အခန်း (၁၂၉-၁၃၀)
Vol. 13 Ch. 129-130
အခန်း (၁၂၉) ကြီးမားသော လက်ဆောင်တစ်ခုကို ဆက်သလိုက်ခြင်း....ကောင်းကင်ယံမှ ဆင်းသက်လာပြီး ပြဿနာဖြစ်စေသော တားမြစ်နယ်မြေကို အဆုံးသတ်လိုက်ခြင်း
ထိုအချိန်မှာပင်...
ခန်းမတံခါးသည် ဖြည်းညင်းစွာ ပွင့်လာခဲ့ပေ၏။
နာလန်ချိုးရန်၏ လှပသောမျက်နှာလေး နီရဲနေလျက် အနည်းငယ် ယိမ်းယိုင်နေသော ခြေလှမ်းများဖြင့် အတွင်းမှ လျှောက်လှမ်းထွက်လာခဲ့သည်။
သူမ၏ နီရဲနေသော ပါးပြင်များသည် အနည်းငယ် ဖရိုဖရဲဖြစ်နေသော ဆံပင်များနှင့် ပေါင်းစပ်လိုက်ချိန်၌ သူမကို ပို၍ပင် ဆွဲဆောင်မှုရှိပြီး ညှို့ငင်ဖမ်းစားနိုင်စွမ်းရှိနေပုံ ပေါက်စေသည်။
"နာလန်ချိုးရန်... မင်း ဘာလို့..."
ဝူထျန်က မေးရန် ဟန်ပြင်လိုက်စဉ်မှာပင်...
ခုံးဝူတောက်၏အသံက ခန်းမကြီး အတွင်းမှ ရုတ်တရက် ပဲ့တင်ထပ်လာခဲ့သည်။
"မနက်ဖြန်လည်း ငါ့ဆီကို လာဖို့ မှတ်ထားဦး..."
နာလန်ချိုးရန်၏ သွယ်လျသော ခန္ဓာကိုယ်လေးသည် အနည်းငယ် တုန်ရီသွားပြီး သူမ၏ မျက်နှာပေါ်ရှိ နီရဲမှုက ပို၍နက်ရှိုင်းလာခဲ့သည်။
"ဟုတ်ကဲ့ပါ... ခုံးဝူတောက် နတ်ဘုရားသားတော်..."
နောက်ဆုံးတွင် အဖြူရောင်အခိုးအငွေ့များပင် သူမ၏ ခေါင်းပေါ်မှ ထွက်ပေါ်လာခဲ့ပြီး သူမသည် ယိမ်းယိုင်နေသော ခြေလှမ်းများဖြင့် ထိုနေရာမှ ထွက်ခွာသွားတော့သည်။
ဤမြင်ကွင်းက ဝူထျန်ကို ပို၍ပင် စိတ်ရှုပ်ထွေးသွားစေပေ၏။
ထိုအရာက မည်သည့်အဓိပ္ပာယ်ကို ဆိုလိုသနည်း....
အဘယ်ကြောင့် နာလန်ချိုးရန် ပြောင်းလဲသွားသလို သူ ခံစားနေရသနည်း.....
သူမသည် အထဲတွင် အချိန်တိုလေးသာ နေခဲ့ရသော်လည်း ပို၍မိန်းမဆန်လာသလို ဖြစ်နေသည် မဟုတ်လော...
ယခင်က ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးနှင့် ပေါင်းစပ်တွေးကြည့်လိုက်သောအခါ ဝူထျန်သည် သူ၏အတွေးများကို လွင့်မျောမသွားစေဘဲ မနေနိုင်တော့ချေ။
"ဒါပေမဲ့... အဲ့ဒါက မဖြစ်နိုင်ဘူး မဟုတ်လား"
ဝူထျန်က သူ၏ခေါင်းကို ခပ်ပြင်းပြင်းခါယမ်းလိုက်ပြီး သူ၏ စိတ်ထဲရှိ အတွေးများကို ဖယ်ရှားပစ်လိုက်၏။
"ခုံးဝူတောက် နတ်ဘုရားသားတော် ရဲ့ ယှဉ်ပြိုင်လို့မရနိုင်လောက်အောင် မြင့်မြတ်တဲ့ အဆင့်အတန်းကို ထည့်မပြောနဲ့အုံး..."
"နတ်ဘုရားသားတော်အရှင်လို ကြံ့ခိုင်တဲ့ ယောက်ျားတစ်ယောက်က တိုက်ပွဲကို အသက်ရှူကြိမ် ဆယ်ဂဏန်းနည်းနည်းလောက်နဲ့ ဘယ်လိုလုပ်ပြီး အဆုံးသတ်နိုင်မှာလဲ..."
..........
ခန်းမကြီး အတွင်း၌....
ခုံးဝူတောက်သည် ခေါင်းဆောင်နေရာတွင် ထိုင်နေဆဲဖြစ်ပြီး သူ၏ ဘယ်ဘက်လက်က သူ၏ မေးစေ့ကို ပျင်းရိစွာ ထောက်ထားသည်။
ထူးဆန်းသော အပြာရောင် အလင်းတန်းများ ထုတ်လွှတ်နေသည့် အလင်းမြူခိုးလုံးတစ်ခုသည် သူ၏ ညာဘက်လက်ဝါးတွင် အဆက်မပြတ် လွင့်မျောကာ လည်ပတ်နေပေ၏။
"ဒါက မဟာယင် ဥပဒေသရဲ့မူလပုံစံ လား..."
"ကြည့်ရတာ ဒီရှေးဟောင်းနည်းလမ်းက တကယ်ပဲ ဖြစ်နိုင်ခြေ ရှိပုံရတယ်..."
နာလန်ချိုးရန်သည် မဟာယင် သူတော်စင်ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။
သူမသည် ဆေးပညာအတွက် အလွန်ကောင်းမွန်သော ရုပ်ခန္ဓာကိုယ်တစ်ခု ဖြစ်ရုံသာမက ကျင့်ကြံခြင်း မီးပြင်းဖိုရုပ်ခန္ဓာကိုယ် အတွက်လည်း သာလွန်ကောင်းမွန်သော ရုပ်ခန္ဓာကိုယ်တစ်ခုပင်။
သူမနှင့် နှစ်ကိုယ်တူကျင့်ကြံခြင်း အောင်မြင်သွားသည်နှင့် တပြိုင်နက် သူမ၏ မူလယင်စွမ်းအင်ကို ရရှိပေမည်။
ဤသည်က တခြားလူတစ်ယောက်ကို မဟာယင် ဥပဒေသအား ကျွမ်းကျင်လာစေရန်လည်း ကူညီပေးနိုင်သည်။
သို့ရာတွင် ဤသည်မှာ အထွေထွေ ဗဟုသုတသာ ဖြစ်ပေ၏။
အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ နတ်ဘုရားသားတော်တစ်ပါးအနေဖြင့် သူသည် ရှေးဟောင်းစာအုပ်စာတမ်းများစွာကို ဖတ်ရှုခဲ့ဖူးသည်။
ထို့ပြင် နှစ်ကိုယ်တူကျင့်ကြံခြင်းမပါဘဲ မဟာယင် သူတော်စင်ရုပ်ခန္ဓာကိုယ်မှတစ်ဆင့် မဟာယင်ဥပဒေသကို ကျွမ်းကျင်နိုင်မည့် နည်းလမ်းတစ်ခုကို တိုက်ဆိုင်စွာ သူ သိရှိထားခဲ့ပေ၏။
အစောပိုင်းကက နာလန်ချိုးရန်ကို တစ်ယောက်တည်း ခေါ်ထားထားခဲ့ခြင်းမှာ ဤကိစ္စကို သူ စမ်းသပ်ရန်အတွက်ပင်။
"မူလအဖြစ်အပျက်တွေရဲ့ လမ်းကြောင်းအရဆိုရင် တုန်လှုပ်ချောက်ချား အင်မော်တယ်ရဲ့ စေ့စပ်ထားသူအနေနဲ့ နာလန်ချိုးရန်ရဲ့ မဟာယင်စွမ်းအားက နောက်ဆုံးတော့ သူ သိမ်းပိုက်တာကို ခံရမှာပဲ..."
