ် ဟိန်းဟောက်လိုက်သည်။ သူ၏ ကျန်ရှိသော လက်တစ်ဖက်ဖြင့် ကောင်းကင်ကို လက်သီးဖြင့် ထိုးလိုက်ပြီး ချူးယွင်ဖန်းထံ ဦးတည်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော လက်သီးစွမ်းအားက ကျောက်စွမ်းအင်စီးကြောင်းတစ်ခုကို ယူဆောင်လာပြီး ချူးယွင်ဖန်းထံ တိုက်ရိုက်တိုက်ခတ်သွားသည်။
ချူးယွင်ဖန်းက မကြည့်ဘဲ သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ ကျောက်စွမ်းအင်များ လုံးဝပျောက်ကွယ်သွားသည်။
“ငရဲကန်ချက်ကိုးချက်”
ချူးယွင်ဖန်းက ရှေ့သို့တစ်လှမ်းတို့း၍ ခြေဆောင့်နင်းလိုက်သည်။ ချက်ချင်းပင် သူသည် ကျောက်နတ်ဆိုးပေါ်သို့ ဆင်းသက်လိုက်သည်။
ဘမ်း
ကျောက်နတ်ဆိုး၏ တိုက်ခိုက်မှုက ချူးယွင်ဖန်း၏ ကန်ချက်ကြောင့် ချေမှုန်းခံလိုက်ရပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးကို နင်းခြေခံလိုက်ရသည်။
“အာ့…”
ကျောက်နတ်ဆိုးသည် သွေးခမ်းလုနီးနီး ကျယ်လောင်စွာအော်၍ သူ၏ တောင်ကဲ့သို့ ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ ပြုတ်ကျကာ မြေကြီးတွင် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်စေခဲ့သည်။ မြေပြင်သည် တုန်ခါသွားပြီးနောက် ပေတစ်ထောင်အမြင့်ရှိ ဖုန်မှုန့်များ ဖုံးလွှမ်းသွားသည်။ ကျောက်နတ်ဆိုးက ရွေ့လျားရန် ရုန်းကန်ရန် ကြိုးစားသော်လည်း လျင်မြန်စွာ လဲကျသွားသည်။ သူ၏ ရင်ဘတ်သည် ချူးယွင်ဖန်း၏ ခြေထောက်ဖြင့် ကြိတ်ချေခံလိုက်ရသည်။
ဤအရာအားလုံးကို ဖော်ပြရန် အချိန်အတော်ကြာခဲ့သော်လည်း အမှန်တကယ်တွင် ၎င်းသည် ခဏတာအတွင်း ဖြစ်ပျက်သွားခြင်း ဖြစ်သည်။ အစွမ်းထက်သော စကြဝဠာကျောက်နတ်ဆိုးတစ်ကောင်ကို ချူးယွင်ဖန်းက ထိုနည်းအတိုင်း သတ်ပစ်လိုက်သည်။ ခဏတာမျှသာ ကြာခဲ့သော ဤအရာက တိုက်ပွဲကွင်းကို တုန်လှုပ်စေခဲ့သည်။
ထိုမြင်ကွင်းကိုမြင်သောအခါ ပြေးလွှားနေသော သားရဲများကြောက်လန့်သွားကြသည်။
၎င်းတို့၏ စိတ်ထဲ၌ ထိုကျောက်နတ်ဆိုးက ပြိုင်ဘက်ကင်းသတ္တဝါကြီးပင်ဖြစ်ကာ စကြဝဠာအဆင့်ရှိသူများပင် ထို ကျောက်နတ်ဆိုးကို အနိုင်ယူရန် သို့မဟုတ် သတ်ရန် အလွန်ခက်ခဲသည်ဟု ထင်ကြသည်။ မည်သို့ပင်ဖြစ်စေကာမူ ကျောက်နတ်ဆိုး၏ ခန္ဓာကိုယ်က အမာဆုံးကျောက်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ရာ သာမန်တိုက်ခိုက်မှုများ သူ့ခန္ဓာကိုယ်ပေါ် ကျရောက်လာခြင်းက မိုးဖွဲလေးများကဲ့သို့ပင်ဖြစ်သည်။ ကျောက်နတ်ဆိုးကို လှုပ်ခါစေရန် မည်သို့မျှ မဖြစ်နိုင်ပေ။
ချူးယွင်ဖန်းသည် ကျောက်နတ်ဆိုးကို သန့်ရှင်းစွာကိုင်တွယ်ပြီးသည်ကိုမြင်သောအခါ ၎င်းတို့ ဆက်လက်မနေရဲတော့ဘဲ အလျင်အမြန်ထွက်ပြေးသွားကြသည်။ သို့သော် ဤအချိန်တွင် စိတ်ဓာတ်တက်ကြွနေသော ပေါင်းထိုင် တပ်က ၎င်းတို့ကို လွှတ်ပေးရန် ဆန္ဒမရှိပေ။ ဤသည်မှာ သင့်လျော်သော စစ်ရေးဂုဏ်ထူးတစ်ခုဖြစ်သည်။
ချူးယွင်ဖန်းသည် ကျောက်နတ်ဆိုး၏ ဧရာမခန္ဓာကိုယ်ကို စစ်မြေပြင်သို့ ပြန်သယ်ဆောင်သွားခဲ့သည်။ ထို့နောက် သူသည် နတ်စွမ်းရည်ကို အသုံးပြု၍ နတ်ဆိုး၏ခန္ဓာကိုယ်ကို သာမန်လူတစ်ဦး၏အရွယ်အစားအထိ ကျုံ့သွားစေခဲ့သည်။ ၎င်းသည် အလွန်နက်နဲသော နတ်အစွမ်းဖြစ်ကာ ၎င်းသည် သိုင်းပညာမဟုတ်ဘဲ နတ်စွမ်းရည်များထဲမှ တစ်ခုဖြစ်၍
ထိပ်တန်းဂိုဏ်းအချို့၏ အဓိကတပည့်များသာ ဤနည်းစနစ်ကို သင်ကြားပေးမည်ဖြစ်သည်။
သို့သော် ချူးယွင်ဖန်းအတွက်မူ ပြဿနာမရှိပေ။
ဆေးဧကရာဇ်တိုက်ပွဲစာအုပ်၌ ထိုနတ်စွမ်းရည်ကို မှတ်တမ်းတင်ထားသည်။
"ဒုတပ်မှူးချုပ်ချူး အောင်ပါစေ!"
