← Chapters

အခန်း (၅၃၁-၅၃၂)

Vol. 54 Ch. 531-532

အခန်း (၅၃၁-၅၃၂)

Vol. 54 Ch. 531-532

အခန်း (၅၃၁) - သံယောဇဉ် ငြိတွယ်ခြင်း ၊ စည်းမရှိကမ်းမရှိသော ချောမောသည့် အမျိုးသမီး ၊ဆန်းကြယ်သော မှော်အတတ် ပြန်လည်ပေါ်ပေါက်လာခြင်း

"တင်းလေး... မင်း ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ "

လီယန်ချူက ပြုံး၍ နှုတ်ဆက်လိုက်သည်။

တင်းရုံ၏ မျက်နှာလေး နီမြန်းသွားသည်။ ငယ်ရွယ်ချောမောသော ထိုတာအိုဆရာလေးနှင့် ပြန်တွေ့ရသည့်အတွက် သူမသည် ပုံမှန်အေးစက်လှသော အမူအရာနှင့်မတူဘဲ အနည်းငယ် ပျော်ရွှင်တက်ကြွနေပုံရ၏။

"ပြီးခဲ့တဲ့တစ်ခေါက်က ဘာလို့ နှုတ်မဆက်ဘဲ ထွက်သွားတာလဲ အခု ကျွန်မ လာရှာတာကိုရော ရှင့်အနေနဲ့ မပျော်ဘူးလား"

တင်းရုံက မေးလိုက်သည်။

"ပြီးခဲ့တဲ့တစ်ခေါက်က အဲဒီ ဒွမ်မူရွှမ်းက ငါ့ကို သူမရဲ့ ခင်ပွန်းလုပ်ပါဆိုပြီး အတင်းအကျပ် လုပ်နေလို့လေ၊ သူမ ငါ့နောက်ကို တကောက်ကောက် လိုက်နေမှာစိုးလို့ ထွက်ပြေးလာတာ၊ မင်းနဲ့ ဘာမှမဆိုင်ပါဘူး"

ဟု လီယန်ချူက ရှင်းပြလိုက်သည်။

တင်းရုံသည် မျက်ခုံးလေး ပင့်တက်သွားကာ ပြန်လည်ဆုံတွေ့ရသည့် ဝမ်းသာပီတိများမှာ ခဏချင်းပင် လွင့်စင်သွားတော့သည်။ သူမသည် ရှက်ရှက်နှင့်ပင် သူ့ကို တစ်ချက် စောင်းကြည့်ကာ မျက်စောင်းထိုးလိုက်မိသည်။

"ဘုန်းကြီးတို့ ရုတ်တရက် ရောက်လာတာကို လီတာအိုဆရာလေးအနေနဲ့ စိတ်မရှိပါနဲ့ဦး"

ဟု အဖြူရောင်ဝတ် ဘုန်းကြီးအိုက ဆိုသည်။

"ဘယ်ကသာ... ခုနက တံတိုင်းပေါ်ကနေ ကြည့်နေတုန်းက ဆရာတော်ရဲ့ ဗုဒ္ဓဘာသာကျင့်စဉ်တွေက တကယ့်ကို စွမ်းတာ တွေ့ခဲ့ရပါတယ်၊ နဂါးနဲ့ ကျားကိုတောင် နှိမ်နင်းနိုင်တဲ့ အစွမ်းထက်တဲ့ ဆရာတော်ကြီး ကျွန်တော့်ဆီ ကြွလာတာဟာ ကျွန်တော့်ကျောင်းလေးအတွက် တကယ်ကို ဂုဏ်ယူစရာပါပဲ"

ဟု လီယန်ချူက ပြုံးလျက် ပြန်ပြောလိုက်သည်။

အဖြူရောင်ဝတ် ဘုန်းကြီးအိုမှာ ကြောင်အသွားကာ လီယန်ချူကို ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်မိသည်။

တံတိုင်းပေါ်က

ဒီစကားကို မင်းကိုယ်တိုင်ရော ယုံရဲ့လားကွာ...။

သို့သော် သူသည်လည်း တစ်စုံတစ်ခုကို သဘောပေါက်သွားပုံရသည်။ ထိုမိန်းကလေးငယ်သည် လီတာအိုဆရာလေးအကြောင်း ပြောတိုင်း ဘာကြောင့် မျက်လုံးလေးတွေ တောက်ပနေရသလဲဆိုတာ အခုမှ သိတော့သည်။

ရုပ်ရည်ကလည်း ချောမောသလို စကားပြောကလည်း အရမ်းချိုသာတာကိုး

အင်း... ငါ့ရဲ့ ငယ်စဉ်က အရှိန်အဝါမျိုး အနည်းငယ် ပါနေတာပဲ။

အဖြူရောင်ဝတ် ဘုန်းကြီးအိုသည် ယခင်က တုန်းယန်ခရိုင်တွင် လီယန်ချူ၏ ကယ်တင်ခြင်းကို ခံခဲ့ရဖူးသဖြင့် ဤတာအိုဆရာလေးကို အမှတ်ရနေခြင်း ဖြစ်သည်။ ယခုအခါတွင်မူ ထိုလူငယ်လေး၏ ပုံရိပ်မှာ သူ၏စိတ်ထဲတွင် ပိုမိုထင်ရှားလာတော့သည်။

လီယန်ချူက ရှောင်စဲ့၏ ပုခုံးကို ပုတ်လိုက်ကာ

"ရှောင်လေး... မင်း ဘယ်လိုဖြစ်ပြီး လူရိုက်ခံရတာ ဒီလောက်တောင် အခြေအနေဆိုးသွားရတာလဲ "

"............" ရှောင်စဲ့

သူသည် အားအင်ကုန်ခမ်းနေသော အသံဖြင့်

"ကျန်းထင်ရှန်းက အဲဒီ စပျစ်သီးမျိုး တစ်လုံးလောက် ငါ့ကို မပေးနိုင်ဘူးလား "