"ကံမကောင်းစွာနဲ့... မင်း ပိုင်ဆိုင်သင့်တဲ့ အရာအားလုံးက ငါ့ရဲ့လက်ထဲကို ကျရောက်လာတော့မှာပဲ..."
ခုံးဝူတောက်၏မျက်လုံးသူငယ်အိမ်များတွင် အဆုံးမဲ့ နတ်ဘုရားပုံစံများ နောက်တစ်ကြိမ် ထင်ဟပ်လာပြီး မိုင်ထောင်နှင့်ချီ ဝေးကွာသော တောင်တန်းများနှင့် မြစ်များကို ထိုးဖောက်ဝင်ရောက်သွားကာ သူ၏အသံမှာ ကျီစယ်နောက်ပြောင်လိုသည့်ဟန် ပေါ်လွင်နေပေ၏။
"အခု ကြည့်ရတာတော့... မင်းက ငါ့ကို နောက်ထပ် ကြီးမားတဲ့ လက်ဆောင်ကြီးတစ်ခု ဆက်သရတော့မယ် ထင်တယ်..."
.........
ပေယန်မြို့၏အစွန်အဖျားတွင်...
ဖုံးကွယ်ခြင်းဝင်္ကပါတစ်ခုဖြင့် လုံးလုံးလျားလျား လွှမ်းခြုံထားသော တောင်ကြားတစ်ခု အတွင်း၌....
မရေမတွက်နိုင်သော အဖိုးတန် ကောင်းကင်နှင့်မြေကြီးရတနာများသည် ဤနေရာတွင် စုပုံနေပေ၏။
တုန်လှုပ်ချောက်ချား အင်မော်တယ်သည် လက်ရှိတွင် ပြီးပြည့်စုံသော ကောင်းကင်ဘုံ ယဇ်ပလ္လင်တစ်ခုပေါ်တွင် မတ်တတ်ရပ်နေသည်။
နတ်ဘုရားမီးတောက်များက တုန်လှုပ်ချောက်ချား အင်မော်တယ်၏ မျက်လုံးများတွင် တလက်လက် တောက်ပလာသည်နှင့်အမျှ....
သူ့ကို ဗဟိုပြု၍ ရှုပ်ထွေးပြီး တောက်ပသော ဝင်္ကပါပုံစံများသည် လေဟာနယ်ထဲမှ စုစည်းလာကာ မဟာတာအိုယဇ်ပလ္လင်ထဲသို့ စီးဝင်သွားတော့သည်။
ဝုန်း...
ကောင်းကင်နှင့်မြေကြီး တုန်ခါသွားပြီး ဥပဒေသအက္ခရာများ တဝုန်းဝုန်းထလာသည်။
ကြီးမားသောဝင်္ကပါ၏ ဖုံးကွယ်မှုအောက်တွင် ဤနေရာသည် ကိုယ်ပိုင်ကမ္ဘာငယ်တစ်ခု ဖြစ်လာပြီး ပြင်ပကမ္ဘာမှ လုံးလုံးလျားလျား အဆက်အသွယ် ပြတ်တောက်သွားတော့သည်။
တုန်လှုပ်ချောက်ချား အင်မော်တယ်၏ ခန္ဓာကိုယ်သည် နတ်ဘုရားရွှေဖြင့် ပုံသွန်းထားသကဲ့သို့ ဖြစ်နေပြီး သူ၏အရေပြားသည် တောက်ပစွာ လင်းထိန်နေပေ၏။
သူ၏ ချွေးပေါက်များမှ ထွက်ပေါ်လာသော လျှို့ဝှက်ဆန်းကြယ်သည့် အရှိန်အဝါသည် ဤအခိုက်အတန့်တွင် မမြင်ရသော ကောင်းကင်တာအို၏စွမ်းအားနှင့် အဆက်အသွယ် တစ်ခုကို လုံးလုံးလျားလျား တည်ဆောက်နိုင်ခဲ့လေပြီ။
"ရှန်းအာ... တကယ်ပဲ မင်းလား..."
ဤအခိုက်အတန့်တွင် ထူးကဲပြီး သာယာသော အသံတစ်သံ ရုတ်တရက် ပဲ့တင်ထပ်လာခဲ့သည်။
ဝီ...
ဟင်းလင်းပြင်နယ်ပယ် တွန့်လိမ်ပြီး ပုံပျက်သွားပေ၏။
ထို့နောက် ချက်ချင်းပင် ကျော့ရှင်းသော အမျိုးသမီးတစ်ဦး၏ ပုံရိပ်သည် ရွှေရောင် အက်ကွဲကြောင်းတစ်ခုထဲမှ ဖြည်းညှင်းစွာ ပေါ်ထွက်လာခဲ့သည်။
ထိုအမျိုးသမီးက ရိုးရှင်းသော အဖြူရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားပေသည်။
မရေမတွက်နိုင်သော ရှေးဟောင်း မဟာတာအို ရွှေရောင်အက္ခရာများကို သူမ၏ဝတ်စုံရှည်ပေါ်တွင် ရေးထွင်းထားပေ၏။
မြင်ကွင်းသည် တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ...
အမျိုးသမီး၏အသွင်အပြင်မှာ နောက်ဆုံးတွင် ရှင်းလင်းလာခဲ့သည်။
သူမ၏ မျက်နှာအသွင်အပြင်များသည် ကျော့ရှင်းပြီး လှပ၍ သူမ၏ အသားအရေမှာ နူးညံ့ပြီး ဖြူဝင်းနေကာ ကျောက်စိမ်းဖြူကဲ့သို့ ဖြစ်နေသည်။ ဤသည်က သူမ၏ ထူးကဲသော စိတ်နေသဘောထားနှင့် အသွင်အပြင်ကို ပို၍ပင် ပြီးပြည့်စုံစွာ ပေါ်လွင်စေသည်။
အထူးသဖြင့် အမျိုးသမီး၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ကောင်းကင်တာအို၏ စွမ်းအားက သူမအတွက် ခမ်းနားပြီး ခန့်မှန်း၍မရနိုင်သော ခံစားချက်တစ်ခုကို ပေါင်းထည့်ပေးထားသည်။
ထို့ပြင် သူမသည် ကောင်းကင်ဘုံ တာအိုနယ်မြေ ၏ ကောင်းကင်တာအိုလူဝင်စားဖြစ်ပြီး တုန်လှုပ်ချောက်ချားအင်မော်တယ် ခေါ်ဆိုသော ကောင်းကင်လမ်းကြောင်း အစ်မပင်။
"ကောင်းကင်လမ်းကြောင်း အစ်မ... မတွေ့ရတာ ကြာပြီနော်..."