ယုချူးယွင် အော်ဟစ်လိုက်ရာ ပေါင်းထိုင်တပ်၏ စိတ်ဓာတ်များ မြင့်တက်လာသည်။ သူတို့၏ ဦးခေါင်းအထက်ရှိ စစ်တပ်ဝိဉာဥ်က ခိုင်မာလာပြီး ၎င်းတို့အတွက် အသက်အန္တရာယ်ရှိသော ခြိမ်းခြောက်မှုဖြစ်စေနိုင်သော သားရဲများကို အဆက်မပြတ် သတ်ဖြတ်နေသည်။
တစ်နာရီပြည့်အောင် သတ်ဖြတ်ပြီးနောက်၊ ပေါင်းထိုင် တပ်စခန်းသည် သားရဲအားလုံးကို နောက်ဆုံးတွင် သတ်ပစ်လိုက်သည်။ ချူးယွင်ဖန်းက ဝင်ရောက်စွက်ဖက်ခြင်းမပြုဘဲ တပ်များကို တိုက်ပွဲဝင်တပ်ဖွဲ့ဖွဲ့စည်းလျက် သားရဲများကို သတ်ပစ်ရန် ခွင့်ပြုခဲ့သည်။ ထိုဖြစ်စဉ်တွင် လူတစ်ဒါဇင်ကျော်သည် ဝမ်းနည်းဖွယ်ကောင်းလောက်အောင် သေဆုံးခဲ့ပြီးနောက် ၎င်းတို့ကို ကယ်တင်ရန် အချိန်မရှိခဲ့ပေ။ သို့သော် ထိုကဲ့သို့သော သွေးထွက်သံယိုတိုက်ပွဲသည် လူ ၅၀၀ သာရှိသော ဤသေးငယ်သောတပ်ကို များစွာလေ့ကျင့်ပေးခဲ့သည်။
ဒီတပ်မတော်ငယ်လေးက လုံးဝ ပြောင်းလဲသွားခဲ့သည်။ ယခု ၎င်းတို့တွင် ထိပ်တန်းတပ်မတော်တစ်ခု၏ အငွေ့အသက်မျိုးရှိနေပြီဖြစ်သည်။ ၎င်းတို့က ယခင်ကကဲ့သို့ လေ့ကျင့်ရေးအလုံအလောက်မရထားသော တပ်ဖွဲ့များမဟုတ်ကြတော့ပေ။ ၎င်းတို့၏ ခန္ဓာကိုယ်များပေါ်မှ သတ်ဖြတ်ရောင်ဝါများသည် အလွန်သိပ်သည်းနေသည်။ ယင်းကလည်း ထိပ်တန်းတပ်မတော်တစ်ခုဖြစ်လာရန် အစပျိုးခြင်းပင်ဖြစ်သည်။
ထိုသားရဲအားလုံးကို သတ်ပြီးနောက် စစ်သားများသည် စကားတစ်ခွန်းမှ မပြောဘဲ စစ်မြေပြင်ကို သန့်ရှင်းရေးလုပ်ကြသည်။ ဤသားရဲများ၏ အလောင်းများသည် လက်နက်များ သန့်စင်ရန်နှင့် ဆေးရည်များ ပြုလုပ်ရန်အတွက် အလွန်ကောင်းမွန်သော ပစ္စည်းများဖြစ်သည်။ ဤသားရဲများအားလုံးသည် ချူးယွင်ဖန်းအတွက် ဘာမှမဟုတ်သော်လည်း သာမန်လူများအတွက် အလွန်တန်ဖိုးရှိသည်။ ထို့အပြင် စစ်ဘက်အရာရှိ၏ တိုက်ပွဲအောင်မြင်မှုများကို မှတ်တမ်းတင်ရန်အတွက် ၎င်းတိတု့၏ အဓိကအစိတ်အပိုင်းအချို့ လိုအပ်သည်။
စစ်သားအများအပြားဟာ ၎င်းတို့၏ မျက်နှာများမှ ဖုံးကွယ်၍မရနိုင်သော အပြုံးများကို ပြသခဲ့ကြသည်။ ထိုတိုက်ပွဲအပြီး၌ ၎င်းတို့၏ ရာထူးများကို ချက်ချင်းမတိုးမြှင့်နိုင်လျှင်ပင် ၎င်းတို့၏ အဆင့်များမြင့်လာနိုင်သည်။
တရှက ဤအပိုင်း၌ ဘယ်သောအခါကမျှ နှမျောတွန့်တိုခြင်းမရှိပေ။ အထူးသဖြင့် လူသားများ၏ သွေးကြွေးရှိသည့် ရန်သူနတ်ဆိုးများဖြစ်ကာ ဒြပ်မဲ့နတ်ဆိုးများကို သတ်ခြင်းကပင် ကြီးမားသော ပံ့ပိုးကူညီမှုတစ်ခုဖြစ်သည်။ သို့သော် ထိုစစ်သားငါးရာလုံး ရာထူးတိုးရန် ခက်ခဲလိမ့်မည်ဖြစ်သည့်တိုင် ယင်းက ၎င်းတို့ မည်သည့်အကျိုးကျေးဇူးမျှ မရဟု ဆိုလိုပေ။
ဆန့်ကျင်ဘက်အနေနှင့် ၎င်းတို့က ဆုလာဘ်များအဖြစ် အဆင့်နိမ့်ဘွဲ့များကို ရရှိမည်ဖြစ်သည်။ ထိုဘွဲ့များနှင့် တရှဆီမှ ဆုလာဘ်များအပြင် အကျိုးကျေးဇူးအမျိုးမျိုးကို ခံစားနိုင်မည်ဖြစ်သည်။ ထိုတိုက်ပွဲမှ ၎င်းတို့ များစွာရရှိနိုင်သည်။ လူတိုင်းအဆင့်တစ်ဆင့်တက်လာရန် မခက်ခဲပေ။
ဤသားရဲများကို ပေါင်းထိုင်တပ်များက အနိုင်ယူပြီး လျင်မြန်စွာ သတ်ဖြတ်ခဲ့ကြသည်။ သို့သော် ၎င်းတို့အားလုံးသည် အစစ်အမှန်သော့ချက်မှာ ချူးယွင်ဖန်းဖြစ်ကြောင်း နားလည်ကြသည်။ သူသည် တန်ကြေးကို ဂရုမစိုက်ဘဲ ၎င်းတို့ကို ပြုစုပျိုးထောင်ခဲ့သည်။ နောက်ပိုင်းတွင် သူသည် အပြင်းထန်ဆုံး စကြဝဠာအဆင့် ကျောက်နတ်ဆိုးကို ကိုယ်တိုင်သတ်ခဲ့သည်။