ဟု မေးရှာသည်။

ငါ့ဆီကနေ အလကား လာနှိုက်ချင်နေတာပဲ... လီယန်ချူက ခေါင်းခါလိုက်ကာ

"ဘာတွေ လျှောက်တွေးနေတာလဲ အဲဒါတွေ ကုန်သွားတာ ကြာလှပြီ၊ ဒီလောက် ဒဏ်ရာမျိုးက မင်းရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုနဲ့ဆိုရင် ရက်နည်းနည်းလောက် အနားယူလိုက်ရင် ကောင်းသွားမှာပါ"

"..............." ရှောင်စဲ့။

ခဏတာ နှုတ်ဆက် စကားပြောပြီးနောက်၊ ယွမ်ကျွယ် ဆရာတော်သည် ရှောင်စဲ့ကို ကျောပိုး၍ ထိုက်ဖင်တည်းခိုခန်းတွင် သွားရောက် တည်းခိုစေလိုက်သည်။

မတတ်နိုင်ချေ၊ ချင်းယွန်းတာအိုကျောင်းတွင် လူနေနိုင်သော အခန်းမှာ သုံးခန်းသာ ရှိသည်။ တစ်ခန်းမှာ သူကိုယ်တိုင် နေထိုင်ပြီး နောက်တစ်ခန်းမှာ ကျွေ့ဟွာ နေထိုင်သည်။ ၎င်းပြင် လူတိုင်းက လမ်းကြုံဆုံတွေ့ကြသူများသာ ဖြစ်သဖြင့် အလကားတော့ ပေးမနေနိုင်ပါချေ။

တင်းရုံကိုလည်း လီယန်ချူက ထိုက်ဖင်တည်းခိုခန်းတွင် သွားနေစေချင်သော်လည်း၊ သူမက ထိုစကားကို လုံးဝ မကြားချင်ယောင်ဆောင်ကာ အခန်းများကို လိုက်ကြည့်နေတော့သည်။

"ကျွန်မ ဒီအခန်းမှာပဲ နေမယ်၊ ကြည့်ရတာလည်း တော်တော်လေး သန့်ရှင်းသားပဲ"

တင်းရုံက ဧည့်ခန်းဆောင် တစ်ခန်းကို လက်ညှိုးထိုးလိုက်သည်။

လီယန်ချူ ပြန်ဖြေသည်ကိုပင် မစောင့်တော့ဘဲ သူမသည် အထဲသို့ တိုက်ရိုက်ဝင်သွားကာ တံခါးကို ပိတ်လိုက်တော့သည်။

"..........." လီယန်ချူ

စည်းမရှိကမ်းမရှိတဲ့ ချောမောတဲ့ အမျိုးသမီးတွေက တကယ် မုန်းဖို့ကောင်းတယ်။

သို့သော် သူသည်လည်း ထိုမျှအထိ စိတ်ကျဉ်းမြောင်းသူ တစ်ဦးတော့ မဟုတ်ပါချေ။ ၎င်းပြင် ထိုကဲ့သို့ ငယ်ရွယ်ချောမောသော တာအိုမယ်လေးမျိုး အနည်းငယ် လာနေခြင်းမှာလည်း ကိစ္စမရှိလှပါ။

ဆရာဖြစ်သူသာ ကောင်းကင်ဘုံကနေ သိရင်လည်း ပြုံးပျော်နေပေလိမ့်မည်။

တံခါးပိတ်လိုက်သော တင်းရုံ၏ အေးစက်လှပသော မျက်နှာလေးပေါ်တွင် ဆွဲဆောင်မှုရှိသော နီမြန်းသည့် အရောင်အဝါလေးများ ဖြတ်ပြေးသွားသည်။ သူမသည် နားကို စွင့်ထားကာ တံခါးအပြင်ဘက်မှ အသံကို သေချာနားထောင်နေမိ၏။ လီယန်ချူ ထွက်သွားတော့မှသာ သူမသည် မို့မောက်နေသော ရင်ဘတ်လေးကို အသာအယာပုတ်ကာ သက်ပြင်းချနိုင်တော့သည်။

"ဒီတစ်ခေါက်တော့ ရှင့်ကို လုံးဝ အလွတ်မပေးတော့ဘူး"

တင်းရုံသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရင်း မိမိကိုယ်ကိုယ် အားပေးလိုက်သည်။

ဆရာက အမြဲပြောလေ့ရှိသည်

"အချိန်ကြာလာရင် သံယောဇဉ် ငြိတွယ်လာတတ်တယ်" တဲ့။ သူမသာ ချင်းယွန်းတာအိုကျောင်းထဲမှာ အမြဲကပ်နေရင် လီယန်ချူကို မကိုင်တွယ်နိုင်စရာ အကြောင်းမရှိဘူးဟု ယုံကြည်နေတော့သည်။

လီယန်ချူသည် မိမိအခန်းသို့ ပြန်လာကာ ကျားချွမ်းဖန်း သင်ကြားပေးခဲ့သော ကိုယ်ပွားအတတ် ကို လေ့လာဆန်းစစ်နေသည်။

ထိုအတတ်မှာ ကျင့်ကြံရန် အလွန်ခက်ခဲလှပြီး သာမန်ပါရမီမျိုးနှင့် အောင်မြင်ရန် မဖြစ်နိုင်ချေ။

ဝိညာဉ်ကိုယ်ပွား အဆင့်ကို မြင့်မားသော အခြေအနေသို့ ရောက်ရှိမှသာ လျှို့ဝှက်အတတ်များဖြင့် ပြုလုပ်နိုင်ခြင်း ဖြစ်သည်။

သို့သော် ထိုကိုယ်ပွားအတတ်မှာမူ တကယ့်ကိုပင် မိမိနှင့် တစ်ပုံစံတည်း တူညီသော ကိုယ်ပွားတစ်ခုကို ဖန်တီးနိုင်ခြင်း ဖြစ်သည်။ ၎င်းပြင် ဤကိုယ်ပွားမှာ အချိန်ကြာမြင့်စွာ တည်ရှိနေနိုင်၏။ ဆိုလိုသည်မှာ ကိုယ်ပွားသည်လည်း သီးသန့် ကျင့်ကြံနိုင်သည်ဟု အဓိပ္ပာယ်ရသည်။