တုန်လှုပ်ချောက်ချား အင်မော်တယ်က အံ့အားတသင့် ရေရွတ်လိုက်သည်။
သူသည် ကိုးရောင်ခြယ်အင်မော်တယ်သွေးကို ပိုင်ဆိုင်ထားသောကြောင့် ဖြစ်နိုင်ပြီး သူသည် ကောင်းကင်ပြာအပေါ် ရှင်းပြ၍မရနိုင်သော နီးစပ်မှုတစ်ခုကို အမြဲတစေ ခံစားရလေ့ရှိပေ၏။
လောကကြီး တစ်ခုလုံးတွင် ကောင်းကင်ပြာ တစ်ယောက်တည်းသာ သူ၏ အစစ်အမှန် ဆွေမျိုး ဖြစ်သည်ဟုပင် တွေးထင်ရသည်။
"ရှန်းအာ... မင်း ဘယ်လိုဖြစ်ပြီး ဒီလို ဖြစ်သွားရတာလဲ..."
ကောင်းကင်ပြာသည် တုန်လှုပ်ချောက်ချား အင်မော်တယ်၏ လက်ရှိအသွင်အပြင်ကို မြင်လိုက်ရသောအခါ အလွန်အံ့အားသင့်သွားခဲ့သည်။
သူမသည် တုန်လှုပ်ချောက်ချား အင်မော်တယ် ၏ခန္ဓာကိုယ်ထဲရှိ ကိုးရောင်ခြယ် အင်မော်တယ် သွေးမှတစ်ဆင့် သူ၏အဆင့်အတန်းကို အတည်ပြုနိုင်သော်လည်း....
သူ၏အသွင်အပြင်မှာ သူမ မှတ်မိနေသည့် အရာနှင့် လုံးလုံးလျားလျား ကွာခြားနေသည်။
"ဟူး... ဒါက ဇာတ်လမ်းရှည်ကြီးပဲ..."
တုန်လှုပ်ချောက်ချား အင်မော်တယ်က သက်ပြင်းချလိုက်၏။
"ကျွန်တော် အတိုချုပ် ပြောပြမယ်..."
မကြာမီမှာပင် တုန်လှုပ်ချောက်ချား အင်မော်တယ်သည် ဧကရာဇ်ကျဆုံးခြင်းခေတ် တွင် သူ မည်သို့ ကျဆုံးသွားခဲ့ပုံနှင့် ပတ်သက်သည့် အရာအားလုံးကို ကောင်းကင်ပြာအား ပြောပြခဲ့သည်။
ထို့ပြင် သူက ကိုးရောင်ခြယ် အင်မော်တယ် သွေးကို အားကိုးကာ ဤဘဝတွင် နောက်ဆုံး၌ ခန္ဓာကိုယ်ကို လုယူပြီး ပြန်လည်မွေးဖွားလာခဲ့ပုံကိုလည်း ပြောပြခဲ့၏။
သို့သော် သူက ခုံးဝူတောက်အကြောင်း ပြောချိန်တွင်....
တုန်လှုပ်ချောက်ချား အင်မော်တယ်၏ မျက်လုံးများထဲရှိ သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများက ပြင်းထန်လာပြီး ခုံးဝူတောက်ကို အပိုင်းတစ်သောင်းလောက် ဆွဲဖြဲပစ်ချင်နေခဲ့သည်။
"ကောင်းကင်လမ်းကြောင်း အစ်မ... ဒီကိစ္စအတွက် အစ်မက ကျွန်တော့်ကို ကူညီပေးရမယ်..."
"အဲ့ဒီကောင် ခုံးဝူတောက်က ကျွန်တော့်ကို လူပုံအလယ်မှာ အရှက်ခွဲခဲ့ရုံတင်မကဘူး ကျွန်တော့်ကို အကြိမ်ကြိမ် စော်ကားခဲ့သေးတယ်..."
"တကယ်လို့ သူ့ကို မဖယ်ရှားဘူးဆိုရင် သူက ဒီဘဝမှာ ကျွန်တော့်ရဲ့တက်လမ်းပေါ်က အကြီးမားဆုံး အတားအဆီး သေချာပေါက် ဖြစ်လာလိမ့်မယ်..."
"........"
ကောင်းကင်ပြာသည် တိတ်ဆိတ်နေပြီး ပြန်မဖြေခဲ့ချေ။
တုန်လှုပ်ချောက်ချား အင်မော်တယ် သေဆုံးရခြင်း၏ အခြေခံအကြောင်းရင်းကို သူမ သိထားပြီးဖြစ်သည်။
သူသည် ဧကရာဇ်ကျဆုံးခြင်း ခေတ်တွင် အချိန်လေဟာနယ် တားမြစ်နယ်မြေမှ ကောင်းကင်ကံကြမ္မာ မဟာဧကရာဇ် တစ်ပါးကို ရန်စခဲ့သောကြောင့်ဖြစ်ပြီး နောက်ဆုံးတွင် သူ သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ပေ၏။
ယခုအချိန်၌ အခက်အခဲများစွာကို ကျော်ဖြတ်ပြီးနောက် သူသည် နောက်ထပ် ဘဝတစ်ခုအတွက် ပြန်လည်မွေးဖွားလာခဲ့ပြီးဖြစ်ရာ သူသည် အချိန်လေဟာနယ်တားမြစ်နယ်မြေမှ ခုံးဝူတောက်နှင့် ရန်ငြိုးများဖြင့် နောက်တစ်ကြိမ် ထပ်မံ ပတ်သက်နေသလော...
ဘဝနှစ်ခုစာ အမုန်းတရားများက ပေါင်းစပ်သွားပြီး တုန်လှုပ်ချောက်ချား အင်မော်တယ်ကို ခုံးဝူတောက်အား အပိုင်းတစ်သောင်းလောက် ဆွဲဖြဲချင်စိတ်များ အလွန်အမင်း ဖြစ်ပေါ်လာစေခဲ့ပေ၏။
အစောပိုင်းက ခုံးဝူတောက် တံခါးပိတ်ကျင့်ကြံ နေစဉ်အတွင်း ဖြစ်ပေါ်စေခဲ့သော ခမ်းနားကြီးကျယ်သည့် ကောင်းကင်နှင့်မြေကြီး သဘာဝလွန်ဖြစ်စဉ်များအကြောင်းကို သဘာဝကျကျ သူမ သိထားသည်။
ခုံးဝူတောက်၏ စွမ်းအားက သူမ၏ နားလည်နိုင်စွမ်းကို မှောက်လှန်ပစ်လိုက်ပြီဟုပင် ဆိုနိုင်သည်။
သူမ မွေးဖွားလာစဥ်ကတည်းက...