သာမန်တပ်မတော်တစ်ခုဆိုပါက ထိုအစွမ်းထက်သော နတ်ဆိုးများနှင့်ရင်ဆိုင်ရလျှင် လုံးဝ ပျောက်ကွယ်သွားမည့် ကံကြမ္မာမှ လွတ်မြောက်ရန် ခက်ခဲလိမ့်မည်။ သွေးထွက်သံယိုတိုက်ပွဲမှ ထွက်ပြေးနိုင်ခဲ့လျှင်ပင် အကြီးအကျယ် ထိခိုက်ဒဏ်ရာရရှိနိုင်သည်။ နောက်ဆုံးတွင် ၎င်းတို့အနက်မှ မည်မျှ ထွက်ပြေးနိုင်မည်မှာ ပြောရန်ခက်သည်။ ထိုသားရဲများကို သတ်ရန် အသက်တစ်ဒါဇင်မျှ ပေးဆပ်ခဲ့ရသည်ကို ထည့်ပြောရန်မလိုပေ။
၎င်းတို့၏ ရဲဘော်ရဲဘက် တစ်ဒါဇင်ကျော် သေဆုံးသွားသည့်တိုင် ယင်းက တကယ့်စစ်ပွဲတစ်ပွဲဖြစ်ကြောင်း ၎င်းတို့အားလုံး နားလည်ကြသည်။
"စီနီယာချူး၊ ကျွန်တော် အရမ်းပျော်တာပဲ" ယုချူးယွင်က စစ်မြေပြင်ကို ရှင်းလင်းပြီးနောက် ချူးယွင်ဖန်းကို ပြုံးရွှင်စွာ ပြောလိုက်သည်။
"ဟားဟားဟား၊ အဲ့တာ စကြဝဠာနတ်ဆိုးပဲ။ အရင်က သွေးနတ်ဆိုးအပြင်၊ ကျွန်တော်တို့ရဲ့ စစ်ရေးအောင်မြင်မှုတွေကို တင်ပြပြီးတာနဲ့ စီနီယာချူးက ဗိုလ်ချုပ်ကြီးအဆင့်ကို ရာထူးတိုးခံရလိမ့်မယ်”
အခန်း(၁၇၆၆) သံမဏိလှံဂိုဏ်း၏ ကျင့်ကြံသူ
ယုချူးယွင်က အလွန်စိတ်လှုပ်ရှားနေသည်။ ချူးယွင်ဖန်း၏ လက်ထဲတွင် သေဆုံးသွားသော စကြဝဠာအဆင့် သွေးနတ်ဆိုးကို ထည့်တွက်ပါက စကြဝဠာအဆင့်နတ်ဆိုးနှစ်ကောင်သုတ်သင်နိုင်ခဲ့ပြီးဖြစ်သည်။ တရှ၌ အမြန်ဆုံးရာထူးတိုးနည်းက စစ်ဘက်ဆိုင်ရာအရည်အချင်းများဖြစ်ရာ အရပ်ဘက်ဝန်ထမ်းတစ်ယောက်၏ လမ်းကြောင်းကို လျှောက်လှမ်းမည်ဆိုပါက ထိုအတွေ့အကြုံကို အားကိုးရပေမည်။ နေရာတစ်ခုကို ကောင်းစွာ စီမံခန့်ခွဲနိုင်သော အစွမ်းထက်နည်းလမ်းရှိလျှင်ပင် အကျိုးသက်ရောက်မှုကို ပြရန် အချိန်အနည်းငယ်ယူရပေလိမ့်မည်။ စစ်ပွဲကြီးတစ်ပွဲဖြစ်ပွားခဲ့လျှင် အလွယ်တကူရာထူးတိုးနိုင်သည်။
မှန်သည်။ စစ်ပွဲတစ်ပွဲအတွင်း လူတစ်ယောက်၏ ခွန်အားလိုအပ်ချက်က အလွန်များပြားသည်ဖြစ်ရာ စစ်သားများ စစ်မြေပြင်သို့သွားသောအခါ အသက်ရှင်ရန် ဆုတောင်းကြသည်။ အရာရှိများ စစ်မြေပြင်သို့သွားသောအခါ ရလဒ်က မကောင်းလှပေ။ ၎င်းတို့ စကြဝဠာအဆင့်သို့ရောက်မှသာ စစ်မြေပြင်ကို လွှမ်းမိုးနိုင်၍ စစ်ရေးအောင်မြင်မှုများကို တည်ဆောက်နိုင်မည့်
ခွန်အားမျိုးရှိလာလိမ့်မည်ဖြစ်သည်။
ထိုသို့ပင် ချူးယွင်ဖန်းက စကြဝဠာအဆင့်သားရဲနှစ်ကောင်ကို ဆက်တိုက်သတ်ခြင်းက လွယ်ကူသော အလုပ်မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ စကြဝဠာတွင် အသက်ရှင်နိုင်ခြေ အလွန်များသည်။
တစ်ခုခု မှားယွင်းသွားလျှင်ပင် လွတ်မြောက်နိုင်သေးသည်ဖြစ်ရာ စစ်တပ်တစ်တပ် ဝိုင်းရံခံရလျှင်ပင် ထိုပညာရှင်မျိုးကို နှိမ်နင်းရန် အလွန်ခက်ခဲသည်။
ထိုအကြောင်းကြောင့် ချူးယွင်ဖန်းကဲ့သို့သော သူများသည် မွန်းစတားများဟုထင်ရခြင်းဖြစ်သည်။
တရှ၏ စစ်ရေးစနစ်၌ ဒုတိယတပ်မှုးချုပ်အထက်ရာထူးက တပ်မှူးဖြစ်ကာ ဒုတိယဒုတပ်မှူးချုပ်အထက်ရာထူးက ဗိုလ်ချုပ်ကြီးဖြစ်သည်။ ယခု