အစပိုင်းတွင် လီယန်ချူက ဤအတတ်ကို သာမန်ကိုယ်ပွားအတတ်ဟုသာ ထင်ထားခဲ့သော်လည်း၊ ယခုကြည့်ရသည်မှာ ထိုသည်မှာ ကျင့်ကြံခြင်းအတွက် တကယ့် ခိုးသုံးကိရိယာ ကြီးပင် ဖြစ်သည်။

"ဦးလေးကျား ကတော့ တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတဲ့သူပဲ၊ ဝေမြို့မှာ မြို့စောင့်နတ် ဖြစ်နေတာကလည်း ငါနဲ့ ကံပါလာလို့ပဲ ဖြစ်မှာပါ"

ဟု လီယန်ချူ စိတ်ထဲက တွေးလိုက်မိသည်။

လမ်းမပေါ်မှ ကိစ္စများကို မြို့နယ်အာဏာပိုင်များက လာရောက် ကိုင်တွယ်ကြသည်။ ဤကဲ့သို့ ကျင့်ကြံသူများနှင့် ပတ်သက်သော အမှုအခင်းများကို ယခုအခါတွင်မူ တရားရုံးတော်က တာဝန်ယူ ကိုင်တွယ်ရလေသည်။

ထူးခြားသည်မှာ ယခုအခါ ဝေမြို့တွင် တရားရုံးတော်မှ အမြဲတမ်း အခြေစိုက်သော ကျင့်ကြံသူတစ်ဦး ရှိနေပြီဖြစ်သည်။ သူ၏ အမည်မှာ ရှန်ဟုန်ယဲ့ ဖြစ်သည်။

ဝေမြို့သို့ စရောက်စက လီယန်ချူသည် သူ့ကို တစ်ကြိမ် တွေ့ဖူးခဲ့သည်။ ထိုစဉ်က တရားရုံးတော် မှ ပေးအပ်သော ဆုလာဘ်များကို လွှဲပြောင်းရယူချိန် ဖြစ်သည်။

ရှန်ဟုန်ယဲ့မှာ အလွန်လှပသော အမျိုးသမီးတစ်ဦးဖြစ်ပြီး ခြေတံရှည်ရှည်၊ ဖြူဝင်းသောအသားအရေနှင့် ချောမောလှပသူ ဖြစ်သည်။

သူမ၏ ကျင့်စဉ်အဆင့်မှာ ဒုတိယအဆင့်သို့ စတင်ဝင်ရောက်ကာ ဝိညာဉ်ခန္ဓာ ထွက်ခွာခြင်း ကို ပြုလုပ်နိုင်ရုံမျှသာ ဖြစ်သည်။ သို့သော် သူမ၏ စရိုက်မှာ နူးညံ့ကာ အလှအပကလည်း ဆွဲဆောင်မှုရှိလှသည်။

သူမ ဝေမြို့သို့ စရောက်စက အတော်လေး ဟိုးလေးတကျော် ဖြစ်သွားခဲ့ဖူးသည်။ ဝေမြို့ရှိ ချမ်းသာသော သူဌေးသားများနှင့် မင်းစိုးရာဇာ နွယ်ဖွားများစွာက ရှန်ဟုန်ယဲ့ကို ချစ်ခွင့်ပန်ခဲ့ကြဖူးသော်လည်း သူမကမူ သူတို့ကို လုံးဝ အရေးမစိုက်ခဲ့ချေ။

တွေးကြည့်လျှင်လည်း ဟုတ်ပါသည်၊ ရှန်ဟုန်ယဲ့မှာ မြို့တော်မှ ဆင်းလာသူ မဟုတ်ပါလား။ မြို့တော်ကဲ့သို့သော နေရာမျိုးတွင် မည်ကဲ့သို့သော ပါရမီရှင် လူငယ်မျိုးတွေ မရှိဘဲ နေပါမည်နည်း အဘယ်ကြောင့် မြို့ငယ်လေးက လူတွေကို စိတ်ဝင်စားပါမည်နည်း။

ရှန်ဟုန်ယဲ့မှာ ကြည့်ရသည်မှာ အေးစက်စက်နှင့် မာနကြီးသူဟု လီယန်ချူက အစပိုင်းတွင် ထင်ထားခဲ့သော်လည်း၊ သူမ၏ အသံမှာ အလွန်နားဝင်ချိုပြီး ပြုံးလိုက်လျှင်လည်း အလွန်ချိုသာလှသည်။

ဤအချက်မှာ ဝေမြို့ရှိ သူဌေးသားများ ခံစားရသော အချက်နှင့် လုံးဝ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတော့သည်။

ဤရှန်ဟုန်ယဲ့သည် အစီရင် အမျိုးမျိုးကို ကျွမ်းကျင်ပြီး အစီရင်ပါရမီရှင် ဟုပင် ဆိုနိုင်သည်။

ပျောက်ကွယ်လုနီးပါး ဖြစ်နေသော ရှေးဟောင်းအစီရင်အချို့ကိုပင် သူမဘာသာ သုတေသနပြုကာ ဖော်ထုတ်နိုင်ခဲ့သည်။

ထိုကဲ့သို့သော ပါရမီမျိုးမှာ တကယ့်ကို ရှားပါးလှသော မဟာဗျူဟာမြောက် လူသားအရင်းအမြစ်ပင် ဖြစ်သည်။

တရားရုံးတော် အနေဖြင့် ဝေမြို့ကဲ့သို့ နေရာငယ်လေးတွင် ဤကဲ့သို့သောသူကို အမြဲတမ်း ခန့်အပ်ထားခြင်းမှာ အခြားသော ရည်ရွယ်ချက် တစ်စုံတစ်ရာ ရှိရမည်ဟု လီယန်ချူက အပြင်းအထန် သံသယဝင်မိသည်။ သို့သော် ဤရှန်ဟုန်ယဲ့မှာ မုန်းစရာမကောင်းသည့်အပြင်၊ လီယန်ချူ၏ ဦးဆောင်မှုအောက်တွင် လုံးဝ နာခံပါမည်ဟုလည်း ဖော်ပြထားကာ ခိုင်းသမျှကိုလည်း တစ်သဝေမတိမ်း လုပ်ဆောင်ပေးတတ်သည်။