ထိုကဲ့သို့ ခမ်းနားကြီးကျယ်သည့် သဘာဝလွန်ဖြစ်စဉ်ကို ဖြစ်ပေါ်စေနိုင်သော သူမ မြင်တွေ့ခဲ့ရသည့် တစ်ဦးတည်းသော မျိုးဆက်သစ်လူငယ် တည်ရှိမှုမှာ အမှန်တကယ်ကို ခုံးဝူတောက်ပင်။
"ဟူး... ခုံးဝူတောက် ဘယ်လောက်တောင် အားကောင်းလဲဆိုတာကို ထည့်မစဉ်းစားရင်တောင်..."
"ရှန်းအာ... မင်းက အချိန်လေဟာနယ် တားမြစ်နယ်မြေအကြောင်း တကယ် နားလည်ရဲ့လား..."
"မင်းက သူတို့နဲ့ ဒီလိုမျိုး ရန်သူတွေ တကယ် ဖြစ်ချင်နေတာလား..."
ကောင်းကင်ပြာ၏လေသံတွင် တုန်လှုပ်ချောက်ချားအင်မော်တယ်၏ မဆင်မခြင် ပြုမူမှုအတွက် အပြစ်တင်လိုသည့် အရိပ်အယောင်တစ်ခု ပါဝင်နေသည်။
ကောင်းကင်ဘုံ တာအိုနယ်မြေ၏ ကောင်းကင်တာအိုတစ်ပါးအနေဖြင့်....
ကောင်းကင်ဘုံများနှင့်အသင်္ချေနယ်မြေများ၏ သမိုင်းကြောင်းကို သဘာဝကျကျ သူမ နားလည်ထားသည်။
အထူးသဖြင့် တစ်ချိန်က မဟာထောင်ချီ တောက်ပသောခေတ်တွင် ကောင်းကင်ဘုံများ၏ တားမြစ်နယ်မြေဆယ့်ခြောက်ခုဟု လူသိများသော အင်အားစုများပင်။
သူမ၏မှတ်ဉာဏ်များအရ....
တားမြစ်နယ်မြေ ဆယ့်ခြောက်ခုသည် သူမ မွေးဖွားမလာမီကတည်းက တည်ရှိနေခဲ့သည်။
မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ စုဆောင်းပြီးနောက် သူတို့သည် ကောင်းကင်ဘုံများနှင့်အသင်္ချေနယ်မြေများ၏ အထွတ်အထိပ်တွင် ရပ်တည်နေခဲ့ကြ၏။
မရေမတွက်နိုင်သော သက်ရှိများနှင့် ကျင့်ကြံသူများ၏အထက်တွင် သူတို့က ခမ်းနားကြီးကျယ်စွာ တည်ရှိနေကြသည်။
ထို့ပြင် တားမြစ်နယ်မြေ ဆယ့်ခြောက်ခုမှ လမ်းပြဦးဆောင်ကာ ကောင်းကင်ဘုံများနှင့်အသင်္ချေနယ်မြေများရှိ မရေမတွက်နိုင်သော အင်အားစုများမှ ပူးပေါင်းခဲ့သည်။
နောက်ဆုံးတွင် သူတို့သည် ပြင်ပနယ်မြေမှ အမည်မသိ အင်အားစုများဖြင့် ကျူးကျော်တိုက်ခိုက်မှု မပြုလုပ်ရေး ငြိမ်းချမ်းရေး စာချုပ်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြသည်။
ကောင်းကင်ဘုံများနှင့်အသင်္ချေနယ်မြေများနှင့် ပြင်ပနယ်မြေကြားရှိ နှစ်သန်းပေါင်းများစွာကြာခဲ့သော စစ်ပွဲကို လုံးလုံးလျားလျား အဆုံးသတ်လိုက်ပြီး ကောင်းကင်ဘုံများနှင့်အသင်္ချေနယ်မြေများကို မဟာထောင်ချီ တောက်ပသောခေတ်တစ်ခုသို့ အမှန်တကယ် ရောက်ရှိလာစေခဲ့ပေ၏။
မရေမတွက်နိုင်သော ခေတ်ကာလများ ကုန်ဆုံးသွားသော်လည်း...
တစ်ချိန်က ကောင်းကင်ဘုံများအားလုံးကို လွှမ်းမိုးခဲ့သော တားမြစ်နယ်မြေများသည် အတိတ်က အရာတစ်ခု ဖြစ်လာခဲ့သည်။
တားမြစ်နယ်မြေဆယ့်ငါးခု ပျောက်ကွယ်သွားပြီး အချိန်လေဟာနယ် တားမြစ်နယ်မြေ လည်း ကျဆင်းကာ ယိုယွင်းပျက်စီးသွားပေ၏။
သို့ရာတွင် ကျဆင်းပြီး ယိုယွင်းပျက်စီးသွားသော အချိန်လေဟာနယ် တားမြစ်နယ်မြေ ဖြစ်လျှင်ပင်...
ကောင်းကင်ပြာ၏အမြင်အရ ဤသည်မှာ တုန်လှုပ်ချောက်ချား အင်မော်တယ် ရန်စနိုင်သည့်အရာနှင့် အလှမ်းဝေးလွန်းနေဆဲပင်။
အချိန်လေဟာနယ် တားမြစ်နယ်မြေမှ ကျောထောက်နောက်ခံ ပေးထားသော ခုံးဝူတောက်ကို ဤကဲ့သို့ ဗြောင်ကျကျ စော်ကားခြင်းသည် သူမ၏အမြင်အရ သေလမ်းရှာနေခြင်းနှင့် မကွာခြားချေ။
အခန်း (၁၃၀) ယောင်ရှန်း၏ မူလအစ... ကောင်းကင်တာအို ကို ယဉ်ပါးအောင် သွေးဆောင်ရန် ကြိုးစားခြင်း
"ကောင်းကင်လမ်းကြောင်း အစ်မ... အချိန်လေဟာနယ် တားမြစ်နယ်မြေက အားကောင်းပေမယ့် အဲ့ဒါက အတိတ်က အရာတစ်ခုပါ..."
တုန်လှုပ်ချောက်ချား အင်မော်တယ်သည် ကောင်းကင်ပြာ၏အတွေးများကို မြင်တွေ့သွားသကဲ့သို့ သူ၏လေသံမှာ အနည်းငယ် မကျေနပ်ပုံ ပေါ်လွင်နေပေ၏။
"အခုက ခေတ်ကာလအသစ်တစ်ခုပဲ... တားမြစ်နယ်မြေတွေ ကြီးစိုးတဲ့ ခေတ်က ကာလကြာရှည်ကတည်းက ပြီးဆုံးသွားပြီ..."
"ဘာလို့ ဒီလို နိမ့်ကျနေတဲ့ တားမြစ်နယ်မြေ မျိုးကို ကြောက်နေဖို့ လိုတာလဲ..."