ချူးယွင်ဖန်းက စကြဝဠာအဆင့် နတ်ဆိုးနှစ်ကောင်ကို ဆက်တိုက်သတ်ပြီးသောအခါ စစ်ဝန်ကြီးဌာနကို သတင်းပို့၍ ထိုစစ်ရေးအောင်မြင်မှုများကို အတည်ပြုပြီးသည်နှင့် သူသည် ချက်ချင်းပင် ဗိုလ်ချုပ်ကြီးအဆင့်သို့ ရာထူးတိုးမြှင့်ခံရလိမ့်မည်ဖြစ်သည်။ ထို့နောက် တရှတပ်မတော်၏ အလယ်အလတ်နှင့် အထက်တန်းလွှာထဲသို့ တကယ်ဝင်ရောက်သွားပေလိမ့်မည်ဖြစ်သည်။ ဒုတိယဗိုလ်များကဲ့သို့ အရာရှိများသည်မူ ၎င်းတို့သည် အခြေခံအရာရှိများအဖြစ် အများဆုံးသတ်မှတ်ံရ၍ လုံးဝ ယှဥ်၍ မရပေ။ စကြဝဠာအဆင့် နတ်ဆိုးများကို သတ်ရန် အလွန်က်ခဲသည်။ တစ်ယောက်ကို သတ်ခြင်းက တိုက်ပွဲ၌ ကြီးမားသော ဂုဏ်ဆောင်မှုမျိုးပင်ဖြစ်၏။
ချူးယွင်ဖန်း ခေါင်းညိတ်လိုက်သည်။ ထို့ကြောင့် သူသည် ထိုနတ်ဆိုးကို သတ်ဖြတ်မှုကို အစောပိုင်းက မတင်ပြခဲ့ခြင်း ဖြစ်သည်။ ရန်သူကို အသိပေးလိုခြင်း မရှိပေ။ ယခုအခါ သူသည် တိုက်ပွဲနှစ်ခုကို တစ်ပြိုင်နက် တင်ပြရတော့မည်။ စစ်ဝန်ကြီးဌာနက သူ၏ တိုက်ပွဲအရည်အချင်းကို အတည်ပြုပြီးသည်နှင့် သူသည် ဗိုလ်ချုပ်အဖြစ် ရာထူးတိုးမြှင့်ခံရမည်ဖြစ်သည်။
သူသည် ရာထူးနိမ့်သော စစ်ဗိုလ်ချုပ်တစ်ဦးသာ ဖြစ်မည်ဖြစ်သော်လည်း တရှ တပ်မတော်၏ အထက်တန်းလွှာတွင် ပါဝင်နေဆဲဖြစ်သည်။ သူသည် မဟာကွပ်ကဲမှုရုံးမှ အရာရှိတစ်ဦးဖြစ်နေပြီဖြစ်သည်။ စစ်ဝန်ကြီးဌာနပင်လျှင် ထိုကဲ့သို့ အဆင့်မြင့်အရာရှိတစ်ဦးကို စည်းရုံးရာတွင် ဝင်ရောက်စွက်ဖက်ရန် ခက်ခဲလိမ့်မည်။ အချိန်တန်သောအခါ လီချန်းယွမ် အနေဖြင့် သူ၏ဩဇာကို အသုံးပြု၍ ချူးယွင်ဖန်းအား စစ်မြေပြင်သို့ ဝင်ရောက်ရန် စည်းရုံးရန် မဖြစ်နိုင်ပေ။
မဟာကွပ်ကဲမှုရုံးသည် စစ်ဝန်ကြီးဌာနနှင့် မတူပေ။ ၎င်းသည် တရှ၏ စစ်ရေးရေးရာများ၏ စစ်မှန်သော အဓိကအာဏာပိုင်ဖြစ်သည်။ ဗိုလ်ချုပ်ကြီးရာထူးအထက်ရှိ အရာရှိအားလုံးသည် မဟာကွပ်ကဲမှုရုံး၏ ဦးဆောင်မှုကို လက်ခံရမည်။
မဟာကွပ်ကဲမှုရုံး၏ ဥက္ကဠသည် တရှ၏ မြို့စားသုံးဦးအနက် တစ်ဦးဖြစ်ကာ အင်ပါယာတွင် ဩဇာအာဏာအရှိဆုံးပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်သည်။ မဟာကွပ်ကဲမှုရုံးအောက်တွင် မင်းမျိုးမင်းနွယ်များစွာ ရှိသည်။ လီချန်းယွမ်တွင် ငွေကြေးများစွာရှိသော်လည်း မဟာကွပ်ကဲမှုရုံး၏ လုပ်ဆောင်ချက်များကို လွှမ်းမိုးနိုင်ဖွယ်မရှိပေ။
ဤသည်မှာ ချူးယွင်ဖန်း၏ စစ်မှန်သော ရည်မှန်းချက်ဖြစ်သည်။
"ငါ ရာထူးတိုးရင် အားလုံး အကျိုးအမြတ်တွေရလိမ့်မယ်။ အဲ့ကျ မဟာကွပ်ကဲမှုရုံးက ငါ့ကို တပ်မတော်အသစ်တစ်ခု ဖွဲ့စည်းဖို့ အမိန့်ပေးလိမ့်မယ်၊ အဲ့လိုဖြစ်လာရင် မင်းတို့အားလုံးကိုလည်း တပ်မတော်အသစ်ရဲ့ အရာရှိတွေအဖြစ် ခန့်အပ်မယ်" ချူးယွင်ဖန်းက ရက်ရောစွာ ပြောလိုက်သည်။
ယုချူးယွင် အလွန်စိတ်လှုပ်ရှားနေသည်။ ချူးယွင်ဖန်းသာ ဗိုလ်ချုပ်တစ်ယောက်ဖြစ်လာခဲ့ပါက အနည်းဆုံး သူ့လက်အောက်ရှိ တပ်မှူးတစ်ယောက်ဖြစ်လာနိုင်သည်ဖြစ်ရာ ဤသို့ဖြစ် အမှန်တကယ် သြဇာကြီးမားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်လာလိမ့်မည်ဖြစ်သည်။
ပေါင်းထိုင်တပ်သားများအားလုံး ထိုစကားကိုကြားသောအခါ စိတ်လှုပ်ရှားသွားကြသည်။
အနိမ့်ဆုံးအဆင့် စစ်သားများပင် အနာဂတ်၌ အရာရှိဖြစ်လာ၍ အဆင့်နိမ့်လူတန်းစားအဖြစ်မှ ထွက်ခွာခွင့်ရပေလိမ့်မည်။ ယင်းက ၎င်းတို့ အဆင့်တက်လာနိုင်ရန် အခွင့်အရေးကောင်းတစ်ခုဖြစ်သည်။