ယခုတစ်ခေါက် လင်ရှီးဘုရားကျောင်းမှ ပြန်လာပြီးနောက်၊ လီယန်ချူသည် အားလပ်ချိန်တွင် ရှန်ဟုန်ယဲ့ထံသို့ သွားရောက်ကာ ရန်ရှန်းမြို့ အကြောင်းနှင့် မဟာရှ မင်းဆက် ၏ ကျင့်စဉ်စနစ်များအကြောင်းကို မေးမြန်းခဲ့သည်။

ရှန်ဟုန်ယဲ့ကလည်း မကြာမီ အဖြေပေးပါမည်ဟု ပြောထားခဲ့သည်။

မိစ္ဆာရဟန်းအို သေဆုံးပြီး နောက်တစ်နေ့တွင်၊ လျူကျွင်း သည် ထိုက်ဖင်တည်းခိုခန်းတွင် လက်ဖက်ရည်သောက်နေသော လီယန်ချူထံသို့ ရောက်လာသည်။

သူမသည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေသော အမူအရာဖြင့်

"လီတာအိုဆရာ မကောင်းတော့ဘူး၊ ကျွန်မကိုယ်ပေါ်က မှော်အတတ် က ပြန်ပြီး ထလာပြီ ထင်တယ်"

ဟု ပြောလိုက်သည်။

"မကြောက်ပါနဲ့၊ မနေ့က ငါ ကိုယ်ဖျောက်အတတ်ကို သုံးပြီး မင်းကို စနောက်ခဲ့တာပါ၊ မင်း ဝင်တိုက်မိတာက ငါ့ကိုပါ"

ဟု လီယန်ချူက ပြုံး၍ ပြောလိုက်သည်။

"............" လျူကျွင်း

လျူကျွင်းသည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ လီယန်ချူကို ဝမ်းနည်းဒေါသထွက်နေသော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။

ထိုဝိုင်းစက်သော မျက်ဝန်းအစုံတွင် ဖော်မပြနိုင်လောက်အောင် နက်ရှိုင်းလှသော အားငယ်စိတ်များဖြင့် ပြည့်နှက်နေ၏။

"ကဲပါ... ဘာမှ မဖြစ်ပါဘူး"

လီယန်ချူက ရယ်မောလျက် ပြောလိုက်သည်။

"ဒါပေမဲ့ မနေ့က အဲဒီကိစ္စဖြစ်ပြီးကတည်းက ကျွန်မ ဆက်တိုက်ဆိုသလို ကံဆိုးနေတာ၊ ကျွန်မခေါင်းကို တစ်ချက်လောက် စမ်းကြည့်ပေးပါဦး"

ဟု လျူကျွင်းက ဆိုသည်။

လီယန်ချူ မျက်မှောင်ကြုတ်သွားကာ လက်ကိုမြှောက်၍ လျူကျွင်း၏ ခေါင်းကို စမ်းကြည့်လိုက်သည်။ သူမ၏ ဆံပင်နှစ်ဖက်ချည်ထားသော ကြားတွင် ကြီးမားသော ဘူးသီးခြောက်လုံးခန့် အဖုကြီးတစ်ခုကို တွေ့လိုက်ရသည်။ သူ လက်ဖြင့် ထိလိုက်သောအခါ လျူကျွင်းမှာ နာကျင်လွန်းသဖြင့် မျက်နှာလေး ရှုံ့မဲ့သွားရရှာသည်။

"ဘယ်လိုဖြစ်တာလဲ"

လီယန်ချူက မေးလိုက်သည်။

"မနေ့က အဲဒီ အနက်ရောင်ဝတ် ရဟန်းအို လမ်းမပေါ်မှာ အသတ်ခံရပြီးကတည်းက ကျွန်မမှာ အရာရာ အဆင်မပြေ ဖြစ်လာတော့တာပဲ၊ ဒီအဖုက မနေ့ညက အိပ်နေတုန်းမှာ ရုတ်တရက် ခေါင်းနဲ့ ဆောင့်မိတာ၊ ခံစားချက်က အရမ်းထူးဆန်းတယ်၊ အိပ်မက်ထဲမှာ လမ်းလျှောက်နေသလိုလိုနဲ့ စားပွဲခြေထောက်ကို ခေါင်းနဲ့ ပြေးဆောင့်မိတာ၊ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားနေသလိုမျိုးပဲ"

"ဒါတင်မကသေးဘူး၊ အခု လှေကားအတက်အဆင်းလုပ်ရင်လည်း ပြန်ပြီး ချော်လဲနေပြီ၊ လှေကားလက်ရန်းကို သေချာကိုင်ပြီး တစ်လှမ်းချင်း ဖြည်းဖြည်းချင်း သွားတာတောင် မရဘူး၊ ဦးနှောက်ထဲမှာ ရုတ်တရက်ကြီး ဟာသွားသလို ဖြစ်သွားပြီး ပြုတ်ကျသွားတာပဲ"

လျူကျွင်းက သက်ပြင်းချရင်း ပြောရှာသည်။

"နားထောင်ရတာတော့ အဲဒီ မှော်အတတ်က တကယ်ပဲ ပြန်ထလာသလိုပဲ၊ ငါ တစ်ချက် ကြည့်ပေးမယ်"

ဟု လီယန်ချူက ဆိုသည်။

သူသည် ရှစ်ခွင်မှန် ကို ထုတ်ယူလိုက်ရာ တောက်ပသော အလင်းတန်းတစ်ခုသည် လျူကျွင်း၏ ကိုယ်ပေါ်သို့ ကျရောက်သွားသည်။ မှန်ထဲတွင် လျူကျွင်း၏ ပုံရိပ်မှာ အလွန်ပင် ရှင်းလင်းစွာ ပေါ်လာတော့သည်။

ရုတ်တရက်

လီယန်ချူ၏ မျက်သူငယ်အိမ် ကျုံ့သွားကာ လျူကျွင်းကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်။

လျူကျွင်း၏ ခေါင်းပေါ်တွင် ကြိုးတစ်ချောင်း ပြန်လည် ချည်နှောင်ခံထားရပြန်ပြီ

ယခင်က ကြိုးနှင့် တစ်ပုံစံတည်းပင်

"ဒါ ဘယ်လိုဖြစ်တာလဲ"