"ဒါ့ပြင်... ခုံးဝူတောက်နဲ့ ကျွန်တော် သေရေးရှင်ရေး ရန်ငြိုးတစ်ခု ဖွဲ့စည်းပြီးသွားပြီ... သူ့ကို ကျွန်တော် မသတ်ရင်တောင်မှ သူက ကျွန်တော့်ကို သတ်ဖို့ သေချာပေါက် လာလိမ့်မယ်..."
"ဒီကိစ္စအတွက် ရလဒ် နှစ်ခုပဲ ရှိတယ်... သူ သေမယ်... ဒါမှမဟုတ် ကျွန်တော် သေမယ်..."
တုန်လှုပ်ချောက်ချား အင်မော်တယ်သည် မူလက သူ၏ ကောင်းကင်လမ်းကြောင်းအစ်မသည် သူ ခုံးဝူတောက်နှင့် ဖြစ်ခဲ့သော ပြဿနာများအကြောင်း ကြားသောအခါ သူ့ကို အပြည့်အဝ ထောက်ခံလိမ့်မည်ဟု တွေးထင်ခဲ့ပေ၏။
သို့သော် သူမက ခုံးဝူတောက်နှင့် အချိန်လေဟာနယ် တားမြစ်နယ်မြေကို အမှန်တကယ် သတိထားနေလိမ့်မည်ဟု သူ လုံးလုံးလျားလျား မျှော်လင့်မထားခဲ့ချေ။
ဤအရာက တုန်လှုပ်ချောက်ချား အင်မော်တယ် ကို ဒေါသထွက်စေခဲ့ပြီး တစ်ချိန်တည်းမှာပင် ခုံးဝူတောက်ကို ပို၍ပင် မုန်းတီးသွားစေခဲ့သည်။
သူ၏ ယခင်ဘဝက သူသည် ကောင်းကင်ကံကြမ္မာ မဟာဧကရာဇ်အဆင့်ကို ရရှိခဲ့သော တည်ရှိမှု တစ်ခုပင်။
ပါရမီအရဆိုလျှင် သူသည် ခုံးဝူတောက်ထက် အားနည်းသည်ဟု မခံစားရဘဲ ပို၍ပင် အားကောင်းနေသေးသည် မဟုတ်လော။
သူသည် တစ်ဖက်လူကို မယှဉ်နိုင်သည့် တစ်ခုတည်းသော အရာမှာ သူ၏နောက်တွင် ခုံးဝူတောက်ကဲ့သို့ နက်ရှိုင်းသော နောက်ခံမရှိခြင်း တစ်ခုတည်းသာ ဖြစ်ပေ၏။
ကောင်းကင်ပြာ တိတ်ဆိတ်နေဆဲဖြစ်သည်ကို မြင်လိုက်ရသောအခါ တုန်လှုပ်ချောက်ချား အင်မော်တယ်သည် သူ၏လေသံကို လျှော့ချလိုက်ပြီး သူ၏အသံ နူးညံ့သွားသည်။
"ကောင်းကင်လမ်းကြောင်း အစ်မ... ကိစ္စတွေက ဒီလို ဖြစ်လာမှတော့... ကျွန်တော့်မှာ တခြား ရွေးချယ်စရာ တကယ် မရှိတော့ဘူး..."
"ပြန်လည်မွေးဖွားဖို့ဆိုတာ ကျွန်တော့်အတွက် မလွယ်ကူဘူး... ဒါကြောင့် သဘာဝကျကျပဲ ဒီဘဝရဲ့ ကောင်းကင်ကံကြမ္မာကိုလည်း ကျွန်တော် ယှဉ်ပြိုင်ချင်တယ်..."
"ဒါ့ပြင် ဒီဘဝရဲ့ ကောင်းကင်ဘုံ တာအိုနယ်မြေ မှာလည်း ဒဏ္ဍာရီလာ ရှေးဟောင်းမဟာတာအို အမှတ်အသား ထွက်ပေါ်လာလိမ့်မယ်..."
"တကယ်လို့ ကျွန်တော်သာ ခုံးဝူတောက်ကို မဖြေရှင်းဘူးဆိုရင် ရှေးဟောင်းမဟာတာအို အမှတ်အသားကို ရဖို့ မဆိုထားနဲ့... ဒီ ကောင်းကင်ဘုံ တာအိုနယ်မြေကနေတောင် ကျွန်တော် ထွက်သွားနိုင်မှာ မဟုတ်ဘူး ထင်တယ်..."
သူ စကားပြောနေစဉ် တုန်လှုပ်ချောက်ချား အင်မော်တယ်သည် ကောင်းကင်ပြာကို ရိုသေလေးစားစွာ ဦးညွှတ်လိုက်၏။
"ယောင်ရှန်းကို ကူညီပေးဖို့ ကောင်းကင်လမ်းကြောင်း အစ်မကို ကျွန်တော် တောင်းပန်ပါတယ်... ယောင်ရှန်း အထွတ်အထိပ်ကို ပြန်ရောက်တဲ့အချိန်ကျရင် ကောင်းကင်လမ်းကြောင်း အစ်မရဲ့ ကျေးဇူးကို အဆတစ်သောင်းလောက် ပြန်ဆပ်ပါ့မယ်..."
"........."
ကောင်းကင်ပြာ စိတ်ရှုပ်ထွေးနေပြီး ဤကိစ္စက သူမကို အမှန်တကယ် အနည်းငယ် အခက်တွေ့စေခဲ့သည်။
အကယ်၍ တစ်ဖက်လူသည် တခြားလူတစ်ယောက်သာဆိုလျှင် သူမသည် တုန်လှုပ်ချောက်ချား အင်မော်တယ်ကို သူမ၏ စွမ်းအားအပြည့်အဝဖြင့် သေချာပေါက် ထောက်ခံပေးပေမည်။
သို့သော် တုန်လှုပ်ချောက်ချားအင်မော်တယ် ရင်ဆိုင်ဖြေရှင်းရမည့် ရန်သူမှာ ခုံးဝူတောက် ဖြစ်နေပေ၏။
ကောင်းကင်ပြာ၏ အသွင်အပြင်ကို တိတ်တဆိတ် အကဲခတ်နေသော တုန်လှုပ်ချောက်ချားအင်မော်တယ်သည် သူ၏ တောင်းဆိုချက် တစ်ဝက်အောင်မြင်သွားကြောင်း သိလိုက်သည်။
သူ၏ယခင်ဘဝက ကောင်းကင်လမ်းကြောင်း အစ်မသည် သူ့အပေါ် အထူးမျက်နှာသာပေးခဲ့သည်။
သူ ဤကဲ့သို့ တောင်းဆိုမှုမျိုး ပြုလုပ်တိုင်း ကြီးမားသော ကိစ္စတစ်ခု ဖြစ်လျှင်ပင် သူမက သဘောတူခဲ့သည်။
အချိန်တခဏကြာ တိတ်ဆိတ်သွားပြီးနောက်....
ကောင်းကင်ပြာက နက်ရှိုင်းစွာ သက်ပြင်းချလိုက်၏။
"ကောင်းပြီလေ... ဒီကိစ္စမှာ ငါ မင်းနောက်ကို လိုက်ပါ့မယ်..."