"ဒုတပ်မှူးချုပ် ချူး၊ ကျွန်တော်တို့ တပ်မှူးအတွက် အသက်ပေးဖို့ အသင့်ပါပဲ!" လူတိုင်း ဒူးထောက်ကာ ဦးညွတ်လိုက်ကြသည်။
ထို့နောက် ချူးယွင်ဖန်းသည် ကျောက်နတ်ဆိုး၏ ဦးခေါင်းကို ဖြတ်၍ ယုချူးယွင်ထံ ပေးအပ်ခဲ့သည်။
"ကျောက်နတ်ဆိုးရဲ့ခေါင်းကို စစ်ဝန်ကြီးဌာနသို့ သယ်သွားပြီး လူတိုင်းရဲ့
စစ်ရေးအရည်အချင်းတွေကို အစီရင်ခံလိုက်”
"ဒုတပ်မှူးချုပ်၊ ဘာလုပ်မလို့လဲ" ယုချူးယွင်က ချူးယွင်ဖန်းကို ဆက်ဆံပုံပြောင်းလျက် ထူးဆန်းစွာ ကြည့်လိုက်သည်။
“ငါ စစ်မြေပြင်ကနေ ခဏလောက် ထွက်သွားတော့မယ်။ တပ်တွေကို စခန်းကို ပြန်ခေါ်လာပါ။ ဘယ်သူကလာပြီး မင်းကို စစ်မြေပြင်ကို သွားဖို့ ပြောပြော၊ မင်း သူတို့ကိုငြင်းရမယ်။ ငါတို့မှာ ထိခိုက်မှု အများအပြား ရှိပြီး ပြန်ကောင်းဖို့ အချိန်လိုအပ်တယ်လို့ ပြောရုံပါပဲ။ ဒီကျောက်နတ်ဆိုးကို သတ်နိုင်ခဲ့လို့ ဂုဏ်ယူရမယ်ဆိုရင် ဘယ်သူမှ မင်းကို အတင်းအကြပ် ပြောင်းရွှေ့ရဲမှာ မဟုတ်ဘူး" ချူးယွင်ဖန်းက ပြောလိုက်သည်။
လီချန်းယွမ်အပြင် ပေါင်တိုင်းတပ်ကို မည်သူက အတင်းအကျပ် လှုပ်ရှားစေနိုင်မည်နည်း။ လီချန်းယွမ် ဝင်ရောက်မစွက်ဖက်သရွေ့ အရေးမကြီးပေ။
"ဟုတ်ကဲ့၊ ဒုတပ်မှူးချုပ်။" ယုချူးယွင်က ချူးယွမ်ဖန် မည်သို့လုပ်ချင်နေသည်ကို မသိသော်လည်း ချက်ချင်း သဘောတူလိုက်သည်။
ချူးယွင်ဖန်းက ခေါင်းညိတ်၍ အလင်းတန်းတစ်ခုပေါ် နင်းကာ အဝေးသို့ ပျောက်ကွယ်သွားသည်။
"စခန်းကိုပြန်ကြ!" ယုချူးယွင်က လက်ပြလျက် တပ်များကို စခန်းဆီပြန်ခေါ်သွားသည်။
ထိုတိုက်ပွဲမှ ၎င်းတို့ အကျိုးအမြတ်အမြောက်အမြားရခဲ့ကြကာ
ပေါင်းထိုင်တပ်က ၎င်းတို့၏ အကျိုးအမြတ်များကို ခွဲဝေရန် အချိန်လိုအပ်သည်။
တပ်သားများမှ ထွက်ခွာပြီးနောက် ချူးယွင်ဖန်းသည် အရှိန်မြှင့်ကာ အဝေးသို့ ပျံသန်းသွားသည်။ ရုတ်တရက် သူ့ရှေ့တွင် ပုံရိပ်တစ်ခု ပေါ်လာသောအခါ ချူးယွင်ဖန်း၏ မျက်နှာအမူအရာက လေးနက်သွားသည်။ ၎င်းသည် ရိုးရှင်းသော ပိတ်ချောအဝတ်အစားများကို ဝတ်ဆင်ထားသော အဘိုးကြီးတစ်ဦးဖြစ်သည်။ သူ၏ ဆံပင်ရှည်များကို ကျောနောက်တွင် ပေါ့ပေါ့ပါးပါး စည်းထားကာ သံမဏိလှံတစ်စင်းကို ကိုင်ထားသည်။
ချူးယွင်ဖန်း၏ မျက်နှာအမူအရာမှာ အနည်းငယ် တည်ကြည်နေသည်။ ကျင့်ကြံသူများစွာထဲတွင် ပေါ့ပေါ့တန်တန် မဆက်ဆံသင့်သော အမျိုးအစားတစ်ခုရှိသည်။ ၎င်းမှာ ရဟန်းကျင့်ကြံသူများဖြစ်သည်။ ဤလူများသည် သာမန်ကျင့်ကြံသူများနှင့် မတူပေ။ သူတို့သည် မိမိကိုယ်ကို နှိမ့်ချရန်အတွက် ဒုက္ခကို အာရုံစိုက်ကြသည်။ ၎င်းတို့က ဂုဏ်သိက္ခာနှင့် ချမ်းသာကြွယ်ဝမှုကို ဂရုမစိုက်ကြပေ။ များသောအားဖြင့် ဝေးလံခေါင်သီသော တောင်တန်းများနှင့် တောအုပ်များတွင်ပင် အထီးကျန်စွာ နေထိုင်ကြသည်။
ဤလူများသည် ရန်ငြိုးဖွဲလေ့မရှိပေ။ ရဟန်းကျင့်ဝတ်ကို ရန်ငြိုးဖွဲ့ခြင်းထက် ငရဲဘုရင်ကို ရန်ငြိုးဖွဲ့ခြင်းက ပိုကောင်းသည်ဟူသော ဆိုရိုးစကားတစ်ခု ရှိသည်။ အဆင့်တူပညာရှင်များထဲတွင် ရဟန်းများသည် အကောင်းဆုံးဖြစ်လေ့ရှိသည်။ ဤလူများသည် ဒုက္ခများစွာခံစားခဲ့ရသော်လည်း ငြီးငွေ့ဖွယ်ကောင်းအောင်နေထိုင်ရန် ဆန္ဒရှိကြသည်။ မဟာတာအိုအပေါ် ၎င်းတို့၏နက်ရှိုင်းသောနားလည်မှုကို သာမန်လူများ မယုံနိုင်ပေ။
"သံမဏိလှံဂိုဏ်း!"