လီယန်ချူ အတော်လေး အံ့အားသင့်သွားသည်။

သူသည် ထိုကြိုးကို မိစ္ဆာရဟန်း ဖာနန်း ဆီသို့ လွှဲပြောင်းပေးခဲ့ပြီး ဖာနန်း သေဆုံးသွားကတည်းက ဤကိစ္စမှာ လုံးဝ အဆုံးသတ်သွားပြီ မဟုတ်ပါလား။

"မဖြစ်နိုင်တာ... မိစ္ဆာရဟန်း ဖာနန်း သေသွားပြီပဲ၊ အဲဒီအချိန်တုန်းကလည်း မင်းမှာ ဘာပြဿနာမှ မရှိခဲ့ပါဘူး"

လီယန်ချူ မျက်မှောင်ကြုတ်သွားမိသည်။

ထိုစဉ် ဘေးနားရှိ တင်းရုံက ရုတ်တရက် ကြားဖြတ်မေးလိုက်သည်။

"မိစ္ဆာရဟန်း ဖာနန်း ဟုတ်လား"

လီယန်ချူက သူမကို ကြည့်လိုက်ကာ

"မင်းလည်း ကြားဖူးလို့လား"

တင်းရုံက ခေါင်းညိတ်ပြလိုက်ပြီး

"မနေ့က သေသွားတဲ့ ရဟန်းအို နာမည်က ခုံးရှင်း၊ သူက မိစ္ဆာရဟန်း ဖာနန်းရဲ့ ဆရာပဲ"

"................." လီယန်ချူ

အခန်း (၅၃၂) - လျူကျွင်းကို အသေခံခိုင်းတာကမှ တော်ဦးမယ် ၊ လီယန်ချူနှင့် ချည်နှောင်ခြင်း ၊နက်ရှိုင်းလှသော အမည်မသိနယ်မြေ

သေဆုံးသွားသော အနက်ရောင်ဝတ် ရဟန်းအိုမှာ မည်သူမည်ဝါဖြစ်သည်ကို လီယန်ချူ မသိပါချေ။

သို့သော် ထိုရဟန်းအို၏ ကိုယ်ပေါ်တွင် အငြိုးအတေး အာဃာတများမှာ အစိုင်အခဲတစ်ခုအလား ထူထပ်လွန်းလှပြီး၊ သွေးညှီနံ့များမှာလည်း ပြင်းထန်လှကာ ပုပ်စော်နံသော အလောင်းကောင်အငွေ့အသက်များ လည်း ဖုံးလွှမ်းနေ၏။

ထို့ကြောင့် သူသည် အရှိန်ဝါကြည့်အတတ် ကို မသုံးဘဲနှင့်ပင် တစ်ဖက်လူမှာ လူယုတ်မာဖြစ်ကြောင်း သိသာနေသဖြင့် တိုက်ခိုက်ရန် တုံ့ဆိုင်းမနေခဲ့ခြင်း ဖြစ်သည်။

"ဒီလောက်တောင် တိုက်ဆိုင်သွားတာလား"

"ဒါဆို မနေ့က အနက်ရောင်ဝတ် ရဟန်းအိုက သူ့တပည့်အတွက် လက်စားချေဖို့ လာတာပေါ့လေ "

ဟု လီယန်ချူက ဆိုသည်။

"ဖြစ်နိုင်ခြေ အရမ်းများပါတယ်၊ မနေ့က ယွမ်ကျွယ်ဆရာတော် ပြောတာတော့ အဲဒီမိစ္ဆာရဟန်း ဖာနန်းဟာ ဒဏ်ရာရထားပြီး မကြာသေးခင်ကမှ တစ်ယောက်ယောက်နဲ့ တိုက်ခိုက်ထားပုံရတယ်လို့ ပြောတယ်"

ဟု တင်းရုံက လီယန်ချူကို ပြန်ပြောပြသည်။

"ဆရာတော်က တခြားဘာတွေများ ပြောသေးလဲ အဲဒီရဟန်းအိုမှာ ထူးဆန်းတဲ့အချက်တွေ ရှိသေးလား "

လီယန်ချူက ဆက်၍ မေးမြန်းလိုက်သည်။

တင်းရုံက ခဏမျှ စဉ်းစားလိုက်ပြီး

"ထူးဆန်းတာဆိုလို့... ဆရာတော် ပြောဖူးတာတစ်ခုရှိတယ်၊ အစကတော့ ဆရာတော်ကလည်း အဲဒီရဟန်းအိုကို သတိမထားမိပါဘူး၊ ဒါပေမဲ့ ကျွန်မတို့ မြို့ထဲကို စဝင်လာတဲ့အချိန်မှာ ရဟန်းအိုတစ်ပါး မြင်းရထားနဲ့ တိုက်မိတာကို တွေ့ခဲ့ရတယ်၊ လမ်းမပေါ်မှာ လူတွေအများကြီးရှိနေတာတောင် အဲဒီမြင်းက အဝေးကြီးမှာရှိတဲ့ ရဟန်းအိုဆီကိုမှ တည့်တည့်မတ်မတ် ပြေးဆောင့်တာတဲ့၊ ဒါပေမဲ့ အဲဒီရဟန်းအိုက ဘာဒဏ်ရာမှ မရခဲ့ဘူး၊ အဲဒါကြောင့် သူက ကျင့်ကြံသူတစ်ယောက်ဆိုတာ သိသာနေတာပေါ့"

"အဲဒီအချိန်ကတည်းက ဆရာတော်က ရဟန်းအိုကို မှတ်မိသွားတာလား "

ဟု လီယန်ချူက မေးသည်။

သို့သော် တင်းရုံက ခေါင်းခါပြကာ

"မဟုတ်ဘူး၊ အဲဒီတုန်းက ဒီရဟန်းအိုက သူ့ရဲ့ စွမ်းအင်တွေကို လုံးဝ ထုတ်မပြခဲ့ဘူး၊ ကျောပြင်ကို ကြည့်ရုံနဲ့တော့ ဆရာတော်လည်း မမှတ်မိနိုင်ခဲ့ဘူးလေ"