ဤစကားကို ကြားသောအခါ တုန်လှုပ်ချောက်ချားအင်မော်တယ်၏ မျက်နှာသည် ဝမ်းသာမှုများဖြင့် လင်းထိန်သွားတော့သည်။
"ကျေးဇူးတင်ပါတယ်... ကောင်းကင်လမ်းကြောင်း အစ်မ... ယောင်ရှန်းက ကောင်းကင်လမ်းကြောင်း အစ်မကို သေချာပေါက် စိတ်ပျက်အောင်လုပ်မှာ မဟုတ်ပါဘူး..."
သူမသည် အချိန်လေဟာနယ် တားမြစ်နယ်မြေကို သတိထားနေသော်လည်း....
သူမ၏စိတ်နှလုံးသားထဲတွင် တုန်လှုပ်ချောက်ချား အင်မော်တယ်၏ အဆင့်အတန်းနှင့် နေရာက ပို၍မြင့်မားနေဆဲပင်....
မည်သို့ပင်ဖြစ်စေ သူမသည် သူ့ကို လျစ်လျူရှုထား၍ မရနိုင်ချေ။
သူမအတွက် တုန်လှုပ်ချောက်ချား အင်မော်တယ်သည် "မောင်လေး" ဟု ခေါ်ဆိုသောအရာ တစ်ခုတည်း မဟုတ်ပေ။
တုန်လှုပ်ချောက်ချား အင်မော်တယ်သည် ကိုးရောင်ခြယ် အင်မော်တယ် သွေး တစ်စက်မှ ပေါက်ဖွားလာခဲ့ခြင်းပင်။
သူ့ကို ကောင်းကင်ဘုံ တာအိုနယ်မြေ ရှိ မရေမတွက်နိုင်သော သက်ရှိများက ကောင်းကင်ဘုံ၏ သားတော်ဟု ခေါ်ဆိုကြသည်။
အမှန်အားဖြင့် ဤဒဏ္ဍာရီကို သူမ ဖြန့်ဝေခဲ့ခြင်း ဖြစ်ပေ၏။
မည်သို့ပင်ဆိုစေကာမူ တုန်လှုပ်ချောက်ချား အင်မော်တယ်သည် သူမ ကောင်းကင်တာအို၏ အစစ်အမှန် "ကလေး" ပင်။
တုန်လှုပ်ချောက်ချား အင်မော်တယ် ၏ ခန္ဓာကိုယ်ထဲရှိ ကိုးရောင်ခြယ် အင်မော်တယ် သွေးသည် မူလအစများ စုပုံလာခြင်းမှတစ်ဆင့် မရေမတွက်နိုင်သောနှစ်များစွာ ကုန်ဆုံးပြီးနောက် သူမ အမှန်တကယ် စုစည်းထားခဲ့သောအရာပင်။
သူမသည် တုန်လှုပ်ချောက်ချား အင်မော်တယ်ကို ခက်ခက်ခဲခဲ ကိုယ်ဝန်ဆောင်ခဲ့ပြီး သူ့ကို ကောင်းကင်ဘုံ တာအိုနယ်မြေမှ ထွက်ခွာကာ ကောင်းကင်ဘုံများနှင့်အသင်္ချေနယ်မြေများ တွင် ကောင်းကင်ကံကြမ္မာ မဟာဧကရာဇ် ဖြစ်လာစေရန် လိုလားခဲ့သည်။
နောက်ဆုံးတွင် တုန်လှုပ်ချောက်ချား အင်မော်တယ်သည် မဟာဧကရာဇ်၏ ချုပ်နှောင်မှုများကို ချိုးဖျက်နိုင်ချိန်၌ ကောင်းကင်ဘုံတာအိုနယ်မြေ၏ ဥပဒေသ ချုပ်နှောင်မှုများကို ချိုးဖျက်ရန် သူမက သူ့ကို အသုံးပြုပေမည်။
မည်သို့ပင်ဆိုစေကာမူ ကောင်းကင်ဘုံတာအိုနယ်မြေရှိ အထူးဥပဒေသဖိနှိပ်မှုများကြောင့်....
ကောင်းကင်ပြာသည် တခြားကောင်းကင်တာအိုများကဲ့သို့ သူမ၏တာအိုနယ်မြေ မှ အချိန်မရွေး ထွက်ခွာ၍ မရနိုင်ဘဲ ကောင်းကင်ဘုံ တာအိုနယ်မြေတွင်သာ တသက်လုံး ပိတ်မိနေနိုင်သည်။
ကောင်းကင်ဘုံများနှင့်အသင်္ချေနယ်မြေများ သည် ကျယ်ပြောပြီး အဆုံးမရှိသောကြောင့် သူမသည်လည်း ပြင်ပသို့ထွက်ကာ ကြည့်ရှုလိုခဲ့သည်။
ထို့ပြင် တုန်လှုပ်ချောက်ချား အင်မော်တယ်သည် သူမ၏ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်နေသည်မှာ သေချာပေါက်ပင်။
.........
"ဒါပေမယ့်... ခုံးဝူတောက်ကို ရင်ဆိုင်ဖို့ ငါ နင့်ကို ကူညီပေးမှာ ဖြစ်ပေမယ့် သူ့ကို သတ်ဖို့တော့ ငါ နင့်ကို ကူညီမှာ မဟုတ်ဘူး..."
"နင်လည်း သူ့ကို သတ်လို့ မရဘူး... နားလည်လား..."
ကောင်းကင်ပြာသည် ခုံးဝူတောက်၏နောက်ရှိ အချိန်လေဟာနယ် တားမြစ်နယ်မြေကို သတိထားနေဆဲဖြစ်ပြီး ဤအချက်ကို အလေးအနက်ထား၍ ပြောဆိုလိုက်၏။
"ကောင်းကင်လမ်းကြောင်း အစ်မရဲ့ဆန္ဒကို လိုက်နာပါ့မယ်..."
တုန်လှုပ်ချောက်ချား အင်မော်တယ်သည် နှုတ်ဖြင့် သဘောတူလိုက်သော်လည်း သူသည် ဤကိစ္စကို လုံးလုံးလျားလျား အလေးအနက် မထားခဲ့ချေ။
ထိုသို့ ပြောခဲ့သော်လည်း နောက်ပိုင်းတွင် ခုံးဝူတောက်ကို သူ တိုက်ရိုက်သတ်ပစ်လိုက်လျှင်ပင် ကောင်းကင်ပြာက သူ့ကို ခွင့်လွှတ်ပေးအုံးမည် မဟုတ်လော...
မည်သို့ပင်ဆိုစေကာမူ ခုံးဝူတောက်ကို သူ လုံးဝအလွတ်ပေးမည် မဟုတ်ချေ။
"ဒါနဲ့ ကောင်းကင်လမ်းကြောင်း အစ်မ... ဒီတစ်ခါ ကောင်းကင်ဘုံ တာအိုနယ်မြေမှာ ရှေးဟောင်းမဟာတာအို အမှတ်အသား ပေါ်လာတာနဲ့ ပတ်သက်ပြီး သဲလွန်စတွေရှိလား..."