သူသည် ကုန်းဆွန်းလျန်၏ လှံပေါ်ရှိ အလားတူသင်္ကေတကို တစ်ချိန်က မြင်ဖူးသည်။ ၎င်းသည် သံမဏိလှံဂိုဏ်း၏ သင်္ကေတဖြစ်သည်။
ထိုအဘိုးကြီးက သံမဏိလှံဂိုဏ်းမှ ကျင့်ကြံသူတစ်ဦးဖြစ်ကာ မကောင်းသော ရည်ရွယ်ချက်ဖြင့် ဤနေရာ၌ရှိနေခြင်းဖြစ်ကြောင်း သံသယဖြစ်ရန်မလိုပေ။ သူ၏ ရည်ရွယ်ချက်က ထင်ရှားသည်။ သူသည် ကုန်းစွန်းလျန်ကြောင့် ရောက်လာခြင်းပင်ဖြစ်နိုင်၏။
အခန်း(၁၇၆၇) လော့ကျောက်၏ ဇာတ်သိမ်း
"မဆိုးပါဘူး။ ငါတို့ရဲ့ ဆက်နွယ်မှုကို မင်း မှတ်မိတယ်" အဘိုးကြီးက ပြောသည်။
"မင်း အဲဒီကျောက်နတ်ဆိုးကို တွန့်ဆုတ်ခြင်းမရှိဘဲ သတ်လိုက်တာ ငါ အစောကြီးကတည်းက မြင်တယ်။ ငါ ဝင်မစွက်ဖက်ခဲ့ဘူး၊ ဒါပေမယ့် မင်း ကုန်းဆွန်းလျန်ကို မသတ်သင့်ဘူး။ ဒီနေ့ မင်း လွတ်မြောက်နိုင်မှာ မဟုတ်ဘူး"
ထိုလူသည် သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိသည်။ သူ့ခွန်အားဖြင့် ဂျူနီယာတစ်ယောက်ကို သတ်ရန်မှာ လက်ချောင်းတစ်ချောင်းကို မြှောက်လိုက်ရုံကဲ့သို့ လွယ်ကူသည်။
"ဒါဆို ခင်ဗျားက ကုန်းစွန်းလျန်အတွက် ဒီကိုရောက်လာတာပေါ့။ ဒါပေမယ့် ကုန်းစွန်းလျန်က လီချန်းယွမ်အတွက် ကျုပ်ကို သတ်ဖို့ကြိုးစားခဲ့တာ။ ကျုပ် လက်ချက်နဲ့ သေရတာက ကုန်းစွန်းလျန်ရဲ့ကံကြမ္မာပဲ" ချူးယွင်ဖန်းက တည်ကြည်စွာပြောလိုက်သည်။
အဘိုးကြီးက သူ့ပေါ် သက်ရောက်စေသော ဖိအားက အလွန် အံ့ဖွယ်ပင်ဖြစ်သည်။
လီချန်းယွမ်အပြင် ထိုအဘိုးကြီးသည် သူတွေ့ဖူးသမျှလူများအနက် အသန်မာဆုံးဖြစ်သည်။ သို့သော် သူ၏ ကျင့်ကြံမှုနှင့် လီချန်းယွမ်၏ ကျင့်ကြံမှုအကြား ကွာခြားချက်က အလွန်ကြီးမားလှသည်။
လီချန်းယွမ်က သူ့ကို နားမလည်နိုင်မည့် ခံစားချက်တစ်ခု ပေးခဲ့သည်။ သူ၏ ကျင့်ကြံမှုနှင့်အတူ လီချန်းယွမ်၏ အစွမ်းအစကို သိရန်မဖြစ်နိုင်ပေ။ သူသည် တိုင်လောက်ကြီးမားသော ဖိအားကိုသာ ခံစားရသည်။
ယခု ဤအဘိုးကြီးက ကွာခြားသည်။
ချူးယွင်ဖန်းက သူ၏ ကျင့်ကြံမှုကို အပြည့်အဝ နားမလည်နိုင်သော်လည်း လီချန်းယွမ်တမျှ မကောင်းသည်ကို ခံစားမိသည်။
ချူးယွင်ဖန်း မအံ့သြမိပေ။ လီချန်းယွမ် ငယ်စဥ်က အံ့ဖွယ်အဖြစ်အပျက်တစ်ခုနှင့် ရင်ဆိုင်ခဲ့ရသောကြောင့် ရာစုနှစ်၏ ပြိုင်ဘက်ကင်းသော ပါရမီရှင်အဖြစ် လူသိများသည်။ ငယ်ရွယ်စဉ်ကတည်းက ကမ္ဘာတစ်ဝှမ်းတွင် နာမည်ကြီးသော ပါရမီရှင်တစ်ဦးဖြစ်နေပြီဖြစ်သည်။ သူသည် တရှ၌ လူငယ်မျိုးဆက်၏ နံပါတ်တစ်ကျွမ်းကျင်သူအဖြစ်ပင် လူသိများသည်။ ထိုကဲ့သို့သောလူသည် မည်သူမျှ ယှဉ်နိုင်သူမဟုတ်ပေ။
ဤအဘိုးကြီးက လီချန်းယွမ်တမျှ မတော်လှသော်လည်း
ချူးယွင်ဖန်း ကြုံတွေ့ဖူးသမျှထဲတွင် ကြောက်မက်ဖွယ်အကောင်းဆုံး သက်ရှိပင်ဖြစ်သည်။
သွေးနတ်ဆိုးခေါင်းဆောင်ပင် သူ့တမျှ မသန်မာလှပေ။
"ကံကြမ္မာလား" အဘိုးကြီးက အေးစက်စွာ ပြောလိုက်သည်။
"ငါလော့ကျောက်က ကမ္ဘာတစ်ဝှမ်းကို နှစ်ပေါင်းများစွာ ခရီးသွားခဲ့ပြီးပြီ၊ ဒီလိုစကားပုံမျိုး တစ်ခါမှ မကြားဖူးဘူး။ အဲ့လိုဆို ဒီနေ့ မင်းငါ့လက်နဲ့ သေရမယ်ဆိုရင် မင်းရဲ့ကံကြမ္မာပဲ"