"ဟင်" လီယန်ချူ အံ့အားသင့်သွားသည်။

"အဲဒီရဟန်းအိုက လမ်းလျှောက်နေရင်းနဲ့ ရုတ်တရက် ခြေချော်ပြီး မြေပြင်ပေါ်ကို ခေါင်းနဲ့စိုက် ကျသွားတာ၊ ကြည့်ရတာ အတော်လေး နာပုံရတယ်၊ လူတွေအများကြီးတောင် ဝိုင်းကြည့်ကြတယ်"

ဟု တင်းရုံက ဆိုသည်။

"ခြေချော်လဲတာကို ဘာလို့ လူတွေအများကြီး ဝိုင်းကြည့်ရတာလဲ "

လီယန်ချူ နားမလည်နိုင်ဖြစ်သွားသည်။

တင်းရုံက မော့ကြည့်လိုက်ကာ လေသံအေးအေးဖြင့်

"အသက်ကြီးလှတဲ့ အဖိုးကြီးတစ်ယောက်က လဲကျသွားတဲ့ ခဏချင်းမှာပဲ လေထဲမှာ ဆယ်ပတ်ကျော်လောက် ဂျွမ်းပြန်သွားပြီးမှ မြေပြင်ပေါ်ကို ပြင်းပြင်းထန်ထန် ပြုတ်ကျတာမျိုး ရှင့်အနေနဲ့ မြင်ဖူးလို့လား"

"……………" လီယန်ချူ

"………………" လျူကျွင်း

အမှုမှန် ပေါ်သွားပြီ

ယခုမှပင် အားလုံး အတည်ပြုနိုင်တော့သည်။

ထိုအနက်ရောင်ဝတ် ရဟန်းအိုသည် မည်သည့်နည်းလမ်းကို သုံးလိုက်သည်မသိ၊ အံ့ဩစရာကောင်းလောက်အောင်ပင် မိစ္ဆာရဟန်း ဖာနန်းကိုယ်ပေါ်က ကံဆိုးမှု သို့မဟုတ် မှော်အတတ်ကို မိမိကိုယ်ပေါ်သို့ ဆွဲယူလိုက်ခြင်း ဖြစ်သည်။

သူ၏ ထူးဆန်းသော ကံဆိုးပုံများကို ကြည့်ခြင်းအားဖြင့် ထိုမှော်အတတ်သည် လျူကျွင်းထက် သူ့အပေါ် ပို၍ သက်ရောက်မှု ပြင်းထန်နေကြောင်း သိသာလှသည်။

လျူကျွင်းကမူ လဲကျသည့်အချိန်တွင် အကြိမ်ပေါင်းများစွာ ဂျွမ်းပြန်ခြင်းမျိုးတော့ မလုပ်နိုင်ပါချေ ထိုမျှလောက် အားအင်သုံးပြီးမှ လဲကျမည်ဆိုလျှင် လည်ပင်းကျိုးသွားရန်သာ ရှိတော့သည်။

"ဒီရဟန်းအိုမှာ တစ်ခုခုတော့ ရှိတာပဲ"

လီယန်ချူက ခေါင်းညိတ်လိုက်သည်။

ကံဆိုးမှုကိုတောင် လုယူရတယ်လို့

သူသည် လျူကျွင်းကို ဆိုင်ရှင်မ အား သွားခေါ်ခိုင်းလိုက်သော်လည်း၊ ခဏမျှ စဉ်းစားပြီးနောက် ပြန်တားလိုက်သည်။

"မင်း ဒီမှာပဲ ထိုင်နေပါ၊ လမ်းမှာ ခြေချော်ပြီး လည်ပင်းကျိုးမသွားပါစေနဲ့"

"……………" လျူကျွင်း

ဒီစကားက နားထောင်လို့ ဘာလို့ ဝမ်းသာစရာလို ဖြစ်နေရတာလဲ

လီယန်ချူက ဆိုင်ရှင်မကို သွားခေါ်လိုက်ရာ၊ ဆိုင်ရှင်မ ရောက်လာပြီးနောက် အခြေအနေကို နားထောင်ကာ ကြောင်အသွားသည်။

"ဒီအရာက လျူကျွင်းကိုပဲ တောက်လျှောက် လိုက်ကြည့်နေတဲ့ပုံပဲ "

ဆိုင်ရှင်မက ရှစ်ခွင်မှန်ထဲမှ လျူကျွင်း၏ ခေါင်းပေါ်ရှိ ကြိုးကို ကြည့်ရင်း ပြောလိုက်သည်။

သူမသည် သက်ပြင်းတစ်ချက် ချလိုက်ကာ လီယန်ချူကို ကြည့်၍ လေးလေးပင်ပင် ဆိုလိုက်သည်။

"မရတော့ရင်လည်း မကယ်နဲ့တော့လေ"

လျူကျွင်း၏ မျက်လုံးများ ပြူးကျသွားကာ မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။ အစွန့်ပစ်ခံလိုက်ရသော အထီးကျန်စိတ်များက ချက်ချင်း ရောက်ရှိလာတော့သည်။

"ဆိုင်ရှင်မ... ကျွန်မက အစ်မအပေါ်မှာ သစ္စာရှိခဲ့တာလေ၊ ဒီရက်ပိုင်း တည်းခိုခန်းမှာ အလုပ်လုပ်ခဲ့တာ ဂုဏ်ဒြပ်မရှိရင်တောင် ပင်ပန်းခဲ့တာတော့ အမှန်ပဲ၊ အစ်မအနေနဲ့ ကျွန်မကို ဒီအတိုင်း ပစ်မထားပါနဲ့ "

လျူကျွင်းမှာ မျက်ရည်စက်လက်ဖြင့် ပြောရှာသည်။

"အခုကြည့်ရတာ မင်းကို ကယ်ဖို့ နည်းလမ်းတစ်ခုပဲ ရှိတော့တယ်"

ဟု ဆိုင်ရှင်မက အတည်ပေါက် ပြောလိုက်သည်။

"ဘာနည်းလမ်းလဲ"