ဤအရာကို ကြားသောအခါ ကောင်းကင်ပြာက သူမ၏ခေါင်းကို အနည်းငယ် ခါယမ်းပြီး ပြောလိုက်၏။
"ရှေးဟောင်းမဟာတာအို အမှတ်အသားက အရမ်း ထူးခြားတယ်... ကောင်းကင်ဘုံ တာအိုနယ်မြေနဲ့ ပဲ့တင်ထပ်ဖို့ ကောင်းကင်တာအို ရဲ့ စွမ်းအားကို ငါ သုံးလို့ မရသလို အဲ့ဒီအရာရဲ့ တည်နေရာကိုလည်း တွက်ချက်လို့ မရဘူး..."
"ဒါပေမယ့် မကြာသေးခင်က ကောင်းကင်ဘုံ တာအိုနယ်မြေမှာ ဖြစ်ပေါ်ခဲ့တဲ့ ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုတွေအပေါ် အခြေခံပြီး ရှေးဟောင်းမဟာတာအို အမှတ်အသား ပေါ်လာမယ့် ခန့်မှန်းခြေအချိန်ကိုတော့ ငါ တွက်ချက်နိုင်တယ်..."
ဤစကားများ ထွက်ပေါ်လာသည်နှင့် တုန်လှုပ်ချောက်ချား အင်မော်တယ်၏ မျက်လုံးများ အနည်းငယ် တောက်ပသွားပေ၏။
အကယ်၍ သူသာ ရှေးဟောင်းမဟာတာအို အမှတ်အသား ပေါ်လာမည့် ခန့်မှန်းခြေ အချိန်ကို သိနိုင်မည်ဆိုပါက သူ့ကို အစပြုလုပ်ဆောင်ရန်လည်း ကူညီပေးနိုင်ပေလိမ့်မည်။
နောက်ဆက်တွဲအနေဖြင့် တုန်လှုပ်ချောက်ချား အင်မော်တယ်နှင့် ကောင်းကင်ပြာတို့သည် နောက်ထပ် ဆွေးနွေးမှုတစ်ခုကို ပြုလုပ်ခဲ့ကြသည်။
နောက်ဆက်တွဲ အစီအစဉ်ကို အဆုံးသတ်ပြီးနောက်...
ကောင်းကင်ပြာက သူမ၏နူးညံချောမွတ်သောလက်ကို ဝှေ့ယမ်းလိုက်ရာ ထိုအရာ၏မျက်နှာပြင်ပေါ်တွင် တာအို အလင်းတန်းများ စီးဆင်းနေသော ကြွေပုလင်း တစ်လုံးသည် တုန်လှုပ်ချောက်ချားအင်မော်တယ်၏ လက်ထဲသို့ ကျဆင်းလာခဲ့သည်။
"ဒီထဲမှာ တာအိုပေါင်းစည်းခြင်း ဆေးလုံးတချို့ ပါတယ်..."
"သူတို့က ယောင်ရှန်းကို ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ်ကို အမြန်ဆုံး အဆင့်ချိုးဖျက်ဖို့ ကူညီပေးနိုင်တယ်..."
"မကြာသေးခင်က မင်း တစ်ချိန်က တည်ထောင်ခဲ့တဲ့ ရှောင်ယောင်မဟာမိတ်အဖွဲ့က ကျွမ်းကျင်သူတွေကို အရင်ဆုံး စုစည်းသင့်တယ်..."
"သူတော်စင်နန်းတော် အတွက်ကတော့ အချိန်တန်ရင် သူတို့က မင်းကို ကူညီဖို့ ကောင်းကင်တာအို အမိန့်တော် တစ်ခု ငါ ထုတ်ပြန်ပေးမယ်..."
ညွှန်ကြားချက်တချို့ ပေးပြီးနောက် ကောင်းကင်ပြာ၏ပုံရိပ်သည် အနည်းငယ်ဝေဝါးလာပေ၏။
ကောင်းကင်တာအိုတစ်ပါးအနေဖြင့် သူမသည် အချိန်အကြာကြီး သရုပ်သကန်ထင်ဟပ်နေ၍ မရနိုင်ချေ။
"ကျေးဇူးတင်ပါတယ် ကောင်းကင်လမ်းကြောင်း အစ်မ..."
တုန်လှုပ်ချောက်ချား အင်မော်တယ်က ရိုသေလေးစားစွာ လက်ပူးဆုပ်၍ ပြောဆိုလိုက်သည်။
ကောင်းကင်ပြာကို နှုတ်ဆက်ပြီးနောက်...
တုန်လှုပ်ချောက်ချား အင်မော်တယ် က သူ၏ လက်ထဲရှိ ကြွေပုလင်းဖြူလေးကို ကြည့်လိုက်ရာ သူ၏ မျက်လုံးများတွင် ဝမ်းသာမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
"ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ်... ငါသာ ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ်ကို အောင်အောင်မြင်မြင် အဆင့်ချိုးဖျက်နိုင်သရွေ့..."
"အဲ့ဒီအချိန်ကျရင် ခုံးဝူတောက်ကို တိုက်ခိုက်ဖို့ ငါ့မှာ အစစ်အမှန် စွမ်းအားတွေ ရှိလာမှာပဲ..."
"ကောင်းကင်ဆေးဂိုဏ်းရဲ့ မူလအစကလည်း ထူးကဲတယ်... ဂိုဏ်းရဲ့ ဘဏ္ဍာတိုက်ထဲမှာ စိတ်ဝိညာဉ်ပစ္စည်းတွေနဲ့ အဖိုးတန်ဆေးဝါးတွေ အများကြီး ရှိရမယ်... အဲ့ဒီအချိန်ကျရင် ကောင်းကင်ဆေးဂိုဏ်းဆီကို ငါ ထပ်သွားမယ်... ပြီးတော့ ငါ့ရဲ့ ကျင့်ကြံခြင်းက သေချာပေါက် နောက်တစ်ကြိမ် တိုးတက်လာလိမ့်မယ်..."
တုန်လှုပ်ချောက်ချား အင်မော်တယ်၏ ပုံရိပ်သည် ရိပ်ခနဲ ဖြစ်သွားပြီး ဤနေရာမှ လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။
သို့သော် သူ မသိခဲ့သည်မှာ..
အစောပိုင်းက ကောင်းကင်ပြာနှင့် သူ၏ စကားပြောဆိုမှုများကို ခုံးဝူတောက်က စကားလုံးတစ်လုံးမကျန် ကြားခဲ့ရကြောင်းကိုပင်။
.........
အင်မော်တယ် သင်္ဘော၏ ခန်းမကြီးအတွင်း၌...
ခုံးဝူတောက်၏မျက်လုံးများထဲရှိ နတ်ဘုရားအလင်းတန်းများသည် တဖြည်းဖြည်း လျော့ကျသွားပြီး ယခင် နက်ရှိုင်းသော ဂရုမစိုက်မှု အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။
သို့သော် နောက်ပြောင်ကျီစယ်လိုသော အပြုံးတစ်ခုက သူ၏နှုတ်ခမ်းထောင့်တွင် ထွက်ပေါ်လာခဲ့သည်။
"ဒီအမှိုက်ကောင် တုန်လှုပ်ချောက်ချားအင်မော်တယ်က ငါ့ကို တစ်ခါမှ မမြင်ဖူးတုန်းကတောင် ငါ့အပေါ် ဒီလောက်ထိ ကြီးမားတဲ့ ရန်လိုမှုတွေ ရှိနေတယ်ဆိုတာ ငါ သိခဲ့တယ်..."