လော့ကျောက်က ချူးယွင်ဖန်းကို သတ်ဖြတ်လိုသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ သူသည် ပြင်းထန်သော နာကျင်မှုကို အသုံးပြု၍ ဉာဏ်အလင်းရရှိရန် ဝိညာဉ်ကို လှုံ့ဆော်ပေးကာ လေ့ကျင့်ပေးသော ရဟန်းကျင့်ကြံသူတစ်ဦးဖြစ်သော်လည်း အမှန်တကယ် ဆန္ဒမရှိဟု ပြော၍မရပေ။ လီချန်းယွမ်က သူ့ကို ပေးဆောင်သော တန်ကြေးက သူ့ကို အလွန် သွေးဆောင်နိုင်သည်ဟုပြောရပေမည်။
လူတစ်ဦး၏ သက်တမ်းကို ဆယ်နှစ်တိုးပေးနိုင်သော ဆေးလုံးတစ်လုံးသည် အလွန် တန်ဖိုးရှိသည်။
တရှ၌ပင် အလွန်တန်ဖိုးရှိသည်ဖြစ်ရာ လော့ကျောက်အတွက် အခြား မည်သည့်အရာကမျှ အရေးမကြီးပေ။ အရေးအကြီးဆုံးအရာက သူ့ကို နောက်တစ်ဆင့်တက်စေ၍ ဉာဏ်အလင်းရရှိစေရန် လုံလောက်သော သက်တမ်းရှိရန်ဖြစ်သည်။
"မင်း ငါ့ကို သတ်ချင်နေတာလား။ ကုန်းဆွန်းလျန်က သူလည်း သတ်ချင်တယ်လို့ ပြောပေမယ့် နောက်ဆုံးတော့ ငါ့လက်ချက်နဲ့ သူ သေသွားခဲ့တယ်" ချူးယွင်ဖန်းက လှောင်ပြောင်လိုက်သည်။
ချူးယွင်ဖန်းက ကုန်းစွန်းလျန်အကြောင်း မပြောခဲ့လျှင် ကောင်းလိမ့်မည်။ သို့သော် ယခု သူပြောလိုက်သောအခါ လော့ကျောက်၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် သတ်ဖြတ်ချင်စိတ်များ ပေါက်ကွဲထွက်လာသည်။
ကုန်းစွန်းလျန်က သူ အလွန်လေးစားရသော ဂျူနီယာတစ်ယောက်ဖြစ်သည်။ အနာဂတ်တွင် ထိုလူအိုများကို သိမ်းပိုက်၍ သံမဏိလှံဂိုဏ်းကို ပိုမြင့်သော နေရာသို့ရောက်အောင် လုပ်နိုင်ခဲ့သည်။ ချူးယွင်ဖန်း အရွယ်မရောက်ခင်၌ သူ့ကို သတ်ပစ်လိမ့်မည်ဟု မည်သူက သိမည်နည်း။
လော့ကျောက်က ချူးယွင်ဖန်းကို မည်သို့ မမုန်းဘဲ နေလိမ့်မည်နည်း။
"မင်းက ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ!" လော့ကျောက်က အေးစက်စွာ ပြောလိုက်သည်။ သို့သော်လည်း သူ၏နတ်စွမ်းအင်က တိုက်ပွဲကွင်းတစ်ခုလုံးကို လွှမ်းခြုံသွားသည်နှင့်အမျှ သူ့အကြည့်က ဘယ်ညာသို့ ဝေ့ဝဲသွားသည်။
မည်သို့ပင်ဖြစ်စေကာမူ ဤနေရာက လုံခြုံသောနေရာမဟုတ်ပေ။
လူသား-နတ်ဆိုးတိုက်ပွဲကွင်းဖြစ်သည်။ ကြောက်စရာကောင်းသော နတ်ဆိုးကြီးတစ်ကောင်က အချိန်မရွေး ရုတ်တရက် ပေါ်လာနိုင်သည်။ သူ၏ကျင့်ကြံမှုနှင့်ပင် ဤ လူသား-နတ်ဆိုးတိုက်ပွဲကွင်း၌ သူလုံးဝလုံခြုံသည်ဟု မပြောရဲပေ။
"မင်းရဲ့ လက်အောက်ငယ်သားတွေကို ငါသတ်မှာကြောက်လို့ အရင်ထွက်ပြေးခွင့်ပေးခဲ့တာပေါ့ဟုတ်လား။ ကံမကောင်းစွာပဲ သူတို့အားလုံး သေရလိမ့်မယ်။ တစ်ယောက်မှ မလွတ်ဘူး" လော့ကျောက်က အေးစက်စက်ပြောလိုက်သည်။
သူသည် ချူးယွင်ဖန်း၏ ပေါင်းထိုင်တပ်ကို စခန်းသို့ ပြန်ခေါ်သွားရန် ယုချူးယွင်အား ရုတ်တရက် ညွှန်ကြားနေသည်ကို မြင်တွေ့ခဲ့သော်လည်း အချည်းနှီးသော တိုက်ပွဲတစ်ခုအဖြစ် မြင်ခဲ့သည်။
လော့ကျောက်၏ ခန္ဓာကိုယ်ပေါ်၌ ကြေးဝါချပ်ဝတ်တစ်စုံ ပေါ်လာသည်။ သူဝတ်လိုက်သည်နှင့် တခြားလူတစ်ယောက်အဖြစ် ပြောင်းလဲသွားသည့်အလားစစ်မြေပြင်ပေါ်တွင်
ကြောက်စရာကောင်းသော အသူရာအဖြစ်ပြောင်းလဲသွားသည်။
ဤစစ်မြေပြင်က နှစ်ပေါင်းများစွာ သွေးထွက်သံယိုမှုများ ကြုံတွေ့ခဲ့ရကာ