လျူကျွင်း၏ မျက်ဝန်းများ တောက်ပသွားသည်။

ဆိုင်ရှင်မက လီယန်ချူကို တစ်ချက် ကြည့်လိုက်သည်။

"ငါ့ကို ဘာလို့ ကြည့်တာလဲ အဲဒီကြိုးကို ငါ့ခေါင်းပေါ် လာချည်ချင်လို့တော့ မဟုတ်ဘူးမလား ငါလည်း အဲဒီအရာကို နိုင်ချင်မှ နိုင်မှာနော်"

လီယန်ချူသည် ဆိုင်ရှင်မ၏ အကြံအဖန် မျက်လုံးများကို ကြည့်ကာ ထိတ်လန့်သွားမိသည်။

"ဟုတ်တယ်၊ အဲဒီကြိုးကို ရှင့်ခေါင်းပေါ် ချည်လိုက်မှပဲ ဒီဘေးဒုက္ခကို အမြစ်ပြတ် ချေဖျက်နိုင်မှာ"

ဟု ဆိုင်ရှင်မက ဆိုသည်။

"နောက်နေတာလား၊ ငါ တခြား မိစ္ဆာတစ်ယောက်ယောက်ကို သွားဖမ်းလာလိုက်မှာပေါ့၊ ဒီတစ်ခေါက်တော့ သူ့ကို မသတ်ဘဲ ချုပ်နှောင်ထားပြီး ခြေပြတ်လက်ပြတ် လုပ်ထားလိုက်မယ်လေ"

ဟု လီယန်ချူက ပြောလိုက်သည်။

တင်းရုံ၏ နှုတ်ခမ်းလေးမှာ ရုတ်တရက် တွန့်သွားမိသည်။ မည်သို့ပင်ဖြစ်စေ ယခုအချိန်တွင် လီယန်ချူမှာ သူမအတွက် ဗီလိန်ကြီး တစ်ယောက်ကဲ့သို့ ခံစားလိုက်ရသောကြောင့် ဖြစ်သည်။

ဆိုင်ရှင်မက ခေါင်းခါလိုက်ကာ

"အလကားပဲ၊ ဘယ်သူ့ခေါင်းပေါ်ပဲ ဒီကြိုးကို ချည်ချည် သူတို့သေသွားရင် ဒီကြိုးက လျူကျွင်းရဲ့ ခေါင်းပေါ်ကိုပဲ ပြန်ရောက်လာမှာ တကယ်လို့ ရှင်က သူမကို တကယ် အသေခံခိုင်းပြီး ပစ်ထားချင်တယ်ဆိုရင်တော့ တစ်မျိုးပေါ့"

လီယန်ချူ၏ နှုတ်ခမ်းမှာ တွန့်သွားကာ

"ဒါက ငါ့ကို မဖြစ်မနေ လုပ်ခိုင်းနေတာ မဟုတ်လား "

သူသည် အံ့ဩတုန်လှုပ်နေမိသည်၊ ငါ့ရဲ့ကိုယ်ပိုင် အမျိုးသမီးကတောင် ငါ့ကို ဒီလို လုပ်နေတာလား

ဆိုင်ရှင်မက ပြုံးလိုက်ကာ

"ရှင်ထင်သလောက် အခြေအနေက မဆိုးပါဘူး၊ ရှင့်ဆီမှာ ဒိုချန်ပုတီး ရှိသလို၊ ရှင့်ရဲ့ ကံကြမ္မာကလည်း ကျွန်မမြင်ဖူးသမျှထဲမှာ အမာဆုံးပဲ၊ ဒီမှော်အတတ် နောက်ကွယ်က ဝိညာဉ်ကတောင် ရှင့်ကို စုပ်ယူနိုင်မှာ မဟုတ်ဘူးလို့ ကျွန်မ ထင်တယ်"

"…………" လီယန်ချူ

လျူကျွင်းကမူ ခေါင်းခါလိုက်ကာ

"ဒီကိစ္စအတွက် လီတာအိုဆရာကို အန္တရာယ်ထဲ မတွန်းပို့နိုင်ပါဘူး၊ ကျွန်မ လီတာအိုဆရာရဲ့ အသက်ကယ်ကျေးဇူးကိုတောင် မဆပ်ရသေးတာပဲ"

သူမသည် အလွန်ကြောက်ရွံ့နေသော်လည်း ခိုင်မာသော အမူအရာဖြင့်ပင် ထိုစကားကို ပြောလိုက်ရှာသည်။

"ကောင်းပြီ၊ ဒါဆိုရင်လည်း သေဖို့သာ စောင့်နေလိုက်တော့"

ဆိုင်ရှင်မက ခေါင်းညိတ်လိုက်သည်။

"…………" လျူကျွင်း

တင်းရုံသည် လီယန်ချူကို တစ်ချက် ကြည့်လိုက်သည်။

သူမသည် အမှုအရာအားလုံးကို ရှင်းရှင်းလင်းလင်း မသိသော်လည်း အခြေအနေကိုတော့ အကြမ်းဖျင်း နားလည်လိုက်ပြီ ဖြစ်သည်။ ပုံမှန်ဆိုလျှင် ဤကဲ့သို့သော အချိန်တွင် လီယန်ချူသည် ရင်ဘတ်ကို ပုတ်ကာ ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးရမည် မဟုတ်ပါလား။

သို့သော် လီယန်ချူကမူ လျူကျွင်းကို လက်မထောင်ပြလိုက်ကာ

"စိတ်ချပါ၊ မင်းအတွက် ကောင်းမွန်တဲ့ ဘာသာရေး အခမ်းအနားတစ်ခု လုပ်ပေးမယ်၊ နောက်ဘဝမှာ လူချမ်းသာအိမ်မှာ သွားပြီး လူဖြစ်နိုင်အောင်ပေါ့၊ ဒီကိစ္စကို ငါ့တာဝန်ထားလိုက်"

တင်းရုံ၏ နှုတ်ခမ်းလေးမှာ ထပ်မံ တွန့်သွားပြန်သည်။ တကယ်ကို ရင်းနှီးနေတဲ့ စတိုင်လ်ကြီးပါလား။