"ဟဲ ဟဲ... ကြည့်ရတာတော့ ဒီကောင်ရဲ့အရင်ဘဝကလည်း ငါတို့ အချိန်လေဟာနယ် တားမြစ်နယ်မြေရဲ့လက်ထဲမှာ ရှုံးနိမ့်သွားတဲ့ ပြိုင်ဘက် တစ်ယောက် ဖြစ်ခဲ့ပုံရတယ်... ပြီးတော့ သူက ငါ့ကို ပြန်ပြီးလက်စားချေချင်နေတာပဲ..."
ခုံးဝူတောက်သည် တုန်လှုပ်ချောက်ချား အင်မော်တယ်ကို စတင်မြင်တွေ့စဥ်တွင် သူ့ကို ယဉ်ပါးအောင် သွေးဆောင်ရန် မူလက အလိုရှိခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ တစ်ဖက်လူတွင် အထူး အဆင့်အတန်းတစ်ခု ရှိသဖြင့် သူ၏ ကိုယ်ပိုင် အမဲလိုက်ခွေးတစ်ကောင်အဖြစ် ယဉ်ပါးအောင် သွေးဆောင်ခြင်းက ပို၍ပင် တန်ဖိုးရှိပေလိမ့်မည်။
သို့ရာတွင် စနစ်၏ မျက်နှာပြင်တွင် တုန်လှုပ်ချောက်ချား အင်မော်တယ်၏ သူ့အပေါ် မုန်းတီးမှုသည် အထွတ်အထိပ်သို့ ရောက်ရှိနေကြောင်း ပြသနေပေ၏။
သူ့ကို လုံးလုံးလျားလျား ယဉ်ပါးအောင် သွေးဆောင်ရန် ကြီးမားသော အားထုတ်မှုတစ်ခု လိုအပ်မည်ဖြစ်ရာ အမဲလိုက်ခြင်း လမ်းကြောင်းကို ရွေးချယ်ရန်မှလွဲ၍ သူ့ထံတွင် တခြားရွေးချယ်စရာ မရှိတော့ချေ။
တုန်လှုပ်ချောက်ချား အင်မော်တယ်၏ ယခင်ဘဝတွင် သူ့ကိုသတ်ဖြတ်ရန် ဓားကို အသုံးပြုခဲ့သော ကောင်းကင်ကံကြမ္မာ မဟာဧကရာဇ် မှာ မည်သူဖြစ်ကြောင်း ခုံးဝူတောက် မသိခဲ့ချေ။
မည်သို့ပင်ဆိုစေကာမူ ဓားတာအိုမှတစ်ဆင့် မျိုးဆက်တစ်ခု၏ ကောင်းကင်ကံကြမ္မာကို ရရှိခဲ့သော မဟာဧကရာဇ်အမြောက်အများသည် သူ၏ အချိန်လေဟာနယ် တားမြစ်နယ်မြေတွင် ရှိခဲ့သည် မဟုတ်လော...
သူသည် သူတို့အားလုံးကို မမှတ်မိနိုင်သလို ခန့်မှန်း၍လည်း မရနိုင်ချေ။
"ဒီရတနာရှာဖွေရေးကြွက်ဖြစ်တဲ့ တုန်လှုပ်ချောက်ချား အင်မော်တယ်က ငါ့အတွက် အံ့အားသင့်စရာတွေ အများကြီးကို ယူဆောင်လာပေးခဲ့တယ်လို့တော့ ငါ ပြောရမယ်..."
"ကောင်းကင်ပြာလို့ခေါ်တဲ့ ကောင်းကင်တာအို အမျိုးသမီးက တုန်လှုပ်ချောက်ချား အင်မော်တယ်နဲ့ ပုံမှန်မဟုတ်တဲ့ ဆက်ဆံရေး တစ်ခု ရှိပုံရတယ်... အဲ့ဒါက မောင်နှမ ဆက်ဆံရေးဆိုတာထက် အများကြီး ပိုပုံရတယ်..."
ခုံးဝူတောက်က အနည်းငယ် စဉ်းစားကာ တီးတိုးရေရွတ်လိုက်၏။
"တုန်လှုပ်ချောက်ချား အင်မော်တယ်အပေါ် ငါ ချန်ထားခဲ့တဲ့ နတ်ဘုရားစိတ်ဝိညာဉ် အမှတ်အသား အရဆိုရင် ဒီကောင်းကင်ပြာမှာ တုန်လှုပ်ချောက်ချား အင်မော်တယ်နဲ့ အရမ်း ဆင်တူတဲ့ အရှိန်အဝါတစ်ခု ရှိတယ်..."
အတွေးများက သူ၏ စိတ်ထဲတွင် အဆက်မပြတ် တလိမ့်လိမ့်ထနေသည်။
တုန်လှုပ်ချောက်ချား အင်မော်တယ်သည် ကိုးရောင်ခြယ် အင်မော်တယ် သွေးတစ်စက်မှ ပေါက်ဖွားလာပြီး ကောင်းကင်ဘုံ၏သားတော်အဖြစ် လူသိများကြောင်း ကောင်းကင်ဘုံ တာအိုနယ်မြေ ရှိ ကောလာဟလများကို သူ ပြန်လည်၍ အမှတ်ရသွားသည်။
ကောင်းကင်ဘုံ တာအိုနယ်မြေ၏ ကောင်းကင်တာအိုက တုန်လှုပ်ချောက်ချား အင်မော်တယ် အပေါ် အလွန်အမင်း အလိုလိုက်ထားခြင်းနှင့် ပေါင်းစပ်လိုက်ချိန်တွင်....
တုန်လှုပ်ချောက်ချား အင်မော်တယ်သည် အမှန်တကယ်ပင် ကောင်းကင်တာအို၏ "ကလေး" ဖြစ်သည်ဟု သူ့ကို သံသယဝင်လာစေခဲ့သည်။
ဤအရာကို တွေးမိသောအခါ ခုံးဝူတောက်၏ မျက်လုံးများတွင် အေးစက်သော အလင်းရောင် တစ်ခု ဖြတ်ပြေးသွားပြီး သူ၏ နှုတ်ခမ်းထောင့်ရှိ ကျီစယ်နောက်ပြောင်လိုမှုက ပို၍ပင် ပြင်းထန်လာခဲ့သည်။
"မင်းက ဒီနတ်ဘုရားသားတော်ကို ဆန့်ကျင်ဖို့ ခေါင်းမာနေပြီး ငါ့ရဲ့ အမဲလိုက်ခွေးဖြစ်လာဖို့နဲ့ ငါ့အသုံးချတာကိုခံဖို့ ဆန္ဒမရှိမှတော့..."
"ဒါဆိုရင် မင်းရဲ့ ကောင်းကင်ပြာအမေကို မင်းကိုယ်စား ပြန်ဆပ်ခိုင်းလိုက်မယ်..."
Book 13 end.