နှစ်ဖက်စလုံးက ကျွမ်းကျင်သူများ မရေမတွက်နိုင်အောင် သေဆုံးဒဏ်ရာရခဲ့ကြသည်။ မရေမတွက်နိုင်အောင် များပြားလှသည့် မကျေနပ်ချက်များ စုဝေးလာခဲ့ကာ ပျောက်ကွယ်သွားခြင်းလည်းမရှိခဲ့ပေ။ အချို့နေရာများ၌
ပြင်းထန်သော မကျေနပ်ချက်များသည် ကောင်းကင်ကိုပင် ဖုံးလွှမ်း၍ အလွန်ကြောက်စဖွယ်ကောင်းသော သေခြင်းတရားနယ်မြေတစ်ခုဖန်တီးခဲ့သည်။
ထိုထိတ်တလန့်ဖွယ် မကျေနပ်ချက်နှင့်စစ်မြေပြင်က လော့ကျောက်၏ စွမ်းအားဖြစ်လာကာ
သူ့ကို ပို၍ပင် ကြောက်စရာကောင်းစေသည်။ ချူးယွင်ဖန်းက လော့ကျောက်သည် လီချန်းယွမ်ထက် အင်အားမနည်းလှသည်ကို သိလိုက်သည်။ လော့ကျောက်က ထိုစစ်မြေပြင်၌ ရေထဲမှ ငါးကဲ့သို့ပင်ဖြစ်သည်။
"ခွေးမသား ... မင်းက သေချင်နေတာပဲ!"
လော့ကျောက် စကားပြောပြီးသည်နှင့် သူ့လက်ထဲက ငွေရောင်လှံက ကြောက်မက်ဖွယ်ကောင်းသော အဖြူရောင်အစင်းကြောင်းတစ်ခု ထုတ်လွှတ်လိုက်သည်။ အဖြူရောင်အစင်းကြောင်းက ဖြတ်သွားသည့်နေရာတစ်လျှောက်သည် အေးခဲသွားသည်။
"ကမ္ဘာ့သတ်မှတ်သူ”
လော့ကျောက်က အော်၍ သူ၏ စစ်မှန်သော နည်းစနစ်ကို အသုံးပြုလိုက်သည်။ ချူးယွင်ဖန်းအကြောင်း သူအမြောက်အမြားမပြောသော်လည်း ခြင်္သေ့တစ်ကောင်ပင် သူ၏ အပြည့်အဝအင်အားကို သုံးကာ ယုန်တစ်ကောင်ကို အမဲလိုက်လိမ့်မည်ဖြစ်ကြောင်း သူသိသည်။
ဘမ်း
သတ္တုတိုက်မိသံ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ လော့ကျောက် မမျှော်လင့်ထားသည်မှာ သူ၏ ကြောက်မက်ဖွယ်ကောင်းသော လှံက ချူးယွင်ဖန်းကို ထိုးဖောက်သွားခြင်းမရှိဘဲ
ဆန့်ကျင်ဘက်အနေဖြင့် ချူးယွင်ဖန်း၏ ဦးခေါင်းပေါ်တွင် အိုးကြီးတစ်လုံး ပေါ်လာကာ ထိုကြောက်မက်ဖွယ်ကောင်းသော လှံတိုက်ခိုက်မှုကို တားဆီးလိုက်သည်။ ဤအိုးကြီးသည် မည်သည့်နေရာမှ စတင်ခဲ့သည်ကို သူ မသိသော်လည်း သူ၏ အပြည့်အဝ စွမ်းအားရှိသော တိုက်ခိုက်မှုကို တားဆီးနိုင်သည်။ သူနှင့် အဆင့်တူ ကျွမ်းကျင်သူပင် လှံဖြင့် ထိုးဖောက်ခံရလိမ့်မည်။
ချူးယွင်ဖန်း၏ တန်ပြန်တိုက်ခိုက်မှုသည် အရိပ်ကဲ့သို့ မြန်ဆန်စွာ ရောက်ရှိလာခဲ့သည်။
"လော့ကျောက်၊ ဒီနေ့က ခင်ဗျားသေနေ့ပဲ!"
ချူးယွင်ဖန်းက ကျယ်လောင်စွာကြုံးဝါး၍ သူ့လက်မှ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ဤကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းသည် ရေတံခွန်တစ်ခုကဲ့သို့ ကောင်းကင်ကိုဖြတ်၍ ပျံ့နှံ့သွားပြီး ကောင်းကင်ကို နှစ်ခြမ်းခွဲလိုက်သည်။
ဘမ်း
လော့ကျောက်၏ ခန္ဓာကိုယ်ပေါ်က ကြေးဝါချပ်ဝတ်တန်ဆာက ဓားအလင်းကြောင့် အပိုင်းပိုင်းကွဲသွားသည်။
ကျန်ရှိသော ဓားအလင်းရောင်က လျှပ်စီးကြောင်းအမြန်နှုန်းနှင့် သူ့ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်ရောက်သွားသည်။
လော့ကျောက်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ချူးယွင်ဖန်းတွင် ဤကဲ့သို့သော နည်းလမ်းရှိလိမ့်မည်ဟု သူ မယုံနိုင်ပေ။ ၎င်းသည် ဓားအလင်းတစ်ခုသာဖြစ်သော်လည်း ချက်ချင်းပင် သူ့ကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။
ဤသို့ဖြင့် လော့ကျောက် … သေဆုံးသွား၏။