လျူကျွင်း၏ ဆံပင်နှစ်ဖက်မှာ အားကိုးရာမဲ့စွာဖြင့် တုန်လှုပ်နေပုံမှာ၊ တင်းရုံအတွက် ယခင်က ကံဆိုးခဲ့ဖူးသော မိမိကိုယ်ကိုယ် ပြန်မြင်ယောင်စေသည်။

သူမသည် ဤချောမောသော မိန်းကလေးငယ်ကို တစ်စက္ကန့်ခန့် သနားမိသွား၏။

သို့သော် လီယန်ချူသည် နည်းလမ်းတစ်ခုခု စဉ်းစားထားပြီးဖြစ်ကာ ထိုမိန်းကလေးကို အသေခံခိုင်းမည် မဟုတ်ကြောင်းကိုလည်း သူမ သိနေပါသည်။

"အဲဒီ ဝိညာဉ်ကို ဖော်ထုတ်နိုင်မယ့် နည်းလမ်းရှိလား သူ့ကို သတ်ပစ်လိုက်မယ်"

ဟု လီယန်ချူက ဆိုင်ရှင်မကို ပြောလိုက်သည်။

"အဲဒီကြိုးကို ချည်လိုက်မယ်ဆိုရင်တော့ ဖြစ်နိုင်ခြေ ရှိတယ်"

ဟု ဆိုင်ရှင်မက ဆိုသည်။

"ဆိုလိုတာက အစကတည်းက ငါ့ကို ကြိုးချည်ခိုင်းပြီး အဲဒီဝိညာဉ်ကို ဖော်ထုတ်ခိုင်းချင်တာပေါ့"

လီယန်ချူက မိမိကိုယ်ကိုယ် လက်ညှိုးထိုးပြလိုက်သည်။

"ဒါပေါ့၊ မဟုတ်ရင် အဲဒီမှော်အတတ်က ရှင့်ရဲ့ ကံကြမ္မာတွေကို စုပ်ယူပြီး သေတာစောင့်နေရမှာပေါ့၊ အဲဒီလို ဖြစ်မယ့်အစား လျူကျွင်းကို အသေခံခိုင်းတာကမှ တော်ဦးမယ်"

ဟု ဆိုင်ရှင်မက ခပ်ပြတ်ပြတ် ပြောလိုက်သည်။

"……………" လျူကျွင်း

သူမသည် အဘယ်ကြောင့် ရင်ထဲတွင် အလွန်ဝမ်းသာနေမိသနည်း မသိသော်လည်း၊ ထိုနှစ်ဦး၏ စကားဝိုင်းကို ကြားရသောအခါ စိတ်အခြေအနေမှာ အလွန်ပင် ရှုပ်ထွေးနေတော့သည်။

ကျေးဇူးတင်ပါတယ်လို့ပဲ ပြောရမလိုလို...

ဆိုင်ရှင်မအပေါ် ယုံကြည်မှုရှိသည့်အတွက် လီယန်ချူသည် ထိုအစီအစဉ်ကို သဘောတူလိုက်သည်။ ထို့နောက် သူတို့သုံးဦးစလုံး နောက်ဖေးဝင်းသို့ ထွက်လာခဲ့ကြသည်။

"အဆင်သင့်ဖြစ်ပြီလား"

"အဆင်သင့်ပဲ"

သူတို့နှစ်ဦး၏ စကားကို ကြားရသောအခါ လီယန်ချူ၏ နှုတ်ခမ်းမှာ တွန့်သွားပြန်သည်။ ဒါက ဘာ အစီအစဉ်ကြီးလဲ။

ဆိုင်ရှင်မသည် ယခင်တစ်ခေါက်ကကဲ့သို့ပင် လက်ကို မြှောက်လိုက်ကာ လျူကျွင်း၏ ခေါင်းပေါ်မှ တစ်ခုခုကို ဖမ်းဆုပ်လိုက်ဟန် ပြုမူသည်။

ထို့နောက်တွင်မူ ထို ကြိုးကို လီယန်ချူ၏ ခေါင်းပေါ်သို့ လွှဲပြောင်းကာ ချည်နှောင်လိုက်တော့သည်။

"ဒါပဲလား" တင်းရုံမှာ ကြောင်ကြည့်နေမိ၏။

သူမက ဆန်းကြယ်ပြီး ထူးခြားလှသော အခမ်းအနားတစ်ခုခု ဖြစ်လိမ့်မည်ဟု ထင်ထားခဲ့သော်လည်း အမှန်တကယ်တွင်မူ ဤမျှလောက် ရိုးရှင်းနေလိမ့်မည်ဟု မထင်ထားခဲ့ချေ။

ကံဆိုးမှုများ တရားဝင် လွှဲပြောင်းသွားပြီ ဖြစ်သည်။

လီယန်ချူသည် မိမိ၏ ကံကြမ္မာ စွမ်းအင်များ ယိုစီးထွက်သွားသည်ကို သိသိသာသာ ခံစားလိုက်ရသည်။ သို့သော် သူ၏ကိုယ်တွင် ဒိုချန်ပုတီး ရှိနေသည့်အတွက် ထိုယိုစီးမှုမှာ အလွန်ပင် သေးငယ်လှသည်ဟု ဆိုရပါမည်။

ကျယ်ပြောလှသော၊ မည်သူမျှ မသိနိုင်သော အမည်မသိ နယ်မြေတစ်ခု။

ဆန်းကြယ်လှသော ဟင်းလင်းပြင်တစ်ခုအတွင်း၌

မှုန်ဝါးဝါး အနက်ရောင် အရိပ်တစ်ခုသည် ထူးခြားလှသော အရှိန်အဝါ တစ်ခုကို ခံစားလိုက်ရသည်။

"ဘာလို့ နောက်တစ်ယောက် ပြောင်းသွားပြန်တာလဲ"

ဤတစ်ကြိမ်တွင်မူ ထိုအရိပ်၏ မျက်ဝန်းများမှာ ရက်စက်မှုများဖြင့် ပြည့်နှက်သွားကာ၊ ထိုအရှိန်အဝါကို တစ်ချက်တည်းဖြင့် အကုန်အစင် စုပ်ယူပစ်ရန် ပြင်ဆင်လိုက်တော့သည်။

All Chapters